ရခိုင်အမျိုးသား ခိုင်မျိုးထွန်း |
2010၊ နိုဝင်ဘာလ စစ်မိစ္ဆာအုပ်စုတို့  မဟာဗမာကြီးစိုးရေးဥပဒေကိုအခြေခံထားတဲ့၊ ရွေးကောက်ပွဲကို စတင်ကျင်းပတဲ့နေ့ ကစပြီး စစ်မိစ္ဆာတွေကို စတင်တော်လှန်တိုက်ခိုက်ခဲ့တဲ့ ဗိုလ်မှူးစောလားပွယ်နဲ့  အဖွဲ့ တွေကို တော်လှန်ရေးကိုယုံကြည်သူများက အင်းတိုက်အားတိုက်၊အားပေးထောက်ခံတာတွေ့  ရပါတယ်။ တော်လှန်သူများ လိုအပ်တဲ့အကူအညီများအတွက် ဒိန်းမတ်နိုင်ငံရောက် ရခိုင်အမျိုးသား ခိုင်မျိုးထွန်းမှ (13/07/2011)ရက်နေ့ မှာ အကူငွေတစ်သောင်း (10000)ဘတ်ကို ပို့ ပေးတာကြားသိ ရတဲ့အတွက် ကိုခိုင်မျိုးထွန်းနဲ့ စကားစမြည် ပြောမိရာမှာ…
၁။ မေး- ရခိုင်အမျိုးသားတယောက်အနေနဲ့  ကရင်အမျိုးသားတော်လှန်ရေးကို အားပေးထောက်ခံ
မှုပေးတာ ဆန္ဒတွေ ဘယ်လိုစတင်ပေါက်ဖွါးလာသလဲ။
ဖြေ- ကျနော်ရခိုင်အမျိုးသားတယောက်အနေနဲ့ ကရင့်အမျိုးသားတော်လှန်ရေးကိုအားပေးကူညီမှု စိတ်ဓါတ်ဖြစ်ပေါ်လာတာကတော့ (DKBA) အဖွဲ့ မှ ဗိုလ်မှူးစောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) တို့  မဟာဗမာစစ်ဝါဒီအကြမ်းဖက်စစ်အုပ်စုများကို စစ်ကြေငြာပြီးတော့ဋ္ဌ''မင်းတို့ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေ ခံဥပဒေနှင့် 2010- ရွေးကောက်ပွဲကိုလည်း လက်မခံနိုင်ဘူး'' ဆိုပြီးတော့ ဗမာစစ်အာဏာရှင်တွေကို ကရင်ပြည်သူတရပ်လုံးနှင့် မြန်မာနိုင်ငံဒီမိုကရေစီရရှိအောင် အပြတ်တိုက်သွားမယ်လို့  စစ်ကြေငြာ ပြီး တော့ တော်လှန်တိုက်ခိုက်နေတာကို ကျနော်ရဲ့ ခံစားချက်နဲ့ စိတ်ဓါတ်ကို တက်ကြွစေတဲ့အတွက် အားပေးကူညီရခြင်းဖြစ်ပါတယ်။
၂။ မေး- ကိုခိုင်မျိုးထွန်းအနေနဲ့  အရင်က ကရင်တော်လှန်ရေးတွေနဲ့ ထိတွေ့ ပါဝင်ပါတ်သက်မှုရှိခဲ့
သလား။
ဖြေ- ဟုတ်ကဲ့…ကျနော်ကရင့်တော်လှန်ရေးအဖွဲ့ အစည်းတွေနဲ့ တော့ အရင်ကပူးပေါင်း ပါဝင်မှုမရှိခဲ့
ပါဘူး၊ သို့ သော်လည်း ကျနော် နယ်စပ်ဒေသနဲ့ ဘန်ကောက်ဒေသတွေမှာ ကရင့် တော်လှန်ရေး သမား တွေ၊ နိုင်ငံရေးသမားတွေနဲ့  နီးနီးကပ်ကပ်ဆက်ဆံနေလာဘူးပါတယ်။
နောက်တချက်က…ကရင်နဲ့ ရခိုင်တော်လှန်ရေးအဖွဲ့ အစည်းတွေဆိုရင်လည်း ယနေ့ ထက်တိုင် အတူ တကွလက်တွဲပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးတော်လှန်တိုက်ခိုက်နေတာကို ကျနော်အနေ
နဲ့  အများကြီး ထောက်ခံပါကြောင်း ကျနော်ပြောလိုပါတယ်။
၃။မေး-ကရင့်တော်လှန်ရေးသမားတွေကို ဘာတွေပြောချင်သလဲ။
ဖြေ- ဟုတ်ကဲ့…ကရင့်တော်လှန်ရေးသမားတွေကို ကျနော်ပြောချင်တာကတော့.. ကရင်ပြည်သူ တရပ်လုံးလွတ်မြောက်ရေးနဲ့  ကရင့်နိုင်ငံတော်ထူထောင်နိုင်ဖို့ ရန်အတွက် ကရင်တော်လှန်ရေး သမားများတစုတစည်းတည်းနဲ့  စည်းလုံးညီညွတ်စွာအတူတကွလက်တွဲပြီး အောင်ပွဲရတဲ့အထိ၊ မဟာဗမာစစ်အာဏာရှင် အကြမ်းဖက်သမားတွေကို ကရင်ပြည်မှ အမြန်ဆုံး တိုက်ထုတ်၊ မောင်း ထုတ်နိုင်ကြပါစေလို့ ဘဲ ကျနော်ပြောကြားချင်ပါတယ်။
၎။မေး- နောက်ထပ်ဘာပြောချင်သေးလဲ။
ဖြေ- ဟုတ်ကဲ့…နောက်ထပ်ကျနော်ပြောချင်တာကတော့… ကျနော်တို့ တိုင်းရင်းသားတွေအနေဲ့  သတိထားစေချင်တာကတော့…ဒီမြန်မာနိုင်ငံဆိုတဲ့နိုင်ငံကို လွတ်လပ်ရေးရရှိဖို့ အတွက် နယ်ချဲ့ 
ဗြိတိသျှ ကိုလိုနီနဲ့ ဖက်ဆစ်ဂျပန်တွေကို နှစ်ပေါင်းရာကျော်ထိ ကျနော်တို့ တိုင်းရင်းသားများ အသက် အိုးအိမ်ပေါင်း မြောက်များစွာ ဆုံးရှုံးခံပြီးရရှိလာတဲ့ 1948-ခု….လွတ်လပ်ရေးကိုပြန်လည် သုံးသပ်ပြီး ကြည့်လိုက်ရင်၊ ကျနော် တို့ တိုင်းရင်းသားများ… အခုခေတ်.. အခုချိန်ဆိုရင်တော့ သဘောပေါက်
လောက်ပြီ လို့ ထင်ပါတယ်။
1948-ခု လောက်ကစပြီးတော့ ကျနော်တို့ တိုင်းရင်းသားတွေဟာ ဘယ်ဘ၀ရောက်နေကြသလဲဆိုတာ ကြည့်ရင်သိပါတယ်။ ဒါကြောင့်မို့ ယခုလက်ရှိမဟာဗမာစစ်အာဏာရှင်၊အကြမ်းဖက်၊လူသတ်ရာဇ၀တ် ကောင်များဖြစ်ကြတဲ့ ဖက်ဆစ်မဟာဗမာ စစ်အုပ်စုကို ကျနော်တို့  တိုင်းရင်းသားလူမျိုးပေါင်းစုံတွေက တစုတစည်းတည်း၊ ညီညီညွတ်ညွတ်နဲ့  အောင်ပွဲရတဲ့အထိ၊ဗမာကိုလိုနီနယ်ချဲ့ စစ်ကျွန်ဘ၀မှ လွတ်မြောက်တဲ့အထိ၊ တော်
No comments:
Post a Comment