Tuesday, June 14, 2011

နိုင်ငံရေးလမ်းစဉ်အရ ဒေါ်စုကို ထောက်ခံခြင်းဖြစ်ကြောင်း ကရင်အမျိုးသားများပြောကြား

Monday, June 13, 2011


KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါအား မဇ္ဈိမသတင်းဌာနမှ အင်တာဗျူးရာတွင် “ ဒေါ်စုကို ကရင်လူ
ထုက အပြည့်အ၀ထောက်ခံတယ်“ ဟူသော စကားကြောင့် ကရင်အမျိုးသားကြား အသံတွေပွက်လော ဆူအောင် အမျိုးမျိုးကြားနေရပါတော့သည်။ တစ်ချို့က သမိုင်းကြောင်းအရ နာကျဉ်းစိတ်ဖြင့် တွေးခေါ် ရှုမြင်ဝေဖန်ပြီး တစ်ချို့ကမူ နိုင်ငံရေးမျက်စိဖွင့်ကာ ရှုမြင်သုံးသပ်တတ်ကြပြန်သည်။

ဒီမိုကရေစီစံနစ်ကြီးသည် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသည်မှန်သော်လည်း မိမိ၏ ဝေဖန်သုံး
သပ်ချက်များသည် အမျိုးသားစည်းလုံးညီညွတ်မှုကို အဟန့်အတားဖြစ်သွားနိုင်သောကြောင့် ကရင့် အမျိုးသား စည်းလုံးရေးအခြေအနေကို သည်ထက်တစ်ဆင့်ပို၍ မြင့်တက်လာအောင် မစွမ်းဆောင်နိုင်
သေးသည့်တိုင် လက်ရှိအခြေအနေကို ထိန်းထားနိုင်ရန် အရေးကြီးပါသည်။

မည်သို့ပင်ဖြစ်စေကာမူ မတူညီသော အတွေးအမြင်ဖြင့် ဝေဖန်သုံးသပ်ကြသော ကရင်အမျိုးသား အယောက်စီတိုင်းသည် မျိုးချစ်ပုဂ္ဂိုလ်များဖြစ်ကြောင်းကို ကျွန်ုပ်အနေဖြင့် မုချ ပြောရဲပါသည်။ ကျွန်ုပ်
မေးမြန်းထားသော နိုင်ငံတကာရောက် ကရင်အမျိုးသားများ၏ အမြင်တစ်ချို့ကို တင်ပြချင်ပါသည်။

ကနေဒါနိုင်ငံရောက် စောထူးကပေါ်ကတော့ သူ့ကြုံတွေ့ခဲ့ရသော တိုင်းရင်းသားတစ်ချို့သည် မိမိ
တို့၏ သမိုင်းကြောင်းကို သိရှိရန်အားမထုတ်ကြပဲ သူများခွပ်ဒေါင်းတော့ လိုက်ပြီးခွပ်ဒေါင်းကြသည်။
အထူးသဖြင့် ကရင်လူငယ်များမှာလည်း မိမိတို့၏ အာဇာနည်ခေါင်းဆောင်ကြီးဖြစ်သူ စောဘဦးကြီး
အကြောင်းကိုတောင် သိရှိရန် မလေ့လာပဲ ကရင့်အမျိုးသားတော်လှန်ရေးအတွက် အထောက်အကူ
မပြုသည့် ဒေါ်စုကိုကျတော့ အားပေးထောက်ခံနေကြကြောင်း ပြောသွားပါသည်။

ဆက်လက်၍ စောထူးကပေါ်က “ ဒေါ်စုကို စစ်အာဏာရှင်ကျဆုံးဖို့အတွက် မဟာမိတ်အနေနဲ့ အတူ
တွဲလုပ်ဖို့တော့ လိုအပ်ကောင်းလိုအပ်မယ်၊ ခေါင်းဆောင်ကြီးတစ်ဦးအနေနဲ့တော့ ထားလို့မရဘူး၊ ဘာ
ကြောင့်လဲဆိုတော့ သမိုင်းကြောင်းအရ တစ်ချိန်ချိန်မှာ တိုင်းရင်းသားတွေကို အသုံးချပြီး လုပ်သွားနိုင်
လို့ပါပဲ” ဆိုပြီး ပြောသွားပါသည်။

စင်ကာပူရောက် အသိမိတ်ဆွေတစ်ဦးကို KNU ဒုဥက္ကဋ္ဌ၏ ဒေါ်စုကို ကရင်လူထုက အပြည့်အ၀ ထောက်
ခံကြောင်း ပြောကြားချက်နှင့် ပတ်သက်၍ မေးမြန်းကြည့်ရာမှာ “ နိုင်ငံရေး လမ်းစဉ်အရ ဒီလိုပဲပြောရလိမ့်
မယ်၊ မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်လို့ ကမ္ဘာက ကရင်ထက် ဒေါ်စုကို ပိုသိကြတယ်၊ နိုင်ငံရေးမှာ ထာဝရ
မိတ်ဆွေ ထာဝရရန်သူ ဆိုတာမရှိဘူး၊ ဒီအတွက်ကြောင့် ပဒိုပြောတာကို နိုင်ငံရေး လမ်းစဉ်အရ လက်ခံ
လို့ရတယ်၊ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ အောင်ဆန်းစုကြည်ပြီးရင် ကရင်ပဲရှိတယ်၊ မက်ကိန်းလာတယ်၊
ကင်တာနားလာတယ်၊ Mrs. Bush တို့ကရင်ဆီကို လာသွားတယ်၊ ဒီတော့ ဗမာ့နိုင်ငံရေးပြောင်းလဲဖို့နဲ့
လူ့အခွင့်အရေးအရ တရားစွဲဖို့ဆိုတာ မြန်မာပြည်မှာ ကရင်တွေပဲ ကောင်းကောင်းလုပ်သွားမယ်၊ နိုင်ငံ
တကာက လက်ရှိအနေအထားမှာ မြန်မာနိုင်ငံရေးလို့ ဆိုလာရင် ဒေါ်အောင်ဆန်းစုကြည်ပြီးရင် ကရင်
ကို မြင်လာပြီ၊ ဒါ ကောင်းတဲ့ဘက်ကို ဦးတည်နေတာ၊ မက်ကိန်းလာတယ် ဒေါ်စုကိုတွေ့ပြီး ကရင်ဆီ
လာသွားတယ်၊ ဒီလိုပဲ ကင်တာနားလည်း ကရင်တွေဆီသွားဖို့ ဘားအံရောက်ပြီးမှ နအဖက မြ၀တီမှာ
လက်နက်ကြီးကျသွားတယ်ဆိုပြီး ပြန်ခိုင်းလိုက်တာတွေဟာ မြန်မာ့နိုင်ငံရေးမှာ ကရင်ဟာ အဓိကအခန်း
ကဏ္ဍမှာ ပါဝင်လာပြီဆိုတာ သက်သေပြနေတာပဲ၊ ဒီအခြေအနေတွေကို ကျွန်တော်တို့ ဆက်ထိန်းနိုင်ရ
မယ်၊ ကျွန်တော်တို့အချိုးမပြေလုပ်ရင် ကျွန်တော်တို့ကျသွားမယ်၊ ဒီလိုပဲ သူတို့အချိုးမပြေလုပ်ရင် သူ
တို့တွေ ကျွန်တော်တို့အောက်ရောက်သွားမယ်” ဆိုပြီး ပြောကြားသွားပါသည်။

နော်ဝေရောက် ကရင့်အမျိုးသမီး(၁)ယောက်၏ သဘောထားအမြင်ကိုမေးကြည့်ရာမှာ-
'' ကျွန်မတို့ သဘောထားက ရှင်းတယ်၊ ဒေါ်စုကို အယုံအကြည်မရှိဘူး။ စောဘဦးကြီးမူအတိုင်း က
ရင့်ကံကြမ္မာ ကရင်ဖန်တီးရမယ်၊ တစ်ချိန်တုန်းက ကျောင်းစာအရ ဗိုလ်ချုပ်အောင်ဆန်းကို အထင်ကြီး
လေးစားခဲ့တယ်၊ ကော်သူးလေနယ်မြေရောက်ပြီးမှ အောင်ဆန်းအော်ပရေးရှင်းကို ဖတ်ခဲ့ရပြီး ကရင်တွေ
ကို ဘယ်လောက်နှိပ်ကွပ်ခဲ့တယ်ဆိုတာ သိရတယ်၊ သူ့သမီးလည်း အဲဒီလမ်းစဉ်ကျင့်သုံးမှာပဲ” ဆိုပြီး
ပြောသွားပါသည်။

အလားတူ သြစတြေးလျရောက် ကရင့်အမျိုးသမီးတစ်ဦးကလည်း “ဒေါ်စုကို မယုံဘူး၊ ထောက်လည်း
မထောက်ခံဘူး၊ သူက ကြံ့ဖွံ့အစိုးရနဲ့ အပေးအယူရှိတယ်၊ အစိုးရသစ်ကို အရှိတိုင်းလက်ခံတဲ့သူပါ”
ဆိုပြီး ပြောသွားပါသည်။

ဆောင်းပါးကောင်းများစွာ ရေးသားနေသူ ဒိန်းမတ်က မန်းအာကာထက်၏ အမြင်ကတော့-
“ ဒါကတော့ နိုင်ငံရေးခေါင်းဆောင်တွေ ပြောရတဲ့စကားပါ။ အမျိုးသားခေါင်းဆောင်အနေနဲ့ကိုး၊
ကျွန်တော်တို့လူငယ် လူလတ်ပိုင်းတွေအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနဲ့ ကိုယ်စားပြု
မဟုတ်ရင် လွတ်လပ်စွာ ပြောလို့ရတယ်၊ KNU အနေနဲ့ နိုင်ငံရေး ရေချိန်ကိုကြည့်ပြီး လှုပ်ရှားရတာ၊
တစ်ခါတစ်လေ ကျွန်တ်ာစာရေးတာလည်း လူကြီးတွေအနေနဲ့ ပြောလို့ မသင့်တော်တာတွေကို ကိုယ်
စားပြုပြီး ပြောပေးတဲ့သဘောပါပဲ၊ ကျွန်တော့သဘောထားကတော့ ကျွန်တော်တို့ကရင်တွေ အမျိုးသား
ရေး၊ နိုင်ငံရေးအနေနဲ့ လမ်းကြောင်း နှစ်ကြောင်းနဲ့ တစ်ပြိုင်တည်းသွားသင့်တယ်၊ တစ်ကြောင်းက
ခေတ်ရေစီးကြောင်းအရ သွားရတဲ့ ဖယ်ဒရယ်၊ဒီမိုကရေစီ။ နောက်တစ်ကြောင်းကတော့ ဒီမူတွေ ဆက်
သွားလို့ အခြေအနေမဟန်ဘူးဆိုရင် ကရင့်ဘာသာ ကရင်သွားလို့ရတဲ့ သွားလို့တတ်တဲ့ (ကရင့် ကံ
ကြမ္မာ ကရင်ဖန်တီးနိုင်တဲ့မူ) ကို လုပ်ကို လုပ်ရမယ်” ဆိုပြီး ပြောကြားသွားပါသည်။

ဒီကေဘီအေတပ်ဖွဲ့နှင့် အနီးစပ်ဆုံးရှိနေသူ KNLA တပ်ရင်း(၁၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးကို မေးမြန်း
ကြည့်ရာမှာ “ ပဒိုက သူတာဝန်ယူထားတဲ့ အဖွဲ့အစည်းတွေကများတယ်၊ ဒီမိုကရေစီအရေး အပါအ၀င်
ပေါ့၊ ဒါက နိုင်ငံရေးလှုပ်ရှားတဲ့ ခေါင်းဆောင်တစ်ဦးရဲ့ အသုံးအနှုန်းလို့ ယူဆချင်လည်း ယူဆလို့ရပါ
တယ်၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့အသုံးအနှုန်းဆိုတာကလည်း အင်မတန်သတိထားရပါတယ်၊ နည်းနည်း
လေး တိမ်းစောင်းသွားတာနဲ့ ပြန်ဖြေရှင်းလို့ မလွယ်တော့ဘူး၊ ပဒိုအနေနဲ့ ပြောသင့်ပြောထိုက်တာကို
ပြောပြီး သုံးနှုန်းသွားတာပဲဖြစ်တယ်။” ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။

No comments: