၉ ရက်တွင်း ရဟတ်ယာဉ် ၃ စင်းဆက်တိုက် ထိုင်း-မြန်မာနယ်စပ်ရှိ ကေယန်ကရာချန် (Kaeng Krachan) တောအုပ်လယ်သို့ ပျက်ကျခဲ့ပြီး လူ ၁၇ ဦးအသက်ဆုံးရှုံးခဲ့ရပါသည်။ အံ့သြတုန်လှုပ်သွားသော တိုင်းပြည် အနေဖြင့် ဘာကြောင့်နည်းဆိုကာ ကြိုးစားအဖြေရှာခဲ့ပါသည်။ ၁ တစ်စင်းထဲပျက်ကျခြင်းသည် ကြီးမားသော အဖြစ်ဆိုး ဖြစ်ခဲ့ပါပြီ။ သို့သော်လည်း တစ်စင်းထဲမက ၃ စင်းဆက်တိုက်၊ တစ်နေရာထဲ၊ ရည်မှန်းချက်တစ်ခု တည်း။
ရာသီဥတုကြောင့်လား၊ စက်မှု့ပိုင်းဆိုင်ရာကြောင့်လား၊ သို့မဟုတ် စစ်တပ်၏လာဒ်ပေးလာဒ်ယူများကြောင့် ရဟတ်ယာဉ်၏ပြုပြင်ထိမ်းသိမ်းခြင်းကိုပုံမှန်မဆောင်ရွက်ဘဲလေယာဉ်မှုးများကို အန္တာရယ်သို့တွန်းပို့ရာ ရောက်နေလို့လား၊
ကနဦးပိုင်းတွင် ထိုင်းရဟတ်ယာဉ်အား နယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့က ပစ်ချခဲ့ကြောင်း ကောလဟာလ သတင်းထွက်ခဲ့သော်လည်း ထိုင်းစစ်တပ်အာဏာပိုင်မှ မဟုတ်မှန်ကြောင်းပြော ဆိုခဲ့ပါသည်။ စိတ်မကောင်းစရာ သတင်းများနှင့်အတူ မယုံကြည်နိုင်စရာအဖြစ်ဆိုးကြောင့် ထိုင်းနိုင်ငံတွင် တစ်ဦးနှင့်တစ်ဦး လက်ညိုးထိုး အပြစ် ဖို့ကြသောအခါ ၄င်းဒေသတွင် နေထိုင်ပြီး တောင်ယာခုတ်သော ကရင်တိုင်းရင်းသားများ၏ လုပ်ဆောင်ချက်ဟု စွတ်စွဲလာပါသည်။
ပထမရဟတ်ယာဉ်၏ခရီးစဉ်မှာ သစ်တောဌာန မှ သစ်တောကာကွယ်ရေးရည်ရွယ်ချက်ဖြင့် ၄င်းဒေသတွင်နေ ထိုင်သော ကရင်တောင်သူများကို မောင်းထုတ်ရန်ဖြစ်သည်။ တောင်ယာလုပ်ငန်းဖြင့် စိုက်ပျိုးသော ကရင်တောင်သူ များကို ထိုင်းက သစ်တောဖျက်ဆီးသည့် မကောင်းဆိုးဝါးများဟု အမည်တပ်ထားပါသည်။
ဒုတိယနှင့်တတိယ ရဟတ်ဟာဉ်များမှာ ပျက်ကျသွားသော ရဟတ်ယာဉ်ကို ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက် ရန်ဖြစ်သည်။ ရဟတ်ယာဉ်ပျက်ကျရာတွင် သေဆုံးသွားသူများတွက် များစွာ စိတ်မကောင်းဖြစ်ရပါသည်။ သစ်တောဌာန၏ တစ်ဖက်သတ်မှားယွင်းသော စွတ်စွဲခြင်းမဟုတ်ပါက ၄င်းပုဂ္ဂိလ်များ လူ့ဘ၀သက်တမ်း တိုတောင်းမည်မဟုတ်ပါ။
ရဟတ်ယာဉ်ပျက်ကျပြီး သစ်တောဌာန၏ ဖြေရှင်းချက်မှာ- ၄င်းကရင်လူမျိုးများသည် မြန်မာပြည်မှ ကျုးကျော် ၀င်ရောက်လာသူများဖြစ်ပြီး တောင်ယာများကို ခုတ်ထွင်မီးရှို့သဖြင့် သစ်တောများပြုန်းတီးရပါသည်။ မီဒီယာ များက ၄င်းအကြောင်းပြချက်ကို သေးစိတ်လေ့လာခဲ့ပါသည်။
အမှန်မှာ ၄င်းကရင်တောင်ပေါ်သားများသည် မူကတည်းက ထိုင်းနယ်မြေတွင်နေထိုင်သူများဖြစ်ပြီး ၄င်းတို့၏ စိုက်ပျိုးနည်းသည် ခုတ်ထွင်မီးရှို့သည့်နည်းမဟုတ်ပါ။ ၄င်းတို့စိုက်ပျိုးသောနည်းသည် အလေ့ကျစိုက်ပျိုးရေး စနစ် (ecological farm rotation system) ဖြစ်သည့်အားလျော်စွာ သစ်တော၏ ဇီဝပြောင်းလဲခြင်း ကိုအကျိုးပြုပါ သည်။ (the ecological farm rotation system that actually assists the regeneration of forest biodiversity.) ဒိပြင်၎င်းကရင်တိုင်းရင်းသားများသည် ထိုင်းနိုင်ငံ၏ အနောက်ဖက် မြောက်မှတောင်သို့ ပြန့်ကျဲနေထိုင်သော တိုင်းရင်းသာများဖြစ်ပါသည်။
သြဂုတ်လ ၃ ရက်၊ ၂၀၁၀ ထိုင်းလွှတ်တောအစည်းအဝေး ဆုံးဖြတ်ချက်မှ သစ်တောဌာနကို ရှင်းလင်းစွာ ညွန် ကြားထားသည်မှာ- ဒေသခံကရင်တိုင်းရင်းများ၏ ရိုးရာဓလေ့၊ သစ်တောတွင်းနေထိုင်သည့် သူတို့ရိုးရာများ၊ အလေ့အထများကို လေးစားအသိမှတ်ပြုရန် ဖေါ်ပြထားပါသည်။ လွှတ်တော၏ဆုံးဖြတ်ချက်မူသည် ထိုင်းနိုင်ငံ တ၀ှမ်းသစ်တောတွင် နေထိုင်သူများ နှင့် သစ်တောဌာန၏ ပဋိပခ ကိုကြိုးစားဖြေရှင်းသည့်ဥပဒေဖြစ်ပါသည်။ သစ်တောဌာန ဥပဒေရ သစ်တောထဲဝင်ရောက်နေထိုင်ခြင်းကိုတားမြစ်ထားပြီး မူလကသစ်တောတွင်းနေထိုင် လာသော တိုင်းရင်းများလူနည်းစုသည် ဘ၀တလျှောက်လုံးနေထိုင်ခဲ့ပြီး သစ်တောဌာနမှ နိုင်ငံတော်ပိုင်သစ် တောဝိုင်းဟု လာရောက်သတ်မှတ်သောအခါ နေထိုင်စရာနေရာမရှိတော့ဘဲ ပဋိပခ ဖြစ်နေခဲ့ပါသည်။ ထို့ ကြောင့်နိုင်ငံ တ၀ှမ်း သစ်တောဥပဒေဖြင့် ဖမ်းဆီးထောင်ချခဲ့ခြင်းများရှိနေခဲ့ပါသည်။
ကေယန်ကရာချန် သစ်တောတွင်းနေထိုင်သော တောင်သူများကို ရှင်းလင်းနှိပ်ကွတ်ခြင်းသည် ထိုင်းလွှတ်တော် ၏ဥပဒေကို ဆန့်ကျင်သော်လည်း မည်သူမှမေးခွန်းမထုတ်သလို တာဝန်ရှိသူများကိုအရေးယူခြင်းလည်းမရှိခဲ့ပါ။ အဘယ်ကြောင့်ဆိုသော လူနေမှု့အသိုင်းအ၀ိုင်းတွင် တောင်ပေါ်သားများကို သစ်တောများ ဖျက်ဆီးသူ ဟုသတ်မှတ်ရန် အစီအစဉ်များချမှတ်ဆောင်ရွက်ခဲ့သောကြောင့်ဖြစ်ပါသည်။ ကေယန်ကရာချာ သစ်တောမှ ကရင်တောင်သူ ၆၀ ဦးအား ရှင်းလင်းရန် ထိုင်းစစ်တပ်မှ အင်အားသုံးပြီး လူနေတဲများဖျက်ဆီးခြင်း၊ ဆန်စပါး များကို မီးရှို့ဖျက်ဆီးခြင်းများလုပ်ခဲ့ပါသည်။ ဒေသတွင်းရှိနေသော ကရင်တောင်သူများ၏ ယုံကြည်ချက်တစ်ခု မှာယင်းကဲ့သို့ကြမ်းတမ်းစွာဖျက်ဆီးခြင်းသည် ပြစ်မှု့ကြီးကျုးလွန်ရာရောက်ပြီး သေဆိုးဖြင့်ဝဋ်လည်တတ်
ကြောင်း ပြောခဲ့ပါသည်။ ယုံခြင်ယုံ မယုံခြင်နေပါ ရဟတ်ယာဉ်ပျက်ကျပြီး ကေယန်ကရာချန် သစ်တောတွင်း ကရင်တောင်သူများ ရှင်းလင်းခြင်းရပ်သွားသော်လည်း အခြားဒေသတွင်မှု့ရပ်ဆိုင်းခြင်းမရှိ ရှင်းလင်းဖမ်းဆီးခြင်း များဖြစ်ပေါ်လျက်ရှိနေပါသည်။
တောတောင်များတွင်နေထိုင်သည့်တောင်သူများကို နှိပ်ကွတ်ရှင်းလင်း သောအချိန်တွင် ၀မ်နိုင်ကီယို (Wang Nam Khieo) ဒေသတွင် ရင်းနှီးမြုပ်နှံများကိုအလုံးအရင်း ခွင့်ပြုပြီး ကြီးမားသော သစ်တော တွင်းနယ်ချဲ့သိမ်း ပိုက်မှု့ သည် တာ ၀န်ရှိများ၏ အဂတိ လိုက်စားခြင်းများ နှင့် မတရားသဖြင့် ဥပဒေမျက်ကွယ်မှု့ များ ကို ထောက်ပြနေပါသည်။
တောအုပ်တွင်းနေထိုင်သောတောသူတောင်သားများကို အပြစ်တင်နေခြင်းမှရပ်ဆိုင်းသင့်သလို အသေးစားစိုက် ပျိုးရေးလုပ်ငန်းနှင့် အသေးစား ရင်းနှီမြုပ်နှံမှု့များကို မတားဆီးသင့်တော့ပေ။ အင်အားသုံးနှိပ်ကွတ်ခြင်းသည် သစ်တောကိုကာကွယ်နိုင်ဘဲ တာဝန်ရှိသူများ၏ ညံ့ဖြင်းသောအရည်အခြင်းနှင့် လွှဲမှားသောစီမံခြင်းများသာ ကျန်ခဲ့မည်ဖြစ်သည်။
No comments:
Post a Comment