အ မေရိကန်ဒေါ်လာနဲ့ ကျပ်ငွေ လဲလှယ်နှုန်းကို တဒေါ်လာ ကျပ် ၉၀၀ နဲ့ ၁၀၀၀ ကြား ထားရှိသတ်မှတ်ဖို့ ရှိတယ်လို့ အစိုးရဝန်ကြီးတဦးက ပြောပါတယ်။
စက်မှုဖွံ့ ဖြိုးတိုးတက်ရေးဝန်ကြီး ဦးစိုးသိမ်းက ပြည်တွင်းစာနယ်ဇင်းတချို့ကို တွေ့ဆုံ ရာမှာ ဒီလို ပြောလိုက်တာလို့ တွေ့ဆုံပွဲတက်တဲ့ ဂျာနယ် အယ်ဒီတာချုပ်တဦးက ပြောပါ တယ်။
“သွင်း ကုန်ထုတ်ကုန် လုပ်ငန်းရှင်တွေလည်း မထိပါးစေရဘူး။ စားသုံးသူတွေလည်း ထိပါးမှု မရှိစေရဘူး။ အထဲမှာ နိုင်ငံခြားငွေ ကိုင်ဆောင်ထားတဲ့ ပြည်တွင်းသုံးငွေ ကိုင် ဆောင်ထားတဲ့ လူတွေလည်း ထိပါးမှု မရှိစေရဘူး၊ နောက်ပြီး နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနဲ့ ငွေရေးကြေးရေး ကဏ္ဍများမှာ ထိပါးမှုမရှိစေရဘူး၊ အဘက်ဘက်က ဘက်စုံ ထောင့်စုံ ဆောင်ရွက်မယ်။ သူ့ရဲ့ တဦးတည်းအမြင်အရ ပြောမယ်ဆိုရင် ငွေလဲနှုန်းကို ၉၀၀ နဲ့ ၁၀၀၀ ကြားထဲ မှန်းတယ်တဲ့။”
ပို့ ကုန်သွင်းကုန် လုပ်ငန်းရှင်တွေအနေနဲ့ စိုးရိမ်စိတ်မထားဘဲ လုပ်ကိုင်ဆောင်ရွက် ကြဖို့လည်း ဝန်ကြီးက ပြောတယ်လို့ ဆိုပါတယ်။
တဒေါ်လာကို ၇၁၈ ကျပ်နှုန်းအထိ ငွေလဲနှုန်း ကျနေတာကြောင့် ဒီကိစ္စကို အဆော တလျင် အရေးယူဆောင်ရွက်ဖို့ စီးပွားရေးပညာရှင်တွေက အစိုးရကို တိုက်တွန်းထားပြီး ဆောင်ရွက်ချက်ကိုလည်း ပြည်သူတွေကို အလျင်အမြန် အသိပေးဖို့ ပြောနေပါတယ်။ အစိုးရရဲ့ တရားဝင်သတ်မှတ်နှုန်းကတော့ တဒေါ်လာကို ၆ ကျပ်ဖြစ်ပါတယ်။
No comments:
Post a Comment