Wednesday, April 25, 2012

ဦးတေဇ သားများနှင့် ဖိုးလပြည့် တို့ ကားပြိုင်ပွဲ


သူတို့အဖွဲ့ ပြောနေတဲ့စကားတွေက ဘယ်တော့မှ ဒေါ်လာ ငါးသန်းအောက်မရှိဘူး။ သူတို့ရဲ့ကားတွေကလည်း ဒေါ်လာ လေးငါးသန်းတန် ကားတွေဖြစ်တဲ့ ဖရာရီ (Ferrari) ကားတွေဆိုတော့ အင်ဂျင်ပါဝါ အရမ်းကောင်းပါတယ်။ သူတို့ဘေးမှာ ကလည်း စကတ်တိုတိုနဲ့ အရမ်းကိုလှတဲ့ ကောင်မလေးသုံးလေးယောက်ကလည်း မူးယစ်ရီဝေနေတဲ့ မျက်လုံးတွေနဲ့။ အားလုံးလိုလိုက အနောက်တိုင်းစတိုင် မြူးကြွတဲ့တေးသီးချင်းတွေနဲ့ ပျော်ရွှင်နေကြတဲ့အချိန်။ အချိန်က ညသန်းခေါင်ယံ။ နေရာက မင်္ဂလာဒုံလေယျာဉ်ကွင်း။ ဒီအချိန်မှာ သူတို့က ဘာလို့လေယျာဉ်ကွင်းကိုလာတာလဲလို့ မေးစရာရှိတယ်။
သူတို့ရဲ့ကားတွေက နောက်ဆုံးပေါ် အကောင်းဆုံးကားတွေဖြစ်တော့ အရမ်းမြန်တယ်။ အင်ဂျင်ပါဝါကောင်းတော့ အသံ တွေက ဂျက်လေယျာဉ်အလားပဲ။ ဒီတော့ ဒီကားတွေနဲ့ ရန်ကုန်မြို့ပေါ်ကရှိသမျှလမ်းတွေပေါ်မှာ တခုမှ သူတို့ကားတွေနဲ့ မကိုက်ဘူး။ အဆင်မပြေဘူး။ ကားမောင်းပြိုင်ရင် လမ်းကောင်းတာကို ရှာဖွေရတယ်။ သူတို့ကားတွေအတွက် လမ်း ကောင်းတဲ့နေရာက ရန်ကုန်မင်္ဂလာဒုံလေယျာဉ်ကွင်းတခုပဲရှိတယ်။ လေယျာဉ်ပြေးလမ်းပေါ်မှာ ကားမောင်းပြိုင်တာက အန္တရာယ်လည်းကင်းတယ်။ ဒ့ါကြောင့် မရွေးချင်ဘဲ ရွေးရတဲ့လေယျာဉ်ကွင်းဖြစ်တယ်လို့ သူတို့တစုက ကျနော့်ကို ရှင်းပြ ပါတယ်။
“ခင်ဗျားတို့ကို လေယျာဉ်ကွင်းရဖို့ဘယ်သူက ခွင့်ပြုတာလဲဗျ”
“ဒါများအဆန်းလုပ်လို့။ လေတပ်ဦးစီးချုပ်ဆီကို ဖုန်းဆက်လိုက်ရင် ပြီးတာပဲ”
ညသန်းခေါင်ယံမှာ လေယျာဉ်အတက်အဆင်းမရှိတော့ဘူးဆိုတော့ သူတို့တစု ကားမောင်းပြိုင်ကြပါတယ်။ သူတို့ဆိုတာ က သူဋ္ဌေးကြီး ဦးတေဇသားများနှင့် ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့အချစ်ဆုံးမြေး ဖိုးလပြည့်တို့ပဲ ဖြစ်ပါတယ်။ သက်တော်စောင့် တွေဖြစ်တဲ့ ဗလကောင်းကောင်း ခပ်မိုက်မိုက်မျက်နှာနဲ့လူတွေကလည်း သူတို့ဘေးမှာ ရပ်နေကြပါတယ်။ အားလုံးရဲ့ ဂျိုင်း အောက်မှာ သေနတ်ကိုယ်စီနဲ့ဆိုတော့ ကြည့်ရတာ အင်မတန်ကို အသက်ဝင်တယ်။ အားလုံးက ဘုန်းကြီးကျောင်းမှာ တ ရားအားထုတ်နေတာ မဟုတ်တော့ အပြုံးကိုယ်စီ မရှိကြပါဘူး။ မျက်နှာတိုင်းက ခပ်တည်တည်နဲ့။
ဒေါ်လာသုံးသန်းကြေး ကားမောင်းပြိုင်ပွဲတခုကို ကမ္ဘာပေါ်က အဆင်းရဲဆုံးတိုင်းပြည်မှာ ကျင်းပနေတာကို စာဖတ်သူများ အခုမှ သိကြတာတော့ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်တွေကလည်း မကြာခဏ ဖြစ်တတ်ပါတယ်လို့ဆိုပြီး သူတို့ဘေးနားက သက်တော်စောင့်ကြီးက ရှင်းပြပါတယ်။
“ဒေါ်လာသုံးသန်းကို ဘယ်လိုမျိုးပေးလဲ။ ငွေအိတ်နဲ့ပေးတာလား။ ချက်လက်မှတ်နဲ့ ပေးတာလားဗျ” ကျနော်က အရပ် ခြောက်ပေလောက်ရှိတဲ့ ဗလကောင်းကောင်း သက်တော်စောင့်ကြီးကို ဆက်မေးတော့….
“ငွေပေးတာ မဟုတ်ဘူးဗျ။ လေနဲ့ပေးတာ။ သူတို့အဖေတွေ အဘိုးတွေဆီကိုပြောလိုက်ရင် ဒေါ်လာသုံးသန်းတန် လုပ် ကွက်ရတယ်။ သုံးသန်းတန် လုပ်ပိုင်ခွင့်ကိုပေးတာ”
ဒီညကောင်းမောင်းပြိုင်ပွဲပြီးရင် ကျနော်တို့ နိုက်ကလပ်ကိုဆက်သွားမယ်။ အဲဒီမှာ အရက်သောက်ကြမယ်လို့ဆိုပြီး သက် တော်စောင့်တွေက ရှင်းပြတယ်။ သက်တော်စောင့်က တယောက်နှစ်ယောက် မဟုတ်ပါဘူး။ အားလုံးရဲ့ အ၀တ်အစား တွေဟာ ဆင်တူတွေချည်းပဲ ၀တ်ထားတော့ အင်မတန်ကြည့်ကောင်းပါတယ်။
လေယျာဉ်ကွင်း ပြိုင်တဲ့ပွဲမှာ ဘယ်သူတွေနိုင်သွားလဲဆိုတာကိုတော့ မသိချင်ပါနဲ့။ ဘာ့ကြောင့်လဲဆိုတော့ ကျနော် မပြော ချင်လို့ပါ။ ပွဲလည်းပြီးရော သူတို့လူစု နိုက်ကလပ်ဆီကို ချီတက်ကြပါတယ်။
သြစတေးလျကနေ ရန်ကုန်ကို အလည်လာတဲ့ ကျနော်လည်း နိုက်ကလပ်တက်ပါတယ်။ ကျနော်သောက်နေတဲ့ စားပွဲ ၀ိုင်းကို VIP ၀ိုင်းလို့ခေါ်တယ်။ ရှေ့ ဆုံးတန်းရဲ့သုံးဝိုင်းမြောက်ပွဲမှာ ကျနော်တယောက်တည်း ထိုင်သောက်နေမိတယ်။
ကျနော်တယောက်တည်း ကြောင်တောင်တောင်ဖြစ်နေတဲ့အချိန်။ ဘာလို့လဲဆိုတော့ ကျနော့်စားပွဲကလွဲရင် ဘယ်သူမှ VIP ၀ိုင်းမှာ မထိုင်နိုင်ဘဲ ရိုးရိုးစားပွဲတွေမှာသာ သူတို့ထိုင်ပါတယ်။ ဒေါ်လာနဲ့ရှင်းရတဲ့နေရာမို့ အင်မတန်ဈေးကြီးပါတယ်။ သြစတေးလျမှာလည်း ဒေါ်လာသုံးတာဆိုတော့ ကျနော့်အတွက် မထူးဆန်းပါဘူး။ စားပွဲပေါ်မှာ Black Label တလုံးနဲ့ ချိစ်ကိုက်ပြီး ရင်သားလှလှ၊ တင်သားလှလှတွေကို ထိုင်ပြီး ရှုစားနေတဲ့အချိန်မှာ ကျနော့်ရှေ့က မြင်ကွင်းတွေက ရုတ်တ ရက် ပြာယာခတ်သွားကြတာကို သတိထားမိတယ်။
ဗလကြီးကြီး၊ အရပ်အမောင်းကောင်းကောင်းနဲ့လူသုံးယောက်က ရှေ့ဆုံးတန်းက VIP စားပွဲခုံ လေးငါးလုံးကို တခုံတည်း ဖြစ်အောင်စုစည်းလိုက်တယ်။ စားပွဲပေါ်မှာ Gold Label သုံးလုံးကို ဒေါင်လိုက်ထောင်လိုက်ပါတယ်။ တလုံးကို ဒေါ်လာ နှစ်ရာလောက်ပဲတန်တယ်။ ကျနော့် ဘလက်လေဘယ်က ငါးဆယ်ကျော်ပဲတန်တော့ သူတို့ထက် ဈေးနည်းတယ်။ သက် တော်စောင့် သုံးယောက်ထဲကနှစ်ယောက်က နိုက်ကလပ်ထဲမှာ အရက်ဝိုင်းကို စောင့်နေပြီး သူတို့ဆရာအတွက် အသင့် ပြင်ထားပေးရတယ်။ ကျန်တဲ့တယောက်က အပြင်ကိုထွက်ပြီး ဒေါ်လာလေးငါးသန်းတန်တဲ့ ဖရာရီကားနားကိုသွားပြီး အ ဆင့်ဖြစ်နေပြီဖြစ်ကြောင်း သတင်းပို့တယ်။ တံခါးဖွင့်ပေးတော့ လူငယ်တယောက် ရုပ်ခပ်ဖြောင့်ဖြောင့်နဲ့ကားပေါ်က ဆင်း လားတယ်။ သူ့ဘေးမှာ သက်တော်စောင့် သုံးလေးယောက်။ ဘေးနားမှာက ခပ်ချောချောကောင်မလေးတစု။ Sexy ခပ် ကျကျ အ၀တ်အစားတွေနဲ့။ သူတို့လူတစု နိုက်ကလပ်ထဲကို ၀င်လာတယ်ပြီး အဆင်သင့်ပြင်ထားတဲ့ Gold label ၀ိုင်းမှာ ထိုင်ပြီး ပျော်ပါးကခုန်ကြတာကို သူတို့အနောက်ကနေ ကြည့်နေမိတယ်။ အားကျလိုက်တာ။ ကံကောင်းလိုက်တဲ့ လူငယ် တွေ။
သက်တော်စောင့်တယောက်နဲ့ ကျနော် ငယ်ငယ်ကတည်းက သူငယ်ချင်းတွေပါ။ သူက ခရာတေးကစားတာ အလေးမ တာကို ၀ါသနာပါတဲ့လူ။ အရပ်ကလည်းကောင်း ဗလကလည်းကောင်းတော့ သူ ဒီအလုပ်ကို ရတာထင်တယ်။ သူဒီအ လုပ်လုပ်နေမှန်း ကျနော် မသိဘူး။ ကျနော် တွေ့တွေ့ချင်း သူ့နိုက်ကလပ်ထဲမှာ နှုတ်ဆက်ပါတယ်။
“ဟေ့…ဘဲကြီး ဘယ်တုန်းက ရန်ကုန်ကို ပြန်ရောက်နေတာလဲဗျ”
“ပြီးခဲ့တဲ့ အပတ်က ရောက်တာ။ မင်းက ဒီမှာ ဘာလုပ်နေတာလဲ”
“ဦးတေဇသားတွေကို သက်တော်စောင့်လုပ်နေတာ။ နောက်မှ စကားပြောမယ်ဗျာ။ အခု အလုပ်မအားသေးလို့”
သူ အလုပ်များနေတော့ ကျနော်နဲ့ ကောင်းကောင်းစကားမပြောဖြစ်ပါဘူး။ ကျနော်လည်း သောက်စား ကခုန်ပြီး တွေ့တဲ့ ကောင်မလေးတယောက်နဲ့ ကျနော် တည်းခိုတဲ့ ဟိုတည်းကို ပြန်လာပြီး အပန်းဖြေခဲ့ပါတော့တယ်။
မှတ်ချက် … ကျနော့်အတွေ့ အကြုံမဟုတ်ပါဘူး။ သူငယ်ချင်းရဲ့အတွေ့အကြုံ အဖြစ်မှန်ကို ပြန်လည်ရေးသားထားခြင်း ဖြစ်ပါ တယ်။

No comments: