ပင်မစာမျက်နှာ သတင်း နိုင်ငံတကာသတင်း ကရင်အမျိုးသားအဖွဲ့ ချုပ်(ဂျပန်)သတင်း ဓါတ်ပုံ ဗီဒီယို ဆောင်းပါး ရုပ်ရှင် ကရင့်သမိုင်း ကရင်ရိုးရာဓလေ့နှင့်ယဉ်ကျေးမှု ငြိမ်းချမ်းေ၇းသံလွင်

Friday, November 20, 2009

ရွှေဂုံတိုင်ကြေညာစာတမ်းနှီးနှောဖလှယ်ပွဲ ဂျပန်နိုင်ငံတွင်ကျင်းပပြုလုပ်မည်

ယခုနှစ် ဧပြီလ(၂၉)ရက်နေ့က မြန်မာပြည်တွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပြန်ထားခဲ့သော ”ရွှေဂုံတိုင်ကြေညာစာတမ်း“ကို ဂျပန်နိုင်ငံရှိ မြန်မာဒီမိုကရေစီအင်အားစုများမှ အပြည့်အ၀ထောက်ခံကြောင်းနှင့် အဆိုပါကြေညာစာတမ်း၏အရေးကြီးပုံကို ဂျပန်အစိုးရနှင့်တကွ ဂျပန်နိုင်ငံရှိ လူမှုအခြေပြုအဖွဲ့အစည်းများ၊ ဂျပန်နိုင်ငံရေးပါတီများ၊ ဂျပန်အလုပ်သမားသဂ္ဂများအပါအ၀င် ဂျပန်လူထုနှင့် ဂျပန်နိုင်ငံရှိ နိုင်ငံခြားသံရုံးများပါ သဘောပေါက်လက်ခံလာပြီး အားပေးထောက်ခံမှုရရှိစေရန်ရည်ရွယ်၍ နှီးနှောဖလှယ်ပွဲတရပ် ကျင်းပပြုလုပ်မည်ဟုသိရှိရသည်။

နှီးနှောဖလှယ်ပွဲကို လာမည့် နိုဝင်ဘာ ၂၃ရက်(တနင်္လာနေ့တွင်)ကျင်းပပြုလုပ်မှာဖြစ်ပြီး ”ရွှေဂုံတိုင်ကြေညာစာတမ်း(သို့)လက်ရှိမြန်မာနိုင်ငံအကျပ်အတည်းမှထွက်ရပ်လမ်း”(Gateway to National Reconciliation in Union of Burma)ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မှာဖြစ်သည်။

ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး နှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ကိုသန့်ဇင်ဦး(NLD-LA JB)မှ ”အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စုံညီညှိနှိုင်းအစည်းအဝေးပွဲအပြီး ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းဟာ လက်ရှိမြန်မာ့နိုင်ငံရေးအတွက် အဓိကအရေးပါတဲ့ အခန်းကဏ္ဍလို့ ကျနော်ယုံကြည်ပါတယ်။ ဒီကြေညာစာတမ်းဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေ မြန်မာနိုင်ငံအတွင်းမှာပေါ်ထွန်းရေးအတွက် တခုတည်းသောထွက်ရပ်လမ်းလို့ မြင်ပါတယ်။ နောက်ပြီး မြန်မာပြည်တွင်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နအဖရဲ့ မတရား ဖမ်းဆီးဖိနှိပ်များအောက်မှ နှစ်ပေါင်း(၂၀)ကျော်ကြာအောင် ကြံ့ကြံ့ခံရပ်တည်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ပေါက်လာဖို့အတွက် မဆုတ်မနစ်သောဇွဲ၊ လုံ့လများနဲ့ ကြိုးစားလုပ်ဆောင်နေတာကို ဂျပန်အစိုးရနှင့်တကွ ဂျပန်လူထုသိရှိနားလည်ဖို့နှင့် ဒီထက်ပိုမိုပြီး အားပေးထောက်ခံမှုရရှိလာစေဖို့နဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းမှာပါတဲ့ တောင်းဆိုထားတဲ့အချက်တွေ အပြည့်အ၀အကောင်အထည်ပေါ်လာနိုင်စေဖို့အတွက် နှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါတယ်…”ဟု ရှင်းပြသည်။

နှီးနှောဖလှယ်ပွဲသို့ AIPMC(ASEAN Inter-Parliamentary Myanmar Caucus)မှ တာဝန်ခံများ၊ ဂျပန်နိုင်ငံရှိ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားအစရှိသည့် အာရှနိုင်ငံများမှ သံတမန်များအပြင် အီးယူ၊ အမေရိကန်၊ ဂျာမဏီအစရှိသည့် အနောက်နှင့် ဥရောပနိုင်ငံများမှ သံတမန်များပါ တက်ရောက်ကြမည်ဖြစ်သည်။

ဂျပန်အစိုးရပိုင်းအနေဖြင့် မြန်မာ့အရေးကို ထောက်ခံအားပေးနေသည့် ဂျပန်လွှတ်တော်အမတ်များသမဂ္ဂမှ အမတ်များအပါအ၀င် နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူအဆင့်မြင့်တာဝန်ခံများတက်ရောက်မည်ဖြစ်ပြီး အဆိုပါပုဂ္ဂိုလ်များမှ မြန်မာပြည်အပေါ်ထားရှိသည့် ဂျပန်အစိုးရ၏သဘောထားများကို ပြောကြားမည်ဟုလည်းကိုသန့်ဇင်ဦး၏ ဆက်လက်ရှင်းပြချက်အရ သိရှိရသည်။

ထို့အပြင် ဂျပန်နိုင်ငံရှိ လူမှုအခြေပြုအဖွဲ့အစည်းများဖြစ်ကြသည့် A.I, Human Watch, PFB, ဂျပန်အလုပ်သမားသမဂ္ဂ(RENGO)မှ တာဝန်ခံများ၊ မြန်မာ့အရေးလည်း တက်ရောက်ကြမည်ဖြစ်သည်။
အပြန်အလည်ဆွေးနွေးပွဲတွင် NCGUB မှ အလုပ်သမားဝန်ကြီး ဦးခွန်မြင့်ထွန်းမှ ရွှေဂုံတိုင်ကြေညာစာတမ်း၏ အရေးပါပုံကို ရှင်းလင်းတင်ပြမည်ဟုသိရသည်။

ယခုပြုလုပ်မည့်နှီးနှောဖလှယ်ပွဲနှင့်ပတ်သက်ပြီး ဒေါက်တာမင်းညိုမှ”ကျနော့်အမြင်ပြောရင် ဒီနှီးနှောဖလှယ်ပွဲကနေအခြေခံပြီး နအဖ စစ်ခေါင်းဆောင်တွေ တဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေဟာ ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီမဆန်ဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း အကျိုးပြုမှာမဟုတ်ဘူးလို့ တက်ရောက်လာတဲ့ ဂျပန်အစိုးရပိုင်းမှ အမတ်တွေနဲ့တကွ နိုင်ငံတကာသံရုံးကပုဂ္ဂိုလ်တွေရော၊ ဂျပန်အလုပ်သမားသမဂ္ဂတွေပါ သိရှိသွားကြလိမ့်မယ်။ ဒါဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဆိုတာလည်း နိုင်ငံတကာက လက်ခံမှာမဟုတ်တော့ဘူး။ ၉၀ ရွေးကောက်ပွဲအနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းသာလျင် လက်ရှိမြန်မာ့နိုင်ငံရေးအကျပ်အတည်းအတွက် ထွက်ပေါက်လို့ အားလုံးကသဘောပေါက်လာကြပြီး နအဖစစ်ခေါင်းဆောင်တွေကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတောင်းဆိုထားတဲ့ အချက်တွေကို လက်ခံဖို့ ဖိအားပေးလာနိုင်လိမ့်မယ်လို့ ကျနော်မြင်ပါတယ်…”ဟု ပြောဆိုသည်။

ရွှေဂုံတိုင်ကြေညာစာတမ်းနှီးနှောဖလှယ်ပွဲကို ဂျပန်အလုပ်သမားသမဂ္ဂ(RENGO)အဆောက် အဦတည်ရှိရာ တိုကျိုမြို့၊ ချီအိုဒါရပ်ကွက်ရှိ SOHYO KAIKAN ၏ ဒုတိယထပ်တွင် နံနက် ၉း၃၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ နှစ်ပိုင်းခွဲ၍ ပြုလုပ်မည်ဖြစ်သည်။

ပထမပိုင်းအစီအစဉ်တွင် နှီးနှောဖလှယ်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်၊ လက်ရှိ မြန်မာပြည်နိုင်ငံရေးအခြေအနေ၊ မြန်မာပြည်အပေါ်ထားရှိသည့် ဂျပန်အစိုးရ၏သဘောထား၊ AIPMC ၏သဘောထား၊ ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၏သဘေားထား၊ မြန်မာ့အရေးဆောင်ရွက်နေသည့် ဂျပန်လွှတ်တော်သမဂ္ဂ၏သဘေားထား အစရှိသည်တို့ကို ဂျပန်-မြန်မာ-အင်္ဂလိပ်သုံးဘာသာဖြင့် ပြောကြားမည်ဖြစ်သည်။

ဒုတိယပိုင်းအစီအစဉ်ကို ဆွေးနွေးပွဲပုံစံလိုမျိုးပြုလုပ်၍ တက်ရောက်လာကြသည့် သံတမန်များ၏ ရွှေဂုံတိုင်ကြေညာစာတမ်းအပေါ် ၄င်းတို့၏အမြင်များကို ရှင်းလင်းပြောကြားမည်ဟုလည်း သိရသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီမှ ဦးအေးသာအောင်တို့ပေးပို့လာသော အမှာစကားများကို ဖတ်ကြားမည်ဖြစ်သည်။

မြန်မာ့အရေးစိတ်ပါဝင်စားသူ မည်သူမဆိုတက်ရောက်နိုင်ပြီး အဆိုပါနှီးနှောဖလှယ်ပွဲဖြစ်မြောက်ဖို့အတွက် ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေးလုပ်ဆောင်နေကြသည့် အဖွဲ့အစည်းပေါင်း (၃၀)ကျော်စုစည်း၍ ကျင်းပခြင်းဖြစ်ကြောင်းလည်းသိရှိရသည်။

Border Patrol seize illegally harvested teak in Mae Hong Son



Illegally harvested processed teak logs worth millions of baht were seized by the Border Patrol, provincial police and forestry officials in two different sub-districts in Mae Hong Son Wednesday, November 11.
79 teak logs were found and seized by the BPP squads, Mae Ngao National Park officials , Ban Mae Koh forestry officials, local police and Sub Moei District Administration officials, in the forest near Ban Mae Lui, Tambon Mae Suad in Sob Moei district, Mae Hong Son.
Another further 150 teak logs were also confiscated by officials from the Huay Sing Forest Preservation and Protection Unit, the Salween National Park and BPP ranger forces based in Tambon Mae Sam Laeb, near Salween river banks.
337th Border Patrol (BPP) Company officials, led by Pol. Lt-Col. Sippanant, deputy superintendent of the 33rd BPP, based in Mae Sariang District, Mae Hong Son, believe that the teak is actually being harvested in Thailand’s national forests and is then transferred into Burma, opposite Tak’s Ta Song Yang district, to be processed. The processed wood is brought back into Thailand for transportation and sale.
The police suspect a joint effort between Thai nationals and the DKBA (Democratic Karen Buddhist Army) to illegally harvest golden teakwood from Thailand. It is believed that the abundance of landmines in the forests in Burma, plus increased vigilance by Burmese authorities, have brought the DKBA over the border into Thailand to harvest teak.
Officials report that due to the large number of logs seized in Mae Sam Laeb, it will take some time before enough equipment and elephants can be brought to the area to remove the teak.

ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားရှိမြနန်းနွယ်ရုပ်တု လက်ထိပ်ခတ်ခံရ

အာဏာရှင်တွေ ရှူးကုန်ကြပြီလားမသိဘူးနော်။ ဒီသတင်းလေးမှာ နအဖ စစ်တပ်က လူတွေရဲ့ လုပ်ရပ်ဟာ အတော်ကို ရီစရာကောင်းနေတယ်....

ကြည်ဝေ

ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားရှိ မြနန်းနွယ်ရုပ်တုကို ညအချိန်တွင် စစ်အာဏာပိုင်များက လာရောက်ပြီး လက်ထိပ် ခတ်လေ့ရှိကြောင်း ကြားသိရသည်။

ဗိုလ်တထောင် ဘုရားရှိ နတ်ရုပ်များထဲမှ အစိမ်းရောင်ဝတ်စုံ ဆင်မြန်းထားသော မြနန်းနွယ်ရုပ်တုကို ည ၁၁ နာရီခန့်တွင် လက်ထိပ် လာခတ်ခြင်း ဖြစ်သည်ဟု အဆိုပါဘုရားအနီး နေထိုင်သူတဦးက ပြောသည်။

“ဘုရားက ည ၁၀ နာရီ ပိတ်တယ်၊ ဘုရားပိတ်ပြီးမှ လာပြီးတော့ လက်ထိပ် လာခတ်တာ၊ မနက် ၆ နာရီ တောင် မထိုးသေးဘူး၊ လာဖြုတ်ပေးတယ်၊ ဘယ်သူမှ မမြင်အောင် လာဖြုတ်တယ်လို့ ထင်တာပဲ၊ အဲဒီလို ညညဆို အစ်မတော် မြနန်းနွယ်နတ်ရုပ်ကို လက်ထိပ် လာခတ်တာ ၄ ရက်ရှိပြီ”ဟု ၎င်းက ဆိုသည်။

ဗိုလ်တထောင်ဘုရားရှိ မြနန်းနွယ်ရုပ်တုအပြင်၊ မင်္ဂလာဒုံ လှော်ကားကန်ထိပ်ရှိ ဘုရားစေတီဝင်းအတွင်းမှ မြနန်းနွယ်ရုပ်တုကိုလည်း ဘုရားရှင်ဘက်သို့လှည့်၍ လက်အုပ်ချီထားသော လက်နှစ်ဘက်ကို ပူးပြီး
လက်ထိပ် လာခတ်ကြောင်း လှော်ကားကန်ဝင်းအတွင်းမှ ၀န်ထမ်းမိသားစုများက ပြောသည်။

“တနေ့က မနက်အစောကြီး ဘုရားဝင်းထဲ ဆွမ်းလာကပ်တော့ မြနန်းနွယ်အရုပ်မှာ အရောင်လဲ့လဲ့နဲ့ ဘာလဲ ဆိုပြီး ကြည့်လိုက်တော့မှ လက်ထိပ်ဆိုတာသိလိုက်တယ်၊ ပထမတော့ ကလေးတွေ နောက်တယ်လို့ ထင် လိုက်သေးတာ၊ လက်ထိပ်ကိုကိုင်ကြည့်တော့ လက်ထိပ်က အကောင်းကြီးဆိုတော့လေ တခုခုပဲလို့ သိလိုက်တာ”ဟု အထက်ပါ ၀န်ထမ်း မိသားစုဝင်တဦးက ဆိုသည်။

အဆိုပါ ဘုရားဝင်းအတွင်းရှိ မြနန်းနွယ်ရုပ်တုကို ညတွင်လက်ထိပ်ခတ်ထားပြီး နေ့ခင်းပိုင်းတွင် လက်ထိပ် လာဖြုတ်ပေးလေ့ရှိသည်ကိုတွေ့မြင်ရကြောင်းလည်း ဘုရားဝင်းအနီးတွင် နေထိုင်သူများက ပြောဆိုသည်။

ယခုကဲ့သို့ မြနန်းနွယ်နတ်ရုပ်တုများကို လက်ထိပ်ခတ်ခြင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား အိပ်မက်ဆိုးပေး သောကြောင့် အပြစ်ပေးသည့်အနေနှင့် ဖြစ်သည်ဟု အစရှိသဖြင့် ရန်ကုန်မြို့ခံများကြားတွင် အမျိုးမျိုးပြောဆို လျက်ရှိကြောင်း သိရသည်။

“ရယ်စရာတော့ကောင်းတယ်၊ ကြားရတာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အစ်မတော်မြနန်းနွယ်က အိပ်မက် ဆိုးပေးလို့ ဆိုပြီး မြနန်းနွယ်ရုပ်တုတွေကို လိုက်ပြီးလက်ထိပ်ခတ်တာလို့လည်း ပြောကြတယ်၊ နောက်တမျိုး ကြားရတာကအိမ်မက်ထဲမှာတဲ့ အစိမ်းရောင်ဝတ်ထားတဲ့ ချောမောလှပတဲ့ အမျိုးသမီးတဦးက ဒေါသ တ ကြီးနဲ့ ခပ်စိမ်းစိမ်းကြည့်လို့တဲ့ ပြောတယ်၊ ပါးစပ်ကလည်းပြောတယ်တဲ့ အဲဒါနဲ့ မြနန်းနွယ်ရုပ်တုကို လာပြီး လက်ထိပ်ခတ်လိုက်တာလို့လည်း ပြောကြတယ်”ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

ရန်ကုန်မြို့မှ ကုန်သည်ကြီးတဦးကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိသားစုကို အစိမ်းရောင်ဝတ်ထားသော အမျိုးသမီးကဒုက္ခပေးလိမ့်မည်ဟု ဗေဒင်ဟောသောကြောင့် ယတြာချေသည့်အနေဖြင့် အစိမ်းရောင် မြနန်း နွယ်ရုပ်တုများအားလိုက်လံပြီး လက်ထိပ်ခတ်ဖမ်းဆီးနေခြင်းဖြစ်သည်ဟုကြားသိရကြောင်း ပြောဆိုသည်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မိသားစုဝင်တွေကို အစိမ်းရောင်ဝတ်ထားတဲ့အမျိုးသမီးတဦးက ဒုက္ခပေးလိမ့် မယ်၊ အဲဒီအမျိုးသမီးကြောင့် အရှက်ကွဲမယ်၊အာဏာစွန့်ရမယ်လို့ ဗေဒင်ကဟောလို့ အစိမ်းရောင် အမြဲဝတ် တဲ့ မြနန်းနွယ်ကို ဦးအောင်လက်ထိပ်ခတ်ပြီး ဖမ်းလိုက်တာလို့လည်း ပြောကြတယ်၊ အမျိုးမျိုး ပြောနေကြ တာပဲ၊ ဘယ်ဟာ အမှန်လဲတော့မသိဘူး”ဟု ယင်း ကုန်သည်ကြီးက ဆိုသည်။

ထို သိုက်နန်းရှင် မြနန်းနွယ်မှာ သာသနာပြုလုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်ပြီး လူယောင်ဖန်ဆင်း၍ သွားလာတတ်ကာ ဘုရားတည်၊ ကျောင်းဆောက် စသည့် သာသနာပြုလုပ်ငန်းများကို လုပ်ကိုင်သောကြောင့်
ကိုးကွယ်သူများပြားကြောင်း သိရှိရသည်။

“မြနန်းနွယ်က ဒီအစိုးရခေတ်မှာ ထင်ရှားလာတဲ့ သိုက်နန်းရှင်ပဲ၊ ၁၉၈၉ နောက်ပိုင်းလောက်မှာ မြနန်းနွယ် ဆိုပြီး အစိမ်းရောင်ဝတ်ထားတဲ့ အမျိုးသမီးတယောက် မြန်မာပြည်အနှံ့သွားပြီး ဘုရားတည်နေတယ် ဆိုတဲ့ သတင်းတွေ ပြန့်လာတယ်၊ သိပ်မကြာခင် သူတည်တဲ့ ဘုရားတွေမှာသူ့ ရုပ်တုတွေ ပေါ်လာတာပဲ၊ အစိုးရ ကလည်း ဒါကို သိတယ်၊ မြနန်းနွယ်အိပ်မက်ပေးလို့ဆိုပြီး ဘုရားတွေမှာ သူ့ရုပ်တုတွေ ထည့်တာကို ခွင့်ပြု ပေးခဲ့တယ်၊ ခုတော့ အိပ်မက်ဆိုးပေးလို့ဆိုပြီး ရုပ်တုတွေကို လက်ထိပ်ခတ်တာ”ဟု အစိုးရ အရာရှိကြီး တဦး ကလည်း ပြောဆိုသည်။
ဧရာဝတီသတင်းမှရယူတင်ဆက်သည်။

အကျဉ်းသူတဦးမမီးမီးရဲ့ ပါရမီဖြည့်ဘက်

သန်းထိုက်ဦး .မမီးမီးကို နောက်ထပ် တခါ ထောင်ပြောင်း ရွှေ့လိုက်ပြန်ပြီ။ ယခုတခါ အလွန် ဝေးလံခေါင်းပါးသည့် ကသာထောင်သို့ ပြောင်းရွှေ့ လိုက်သည့် အတွက် လူအများက စိတ်မကောင်း ဖြစ်နေကြသည်။ လူအများ မသိသည့် အချက်ကတော့ မမီးမီးကို အခက်အခဲများကြားမှ ထောက်ပံ့ပေးနေသည့် ခင်ပွန်းသည် ကိုလှမိုး အကြောင်းဖြစ်သည်။
၂၀၀၇ သြဂုတ်လက လောင်စာဆီ ဈေးနှုန်း မြင့်တက်မှုအတွက် တခြားသော ၈၈ ကျောင်းသား ခေါင်းဆောင်များနှင့်အတူ ဆန္ဒပြနေသည့် မမီးမီး

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သည့် အသက် ၃၉ နှစ်အရွယ် မမီးမီး (ခေါ်) မသင်းသင်းအေးကို ထောင်ပြောင်းရွှေ့သည်မှာ ယခုအကြိမ်သည် တတိယ အကြိမ်မြောက် ဖြစ်သည်။ သူ ဘယ်ထောင်ရောက်ရောက် စားဝတ်နေရေး အခက်အခဲများကြားမှ ထောင်ဝင်စာ ပုံမှန်ပို့ကာ တလျှောက်လုံး ပံ့ပိုးပေးနေသည့် ခင်ပွန်းသည် ကိုလှမိုးမှာ ရန်ကုန်မြို့တွင် ကားပြင်သည့် အလုပ်ကို လုပ်ကိုင်နေသူ ဖြစ်သည်။

“ကသာထောင်ဆိုတော့ သွားရေး လာရေးက အရမ်းကို ခက်ခဲတယ်၊ သွားဖို့ လာဖို့ကိစ္စက လွယ်တဲ့ကိစ္စ မဟုတ် ဘူး” ဟု မမီးမီး၏ ခင်ပွန်းဖြစ်သူ အသက် ၄၀ ၀န်းကျင်အရွယ် ကိုလှမိုးက ဧရာဝတီသို့ ပြောသည်။ မမီးမီးကို စစ်အစိုးရ အာဏာပိုင်များက ဧရာဝတီတိုင်း ပုသိမ်ထောင်မှ ရန်ကုန် အင်းစိန်ထောင်သို့ ယခုလဆန်း ပိုင်း၌ ပြောင်းရွှေ့ခဲ့ပြီး တပတ်ခန့်အကြာတွင် မိုင်းပေါင်းများစွာဝေး၍ ကားတတန်၊ ရထားတတန် သွားရသော ကသာထောင်သို့ ထပ်မံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

မမီးမီးသည် လွန်ခဲ့သည့် ၂၀၀၇ ခုနှစ် သြဂုတ်လတွင် လောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ကိုမင်းကိုနိုင် အပါအဝင် တခြားသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့်အတူ လမ်းလျှောက် ဆန္ဒပြခဲ့သဖြင့် အာဏာပိုင်များက မမီးမီးကို လိုက်လံဖမ်းဆီးခဲ့ရာ အောက်တိုဘာလအတွင်း ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်သည်။

အင်းစိန်ထောင်၌ တနှစ်ကျော်ကြာ ထိန်းသိမ်းခဲ့ပြီးနောက် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တရား မဝင် အဖွဲ့ ဖွဲ့စည်းမှု၊ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေမှု၊ အီလက်ထရွန်းနစ် ပုဒ်မတို့ အပါအဝင် ပုဒ်မအနည်းဆုံး ၅ ခုဖြင့် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ကာ ပုသိမ်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

“ခရီးစရိတ်၊ လမ်းစရိတ်၊ စားစရိတ် အဲဒါတွေက အများကြီး ကျန်သေးတယ်၊ အဲဒီအတွက် ကျနော့်မှာ အလုပ်တွေ အများကြီး ကြိုးစားရဦးမယ်၊ ကြိုးစားပြီးတော့ အဆင်ပြေတဲ့ တနေ့တော့ ကျနော် ထောင်ဝင်စာ သွားတွေ့မယ်” ဟု ကိုလှမိုးက ဆက်ပြောသည်။

ထောင်ပြောင်းရသည့် အကြောင်းရင်း ကိုတော့ ကိုလှမိုး အတိအကျ မသိခဲ့ရဟု ဆိုသည်။

“သူက ကျီးပေါင်းနဲ့ လေးဘက်နာ ရောဂါရှိတယ်ဆိုတော့ ပထမတော့ ကျန်းမာရေး မကောင်းလို့ ဆေးကုသပေးဖို့ ထောင်ပြောင်းပေးတယ်လို့ ထင်တာ။ နောက်တော့မှ အဲဒီလို မဟုတ်ဘူးဆိုတာ သိရတယ်။ ဘာကြောင့် ပြောင်းလိုက်တယ် ဆိုတာတော့ အခုထိ မသိရသေးဘူး” ဟု ကိုလှမိုးက ပြောသည်။

“ကျနော်သွားတွေ့တော့ သူ့ကိုမေးတယ် သူကလည်း ပြောင်းရတဲ့ အကြောင်းရင်းကို သူကိုယ်တိုင်လည်း မသိရသေးဘူး၊ ဘယ်သူမှလည်း သူ့ကို မပြောဘူးတဲ့” ဟု ၎င်းက ပြောသည်။ ထိုအချက်ကတော့ စစ်အစိုးရ အကျဉ်းထောင်များ၏ ထုံးစံပင်ဖြစ်သည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအရ စစ်အစိုးရ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၆၈ ဦးရှိပြီး အမျိုးသမီး ၁၇၅ ဦးပါဝင်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် ထောင်ဒဏ်ကျခံနေရသော နိုင်ငံရေး အကျဉ်းသူများကို အခက်အခဲ ဒုက္ခအမျိုးမျိုးကြားမှ တောင့်ခံ ပံ့ပိုးပေးနေသည့် ကိုလှမိုးကဲ့သို့သော ခင်ပွန်းသည် များစွာ ရှိနေ နိုင်ပါသည်။

ဥပမာ တခုကိုပြရလျှင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းသည် မိုက်ကယ်အဲရစ် ဖြစ်သည်။ နှစ်ရှည်လများ မြန်မာ့နိုင်ငံအရေး ဆောင်ရွက်ရင်း စစ်အစိုးရ ချမှတ်သည့် နေအိမ် အကျယ်ချုပ် ကျခံနေရသော ဇနီးသည်ကို မိုက်ကယ်အဲရစ်က စိတ်ဓာတ်အင်အားအတွက် သာမက ရုပ်ဝတ္ထုပစ္စည်းများပါ နောက်ခံပံ့ပိုးခဲ့သူဖြစ်သည်။

၁၉၉၉ ခုနှစ်အတွင်း၌ ဒေါက်တာ မိုက်ကယ်အဲရစ် ကင်ဆာရောဂါ အပြင်းအထန် ခံစားနေရချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ရေးအတွက် ပြည်ဝင်ခွင့် လျှောက်ထားခဲ့သော်လည်း အာဏာပိုင်တို့က ခွင့်မပြုခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်က ခင်ပွန်းသည်၏ နောက်ဆုံးအချိန်တွင် ပြည်ဝင်ခွင့်ပြုရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ မေတ္တာရပ်ခံသည့် စာတစောင် ရေးသားပေးပို့ခဲ့သည်။ ပြည်ဝင်ခွင့်ကို စောင့်ဆိုင်းနေသည့် ဒေါက်တာ မိုက်ကယ် အဲရစ်သည် သူ၏ အသက် ၅၃ နှစ်ပြည့် မွေးနေ့တွင် ကွယ်လွန်သွားခဲ့သည်။

စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများကို မိသားစုနှင့် ဝေးကွာသည့် ထောင်များသို့ မကြာခဏ ပြောင်းရွှေ့လေ့ ရှိသည်။ နိုင်ငံရေး အကျဉ်းသားများကို ယခုကဲ့သို့ မိသားစုနှင့် ဝေးသည့် ထောင်များကို ပြောင်းရွှေ့ လိုက်ခြင်းသည် အကျဉ်းသားများအား ညှဉ်းပန်းနှိပ်စက်ခြင်း တမျိုးဖြစ်သည်ဟု နိုင်ငံရေး လှုပ်ရှားသူများက ဝေဖန်ကြသည်။

အထူးသဖြင့် မမီးမီးကဲ့သို့ နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခဲ့ပြီး ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် အားလုံးကို အလွန်ဝေးကွာသော ထောင်များသို့ ရည်ရွယ်ချက် ရှိရှိ ပြောင်းရွှေ့နေခြင်း ဖြစ်သည်ဟု ထိုင်း နိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပြသည်။

အလွန်ဝေးကွာသော အရပ်သို့ ထောင်ဝင်စာ သွားရောက်တွေ့ဆုံ နိုင်ရန် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များအတွက် အခက်အခဲတခုဖြစ်သည်။

မမီးမီး ပုသိမ်ထောင်တွင်ရှိစဉ် ကိုလှမိုးအနေနှင့် တလတကြိမ် ပုံမှန် သွားတွေ့ခွင့် ရခဲ့သော်လည်း သွားတွေ့သည့် အခါတိုင်းတွင် တကြိမ်လျှင် အလွန်ဆုံး မိနစ် ၂၀ ခန့်သာ တွေ့ ခွင့်ရသည်။

“ပုသိမ်မှာတုန်းက တလနေမှ တခေါက် သွားရတယ်။ စကားပြောတော့လည်း ဘေးမှာ လိုက်မှတ်တာတွေ ရှိနေ တော့ ကိုယ့်မိသာစုအရေး ဘာမှ လွတ်လွတ်လပ်လပ် စကား ပြောလို့မရဘူး၊ တွေ့ရတော့ လည်း ၁၅ မိနစ်၊ မိနစ် ၂၀ ဆိုတော့ အားမရဘူး” ဟု ၎င်းက ပြောသည်။

မမီးမီးက ကိုလှမိုး ထောင်ဝင်စာ လာတွေ့တိုင်း ဘုရား တရား စာအုပ်များ မှာလေ့ရှိကြောင်း သိရသည်။

“သူလုပ်ခဲ့တဲ့ အလုပ်၊ သူ့ ဂုဏ်သိက္ခာအတွက် သူ့ ခင်ပွန်း တယောက်အနေနဲ့ သွားတွေ့မှာပါ” ဟု ကိုလှမိုးက ပြောသည်။

အမှန် တကယ်တော့ ထို ဒုက္ခများသည် ကိုလှမိုးအတွက် ပထမဆုံးအကြိမ် ခံစားရသော ဒုက္ခများ မဟုတ်။ ၁၉၉၆ ခုနှစ် မမီးမီး ဒုတိယအကြိမ် ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရပြီး သာယာဝတီထောင်တွင် ၇ နှစ်ခန့် နေခဲ့ရစဉ် ကတည်းက လူမမယ် ကလေး ၂ ဦးနှင့်အတူ ကိုလှမိုးသည် မမီးမီးကို ပံ့ပိုးခဲ့သူဖြစ်သည်။ ထိုစဉ်ကတည်းက မမီးမီးမှာ အရိုးကျီးပေါင်းရောဂါနှင့် လေးဘက်နာ ရောဂါများ ခံစားခဲ့ရသည်။

မမီးမီးသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့သောကြောင့် အာဏာပိုင်များက ဖမ်းဆီးကာ ထောင်ဒဏ် ၃ လ ပထမအကြိမ် ကျခဲ့ဖူးသည်။

“ကျနော့်သားနဲ့ သမီးတွေက စိတ်ဓာတ်ပျော့ညံ့တဲ့ ကလေး တွေမဟုတ်ပါဘူး၊ အဖေရော အမေရော ဒီလောကသားတွေဆိုတော့ ထွေထွေထူးထူး သင်ပေးစရာမလိုတော့ဘူး၊ ၁၉၉၆ က မီးမီး သာယာဝတီ ထောင်မှာကျတော့ ကျနော့် သမီးက ၅ နှစ်ကျော်ကျော်၊ ကျနော့် သားက ၂ နှစ်ကျော်ကျော်ပဲ ရှိသေးတယ်။ အဲဒီအချိန်ကတည်းက ထောင်ဆိုတာကို ဒီကလေးတွေက ရင်နီးနေပြီ၊ နိုင်ငံရေးဆိုတာ တစွန်း တစ ဒီကလေးတွေ နားရေ၀နေပြီ” ဟု ကိုလှမိုးက ပြောသည်။

မမီးမီးသည် ၁၉၉၀ ခုနှစ်တွင် အခြေခံ အထက်တန်းကျောင်း အောင်မြင်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် ကိုလှမိုးနှင့် အိမ်ထောင်ပြုခဲ့ရာ သမီးနှင့် သား ၂ ဦး ထွန်းကာခဲ့သည်။

ယခုလက်ရှိတွင် သားဖြစ်သူမှာ ၁၀ တန်း တက်နေကာ သမီးကမူ ဆယ်တန်းအောင်မြင်ခဲ့ပြီး တက္ကသိုလ် မတက်နိုင်သည့်အတွက် ဆရာတယောက်က ပညာ ဒါန ပြုထားကြောင်း သိရသည်။

“ကျနော်တို့ ဘ၀ တွေက ပြည့်စုံမှုတော့ မရှိပါဘူး” ဟု ကိုလှမိုးက ဆိုသည်။ သားသမီးများကို အုပ်ထိန်းရာတွင် မိသားစု စုံစုံလင်လင် မရှိသည့်အတွက် အခက်အခဲရှိကြောင်းလည်း ၎င်းက ရှင်းပြသည်။

“သားသမီးတွေ အုပ်ထိန်းတဲ့နေရာမှာ ကျနော်ပဲ အဖေ၊ ကျနော်ပဲ အမေ ပုံစံနဲ့ အုပ်ထိန်းခဲ့ရတယ်။ အဖေ၊ အမေ စုံစုံလင်လင်ဆို ပိုပြီးတော့ သင့်တော်တာပေါ့။ မိသားစု နွေးထွေးမှုလည်း ပိုရှိတယ်၊ အခုဟာက တကွဲတပြား စီဆိုတော့ လစ်ဟာမှုတွေတော့ ရှိတယ်” ဟု ကိုလှမိုးက ဆက်ပြောသည်။

မမီးမီးနှင့်အတူ လူသိများထင်ရှားသော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဌေးကြွယ်၊ မနီလာသိန်း၊ မမီးမီး အပါအ၀င် တခြားသော အဖွဲ့ဝင် ၂၂ ဦး သည် လွန်ခဲ့သည့် နှစ်အတွင်း ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခံခဲ့ရသည်။

ထောင်ဒဏ်ချမှတ်အပြီးတွင် မမီးမီးက ပြစ်ဒဏ်ချမှတ်သူ တရားသူကြီးကို “၆၅ နှစ်ပဲ လား” ဟု မထီမဲ့မြင် ပြန်၍ အော်ဟစ် ပြောဆိုခဲ့သည်ဟု ကြားသိခဲ့ရသည်။

“မီးမီးက စိတ်ဓာတ်အရတော့ တော်တော်လေး ကြံ့ခိုင်ပါတယ်၊ ကျန်းမာရေးကတော့ နည်းနည်းတော့ ညံ့တယ်” ဟု ပြောသည်။

အမျိုးသမီးတဦး ယခုကဲ့သို့ ထောင်ကျနေသော်လည်း ခင်ပွန်းကောင်းတယောက်အနေနှင့် ပေးဆပ်နိုင် သလောက် ပေးဆပ်သွားမည်ဟု သူက ဆိုသည်။

“ကျနော်တို့ မိသားစုတွေ အနေနဲ့ ခင်ပွန်း တယောက်အနေနဲ့ ပေးဆပ်နိုင်သလောက် ပေးဆပ်နေမယ်၊ လုပ်ပေးနိုင် သလောက် လုပ်ပေးနေမယ်၊ ကျန်တဲ့လူ အများစုလည်း အဲဒီလိုပဲ အခက်အခဲတွေ ရှိကြမှာပဲ။ ဒါကို စိတ်မကောင်း စွာနဲ့ ရင်ဆိုင်ကြရမှာပဲ။ ဒါ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ မိသားစုတိုင်းမှာ ခံစားကြရတာပါ” ဟု ၎င်းက ပြောပြသည်။

နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း က တာဝန်ရှိသူတွေ အနေနဲ့ တကယ် ရောက်တယ် မရောက်ဘူးဆိုတာကို ပြန်လည် စစ်ဆေး တကယ် ကူညီဖို့လိုပါတယ်။

ပြောချင်တာက ကိုတိတ်နိုင်တို့၊ ကိုဘိုကြည်တို့


ကျနော်တို့ ပြောချင်တာက မီးမီးဟာ သူငယ်ချင်းအရင်းပါ။ မင်းကိုနိုင်တို့ မီးမီးတို့ ဌေးကြွယ် တို့ အားလုံးကို ကူညီပေးနေကြတာကို ကျေးဇူးအများကြီး တင်ပါတယ်။ ဒါပေမဲ့ ၃လ တကြိမ် လစဉ်ထောက်ပံ့ ပေးနေပါတယ်ဆိုတဲ့ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း က တာဝန်ရှိသူတွေ အနေနဲ့ တကယ် ရောက်တယ် မရောက်ဘူးဆိုတာကို ပြန်လည် စစ်ဆေး ပေးစေချင်ပါတယ်။ ကျောင်းသားတွေ ၊ တက်ကြွ သူတွေ ရဲ့ မိဘဆွေမျိုးတွေ တော်တော် ဒုက္ခရောက်နေကြတယ် သားသမီးတွေ၊တူတွေ တူမတွေကို သွားကြည့်ချင်နေကြတယ် ။ ဆက်သွယ်တော့ ရောက်လာပါလိမ့်မယ် တခြားနည်းတွေနဲ့ လွှဲထားပါတယ် ပြောပါ့တယ် ။ ကျိန်းသေတာက မရောက်လာဘူးလို့ ၂၀၀၇ စက်တင်ဘာ မှာ ၅ နှစ် ကျသွားတဲ့ အကျဉ်းသူ တဦးရဲ့ အမေက ပြောပါတယ်။ ပြောချင်တာက ကိုတိတ်နိုင်တို့၊ ကိုဘိုကြည်တို့ သေချာ လေး စီစစ်ပေးပါ။ တကယ် ထိရောက်အောင် ကူညီပေးပါလို့ ပြောချင်ပါတယ် ။ ဒီလောက်ပါပဲ။
ပြည်တွင်း အန်အယ်ဒီ
မြင့်တင်( အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ( xxxxxxxxx မြို့နယ်)

ပန်ဝါ နယ်ခြားစောင့်တပ်မှ နအဖစစ်သားများ ဆက်ကြေးတောင်း ငွေကောက်

ပေါက်ပေါက်
ယခင် ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော် (အန်ဒီအေကေ) နယ်မြေအတွင်း မကြာသေးခင်က အသစ်ဖွင့်လှစ်လိုက်သည့် အသွင်ပြောင်း နယ်ခြားစောင့်တပ်ရင်းများတွင် တာဝန်ကျသည့် နအဖစစ်သားများက ဖြတ်သန်းသွားလာနေသည့်ကားများကို ဆက်ကြေးတောင်း ငွေကြေးကောက်ခံနေကြသည်။

ပန်ဝါမှ ချီဗွေသို့ ထွက်လာသည့် ကားများကို လုပီကျေးရွာ၌ နယ်ခြားစောင့်တပ်တွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိနေသည့် နအဖစစ်သားများက ငွေကောက်နေသည်ဟု အဆိုပါလမ်းခရီးကို ဖြတ်သန်းခဲ့သည့် မြစ်ကြီးနားဒေသခံတဦးက ပြောသည်။

၎င်းက “လုပီက နယ်ခြားစောင့်တပ်မှာ တာဝန်ကျမယ့် စစ်သားတွေ ရောက်ရောက်ချင်းပဲ ငွေကောက်နေကြပြီ။ အန်ဒီအေကေတွေတော့ မပါဘူး။ သူတို့စစ်တပ်ကတွေချည်းပဲ။ ဝိုင်းမော်က ခလရ (၅၈) လည်း အဲဒီမှာရောက်နေတယ်။ သူတို့ဂိတ်ရဲ့ တမိုင်လောက်အကွာမှာ ဂိတ်ဖွင့်ထားတယ်။ ရွှေတွင်းတို့၊ ရေကာတာတို့ဘက်မှာ အလုပ်လုပ်တဲ့သူတွေကို ဈေးရောင်းလာတဲ့ တရုတ်ကကားတွေ ရှိတယ်၊ အဲလို ကားတွေကို ကောက်တာ။ ပါးစပ်ထဲတွေ့ရာ တောင်းတဲ့သဘောရှိတယ်။
(၅) ထောင်၊ (၁) သောင်း အဲလိုတောင်းနေတာ” ဟု ပြောသည်။

နယ်ခြားစောင့်တပ်ရင်းများတွင် တာဝန်ထမ်းဆောင်မည့် နအဖစစ်သားများသည် အင်အား (၅ဝ) ထက်မနည်း ပန်ဝါဒေသအတွင်း ရောက်ရှိနေပြီး ယခုအချိန်အထိ နယ်ခြားစောင့်တပ်ရင်းအဖြစ် စနစ်တကျဖွဲ့စည်းထားပုံမရသေးကြောင်း အဆိုပါဒေသခံက ပြောသည်။

၎င်းက “မန်တောင်ဂိတ်မှာကျတော့ အခုချိန်ထိ အန်ဒီအေကေတံဆိပ်နဲ့ တွေ့ရသေးတယ်။ မေးကြည့်တော့ ရွှေကူဇာတိသား၊ နာမည်က အုန်းမြင့်တဲ့။ သူကတော့ အန်ဒီအေကေ တံဆိပ်နဲ့ပဲ။ နယ်ခြားစောင့်တပ်ထဲမှာ ရောက်တဲ့သူတွေလည်း ရှိသလို မူလအဖွဲ့ထဲမှာပဲ နေရတဲ့သူတွေပါ ရှိတယ်လို့ သူက ပြောတယ်။ နယ်ခြားစောင့်တပ်မှာ တာဝန်ကျတာက အင်အား (၄ဝဝ) လောက်ပဲ ရှိတာတဲ့။ အဲဒါကို တပ်ရင်း (၃) ရင်းဖွဲ့တာဆိုတော့ တပ်ရင်းတခုကို (၁၀၀) ကျော်လောက်ပဲရှိတာ” ဟု မြစ်ကြီနား ဒေသခံတဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခင်အန်ဒီအေကေအဖွဲ့မှ တာဝန်ရှိသူများကို ဖုန်းဆက်သွယ်၍ မရရှိပါ။

အန်ဒီအေကေအဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ခွဲထွက်ခဲ့ပြီး နအဖနှင့် အပစ်ခတ်ရပ်စဲရေးပြုလုပ်ကာ ယခုလ (၈) ရက်တွင် နယ်ခြားစောင့်တပ်ရင်း (၃) ခုဖြင့် အသွင်ပြောင်းဖွဲ့စည်းခဲ့သည်။

အသက် (၅ဝ) ကျော်အထက် အန်ဒီအေကေတပ်ဖွဲ့ဝင်များအား အချို့ ပင်စင်ပေးလိုက်သကဲ့သို့ အချို့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်လုပ်ရန်ရှိနေပြီး အဆိုပါအဖွဲ့ကို ယခင် အန်ဒီအေကေဥက္ကဋ္ဌဟောင်း ဆခုန်တိန့်ယိန်းက ဦးဆောင်သွားမည်ဟု အန်ဒီအေကေအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

အီရန် ရွေးကောက်ပွဲလွန်ကာလ နှိပ်ကွပ်မှု ကုလ ရှုတ်ချ

အီရန်နိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံက ရှုတ်ချကြောင်း ဆုံးဖြတ်ချက်တရပ်ကို မနေ့က ချမှတ်လိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဌာနချုပ်ရှိရာ နယူးယောက်မြို့က VOA သတင်းထောက် Margaret Besheer ပေးပို့ထားတဲ့သတင်းကို နော်ရှိုးက တင်ပြထားပါတယ်။

အီရန် လူ့အခွင့်အရေးကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ လက်အောက် တတိယကော်မတီလို့ခေါ်တဲ့

လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှု အရေးနဲ့ ယဉ်ကျေးမှုရေးရာ ကော်မတီကနေ မဲခွဲဆုံးဖြတ်ကြရမှာ ထောက်ခံမဲ ၇၄ မဲရှိပြီး ကန့်ကွက်မဲ ၅၉ မဲ နဲ့ မဲမထည့်တဲ့နိုင်ငံ ၅၉ နိုင်ငံ ပါရှိတာကြောင့် နောက်ဆုံး ဒီဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ပါတယ်။ ဒီကောက်မတီကို ကနေဒါနိုင်ငံ အပါအ၀င် တခြား ၄၁ နိုင်ငံက ကမကထပြုခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၇ နှစ်ကလည်း အီရန်လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အလားတူ ကုလသမဂ္ဂမှာ ဆုံးဖြတ်ချက်ချခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်မှာတော့ အီရန်မှာ အရင်ကလို ဆက်တိုက်ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပြင် အငြင်းပွားစရာ ဖြစ်နေတဲ့၊ ပြီးခဲ့တဲ့ ဇွန်လ ရွေးကောက်ပွဲလွန်ကာလက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပါ အထူးဇောင်းပေး တင်ပြထားပါတယ်။

ဒါ့အပြင် ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး သေဒဏ်ပေးတာ၊ အထူးသဖြင့် အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ လူငယ်လူရွက်တွေ ပါနေတဲ့အပေါ်မှာလည်း ကဲ့ရဲ့ ပြစ်တင်ထားပါတယ်။ ဒါ့အပြင် အီရန်အစိုးရအနေနဲ့ သမ္မတရွေးကောက်ပွဲအလွန်ကာလက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာက ယုံကြည်စိတ်ချလာအောင် ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှု ကို ပြုလုပ်ဖို့၊ ဒါ့အပြင် ခဲနဲ့ဝိုင်းပေါက်သတ်တာ၊ ကိုယ်လက်အင်္ဂါ ဖြတ်တောက်ခြင်းအားဖြင် အပြစ်ပေး ဒဏ်ခတ်တဲ့နည်းတွေ ကိုလည်း ရပ်တန်းကရပ်ဖို့ တိုက်တွန်းထားပါတယ်။

အီရန် သမ္မတ မာမွတ် အမာဒင်နီဂျက် (Mahmoud Ahmadeinejad) ဒုတိယအကြိမ် ပြန်အရွေးခံခဲ့ရတဲ့ ရွေးကောက်ပွဲ နောက်ပိုင်း လမ်းပေါ်ထွက်ဆန္ဒပြခဲ့သူ ထောင်နဲ့ချီ အဖမ်းခံခဲ့ရပါတယ်။ လူ ၁၀၀ ကျော်ဟာလည်း ဆန္ဒပြမှုတွေကို ဦးဆောင်လှုပ်ရှားမှု၊ အစိုးရကို ဖြုတ်ချဖို့ ကြိုးစားမှုတွေနဲ့ ရုံးတင်စစ်ဆေးခံခဲ့ရပါတယ်။ ဒီအပတ်ထဲမှာလည်း လူ ၅ ဦးကို သေဒဏ်ပေးပြီး ၁၈ ဦးကို ၁၅ နှစ်အထိ ထောင်ဒဏ်ချမှတ်လိုက်တယ်လို့ အီရန်အစိုးရ ရုပ်မြင်သံကြားမှာ ကြေညာခဲ့ပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ ကနေဒါ သံအမတ်ကြီး ဂျွန်မက်နီး (John McNee) က အီရန်ဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံ လိုက်နာရမယ့် တာဝန်တွေကို ပျက်ကွက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

"ဇွန်လ ၁၂ ရက်သမ္မတ ရွေးကောက်ပွဲနောက်ပိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ပိုပြီးထင်ရှားလာပါတယ်။ အီရန်လုံခြုံရေး တပ်ဖွဲ့တွေ ဆန္ဒပြသူတွေကို အင်အားသုံး နှိမ်နင်းရာက သွေးမြေကျခဲ့တဲ့အထိ ဖြစ်ခဲ့သလို လူအမြောက်အမြားလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ အဖမ်းခံရသူတွေဟာ ညှင်းပန်းနှိပ်စက်တာကို ခံရသလို သူတို့အတွက် ဥပဒေအကျိုးဆောင်တွေ ကိုယ်စားပြုခွင့်လည်း မရခဲ့ပါဘူး။ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ စုဝေးပိုင်ခွင့်နဲ့ ပေါင်းဖွဲ့ပိုင်ခွင့်တွေလည်း သိသိသာသာ တင်းကြပ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။"

ဆက်လက်ပြီး ကနေဒါသံအမတ်ကြီးက အခုလိုဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်နေသ၍ ကုလသမဂ္ဂ အထွေထွေ ညီလာခံအနေနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့ မဖြစ်မနေ ဆက်ပြီး ဖိအားပေး တိုက်တွန်းသင့်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီး မာမွတ် ခါဇာအီ (Mohammad Khazaee) ကတော့ ဒီကုလသမဂ္ဂ ဆုံးဖြတ်ချက်ဟာ နိုင်ငံရေး ပရောဂပါပြီး မုသာဝါဒတွေနဲ့ ပြည့်နေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

"ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ စံချိန်စံနှုန်းတွေကို တဒင်္ဂ အကျိုးအတွက်ပဲ မြင်တတ်တဲ့ နိုင်ငံရေး အတွေ့အကြုံတွေနဲ့  အလွဲသုံးစားပြုတာတွေကြောင့် တန်ဖိုးရှိတဲ့ လူ့အခွင့်အရေး သဘောတရားတွေဟာ နိုင်ငံတချို့အတွက် သူတို့ရဲ့ နိုင်ငံခြားရေး မူဝါဒ ထမြောက်ဖို့ အသုံးပြုစရာ လက်စွဲသာသာလောက်ပဲ ဖြစ်သွားခဲ့ရပါတယ်။ ဒါတွေကြောင့် ဖြစ်ပေါ်လာတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ နိုင်ငံရေးလွန်ဆွဲမှုတွေဟာ ကုလသမဂ္ဂအနေနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို အဓိပ္ပါယ်ရှိရှိ ကာကွယ်မြှင့်တင်နိုင်မယ့် စွမ်းရည်ကို ထိခိုက်စေမှာသာ ဖြစ်ပါတယ်။"

အီရန်လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်မှာ မဲမပေးခဲ့သူတွေနဲ့ ကန့်ကွက်ခဲ့သူတွေ ပြောတာကတော့ နိုင်ငံတချို့ကို သက်သက်မဲ့ ကဲ့ရဲ့ ပြစ်တင်တာကို ဆန့်ကျင်တယ်လို့ ပြောပါတယ်။ တချို့ကတော့လည်း ဒီလို လူ့အခွင့်အရေးကိစ္စတွေကို ဂျနီဗာမြို့မှာရှိတဲ့ ကုလသမဂ္ဂလူ့ အခွင့်အရေးကောင်စီမှာပဲ ဆွေးနွေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုနောက်ဆုံး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၂ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂအနေနဲ့ မဖြစ်မနေ အတည်ပြုရတော့မှာ ဖြစ်ပါတယ်။

ကလေးအခွင့်အရေး ကုလစာချုပ်အနှစ်(၂၀) ပြည့် အထိမ်းအမှတ် ဆင်နွှဲ

ကမ္ဘာ့ကလေးငယ်တွေရဲ့ ရပိုင်ခွင့်ကို ကာကွယ်စောင့်ရှောက်ရေး သဘောတူညီချက် ချမှတ်နိုင်ခဲ့တဲ့ အနှစ် (၂၀) ပြည့် အထိမ်းအမှတ်ကို နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ သောကြာနေ့က ကျင်းပနိုင်ခဲ့သလို ကမ္ဘာ့နိုင်ငံတွေမှာလည်း ကျင်းပခဲ့ကြပါတယ်။ ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကနေ ကလေးများရပိုင်ခွင့် ဆိုင်ရာ သဘောတူညီချက်ကို ချမှတ်နိုင်ခဲ့တာမို့ နှစ်ပတ်လည် အထူးအစီအစဉ်အဖြစ်နဲ့ ကမ္ဘာတ၀ှမ်းက လူငယ်ကလေးတွေ လူမှု လူ့အဖွဲ့အစည်းတွေနဲ့ အစိုးရကိုယ်စားလှယ်တွေ အတူပါဝင်ဆင်နွှဲနိုင်ဖို့အတွက် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ယူနီဆပ်ဖ် (UNICEF) က ဦးဆောင်ပြီး နယူးယောက်မြို့မှာ ကျင်းပခဲ့တာပါ။

ကြာသပတေးနေ့က ယူနီဆပ်ဖ် အဖွဲ့က အစီရင်ခံစာတစောင် ထုတ်ပြန်ရာမှာ လွန်ခဲ့တဲ့ အနှစ် ၂၀ က ချမှတ်ခဲ့တဲ့ သဘောတူညီချက်ကနေ နှစ်စဉ် ၅ နှစ်အောက် ကလေးငယ် သေဆုံးမှုနှုန်း ၂၈ % လျော့ကျစေခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံပေါင်း ၇၀ ကျော်မှာ ဒီသဘောတူညီချက်ကို လက်တွေ့ကျင့်သုံးပြီး ကလေးအလုပ်သမားနဲ့ ကလေးစုစောင်းမှုတွေကို ဥပဒေချမှတ်ပြီး တားမြစ်ခဲ့ကြပါတယ်။

အခုလို တိုးတက်မှုတွေ ရှိလာခဲ့ပေမယ့် ကမ္ဘာ့တ၀ှမ်းက ကလေးသူငယ် သန်းပေါင်း ၂၀၀ လောက်ဟာ အာဟာရ ချို့တဲ့မှု ရှိနေကြတဲ့အပြင် သန်းပေါင်းများစွာဟာလည်း အကြမ်းဖက်မှု ဒဏ်တွေကို ခံနေရတယ်လို့ ဆိုပါတယ်။

ကလေးသူငယ် အခွင့်အရေး မြန်မာတွင် နိမ့်ကျနေဆဲ

ရန်ပိုင်
.ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ သဘောတူညီချက် ချူပ်ဆိုခဲ့သည်မှာ ယနေ့တွင်နှစ် (၂၀) ပြည့်မြောက်သည့် အတွက် စစ်အစိုးရက နေပြည်တော်တွင် အခမ်းအနား ပြုလုပ်ကြောင်း သိရသည်။

ထိုသို့မြန်မာစစ်အစိုးရက အခမ်းအနားပြုလုပ်နေသော်လည်း မြန်မာနိုင်ငံတွင်ကလေးအခွင့်အရေးနှင့် ပတ်သက်၍ တစုံ တရာတိုးတက်မှု မတွေ့ရှိရသေးကြောင်း လူ့အခွင့်အရေး ပညာပေးရေးဌာန(မြန်မာနိုင်ငံ) HREIB အဖွဲ့၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဧရာဝတီကို ပြောသည်။

“ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတယ်၊ သေဆုံးမှုက အရှေ့တောင်အာရှမှာ အမြင့်ဆုံးဖြစ်တယ်” ဟု၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၌ ကလေးသူငယ်များ၏ ပညာရေးကဏ္ဍတွင် ကျောင်းထွက်မှုနှုန်းများ မြင့်မားနေပြီး၊ ကလေးများ အနာဂတ် အတွက် ပညာရေး အရည်အသွေးများ ကျဆင်းနေသည့်အတွက် ဖွံဖြိုးတိုးတက်မှုတွင် နိမ့်ကျလာနေကြောင်းလည်း ဦးအောင်မျိုးမင်းက ထောက်ပြဝေဖန်သည်။

အလုပ်သမားများ အရေးကိုတက်ကြွစွာဆောင်ရွက်ပေးနေသည့် ပဲခူးမြို့မှ ရှေ့နေကြီး ဦးအေးမြင့်ကလည်း မြန်မာနိုင်ငံ တွင် မေလမှ နိုဝင်ဘာလအတွင်း ကျောင်းနေအရွယ်ကလေး ၁၁၂ ဦး အတင်းအဓမ္မ စစ်သားစုဆောင်းခံခဲ့ ရသည်ဟု ဧရာဝတီကို ပြောသည်။

“အခု တနလာင်္နေ့ကတင် ကလေးတွေ မိဘတွေက အိုင်အယ်လ်အို ကို တိုင်ထားသေးတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါကလေးနှစ်ဦးမှာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှ အသက် (၁၅)နှစ်အရွယ်ရှိ မောင်ရဲနောင်ဟိန်းနှင့် ပဲခူးတိုင်း သနပ္ပင်မြို့နယ်မှ အသက် (၁၆)နှစ်ရှိ မောင်ကျော်မင်းဦး တို့ဖြစ်သည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဥပဒေ၌ အသက်၁၈နှစ်အောက် မည်သူကိုမဆို စစ်မှုထမ်းစေ ခြင်းမှ တားဆီးရမည်ဟု ပြဋ္ဌာန်း သတ်မှတ်ထားကြောင်း သိရသည်။

ယမန်နေ့က ပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင်လည်း မြန်မာစစ်အစိုးရအား ကလေး စစ်သား စုဆောင်းမှုနှင့် အသုံးပြုမှု ပပျောက်ရေးအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ကြီးနှင့် ပူးပေါင်းလုပ်ဆောင်ရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။

မြန်မာနိုင်ငံရှိ ကလေးငယ်များသည် စစ်တပ်မှ အဓမ္မစုဆောင်းခြင်းကိုခံနေရသည်သာမက ပညာရေးကိုစွန့်ပစ်ပြီး အန္တရာယ် ရှိသည့် လုပ်ငန်းခွင်များနှင့် ကားဝပ်ရှော့၊ လက်မှုလုပ်ငန်းများ နှင့် လက်ဖက်ရည်ဆိုင်၊စားသောက်ဆိုင်များတွင်ပါ လုပ်ကိုင် နေရကြောင်း ရန်ကုန်မြို့ခံတဦးကလည်းပြောသည်။

“အခုနောက်ပိုင်း လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးတွေတင်မကဘူး၊ ပွဲရုံတန်းတွေဘက်မှာ ကလေးတွေအလုပ်တွေလုပ် နေကြတယ်”ဟု အဆိုပါမြို့ခံကဆိုသည်။

မြန်မာနိုင်ငံသည် ကလေးအခွင့်အရေးစာချုပ်ကို လက်မှတ်ရေးထိုးထားသည်ဆိုသော်လည်း၊ ၎င်းစာချုပ်ပါ အချက် အလက်များကို ပြည်သူလူထုသိရှိစေရန် ပညာပေးမှုနည်းပါးခြင်း၊ အကောင်အထည်ဖော်ဆောင်ရန် အစိုးရ၏ ဘဏ္ဍာ ငွေသုံးစွဲမှုမှာ နည်းပါးခြင်းတို့ကြောင့် ကလေးများ၏ ဘ၀သည်ပီပြင်စွာ ရှင်သန်နိုင်မည်မဟုတ်ကြောင်း ထို့ကြောင့် အနာဂတ် မြန်မာပြည်အတွက် များစွာ ထိခိုက်နစ်နာနိုင်ကြောင်း ဦးအောင်မျိုးမင်းက သုံးသပ်သည်။

ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ကို ကမ္ဘာ့နိုင်ငံအသီးသီးမှ ၁၉၈၉ ခုနှစ်တွင် စတင် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၉၉ ခုနှစ်ရောက်မှသာလျှင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ စာချုပ် တွင်အချက်ပေါင်း (၅၄)ချက်ပါဝင်ပြီး၊ အချက် (၄၀)အထိ ကလေးအခွင့်အရေးဖော်ပြထားပြီး၊ ကျန် ၁၄ချက်သည် အစိုးရ များဘက်မှ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အပိုင်းကို ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

ကလေးသူငယ်၏ အသက် အပိုင်းအခြားကို နိုင်ငံတကာတွင် ၁၈ နှစ်အရွယ်အထိသက်မှတ်ထားပြီး မြန်မာနိုင်ငံတွင်မူ အသက် ၁၆ နှစ်အထိသာ ကလေးအဖြစ်သတ်မှတ်ထားကာ အသက် ၁၆ နှစ်မှ ၁၈ နှစ်အထိ လူငယ်အဖြစ် သတ်မှတ်ထားသည်ဟု သိရသည်။

လက်နက်ကိုင်အကျဉ်းသား ၃၄ဦးကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုမည့်အပေါ် ကေအဲန်ယူ ကြိုဆို

နိုဝင်ဘာလ ၁၉ရက်။
စောခါးစူးညား (ကေအိုင်စီ)
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(ယူအဲန်အိပ်ခ်ျစီအာရ်)က အိန္ဒိယနိုင်ငံကလကတ္တား အကျဉ်းထောင်တွင် နှစ် ရှည် ထိန်းသိမ်းခံရသည့် မြန်မာလက်နက်ကိုင်အဖွဲ့ဝင် ၃၄ဦးကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလက်ခံရန် စဉ်းစားခဲ့သည့် အပေါ် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က ကြိုဆိုလိုက်သည်။

ကေအဲန်ယူ ဒုဥက္ကဌ ပဒိုစောဒေးဗစ်သကဘောက “ဒီလိုဖြစ်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ သူတို့တွေဟာ ဘာအပြစ်မှ ရှိတာမှမဟုတ်တာ။ အိန္ဒိယအစိုးရကို ဆန့်ကျင်တဲ့ပြစ်မှုတွေ တခုမှမရှိဘူး။ အိန္ဒိယဥပဒေအရ ကြည့်မယ်ဆိုရင်လည်း ဘာတခု မှ ချိုးဖောက်ခဲ့တာ မရှိဘူး။ ဒါကြောင့် ဒီလိုပဲ ဖြစ်ရမှာပဲ”ဟု ကေအိုင်စီကို ပြောသည်။ ထို့အပြင် ၎င်းတို့ကို အိန္ဒိယအစိုးရက အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ နှစ်ရှည်အထိန်းသိမ်းခံရသည်က တကြောင်း၊ တရားလို ဘက်မှလည်း တရားစွဲရန် ခိုင်လုံသည့် အထောက်အထားများ မရှိသည့်အပေါ် ယခု အမှုသည် ပြီးဆုံးသင့်သည်မှာ ကြာပြီဖြစ် ကြောင်း သူက ဆက်လက်ပြောဆိုသည်။

ကရင်နှင့် ရခိုင်လက်နက်ကိုင် အကျဉ်းသား ၃၄ဦးကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန် နယူးဒေလီမြို့ရှိ ယူအဲန်အိတ်ခ်ျစီ အာရ်ရုံးသို့ တင်ပြမှုများရှိခဲ့ပြီး အသိအမှတ်ပြု စာရွက်စာတမ်းများ ထုတ်ပေးပြီဖြစ်သည်ဟု သိရသည်။
နအဖ စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)နှင့် ရခိုင်ပြည်အမျိုးသားညီညွတ် ရေးပါတီ(အဲန်ယူပီအေ) တပ်ဖွဲ့ဝင် ၄၀ဦးတို့သည် ၁၉၉၈ ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် အိန္ဒိယပိုင်နက် ဂရိတ်နီကိုဘာကျွန်းစု ထဲမှ လန်းဖောလ်ကျွန်း(Landfall)တွင် လက်နက်နှင့် ခဲယမ်းမီးကျောက်များ ပိုင်ဆိုင်ထားရှိမှု၊ ဖောက်ခွဲရေးပစ္စည်းများ လက် ဝယ်ထားရှိမှု၊ နိုင်ငံခြားသား အက်ဥပဒေအရ အိန္ဒိယနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုတို့ဖြင့် အိန္ဒိယရေတပ် စစ် ထောက်လှမ်းရေးမှ ဖမ်းဆီးခဲ့သည်။
၎င်းတို့အထဲမှ ခေါင်းဆောင်များဖြစ်သည့် ဗိုလ်ခိုင်ရာဇာ၊ ပဒိုမူးရယ် အပါအ၀င် အဖွဲ့ခေါင်းဆောင် ၆ဦးကို သတ်ဖြတ်ခဲ့ကြပြီး ကျန်ရှိသည့် ကေအဲန်ယူအဖွဲ့ဝင် ၁၁ဦးနှင့် အဲန်ယူပီအေအဖွဲ့ဝင် ၂၃ဦး စုစုပေါင်း ၃၄ဦးကို ဂရိတ်နီကိုဘာကျွန်းစုများရှိ ပို့ဘလဲ ယားကျွန်းသို့ စွဲချက်တင်ပို့ဆောင်ကာ အမှုရင်ဆိုင်စေခဲ့သည်။
အိန္ဒိယနိုင်ငံရှိ ဗဟိုထောက်လှမ်းရေးဗျူရို(စီဘီအိုင်)က အဆိုပါအကျဉ်းသားများကို ၆နှစ်ကြာ တရားစွဲဆိုခြင်းမရှိဘဲ ထိန်းသိမ်း ထားကာ ၂၀၀၆ခုနှစ်မှသာ ကာလကတ္တားအကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်။ အိန္ဒိယထောက်လှမ်းရေးအဖွဲ့သည် မြန်မာစစ် အစိုးရ၏ ခိုင်းစေမှုကြောင့် ၎င်းတို့ကို အကွက်ချကာ ကြံစည်ဖမ်းဆီးခဲ့ခြင်းသာဖြစ်သည်ဟု အမှုသည်များက တရားရုံးတွင် ထွက်ဆိုသွားခဲ့သည်။
အဲန်ယူပီအေ၏ ပြောကြားချက်အရ ထိုသူများအား လမ်းဖောလ်ကျွန်းကို အိန္ဒိယဘက်က အသုံးပြုခွင့်ပေးပြီး တရုတ်ရေတပ် လှုပ်ရှားမှုကို အပြန်အလှန် ထောက်လှမ်းပေးပို့ပြီး အခြေချစခန်း တည်ဆောက်ရန် အိန္ဒိယစစ်ထောက်လှမ်းရေး ဗိုလ်မှူးကြီးတ ဦးနှင့် သဘောတူညီချက်ရှိထားသည့်အပေါ် အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ ရောက်ရှိလာရခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ ကရင်နှင့် ရခိုင် အကျဉ်းသားများ၏အမှုကို လွန်ခဲ့သည့် နိုဝင်ဘာ ၁၁ရက်နှင့် ၁၂ရက်နေ့၌ အိန္ဒိယနိုင်ငံ ကလကတ္တား မြို့ရှိ ပရက်စီဒင်စီ(Presidency) တရားရုံးတွင် ကြားနာခဲ့ရာ လာမည့် ဒီဇင်ဘာလ ၁၅ရက်နေ့တွင် နောက်ဆုံး လျှောက်လဲချက် ပေးရမည်ဖြစ်ပြီး စီရင်ချက်ကို ၂၀၁၀ ဇန်န၀ါရီမှသာ ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

Obama leaves Asia empty-handed but raises hopes

2009 November 20 by Larry Jagan

Bangkok (Mizzima) – The United States President, Barack Obama’s has left Asia empty-handed on all the key issues facing the White House. There was little movement on the intractable problems of Burma and North Korea, while thorny bilateral issues with China, Japan and South Korea fared little better. But at least Washington was able to tell Asia’s leaders first-hand that the US approach to the region has changed.

More critically, the new American administration clearly demonstrated it wants to re-engage with South East Asia after eight years of President Bush’s hesitant attitude. The first-ever US-ASEAN summit last weekend in Singapore was another high-profile example of this trend. But it is the shift in policy towards Burma which is the most significant change of all. Analysts and activists alike though are now questioning whether this new strategy is going to produce any concrete results – or fail like all previous international efforts to mediate between the junta and the pro-democracy politicians and parties seem to have.

In recent months the US has begun to talk directly with the generals, which previous administrations had shunned such a move. There has been a series of meetings between senior US diplomats and Burmese government ministers, including the Prime Minister, Thein Sein – in Burma, New York and elsewhere. The most critical meetings were when Assistant Secretary of State, Kurt Campbell visited Burma in early November.

Many expect him to make a follow-up visit before the end of the year. He told members of the National League for Democracy (NLD) led by the detained opposition leader, Aung San Suu Kyi that he would be back in Burma very soon. So far there are no real signs that this is going to happen, and western diplomats in Rangoon are skeptical that a return visit is on the cards in the near future. The main problem is that Burma’s top military leader Than Shwe seems to have cooled on the idea of rapprochement with Washington.

“The ball is now very much in the Burmese court,” said Sean Turnell a Burma expert at Macquarie University in Australia. “Obama’s hand has been extended – will they respond in kind or with the clenched fist,” he told Mizzima.

The US position is crystal clear – previous US policy which relied almost exclusively on sanctions and isolating the regime has failed miserably. It is now time for a new approach, the US secretary of state Hilary Clinton boldly announced earlier this year, one where sanctions were maintained but supplemented by a dialogue with Burma’s military leaders.

There are some observers who believe that actually the US may have misjudged the regime’s interest in cooperating with Washington, while others feel the US is still too absorbed with the fate of the detained opposition leader, Aung San Suu Kyi to be able to have a meaningful dialogue with the generals. The real underlying issue now, is what Washington sees as its end-game.

“The US must decide whether their intervention is to free Aung San Suu Kyi, or help make the situation for the vast majority better than it was,” a senior editor in Rangoon told Mizzima on condition of anonymity. Scot Marciel, the deputy US assistant under-secretary for Asia and Ambassador to ASEAN, who also accompanied Campbell to Burma a few weeks ago, told Mizzima in Bangkok after the visit: “We feel that there are more than 50 million people in the country who deserve the efforts of the international community to try to help bring about progress and we’re very committed to that.”

“Dialogue is not an end in itself,” Marciel stressed. “There has to be concrete results.”

This is where all previous efforts to engage the regime have come unstuck. Far too often the key aim seems to have been to free Suu Kyi from detention, with some lip-service being given to releasing all political prisoners. The UN envoy to Burma, Razali Ismail, still sees the Nobel Laureate’s release in May 2002, in which he played an instrumental role behind the scenes, as the pinnacle of his mission.

If the US consciously takes the same view, their efforts to start a dialogue between Suu Kyi and the generals will fare no better than the numerous attempts, largely led by the UN, in the past two decades to do the same. “The two sides are on entirely different wave-lengths and there is a huge amount of mutual distrust,” said Thant Myint U, a former UN official, now historian and author of the award-winning book on Burma, “A River Of Lost Footsteps”.

“At best we’re at a confidence-building stage,” he told Mizzima. “If we aim for a break-through on the most difficult issues – such as relations between the junta and Daw Aung San Suu Kyi – I’m afraid we’re bound for a big disappointment.”

He believes the international community must take a much longer-term approach, in the interest of bringing about real improvements for the ordinary Burmese people. But time is running out – elections will be held next year no matter what, and changes to the constitution, approved in last year’s sham referendum, are out of the question. And unless there are significant incentives for the junta leaders to appease the Americans, it may be too late to influence what happens in the coming months.

“Than Shwe may feel there is no need to make any concessions, unless he wants to please the Americans,” according to the former British ambassador to Thailand and Vietnam, and now Burma watcher, Derek Tonkin. “It could now be only six months to the elections,” he warned.

The joint statement after the US-ASEAN summit last week, in which neither Aung San Suu Kyi nor political prisoners were expressly mentioned, is a good yard-stick of the new international consensus that has merged with this new American tact.

The statement emphasized two things: that the 2010 elections must be conducted in a free, fair, inclusive and transparent manner in order to be credible to the international community; and urged junta “to help create the conditions for credible elections, including by initiating a dialogue with all stakeholders to ensure that the process is fully inclusive.”

All Asian leaders and Washington are now singing from the same hymn book. ASEAN leaders, led by Thailand’s Prime Minister Abhisit Vejjajiva (as the current chairman of the regional grouping), have repeatedly advised the junta leaders that the elections had to credible.

China too is on board with this approach. “China adheres to the principle of national reconciliation and unity, by promoting political dialogue and consultation between the Government and the opposition,” said the Chinese academic and Burma watcher, Dr Li Xuecheng at the Chinese Institute of Strategic Studies. “China is willing to work together with all the relevant parties, including opposition political parties, to make the 2010 elections a success,” Li told Mizzima.

But while there seems to be general agreement that national reconciliation and inclusive elections are essential if Burma is ease its international isolation, there is no blue-print for what that means in reality. “The Obama administration has yet to spell-out what they mean by free and fair elections,” David Steinberg a professor at Georgetown University in Washington and author of numerous books and academic articles on Burma told Mizzima.

“Does that mean Aung San Suu Kyi being allowed to run or campaign? The NLD being able to contest the elections? Fair campaigning and the open printing and distributing of campaign literature?” he asked. “Unfortunately everything still remains open to interpretation.”

For years Suu Kyi has said her freedom was far less important than establishing a genuine dialogue between the pro-democracy movement and the junta. The US may now have also signed up to this approach. But words alone are not enough. “Senior General Than Shwe will never reveal his hand, he will never disclose his wish list,” said a senior Burmese academic. “Rather, it is up to Daw Aung San Su Kyi to imagine what he wants so she will not hurt his strategy for the future,” he said.

For her part Suu Kyi continues to try to coax the reclusive generals into talking directly to her. Her latest letter to Than Shwe asking for a meeting was a sincere offer for talks to explore ways she might be able help the national conciliation process. “It shows she has changed and is prepared to compromise and not constantly take the high moral ground,” said Justin Wintle, the British writer, who wrote the biography of Suu Kyi, “Perfect Hostage”.

“This process, encouraged by the US change of policy, is the most exciting thing to happen in Burma for years – there is now a real possibility of dialogue,” he added.

But others are less sanguine. “Daw Suu’s latest letter is unlikely to mollify Than Shwe all that much,” Tonkin warns. “It is set at the ‘we are equals’ level where Than Shwe unfortunately has all the power and is operating from a position of strength, not weakness.”

Many analysts inside Burma fear that the process may prove to be dead in the water unless Suu Kyi is able to offer Than Shwe something tangible which would allay his fears that she was not intent on disrupting the forthcoming elections. There are some who say she should resign from the National League for Democracy as a gesture of goodwill – and perhaps follow the approach of Nelson Mandela in South Africa, or Xanna Gusmao in Timor Leste.

But there is an alternative – the Sonia Gandhi syndrome. The Italian-born wife of the assassinated Indian Prime Minister and leader of the Congress party refused to become Prime Minister or take a ministerial post in the Congress government when it won the national elections a few years ago. She did so to avert a bitter and protracted constitutional wrangle with the opposition Hindu-fundamentalist party the BJP. But she remained the leader of the party, and so a powerful influence behind the scenes – later she became a back-bencher.

This is an option Suu Kyi could take now – assure the senior general that she did not want to contest the elections or be considered for political office. She could offer her services to help the transition to a civilian government. There is little doubt that Than Shwe will not let her run anyway or even be involved in the campaigning.

“I would say she will not be allowed to campaign before the elections, and under the constitution she cannot run, and I see no way the junta will change that constitution in any provision prior to the new Hluttaw [parliament] being seated,” Steinberg told Mizzima.

The future is likely to become clearer in the next few weeks – after the State Peace and Development Council [SPDC] quarterly meeting and the United Solidarity and Development Association [USDA] Congress in Naypyidaw next week. The USDA is expected to announce the formation of its political party, and the electoral law is expected to be rolled out in the coming weeks. An interim cabinet – which has already been dubbed as the interim government — is also to be announced before the end of the year, according to Burmese government sources.

During this time the international community and Asian leaders in particular, will be watching to see what signs there are, if any, that the opposition will be involved in the process. At the very minimum Suu Kyi must be allowed to meet all the other NLD central executive members, as requested in her latest letter to Than Shwe. But the only clear sign that the regime is taking any notice of the US and ASEAN’s concern on board, would be a meeting between her and Than Shwe.

“The ball is firmly in Than Shwe’s court,” said the economist and Burma specialist, Sean Turnell at Macquarie University in Australia. “But it was a blow that he avoided seeing the US delegation earlier this month.”

“He’s using various underlings to keep the music playing in the hope he can get away with doing nothing beyond entrenching his power, legacy and his family’s security,” Turnell told Mizzima. “I think he wants to have nothing to do with Daw Aung San Suu Kyi – but may be prepared to go through the motions if it buys him time.”

37 villagers detained by IB 31 in Khawza Sub-Township

Around 37 villagers from Yinyae village, located in Khawza Sub-Township in Southern Ye Township, have been detained by Infantry Battalion (IB) No 31; the battalion is based Khawza Sub-Town. The villagers in question have been held in the IB 31 camp since November 10th of this year.
The Independent Mon News Agency (IMNA) reported on October 28th of this year about the October 25th detainment of the Yinyae villagers by the Nai Bin armed group. According to IMNA’s report, over 30 villagers from Yinyae were seized on the night of the 25th, and forced to collectively contribute three millions kyat for ransom. The following day, on the 26th of October, IB 31 entered the village and rebuked the newly-released hostages for paying off their captors.
According to a village resident, on the morning of November 10th around 25 soldiers from IB No. 31, lead by Captain Wai Linn Myo, again arrived in Yinyae village. The troops arrested 37 villagers, including the village headman and the individuals who’d been held hostage by the Nai Bin group, and marched their detainees to a football field near the village entrance. This source reports that the IB 31 soldiers beat, shouted at, and harassed the detained villagers under the hot sun until 1 pm, when the soldiers moved the arrested villagers to the IB No.31 camp.
According to Nai Nyan, a Yinyae resident, the detained villagers have yet to be released from the camp.
“We villagers who live in the southern part of Ye Township have to listen to both sets of orders, if we deny one [group] we surely will have problems. We don’t know what we should do. Neither group can protect our lives, we only take care of ourselves,” Nai Nyan added.
Villagers in the region are often caught in the crossfire between the Burmese Army and various rebel groups, and attempts to pacify both forces frequently backfire. HURFOM’s November 9th article covered the deaths of four village leaders in Yebyu Township, who were killed in a “power struggle” between the Nai Chan Dein rebel group and the LIB 107.
Yinyae villagers told HURFOM’s reporter that residents are willing to pay IB 31 the same sum of money given to the Nai Bin group, in exchange for an end to the battalion’s harassment.

မြန်မာ လူ့အခွင့်အရေးချိုးဖောက်မှု ကုလ ရှုတ်ချ

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တရပ်ကို ကုသလမဂ္ဂ အထွေထွေညီလာခံက ချမှတ် လိုက်ပါတယ်။ ၁၈၃ နိုင်ငံ တက်ရောက်ကြတဲ့အနက် ထောက်ခံမဲ ၉၂ မဲ၊ ကန့်ကွက်မဲ ၂၆ မဲ၊ ကြားနေမဲ ၆၅ မဲ နဲ့ ဆုံးဖြတ်ချက် အတည်ဖြစ်သွားပါတယ်။ အကြောင်းစုံကို ဦးကျော်ဇံသာ က အစီရင်ခံထားပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဌ က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ် ဆိုတဲ့ အဆိုပြုချက်ကို ဘယ်လောက် ထောက်ခံကြပါသလဲ၊ ဘယ်သူ ကန့်ကွက်သလဲ၊ ဘယ်သူ ကြားနေမလဲ ဆိုတဲ့မဲတွေကို ကောက်ယူပြီးတော့ အခုလို မဲရလဒ်ကို ကြေညာခဲ့တာဖြစ်ပါတယ်။

"ထောက်ခံမဲ ၉၂ မဲ၊ ကန့်ကွက်မဲ ၂၆ မဲ၊ ကြားနေမဲ ၆၅ မဲ ရှိခဲ့ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုကို ကန့်ကွက်ရှုတ်ချတဲ့ အဆိုပြုချက်ဟာ အတည်ဖြစ်ပါတယ်။"

အဲဒါကတော့ မနေ့က ညနေပိုင်းက ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယ ကော်မတီမှာ ပြုလုပ်ခဲ့တဲ့ စည်းဝေးပွဲရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒီပြဌာန်းချက် မူကြမ်းကို ဥရောပနိုင်ငံတွေ ပါဝင်တဲ့ ဥရောပ သမဂ္ဂအဖွဲ့နဲ့၊ အစ္စရေးနိုင်ငံ တို့က ပူးတွဲပြီး အဆိုပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအဆိုပြုချက်ကို အဆိုရှင်နိုင်ငံများရဲ့ ကိုယ်စား ဆွီဒင်နိုင်ငံ ကိုယ်စားလှယ် သံအမတ်ကြီးက အခုလို ဖတ်ကြား တင်သွင်းခဲ့တာဖြစ်ပါတယ်။

"လွတ်လပ်၊ တရားမျှတ၊ ပွင့်လင်းမြင်သာပြီး လူတိုင်းပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်အောင် လိုအပ်တဲ့ လုပ်ရပ်တွေကို ချက်ချင်းစတင်ဆောင်ရွက်ဖို့ မြန်မာစစ်အစိုးရကို အလေးအနက် တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ ဆိုးရွားနိမ့်ကျဆဲ ဆိုတာကို ထောက်ပြလိုပါတယ်။ ဒေါ်အောင်ဆန်ုးစုကြည် အပါအ၀င် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူပေါင်း ၂,၀၀၀ ကျော် ရှိနေပြီးတော့ လွတ်လပ်စွာ စုဝေးခွင့်၊ ဖော်ထုတ် ပြောကြားခွင့်တွေကိုလည်း တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားခြင်း ခံနေရပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်လုပ်နေဆဲလည်း ဖြစ်ပါတယ်။ လူ့အခွင့်အရေး အခြေအနေတွေ သိသိသာသာ တိုးတက်ကောင်းမွန်လာခြင်း မရှိသေးဘဲနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။"

မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုကို ရှုတ်ချတဲ့အဆိုပြုချက်ကို ဥရောပ သမဂ္ဂနဲ့ ပူးတွဲတင်သွင်းတဲ့ အစ္စရေးနိုင်ငံ တို့ရဲ့ ကိုယ်စား ဆွီဒင်နိုင်ငံ သံအမတ်ကြီးက ဖတ်ကြားသွားတာဖြစ်ပါတယ်။ အဲဒီလို ဖတ်ကြားပြီးတဲ့နောက်မှာ ကန့်ကွက်တဲ့ နိုင်ငံတွေ၊ အဓိကအားဖြင့်တော့ မြန်မာနိုင်ငံ စစ်အစိုးရ ကိုယ်စားလှယ်က ကန့်ကွက်ပါတယ်။ မြန်မာစစ်အစိုးရ သံအမတ်ကြီး ဦးသန်းရွှေက ဒီ ပြဌာန်းချက်ဟာ ခေတ်နဲ့မလျော်ညီတော့တဲ့ ပြဌာန်းချက်၊ ဆုံးဖြတ်ချက် ဖြစ်တယ် ဆိုပြီးတော့ အခုလို ကန့်ကွက်ပါတယ်။

"အီးယူတင်ပြတဲ့ ပြဌာန်းချက် မူကြမ်းဟာ အခြေအနေနဲ့ လွဲလျော်ပြီး အမှားအယွင်းတွေ အတော်များနေပါတယ်။ ပထမဆုံး ပြောချင်တာကတော့ ကျနော်တို့ ခေတ်နဲ့ မကိုက်ညီပါဘူး။ ဒီကနေ့ ကမ္ဘာပေါ်မှာ နှစ်ဖက်စလုံး အရှုံးပေါ်စေမယ့် လုပ်ရပ်မျိုးဟာ အလုပ်မဖြစ်တော့ပါဘူး။ မြန်မာနိုင်ငံ ဒါမှမဟုတ် နိုင်ငံတခုခုရဲ့ လူ့အခွင့်အရေး အခြေအနေကို ဥရောပ သမဂ္ဂက တကယ် စိုးရိမ်မကင်း ဖြစ်ခဲ့ရင် အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုမျိုးသာ လုပ်သင့်ပါတယ်။"

ပြုသဘောဆောင်တဲ့ ချဉ်းကပ်ဆောင်ရွက်မှုမျိုး လုပ်သင့်တယ်ဆိုပြီးတော့ အဲဒီအဆိုပြုချက်ကို ကန့်ကွက်ကြတဲ့ နိုင်ငံတွေကတော့ မြန်မာစစ်အစိုးရ မိတ်ဆွေများ ဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ အာဆီယံ နိုင်ငံတွေလည်း ပါဝင်ကြပါတယ်။ သူတို့က အပြုသဘောဆောင်တဲ့အနေနဲ့ ချဉ်းကပ်ကြဖို့ အဆိုပြုခဲ့ကြတဲ့ တင်ပြခဲ့ကြတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုပြုချက်ကို ထောက်ခံသွားတဲ့ နိုင်ငံထဲမှာ ဂျပန်နိုင်ငံလည်း ပါဝင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ရပ်တည်ချက်ကတော့ -

"ဒီအဆိုပြုချက်ကို ဂျပန်နိုင်ငံက ထောက်ခံပါတယ်။ အထူးသဖြင့် ဒီအဆိုပြုချက်ဟာ နိုင်ငံတကာရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ သဘောထားကို လုံးဝ ထင်ဟပ်နေတာဖြစ်ပါတယ်။"

ဒီလို မြန်မာနိုင်ငံစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို ဂျပန်နိုင်ငံက ရှုတ်ချတဲ့နေရာမှာ ပါဝင်ထောက်ခံပေမယ့်လည်း မြန်မာနိုင်ငံကိုတော့ ဆက်လက်ပြီးတော့ အကူအညီတွေပေးမယ်။ လူသားချင်းစာနာမှု အထောက်အပံ့တွေအပြင် မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်စေဖို့ ပံ့ပိုးမှု အကူအညီတွေကိုလည်း ပေးသွားမယ်ဆိုတဲ့အကြောင်း၊ ဂျပန်နိုင်ငံအနေနဲ့ ဒီလို အကူအညီမျိုး ပေးဖို့အတွက် ဘယ်တော့မှာ တွန့်ဆုတ်မှာမဟုတ်ဘူးလို့လည်း ဂျပန်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က ပြောကြားသွားပါတယ်။

ဒီလို အဆိုပြုချက်မျိုးကို ကုလသမဂ္ဂ အထွေထွေညီလာခံက အရင်ကလည်း မကြာခဏ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ non-binding resolution လို့ခေါ်ပါတယ်။ အတင်းအကျပ် လိုက်နာစေရမယ်ဆိုတဲ့ သတ်မှတ်ထားတဲ့ ပြဌာန်းချက်မျိုးတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဒီလို ပြဌာန်းချက်ဟာ သိပ်ပြီးတော့ အရေးမပါဘူး၊ နှစ်ပေါင်းများစွာ ပြဌာန်းလာခဲ့၊ ချမှတ်လာခဲ့ပေမယ့် ဘာမှမထူးဘူးလို့ ဝေဖန်သူတွေကလည်း ရှိပါတယ်။ သို့ပေမယ့်လည်း နိုင်ငံရေးအားဖြင့်တော့ အင်မတန် လေးနက်တဲ့သဘောကို ဆောင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

မိုက်ကယ်လန်းစ် တေးဂီတအဖွဲ့ မြန်မာပြည် လာမည်

မဇ္ဈိမ
ကမ္ဘာ့နာမည်ကြီး ဂီတအဖွဲ့ တခုဖြစ်သည့် မိုက်ကယ်လန်းစ်တူရော့ခ် (Michael Learns to Rock) သည် စီးပွါးရေး လုပ်ငန်းကြီးတခုဖြစ်သည့် ထူးထရေဒင်း၏ ကမကထပြုမှုဖြင့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက် ဖျော်ဖြေမည် ဖြစ်သည်။

၂၀၀၈ ခုနှစ် မေလအတွင်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသအတွင်း တိုက်ခတ် ဖျက်ဆီးသွားခဲ့သည့် နာဂစ်ဆိုင်ကလုံး မုန်တိုင်းကြီး၏ မုန်တိုင်း ဒုက္ခသည်များအတွက် ရန်ပုံငွေ တေးဂီတပွဲအတွက် စီစဉ်ပြီး ဖြစ်ကြောင်းနှင့် အာဏာပိုင်များ၏ ခွင့်ပြုချက် ရရှိရန် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ရန်ကုန်ရှိ ထူးထရေဒင်း ကုမ္ပဏီမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ဗုဒ္ဓဟူးနေ့က ပြောသည်။

`ကျနော့်အထက် အရာရှိတွေက တေးဂီတအဖွဲ့နဲ့ ဆက်သွယ် ဆောင်ရွက်နေပါတယ်။ ဒီ MTLR တေးဂီတအဖွဲ့ကလည်း မြန်မာပြည်ကို လာရောက်ဖျော်ဖြေဘို့ မူအားဖြင့် သဘောတူညီထားပါပြီ´ ဟု သူက ပြောသည်။

ဤကမ္ဘာ့နာမည်ကြီး ပေါ့ဂီတအဖွဲ့သည် မြန်မာနိုင်ငံသို့ ပထမဆုံးလာ ရောက်ဖျော်ဖြေမည့် ဂီတအဖွဲ့ ဖြစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံး အတွင်းရေးမှူး မောင်သစ်မင်းက ပြောသည်။

`အစီအစဉ်အတိုင်း လုပ်ဖြစ်မယ်ဆိုရင်တော့ ဒါ မြန်မာနိုင်ငံကိုလာတဲ့ ပထမဆုံး နိုင်ငံတကာ ပေါ့တေးဂီတအဖွဲ့ ဖြစ်မှာဘဲ´ ဟု မောင်သစ်မင်းကပြောပြီး ဤသို့ နိုင်ငံခြား တီးဝိုင်းတဝိုင်း လာရောက် ဖျော်ဖြေခြင်းကို ပရိသတ်ကလည်း အလွန်အမင်း စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည် ဟုဆိုသည်။

ဒီဇင်ဘာလအတွင်း ကျင်းပရန် စီစဉ်ထားပြီး ပွဲစီစဉ်သူများက မြန်မာနိုင်ငံ လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်ဟု ဆိုသည်။

ပွဲမှရရှိသည့် ငွေများကို ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသအတွင်း မုန်တိုင်းခို အဆောက်အဦများ ဆောက်လုပ်နိုင်ရေးအတွက် လှူဒါန်းမည်ဖြစ်သည်ဟု ထူးထရေဒင်း ကုမ္ပဏီအရာရှိ တဦးက ပြောသည်။

ဤဂီတအဖွဲ့တွင် အဆိုတော်များအဖြစ် Jascha Richter, Kare Wanscher, Mikkel Lentz တို့ ပါဝင်မည် ဖြစ်သည်ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

MLTR အဖွဲ့၏ Sleeping Child, 25 Minutes, Take me to Your Heart, Blue Night, Paint My Love တေးသီချင်းများသည် မြန်မာပရိသတ်များအကြား ရေပန်းစားသည်။

ဆိုရလွယ်ကူသော ဂီတသံစဉ်များကြောင့် MLTR ၏ သီချင်းများသည် မြန်မာပရိသတ်များအကြား အလွယ်တကူ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့သည်။

MLTR အဖွဲ့၏သီချင်းများကို မြန်မာပြန်ဆို သီဆိုနေသော မြန်မာအဆိုတော်များ၏ ပွဲဦးထွက် တေးအယ်လ်ဘမ်များလည်း ယခုထိ ဆက်လက် ထွက်ရှိနေဆဲ ဖြစ်သည်။

(ဆလိုင်းဟန်သာစန်း သတင်းပေးပို့၍ မုံပီး ရေးသား တည်းဖြတ်သည်)

ချင်းလူမျိုးများ ဒုတိယအကြိမ် ချင်းအမျိုးသား ညီလာခံအတွက် စုရုံးရောက်ရှိ

ဆလိုင်းပီပီ
စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲအတွက် စိုင်းပြင်းနေချိန်တွင် ကမ္ဘာတဝှန်းမှ ချင်းတိုင်းရင်းသား ခေါင်းဆောင်များကလည်း ချင်းအမျိုးသားတို့၏ အနာဂတ်နိုင်ငံရေး လမ်းကြောင်းကို ဆွေးနွေးရန် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ် မီဇိုရမ်၏ မြို့တော် အိုက်ဇောတွင် စုရုံးရောက်ရှိနေသည်။

နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့၊ ကျောင်းသားများ၊ ပညာရှင်များ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် ဖွဲ့စည်းထားသော ချင်းအမျိုးသားကောင်စီ (CNC) ၏ ပြောရေးဆိုခွင့်ရှိသူ ရာလ်နှင်းက သူတို့သည် ချင်းအမျိုးသားတို့၏ အနာဂတ်နိုင်ငံရေး လမ်းကြောင်းကို ဆွေးနွေးနိုင်ရန် ဒုတိယအကြိမ်မြောက် ချင်းအမျိုးသားညီလာခံတွင် စုရုံးရောက်ရှိနေကြပြီဟု ပြောဆိုလိုက်သည်။

အိန္ဒိယ-မြန်မာ နယ်စပ်တနေရာတွင် ယခုလ ၁၈ ရက်နေ့မှ ၂ဝ ရက်နေ့အထိ ကျင်းပမည့် ချင်းအမျိုးသားညီလာခံသို့ ဂျာမဏီ၊ အမေရိကန်၊ ကနေဒါနှင့် အခြားနိုင်ငံများ စသော အလွန်ဝေးကွာသည့် နေရာများမှ ကိုယ်စားလှယ်များပင် လာတက်ကြသည်။

''ညီလာခံမှာ အဓိကဆွေးနွေးမယ့် အကြောင်းအရာက ၂ဝ၁ဝ ရွေးကောက်ပွဲတွေပဲ ဖြစ်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်'' ဟု ရာလ်နှင်းက ပြောသည်။

ဤဒုတိယအကြိမ်မြောက် ချင်းအမျိုးသားညီလာခံသို့ CNC အဖွဲ့ဝင်များနှင့် အကြံပေးများကိုသာ ဖိတ်ကြားကြောင်း သူက ပြောသည်။ ညီလာခံသို့ တက်ရောက်သည့် CNC အကြံပေးတဦးမှာ ဟန်ညောင်ရွှေ ဖြစ်သည်။ သူသည် ရှမ်းတိုင်းရင်းသားတဦးဖြစ်ပြီး၊ မြန်မာနိုင်ငံ ပထမဆုံးသမ္မတကြီး စဝ်ရွှေသိုက်၏ သားဖြစ်ကာ ဘရပ်ဆဲလ်ရှိ ယူရိုဘားမားရုံး (EBO) ညွှန်ကြားရေးမှူးလည်း ဖြစ်သည်။

ဤသို့ CNC အဖွဲ့ဝင်များနှင့် အကြံပေးများကိုသာ ဖိတ်ကြားသဖြင့် ချင်းအမျိုးသားများကြား၌ စိတ်ဝမ်းကွဲပြားမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။ တက်ကြွလှုပ်ရှားသူ အများအပြားက ဤညီလာခံသည် တရားမဝင်ကြောင်းနှင့် ဤညီလာခံက သူတို့၏ နိုင်ငံရေးကံကြမ္မာကို ဆုံးဖြတ်မည်ကိုလည်း ခွင့်မပြုနိုင်ကြောင်း ပြောဆိုကြသည်။

CNC ကို ၂ဝဝ၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပထမအကြိမ် ချင်းအမျိုးသားညီလာခံကို အိန္ဒိယ အရှေ့မြောက် ပြည်နယ်တခုဖြစ်သော မဏိပူရှိ ‘Mount Sinai’ တွင် ကျင်းပပြုလုပ်ခဲ့သည်။ CNC ၏ ပင်မအဖွဲ့အစည်းများတွင် ချင်းအမျိုးသားတပ်ဦး (CNF)၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)၊ မရာပြည်သူ့ပါတီ (MPP)၊ ဇိုမီးအမျိုးသားကွန်ဂရက် (ZNC) တို့ ပါဝင်သည်။

CNLD, MPP, ZNC တို့မှာ ၁၉၉ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ ရှိကြသည့် နိုင်ငံရေးပါတီများဖြစ်ကြပြီး၊ CNF မှာ ၁၉၈၈ ခုနှစ်တွင် ကျောင်းသားများ ဦးဆောင်သည့် လူထုအုံကြွမှုကို စစ်အစိုးရက ရက်စက်စွာ နှိမ်နင်းခဲ့ပြီးနောက် ချင်းကျောင်းသားများနှင့် လူငယ်များက ဖွဲ့စည်းခဲ့သည့် လက်နက်ကိုင် ခုခံဆန့်ကျင်ရေး အဖွဲ့တခု ဖြစ်သည်။

ညီလာခံအတွင်း ရာလ်နှင်းက CNC ၏ ဖွဲ့စည်းပုံကို လူထုအခြေပြု အဖွဲ့အစည်းများ၊ ကျောင်းသား လူငယ်အဖွဲ့အစည်းများတို့ဖြင့် ပင်မအဖွဲ့အစည်းဝင်များအဖြစ် တိုးချဲ့ဖွဲ့စည်းရန်ရှိသည်ဟု ပြောဆိုခဲ့သော်လည်း ချင်းတိုင်းရင်းသား ချိုမျိုးနွယ်စုများနှင့် ဖွဲ့စည်းထားသည့် ချိုတိုင်းရင်းသားကောင်စီ (CEC) ၏ ဥက္ကဋ္ဌ ကီးလဲအောင်ကမူ ချင်းတိုင်းရင်းသား အားလုံးအကြား ညီတူညီမျှ ကိုယ်စားပြုခွင့် မရရှိသည့်အတွက် CNC ၏ လက်ရှိမူဝါဒများကို သူတို့ သဘောမတူနိုင်ကြောင်း ပြောကြားသည်။

အိန္ဒိယအရှေ့မြောက်ပြည်နယ်များ၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသည့် မြန်မာနိုင်ငံ အနောက်မြောက် ချင်းပြည်နယ်တွင် ချင်းတိုင်းရင်းသားမျိုးနွယ်စု ၅ဝ ကျော် နေထိုင်ကြသည်။ ယင်းတွင် မျိုးနွယ်စုငယ်များ၊ ဆွေမျိုးစုများလည်း ထပ်မံပါရှိသည်။ ယင်းကြောင့် ကွဲပြားသော မျိုးနွယ်စုများအကြား ပဋိပက္ခများ မကြာခဏ ဖြစ်ပွားစေခဲ့သည်။

''သူတို့က သူတို့အဖွဲ့ကို ချင်းအမျိုးသားကောင်စီလို့ ခေါ်ပေမယ့် ချင်းမျိုးနွယ်စုအားလုံးကို ကိုယ်စားမပြုဘူး။ CNC ဟာ မျိုးနွယ်စုအခြေခံတဲ့ အဖွဲ့အစည်းဖြစ်သင့်ပြီး ညီတူညီမျှ ကိုယ်စားပြုခွင့်လည်း ရှိသင့်ပါတယ်'' ဟု ကီးလဲအောင်က ပြောသည်။

၂ဝဝ၆ ခုနှစ် ပထမအကြိမ်မြောက် ချင်းအမျိုးသားညီလာခံတွင် စတင်ဖွဲ့စည်းစဉ်ကတည်းက CNC သည် ဆန့်ကျင်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ကျောင်းသားလူငယ် အဖွဲ့အစည်းကဲ့သို့သော အဖွဲ့များက CNC ဖွဲ့စည်းပုံကို သဘောမတူကြဘဲ ညီလာခံဆုံးဖြတ်ချက်များကို လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့သည်။

ချင်းတိုင်းရင်းသား မတူမျိုးနွယ်စု လူငယ်များနှင့် ဖွဲ့စည်းထားသည့် နယူးဒေလီအခြေစိုက် မတူလူငယ်အဖွဲ့ (MYO) ၏ ဥက္ကဋ္ဌ ဗန်တူးကလည်း သူတို့အဖွဲ့ကို လျစ်လျူရှုထားကာ ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည့် ဒုတိယအကြိမ် ချင်းအမျိုးသား ညီလာခံသို့ ဖိတ်ကြားခြင်း မရှိခဲ့ကြောင်း အင်္ဂါနေ့က မဇ္ဈိမကို ပြောသည်။

CNC ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည့် ပထမအကြိမ် ညီလာခံဆုံးဖြတ်ချက်ကို လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့ခြင်းကြောင့် သူတို့ မတူအဖွဲ့ကို တမင်တကာ ချန်ထားခဲ့သည်ဟု ခံစားရကြောင်း သူက ပြောသည်။

''ချင်းတိုင်းရင်းသား မျိုးနွယ်စုတွေအကြား ညီတူညီမျှ ကိုယ်စားပြုခွင့် မရဘူးဆိုတာ တွေ့ရလို့ ပထမအကြိမ် ညီလာခံဆုံးဖြတ်ချက်တွေကို ကျနော်တို့ လက်မှတ် မရေးထိုးခဲ့တာပါ'' ဟု သူက ပြောသည်။

ချင်းတိုင်းရင်းသားများအကြား မျိုးနွယ်စုများ အားလုံးပါဝင်နိုင်ရန် CNC ကို သူတို့၏ မူဝါဒများ ပြင်ဆင်ရန်လည်း သူက တိုက်တွန်းလိုက်သည်။ ''အခုလောလောဆယ်တော့ မတူ၊ ချို၊ ခူမီးတို့လို မျိုးနွယ်စုတွေအတွက် ကောင်းမွန်သင့်တော်တဲ့ ကိုယ်စားပြုမှု မရှိဘူး'' ဟု သူက ပြောသည်။

CNC ပြောရေးဆိုခွင့်ရှိသူ ရာလ်နှင်းကမူ CNC သည် ချင်းအမျိုးသားလှုပ်ရှားမှုအတွင်း တစထက်တစ တိုးတက်ဖြစ်ထွန်းလာခြင်းဖြစ်ကြောင်းနှင့် အိန္ဒိယမြန်မာနယ်စပ်ရှိ ဗစ်တိုးရီးယားစခန်းတွင် ကျင်းပသည့် ချင်းအမျိုးသားများကြား အများသဘောတူညီမှု တည်ဆောက်ရေး နှီးနှောဖလှယ်ပွဲ ‘Seminar on Chin Consensus Building’ သို့ တက်ရောက်သည့် ကိုယ်စားလှယ် ၉၅ ဦး လက်မှတ်ရေးထိုးခဲ့သည့် ၂ဝဝ၄ ဧပြီ ဗစ်တိုးရီးယား သဘောတူညီချက်ကို အခြေခံပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ဤသဘောတူညီချက်တွင် ရည်မှန်းချက် ၄ ခု ပါရှိသည်။ စစ်အစိုးရဆန့်ကျင်ရေး တိုက်ပွဲတွင် ပူးပေါင်းဆောင်ရွက်ရန်၊ လွတ်လပ်မှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အတူတကွ လက်တွဲ ဆောင်ရွက်ရန်၊ ချင်းအမျိုးသားများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဖွံ့ဖြိုးရေးနှင့် ညီညွတ်ရေးအတွက် ဆောင်ရွက်ရန်တို့ ဖြစ်ကြသည်။

''ကျနော့်ရဲ့ ပုဂ္ဂလိကအမြင်အရတော့ တော်လှန်ရေး လှုပ်ရှားမှုအတွင်းမှာ ညီတူညီမျှ ကိုယ်စားပြုမှုဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အတူတကွ လက်တွဲလုပ်နိုင်မယ့် ကောင်းမွန်တဲ့ မူဝါဒမျိုးကိုသာ ရေးဆွဲချမှတ်သွားမှာ ဖြစ်ပါတယ်'' ဟု ရာလ်နှင်းက ပြောသည်။

CNC သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုး ၇ မျိုးဖြစ်သည့် ရခိုင်၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်းနှင့် မွန်လူမျိုးတို့ ကိုယ်စားပြုထားသည့် ထီးရိပ်အဖွဲ့အစည်းတခုဖြစ်သော တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) ပြည်ပအခြေစိုက် အဖွဲ့အစည်းကြီး၏ အဖွဲ့ဝင်အဖွဲ့အစည်းတခု ဖြစ်သည်။

(မုံပီး တည်းဖြတ်သည်)