Thursday, June 21, 2012

အိန္ဒိယမှ ရခိုင်ကရင် ရဲဘော် ၃၁ ဦး နယ်သာလန်သို့ ထွက်ခွာမည်

အိန္ဒိယ နိုင်ငံတွင် နှစ်ပေါင်း ၁၀ ကျော်ကြာ အကျဉ်းခံခဲ့ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကူအညီဖြင့် နေထိုင်နေကြသော ရခိုင်နှင့် ကရင် ရဲဘော်များမှာ နယ်သာလန် နိုင်ငံတွင်အခြေချ နေထိုင်ရန် ယနေ့ ညဉ့်တွင် ထွက်ခွာတော့မည်ဖြစ်သည်။


အဆိုပါ ရဲဘော်များမှာ မနက်ဖန် (ဇွန်လ ၁၉)ရက် နံနက် အိန္ဒိယစံတော်ချိန် ၁ နာရီခန့်တွင် ထွက်ခွာတော့မည် ဖြစ်ကြောင်း ခေါင်းဆောင်တဦး ဖြစ်သူ ကိုဓညလင်းက ပြော သည်။


“ ကျွန်တော်တို့ ဇွန်လ ၁၉ ရက်နေ့ ထွက်မှာပါ။ စုစုပေါင်း ၃၁ ဦးပါ ။ နှစ်ယောက်ကတော့ အင်တာဗျူးမှာ Reject ကျတယ်။ ဒါကြောင့် သူတို့ နှစ်ဦးတော့ ကျန်နေဦးမယ်။”

အိန္ဒိယတွင် ဆက်လက် ကျန်ရှိရမည့် ရဲဘော်နှစ်ဦးမှာ ရခိုင်အမျိုးသားတဦးဖြစ်သူ ကို ခိုင်စံသိန်းနှင့် ကရင် အမျိုးသားတဦးဖြစ်သူ ကိုတိုးတိုးတို့ ဖြစ်သည်။

ယခုကဲ့သို့ တတိယနိုင်ငံတခုကို ထွက်ခွာရမည်ဖြစ်သည့်အတွက် စိတ်လှုပ်ရှားမှု ရှိကြောင်းလည်း ကိုဓညလင်း က ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်တို့ကတော့ မျော်လင့်ချင်တွေထားလို့ နည်းနည်းတော့ ၀မ်းသာမိပါတယ်။ သို့သော် ကျွန်တော်တို့ ဒီလိုသွားရဖို့အတွက် နှစ်ရှည်လများ ထောင်ထဲမှာနေခဲ့ရတယ်။ ကျွန်တော်တို့ ဒီအိန္ဒိယကိုလာတာလည်း ဒီလို နိုင်ငံခြားကိုသွားဖို့ လာတာမဟုတ်ပါ။ ကျွန်တော်တို့ ဒီနေ့ နိုင်ငံခြားကို ထွက်သွားရမှာ ဖြစ်တဲ့အတွက် ကျဆုံး သွားတဲ့ ခေါင်းဆောင် ၆ ဦးနဲ့ ရခိုင်ပြည်သူတွေအတွက် ဆက်ပြီးမလုပ်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်မိ ပါ တယ်” ဟု ပြောသည်။

လွန်ခဲ့သည့် စနေနေ့က သူတို့အား ၀ိုင်းဝန်းကူညီပေးကြသည့် အိန္ဒိယရောက် မြန်မာ အသိုင်းအ၀ိုင်းများအား ကျေးဇူးတင်သည့်အနေဖြင့် နှုတ်ဆက်ပွဲ အခမ်းအနားတခုကိုလည်း ကျင်းပခဲ့ကြသည်။

နယ်သာလန်နိုင်ငံသို့ ရောက်ရှိသွားသော်လည်း မြန်မာအဖွဲ့အစည်းများအပါအ၀င် တခြားနိုင်ငံတကာ အဖွဲ့အ စည်းများနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံရေးအတွက် ဆက်လက်လုပ်ဆောင်မည်ဟုလည်း ကိုဓညလင်းက ပြော သည်။

BPHWT ဒါရိုက်တာ စောဝင်းကျော် Van Heuven Goedhart ဆုဆွတ်ခူးရရှိ

BPHWT ဒါရိုက်တာ စောဝင်းကျော် Van Heuven Goedhart ဆုဆွတ်ခူးရရှိ



ဇွန်လ ၁၈ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)


နယ်သာလန်နိုင်ငံ Stichting Vluchteling အဖွဲ့မှ ပေးအပ်သည့် ၂၀၁၂ခုနှစ်အတွက် Van Heuven Goedhart Award ဆုကို နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားများအဖွဲ့-BPHWT ဒါရိုက်တာ စောဝင်းကျော်က ဆွတ်ခူးရရှိခဲ့သည်။


ကရင်ပြည်နယ်တွင် တိုက်ပွဲများအကြား အတိဒုက္ခရောက်နေသော ဒေသခံလူထုများအတွက် ကျန်းမာရေး၊ ဖွံ့ဖြိုးရေးနှင့် ဦးဆောင်မှုကဏ္ဍ စသည့် နည်းလမ်းပေါင်းမျိုးစုံဖြင့် ဆယ်စုနှစ်ကျော် စွမ်းဆောင်ခဲ့သည့် စောဝင်း ကျော်အား ယင်းဆုကို ပေးအပ်ရန် Stichting Vluchteling အဖွဲ့က ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဆုအပ်နှင်းပွဲအခမ်း အနားကို ဇွန်လ ၁၆ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တနေရာတွင် ကျင်းပခဲ့သည်။

ဆုလက်ခံရရှိသွားသည့် စောဝင်းကျော်က “ဒီဆုကို ရတာတော့ အရမ်းပျော်ပါတယ်။ ဒါပေမယ့် ကျနော် တစ်ယောက်တည်းကောင်းလို့ ရတယ်လို့ မယူဆပါဘူး။ ကျနော့်ရဲ့ ဘက်ဖက်(BPHWT) လုပ်ဖော်ကိုင် ဖက်တွေရဲ့ ကူညီပံ့ပိုးမှုတွေ အများကြီးပါ လို့ ရတယ်လို့ပဲ ပြောပါရစေ။ ဘောလုံးအသင်း တသင်းလိုပေါ့။ တယောက်ကောင်းလို့ မရပါဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းဆုကို ရရှိခြင်းအားဖြင့် ၎င်းတို့ BPHWT အဖွဲ့အတွက် ရှေ့လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် တွန်းအား တခုဖြစ်သကဲ့သို့ ရှေ့ဆက် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပိုမိုထိရောက်ရန်အတွက် ကိုယ့်ကိုယ် ကို အနစ်နာခံသည်ဟု မခံယူဘဲ အမျိုးသားရေးအတွက် အလုပ်လုပ်သည်ဟု ခံယူကာ အားလုံးပါဝင်ကြရန် လည်း စောဝင်းကျော်က တိုက်တွန်းသွားခဲ့သည်။

Stichting Vluchteling အဖွဲ့က နယ်သာလန်နိုင်ငံမှ နေ၍ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ အထိလာရောက် ကာ ဆုပေးအပ်ပွဲအခမ်းအနားနှင့်တကွ ကျင်းပခဲ့ပြီး စောဝင်းကျော်အား ဂုဏ်ပြုဆံဆိပ်အပါအ၀င် ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လုပ်ရန် ဥရောပ ယူရိုငွေ ၅၀,၀၀၀ ပေးအပ်ခဲ့သည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ် ဖာပွန်ဒေသရှိ ဒေးဖိုးနိုနှင့် ဟိုကေစသည့် နေရာများတွင် BPHWT ဆေးခန်း များ ဖွင့်လှစ်နိုင်ခဲ့ပြီး ယခု ရရှိသွားသည့် ဆုငွေများကို ကျန်းမာရေးလုပ်ငန်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း အသုံးပြုသွား မည်ဖြစ်သလို ကချင်ဒေသက ဒုက္ခသည်များကိုလည်း အကူအညီအချို့ပေးသွားမည်ဟု စောဝင်းကျော်က ပြောသည်။

စောဝင်းကျော်သည် ကရင်ပြည်နယ်အတွင်း ဝေးလံခေါင်းပါးသည့် ဒေသများတွင် ကျန်းမာ ရေးလုပ်ငန်းကို ဆောင်ရွက်ကာ မြေမြှုပ်မိုင်း ထိသူများ၊ လက်နက်ကြီးငယ် သေနတ်ထိသူများစွာကို ကုသပေးခဲ့ သည့်အပြင် ကျန်းမာရေးနှင့် ပတ်သက်သည့် အခြေခံဆေးသင်တန်းများ၊ ပညာရေးလုပ်ငန်းများနှင့် ဦးဆောင်စီ မံခန့်ခွဲမှုများ လုပ်ဆောင်နိုင်ခဲ့သည်ဟု ဆုပေးသည့် အဖွဲ့က ထောက်ပြပြောဆိုခဲ့သည်။

၂၀၀၁ခုနှစ်က Van Heuven Goedhart ဆု ရရှိခဲ့သည့် BPHWT ၏ ဥက္ကဌ ဒေါက်တာစင်သီယာမောင်က လည်း “BPHWT လုပ်ငန်းတွေ ပြန်ကြည့်ရင် စစ်ဖြစ်နေတဲ့ ဒေသမှာ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေ လက် လှမ်းမမှီဘူးလေ။ အစိုးရရဲ့လျစ်လျူရှုမှုခံနေရတဲ့သူတွေကို ကုသမှုတခုတည်း မဟုတ်ဘဲ ကျန်းမာရေးအရည် သွေးမြင့်မားဖို့နဲ့ ကျန်းမာရေးအဖွဲ့တွေ ကြားထဲမှာ ပူးပေါင်းမှုတွေ ကောင်းမွန်လာအောင် ဆောင်ရွက်တဲ့အတွက် ကြောင့် BPHWT အားလုံးရဲ့ကိုယ်စားနဲ့ ဆရာဝင်းကျော်အတွက်ရော ကျမတို့ ဂုဏ်ယူပါတယ်။” ဟု ပြောသည်။

ဆုပေးပွဲအခမ်းအနားတွင် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကရင်လူမှုရေးလုပ်ငန်းအဖွဲ့များ၊ ကျောင်းသူကျောင်း သားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအပါအ၀င် ပရိဿတ် ၂၀၀ ကျော် တက်ရောက်ခဲ့ပြီး ကျောင်းသူကျောင်းသားများက မြန်မာနိုင်ငံ တိုင်းရင်းသားပေါင်းစုံအက၊ ကရင်ဒုံးယိမ်းအက၊ မြန်မာတပင်တိုင် အကနှင့် ကရင်လူမျိုး၏ ဓလေ့ရိုးရာနှင့် လုပ်ကိုင်စားသောက်မှုဆိုင်ရာ သရုပ်ဖော်ခြင်း စသည့်တို့ကို တင်ဆက်ဖျော်ဖြေခဲ့ကြသည်။

Van Heuven Goedhart ဆုသည် နယ်သာလန်နိုင်ငံ၏ ၁၉၅၁ခုနှစ်တွင် ပထမဦးဆုံး ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးလည်းဖြစ်၊ ၁၉၅၄ခုနှစ်တွင် နိုဘယ်လ်ဆု ရရှိသူလည်းဖြစ်သည့် Gerrit Van Heuven Goedhart ကို ရည်စူး၍ ကမ္ဘာတ၀ှမ်းရှိ စစ်ပွဲများအကြား ဒုက္ခရောက်နေသော လူထုများကို လိုက်လံ ကူညီပေးနေသည့် ပုဂ္ဂိုလ်များအား အသိအမှတ်ပြုသည့်အနေဖြင့် ဂုဏ်ပြုချီးမြှင့်သည့် ဆုဖြစ်သည်။

နယ်သာလန်နိုင်ငံ၌ ၁၉၇၆ခုနှစ်တွင် Van Heuven Goedhart ဆုကို ပေးသည့် Stichting Vluchteling အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။

Stichting Vluchteling အဖွဲ့မှ ပေးသည့် ဆုရရှိသွားသော စောဝင်းကျော်သည် ၁၉၈၈ ခုနှစ် ကျောင်းသား အရေးတော်ပုံတွင် ပါဝင်ခဲ့သူဖြစ်ပြီး ထိုမှတဆင့် ယခင် ကရင်အမျိုးသားအစည်းအရုံး-KNU ဌာနချုပ် မာနယ် ပလောသို့ ရောက်ရှိလာကာ ၁၉၈၉ခုနှစ်မှစ၍ ကရင်ပြည်နယ်အတွင်းအပါအ၀င် ကရင်ပြည်နယ်နှင့် ထိစပ်သည့် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ပြည်တွင်း ဒုက္ခသည်များကို လိုက်လံဆေးကုသမှုပြုလုပ်ရင်း ကျန်းမာရေး လုပ်ငန်းနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်နေသည်မှာ ယခုချိန်ထိ ဖြစ်သည်။

ရသေ့တောင် ရခိုင် တိုင်းရင်းသား ၁၁ ဦး အလောင်း ကို လွှဲ ဘင်္ဂါလီ တွေ လွှဲမပေး

 Wednesday, June 20, 2012
 FNG

ဇွန်လ ၁၉ ရက်နေ့ နံနက် ပိုင်း က ရခိုင် တိုင်းရင်းသား များ နှင့် ဘင်္ဂါလီ တိုင်းရင်းသား
များ ပဋိပက္ခဖြစ်ပွား စဉ် အသတ် ခံ ခဲ့ ရသည့် တိုင်းရင်းသား ရခိုင် ၁၀ ဦး ၏ အလောင်း ကို ဘင်္ဂါ လီ
များ က လွှဲပြောင်း ပေး အပ် ခြင်း မပြု သေး ဟု FNG မှ စုံစမ်း သိရှိ ရသည်။
ရခိုင် ပြည် နယ် ရသေ့ တောင် မြို့  နယ် ကူတောင် ရွာ ကို ဇွန်လ ၁၉ ရက်နေ့ နံနက် အစော ပိုင်း က
ဘင်္ဂါ လီ ရိုဟင်ဂျာ များ တုတ် ဓါး စသည့် လက်နက် များ ဖြင့် ၀င်ရောက် လာ ပြီး ရွာ ကို မီး ရှို့  ခဲ့ ခြင်း
ဖြစ်သည်။

ကူတောင် ရွာသား များ က ဘင်္ဂါ လီ များ ကို ပြန်လည် ခုခံ ရာ တွင် ဘင်္ဂါလီ များ ၏ သတ်ဖြတ် မှု ကြောင့်
ကူတောင် ရွာ မှ ရခိုင် တိုင်း ရင်းသား ၉ ဦး သေဆုံး ပြီး အခြား ရွာ သား ၂ ဦး သေဆုံးသည် ဟု ဘူးသီး
တောင် ဆေးရုံ မှ တာဝန် ရှိ သူ တစ်ဦး က FNG ကို ပြောသည်။  အဆို ပါ ပဋိပက္ခ အတွင်း ဘင်္ဂါလီ နှစ်ဦး
လည်း သေဆုံးသည်။

ဘူးသီးတောင် ၊ ကူတောင် နှင့် ရသေ့တောင် မြို့ များ မှ သံဃာ တော် များ နှင့် ရသေ့ တောင် အခြေစိုက်
စစ်တပ် မှ  ဘင်္ဂါလီ ကျေး ရွာ ကို သွား ရောက် ပြီး သေဆုံး သူ ရခိုင် တိုင်းရင်းသား များ ၏ အလောင်း
ကို လွှဲ ပေး ရန် တောင်း ဆိုသော် လည်း ယနေ့ ဇွန်လ ၂၀ ရက်နေ့  ညနေ ထိ လွှဲ ပြောင်း ပေး အပ် ခြင်း
မပြု ဟု သိရသည်။

ရခိုင် ရွာ ကို မီးရှို့ မှု နှင့် ရခိုင် တိုင်းရင်းသား ၁၁ ဦး ၏ အလောင်း ကို လွှဲ မပေး သောကြောင့် ထို ဒေသ တစ်
ဝိုက် တွင် အခြေ အနေ တင်းမာ လျှက် ရှိ သော် လည်း စစ်တပ် ရဲ စသည့် လုံခြုံရေး အင်အား နည်း ပါ ပြီး
ကြီးမား သည့် ပဋိပက္ခ ဖြစ်ပွား ခဲ့ လျှင် ထိမ်းသိမ်း နိုင်စွမ်း မရှိ ဟု ရသေ့ တောင်  မြို့  ပညာရေး ၀န်ကြီး
ဌာန မှ ၀န်ထမ်း တစ်ဦး က ပြောသည်။

ဘင်္ဂါ လီ ရိုဟင် ဂျာ များ က သတ် ဖြတ်မှု ကြောင့် သေဆုံး သူ များ တွင် ကျောင်း ဆရာ နှစ်ဦး နှင့် အမျိုးသမီး
နှစ် ဦး လည်း ပါဝင်သည်။

ပြီးခဲ့ သည့် သီတင်း ပတ် အတွင်း ရခိုင် ပြည်နယ် တွင် မငြိမ်သက် မှု များ ကြောင့် လူ ၅၀ ကျော် သေဆုံးပြီး
၂၀၀ ကျော် ဒဏ်ရာ ရရှိ ကာ နေအိမ် အလုံးပေါင်း ၂၅၀၀၀ ကျော် ပျက်စီးခဲ့ သည်။

“ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိ ရိုသေပါမည်။”




ဗမာပြည်မှာ စစ်တပ်ကအာဏာယူထားတာ အနှစ်ငါးဆယ်တင်းတင်း ပြည့်ပါတော့မယ်။ ဒါ ၁၉၅၈ ခုနှစ် ကြားဖြတ်အစိုးရ အာဏာသိမ်းထားတဲ့ ၂နှစ် ကျော်ကာလ မပါသေးပါဘူး။ ဗမာပြည်သားတွေအဖို့တော့ ၅၈ ခုနှစ်တုန်းက စည်းကမ်းရှိရေး နဲ့ ငြိမ်ဝပ်ပိပြားရေး အလေးထားတဲ့အစိုးရ၊ ၁၉၆၂ ခုနှစ်တုန်းက ဆိုရှယ်လစ်လောက တည်ဆောက်မယ့်အစိုးရ၊ ၁၉၈၈ ခုနှစ်တုန်းက နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို အလေးထားတဲ့ အစိုးရ၊ အခုအခါမှာ လွှတ်တော်ဒီမိုကရေစီ တည်ထောင် မယ့် အစိုးရ စသဖြင့် ဗိုလ်နေဝင်း-ဗိုလ်မောင်မောင်-ဗိုလ်အောင်ကြီးတို့ကစလို့ ဒီကနေ့ ဗိုလ်သိန်းစိန်-ဗိုလ်မင်းအောင်လှိုင် စသူတို့အထိ စစ်အုပ်စုအသီးသီးရဲ့ စစ်အစိုးရမျိုးစုံကိုတွေ့ခဲ့ရပါတယ်။ ကြွေးကြော်သံ အမျိုးစုံကိုလည်း ကြားခဲ့ရပါတယ်။ ၁၉၅၈ ခုနှစ် ကြားဖြတ်အစိုးရနဲ့ ၁၉၆၂ ခုနှစ်တော်လှန်ရေးကောင်စီ စတာတွေတုန်းက သတင်းစာအဖုံးတွေမှာ မျက်နှာ ထားတင်းတင်းနဲ့ စစ်ယူနီဖောင်း ဝတ်ထားသူတွေကိုတွေ့ခဲ့ရပြီး မဆလခေတ်နဲ့ ဒီနေ့ကာလမှာတော့ ဟန်ဆောင်အပြုံး တွေနဲ့ တိုက်ပုံဝတ်၊ ခေါင်းပေါင်း ဆောင်းထားတဲ့ ဗိုလ်ချုပ်တွေကိုတွေ့ရပါတယ်။

ဗမာပြည်မှာ စစ်အစိုးရတွေတခုကနေ နောက်တခုကိုပြောင်းတာဟာ သူတို့ချင်း ကွဲပြဲပြီးဖယ်ရှားပစ်တာ၊ ဖြုတ်ပစ်တာ မ ဟုတ်ဘူးဆိုတာ သတိပြုသင့်ပါတယ်။ ကိုယ်ဆက်အုပ်ချုပ်လို့မဖြစ်တော့လို့ ကိုယ်ယုံကြည်ရာတဦးကိုလွှဲပြောင်းပေး ခဲ့ တာချည်း ဖြစ်ပါတယ်။ ဒီတော့ဒီလို စစ်အုပ်စုမင်းဆက်တခုနဲ့တခု အစားထိုးရာမှာ နောက်တက်လာသူဟာ ကိုယ့်ရှေ့က လူလုပ်ခဲ့တာတွေထဲက ကိုယ့်အာဏာတည်မြဲရေးအတွက် အသုံးမတည့်တော့တဲ့၊ ဒါမှမဟုတ်အတားအဆီး အနှောက်အ ယှက်ဖြစ်မယ့် အရာတွေကို ဖယ်ရှားပြီး အသုံးကျမယ့်အရာတွေကိုထိန်းသိမ်းခဲ့ပါတယ်။ ဥပမာဆိုရင် နဝတ နဝတ နဝတ -နအဖ နအဖ နအဖ စစ်အုပ်စုဟာ ဗိုလ်နေဝင်းရဲ့ မဆလဆိုင်းဘုတ်ကို အမှိုက်ပုံးထဲလွှင့်ပစ်ပြီး ဗိုလ်နေဝင်းရဲ့ တပ်မ တော်သာ အမိ၊ တပ်မတော်သာ အဖဆိုတာကို ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။

အခုဗိုလ်သိန်းစိန်တို့ရဲ့ ကြံ့ဖွတ်စစ်အုပ်စုကတော့ ဗိုလ်သန်းရွှေ ရွှ လုပ်ခဲ့တဲ့ စနစ်တွေကိုစွန့်ပစ်လိုက်ပြီလို့ပြောပြီး ဗိုလ် သန်းရွှေတို့ ချမှတ်ခဲ့တဲ့ “တပ်မတော်ရဲ့ ဦးဆောင်မှုအခန်း”၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စတာတွေကိုတော့ ဆက်ခံ ထိန်းသိမ်းခဲ့ပါတယ်။ တပါတည်းမှာ စကားလုံးအသုံးအနှုန်း အပြောင်းအလဲလေးတွေတချို့ကိုလည်း သကာလူးသလို လုပ်ပေးခဲ့ပါတယ်။

အလားတူပဲ နောက်တက်တဲ့စစ်အုပ်စုဟာ ရှေ့ကဆင်းသွားတဲ့စစ်အုပ်စုတည်ထောင်ခဲ့တဲ့၊ ဒါမှမဟုတ်ပိုင်ဆိုင်ခဲ့တဲ့ ဥစ္စာဓ န တွေကို လက်ဖျားနဲ့မတို့ဘဲ တည်ရှိခွင့်ပေးရပါတယ်။ စစ်ဗိုလ်ချင်းအားဏာလွှဲတာမပြောနဲ့ ၁၉၅၈ ခုနှစ် ကြားဖြတ် အ စိုးရကနေ ဦးနုရဲ့ပထစအစိုးရကို အာဏာလွှဲပေးတဲ့အခါမှာ ကြားဖြတ်အစိုးရကာလမှာ တည်ထောင်ခဲ့တဲ့ ဒီအက်စ်အိုင် (D.S.I.) ဘီအီးဒီစီ (B.E.D.C) စတဲ့ စီးပွားရေး အဆောက်အအုံကြီးတွေနဲ့ အဲဒါတွေရဲ့ အစွယ်အပွားတွေကို နောက်အစိုးရက လက်ဖျားနဲ့တောင် မတို့ဝံ့ပါဘူး။ ဦးနုရဲ့အစိုးရဟာ ကတိပေးအာမခံထားသလား အောက်မေ့ရပါတယ်။ ဒါပေမဲ့ ဗိုလ်နေ ဝင်း က ဆိုရှယ်လစ်စကားလုံးနဲ့ ရိုက်စားလုပ်တဲ့အခါကျတော့ D.S.I., B.E.D.C ပိသုကာတွေဖြစ်တဲ့ ဗိုလ်အောင်ကြီးတို့နဲ့ ကွဲပါတော့တယ်။ ဒါပေမဲ့ ဗိုလ်နေဝင်းတို့ မဆလခေတ်ထိပ်သီးတွေက တခြားသူတို့နည်း သူတို့ဟန် တွေနဲ့ သူတို့ဓနကို တဖြည်းဖြည်း ပြန်တည်ထောင်ပါတယ်။ နဝတ နအဖ လက်ထက်ကျတော့ ဦးပိုင်ကုမ္ပဏီကအစချီပြီး တည်ထောင်လိုက်၊ ပွားများလိုက်တာ တတိုင်းပြည်လုံး ရေပြင်၊ မြေပြင်၊ ဝေဟင်၊ သူတို့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း တွေဟာ လက်ညှိုးထိုးမလွဲဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ဗမာပြည်မှာ စစ်အာဏာရှင်စနစ်သက်တမ်းရှည်လာတာနဲ့အမျှ ဒီစနစ်အပေါ်မှီပြီးပေါ်ပေါက်လာတဲ့ စစ်တပ်နဲ့ စစ်တပ်အသိုင်းအဝိုင်းတွေပိုင်ဆိုင်တဲ့ ဓနအဆောက်အအုံကြီးဟာလည်း ကြီးမားသထက်ကြီးမားလာတယ်လို့ ပြောရ ပါမ ပါမပါမ ယ်။ အခုဆိုရင် ဗမာနိုင်ငံစီးပွားရေးရဲ့ ဓနဥစ္စာရာခိုင်နှုန်း ရှစ် ဆယ် လောက်ကိုစစ်တပ်နဲ့ပတ်သက်သူ၊ ပတ်သက်ဖူးသူ၊ နီးစပ်သူတွေက ပိုင်ဆိုင်တယ်ဆိုရင် မှားမယ်မထင်ပါဘူး။

ဦးပိုင်ကုမ္ပဏီတခုတည်းရဲ့ဓနဟာ အရင် D.S.I., B.E.D.C တို့ထက် အဆပေါင်းများစွာကြီးနေပါပြီ။ ဒီလိုဖြစ်လာတာရဲ့ အဓိက အကြောင်းရင်းကတော့ စစ်အာဏာရှင်တွေရဲ့ သက်တမ်းရှည်လာလို့ ဖြစ်ပါတယ်။

ဒါပေမဲ့ အရင်းအနှီးဆိုတာ အမြဲတိုးချဲ့နေမှရေရှည်တည်တံ့နိုင်တာပါ။ ဒီတော့စစ်အုပ်စုရဲ့အရင်းအနှီးတွေတိုးချဲ့ဖို့ စဉ်း စားရပါတယ်။ ပြည်တွင်းမှာထပ်မြှုပ်နှံဖို့ မလွယ်တော့ပါဘူး။ ပြည်ပကိုသွားမြှုပ်နှံမှ၊ ပြည်တွင်းမှာလည်း ပြည်ပနဲ့ပူးပေါင်း မြှုပ်နှံမှဆိုတဲ့အခြေအနေရောက်လာပါတယ်။ ဒီအခါမှာ အနောက်နိုင်ငံတွေကပိတ်ဆို့မှုတွေ ဖွင့်ပေးဖို့ဟာသူတို့အတွက် သေရေးရှင်ရေးလိုအရေးကြီးလာပါတော့တယ်။

တကယ်တော့ တိုင်းပြည်တပြည်ကို ရာစုနှစ်တဝက်ဆက်တိုက်အုပ်စိုးတဲ့ မင်းဆက်ဆိုတာ သမိုင်းမှာနှယ်နှယ်ရရ မဟုတ် ပါဘူး။ ပြောရရင် ဒုတိယကုန်းဘောင်မင်းဆက်ထက် နှစ်ဆကြာပါတယ်။ ဒီလောက်အကြာကြီး အုပ်စိုးလာတော့ စစ်တပ် က အထက်မှာနေတယ်ဆိုတာဟာ အစဉ်အလာတခုလို ဖြစ်လာယုံမက ခေါင်းထဲမှာအရိုးစွဲသွားတဲ့ စဉ်းစားနည်းတခု လည်း ဖြစ်လာပါတယ်။ တပါတည်းမှာ ဒီစစ်အာဏာရှင်တွေအဖို့ ကိုယ့်ရဲ့အထက်အဆက်ဆက်က စစ်အာဏာရှင်များ ကို လေးစားကိုးကွယ်ရတာ၊ သူတို့ ရဲ့ဂုဏ်နဲ့သစ္စာကိုစောင့်ထိန်းရတာတွေပေါ်လာပါတယ်။ စစ်အာဏာရှင်တွေ တ ယောက်ပြီးတယောက် ပြောင်းခဲ့ပေမဲ့ သူတို့အနေနဲ့ သူတို့အရင်က စစ်အာဏာရှင်တွေကို ဘယ်တော့မှမကောင်း မပြော ကြောင်း သတိထားမိကြမယ်ထင်ပါတယ်။ “ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိ
ရိုသေပါမည်” ဆိုတာဟာ တပ်မတော်ကိုအာဏာကိုင်ထားသူများဖြစ်အောင် ဖန်တီးခဲ့သူများအပေါ် သစ္စာစောင့်သိရိုသေ
ပါမယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

တဖက်ကပြန်ပြောရင်တော့ သူတို့ဟာ အထက်အဆက်ဆက်က စစ်အုပ်စုများရဲ့ အစဉ်အလာတွေကို ထိန်းသိမ်းတာ၊
ကာကွယ်တာဖြစ်တယ်လို့ ကိုယ့်ကိုယ်ကို ယူဆလာကြပါတယ်။ ဒီလိုနဲ့အယူသည်း ဘာသာရေးဂိုဏ်းတွေရဲ့ အစွဲအလမ်း မျိုးလို ဖြစ်လာကြပါတယ်။ သူတို့ရဲ့ စဉ်စားမှုအားလုံးအခြေပြုတဲ့ အစပြုတဲ့ အခြေခံတခု (mindset)တခုဖြစ်လာပါတယ်။ စစ်တပ်ဟာ နတ်ဘုရားလို ဖြစ်လာပါတယ်။ဒီနေ့အခါမှာ ဗိုလ်ချုပ်ဦးသိန်းစိန်ကို အမိန့်ပေးနေတာဟာ ဗိုလ်သန်းရွှေ ဖြစ် တယ်လို့ အတိအကျမပြောနိုင်ပေမဲ့ အခုပြောခဲ့တဲ့ စစ်တပ်နတ်ဘုရားရဲ့သစ္စာကိုတော့ သူတို့မလွန်ဆန်နိုင်၊ မလွန်ဆန် ဝံ့ပါဘူး။ ဒါဟာသူတို့အသွေးအသားထဲထိ စိမ့်ဝင်နေတဲ့ယုံကြည်မှုတရပ် ဖြစ်နေပြီး တချို့ဆိုရင် ဒီဟာကို ရိုးရိုးသားသား ယုံကြည်နေတာလို့တောင် ပြောလို့ရမယ်ထင်ပါတယ်။

ဒါပေမဲ့ ဒီနေရာမှာ အောက်ခြေတပ်သားတွေ၊ အရာရှိငယ်တွေမှာ ဒီလိုအတွေးအခေါ်၊ အယူအစွဲမျိုး မရှိဘူးဆိုတာ
ထောက်ပြဖို့ လိုပါတယ်။ သူတို့ဟာ ဘာမသိ ညာမသိနဲ့ပဲ အထက်က စစ်အုပ်စုအစဉ်အလာဆက်ခံသူတွေကို ကုန်းပိုး
ထားကြရတာပါ။ ဒီလို စစ်အုပ်စုအဆက်ဆက် ပြောင်းလဲအုပ်စိုးနေလို့ သူတို့ဘဝဟာ ဘာမှထူးမလာပါဘူး။ သေစရာရှိရင်
သေပေးရတဲ့နေရာမှာသာ ရှိမြဲရှိနေပါတယ်။

ထောင်ဒဏ်တသက်တကျွန်းကျ အီဂျစ်အာဏာ၇ှင်ဟောင်း မူဘာရက် ကွယ်လွန်


on Wednesday, June 20, 2012
မြောက်ကိုးရီးယားခေါင်းဆောင် အာဏာရှင် ကင်ဂျုံအီ သေဆုံးသွားပြီးတဲ့နောက်
ထောင်ဒဏ် တသက် တကျွန်း ကျခံနေရတဲ့ အီဂျစ် သမ္မတဟောင်း ဟိုစနီ မူဘာရက်ဟာ မနေ့ ည က နှလုံးလည်း ရပ်သွားပြီး အသက် ဆုံးပါးသွားရတယ်လို့ ဆရာဝန်တွေက ပြောတာကို အီဂျစ် ရုပ်မြင်သံကြားတို့ကလည်း ကြေညာသွားပါတယ်။

အခုအခါမှာ ခန္ဓာကိုယ်က ဘာမှ အလုပ်မလုပ်တော့ဘဲ သူ့ ကို စက်ကရိယာများနဲ့သာ အသက်ကို ထိမ်းသိမ်းထားရတယ်လို့ ဆိုပါတယ်။



အသက် ၈၄ နှစ်အရွယ် မူဘာရက် ဟာ လေဖြတ်ရောဂါကို ခံစားနေရရင်း လွန်ခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ကပဲ တရားရုံးက သူအာဏာရှိစဉ်က ဆန္ဒပြသူများ သေဆုံးခဲ့ရမှု တို့အတွက် ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံ ထားရသူလည်း ဖြစ်ပါတယ်။ 

မြန်မာအာဏာရှင် သန်းရွှေကတော့ အသက်ရှင်လျှက်ရှိကြောင်းလည်း သိရပါတယ်။

တင့်ကားကြီးစီးပြီး မင်္ဂလာဆောင်သွားကြမယ်

ကဲ....ဒီတစ်ခါတော့ မင်္ဂလာဆောင်ကြမယ့် သတို့သား သတို့သမီး တို့  တင့်ကားကြီးစီးပြီး မင်္ဂလာဆောင်ကို သွားဖို့ အတွက် မင်္ဂလာဆောင် ဇိမ်ခံတင့်ကားကြီးကို ငှားရမ်းပေးတဲ့ ကုမ္ပဏီ ရှိတယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်.... သူများနဲ့မတူအောင် ထူးထူးခြားခြားမင်္ဂလာဆောင်ချင်သူများအတွက် အထူးအပြင်အဆင်တွေနဲ့ အလှဆင်ထားပါတယ်....အဲဒါကြီးစီးပြီး မင်္ဂလာဆောင်ပွဲကို သွားတော့ လူရှိန်တာပေါ့.... ငှားရမ်းလို့ ရတဲ့ နေရာကတော့ အင်္ဂလန်မှာတဲ့ဗျား








Monday, June 18, 2012

ကရင်ဘာသာ ရုပ်သံသတင်း (ဇွန်လ တတိယပတ်)

ဒေါ်အောင်ဆန်းစုကြည်နိုဘယ်မိန့်ခွန်းမြန်မာလိုအပြည့်အစုံ


ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်း ဘာသာပြန် စဆုံး facebook မှကူးယူပါသည်။
by Ba Nyar on Sunday, June 17, 2012 at 8:28am ·
 
ဘုရင်မင်းမြတ်၊ တော်ဝင် အမျိုးအနွယ်ဝင်များ၊ အစိုးရအဖွဲ့ဝင်လူကြီးမင်းများ၊ နှင့် ဂုဏ်သရေရှိ နော်ဝေနိုင်ငံမှ နိုဘယ်ဆုပေးအပ်ရေး အဖွဲ့ဝင်များ လူကြီးမင်းများနှင့် မိတ်ဆွေသင်္ဂဟအပေါင်းတို့ရှင့်….

လွန်ခဲ့တဲ့ နှစ်တော်ကြာတုန်းက ဒါကတစ်ခါတစ်လေလည်း ဟိုးဘ၀ပေါင်းများစွာတုန်းကလို ထင်မိပါတယ်… ကျွန်မ အောက်စဖို့မှာ နေနေတုန်း Desert Island Discs လို့ခေါ်တဲ့ ရေဒီယို အစီအစဉ်လေးကို ကျွန်မရဲ့သားငယ် အလက်ဇန္ဒားနှင့် အတူတူ နားထောင်ခဲ့ဖူးတယ်။ ဒီရေဒီယိုအစီအစဉ်က တော်တော်လေး လူကြိုက်များပြီး ကျွန်မသိသလောက် အခုချိန်ထိ ဆက်လက်ထုတ်လွှင့် နေတယ်ဆိုပါတယ်။ ဒီအစီအစဉ်မှဆိုရင် လူတန်းစားပေါင်းစုံက ကျော်ကြားသူတွေကို ဖိတ်ကြားပြီး ဓါတ်ပြား ရှစ်ချပ်စာလောက် ဆွေးနွေး ပြောကြားကြတယ်။ ဒီအကြောင်းတွေကို ထုတ်ထားတဲ့ စာအုပ်ဟာဆိုရင် သမ္မာကျမ်းစာနှင့် ရှိတ်စပီယား ၀တ္ထုတွေလောက် ရောင်းအားသွက်ခဲ့ပါတယ်ပြီး လူသူအရောက်အပေါက်နည်းတဲ့ ကျွန်းမှာတစ်ယောက်တည်း ကျန်ခဲ့ရင်တောင် ကိုယ်နှင့်မကွာ ရှိနေစေချင်ကြတဲ့ အမြတ်တနိုးပစ္စည်း အသုံးအဆောင်လို့တောင် ဆိုကြပါတယ်။ ဒီအစီအစဉ်ကိုနားထောင်လို့ အပြီးမှာ သားလေးကကျွန်မကို မေမေ တစ်ချိန်ချိန်မှာ မေ့မေ့ကို Desert Island Discs မှာ ဒီလိုပြောခွင့် ရမယ်လို့ထင်လား လို့မေးပါတယ်။ ဘာလို့မရ မလဲ ဟု-----
ကျွန်မက ခပ်အေးအေးပဲ ပြန်ဖြေခဲ့ပါတယ်။ သားလေးက ဒီအစီအစဉ်တွေကို ယေဘုယျအားဖြင့် ထင်ပေါ်ကျော်ကြားတဲ့သူတွေပဲ ပါဝင်နိုင်တယ်ဆိုတာ သိရက်နှင့်ပင် ကျွန်မကို ဘာအတွက်ကြောင့် မေမေ့ကိုဖိတ်မယ်လို့ ထင်တာလဲလို့ ရိုးရိုးတန်းတန်းသိချင်တဲ့ သဘောနဲ့ ဆက်မေးခဲ့ပါတယ်။ ကျွန်မခဏလောက်စဉ်းစားလိုက်တယ် ပြီးမှ မေမေက စာပေဘက်မှာ နိုဘယ်ဆုရခဲ့ရင်ပေါ့ သားရယ်လို့ ပြောပြီး ကျွန်မတို့ ၂ ယောက်စလုံး ရယ်လိုက်ကြပါတယ်။ မှန်းချက်ကတော့ ဟုတ်နေတာပဲ ဒါပေမယ့်တကယ်ဖြစ်လာဖို့သာခက်တာပ
ါ။

အခုတော့ကျွန်မဘာလို့ ဒီလိုဖြေခဲ့လဲဆိုတာ စဉ်းစားလို့ရပြီ အဲဒီအချိန်မတိုင်ခင်က နိုဘယ်ဆုရခဲ့တဲ့ စာအုပ်တစ်အုပ်ဖတ်ခဲ့လို့ ဖြစ်နိုင်သလို Desert Island ရဲ့ပင်တိုင်တွေဟာလည်း ကျော်ကြားတဲ့ စာရေးဆရာတွေ ဖြစ်လို့ပဲဖြစ်မှာပါ။ 

၁၉၈၉ တုန်းက ကျွန်မရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်း မိုက်ကယ်အဲရစ်က ကျွန်မနေအိမ်တွင်း အကျဉ်းကျခံ နေရတုန်းလာတွေ့တယ်။ သူက ဂျွန်ဖန်နစ် လို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်မကို နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် နာမည်ပေးသွင်းထားကြောင်း ပြောပါတယ်။ အဲ့ဒီအချိန်မှာလည်း ကျွန်မရယ်ခဲ့တယ်။ ခဏလောက်တော့ မိုက်ကယ်က အံ့သြသွားတယ်. နောက်မှ ကျွန်မဘာလို့ ရယ်တာလဲ ဆိုတာကို နားလည်သွားပါတယ်။ နိုဘယ်ဆုလေ မှန်းချက်ကသာဟုတ်နေတာလေ ဖြစ်လာဖို့ဆိုတာမှ မလွယ်တာ။ ဒါကြောင့် ကျွန်မတကယ် နိုဘယ်ဆုရတဲ့အခါ ကျွန်မဘယ်လို ခံစားရသလဲ။ ဒီမေးခွန်းက ကျွန်မကို ခဏခဏမေးဘူးတယ် ဒီအချိန်မှာတော့ နိုဘယ်ဆုဆိုတာ ကျွန်မအတွက်ဘာလဲ ငြိမ်းချမ်းရေးဆိုတာ ကျွန်မဘယ်လို အဓိပ္ပာယ်ဖော်လည်းဆိုတာ ကိုပြန်လည်သုံးသပ်ရမယ့် အသင့်တော်ဆုံးအချိန်ဖြစ်နေပါပြီ

ကျွန်မ အင်တာဗျူးတော်တော်များများမှာ လည်းအကြိမ်ကြိမ်ပြောခဲ့ဘူးပါတယ်… တစ်ညနေမှာရေဒီယိုက ကျွန်မနိုဘယ် ငြိမ်းချမ်းရေးဆုရကြောင်းကြေငြာသွားတာကြားလိုက်ရတယ်။ ကျွန်မ မအံ့သြခဲ့ပါဘူး ဒီမတိုင်ခင် ရသတ္တပါတ်က ကျွန်မဟာ နိုဘယ်ဆုအတွက် စကာတင်ထဲမှာပါတယ်ဆိုတာကို ထုတ်လွှင့်မှုတွေမှာ ဖော်ပြတာကိုကြားခဲ့ရပါတယ်။ အခု ဒီမိန့်ခွန်းတွေအတွက် စာကြမ်းစီနေတုန်းမှာပဲ ကျွန်မ ဆုကိုကြေငြာလိုက် တဲ့အချိန်ပြီးပြီးချင်း ဘယ်လိုဖြစ်သွားလည်းဆိုတာကို ကြိုးကြိုးစားစား တွေးခဲ့ပါသေးတယ်။ ကျွန်မသိပ် မသေချာဘူးလို့ထင်တယ် သြော်သူတို့တွေ ငါ့ကိုဒီဆုပေးဖို့ ဆုံးဖြတ် လိုက်တာကိုဆိုတာမျိုးလောက်ပဲ။ ဒါကလည်း သိပ်ပြီး တကယ်မဟုတ်သလိုပဲ ဘာလို့လည်းဆိုတော့ ကျွန်မကိုယ်တိုင်ကိုယ်က သိပ်ပြီး လက်တွေ့မဆန်သလို၊ တကယ်မဟုတ်သလို ခံစားခဲ့ရပါတယ်။

ကျွန်မနေအိမ်အကျယ်ချုပ်နှင့် နေရစဉ်က မကြာခဏဆိုသလို ကိုယ့်ကိုယ်ကို တကယ့် လောကကြီးနဲ့ တစ်ဆက်တည်း နေရတာမဟုတ်သလို ခံစားရတယ်။ အိမ်ကပဲကျွန်မ ရဲ့ကမ္ဘာ။ တခြားသူတွေရဲ့ မလွတ်လပ်တဲ့ ကမ္ဘာလည်း ရှိသေးတယ် ဒါပေမယ့်သူတို့ဟာ ထောင်ထဲမှာ လူအဖွဲ့အစည်းလေး တစ်ခုအနေနှင့် ရှိကြတယ်။ နောက်ပြီး လွတ်လပ်တဲ့ ကမ္ဘာဆိုတာလည်း ရှိသေးတယ်။ ဒီကမ္ဘာတွေက သူ့လမ်းကြောင်းနဲ့သူ သီးခြားစကြ၀ဠာမှာ လည်ပတ်နေသလိုပဲ။ နိုဘယ်ငြိမ်းချမ်းရေးဆုက ကျွန်မကို ကျွန်မနေတဲ့ သီးခြား ကမ္ဘာလေးထဲကနေ တစ်ဖန်ပြန်ပြီး တခြားလူသားတွေနေတဲ့ နေရာကို ပြန်ဆွဲထုတ် ပေးလိုက်သလိုပဲ၊ ပိုပြီး စစ်မှန်တဲ့ တကယ့်လက်တွေ့ ဘ၀ထဲကို ပြန်ထည့်ပေးလိုက်သလို ခံစားရပါတယ်။ ဒါကလည်း ချက်ခြင်းကြီးဖြစ်လာတာတော့ မဟုတ်သေးပါဘူး၊ ဖြတ်သန်းခဲ့ရတဲ့ နေ့လရက်အချိန်တွေ လေလှိုင်းကြားကနေ ဖြတ်လာကြတဲ့ ဒီဆုကို တုန့်ပြန်မှု သတင်းတွေနှင့် ဒီနိုဘယ်ဆုရဲ့ အရေးပါပုံကို ကျွန်မနားလည်လာ ရပါတယ်။ ဒီဆုဟာကျွန်မကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ နှင့်လူ့အခွင့်အရေး အတွက် လှုပ်ရှား ရုန်းကန်ရာမှာ ကမ္ဘာရဲ့ အာရုံစိုက်မှုကို ရစေပါတယ်။ ကျွန်မတို့ကို မေ့မသွားကြပါဘူး။

မေ့သွားကြမယ်ဆိုရင။် ပြင်သစ်လူမျိုးတွေပြောတာက ခွဲခြားထားခြင်းဟာ နည်းနည်းခြင်း သေဆုံးဖို့တဲ့။ အမေ့ခံရတယ်ဆိုတာကိုယ်တိုင်ကိုက နည်းနည်းလေး သေဆုံးပျက်စီးကြစေပဲတဲ့။ ဒီလိုသာဖြစ်မယ်ဆိုရင် ကျွန်မတို့ကိုတွယ်ဆက်ထားတဲ့ လူ့အဖွဲ့အစည်းရဲ့ ကျန်တဲ့အပိုင်းတွေနဲ့ တွယ်ဆက်ထားတဲ့နေရာ အချို့ ပြတ်တောက်သွားမှာဖြစ်ပါတယ်။ ကျွန်မ ထိုင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနှင့် ဒုက္ခသည်တွေ ဆီကို မကြာသေးမီကမှ သွားရောက်တွေ့ဆုံခဲ့ပါတယ် အဲ့ဒီမှာလူအများက ကျွန်တော်တို့ကို မေ့မထားပါနဲ့ လို့အော်ကြတယ်။ သူတို့ဆိုလိုတာက သူတို့ရဲ့ ဒုက္ခတွေကို မေ့မထားပါနဲ့၊ သူတို့ကိုကူညီနိုင်တဲ့ကိစ္စတွေကို မေ့မထားပါနဲ့၊ ကျွန်တော်တို့ကလည်း ခင်ဗျားတို့နဲ့ တစ်ကမ္ဘာတည်းနေနေတာပါဆိုတာမေ့မထားပါနဲ့ပေါ့။ နိုဘယ်ဆုရွေးချယ်ရေး ကော်မတီက ကျွန်မကို နိုဘယ်ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်တဲ့အခါ ကမ္ဘာက ဖိနှိပ်ခံ၊ သီးသန့်နေထိုင်နေကြတဲ့မြန်မာလူမျိုးတွေကလည်း ဒီကမ္ဘာမြေရဲ့ တစ်စိတ်တပိုင်းပါလား ဆိုတာကိုသတိပြုမိလာကြတယ်။ လူသားတွေအားလုံး အတွက်တစ်ခုတည်းဖြစ်တဲ့ လူသားချင်း စားနာထောက် ထားရမှာတွေကို သတိပြုမိလာကြတယ်။ ဒါကြောင့်ကျွန်မအတွက် နိုဘယ်ငြိမ်းချမ်းရေး ဆုရခြင်းဟာ ကျွန်မရဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုတွေကို မြန်မာနိုင်ငံရဲ့ တစ်ခုတည်း အတွက် မဟုတ်ပဲနိုင်ငံရဲ့ နယ်နိမိတ်ကို ကျော်လွန် ထွက်သွားစေပါတယ်။ ဒီဆုဟာ ကျွန်မ နှလုံးသား တံခါးကို ပွင့်သွားစေပါတယ်။

မြန်မာတွေရဲ့ ငြိမ်းချမ်းရေးနှင့် ပတ်သက်လို့ ခံယူချက်ကတော့ ဘေးဒုက္ခတွေနဲ့ မကောင်းမှုတွေကနေ ရပ်တန့်သွားတဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှုခံစားချက်လို့ ဆိုပါတယ်။ ငြိမ်းချမ်းဆိုတဲ့ စကားနှစ်လုံးကပဲ တိုက်ရိုက်ဘာသာပြန်ရင် မီးငြိမ်းသွားတဲ့အခါမှာ ဖြစ်တဲ့ ကောင်းမွန်တဲ့အေးချမ်းမှုလို့ ဆိုပါတယ်။ ဆင်းရဲတဲ့ခံစားမှုနှင့် အကြမ်းဖက်မှုကြောင့် ဖြစ်လာတဲ့မီးတွေဟာ ကမ္ဘာမှာ တဟုန်းဟုန်းတောက် လောင်နေပါတယ်။ ကျွန်မရဲ့ နိုင်ငံအတွင်းမှာရော မြောက်ဖက်ပိုင်းက ရန်မီးတွေကလည်း မငြိမ်းသေးသလို အနောက်ဘက်မှာလည်း အကြမ်းဖက်မှုတွေကြောင့် မီးရှို့ဖျက်စီးမှုတွေ၊ လူသတ်မှုတွေ ဟာလည်း ကျွန်မဒီခရီးမထွက်ခင် ရက်အနည်းငယ် အတွင်းကမှ ပေါ်ပေါက်လာခဲ့ပါတယ်။ ကမ္ဘာမြေရဲ့ အခြားနေရာက ရက်စက်မှုတွေရဲ့သတင်း တွေလည်း အများကြီးရှိပါတယ်။ ငတ်ပြတ်မှုသတင်းတွေ၊ ရောဂါဘယတွေ၊ တိုက်ခိုက်အနိုင်ယူတာတွေ၊ အလုပ်လက်မဲ့တွေ၊ ဆင်းရဲမွဲတေမှုတွေ၊ တရားမမျှတမှုတွေ၊ ခွဲခြားဆက်ဆံ ခံရတာတွေ၊ အယူဝါဒအစွဲတွေ၊ ကိုယ့်အယူဝါဒနဲ့မတူရင် နှိပ်ကွပ်တာတွေ ဟာဆိုရင် နေ့စဉ်တွေ့နေရပါတယ်။ နေရာတိုင်းမှာ ငြိမ်းချမ်းမှုကို တိုက်စားပစ်တဲ့ အဖျက်အမှောင့် အင်အားတွေ ဆိုတာရှိပါတယ်။ နေရာတိုင်းမှာ ကမ္ဘာကြီး ပျော်ပျော်ရွှင်ရွှင်နဲ့ စည်းချက်ညီညီ ဖွံ့ဖြိုးဖို့ထိမ်းသိမ်းရန်လိုအပ်တဲ့ ပစ္စည်းနဲ့ လူ့စွမ်းအားအရင်း အမြစ်တွေ အလဟသတ်ဆုံးရှုံးနေတယ်ဆိုတာ တွေ့နိုင်ပါတယ်။

ပထမကမ္ဘာစစ်ဟာဆိုရင် ကမ္ဘာမြေအတွက် ကောင်းတဲ့အင်အားတွေဖြစ်စေမယ့် လူငယ်တွေနဲ့ သူတို့ရဲ့ အလားအလာတွေ ဆိုးဝါးစွား ပျက်စီးဆုံးရှုံးခဲ့ရတဲ့ သာဓကတစ်ခုဖြစ်ပါတယ်။ အဲ့ဒီခေတ်က ကဗျာတွေဟာ ဆိုရင် ကျွန်မအတွက် အထူးပဲ အရေးပါလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မစဖတ်တဲ့ အချိန်ဟာဆိုရင် ဒီလို ပွင့်ခါနီးမှာ အညွန့်ချိုးခံလိုက်ရတဲ့ လူငယ်တွေ အရွယ်မို့ပါ။ ပြင်သစ်တပ်တွေနဲ့အတူတိုက်နေရတဲ့ အမေရိကန် လူငယ်လေးတစ်ယောက်ဆိုရင် ၁၉၁၆ တိုက်ပွဲမှာမကျခင် ဒီလိုရေးသားခဲ့ပါတယ် `အငြင်းပွားဖွယ်ရာ ရှေ့တန်းစစ်မျက်နှာ အချို့မှာ´ `ဒဏ်ရာများနဲ့ပြည့်နှက်နေတဲ့ စစ်မျက်နှာပြင် တောင်စောင်းတွေမှာ´ `မီးတွေတဟုန်းဟုန်း တောက်နေတဲ့ မြို့ကြီးတွေဆီမှာ´။ လူငယ်တွေနှင့် ချစ်ခြင်းမေတ္တာနှင့် ဘ၀တွေဟာဆိုရင် အေးစက်တဲ့ အဓိပ္ပာယ်မဲ့ လုပ်ရပ်တွေ အောက်မှာ မထင်မရှား၊ လူမသိ ထာဝရ တိမ်မြုပ်ခဲ့ရတယ်။ ဘာအတွက်လည်း။ ၁၀ စုနှစ်တစ်ခုသာ ကုန်ခဲ့တယ် ကျေနပ်တဲ့ အဖြေမျိုး မရသေးပါဘူး။

ကျွန်မတို့ရဲ့ လူ့ဘောင်ကြီးနှင့် အနာဂတ်ကို အကြမ်းဖက်မှုတွေ၊ မတည်ငြိမ်မှုတွေ၊ မရေရာမှုတွေ ကနည်းအောင်မလုပ်နိုင်ရင် ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့မခံစားရဘူးလား။ စစ်ဆိုတာ ငြိမ်းချမ်းရေး အသတ်ခံလိုက်ရတဲ့ ကြိုးဝိုင်းတစ်ခုပါပဲ။ ဘယ်လိုပဲ ဒီဒုက္ခ သုက္ခတွေ လျစ်လျူရှုခံရပါစေ ဒီလိုခံရတာတွေအတွက် အငြင်းပွားမှုတွေ၊ ခွဲခြားခံရတယ်လို့မြင်လာတာတွေ၊ မတရားခံရမှုအတွက် ဖြစ်ပေါ်လာတဲ့ မကျေနပ်ချက်တွေ၊ ဒေါသတွေ ကတော့ တစ်ချိန်ချိန်မှာ အညောင့်ပေါက်လာကြမှာပါ။

အကျယ်ချုပ် နေလိုက်ရတဲ့ ကောင်းတဲ့အချက်တစ်ခုကတော့ ကျွန်မဘ၀မှာ သိလာ ခံယူလာတဲ့အမြင်တွေ၊ နဲ့စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းတွေးဆဖို့ အချိန်အလုံ အလောက်ရခဲ့တာပါပဲ။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ဒုက္ခဆိုတဲ့ စကားလုံးကို ငယ်ငယ်တည်းက ရင်းနှီးခဲ့ပါတယ် ယေဘုယျဒုက္ခဆိုတာ ခံစားရခြင်းလို့ ဘာသာပြန်နိုင်ပါတယ်။ နေ့တိုင်းလိုလို ကျွန်မနားက လူကြီးတွေနဲ့ တစ်ချို့သိပ်မကြီးသေးတဲ့ သူတွေပါ သူတို့နည်းနည်း နာတာကျင်တာခံစားရတဲ့ အခါမှာဖြစ်ဖြစ်၊ အသေးအဖွဲ စိတ်ညစ်စရာလေးတွေ ကြုံရင်ပဲဖြစ်ဖြစ် ဒုက္ခ ဒုက္ခ ဆိုပြီး ညည်းနေကြတယ်။ ဒါပေမယ့် ကျွန်မ နေအိမ် အကျယ်ချုပ်နဲ့ နေရတဲ့အချိန်မှာမှာ ဒုက္ခဆင်းရဲခြောက်မျိုး အကြောင်းကို သေချာလေ့လာခွင့်ရခဲ့တာပါ။ ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ ချစ်ခင်သူနှင့်ခွဲခွာရခြင်း၊ မချစ်ခင်သူနဲ့ အတူတကွနေရခြင်း တို့ဖြစ်ပါတယ်။ ကျွန်မဟာ ဒီခြောက်ချက်ကို နေ့စဉ်ဘ၀မှာ ဘာသာရေးအမြင်နဲ့မဟုတ်ပဲ လောကီအမြင်နဲ့ လေ့လာပါတယ်။ ဒီဒုက္ခတွေဟာ ကျွန်မတို့ ရဲ့ဘ၀မှာ ရှောင်လို့မရနိုင်ရင်၊ လက်တွေ့ကျကျ လျော့နည်းနိုင်သမျှ နည်းအောင်လုပ်ရမယ်။ ကိုယ်ဝန်ဆောင်စဉ်နဲ့ မွေးပြီးချိန်မှာ မိခင်နှင့်ကလေး စောင့်ရှောက်မှုအတွက် အစီအစဉ်တွေကိုပိုပြီး ထိထိရောက်ရောက် ဖြစ်အောင်လုပ်ပေးရမယ်၊ သက်ကြီးရွယ်အိုတွေ အတွက် လိုအပ်တဲ့ ၀န်ဆောင်မှုတွေကိုပေးနိုင်ရမယ်၊ ကျန်းမာရေးအခြေခံစောင့်ရှောက်မှု တွေ၊ မေတ္တာစေတနာနှင့်သုနာပြုစုမှုတွေ၊ နောက်ဆုံးနေ၀င်ချိန်မှာ စောင့်ရှောက်မှုပေးတဲ့ လုပ်ငန်းတွေကို ကောင်းကောင်း ဖြည့်ဆည်းပေးရမယ်။ နောက်ကကျန်တဲ့ ချစ်သောသူနှင့် ကွေကွင်းရခြင်း မချစ်မနှစ်သက်သူနှင့် အတူနေရခြင်းဆိုတဲ့ဒုက္ခ နှစ်မျိုးကို ကျွန်မပိုပြီး စိတ်ဝင်စား အလေးပေးမိပါတယ်။ ကျွန်မတို့ရဲ့ ဗုဒ္ဓဘုရားရှင်ဟာသူကိုယ်တိုင် ဘာလို့ဒီနှစ်မျိုးကို သူဘာတွေ ကြုံတွေ့ခဲ့ဘူးလို့ ဒုက္ခထဲမှာ ထည့်ခဲ့တာပါလိမ့်။ ကျွန်မကတော့ အကျဉ်းသားတွေ၊ ဒုက္ခသည်တွေ၊ ရွေ့ပြောင်း အလုပ်သမားတွေ၊ လူကုန်ကူးခံရတာ သူတွေဟာဆိုရင် အစုလိုက်အပြုံလိုက်ကို သူတို့ရဲ့နေရာဒေသ၊ အိမ်တွေ၊ မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေဆီ ကနေပြီး လိုလိုလားလားမရှိတဲ့ တစိမ်းတရံစာ ကြားတွေထဲမှာနေဖို့ ဆွဲနှုတ်ပြောင်းရွေ့ ခံခဲ့ရသလိုပါပဲ။

ကျွန်မတို့ဟာ လူ့အခွင့်အရေးအပြည့်နှင့် အထောက်အကူ ကောင်းကောင်းနှင့် အသက်အရွယ် ကြီးသည်အထိ မိမိတို့ဆန္ဒအလျောက် ဒါမှမဟုတ် လိုအပ်ချက်အလျောက် နေရနေရမယ်ဆိုရင်ကံကောင်းပါတယ်။ ကျွန်မဟာလည်း ဒီအသက်အရွယ်ထိ ဒီလိုအကျဉ်းသားတွေရဲ့ အရေးကို နေရာတိုင်းမှာ လူတိုင်းစိတ်ဝင်စား တဲ့အချိန်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေကို တစ်ကမ္ဘာလုံး မဟုတ်တောင် တော်တော်များများက လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးဆိုပြီး လက်ခံလာတဲ့ အချိန်ထိနေရတာ ကံကောင်းပါတယ်။

နေအိမ်အကျဉ်းကျနေတဲ့ အချိန်တော်တော်များများမှာ ကျွန်မဟာ လူအခွင့်အရေး ကြေငြာစာတမ်းက အကြိုက်ဆုံး စာပိုဒ်တွေကနေပြီးတော့ အားအင်တွေ မွေးယူခဲ့ရပါတယ်။

……….လူသားတွေ ရသင့်တဲ့အခွင့်အရေးကို မရတာ မျက်ကွယ်ပြုတာဟာ ဆိုရင် ရိုင်းစိုင်းပြီး လူမဆန်တဲ့ အပြုအမူမျိုးဖြစ်ပါတယ်။ လူသားတိုင်း လွတ်လပ်စွာ ပြောဆိုယုံကြည်ခွင့်တွေရလာမယ့် အချိန်၊ အကြောက်တရားတွေ ကင်းပြီး လူသားတိုင်း ရသင့်တဲ့အမြင့်ဆုံးအခွင့်အရေးတွေ လိုအပ်ချက်တွေကို ရလာမယ့်အချိန်………

…… လူသားတွေဟာ အနန္တရာယ်ရှိတဲ့ အလုပ်မျိုးကို အဓမ္မ ခိုင်းစေခံရတာမျိုးကို ကြံရာမရလို့ဖြစ်စေ၊ အာဏာသုံး၍ မတရားခိုင်းစေတာမျိုး၊ ဖိနှိပ်တာမျိုး မဖြစ်အောင် လူ့အခွင့်အရေးကို တရားဥပဒေနဲ့ ကာကွယ်သင့် ပါတယ်….

ကျွန်မကို မြန်မာနိုင်ငံမှာ လူအခွင့်အရေး လှုပ်ရှားမှုတွေဘာကြောင့် လုပ်နေရသလဲလို့ မေးလာရင် အပေါ်က စာပိုဒ်တွေဟာအဖြေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကဒီမိုကရေစီဆန်တဲ့ အဖွဲအစည်းနှင့် လုပ်ဆောင်မှုတွေဟာ လူ့အခွင့်အရေးကို အာမခံချက်ပေးဖို့အတွက်လိုအပ်တယ်ဆိုတာကိုယုံတယ်။

ပြီးခဲ့တဲ့နှစ်တွေကဆိုရင် မြန်မာနိုင်ငံက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေဟာ ယုံကြည်သူတွေ အတွက်ဆိုရင် စတင်ပြီး အသီးအပွင့်တွေခံစားရမယ့် လက္ခဏာမျိုးတွေ့လာရပါပြီ။ ကောင်းတဲ့ဘက်ကို ပြောင်းလဲမှုမျိုးကိုမြင်နေ ရပြီ၊ ဒီမိုကရေစီစနစ်ဖြစ်ဖို့အတွက် ခြေလှမ်းတွေစတင်နေပြီလို့မြင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မ ဟာသတိကြီးကြီးနဲ့ အကောင်းအမြင် ၀ါဒကို လုပ်ဆောင်နေတယ် ပြောလို့ရပါတယ် ဒါဟာ ကျွန်မ နောက်အနာဂါတ်ကို မယုံလို့မဟုတ်ပါဘူး ဒါဟာကျွန်မ မျက်ကန်းမြင် ယုံကြည်မှုမျိုး မဖြစ်စေချင်လို့ သတိကြီးကြီးနဲ့ လုပ်ဆောင်နေတာပါ။ အနာဂါတ်ကို မယုံပဲနှင့်၊ ဒီမိုကရေစီ စံနှုန်းတွေအပေါ် ခိုင်မာတဲ့ ယုံကြည်ချက်မျိုးမရှိပဲနှင့် လူအခွင့်အရေး အခြေခံအချက်တွေဟာ ကျွန်မတို့လူ့အဖွဲ့အစည်းမှာ တကယ်လိုအပ်တာမက ဖြစ်နိုင်ခြေတယ် ဆိုတာမျိုးပါ မယုံပဲနှင့် ကျွန်မတို့လှုပ်ရှားမှု ဟာဒီလို ခက်ခဲကြမ်းတမ်း တဲ့နှစ်တွေမှာ ကြံ့ကြံ့ခံတည်တံ့ လာဖို့မလွယ်ပါဘူး။ တချို့တချို့သောကျွန်မတို့ရဲ့ ရဲဘော်ရဲဘက်တွေ သူတို့ရဲ့ရပ်တည်ချက်တွေကနေ ပြိုလဲခဲ့တယ်၊ ကျွန်မတို့ကိုစွန့်ခွာခဲ့တယ်၊ တကယ့်ကို စိတ်ဓါတ်ခိုင်မာတဲ့ အမာခံတွေပဲ ရဲရဲဝံ့ဝံ့ ယုံယုံကြည်ကြည်နှင့် ကျန်ခဲ့ပါတယ်။ ကုန်ခဲ့တဲ့နှစ်တွေကိုပြန်ကြည့်မယ်ဆိုရင် ဒီလိုခက်ခက်ခဲခဲ ကျိုးစားလုပ်ဆောင်ရတဲ့ အချိန်တွေမှာ သစ္စာရှိရှိ ကျန်ခဲ့တဲ့သူတွေ တော်တော်များတယ် ဆိုတာကျွန်မ အံ့သြမိတယ်။ ကျွန်မတို့ရဲ့လမ်းကြောင်းအပေါ် သူတို့က မျက်ကန်းယုံတာမျိုး မဟုတ်ဖူး၊ သေချာမျက်လုံးဖွင့် လေ့လာပြီး၊ သူတို့ကိုယ်ပိုင်စွမ်းအားနဲ့ ကြံ့ကြံ့ခံပြီးမှ ကျွန်မတို့ပြည်သူတွေရဲ့ စိတ်အားထက်သန်မှုကို လေးစားတဲ့အနေနှင့် ကျန်ခဲ့တာပါ။

အခုကျွန်မ ရှင်တို့နဲ့ စကားပြောနေနိုင်တာကလဲ ကျွန်မတို့နိုင်ငံရဲ့မကြာခင်ကပြောင်လဲခဲ့မှုတွေကြောင့်ပါ။ ဒီပြောင်းလဲမှု တွေကလည်း သင်တို့ကြောင့်နှင့် တခြားသော လွတ်လပ်ရေးနှင့် တရားဥပဒေကို မြတ်နိုးသူတွေ ကနေပြီးတော့ ကျွန်မတို့အခြေအနေကို တစ်ကမ္ဘာလုံး သတိထား မိလာအောင် လုပ်ဆောင်နိုင်မှု တို့ကြောင့်ပါပဲ။

ကျွန်မနိုင်ငံ အကြောင်းဆက်မပြောခင် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကိစ္စ နည်းနည်းပြောချင်ပါတယ် ဒီလိုအကျဉ်းသားတွေ မြန်မာနိုင်ငံမှာရှိနေသေးပါတယ်။ လူသိများတဲ့ ယုံကြည်ချက်အကျဉ်းသားတွေ လွတ်လာသော်လည်း လူသိမများတဲ့ သူတွေကျန်ပါသေးတယ် သူတို့အမေ့ခံ နေရမှာကို ကြောက်မိပါတယ်။ ကျွန်မဟာအခုဒီမှာရပ်နေရတာဟာလည်း တစ်ချိန်က ကျွန်မကိုယ်တိုင် ယုံကြည်ချက် အကျဉ်းသား တစ်ယောက်ပါ။ ကျွန်မကိုကြည့်နေတုန်း ကျွန်မပြောတာ နားထောင်နေတုန်း မှာ ယုံကြည်ချက်အကျဉ်းသားဟာ တစ်ယောက်ပင်ဖြစ်ပါစေ များလွန်းတယ်ဆိုတဲ့ ဘယ်အခါမှမပြောင်းလဲတဲ့ အမှန်တရားကို သတိရကြပါ။ ကျွန်မတို့နိုင်ငံမှာ မလွတ်ကြသေးတဲ့သူတွေ၊ တရားဥပဒေ စိုးမိုးမှုမခံရသေးတဲ့ သူတွေဟာ တစ်ယောက်မက များပါတယ်။ ကျေးဇူးပြု၍ သူတို့ကိုမမေ့ပါနှင့်၊ သူတို့ကိုမြန်မြန်နှင့် ချွင်းချက်မရှိ လွတ်ပေးနိုင်ရန် သက်ရောက်စေမဲ့ မည်သည့်လုပ်ရပ်ကို မဆိုလုပ်ဆောင်ပေးကြပါ။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းထားတာဖြစ်ပါတယ် နိုင်ငံရဲ့ အနာဂါတ်ကို ယုံကြည်စွာနဲ့ တည်ဆောက်ဖို့ရန် တစ်ခုတည်းသောအရာမှာ စစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓါတ်ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်ထဲက လွတ်လပ်ရေးရခဲ့တယ်ဆိုပေမယ့် တစ်နိုင်ငံလုံးအေးချမ်းတည်ငြိမ်မှုရှိခဲ့တယ်ဆိုတဲ့ အချိန်မျိုးမရှိခဲ့ပါဘူး။ ပြသနာတွေရဲ့အရင်းမြစ်ကို ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ယုံကြည်မှုနှင့် နားလည်းမှုကို မတည်ဆောက်နိုင်ခဲ့ပါဘူး.။ ၁၉၉၀ မှ ၂၀၁၀ ကြားအပစ်အခတ်ရပ်ဆဲရေးကြောင့် တောက်ပလာတဲ့ မျော်လင့်ချက်တွေဟာ ဆိုရင် ပြီးခဲ့တဲ့ လတွေက ဖြစ်ရပ်တွေကြောင့် ပြိုလဲခဲ့ရပါတယ်။ တစ်ချက်တည်းသော မဆင်မခြင် လုပ်ရပ်တွေဟာဆိုရင် နှစ်ပေါင်းများစွာ တည်ဆောက်လာတဲ့ အပစ်အခတ်ရပ်စဲရေး ကိုတစ်ခါတည်း ရပ်တန့်သွားနိုင်ပါတယ်။ ပြီးခဲ့တဲ့လတွေကဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေ တိုးတက်အောင်မြင်တာကို တွေ့ရပါတယ်။ ကျွန်မယုံကြည်တာက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ ဟာ လူတွေရဲ့ လိုလားချက်နဲ့ ပြည်ထောင်စု စိတ်ဓါတ်အပေါ်မှာ မူတည်ပြီး နိုင်ငံရေး တည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေမှာပါ။

ကျွန်မရဲ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကျွန်မဟာ တိုင်းရင်းသား ပြန်လည် သွေးစည်းညီညွတ်ဖို့ အတွက် ကျရာကဏ္ဍမှ ပါဝင်ရန် အသင့်ရှိပါတယ်။ ပြန်လည်သင့်မြတ်ရေး လှုပ်ရှားမှုများဟာဆိုရင် သမ္မတကြီး ဦးသိန်းစိန် အစိုးရရဲ့စတင်ပေးခဲ့ပြီး အမြဲတမ်း အကောင်အထည်ပေါ် ခိုင်မြဲနေစေဖို့ကတော့ ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ မီဒီယာတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ စီးပွားရေးအဖွဲ့အစည်းတွေ နှင့် အရေးအကြီးဆုံးဖြစ်တဲ့ ပြည်သူတစ်ရပ်လုံးက ပါးပါးနပ်နပ် ပါဝင် ဆောင်ရွက်ကြဖို့လိုပါတယ်။ 

ပြည်သူတွေရဲ့ ဘ၀တွေတိုးတက်မှုရှိတယ်ဆိုမှ ပြန်လည်သင့်မြတ်ပေါင်းစည်းတာအောင်မြင်တယ် လို့ ကျွန်မတို့ ဆိုနိုင်ပါလိမ့်မယ်၊ ဒီနေရာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ဖွံ့ဖြိုးမှုနှင့် လူသားခြင်းစာနာထောက်ထားသောကူညီမှုများ၊ နှစ်ဦးနှစ်ဖက် သဘောတူညီမှုများနှင့် ရင်းနှီးမြုပ်နှံမှုများကိုလည်း ပူးပေါင်း ဆောင်ရွက်ပေးပြီး၊ လူမှုဘ၀တိုးတက်စေရန်၊ နိုင်ငံရေးနှင့် စီးပွားရေး တိုးတက်မှု ဘက်ညီ၍ ရေရှည်ဖြစ်စေရန် အမြဲတိုင်းတာ စောင့်ကြည့်ထိန်း သိမ်းပေးဖို့လည်းလိုပါသည်။ ကျွန်မတို့ နိုင်ငံဟာ အလားအလာ အလွန်ကောင်းတဲ့ နိုင်ငံဖြစ်တယ်။ ဒီအလားအလာကို ဖော်ထုတ်ပြီး တိုးတက်အောင် လုပ်ယူပြီး တိုးတက်တဲ့နိုင်ငံဖြစ်ယုံသာမက လူအခွင့်အရေး ပြည့်ဝတဲ့နိုင်ငံ ကျွန်မတို့ပြည်သူလူထု ငြိမ်းငြိမ်းချမ်းချမ်း၊ လွတ်လွတ်လပ်လပ်နှင့် လုံခြုံမှုရှိတဲ့ ဒီမိုကရေစီဆန်တဲ့ လူ့အဖွဲ့အစည်းမှာ နေနိုင်အောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ကျွန်မတို့ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးဟာ ခွဲခြားလို့မရပါဘူး။ ကမ္ဘာကြီးရဲ့ဘယ်နေရာမှာမဆို မကောင်းတဲ့အား က ကောင်းတဲ့အားထက်သာနေရင် ကျွန်မတို့အားလုံး ဒုက္ခရောက်နိုင်ခြေရှိတယ်။ မကောင်းတဲ့အားတွေ အကုန်လုံးကိုရော ဖယ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ရိုးရှင်းတဲ့အဖြေကတော့ မထုတ်နိုင်ဘူးလို့ ပဲဖြစ်ပါတယ်။ အကောင်းနှင့်အဆိုး တွဲပြီးရှိနေတတ်တာ လူ့သဘာဝပါ။ ဒါပေမယ့် လူရဲ့ စွမ်းအားနဲ့ ကောင်းတဲ့ဘက် ပိုများလာအောင် မကောင်းတဲ့ဘက် နည်းသွားအောင်၊ ပျက်သွားအောင် လုပ်လို့ရပါတယ်။ ရာနှုန်းပြည့် ငြိမ်းချမ်းမှုကတော့ ဒီကမ္ဘာမှာ မရနိုင်တဲ့ရည်မှန်းချက်ပါ။ ဒါပေမယ့် ကျွန်မတို့ဟာ ငြိမ်းချမ်းရေးဘက်ကို ဦးတည်ပြီး ခရီးဆက်သွားရမှာဖြစ်သလို၊ မျက်လုံးတွေကလည်း ကန္တာရခရီးသွား လမ်းပြကြယ်တွေကို လမ်းမပျောက်အောင် မမှိတ်မသုန်ကြည့်နေသလို ငြိမ်းချမ်းရေးကိုဦးတည်ပြီး ကြည့်နေရပါမယ်။ ပြစ်မျိုးမှဲ့မထင် ငြိမ်းချမ်းရေးမျိုး ကဒီကမ္ဘာမှာမရှိလို့ မရနိုင်ရင်တောင် ငြိမ်းချမ်းရေးရဲ့ ရဖို့အခြေခံ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေနှင့် လူတစ်ဦးချင်း၊ နိုင်ငံတစ်ခုချင်းစီကို ယုံကြည်မှုနှင့် မိတ်ဖွဲ့နေကြမယ်ဆိုရင်၊ လုံခြုံပြီး မေတ္တာတရားနှင့် ပို၍ကြင်နာတက်သော လူ့ဘောင်အဖွဲ့အစည်းကြီး တည်ဆောက် နိုင်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။

ကျွန်မ ပို၍ကြင်နာတက်သော ဆိုတဲ့စကားလုံးကို သေချာစဉ်းစားပြီးမှ သုံးခဲ့တာပါ စဉ်းစားတာ နှစ်ပေါင်းများစွာ ကြာတယ်လို့တောင် ဆိုနိုင်ပါတယ်။ ချိုတယ်ဆိုတဲ့ အရသာအမျိုးမျိုး ရှိတဲ့အထဲက၊ ကျွန်မကို ဒီအရသာ အများကြီး မရှိဘူးလို့တောင် ပြောခွင့်ပေးပါ၊ ကျွန်မ အချိုမြိန်ဆုံးသော အရာကိုတွေ့ရှိခဲ့ပါတယ်….။ အားလုံထဲမှာမှ တန်ဖိုးလည်း အရှိဆုံး ဖြစ်တဲ့ ကျွန်မသိခဲ့ရတာကတော့ အကြင်နာ မေတ္တာတရားရဲ့တန်ဖိုးကို သိခဲ့ရတာပဲဖြစ်ပါတယ် တွေပဲဖြစ်ပါတယ်။ ကျွန်မရခဲ့သမျှ အကြင်နာမေတ္တာတွေဟာ ကြီးကြီးဖြစ်ဖြစ်၊ သေးသေးဖြစ်ဖြစ် သေချာစေတာကတော့ ဒီကမ္ဘာကြီးမှာ အကြင်နာမေတ္တာ တရားပိုသွားတယ်ဆိုတာ မရှိပါဘူး။ ကြင်နာတက်ဖို့ဆိုတာကတော့ သူုတပါး မျှော်လင့်ချက်နဲ့ လိုအပ်ချက်တွေကို စာနာနားလည်ပြီး လူသားဆန်တဲ့နွေးထွေးမှု နဲ့တုန့်ပြန်ပေးရမှာ ဖြစ်ပါတယ်။ အကြင်နာတရားနှင့် ခဏလေး ထိတွေ့ကိုင်တွယ်လိုက် တာလေးသည်ပင် နှလုံးသားကို အင်အားဖြစ်စေပါတယ်။ အကြင်နာမေတ္တာတရားက လူသားတွေရဲ့ဘ၀ကို ပြောင်းလဲစေနိုင်ပါတယ်။ နော်ဝေ နိုင်ငံဟာဆိုရင် အကြင်နာ တရားရဲ့ ပြယုဒ်တစ်ခုပါပဲ ကမ္ဘာမြေရဲ့ တစ်နေရာက အဖယ်ခံလိုက်ရတယ် သူတွေအတွက် နေစရာပေးတယ်။ သူတို့နိုင်ငံက မလွတ်လပ်လို့ မလုံခြုံလို့ တိမ်းရှောင်လာတဲ့ သူတွေကို ပုန်းအောင်းစရာ နေရာပေးတယ်။

ကမ္ဘာရဲ့ဘယ်နေရာမှာမဆို ဒုက္ခသည်ဆိုတာရှိတာပဲ. ကျွန်မ ထိုင်းနိုင်ငံ မယ်လ ဒုက္ခသည် စခန်းမှာတုန်းက တကယ့်ကိုပဲ ကိုယ့်လိုသူတွေရဲ့ဒုက္ခတွေ ပင်ပန်းဆင်းရဲမှုတွေကနေ ကင်းလွတ်အောင်လို့ နေ့တိုင်း အားကြိုးမာန်တက် လုပ်ဆောင်နေတာ တွေ့ရတယ်။ သူတို့ စိုးရိမ်တာက အလှူရှင်တွေ မရတော့မှာ သေအချာပြောရရင် စာနာထောက်ထားမှုတွေ လျော့လာမှာ။ အလှူရှင်တွေ လျော့ရင် တော့ ရန်ပုံငွေတွေ လျော့ မယ်။ နောက်တစ်ခုက ပထမတစ်ခုရဲ့ရလာဒ်ပါ စာနာထောက်ထားမှု လျော့တာ ကတော့ ဂရုစိုက်မှုတွေလျော့ကုန် တာပေါ့။ ဒါကိုကျွန်မတို့ တားနိုင်မလား။ ဒုက္ခသည်တွေရဲ့လိုအပ်ချက်က များလာပြီး မျက်လုံးကန်းတာမဟုတ်ရင် ဒုက္ခရောက်နေတာတွေကို မမြင်ခြင်ယောင်ပဲဆောင်လိုက်တာများလား။ ကမ္ဘာပေါ်မှာရှိတယ် အလှူရှင်တွေကို ကျွန်မ မေတ္တာရပ်ခံလိုတာက ခိုလှုံဖို့အတွက် မရေမရာ ရှာနေတဲ့ သူတို့ရဲ့ လိုအပ်ချက်လေးတွေကို ဖြည့်ပေးဖို့ပါ။

မယ်လမှာတုန်းကဆိုရင် ဒီစခန်းနဲ့ တခြားသော ဒုက္ခသည်စခန်းတွေရှိတဲ့ တပ်ဒေသက ထိုင်းအာဏာပိုင်တွေနှင့် အဖိုးမဖြတ်နိုင်တဲ့ ဆွေးနွေးခွင့် ရခဲ့ပါတယ်။ သူတို့က ဒုက္ခသည်စခန်းနှင့် ပတ်သတ်တဲ့ အရေးကြီးတဲ့ပြသနာတွေ ပြောပြတယ်။ သစ်တောဥပဒေ ချိုးဖောက်တာတွေ တရားမ၀င် ဆေးဝါးသုံးစွဲမှုတွေ၊ ချက်အရက်တွေ၊ ငှက်ဖျားရောဂါပြသနာတွေ၊ သွေးလွန်တုပ်ကွေးနှင့် ၀မ်းရောဂါတွေပေါ့။ အာဏာပိုင်တွေ ပူပန်တာကလည်း ဒုက္ခသည် တွေပူပန်တာလိုမျိုးပဲ။ လက်ခံတဲ့နိုင်ငံက လည်း သူတို့ရဲ့ တာဝန်ဝတ္တရားတွေနှင့် ကြုံတွေ့ရတဲ့အခက် အခဲတွေကို ဖြေရှင်းဖို့ စဉ်းစားဖို့နှင့် လက်တွေ့ကျကျ ကူညီနိုင်ဖို့လည်း လိုပါတယ်။

နောက်ပိုင်း ကျွန်မတို့ရဲ့ရည်ရွယ်ချက်က ထွက်ပြေးခိုလှုံလာတဲ့သူတွေ၊ အိမ်ရာမဲ့တွေ၊ ရည်မှန်းချက်မဲ့တွေ မရှိတော့တဲ့ ကမ္ဘာရဲ့ နေရာတိုင်းဟာ နေထိုင်သူတွေဟာ လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ နေထိုင်နိုင်မယ့် နေရာတွေဖြစ်လာဖို့ပါ။ အတွေးတိုင်း၊ စကားတိုင်း၊ အလုပ်တိုင်းဟာ ငြိမ်းချမ်းရေးအတွက် ကောင်းမွန်တဲ့ ဘက်က၊ ကုသိုလ်ဘက်က ထည့်ဝင်တဲ့အားတွေဖြစ်ဖို့ လိုပါတယ်။ ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းစီဟာ ဒီလိုလုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိပါတယ်။ ကျွန်မတို့အေးချမ်းစွာ အိပ်စက်ပြီး အေးချမ်းစွာ နိုးထနိုင်မဲ့ ကမ္ဘာကြီးဖြစ်အောင် ကျွန်မတို့လက်တွေ ခိုင်မြဲစွာတွဲထားပြီး ကြိုးစားကြပါစို့…..။

(အထက်ပါတို့မှာ ဒေါ်အောင်ဆန်းစုကြည်၏ အလွန်ကောင်းသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုယူ မိန့်ခွန်းကို တတ်နိုင်သမျှ ဘာသာပြန်ထားခြင်း ဖြစ်ပါသည်…. ဘယ်လောက်ပဲ ကြိုးစားပြန်သော်လည်း လူထုခေါင်းဆောင်၏ မူရင်းအဓိပ္ပာယ်နှင့် ပါတိတ်စ အတွင်းနှင့် အပြင်လို ကွာပါသည်…… တုပ်ကွေးမိရက် တန်းလန်းနှင့် live မကြည့်နိုင်သော မြန်မာနိုင်ငံသားများအတွက် မည်သူမှ ဘာသာ မပြန်သေးသောကြောင့် နံနက် ၂း၃၀ အထိ ကြိုးစားပြန်ထားခြင်း ဖြစ်ပါသည်။ အမှားနှင့် အလွဲများရှိခဲ့ပါက ကျွန်တော့် တာဝန်သာ ဖြစ်ပါသည်။ သည်းခံကြပါ။

မင်္ဂလာမွေးနေ့ (၆၇) သီချင်းသစ်လေး။




Published on Jun 15, 2012
by phokhor
မြင့်မိုရ်တောင်မက ကျေးဇူးကြီးမားတဲ့ အမေ "ဒေါ်စု" ကို ငါတို့ ဘယ်လိုကျေးဇူးဆပ်ရမလဲ။ တိုင်းပြည်ပေါ် သစ္စာရှိပြီး ပင်လုံစိတ်ဓါတ်နှင့် ဘာသာ ၃ ဘာသာလေးစားမယ်ဆိုရင် အမေ ကျေနပ်မှာပါ။
လားရှိုး (ဦး)သိန်းအောင် ရဲ့ မင်္ဂလာမွေးနေ့ (၆၇) သီချင်းသစ်လေး။

ကျပ်တသောင်းတန် အပေါ် သူတို့ အမြင်

၅၀၀ဖိုးဝယ်မယ်ပြန်အမ်း...


Published on Jun 15, 2012 by BurmaVJMedia
မြန်မာနိုင်ငံမှာ ကျပ် တသောင်းတန် ငွေစက္ကူတွေကို ဇွန်လ ၁၅ ရက်နေ့မှာ နိုင်ငံတော်ဗဟိုဘဏ်ကနေ စတင် ထုတ်ဝေတော့မှာ ဖြစ်တယ်လို့ ဇွန်လ ၇ ရက်နေ့မှာ မြန်မာ့ရုပ်မြင်သံကြားကနေ တရားဝင် သတင်း ထုတ်ပြန်လိုက်ပါတယ်။ အခုလို ကျပ် တသောင်းတန် ထုတ်ဝေတော့မယ့် အပေါ် စီးပွားရေးပညာရှင်၊ လုပ်ငန်းရှင်၊ ယာဉ်ပိုင်ရှင် စတဲ့ လူတန်းစား အလွှာအသီးသီးမှ သူတို့ရဲ့ သဘောထားအမြင်တွေကို ဖော်ပြထားပါတယ်။









ဘင်္ဂလီမူဆလင် မော်တော်ဘုတ် ၄၂ စီး ကမ်းကပ်ခွင့်တောင်း

    Sunday, 17 June 2012 04:30   
ဇွန် ၁၆ရက် ညာဥ့်၁၁နာရီခန့်တွင် ဘင်္ဂလီမူဆလင် မော်တော်ဘုတ် ၄၂ စီးသည် စစ်တွေကမ်းသို့ ကပ်ရန် ကမ်းကပ်ခွင့်ကို စစ်တွေ ရေတပ်တွင် ကမ်းကပ်ခွင့် တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
564307 142647352538188 1133225612 n
“အခု အဲဒီမော်တော်ဘုတ် ၄၂စီးဟာ စစ်တွေမြို့နဲ့ ငါးမိုင်အကွာမှာ ရပ်တန့်ထားကြပါတယ်၊ စစ်တွေရေတပ်က ကမ်းကပ်ခွင့်မပေးဘူး။ ကမ်းကပ်ခွင့်မပေးတာက သူတို့ဘုတ်တွေမှာ ဘာတွေပါလည်း သွားရောက်စစ်ဆေးဖို့ကလည်း ရေတပ်သင်္ဘော တစ်စီးဘဲရှိတယ်။ နောက်တစ်ခုက ညာဥ့်အချိန်မတော်ဖြစ်နေတော့ လုံခြုံရေးအရလည်း စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်။”ဟု Essar Projectမှ လုံခြုံရေးယူနေသူတစ်ဦးက ပြောပြသည်။
သံတော်လီဘက်မှ ဘင်္ဂလီမူဆလင်များနှင့် ယင်းမော်တော်ဘုတ်များမှ ဘင်္ဂလီမူဆလင်များမှာ စစ်တွေမြို့တွင် ဆက်လက်အကြမ်းဖက်ရန်ရှိကြောင်း စစ်တပ်မှ သတင်းရရှိသဖြင့် ရခိုင်ပြည်နယ် တိုင်းမှူးကိုယ်တိုင် စစ်တွေ လုံခြုံရေးကို စစ်ဆေးကွပ်ကဲလျက်ရှိပြီး စစ်တွေရေတပ်မှလည်း ယင်းမော်တော်ဘုတ် ၄၂စီးအား ကမ်းကပ်ခွင့်မပေးခဲ့ကြောင်း သိရှိရသည်။
 

Comments 

 
+2 #18 bota 2012-06-17 16:07
#12 အညာသား 2012-06-17 13:46
ဒီလောက်အရေးကြီး တဲ့အချိန် ဒီနေရာမှ မြန်မာရေတပ်စစ်သ င်္ဘော တစီးပဲရှိတယ်တဲ့ လားဗျာ.. တော်တော်တော့ဗျူ ဟာမြောက်နေပါပီ..
Quote
စိုက်မတိုက်ခင် စိုက်ဖနပ်တိုက်ေ နရလို.ကွ။
 
 
+2 #17 sunny 2012-06-17 15:54
စွမ်းရည်ပြခဲ.တဲ.မြန်မာ.ရေတပ်မတော်ဆိုတာ ဘယ်ရာက်သွားလဲရေ တိမ်နစ်သွားတာတစ်စီးပဲကျန်တော.တာထင်တယ် နယ်ချဲ.တွေပြန်လာရင်တော .မျိုးပျောက်တော.မယ် ကယ်ကြပါအုံးပေါ.

 
+3 #16 ko han 2012-06-17 15:53
လွတ်တော်ဥကဋ္ဌဦးေ ရွှမန်းပြောသလို ပြည်သူတွေသာ အာဏာအရှိဆုံးဆို ရင် ပြည်သူတွေပြောတဲ့ အတိုင်း ပဲဆောင်ရွက်ပါလို့ တိုက်တွန်းပါရစေ
 
+7 #15 honey 2012-06-17 15:39
အရင်ကလူသားချင်း စာနာမိတယ်။
နောက်ပြီးရိုဟင် ဂျာအကြောင်းကိုလ ည်းသိပ်ပြီးနားမ ရှင်းဘူး။
ခုတော့အလုံးစုံသိသွားပြီ။နိုင်ငံတော်အစိုးရကအရေးကြီးတဲ့
အမျိုးသားရေးကိစ္စကိုပြည်သူသိအော င်ပွင့်ပွင့်လင်းလင်းပြော
သင့်တယ်။ဒီလောက် မိုက်ရိုင်းစော် ကားနေတာဘယ်လိုစိ တ်နဲ့သူတို့ကို
လက်ခံထားမှာလဲ။ေ ခွးအကောင်ရေများ များလက်ခံထားရင် တောင်
အနည်းလေးခြံစောင့်ပေးတယ်။ကျေးဇူးသိတက်အုံးမယ်။
ဗုဒ္ဒဘာသာနိုင်ငံ မှာခိုလှုံနေရသေးတယ်။လူပါးဝလိုက်တာ
သူတို့မူဆလင်နို င်ငံမှာဗုဒ္ဒဘာသာ လူမျိုးတွေအတွက် စေတီပုထိုးလေးတောင်
ထားခွင့်ပြုလို့ လား။မပြည့်ဝတဲ့စိတ်တွေနဲ့ကိုးကွ ယ်မှုကဆန့်ကျင်ဘ က်
ဒါကိုတောင်မြန်မာပြည်မှာအစ္စလာမ် ကိုလက်ခံပေးထားတ
အစ္စလာမ်ဘာသာဝင်ေ တွကျေးဇူးတ၇ားနားလည်သင့်တယ်။
တချို့ဆိုဘာသာရေးအယူသီးလွန်းတြာ မန်မာအိမ်ကေ၇တော င်မသောက်ဘူးတဲ့။ သူတို့ဘုရားမကြိုက်ဘူးတဲ့။သူတို့ ဘုရားကလည်းမြန် မာတပြည်လုံးကရေကိုသိမ်းကြုံးသော က်ပြီးမြန်မာမြေ ပေးမှာသေတော့ကြိုက်လား။
Quote
 
 
+4 #14 U Win Tin 2012-06-17 15:37
မြန်မာတိုင်းရင်းသားမျိုးနွယ်စု တွေထဲမှာ ရိုဟင်ဂျာဆိုတာ ဘယ်တုံးကမှ လုံးဝ၊လုံး၊မရှိ ခဲ့ပါဘူး။ မြန်မာလူမျိုးတို့ရဲ့စိတ်ရင်းစေ တနာကောင်း
တာကို အခွင့်ကောင်းယြူ ပီး အရိပ်နေနေ အခက်ချိုးချိုးလုပ်တဲ့
ရိုဟင်ဂျာများကို မြန်မာ့မြေပေါ်မှာ လုံးဝ၊ လုံးဝလက်မခံသင့် ပါဘူး။ သူတို့ကိုလက်ခံရ င် အမျိုး၊ ဘာသာ၊ သာသနာပျောက်ကွယ် သွားနိုင်တဲ့ ဆိုးကျိုးများသာ ဖြစ်ပေါ်နိုင်ပါ တယ်။ အမျိုး၊ ဘာသာ၊ သာသနာမပျောက်ကွယ်ရလေအောင် မြန်မာတစ်မျိုးသားလုံး လက်တွဲညီညီဝိုင်းဝန်းစောင့်ရှော က်ကြပါစို့။
 
 
+2 #13 zawzaw 2012-06-17 14:18
အရိပ်လဲခို အကိုင်းလဲချိုးတဲ့ ဒီကုလားတွေကို တို့မြေပေါ်မှ အမြန်မောင်းထုတ် ကြ။
 
 
+6 #12 အညာသား 2012-06-17 13:46
ဒီလောက်အရေးကြီး တဲ့အချိန် ဒီနေရာမှ မြန်မာရေတပ်စစ်သ င်္ဘော တစီးပဲရှိတယ်တဲ့ လားဗျာ.. တော်တော်တော့ဗျူ ဟာမြောက်နေပါပီ..
 
 
+5 #11 thatha 2012-06-17 13:44
they are criminals,fled after committing crimes.now kicked back by bangladesh and no where to go.Ungrateful to us.don't let them in.
 
+16 #10 မောင်တည်ကြည် 2012-06-17 13:39
ဘင်ဂါလီ များအားရခိုင်ြေ မ(မြန်မာ့မြေပေါ်)တွင်ခြေချခွင့် မပြုသင့်ပါရခို င် တိုင်ရင်းသားများအပေါ်တွင် ခေတ်အဆက်ဆက်မှရက်စက်ယုတ်မာ စော်ကားမှု့ များ(ယာရှင်ကို မျောက်နှင်ခြင်း မှ)ပြုလုပ်ခဲ့ကြ သည်။ယခုလည်းမြန် မာနိုင်ငံ၏တရားဥ ပဒေများချိုးဖော က်ပြီးရက်စက်ကြမ်းကျုပ်စွာသတ်ဖြ တ်၊မီးရှို့ ၊လုယက်ခြင်းများပြုလုပ်နေခဲ့ပြီဖြစ်သည်။ နောင်အနာဂတ်တွင် လည်းတိုင်းရင်းသားများအားဆက်လက် ကောင်းကျိုးပေးမ ည်.သူများမဟုတ်သည်ကိုယခုလုပ်ရပ်ကသက်သေပြသတိပေးနေပြီဖြစ်သည်။နိုင်ငံတော်အေးချမ်းသာ ယာပြီး ခေတ်မှီဒီမိုကရေ စီနိုင်ငံတည်ဆော က်ရေးတွင်အနှောက်အယှက်ဖြစ်စေသည့် အပြင်တရားဥပေ။၁ ၆နှစ်အောက်လူငယ် အရွယ်များပင်တက် ကြွစွာမီးရှိ့ ခြင်းလူကြီးများနှင့်အတူအကြမ်း ဖက်လုပ်ငန်းများ တွင်အကြောက်တရား ကင်းမဲ့စွာပူးပေါင်းလုပ်ဆောင်နေ သည်ကိုတွေ.မြင်ရပါသည်။
 
+9 #9 မောင်တည်ကြည် 2012-06-17 13:19
ဘင်ဂါလီ များအားရခိုင်ြေ မ(မြန်မာ့မြေပေါ်)တွင်ခြေချခွင့် မပြုသင့်ပါရခို င် တိုင်ရင်းသားများအပေါ်တွင် ခေတ်အဆက်ဆက်မှရက်စက်ယုတ်မာ စော်ကားမှု့ များ(ယာရှင်ကို မျောက်နှင်ခြင်း မှ)ပြုလုပ်ခဲ့ကြ သည်။ယခုလည်းမြန် မာနိုင်ငံ၏တရားဥ ပဒေများချိုးဖော က်ပြီးရက်စက်ကြမ်းကျုပ်စွာသတ်ဖြ တ်၊မီးရှို့ ၊လုယက်ခြင်းများပြုလုပ်နေခဲ့ပြီဖြစ်သည်။ နောင်အနာဂတ်တွင် လည်းတိုင်းရင်းသားများအားဆက်လက် ကောင်းကျိုးပေးမ ည်.သူများမဟုတ်သည်ကိုယခုလုပ်ရပ်ကသက်သေပြသတိပေးနေပြီဖြစ်သည်။နိုင်ငံတော်အေးချမ်းသာ ယာပြီး ခေတ်မှီဒီမိုကရေ စီနိုင်ငံတည်ဆော က်ရေးတွင်အနှောက်အယှက်ဖြစ်စေသည့် အပြင်တရားဥပေ။၁ ၆နှစ်အောက်လူငယ် အရွယ်များပင်တက် ကြွစွာမီးရှိ့ ခြင်းလူကြီးများနှင့်အတူအကြမ်း ဖက်လုပ်ငန်းများ တွင်အကြောက်တရား ကင်းမဲ့စွာပူးပေါင်းလုပ်ဆောင်နေ သည်ကိုတွေ.မြင်ရပါသည်။



ါဒကိုအကြိမ်ကြိမ်ချိုးဖောက်ခြဲ့ ကသည်