Saturday, March 19, 2011

နောက်ဆုံးရ သတင်းများနဲ့ သတိပြုရန်အချက်များ

နောက်ဆုံးရ သတင်းများနဲ့ သတိပြုရန်အချက်များ

နံပတ် ၃ ဓာတ်ပေါင်းဖိုကို ရေပက်ဖျန်းမှု

နံပတ် ၃ ဓာတ်ပေါင်းဖိုကို ရေပက်ဖျန်းမှုကို တိုကျိုမီးသတ်က ၇ နာရီကြာ လုပ်ခဲ့တယ်လို့သိရပါတယ်။ အခက်အခဲမရှိ လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖူကူရှီးမားအမှတ် ၁ ဓာတ်အားပေးစက်ရုံကနေ ကီလိုမီတာ ၂၀ ကနေ ၃၀ အတွင်းနေထိုင်ကြသူတွေ ရေဒီယို ဓာတ်သတ္တိကြွမှုကြောင့် ရောင်ခြည်သင့်ခံရမှုကနေ ရှောင်လွှဲနိုင်စေဖို့ ဆောင်ရန် နည်းလမ်း တွေကို ညူကလီယားနဲ့ စက်မှုလုပ်ငန်း ဘေးအန္တရာယ် ကာကွယ်ရေး အေဂျင်စီက ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

- အပြင်သွားတဲ့အခါ လမ်းလျှောက်သွားမျိုးထက် မော်တော်ကားနဲ့သွားတာမျိုးကိုလုပ်ပါ။
- အပြင်ထွက်လျှင် မျက်နှာဖုံးစွပ်ပြီးသွားပါ။
- ခန္ဓာကိုယ်ရဲ့အသားအရေကို ထိတွေ့ခြင်းမရှိစေရန် အင်္ကျီလက်ရှည်ဝတ်ပါ။
- မိုးရေမစိုပါစေနဲ့လို့

အဲန်အိပ်ခ်ျကေ ၁၅း၀၀ နာရီသတင်းမှာ ကြေညာသွားပါတယ်။

ဖူကူရှီးမား နျူကလီးယား လျှပ်စစ်ဓာတ်အားထုတ်စက်ရုံမှ နောက်ဆုံးရသတင်း

ဖူကူရှီးမား နျူကလီးယား လျှပ်စစ်ဓာတ်အားထုတ်စက်ရုံမှ နောက်ဆုံးရသတင်း

ဒီကနေ့ မတ်လ ၁၈ ရက်မှာ ဂျပန့်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ၊ မီးသတ်နဲ့ ရဲတပ်ဖွဲ့တွေက ဓာတ်ပေါင်းဖို နံပတ် ၃ နဲ့ ၄ တို့ကို ရေအမြောက်အမြား ပက်ဖျန်းမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် ရေဒီယို ဓာတ်သတ္တိကြွမှု ပမာဏကို တိုင်းတာကြည့်တဲ့အခါ သိသိသာသာ ကျဆင်းသွားတာမျိုး မရှိခဲ့ပေမဲ့ အနည်းငယ် ကျဆင်း သွားခဲ့တာကို တွေ့ရပါတယ်။ အရင်ရက်တွေက ဓာတ်ပေါင်းဖို အနီးပတ်ဝန်းကျင်ကို အနားတောင် မကပ်နိုင်တဲ့ အခြေအနေကနေ အင်အား ကောင်းတဲ့ မီးသတ်ပိုက်တွေ လက်လှမ်းမီတဲ့ နေရာအထိသွားပြီး ရေပက်ဖျန်းနိုင်ခဲ့တယ် ဆိုတာက ဓာတ်သတ္တိ ကြွမှုလျော့နည်းသွားလို့လား ဒါမှမဟုတ် ဓာတ်ရောင်ခြည် အသင့်ခံ ရနိုင်တာတောင် စွန့်စားပြီးသွားရောက် တာလားဆိုပြီး ၂ မျိုးတွေးလို့ရပါတယ်။

ဂျပန်အစိုးရကတော့ လူရဲ့ကျန်းမာရေးကို ချက်ချင်း လက်ငင်း ထိခိုက် ရလောက်တဲ့ အခြေအနေမျိုး မဟုတ်ဘူးလို့ ပြောပါတယ်။ ဂျပန် ဆရာဝန် တဦးကတော့ အနုမြူ ဓာတ်ရောင်ခြည် သင့်တယ်ဆိုတာ ရောဂါဝေဒနာကို ချက်ချင်း ဖြစ်စေတာမဟုတ် နှစ်နဲ့ချီကြာမှ ကင်ဆာလို ရောဂါမျိုးတွေနဲ့ ဖြစ်တတ်တာလို့ မှတ်ချက်ပေးတာ ရှိပါတယ်။

ဒီအတောအတွင်း ဂျပန်အစိုးရ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေကို စားကုန်သောက်ကုန်အားလုံးကို ဓာတ် ရောင်ခြည်သင့်မသင့်ဆိုတာကို စစ်ဆေးမှုလုပ်ကြရမယ်လို့ အမိန့်ထုတ်လိုက်ပါတယ်။ ဒီလိုမျိုးအမိန့်ထုတ် တယ်ဆိုတာဟာ ပထမဦးဆုံးအကြိမ်ပဲဖြစ်ပါတယ်။ ဒီလိုပဲ ဖူကူရှီးမားခရိုင်မှာ လူ တသောင်းလောက်ကို ရောင်ခြည်သင့်မသင့်ဆိုတာ စစ်ဆေးမှုတွေကို စတင်လုပ်နေပြီလို့ သိရပါတယ်။

ဒီကနေ့မှာ ဓာတ်ပေါင်းဖိုတွေကို မီးသတ်ကားတွေသုံးပြီးရေပက်ဖျန်းနိုင်ခဲ့တဲ့အတွက် ရေဒီယိုဓာတ်သတ္တိ ကြွမှုနဲ့ပတ်သက်ပြီး လူအများစိတ်ထဲမှာ အနည်းငယ်သက်သာရတဲ့ပုံရှိပါတယ်။ ဒါပေမဲ့လည်း တချို့သော ကွန်ဗီးနီးယင့်စ်စတိုးတွေမှာ စားစရာတွေထားတဲ့ စင်တွေ ပြောင်သလင်းခါဖြစ်နေတာတွေက တချို့လူတွေ ရဲ့စိတ်ထဲမှာ လာမယ့်ရက်တွေမှာ ဘာတွေဖြစ်မလဲဆိုတာ မှန်းဆလို့မရနိုင်ဘူးဆိုတဲ့ စိုးရိမ်စိတ်တွေရှိနေ တယ်ဆိုတာကိုလည်း တွက်ဆလို့ရပါတယ်။

ရုပ်မြင်သံကြားအစီအစဉ်တွေဟာလည်း တခြားသတင်းတွေနဲ့ အစီအစဉ်တွေကို အနည်းငယ် ပိုပြီး ထုတ်လွှင့်လာတာကိုတွေ့ရသလို၊ လမ်းသွားလမ်းလာတွေလည်း အရင်နေ့တွေကထက်စာရင်ပိုများပြား လာတာကို သတိထားမိပါတယ်။

ဂျပန်လူမျိုးတွေရဲ့ အသည်းစွဲ ဘေ့စ်ဘော ကစားပွဲတွေ မတ်လ ၂၅ ရက်မှာ ပြန်စဖို့အစီအစဉ်ကို လွန်ခဲ့တဲ့ ရက်တွေက ရွှေ့ဆိုင်းမယ်ဆိုပြီးပြောဆိုဆွေးနွေးခဲ့ပေမဲ့ ဒီကနေ့ညနေမှာ မူလ အစီအစဉ်အတိုင်း ပြန်စမယ် လို့ ပြောပါတယ်။ ကစားသမား တချို့ကတော့ ကန့်ကွက်မှုတွေ ရှိနေပါတယ်။

လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် တိုကျို ဆင်ခြေဖုံးနဲ့ ကန်တို ဧရိယာ လူနေရပ်ကွက်တွေမှာ လျှပ်စစ်မီး အလှည့်ကျ ဖြတ်တောက် တာတွေရှိပေမဲ့ တချို့နေရာတွေ မပြတ်ပဲရှိတာ၊ ရထား ပြေးဆွဲမှုတွေ တိုးတက် ကောင်းမွန် လာတာတွေက အခြေအနေတွေ နည်းနည်းချင်း အကောင်းဘက်ကို ပြလာတဲ့သဘော ဖြစ်ပါတယ်။

မတ်လ ၁၉ ရက် စနေနေ့ မနက် ၀ နာရီ ၃၀ မိနစ် (၁၈ရက် ညသန်းခေါင်ကျော်) အဲန်အိပ်ခ်ျကေ သတင်းမှာ တိုကျို မီးသတ်တပ်ဖွဲ့ဟာ နံပတ် ၃ ဓာတ်ပေါင်းဖိုကို ၀ နာရီ ၃၀ မိနစ်မှာ ရေပက်ဖျန်း တာတွေကို လုပ်မယ်လို့ ကြေညာသွားပါတယ်။

သတိပေးကြေငြာချက်

ဖူကူရှီးမားခရိုင်ထွက် နွားနို့၊ အီဘားရားကိခရိုင်ထွက် ဟိုးရင်းဆို Horenso (မုန်ညင်းစိမ်း အနုစားလို့ ပြောလို့ရပါတယ်) တို့ကိုစစ်ဆေးကြည့်တော့ စားသုံးရန်သင့်သောအရာမဟုတ်ဟု စစ်ဆေးတွေ့ရှိသော ကြောင့် ရောင်းချခြင်းမပြုရန် တားမြစ်ကြောင်း အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ(အစိုးရအဖွဲ့အတွင်းဝန်ချုပ်) ယုကိအို အဲဒါ့နိုက ၁၆း၁၀ နာရီ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာသွားသည်။

ဒါကြောင့် ၀ယ်ယူစားသုံးသူများ အနေဖြင့် ဘယ်နေရာက ထွက်သလဲဆိုတာကို သေသေချာချာ စစ်ဆေးပြီး မှ ၀ယ်ယူကြရန် သတိပေးပါတယ်။

- -မြန်မာနိုင်ငံအတွင်း၌ ငလျင်ကြီး လှုပ်နိုင်

- -မြန်မာနိုင်ငံအတွင်း၌ ငလျင်ကြီး လှုပ်နိုင်

အခုရက်ပိုင်းလေးအတွင်း မြန်မာသတင်းစာ တစ်စောင်၌ ပဲခူးမြို့နားတစ်ဝိုက် ငလျင်ကြီးလှုပ်နိုင်ကြောင်း ရေးသားဖေါ်ပြလာသဖြင့် ထိုကဲ့သို့ ရေးသားဖေါ်ပြချက်ကို ကြိုဆိုလိုက်ပါသည်။

မြန်မာနိုင်ငံ ငလျင်ကော်မတီ စတင်ဖွဲ့စည်းခဲ့စဉ် ကတည်းက ငလျင်အန္တရာယ် ကျရောက်နိုင်ကြောင်းကို အစိုးရအဖွဲ့သို့ အကြိမ်များစွာ တင်ပြခဲ့ဖူးသည်ဟု ကော်မတီအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ဘူးသူ ဥိးတင့်လွင်ဆွေက ပြောသည်။

အခါအားလျော်စွာ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ သတင်းဂျာနယ်များ၌ တွေ့ဆုံ ဖြေကြားခြင်းများကို ပညာရှင်များ၊ ကော်မတီ တာဝန်ရှိသူ၊ ပြောရေးဆိုခွင့် ရှိသူများက အခါအားလျော်စွာ ဆောင်ရွက် ပြောဆိုခဲ့ကြသည်။ ၂၀၀၈ နောက်ပိုင်းတွင် ပဲခူး အပါအဝင် နယ်မြို့များသို့လည်း လူထု ပညာပေး ဟောပြောမှုများ ဆောင်ရွက်ခဲ့ကြသည်။ သို့သော် အစိုးရပိုင်သတင်းစာက ဥိးစားပေး သတင်းဆောင်းပါး ရေးသားဖေါ်ပြခြင်းသည် သည်တစ်ချိန် ပထမဆုံး ဖြစ်သည်။

တကယ်တော့ ငလျင်လှုပ်နိုင်သည်မှာ ပဲခူးဒေသတစ်ခုတည်းတော့ မဟုတ်ပါ။

မြန်မာနိုင်ငံ ဒေသအတော် များများ၌ ဖြစ်နိုင်သည်။ လွန်ခဲ့သည့်လကပင် ဟုမ္မလင်းမြို့နား၌ အင်းအားကြီးငလျင်တစ်ခု လှုပ်သွားသဖြင့် လမ်းတံတားများ ပျက်စီးခဲ့သည်။ ယခု သတင်းစာက ဆိုခဲ့သည့် ပဲခူးနားက ငလျင်ကြီးဆိုသည်မှာ လွန်ခဲ့သည့် နှစ်များအတွင်း ပြည်တွင်း ဂျာနယ်များ၌ မကြာခန ဖေါ်ပြခဲ့ကြဘူးသည်။ ပမာဏ ၆ နှင့် ၇ အကြား ငလျင်ကြီးတစ်ခု အချိန်မရွေး လှုပ်နိုင်ကြောင်းကို ဥိးတင့်လွင်ဆွေက သူ၏ ဘလော့စာမျက်နှာ၌လည်း ရေးထားသည်။

http://tintlwinswe.blogspot.com/2009/10/blog-post.html

လွန်ခဲ့သည့် အပတ်က ဂျပန်နိုင်ငံ၌ ဖြစ်ခဲ့သည့် ငလျင်ကြီးနှင့် ဆူနာမီ၊ နောက်ဆက်တွဲ ညူစက်ရုံ ပေါက်ကွဲမှုများနှင့် ချိန်ကိုက် ဖေါ်ပြလိုက်သဖြင့် လူအများ သိရှိ စိတ်ဝင်စားနိုင်သည်။

ဂျပန်သည် ငလျင်ဘေး ကြိုတင်စီမံခန့်ခွဲမှုတွင် ရှေ့တန်းက ရှိသောနိုင်ငံဖြစ်ပြီး အစိုးရ၏ နိုင်ငံတော်ငွေမှ အကုန်ကျခံကာ သုတေသန များလုပ်ခြင်း၊ ဘေးအန္တရာယ် လျော့ကျရေး ဆောင်ရွက်ခြင်းများကို အထပ်အထပ် ဂရုပြုထားသော နိုင်ငံဖြစ်သည်။

ထိုသို့သောနိုင်ငံပင် တကယ်တန်း ငလျင်ကြီးကြုံသောအခါ မလွယ်ကူကြောင်းကို မျက်မြင်ပင် ထင်းရှားပေသည်။

မြန်မာနိုင်ငံ၌ အစိုးရထောက်ပံ့ပြီး ငလျင်ပညာရပ် ပြန့်ပွါးရေး၊ ငလျင်ဘေးလျော့ကျရေး အစီအမံများ ရှိခဲ့သည်ဟု မသိရချေ။ လူအများ သိသော မြန်မာနိုင်ငံ ငလျင်ကော်မတီဆိုသည်မှာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းအောက်မှ လုပ်ငန်းကော်မတီသာ ဖြစ်ပြီး အင်ဂျင်နီယာများ၊ ဘူမိဗေဒပညာရှင်များ၊ တက္ကသိုလ်များမှ ပါမောက္ခ၊ ကထိကများ၊ တစ်သီးပုဂ္ဂလ ပညာရှင်များနှင့် ဖွဲ့စည်း လှုပ်ရှားကြသော အဖွဲ့ဖြစ်သည်။

အသင်းထောက်ပံ့ငွေ၊ အလှူငွေများနှင့် သာ လုပ်ရသော အဖွဲ့ဖြစ်၍ ခရီးမတွင်ပါချေ။ အစိုးရအဖွဲ့က လုပ်ရမည့်အလုပ်များကို ထိုအဖွဲ့က မလုပ်နိုင်ပါ။ တက္ကသိုလ်အဆင့်၊ အခြေခံပညာအဆင့် သင်ရိုးများတွင် ငလျင်နှင့် ဘေးအန္တရာယ်အကြောင်းကို ထည့်သွင်းနိုင်ရန် ပညာရေး ဝန်ကြီးဌာနကို စည်းရုံးထားကြောင်း သိရသည်။

ငလျင်သတင်းများကို အစိုးရဌာနတစ်ခုဖြစ်သော မိုး/ဇလ က ထုတ်ပြန်သည်။သို့သော် မိုးဇလတွင် ခေတ်မီ ယန္တယား မရှိကြောင်းသိရသည်။

ငလျင်ဖြစ်ခဲ့လျှင် ငလျင်လှုပ်ရာ နေရာကိုတောင် ၂၁ ရာစုရောက်တဲ့အချိန်မှာ တိတိကျကျ မဖေါ်နိုင်ကြောင်း သိရသည်။ အနိမ့်ဆုံးအဆင့် ထို ယန္တယားတောင်မရှိသော မြန်မာပြည်အဖို့ မနက်ဖြန် သဘက်ခါ ရောက်မည့် ငလျင်ကြီးနှင့် အဖျက်စွမ်းအားကို ဘယ်လိုများ ရင်ဆိုင်ကြရပါ့။

( Geolfriends Myanmar ... ဖေ့ဘုတ်မှ ကူးယူပေးပို့ပါသည်။ )

နေပြည်တော်အတွင်းရေး - အစိုးရသစ်ဖွဲ့ ပြီးရင် ဗခမောင်အေးအနားယူဖို့ ရှိ - လက်ရှိ ဗခ မင်းအောင်လှိုင်နဲ့ ဗခ ကိုကို သို့ တာဝန်လွဲရန်ငြင်းဆန် - 18 March 2011


2011_Mar_18___Gen_Maung_Aye_will_retire_after_new_gov_formed_but_refusese_transfer_of_power_now_to_Gen_MyintAungHlaing_Gen_KoKo -

သမ္မာကျမ်းစာအုပ်ကိစ္စ မလေးအစိုးရ စွပ်စွဲခံရ

သူလည်းမြန်မာစစ်အစိုးရကိုအားကျနေတာပါ
စစ်အစိုးရကိုဘုရားမှတ်လို့ပါ

သမ္မာကျမ်းစာအုပ်ကိစ္စ မလေးအစိုးရ စွပ်စွဲခံရ

By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 17 မတ် 2011


မလေးရှားနိုင်ငံမှာ ခရစ်ယာန် သမ္မာကျမ်းစာ Bible စာအုပ်ပေါင်း ၅,၀၀၀ ကျော်ကို မဖြန့်ဝေမီ အစိုးရ အမှတ်အသားတွေလုပ်ပြီး အရုပ်ဆိုးအောင် လုပ်ခဲ့တယ်လို့ မလေးရှား ခရစ်ယာန် အဖွဲ့အစည်းတွေက စွပ်စွဲလိုက်ပါတယ်။

မလေးဘာသာနဲ့ ရေးသားထားတဲ့ ခရစ်ယာန် သမ္မာကျမ်းစာအုပ်တွေပေါ်မှာ ခရစ်ယာန်များ အတွက်သာ ဆိုတဲ့ စာတန်းတွေကို အစိုးရက တံဆိပ်တုံးတွေနဲ့ ရိုက်နှိပ်ထားခဲ့ပါတယ်။

ဒီသီတင်းပတ် အစောပိုင်းမှာ အစိုးရက ဒီ ခရစ်ယာန် သမ္မာကျမ်းစာအုပ်ပေါင်း ၃၅,၀၀၀ ကို ဖြန့်ဝေဖို့ သဘောတူခဲ့ပါတယ်။

၂၀၀၉ ခုနှစ်တုန်းကတော့ မလေးရှားနိုင်ငံ အစ္စလာမ် ဘာသာရေးမှာ အလ္လာအရှင်ကိုပဲ ဘုရားသခင် God ဆိုတဲ့ စကားလုံးနဲ့ ဖော်ပြခွင့် ပြုတာကြောင့် မလေးဘာသာနဲ့ ခရစ်ယာန် သမ္မာကျမ်းစာမှာ ဒီစကားလုံး ပါနေလို့ဆိုပြီး ခရစ်ယာန် သမ္မာကျမ်းစာတွေကို ပုံနှိပ်ပြီးမှ ဖြန့်ဝေခွင့်ကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

မလေးရှားတရားရုံး တရုံးကတော့ အစ္စလာမ်ဘာသာ မဟုတ်တဲ့ တခြားဘာသာတွေမှာလည်း ဘုရားသခင် God ဆိုတဲ့ စကားလုံး သုံးနိုင်တယ်လို့ အဆုံးအဖြတ် ပေးခဲ့ပေမဲ့ မွတ်ဆလင် ကြီးစိုးတဲ့ မလေးရှားနိုင်ငံ အစိုးရက ဒီတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးဖို့ အယူခံ ၀င်ခဲ့ပါတယ်။

အခုအခါ မလေးဘာသာနဲ့ ခရစ်ယာန် သမ္မာကျမ်းစာအုပ်တွေ ပြန်ပြီး ဖြန့်ဝေခွင့် ပြုခဲ့တာဟာ အစိုးရရဲ့ စိတ်ကောင်း စေတနာ ပြသခဲ့တာလို့ မလေးရှား အစိုးရ အရာရှိတွေက ပြောပါတယ်။ ဒါပေမဲ့ ဒီလို သမ္မာကျမ်းစာအုပ်တွေမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် အစိုးရက လုပ်တာဟာ ဘာသာရေးအရ တိုက်ခိုက်ခဲ့တာလို့ ဒီနေ့ မလေးရှား ခရစ်ယာန် အဖွဲ့အစည်းတွေက ပြောဆိုလိုက်ပါတယ်။

ပြောက်ကျားတိုက်ပွဲကြောင့် နအဖ အရာရှိများပါ ထိခိုက်

ပြောက်ကျားတိုက်ပွဲကြောင့် နအဖ အရာရှိများပါ ထိခိုက်

မတ်လ ၁၈ရက်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) တပ်မဟာ(၇)နယ်မြေရှိ ကလို့ယော်ထာ့တွင် ကေအဲန်အယ်အေ တပ်ဖွဲ့ဝင်များက နအဖတပ်ဖွဲ့ကို မတ်လ ၁၅ရက်နေ့က ပြောက်ကျားတိုက်ခိုက်ရာ နအဖဘက်မှ တပ်ရင်းမှူး အပါအ၀င် ၃ဦး ထိခိုက်သွားခဲ့ သည်ဟု ကေအဲန်အယ်လ်အေဘက်က ပြောသည်။

ထိုနေ့မနက် ၅း၃၀နာရီတွင် စစ်ကွပ်ကဲရေးဌာနချုပ် စကခ(၁၂) လက်အောက်ခံ ခမရ(၅၄၆)တပ်ကို ကရင်အမျိုးသားလွတ် မြောက်တပ်ဖွဲ့(ကေအဲန်အယ်လ်အေ) တပ်မဟာ(၇)လက်အောက်ခံတပ်ရင်းများ ပြောက်ကျားတိုက်ခိုက်မှုကြောင့် တပ်ရင်းမှူး နှင့် တပ်ကြပ် ၂ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက အတည်ပြု ပြောဆိုသည်။

သူက “မနက် ၅နာရီခွဲလောက်မှာ ပစ်ခတ်မှုဖြစ်တာ ခဏလေးပါပဲ။ နအဖဘက်က တက်လာတော့ ကျနော်တို့ဘက် တပ်ရင်း (၁၉)နဲ့ တပ်ရင်း(၂၁)က ရဲဘော်တွေနဲ့ ပစ်ခတ်မှုဖြစ်တယ်လေ။ အဲဒီမှာ ကျနော်တို့ သိရသလောက်က ခမရ(၅၄၆) တပ်ရင်းမှူး နဲ့ တပ်ကြပ်နှစ်ယောက် ထိခိုက်တယ်။ အဲဒီထဲမှာ တပ်ကြပ်တယောက်က ဒဏ်ရာပြင်းတယ်လို့ သိရတယ်။”ဟု ဆိုသည်။

ထိုနေ့မတိုင်ခင် မတ်လ ၁၄ရက် မွန်းလွဲ ၁နာရီခန့်ကလည်း ကော့ကရိတ်မြို့အထွက် ကြောင်လျှာကုန်းနှင့် အနီးတ၀ိုက်တွင် ဒီကေဘီအေမှ နအဖ၊ ဗိုလ်မှူးမုတ်သုန်၏ နယ်ခြားစောင့်တပ်များနှင့် တိုက်ပွဲဖြစ်ပွားရာတွင် နအဖ၊ နယ်ခြားစောင့်တပ်ဘက်မှ ထိခိုက်ကျဆုံးမှု အနည်းငယ်ရှိသည်ဟု သိရသော်လည်း အတိအကျကိုမူ မသိရှိရပေ။

SSPP/SSA နမ့်လောဝ်းတပ်စခန်း တိုက်ပွဲကြောင့် ဘုန်းကြီး ငါးပါး ပျံလွန်

SSPP/SSA နမ့်လောဝ်းတပ်စခန်း တိုက်ပွဲကြောင့် ဘုန်းကြီး ငါးပါး ပျံလွန်
Written by သျှမ်းသံတော်ဆင့်
Friday, 18 March 2011 03:30

ရှမ်းပြည်မှာလဲ တိုက်ပွဲပြင်းနေတယ်။

လစ်ဗျားကိုလေကြောင်းစစ်ဆင်ရန်လုံခြုံရေးကောင်စီဆုံးဖြတ်

လစ်ဗျားကိုလေကြောင်းစစ်ဆင်ရန်လုံခြုံရေးကောင်စီဆုံးဖြတ်
Friday, 18 March 2011 02:45


[ပြင်သစ်လေတပ်မှတိုက်လေယာဉ်]

ပြင်သစ်လေတပ်မှတိုက်လေယာဉ်






လစ်ဗျားနိုင်ငံပေါ် လယာဉ်မပျံသန်းရေးဇုန်သသတ်မှတ်ရန် နှင့် ကဒါဖီတပ်အား လေကြောင်းမှတိုက်ခိုက်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှဆုံးဖြတ်လိုက်

်သဖြင့်ပြင်သစ် နှင့် အင်္ဂလန်လေတပ်များဟာ စစ်ဆင်ရေးတွက် ပြင်ဆင်မှု့များစတင်နေပါပြီ။ ကဒါဖီတပ်များ ဘန်ဂါဇီ မြို့နှင့်နီးကပ်လာသဖြင့် အချိန်သည်

အရေကြီးကြောင်း၊ မိမိတို့လေတပ်သည် နာရီပိုင်းအတွင်း စစ်ဆင်ရေး စတင်ဆောင်ရွက်နိုင်ကြောင်း ပြင်သစ်ဝန်ကြီးချုပ် ဖရန်စစ်ဖီလဲန် (François Fillon)

ကပြောကြားခဲ့ပါတယ်။ သို့သော်လည်း အမေရိကန် က သတိကြီးစွာဖြင့် စစ်ဆင်ရေးကို နာရီပိုင်းစမည့်အစား ရက်ပိုင်းအတွင်းစရန် ပြောကြားခဲ့ပါတယ်။



၎င်းစစ်ဆင်ရေးတွင်ပါဝင်ရန်အာရပနိုင်ငံအတော်များများက ကတိပေးခဲ့ပါတယ်။ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သောကုလသမဂ္ဂလုံခြုံရေးကောင်စီသည်

လစ်ဗျားကိုဝင်ရောက်သိမ်းပိုက်ခြင်းထက် တိုက်ခိုက်ခံနေရသော ပြည်သူ များကို ၀င်ရောက်ကာကွယ်ရန်နှင့် လိုအပ်သော ကာကွယ်ရေးအစီစဉ်များ

ချမှတ်နိုင်ရန် ဆုံးဖြတ်ခဲ့ပါသည်။ အဖွဲ့ဝင် ၁၀ နိုင်ငံမှ ထောက်ခံမဲပေးခဲ့ပြီး တရုတ်၊ ရုရှား၊ ဂျာမဏီအပါအ၀င် ၅ နိုင်ငံက မဲမပေးဘဲနေခဲ့ပါသည်။



လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ချပြီး ဘန်ဂါဇီ မြို့သားများပျော်ရွှင်နေပုံကို အယ်ဂျာဇီးရား ရုပ်မြင်သံကြားမှ ပြသ ခဲ့ပြီး ကဒါဖီကမူ

၎င်းဆုံးဖြတ်ချက်သည် ကိုလိုနီနယ်ချဲ့ရန်ပြောင်ပြောင်တင်းတင်း ဆုံးဖြတ်လိုက်ခြင်း ဟု ဝေဖန် ခဲ့ပါသည်။
Last Updated ( Friday, 18 March 2011 02:58 )

ဂျပန်နျူကလီးယား အခြေအနေ အလွန်စိုးရိမ်နေရဆဲ

By မခင်ဖြူထွေး
သောကြာ, 18 မတ် 2011

လူပေါင်း ခြောက်ထောင်ငါးရာကျော် သေဆုံးခဲ့ရတဲ့အထိ ဂျပန်နိုင်ငံ အရှေ့ပိုင်းဒေသမှာ အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့တဲ့ ငလျင်နဲ့ဆူနာမီရေလှိုင်းဒဏ်သင့်ခဲ့တာ အခုဆိုရင် သီတင်းပတ်တပတ် ပြည့်သွားခဲ့ပါပြီ။ ဖူကူရှီးမားအမှတ် (၁) နျူကလီးယားစက်ရုံ ထိခိုက်ပျက်စီးခဲ့တဲ့ကိစ္စအပေါ် လူတိုင်းက အဓိက အာရုံထားနေကြချိန်မှာ ဂျပန်အစိုးရဟာလည်း နောက်ထပ် ဘာတွေဖြစ်လာနိုင်သေးသလဲ ဆိုတဲ့အပေါ် သတိထားစောင့်ကြည့်မှုတွေ စတင် လုပ်ဆောင်နေပါတယ်။ လက်ရှိအခြေအနေဟာ တကယ့်ကိုစိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် နာအိုးတိုးခန်ကလည်း ပြောပါတယ်။ ဂျပန်နိုင်ငံအခြေအနေနဲ့ပတ်သက်လို့ တိုကျိုမြို့ကနေ Martyn Wiliams က သတင်းပေးပို့ထားပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က အပြင်းအထန်လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ ဆူနာမီရေလှိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ နျူကလီးယားစက်ရုံတွင်းမှာရှိတဲ့ ဓါတ်ပေါင်းဖိုတွေက လောင်စာချောင်းတွေ အေးအောင်လုပ်ဖို့ ဂျပန်နိုင်ငံက အကြီးအကျယ် ကြိုးပမ်းနေရပါတယ်။ ဖူကူရှီးမား အမှတ် (၁) နျူကလီးယားစက်ရုံက အခြေအနေနဲ့ ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်ကို သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ ၀န်ကြီးချုပ် နာအိုတိုးခန်က အခုလို ဖြေကြားသွားခဲ့ပါတယ်။

“အရမ်းကိုစိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတုန်းပါ၊ ထိခိုက်ပျက်စီးခဲ့တဲ့ စက်ရုံထဲမှာ လူတွေ အသက်စွန့်ပြီး အလုပ်လုပ်နေကြရတယ်၊ ဒါပေမဲ့ မကြာခင်မှာတော့ အခြေအနေတွေ ပြန်လည်ကောင်းမွန်လာလိမ့်မယ် ဆိုတာကို သူယုံကြည်တယ်လို့” - ၀န်ကြီးချုပ် နာအိုတိုးခန်က ဂျပန်ဘာသာစကားနဲ့ပြောသွားတာပါ။

ဂျပန်နိုင်ငံကို ပျက်စီးဆုံးရှုံးမှုတွေကနေ တဖန် ပြန်လည်ထူထောင်သွားဖို့ အားလုံးအတူတကွ ၀ိုင်းဝန်း လုပ်ဆောင်သွားကြရလိမ့်မယ်လို့လည်း ၀န်ကြီးချုပ်က သောကြာနေ့မှာ ပြည်သူတွေကို မိန့်ခွန်းပြောသွားခဲ့ပါတယ်။

တချိန်တည်းမှာပဲ စစ်တပ်နဲ့ အရပ်သားမီးသတ်အဖွဲ့တွေက ရေတန် ၅၀ အထိလွှတ်နိုင်တဲ့ အင်အားပြင်း မီးသတ်ပိုက်တွေနဲ့ စက်ရုံအဆောက်အဦးကို ရေဖျန်းပက်နေကြပေမဲ့ ရေဒီယိုသတ္တကြွဓါတ်တွေရဲ့ အန္တရာယ်ကြောင့် အဝေးကနေသာ ရေဖျန်းနိုင်သလို အဆောက်အဦးအနီးနေနိုင်တဲ့ သူတို့ရဲ့ အချိန်ကို ကန့်သတ်ထားရပါတယ်။

တချိန်တည်းမှာလည်း နျူကလီးယား ဓါတ်ရောင်ခြည်တွေရဲ့ဒဏ်ကို ကြိုတင်ကာကွယ်ဖို့ဆိုပြီး ဂျပန်အရှေ့မြောက်ပိုင်းမှာ ပိုတက်ဆီယံအိုင်အိုဒိုက် (Potassium Iodide) ဆေးပြားတွေ တချို့ အသုံးပြုနေတာနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။ ကိုယ်ပိုင်နည်းနဲ့ ဆေးကုသမှုယူတာမျိုးဟာ မမှန်ကန်သလို ပိုတက်ဆီယံအိုင်အိုဒိုက် ဟာလည်း ရေဒီယိုသတ္တိကြွဓါတ်တွေကို ဖြေဖျောက်နိုင်စွမ်းမရှိဘူးလို့ WHO က သတိပေးပြောဆိုခဲ့ပါတယ်။

ငလျင်နဲ့ဆူနာမီဒဏ်သင့်ခဲ့တဲ့ ဂျပန်အရှေ့မြောက်ပိုင်းဒေသက အသက်ရှင်ကျန်ရစ်သူတွေဟာ မနေ့ သောကြာနေ့ နေ့လည် ၂ နာရီ ၄၆ မိနစ်အချိန်မှာ ကပ်ဘေးကြီးကျရောက်ခဲ့တဲ့ တပတ်ပြည့်အထိန်းအမှတ် ခေါင်းငုံ့ ငြိမ်သက်ခဲ့ကြပြီး ကယ်ဆယ်ရေးလုပ်သားတွေကလည်း သူတို့ရဲ့အလုပ်တွေကို တမိနစ်တာ ရပ်ပြီး ငြိမ်သက်ခဲ့ကြပါတယ်။

ဂျပန်နိုင်ငံမှာ ငလျင်နဲ့ဆူနာမီကပ်ဘေးဒဏ်နှစ်ရပ် အကြီးအကျယ်ခံခဲ့ရတဲ့ တပတ်ပြည့်ချိန်မှာ သေဆုံးမှုနှုန်းဟာလည်း ၁၉၉၅ ခုနှစ်က Kobe မြို့မှာလှုတ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့်သေဆုံးခဲ့သူ အရေအတွက်ထက်တောင် ကျော်လွန်သွားခဲ့ပြီဖြစ်သလို သေဆုံးသူ ၉ ထောင်ကျော်အထိ တိုးလာနိုင်ဖွယ်ရှိနေပါတယ်။

Source Photo from http://www.bbcburmese.com/images

အခုကပ်ဘေးကြီးက လူပေါင်း ၃၈၀,၀၀၀ လောက် အိုးအိမ်မဲ့ဖြစ်စေခဲ့တာပါ။ သူတို့ဟာ ယာယီ တည်းခိုနေရာပေါင်း ၂,၀၀၀ ကျော်မှာ လတ်တလော နေထိုင်နေကြရတာဖြစ်ပါတယ်။ ဒီလူတွေကို တခြားဒေသတခုကို ရွှေ့ပြောင်းကောင်းရွှေ့ပြောင်းရလိမ့်မယ်လို့ ငလျင်နဲ့ဆူနာမီဒဏ် အဆိုးရွားဆုံးသင့်ခဲ့တဲ့ မီယာကျိ ခရိုင်က အုပ်ချုပ်ရေးမှူး ယိုရှီဟီရို မုရအိ (Yoshihiro Murai) ကပြောပါတယ်။

“ကျနော့်ရဲ့ ခရိုင်ထဲမှာတင် အိုးအိမ်မဲ့နေသူ ၂ သိန်း ၂ သောင်းရှိပါတယ်။ ဒေသခံအစိုးရအနေနဲ့ သူတို့အတွက် ယာယီအမိုးအကာတွေကို နောက်ထပ်အချိန်ကြာကြာ ထောက်ပံ့ပေးနိုင်တော့မှာမဟုတ်ပါဘူး။ ဒါကြောင့် သူတို့ကို နေရာကနေရွှေ့ပြောင်းဖို့ ကျနော် ပြောရပါလိမ့်မယ်၊ ဒါမှလည်း သူတို့အတွက် ပိုပြီးကောင်းမွန်တဲ့ နေထိုင်စားသောက်မှုဘ၀တွေ ရကြမှာပါ။” - လို့ မစ္စတာ မုရအိ က ဂျပန်ဘာသာစကားနဲ့ ပြောသွားတာပါ။

သဘာဝကပ်ဘေးဆိုက်ခဲ့တဲ့ဒေသက လူတွေကို ပြောင်းရွှေ့နေရာချထားတာတွေလုပ်ဖို့ စဉ်းစားနေတဲ့ အကြောင်း ဂျပန်အစိုးရကလည်း ပြောပါတယ်။ ကပ်ဘေးသင့်ဒေသကို အကူအညီအထောက်အပံ့တွေ တိုးရောက်လာနေပေမဲ့ လမ်းပန်းဆက်သွယ်မှုတွေ အကြီးအကျယ်ပျက်စီးခဲ့တာကြောင့် အထောက်အကူပစ္စည်းတွေ ဖြန့်ဝေဖို့ ခက်ခဲနေပါတယ်။ အစားအစာ၊ ရေနဲ့ လောင်စာပျက်လပ်မှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေ ရှိနေသလို အိုးအိမ်မဲ့သူတွေအတွက် ဘ၀ရပ်တည်မှု ခက်ခဲနေဆဲဖြစ်ပါတယ်။ ယာယီအမိုးအကာတွေနဲ့နေရတဲ့ပြည်သူတွေ အအေးဒဏ်ခံနေရပြီး အစားအစာ အလုံအလောက်မရရှိတဲ့အပေါ်မှာ သူ နားလည်ပေမဲ့ အစိုးရဘက်ကလည်း တတ်နိုင်တာမှန်သမျှ လုပ်ပေးနေတာဖြစ်တယ်လို့ ၀န်ကြီးချုပ် နာအိုတိုးခန်ကလည်း ပြောပါတယ်။ သူတို့အားလုံးအတွက် မကြာခင်မှာ လုံခြုံတဲ့ဘ၀တွေ ပြန်လည်ရရှိဖို့ မျှော်လင့်တယ်လို့လည်း ၀န်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။






Officials examine one of bodies of victims

Officials examine one of the bodies of victims of the March 11 earthquake and tsunami contained in tens of caskets placed inside a gymnasium in Rifucho, Miyagi Prefecture, Japan, Friday, March 18, 2011. (AP Photo/Kyodo News) JAPAN OUT, MANDATORY CREDIT, NO LICENSING IN CHINA, HONG KONG, JAPAN, SOUTH KOREA AND FRANCE« Read less

မီးသတ်ကားတွေသုံးပြီးရေပက်ဖျန်းနိုင်ခဲ့တဲ့အတွက် ရေဒီယိုဓာတ်သတ္တိ ကြွမှုနဲ့ပတ်သက်ပြီး လူအများစိတ်ထဲမှာ အနည်းငယ်သက်သာ

မီးသတ်ကားတွေသုံးပြီးရေပက်ဖျန်းနိုင်ခဲ့တဲ့အတွက် ရေဒီယိုဓာတ်သတ္တိ ကြွမှုနဲ့ပတ်သက်ပြီး လူအများစိတ်ထဲမှာ အနည်းငယ်သက်သာ
မတ်လ ၁၉ ရက် ၂၀၁၁ ခုနှစ်
ဒီကနေ့ မတ်လ ၁၈ ရက်မှာ ဂျပန့်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေ၊ မီးသတ်နဲ့ ရဲတပ်ဖွဲ့တွေက ဓာတ်ပေါင်းဖို နံပတ် ၃ နဲ့ ၄ တို့ကို ရေအမြောက်အမြားပက်ဖျန်းမှုတွေလုပ်ခဲ့ပြီးတဲ့နောက် ရေဒီယို ဓာတ်သတ္တိကြွမှုပမာဏကိုတိုင်းတာကြည့်တဲ့အခါ သိသိသာသာကျဆင်းသွားတာမျိုးမရှိခဲ့ပေမဲ့ အနည်းငယ် ကျဆင်းသွားခဲ့တာကို တွေ့ရပါတယ်။ အရင်ရက်တွေက ဓာတ်ပေါင်းဖိုအနီးပတ်ဝန်းကျင်ကို အနားတောင် မကပ်နိုင်တဲ့အခြေအနေကနေ အင်အား ကောင်းတဲ့မီးသတ်ပိုက်တွေလက်လှမ်းမီတဲ့နေရာအထိသွားပြီး ရေပက်ဖျန်းနိုင်ခဲ့တယ်ဆိုတာက ဓာတ်သတ္တိ ကြွမှုလျော့နည်းသွားလို့လား ဒါမှမဟုတ် ဓာတ်ရောင်ခြည် အသင့်ခံရနိုင်တာတောင် စွန့်စားပြီးသွားရောက် တာလားဆိုပြီး ၂ မျိုးတွေးလို့ရပါတယ်။
ဂျပန်အစိုးရကတော့ လူရဲ့ကျန်းမာရေးကို ချက်ချင်းလက်ငင်းထိခိုက်ရလောက်တဲ့အခြေအနေမျိုးမဟုတ်ဘူး လို့ ပြောပါတယ်။ ဂျပန်ဆရာဝန်တဦးကတော့ အနုမြူဓာတ်ရောင်ခြည်သင့်တယ်ဆိုတာ ရောဂါဝေဒနာကို ချက်ချင်းဖြစ်စေတာမဟုတ် နှစ်နဲ့ချီကြာမှကင်ဆာလိုရောဂါမျိုးတွေနဲ့ဖြစ်တတ်တာလို့ မှတ်ချက်ပေးတာ ရှိပါတယ်။
ဒီအတောအတွင်း ဂျပန်အစိုးရ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေကို စားကုန်သောက်ကုန်အားလုံးကို ဓာတ် ရောင်ခြည်သင့်မသင့်ဆိုတာကို စစ်ဆေးမှုလုပ်ကြရမယ်လို့ အမိန့်ထုတ်လိုက်ပါတယ်။ ဒီလိုမျိုးအမိန့်ထုတ် တယ်ဆိုတာဟာ ပထမဦးဆုံးအကြိမ်ပဲဖြစ်ပါတယ်။ ဒီလိုပဲ ဖူကူရှီးမားခရိုင်မှာ လူ တသောင်းလောက်ကို ရောင်ခြည်သင့်မသင့်ဆိုတာ စစ်ဆေးမှုတွေကို စတင်လုပ်နေပြီလို့ သိရပါတယ်။
ဒီကနေ့မှာ ဓာတ်ပေါင်းဖိုတွေကို မီးသတ်ကားတွေသုံးပြီးရေပက်ဖျန်းနိုင်ခဲ့တဲ့အတွက် ရေဒီယိုဓာတ်သတ္တိ ကြွမှုနဲ့ပတ်သက်ပြီး လူအများစိတ်ထဲမှာ အနည်းငယ်သက်သာရတဲ့ပုံရှိပါတယ်။ ဒါပေမဲ့လည်း တချို့သော ကွန်ဗီးနီးယင့်စ်စတိုးတွေမှာ စားစရာတွေထားတဲ့ စင်တွေ ပြောင်သလင်းခါဖြစ်နေတာတွေက တချို့လူတွေ ရဲ့စိတ်ထဲမှာ လာမယ့်ရက်တွေမှာ ဘာတွေဖြစ်မလဲဆိုတာ မှန်းဆလို့မရနိုင်ဘူးဆိုတဲ့ စိုးရိမ်စိတ်တွေရှိနေ တယ်ဆိုတာကိုလည်း တွက်ဆလို့ရပါတယ်။
ရုပ်မြင်သံကြားအစီအစဉ်တွေဟာလည်း တခြားသတင်းတွေနဲ့ အစီအစဉ်တွေကို အနည်းငယ် ပိုပြီး ထုတ်လွှင့်လာတာကိုတွေ့ရသလို၊ လမ်းသွားလမ်းလာတွေလည်း အရင်နေ့တွေကထက်စာရင်ပိုများပြား လာတာကို သတိထားမိပါတယ်။
ဂျပန်လူမျိုးတွေရဲ့အသည်းစွဲ ဘေ့စ်ဘော ကစားပွဲတွေ မတ်လ ၂၅ ရက်မှာ ပြန်စဖို့အစီအစဉ်ကို လွန်ခဲ့တဲ့ ရက်တွေက ရွှေ့ဆိုင်းမယ်ဆိုပြီးပြောဆိုဆွေးနွေးခဲ့ပေမဲ့ ဒီကနေ့ညနေမှာ မူလအစီအစဉ်အတိုင်းပြန်စမယ် လို့ ပြောပါတယ်။ ကစားသမားတချို့ကတော့ ကန့်ကွက်မှုတွေရှိနေပါတယ်။
လျှပ်စစ်ဓာတ်အားမလုံလောက်မှုကြောင့် တိုကျိုဆင်ခြေဖုံးနဲ့ ကန်တို ဧရိယာလူနေရပ်ကွက်တွေမှာ လျှပ်စစ်မီးအလှည့်ကျဖြတ်တောက်တာတွေရှိပေမဲ့ တချို့နေရာတွေ မပြတ်ပဲရှိတာ၊ ရထားပြေးဆွဲမှုတွေ တိုးတက်ကောင်းမွန်လာတာတွေက အခြေအနေတွေ နည်းနည်းချင်းအကောင်းဘက်ကို ပြလာတဲ့သဘော ဖြစ်ပါတယ်။
မတ်လ ၁၉ ရက် စနေနေ့ မနက် ၀ နာရီ ၃၀ မိနစ် (၁၈ရက်ညသန်းခေါင်ကျော်)အဲန်အိပ်ခ်ျကေ သတင်းမှာ တိုကျိုမီးသတ်တပ်ဖွဲ့ဟာ နံပတ် ၃ ဓာတ်ပေါင်းဖိုကို ၀ နာရီ ၃၀ မိနစ်မှာ ရေပက်ဖျန်းတာတွေကို လုပ်မယ်လို့ ကြေညာသွားပါတယ်။

Displaced Karen Refugees in Jungle

ဗမာစစ်တပ်မှ ကရင်ရွာသားနှစ်ဦးကို ပစ်သတ်

ဗမာစစ်တပ်မှ ကရင်ရွာသားနှစ်ဦးကို ပစ်သတ်

ဗမာစစ်တပ် ခလရ ၂၅၀ စကခ ၇ ဗိုလ်မှူး လှထွန်းဦးစီး အဖွဲ့ သည် ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင် ရွာသား စောအူးနေမြ (၄၄နှစ်) အား ဖေဖေါ်ဝါရီလ ၂ရက်နေ့ ၂၀၁၁ တွင် ပစ်သတ် ၍ ခလယ်လာ(ဘောဂလိကြီး) ရွာသား စောလယ်မော(၂၂)နှစ်အား ဗမာစစ်တပ် စကခ ၉ မှ ဖေဖေါ်ဝါရီလ ၂၂ ၂၀၁၁ ရက်နေ့ တွင်ပစ်သတ်ကြောင်း FBR သတင်းမှ ဖေါ်ပြထားပါသည်။

ပစ်သတ်ခံရသော စောအူးနေမြပုံ - ဓါတ်ပုံ FBR



FBR REPORT - 3- 3- 2011 -

နအဖတပ်မှ ကရင်ရွာသားတစ်ဦးကို ပစ်သတ်

နအဖတပ်မှ ကရင်ရွာသားတစ်ဦးကို ပစ်သတ်

မတ်လ ၁၇ရက်။ နန်းထူးစံ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် လက်ရှိ လှုပ်ရှားနေသည့် နအဖ ခြေမြန်တပ်မ ဌာနချုပ်- တမခ (၁၁)လက်အောက်ခံ တပ် ရင်းမှ ကျွဲအရောင်းအ၀ယ်လုပ်နေသည့် ရွာသားများကို သွားရောက်ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် ခေးထာ့ရွာသားတစ်ဦး ပွဲ ချင်းပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံတဦးက ကေအိုင်စီကို ပြောသည်။

သေဆုံးသွားခဲ့သည့် အသက် ၃၉နှစ်အရွယ် ဖားမော့လောသည် ခေးထာ့ရွာမှနေ၍ ကျိုးခိုဒဲရှိ ကျွဲများကိုဝယ်ယူရန် ကျွဲပိုင်ရှင် နှင့် ဆွေးနွေးပြောဆိုနေစဉ် တမခ(၁၁)လက်အောက်ခံ ခမရ(၂၁၄)မှ ဗိုလ်ပြုံးမောင်မောင် ဦးစီးသောအဖွဲ့က တမင်သွားရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းဒေသခံက ပြောသည်။

သူက “စစ်တပ်က ရွာသားတွေ ကျွဲအရောင်းအ၀ယ်လုပ်တာကို ကြိုသိထားလို့ဖြစ်မယ်။ လာပြီးပစ်တာ။ ကျွဲရောင်းတဲ့လူတွေ ထွက်ပြေးလွတ်မြောက်ပေမဲ့ ဖားမော့လောက ထိသွားတယ်။ အဲဒီမှာပဲ သေဆုံးသွားတယ်။ သူ့မှာပါလာတဲ့ ထိုင်းဘတ်ငွေ သုံး သောင်းကိုလည်း စစ်တပ်က အကုန်ယူလိုက်တယ်။”ဟု ပြောသည်။

ယင်းသို့ ဖားမော့လော သေဆုံးသွားသည့်အတွက် ၎င်းအား မှီခိုနေရသူ ဇနီးသည်နှင့် သားသမီး ၃ဦးတို့သည် ယခုအချိန်တွင် စိတ်သောကရောက်နေရကြောင်း သိရသည်။

လက်ရှိ ဖာပွန်ဒေသရှိ နအဖတပ်များသည် တပ်ရိက္ခာ ပို့ဆောင်နေဆဲဖြစ်ပြီး ရိက္ခာပို့ဆောင်ရေးအတွက် ဗိုလ်ပြုံးမောင်မောင် နှင့်အဖွဲ့သည် ခေါပူနှင့် ဆာ့ညာ့ကျေးနယ်အကြားတွင် လုံခြုံရေးတာဝန်ယူကာ လှုပ်ရှားနေကြောင်း ဖာပွန်ခရိုင်အတွင်းရှိ KNU တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ်ဒို့က ပြောသည်။

ဖာပွန်ဒေသတွင် နအဖ တပ်များမှ ပစ်သတ်၊ သတ်ဖြတ်မှုကြောင့် ၂၀၁၀ခုနှစ်အတွင်းတွင် ရွာသူရွာသား ၅ဦး သေဆုံးခဲ့ပြီး ယခု ၂၀၁၁ခုနှစ်တွင် ဖားမော့လောသည် ပထမဦးဆုံး ပစ်သတ်ခံရသည့် ရွာသားတဦးဖြစ်သည်ဟု သိရသည်။

အဆက်အသွယ် မခက်သော တိုကျို

အဆက်အသွယ် မခက်သော တိုကျို
သတင်းစာစောင် တခုမှာ ဖတ်ရတာ အဆက်အသွယ် အခက်အခဲ ရှိတယ် လို့ ရေးထားတာတွေ့ လို့  ဒီစာရေးတာပါ ။တိုကျိုမှာတော့ လမ်းဘေးဖုန်း ကနေ မြန်ပြည်ကို ဖရီးတောင် ခေါ်လို့ ရနေတာ ကြာပြီပဲ။
ဒါကို အဆက်အသွယ် မရဘူးဆိုတာ တစ်ခုခု လိုနေတာဖြစ်လိမ့်မယ်။

ငလျင်လှုပ်တဲ့ နေ့ က မိုလ်ဗိုင်းတွေ ဖုန်းခေါ်မရတာ ဟုတ်ပါတယ် အင်တာနက် ပျက်မသွားပြတ်မသွားပါဘူး။
အင်တာနက် ဖုန်းသုံးလို့ ရတာကို အများသိအောင်လို့ ဧရာဝတီမှာ ကော့မက်စ် တင်ပါသေးတယ် ဧရာဝတီ က ဖျက်ပြီးမတင်ပေးတော့ မတတ်နိုင်ဘူး

အညတရ စာရေးနေသူဆိုတော့ ဘယ်လိုမှ မကူညီနိုင်တာ စိတ်မကောင်းပါဘူး။

သောကြာနေ့  ည မှာပဲ အင်တာနက်ဖုန်းကို ပိုက်ဆံသွင်းပြီးချက်ချင်းသုံး ပြီးမှ ပြောတာပါ။
Posted by ငဝန်နဒီ

Friday, March 18, 2011









Live TV : Ustream

ヘリが3号機に水を投下 隊員は防護服で














စာမေးပွဲအပြီး မြ၀တီရှိ အစိုးရဌာနများကို ၀င်တိုက်မည့်သတင်းကြောင့် မြို့ခံများ ထိတ်လန့်နေ

စာမေးပွဲအပြီး မြ၀တီရှိ အစိုးရဌာနများကို ၀င်တိုက်မည့်သတင်းကြောင့် မြို့ခံများ ထိတ်လန့်နေ
/ 3/17/2011 10:21:00 PM /
စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ် နယ်စပ်မြို့ဖြစ်သည့် မြ၀တီမြို့ရှိ စစ်အစိုးရဌာနဆိုင်ရာ ရုံးများကို တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မတော်(DKBA)တပ်ဖွဲ့က ဆယ်တန်းစာမေးပွဲအပြီး ၀င်တိုက်မည်ဟု သတင်းထွက်ပေါ်သောကြောင့် အထိတ်တ လန့် ဖြစ်နေကြရကြောင်း မြ၀တီမြို့ခံများက ပြောဆိုနေကြသည်။

ယနေ့သည် ဆယ်တန်းစားမေးပွဲနောက်ဆုံးရက်ဖြစ်သဖြင့် မနက်ပိုင်းကတည်းက မြို့လယ်ခေါင်ရှိ ဘုရင့်နောင်လမ်းမတစ် လျှောက်ရှိ စတိုးဆိုင်ကြီးများ၊ အထည်ဆိုင်နှင့် ရွှေဆိုင်အတော်များများမှာ ပိတ်ထားကြောင်း အမည်မဖော်လိုသူ မြို့ခံအ အမျိုးသမီးတစ်ဦးက ကေအိုင်စီကို ပြောသည်။

သူမက “ဒီနေ့လည် ၁၂နာရီမှာ စာမေးပွဲက ပြီးပြီလေ။ ဒါကြောင့် ဒီမနက် မြို့ကလူတွေက အပြင်ထွက်တာ သိပ်မတွေ့ရ သလို ဘုရင့်နောင်လမ်းမပေါ်က ကိုယ်ပိုင်အိမ်ဆိုင်တွေဖြစ်တဲ့ စတိုးလ်ဆိုင်၊ ကုန်စုံဆိုင်၊ အထည်ဆိုင်နဲ့ ရွှေဆိုင်တွေ ပိတ် ထားတယ်။ ရဲတွေကတော့ ဟိုး မနေ့က ပိတ်ခိုင်းထားတာ။ နောက် ဒီနေ့ ချစ်ကြည်ရေးတံတားထိပ်က Taxi ဆိုင်ကယ်နဲ့ ဆိုက်ကားအကြုံအပို့တွေလည်း တစီးမှမရှိဘူး။ တိုက်ပွဲဖြစ်မှာကို လူတွေ တော်တော်ထိတ်လန့်နေကြတယ်။”ဟု ပြော သည်။
ဒီကေဘီအေအနေဖြင့် မြ၀တီမြို့ကို တိုက်ခိုက်ရန်နှင့် စစ်အစိုးရရုံးများကို မီးရှို့ရန် ပြီးခဲ့သည့်အပတ်က မြ၀တီအာဏာပိုင် များထံ စာပို့ခဲ့သည့်အတွက် မြို့ခံလူထုအား အပြင်မထွက်ရန် အာဏာပိုင်များက သက်ဆိုင်ရာ ပညာရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေး၊ စည်ပင်၊ ပို့ဆက်(ကား၊ ဆိုင်ကယ် လိုင်စင်ရုံး)၊ အခွန်ဦးစီး၊ ငွေစာရင်း၊ သမ၀ါယမ၊ စီမံကိန်းနှင့် မွေးမြူ ရေး စသည့်ဌာန၀န်ထမ်းများကို ယမန်နေ့က သောင်ရင်းခမ်းမတွင် အစည်းအဝေးခေါ်ယူကာ အသိပေးထားခဲ့သည်။

ဒီကေဘီအေအနေဖြင့် ၎င်းစာကို ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက မြ၀တီအာဏာပိုင်များထံ ပေးပို့ထားခြင်းဖြစ် ကြောင်း DKBA တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး)က အတည်ပြု ပြောဆိုသည်။

ဗိုလ်မှူးချုပ်စောလားပွယ်က “ကျနော်တို့ အခုလို သူတို့(နအဖ)ရဲ့ ဌာနဆိုင်ရာရုံးကို တရားဝင်စာပို့ထားတဲ့အတွက် ဘာမှ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ သူတို့တွေ ကျနော်တို့ရဲ့ နေရာအတော်များများကို လာဖျက်ဆီးပြီးပြီ။ ဒါကြောင့် ကျနော်တို့ဘက်က လုပ်သင့်တာကို ပြန်လည်တုံ့ပြန်သွားဖို့ အခြေအနေကို ကြည့်ပြီးလုပ်သွားမယ်။”ဟု ပြောသည်။

ယနေ့ ဆယ်တန်းစာမေးပွဲ ဖြေဆိုအပြီး မွန်းလွဲ ၃နာရီခန့်တွင် မြ၀တီမြို့ဘက်၌ လက်နက်ကြီးပေါက်ကွဲသံ ကြားရကြောင်း မြ၀တီမြို့ခံတဦးက “ဒီနေ့ ၃နာရီလောက်မှာ လက်နက်ကြီးအသံ သုံးလေးချက်လောက် ကြားရတယ်။ မြို့ထဲမှာတော့ မဟုတ်ဘူး။ အသံက မင်းလက်ပံရွာဘက်ကလို့ ထင်တာပဲ။”ဟု ပြောဆိုသည်။

မင်းလက်ပံ၊ ဖလူး၊ ဝေါ်လေကျေးရွာများသည် မြ၀တီမြို့၏ တောင်ဘက်ခြမ်းတွင်ရှိပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် ကာ နအဖ စစ်အစိုးရကို ပြန်လည်တိုက်ခိုက်နေသည့် ဒီကေဘီအေအဖွဲ့ ယခင်အခြေစိုက်ရာဖြစ်သော်လည်း ယခုအချိန် တွင် စစ်အစိုးရတပ်များက ၀င်ရောက်နေရာယူထားသဖြင့် ဒီကေဘီအေမှ စစ်အစိုးရဌာနဆိုင်ရာရုံးများကို တိုက်ခိုက်ရန် ယခုလို တရားဝင်စာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

မြ၀တီ ကို လက်နက်ကြီး ကျ

မြ၀တီ ကို လက်နက်ကြီး ကျ
/ 3/17/2011 07:51:00 PM
FreedomNewsGroup မှ.......

မြ၀တီမြို့ တွင်ယနေ့ မနက်ပိုင်းမှာပစ်ခတ်သံများကြားရပြီးလက်နက်ကြီးပေါက်ကွဲမှုသံများလည်းဆူညံနေသည်ဟုမြ၀တီမြို့ ခံတစ်ဦးကFreedom News Group သို့ ပြောသည်။
ယနေ့မတ်လ၁၇ရက်နေ့ နေ့လည် ၂နာရီခွဲအချိန်ခန့်တွင်မြဝတီမြို့ပြင်တံတားကျိုးဘက်လက်နက်ကြီးသွများကြားရပြီး၊လက်နက်ကြီး၎လုံးခန့်ပေါက်ကွဲသံကြားရကြောင်းမြဝတီမြိုခံကပြောသည်။ဗိုလ်မှုးချုပ်စောလားပွယ်ဦးဆောင်သောDKBAတပ်များသည်နအဖ၏ရွေးကောက်ပွဲ နှင့်နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခြင်းကိုလက်မခံဘဲ ပြီးခဲသည့်နိုဝင်င်္ဘာလကတည်းကတိုက်ခိုက်လာခဲ့သည်။

ကရင်ပြည်နယ်အတွင်းတွင်တိုက်ပွဲများ ဖြစ်ပွားစဉ်ကာလအတွင်းနအဖစစ်တပ်မှာပြောက်ကျားစစ်ဆင်ရေးများကြောင့်အထိခိုက်အကျဆုံးများပြားခဲ့ရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ဖြေဆိုပြီးချိန်တွင်DKBA နှင့်KNUတို့မှနအဖစစ်တပ်ကိုပြောက်ကျားစစ်ဆင်ရေးများအရှိန်တိုးမြင့် တိုက်ခိုက်မည်ဟု သတင်းများကြားနေရကြောင်းကို မြ၀တီ-ကော့ကရိတ် ဆိုင်ကယ်ပြေးဆွဲနေသူယာဉ်မောင်းတဦးက FNG ကိုပြောပြခဲ့ပါသည်။

မတ်လ၁၆ရက်နေ့ညကတည်းက မြဝတီမြို့တွင်နေထိုင်သူများသည်အချို့မှာတိုက်ပွဲများဖြစ်ပွားလာပါကဘေးကင်းရာထွက်ပြေးနိုင်ရန်အထုပ်အပိုးများအဆင့်သင့်ပြင်ထားကြပြီး၊အချို့မှာမိမိတို့နေထိုင်ရာအိမ်ဝင်းအတွင်းတွင်ကတုတ်ကျင်းများတူးထားကြကြောင်းသိရ သည်။ ယနေ့တွင်မြဝတီဈေးနှင့် ရပ်ကွက်အတွင်းဈေးဆိုင်များပိတ်ထားကြကြောင်းသတင်းရရှိပါသည်။
မြ၀တီမြို့ ထဲတွင်စစ်တပ်အင်အားမြောက်များစွာချထားပြီး ဒေသခံများသည်ပေါ်တာနှင့်ချောအဆွဲခံရမည်ကိုထိတ်လန့် နေကြသည်။
မြ၀တီ မြို့ သည် မြန်မာ နိုင်ငံနယ်စပ်ဒေသ၏ အဓိကျသောကုန်သွယ်ရေး မြို့ ဖြစ်သည်

Burma Today- 110316 Bty Bur Russia-Why Burmese Regime try to hide two fallen Air force Officer’s news?

Burma Today- 110316 Bty Bur Russia-Why Burmese Regime try to hide two fallen Air force Officer’s news?
Burma Today- 110316 Bty Bur Russia

UN-UNCT Myanmar-Burma Press Release Mar 15 2011

UNCT Myanmar Press Release Mar 15 2011

Thursday, March 17, 2011

ဥရောပကော်မရှင်မင်းကြီး ဒုက္ခသည်စခန်းလေ့လာEU aid commissioner visits refugee camp

ဥရောပကော်မရှင်မင်းကြီး ဒုက္ခသည်စခန်းလေ့လာ
2011-03-15

ဥရောပသမဂ္ဂရဲ့ လူသားချင်းစာနာမှု ကူညီပေးရေးဆိုင်ရာ မဟာမင်းကြီး ခရစ်တာလီနာ ဂေါ်ဂျီဗာဟာ ထိုင်းမြန်မာနယ်စပ်က မယ်လဒုက္ခသည် စခန်းအပါအ၀င် မြန်မာနိုင်ငံက ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံ မေးမြန်းပြီး မတ်လ ၁၄ ရက်နေ့မှာတော့ ဗန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။







(KNU) ဗဟိုအလုပ်အမှုဆောင် ပဒိုစောအားတိုး၏အမေရိကန်နိုင်ငံခရီးစဉ်

(KNU) ဗဟိုအလုပ်အမှုဆောင် ပဒိုစောအားတိုး၏အမေရိကန်နိုင်ငံခရီးစဉ်


မတ်လ ၅ရက်နေ့မှ ၁၄ရက်နေ့အထိ အမေရိကန်နိုင်ငံခရီးစဉ်
သွားရောက်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင် ပဒိုစောအားတိုးက ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ (NCGUB) ခေါင်းဆောင်အချို့နှင့်အတူ ခေါင်းဆောင်အမေရိကန်နိုင်ငံ အထက်လွှတ်တော်၊ အောက်လွှတ်တော်အမတ်အချို့နှင့် တွေ့ဆုံပြီး ကရင်ပြည်သူ ၈သောင်းကျော်မှ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ ပေးပို့သည့် မေတ္တာရပ်ခံစာကို ပေးအပ်ခဲ့သည်။
Mar 17, 2011ဗဟိုအလုပ်အမှုဆောင် ပဒိုစောအားတိုး၏အမေရိကန်နိုင်ငံခရီးစဉ်





ထို့အပြင် ဖို့ဝိန်းမြို့ရှိ ကရင်လူမှုအသိုင်းအ၀ိုင်း၊ မြန်မာ့အရေး လှုပ်ရှားသည့် ဒီမိုကရေစီ အင်အားစုအဖွဲ့ဝင်အချို့နှင့် တွေ့ဆုံပြီး လက်ရှိ ကရင်ပြည်နယ်အခြေအနေနှင့် KNU မူဝါဒနှင့် ရပ်တည်ချက်များကိုလည်း ဆွေးနွေးတင်ပြခဲ့သည်။

Interview with Sao Yawd Serk

SSPP/SSA ၏ သတင်းပေးပို့ ချက် အမှတ်(၁)(၂)


Letter_from_SSPP-SSA -

အဖြေမှန်များ

ကိုးဒီသွေးဘလော့မှကူးယူးတင်ဆက်တာပါ၊ မသိသူများသိရှိအောင်တင်တာပါ
အဖြေမှန်များ


တစ်ချို့က မြန်မာပြည်မူလတန်းအဆင့်သာသာလောက်သာရှိတဲ့ မေးခွန်းတွေကို
ဘလော့ပေါ်တင်ပြီး မေးရကောင်းလားဆိုပြီး ဝေဖန်လာတာတွေလည်း ရှိပါတယ်။
ဘာပဲဖြစ်ဖြစ် ကိုးဒီသွေး ပရိတ်သတ်တွေ အပျင်းပြေဖို့နဲ့ ပျော်ရွှင်ဖို့အတွက်သာ
ရည်ရွယ်ပြီး မေးတာပဲဖြစ်တဲ့အတွက်ကြောင့် နောင်တရစရာအကြောင်းလည်း
မရှိပါဘူး။
မေးလ်မှတစ်ဆင့် အဖြေမှန်ကို တကယ်တမ်းကြည့်ကြည့်တော့ (၈)ပုဒ်အများဆုံး
လောက်ပဲ မှန်တာကို တွေ့ရပါတယ်။
အများဆုံးမှားတာက တိုးတက်သော ကရင်ဗုဒ္ဒဘာသာ-ဒီကေဘီအေ ဗိုလ်မှူးချုပ်
စောလားပွယ်ကို ဗုဒ္ဒဘာသာဝင်လို့ အလွယ်တကူ ဖြေဆိုကြတာပဲဖြစ်တယ်။

အဖြေမှန်ကို ဆက်ကြည့်ကြရအောင်။
အဖြေမှန် - အ၀ါရောင်



၁။ ကိုးဒီသွေးဘလော့ပေါ်ရှိ welcome to Kaw Thoo Lei ဆိုင်းဘုတ်သည်
KNU နယ်မြေ .............တွင် တည်ရှိသည်။
(က) တပ်မဟာ (၂) (ခ) တပ်မဟာ (၃) (ဂ) တပ်မဟာ(၄) (ဃ) တပ်မဟာ (၅)
(င) တပ်မဟာ(၆)။

၂။ ဗိုလ်ချစ်သူ၏ လက်မောင်းပေါ်ရှိ ရေးထိုးထားသော စာတန်းမှာ................. ဖြစ်သည်။
(က) နေ၀င်းသေမှ အိမ်ပြန်မည်။ (ခ) စစ်အာဏာရှင် ကျဆုံးရမည်။
(ဂ) အချစ်မရှိမ၀င်ရ (ဃ)သေရင်မြေကြီး ရှင်ရင်ရွှေထီး
(င) အချစ်အတွက်နဲ့ အသေခံမည်။

၃။ ရုရှလေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသော နအဖစစ်ဗိုလ်နှစ်ယောက်မှာ...............
ဖြစ်သည်
(က) ဗိုလ်မှူးဇော်ထွန်းအောင်နှင့် ဒုဗိုလ်မှူးကြီး ထိန်လင်းအောင်
(ခ)ဗိုလ်မှူးထိန်လင့်း် ဒုဗိုလ်မှူးကြီး အောင်နှငဇ်ာထွန်းအောင်
(ဂ) ဗိုလ်ကြီး ဇော်ထွန်းအောင်နှင့် ဗိုလ်မှူးကြီး ထိန်လင်းအောင်
(ဃ) ဗိုလ်ကြီးထိန်လင်းအောင်နှင့် ဗိုလ်မှူးကြီး ဇော်ထွန်းအောင်
(င) ဗိုလ်မှူးကြီး ဇော်ထွန်းအောင်နှင့် ဗိုလ်မှူးကြီး ထိန်လင်းအောင်

၎။ ဗမာပြည်ရှိ ပြည်တွင်းတိုက်ခိုက်မှုများ ရပ်ဆိုင်းရေးအတွက် ကူညီဖြေရှင်းပေးရန်
ကရင်ပြည်သူလူထု ................ ဦးက လက်မှတ် ရေးထိုးကာ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမွန်းထံ မေတ္တာရပ်ခံခဲ့သည်။
(က) ၄၈၀၀၀ (ခ)၈၄၀၀၀ (ဂ) ၄၈၀၀ (ဃ) ၈၄၀၀ (င) ၈၀၄၀၀

၅။ အသတ်ခံရသော လက်ဝှေ့ကျော်စောမင်္ဂလာသည် ............... ကလပ်မှဖြစ်သည်။
(က) အလင်းရောင် (ခ) တောင်ကလေး (ဂ) မျိုးဆက်သစ် (ဃ) KLN (င) ဘိလပ်မြေစက်ရုံ။

၆။ UNHCR မှ ကြီးမှူးကျင်းပသော 2011-ခုနှစ်၊ ပထမဦးဆုံးအကြိမ် Hartford Academy ၏
ကွန်ပြူတာစာမေးပွဲကို MKO ကျောင်းသူ/သားများအနေဖြင့် Basic ICT Skills ဘာသာရပ်ကို(၁၂)ယောက်ဖြေဆိုရာမှာဘာသာစုံဂုဏ်ထူး .............. ယောက်ရရှိခဲ့သည်။
(က) (၁၂)ယောက်စလုံး (ခ) (၁၁)ယောက် (ဂ) (၁၀)ယောက် (ဃ) (၉)ယောက်
(င) (၈)ယောက်

၇။ ဒီကေဘီအေ ဗိုလ်မှူးချုပ်စောလားပွယ်သည် .............. ဘာသာဝင်ဖြစ်သည်။
(က) ခရစ်ယာန် (ခ)ဗုဒ္ဒဘာသာ (ဂ) မေတ္တာဗြမ္မစိုရ် (ဃ) နတ်စား (င) ပန်းကိုးကွယ်

၈။ ကရင့်အာဇာနည်ခေါင်းဆောင်ကြီး စောဘဦးကြီးသည် ........... ရွာတွင် ကျဆုံးခဲ့သည်။
(က) ဖလူး (ခ) မြပတိုင် (ဂ) နဘူး (ဃ)ထို့ကော်ကူး (င) ကျုံဒုံးချောင်းဖျား

၉။ နယ်ခြားစောင့်တပ်ဖွဲ့ရန် သဘောတူခဲ့သော ဒီကေဘီအေ(၉၉၉)အထူးဗျူဟာ
လက်အောက်ခံ တပ်ရင်း(၅)မှ ဗိုလ်မှူးစောဖိုးကိသည် ............... နေ့တွင် KNU ထံ
ပြန်လည်ပူးပေါင်းခဲ့သည်။
(က) ဇန်န၀ါရီ(၁၇)၊ ၂၀၁၁ (ခ) ဖေဖေါ်ဝါရီ(၁၇)၊ ၂၀၁၁ (ဂ) ဇန်န၀ါရီ (၁၈)၊၂၀၁၁
(ဃ) ဖေဖေါ်ဝါရီ (၁၈)၊၂၀၁၁ (င) ဖေဖေါ်ဝါရီ(၁၉)၊၂၀၁၁

၁၀။ လာမည့်နှစ် ၂၇၅၁-ခုနှစ်၊ ကရင်နှစ်သစ်ကူးသည် .......... နေ့တွင် ကျရောက်သည်။
(က) ဒီဇင်ဘာ(၂၅)ရက်၊ ၂၀၁၁၊ (ခ) ဇန်န၀ါရီ (၂၅)ရက် ၂၀၁၂၊ (ဂ) ဒီဇင်ဘာ(၃၀)၂၀၁၁၊
(ဃ) ဇန်န၀ါရီ(၃၀) ၂၀၁၂ (င) ဇန်န၀ါရီ(၅)ရက် ၂၀၁၂

သတင်းစုစည်းမှုများ

သတင်းစုစည်းမှုများ

Daily News on March 16, 2011
Daily News on March 16, 2011

ဖေဖေါ်ဝါရီလထုတ် ကရင့်သတင်းစဉ်စာစောင်

Wednesday, March 16, 2011
ဖေဖေါ်ဝါရီလထုတ် ကရင့်သတင်းစဉ်စာစောင်
Karen Newsletter February-2011

Rivers for Life Not for Death – 14 March 2011

Rivers for Life Not for Death – 14 March 2011

မတ်လ ၁၄ ရက်နေ့ တုန်းက ရေကန်တာ တည်ဆောက်မည့်နေရာ၌ ရေကန်တာ တည်ဆောက်မည့်အစီအစဉ်များကို ရပ်တန်းကရပ်ရန် ဒေသခံ ကရင်ရွာသားများ ဆန္ဒထုတ်ဖေါ်ကန့် ကွက်နေတဲ့ မြင်ကွင်း ဗီဒီယိုမှတ်တမ်းလေးပါ။

ပေးပို့ လာသူ Doo Plout Soe အားအထူးကျေးဇူးတင်ပါသည်။

Japan Emperor speaks to quake-devastated nation (1:54)

Japan Emperor speaks to quake-devastated nation (1:54)

Mar 16 - Japanese Emperor Akihito made an unprecedented televised address to his disaster-stricken nation, saying he was what he called ''deeply worried'' by the crisis at a damaged nuclear plant in northern Japan. Jon Decker reports.

Snow falls as hope fades in Japan (1:16) Mar 16 - Rescuers brave the elements to comb through the rubble of fallen cities searching for survivors bu


Snow falls as hope fades in Japan (1:16)

Mar 16 - Rescuers brave the elements to comb through the rubble of fallen cities searching for survivors but finding few. Travis Brecher reports.

တိုက်ပွဲသတင်း (မတ်လ ၁၄ ရက် ၂၀၁၁ ခုနှစ်)

တိုက်ပွဲသတင်း (မတ်လ ၁၄ ရက် ၂၀၁၁ ခုနှစ်)

ဆုံဆည်းရာ၊ မတ်လ ၁၄ ရက် ၂၀၁၁ ခုနှစ်

သတင်း
ည (၈ နာရီ ၅ မိနစ်) နအဖ စကခ ၂ ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၃ ရင်း ဗျူဟာမှူးတဦး ဦးဆောင်တဲ့ အင်အား ၂၀၀ ကျော် ရှိသည့် နအဖ တပ်များနှင့် သျှမ်းပြည် တပ်မတော် (မြောက်ပိုင်း) တပ်မဟာ (၁) တပ်ရင်းတို့ ယနေ့မနက် ၆ နာရီခွဲတွင်မူ မိုင်းအော့တ်အုပ်စု အရှေ့မြောက်ဘက် ၁၅ မိုင်အကွာမာ့ဟယ်ရွာ နှင့် ဟိုနမ့်ရွာအကြား မိနစ် ၃၀ ကြာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ နှစ်ဘက်စလုံးသေကြေ ဒဏ်ရာရမှု ရှိခဲ့ကြောင်း သိရပါတယ်။

ည (၈ နာရီ) ယမန်နေ့က သျှမ်းပြည်တပ်မတော် SSPP/SSA တပ်များနှင့် နအဖ စကခ ၂ လက်အောက်ခံ တပ်ရင်း ခလရ ၂၉၁ တပ်တို့ မိုင်းရှူးမြို့အဝင် မိုင်းအောတ်အုပ်စု နောင်ဟျိုးဘုန်းကြီးကျောင်းအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နအဖ တပ်သား ၁ ဦးသေ ၂ ဦး ဒဏ်ရာရရှိကာ သေနတ်တလက် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။

ည (၇ နာရီ ၄၉ မိနစ်) နအဖ ဘက်မှ ရှမ်းပြည်ဘက်တွင် တပ်အင်အားတိုးချဲ့ချထားလိုက်ကြောင်း သိရပါတယ်။ တိုးချဲ့ချထားတဲ့ နအဖ တပ်များကတော့ လားရှိုးအရှေ့ဘက် မိုင် ၃၀ ခန့်အကွာ (သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ) မိုင်းယော်အုပ်စု၊ မိုင်းကျက်အုပ်စုမှ တောင်ဖက် ဂွင် တန့်ယန်းမြောက်ဘက် လွယ်မော်နမ့်မူဆယ် ပါဖန် အုပ်စုအထိ နအဖ တပ်ရင်း ၅ ရင်း၊ နမ့်မူဆယ်၊ ပါဖန် အုပ်စုမှ (မိုင်းရှူးမြို့နယ်) တာ့ဝန်းနောင်း သံလွင်ကူးတို့ဆိပ်အထိ တပ်ရင်း ၄ ရင်း၊ သံလွင်မြစ် အရှေ့ခြမ်းမော်ဖှမှ မိုင်းလားထိန်း ချုပ်နယ်မြေ မိုင်းယောင်း၊ မိုင်း ယုအထိ တပ်ရင်း ၇ ရင်း ထပ်မံချထားမည် ဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၅)ရက် စနေနေ့ မနက်ပိုင်းက An-148 အမျိုးအစား လေယာဉ် ပျက်ကျရာမှာ သေဆုံးသွားတဲ့ ရုရှားနိုင်ငံသာလေယာဉ်အမှုထမ်းများရဲ့ ဈာပနအခမ်းအနား (သတင်း



Thursday, March 17, 2011
ပြီးခဲ့တဲ့ မတ်လ(၅)ရက် စနေနေ့ မနက်ပိုင်းက An-148 အမျိုးအစား လေယာဉ် ပျက်ကျရာမှာ သေဆုံးသွားတဲ့ ရုရှားနိုင်ငံသား လေယာဉ်အမှုထမ်းများရဲ့ ဈာပနအခမ်းအနား (သတင်း၊ ရုပ်သံ)

ပြီးခဲ့တဲ့ မတ်လ(၅)ရက်နေ့က ပျက်ကျခဲ့တဲ့ ရုရှားလေယာဉ်မှုး လေးဦးအား ဤသို့ နိုင်ငံတော် ဈာပန အခမ်းအနားနဲ့ မြို့လူထု ထောင်ပေါင်းများစွာမှ တက်ရောက် လွမ်းသူ ပန်းခွေချ အလေးပြုခဲ့ကြပါတယ်..။
မြန်မာစစ်အာဏာရှင် အာဘော် သတင်းစာတွေမှာတော့ စစ်တပ်အတွက် တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားတဲ့ လေတပ်အရာရှိတွေပင် ဖြစ်လင့်ကစား... အဆိုပါ အဖြစ်ဆိုးအား သာမာန် အဖြစ်အပျက်ပုံစံ ဖော်ပြထားခြင်းဟာ အာဏာရှင်တွေရဲ့ လိုရင်လိုသလို မလိုရင်မလိုသလို အသုံးချတတ်တယ်ဆိုတာကို ဖော်ပြနေတာပါပဲ....။
ပျက်ကျခဲ့တဲ့ An-148မလေယာဉ်မှ လေယာဉ် အစိတ်အပိုင်း တစ်ခု
BBC Russia သတင်းပါ ရုရှားဘာသာဖြင့် ထုတ်ပြန်တဲ့ ဈာပနအခမ်းအနားနဲ့ လေယာဉ်ပျက်ကျသတင်း (ရုပ်သံ)
ရုပ်သံသတင်း ဒေါင်းလုပ် လုပ်ချင်ရင်

http://www.mediafire.com/file/fu9kc4h8577fkqf/Two%20Myanmar%20Air%20Force%20Pilots%20Dead%20In%20Russia2.flv
ပြီးခဲ့တဲ့ မတ်လ(၅)ရက် စနေနေ့ မနက်ပိုင်းက မော်စကိုမြို့ရဲ့ တောင်ဘက် မိုင် ၃၅၀အကွာ Belgorodဒေသမှာ ပျက်ကျခဲ့တဲ့ ရုရှားနိုင်ငံလုပ် An-148အမျိုးအစား လေယာဉ်ပျက်ကျရာမှာ မြန်မာလူမျိုး လေယာဉ်မှုး နှစ်ဦးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး ထိန်လင်းအောင် လေ-၂၂၅၂ တေဇ-၂၂ အသက် (၃၇) နှစ်နဲ့ ဗိုလ်မှူး ဇော်ထွန်းအောင် လေ-၂၂၅၇ တေဇ-၂၂ အသက် (၃၇)နှစ် တို့အပါအဝင် ရုရှားလူမျိုး Test Pilot တစ်ဦး၊ Navigator တစ်ဦးနဲ့ လေယာဉ် အင်ဂျင်နီယာ ၂ဦးပေါင်းခြောက်ဦး သေဆုံးခဲ့ရပါတယ်..။

အဆိုပါ လေယာဉ်ပျက်ကျရာမှာ သေဆုံးသွားတဲ့ ရုရှားနိုင်ငံသား လေးဦးရဲ့ ဈာပနအခမ်းအနားအား မတ်လ(၉)ရက်နေ့က ပြုလုပ်ခဲ့ရာ လေယာဉ်ကုမ္ပဏီမှ အုပ်ချုပ်သူများ အပါအဝင် မြို့ခံ လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပါတယ်...။ အဆိုပါ An-148အမျိုးအစား လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးသွားသူ တစ်ဦးချင်းစီရဲ့ ကျန်ရစ်သူ မိသားစုများအတွက် အဆိုပါ လေယာဉ်ကုမ္ပဏီမှ ရုရှားရူဘယ် ၁သန်းနဲ့ညီမျှတဲ့ အမေရိကန်ဒေါ်လာ (၃သောင်း၅ထောင်စီ) အား ပေးအပ်သွားမှာ ဖြစ်ကြောင်း ဖော်ပြပါရှိပြီး... သေဆုံးသွားသူ မြန်မာလေတပ်မှ လေယာဉ်မှုး(၂)ဦးအား မြန်မာပြည်သို့ ပြန်လည် သယ်ဆောင်သွားခြင်း ရှိမရှိကိုတော့ သတင်းတွေမှာ ဖော်ပြထားခြင်း မရှိပါဘူး..။

လေယာဉ်ပျက်ကျမှုရဲ့ အကြောင်းအချက်တွေ များစွာအား ဖော်ထုတ်သိရှိရပြီး အဓိက အချက်ကတော့ မြန်နှုန်းပြ မီတာ ချိုယွင်းချက် ဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်..။ အဆိုပါပျက်ကျခဲ့တဲ့ An-148လေယာဉ်ဟာ လွန်ခဲ့တဲ့ ၂နှစ်ခန့်ကတည်းက မြန်မာစစ်အစိုးရမှ မြန်မာလေတပ် အတွက် မှာယူထားတဲ့ လေယာဉ်(၂)စီးဖြစ်ပြီး မြန်မာနိုင်ငံသို့ မပို့ဆောင်ခင် စမ်းသပ်မောင်းနှင်စဉ်မှာ ပျက်ကျခဲ့ခြင်းဖြစ်ပြီး ရောင်းချသည့် လေယာဉ် ကုမ္ပဏီမှ အစားထိုး လေယာဉ်တစ်စီး ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်...။ လေယာဉ်အမှုထမ်း (၆)ဦး စလုံးသေဆုံးခဲ့ရတဲ့ အဆိုပါလေယာဉ်ပေါ်ပါ မြန်မာနိုင်ငံသား လေတပ်အရာရှိ လေယာဉ်မှုး နှစ်ဦး၏ သတင်းအား မြန်မာစစ်အစိုးရ အာဘော် သတင်းစာများ၌ မထင်မရှား အရေးမကြီးသည့် ပုံစံ ဖော်ပြပါရှိပါတယ်..။ တာဝန်ထမ်းဆောင်ရင် သေဆုံးသွားသူ လေယာဉ်မှုး (၂)ဦး၏ နာရေးသတင်းအားလည်း ရုတ်တရက် သေဆုံးသည်ဟု ဖော်ပြရမည့်အစား သာမာန်သေဆုံးသည့် ပုံစံ သတင်းအမှောင်ချ လက်လွတ်စံပယ် ဖော်ပြခဲ့ပါတယ်...။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာ့ဒီမိုကရေစီရေး လုပ်ဖေါ်ကိုင်ဖက်များခင်ဗျား

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာ့ဒီမိုကရေစီရေး လုပ်ဖေါ်ကိုင်ဖက်များခင်ဗျား
မကြာသေးခင် ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော ငလျှင်နှင့် ဆူနာမိသဘာဝဘေးဒါဏ်ကြောင့် တိုကျိုမြို့တွင်လဲ ပုံစံမျိုးစုံဖြင့် ရိုက်ခတ်ခံနေရပါသည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် ကျွန်တော်တို့၏ ပုံမှန်လှုပ်ရှားမှုများအား အခိုက်အတန့် ရပ်နားထားခြင်းက သင့်တော်သည်ဟု ယူဆမိပါသဖြင့် လာမည့် ၂၂.၃.၂၀၁၁ (အင်္ဂါနေ့)၊ ၃၀.၃.၂၀၁၁ ( ဗုဒ္ဓဟူးနေ့) နှင့် ၅.၄.၂၀၁၁(အင်္ဂါနေ့)တွင် မြန်မာသံရုံးရှေ့၌ ပြုလုပ်မည့် ဆန္ဒပြပွဲများအား ရပ်နားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ
မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်၊
ဗကသနိုင်ငံခြားရေးရာကော်မတီ(ဂျပန်)

Info Burmese2

Info Burmese2

Tuesday, March 15, 2011

Fourth Horseman (death) Egyptian riots. Full Original VideoEgypt Fourth Horseman? Bible Prophecy?


Egypt Fourth Horseman? Bible Prophecy?

ဗိုလ်မှူးချုပ် စောလှဘွယ်ရဲ့ စကား

ဂျပန်အစိုးရက အချိန်နဲ့ တစ်ပြေးညီ သတင်းများ တောက်လျောက် ထုတ်လွင့် ပေးနေတာတော အတုယူဖို့ကောင်းပါတယ် ။

ဂျပန်အစိုးရက အချိန်နဲ့ တစ်ပြေးညီ သတင်းများ တောက်လျောက် ထုတ်လွင့် ပေးနေတာတော အတုယူဖို့ကောင်းပါတယ် ။ လက်ရှိအနေနဲ့မြန်မာပြည်အား အားကျပြီး ဂျပန်မှာလဲ အလှည့်ကျ မီးပေးတော့မယ်ဆိုတာလဲ အတုယူဖို့ ကောင်းပါတယ် Tokyo electric power company မှ Group ၅ခု ခွဲထားပြီး ၃နာရီခြားမျှ အလှည့်ကျ မီးဖြတ်မည်ဟု တရားဝင်ကြေငြာ ထားပါတယ်။

Hour rotating power outages and major areas of planned March 14 (presented TEPCO)
The first group of about three hours of 6:20 to 10:00
9:20 to 13:00 hours the second group of three
The third group of 3 hours 12:20 to 16:00
The fourth group of 3 hours 13:50 to 17:30
The fifth group of 3 hours 15:20 to 7:00 p.m.
The first group of 3 hours 16:50 to 20:30
The second group of 3 hours 18:20 to 22:00

* May be around the start and end times.
* Other hours may be scheduled power outage.

Group များ ကို ဤ နေရာတွင်သွားရောက်ကြည့်ရှုပါရန်

Page 1 Page 1

no food for unregister refugees in Thailand

Monday, March 14, 2011

ငလျင် လှုပ်လျှင်ကြိုတင်ကာ ကွယ် မှု

ငလျင် လှုပ်လျှင်
ကြိုတင်ကာ ကွယ် မှု

ရေဗူး
အစာခြောက်
မိုးရေခံ အအေးခံ နိုင် အလျူမီနီယံ အပါးစားဆန်ဆန် အစ ခြုံရန်အတွက် ၄ပေ ၆ ပေ အစ
ဓာတ်မီး
ခရာ
ရေဒီယို.လက်လှည့်ရလျှင် ပိုကောင်းသည်။
ဆေးပစ္စည်း အနည်းငယ်
ကြိုး

အရေးကြီးစာရွက်စာတမ်းအိတ်

ကြိုတင်စုဆောင်းထားရပေမည်။

အဆင်သင့် အိတ်ကို ဆိုင်တချို့ တွင်ဝယ်၍ရပါသည်။

Navy Loads Supplies for Japan Relief


The U.S. Navy has released video of HH-60 Sea Hawk helicopters loading supplies for the humanitarian relief effort in Japan. (March 12)

Sunday, March 13, 2011

တိုက်ပွဲ နှင့် လူ့ အခွင့်အရေး ချိုးဖေါက်မှုသတင်း – 11 March 2011

တိုက်ပွဲ နှင့် လူ့ အခွင့်အရေး ချိုးဖေါက်မှုသတင်း – 11 March 2011
11.03.2011

Generation Wave Arrested List- ZYT Letter

Generation Wave Arrested List- ZYT Letter

ရန်ကုန် လေပြင်းတိုက်၊ ၇၆၀ အိုးအိမ်မဲ့

ရန်ကုန် လေပြင်းတိုက်၊ ၇၆၀ အိုးအိမ်မဲ့



မဇ္ဈိမသတင်းဌာန | စနေနေ့၊ မတ်လ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၂၂ မိနစ်


.


ရန်ကုန် (မဇ္ဈိမ) ။ ရန်ကုန်တိုင်း မြို့နယ် ၃ ခုတွင် သောကြာနေ့ မွန်းလွဲပိုင်းတွင် လေပြင်းတိုက်ခဲ့ရာ နေအိမ် ၁၅၀ ခန့် ပြိုကျပြီး၊ အိုးမဲ့အိမ်မဲ့ လေဘေးဒုက္ခသည်ပေါင်း ဦးရေ ၇၆၀ ရှိကြောင်း ရန်ကုန်တိုင်း တယက က ဆိုသည်။



ရန်ကုန်မြို့တွင် စနေနေ့ မတ်လ ၁၂ ရက်၊ ၂၀၁၁ ခုနှစ်က မိုးရွာသွန်းမှုဖြစ်ပွားနေစဉ် မြို့လယ်ဘတ်စ်ကားမှတ်တိုင်တခုတွင် စောင့်ဆိုင်းနေကြသော ခရီးသည်များ။ ဓာတ်ပုံ- မဇ္ဈိမ။ ရန်ကုန်တိုင်း ခရမ်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် သောကြာနေ့ မွန်းလွဲပိုင်းတွင် လေပြင်းတိုက်ခဲ့ရာ နေအိမ် ၁၅၀ ခန့် ပြိုကျပြီး၊ လူပေါင်း ၇၆၀ လေဘေးဒုက္ခသည်ဖြစ်သွားသည်။
တယက ထူးခြားဖြစ်စဉ် မှတ်တမ်းတွင် မွန်းလွဲ ၁ နာရီခွဲနှင့် ၃နာရီအကြား ခရမ်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ဒဂုံဆိပ်ကမ်း မြို့နယ်များတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ခရမ်း အေးရွာတွင် မွန်းလွဲ ၁ နာရီခွဲခန့်၊ ကျန်မြို့နယ် ၂ ခုတွင် မွန်းလွဲ ၂ နာရီခွဲမှ ၃ နာရီအကြား တိုက်ခတ်ခဲ့သည်ဟု ထူးခြားဖြစ်စဉ် မှတ်တမ်းက ဆိုသည်။

“ခရမ်းကိုတော့ ကျနော်တို့ ရန်ကုန်အနေနဲ့ မသွားရသေးဘူး။ စာရင်းတက်လာကတော့ ခရမ်းမှာ အိမ် ၁၆ လုံးပျက်ပြီး အိုးမဲ့အိမ်မဲ့ ၅၉ ယောက် ဖြစ်တယ်။ ကယ်ဆယ်ရေးစခန်း မဖွင့်ထားပါဘူး” ဟု ရန်ကုန်တိုင်း တယက တာဝန်ရှိသူ တဦးက ပြောသည်။ ကျန် နှစ်နေရာတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်ထားသည်ဟု ဆိုသည်။

ဒဂုံဆိပ်ကမ်းတွင် ၁၆၈၊ ၅၈ ၊ ၉၀၊ ၉၃၊ ၈၇ စသော ရပ်ကွက်များမှ ပျက်စီးအိမ်ခြေ ၉၀ ကျော်မှ အိုးအိမ်မဲ့ ၅၃၀ အတွက် ဓမ္မာရုံတခု၌ ကယ်ဆယ်ရေးစခန်း ဖွင့်ထားပြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ ၁၀၄၊ ၇၀၊ ၂၀၊ ၂၁ စသော ရပ်ကွက်များမှ အိမ် ၄၀ ကျော် ပျက်စီးခဲ့သည့် ဦးရေ ၁၇၀ အတွက် အခြေခံပညာ ကျောင်းများ၌ ဖွင့်ထားသည်။

၁၀ တန်းစာမေးပွဲ ဖြေဆိုနေသည့် ဒဂုံဆိပ်ကမ်း ၈၇ ရပ်ကွက်ရှိ ၁၇ နှစ်အရွယ် ကျောင်းသူတဦး လေပြင်းနှင့်အတူ လွင့်လာသော သွပ်ပြားပြတ်ရှ ဒဏ်ရာရခဲ့သော်လည်း မြို့နယ်ဆေးရုံ၌ ကုသမှုခံယူခဲ့ပြီး၊ စာမေးပွဲ ဆက်ဖြေနေသည်။

“ခေါင်းမှာ ချုပ်တော့ ချုပ်လိုက်ရတယ်။ ဒါပေမယ့် သိပ်မများဘူးဆိုတော့ စာမေးပွဲတော့ ဆက်ဖြေနိုင်ပါတယ်” ဟု မိသားစုဝင် တဦးက ပြောသည်။

ရန်ကုန်တွင် လေပြင်းများတိုက်ကာ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများမှာ ယခုလ ၁၀ ရက်နေ့တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

အကျယ်အဝန်း ၁၀ မိုင်ခန့်ရှိ မိုးတိမ်တောင်များကြောင့် ယခုကဲ့သို့ စိုက်ဆင်း (ခေါ်) လေပြင်းများ တိုက်ခတ်ခြင်းမှာ ၂၀၀၆ ခုနှစ်မှစ၍ ၆ နှစ်ရှိပြီဟု မိုး/ဇလ ညွှန်ချုပ်ဟောင်း ဒေါက်တာထွန်းလွင်က မဇ္ဈိမကို ပြောသည်။



“မိုးတိမ်တောင်တွေဖြစ်ရင် လေတိုက်တယ်၊ မိုးကြိုးပစ်တယ်၊ လေဆင်နှာမောင်း ဖြစ်တယ်၊ နေရာကွက် မိုးကြီးတယ်။ မိုးကြီးတဲ့ဒေသက တောင်ကျဖြစ်ရင် လျှပ်တပြက် ရေကြီးတယ်၊ တောင်ပေါ်တွေဖြစ်ရင် မြေပြိုတယ်။ ကျနော်တို့ မုတ်သုန် နောက်ကျပြီး အထွက်စောတော့ မိုးကြိုကာလ၊ မိုးကုန်ကာလတွေက ရက်ပိုရှည်လာတယ်။ ဒါက ၆ နှစ်ရှိပြီ ဖြစ်နေတာ” သူက ပြောဆိုသည်။ နွေကာလအတွင်း ယခုလို အဖြစ်ဆိုး ကြုံရလျှင် နောက်ပိုင်းကာလများတွင် ပိုဆိုးနိုင်သည်ဟု ဆိုသည်။

ယခုရာသီမျိုးတွင် လေပြင်းအပြင် မိုးကြိုးပါ ပစ်နိုင်သဖြင့် သတိပြုစေလိုကြောင်း သူက ပြောဆိုလိုက်သည်။

“ဒီတိမ်မျိုးတွေက သတိထားရင် မြင်နိုင်တယ်။ တိမ်တောင်ဆိုတော့ တိမ်ကြီးတွေက မြင့်မြင့်မားမား တိမ်ကြီးတွေလေ။ ဒီတိမ်ကြီးတွေ ဖြစ်လာပြီ၊ အထူးသဖြင့် မိုးခြိမ်းသံကြားရင် သတိထားဖို့ လိုတာပေါ့ဗျာ။ မိုးခြိမ်းသံကြားရင် ကိုယ်နဲ့ နီးတယ်။ မိုးကြိုးစက်ကွင်းထဲမှာ ရှိတယ်ပေါ့ဗျာ။ များသောအားဖြင့် မိုးကြိုးက တောင်သူလယ်သမားတွေကို ထိတာများတယ်။ လယ်ကွင်းတွေထဲမှာ။ ဒီနှစ်ထဲမှာတင်ကို မိုးကြိုးပစ်လို့ သေတဲ့သူ ၃ ယောက် ရှိသွားပြီ” ဟု သူက ဆိုသည်။

Fukushima နျူကလီးယား ဓါတ်ပေါင်းဖို ပေါက်ကွဲမှုသတင်း

ဒီကနေ့ ညနေ ၃း ၄၆ နာရီ မှာ Fukushima နျူကလီးယား ဓါတ်ပေါင်းဖို ရီအက်တာ အမှတ်(၁)စက်ရုံမှာ ပေါက်ကွဲမှု တခုဖြစ်ပေါ်ခဲ့ပြီး စက်ရုံက မျက်နှာကြက် အမိုး အကာလည်း အောက်ကို ပြုတ်ကျခဲ့ပြီး အဖြူရောင် မီးခိုးများ ထွက်ပေါ်လာပါတယ် နျူကလီးယား ဓါတ်ပေါင်းဖိုမှ ထွက်လာသည့် ဓါတ်ရောင်ချီမှာ ၁ နာရီမှာ တနစ်စာ သုံးစွဲသည့် ဓါတ်ရောင်ချီ နဲ့ ညီမျှပြီး အနီးအနားမှာ ပြန့်နှံနေကြောင်း ရေဒီယိုသတ္တိကြွနှုန်းဟာလည်း တနာရီကို ၁၀၁၅ မိုက်ခရိုစီလီဘယ်လ်ရှိတယ်လို့ ဆိုပါတယ်။ ၂၀ ကီလိုမီတာ အတွင်းရှိ ပြည်သူများကို ထွက်ပြေး တိမ်ရှောင်ဖို့ ထပ်မှန် သတိပေးထားကြောင်း သိရပါတယ်။

KAREN NATIONAL LEAGUE (JAPAN) မှမိသားစုနှင့်ထပ်တူထပ်မျှဝမ်းနည်းကြေကွဲခြင်း

KAREN NATIONAL LEAGUE (JAPAN) မှမိသားစုနှင့်ထပ်တူထပ်မျှဝမ်းနည်းကြေကွဲခြင်း

KAREN NATIONAL LEAGUE (JAPAN) မှ NAW THEIN THEIN ၊ SAW HAYA AGAPE LE`
တို့၏ချစ်လှစွာသောအဘွားဖြစ်သူ(A Pee Charl's Taw(106)နှစ်)သည်မြန်မာနိုင်ငံအင်းစိန်မြို့နယ်
တောင်သူကုန်းအိမ်အမှတ်(၁၇၄၀ )အတွင်၁၂-၃-၂၀၁၁(စနေနေ့)ညနေ ၄း၀၀နာရီအချိန်တွင်
ခရစ်တော်၌အိပ်ပျော်၍ဘုန်းတော်ဝင်စားသွားပြီဖြစ်ကြောင်းသိရသည့်အတွက် ကျန်ရစ်သော
မိသားစုနှင့်အတူKAREN NATIONAL LEAGUE (JAPAN) အဖွဲ့သူအဖွဲ့သားများမှလည်းဝမ်းနည်းကြေကွဲမိပါသည်၊၊

Rescues start in Japan (1:32)

Mar 12 - A child is hoisted out of the rubble as daybreak reveals the trail of devastation in tsunami hit Japan. Marie-Claire Fennessy reports

Quake ruptures Japan (1:47)

Mar 11 - Widespread destruction in Japan in the aftermath of its largest earthquake on record. Deborah Lutterbeck reports.