ခုလ ၄ ရက်နေ့က အမှု စတင်စစ်ဆေးရာမှာ တရားလိုနဲ့ တရားလိုပြ သက်သေကို စစ်ဆေးပြီး ဖြစ်သလို ဒီနေ့မှာတော့ စွဲဆိုခံရသူရဲ့သက်သေကို စစ်ဆေးပြီး ဖြစ်ပါတယ်။
တရားလိုဘက်ရော တရားစွဲခံရသူဘက်ကိုပါ စစ်ဆေးပြီးဖြစ်လို့ အပြီးသတ် လျှောက်လဲချက် ကြားနာဖို့ ချိန်းဆိုထားတယ်လို့ မောင်ထိပ်ကွက်ဘက်က လိုက်ပါ ဆောင်ရွက်တဲ့ အစိုးရရှေ့နေ ဦးမောင်မောင်ကြည်ဝင်းက ပြောပါတယ်။
“တရားလိုဘက်က နိုင်ငံတော်ဘက်က လိုက်ပေးတာပါခင်ဗျ။ အခု အပြီးသတ် လျှောလဲချက်ကို ကြားနာဖို့ ချိန်းထားပါတယ်ခင်ဗျ။ နှစ်ဘက်စလုံးက လျှောက်လဲမှာပါ။ လျှောက်လဲချက်တွေ ပေးပြီးတော့မှ တရားရုံးကနေ အမိန့်ချမှာပါ။”
ဒီအမှုနဲ့ပတ်သက်ပြီး အမြန်ဆုံးစစ်ဆေးပြီး ထိရောက်တဲ့ ပြစ်ဒဏ်ကျနိုင်ဖို့ ကြိုးစား နေတယ်လို့လည်း ဦးမောင်မောင်ကြည်ဝင်းက ပြောပါတယ်။
မောင်ထိပ်ကွက်ကို နှိပ်စက်မှုနဲ့ ပတ်သက်ပြီး မောင်ထိပ်ကွက်ရဲ့ဆွေမျိုးတွေက ရဲတပ်ဖွဲ့ကို တိုင်ကြားပြီး နှိပ်စက်သူ ကိုစနိုးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆ အပြင်းအထန် နာကျင်စေမှု၊ ပုဒ်မ ၃၄၂ မတရားချုပ်နှောင်မှုတို့နဲ့ ရဲတပ်ဖွဲ့က တရားစွဲထားတာပါ။
ဒီပုဒ်မနှစ်ခုအရ သက်ရောက်နိုင်တဲ့ ပြစ်ဒဏ်နဲ့ မြို့နယ်တရားရုံးက စီရင်ချက်ချနိုင် ခွင့်ကို ဦးမောင်မောင်ကြည်ဝင်းက ရှင်းပြပါတယ်။
“ပုဒ်မ ၃၂၆ က တသက်တကျွန်းဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒက်တမျိုး ဖြစ်စေ ချမှတ်ရမယ်လို့ ပါပါတယ်ခင်ဗျ။ ပုဒ်မ ၃၄၂ ကတော့ တနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ တထောင်အထိ ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြဌာန်းထားပါတယ်။ ကျနော်တို့ က မြို့နယ်ဥပဒေမှာ စစ်တာပါ။ ဥပဒေက အဲဒီလိုချမှတ်ထားပေမယ့် မြို့နယ်တရားရုံးက စီရင်ပိုင်ခွင့်အာဏာအရ အများဆုံးချမှတ်နိုင်တာက ၇ နှစ်ပါပဲခင်ဗျ။ မြို့နယ်ဥပဒေရုံးအနေနဲ့ မြန်မြန်နဲ့မှန်မှန် ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့ ကျနော်တို့ ကြိုးစားခဲ့ပါ တယ်။ ပြီးတော့ ထိရောက်တဲ့ ပြစ်ဒဏ်ရနိုင်ဖို့အတွက်ကို ကျနော်တို့ဘက်က ကြိုးစားနေပါ တယ်ခင်ဗျ။”
စီရင်ချက်ချမယ့်ရက်ကိုတော့ မသိရသေးပါဘူး။ မောင်ထိပ်ကွက်ဟာ You and Me လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးအဖြစ် လုပ်ကိုင်ပြီး ကိုစနိုးက သူ့ကို ကြိုးတုပ်ရိုက်နှက်၊ ခန္တာကိုယ်ကို မီးပူနဲ့ကပ်လို့ ဒဏ်ရာပြင်းထန်ခဲ့သလို ခွေးမစင်နဲ့ ကျင်ငယ်ပါ အတင်း ကျွေးတာတိုက်တာ ခံခဲ့ရပါတယ်။ ဒီကိစ္စမှာ ကိုစနိုးရဲ့ဇနီးသည်ပါ ပါဝင်တယ်လို့ ကာယကံရှင် မောင်ထိပ်ကွက်က ပြောပါတယ်။ သူ့အတွက် အမှတ် ၁ ရဲစခန်းက တရားလို အဖြစ် အမှုဖွင့် ဆောင်ရွက်နေတာဖြစ်ပါတယ်။
အစပိုင်းတုန်းကတော့ ပုဒ်မ ၃၂၄ သာမန်နာကျင်စေမှုနဲ့ အမှုဖွင့်ခဲ့ပေမယ့် ဥပဒေ အကြံပေး ဦးမောင်မောင်ကြည်ဝင်းက ပုဒ်မ ၃၂၆ နဲ့ ၃၄၂ တို့နဲ့ ပြောင်းလဲပြီး တရားစွဲထား တာပါ။
မောင်ထိပ်ကွက်ရဲ့ ကျောကဒဏ်ရာ သက်သာသွားပြီ ဖြစ်ပေမယ့် ဗိုက်ကဒဏ်ရာကတော့ ပြင်းထန်နေတုန်းပဲလို့ သိရပါတယ်။
မြန်မာ ပွိုင့်ဝိကလီဂျာနယ် က တရားခံ ယောက္ခမ ဖြစ်သူ ဦးဥာဏ်လင်းထွန်းက မီးပူဖြင့် ထိုးတာမပြောပဲ အပြစ်မရှိသလို ရိုက်နှက် နိုင်သကဲ့သို့ ကြိုးဖြင့်ရိုက်တာ ပါ ..ကလေးငယ်အား နှိပ်စက်သည်ကလေးငွေယူသွားသည် အထိစွပ်စွဲ ပြောဆိုထားသည်...ကြံ့ခိုင်ရေး နှင့်တခြားပါတီ တစ်ခုတို့ က ကလေးအား ငွေ နှစ်သောင်း ကူညီသည်ဟုဆိုသည်။
No comments:
Post a Comment