Friday, May 10, 2013

ထိုင်းငံပြာရည် စားသုံးရန် စံချိန်မမီကြောင်း တွေ့ရှိ

ထိုင်းနိုင်ငံတ၀န်း ရောင်းချနေတဲ့ ငံပြာရည် အများစုမှာ တာရှည်ခံအောင်သုံးထားတဲ့ ဓာတုပစ္စည်း ပါဝင်မှုအဆင့်ဟာ စားသုံးဖို့ ဘေးအန္တရယ်ကင်းရှင်းရေး စံချိန်မမီဘူးလို့ လေ့လာတွေ့ရှိချက်တခုကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် သည်နေးရှင်းသတင်းစာမှာ ဖော်ပြပါတယ်။

ထိုင်း ဆေးသိပံ္ပဌာနက နိုင်ငံတ၀န်းက ကုန်တိုက်တွေနဲ့ ဈေးတွေမှာရောင်းချနေတဲ့ ငံပြာရည်နဲ့ ရောထားတဲ့ စားသောက်ကုန်တွေရဲ့ အရည်အသွေးကို စစ်တမ်းကောက်ရာမှာ အခုလို တွေရှိခဲ့တာပါ။

Photo_ The Nation

ပြီးခဲ့တဲ့ ဖေဖော်ဝါရီကနေ မတ်လအတွင်း ငံပြာရည် ထုတ်လုပ်တဲ့ကုမ္ပဏီ ၁၁၈ ခုက ငံပြာရည် နမူနာ ၄၇၁ မျိုးကို စစ်ဆေးခဲ့တာပါ။

လေ့လာချက်အရ   ငံပြာရည်ရဲ့အရည်အသွေးဟာ  ဈေးနှုန်းအပေါ် မူတည်နေတာမဟုတ်ဘဲ ဈေးကြီးတဲ့ ငံပြာရည်မှာရော ဈေးပေါတဲ့ ငံပြာရည်မှာပါ ဘေးအန္တရယ်ကင်းရှင်းရေး စံချိန်မမီတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ငံပြာရည်  ၆၃ ဒဿမ ၈ ရာခိုင်နှုန်း နဲ့ ငံပြာရည်အရော ၃၇ ဒဿမ ၁ ရာခိုင်နှုန်းကတော့ ဘေးကင်းလုံခြုံ စိတ်ချရတယ်လို့ ဆိုပါတယ်။

အစားအစားနဲ့ ဆေးဝါးထိန်းချုပ်ရေးဌာန တာဝန်ရှိသူတွေကတော့ နိုင်ငံတ၀န်းမှာရှိတဲ့ ငံပြာရည် ထုတ်လုပ်သူတွေကို စစ်ဆေးမှာဖြစ်ပြီး စံမမီတာတွေ့ရင် တရားဥပဒေအရ ချက်ချင်း အရေးယူဆောင်ရွက်မယ်လို့ ပြောပါတယ်။

မြန်မာပြည်ကို မုန်တိုင်းတိုက်နိုင်ခြေရှိနေ

တနာရီကို လေတိုက်နှုန်း ၁၀၃ မိုင်နှုန်းထိ ရှိတဲ့ ဆိုင်ကလုန်းမုန်းတိုင်းတခုဟာ လာမယ့် မေလ ၁၄ ရက်နေ့ သန်းခေါင်ယံမှာ ဘင်္ဂလားပင်လယ်အော်ကနေ မြန်မာနိုင်ငံဘက်ကို ဦးတည်တိုက်ခတ်နိုင်တယ်လို့ အမေရိကန် ရေတပ်နဲ့လေတပ် ပူးတွဲ သတိပေးစင်တာက ထုတ်ပြန်လိုက်ကြောင်း ဒီနေ့ညနေပိုင်း ရိုက်တာသတင်းတရပ်မှာ ရေးသားထားပါတယ်။

မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်ကတော့ မုန်တိုင်းငယ်အဖြစ် ကြေညာထားပြီး မြန်မာနိုင်ငံဘက်ကို ဦတည်လာခြင်း မရှိသေးကြောင်းနဲ့ စောင့်ကြည့်နေဆဲလို့ ပြောပါတယ်။ တကယ်လို့ မြန်မာနိုင်ငံဘက်ကို ဦးတည်လာခဲ့ရင် သုံးရက်ကြိုတင် သတင်းထုတ်ပြန်မယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

“သတင်းက မှန်လောက်တယ်။ သတင်းအချက်အလက်ယူထားတာက Joint Typhoon Warning Center အမေရိကန်ကပါ။ ကျနော်တို့လည်း ဒါကိုပဲ အားကိုးနေရတာ။ ဒါကသာဆိုရင်တော့ မှန်ကန်ခိုင်လုံတယ်။ သူက ထုတ်ပြန်တာ တိတိကျကျကြီး မေ ၁၄ ရက် အချိန်က ၁၉း၀၀ GMTမှာ မြန်မာပြည်ကို အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး ၀င်မယ် ပြောထားတယ်။ ကျနော်လည်း ဆိုဒ်ကို ပြန်သွားကြည့်တော့ မုန်တိုင်းနဲ့ ပတ်သက်လို့ တင်ထားတာတွေ့တယ်။ တင်ထားတဲ့အထဲတော့ မေ ၁၄ ရက် အချိန်က ၁၉း၀၀ GMTမှာ မြန်မာပြည်ကို ၀င်မယ်လို့တော့ မပါဘူး။”

“ဒါပေမယ့် သူရေးထားတာတွေကို လေ့လာကြည့်တဲ့အခါ တစ် မုန်တိုင်းဟာ လွန်ခဲ့တဲ့ ၆ နာရီအတွင်းမှာ အရှေ့မြောက်ဘက်ကို ရွေ့ခဲ့တယ်လို့ ဖော်ပြထားတယ်။ ကျနော်တို့ဘက်ပေါ့ ရွေ့နှုန်းက ၁ နာရီ ၅ မိုင်လောက်နှုန်းနဲ့ လာတယ်ပြောတယ်။ နောက် မုန်တိုင်းတည်နေရာပြောတော့ တည်နေရာဟာ အရှေ့တောင်ပိုင်း ဆိုတော့ မြန်မာပြည်ပိုင်နက်နဲ့ နီးတယ်ဆိုတဲ့အချက်တွေ့တယ်။ နောက် မုန်တိုင်းတည်နေရာပြ အကွာအဝေးတွေ၊ ကိုးကားထားတဲ့ ပွိုင့်တွေက အိန္ဒိယနဲ့ပြနေရာက အခု ဘင်္ဂလားဒေ့ရှ် စစ်တကောင်းကပြတယ်။ စစ်တကောင်းရဲ့ ဘယ်ဘက်၊ ဘယ်နမိုင်အကွာပေါ့။ အဲတော့ အဲ အချက် ၃ ချက်ကိုတွေ့လိုက်တော့ ဒီဟာ ကျနော်တို့ဘက်ကိုလာမယ်ဆိုတာ အများကြီးဖြစ်နိုင်တဲ့ အနေအထားတွေ့လို့ ကျနော့် သတိပေးထုတ်ပြန်မယ့် သတင်းကို နှိုးဆော်အဆင့်တင်လိုက်တယ်။ ကျနော်တို့ဘက်ကို လာမယ်ဆိုတာတော့ အများကြီး ဖြစ်နိုင်တဲ့ အနေအထားရှိတယ်။ ကျနော့်သတင်းကိုတော့ နှိုးဆော်တဲ့အဆင့်ကို တင်လိုက်တယ်။”

ဘယ်နှရက်လောက်ကြိုပြီး အသေအချာ အတိအကျ ပြောနိုင်မလဲ။

“‘ဒီနေ့ကစ ပြောနေပြီပေါ့။ ပြောတာ ဘယ်လောက်မှန်မလဲ ဒါမှမဟုတ် လွဲသွားမလားဆိုတာ တရက်ချင်း လိုက်ကြည့်မှ သိရမှာပေါ့။ ဒါ နေ့တိုင်း ပြောနေမှာပါပဲ။ အခုကတည်းက ကြိုပြောတယ်လို့ ယူဆပါ။”

အများပြည်သူကို ပြောသင့်တာလေး ပြောပေးပါဦး။

\“ကျနော်က သတင်းတွေကို ၃ ဆင့် ထုတ်ပါတယ်။ ပထမ စောင့်ကြည့်အဆင့်၊ နောက်တဆင့် နှိုးဆော်၊ နောက်ဆုံးအဆင့် သိပ်ကို သေချာပေါက်ဆိုရင် warning (သတိပေးချက်) ဆိုပြီး ကျနော် ထုတ်ပါတယ်။ အခုလောလောဆယ်တော့ ဒုတိယအဆင့် နှိုးဆော်အဆင့်ကို တင်ထားပါတယ်။ warning တော့ ကျနော် မပေးသေးပါဘူး။”


ကန်စွန်းရွက်စားလို့ မူးပြီးဆေးရုံတက်ကြရခြင်း

 

ကန်စွန်းရွက်စားလို့ မူးပြီးဆေးရုံတက်ကြရခြင်း

By BBC Burmese news
May 08, 2013 Wednesday Morning


ရှုတ်ထွေးပွေလီလှတဲ့လူ့လောကကြီးမှာ အခြေခံလူတန်းစားတွေအတွက် နေထိုင်စားသောက်ဘို့အရေးကိစ္စ
တွေဟာ တစ်နေ့ထက်တစ်နေ့ တစ်ရက်ထက်တစ်ရက် ပိုပိုပြီး စိုးရိမ်စရာတွေဖြစ်နေပြီလား?

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
  
 

Thursday, May 9, 2013

ထိုင်းနိုင်ငံက မြန်မာကလေးငယ်များကို နိုင်ငံကူးလက်မှတ် ထုတ်ပေး

ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ ကလေးငယ်တွေ မြန်မာပတ်စပို့စ် ထုတ်ယူလို့ရပြီဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေအတွက် ‘မှီခိုသူပတ်စပို့စ်’ ကို ဒီနေ့ကစပြီး ထုတ်ပေးနေတာပါ။ အသက် ၁၈ နှစ်အောက် မြန်မာကလေးတွေဟာ ဒီစီမံချက်မှာ အကျုံးဝင်ပြီး ထိုင်းအခြေပြု ယာယီပတ်စပို့စ် ထုတ်ပေးရေးရုံး ၁၁ ရုံးမှာ ထုတ်ပေးနေတယ်လို့ မြန်မာသံရုံး အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများ

“ကလေးအတွက် ထုတ်ပေးမယ်ဆိုတော့ ထိုင်းဘက်က သာမန်လူကောက်သလို ဘတ် ၁၉၀၀ ကောက်မယ်ပြောတယ်။ အဲကိစ္စကို မြန်မာဘက်ကနေ ပြီးခဲ့တဲ့အစည်းအဝေးမှာ မိဘတွေတောင် ဘတ် ၅၀၀ ပဲဆောင်ရတာလေ။ အလုပ်မလုပ်တဲ့ ကလေးတွေကို ဘတ် ၁၉၀၀ တောင်ကောက်မယ်ဆိုတာ မဖြစ်သင့်ဘူး။ အဲတော့ ညှိပေးပါဆိုတော့ ကတ်ဘိနက်တင်တော့ ကတ်ဘိနက်က ခွင့်ပြုလိုက်တယ်။ ကလေးတွေလည်း ဘတ် ၅၀၀ ပဲပေါ့။ ဒါနဲ့ ကျနော်တို့ဘက်က ကလေးတွေအတွက် သီးသန့်ထုတ်ပေးမယ့် စာအုပ်တွေ ပြီးခဲ့တဲ့ အပတ်က အားလုံးပြီးသွားပြီ။ အဲဒါ ထုတ်ပေးဖို့ ထိုင်းနဲ့ညှိပြီး မြန်မာပြည်ကို ပြန်တင်ပြတယ်။ မြန်မာပြည်ဘက်က ခွင့်ပြုလာပြီဆိုတော့ စခန်းတွေအားလုံးကို ကလေးတွေအတွက် ထုတ်ပေးဖို့ မနေ့က ပြောလိုက်ပြီ။ အလုပ်သမားဝန်ကြီးဌာနကိုလည်း လ၀ကနဲ့ ညှိပြီး ဗီဇာတုံးကို လူကြီးတွေနှုန်းထားအတိုင်းပဲ ဘတ် ၅၀၀ နဲ့ ထုပေးဖို့ အကြမ်းဖျင်း၊ ဒီနေ့ပဲ စလုပ်ကြမယ်။ ”

မှီခိုသူပတ်စပို့စ်ရဖို့ ထိုင်းငွေ ၁၇၅ ဘတ် ပေးသွင်း ထုတ်ယူရမှာဖြစ်သလို  နေထိုင်ခွင့်ဗီဇာရဖို့ ထိုင်းလ၀ကမှာ ဘတ်ငွေ ၅၀၀ ပေးပြီး သွားလျှောက်ရမှာပါ။ ဗီဇာလျှောက်တဲ့ကလေးတွေဟာ သူတို့မိဘတွေ ရရှိထားတဲ့ ဗီဇာကာလ သတ်မှတ်ချက်အတိုင်း ရရှိမယ်လို့ ဦးနိုင်ထွန်းက ပြောပါတယ်။

ကလေးအတွက် မှီခိုပတ်စပို့စ်ဟာ အပြာရောင်ဖြစ်ပြီး အောက်မှာ (Dependent-မှီခိုသူ)လို့ စာတမ်းထိုးထားပါတယ်။

ဒီအစီအစဉ်ကြောင့် ထိုင်းရောက် မြန်မာကလေးတွေအတွက် အထောက်အထား ရတဲ့အပြင် တရားဝင် ကျောင်းတက်ခွင့်လည်း ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီအစီအစဉ်ဟာ ဒီ ၂၀၁၃ ခုနှစ်အတွင်း မှတ်ပုံတင်တဲ့အလုပ်သမားတွေနဲ့သာ အကျုံးဝင်ပြီး မူလပတ်စပို့ ရပြီးသား အလုပ်သမားဟောင်းတွေကတော့ မြန်မာပြည် ကလေးမွေးစာရင်းနဲ့ အတူ ဘန်ကောက်မြို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ လျှောက်ထားဖို့ လိုအပ်တယ်လို့ ဦးနိုင်ထွန်းက ရှင်းပြပါတယ်။

၂၀၁၃ ခုနှစ်အတွင်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအတွက် လျှောက်လွှာ တင်ထားသူ အလုပ်သမား ၃ သိန်းကျော်ရှိပြီး သူတို့ရဲ့ကလေး မှီခိုလျှောက်ထားသူ ၃၀၀၀ လောက်ရှိတယ်လို့ ဦးနိုင်ထွန်းက ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံတွင်းမှာ ထောလော ၃၈ လို့ခေါ်တဲ့ ယာယီနေထိုင်ခွင့် လက်မှတ်ရှိပြီး ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းမရှိသူ ၂ သိန်းနီးပါးရှိတယ်လို့ ထိုင်းနိုင်ငံ တောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းရဲ့ အကြီးတန်းအကြံပေး ဦးထူးချစ်က ပြောပါတယ်။ ဒါ့ကြောင့် ထိုင်းနိုင်ငံနေနဲ့ ယာယီနိုင်ငံကူးလက်မှတ်လုပ်ရေး သက်တမ်းထပ်တိုးပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားခွင့်ကို မေ ၁၅ ရက်နေ့အထိ ခွင့်ပြုထားပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းလောက်ရှိတဲ့အနက် ၁.၂ သန်းက တရားဝင် အလုပ်လုပ်နေတာဖြစ်ပြီး ၃ သိန်းလောက်က နိုင်ငံသား စိစစ်တာ မလုပ်ဆောင်ရသေးဘူးလို့ သိရပါတယ်

Tuesday, May 7, 2013

၅-၅-၂၀၁၃နေ့တွင် ၂၀၁၀ခုနှစ်ဂျပန်အစိုးရအစီအစဉ် နှင့်ခေါ်သောကရင်မိသားစုများ Tokyo မြို့သို့ပြန်ရောက်ရှိလာပြီး. Tokyo မြို့သို့ရောက်ရှိနှင့်ပြီး ကရင်မိသားစုများနှင့် ရင်းနှီးစွာမိတ်ဆုံပျော်ပွဲစားထွက်

၅-၅-၂၀၁၃နေ့တွင်
၂၀၁၀ခုနှစ်ဂျပန်အစိုးရအစီအစဉ်
နှင့်ခေါ်သောကရင်မိသားစုများ
Tokyo မြို့သို့ပြန်ရောက်ရှိလာပြီး.
Tokyo မြို့သို့ရောက်ရှိနှင့်ပြီး
ကရင်မိသားစုများနှင့်
ရင်းနှီးစွာမိတ်ဆုံပျော်ပွဲစားထွက်















KNU divided on Tenasserim dam project?
ဟိုတုန်းက ဘိတ်ထားဝယ်ခရိုင်ဥက္ကဌ၊ ယခုအထွေထွေအတွင်းရေးမှူးချူပ်တယောက် သူ့ ရဲ့အမာခံလူထုကို "ဆောဖိုဃဲ" လိုထားခဲ့ပြီ။ ဒေသခံတွေကို သနားပါတယ်။ ကယ်မယ့်လူမရှိတော့ဘူးလားနော်....

Monday, 06 May 2013 12:39 Mizzima News


Tenasserim River, southern Myanmar. Photo: Kwe Ka Lu

Tenasserim River, southern Myanmar. Photo: Kwe Ka Lu
Local leaders of the Karen National Union (KNU) in Ler Mu Lah Township have warned that there is a risk of a division between the local people and the KNU if the construction of the Tenasserim Dam continues, according to a Karen News report on May 3.

The KNU’s Saw Thein Su told Karen News that local people do not want the dam to be built, fearing that—to make way for the project—they will be relocated, their villages will be destroyed, and they will lose their lands and plantations.

The KNU’s Mergui-Tavoy District reportedly gave permission to the Italian-Thai Development Company until April to repair the road that accesses the dam site in Moe Ro village, on the lower part of the Tenasserim River.

The construction will reportedly affect 13 Karen villages at the upper dam site and 13 villages at lower dam site.

Karen News quoted villagers as saying that they were prepared to fight against the construction of the dam.

No quote was reported by the KNU’s central executive committee or any of its senior spokespersons.
http://www.mizzima.com/news/ethnic-issues/9340-knu-divided-on-tenasserim-dam-project.htmlပ

စစ်အစိုးရ၏ငြိမ်းချမ်းရေးလား( ကရင်မဟုတ်သောသူတွေ ကရင်ကိုမောင်းထုတ်နေကြောင်း ဗိုလ်မှုးချုပ်ကျော်သက်ဆို )

DKBA နဲ့ အစိုးရတပ်ရဲ့ ရာဇသံ
-ဧရာဝတီ


လှိုင်းဘွဲ့မြို့နယ်ထဲက သံလွင်မြစ်ကမ်းနဘေးမှာအခြေစိုက်တဲ့ ကလို့ထူးဘောDKBA အဖွဲ့ကို ဟတ်ကြီး ရေကာတာစီမံကိန်းလုံခြုံရေးအတွက် အဲဒီနေရာကနေ စနေနေ့ နောက်ဆုံးထား ထွက်ခွာပေးရမယ်လို့ ဒေသခံ အစိုးရစစ်တပ် ခမရ ၃၃၈ က ဗိုလ်မှူးထွန်းထွန်းဝင်း ပေးထားတဲ့ ရာဇသံကို DKBA က ပယ်ချထားပေမဲ့ အခုအချိန်အထိတော့ သေနတ်ဖောက်သံတွေ မကြားရသေးဘူး။

လှိုင်းဘွဲ့မြို့နယ်ထဲက သံလွင်မြစ်ကမ်းနဘေးမှာအခြေစိုက်တဲ့ ကလို့ထူးဘောDKBA အဖွဲ့ကို ဟတ်ကြီး ရေကာတာစီမံကိန်းလုံခြုံရေးအတွက် အဲဒီနေရာကနေ စနေနေ့ နောက်ဆုံးထား ထွက်ခွာပေးရမယ်လို့ ဒေသခံ အစိုးရစစ်တပ် ခမရ ၃၃၈ က ဗိုလ်မှူးထွန်းထွန်းဝင်း ပေးထားတဲ့ ရာဇသံကို DKBA က ပယ်ချထားပေမဲ့ အခုအချိန်အထိတော့ သေနတ်ဖောက်သံတွေ မကြားရသေးဘူး။

“ကျွန်တော်တို့က အစိုးရနဲ့ငြိမ်းချမ်းရေး လုပ်ထားပြီး ကရင်ပြည်နယ်မှာနေတာပါ။ ကရင် မဟုတ်တဲ့လူတွေက ကျွန်တော်တို့ကို မောင်းထုတ်မယ်ဆိုတော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ သူတို့ဘက်ကစပြီးတိုက်ခိုက်လာမယ်ဆိုရင်တော့ ကျွန်တော်တို့အစီအစဉ်အတိုင်း လက်တုန့်ပြန်မှာဖြစ်တယ်။ လူထုအတွက်ကိုစိုးရိမ်ပေမဲ့ ကျွန်တော်တို့လည်း မတတ်နိုင်ဘူး။ လူထုကိုတော့အသိပေးမှာပါ။ ကျွန်တော်တို့မှာ ရွေးစရာမရှိတော့ဘူး” လို့ပြောပါတယ်။

မြိုင်ကြီးငူမှာအခြေစိုက်တဲ့ DKBA တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဘိ(စောတိုင်းဆွေ)ကလည်း လက်ရှိပြဿနာကို မဖြစ်ဖြစ်အောင်ဖန်တီးတာက အစိုးရစစ်တပ်ပဲဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

“သူတို့က လက်နက်အားကိုးနဲ့ ခြိမ်းခြောက်တာ။ ကရင်ပြည်နယ်မှာ ကရင်နေလို့မရဘူးဆိုရင် အခြားလူတွေလည်း မနေနဲ့။ လက်ရှိအခြေအနေက သေနတ်တကမ်းမှာပဲ။ တဖက်နဲ့တဖက်ထိပ်တိုက်တိုးမဲ့အနေအထားမှာရှိတယ်။ အခုအချိန်ထိတော့ သေနတ် ဖောက်သံ မကြားရသေးဘူး” လို့ ဆိုပါတယ်။

KNU ဘယ်ဘက်က ပါနေသလဲ ကရင်ပြည်နယ်ထဲက အင်အားကြီးလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KNU ရဲ့ ရပ်တည်မှုက ဘယ်လိုရှိတယ်ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပြီးခဲ့တဲ့အပတ်က ၃ ရက်ကြာဖြစ်ခဲ့တဲ့ DKBA နဲ့(ကရင်ပြည်နယ်) နယ်ခြားစောင့်တပ် BGF တိုက်ပွဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၇ က ဗိုလ်တာမလာနဲ့ တပ်ဖွဲ့ဝင် ၂၀ လောက်ဟာ BGF ဘက်ကနေ ၀င်ရောက် တိုက်ခိုက်ပေးတယ်လို့ ဗိုလ်မှူးချုပ်ကျော်သက်က ပြောပါတယ်။

”အမှန်ဆိုရင် KNU အနေနဲ့ ဒီလိုမျိုး မလုပ်သင့်ဘူး။
အခုအခြေအနေကအတော့်ကို ဆိုးရွားနေတယ်၊ ဒီတခါတော့ ကျွန်တော်တို့ကို တိုက်တဲ့လူမှန်သမျှ ဘယ်အဖွဲ့ကိုမဆို ပြန်တိုက်ရမှာပဲ” လို့ မနေ့က သူတို့ရဲ့ ဝေါ်လေဌာနချုပ်ရောက်လာတဲ့ သတင်းထောက်တွေကို ဗိုလ်မှူးချုပ်ကျော်သက်က ပြောလိုက်ပါတယ်။ DKBA ရဲ့ ပြောဆိုချက်ကို KNU က ငြင်းပါတယ်။ ”ဒီကိစ္စက အထင်လွဲမှားတာဖြစ်ပါလိမ့်မယ်။

KNU နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA မှာက အမျိုးသားညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးမူဝါဒပဲ ရှိတယ်။ ဒီတိုက်ပွဲမှာ တပ်မဟာ ၇ ကတပ်ဖွဲ့ဝင်တွေ အနေနဲ့ ပါဝင်ပတ်သက်မှုလုံးဝမရှိဘူး” လို့ KNU တပ်မဟာ ၇ က တပ်မဟာရုံးထိုင်မှူး ဗိုလ်မှူးအဲဆဲဆဲက ဧရာဝတီသတင်းဌာနကိုပြောပါတယ်။

လက်ရှိအခြေအနေ တင်းမာ အခုဆိုရင် မြိုင်ကြီးငူဒေသမှာ နှစ်ဘက်ထိပ်တိုက်ဖြစ်မဲ့အနေအထားတွေရောက်ရှိနေပြီး နှစ်ဘက်တပ်တွေလည်း အဆင့်မြင့်တပ်လှန့်မှုတွေ လုပ်ထားပါပြိ။ DKBA ဌာနချုပ်ရှိတဲ့မြ၀တီမှာလည်း နှစ်ဘက်တပ်တွေ စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်နေတာကို တွေ့ရတဲ့အတွက် ဒေသခံတွေက စိတ်မသက်မသာဖြစ်နေကြရတယ်လို့ ရင်ဖွင့်ကြပါတယ်။




တဖက်နဲ့တဖက်အလျှော့ပေးပုံမပေါ်တဲ့ နှစ်ဘက်တင်းမာမှုတွေက လက်ရှိငြိမ်းချမ်းရေးကို ကျိုးပျက်စေမှာလား၊ ဒေသခံတွေကို မြေဇာပင်ဖြစ်စေမှာလား၊ ဒါမှမဟုတ် ဒေသတွင်းမှာ၊ တကျော့ပြန်စစ်မီး ပြန်တောက်လေမလား ဆိုတာကိုတော့ နှစ်ဘက်ခေါင်းဆောင်တွေရဲ့ အမြော်အမြင်ရှိမှုအပေါ်မှာပဲ မူတည်တဲ့အကြောင်း ဒေသခံတွေ ပြောဆိုနေကြပါတယ်။

အသေအပျောက် အများအပြား ရှိခဲ့တဲ့ အရင်လ ၂၆ ရက်ကနေ ၂၉ ရက်နေ့အထိ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသမှာ ဖြစ်ပွားခဲ့တဲ့ BGF နဲ့ DKBA တိုက်ပွဲအပြီးမှာ ဒေသခံ အစိုးရတပ်က (ဒီကေဘီအေ)ကို လက်ရှိအခြေစိုက်နေရာ သံလွင်မြစ်အနီးကနေ ဖယ်ရှားခိုင်းခြင်းဖြစ်တယ်လို့ ဗိုလ်မှူးချုပ်စောဘိက ပြောပါတယ်။


Sunday, May 5, 2013

မေလကုန်တွင် ၉ကြိမ်မြောက် ကရင်အမျိုးသားစည်းလုံး ညီညွှတ်ရေး နှီးနှောဖလှယ် ပွဲ ကျင်းပမည်


မေလ ၃ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)

9th Karen Unity Seminar
ယခုနှစ်တွင် ကျရောက်သည့် ၉ကြိမ်မြောက် ကရင်အမျိုးသားစည်းလုံးညီညွှတ်ရေးနှီးနှောဖ လှယ်ပွဲကို ယခု မေလ ၂၇ရက်မှ ၃၁ရက်နေ့ အထိ ကျင်းပသွားမည်ဟု သိရသည်။

ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေးနှီးနှောဖလှယ်ပွဲ၏ ကျင်းပရေးကော်မတီမှ ၎င်းနှီးနှောဖလှယ်ပွဲသို့ တက်ရောက်မည့် ပြည် တွင်းပြည်ပ ကရင်အဖွဲ့အစည်းများထံသို့ ဧပြီလ ၃၀ရက်နေ့စွဲဖြင့် ပေးပို့သော ဖိတ်ကြားစာတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

ယခုပြုလုပ်သည့် နှီးနှောဖလှယ်ပွဲသည် စည်းလုံးညီညွှတ်ရေးရှေးရှုပြီး ကရင်တမျိုးသားလုံး ကိုယ့်ကံကြမ္မာဖန်တီးရေးအတွက် တူညီသည့် ရည်မှန်းချက် ချမှတ်သွားကြရန် နှီးနှောဖလှယ်ပွဲ၏ ကျင်းပရေးကော်မတီ ဥက္ကဌ စောလှထွန်းက ဖိတ်ကြားစာတွင် ထည့်သွင်းရေးသားထားသည်။

ထို့အပြင် နှီးနှောဖလှယ်ပွဲ တက်ရောက်မည့်သူများအနေဖြင့် ကရင်တမျိုးသားလုံး စည်းလုံးညီညွှတ်ရေး၊ နိုင်ငံရေးတွင် ခင်းရ မည့်လမ်းနှင့် ပန်းတိုင်သို့ လျှောက်လှမ်းခြင်း၊ ကရင်ပြည်နယ်အတွင်းရှိ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေမှု အစီအ စဉ်များ၊ လူသားချင်းစာနာထောက်ထားမှုများနှင့် အထက်ပါ အကြောင်းအရာများကို အဖွဲ့အစည်းအားလုံး ထောက်ခံပံ့ပိုးရမည့် တာဝန် စသည့်အချက် ၅ချက်တို့ကို ဆွေးနွေးသွားရန်လည်း ကျင်းပရေးကော်မတီ၏ ဖိတ်စာထဲတွင် ဖော်ပြထားသည်။

ဖိတ်ကြားခံထားရသည့် အဖွဲ့အစည်းများသည် နှီးနှောဖလှယ်ပွဲသို့ ကိုယ်စားလှယ် ၂ဦးစီ တက်ရောက်ခွင့်ရှိပြီး နှီးနှောဖလှယ်ပွဲ မကျင်းပမီ မေလ ၂၃ရက်နေ့နောက်ဆုံးထား၍ တက်ရောက်မည့် ကိုယ်စားလှယ်နှစ်ဦး၏ အမည်စာရင်းများကို အမှီပို့ပေးရန် လည်း ၎င်းကျင်းပရေးကော်မတီက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်က ၈ကြိမ်မြောက် ကရင်အမျိုးသားစည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲကို Karen Worldwide Conference အမည်ဖြင့် ဖာပွန်ခရိုင်အတွင်းရှိ ကေအဲန်ယူ ထိန်းချုပ်နယ်မြေတနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။