Saturday, June 20, 2009
ဗမာစကား မတတ်မြောက်၍ ရွာသားများ မကြာခဏ ထွက်ပြေးနေရ
ပါးရယ်/ ဇွန် ၁၉၊ ၂၀၀၉
ကရင်နီပြည်နယ် ရှားတောမြို့နယ်အတွင်းရှိ ရွေ့ပြောင်းရေးစခန်းများမှ မူရင်းကျေးရွာသို့ ပြန်လည် နေထိုင်ကြသော အချို့ဒေသခံပြည်သူများသည် ဗမာစကား ကျွမ်းကျင်စွာ မတတ်မြောက်၍ မကြာခဏ ကျေးရွာမှထွက်ပြေး တိမ်းရှောင် နေကြရသည်ဟု ထိုဒေသသို့ သွားရောက်မြင်တွေ့ သူများကပြောသည်။
“တချို့က ဗမာစကား မပြောတတ်ကြဘူး၊ စာလည်း ဘာမှ မတတ်ကြတော့ စစ်တပ်တွေ ရောက်လာရင် သူတို့ စကားများတယ်၊ သူတို့ ပြောပြီး၊ စစ်တပ်တွေနဲ့ စကား မပြောချင်ကြဘူးပေါ့၊ ခဏနေ ကျနော်တို့ကို များများ မေးရင် ပြန်မပြောတတ်ဘူးဆိုရင် ကျနော်တို့ကို ရိုက်မယ်၊ ဖိနှိပ်မယ် ပြောကြပြီး ထွက်ပြေးလေ့ရှိကြတယ်” ဟု အခြေအနေကို သွားရောက်လေ့လာခဲ့သူ ပြည်ထဲရေး ဒု-၀န်ကြီး ဗမာနိုင်က ပြန်လည်ပြောပြသည်။
စစ်အစိုးရတပ်များသည် ဒေသခံပြည်သူများအား ကရင်နီတပ်မတော်နှင့် ဆက်သွယ်မှု ပြုလုပ်နေခြင်း၊ သတင်းများ ပေးပို့နေခြင်း စသည့် မသင်္ကာမှုများဖြင့် စွပ်စွဲလေ့ရှိသည့်အတွက် ၎င်းတို့အား ဖိနှိပ်ညှင်းပမ်းမည်ကို ကြောက်၍ ထွက်ပြေးသော သူများလည်း ရှိနေသည်ဟု ဆက်လက်ပြောကြားသွားသည်။
ကျေးရွာသို့ စစ်အစိုးရတပ်ရင်းများမှ ၀င်ရောက်လာလျှင် အထူးသဖြင့် အထမ်းသမားအဖြစ် ခေါ်ယူလွယ်သော အမျိုးသားများနှင့် အလုပ်အကိုင် လုပ်နိုင်သော သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြပြီး ကျေးရွာတွင် ကလေး များ၊ အမျိုးသမီးများနှင့် လူအိုများသာ ကျန်နေလျက်ရှိသည်။
ကေအက်စ်ဒဗလျူဒီစီမှ သတင်းတာဝန်ခံ ခူဂေက “သူတို့ ပြန်လာနေထိုင်တာကတော့ ဒီနအဖရဲ့ ခွင့်ပြုချက်တော့ မရဘူး၊ သို့သော် သူတို့ အနေနဲ့ သွားပြီးတော့မှ တင်ပြတယ်ပေါ့၊ ကျနော်တို့ ပြန်မယ်၊ သူတို့ ပြန်မယ်ဆိုတော့ နအဖရဲ့ ခွင့်ပြုချက်တော့ မရဘူး၊ ဒါမဲ့ နင်တို့ ပြန်ချင်လည်းပြန်၊ မပြန်ချင်လည်း မပြန်နဲ့၊ သူတို့ ဘာမှ မပိတ်ပင် ဘူးလို့ ပြောတယ်လေ” ဟု ပြောသည်။
စုစည်းကျေးရွာ၌ နေထိုင်ချိန်တွင် စားဝတ်နေရေးအတွက် ရှာဖွေစားသောက် ရာတွင် အခက်အခဲများနှင့် ရင်ဆိုင် ကြုံတွေ့နေရသောကြောင့် မူးရင်းနေရာဒေသကို အလုပ်အကိုင်များ ပြန်လည် လုပ်ကိုင်စားသောက် ခြင်းဖြစ်သည်။
SPDC and DKBA offensive against KNU’s 7th Brigade-VIDEO
SPDC and DKBA troops launched offensive against KNU's 7th Brigade, over 3,000 Karen civilians fled to Thailand.
tags: , , , , , , , , , ,
by peacerunning
သက်ပြင်းရှည်ကြီး
ဆုံးစ မမြင်သော ပင်လယ်ပြင်ကျယ်ကြီးကို ငေး ကြည့်ပြီး ကျနော်သက်ပြင်းရှည်ကြီး ချမိသည်။ အထွေထူးတော့ မဟုတ်ပါ။ ဆုံးစ မမြင်သော ပင်လယ်ပြင်ကျယ်ကြီးနှင့် အတူ မှန်းဆ၍ မရနိုင်သော ကရင်လူမျိုးတို့ ၏ အနာဂတ်ဘ၀ကို တွေးဆကြည့်ပြီး ဖြစ်ပေါ်လာသော သက်ပြင်းရှည်ကြီးသာ ဖြစ်ပါသည်။
အနာဂါတ် ကရင်လူမျိုးဘ၀ကို တွေးကြည့်ပြီး ကျ နော်ရင်ထဲတွင် ဖေါ်ပြ၍ မရနိုင်သော ပြဿနာပေါင်းသောင်း ခြောက်ထောင်ကို ခံစားရသလိုပင်။ မတူညီသော အတွေး အခေါ်၊ ခံယူချက်၊ ယုံကြည်ချက်များကြောင့် ကရင်လူမျိုး တို့  ၏ အနာဂတ်ကို တွေးမိတိုင်း ရင်လေးမိသည်။မြေမျို၍ လူမျိုးမပြုတ်လူမျို၍ လူမျိုးပြုတ်မည်–ဟူသော စကားကို လူသားတိုင်း ကြား ဖူးကြပေမည်။
သို့ သော် ထိုစကားသည် ကရင်လူမျိုးများ မကြားဖူးလေသလော။ သို့တည်းမဟုတ် မ ကြားဟန်ဆောင်၊ မသိ ဟန်ဆောင်လေသလား မပြောတတ်၊ ယနေ့ကြားရ၊ မြင်တွေ့ ရသောသတင်းများသည် အနာဂါတ်ကရင် လူမျိုးတိုးတက် အချင်းချင်းပြန်တိုက်တာ ဘယ်လို ဖွံ့ဖြိုးရေး၊ အေးချမ်းသာယာ ရေးအတွက် ရေးရေးမျှပင် လမ်းစ မမြင်မိပါ။ဘယ်လို ပျော်ပိုက်နိုင်မှာလဲ?? ထိုင်း – မြန်မာ နယ်စပ်တွင် KNU ဌာနများကို DKBA တပ်များက ၀င်ရောက်တိုက်ခိုက်သော သတင်းများသည် ကြားရမြင်ရသည်မှာ စိတ်ချမ်းသာစရာ စိုးစဉ်းမျှ မရှိပါ။ ဘယ်လိုကြောင်းကြောင့် ဘယ်လိုခံယူချက် ရည်ရွယ်ချက်များဖြင့် အချင်းချင်း တိုက်ခိုက်နေကြသည်ကို ကျနော်မပြောတတ်ပါ၊ မစဉ်းစားတတ်ပါ။
ဘာသဘောလဲဟု ကျနော်အလွန်မေးချင်ပါသည်။လွန်ခဲ့သော ဆယ်နှစ်ကျော်ကာလ မြန်မာတပ်မတော် အရာရှိကြီးတစ်ဦး၏ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ နယ်၏ မြပတိုင်ကျေးရွာတွင် ပြောခဲ့ဘူးသောစကားတစ်ခွန်းကို ယနေ့  ထက်တိုင် ကျနော် ကြားယောင်နေဆဲပင်။ အထူးသဖြင့် ထိုအချိန်က ပညာရေးလောကတွင် တာဝန်ထမ်းဆောင်ခဲ့ဘူးသော ကရင်လူမျိုးတစ်ယောကအတွက် ဘယ်သောအခါမျှ မေ့ပျောက်နိုင်လိမ့်မည် မဟုတ်ပါ။ “နောင်တစ်ချိန်မှ ခင်ဗျားတို့  ကရင်လူမျိုးဆိုတာ တွေ့ ချင်၊ မြင်ချင်ရင် ပြတိုက်ထဲမှာပဲ သွားကြည့်ရမယ်”ဟူသော စကားသည် ကျနော်အသက်နှင့်ခန္ဓာ တည်နေသရွေ့ မေ့ပျောက်နိုင်မည် မဟုတ်ပါ။
ထိုစကားတစ်ခွန်းသည် ကရင်လူမျိုးတိုင်း အသည်းနှလုံးထဲတွင် သံမှိုလို စွဲမြဲရိုက်နှက်ထားစေချင်သည်။ မကြားရသေးသော ကရင်လူမျိုးများအတွက် ထိုစကားကို ယနေ့ မှစ၍ အမှတ်ရစေချင်သည်။ ယနေ့ ကရင်လူမျိုးအချင်းချင်း တိုက်ခိုက်နေကြသည်မှာ ဘာအဓိပ္ပါယ်လဲဟု ကျနော် မေးချင်ပါသည်။ ကရင်လူမျိုး ကောင်းစားရေးအတွက်လော၊ သို့  တည်းမဟုတ် အနာဂါတ် ကရင်လူမျိုး လွတ်မြောက်ရေး၊ သာယာဝပြော တိုးတက်ရေးအတွက်လော ဟု မေးချင်ပါသည်။ အမေးသာရှိပြီး အဖြေရှိမည် မထင်ပါ။ယနေ့  ဗမာ့တပ်မတော်နှင့် ငြိမ်းချမ်းရေးယူနေကြသော ကရင်လူမျိုး အဖွဲ့  အစည်းအသီးသီးများသည်လည်း ကရင်လူမျိုးနှင့် ရပ်ရွာဒေသများအတွက် ဆယ်စုနှစ်ကာလတစ်ခုအတွင်း မည်ရွေ့ မည်မျှ တိုးတက်အောင် ရွက်ဆောင်နေကြပြီလဲ။
အရေအတွက်သာရှိပြီး အရည်အချင်းမရှိသော အဖွဲ့ အစည်းအချို့ ၏ လုပ်ဆောင်ချက်များကြောင့် ကရင်လူမျိုးများအတွက် အနှောက်အယှက်များသဖွယ်ပင် ဖြစ်နေသေးသည်ကို မြင်တွေ့ ရသည်။ အသေအချာ တွေးကြည့်ပါက တွေးခေါ် မြော်မြင်မှု အသိဥာဏ်နိမ့်ပါးမှုကြောင့်သာဖြစ်သည်။ကိုယ်ပိုင်အတွေးအခေါ်၊ စဉ်းစားချင့်ချိန်မှု၊ အသိဥာဏ်မရှိသောသူသည် သူများ နှဖါးကြိုးဆွဲရာသို့  လိုက်ပါရသော နွားနှင့်တူသည်ဟု ဆိုကြသည်။ ယနေ့  ကရင်လူမျိုးအဖွဲ့ အစည်းအချို့ ၏ လုပ်ဆောင်ချက်များသည် ကိုယ်ပိုင်စဉ်းစားတွေးတောချင့်ချိန်မှု အသိဥာဏ်မရှိသောသူများနှင့်သာ တူတေသည်။
ဘာသာရေးကို ရှေ့ တန်းတင်ပြီး ဖြစ်ပွားခဲ့သောစစ်ပွဲများသည် နှစ်ပေါင်းရာနှင့်ချီပြီး ရှိငြားသော်လည်း ပြီးဆုံးသည်ဟု မရှိကြောင်းကို ကမ္ဘာ့ဘာသာရေးစစ်ပွဲများက သက်သေထူနေပါသည်။ ကရင်လူမျိုးများလည်း ဘာသာရေးကို ခြေတည်ပြီး စစ်ခင်းကြမည်ဟု စိတ်ကူးပါက ရပ်တန်းက ရပ်ကြပါဟု ကျနော်တိုက်တွန်းလိုပါသည်။ စိတ်ကူးထဲတောင် မထည့်ကြည့်မိဖို့ အကြံပေးလိုပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်လာခဲ့သည်ရှိသော် အခြားသော ထွက်ရပ်ပေါက်နည်းလမ်းများဖြင့် ရှာဖွေကြံဆ ဆောင်ရွက်စေချင်သည်။
အသေအချာ ချင့်ချိန်ဝေဖန်ကြတော့ “ဘာသာရေးကြောင့်သာ ကရင်လူမျိုးများအတွေးအခေါ်၊ အမြော်အမြင်၊ အယူအဆ ကွဲပြားရသော အဓိက အခြေခံအချက်တစ်ချက်” ဟု ကျနော်မြင်မိသည်။ ဤကဲ့သို့ ဖြစ်ပေါ်လာအောင် အတိတ်ကို ကျနော်တို့ မျက်ချည်မပြတ်သင့်ပါ။ တစ်ချိန်တုန်းက နယ်ချဲ့ ကိုလိုနီ ဖြစ်ခဲ့ဖူးသော မြန်မာနိုင်ငံ၏သမိုင်းကြောင်းကို သတိရသင့်သည်။ နယ်ချဲ့ ကိုလိုနီများ၏ သွေးခွဲအုပ်ချုပ်ရေးစနစ် (Divided and Rules Policy) ယန္တယားစနစ်ကြီးကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသားများ အနေနီးလျက် သွေးဝေး ခဲ့ကြရသည်။ သံသယစိတ်များဖြင့် သွေးစည်းညီညွတ်ခဲ့ကြသည်။အထူးသဖြင့် ထိုအချိန်တုန်းက မြန်မာနိုင်ငံတွင် ဒုတိယ လူဦးရေအများဆုံးဖြစ်ခဲ့သော ကရင်လူမျိုးများအကြား ထိုယန္တယားစနစ်ကြီး အထူးဝင်ရောက်မွှေနှောက်ခဲ့သည်ကို ယုံမှားသံသယဖြစ်စရာအကြောင်းမရှိပါ။
သမိုင်းကို လေ့လာဖူးများအတွက် အထူးအဆန်း အကြောင်းအရာတစ်ခုတော့ မဟုတ်ပါ။ ထိုအချိန်တုန်းက သမိုင်းအမွှေများကို ယနေ့  ထက်တိုက် အငွေ့ အသက်သာမက အတုံးအခဲ့ပါ ကျန်ရစ်နေပါသေးသည်ဟုဆိုပါလျှင် မှားလိမ့်မည်မထင်ပါချေ။ သတိမမူမိ၍သာ ဂူကြီးကို မမြင်ရခြင်းသာဖြစ်ပါသည်။ သတိမူမိသူများအတွက်တော့ တဖြည်းဖြည်းဖြင့် ရေးရေးတော့ မြင်မိမှာ အမှန်ပင်။ကိုလိုနီခေတ်ထက် ရှေးကျသော ကရင်လူမျိုးများများ၏သမိုင်းကြောင်းကိုလည်း မေ့ပျောက်မထားသင့်ပါ။ ယခု ကျနော် ဆက်လက်တင်ပြသွားမည့်အချက်များသည် အမှန်တရားကို အမှန်တိုင်း ရှုမြင်သုံးသပ်သွားတတ်ရန် သာ ရည်ရွယ်ပါသည်။ အခြား မည်သည့်ရည်ရွက်ချက်မျှ မပါပါ။
တချိန်တုန်းက ပုဂံအနော်ရထားမင်းလက်ထက်တွင် ရည်ကြီးအယူဝါဒများ လွှမ်းမိုးခဲ့ဘူးသည်။ အနော်ရထာမင်းက သထုံပြည် မနူဟာမင်းကို တိုက်ခိုက် အောင်မြင်သောအခါ ရှင်အရဟံနှင့်အတွ ပိဋိကတ်သုံးပုံနှင့်အတူ ရဟန်းပညာရှိ၊ လူပညာရှိများစွာကို ပုဂံသို့  ပင့်ဆောင် ခေါ်ယူသွားခဲ့သည်။ ထိုမှ ပုဂံပြည်ကို ထေရ၀ါဒဗုဒ္ဓဘာသာအဖြစ် အသွင်ကူးပြောင်းခဲ့သည်။ အနော်ရထာမင်းက မနူဟာမင်းအား တိုက်ခိုက်နေစဉ်အတွင်း ထိုအချိန်တုန်းက မနူဟာမင်းထံတွင် ဖူ့ ဒိုက်ကော် (ဖူ့ ဒိုက်ကော်)ကဲ့သို့ သော ကရင်မှူးမတ်ပညာရှိများလည်း ရှိခဲ့သောရာဇ၀င် သာဓကများလည်းရှိခဲ့သည်။ စစ်ရေးအခြေအနေ မကောင်းသောကြောင့် ကရင်မှူးမတ်ပညာရှိများက ကရင်ဘာသာဖြင့် ဘာသာပြန်ထားသော ပိဋိကတ်သုံးပုံ ပေထုတ်စာအုပ်များကို လူအယောက်လေးဆယ်မျှ ထမ်းပိုးသယ်ဆောင်ပြီး ဒေါနတောင်တန်းတနေရာ ထောင့်ဝါး(ဌာန့် ဝ)တွင် သွားရောက်အခြေချခဲ့ကြသော သမိုင်းအထောက်အထားများအရ အတိတ်က ကရင်လူမျိုးများသည် ထေရ၀ါဒ၌ သက်ဝင်ယုံကြည်ခဲ့ကြသည်ကို အထူးမြင်တွေ့ ရပေမည်။
ယုံမှားစရာ မရှိပါချေ။အင်းဝခေတ်တွင် ဖူ့ တာမိ (ဖူ့ တာမိတ်)ကရင်ဟန်းတော်မြတ်သည် အင်းဝနေပြည်တော်တွင် ဘုရင်မင်းမြတ်က ကိုးကွယ်ပူဇော်တော်မူသော ရဟန်းပညာရှိကြီးတစ်ပါး ဖြစ်ခဲ့ဘူးသော သာဓကသည်လည်း ထိုခေတ် ထိုအခါက ကရင်လူမျိုးများသည် ထေရ၀ါဒတွင်သာ သက်ဝင် ယုံကြည်ခဲ့သည်မှာ အထူးပြောနေစရာမလိုပါ။ထို့ ကြောင့် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်များသည် ကရင်လူမျိုးများမှာ ထေရ၀ါဒ၌သာ သက်ဝင် ယုံကြည်နေကြသည်မှာ ထင်ရှားနေပါသည်။ အခြားသော ဘာသာတရားအယူဝါဒများ ၀င် ရောက်လွှမ်းမိုးခြင်း အလှည်းမရှိခဲ့သော်ကြောင်း ထင်ရှားပါသည်။ ချွင်းချက်အနေဖြင့် နတ်ကိုးကွယ်သော ကရင်လူမျိုးများလည်း ရှိပေလိမ့်မည်ကိုလည်း မှန်းဆနိုင်ပါသည်။ကိုလိုနီခေတ်ရောက်မှသာလျှင် အခြားသော ဘာသာအယူဝါဒများ ၀င်ရောက်လာခဲ့သည်။
သွေးခွဲအုပ်ချုပ်ရေးစနစ်နှင့်အတူ တောင်ပေါ် မြေပြန့် တိုင်းရင်းသားများ သွေးကွဲအောင် ဖန်တီးခဲ့သည်။ နည်းမျိုးစုံဖြင့် သွေးခွဲရာတွင် ဘာသာရေးနည်းဖြင့်လည်း တစ်နည်းပါဝင် ခဲ့သည်။ ထိုနည်းဖြင့် တစ်အူတစ်ဆင်း ကရင်လူမျိုးများ အလူးအလဲ ခံခဲ့ကြရသည်။ ကရင်လူမျိုးအချင်းချင်း အသွင်သဏ္ဍန်ကွဲသွားအောင် ဖန်တီးခဲ့သည်။ ထို့ ကြောင့် ကရင်လူမျိုးအချင်းချင်း သဘောထား ခံယူချက်၊ ယုံကြည်ချက်၊ အတွေးအခေါ်၊ အမြော်အမြင်၊ အယူဝါဒများ ကွဲပြားခဲ့ရသည်။ယနေ့ ကရင်လူမျိုးများသည် အတိတ် ကိုလိုနီခေတ်က အမွှေအနှစ်များကြောင့် ကောင်းကျိုး၊ ဆိုးမွှေ လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ဟန် တူပါသည်။ “အိမ်ကြက်ချင်း အိုးမည်းသုတ်၍ ခွတ်ခိုင်းနေသော ခေတ်သစ်နယ်ချဲ့ ဝါဒီ (သို့ တည်းမဟုတ်) နအဖ စစ်အစိုးရ၀ါဒီများကိုလည်း ကရင်လူမျိုးတိုင်း အထူးသတိချပ်သင့်သည်။ အတိတ်နှင့်ပစ္စပ္ပုန်ကို မျက်ချည်မပြတ်သင့်ပါ။ သို့  မှသာ အနာဂါတ်ကရင်လူမျိုးများဘသ သာယာချမ်းမြေ့ ပါမည်။အထက်ပါ တင်ပြချက်၊ ရှုမြင်ချက်များသည် ကျနော်တဦးတည်း၏ လေ့လာရှာဖွေထားသော ဗဟုသုတများမှ ယူငင် တင်ပြဖြင်းသာဖြစ်ပါသည်။
ထင်မြင်ယူချချက်များ မှားပါက ကျနော်တဦးတည်း၏ အမှားသာလျှင် ဖြစ်ပါကြောင်း ၀န်ခံအပ်ပါသည်။ဆုံးစ မမြင်သော အပြာရောင် ပင်လယ်ပြင်ကြီးလည်း ဒီလှိုင်းများဖြင့် ညနေဆည်းဆာတွင် သာယာလှပသော မြင်ကွင်းများဖြင့် မြင်တွေ့  နေရသည်။ အနာဂါတ် ကရင်လူမျိုးများဘ၀အတွက် ချခဲ့သော ကျနော်၏ သက်ပြင်းရှည်ကြီးသည်လည်း ဘယ်သောအခါမှ ရပ်တန့်  လိမ့်မည်ကိုကား ကျနော် မပြောတတ်ပါ။ ယနေ့ ထက်တိုင် သက်ပြင်းရှည်ကြီးကတော့ ချမြဲ ချလျက်ပါ၊
စိမ့်စမ်းစော (ကော့ကရိတ်)ဖားစည်သံဝက်ဆိုက်ဘ်မှ ကူးယူသည်။
Friday, June 19, 2009
မသေသော ဝိညာဉ်
Thursday, 18 June 2009 16:53 နီးလ် လောရင့်စ်
ဇိုရာဖန်းသည် လသားအရွယ် ကလေးငယ် ဘဝကတည်းက လူပေါင်းများစွာ သေကြေပျက်စီးရသည့် ဒုက္ခ ဆင်းရဲများကို မြင်တွေ့ရင်ဆိုင် ခဲ့ရပြီး ငယ်စဉ်ကလေးဘ၀ တလျှောက်လုံး ဆိုးရွားလှသည့် လောကဓံကြားတွင် ရုန်းကန်ခဲ့ရသည်။
ကွယ်လွန်သူ KNU ခေါင်းဆောင် ဖဒိုမန်းရှာ၏ သမီး ဇိုရာဖန်းရေးသားသော Little Daughter စာအုပ် မျက်နှာဖုံး
မြန်မာစစ်အာဏာရှင်များကို ဆန့်ကျင်ကာ လက်နက်ကိုင် တိုက်ပွဲအတွင်းဖြတ်သန်းခဲ့ရသည့် ကရင် တော်လှန်ရေး ခေါင်းဆောင်တဦး၏ သမီးအဖြစ် တခြားသူများနှင့် မတူသည့်သူ့ဘ၀ကို “သမီးငယ်လေး” (Little Daughter) ဟူသည့် မကြာသေးမီက ရေးသားထုတ်ဝေခဲ့သော စာအုပ်ထဲတွင် ဖော်ပြထားသည်။ သေခြင်းတရားဆိုသည်မှာ သူတို့ လူမျိုးစုဝင်များအတွက်တော့ ထူးခြားဆန်းကျယ်သည့်ကိစ္စ မဟုတ်။ အဆုံးစွန်ဆိုရလျှင် ကလေးငယ်များသည်ပင် ဤသို့သော ထိတ်လန့်ကြောက်ရွံ့ဖွယ် အဖြစ်မျိုးကို နိစ္စဓူဝ ကြုံတွေ့ဖြတ်သန်းနေကြရသည်။
သို့သော်လည်း သူကိုယ်တိုင် ပထမဆုံးအကြိမ် သေမလိုဖြစ်ခဲ့ရသည့် အခါတွင်တော့ ဖြစ်ရိုးဖြစ်စဉ်ကိစ္စဟု မမြင်နိုင်ခဲ့ပေ။ “ကျမ ၂ နှစ်သမီးအရွယ်က သေမလိုဖြစ်ခဲ့ရာက ပြန်ရှင်လာခဲ့ရပါတယ်” ဟု အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ဇိုရာဖန်းက သူ၏ကိုယ်ရေး အထ္ထုပ္ပတ္တိ အဖွင့်တွင်ရေးသားခဲ့သည်။ ဤသို့သေရေး ရှင်ရေး ရုန်းကန်ဖြတ်သန်းရပုံ နောက်ခံကားသဖွယ် တင်ပြရင်း စာဖတ်သူကို ဆွဲဆောင်သွားသည်။ သူကိုယ်တိုင်၏ ဘ၀ အနာဂတ်၊ သူ့ဖခင်၏ နိုင်ငံရေးယုံကြည်ချက်များ အဆုံးသတ်ရတော့မည်ဟု ယူဆရမလို ဖြစ်ခဲ့သော်လည်း နောက်ဆုံး စာဖတ်သူတို့ အထင်အမြင် မမှန်ကန်ကြောင်း ဇိုရာဖန်းက သက်သေပြနိုင်ခဲ့သည်။စာအုပ် ခေါင်းစီးတွင် ဖော်ပြထားသည့်အတိုင်း ဤစာအုပ်က စာရေးသူသမီးငယ်နှင့် မိဘများအကြား ဆက်ဆံရေးကိစ္စပင် ဖြစ်သည်။
အထူးသဖြင့် သူ၏ဖခင် ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အထွေထွေ အတွင်းရေးမှူး ဟောင်း ဖဒိုမန်းရှာနှင့် သူ့အကြားမှမေတ္တာကို ဖော်ကျူးထားခြင်း ဖြစ်သည်။ ပထမအကြိမ် သူသေဆုံးရတော့ မလို ဖြစ်စဉ်က အသက်ကယ်ခဲ့သူမှာ သူ၏ မိခင်သာဖြစ်သည်။ ကောင်းစွာ လေ့ကျင့်ထားမှုမရှိသော ကျေးရွာသူနာပြု ဆရာမက သေပြီဟု သတ်မှတ်ထားပြီး မျက်နှာလွှဲထားခဲ့သည့် အခြေအနေကို သူ့မိခင်က ငြင်းဆန်ခဲ့သည်။ အမှန်တော့သူက အပြင်းဖျားကာ မေ့မျောသတိလစ်နေခြင်းသာ ဖြစ်သည်။ သူ၏ မျှော်လင့်ချက်များ၊ ယုံကြည်ချက်များ ဆက်လက်ရှင်သန်နေစေရန် တိုက်တွန်းအားပေးမှုတွင်တော့ သူ၏ဖခင်က အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်ခဲ့သည်။
သူ၏ မိဘ ၂ ဦးစလုံး ကြေကွဲဝမ်းနည်းဖွယ်ဖြစ်ရပ်များနှင့် ရင်ဆိုင်ခဲ့ရပြီး၊ သူရဲကောင်းဆန်သူများ အဖြစ် ထင်ရှား ကျန်ရစ်ခဲ့သည်။ သူ၏ မိခင်ဖြစ်သူ ဒေါ်နန်းကျင်ရွှေသည် တချိန်က အမျိုးသမီး တော်လှန်ရေးသမား တပ်ဖွဲ့တခုကို ကိုယ်တိုင်ဦးဆောင်ခဲ့သူ ဖြစ်သည်။ နောက်ဆုံး ထိုင်း - မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတခုတွင် ဆင်းရဲဒုက္ခများ ရင်ဆိုင်ရင်း ဘ၀နိဂုံးချုပ်ခဲ့ရသည်။ ဖခင် ဖဒိုမန်းရှာကတော့ ကရင့်တော်လှန်ရေး အဖွဲ့တခုဖြစ်သည့် KNU အဖွဲ့အတွင်း သူ၏ ကိုယ်ကျင့်တရား၊ ခိုင်မာ သည့် မူဝါဒရပ်တည်မှု၊ ခေါင်းဆောင်မှု အရည်အသွေးကြောင့် တဖြည်းဖြည်းချင်း ခေါင်းဆောင်မှုနေရာ ရလာခဲ့သည်။
နောက်ဆုံး လုပ်ကြံသူ လူသတ်သမားများ လက်ချက်ဖြင့် ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် ဗယ်လင်တိုင်းနေ့တွင် အသက်ဆုံးရှုံးခဲ့ရသည်။ (ကရင်လှုပ်ရှားမှုမှ ခွဲထွက်အဖွဲ့တခုက မြန်မာစစ်တပ်အကူအညီဖြင့် လုပ်ကြံခဲ့ခြင်းဖြစ်သည်ဟု အများစုက ထင်မြင်ယူဆကြသည်) စာထူးချွန်သည့် ဇိုရာဖန်းက ဒုက္ခသည်စခန်းအတွင်းမှ လွတ်လမ်းရှာနိုင်ခဲ့သည်။ ဘန်ကောက်မြို့တွင် ပညာဆက် လက် သင်ကြားနိုင်ရန် ပညာတော်သင်ဆု ရရှိခဲ့သည်။ ဘန်ကောက်တက္ကသိုလ်တခုမှ ဘွဲ့ရရှိပြီးနောက် ထိုင်းကုမ္ပဏီတခုတွင် အလုပ်ဝင်၍ ဘ၀ကို ပုံမှန်အရပ်သားတဦးကဲ့သို့ ဖြတ်သန်းတော့မည်ဟု စိတ်ကူးယဉ်ခဲ့သေးသည်။
သို့သော်လည်း အဖော်ကျောင်းသားများနှင့်အတူ သူ၏မိခင်မြေသို့ ပြန်လာခဲ့သည့်နောက်တွင် မြန်မာစစ်အစိုးရ ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကိုလည်း မျက်မြင် ကြုံတွေ့ခဲ့ရသည်။ မရေမတွက်နိုင်သည့် မိသားစုများ ဘ၀ပျက်ကြရသည်၊ ကြောက်ရွံ့တုန်လှုပ်နေကြရသည်၊ အိမ်နီးချင်းထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံနေကြရသည်ကို သူ မြင်ခဲ့ရသည်။“အဲသည် အဖြစ်တခုတိုင်းက ကျမရင်ကို ကွဲထွက်စေမတတ်ပဲ။ အဲသည်ဖြစ်ရပ်တခုချင်းစီကပဲ ကျမကို ဒေါသအမျက်ဖြစ် စေတယ်၊ နောက်ဆုံး ပြန်ခုခံဆန့်ကျင်လိုတဲ့ စိတ်တွေလည်း ရင့်သန်လာစေတယ်” ဟု စာအုပ်တွင် ရေးသားခဲ့သည်။
ဤကိုယ်တွေ့ ဖြစ်ရပ်များ မကြုံတွေ့ရမီကပင် သူ၏ အနာဂတ်က ကြိုတင်ပြဌာန်းပြီးသား ဖြစ်သည်ဟုလည်း သူသိနေခဲ့ သည်။ ယခုလို မြန်မာပြည် လွတ်မြောက်ရေးလှုပ်ရှားမှုအတွင်း ဆက်လက်ပါဝင်လှုပ်ရှားနေရသည့် အဖြစ်က သူ့အတွက် ကံကြုံကြိုက်၍ မဟုတ်ပေ။ သူ့ဖခင်ကိုယ်တိုင်၏ ဆန္ဒလည်း ဖြစ်သည်။ သူ့ကို ဇိုရာဟု နာမည်ပေးခဲ့သည်ကိုကလည်း အဓိပ္ပာယ် ရှိနေပြန်သည်။ ရဲဘော်များကို သစ္စာဖောက်ရန် ငြင်းဆန်ခဲ့ သည့်အတွက် နာဇီစစ်အာဏာရှင်တို့က အသက် ၁၇ - နှစ်အရွယ်တွင် ကြိုးပေးကွပ်မျက်ခဲ့သည့် ရုရှားသူရဲကောင်း အမျိုးသမီးတဦးဖြစ်သူ ဇိုရာ ကော့စ်မိုဒီမိုင်ယန် စကာယာ (Zoya Kosmodemyanskaya) ကို အစွဲပြုမှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။
ဇိုရာဖန်း၏ ဖခင်က ဘန်ကောက်တွင် သာမန် ရုံး ဝန်ထမ်းတဦးအဖြစ် လုပ်နေရသည့် ဘ၀ထက် ဖြစ်ထွန်းစေချင်ကြောင်း အသေအချာပုံဖော်ထားခဲ့သည်။ သို့ရာတွင် အဖိနှိပ်ခံပြည်သူများ၊ ခိုကိုးရာမဲ့နေကြသော ပြည်သူများအတွက် မည်သည့် အခန်းကဏ္ဍက ဆောင်ရွက်ပေးရမည်ဆိုသည့် အဖြေကတော့ ဇိုရာ့ အတွက် မရှင်းမလင်း ရှိနေဆဲ ဖြစ်သည်။ အင်္ဂလန်နိုင်ငံတွင် မဟာ ဘွဲ့ယူရန်အတွက် ကျောင်းတက်ခွင့်ရသည့် အချိန်မှာတော့ သူ့အတွက် နေရာမှန်ကို တွေ့ရှိလာသည်ဟု ဆိုရပေလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည် အသက် ၆၀ ပြည့်နှစ် မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် လန်ဒန်ရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲတွင် ပါဝင်ရန် သူ့ကို ဖိတ်ကြားခံရသည်။
မိန့်ခွန်းပြောရန် မိုက်ကရိုဖုန်းက သူ့ထံချက်ချင်း ရောက်လာသည်ကို ကြုံရပြီးနောက်တွင် ဤကဲ့သို့သောလူစု လူဝေးကို ဦးဆောင်ရန် ဘ၀ပေးတာဝန် ဖြစ်နေသည်ကို သူ့ဘာသာ တွေ့ရှိလာခဲ့သည်။နောက်ပိုင်းနှစ်များတွင်တော့ ၂၀၀၆ ခုနှစ်နှင့် ၂၀၀၇ ခုနှစ် ကွန်ဆာဗေးတစ်ပါတီ ညီလာခံသို့ တက်ရောက်စကားပြောခွင့် ရခဲ့ပြီး ထင်ရှားကျော်ကြားသူ တဦး ဖြစ်လာခဲ့သည်။ အဆင့်မြင့်ပွဲလမ်းကြီး အများအပြားသို့လည်း တက်ရောက်ခွင့်ရလာခဲ့ သည်။ သူက ကမ္ဘာ့ခေါင်းဆောင်များ၊ ထင်ရှားနာမည်ကြီးသူများနှင့် ကြုံဆုံခဲ့ရသည်။ မြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှု အတွက် လူအများအသိအမှတ်ပြုခံရသည့် ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်လာခဲ့သည်။
မြန်မာပြည်အရေး လှုပ်ရှားနေသည့် အင်္ဂလန်ရှိ Burma Campaign UK အဖွဲ့၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးတာဝန်ခံ တဦးလည်း ဖြစ်လာခဲ့သည်။၂၀၀၇ ခုနှစ်သည် သူ၏ ပထမဦးဆုံး အကြီးအကျယ် အောင်မြင်မှု ရရှိလာသည့်နှစ်ဟု ဆိုရလိမ့်မည်။ ကရင်ပြည်နယ် အတွင်းရှိ ပြည်တွင်းဒုက္ခသည်များကို နယ်စပ်ဖြတ်ကျော် အကူအညီများ ပေးနိုင်ရန် ဗြိတိန်အစိုးရကို စည်းရုံးတိုက်တွန်း အောင်မြင်ခဲ့သည်။ အင်္ဂလန်နိုင်ငံတွင်လည်း အောင်မြင်သည့် ဒုက္ခသည်တဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။ အင်္ဂလန် နိုင်ငံတွင် သူကြုံတွေ့ရုန်းကန်ရသည့် ဘ၀ကလည်း မလွယ်ကူလှပါ။
“ကျမ ရွာမှာ ထွက်ပြေး၊ ပုန်းအောင်းနေရတုန်းက ကြောက်လန့်ခဲ့၊ ရုန်းကန်ခဲ့ရသလို အင်္ဂလန်မှာလည်း အတူတူပဲ ကြောက်ရွံ့ရုန်းကန်ခဲ့ရတာပါ” ဟု သူက ဆိုခဲ့သည်။သို့သော်လည်း နောက်ပိုင်းနှစ်များ မကြာမီတွင် သူ၏ ဘ၀ တဆစ်ချိုး အကွေ့ကို ကြုံလာခဲ့ရသည်။ ရန်သူများက သူ့ဖခင် ကို ယခင် အကြိမ်ကြိမ် လုပ်ကြံခဲ့ရာ မအောင်မြင်ခဲ့သော်လည်း နောက်ဆုံးတွင် ဖဒိုမန်းရှာ၏ အသက်ကို လုပ်ကြံ နိုင်ခဲ့ ကြသည်။ ထိုသို့ ကြံစည်ခဲ့စဉ်က ဇိုရာဖန်းကိုပါ ပစ်မှတ်တခုအဖြစ် ထည့်သွင်းထားခဲ့ကြသောကြောင့် သူ့ဖခင်၏ ဈာပန ကိုပင် ကိုယ်တိုင်မတက်ရောက်ဝံ့သည်အထိ ဖြစ်ခဲ့ရသည်။
ဇာတ်လမ်း၏ အဆုံးသတ်က မျှတသည်ထက်ပိုလွန်ကာ ခါးသီးနာကြည်းဖွယ်ရာ ဖြစ်ခဲ့သည်။ ဇိုရာဖန်းသည် ဤသို့သော ဒုက္ခလောကဓံ အဖုံဖုံကို ကြုံတွေ့ခဲ့ရသော်လည်း အံ့သြဖွယ်ရာ မယိုင်မလဲ ခံနိုင်ရည်ရှိခဲ့သည်။ တချိန်က သေမလိုဖြစ်ခဲ့ပြီး ပြန်လည် ရှင်သန်ခဲ့ရလေသော သမီးငယ်တဦးက သူ့ဖခင်ခြေရာကို အစစ်အမှန် ဆက်ခံနိုင်သူတဦးအဖြစ် အရည်အချင်း ကို သက်သေပြနိုင်ခဲ့သည်။ ထို့ပြင် ရာစုနှစ်တ၀က်ကျော်ကြာ ခြောက်အိပ်မက်ဆိုး စစ်အုပ်ချုပ်ရေးလက်အောက်ခံ ဘ၀မှ လွတ်လပ်သည့်၊ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံ ဖြစ်စေရမည်ဟူသည့် သူ့ဖခင်၏ မျှော်လင့်ချက် အိပ်မက်များကို အကောင်အထည်ဖော်မည့်၊ ဆက်လက်ရုန်းကန် တိုက်ပွဲဝင်မည့် သူလည်း ဖြစ်လာလေတော့သည်။
Neil Lawrence ရေးသားသည့် Never Say Die ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
KNU က တပ်မဟာ ၇ မှ စခန်းများကို စွန့်လွှတ်မည်
Thursday, 18 June 2009 19:46 ဧရာဝတီ
ကရင် အချင်းချင်း သတ်ဖြတ်လိုခြင်း မရှိသဖြင့် ကရင် အမျိုးသား အစည်းအရုံး (KNU) က သူ၏ တပ်မဟာ ၇ နယ်မြေရှိ စခန်းများကို စွန့်လွှတ်မည်ဟု ကရင် တိုင်းရင်းသား သတင်း ရပ်ကွက်များ၏ အဆိုအရ သိရသည်။
KNU တပ်စခန်း ဂိတ်တခု (ဓာတ်ပုံ - Yuzo)
မြန်မာ့ တပ်မတော်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA) တို့၏ ပူးပေါင်းတပ်ဖွဲ့များက KNU စခန်းများအား သိမ်းပိုက်ရေး ကြိုးပမ်းမှုများကို တားဆီးခြင်း မပြုရန် ဆုံးဖြတ်လိုက်ရခြင်း၏ တခြား အကြောင်းရင်းတခုမှာ KNU တပ်ဖွဲ့ဝင်များ ထပ်မံ အဆုံးရှုံးမခံလိုခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။
ယခုလဆန်း မှစတင်၍ တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားလျက် ရှိရာ ယခုအချိန်အထိ ဒေသခံ ကရင် တိုင်းရင်းသားများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးကြရသည်။ ထိုသို့ တိမ်းရှောင်ရသော ဒုက္ခသည်အရေအတွက်မှာ ၄၀၀၀ ၀န်းကျင် ရှိသည်ဟု သိရသည်။ယနေ့ထုတ် မြန်မာ စစ်အစိုးရ၏ သတင်းစာများတွင် ကရင်ဒေသ တိုက်ပွဲများမှ ထွက်ပြေးလာသူများမှာ အရပ်သားများ မဟုတ်ဘဲ “သောင်းကျန်းသူများနှင့် မိသားစုဝင်များ” ဖြစ်သည်ဟု ဖော်ပြထားသည်။ တိုက်ပွဲများတွင်လည်း မြန်မာ့ တပ်မတော်က ပါဝင်ခြင်း မရှိဟု ဆိုသည်။
တိုက်ခိုက်မှုများမှာ KNU နှင့် DKBA တို့ အချင်းချင်း တိုက်ခိုက်ကြခြင်းဖြစ်ပြီး အဆိုပါ လက်နက်ကိုင် ပဋိပက္ခအတွင်း မြန်မာ့တပ်မတော်က ပါဝင် ပတ်သက်ခဲ့ခြင်း မရှိကြောင်း တနင်္ဂနွေနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ရေးသားထားသည်။ ကရင် တိုင်းရင်းသား သတင်းရပ်ကွက်များ၏ အဆိုအရ DKBA တပ်ဖွဲ့ဝင်များက စစ်ကြောင်းရှေ့မှ မိုင်းရှင်းသည့်အနေဖြင့် ချီတက် တိုက်ခိုက်ရကြောင်း၊ မြန်မာ့တပ်မတော် တပ်ဖွဲ့များက လက်နက်ကြီးဖြင့် နောက်ဘက်မှ ပစ်ခတ်ကြောင်း သိရသည်။ပူးပေါင်း တပ်ဖွဲ့များက တပ်မဟာ ၇ နယ်မြေကို ယခု လဆန်းမှ စပြီး ထိုးစစ်ဆင်လျက်ရှိရာ KNU ၏ တပ်ရင်း အမှတ် ၂၁၊ ၂၂၊ ၁၀၁ စခန်းများကို သိမ်းပိုက်ခဲ့သည်ဟု သိရသည်။
တိုက်ပွဲများသည် ထိုင်းမြန်မာနယ်စပ်အနီး ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေခြင်းဖြစ်သည်။ပူးပေါင်းတပ်ဖွဲ့မှ ၂၀ ခန့် ကျဆုံးပြီး ၅၀ ခန့် ဒဏ်ရာရကြသည်ဟု KNU ထံမှ သိရသည်။ အများစုမှာ DKBA တပ်ဖွဲ့ဝင်များ ဖြစ်သည် ဟု ဆိုသည်။ ၎င်းတို့ဘက်မှ ၅ ဦး ဒဏ်ရာရသည်ဟု KNU က ပြောသည်။KNU တို့ကမူ ရင်ဆိုင် တိုက်ပွဲများ အစား ၎င်းတို့ဘက်မှ အကျအဆုံး ပိုမို နည်းပါးမည့် ပြောက်ကျား စစ်ဆင်နည်းကို ပိုမို အသုံးပြုလိုသည်ဟု ဆိုသည်။ပြီးခဲ့သည့် နှစ်ကလည်း ကော့ကရိတ်မြို့နယ်ရှိ KNU တပ်ရင်း အမှတ် ၂၀၁ စခန်းကို DKBA တပ်ဖွဲ့များက သိမ်းယူခဲ့သည်။KNU မှ ဗိုလ်ကြီး ဘူးဖောက ပူးပေါင်းတပ်ဖွဲ့များသည် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ထိုင်း-မြန်မာ နယ်စပ် တလျှောက်ရှိ KNU တပ် စခန်းများကို သိမ်းယူရေး မဟာဗျူဟာအရ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြောပြခဲ့ဖူးသည်။KNU သည် နှစ်ပေါင်း ၆ဝ သက်တမ်းရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီး ဖြစ်သည်။ မြန်မာအာဏာပိုင်တို့နှင့် ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသော်လည်း ယခုအချိန်အထိ အပစ် အခတ် ရပ်စဲနိုင်ခြင်း မရှိသေးပေ။
Comments (4)
သင်ခန်းစာယူသင့်ပါသ���်
written by Wunna Htun, June 19, 2009
ရှမ်းပြည်နယ်မှ ကျွဲခေါင်းတပ်ဟု လူသိများသော ရှမ်းသူပုန်များကို သင်ခန်းစာ ယူသင့်ပါသည်. ...... ယခုဆက်လက် တိုက်ပွဲဝင်နေခြင်း ရှိမရှိ သေချာ မသိတော့ပါ....... လွန်ခဲ့သော ၅နှစ်ခန့် အထိ ပျောက်ကျား တိုက်ပွဲ ဆင်နွဲလျက် ရှိနေပါသေးသည်..... အမျိုးသမီးများပါ ပါဝင်သော အဖွဲ့ တစ်ဖွဲ့ ဖြစ်ပါသည်....
ဘာကူညီနိုင်မလဲ
written by ညီလေး, June 19, 2009
၈၈ အာဏာ သိမ်းပြီးတော့ ရရာ လက်နက် ကိုင်စွဲပြီး စစ်အာဏာရှင် တွေကို တော်လှန်ဖို. KNU ရဲ. နယ်မြေတွေကို ကျောင်းသား လူငယ်တွေ အပါအ၀င် တော်တော် များများ ရောက်ရှိလာကြတဲ့ အခါမှာ KNU က နွေးထွေးစွာ ကြိုဆိုပြီး ဂရုတစိုက်နဲ. လက်ခံခဲ့ပါတယ်၊ တတိယ နိုင်ငံ အသီးသီးကို ရောက်ရှိနေကြပြီ ဖြစ်တဲ့ ရဲဘော်တို. အနေနဲ. ယခု လက်ရှိ ကြုံတွေ.နေရတဲ့ KNUကို အမြစ်ဖြတ် ချေမှုန်းနေတဲ့ အနေအထားမှာ ဘာတွေ ပြန်လည် ပေးဆပ်ကြမှာလဲ။
ဘယ်လိုလဲ
written by နှင်းနု, June 18, 2009
ကေအန်ယူဆိုတာ စစ်အစိုးရကို တိုက်နေခဲ့တာ သက်တမ်းက မနည်းလှတော့ပါဘူး။ အခု လက်ရှိမှာလည်း သူ တခုတည်း ဆက်တိုက်နေတာပါ။ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ မကူညီနိုင်တာ ဘာကြောင့်လဲ ကျမ နားမလည်ပါ။ ကလေးဆန်တယ် လို့ ဆိုချင်ဆို ကျမ တယောက်တည်း သဘောကတော့ အခြား လက်နက်ကိုင် အဖွဲ့တွေလည်း နအဖ တပ်တွေကို ကူပြီး တိုက်စေချင်ပါတယ်။ ဖြစ်နိုင် မဖြစ်နိုင်ကတော့ ....... ကရင်ပြည်နယ်က ပြည်သူတွေတင် မကပါဘူး။ မြန်မာ တပြည်လုံးက ပြည်သူတွေ နအဖ စစ်ဖိနပ်အောက်မှာ စိစိညက်ညက် ကြေနေပါပြီ။ နအဖ က တိုင်းရင်းသားတွေ အချင်းချင်း သွေးစည်းမှု ပျက်အောင်လုပ်ထားတယ်။ တိုင်းရင်းသားတွေထဲက မျိုးနွယ်စုတွေကိုလည်း သွေးခွဲပြီး ညီအစ်ကိုချင်း ပြန်သတ်စေတာ အခု မျက်မြင်ပါပဲ။ ကေအန်ယူက ကိုယ့်ကရင် အချင်းချင်းမို့ သတ်ဖြတ်လိုစိတ် မရှိဘူးလို့ ဆိုနေရင် ဒီကေဘီအေ ကရော ဘာကြောင့် ကိုယ့်အချင်းချင်း သတ်နေကြ သလဲ။ နအဖက သွေးခွဲပြီး အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး တိုက်ခိုင်းနေတာကို ဘာကြောင့် မမြင်နိုင်ကြ တာလဲ။ ဘာကြောင့် ကိုယ့်တိုင်းပြည်က ကိုယ်ရဲ့ သွေးချင်း တိုင်းရင်းသားတွေကို သူတပါး တိုင်းပြည်ဆီကို တွန်း ပို့ နေတာလဲ။ အခြား တိုင်းရင်းသားတွေ ကရော ဘာကြောင့် အချင်းချင်း သွေး မစည်းကြတာပါလဲ။
လွန်စွာစိတ်မကောင်း
���ါwritten by sithusoe, June 18, 2009
တပ်မဟာ(၇) အထိုင်စခန်းများ မရှိတော့လည်း ပြသာနာမရှိပါ၊ ခိုင်မာသော ပြောက်ကျား စစ်ဆင်ရေးများက စစ်အစိုးရကို အလွန်အမင်း ကြောက်လန့်စေနိုင်ပါသည်၊ လွန်စွာမှ စိတ်မကောင်းပါ၊ ပြောက်ကျားစစ်သည် နိုင်ငံတိုင်း၏ အစိုးရများကို ကြောက်လန့်စေပါသည်။
Thursday, June 18, 2009
စစ်ပြေးကရင်ဒုက္ခသည်များတွင် ကလေးငယ် (၈၀၀) ကျော် ပါဝင်
နအဖစစ်အစိုးရ၏ ထိုးစစ်ဆင်မှုကြောင့် ကရင်ပြည်နယ်မှ ထိုင်းနယ်စပ်သို့ ရောက်ရှိနေသော စစ်ပြေးဒုက္ခသည်များ တွင် ကျောင်းနေအရွယ် အသက် (၁၃) နှစ်အောက် ကလေးငယ် (၈၀၀) ကျော် ပါဝင်ကြောင်း ကရင်အမျိုးသမီးအဖွဲ့ (ကေဒဗလျူအို) က ထုတ်ပြန်သည့် ယမန်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။ကေဒဗလျူအိုမှ ပြောရေးဆိုခွင့်ရှိသူ နန်းဒါးအဲ့ကလယ်က “အခု အဲဒီကလေးတွေရဲ့ ပညာရေးပိုင်းကို ကျမတို့ အသေးစိတ် ဆွေးနွေးနိုင်ကြတာ မရှိသေးဘူး။ ပညာရေးအပိုင်းနဲ့ ပတ်သက်တဲ့ ဘယ်အဖွဲ့အစည်းနဲ့မှလည်း မဆွေးနွေးရသေးဘူး။ ဘာလို့လဲဆိုတော့ ထွက်ပြေးလာတဲ့သူတွေရဲ့ ကျန်းမာရေးကို ပထမ ဦးစားပေးအနေနဲ့ ကျမတို့ ပိုအာရုံစိုက်နေရတယ်။ ရာသီပြောင်းလဲချိန်လည်း ဖြစ်နေတော့လေ။ ပြီးတော့ အစားအစာနဲ့ ရေလုံလောက်အောင် နေရာချထားရေးဘက်မှာ တတ်နိုင်သလောက် အဆင်ပြေအောင်ပဲ ကျမတို့ အခု ကြိုးပမ်းနေရပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။ယခုလ (၂) ရက်နေ့မှစ၍ နအဖစစ်တပ်မှ တပ်ရင်း (၅) ရင်းနှင့် ဒီကေဘီအေတပ်ဖွဲ့မှ တပ်ရင်း (၃) ရင်းတို့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ထိုဒေသရှိ ရွာပေါင်း (၂၀) မှ လူဦးရေ (၄,၀၀၀) နီးပါး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ယခုတိုက်ခိုက်မှုသည် မိုးတွင်းဖြစ်သောကြောင့် စစ်ပြေးဒုက္ခသည်တို့အတွက် ပြည့်စုံဖူလုံသော ကျန်းမာရေး စောင့်ရှောက်မှုနှင့် နေရေးထိုင်ရေးတို့ကို စိုးရိမ်ပူပန်နေရသောကြောင့် လောလောဆယ် ပညာရေးအတွက် အာရုံမစိုက်နိုင်သေးဘဲ ဒုတိယ ဦးစားပေးအနေခြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း နန်းဒါးအဲ့ကလယ် က ပြောသည်။နယ်စပ်သို့ ထွက်ပြေးလွတ်မြောက်လာသူများထဲတွင် နို့စို့အရွယ် ကလေးငယ်များအပါအဝင် ကိုယ်ဝန်ဆောင်မိခင် အယောက် (၂၀) ခန့် ပါဝင်နေ၍ မြန်မာနအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့တို့၏ ထိုးစစ်ဆင်တိုက်ခိုက်နေမှုအား ချက်ချင်း ရပ်တန့်ရန် နိုင်ငံတကာအနေဖြင့် မြန်မာစစ်အစိုးရကို ဖိအားပေးကြရန် ကေဒဗလျူအိုက တောင်းဆို ထားသည်။“လူတွေဟာ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာနေကြတာ ခြေကုန်လက်ပန်းကျကုန်ပြီ။ နှစ်ရက်သားကလေးငယ်ကို သယ်ပိုးပြေးလွှားခဲ့ရတဲ့ မိခင်တဦးရဲ့ ရင်ဆိုင်ဖြတ်သန်းမှုကို တွေ့ရတော့ ဝမ်းနည်းမိသလို နအဖနဲ့  ဒီကေဘီအေ တို့ရဲ့ တိုက်ခိုက်မှုကိုလည်း ဒေါသဖြစ်မိတယ်” ဟု ကေဒဗလျူအိုမှ ပြောရေးဆိုခွင့်ရှိသူ နော်ဘလူးမင်းနိုက်ဇန်က အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
ကရင်ဒုက္ခသည်များတွင် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များစွာပါဝင်
Wednesday, 17 June 2009 15:18 သန်းထိုက်ဦး
မြန်မာ စစ်အစိုးရ၏ ထိုးစစ်ဆင် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်လာသော ကရင် ဒုက္ခသည် များထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၂၀ ခန့် နှင့် အသက် (၁၃) နှစ်အောက် ကလေးငယ် ၈၀၀ ခန့် ပါဝင်ကြောင်း ကရင်အမျိုးသမီးအစည်းအရုံး(KWO) က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်အစိုးရ၏ ထိုးစစ်ကြေင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်လာသော ကရင်ဒုက္ခသည် ၄၀၀၀ ခန့်ထဲမှ တာ့ခ် ခရိုင် ထဆောင်ယန်း ဒေသတွင် ဒုက္ခသည်တချို့ကို ဇွန်လ ၉ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - AP)အဆိုပါ ထုတ်ပြန်ကြေညာချက်အရ နို့စို့အရွယ် ကလေးငယ်များစွာ ပါဝင်ကြောင်းလည်း သိရသည်။
KWO မှ ပြောရေးဆိုခွင့်ရှိသူ နော်ဘလူးမင်းနိုက်ဇန်က “လူတွေဟာ တိုက်ပွဲကြောင့် ထွက်ပြေးလာနေကြတာ ခြေကုန်လက်ပမ်းကျကုန်ပြီ၊ နှစ်ရက်သား ကလေးငယ်ကို သယ်ပိုးပြေးလွှားခဲ့ရတဲ့ မိခင်တဦးရဲ့ ရင်ဆိုင်ဖြတ် သန်းမှုကို တွေ့ရတော့ ၀မ်းနည်းမိသလို၊ နအဖနဲ့ DKBA တို့ရဲ့ တိုက်ခိုက်မှုကိုလည်း ဒေါသဖြစ်မိတယ်”ဟု ဆို သည်။
ထို့အပြင် မိုးရာသီဖြစ်နေသဖြင့် လူဦးရေများပြားလှသည့် ဒေသခံ ပြည်သူများ၏ ကျန်းမာရေး နှင့် ခိုလှုံနေထိုင် ရေးတို့အတွက် KWO အဖွဲ့အစည်းအနေနှင့် လွန်စွာမှ စိုးရိမ်ပူပန်မိကြောင်း ၎င်းထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။ ကရင်ဒုက္ခသည်အများစုသည် မိမိတို့၏ နေရပ်သို့ပြန်ကြရန် စိုးရိမ်ကြောက်ရွံ့နေကြောင်းလည်း နော်ဘလူးမင်းနိုက်ဇန် က ပြောပြသည်။“DKBA ကိုလည်းကြောက်တယ်၊ နအဖ စစ်သားတွေကိုလည်းကြောက်တယ်၊ တွေ့ရင်ပေါ်တာဆွဲတယ်၊ပေါ်တာ မလိုက်ရင် ပိုက်ဆံပေးရတယ်၊ဘာမှမရှိတော့ မပြန်ရဲကြဘူး၊ဒီမှာပဲ ဆက်နေ၊ မနေရင်လည်း တခြားတနေရာကို ပြောင်းပေးရင် နေမယ်လို့တော့ ပြောကြတယ်”ဟု သူက ဆိုသည်။
ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း မြန်မာစစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များက ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ(၇) မှတပ် စခန်းများကို ဇွန်လဆန်းပိုင်းမှစတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲများကြောင့် နှစ်ပတ်အတွင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် စုစု ပေါင်း ၆၀၀၀ ကျော် ရှိကြောင်း သိရသည်။ အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ မဲ့သဝေါနှင့် မဲ့သလေမြို့နယ်များသို့ ထွက်ပြေးပုန်းရှောင်နေကြရသည်။ထိုသို့ မြန်မာ စစ်တပ်၏ ထိုးစစ်ဆင်မှုကြောင့် ဒေသခံပြည်သူများမှာ နေရပ်ကို ထပ်မံစွန့်ခွာမှုများနှင့် ရင်ဆိုင်ကြုံ တွေ့ နေရသည့်အပေါ် တိုက်ပွဲများ ချက်ချင်းရပ်တန့်သွားရေး နိုင်ငံတကာမှ ပိုမို၍ ဖိအားပေးလာစေရန်အတွက် KWO အဖွဲ့အစည်းအနေဖြင့် တောင်းဆိုထားခြင်းဖြစ်သည်။
KWO အဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ကရင်ဒုက္ခသည်စခန်းများနှင့် ပြည်တွင်းမှ ဌာနေမဲ့ ဒုက္ခသည် များအတွက် ဖွံ့ဖြိုးရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများ၊လုပ်ဆောင်ပေးနေသည့် လူမှုအခြေစိုက် အဖွဲ့အစည်းတခုဖြစ် သည်။ ယင်းဒုက္ခသည်များကို ကရင်ဒုက္ခသည်များကော်မတီ (KRC) နှင့် ထိုင်း- မြန်မာနယ်စပ်တလျှောက်ကူညီစောင့် ရှောက် ရေး ညွန့်ပေါင်းအသင်း (TBBC) တို့က ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။ မြန်မာစစ်အစိုးရတပ်မ (၂၂) လက်အောက်ခံတပ်တချို့နှင့် DKBA တပ်ရင်း ၉၉၉ ၊ ၅၅၅ ၊ ၃၃၃ တပ်ဖွဲ့ဝင်များ သည် KNLA တပ်မဟာ (၇) ထိန်းချုပ်နယ်မြေရှိ တပ်စခန်းများကို လက်နက်ကြီးများဖြင့် သော်လည်းကောင်း၊ လူအင်အားဖြင့်သော်လည်းကောင်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ KNLA တပ်ရင်း ၂၁ ကို သိမ်းပိုက်နိုင်ခဲ့သည့် အပြင် တပ်ရင်း ၂၂ နှင့် ၁၀၁ တပ်စခန်းများကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။
လုပ်သင့်တာကိုအရင်စလုပ်ပါ။
Wednesday, June 17, 2009
နေ့စွဲ-၁၆။ ၆။ ၂၀ဝ၉
KAREN YOUTH ORGANIZATION (Kaw Thoo Lei)
P. O. Box -105, Mae Sot, Tak 63110,Thailand.
Email: kyohqktl@yahoo.com
Website: www.karenyouthktl.org
သို့ 
ကရင်လူငယ်များအားလုံး
ခရိုင်၊မြို့ နယ်နှင့်ပြည်တွင်းပြည်ပအားလုံး
အကြောင်းအရာ။ ။ လုပ်သင့်တာကိုအရင်စလုပ်ပါ။အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သတ်၍ ယခုအချိန်တွင် ဒီကေဘီအေသည်ဗမာစစ်တပ်.လက်အောက်ခံနယ်ခြားစောင့်တပ်ဖြစ်နေပါပြီး။ ယခု ကေအန်ယူရဲ့တပ်မဟာ ၇ နယ်မြေ ကိုထိုးစစ်ဆင်နေတာ ဗမာစစ်တပ်၏ အကြပ်ကိုင်ဖိအားပေးမှုနဲ့  လှည့်ကွက်တစ်ခုသာဖြစ်နေပြီး ကေအန်ယူအားရှင်းလင်းရန်အတွက် ငါးကြင်းဆီကို ငါးကြင်းနဲ့ ပြန်ကြော်တာဖြစ်ပါတယ်။ ကေအန်ယူကိုရှင်းပြီးရင် ဒီကေဘီအေကိုလည်းရှင်းပြစ်မည်ဆိုတာ ယုံမှားသံသယဖြစ်စရာမလိုပါ။ ဒါဟာဗမာစစ်အုပ်စု၏နှစ်ပေါင်းများစွာကျင့်သုံးလာခဲ့တဲ့ ရိုးရာဓလေ့နှင့်လက်စွဲသုံးအကျင့်တစ်ခုသာဖြစ်ပြီး ရန်သူအားချေမှုန်းရာတွင်အသုံးပြုလေ့ရှိသည့် ကောက်ကျစ်သည့် နည်းပရိရယ် တစ်ခုဖြစ်နေပါသည်။ ကျနော်တို့ အများကြီးပြောစရာမလိုတော့ဘူးလို့ ထင်ပါတယ်။ ကျနော်တို့ ကရင်တွင်ဟာ ရိုးသားတာတော့ကောင်းပါတယ။် ဒါဘေမဲ့ မအဖို့တော့အရေးကြီးဆုံးအဓိကအချက်ဖြစ်ပါတယ်။
ဒီတော့ကျနော်တို့ စလုပ်ရမှာကမိမိနှင့်နီးစပ်ရာတက်ကြွသည့်မျိုးချစ်ကရင်လူငယ်များအားစည်ရုံုးပြီး ဒီကေဘီအေနဲ့ နီးစပ်သည့်နေရာကျေးရွာတွင်၊ မြို့ တွင်မှာ ကျနော်တို့  စာရွက်စာတမ်းတွင်၊ လက်ကမ်းစာဆောင်တွင်၊ မှုတ်ဆေးတွင် လိုက်ကပ်တာတို့ ၊လိုက်ဖြန့် တာတို့  လုပ်ရမှာဖြစ်ပါတယ်။ရေးရမည့်စာလုံးက ဥပမာ -ဒီကေဘီအေအလိုမရှိ-ကရင်အချင်းချင်းတိုက်ခိုက်နေတာကရင်လူထုအလိုမရှိ-ဗမာစစ်တပ်၏အကြံကြောင့်ကျနော်တို့  ကရင်တွင်အများကြီးသေကုန်ပြီင်္း-ဗမာတွေရဲ့ကောက်ကျင့်တဲ့အကြံကိုကျနော်တို့ ကရင်တွင်သတိထားကြရန် စသည်ဖြင့်လိုက်လုပ်ရမှာဖြစ်ပါသည်။
တော်လှန်ရေးအောင်ပွဲသို့ 
အလုပ်အမှုဆောင်ကော်မတီ
ကရင်လူငယ်အစည်းအရုံး(ဗဟို)
နအဖစစ်အုပ်စုနှင့် ပူးပေါင်းနေတဲ့ ကရင်လက်နက်ကိုင် အဖွဲ့များသို့
နအဖစစ်အုပ်စုနှင့် ပူးပေါင်းနေတဲ့ ကရင်လက်နက်ကိုင်များခင်ဗျား။ဒီပန်ကြားချက်ကို မျှော်လင့်ချက်ကြီးစွာနဲ့ ရေးသားရခြင်း ဖြစ်ပါတယ်။ မျှော်လင့်ချက်ကြီးစွာလို့ ရေးသားရခြင်းမှာ အောက်ပါမျှော်လင့်ချက်များကြောင့် ဖြစ်ပါတယ်။
(က) ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးက ဒီစစ်ဟာ အစနဲ့အဆုံးနဲ့ဖြစ်တယ်လို့ မိန့်ကြားခဲ့ တယ်။ ရဲဘော်တို့ သိထားပြီး ဖြစ်ပါတယ်။ ဒီစစ်ပွဲကို ကျနော်တို့ စတိုက်တာ မဟုတ်ပါဘူး။
၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှာ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးက ခေါင်းဆောင်ပြီး ကရင်တမျိုးသားလုံးရဲ့ ဆန္ဒကို ဖော်ပြတဲ့အနေနဲ့ ပိုစတာ(၄)ချက်ကိုင်စွဲပြီး ပြည်လုံးကျွှတ်အသံ တိတ်ဆန္ဒပြတယ်။ ရဲဘော်တို့ မှတ်မိကြမယ်လို့ ထင်တယ်။ ဒီပိုစတာ (၄)ချက်က ဘာလဲဆိုတော့။
(၁) ကရင်ပြည်ချက်ချင်းပေး
(၂) ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ။
(၃) လူမျိုးရေးအဓိကရုန်း အလိုမရှိ။
(၄) ပြည်တွင်းစစ်အလိုမရှိ
လို့ ပိုစတာ(၄)ချက်က ဖော်ပြတယ်။
ကျနော်တို့ ကရင်တွေ အဲဒီတုန်းက ညီညွတ်လိုက်ကြတာများ လူဦးရေ (၅)သိန်းလောက် တပြည်လုံး ဆန္ဒပြကြတယ်၊
ကရင်အမျိုးသားလွတ်လပ်ရေး လိုချင်ကြောင်း၊
တန်းတူရေး လိုချင်ကြောင်း၊
လူမျိုးစုံသွေးစည်းချစ်ကြည်ရေး လိုချင်ကြောင်း၊
ငြိမ်းချမ်းရေး လိုချင်ကြောင်း တခဲနက်ဖော်ပြကြတယ်။
ကျနော်တို့ လိုလားချက်တွေကို အေးအေးချမ်းချမ်းမပေးခဲ့ကြဘူး။
ကရင်ဗိုလ်ချုပ်ကြီး(စမစ်ဒွန်း)ကို ဖြုတ်ထုတ်ပြီး
ကရင်ကို အစိတ်သားကောင်တောင် မထားနဲ့၊ ကရင်ကို ကျူပင်ခုတ် ကျူငုတ်မကျန်အောင် မျိုးဖြုတ်ပစ
ဆိုတဲ့ စိတ်ထားရှိတဲ့ တက်သစ်စ စစ်ဦးစီးချုပ် (ဗိုလ်နေ၀င်း)ဟာ၊ စစ်ရေးစွမ်းရည်တွေ ပြလာပါတော့တယ်။၁၉၄၉ခုနှစ် ဇန်န၀ါရီလ ၃၀ရက်နေ့မှာ အလုံကရင်ရပ်ကွက်ကို စတင်တိုက်ခိုက်ကြတယ်။ တဆက်ထဲ (ခ၀ဲခြံ)ကရင်ရပ်ကွက်ကို ဆက်တိုက်တယ်။
ဇန်န၀ါရီ(၃၁)ရက်နေ့မှာ အင်းစိန်ရှိ ကရင်အမျိုးသားများကို ဆက်လက်တိုက်ခိုက်လာတော့တယ်။ ကရင်အမျိုးသားလွတ်မြောက်ရေး၊ ကရင်လူမျိုးတည်တံ့ရေးတို့အတွက် ကရင်တမျိုးသားလုံးမှာ တာဝန်ရှိလာတဲ့အတွက် မြတ်တရားတဲ့ လက်နက်ကိုင်ခုခံတော်လှန်စစ်ကို ဆင်နွဲကြရတယ်ဆိုတာ ရဲဘော်တို့ သိထားပြီး ဖြစ်ပါတယ်။
၁၉၄၉ခုနှစ် ဇန်န၀ါရီလ ၃၁ရက်နေ့က စတင်ဖြစ်ပွားတဲ့ ကရင့်တော်လှန်ရေးဟာ နှစ်ပေါင်း ၆၀ပြည့်ပါတော့မယ်။ ဒီခုခံတော်လှန်စစ် နှစ်ပေါင်း (၆၀)အတွင်း ကျနော်တို့သွေးသားတွေ၊ မျိုးချစ်တွေ၊ သူရဲကောင်းတွေ အထောင်အသောင်း ကျဆုံးကုန်တယ်။ ဒုက္ခိတတွေ ဖြစ်ကုန်တယ်။ ဒီလိုကျဆုံးကြတဲ့ ကရင့်သူရဲကောင်းတွေကို ရဲဘော်တို့ သတိရအုံးမှာပါ။ ဟိုးတောင်ငူ(သောသီခို)က ဘိတ်၊ထားဝယ်ရှိ မြင့်မိုလက်ခတောင်တလျှောက်၊ ဒို့အမျိုးသားရန်သူတွေကို တက်ညီလက်ညီတိုက်ခဲ့ကြတာ ရဲဘော်တို့ မေ့ကြမယ်မထင်ဘူး။
မိုးကာတခုအောက်မှာ အတူအိပ်ခဲ့ကြတာတွေ ထမင်းတပန်းကန်ထဲစားခဲ့ကြတာတွေကို ခုအထိ မြင်နေမိတယ်။ (ငါးခူဟာငါးခူပဲ၊ ငါးရဲ့ မဖြစ်လာနိုင်သလို)ဘယ်နေရာပဲရောက်ရောက်၊ ဘာပဲဖြစ်ဖြစ် (ကရင်ဟာ ကရင်ပဲ ဖြစ်ပါတယ်) တခြားလူမျိုးကရင်ကို ချစ်တယ်ဆိုတာ ကရင်အချင်းချင်းမုန်းသလောက်ပဲ ရှိပါတယ်။
ကျနော်တို့ ကရင်ညီအစ်ကိုတွေ တယောက်နဲ့ တယောက်ခွင့်လွတ်ကြပြီး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲလမ်းမကြီးပေါ် လျှောက်လှမ်းဖို့ မျှော်လင့်တကြီးနဲ့ စောင့်နေမယ်။ ပြန်လာကြနော်။ နအဖစစ်အုပ်စုနဲ့ ပူးပေါင်းတဲ့ ကရင်လက်နက်ကိုင်များခင်ဗျား။
ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ မူ၎ချက်ကို ရဲဘော်တို့ ကိုင်စွဲထားဆဲလို့ ရဲဘော်တို့ ပြောကြတယ်။ ၀မ်းသာပါတယ်။ ဂုဏ်ယူပါတယ်။ ဒီ(၄)ချက်ကို မမေ့ရအောင် ထပ်လောင်းဖော်ပြလိုက်ပါတယ်။
(၁)ကရင်တွေ လက်နက်ချစကား မပြောရ။
(၂)ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမယ်။
(၃)ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမယ်။
(၄)ကရင်ပြည်ကို အသိအမှတ်ပြုရမယ်
လို့ ဖော်ပြထားပါတယ်။
ရဲဘော်တို့ နအဖစစ်အုပ်စုနဲ့ ပူးပေါင်းသွားတာ (၁၅)နှစ် ရှိသွားပြီး ဖြစ်ပါတယ်။ ကရင်အမျိုးသားခေါင်းဆောင်ကြီး ချပေးခဲ့တဲ့ မူ(၄)ချက်ထဲက တခုခုရရှိခဲ့သလားဆိုတာ မေးချင်ပါတယ်။ ကရင်အမျိုးသားများရဲ့ ဆန္ဒနဲ့ ကိုက်ညီတဲ့ ကရင်ပြည်ရရှိခဲ့ပြီးလား။ ကရင်အမျိုးသားများရဲ့ ကံကြမ္မာ ကရင်တွေ ဖန်တီးခွင့် ရှိကြပြီးလား။ဒီ(၁၅)နှစ်အတွင်း ခေါင်းဆောင်ပိုင်းတွေ ကျိကျိတက် ချမ်းသာလာကြတယ်။ ကိုယ့်ကရင်တွေ ချမ်းသားလာလို့ ၀မ်းသာကြည်နူးရပါတယ်။ ကိုယ့်ကြမာကိုယ်ဖန်တီးပိုင်ခွင့်ရှိတဲ့ ကရင်ပြည်သာရမယ်ဆိုရင် ဘယ်လောက်ဝမ်းသာကြည်နူးဖို့ ကောင်းလိုက်မလဲနော်။ ၂၀၁၀နောက်ပိုင်း ဒီကေဘီအေဆိုတဲ့ အမည်တွေ၊ အလံတွေ ပျောက်ပြီး နယ်ခြားစောင့်အဆင့်နဲ့ အခိုင်းခံဘ၀ရောက်ရတော့မယ်၊ ကိုယ့်ကြမာကိုယ်ဖန်တီးခွင့်ပျောက်ပြီး သူ့ကြမ္မာသူဖန်တီးယူတော့မှာဖြစ်တယ် ရဲဘော်တို့။ (ကရင့်သိက္ခာ၊ ကရင့်တန်ဘိုး)ငွေသာရှိပြီး (သိက္ခာမရှိနဲ့တန်ဘိုး) မဲ့နေရင် အသက်ရှင်လျှက် လေဖြတ်ပြီး ကိုယ်တခြမ်းသေနေတာနဲ့ တူနေပါပြီး။
ကရင့်သိက္ခာနဲ့ ကရင်တန်ဘိုးဆိုတာ ကိုယ့်ပြည်ကိုယ့်အစိုးရနဲ့ နေနိုင်မှ၊ သူ့ကျွှန်ဘ၀က လွတ်မြောက်မှ လူ့သိက္ခာ၊ လူ့တန်ဘိုးရှိတာ ဖြစ်တယ်။ တိုင်းပြည်မရှိတဲ့လူမျိုးဟာ ကျွှန်ဖြစ်တယ်။လို့ ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ သြ၀ါဒကို ရဲဘော်တို့ မမေ့သေးဘူးလို့ ယူဆပါတယ်။ ၂၀၁၀နောက်ပိုင်း ရဲဘော်တို့ နအဖစစ်အစိုးရရဲ့ စစ်ကျွှန်ဘ၀လုံးလုံးရောက်သွားကြတော့မယ်။ အခုလောက်လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့် ရပါ့အုံးမလား။ ကိုယ့်ကရင်လူထုရဲ့ အကျိုးစီးပွားကို ကာကွယ်ပိုင်ခွင့် ရှိပါ့ဦးမလား။ ကရင်နှစ်သစ်ကူးနေ့ကို ယခင်ကလို လွတ်လပ်စွာလုပိုင်ခွင့် ရပါ့ဦးမလား။
နအဖစစ်အုပ်စုရဲ့ (၄)လပတ်အစည်းအဝေးတခုမှာ နအဖစစ်အုပ်စုရဲ့
နံပါတ(၁)ရန်သူဟာ (ကရင်)ဖြစ်တယ်။
ပြည်ပနံပါတ်(၁)ရန်သူဟာ ထိုင်းဖြစ်တယ်ဆိုတာ သိရတယ်။ ကရင့်တော်လှန်ရေးကို ဖြိုခွဲရာမှာ ရဲဘော်တို့ကို ဆက်လက်အသုံးချနေဦးမှာဖြစ်တယ်ဆိုတာ သိထားစေချင်တယ်။ ကရင်အချင်းချင်းပြန်သတ်ခိုင်းအုံးမှာ ဖြစ်တယ်။ ရဲဘော်တို့ကို ရှေ့က တက်ခိုင်းပြီး သူတို့က ကျည်လွတ်မြောက်ရာကနေ လက်နက်ကြီးနဲ့ ကူသတ်ပေးလာမယ်ဆိုတာ မြင်ထားတယ်။ နောက်တခေါက်မှ ဆက်ရေးပါအုံးမယ်။ ကရင်ခေါင်းဆောင်တွေဖြစ်တဲ့ စောဟန်တာသာမွေး၊ စောဝေသော၊ စောဝေရီကျော်၊ ဗိုလ်ချုပ်အုံးဖေ၊ ဗိုလ်မှူးချုပ်လင်းထင်တို့လို မဖြစ်ကြပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။
ကရင့်လွတ်လပ်ရေးအတွက် တတပ်တအားထမ်းဆောင်နိုင်ပါစေလို့ မျှော်လင်ချက်------ကရင့်အလံတော်အောက် လာရောက်စုရုံးနိုင်ပါစေ။ကရင်နှစ်သစ်ကူးပွဲတော်တွေ စုပေါင်းကျင်းပနိုင်ကြပါစေ။ကရင့်လွတ်လပ်ရေး အတူရယူနိုင်ပါစေလို့ ဆုတောင်းပါတယ်။
တချိန်က သင်တို့နဲ့အတူ စစ်မြေပြင်မှာ ရန်သူကို ရဲရဲတောက်တိုက်ပွဲဝင်ခဲ့တဲ့ သင်တို့ရဲ့ရဲဘော်ဖူးကီးဒိုပေးစာကို ပေးပို့ပေးတဲ့ ဖူးကီးဒိုအား အထူးကျေးဇူးတင်ရှိလျှက်ကျော်အဲခေါင်သောင့်
Wednesday, June 17, 2009
နအဖ၏ပြောဆိုချက်များ အခြေအမြစ်မရှိဟု ကေအန်ယူ ပြန်လည်တုံ့ပြန်
NEJ / ၁၅ ဇွန် ၂၀၀၉
နအဖနှင့်ဒီကေဘီအေ ထိုးစစ်များကြောင့် ကရင်ရွာသားများ ထိုင်းဘက်ထွက်ပြေးနေရသဖြင့် ထိုးစစ် ချက်ချင်းရပ်ရန် ယခုလ (၁၁) ရက်၌ ဥရောပသမဂ္ဂ (အီးယူ) ၏ တောင်းဆိုမှုကို မြန်မာဘက်က ပယ်ချလိုက်မှုနှင့် ပတ်သက်၍ နအဖ၏ပြောဆိုချက်များသည် လိမ်လည်ပြောဆိုမှုများသာ ဖြစ်သည်ဟု ကေအန်ယူက ပြောသည်။အီးယူ၏တောင်းဆိုမှုကို မြန်မာနိုင်ငံခြားရေးဌာနမှ ပယ်ချခဲ့ပြီး သောင်းကျန်းသူများထံမှ ရရှိသည့်သတင်းကို အခြေခံပြီး ထုတ်ပြန်ခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။ယင်းကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဒု-ဥက္ကဋ္ဌ ပဒို ဒေးဗစ် သကဘောက “အီးယူက ထုတ်တဲ့ ကြေညာချက်ဟာ သူပုန်ဆီက ရတဲ့ သတင်းဖြစ်တယ်လို့ နအဖပြောတာ လုံးဝမဟုတ်ဘူး။ အခု တပ်မဟာ (၇) မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ဒီကေဘီကေနဲ့ နအဖစစ်တပ် ခလရ -၈၁၊ ခမရ -၂၀၁၊ ၂၀၂၊ ၂၀၃၊ ၂၀၅၊ ၂၁၀ တပ်တွေ ပူးပေါင်းပါဝင် တိုက်ခိုက်နေတာ ဖြစ်တယ်ဆိုတာကို ထွက်ပြေးလာတဲ့ ရွာသားတွေဆီမှာ လွတ်လပ်တဲ့ သတင်းထောက်တွေ၊ ပညာရှင်တွေ၊ ကိုယ်တိုင်သွားရောက် သတင်းယူတာဖြစ်တယ်။ နိုင်ငံတကာသံရုံး အချို့ ကလည်း ပါတယ်။ အဲ့တာကို အီးယူက အခြေခံပြီး ထုတ်တာပါ။ နအဖရဲ့ပြောဆိုမှုတွေဟာ အခြေအမြစ်မရှိ လိမ်လည်ပြောဆိုတာပဲဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဒေသအတွင်း လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ သည် ကေအန်ယူနှင့် ဒီကေဘီအေတို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများသာဖြစ်ပြီး မြန်မာစစ်တပ်မှ တစုံတရာ ပါဝင်ပတ်သက်ခြင်း မရှိဟု နအဖ နိုင်ငံခြားရေးဌာနမှ ပြောကြားခဲ့ပြီး ထိုင်းဘက် ထွက်ပြေးလာသူများသည် ရွာသားများမဟုတ်ဘဲ ကေအန်ယူအဖွဲ့၏ ဆွေမျိုးသားချင်းများသာ ဖြစ်သည်ဟု ပြောသည်။တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့(ဒီကေဘီအေ) မှ အရာရှိငယ်တဦးက “တပ်မဟာ (၇) မှာ အခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ထိပ်တိုက်တက်ရတာက ဒီကေဘီအေ အဖွဲ့တွေပဲ။ ဗမာစစ်တပ်က အနောက်ကနေ ၀န်းရံပြီး လက်နက်ကြီးနဲ့ ကူပစ်ပေးတယ်။ (၈၁) မမ မော်တာကို ဗမာစစ်တပ်ကပဲ ပစ်ပေးတယ်။ ဒီကေဘီအေက ပစ်ခွင့်မရှိဘူး။ မင်းတို့ပစ်ရင် ထိုင်းဘက် ကျနိုင်တယ်ဆိုပြီး ပေးမပစ်ဘူး။ သူတို့ပစ်တော့လည်း ထိုင်းဘက် ကျတာတွေ အများကြီးရှိတယ်။ ဒီကေဘီအေ အဖွဲ့ကိုင်ရတာ အကြီးဆုံးဟာ (၆၀) မမ မော်တာပဲ။ ဒီကိစ္စ အားလုံး ဗမာစစ်တပ်ခိုင်းသလို လုပ်နေရတာပါ။ ကျနော်ဒီလောက်ပဲ ပြောလို့ရမယ်” ဟု ပြောသည်။ရက်သတ္တ (၂) ပတ်ကြာမြင့်ခဲ့ပြီးဖြစ်သည့် တပ်မဟာ (၇) ဒေသ ထိုးစစ်ကြောင့် ဒေသတွင်း ကရင်ရွာသား (၄,၀၀၀) ခန့်ကို စစ်ပြေးဒုက္ခသည်များအဖြစ် လူသားချင်စာနာထောက်ထားသည့်အနေဖြင့် ထိုင်းဘက်ခြမ်းတွင် ယာယီလက်ခံ ထားပြီး နယ်မြေ အေးချမ်းသွားပါက ၎င်းတို့အား နေရပ်သို့ ပြန်ပို့မည်ဟု ထိုင်းအမှတ် (၃) စစ်တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ထနွန်စာ အဖိလာ့ယိုထင်က ပြောသည်။ဖြစ်ပွားနေသည့် တိုက်ပွဲများဂယက်ကြောင့် ထိုင်းနိုင်ငံဘက်သို့ မြန်မာစစ်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်များ ထိုင်းဘက်ခြမ်း မဲ့စလေ ကျေးရွာသို့ မကြာခဏ ကျရောက်ခဲ့သဖြင့် လွန်ခဲ့သည့် စနေနေ့က ထိုင်းအမှတ် (၃) စစ်တိုင်းမှူး လာရောက်ပြီး နယ်စပ်အခြေအနေကို စစ်ဆေးကာ စာသင်ကျောင်းကို ပိတ်ပြီး ထိုင်းနိုင်ငံသားများနှင့် မြန်မာစစ်ပြေးဒုက္ခသည် (၂,၀၀၀) ခန့်ကို ဘေးလွှတ်ရာသို့ ပို့ဆောင်ပေးခဲ့သည်။မြန်မာဒုက္ခသည်များ၏အခြေအနေမှန်ကို သိရှိရန်အတွက် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်နှင့်အဖွဲ့သည် ယနေ့နံနက်က ဒုက္ခသည်များရှိရာ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်သို့ သွားရောက်ကြည့်ရှုခဲ့သည်။
လိပ်စာကဒ်တွေ ပေးရင်၊ လဲရင် သတိထား
-အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ်ရပ်ရပ်ဝတ်စား ထားတဲ့ ယောက်ျား တစ်ဦးက သူ့ကိုယ် သူ ကုမ္ပဏီ အရောင်းကိုယ်စားလှယ်အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်း ၀ယ်ဖို့ လိုအပ် ရင်ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။ သူမကလဲ သဘောရိုးနဲ့ လို့ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကို လက်ခံပြီး ကားပေါ် ပြန်တက်လို့မောင်း ထွက် ခဲ့တယ်။ အဲဒီ အချိန်မှာပဲ အဲဒီ ယောက်ျားဟာ တခြား လူရည်သန့်ယောက်ျား တစ်ဦး မောင်းတဲ့ ကားပေါ် တက်သွား ခဲ့တယ်။ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက်ကနေ စောစောကယောက်ျားက တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်းလိုက်လာတာကိုနောက်ကြည့်မှန်က တဆင့် မြင်လိုက်တယ်။
အဲဒီအချိန်မှာပဲ သူမဟာ တအားခေါင်းကိုက်လာပြီး အသက်ရှူလို့ မရ ဖြစ်လာ ခဲ့တယ်။ သူမဟာ ကားပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာ သူမရဲ့ လက်က လာတာဖြစ်ကြောင်း သတိထားမိ လိုက်တယ်။ စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကို လက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့ အနံ့ပါ။ရုတ်တရက် ပတ်ဝန်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့အခါ ကဒ်ပေးတဲ့ယောက်ျားရဲ့ကားက သူမကားရဲ့ နောက်တည့်တည့် ရောက်နေပါပြီ။ ဒါနဲ့ လူနဲ့ ကားစည်ကားရာဆီကို သွားတဲ့ ကားလမ်းကြောကို အမြန်ဆုံး ရွေးမောင်းရင်းကားဟွန်းကို ထပ်ခါ တလဲလဲ နှိပ်နေခဲ့ရတယ်။ သူမရဲ့ ကားကို လူတွေသတိထားမိပြီး အကူအညီ ရလိုရငြားပေါ့။အဲဒီတော့မှ သူမရဲ့ ကားနောက်က လိုက်နေတဲ့ ယောက်ျားတွေရဲ့ ကားက တခြားကိုမာင်းပြေး ပါတော့တယ်။
သူတို့ရန်ကလွတ်ခဲ့ ပေမယ့် သူမကတော့ မိနစ်တော်တော်ကြာကြာ ခေါင်းမူး ခေါင်းကိုက် ဖြစ်ပြီးနောက် ကားပြတင်းပေါက်တွေကတိုးဝင်လာတဲ့ လေ တွေကြောင့် အသက် ပြန်ရှူနိုင် ခဲ့ပါတယ်။လိပ်စာကဒ် ပေါ်မှာ ဘာပါလဲ သိလား…လူတဖက်သား ဆီက တခုခု ခိုးယူဖို့ ဒါမှမဟုတ် အဲဒီလူဆီက တစုံတခုအမြတ်ထုတ်ဖို့ ကြိုးစားရာမှာ သူတို့ ရည်ရွယ်ထားတဲ့ သားကောင် သို့မဟုတ်အနစ်နာ ခံရမယ့် သူက ဘာမှ ပြန်မတုံ့ပြန် နိုင် အောင် မသမာ သူတွေက'BURUNDANGA' လို့ ခေါ်တဲ့ ဆေးကို သုံးတတ်ကြတယ်။ အဲဒီဆေး ဟာမုဒိမ်းကောင်တွေက မိန်းကလေးတွေကို မကျူးလွန်မီ မိန်းကလေးတွေ ထွက်မပြေးနိုင်၊ မလှုပ်ရှား နိုင်အောင် ကျွေးလေ့ ရှိတဲ့ ဆေးထက် လေးဆ ပိုပြင်းပါတယ်။
ပိုဆိုးတာက ဒီဆေးက ပါးစပ်ထဲ ၀င်အောင် ခတ်စရာ မလိုပဲလိပ်စာကဒ်လို ရိုးရှင်းတဲ့ စာရွက် အပိုင်းအစ တစ်ခုက နေတောင် အနံ့အဖြစ်နဲ့ ကူးလွယ်၊ အသုံးချရ လွယ်ကူ နေပါတယ်။ဒီလို လုပ်ရပ်မျိုးထဲမှာ ကိုယ့်အိမ်တံခါး လာခေါက်ပြီး သတင်းစာ ဝေတာ၊ လက်ကမ်း ကြော်ငြာ စာရွက် ဝေပေးတာ၊ လူရှင်းပြီး ချောင်ကျတဲ့ စားသောက်ဆိုင် တွေမှာ tissue box လာချတာက စလို့ ပုံစံ မျိုးစုံနဲ့ ချဉ်းကပ်လာနိုင်တာတွေ အများကြီး ရှိပါတယ်။ကျေးဇူးပြုပြီး ဒီသတင်းကို သင် အလေးထား ဂရုစိုက်သူ တွေဆီကို လက်ဆင့်ကမ်းပေးပါ။ မသမာ သူတွေရဲ့ မာယာ ကျော့ကွင်း တွေကို အပြစ်မဲ့သူတွေ ရှောင်ရှားနိုင်ကြပါစေ။
မှတိချက်..ရေးသူမသိပါ..eamil group ကရပါတယ်
ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်(လ်)ဆုရှင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး၊လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၆၄နှစ်မြောက် မွေးနေ့မင်္ဂလာပွဲ
Monday, 15 June 2009
ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်(လ်)ဆုရှင်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး၊
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၆၄နှစ်မြောက် မွေးနေ့မင်္ဂလာပွဲကို ဂျပန်နိုင်ငံ၊တိုကျိုမြို့ အိုစုကရပ်ကွက် မိနာမိအိုစုကဟော၌ ၁၄-၆-၂၀၀၉ တနင်္ဂနွေနေ့ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှသည်။
မတရားဖမ်းစီးအကျဉ်းကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးချွင်းချက်မရှိအမြန်လွတ်မြောက်စေရန်နှင့် မြန်မာပြည်တွင်းရှိ ၇ရက်သားသမီး ပြည်သူအပေါင်း စစ်အာဏာရှင်စနစ်ဆိုးမှလွတ်မြောက်ပြီး စိတ်၏ချမ်းသာကိုယ်၏ချမ်းသာမှုများရရှိစေရန် လှောင်ချိုင့်အတွင်းမှ ငှက်(၇)ကောင်အား ဖိတ်ကြားထားသောဧည့်သည်တော်များမှလွတ်ပေးခဲ့ပါသည်။
သူများအားကျေးဇူးတင်အမှာစကားပြောကြားခြင်း၊အတွင်းရေးမှူးဦးသောင်းမြင့်ဦး မှဦးဆောင်၍ ဒေါ်အောင်ဆန်းစုကြည် ``ကျန်းမာပါစေ၊ချမ်းသာပါစေ၊သက်တော် ရာကျော်ရှည်ပါစေ​ ဟု တက်ရောက်လာသော ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ အဖွဲ့ အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ စုစုပေါင်းလူဦးရေ ၈၀၀ ခန့် တက်ရောက်ခဲ့ သည်။
အခမ်းအနားကို ည ၉နာရီတွင် အဆုံးသတ်ရပ်နားခဲ့ပါသည်။
nobodywininthewar by Kwekalu Karen News
တချက်လေးနှိပ်ပါ
ရွာသူကြီး(၃)ဦး ဒီကေဘီအေ ဖမ်းဆီးခြင်းခံရ
Tuesday, June 16, 2009
ဇွန်လ ၁၆ရက်၊ စောသိန်းမြင့်(ကေအိုင်စီ)ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ်ရှိ မော်ဖိုးကလိုးရွာနှင့် မောခီးရွာများမှ သူကြီး (၃)ဦးကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ)က ဇွန်လ (၁၄)ရက်နေ့ က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။
အဆိုပါကျေးရွာများမှ ရွာသားများသည် မိမိတို့ ပိုင်ဆိုင်သည့် စက်ပစ္စည်းများ၊ ကျွှဲ၊ နွားများကို ရောင်းချရာတွင် ထိုကျေးရွာများတွင် အုပ်ချုပ် ရေးတာဝန်ယူထားသော ဒီကေဘီအေတပ်ဖွဲ့ ကို အကြောင်းမကြားသည့်အတွက် ဒီကေဘီအေ တပ်ရင်း (၉၀၇)တပ်ဖွဲ့ ဝင်များက ၄င်းတို့ ၏ ဗျူဟာမှူး ဗိုလ်မှူးကြီးနှုတ်ခမ်းမွှေး.အမိန့် ဖြင့် အဆိုပါသူကြီးများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း နယ်မြေခံတဦးက ပြောသည်။
သူက “ဒီမှာရှိတဲ့ ရွာသားတွေဟာ အကောက်အခွန်အားလုံး ပေးနေရတယ်။ လယ်ထွန်စက်၊ကျွှဲ၊နွားတွေကအစ အကုန် အခွန်ပေးရတယ်၊ အခု ရွာသူကြီးကိုဖမ်းသွားတဲ့ကိစ္စက ရွာသားတွေ ကျွှဲ၊ နွားတွေရောင်းတဲ့အခါ သူတို့ (ဒီကေဘီအေ)ကို မပြောပြတဲ့အတွက် ဒါဟာ ရွာသူကြီးလိုတယ်ဆို ပြီး ဖမ်းခေါ်သွားတာပဲ။ ကျနော်တို့ ကြားတာကတော့ ဒဏ်ရိုက်မယ်တဲ့။ ဘယ်လိုပြစ်ဒဏ်မျိုး ရိုက်မလဲဆိုတာ ကျနော်တို့  မသိရသေးဘူး”ဟု ပြောသည်။
ဒီကေဘီအေ ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာသူကြီးများမှာ မော်ဖိုးကလိုးရွာသူကြီး စောမောင်ဝင်း (၄၀)နှစ်။ စောနော်ဒု (၃၇)နှစ်နှင့် မောခီး ရွာသူကြီး စောကျောမယ် (၃၈)နှစ်တို့ ဖြစ်ကြပြီး ၄င်းတို့ ကို ယခုအချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးသည့်အတွက် ထိုကိစ္စနှင့်ပတ်သကှု ဒီကေဘီအေ တပ်ရင်း (၉၀၇)ကို ကရင်သတင်းစဉ်မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်ရေးဖြတ်တောက်ထားသည်။
ရွာပေါင်း (၁၃)ရွာရှိသည့် ထိုဒေသသည် နအဖစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ် (၂)လက်အောက်ခံတပ်ရင်း၊ ဒီအေဘီအေ တပ်ရင်း ၉၀၇၊ ၉၀၆၊ ၉၀၁နှင့် ကေအဲန်အယ်လ်အေ တပ်ရင်း ၂၀၁တို့  လှုပ်ရှားလျှက်ရှိရာ ယခင်ကလည်း ရွာသူကြီးများကို ဒီကေဘီအေတပ်ဖွ့ဲက မကြာခဏ ဖမ်းဆီး လေ့ရှိပြီး များသောအားဖြင့် ဒဏ်ငွေပေးဆောင်ကာ ကျေအေးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
နအဖစစ်တပ်၏ ထိုးစစ်ဆင်မှုအပေါ် ကရင်အမျိုးသမီးအစည်းအရုံး၏ ထုတ်ပြန်ကြေညာချက်
Tuesday, June 16, 2009
Karen Women Organization
P.O.19,Mae Sariang,
Mae Hong Son,58110,Thailand,
Tel;66-53-681084,fax:66-53-621410
Email:kwocentral@tttmaxnet.com
Website:karenwomen.org
၂၀ဝ၉ခုနှစ်၊သတင်း-နော်ဖော့ဂေကရင်ပြည်နယ်၊ ဖားအံခရိုင်အတွင်း နအဖစစ်တပ်၏ ထိုးစစ်ဆင်မှုများကြောင့် ဒေသခံပြည်သူများမှာနေရပ်ကို ထပ်မံစွန့် လွှတ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည့်အပေါ် တိုက်ပွဲများ ချက်ချင်းရပ်တန့် သွားရေး နိုင်ငံတကာမှ ပိုမို ဖိအားပေးလာစေရန်အတွက်ကရင်အမျိုးသမီးအစည်းအရုံး (ကေဒဗလျူအို)က တောင်းဆိုလိုက်သည်။၂၀ဝ၉ ခုနှစ်။ ဇွန်လ (၂)ရက်နေ့ မှစ၍ နအဖ စစ်တပ်၏ တပ်ရင်း (၅)ရင်းနှင့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်ဖွဲ့ (ဒီကေဘီအေ)မှ တပ်ရင်း (၃)ရင်းသည် လက်နက်ကြီးငယ်များဖြင့် ထိုင်းနယ်စပ်အနီးတဝိုက်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။
ထိုတိုက်ခိုက်မှုများကြောင့် ရွာပေါင်း ၂၀မှ ရွာသူရွာသား၎ဝ၀ဝနီးပါးမှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့  ထွက်ပြေးလာခဲ့ရပြီး အများစုမှာအမျိုးသမီးနှင့် ကလေးသူငယ်များ ဖြစ်ကြသည်။ထိုဒုက္ခသည် ရွာသူရွာသားများအနက် လူဦးရေ ၈၀ဝကျော်မှာ အသက်ဆယ့်သုံးနှစ်အောက် ကလေးငယ်များဖြစ်ကြပြီး နို့ စို့ ကလေး အတော်များများနှင့် ကိုယ်ဝန်ဆောင်သည် အမျိုးသမီး ၂၀ကျော် ပါဝင်လျှက်ရှိသည်။ ၄င်းအပြင် မိုးတွင်းရာသီဖြစ်နေသဖြင့် လူဦးရေများပြားလှသည့် ဒေသခံပြည်သူများ၏ ကျန်းမာရေးနှင့် ခိုလှုံနေထိုင်ရေးတို့ အတွက် ကေဒဗလျူအိုအနေနှင့် လွန်စွာမှစိုးရိမ်ပူပန်မိသည်။
“လူတွေဟာ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာနေကြတာ ခြေကုန်လက်ပမ်းကျကုန်ပြီ။ နှစ်ရက်သားကလေးငယ်ကို သယ်ပိုးပြေးလွှားခဲ့ရတဲ့ မိခင်တဦးရဲ့ရင်ဆိုင်ဖြတ်သန်းမှုကို တွေ့ ရတော့ ဝမ်းနည်းမိသလို နအဖနဲ့  ဒီကေဘီအေတို့ ရဲ့  တိုက်ခိုက်မှုကိုလည်းဒေါသဖြစ်မိတယ်”ဟု ကေဒဗလျူအိုမှ ပြောရေးဆိုခွင့်ရှိသူ နော်ဘလူးမင်းနိုက်ဇန်က ပြောသည်။
နအဖစစ်တပ်သည် ကရင်လူမျိုးအပေါ် အခါအားလျော်စွာ အတင်းအဓမ္မ အမြစ်ပြတ်ချေမှုန်းရေးကို တိုက်ခိုက်လျှက်ရှိသည်။ ဤကဲ့သို့  သံသရာလည်နေသည့် နေရပ်စွန့် ခွာမှုများနှင့် ရင်ဆိုင်ခံစားနေရမှုများမှာ အဆုံးသတ်ရန် လိုအပ်နေပြီဖြစ်သည်။ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာအစိုးရများမှလည်း ကြားဝင်ဖြေရှင်းပေးရန်။ နအဖ. လက်ရှိထိုးစစ်ကို ချက်ချင်းရပ်တန့် ရေး ဖိအားပေးရန်၊ နအဖ၊ ဒီကေဘီအေတပ်များအနေဖြင့် ကရင်ကျေးလက်တောရွာများမှ ပြန်လည်ဆုတ်ခွာပေးရန်နှင့်တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲပေးရန် ကေဒဗလျူအိုအနေဖြင့် အဆောတလျင် တောင်းဆိုလိုက်သည်။
၎င်းအပြင် မြန်မာပြည်ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးအတွက် စစ်အုပ်စု။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်သည့် တွေ့ ဆုံဆွေးနွေးရေးကို ဦးတည်လုပ်ဆောင်ရမည်ဖြစ်သည်။ အလားတူ မြန်မာပြည်တွင်းမှ ထွက်ပြေးလာသည့် ဒုက္ခသည်များအား ကာကွယ်စောင့်ရှောက်မှု ဆက်လက်လုပ်ဆောင်ပေးရန်နှင့်ဒုက္ခသည်စခန်းဖွင့်လှစ်ခွင့်ပေးပါရန် ထိုင်းအစိုးရအားလှိုက်လှဲစွာ တောင်းဆိုအပ်ပါသည်။ ကေဒဗလျူအိုသည် ထိုင်းနယ်စပ်တလျှောက်ရှိ ကရင်ဒုက္ခသည်စခန်းများနှင့် ပြည်တွင်းမှ ဌာနေမဲ့ဒုက္ခသည်များအတွက် ဖွံ့ ဖြိုးရေး၊ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေသည့် လူမှုအခြေစိုက် ကရင်အမျိုးသမီးလုပ်ငန်းအဖွဲ့ တခုဖြစ်သည်။
ကေဒဗလျူအိုသည် ကရင်အမျိုးသမီးများအတွက် ပညာရေးနှင့်လူနေမှုဘဝမြင့်တင်ရေး၊ ဗဟုသုတကြွယ်ဝရေး၊ နိုင်ငံရေး၊ ခေါင်းဆောင်မှုနှင့်စွမ်းရည်မြှင့်တင်သွားရန် ရည်ရွယ်လုပ်ဆောင်ခဲ့သည်။
ဆက်သွယ်ရန်
နော်ဘလူးမင်းနိုက်ဇန် - ဝ၈ ဝ၁၁၉၀၄၂၂
နန်းဒါးအဲ့ကလယ် - ဝ၈ ၅၇၂၆၉၂၉၁
KNU တပ်စခန်း ၃ခု အသိမ်းခံရ
မြန်မာစစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များက ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ (၇) မှ တပ်စခန်း ၃ ခုကို သိမ်းပိုက် လိုက်ကြောင်း ကြားသိရသည်။
တပ်မဟာ ၇စခန်းတခုကို သိမ်းပိုက်အပြီး တွေ့မြင်ရသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်များ။
အသားထဲကလောက်ထွက်မိမိအမျိုးသားတွေကိုတန်ဘိုးထားရမှန်းမသိစစ်ဘီလူးခိုင်းတာအကုန်လုပ်
ီD K B A ဆိုတာ ခိုင်းသမျှလုပ်ပေးတဲ့ န အ ဖ ခိုင်းနွှားတွေပါဓါတ်ပုံကွယ်ကလူမြန်မာစစ်အစိုးရနှင့် DKBA ပူးပေါင်းတပ်များက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းမှ KNLA တပ်မဟာ (၇) ဒေသရှိ တပ်စခန်းများကို ဇွန်လဆန်းပိုင်းမှ စတင်တိုက်ခိုက်ခဲ့ရာ တပ်ရင်း ၂၁ ကို ယမန်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ တပ်ရင်း ၂၂ နှင့် ၁၀၁ တပ်စခန်းများကို ထပ်မံ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
KNLA တပ်ရင်း ၂၂ နှင့် ၁၀၁ ကို ပူးပေါင်းတပ်များက ယနေ့ နံနက်တွင် သိမ်းပိုက်ခဲ့ပြီး DKBA စစ်သားများက ထိုတပ်ရင်းနေရာများတွင် စောင့်ကျပ်နေကြောင်း၊ တပ်ရင်း၂၁ တပ်စခန်းကိုလည်း မီးရှို့ဖျက်ဆီး၍ နေရာ ယူထားလိုက်ပြီဖြစ်ကြောင်း Free Burma Rangers အဖွဲ့မှ စောဒိုးကအိုးက ဧရာဝတီသို့ပြောသည်။
မြန်မာစစ်အစိုးရတပ်မ (၂၂) လက်အောက်ခံတပ်တချို့နှင့် DKBA တပ်ရင်း ၉၉၉ ၊ ၅၅၅ ၊ ၃၃၃ တပ်ဖွဲ့ဝင်များ သည် KNLA တပ်မဟာ (၇) ထိန်းချုပ်နယ်မြေရှိ တပ်စခန်းများကို လက်နက်ကြီးများဖြင့် သော်လည်းကောင်း၊ လူအင်အားဖြင့်သော်လည်းကောင်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယခုကဲ့သို့ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူလိုသော စောနေစိုးမြအဖွဲ့မှ ကျန်ရှိသူများကို ထိုင်းနိုင်ငံအခြေစိုက် KNU/ KNLA အဖွဲ့ဝင်များက အင်အားသုံး ဟန့်တား သောကြောင့် အဆိုပါတိုက်ပွဲများ ဖြစ်ပွားရသည်ဟု ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသားဖော်ပြထားသည်။
“အမှန်တကယ်အားဖြင့် အဆိုပါ တိုက်ခိုက်မှုများမှာ KNU/ KNLA တပ်ဖွဲ့ဝင်များနှင့် DKBA တပ်ဖွဲ့များ အချင်းချင်း တိုက်ခိုက်ခြင်းသားဖြစ်ပြီး အဆိုပါ လက်နက်ကိုင် ပဋိပက္ခများအတွင်း မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင် များအနေဖြင့် မည်သို့သောအခန်း ကဏ္ဍကမှ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိ” ဟု ၎င်း စစ်အစိုးရထုတ် သတင်းစာက ဆိုသည်။
KNU ဒု ဥက္ကဌ စောဒေးဗစ်တာကပေါ်ကမူ ယခုကဲ့သို့ သတင်းစာတွင် ရေးသားလိုက်ခြင်းသည် မြန်မာစစ်အစိုးရ အနေဖြင့် လိမ်ညာ၍ ၀ါဒဖြန့်ခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်။
“နအဖက လိမ်ညာပြီးတော့ ၀ါဒဖြန့်တာပဲ။ သူတို့ (နအဖ) တပ်က မပါဘူးဆိုရင် တပ်ရင်း ၅ ရင်း လောက် ပါတယ်။ သူတို့က နောက်ကနေ လက်နက်ကြီးနဲ့ ၀ိုင်းကူပစ်ပေးနေတယ်”ဟု စောဒေးဗစ်တာကပေါ်က ပြောသည်။
တိုက်ပွဲသတင်းများနှင့် ဆက်စပ်၍ ကရင်တိုင်းရင်းသား ဒုက္ခသည်များ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးနေရသဖြင့် ကရင်ပြည်နယ် အတွင်းရှိ မြန်မာစစ် အစိုးရတပ်၏ ထိုးစစ်ဆင်မှုများကို ချက်ချင်း ရပ်ဆိုင်းရန် ဥရောပ သမဂ္ဂ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သော ချက် သမ္မတနိုင်ငံက ဇွန်လ ၁၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ စစ်အစိုးရ သတင်းစာက “နိုင်ငံရေးအရ ထိုးနှက်ရန် ဦးတည်ချက်ဖြင့် ထုတ်ပြန်သည့် အီးယူ ဥက္ကဌ၏ ကြေညာချက်အပေါ် များစွာ စိတ်ပျက်မိကြောင်း၊ သောင်းကျန်းသူ အုပ်စုများထံမှ ရရှိသည့် တိကျခိုင်လုံမှုမရှိသော အချက်အလက်များနှင့် ဘက်လိုက်ဖော်ပြသည့် သတင်းများကို အခြေပြုကာ ထုတ်ပြန်ခဲ့သည့်အတွက် မှန်ကန်မှုမရှိသောကြောင့် ပြတ်သားစွာ ပယ်ချလိုက်ကြောင်း” စသည်ဖြင့် ဖော်ပြခဲ့သည်။
ကရင်ပြည် နယ် ထိုးစစ်များ ရပ်စဲရန် တောင်းဆိုသည့် ကြေညာချက်ကို အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်သည့် ဥရောပ သမဂ္ဂကိုယ်စား အလှည့်ကျ ဥက္ကဌက ထုတ်ပြန်ခဲ့သည့်အပေါ် မြန်မာစစ်အစိုးရက ကန့်ကွက်လိုက်ခြင်းဖြစ်သည်။
ဥရောပ သမဂ္ဂ၏ ထုတ်ပြန်ကြေညာချက်တွင် စစ်ပြေး ဒုက္ခသည်များ ဘေးကင်း လုံခြုံစွာ နေရပ်သို့ ပြန်နိုင်ရေး၊ သက်ဆိုင်သူများ အားလုံး ပါဝင်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို စတင်နိုင်ရေးတို့ကို ဆောင်ရွက်ရန် တိုက်တွန်းထားသည်။“KNU/ KNLA တပ်ဖွဲ့ဝင်များ၏ အကြွင်းအကျန်များသည် အရပ်သားများ နေထိုင်နိုင်ခြင်း မရှိသည့် မြန်မာ - ထိုင်း နယ်စပ်နေရာတချို့၌ ပုန်းအောင်းနေထိုင်ကြခြင်းဖြစ်ရာ နယ်စပ်ကို ဖြတ်ကျော်ထွက်ပြေး တိမ်းရှောင်သူများသည် အရပ်သားပြည်သူများမဟုတ်ဘဲ KNU/ KNLA အဖွဲ့ဝင်များနှင့် ယင်းတို့၏ မိသားစုဝင်များသာဖြစ်ကြောင်း ထင်ရှားပါသည်” ဟု ၎င်း စစ်အစိုးရ သတင်းစာတွင် ရေးသားထားသည်။
စောဒေးဗစ်တာကပေါ်က “ထွက်ပြေးလာတဲ့ရွာသားတွေက တကယ်ရွာသားတွေပါ”ဟု ဆိုသည်။ပြီးခဲ့သည့် နှစ်ပတ်အတွင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် စုစု ပေါင်း ၆၀၀၀ ကျော် ရှိကြောင်း သိရသည်။ အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ မဲ့သဝေါနှင့် မဲ့သလေမြို့နယ်များသို့ ထွက်ပြေးပုန်းရှောင်နေကြရသည်။ တိုက်ပွဲများကြောင့် ထိုင်း - မြန်မာနယ်စပ်တွင်လည်း ထိုင်းစစ်တပ်မှ လုံခြုံရေးများ တင်းကျပ်ထားသည်။ ၎င်း ဒုက္ခသည်များကို ကရင်ဒုက္ခသည်များ ကော်မတီ (KRC) နှင့် ထိုင်း - မြန်မာနယ်စပ် တလျှောက် ကူညီ စောင့် ရှောက်ရေး ညွန့်ပေါင်းအသင်း (TBBC) တို့က ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။