ဧပြီ ၂၁ ရက်၊ ၂၀၁၂ ခုနှစ်-YPI
မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီ ကန်ဒေါ်လာ ၃.၇၂
ဘီလျံကိုလျှော်ပစ်လိုက်ပြီး နောက်ထပ်ဖွံ့ဖြိုးရေး အကူအညီများ ပေးသွားရန်
ဂျပန်နိုင်ငံမှ သဘောတူလိုက်ကြောင်း ရိုက်တာ သတင်းဋ္ဌာန၏ ဖေါ်ပြချက်
အရသိရှိရသည်။
မြန်မာနိုင်ငံအစိုးရက ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများ ဘက်အသီးသီးတွင်
လုပ်ဆောင်လျှက်ရှိခြင်းကို ထောက်ခံသည့် အနေဖြင့် ယခုကဲ့သို့
ကြွေးမြီများအား လျှော်ပစ်လိုက်ခြင်းဖြစ်ကာ ဂျပန်-မြန်မာ စီးပွားရေး
ဆက်ဆံမှုကိုလည်း တိုးမြှင့်သွားမည်ဟု ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ယိုရှီဟီကို
နိုဒ က ပြောကြားကြောင်း ယင်းသတင်းတွင် ဖေါ်ပြထားသည်။
ယမန်နေ့မှ စတင်ပြီး ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသမ္မတ
ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးအပြီး
ယခုလို ကြေညာလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ အဆင့်မြင့်ခေါင်းဆောင်တဦးနှင့် ဂျပန်နိုင်ငံ
ဝန်ကြီးချုပ်တို့ ၂၈ နှစ်အကြာကာလအတွင်းပထမဆုံး အကြိမ်တွေ့ဆုံမှုလည်း ဖြစ်ကာ
ဆယ်စုနှစ် ၂ ခုကျော်ကြာ အထီးကျန်နေထိုင်ခဲ့သည့် မြန်မာနိုင်ငံအား
ယင်းအဖြစ်မှ အဆုံးသတ်စေမည့် နောက်ထပ် ခြေလှမ်းတလှမ်းဖြစ်သည်ဟု နိုင်ငံခြား
သတင်းမီဒီယာများ ကဖေါ်ပြကြသည်။
မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပြန်ဆပ်ရန် ရှိသည့် ချေးငွေနှင့် အတိုးစုစုပေါင်း ကန်ဒေါ်လာ ၄.၉ ဘီလျံအနက် ၃.၇၂ ဘီလျံကို လျှော်ပစ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ယင်း ကြွေးမြီ ၃.၇၂ ဘီလျံမှာ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် အတွင်းက
မြန်မာနိုင်ငံ အစိုးရအနေဖြင့် ဂျပန်နိုင်ငံမှ ချေးယူထားသည့်
ကြွေးမြီများဖြစ်သည်။ ။
ယနေ့(ဧပြီ ၂၁)ကျင်းပသော မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးအပြီးဝယ်
ဂျပန်-မြန်မာ နှစ်နိုင်ငံ သဘောတူစာချုပ်ကို မြန်မာနိုင်ငံဆိုင်ရာ
ဂျပန်သံအမတ်ကြီး တာကာရှီ ဆာအိ နှင့် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
ဦးခင်မောင်တင် တို့ နှစ်ဦး သမ္မတ ဦးသိန်းစိန် နှင့်
ဂျပန်နိုင်ငံဝန်ကြီးချုပ်ယိုရှီဟီကို နိုဒါ တို့ရှေ့မှောက်ဝယ်
လက်မှတ်ရေးထိုးနေကြစဉ်(Photo-AFP)
No comments:
Post a Comment