ဟုတ်ပါတယ် လက်တစ်ကော်ထဲပါ ၊ လက်တစ်နှိုက်စာ နက်နက်နဲနဲ မဟုတ်ပါဘူး ။
လတ်တလော ဒေါ်စု သွားခဲ့တယ်ဆိုတော့ စိတ်ထဲနည်းနည်း ပေါ်လာလို့ပါ ။
အချို့လည်း ဒေါ်စုရဲ့ လုံခြုံရေးကို စိုးရိမ်ကြတယ် ၊ အချို့လည်း ကောလဟာလဆန်ဆန် ဒဏ္ဍာ
ရီဆန်ဆန် ကြားဖူးတာတွေ ရှိတဲ့အပေါ် စိတ်မှန်းနဲ့ ပူပင်ကြတာတွေ ရှိကြလေတော့ အနည်းအကျဉ်း
လောက် ပြောပြချင်လို့ပါ ။
* ဒေါ်စုခရီး
ဘန်ကောက်ကနေ ရွှတ်ကနဲမဲဆောက်ရောက်သွားတဲ့ ဒေါ်စုတစ်ယောက် မဲလခိုလှုံရာစခန်းမှာ
အချို့လူ တွေနဲ့ဆွေးနွေးပြီး မရပ်မနား ဘန်ကောက်ဆီ ခရီးပြန်နှင်သွားတာ လူအများသိပြီးကြပြီလို့
ယူဆပါတယ် ။ ထောက်ပြတယ်ပြောပြော အပြစ်ရှာတယ်ဆိုဆို တစ်ချို့အချက်ကလေးတွေကို မြင်
မိတယ် ။
Ø မဲဆောက်မှာ မျှော်လင့်တကြီး စောင့်နေခဲ့ကြတဲ့သူတွေကို နှုတ်တောင်မဆက်နိုင်ပဲ ထွက်သွား
တယ် ၊
Ø ကျောင်းသားဆေးခန်းလို့ခေါ်တဲ့ ဒေါက်တာစင်သီယာမောင်ဆေးခန်းကို မဝင်ဖြစ်ဖူး ၊
ဒေါ်စုကို မျှော်လင့်တကြီး စောင့်နေခဲ့ကြတဲ့ လမ်းဘေးက ပရိသတ်ကို နှုတ်တောင်ဆက်မသွား
နိုင်ခဲ့တာ ကတော့ လုံခြုံရေးအတွက်လား မပြောတတ်ပါ ။ ကြိုးစားပမ်းစား စောင့်နေရာက အရိပ်
ယောင်လေးတောင် မတွေ့လိုက်ရပဲ ၊ ကားကြီး ဝူးကနဲ ဖြတ်သွားတာလောက် မြင်လိုက်ရသူတွေ
အဖို့ ဘယ်လိုခံစားရမယ်ဆိုတာတော့ သူတို့ကိုပဲ သွားမေးရတော့မှာပဲ ။ ပွန်းကလေးတွေမဟုတ်
လား ၊ သူတို့လည်း ဘာများတတ်နိုင်မှာလည်း ။
နောက်တစ်ခုက ကျောင်းသားဆေးခန်း ။
လေဆိပ်ကလာရင် မဲလစခန်းသွားမယ့်လမ်းခွဲကနေ လေးခွနဲ့ လှမ်းပစ်ရင်တောင် ထိနိုင်တဲ့ ဒီ
ဆေးခန်းကို ရောက်မသွားခဲ့တာတော့ နည်းနည်းရုပ်ဆိုးသလို ခံစားရတယ် ။ ဒီဆေးခန်းကို မဝင်
တာဟာ ကိုကျော်သူတို့ နာရေးအသင်းကို လစ်လျူရှုပြီး ကျော်သွားတာမျိုးနဲ့ ညီမျှပါတယ် ။
ဒီဆေးခန်းလေးဟာ ဆယ်စုနှစ် နှစ်ခုလောက် ကိုယ်ကျိုး မဟုတ်ပဲ လူမျိုးဘာသာအဆင့်တန်း
မခွဲခြား ငွေကြေးမယူပဲ မြန်မာပြည်ကလူတွေကို ကူညီရပ်တည်လာတာဟာ ကမ္ဘာကတောင် သိ
ပါတယ် ။ အလှူငွေ မလောက်ငတာ ၊ ဒေသခံအာဏာပိုင်တွေရဲ့ မောင်းထုတ်ဖို့ကြိုးစားတာတွေကို
ကြံ့ကြံခံပြီး လိုအပ်နေသူတွေကို ဒိုင်ခံကူညီခဲ့တဲ့ နေရာတစ်ခုပါ ။ မြဝတီရော မဲဆောက်တစ်ဝိုက်
မှာ မြန်မာပြည် အနယ်နယ်အရပ်ရပ်က ရောက်လာကြသူတွေ အားထားခဲ့ရတဲ့ တစ်ခုတည်းသော
ကျန်းမာရေးဆိုင်ရာ ခိုလှုံအားကိုးရာ ဆေးပေးခန်းကြီးပါ ။ မရောက်ဖြစ်တာဟာ အခွင့်လမ်းတစ်ရပ်
ဆုံးသွားတယ်လို့ မြင်ပါတယ် ။
ဒီနေရာကို ရောက်ခဲ့မယ်ဆိုရင် ပြည်တွင်းစစ်ရဲ့ သားကောင်တွေ ၊ ဝမ်းစာရှာသူတွေနဲ့ အောက်
ခြေလူတန်းစားမျိုးစုံရဲ့ လိုအပ်ချက်တွေကို မျက်မြင်လေ့လာနိုင်တဲ့အပြင် ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့
စည်းအတော်များများကို တွေ့လို့ရတဲ့ နေရာပါ ။ ဒါ့ပြင် မဲဆောက်မှာ အလုပ်သမားတွေရဲ့ အခွင့်
ရေးတွေကို ကူညီပေးနေတဲ့ ရောင်ခြည်ဦးတို့လို ၊ နာရေးကူညီမှု အသင်းတို့လိုတွေနဲ့လည်း ခဏ
တဖြုတ်တွေ့ပြီး အားပေးစကား ပြောသွားနိုင်မယ်ဆိုရင်လည်း တစ်ခါတစ်ရံ အသက်ကို အလောင်း
စားလုပ်ပြီး ရပ်တည်ရတတ်တဲ့ သူတို့လေးတွေအတွက် အားပြည့်စေမှာပါပဲ ။
နောက်ဆုံးတစ်ခုက မဲလစခန်းမှာ ဒေါ်စု မိန့်ခွန်းမပြောဖြစ်တဲ့ကိစ္စ ။
ထိုင်းက စီစဉ်တယ်လို့လည်း ပြောသူက ပြောကြတယ် ။ ဒါပေမယ့် စခန်းထဲကလမ်းမှာ ဖြတ်
လာရင်း ကားပေါ်က စကားပြောတဲ့အခါ အသင့်ပြောနိုင်တဲ့ လက်ကိုင်မိုက်ကရိုဖုန်းလောက်မှ အ
သင့်မရှိတာကလည်း ကြိုတင်ပြင်ဆင်မှု လိုသလားလို့ တွေးစရာပါ ။
* ဖြစ်နိုင်တဲ့ အခက်အခဲတချို့
ဒေါ်စုခရီးစဉ်မှာ အားနည်းချက်တွေ အများကြီးရှိတာကို ဝန်ခံရပါလိမ့်မယ် ။ ဒါပေမယ့် ဒေါ်စုကို
မထိနဲ့လို့ စိတ်ထဲရှိသူတွေနဲ့တော့ ထိပ်တိုက်မငြင်းချင်ပါဘူး ၊ ကိုယ်က အရာရာ အကောင်းမြင်ပေး
ပြီး ဘုန်းတော်ဘွဲ့သီမယ့်သူမှ မဟုတ်ပဲ ၊ အဲဒီလို မြင်ပေးဖြစ်ရင်လည်း မြောင်းထဲကျအောင် ဝိုင်း
တွန်းချပေးသူလိုမျိုး ခံစားမိမှာ အမှန်ပဲ ။ အဲ .. ခရီးစဉ်ထဲ ချွတ်ယွင်းချက်တွေရဲ့ ဖြစ်နေကျနဲ့ ဖြစ်နိုင်
ချေရှိတဲ့ အကြောင်းရင်းတွေကိုပဲ စာရင်းလုပ်ကြည့်ပါ့မယ် ။
Ø ထိုင်းနိုင်ငံ တာဝန်ရှိသူတွေရဲ့ အစီအစဉ်အတိုင်း လိုက်လျှောက်ရလို့ ၊
Ø အချိန်အကန့်အသတ် ၊
Ø အန်အယ်လ်ဒီရဲ့ ဆက်သွယ်ရေးကရိယာပိုင်ဆိုင်မှုနဲ့ သုံးစွဲနိုင်ဖို့ ဓနအင်အား နည်းပါးလို့ ၊
Ø အန်အယ်လ်ဒီက စီစဉ်လုပ်ကိုင်သူတွေရဲ့ စီမံခန့်ခွဲရေးဆိုင်ရာ အားနည်းမှု ၊ စတာတွေ ဖြစ်နိုင်
ပါတယ် ။
ထိုင်းတာဝန်ရှိသူတွေက လမ်းကြောင်းပေးသလို လိုက်လုပ်ရတဲ့အခါ ချွတ်ချော်မှုတွေ ရှိနိုင်ပါ
တယ် ။ နောက်တစ်ခုက ဒေါ်စုအနေနဲ့ တစ်ရက်ထက် အချိန်ပိုပေးနိုင်ပုံ မပေါ်ပါဘူး ။ လေယာဉ်က
စီးလုံးဌားမဟုတ်ရင် အချိန်အကန့်သတ် ရှိပါတယ် ။ (ဘန်ကောက်ကနေ မဲဆောက်ကို ပန်ကာတပ်
လေယာဉ်နဲ့ တစ်နာရီကျော်လောက် စီးရပါတယ် ) ။ မဲလစခန်းကို လေယာဉ်ကွင်းကနေ ပုံမှန် ၄၀-
-၄၅ မိနစ်လောက် မောင်းရပါတယ် ။ ယာဉ်တန်းနဲ့ ပရိသတ်တွေကို ရှောင်ရတာနဲ့ဆို အချိန်ပိုကုန်
နိုင်ပါတယ် ။
ဒေါ်စုလိုလူတစ်ယောက် ခရီးသွားပြီဆိုရင် ရုံးမှာ ဖုံးနဲ့အင်တာနက် နှစ်လုံးသုံးလုံးစီ ၊ အနားက
လိုက်သူတွေမှာလည်း လက်ပ်တော့ကိုယ်စီ လက်ကိုင်ဖုန်းကိုယ်စီနဲ့ တဂွမ်ဂွမ်ပြောနေရမယ့် ကိစ္စ
ပါ ။ အန်အယ်လ်ဒီအတွက် မြန်မာပြည်နဲ့ နိုင်ငံရပ်ခြားဖုန်းပြောဖို့ ငွေကြေးမှလုံလောက်ရဲ့လားလို့
ကြံကြံဖန်ဖန်တော့ တွေးမိပါရဲ့ ။
နောက်ဆုံးတစ်ချက်ကတော့ စီမံခန့်ခွဲရေးဆိုင်ရာ အားနည်းတာပါပဲ ။ ဒေါ်စုနားမှာ ဒီလိုကျွမ်း
ကျင်သူနဲ့ နိုင်ငံတကာ အတွေ့အကြုံများသူ ဘယ်နှစ်ယောက်ရှိသလဲ ပါသလဲတော့ မပြောတတ်
ပါ ။ မရှိဘူး မပြင်ဘူးဆိုရင်တော့ နောင်ခရီးစဉ်တွေအတွက် စိုးရိမ်စရာပေါ့ ။
မေ့ထားလို့ မရတာကတော့ - ဒေါ်စုခရီးစဉ်ကို အတိုင်းတာတစ်ခုအထိ ချယ်လှယ်ဖို့ ကြိုးစားသူ
တွေ ရှိနိုင်တယ် ဆိုတာပါ ။ ဒါက ထိုင်းအာဏာပိုင်တွေ ဖြစ်နိုင်သလို အန်အယ်လ်ဒီထဲကလည်း
ဖြစ်နိုင်ပါတယ် ။ အထူးသဖြင့် အနီးကပ်လူတွေပေါ့ ။ ပြီးရင် ဒေါ်စုကိုယ်တိုင်ရဲ့ ချိန်ဆဆုံးဖြတ်မှု
ဟာလည်း အရေးပါပါတယ် ။ သူများချည်း အပြစ်တင်လို့တော့ မရပါ ။
ဒီတော့ ခြုံပြောရရင် ဒေါ်စုခရီးစဉ်ဟာ အားရစရာ သိပ်မကောင်းလှတာတော့ အမှန်ပါပဲ ။ ဖြစ်
သင့်တာအချို့ လစ်ဟာသွားခဲ့တယ် ။ ဒါတွေကို အမြန်ပြန်ဖြည့်ဆည်း ဖာထေးနိုင်ရင်တော့ ပို
ကောင်းပါလိမ့်မယ် ။ ဘာလို့လဲဆိုတော့ ဒေါ်စုဟာ အရင်ကလို အကျယ်ချုပ်ဘဝနဲ့ စိတ်ဓါတ်ခိုင်
ကျည်အောင်ထားပြီး အများမေတ္တာကို ခံယူနေရရာက ၊ ခုတော့ လက်တွေ့လုပ်ကိုင်ပြီး ဂုဏ်သိ
က္ခာတည်ဆောက် (သို့) ထိန်းသိမ်းနေရတဲ့ အနေထားကို ရောက်နေပြီမို့ပါ ။ လက်တွေ့မပါတဲ့
မျှော်လင့်ချက်တွေဟာ ရေမရတဲ့အပင်တွေလို မကြာခင်မှာ ညှိုးသွားတတ်ပါတယ် ။
* လုံခြုံရေး
အရေးကြီးတာတော့ အမှန်ပဲ ။ ဒါပေမယ့် ဘယ်လောက်အထိ စိုးရိမ်ရသလဲ ။
မဲဆောက်လို နေရာမျိုးမှာ အဖွဲ့စည်း အမျိုးမျိုးရှိပြီး ထိုင်းရဲ့ သဘောသဘာဝအရ အဆက်စပ်
ကောင်းရင် လက်နက်ရှာလို့ ရပါတယ် ။ ဒီတော့ ဆိုင်ရာဆိုင်ရာတွေရဲ့ မြို့ထဲတင် စာရင်းရှင်းကြ
တာမျိုးလည်း ရှိခဲ့ဖူးပါတယ် ။ ဒါပေမယ့် လက်နက်ကိုင် လုံခြုံရေးအစောင့်တွေရှေ့မှာထွက်ပြီး
လုပ်ကြံရလောက်အောင်တော့ ဘယ်သူမှ မလုပ်ဖူးပါဘူး ။ သူ့နေရာနဲ့သူ ၊ သူ့ပိုင်ရာဆိုင်ရာနဲ့သူ
လုပ်ကြတာမျိုးပဲ ရှိပါတယ် ။ လုံခြုံရေးကြောင့် မဲဆောက်မှာ ဟိုကိုမသွားဘူး ၊ ဒီကိုမသွားဘူးဆို
ရင် အကြောင်းပြချက်တော့ သိပ်မခိုင်လုံပါ ။ ကျောင်းသားဆေးခန်းဆိုရင်လည်း ရပ်ကွက်တစ်
ခုလို ဖြစ်နေပြီး ဘေးမှာက လယ်ကွင်းကျယ်တွေပါ ။ အဝေးကနေ ချောင်းမြောင်းလုပ်ကြံမယ်ဆို
တာမျိုးက မဖြစ်နိုင်ပါ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
* မြဝတီ
ဘားအံကလာရင် ဒေါနတောင်ခြေနဲ့နီးတဲ့ ကော့ကရိတ် ၊ အဲဒီကမှ ဒေါနတောင်တန်းကြီးကို
ဖြတ်လိုက်ရင် နယ်စပ် မြဝတီကို ရောက်ပါတယ် ။ ဘားအံကနေ မိုင် ၉၀ လို့တော့ ရေးထားတယ် ။
သောင်ရင်းမြစ်ကမ်းပါးမှာ ရှိတယ် ။ ထိုင်းနိုင်ငံက အကုန်ကျခံဆောက်ပေးထားတဲ့ ချစ်ကြည်ရေး
တံတားကို ဖြတ်လိုက်တာနဲ့ ထိုင်းဖက်အခြမ်းကို ရောက်တယ် ၊ တစ်ဖက်ကမ်းကို မယ်တော်လို့
ခေါ်တယ် ။ ရွာနဲ့ ဈေးဆိုင်တန်းတွေရှိတယ် ။ ရွာဆုံးရင် လေယာဉ်ကွင်းရောက်တယ် ။ နည်းနည်း
ဆက်သွားရင် ကျောင်းသားဆေးခန်း ၊ ပြီးတော့ မဲဆောက်မြို့အဝင်ကိုရောက်တယ် ။ ကမ်းနား
ကနေ လိုင်းကားစီးသွားရင် ဆယ်မိနစ်လောက်ပဲကြာတယ် ။
မြဝတီဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ပိုကျယ်လာတယ် ။ အာရှလမ်းအစလည်း ဖောက်နေ
တာမို့ အလားအလာတွေ အများကြီးရှိနေတယ် ။ ကမ်းနားမှာ ထိုင်းဖက်အခြမ်းကို တရားမဝင်ကူး
တဲ့ဂိတ် ၉ ဂိတ်ဝန်းကျင် ရှိတယ် ။ သောင်ရင်းမြစ်ကိုဖြတ်ပြီး ညအချိန် ပစ္စည်းသယ်တတ်တဲ့ ကုန်
သည်တွေလို အချိတ်အဆက်မရှိပဲနဲ့ ညဖက်ဖြတ်ကူးဖို့ မကြိုးစားပါနဲ့ ၊ ဗမာဖက်အခြမ်းက စောင့်
တဲ့လူတွေက သေနတ်ကို မိုးပေါ်ထောင်မပစ်ပါ ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ဝန်းကျင်အထိ ပြည်သူ့
စစ်တွေ အလုပ်ဖြစ်တယ် ။ ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဦးမိုးသီးဆိုရင် စစ်ဘုရင်တစ်ပါးလိုပဲ
အာဏာရှိခဲ့တယ်လို့ ဆိုကြတယ် ။
ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ သွားကြသူတွေရဲ့ ခရီးတစ်ထောက်လည်း ဖြစ်တယ် ။ ခုနောက်ပိုင်း
နည်းသွားပေမယ့် သက္ကရာဇ် ၂၀၀၀ လောက်မှာတော့ ထိုင်းဖက်ကူးတဲ့ ဂိတ်တစ်ခုထဲတင် တစ်ရက်
ကို ဒတ်ဆန်း တိုယိုတာ လူတင်တဲ့ကား အစီး ၂၀-၃၀ စာလောက် လူတွေကူးနေတာ ကိုယ်တိုင်
တွေ့ခဲ့တယ် ။ ကားတစ်စီးမှာ လူ ၂၅-၃၀ လောက်ပါတယ် ။ မြို့နဲ့လှမ်းတဲ့ သောင်ရင်းမြစ်ကမ်း
ပတ်ဝန်းကျင်မှာ ဖြစ်သလို ညအိပ်ရတဲ့ ခရီးသည်တွေရှိသလို ထိုင်းဖက်ခြမ်းကရွာတွေမှာ တည်းခို
လို့ရတဲ့ တဲတွေလည်းရှိတယ် ။ ကမ်းနားမှာ လူအသေအပျောက်တွေ ရှိခဲ့ဖူးတယ် ။
မြို့ပြင် လေးငါးကီလိုလောက်မှာ ဘားအံဖက်ဆင်းမယ့် ကုန်တွေအတွက် ကုန်သွယ်ရေးဂိတ်
ရှိတယ် ။ အမြတ်ခွန် ၊ ရဲ ၊ လ.ဝ.က ၊ စစ်တပ်စသည်ဖြင့် မတရား စီးပွားရှာနေကြတဲ့ အဖွဲ့စည်း
ကြီးတွေရှိတယ် .. အဲ ဘွာတေး .. ကုန်စည်စီးဆင်းရေးနဲ့ လုံခြုံရေး ၊ ဥပဒေစိုးမိုးရေးတွေကို ဖေါ်
ဆောင်နေကြတဲ့ အဖွဲ့စည်းတွေ ရှိတယ် ။ မြဝတီနဲ့ ထိုင်းဖက်ကိုကူးတဲ့ တရားမဝင့်တဝင် ဆိပ်ကမ်း
ဂိတ်တွေမှာ အဖွဲ့စည်းပေါင်းစုံက ကိုယ်စားလှယ်တွေ ရှိကြရာမှာ မြို့နယ် ခရိုင်တွေပါခွဲပြီး ပြည်
ခိုင်ဖြိုးအဖွဲ့ပါ ရှယ်ယာဝင်ထားတာကြောင့် အားလုံးပေါင်း ၁၆ ဖွဲ့အထိ ရှိခဲ့ဖူးပါတယ် ။ ရလာတဲ့
ဂိတ်ကြေးတွေကို တစ်စိတ်တစ်ဝမ်းထဲ ခွဲဝေမျှကြရတာပေါ့ဗျာ ။
* မဲဆောက်
ဘန်ကောက်ကနေ လိုင်းကားနဲ့စီးရင် ၈ နာရီလောက်စီးရတယ် ။
မဲဆောက်မရောက်ခင် မြဝတီဖက်မှာ ဒေါနတောင်တန်းရှိသလိုပဲ သူတို့ဖက်မှာလည်း တောင်
တန်းကြီးတစ်ခုရှိတယ် ။ ဒေါနတောင်တန်းထက်တောင် ပိုပြီး ကြာကြာဖြတ်ရသေးတယ် ။ အဲဒီ
အလယ် တောင်ပေါ်မှာတော့ နာမည်ကြီး ဟွေးယားအူး (ဟွေးယောင်) လို့ခေါ် တဲ့ ရဲဂိတ်တစ်ဂိတ်
ရှိတယ် ။ နာမည်ဆိုးနဲ့ လူသိများတယ် ။
မဲဆောက်မှာ အရင်က မြန်မာပြည်ကနေ အခြေလာချသူတွေ အများကြီးရှိတယ် ။ ဈေးထဲမှာ
ကုန်ဝယ်မလား ၊ ဆေးဝယ်မလား ၊ ဈေးဝယ်မလား ၊ ငွေလဲမလား ဆိုင်ရှင်တွေက မြန်မာပြည်
ပေါက်တွေ အများကြီး ။ ဈေးထဲမှာလည်း ဈေးရောင်းသူ ၊ ဆိုင်အကူလုပ်သူ ၊ ဆိုက္ကားနင်းသူ စ
သည်ဖြင့် မြန်မာပြည်သား အများစုပါ ။
နေမကောင်းလို့ ပိုက်ဆံမရှိရင် ကျောင်းသားဆေးခန်းပြေးပြရပြီး အဲဒီက မနိုင်တဲ့ကိစ္စမျိုးမှာ မဲ
ဆောက်ဆေးရုံ ကြီးဆီကို လွှဲပေးရတတ်တယ် ။ သတင်းစာမှာ တစ်ခါပါဘူးတာအရ မြန်မာပြည်
သူပြည်သားတွေ ဆေးဖိုးဝါးခ မပေးနိုင်လို့ မဲဆောက်ဆေးရုံကြီးမှာ အသုံးစရိတ်လိုငွေ ဘတ် ၅
သန်းကျော် ပြနေပါတယ်တဲ့ ။
မှတ်မှတ်ရရ မဲဆောက်ကို လေယာဉ်နဲ့အလာမှာ ဘေးခုံမှာထိုင်လာတဲ့ အဖြူကောင်တစ်ယောက်
က သူ့ဆီက ခရီးသွားလမ်းညွှန်စာအုပ်ကိုဖွင့်ပြီးပြတယ် ။ lonely planet စာအုပ် ထင်ပါတယ် ၊ မဲ
ဆောက်မြို့လယ် ကျောက်တန်းမှာရှိတဲ့ Siam hotel ဆိုတာကို လက်ညှိုးထိုးပြီး ဒီမှာကြည့်ပါဦးတဲ့ ။
ကြည့်လိုက်တော့ နှစ်ဖက်နိုင်ငံ ထောက်လှမ်းရေးများခြေရှုပ်ရာ မြို့လယ်မှဟိုတယ်ဆိုပြီး ရေးထား
တာတွေ့လို့ ကိုယ်လည်း သွားပဲဖြီးပြလိုက်တော့တယ် ။
တချို့လည်း ဒါတွေတော့ ရှိမှာပါပဲလို့ ပြောမယ် ။ အချို့တွေ မသိဘူးလို့ထင်တာ နည်းနည်းပြော
ပါမယ် ။ တစ်ကြိမ်တုန်းက ဟစ်တိုင်မှာထင်ပါတယ် ၊ လူတစ်ယောက်ကရေးထားတယ် ။ သူ ထောက်
လှမ်းရေး သတင်းပေးလုပ်နေရာက သူ့ညီတစ်ယောက်ကို ဗမာထောက်လှမ်းရေးက မှားဆွဲသွားပြီး
မသေရုံတမယ် ရိုက်လွှတ်လိုက်လို့ ၊ သူအမှားလုပ်ခဲ့မိပါတယ်ဆိုပြီး ဝန်ခံဖေါ်ထုတ်ထားတဲ့ စာတစ်
စောင်ပါ ။ ပြောချင်တာက မြန်မာပြည်သူပြည်သားတွေမှာ မရှိလို့ လာလုပ်စားကာမှ ရဲလည်းကြောက်
ရ ၊ ထိုင်းသူဋ္ဌေးလည်း ကြောက်ရ ၊ နောက်ဆုံး ကိုယ့်နိုင်ငံထောက်လှမ်းရေးကိုတောင် ကြောက်ရတဲ့
ဘဝတွေကိုပါ ။
ခုနေတော့ အစိုးရမဟုတ်တဲ့အဖွဲ့စည်း ၊ ယူအန် ၊ ကိုယ်ထူကိုယ်ထအဖွဲ့စည်းတွေကြောင့် သက်
သာသင့်သလောက်တော့ သက်သာလာပါပြီ ။ အရင်က မြန်မာပြည်သားတစ်ယောက်ဟာ ဘာမှ
တန်ဖိုးမရှိသလောက်ပါပဲ ။ အပြောင်းအလဲကို လွန်ခဲ့တဲ့ ၇-၈ နှစ်လောက်က အဖြစ်ပျက်တစ်ခုမှာ
သိသိသာသာ တွေ့ရပါတယ် ။ မဲဆောက်မြို့ဘေးက မယ်ပ ဆိုတဲ့ရွာမှာ သူကြီးနဲ့သူ့လူတွေက သူ
တို့ကို မခြေမငံပြောတဲ့ စက်ရုံတစ်ရုံက အလုပ်သမား ၄-၅ ယောက်ကို ဖမ်းခေါ်သွားပြီး တာယာတွေ
နဲ့စွပ်မီးရှို့သတ်ခဲ့တဲ့ အမှုပါ ။ နိုင်ငံတကာအန်ဂျီအိုတွေက မျက်နှာဖြူတွေအပါဝင် တရားရုံကိုပုံမှန်
တက်ပြီး စောင့်ကြည့်ပေးသူတွေကြောင့် တရားရုံးကလည်း အရင်လို တစ်ဖက်သတ်ဆုံးဖြတ်လို့ မ
ရတော့ပဲ ၊ ပြစ်မှုလည်းထင်ရှားတာကြောင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချလိုက်တဲ့ အဖြစ်ပါ ။ ခုနေ
မှာနည်းနည်းအဆက်ပြတ်သွားလို့ သိပ်မပြောတတ်ပေမယ့် ၊ လွန်ခဲ့တဲ့ ၆-၇ နှစ်လောက်တုန်းကအ
ထိတစ်နှစ်ကို မြန်မာပြည်ကလူ ၁၀၀ ဝန်းကျင်လောက် မဲဆောက်တဝိုက်မှာ နှစ်စဉ် အသေအပျောက်
တို့ကို မခြေမငံပြောတဲ့ စက်ရုံတစ်ရုံက အလုပ်သမား ၄-၅ ယောက်ကို ဖမ်းခေါ်သွားပြီး တာယာတွေ
နဲ့စွပ်မီးရှို့သတ်ခဲ့တဲ့ အမှုပါ ။ နိုင်ငံတကာအန်ဂျီအိုတွေက မျက်နှာဖြူတွေအပါဝင် တရားရုံကိုပုံမှန်
တက်ပြီး စောင့်ကြည့်ပေးသူတွေကြောင့် တရားရုံးကလည်း အရင်လို တစ်ဖက်သတ်ဆုံးဖြတ်လို့ မ
ရတော့ပဲ ၊ ပြစ်မှုလည်းထင်ရှားတာကြောင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချလိုက်တဲ့ အဖြစ်ပါ ။ ခုနေ
မှာနည်းနည်းအဆက်ပြတ်သွားလို့ သိပ်မပြောတတ်ပေမယ့် ၊ လွန်ခဲ့တဲ့ ၆-၇ နှစ်လောက်တုန်းကအ
ထိတစ်နှစ်ကို မြန်မာပြည်ကလူ ၁၀၀ ဝန်းကျင်လောက် မဲဆောက်တဝိုက်မှာ နှစ်စဉ် အသေအပျောက်
ရှိပါတယ် ။
မန်းကိုကို
၀၃ ၊ ၀၆ ၊ ၂၀၁၂
No comments:
Post a Comment