Tuesday, May 4, 2010

၇ တန်းကျောင်းသူလေးအား နအဖရဲဘော်ဟောင်းအုပ်စု မုဒိမ်းကျင့်သတ်ဖြတ်

ယုတ်မာဒါ နှစ်ယောက်မရှိတဲ့ နအဖ စစ်မျိုးစစ်နွယ်တွေ

Monday, 03 May 2010 18:36 မွေခေါဝ်

သျှမ်းပြည်မြောက်ပိုင်းနေ အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသူလေးတဦးအား နအဖ တပ်ထွက်အဖွဲ့ တစ်ဖွဲ့က မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်၊ လုခိုက်ကျေးရွာအုပ်စု၊ နားယန်း ကျေးရွာနေ အဖစိုင်းတိနှင့် အမိ နန်းလိုင်(နာမည်ရင်းမဟုတ်) တို့၏သမီး နန်းရွက်(အမည်ရင်းမဟုတ်) အား ဧပြီ ၂၄ ရက် (စနေနေ့) က စစ်ထွက်မြင့်ဆွေ ဦးဆောင်သည့် နမ့်လောင်းချောင်း သဲကျုံးရောင်းသည့် ရဲဘော်ဟောင်းအဖွဲ့က မုဒိမ်းပြု သတ်ဖြတ်ခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။

“ပြီးခဲ့တဲ့လ နောက်ဆုံးပတ်ကပေါ့ ရွာနီးချုပ်စပ် သူမ ကျွဲကျောင်းသွားတဲ့အချိန်မှာ မိုင်းရယ်-သီပေါလမ်းမကြီး ဘေး နမ့်လောင်းချောင်းတံတားအပေါ်ဘက် သဲတူးဖို့်လာကြတဲ့ တပ်ရင်း(၆၄)မှစစ်ထွက် လေးယောက်က မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တယ်” ဟု ရွာသားတစ်ဦးကပြောပါသည်။

ထိုစစ်သားထွက်များမှာ အသက်(၅၀) ရှိ စစ်ထွက်မြင့်ဆွေ၊ အသက်(၄၉) ရှိ စစ်ထွက်ထွန်းသိန်းနှင့် အမည် မသိသေးသော ၎င်းတို့၏တပ်ထွက်အဖော်နှစ်ယောက်ဖြစ်ကြောင်း ရွာသားများကပြောပြပါသည်။

“အလောင်းကို နားယန်းနဲ့ ဖာလုံဝက်အကွာ နမ့်လောင်းချောင်းသဲသောင်ပြင်မှာ ပစ်ထားခဲ့တယ်” ဟု လည်း အဆိုပါရွာသားက သျှမ်းသံတော်ဆင့်သို့ဆက်လက်ပြောပြပါသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သျှမ်းအမျိုးသမီးရေးရာလှုပ်ရှားမှုကွန်ယက်အဖွဲ့(SWAN) ကလည်း အသေးစိတ် အချက်အလက်များ ဆက်လက်စုံစမ်းနေကြောင်း တာဝန်ရှိသူတဦးကပြောပါသည်။

Karen State Burmese military authorities refuse responsibility for future bombings

May 3, 2010

.According to a businessman from Karen State’s Kawkareik Township, regional military authorities have responded to recent bomb blasts in Burma by publicly refusing to take responsibility for future such incidents in the area.

A market in Kawkareik Township was bombed on February 15th of this year; according to Mizzima News’s coverage of the event, 3 were injured, and one victim later died from his wounds. The tragedy was followed by a series of bomb blasts across Burma, including one on April 27th in Mon State’s Kyaikmayaw Township.

According to village residents, on May 1st, soldiers from the Burmese Infantry Battalion (IB) No. 81, under the jurisdiction of the Southeast Command (SEC), arrived in Kyone Pae village, Kawkareik Township. According to the businessman IMNA spoke with, the battalion held a meeting that same day, where soldiers informed Kyone Pae villagers that the battalion would refuse all responsibility, legal, investigative, or otherwise, for potential future blasts in Kyone Pae. The announcement reportedly was spurred by rumor of bomb threats within the village.

“The authorities also ordered the villagers to inform them if they receive visitors at their homes, and the villagers will be punished if they do not report [this] to the authorities” he said.

The soldiers also ordered the villagers to watch for blasts from their homes, and to clear garbage from the fronts of their houses, in order to prevent explosives from being planted in the debris, he added.

A second source from Kyone Pae, who asked to only be identified as Mi Non, informed IMNA that residents have been made extremely frightened by IB No. 81’s warnings of future explosions; paranoia about bombs being planted in residential areas is mounting. The battalion is reportedly still stationed in the village.

IB No. 81’s May 1st discussion comes at the heels of similar security meetings held around Mon State; on April 26th, 4 Burmese military battalions called village headmen to their regional bases in Moulmein, Mudon, and Thanphyuzayurt Townships. At the conferences, village headmen were ordered to increase bomb-prevention measures in each of their respective villages, and informed that in the event of an actual explosion within their communities, responsibility for the tragedy would be given to them.

Weekly Political Events Regarding the SPDC's Election (013-2010)

Weekly Political Events Regarding the SPDC's Election (013-2010)

WBURF_April-30-2010

WBURF_April-30-2010

Blogger NayPhoneLatt_PEN.flv



ထောင်ဒဏ် ၁၂ နှစ် ကျခံနေရတဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်ကို PEN American Center က ၂၀၁၀ ခုနှစ်အတွက် Barbara Goldsmiths Freedom to Write Award ဆုကို ချီးမြှင့်လိုက်ပါတယ်။ ဒီဆုပေးပွဲအခမ်းအနားအကြောင်း ဗီဒီယိုသတင်း တင်ပြထားပါတယ်။

Monday, May 3, 2010

နာဂစ် ၂နှစ်ပြည့် အောက်မေ့ဖွယ်သီချင်း

လူပေါင်း ၁သိန်းခွဲခန့် သေဆုံးပြီး တသန်းခွဲခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ရတဲ့ နာဂစ် လေမုန်းတိုင်းဘေးဆိုးကြီး ၂နှစ်ပြည့်တဲ့ အနေနဲ့ ကရင်အဆိုတော် အေစီရေးစပ်ထားပြီး ထူးဝါးခံစားသီဆိုထားတဲ့ အင်းကိင်ရာဓရာ.သီချင်းဖြင့် လာလည်သူများအတွက် ကြေကွဲစွာ ခံစားနားဆင်ဖို့ တင် ဆက်လိုက်ပါတယ်။


ဒီသီချင်းထဲမှ မှတ်တမ်းများဟာ နာဂစ်မုန်တိုင်း ဘေးဆိုးရန်ကြောင့် ဒုက္ခရောက်နေသူများအား ကရင်ပြည်နယ် ဖားအံမြို့ရှိ နာမည်ကြီး ဆရာတော် ဦးပညာသာမိ၊ ဖားအံနှစ်ခြင်း အသင်းတော်မှ ဆရာစခင်မောင်သန်း၊ သာသနာပိုင်ချုပ် ဘီးရှော့ဒီဝိုက်ကျင်းနဲ့ ဖားအံရှိ ဗုဒ၊ ခရာဇ်ယာန် ကရင်များ ညီညီညွတ်ညွတ်ဖြင့် လူမျိုး ဘာသာမရွေး သွားရောက်ကူညီခဲ့တဲ့ ပုံရိပ်များဖြစ်ပါတယ်။

တိုင်တည်သစ္စာ

ကရင်အမျိုးသားအားလုံးကို ကြိုဆိုပါတယ်
ဒီနေ့မှစပြီး ဒို့တစ်တွေ စည်းစည်းလုံးလုံးနဲ့ ကရင်အမျိုးသားအလံတော်အောက်မှာ ချစ်ချစ်ခင်ခင် လက်တွဲမဖြုတ်နေကြပါစို့

Wednesday, April 21, 2010


ထက်လုံးတစ်ခွင်
တိမ်စင်ဖုံးလျက်
လှပဖြူစင်
အို..... ကောင်းကင်

ရာသီပန်းများ
လန်းဆန်းဝေဆာ
တင့်လှပေတာ
အို..... မြေလွာ

တိုင်တည်ကာထား
ငါ၏သစ္စာ
ကရင်ကမွေး
ကရင်သွေးမို့
ကရင်ဟန်ပန်
ကရင်မာန်နှင့်
စိတ်ထားဖြူစင်
ရိုးဂုဏ်ဆင်၍
အမျိုးကိုချစ်
မေတ္တာစစ်သည်
မြေသားကောင်းကင်
ပုံနှိုင်းတင်၍
တည်ကာမြဲသရွှေ့
ငါစွဲနေမည်


ငယ်ငယ်တုန်းက အရမ်းကြိုက်တဲ့ ကဗျာလေးတစ်ပိုဒ်ပါ။ ရေးတဲ့သူကို မမှတ်မိတော့ပေမယ့် ဆယ်နှစ်ကျော်ကာလအတွင်း ကျွန်တော့်ရဲ့ အကြိုက်ဆုံးကဗျာတွေထဲမှာ သူလဲပါတယ်။

ဖြေမဆည်နိုင်...

Posted by saw on Apr 23, 2010
Labels: poem -အင်ဖက်မိုးကာ တဲသာသာနှင့်၊
မိုးရွာသောအခါ မလုံပါလည်း၊
သူ့မှာဆင်းရဲ ၀မ်းမနည်…။

-ငါးပိရည်ဆမ်း ထမင်းကြမ်းနှင့်၊
လုပ်ငန်းပြန်လာ စားရပါလည်း၊
သူ့မှာဆင်းရဲ ၀မ်းမနည်း…။

-ခေတ်ပေါ်အထည် အသွယ်သွယ်ကို၊
ကိုယ်ဝယ်အလှ မဆင်ရလည်း၊
သူကဆင်းရဲ ၀မ်းမနည်း…။

-ခရီးကွာဝေး သွားမည့်ရေး၌၊
ကားသေးလှလှ မစီးရလည်း၊
သူကဆင်းရဲ ၀မ်းမနည်း…။

-အမျိုးဘာသာ သာသနာနှင့်၊
တစ်ဖြာစကား စာပေများတို့၊
ကြွားကြွားဝင့်ဝင့် ထွန်းတောက်တင့်ရေး၊
အစဉ်တွေးလျက် စိတ်လက်ကိုယ်ပါ၊
မသက်သာသည် ဖြေပါသော်လည်း
ဖြေနိုင်ခဲ…။

နန်းကိုကို(လှိုင်းဘွဲ)
၂၇၄၉-ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကရင့်ကြေးမုံမှ..။

KNLA နှင့် နအဖတို့ တနာရီကြာ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံး

/ 5/01/2010 10:12:00 PM /
စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေဂွင်၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် နအဖစစ်တပ်တို့ ကြား ယနေ့မနက် တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဘက်ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းရရှိသည်။




(ကေအဲန်ယူ တပ်ရင်း-၂၀၁ တပ်ဖွဲ့ဝင်များ)


ယနေ့မနက် ၆နာရီတွင် ဝေါ်လေဂွင်ရှိ ကနဲလေးနှင့် မော်ဖိုးကလိုးရွာကြား၌ တပ်အင်အား (၃၀)ခန့်ရှိ နအဖစစ်တပ်မှ ခမရ (၄၀၅)တပ်ရင်းနှင့် KNLA တပ်ရင်း(၂၀၁)တပ်ဖွဲ့တို့ ထိပ်တိုက်တိုးကာ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု KNLA တပ်ရင်း (၂၀၁) ဒုတပ်ရင်းမှူး ဗိုလ်မှူးစောကြည်အောင်က ပြောသည်။

သူက “ဒီမနက် ၆း၄၀ ကနေ ၇း၄၀အထိ ဖြစ်ခဲ့တယ်။ ကျနော်တို့ဘက်က အရာခံဗိုလ်တယောက် အသက်ပေးလိုက်ရတယ်။ နအဖဘက်က တယောက်သေတယ်။ ၅ယောက် ဒဏ်ရာပြင်းထန်တယ်”ဟု ပြောသည်။

လက်နက်ကြီးငယ်များဖြင့် အပြန်အလှန်ပစ်ခတ်သောကြောင့် အဆိုပါတိုက်ပွဲမှာ ယနေ့မနက်တွင် ဆူညံသွားကြောင်း ဝေါ်လေ ဂွင်ရှိ ဒီကေဘီအေ တပ်ရင်း(၉၀၇)မှ တပ်မှူးတဦးက ပြောသည်။

အဆိုပါတပ်ရင်းနှစ်ဖက်သည် ယမန်နေ့ မွန်းလွဲ ၂နာရီခန့်တွင် (၅)မိနစ်ခန့် တိုက်ပွဲ ထပ်မံဖြစ်ပွားရာ နအဖဘက်မှ (၃)ဦး ထိ ခိုက်ဒဏ်ရာရပြီး ကေအဲန်အယ်လ်အေဘက်က ထိခိုက်မှုမရှိကြောင်း သိရသည်။

မဲဆောက်မြို့တောင်ဘက် (၁၂၀)ကီလိုမီတာ အကွာအဝေးရှိ ကေအဲန်ယူ တပ်မဟာ (၆)နယ်မြေ

ဝေါ်လေဂွင်တွင် KNLA နှင့် နအဖတပ်ဖွဲ့ဝင်တို့ကြား ယခုနှစ်အတွင်း မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ ထိခိုက်သေဆုံးမှုများ ရှိသော်လည်း ကေအဲန်ယူဘက်မှ ယခု ထိခိုက်သေဆုံးမှုမှာ ပထမဆုံးဖြစ်သည်။

တဆက်တည်းတွင် နအဖစစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကိစ္စကို လက်မခံသည့် ဗိုလ်မှူးကြီး စောလား ပွယ် (ဗိုလ်နှုတ်ခမ်းမွှေး)ဦးဆောင်သော ဒီကေဘီအေ တပ်မဟာ(၅)မှ တပ်ရင်း (၉၀၇)တပ်ဖွဲ့ဝင်များသည် ထိုဒေသတွင် စစ် ရေးပြင်ဆင်မှုများလုပ်ဆောင်နေသည်ဟု နီးစပ်သူများက ပြောသည်။

ယင်းစစ်ရေးလှုပ်ရှားမှုများကြောင့် အကြီးအကျယ် ထိခိုက်မည်ကို စိုးရိမ်သဖြင့် ဒေသခံရွာသား ၃၀၀ကျော်မှာ ဧပြီလ ၂၇ရက် နေ့ညကတည်းက ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်း ထိုင်း-မြန်မာအခြေစိုက် လူသားချင်းစာနာ ထောက်ထားသည့် အကူညီပေးရေးအဖွဲ့များက ပြောသည်။

ဝေါ်လေဂွင်တွင် နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၈) လက်အောက်ခံ ခမရ(၄၀၅)တပ်ရင်း၊ ဒီကေဘီအေ တပ်မဟာ(၅) လက်အောက်ခံ (၉၀၇)တပ်ရင်းနှင့် ကေအဲန်အယ်လ်အေ (၂၀၁)တပ်ရင်းတို့ လှုပ်ရှားလျှက်ရှိသည်။

နအဖ ခမရ(၄၀၅)တပ်ရင်းသည် ပြီးခဲ့သည့် ဇန်န၀ါရီလကုန်မှစ၍ ယခင်တပ်ရင်း ခမရ(၄၀၉)နှင့် တပ်အပြောင်းအလဲလုပ်ကာ ၀င်ရောက်လှုပ်ရှားလာခဲ့ခြင်း ဖြစ်သည်။

လူမဆန်မှုသတင်း

/ 4/30/2010 09:46:00 PM /
April 2010,
သထုံခရိုင်။
- ဖားအံ့မြို့နယ်၊ ၂၀.၄.၂၀၁၀နေ့ တပ်ပေါစခန်းရှိ ခမရ(၇၀၃)နအဖတပ်သည် ဟတ်တ ရယ်ကျေးရွာအုပ်စု တွင်းရှိ ရွာများမှ တအိမ်လျှင် ဝါး၅ချောင်းနှင့် အင်ဖက်၅ခက်နှုန်းဖြင့် အောက်ပါရွာများကိုမပေးမနေရအတင်းအကျပ်တောင်းဆိုသည်။
(၁) ဟတ်တရယ် (၂) ကျူးစီး (၃) ဖျာဂေါ် (၄) တာသူးခီး (၅) ထီးကျူ (၆) ပို (၇) နိုလော် ပလော (၈) နိုအော်လာတို့ဖြစ်သည်။ ဒီ့အပြင် တပ်ပေါစခန်းသို့ ၂၅.၄.၂၀၁၀နေ့အ ရောက်ပို့ခိုင်းသည်။

- ဖားအံ့မြို့နယ်၊ DKBA မှ ဂူကျိုးနှင့် မိုဒဲဦးဆောင်တဲ့အဖွဲ့သည်ဘောတပြုကျေးရွာသူရွာသား များ၏ငွေများကိုအတင်းအကျပ်တောင်းဆိုခဲ့သည်။
တောင်ငူခရိုင်။
- ဒေါဖခိုမြို့နယ်။ ၁၈.၄.၂၀၁၀နေ့ စကခ(၇)လက်အောက်ခံ ခမရ(၄၂၃) စစ်ကြောင်း မှူး ဝေဖြိုး အောင်ဦးစီးတဲ့အဖွဲ့၏လိုက်လံမီးရှို့မှုကြောင့် ဂါဒဲကျေးရွာအုပ်စုနှင့် ကိုးဒေးကျေးရွာအုပ်စု ရှိရွာသူရွာသားများ၏ပစ္စည်းဥစ္စာလယ်ယာခြံမြေများမီးလောင်ခံရ။ ဒါ့အပြင်ယခုထက်တိုင် မီးမငြိမ်းသေးပါ။
- ၂၃.၄.၂၀၁၀နေ့ သအေးထာစခန်းရှိခမရ(၄၂၃)၏မီးရှို့မှုကြောင့် သအေးထာမှစ၍ကိုဒေး အထိ ဟတ်ထိုးပယ်၊ ဆောဝါဒဲအုပ်စုတွေပါမကျန် ရွာသားများ၏လယ်ယာစိုက်ပျိုးခင်းများ များစွာမီးလောင်ခံရ။
- ဒေါဖခိုမြို့နယ်။ ၂၄.၄.၂၀၁၀နေ့ စကခ(၇)လက်အောက်ခံ ခမရ(၄၂၃) စစ်ကြောင်း မှူးမျိုး ထွန်းဦးဆောင်တဲ့ နအဖတပ်သည် မော်ကိုးဒဲရွာသားများအား ဝါးကြီး ၂၀၀ချောင်း၊ ဝါးငယ် ၁၀၀ချောင်းနှင့် တယ်ဒိုကျေးရွာသားများအား ဝါးကြီး ၁၅၀ချောင်းနှင့် ဝါးငယ်၅၀ချောင်း၊ နော်သေးဒဲရွာအားဝါးကြီး၅၀ချောင်းတို့ကိုအတင်းအဓမ္မခုတ်ခိုင်းသည်။
- ၂၅.၄.၂၀၁၀နေ့ ဘုရားရွာရှိနအဖတပ်သည် တောကူးရွာသား၁ဦးအားအကြောင်းမဲ့က စယ်ဒိုဘက်သို့လျှောက်ခေါ်ဆောင်သွား။
- ထန်းတပင်မြို့နယ်။ ၂၇.၄.၂၀၁၀နေ့ ကစယ်ဒိုရှိနအဖတပ်သည် ရေရှာရွာအားအင်ဖက် ၄၀၀ခက်နှင့်လှည်းတစီး၊ ပြင်ကားရွာအားအင်ဖက်၄၀၀ခက်နှင့်လှည်းတစီး တို့ကိုကစယ် ဒိုစခန်းသို့အတင်းအဓမ္မပို့ဆောင်ခိုင်း။
ဒူးပလာယာခရိုင်။
- ၃.၄.၂၀၁၀နေ့။ လားတကောရဲစခန်းပြန်လည်ဆောက်ဖို့အတွက် ရဲစခန်းမှူးအောင် အောင်ဦး သည် ကော့ဖော၊နိုသလာ၂၀၀၀ခက်၊ ရော်ကဲ၊ဖားကျ၊တမို့ခူးသူတို့ကို ဝါး၊သစ် ၂၀၀၀ခုတ်ခိုင်းပြီး ဧပြီလကုန်အရောက်ပို့ခိုင်း။
- ၂၀.၄.၂၀၁၀နေ့စခန်းမှူးအောင်အောင်ဦးသည် ရွာသူကြီးများခေါ်တွေ့ပြီး ဧပြီလမကုန်ခင် သစ်၊ဝါးများကိုအတင်းအကျပ်ပို့ဆောင်ခိုင်း။

“I Want to Help My Own People” HRW Report Nargis after

“I Want to Help My Own People” HRW Report Nargis after

Information 29.4

Information 29.4