Saturday, April 9, 2011

FBR-Reports_2 Villagers Killed as Attacks Continue Throughout Karen State

FBRReports_ 2 Villagers Killed as Attacks Continue Throughout Karen State

ကစားပွဲအပိုင်း၁။၂။၃။၎။

ကစားပွဲ ( အပိုင်း ၂ ထပ်ရေးထားသည်)
အပိုင်း ၁

လောက ကစားပွဲ မှာ အခုတော့ ပါနေရတယ်


နဂိုက ဂိမ်းစ် ဆို သိပ်ကစားတာမဟုတ် ဂျပန်ရောက်တာ လဲ တော်တော်ကြာပါပြီ

ဒီကစားပွဲ ကတော့ နောက် အနည်းဆုံး တစ်လမကပါဘူး

မကစားချင်လဲ ရပါတယ် မြန်ပြည်ပြန်ရင်ပြန်ပေါ့ ဒါမဟုတ် နိုင်ငံတကာအလည်သွားပေါ့

တကယ်ဆို မာတီရီအန်ထရီဗီဇာ ကလည်း အဆင်သင့် စင်ကာပူသွားရင်လည်း နေစရာ အဆင်သင့်

ဒါပေမဲ့ ကမ္ဘာမှာ အကြီးဆုံး လောင်းကစားဖြစ်တဲ့ ရေနံ တူးတာတွေ စိတ်ဝင်စားလာတဲ့သူဆိုတော့ ရေနံ အင်ဂျင်နီယာ အလုပ် မလုပ်ဖြစ်တာကြာတော့

ဒီတစ်ခါ ကစားပွဲက အသက်နဲ့ လောင်းကြေးဆန်တော့ ကစားကြည့်ချင်တာနဲ့ 

တိုကျိုမှာ နေရင်း ကစားပွဲ ဝင်ပါနေတာ.....

မိုးရွာရင် ရေသောက်တာ ရေချိုးတာ သတိထားရ

အသီးအရွက် တစ်ချို့ လဲ ရှောင်နေရ နို့ တောင်မသောက်ရဲ။

အဆင်မသင့်ရင် ကင်ဆာလိုမျိုး သွေး ဆဲလ်တွေ ပျက်နိုင်တယ်။

ဒီကစားပွဲ က ဒီမှာ နေ နေ သရွေ့ ကစားရမှာ အလုပ်သွားလို့ မိုးရွာရင် မိုးရေ မထိအောင်လဲ ရှောင်ရသေးတယ်

တခုတော့ တော်သေးတယ် လင်းလိုက်မှောင်လိုက် နေရာ မှာ မကစားရတာရယ် အနီးကပ်မကစားရတာတော့ ကံကောင်းနေလေရဲ့ 

အဓိက ကစားတဲ့ သူ က အကြွေး က ထလီယံ ချီနေတော့ ဂိမ်း အိုဗာ ဖြစ်မှာ သိရဲ့သားနဲ့  ကစားနေရတာ

ဂျပန်အစိုးရကတောင် ကူညီဖို့ စဉ်းစားနေလေရဲ့  အခွန်ရငွေတွေနဲ့ ပေါ့။

အပိုင်း ၂

ကစားပွဲ အခုရက်ပိုင်း ရေဒီယိုသတ္တိကြွ ဓာတ်ပါတဲ့ ရေတွေ ယိုပြီး ပင်လယ်ထဲ စီးနေတာ ကြိုးစားပိတ်ပေမဲ့ ပိတ်မရ ဖြစ်နေလေရဲ့ .... နိုင်ငံတကာ ကို ဘယ်လိုသက်ရောက်မယ် ဆိုတာ ဂိမ်း အိုဗာ မဖြစ်ခင်သိနိုင်ရင် ကောင်းမယ်

လောလောဆယ် ရာသီဥတု ကို အနည်းငယ် သက်ရောက်တယ်လို့ ဆိုနေလေရဲ့ 

ဒီသောကြာ မိုးရွာ မှာ ဆိုတော့ သောက်ရေ တွေ ချိုးရေ တွေ လှောင်လို့ ရသလောက် လှောင်ရပေမည်။

မိုးရေကို အရေပြားကို အတတ်နိုင်ဆုံး မထိအောင် ကြိုးစား နေရပေမည်။

ကစားပွဲ ဘယ်လိုစတယ် ဘယ်လိုကြောင့် ကစားပွဲ ဖြစ်လာရတာလဲ ဆိုတော့

ကစားပွဲ ဖြစ်ရခြင်းကတော့ သက်တမ်း ၃၀ ပြည့်နေတာ ကို သက်တမ်းဆက်တိုးလိုက်တာ က နေ ကစားပွဲ ဖြစ်ဖို့ အတွက် ကနဦး အစ

ကစားပွဲ စတဲ့ နေ့ က ၂၀၁၁ ခုနှစ် မတ် လ ၁၁ ရက် နေ့  သောကြာနေ့ 

အချိန်က တော့ ၁၄ နာ၇ီ ၄၆ မိနစ်

ဖြစ်ပေါ်ရခြင်း အကြောင်းအရင်း ငလျင် လှုပ်ခတ်မှု ၈.၉ မဂ္ဂနီကျူ အမေရိကန် ငလျင်တိုင်းတာရေးကပြောတာ အဲဒီနေ့ မှာ ဂျပန် ငလျင် တိုင်းတာရေးကပြောတာ ၈.၈ မဂ္ဂနီကျူ

နောက်နှစ်ရက်လောက်မှာတော့ ဂျပန် ငလျင် တိုင်းတာရေးက လှုပ်ပြီးသား ငလျင် ကို မဂ္ဂနီကျူ ၀.၂ ထပ်တိုးပြီး ၉ မဂ္ဂနီကျူ ဆိုပြီး ပြန်ပြင်လိုက်တယ်

ကစားပွဲ မှာစပါရမဲ့ နေ့ မှာ မှတ်မှတ် ရရ အလုပ်ကနေ အပြန် လမ်းလျှောက် ပြန်ရပြီး ဖုန်းတွေ ခေါ် မရတော့ ပေမဲ့ ဖုန်းက အင်တာနက် မပြတ်တာ အံသြစရာပါ။

ကစားပွဲ ကို နိုင်ငံတကာ က စိတ်မပူရအောင် ပဲ ပြော မလား ကစား ပွဲ မှာ ဘေးပေါက် ပျော်ရွှင်မှု ပေးမလိုနဲ့  စိတ်အနှောက် အယှက် ပေးတာက

လမ်းဘေးဖုန်းနဲ့  နိုင်ငံတကာ ကို ဖရီးခေါ်နိုင်တာပါ။

လူစွမ်းကောင်းတွေက အိမ်ဖုန်းတွေ ဟမ်းဖုန်းတွေ နဲ့  အခေါ်ကောင်း လို့  ဖုန်း ဘေ ဂျပန်ယန်း ၁၀ သောင်း မြန်မာငွေ ဆယ်သိန်းကျော် ကျသွားတော့ မပေးချင်ပေးချင် နဲ့ ပေးနေရလေရဲ့  ဘယ်သူမပြု မိမိ မှုဘဲလေ

အရင်းအမြစ်က ကေဒီဒီအိုင်က ပင်လယ်ထဲက မြေအောက်ကေဘယ် ပြဿနာဖြစ်လို့  မပြင်နိုင်ခင် ဖရီးပေးသလိုဖြစ်နေတာ

လူတတ်ကြီးတွေ ဒေတာ ရီကော့ ရှိတဲ့နေရာကနေ သုံးတော့ ထိသွားတာပေါ့ ကစားပွဲမှာ ကံကောင်းမှု နဲ့  ငွေကုန်မှု တွဲထားတဲ့ ကြားဖြတ် ဝင်လာတဲ့ သုံးတတ်ရင် ကံကောင်း မှုလေ

အခုတော့ ကေဒီဒီအိုင်က ပင်လယ်ထဲက မြေအောက်ကေဘယ် ပြန်ဆက်ပြီးသွားပြီ။


(ဆက်ရေးပါမယ် ကစားပွဲက ကြာပါမယ်)(နိုင်ငံတကာပါ ပါတာနော်)
ကစားပွဲ အပိုင်း ၃
အပိုင်း ၃



ဒီနေ့ တော့ နံနက်လင်းတာနဲ့  ရေဒီယိုသတ္တိကြွတွေ ပစိဖိတ် သမုဒ္ဒရာထဲ စီးနေတာကို ပိတ်လိုက်နိုင်ပြီ

ဒီတစ်ခုနဲ့ ကစားပွဲ က မပြီး နိုင်။

တကယ်တော့ ဒီကစားပွဲ က ဂိမ်းအိုဗာ ဖြစ်ပြီး အဆုံးသတ်ရမှာ ဖြစ်ပေမဲ့ စောစောစီးစီး ပိတ်လို့ မရသေးတော့ ကစားပွဲ လို ဖြစ်နေလေရဲ့ 

ကစားပွဲ စပြီး မကြာဘူး ဂျာမဏီက နယူကလီယား ဓာတ်ပေါင်းဖို တစ်ချို့  ယာယီပိတ်လိုက်ရတယ်

ကစားပွဲ မှာ အသက်ကို ပဓာန မထားပဲ လုပ်ပေးနေတာတွေ လုပ်ပေးရင်း အသက် ဆုံးသွားသူ တော့ ရှိနေလေရဲ့ 

မီးသတ်အဖွဲ့ တွေ လဲ ရေထည့်ဖို့ လုပ်ပေး ရရဲ့ 

မီးသတ် အဖွဲ့ ရေဖြန်းဖို့  မကြိုးစား ခင် ဂျပန် ကာကွယ်ရေး စစ်တပ် က ရဟတ်ယာဉ်နဲ့  ရေဖြန်းဖို့ ကြိုးစား ပါသေးတယ်။

ကြားက မြန်မာမှာတောင် ဆားဈေး ပါတက်လိုက်သေးတယ်

တရုတ်က ဆား တွေ မကောင်းဖြစ်မှာစိုးပြီး မြန်ပြည်ကဆား တွေ အဝယ်လိုက်လာလို့ တဲ့။

ကိုရီးယားမှာတော့ မက်စ်ဆေ့ အပို့ ကောင်းပြီး ရှောက်ဖွလို့  အဖမ်းခံလိုက်ရတယ်။

လောင်စာတောင့်တွေ ရောင်းဖို့  ဈေးကွက် ဖွင့်တာ မကြာသေးတဲ့ ရုရှား လဲ စိတ်တော့ ညစ်ပြီး ဈေးကွက်ပျက်တော့မှာပဲ ဆိုပြီး ငြီးတွားနေလေ မလား။

မီးပေးတဲ့ နေရာ က မီးပျက်ပြီး လောင်စာတောင့်တွေ အအေးပေးစနစ် မလည်ပတ်နိုင် ဖြစ်တာကို အကူအညီ အမျိုးမျိုး ရသလို ဖြေရှင်း မရနိုင်သေးသရွေ့  ကစားပွဲ လိုဖြစ်နေ ပေမည်။

ပြင်သစ်ကိုလည်း အကူအညီတောင်း ထားလေရဲ့ ။

ပြင်သစ် ကတော့ ကစားပွဲ ကြာလာတာနဲ့  စည်းမျဉ်းစည်းကမ်းတွေ ထုတ်ဖို့  ကြိုးစားနေလေရဲ့ 

အိန္ဒိယ ကတော့ ကြောက်ပြီး ဂျပန်က အစားစာ တွေ ကို ၃ လ သွင်းဖို့ ပိတ်လိုက်လေရဲ့ ။

နွားနို့ တွေ သွန်ပစ်နေရတာ ကြာပြီပဲ။


(ဆက်ရေးပါမယ် ကစားပွဲက ကြာပါမယ်)(နိုင်ငံတကာပါ ပါလာပြီနော်)
ကစားပွဲ အပိုင်း ၎
အပိုင်း ၎

ဒီနေ့ တော့ ကိုရီးယား ကကျောင်း တစ်ရာ လောက် ပိတ်လိုက်ရတယ် မိုးရွာရင် ကလေး တွေ အတွက် အန္တရာယ်ရှိတယ် ဆိုပြီး ကျောင်းတွေ ပိတ်လိုက်တာပါ။

တရုတ် ဖက်ကိုလည်း အနည်းငယ် သက်ရောက်မှုရှိလာတာကို လည်းသိရပါတယ်။

အခုတော့ နိုက်ထရိုဂျင် တွေ ထည့်ပြီး ကြိုးစားနေလေ ရဲ့ 

ရဲတွေ ကတော့ ဆူနာမီဖြစ်ခဲ့တဲ့နေရာ ကို အကာအကွယ် ဝတ်စုံတွေ ဝတ်ပြီး တစ်လနီးပါး ကြာပြီဖြစ်တဲ့ အပျက်အစီးတွေကြား ပျောက်ဆုံးသူတွေ ရှာ နေလေရဲ့ ။

ဒီကြားထဲ ဧပြီလ ၇ ရက် နေ့  ၂၃ နာရီ ၃၂ မိနစ် ဒီည ငလျင် က ၇.၄ မဂ္ဂနီကျူ ထပ်လှုပ်တော့ ဘာတွေ ထပ်ဖြစ်လာအုံး မယ်မသိ။

ပစိဖိတ်သမုဒ္ဒရာ ထဲ ကရေတွေ တော့ ဘယ်လို ဖြစ်လာမယ်မသိသေး။အနည်းအများတော့ ပြဿနာ ရှိမှာ မလွဲပေ။

Posted by ငဝန်နဒီ

Thursday, April 7, 2011

yebaw kyaw than (5-4-2011)

yebaw kyaw than (5-4-2011)

(၂၀၁၁ခုနှစ်၊ ဧပြီလ ၅ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသမီးအစည်းအရုံး KWO နေ့၏ ၂၆နှစ်မြောက် အခမ်းအနား ဓာတ်ပုံမှတ်တမ်း)

Schools and students face uncertain future in Japan



Tokyo (CNN) -- Students in many districts across Japan brushed off their uniforms and shouldered their bookbags for the first day of the new school year on Wednesday.

But while most were worried about meeting their new teachers or what their class schedules might be, some were facing the threat of nuclear contamination or the loss of former classmates.

In Tokyo, a group of students evacuated from the Fukushima area began the school year in a new city and a new classroom.

Keisuke Takahashi, 7, is one of several children staying at a youth center in Japan's capital as their parents in the north work or take care of worse-off family members.

"I just got a letter from my mom," he said. "It says that she is hurting because we're separated. But she says don't worry, we will go home together after the nuclear power plant settles down."

"I haven't got used to the life yet, because I have to live separately from my mom," he said walking into the Minamisuna Primary School. "I miss her."

Up in northern Japan, where the worst devastation from last month's tsunami occurred, the new school year has been delayed several weeks. Dozens of schools were wiped out or too badly damaged to reopen in Miyagi prefecture.

Governments and educators are scrambling to repair schools, round up teachers and cope with the tens of thousands of displaced people.

A different set of problems in Fukushima, where authorities have begun testing schools, kindergartens and playgrounds across the prefecture after parents expressed worries about high levels of radiation.

Teams of researchers will monitor 1,428 locations over three days ending Thursday to try to reassure the public about safety outside the 20-kilometer exclusion zone around the damaged Fukushima Daiichi nuclear power plant.

The testing coincides with the beginning of the new school year in the prefecture, as tens of thousands of students return to classes.

"As the elementary schools starts on April 6th, we've heard many of the concern from the parents whether the schools are safe enough to have their children to attend," an officer at Fukushima Disaster Management told CNN.

"In response to it, we conduct to check radiation level to secure the (safety) of the children."

Authorities have announced repeatedly that there is little danger of contamination in the region, but there are monitoring stations across the country on watch.

Government surveys are being taken several times daily by authorities from the area directly surrounding the damaged reactor, focusing on radiation "hot spots" such as ponds, low spots and drains where snow runoff and wind would naturally concentrate radiation.

The spots with the highest levels of radiation Wednesday were just northwest of the plant, outside the 20-kilometer zone, with one spot registering 50.9 microsieverts. In comparison, the J-Village emergency site where workers are stationed at the cusp of the 20-kilometer zone showed a reading of just 1.1 microsieverts.

A person in a developed nation is naturally exposed to about 3,000 microsieverts a year.

The readings fluctuate over the day and change with wind patterns, but could also be showing that small amounts of radiation from debris and dust continue to come from the reactor site.

No information is being released for sites inside the exclusion zone.

The information, compiled by the Ministry of Education, Culture, Sports, Science and Technology (MEXT), may eventually help create a "minefield map" of spots and transportation routes that are better to be avoided or closed off to the public.

And in Tokyo, the radiation level has been dropping over recent days, as low wind speeds have limited the scattering of radiation from the north.

မြန်မာ စစ်အစိုးရ မှ ကရင် လူမျိုးများအပေါ် လူ့ အခွင့် အရေးချိုးဖောက်မှုများ နှင့် ဖြတ်လေးဖြတ် ရက်စက်မှုများ ကို မှတ်တမ်းတင်ရုပ်သံ

သင်ဒီဗွီဒီယိုကြည့်ပြီး ကရင်အမျိုးသားများအပေါ် တထောင့်တနေရာက
ကူညီပံ့ပိုးနေရင် ကျတော်တို. သင့်ကျေးဇူးကိုတသတ်မမေ့ပါဘူး
အမြဲရင်ထဲမှာသံမှိုစွဲကဗျည်းထိုးထားမှာပါ။

Living in hidding from Sai Kyaw Khaing on Vimeo.


This film is telling the world longest conflict between Burmese regime's troop and Karen National Union KNU's army forced at least 446,000 people are estimated to be internally displaced in the rural areas of eastern Burma.
English version film will come soon.

Tuesday, April 5, 2011

NDF chairman speaks out on ethnic resurgence: part 1 ၊ NDF chairman speaks out on ethnic resurgence: part 2

danielpedersenmaesod on 30 Mar 2011

Daniel Pedersen interviews KNU vice president David Tharckabaw

Statement on New Military Government _ Concerns of Ethnic Nationalities


Statement on New Military Government _ Concerns of Ethnic Nationalities -

Corruption in camps on Thai-Myanmar border-video

kklvol14no1-Kwekalu Karen MonthlyJournal

kklvol14no1-Kwekalu Karen MonthlyJournal

အေအိုင်စီသတင်းဌာနအကြောင်း တစေ့တစောင်းနှင့် မတ်လထုတ်ကရင့်သတင်းစဉ်

အေအိုင်စီသတင်းဌာနအကြောင်း တစေ့တစောင်းနှင့် မတ်လထုတ်ကရင့်သတင်းစဉ်

KIC ကရင်သတင်းစဉ် (မတ်လ ၂၀၁၁)

Karen Newsletter Mar-2011

Monday, April 4, 2011

“မာနယ်ပလော ခရီးသည်” ကြော်ငြာပါဗျာ ၊ ကြော်ငြာပါ

ကြော်ငြာပါဗျာ ၊ ကြော်ငြာပါ
ကဲ လာဖတ်တယ်ဆိုမှတော့ ကြော်ငြာဖတ်ချင်တာမို့လို့ဆိုပြီး သဘောထားလိုက်တော့မယ်နော ။
ဆရာကြီးဦးစင်ကြယ်(မန်းညွှန့်မောင်)ရဲ့ စာအုပ်နှစ်အုပ်ထွက်လာလို့ပါဗျာ ။ ဒါပေမယ့် ရောက်တာ
ကနှစ်ပတ်လောက်တောင်ရှိတော့မယ် ၊ ဒီကနေ့မှ ကြိုးစားပြီးဓါတ်ပုံရိုက်တင်လိုက်ရတာပါ ။

ပထမတစ်အုပ်ကတော့ အချို့သိထားပြီးတဲ့အတိုင်း “မာနယ်ပလော ခရီးသည်” ပါ ။
စာမျက်နှာ ၂၇၀ ကျော်ပါပြီး ရှင်လိင် ၃ ခါမပြန်ပေမယ့် ထောင်ထဲက ၃ ခါပြန်ထွက်ခဲ့တဲ့ဆရာကြီးရဲ့
နောက်ဆုံးထောင်ကထွက်ခဲ့ပြီးတဲ့နောက်ပိုင်း တွေ့ကြုံခဲ့ရသမျှတွေကို သာမန်ထက်ထူးခြားတဲ့အမှတ်
သညာနဲ့ ရေးသားမှတ်တမ်းတင်ထားတာဖြစ်ပါတယ် ။



ဒါက ရှေ့မျက်နှာဖုံး ၊



ဒါက နောက်မျက်နှာဖုံးပါ ၊

စာမြည်းပြီးသူတစ်ယောက်ကတော့ ဒီလိုပြောပါတယ် ။
“ဟာ .. စာထဲက ကရင်လူကြီးတွေကို ကျနော်သိတာပဲ ၊ အတော်များများပါတာပဲဗျ ၊ ကဲ ဝယ်မယ်ဗျာ ။”

နောက်တစ်ယောက်ကတော့ အစအဆုံးဖတ်ပြီး “အင်း .. ရေးဟန်ကတော့တစ်မျိုးပဲ ၊ နောက်ပြီး ပါတဲ့
အကြောင်းတွေက အတော်စုံတာပဲ ။ အဝေးရောက်အစိုးရအဖွဲ့ဝင်တွေအကြောင်းလည်း ပါတယ်နော်” ။

ကျနော်ကိုယ်တိုင် မဖတ်ရသေးလို့ ဘာထင်မြင်ချက်မှတော့ မပေးချင်သေးပါဘူး ။
လှန်လှောကြည့်သမျှတော့ စိတ်ဝင်စားစရာဓါတ်ပုံအချို့တော့ တွေ့မိပါတယ် ။ အဲဒီထဲကတစ်ပုံက
တော့ ဦးနုနဲ့ စောဘဦးကြီးတို့ တွဲရိုက်ထားတဲ့ပုံပါ ။ ကျန်တာကိုတော့ (မဖတ်မိတဲ့သူတွေကို) နောင်များ
မှပါပဲ ။


မမျှော်လင့်ပဲ တွဲလျက်ပါလာတဲ့ စာအုပ်တစ်အုပ်ကတော့ အောက်မှာပုံထည့်ပြထားတဲ့အတိုင်းပါ ။
ထပ်ထွက်မယ့်စာအုပ်တွေကိုလည်း အနောက်မျက်နှာဖုံးမှာ သတိထားကြည့်မိကြလိမ့်မယ်ထင်ပါ
တယ် ။
ဒါက နောက်တစ်အုပ်ရဲ့ ရှေ့မျက်နှာဖုံး ၊


ဒုတိယစာအုပ်ရဲ့ နောက်မျက်နှာဖုံးပါ ။

ဒီဒုတိယစာအုပ်မှာပါတဲ့ မာတိကာအရ အချို့ကိုရေးပြရရင် - ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၊ သခင်
နု ၊ ဆရာဇော်ဂျီ ၊ ဆရာမင်းသုဝဏ် တွေကစပြီး မြဝတီရဲခေါင်နဲ့ ရုပ်ရှင်မင်းသားကြီးဦးထွန်းဝေတို့နဲ့ အဆုံး
သတ်ထားပါတယ် ။ Voice of Burma စာစောင်မှာ ဖေါ်ပြဖူးခဲ့တာတွေကို ကျောရိုးခံထားတဲ့စာအုပ်ဖြစ်ပြီး
စိတ်ဝင်စားရင်တော့ ဗိုလ်ချုပ်ကျော်ဇော ၊ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရခြင်းနဲ့ ဘိန်းဘုရင်ခွန်ဆာအ
ကြောင်းတွေ တစေ့တစောင်းပါတယ်လို့ ပြောထားချင်ပါတယ် ။

ဒီစာအုပ်တွေကို တာဝန်ယူဖြန့်သူနဲ့ စုံစမ်းလို့ရမယ့်သူတွေစာရင်းကို အောက်မှာရေးပေးလိုက်ပါတယ် ။

စောတင်ထွန်း
(ကရင်လူငယ် စာပေလေ့လာရေးအဖွဲ့)
Bangkok - (02) 2921169

Saw Han Nyunt
Netherland

Soe Wynn Shein
Japan

Minori Yakiniku ဆိုင် - ၀၃ ၃၂၀၉ ၀၃၂၉
မိုးသောက်ကြယ်စာကြည့်တိုက် - ၀၃ ၃၃၆၄ ၅၁၆၃
ကိုဟန်ဝင်းထွန်း - ၀၈၀ ၆၇၉၁ ၈၄၀၂
စောဘလှသိန်း - ၀၉၀ ၄၂၄၆ ၃၃၇၉
စောကစ်စင်ဂျာ - ၀၉၀ ၁၇၃၃ ၉၄၄၆
စောသစ်လွင် - ၀၉၀ ၆၃၀၇ ၃၁၁၆
စအောင်ဇော်ခိုင် - ၀၉၀ ၂၈၀၃ ၂၄၁၃
နော်သန္တာလွင် - ၀၈၀ ၅၀၀၄ ၁၃၁၃
(ဂျပန် မိုးသောက်ကြယ်ဂျာနယ်မှာ ပါတဲ့အတိုင်းပါ) ။

ဘန်ကောက်မှာ TACTB က ကိုမြင့်ငွေကိုမေးမြန်းပြီးတော့လည်း ဝယ်ယူနိုင်မယ်လို့ထင်ပါတယ် ။
မဲဆောက်မှာလည်း စာအုပ်ဆိုင်မှာတင်ဖို့ ပို့ထားတာရှိပါတယ် ။

အမေရိကန်ကိုတော့ သီးသန့်ပို့ထားတာမရှိပဲ သြစတျေးလျကနေမှာယူလို့ ရပါတယ် ။ ဈေးနှုန်းသက်
သာမယ့်နေရာတွေက ရှာဖွေမှာယူလို့လည်း ရနိုင်ကောင်းပါတယ် ။ မဲလ်ဘုန်းမြို့တွင်းဆိုရင်တော့ လူကြုံ
နဲ့ဈေးသက်သာနိုင်ပေမယ့် အခြားနေရာတွေအတွက်ကတော့ ဈေးနှုန်းကိုအောက်မှာ ဖေါ်ပြပေးထားပါ
တယ် ။ လိုချင်သူရှိရင်တော့ ကျနော့်စီပုံးထဲဖြစ်ဖြစ် အီးမေးလ်နဲ့ဖြစ်ဖြစ် စုံစမ်းကြလို့ရပါတယ် ။

နှုန်းထား - သြစတြေးလျားအတွက် ဒေါ်လာ ၂၀ နဲ့ ပြည်တွင်းစာပို့ခ ၆.၅ ဒေါ်လာ ကျသင့်ပါမယ် ။
အမေရိကန်တို့လိုပြည်ပဆိုရင်တော့ ၂၀ + ၁၃ ဒေါ်လာ ဖြစ်ပါတယ် ။
(မှတ်ချက် - စီးပွားဖြစ်မဟုတ်ပါ ၊ ကူညီဝန်းရံပေးခြင်းမျှသာ) ။

ဒုတိယအကြိမ်မြောက် မယ်လစခန်း LMTC ကောလိပ်ကျောင်းဆင်းပွဲ ကျင်းပပြီးစီး


ဒုတိယအကြိမ်မြောက် မယ်လစခန်း LMTC ကောလိပ်ကျောင်းဆင်းပွဲ (Photo- Tha dee (TNT))

ဧပြီလ ၁ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်လူငယ်များအတွက် ပညာမြင့်တင်ပေးရေးနှင့် အမျိုးသားအကျိုးပြုလုပ်ငန်းများ ရည်ရွယ်၍ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထာ့ ဆောင်ယန်းမြို့နယ်အတွင်းရှိ မယ်လဒုက္ခသည်စခန်းတွင် ဖွင့်လှစ်ခဲ့သည့် ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ကောလိပ်သင်တန်း ကျောင်း(LMTC)၏ ဒုတိယအကြိမ်မြောက် ကျောင်းဆင်းပွဲ ယမန်နေ့က ကျင်းပပြီးစီးခဲ့သည်။

လူထုပရိဿတ် ၅၀၀ခန့် တက်ရောက်ခဲ့သည့် ထိုကျောင်းဆင်းပွဲတွင် နောက်ဆုံးနှစ် အောင်မြင်သည့် ကျောင်းသားကျောင်းသူ ၁၉ဦးရှိရာ ယခင်နှစ်ထက် ပိုများလာသည့်အတွက် အားရကျေနပ်မှုပိုများလာသလို အမျိုးသားအကျိုးပြုလုပ်ငန်းအတွက် စိတ် အားထက်သန်မှု ပိုများလာသည်ကို တွေ့ရကြောင်း LMTC ကျောင်းအုပ်ဖြစ်သူ ဆရာစောအားသာက ကေအိုင်စီကို ယခုလို ပြောသည်။

“မနှစ်က LMTCမှာ အောင်တဲ့ ကျောင်းသူကျောင်း ၉ယောက်ပေါ့နော်။ ဒီိနှစ်က ၁၉ယောက်အောင်တယ်။ သိပ္ပံတွဲ ၄ဦးနဲ့ ၀ိဇ္ဖာတွဲ ၁၅ဦး။ ကျောင်းပြီးသူတွေက ကျောင်းဆက်တက်တာထက် အလုပ်ပြန်လုပ်မဲ့သူများလာတာ တွေ့ရတယ်။ ဆယ်တန်းလွန် ကျောင်းဆရာတို့၊ သက်ဆိုင်ရာရုံးတွေမှာ အလုပ်သွားမဲ့သူတွေနဲ့ မြန်မာပြည်တွင်းထဲကို အမျိုးသားရေးအတွက် ပြန်လုပ်မဲ့သူ တွေလည်း ရှိတယ်။ ဒါကြောင့် ကျနော်တို့ မျှော်မှန်းထားသလောက် မဖြစ်မြောက်ပေမဲ့လည်း တဖြည်းဖြည်း အောင်မြင်စပြုလာ ပါပြီ။”ဟု ရှင်းပြသည်။

ယခုနှစ် LMTC အောင်မြင်ခဲ့သူ စောဘွယ်စေးကလည်း “ကျနော်တော့ ကျောင်းဆရာလုပ်ဖို့ ရည်ရွယ်ထားတယ်။ ဘာဖြစ်လဲဆို တော့ အခု နိုင်ငံခြား ထွက်တဲ့ဆရာတွေ များလာတဲ့အတွက် ကျောင်းဆရာလိုအပ်မှုတွေ များလာတာပေါ့နော်။ ကျောင်းတက် ချင်လို့ နိုင်ငံခြားထွက်မယ်ဆိုရင်လည်း အလုပ်တဖက် ကျောင်းတဖက်နဲ့ဆိုလည်း ထင်သလောက် ခရီးပေါက်မှာ မဟုတ်ဘူး။ ဒါကြောင့် တတ်နိုင်သလောက် ကိုယ့်လူမျိုးအကျိုးအတွက် ပြန်လုပ်မယ်။”ဟု ပြောသည်။

LMTC ကျောင်းတွင် ကျောင်းဆရာ ၂၀ဦး၊ ကျောင်းသားကျောင်းသူပေါင်း ၁၅၀ကျော် တက်ရောက်သင်ယူလျှက်ရှိရာ ခေါင်း ဆောင်မှုနှင့် စီမံခန့်ခွဲမှု အပါအ၀င် သမိုင်း၊ ပထ၀ီ၊ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ(ရူပဗေဒ၊ ဇီဝဗေဒ၊ ဓါတုဗေဒ) စသည့် သိပ္ပံနှင့် ၀ိဇ္ဇာ ဘာသာတွဲဟူ၍ သတ်မှတ်ပေးထားသည်။

ဒုတိယအကြိမ်မြောက် မယ်လစခန်း LMTC ကောလိပ်ကျောင်းဆင်းပွဲ (Photo- Tha dee (TNT))

အထက်တန်းအောင် ကရင်လူငယ်များအတွက် ရည်ရွယ်၍ လေးနှစ်တာ တက်ရောက်ရမည့် ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ကော လိပ်သင်တန်းကျောင်း(LMTC)ကို လက်ရှိ ကျောင်းအုပ်ဆရာအားသာနှင့် ကရင်ခေါင်းဆောင်အချို့က ၂၀၀၆ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။

ဘာသာရပ် များသင်ကြားပေးကာ ယခု ၂၀၁၁ခုနှစ် ဒုတိယအကြိမ်မြောက်၌ အောင်သူ ကျောင်းသားကျောင်းသူ ၁၉ဦးတွင် သိပ္ပံတွဲဘာသာ ရပ် ၄ ဦးနှင့် ၀ိဇ္ဇာတွဲ ဘာ သာရပ်ယူထားသူ ၁၅ဦး ဖြစ်သည်ဟု သိရသည်။

၂၀၁၁ ခုနှစ် မတ်လ နောက်ဆုံးပတ် အာအက်ဖ်အေ ရုပ်သံအစီအစဉ်

April 2011

"မြန်မာပြည်ကိုဖျက်ဆီမဲ့ကောင်တွေ "

အကောင်းမြင်လေး မြင်ချင်လို့ပါ

Sunday, April 3, 2011


နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စု ရှေ့နေချုပ်တို့
ပါဝင်သော ပြည်ထောင်စု အစိုးရအဖွဲ့ကို တွေ့ရစဉ် Photo :MNA

အကောင်းမြင်လေး မြင်ချင်လို့ပါ



Source Audio from http://www.bbcburmese.com

ဦးသိန်းစိန်က အဲဒီလိုပြောသွားတာ။
လေသံက ပျော့ပျော့လေးနဲ့ နံတဲ့ကြောင်ချေး(ချီး)။
ပျော့ပျာ့လေးဆိုလိုက်လို့ အပျော့အမာကိုဆိုလိုတာမဟုတ်ဘူးဗျ။
ကြောင်ချေးအနံ့က ခပ်ပျော့ပျော့လေးရယ်၊ ၀က်ချေးလို ကြက်ချေး၊ ဘဲချေးလို အနံ့မပြင်းဘူး။
အနံ့ကတော့ ဆိုးသလားမမေးနဲ့၊ တော်ရုံနဲ့ကို မပျောက်ဘူး။
ဒါကြောင့်လည်း မြန်မာတိုင်းက အခုလို ပံ့ပိုးထောက်ကူ သတင်းရေးထားတာဖြစ်မယ်။

ကိုယ့်နိုင်ငံမှာ လာလုပ်တာဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံသားတွေမနစ်နာရအောင် လုပ်ပေးရမှာပါ ဟု အထောက် အကူပြုလုပ်ငန်းအဖွဲ့(ယာယီ)၏ အဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်အောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
မောင်းမကန်ရွာမှ ရေနက်ဆိပ်ကမ်းလုပ်ရန် လျာထားသည့်ကမ်းခြေအထိ မိုင်၂၀ ခန့်ကို လမ်းအူကြောင်းဖောက် လုပ်ပြီးဖြစ်သည်။
"အခုဆို လမ်းအူကြောင်းဖောက်လိုက်လို့ နေရာပါသွားတဲ့သူတွေကို ကုမ္ပဏီက လျော်ကြေးပေးတယ်။ အကုန်လုံးပါတာမဟုတ်ပေမယ့် သီဟိုဠ်ပင်တစ်ပင်ကို ငါးသောင်းလောက်အထိ ပေးတာမျိုးရှိတယ်။

ဟိုဘုန်းတော်ကြီးတပါးပြောတဲ့ ဘုန်းကြီးကျောင်းတို့ စာသင်တိုက်တို့ကျတော့ ပြန်ဆောက်ပေးမှာပေါ့။
နားသောတ ဆင်တော်မူကြည့်ကြပါ။




Source Audio from http://www.bbcburmese.com

တောင်ကိုးရီးယားကုမ္မဏီက လျော်ကြေးပေးသလိုမျိုးလေးဆို ဘယ်လိုနေမလဲ။

ရေဒီယို သတ္တိကြွမှု လနဲ့ချီ ပျံ့နှံ့နိုင်ကြောင်း ဂျပန်သတိပေး

By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 03 ဧပြီ 2011


ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း ငလျင်ဒဏ်နဲ့ နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းဒဏ်တွေ အကြီးအကျယ် ခံခဲ့ရတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုက ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်တွေ သမုဒ္ဒယာထဲ စိမ့်ဝင်နေတာတွေကို ထိန်းချုပ်နိုင်ဖို့ လပေါင်းများစွာ ကြာနိုင်တယ်လို့ ဂျပန်နိုင်ငံက တနင်္ဂနွေနေ့မှာ သတိပေး ပြောကြားလိုက်ပါတယ်။

ဖူကူရှီးမား ဒိုင်အိချိ (Fukushima Daiichi) နျူကလီးယား ဓာတ်ပေါင်းဖို နေရာက ကွဲအက်နေတဲ့ ၇ လက်မခွဲလောက် နေရာကနေ ပစိဖိတ် သမုဒ္ဒယာထဲကို အဆင့်မြင့် ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်တွေ စိမ့်ထွက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာအပြီးမှာ အဆင့်မြင့် ဂျပန်အရာရှိတွေက အခုလို သတိပေးချက် ထုတ်ပြန်လိုက်တာပါ။

အဲဒီ အက်နေတဲ့ နေရာကို အင်းကတေနဲ့ လောင်းပြီး ပိတ်နိုင်ဖို့ တိုကျို လျှပ်စစ်ကုမ္ပဏီ TEPCO က ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ယိုထွက်နေတဲ့ ဓာတ်ရောင်ခြည်တွေ တတ်နိုင်သလောက် တားဆီးနိုင်ဖို့ ရေစုပ်တဲ့ ပိုလီမာတွေနဲ့ အဲဒီ အက်နေတဲ့ နေရာကို အင်ဂျင်နီယာတွေ တနင်္ဂနွေနေ့က လောင်းထည့်ခဲ့တဲ့အကြောင်း TEPCO က ပြောပါတယ်။

ဓာတ်ပေါင်းဖို အပူလွန်ပြီး ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်တွေ အပြင်ထွက်တာကို ထိန်းချုပ်တဲ့ အနေနဲ့ အဲဒီ ဓာတ်ပေါင်းဖိုတွေထဲကို ပင်လယ် ဆားငန်ရေတွေ လောင်းပြီး သီတင်း ၃ ပတ်ကြာလောက် ကြိုးစားခဲ့ပေမဲ့ အောင်မြင်မှု မရခဲ့ပါဘူး။ အဲဒီလို ပင်လယ်ရေတွေနဲ့ လောင်းခဲ့တဲ့အတွက် ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်တွေ အပြင်ကို စိမ့်ထွက်လာပြီး အလုပ်သမားတွေပါ စက်ရုံနား မကပ်နိုင်တော့တဲ့ အဆင့်ထိ ရောက်လာခဲ့တာပါ။

Sunday, April 3, 2011

Search for Japan bodies ends (1:36)

Search for Japan bodies ends (1:36)

Apr 3 - A massive three day joint operation by Japanese and U.S. forces to find those missing since the March 11 earthquake and tsunami comes to a close. Simon Hanna reports.