Thursday, July 22, 2010

နအဖ တပ်မှ ကရင်လူထုများကိုအတင်းအဓမ္မဖမ်းဆီးပြီး ခိုင်းစေ

/ 7/22/2010 09:51:00 AM / ဘိုညဏ်ဝင်း ဦးဆောင်တဲ့ နအဖ ခြေမြန်တပ်ရင်း၄၀၉ စစ်ကြောင်း၂ သည် ဒူးပလာယာခရိုင် ရေးမြို့နယ်မှ ခိုးခေါရွာသား ၁၆ဦးအားအတင်း အဓမ္မဖမ်းဆီးပြီး စစ်တပ်ပစ္စည်းများကို ခိုးခေါရွာမှ ပနောကလဲခီး အထိ သယ်ယူစေခဲ့သောအကြောင်းကို KNU တပ်မဟာ၆သတင်း ရပ်ကွက် မှဖော်ပြထားပါသည်။
ထိုရွာသား၁၆ ဦးအားစစ်တပ်မစ္စည်းများ သယ်ဆောင်မှုများလုပ်ခိုင်း တဲ့အပြင်ကို ရွာသား၃ဦးအားထိုးနှက်ကန်ကျောက်မှုများကိုလည်း ကျူး လွန်ခဲ့သေးသည်။ ရွာသားစောတာကဝယ် ကိုသေနတ်ဒင်ဖြင့် ၂ချက် ထုနှက်တဲ့အပြင်စောတဲလဲခီးနှင့်စောထွန်းဖေတို့၂ဦးကိုထိုးနှက်ခဲ့ သည်။
ခိုးခေါရွာနှင့်ပနောကလဲခီး တို့၏အကွာအဝေးမှ ၄မိုင်ခန့်သာဝေးပေမဲ့ လည်း နအဖတပ်သည် KNU၏တိုက်ခိုက်မှုကိုသေမတတ်အောင် ကြောက်သဖြင့်တခြားသောလမ်းကိုရွေးသွားခဲ့ကြောင်းသိရှိရသေး သည်။

ကွယ်ကလူသတင်းကိုအကျဉ်းချုပ်ဘာသာပြန်ထားသည်။

မဗေဒါ88(ဟစ်တိုင်) သို့အိတ်ဖွင့်ပေးစာ....

/ 7/21/2010 07:26:00 PM / မှတ်ချက်။ ။ ။ ။
မိတ်ဆွေ တစ်ယောက်ဆီကရရှိလိုက်တဲ့ စာလေးကိုမျှဝေပေးလိုက်ပါတယ်...အဲ့ဒီ မိတ်ဆွေက ဟစ်တိုင်ကိုပေးပို့ပေမဲ့ လည်း ယခုထက်ထိဖော်ပြတင်ဆက်ပေးတာမတွေ့ရသေးလို့ ကျွန်တော် ကညောဖိုး မှတင်ဆက်ပေးလိုက်ပါတယ်။

To Mabaydar


To Mabaydar

တကွီးတောင်တိုက်ပွဲ - ဗီဒီယို အပိုင်း ၁-၂-၃

တကွီးတောင်တိုက်ပွဲ - ဗီဒီယို အပိုင်း ၁-၂-၃
ပေါ်ခေးခို နှင့် မူသယ် ကြား တကွီးတောင်တိုက်ပွဲ - ကျောက်ကြီးမြို့ နယ် ညောင်လေးပင်ခရိုင်

ဘွဲ့ သွေးနီ စီစဉ်တင်ဆက်သည်။







Shan Migrant Files Case Against Transport Ministry in Administrative Court Seeking Ruling on Right t

Shan Migrant Files Case Against Transport Ministry in Administrative Court Seeking Ruling on Right t
Shan Migrant Files Case Against Transport Ministry in Administrative Court Seeking Ruling on Right to Drive...

Prime Minister States Failure to Solve Trafficking Problems Is Because of Bad Coordination

Prime Minister States Failure to Solve Trafficking Problems Is Because of Bad Coordination

Sunday, July 18, 2010

မြန်မာပြည်ချစ် ကရင်အမျိုးသားခေါင်းဆောင်များ

လာလည်ကြသော ကရင်ညီအစ်ကို/မောင်နှမများနှင့် မိတ်ဆွေများအားလုံး ကရင်သမိုင်းများသိစေရန် ဖူ.မောင်စင်ကြယ်ရေးသားထားသော မြန်မာပြည်ချစ် ကရင်အမျိုးသားခေါင်းဆောင်များ စာအုပ်ကို မျှဝေပေးလိုက်ပါသည်။

တောင်းပန်ချက်။ ။ ဖူ.မောင်စင်ကြယ် အားဒီနေရာကနေတောင်းပန်
ခွင့်တောင်းပါသည်။ ကျွန်တော်သည် ဖူ.မောင်စင်ကြယ်စာအုပ်အား

ကရင်သမိုင်းများကို နောင်လာနောက်သားများနှင့် မသိသေး၊မရှိသေးသော
မိတ်ဆွေအပေါင်းအသင်းများနှင့် ကရင်ညီအစ်ကို မောင်နှမများအား သိရှိဖတ်ရှု.

နိုင်ရန်အတွက် ရည်ရွယ်ပြီး တင်ပြဖော်ပြခြင်းဖြစ်ပါသည်။ထိုအကြောငိးအရာနှင့်
ပတ်သတ်၍ ကျွန်တော် ဆုတောင်းတွင်တာဝန်၇ှိပါကြောင်းအဆင်မပြေမူများ၇ှိပါက
sutoung@gmail.com သို.အကြောင်းကြား ပြောကြားနိုင်ပါသည်။
Sutoung@Gmail

၆၃ နှစ်မြောက် ကေအဲန်ဒီအိုနေ့ နယ်စပ်တစ်နေရာတွင် ကျင်းပ


၆၃ နှစ်မြောက် ကေအဲန်ဒီအိုနေ့ကို နယ်စပ်တစ်နေရာတွင် ကျင်းပနေပုံ
သောကြာနေ့၊ ဂျူလိုင်လ 16 ရက် 2010 ခုနှစ်

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(ကေအဲန်ဒီအို)မှ ကြီးမှူး၍ ၂၀၁၀ခုနှစ် ဇူလိုင်လ ၁၆ရက်နေ့တွင် ကျရောက်သော ၆၃နှစ် မြောက် (ကေအဲန်ဒီအို)ဒေး အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားကို ကေအဲန်ဒီအိုမှ ဖွင့်လှစ်သည့် ကော့သဘလေးကျောင်းတွင် ယနေ့နံနက် ()နာရီအချိန်တွင် ကျင်းပပြု လုပ်ခဲ့ကြပြီး ကေအဲန်ယူ၏ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေ တက်ရောက်ကာ ယခုလို အားပေးတိုက်တွန်းစကား ပြောကြားခဲ့သည်။

“ကမ္ဘာမြေပေါ်မှာ ကျနော်တို့ ကရင်လူမျိုး လုံးဝ မပျောက်ကွယ်သွားဖို့အတွက် မဟာလူမျိုးကြီး စစ်အာဏာရှင်အစိုးရရဲ့ ညှင်းပန်းနှိပ်စက်၊ သတ်ဖြတ် သုတ်သင်မှု၊ ပိတ်ပင်တားဆီးမှု အမျိုးမျိုးကို အားကြိုးမာန်တက် ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ ကျနော်တို့ ခေါင်းဆောင်ကြီးတွေရဲ့ မျိုးချစ်စိတ်ဓါတ်နဲ့ အမှန်တရားဘက်က ရပ်တည်ပြီး တွန်းလှန်ကာကွယ်တဲ့အတွက် ကြောင့် အခု မျက်မှောက်ကာလမှာ ကရင်လူမျိုးတမျိုးအနေနဲ့ အသက်ရှင် ရပ်တည်နိုင်တာဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေ ရဲ့ မပြီးဆုံးသေးတဲ့ လုပ်ဆောင်မှုတွေကို ကျနော်တို့ ကျောင်းသားလူငယ်တွေ ဆက်လက်တာဝန်ယူ ထမ်းဆောင်ဖို့လိုပါ တယ်”ဟု ဗိုလ်မှူးစောလှငွေက တိုက်တွန်းပြောကြားသည်။

ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် ကရင်ကျောင်းသူကျောင်းသားနှင့် ဒေသခံ ရွာသူရွာသားများ အပါအ၀င် စုစုပေါင်း ပရိ ဿတ် ၁၀၀နီးပါး တက်ရောက်ခဲ့ကြပြီး ကေအဲန်ယူ ထိန်းချုပ်ရာ တပ်မဟာ(၇)ခုရှိ ကေအဲန်ဒီအိုတပ်ရင်းများ အခြေစိုက်ရာနေ ရာများတွင် ၆၃ နှစ်မြောက် ကေအဲန်ဒီအို နေ့အခမ်းအနားကို အလားတူ ကျင်းပလျှက်ရှိပြီး ကေအဲန်ယူဥက္ကဌ စောတာမလာ ဘော၏ မိန့်ခွန်းနှင့် ကေအဲန်ဒီအို ဗိုလ်ချုပ် မန်းကျော်ဖေ၏ မိန့်ခွန်းများကို ဖတ်ကြားခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဥက္ကဌ စောတာမလာဘော၏ မိန့်ခွန်းတွင် ကေအဲန်ဒီအိုအဖွဲ့အနေနှင့် မိမိအဖွဲ့ တည်ထောင်ခဲ့ရတဲ့ ရည်ရွယ်ချက်များနဲ့ တာဝန်ဝတ္တရားတွေကို ဒီနေ့ကာလမှာ ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင် သွားကြရမှာ ဖြစ်သလို တိုင်းရင်းသား လူထုအပေါ် စစ်အာဏာရှင်များ၏ ဖိနှိပ်မှုများ ပို၍များပြားလာသည့်အပြင် ထိတ်လန့် သွေးပျက်ဖွယ်ရာ အကြမ်းဖက်မှု၊ အဓမ္မငွေကြေး ကောက်နေမှု၊ လုယက်မှု။ လူထုများ၏ အိုးအိမ်၊ ဥယျာဉ်ခြံမြေနှင့် အသက်မွေး ၀မ်းကြောင်းလုပ်ငန်းများကို မီးရှို့ဖျက်ဆီးမှု၊ ဖမ်းဆီးနှိပ်စက် ညှင်းပမ်းမှု၊ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်စော်ကားမှု စသည် တို့ကို ကရင်ပြည်သူများက အဆက်မပြတ် တွေ့ကြုံခံစားခဲ့ရခြင်းကြောင့် ယင်းအကြမ်းဖက်ပြုမူမှုများကို ကာကွယ်ပေးနိုင်ရန် ကေအဲန်ဒီအိုအနေဖြင့် ပုခုံးထမ်းတာဝန် ကျေပြွန်သွားရဦးမည်ဖြစ်ကြောင်း ၎င်းက တိုက်တွန်း နှိုးဆော်သည်။

ကော့သဘလေးကျောင်းသား စောအုန်းလွင်က “ဒီနေ့ကျနော်တို့ ခေါင်းဆောင်တွေ ပြောသွားတဲ့စကားတွေဟာ ကျနော်တို့ ကျောင်းသား လူငယ်တွေ အားလုံး ပခုံးပြောင်းတာဝန် ဆက်လက်ထမ်းဖို့အတွက် ခွန်အားဖြစ်စေပါတယ်။ တဆက်တည်းမှာပဲ ကရင့်တော်လှန်ရေးကို အတိမ်းအစောင်း မခံဘဲ နှစ်ပေါင်း (၆၀)ကျော်ကြာ တာဝန်ထမ်းဆောင်နေတဲ့ ခေါင်းဆောင်တွေကို အ ထူးပဲ ဂုဏ်ယူလေးစားမိပါတယ်။ ဒါကြောင့် ကျနော်တို့ ကရင်လူမျိုး မပျောက်ကွယ်မသွားဖို့အတွက် ကျနော်တို့ လူငယ်မောင် မယ်တွေအားလုံး ဆက်လက် တာဝန်ယူဖို့ လိုပါတယ်”ဟု ပြောသည်။

ကေအဲန်ဒီအိုသည် ကရင်အမျိုးသား ခုခံတော်လှန်စစ် မစတင်မှီ ၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၆ရက်နေ့တွင် ကရင်ပြည်သူများ၏ လွတ်လပ်မှုနှင့် တရားသော ရပိုင်ခွင့်များအတွက် လှုပ်ရှားမှုအပေါ် မလိုမုန်းတီးစိတ်ဖြင့် တိုက်ခိုက်လာကြမည့် လက်နက်ကိုင် အုပ်စု၏အန္တရာယ်မှ မိမိကိုယ်ကို ခုခံကာကွယ်နိုင်ရန် ကေအဲန်ယူ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်တဦးဖြစ်သူ ကာကွယ် ရေးဌာနတာဝန်ခံ မန်းဘဇံက စတင် ဦးဆောင် ဖွဲ့စည်း ခဲ့သည်။

ကေအဲန်ဒီအို စတင်ဖွဲ့စည်းခဲ့စဉ်က ကရင်ပြည်သူများသည် ပိုမိုနိုးကြားတက်ကြွလာပြီး ကရင်လူထု၏ ထောက်ခံအားပေးမှုကို ရရှိခဲ့သော်လည်း ၁၉၅၆ခုနှစ် ဇူလိုင်လ (၅)ရက်နေ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ)ဖွဲ့ စည်းခဲ့ပြီးနောက်ပိုင်း ကေအဲန်ဒီအို၏ အခန်းကဏ္ဍမှာ တဖြည်းဖြည်း မှေးမိန်လာခဲ့သည်။

vdo/tenawtharijuniorcollage Story by Kwekalu Karen News



Protecting Refugee

Protecting Refugee

DKBA detain DKBA By Kwekalu Karen news

Explain for People July 13 by WBURF

Explain for People July 13 by WBURF

Wrist_Tying_and_Martyr'sVery update

Wrist_Tying_and_Martyr'sVery update