အဆင့် ၇ ဆိုတာ ဘာလဲ
Posted by admin on April 13, 2011
ဂျပန်အစိုးရက ဖူကူရှီးမားညူကလီယား အကျပ်အတည်းကို နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်ဖြစ်တဲ့ အဆင့် ၇ သို့ တိုး မြှင့်လိုက်တယ်လို့ ကြေညာပြီးတဲ့နောက်ပိုင်းမှာ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေကြားထဲမှာ စိုးရိမ်ရေမှတ်တက်လာ ခဲ့ပါတယ်။ “အဆင့် ၇ ဆိုတော့ ကျနော်တို့ဘာလုပ်ရမှာလဲ” ။ “အဆင့် ၇ ဆိုတာဘာလဲ” ဆိုတဲ့မေးခွန်းတွေဟာ စိုးရိမ် မှုတွေ၊ ဝေခွဲမရမှုတွေနဲ့အတူ ရောပြွမ်းထွက်ပေါ်လာခဲ့ပါတယ်။
ဒီတော့ ဂျပန်အစိုးရက ပြောတဲ့ အဆင့် ၇ ဟာ ဘာလဲဆိုတာ သိထားဖို့တော့လိုအပ်လာပါပြီ။ အဲဒီအဆင့် ၇ ဆိုတာက International Nuclear Event Scale လို့ခေါ်တဲ့ နိုင်ငံတကာ ညူကလီယားဖြစ်ရပ်များကို တိုင်းတာသောစကေး အ ဆင့် ၇ ဆင့်ရှိတဲ့အထဲမှာ အမြင့်ဆုံးနဲ့ အစိုးရိမ်ရဆုံးအဆင့် ဖြစ်ပါတယ်။ အဆင့် သုံညကနေ ၇ အထိရှိပါတယ်။
အောက်မှာ ဖော်ပြထားတဲ့အတိုင်း ဖြစ်ပါတယ်။
7 – Major accident အဓိကကျသောမတော်တဆမှု
6 – Serious accident စိုးရိမ်ဖွယ်ရာမတော်တဆမှု
5 – Accident with wider consequences ပိုမိုကျယ်ပြန့်သောအကျိုးသက်ရောက်မှု
4 – Accident with local consequences ဒေသတွင်းအကျိုးသက်ရောက်မှု
3 – Serious incident စိုးရိမ်ဖွယ်ဖြစ်ရပ်
2 – Incident ဖြစ်ရပ်
1 – Anomaly ပုံမှန်မဟုတ်မှု
0 – Deviation (no safety significance) သိသာသောဥပါဒ်မဖြစ်မှု
အဲဒီအဆင့် ၇ ဆင့်ကို ဘယ်သူက တိုင်းတာသတ်မှတ်ထားတာလဲလို့ နောက်ထပ်မေးခွန်းထုတ်စရာ ရှိလာပါတယ်။
ညူကလီယား မတော်တဆဖြစ်ပွားလာတဲ့ အခြေအနေမျိုးမှာ ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီး သွက်လက်ထိရောက် စွာဆက်သွယ်လုပ်ကိုင်နိုင်ဖို့ဆိုပြီး နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA ဟာ ၁၉၉၀ ခုနှစ်မှာ International Nuclear and Radiological Event Scale (INES) ကို သတ်မှတ်လုပ်ဆောင်ခဲ့ပါတယ်။
ဘယ်လိုနည်းတွေနဲ့ သတ်မှတ်တာလဲဆိုတဲ့မေးခွန်းကတော့ ပညာရပ်ဆိုင်ရာမေးခွန်းဖြစ်တဲ့အတွက် ရှင်းရှင်းပြောရလို့ ရှိရင် ငလျင်တိုင်းတာတဲ့ပုံစံလိုမျိုး လော့ဂရစ်သမ်တွက်ချက်မှုပုံစံတွေနဲ့ နှိုင်းယှဉ်တွက် ထားတဲ့ဖော်ပြချက်ဖြစ်ပါတယ်။ အဆင့် ၀ ကနေ အဆင့် ၇ အထိ တခုနဲ့တခုကြား ကွာခြားချက်ပမာဏဟာ ဆယ်ဆကွာပါတယ်။ ဆိုလိုတဲ့သဘောက အဆင့် ၀ ထက် အဆင့် ၁ က ဆယ်ဆပိုပြင်းတယ်၊ ပိုအန္တရာယ် ကြီးတယ်ဆိုတဲ့သဘောပါ။ အဆင့် ၀ က လူကို ဘေး ဥပါဒ်သိသိသာသာ မဖြစ်စေဘူးလို့ ဆိုတဲ့အတွက် အဆင့် ၇ ဆိုလို့ရှိရင် အဲဒါထက် အဆ ၇၀ ပိုတဲ့ အဓိပ္ပာယ်ဖြစ်ပါ တယ်။
ဒီတော့ အဆင့် တဆင့်စီဟာ ဘယ်လိုလဲဆိုတာကို သိနားလည်ထားသင့်ပါတယ်။ အမြင့်ဆုံးဖြစ်တဲ့ အဆင့် ၇ Major accident ဆိုတာဟာ ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်တွေ အမြောက်အမြားထွက်ရှိနေပြီး လူ့ ကျန်းမာရေးကိုရော သဘာ ၀ပတ်ဝန်းကျင်ကိုပါ ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စေတဲ့အတွက် တန်ပြန်အရေးယူဆောင်ရွက်တာတွေကို သေသေ ချာချာအစီအစဉ်ချပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ကမ္ဘာမှာ အဆင့် ၇ ရောက်တယ်လို့သတ်မှတ်ခံရတဲ့ ညူကလီယားမတော်မဆမှုဟာ ၁၉၈၄ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ မှာ ဖြစ်ပွားခဲ့တဲ့ (ယခင် ဆိုဗီယက်ယူနီယံ) အခုအခါ ယူကရိန်းနိုင်ငံ ချာနိုဘိုင်းလ် ညူကလီယား ဘေးသင့်မှု ဖြစ်ပါ တယ်။ စမ်းသပ်မှုလုပ်ရင်းနဲ့ အားကြီးမားလှတဲ့ ရေနွေးငွေ့ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ကာ ညူကလီယားလောင်စာတွေ ကနေ ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်တွေ ပတ်ဝန်းကျင်လေထုထဲကို အကြီးအကျယ် ရောက်ခဲ့ပါတယ်။ လူ ၅၆ ဦးသေ ဆုံးပြီး လူ ၄၀၀၀ လောက်ဟာ ကင်ဆာရောဂါမျိုးစုံ ခံစားခဲ့ရပါတယ်။
ချာနိုဘိုင်းလ်မြို့ကိုလည်း လုံးဝစွန့်ခွာခဲ့ရပြီး လူမနေတော့တဲ့ အရပ်ဒေသဖြစ်သွားခဲ့ပါတယ်။ ၃၀ ကီလိုမီတာ အထူး ကန့်သတ်ဇုံဆိုပြီး သတ်မှတ်ထားခဲ့ပါတယ်။ နောက်တခုကတော့ အခုလောလောဆယ် ဂျပန်မှာဖြစ်ပွားနေတဲ့ ဖူကူရှီး မား ညူကလီယားအကျပ်အတည်းပဲ ဖြစ်ပါတယ်။
အဆင့် ၆ Serious accident ဆိုတာဟာ ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်တွေ သိသိသာသာချည်းထွက်ရှိနေပြီး အဲဒါကို သေသေချချာ အစီအစဉ်ရေးဆွဲသတ်မှတ်ပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့က ဆိုဗီယက်ယူနီယံ Mayak မြို့မှာရှိတဲ့ Kyshtym disaster အဖြစ်အပျက်ပါပဲ။ စွန့်ပစ်ညူကလီယားဒြပ်တွေကို ပြန် လည် အသုံးချဖို့လုပ်တဲ့လုပ်ငန်းစဉ်မှာ အအေးပေးတဲ့စနစ်ချွတ်ယွင်းပြီး ရေနွေးငွေ့ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ အဲဒါ ကြောင့် ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ် တန်ချိန် ၇၀ ကနေ ၈၀ အထိ လေထုထဲပျံ့လွင့်ခဲ့တယ်လို့ သိရပါတယ်။ ဒေသ တွင်းပြည်သူတွေအပေါ် ဘယ်လောက်အတိုင်းအတာအထိ အကျိုးသက်ရောက်မှုရှိခဲ့တယ်ဆိုတာကို မသိခဲ့ရပါဘူး။
အဆင့် ၅ Accident with wider consequences ပိုမိုကျယ်ပြန့်သောအကျိုးသက်ရောက်မှု ဆိုတာကတော့ ရေဒီယို ဓာတ်သတ္တိကြွတဲ့ဒြပ်တွေဟာ အတိုင်းအတာတခုအထိ ပျံ့နှံ့ထွက်တာကိုခေါ်တာပါ။ ဒီလိုဖြစ်လာခဲ့ရင် စနစ်တကျနဲ့ စီစဉ်သတ်မှတ်ပြီး တန်ပြန်အရေးယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သေဆုံးမှုတွေ ဖြစ်ခဲ့ပါတယ်။ ဓာတ်ပေါင်းဖိုတွေ ထိ ခိုက်ပျက်စီး ညူကလီယားလောင်စာတောင့်တွေတစိတ်တပိုင်း အရည်ပျော်တာတွေဖြစ်ခဲ့ပါတယ်။
၁၉၅၇ ခုနှစ် ဗြိတိန်နိုင်ငံ Windscale fire ။ ၁၉၇၉ ခုနှစ် အမေရိကန်ပြည်ထောင်စု Three Mile Island accident ၁၉၅၂ ခုနှစ် ကနေဒါနိုင်ငံ First Chalk River accident ၁၉၆၉ ခုနှစ် ဆွစ်ဇာလန်နိုင်ငံ Lucens partial core meltdown ၁၉၈၇ ခုနှစ် ဘရာဇီးနိုင်ငံ Goiânia accident စတဲ့နေရာတွေမှာ ဖြစ်ခဲ့ပါတယ်။
အဆင့် ၄ Accident with local consequences ဒေသတွင်း အကျိုးသက်ရောက်မှုဆိုတာကတော့ ရေဒီယို ဓာတ် သတ္တိကြွတဲ့ဒြပ်တွေ အနည်းအကျဉ်းစိမ့်ထွက်ပျံ့နှံ့ခဲ့တာကို ခေါ်တာပါ။ ဒေသတွင်းမှာ စားသောက် စရာတွေနဲ့ ပတ် သက်ပြီး ကန့်သတ်ထိန်းချုပ်တားမြစ်တာတွေလုပ်ပြီး အရေးယူဆောင်ရွက်ရတဲ့အဆင့်ပါ။ လူထုကြားမှာ ဓာတ်ရောင် ခြည်သင့်ခံရနိုင်တဲ့အဆင့် ဖြစ်ပါတယ်။ အဲဒီအဆင့်သတ်မှတ်ခံခဲ့ရတဲ့ ကမ္ဘာပေါ်က ညူကလီယားမတော်တဆမှုတွေ ထဲမှာ တဦးသေဆုံးခဲ့ပါတယ်။ ဓာတ်ပေါင်းဖိုထိခိုက်မှုဖြစ်နိုင်တဲ့အဆင့် ဖြစ်ပါတယ်။ ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်၊ အာ ဂျင်တီးနား၊ ချက်ကိုစလိုဗားကီးယား၊ ဂျပန်နိုင်ငံတွေမှာ ဖြစ်ခဲ့ဘူးပါတယ်။
အဆင့် ၃ Serious incident စိုးရိမ်ဖွယ်ဖြစ်ရပ်ဆိုတာကတော့ ညူကလီယားစက်ရုံတွေ ၊ ဓာတ်ပေါင်းဖိုတွေမှာ အလုပ် လုပ်တဲ့အလုပ်သမားတွေ တနှစ်ကို ဓာတ်ရောင်ခြည်သင့်ခံရတဲ့ ပမာဏထက် ၁၀ မြင့်မားတဲ့အဆင့်ကို ခေါ်တာပါ။ သေ လောက်တဲ့အထိ မဖြစ်ပါဘူး။ အရေပြားတွေ လောင်သွားလောက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဗြိတိန်၊ ဟန်ဂေရီ၊ စပိန်နိုင်ငံ တွေမှာ ဖြစ်ခဲ့ဖူးပါတယ်။
အဆင့် ၂ Incident ဖြစ်ရပ်ဆိုတာကတော့ လူတွေ ဓာတ်ရောင်ခြည်သင့်ခံရတဲ့ပမာဏဟာ ၁၀ မီလီ ဆီးလ်ဗာ့တ် ပဲရှိ ပါတယ်။ အလုပ်သမားတွေ ဓာတ်ရောင်ခြည်သင့်ခံရတဲ့ပမာဏထက်ပိုမိုတဲ့ ရောင်ခြည်သင့် ခံရမှုအဆင့်ဖြစ်ပါတယ်။ စပိန်၊ ဆွီဒင်၊ ပြင်သစ်နိုင်ငံတွေမှာဖြစ်ခဲ့ပါတယ်။
အဆင့် ၁ Anomaly ပုံမှန်မဟုတ်မှု ဆိုတာကတော့ ပြည်သူတွေအနေနဲ့ တနှစ်ရောင်ခြည်သင့်ခံရရင် အန္တရာယ်မဖြစ် စေတဲ့ ပမာဏကို ကျော်လွန်တဲ့အဆင့် ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ ဖြစ်ခဲ့ဖူးပါတယ်။ အဆင့် ၀ ကတော့ Deviation (no safety significance) သိသာသောဥပါဒ်မဖြစ်မှု ဆိုတာကတော့ ဘေးဥပါဒ်သင့်တဲ့အဆင့် မဟုတ်ပါဘူး။ စလိုဗေးနီး ယား၊ အာဂျင်တီးနား၊ ဂျပန်နိုင်ငံတို့မှာ ဖြစ်ခဲ့ပါတယ်။
ဂျပန်အစိုးရကသတ်မှတ်ခဲ့တဲ့ အဆင့် ၇ ဆိုတာက ဘယ်နေရာကိုသတ်မှတ်ထားသလဲဆိုတာက သာမန်ပြည်သူတွေ အနေနဲ့ မသိမဖြစ်သိဖို့လိုအပ်တဲ့ အချက်ပါ။ အဲဒီလိုမဟုတ်ရင် ကြောက်ရွံ့စိုးရိမ်မှုတွေ ဖြစ်နိုင်လို့ပါပဲ။ ဖူကူရှီးမား ဒိုင်း အိချိ အမှတ် (၁) ဓာတ်အားပေးစက်ရုံနေရာမှာ ဖြစ်ပါတယ်။ ဂျပန်အစိုးရက အဲဒီလိုမကြေညာခင်မှာ IAEA ကို ကြို တင်အသိပေးပြီး ယာယီသတ်မှတ်ထားတယ်ဆိုတဲ့လျှောက်လွှာကို တင်ထားခဲ့တယ်လို့ IAEA ကဆိုပါတယ်။
No comments:
Post a Comment