ယမန်နေ့
၂၃-၁၀-၂၀၁၁နေ့နံနက်(၈)နာရီအချိန်တွင် (၁၀)ကြိမ်မြောက် မလေးရှား
ကရင်အမျိုးသား နှစ် သစ်ကူးဘောလုံးပြိုင်ပွဲ၏ ကွင်းဖွင်ပွဲအခမ်းအနားကို MKO
ရုံးအနီးရှိ အစိုးရကျောင်းဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။
၎င်းကွင်းဖွင့်ပွဲတွင်
ပါဝင်ယှဉ်ပြိုင်ကြသော အသင်း(၈)သင်းနှင့်အတူ MKO ကျောင်းသူ/သားများ၊
ယဉ်ကျေးမှုအဖွဲ့များ၊ လာရောက်ချီတက်ခဲ့ကြပြီးဖထီးဂီးဒီယံမောရစ်
အဖွင့်အမှာစကား ဥက္ကဋ္ဌမန်းစိန်သန်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။
ကွင်းဖွင့်ပွဲပြီးသည်နှင့်တပြိုင်နက်
အုပ်စု(A)မှ လက်ရှိချန်ပီယံအသင်;ဖြစ်သည့် ကရင်မျိုးချစ်
လူငယ်အသင်း(Kalang) နှင့် မျိုးဆက်သစ်လူငယ် (Kepong)အသင်းတို့ ယှဉ်ပြိုင်
ကစားရာမှာ (၄)ဂိုး(၂) ဂိုးဖြင့် ချန်ပီယံအသင်းက အနိုင်ရရှိခဲ့သည်။
ဒုတိယပွဲစဉ်အဖြစ်
ကိုးဒီသွေးအသင်း(MKO)နှင့် ထီးဆေမေးယွာ(PJ) အသင်းတို့ယှဉ်ပြိုင်ကစားရမှာ
နှစ်ဂိုး ဂိုးမရှိဖြင့် ကိုးဒီသွေးမှ အနိုင်မရခဲ့ကြောင်း သိရှိရသည်။
ကွင်းဖွင့်ပွဲ မှတ်တမ်းဓါတ်ပုံများကို ကြည့်ရှုနိုင်ပါသည်။
No comments:
Post a Comment