Published on October 27, 2011
ယူအန်အက်ဖ်စီ
(ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ) အဖွဲ့ဝင်
တိုင်းရင်းသားအဖွဲ့ဝင်တွေနဲ့ အစိုးရဘက်က ပြည်နယ်အစိုးရ
ကိုယ်စားလှယ်တွေနဲ့ ပဏာမ စတင်တွေ့ဆုံမှုတွေ ရှိနေပြီး တဖွဲ့ချင်းက
အစိုးရနဲ့ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုကိုတော့
ယူအန်အက်ဖ်စီ တပ်ပေါင်းစု တခုလုံးအနေနဲ့ပဲ ဆွေးနွေးမှာပါလို့
ယူအန်အက်ဖ်စီက ပြောပါတယ်။
မွန်၊
ရှမ်း၊ ကရင်၊ ကချင် စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့
မကြာသေးမီက သက်ဆိုင်ရာ ပြည်နယ်အစိုးရ ကိုယ်စားလှယ်တွေနဲ့
တွေ့ဆုံခဲ့ပြီး အလားတူ သဘောထားကိုပဲ ပေးခဲ့ကြပါတယ်လို့
ယူအန်အက်ဖ်စီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောကြားပါတယ်။
မွန်ပြည်သစ်ပါတီက
မွန်ပြည်နယ်အစိုးရကိုယ်စားလှယ်တွေနဲ့ ဒီလ ၆ ရက်နေ့ မွန်ပြည်နယ်
ရေးမြို့မှာ တွေ့ဆုံဆွေးနွေးရာမှာလည်း တပ်ပေါင်းစုရဲ့
သဘောထား ကိုပဲ ပေးခဲ့ပါတယ်လို့ နိုင်ဟံသာက ပြောပါတယ်။
တပ်ပေါင်းစု အဖွဲ့ဝင်များနှင့် မေးမြန်းချက်ပေါလ်စီထား (အထွေထွေတွင်းရေးမှူး)
စီအန်အက်ဖ် (ချင်းအမျိုးသားတပ်ဦး)
“ကျနော်တို့
ကတော့ ဒီမှာလာကမ်းလှမ်းရင် ဆွေးနွေးမှာပါ။ ပြောမယ်။ နောက်ဆုံးမှာ
တိုင်းရင်းသားအားလုံး စုံစုံညီညီ ဆွေးနွေးနိုင်တဲ့နေရာကျတော့
ယူအန်အက်ဖ်စီ အတိုင်းသွားမယ်။ ပြည်နယ်တွေမှာကျတော့ ဒီဘက်က
ကမ်းလှမ်းလာရင်တော့ ပြောမယ်။ သီးသန့်ပေါ့နော်။
“ကျနော်တို့
ချင်းပြည်တခုအတွက်နဲ့ မြန်မာပြည်တခုလုံးက အားလုံး ညီမှရမယ်လေ။
ဒီဘက်မှာ ချင်းကအစိုးရနဲ့ပြေလည်ပြီ ဆိုပြီးမှ အရှေ့ဘက်က ရှမ်း၊
ကရင်၊ မွန်၊ ကချင် သူတို့မယူဘူးဆိုလည်း ဒီဘက်မှာ တချို့တဝက်နဲ့
တည်ဆောက်လို့ မရတော့ အဲဒီနေရာမှာ ကျနော်တို့အားလုံး
ပြန်ညီညွတ်မှရမယ်။ ကျနော်တို့ ဆိုလိုချင်တာက ဒီမှာပြည်နယ်အစိုးရကနေ
လာပြီးတော့ ကမ်းလှမ်းတယ် ဆိုရင်တော့ ကျနော်တို့ ပြောမယ်။ အဲဒီဟာက
ပဏာမ တွေ့ဆုံဆွေးနွေးပွဲပဲဖြစ်မယ်။ ဒါပေမယ့် တတိုင်းပြည်လုံး
အတိုင်းအတာနဲ့ ကျနော်တို့ သွားမယ်ဆိုရင် ယူအန်အက်ဖ်စီနဲ့
ပြန်သွားမှာ။ ငြိမ်းချမ်းရေးကို သီးခြား မယူဘူး။ ဆိုလိုချင်တာက
တွေ့ဆုံဆွေးနွေးမှု မရှိဘဲနဲ့တော့ အပစ်အခတ် ရပ်စဲရေးဆိုတာ
ပြောဖို့ မလွယ်သေးဘူးလေ။”
ပဒိုစောလှငွေ (ပြန်ကြားရေးတာဝန်ခံ)ကေအန်ယူ (ကရင်အမျိုးသားအစည်းအရုံး)
“ပြည်နယ်တခုလုံး
အပစ်အခတ်ရပ်စဲရေး ကိစ္စအတွက်ကို ပြောပါတယ်။ ဒါပါပဲ။ အဲဒါတော့
လုပ်လို့မရပါဘူး။ အဲဒီကိစ္စကို မနက်ဖြန်ကို ညှိနှိုင်းဖို့ပဲဖြစ်တယ်။
ပထမရပ်တည်ချက်က ပြောင်းလဲမှု မရှိပါဘူး၊ နိုင်ငံရေး သဘောတူညီချက်၊
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သီးခြား ဘာမှမလုပ်ပါဘူး။”
ဗိုလ်မှူးကြီး ခွန်ဥက္ကာ (ဥက္ကဋ္ဌ)ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်
“အပစ်အခတ်
ရပ်စဲရေး။ နိုင်ငံရေးဆွေးနွေးပွဲကို တက်လှမ်းဖို့ အဆင့်ကို
ရောက်လာလို့ရှိရင် တဖွဲ့ချင်းဆွေးနွေးပွဲ စကားပြောဖို့ အဆင့်မှာ
တဖွဲ့ချင်းလုံးဝ မလုပ်ဘဲနဲ့ အဲဒီအဆင့်မျိုးတွေမှာ ယူအန်အက်ဖ်စီ
ကနေတဆင့် အစုအဖွဲ့နဲ့ ပြုဖို့ဆိုတဲ့ဟာ အဲဒီအချက် ၂ ချက်ကို
တဖွဲ့ချင်း ဗမာဘက်မှတွေ့တဲ့အချိန်မှာ ရှင်းပြဖို့ ပေးထားတယ်။”
ယူအန်အက်ဖ်စီကို
ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေး ပါတီ၊
ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီပြည်တိုးတက်ရေးပါတီ၊ မွန်ပြည်သစ်
ပါတီ၊ ချင်းအမျိုးသားတပ်ဦး၊ စတဲ့ တိုင်းရင်းသားအဖွဲ့ ၁၂
ဖွဲ့နဲ့ ဒီနှစ်ဆန်းပိုင်းမှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
No comments:
Post a Comment