Friday, August 14, 2009

နအဖစစ်ကြောင်းများ ပြောက်ကျားပစ်ခတ်ခံရပြီးကျဆုံးမှုများရှိ



Kaowao သြဂုတ် ၁၄ ၊၂၀၀၉။

ဒီကေဘီအေ ၉၀၇ တပ်ရင်းမှူး စောနော်တယာအားအခမ်းအနားတစ်ခုတွင်တွေ့မြင်ရစဉ်

စံခလပူရီ(သြဂုတ်-၁၄)။ ။ သံဖြူဇရပ်- ဘုရားသုံးဆူကားလမ်းတလျှောက် လှုပ်ရှား လျက်ရှိသော နအဖ၏ ခမရ ၃၅၆ မှတပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဇေယျာဝင်း ဦးစီးစစ်ကြောင်းအား လွန်ခဲ့သောသြဂုတ်လ ၁၁ ရက်နေ့၌ ဇီးနှစ်ပင် ရွာအနီး KNU ပြောက်ကျားများ တိုက်ခိုက်မှု ကြောင့် နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရှိသွား ကြောင်း KNU အရာရှိတစ်ဦးက ပြောကြားပါ ခဲ့သည်။

“ဒီစစ်ကြောင်းက သံဖြူဇရပ်ဖက်ကိုအပြန်မှာ တိုက်ခိုက်ခံလိုက်ရတာပဲ၊ ဒီတပ်အစား ခမရ ၂၈၃ ဝင်လာတယ်၊ တပ်ရင်းမှူးနာမည်ကို မသိရသေးဘူး” ဟု အဆိုပါ KNU အရာရှိက ပြောကြားခဲ့သည်။


တပ်အစားထိုး ဝင်ရောက်လာသော ခမရ ၂၈၃ စစ်ကြောင်းသည်လည်း သြဂုတ်လ ၁၀ ရက်နေ့၌ အနန်းကွင်းနှင့် သံဖြူဇရပ်ကြား လွတ်ရှမ်းရွာတွင် ရှေ့ပြေးကင်းနှစ်ဦး တိုက်ခိုက်ခံရကာ သေဆုံးခဲ့သည်ဟု ဆိုပါသည်။

နအဖစစ်ကြောင်းတို့သည် မိုးတွင်း၌ရိက္ခာဆန်ပြဿနာဖြစ်ပေါ်နေပြီး ရောက်ရှိခဲ့သော ကရင်ရွာတိုင်းအား တစ်အိမ် လျှင်ဆန်တစ်ပုံး သို့မဟုတ် ငွေတစ်သောင်းကို ရွာလူကြီးတို့မှတဆင့် အတင်းကောက်ခံစေကြောင်း ဘုရားသုံးဆူ နယ်စပ်သို့ ရောက်ရှိလာသော ကရင်ရွာသားများက ပြောပါသည်။

အလားတူ ဘုရားသုံးဆူကို ရောက်ရှိနေသော DKBA အမှတ် ၉၀၇ စောနော်တယာ၏ တပ်ဖွဲ့အင်အား ၇၀ ခန့်နှင့် ပေါ်တာ ၃၀ ခန့်တိုမှာ သံဖြူဇရပ်- ဘုရားသုံးဆူကားလမ်းတစ်လျှောက် ဖြတ်သန်းခဲ့ရာရွာများ၌ တစ်အိမ်ဆန် တစ်ပုံး သို့မဟုတ် ငွေတစ်သောင်းကျပ် တောင်းခံသကဲ့သို့ စစ်အစိုးရစစ်ကြောင်းတို့သည်လည်း ဆန်ရိက္ခာများကို အတင်းအကြပ်ကောက် ခံနေသည်ဟု သိရသည်။

မွန်ပြည်သစ်မှဂိတ်မှူးတစ်ဦးက “ KNU ကို အခုလိုကာလမျိုးက ဒီဂွင်မှာထိုးစစ်ဆင်ဖို့မလွယ်ပါဘူး၊ ရိက္ခာက အဓိက ပြဿနာဖြစ်နေတယ်၊ ဒီဒေသမှာလည်းနဂိုလ်ကမှ ဆန်ကစားမလောက်တာ၊ သွားရေးလာရေးကလည်း ရေအရမ်း ကြီးတော့ အတော့ကိုခက်ခဲပါလိမ့်မယ်၊ KNU ကနေရာအနှံ့ ဖြန့်ထားတော့ ချောင်းပစ်ခံရဖို့ပဲများပါတယ်” ဟု လက်ရှိ စစ်ရေးအခြေအနေကို သုံးသပ်ပြောဆိုခဲ့ပါသည်။

KNU တပ်မဟာ ၆ ဒေသကို ဤမိုးရာသီကာလ၌ စစ်ဆင်ရေးပြုလုပ်ရန် ရတခတိုင်းမှူးက DKBA ကလို့ထူးဘော ဗျူဟာ တပ်မဟာ ၅ မှူး ဗိုလ်မှူးချုပ် စောလားဖွယ်(ခ) နှုတ်ခမ်းမွေးအား အမိန့်ပေးခဲ့ပြီး စစ်အစိုးရ၏ စကခ ၁၂၊ တပ်မ ၂၂ တို့က နောက်ပိုင်းမှရံထားပေးမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အဆိုပါစစ်ကြောင်းများ လှုပ်ရှားမှုများ ထူးခြားမှု မရှိသေးဟု မွန်ပြည်သစ်ပါတီမှ စစ်ရေးအခြေအနေစောင့်ကြည့်နေသူများက သုံးသပ်ပြော ဆိုနေကြသည်။

Thursday, August 13, 2009

ကရင့် မျိုးချစ် သူရဲကောင်းများနှင့်အာဇာနည် တို့ ၏ အဆိုအမိန့် တချို့ 

Thursday, August 13, 2009

ဘွဲ့ သွေးနီ - စုစည်းတင်ပြသည်။

စောဘဦးကြီး

 ကရင်လူမျိုးများဟာ ကိုယ့်ကိုယ်ကို ကရင်ဖြစ်မှန်းသိသောနေ့ တွင် ကရင်များတိုင်းပြည်ရသောနေ့  ဖြစ်သည်။

 ကရင့်တော်လှန်ရေးသည် ကရင်လူမျိုးများအတွက် ပထမဦးဆုံးသော တော်လှန်ရေးဖြစ်သလို ကရင်လူမျိုးများ၏ နောက်ဆုံး တော်လှန်ရေးဖြစ်သည်။

 ကရင်တွေ ရန်ကုန်ဆင်းပြီးလည်စဉ်းခံ မနေသေးလျင် ကရင့်တော်လှန်ရေးဟာ ဘယ်တော့မှမကျဆုံးပါ။

 ကျွန်ပ်တို့ ၏တော်လှန်ရေးအင်အားသည် လူထုဖြစ်ပြီး လူထုကကျွန်ပ်တို့  ကိုချစ်ခင်ကြည်ညိုလေးစားအောင် လုပ်ဆောင်ကြရန် လိုသည်။

 ကျွန်ပ်တို့ ၏အားနည်းချက်များကိုဆန်းစစ်ပြီး ပြန်လည်ပြုပြင်ရန် အမြဲတမ်းလိုသည်။

 သူတပါးကိုယ့်ကို တခါလိမ်သွားလျှင် ထိုသူ၏အပြစ်ဖြစ်သော်လည်း သူတပါးက ကိုယ့်ကို နှစ်ခါဆက်လိမ်နိုင်ရင် ထိုသူ၏အပြစ်မဟုတ်တော့ပါ။ ကိုယ် ကိုယ်တိုင် တုံး အ မှုကြောင့်ဖြစ်သည်။

မန်းဘဇံ

 ကရင့်အမျိုးသားလွတ်မြောက်ရေးအတွက် အသနားခံ လက်ဖြန့် ခံပြီး တောင်း၍ မရနိုင်ပါ၊ အဓိကတော့ လက်နက်ကိုင်ပြီးတိုက်ယူမှရမည်။

 ကရင့်အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်ရေးထဲဝင်မယ်ဆိုရင်ဖြင့် သားမယားများနှင့်လည်းကောင်း၊ မိဘ ဆွေမျိုး အပေါင်းအသင်းများ နှင့်မွေးရပ်ဇာတိမြေ တို့  ကိုလည်းကောင်း ခွဲခွာနေရမှာဖြစ်ပြီး ဆင်းရဲဒုက္ခ အကျပ်အတည်းမျိုးစုံခံကြ ရမှာဖြစ်သည်။ သည့်ပြင် ညှင်းပါးနိုပ်စက်ခံရမှာဖြစ်ပြီး နောက်ဆုံး အမြင့်ဆုံးသော ဆုလဒ် ဟာ သေခြင်းပဲဖြစ်သည်။

 တော်လှန်ရေးဆိုတာ မိမိအတွက် ရယူခြင်းမဟုတ်၊ ပြည်သူလူထုအတွက်ပေးဆပ်ခြင်းဖြစ်သည်။

ဗိုလ်ချူပ်ကြီး စောဘိုမြ

 ကျွန်ပ်တို့ သည် ပြည်သူလူထု ကို ညှင်းပမ်းနိုပ်စက်၊သတ်ဖြတ်၊ ဖျက်ဆီး နေသော မဟာဝါဒီ စစ်အုပ်စုကို စိတ်တလုံးတ၀တည်းဖြစ် ပြိုကျအောင်တိုက်ကြရမည်။ ကျွန်ပ်တို့  ကရင့်တော်လှန်ရေးနှင့် ဒီမိုကရေစီမဟာမိတ်များသည် ပြည်သူလူထုဖက်ရပ်တည်ပြီး တညီတညွတ်ဖြင့် စစ်အုပ်စုကို ပြိုကျအောင် တိုက်ထုတ်ကြရမည်။

 ကျွန်ပ်တို့ တော်လှန်ရေးသမားများဖြစ်ကြသည်၊ ကျွန်ပ်တို့ ကို လူတွေက ကြောက်စရာမလိုပါ။ လူတွေက ကျွန်ပ်တို့ ကို ချစ်ရမည်ဖြစ်သည်။

ဗိုလ်ချုပ် ရွှေဆိုင်း

 တစ်နာရီလောက်သာ လွတ်လပ်မှုကိုရရှိ၍ အသက်ရှင်သန်ခွင့်ရခြင်းသည် ကျွန်ဘ၀ဖြင့် နှစ်ပေါင်းတရာ အသက်ရှင်ခြင်းထက် သာ၍မြတ်၏။

 တခြားလူမျိုး တမျိုးက ကိုယ့်ကိုယ်ချစ်ပါသည်ဟုဆိုခြင်းသည် ကိုယ့်လူမျိုးက ကိုယ့်ကိုမုန်းသည်ဆိုသည့် အ နေအထား နှင့် သော်မှ နှိုင်းယှဉ်၍ မရသေးပါ။

 ကျွန်ပ်တို့ အတွက် အင်မတန်မှ ရှက်စရာကောင်းသောအရာသည် ကိုယ့်တိုင်းပြည်နှင့်ကိုယ်လွတ်လွတ်လပ်လပ် မနေနိုင်ခြင်းဖြစ်သည်။

မန်းရှာလန်းဖန်း

 ဒီမိုကရေစီနှင့် တိုင်းရင်းသားတို့ ၏အရေးသည် ခွဲခြား၍ မရလောက်အောင် ငွေဒင်းဂါး တစ်ခုလို ခေါင်းနဲ့  ပါးအဖြစ် ဒွန်တွဲနေသည်။

Type the rest of your post here.


Posted by Thaw Thi Kh

ခေါင်းဆောင်ကြီး စောဘဦးကြီး ချစ်ကြည်ရေး ထမင်းစားပွဲ ပြောကြားချက်များ

စောဘဦးကြီးသည် ၁၉၄၈ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ရန်ကုန် မြို.အလုံ မစ်ရှင်လမ်းရှိ ကရင်အမျိုးသားကလပ်တွင် ထမင်းစားပွဲတရပ် ကျင်းပသည်။ ထမင်းစားပွဲသို. နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု နှင့် ကချင်၊ ရှမ်း၊ မွန်၊ မြန်မာ၊ စသည့် ခေါင်းဆောင်များကို ဖိတ်ကြားခဲ့သည်။ ယင်းချစ် ကြည်ရေးထမင်းပွဲတွင် စောဘဦးကြီးက မိန့်ခွန်းတရပ် ပြောကြားရာ ကောက် နှုတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
“သခင်နုနဲ့ ကျနော် ကျွေးမွေးတဲ့ ထမင်းရာဇ်ဝင်ကတော့ အတော်ရှုပ်သားပဲ။ စ တာကတော့ ဟိုးအရင် ကရင်-ဗမာ အဓိက ရုဏ်းက စခဲ့တာပဲ။ ဂျပန်ခေတ်ကလွဲလို့ သခင်နု နဲ့ ကျနော်ဟာ လူချင်းခပ်လှမ်းလှမ်းပဲ နေခဲ့ကြပါတယ်။ လပွတ္တာမြို့နယ် ကရင်-ဗမာ အဓိဂရုဏ်း ဖြစ်တော့မယ်လို့ သတင်းတွေဖြစ် လာတဲ့အခါ သခင်နုက ကျနော့်ထံ စာပေးခေါ်ပြီး လပွတ္တာကို သွာ ပြီး တရားဟောဖို့ အရေးကြီးကြောင်း ပြောတော့ ကျနော်သဘော တူလိုက် ပါတယ်။ ဘာကြောင့် သဘောတူလဲဆိုတော့ (အကြံတူရန်သူ၊ အကျိုး တူမိတ်ဆွေ) ဆိုတဲ့ စကားပုံအတိုင်း အဓိဂရုဏ်းမလိုလားတဲ့ အကျိုး က တူနေတာကိုး။ ကရင်-ဗမာအဓိဂရုဏ်းတော့ ဘယ်တော့မှ မဖြစ်ရဘူးဆိုပြီး ကျနော်
တို့ သွားခဲ့ကြတဲ့အခါမှာ စောသာဒင်၊ မန်းဂျိမ်းထွန်းအောင်၊ ဆမား ဒူးဝါး ဆင်ဝါးနောင်၊ ဦးဝမ်းသူမောင် တို့လဲ ပါကြပါတယ်။ (၇) ရက်လောက် အတူသွားမိတဲ့ အခါ သခင်နုနဲ့ ကျနော်ဟာ တစ်ဦးနဲ့ တစ်ဦး နားလည်မှု၊ ယုံကြည်မှုရှိလာပြီး ပိုမို ရင်းနှီးပြီး တော့ မိတ်ဆွေရင်းကြီး ဖြစ်လာတာပါပဲ။

စကော့တလန်ပြည် ဟိုင်းလင်းဒါး လူမျိုးများဟာ ဧည့်သည်မိတ်ဆွေများကို ကျွေး မွေးတဲ့အခါ ဆားပါလေ့ရှိကြပါတယ်။ အဲဒီ ဆားကို စားတဲ့သူဟာ ဘယ်တော့မှ မကောင်း မကြံအပ်ဘူးလို့  အယူရှိပါတယ်။ ဗမာ ပြည်တောင်ပေါ်များမှာလဲ သူ၏ထမင်းကို စားပြီးရင် မ ကောင်းမကြံအပ်ဘူးဆိုတာ ရှိပါတယ်။ မြေညီမှာလဲပဲ (ခင်ဗျားကို ကျနော်မပြစ်မှားပါဘူး၊ ခင် ဗျားကြွေးတဲ့ထမင်းဟာ ကျုပ်လည်ပင်းထဲမှာ ရှိပါသေးတယ်) ဆိုတဲ့ စကားနဲ့ (ကျေးဇူးရှင် ကျေးမစွပ်ကောင်းဘူး)ဆိုတဲ့  စကားပုံများလဲ ရှိပါတယ်။ (၇) ရက်ကြာမျှ ခရီးထွက်ကြစဉ် အခါက သခင်နု က ကျနော့်ကို ကျွေးမွေးခဲ့တဲ့ ကျေးဇူးရှိပါတယ်။ သခင်နုဟာ ကျနော့်အိမ်ကို ကြွလာလိုသော်လဲ ဤက တဲကုပ်ကလေးဖြစ်လို့  မဖိတ်ကြားခဲ့ရဘူး။ ယခုအခါတော့ ကျနော် က ဖိတ်ထားလို့  ကျနော်တဲကုပ် ကို သခင်နုရောက်ခဲ့ပါပြီ၊ ယခုအခါမှာလဲ သခင်နုကို ကျနော် က ကျွေးရပြန်ပါပြီ၊ ဒါကြောင့် ယခုတော့(သူ့ ကျွေး၊ ကျနော်ကျွေး) ဖြစ်ရပါပြီ၊ ဒါဟာ တစ်ဦး နဲ့ တစ်ဦး အပြန်အလှန် ကျွေးမွေးကြတဲ့ရာဇ၀င်ပါပဲ။

ကျနော်ဟာ ကြွားမပြောလိုပါဘူး၊ ဗမာပြည်အတွင်းမှာ အတော်အနှံ့ အပြားရောက် ခဲ့ဖူးပါတယ်။ ပြည်ပ ဆိုရင်လဲ အရှေ့ ဘက်၊ အနောက်နဲ့ မြောက်ဘက်တိုင်းပြည်များကိုလဲ ရောက်ခဲ့ဖူးပါတယ်။ ဒီလိုရောက်ခဲ့ဖူးတဲ့အ တွက် (ကိုယ့်ဒူးတောင် ကိုယ်မယုံရဘူး)ဆိုတဲ့ ဗမာ စကားပုံတစ်ခုကို စဉ်းစားမိပါတယ်။ ကိုယ့်ဒူးတောင် ကိုယ် မယုံရင် အခြားသူကို ယုံရမှာလား။ တိုင်းရင်သားအချင်းချင်းဟာ ကိုယ့်ဒူးဖြစ်ပါတယ်။ အခြားလူဆိုတာက အင်္ဂလိပ်၊ အမေရိကန်၊ တရုတ်၊ ရုရှား စတဲ့ နိုင်ငံများဖြစ်ပါတယ်။ သည်တော့ ကျနော်ပြောလိုတာက မယုံရသူကို အား မကိုးသင့်ဘူး။ ကျနော်လဲ အားမကိုးပါဘူး။ ခင်ဗျားတို့ လဲ အားမကိုးကြပါနဲ့ ။

နိုင်ငံခြားသားတစ်ယောက်က (ခင်ဗျားတို့ တိုင်းပြည်ကို မအုပ်ချုပ်ချင်ပါဘူး ကုန်ကူး လိုတာပါပဲ) ကျနော့်ကို ပြောဖူးပါတယ်။ အမှန်တော့ ပြည်ပမှ လူတွေဟာ ကုန်သည်ချည်းပါ ပဲ။ ကုန်သည် ဆိုပေမဲ့ ကုန်သည်ရိုးရိုးမဟုတ်ဘူး၊ (ကုန်သည်သာမက အကုန်သည်မှာ) အခု တစ်ခေါက် သူတို့ ပြန်လာရင်တော့ အကုန်ပဲ။ တချို့  အင်္ဂလိပ်လက်အောက်ပြန်ဝင်ချင်လို့  ထင်ကြသေးတယ်။ ကျနော်တို့  ဒီလောက်အထင်မသေးပါဘူး။ သူတို့ အကြောင်း ကျနော် ပိုသိ ပါတယ်။ ဒါကြောင့် ကျနော် ခပ်ရှင်းရှင်းနေခဲ့ပါတယ်။ သူတို့ ကို အားမကိုးပါဘူး။ ဒါတင်မက သေးဘူး၊ “ကျနော်လိုလားတဲ့ သီးခြားပြည်နယ်အတွက် ဆောင်ရွက်တဲ့နေရာမှာ မတရားဘယ် တော့မှမ လုပ်ပါဘူး”။ တရားလမ်းရှိတဲ့အတိုင်း ဆောင်ရွက်သွားမှာပဲ။

ကျနော်တို့  ကရင်အမျိုးသားများကို သတိပေးလိုတဲ့ အချက်များလဲ ရှိပါတယ်။ မိမိတို့  လိုတဲ့ သီးခြားပြည်နယ်တော့ ရှိပါပြီးဆိုပါတော့။ မိမိတို့ ဟာ ဒီသီးခြားနယ်နဲ့  တန်ရဲ့ လား၊ မ တန်ရင် ဒီသီးခြားနယ်တောင်းဖို့  ကောင်းမလားဆိုတဲ့ အချက်ကိုလဲ အထူးစဉ်းစားဖို့ လိုပါတယ်။ ခင်ဗျားတို့ ကရင်များဟာ သီးခြားနယ်နဲ့ တန်ရဲ့  လားလို့ မေးရင် တန်တယ်လို့ ပြောကြ လိမ့်မယ်။ ခင်ဗျားတို့ နယ်ကို ဘယ်သူအုပ်ချုပ်မလဲ မေးရင် ကရင်ပဲ အုပ်ချုပ်မယ်။ ကရင်မှ မအုပ်ချုပ်ရင် ဘယ်ဖြစ်မလဲပြောကြလိမ့်မယ်။ ခင်ဗျားတို့ နယ်ကို ဓါးပြ လူဆိုးတွေ အုပ်ချုပ်ရင် ကြိုက်မလားလို့  မေးရင် မကြိုက်ဘူးလို့  ဖြေကြလိမ့်မယ်။ ခင်ဗျားတို့ ကိုယ်တိုင်က သူခိုးဓါးပြ တွေဖြစ်နေရင် ဒီသီးခြားနယ်နဲ့ ခင်ဗျားတို့ နဲ့ တန်မလား။ မတန်ဘူးလို့  ဆိုရမယ်။ ဒါကြောင့် ကျနော် သတိပေးလိုတာက သီးခြားနယ်နှင့်နေလိုကြရင် သီးခြားနယ်နဲ့ တန်အောင်နေကြပါ။
သူခိုးဓါးပြမျိုးဖြစ်နေကြရင်တော့ သီးခြားနယ်နဲ့  မတန်သေးဘူး။ ဒါခင်ဗျားတို့  အထူးစဉ်းစား ကြပါ။

မအူပင်ငွေတိုက်ကို ဖေါက်သွားသူများဟာ ကရင် (၁၉)ယောက် ဖြစ်တယ်။ ကြားရ တာ စိတ်မကောင်းပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဥပမာလေးတစ်ခု ပြောပြလိုပါတယ်။ မြောင်းမြနယ် သိလ္လာ ဆိုတဲ့ ရွာတစ် ရွာမှာ အသက် (၆၀)ကျော် ဦးလွန်းဘော် ဆိုတဲ့ အဘိုး ကြီးတစ်ယောက်ရှိတယ်။ သားသမီး (၁၂)ယောက် မြေးမြစ်များလဲရှိတယ်။ သူ့ မှာ လယ်နည်း နည်းရှိတဲ့အပြင် အသီးအနှံ စိုက်ပျိုးထားတဲ့ဥယျာဉ်လဲ ရှိတယ်။ ၀က် ဘဲ။ ကြက် တို့ လဲ မွေး ထားတယ်။ သူ့ ရွာက လမ်းဆုံကြတဲ့အတွက် ခရီးသည်များဟာ များသောအားဖြင့် တည်း ခိုကြ တဲ့အခါ ခရီးသည်တိုင်းလိုလိုပဲ ထမင်းချက်ကျွေးတယ်။ ထူးခြားချက်တစ်ခုက (အသီးအနှံများ မခူးရ) ဆိုတဲ့ စာရေးထားတယ်။ ခိုးလဲမခိုးရဲကြဘူး၊ တကယ်လို့  သစ်သီးခိုးတဲ့လူကိုတွေ့ ရင် တော့ ဒီခိုးတဲ့လူဟာ မသက်သာဘူး သွေးထွက်သံယိုဖြစ်အောင် ရိုက်တော့တာပဲ။ ကျနော်က အဲဒီအဘိုးကြီးအိမ်ရောက်သွားလို့  အဘိုးကြီးရိုက် နှက်ပုံအကြောင်းတွေ ကြားတော့ ဒီအ ကြောင်းသိချင်တာနဲ့  အဘိုးကြီးနားကပ်ပြီး (ဖထီး သစ်သီးလေးတစ်လုံး ခိုးတာနဲ့ ဘာ့ကြောင့် ဒါလောက် ပြင်းပြင်းထန်ထန်ရိုက်သလဲ) လို့  မေးကြည့်တော့ ဖထီးက (ကျုပ်ဆန္ဒက ဘယ်သူဖြစ်ဖြစ် သူခိုးမဖြစ်စေလိုဘူး၊ သူခိုးတာ ကြည့်နေလိုက်ရင် သူ့ အိမ်သားတွေပါ သူခိုး မျိုးဖြစ်ကုန်လိမ့်မယ်။ သူခိုးမျိုးမဖြစ်ကြစေလိုတဲ့စေတနာနဲ့  ရိုက်တာပါပဲ)လို့  ပြန်ပြောတယ်။

အဲဒီအကြောင်းလေးတွေကို တွေးပြီးတော့ မအူပင်မှာဖြစ်တဲ့ ကိစ္စဟာ ကရင်ကလေး (၁၉)ယောက် ဆိုပေမယ့် တစ်ယောက်တည်းလဲကရင်ပဲ၊ ၁၉ ယောက်လဲကရင်ပဲ၊ ငွေကလည်း မနည်းဘူး၊ ဒီငွေတွေကို ဖြန့်  လိုက်တဲ့အခါမှာ ကရင်တစ်မျိုးသားလုံးထံ ပြန့် သွားမယ်။ ပြန့်  သွားရင် ကရင်တစ်မျိုးသားလုံး သူခိုးမျိုးတွေ ဖြစ် ကုန်မှာပဲ။ ဒါကြောင့် သူခိုးမျိုးတွေ မဖြစ်ရ လေအောင် ငွေအစား ပြန်ဆပ်နိုင်အောင် ကျနော်ကိုယ်တိုင် ရှေ့  ဆောင်ပြုလုပ်ဆောင်ရွက်ဖို့  ပြဌာန်းလိုက်ပါပြီး။ တစ်မျိုးသားလုံးဓါးပြမဖြစ်ရလောင် ကျနော်နဲ့  အေအဲ(န်)ယူ တစ်မျိုးလုံး က ဒီငွေကို ဆပ်ရမှာပဲ။ ဘယ်အထိ ဆပ်မလဲဆိုရင် ကျွန်လုပ်ပြီး ဆပ်ရမှာပဲ။ ဆပ်မယ်ဆိုတာ က ပြောတော့လွယ်တယ်၊ ဘယ်လိုဆပ်မလဲ မေးစရာရှိတယ်။ အခြားသူများမဆပ်ခင် ကျနော် က စတင်လုပ်ပြပြီး ဆပ်ရမှာပဲ။ မနေ့ ညက ဒီအရေးတွေးပြီး တစ်ညလုံး အိပ်လို့ မရပါဘူး။ ကျနော့်မှာ ဆပ်စရာပိုက်ဆံတော့မရှိ ဘူး။ လယ်ဧက ၁၀၀၀ လောက်ရှိတယ်။ လယ်ဧက ၁၀၀၀ ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအား အပ်နှင်းပေးဆပ်လိုက်ပါ့မယ်။ အခု လယ်ကို ချက်ချင်းမယူသေးရင် လယ်မြေပြည်သူပိုင်သိမ်းပြီးတဲ့နောက် ထားတဲ့ တန်ဖိုးအတိုင်း ဆုံးဖြတ်တာပေါ့။ ပိုက်ဆံမရှိလို့  ခါးသာမလှရှိမယ်။ ၀မ်းတော့ဝနိုင်ပါသေးတယ်။ ကျနော်မိန်းမ သဘောတူပြီး ဖြစ်တာကို ကျနော်သိပြီးဖြစ်ပါတယ်။ နောက်ဆက်လက်ပြီး တစ်ပြည်လုံးသ ဘောပေါက်အောင် လုပ်ပြရပါဦးမယ်။

ဒါအပြင် အခြားတစ်ခုရှိသေးတယ်။ ဒါက တခြားမဟုတ်ဘူး နာမည်ကြီးနေတဲ့ အင်း စိန်ကိစ္စပါပဲ။ ကေအင်(န်)ဒီအိုကရင်တွေ လက်နက်များ ဖေါက်ယူသွားတဲ့ကြတယ်တဲ့၊ ဒါက တော့ သတင်းစာတွေကလဲ ပါတယ်။ ကရင်တွေကိုကြီး အားလုံးသိမ်းကျုံးရေးကြတာပဲ။ တခုပြောလိုတာက အင်းစိန်မှာဖြစ်တာကေ ကရင်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ မကောင်း တဲ့ကရင်ရှိသလို ကောင်းတဲ့ကရင်လဲရှိလေတော့ အကောင်းနဲ့ မကောင်း ခွဲခြားပြီး ရေးကြ ရန်ကိုလဲ တောင်းပန်ပါတယ်။ ဒီကိစ္စမှာ ကေအင်(န်)ယူ အပြစ်မဟုတ်သော်လည်း ဒီလက်နက် တွေ ပြန်ပေးအောင်တော့ တောင်းပန်ရဦးမှာပဲ။

လူကောင်းများ လက်တွင်ရှိတဲ့လက်နက်များကို ဒီနေ့ ကစပြီး နှစ်လအတွင်း ပြန်ထမ်း ပို့ ကြပါလို့  တောင်းပန်ပါတယ်။ ဒီတောင်းပန်တဲ့ကိစ္စနှင့်ပတ်သက်လို လဲ ထိထိရောက်ရောက် ဆောင်ရွက်ကြပါမယ်။ အမျိုးသားစိတ်မရှိသူကရင်တွေလဲ ရှိပါသေးတယ်။ သူတို့ ကတော့ သေနတ်ကိုယူပြီး မသမာသူများလက်ကို ရောင်းစားရင် ရောင်းစားမှာပဲ။ ဒါတွေဟာလဲ မ ဆိုင်ပေမယ့် အပ်အောင်လုပ်ရမှာပဲ။ မအပ်ရင်တော့ ဆုံးမရမှာပဲ။ ကျနော်ယခုပြောတဲ့အတိုင်း တောင်းပန်ဆောင်ရွက်လို့ မှမရရင် ကေအင်(န်)ယူဥက္ကဌအဖြစ်မှ နှုတ်ထွက်လိုက်ပါ မယ်။

ယခု ကြွရောက်လာတဲ့ လူကြီးမင်းများမှာ ဗမာ၊ ကရင်၊ ကချင်၊ ရှမ်း၊ မွန် စသဖြင့် စုပေါင်းရောက်လာကြသော ပရိသတ်ဖြစ်ပါတယ်။ ဇာစ်မြစ်ကို သေသေချာချာကြည့်ရင် အား လုံးဆွေမျိုးတွေချည်းပဲ ဖြစ်ပါတယ်။ ခင်ရာဆွေမျိုးဆိုတာလဲ ရှိပါသေးတယ်။ ဒီကျွန်ုပ်တို့ ပြည် ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ဖန်တီးလုပ်ကိုင်နိုင်ကြတာဟာ ခင်မင်ရင်နှီးတဲ့ မိတ်ဆွေမျိုး များဖြစ်လို့  ဖြစ်ကြပါတယ်။

သည်နောက် အရေးတကြီး လုပ်စရာရှိတာကတော့ ရွာတွေမှာ ကြောက်လှန့် ပြီး တစ် ရွာမှတစ်ရွာသို့  ပြောင်းရွှေ့ နေထိုင်ကြရတဲ့ကိစ္စဖြစ်တယ်။ ကွန်မြစ်နစ်တွေကြောက်လို့  ပြေး ကြရတာလဲရှိတယ်။ တချို့ ကရင် ကိုကြောက်လို့ ဗမာက ပြေးရတာလဲ ရှိတယ်။ ဗမာကို ကြောက်လို့  ကရင်က ပြေးရတာလဲရှိတယ်။ အမှန်တော့ ဒါတွေဟာ လူမသမာတွေကြောင့် ဒီလိုဖြစ်တာပဲ။ ဒီလိုမဖြစ်ရအောင် လူကောင်းတွေစုပြီး ဆောင်ရွက်ရလိမ့်မယ်။ ကျနော်တို့  ကေအင်(န်)ယူ က လက်လှမ်းမီသမျှ တာဝန်ယူ ဆောင်ရွက်သွားမှာပဲ။ “မိမိတို့ ဆိုင်ရာနယ်မှ ပြောင်းရွှေ့ ထွက်ပြေးသွားတဲ့ဗမာများရှိရင် စိတ်ချလက်ချ ပြန်လာဖို့ ကို ကရင်ရော-ဗမာရော ပေါင်းပြီး သွားရောက်ပြန်ခေါ်မယ်။ ထို့ အတူ ကရင်များကို ပြန်ခေါ်တဲ့အခါမှာလဲ ဗမာရော-ကရင်ရော ပေါင်းပြီး သွားခေါ်ရမယ်။ စိတ်ချလက်ချ သင့်မြတ်နေရအောင် ကာကွယ်စောင့် ရှောက်ပေးရမယ်။ အပြောနဲ့ မပြီးဘူး၊ ချက်ချင်း လုပ်ရမယ့် ကိစ္စဖြစ်တယ်။

ပုသိမ်မှာ ကျင်းပခဲ့ပြီးတဲ့ ကျနော်တို့ ကွန်ဂရက်အစည်းအဝေးပြီးမှာ ဗမာပြည်သူလူ ထုက အကူအညီ တောင်းပါက တိုင်းပြည်အေးချမ်းရေးအတွက် ကူညီဆောင်ရွက်မယ်လို့  အ တိအလင်းဆုံးဖြတ်ချက် ချပြီးဖြစ်ပါတယ်။ အကူအညီတောင်းရင်ပေးဖို့  အသင့်ပါပဲ။ လုပ်ရန် စည်းမျဉ်းလဲ ဆွဲနေပါတယ်”၊

စောဘဦင်္းကြီးသည် ချစ်ကြယ်ရေးထမင်းစားပွဲမိန့် ခွန်းဖြင့် ဦးနုနှင့် ဖဆပလခေါင်း ဆောင်များကို ချွေးသိမ့်လိုက်နိုင်သည်။ ကရင်များ မအူပင်ငွေတိုက်ကို ဖေါက်၍ လုယက်မှု၊ အင်းစိန်တွင် လက်နက်သိမ်းမှုများကိုလည်း ကျေနပ်အောင် ဖြေရှင်းပြသွားသည်။ မအူပင် ငွေတိုက်မှငွေများကို မိမိ၏ လယ်ဧက ၁၀၀၀ ရေင်းချ၍ လျော်ပါမည်။ သေနတ်များကိုလည်း နှစ်လအတွင်း ပြန်အပ်ခိုင်းပါမည်။ မအောင်မြင်ပါက ကေအင်(န်)ယူဥက္ကဌ အဖြစ်မှ နှုတ်ထွက် ပါမည်ဟူ၍ ပြောခဲ့သည်။



ကရင်တွေ ကိုယ့်ကိုယ်ကို ကရင်မှန်း သိတဲ့နေ့ မှာ ကရင်ပြည်ရတဲ့ နေ့ ဘဲ။

ကျွန်ဘ၀မှာ လူဖြစ်ပြီး အသက်ရှင်နေတာထက် တိုက်ပွဲဝင်ပြီး သေတာက မြတ်တယ်။


Posted by အဲခေါင်သောင့်

Karen Matyr,s News Page with video all speeches on by Kwekalu Karen News

2009 August 13
tags: Burma, DKBA Killers, Genocide, Human Rights, Junta, Karen, Karen Matyr, KNLA, KNU, Myanmar, world focus on Burmaby peacerunningKaren National Martyr’s Day: A Tribute to Heroes

By Saw Kapi

Recognizing the humongous national task ahead of them in the early stage of resistance movement, Saw Ba U Gyi and his trusted colleagues – the most notables were Saw Hunter Thar Hmwe, Mahn Ba Zan and Saw Sankay – endeavored to build a political consensus among different Karen communities. Under their leadership, the Papun Congress, perhaps the most comprehensively represented and well-attended one in the history of KNU was held on July 17 to 19, 1950 . It was at this KNU Congress that Saw Ba U Gyi pronounced what later became, and still remains, the cornerstone principles of Karen Revolution: 1) There shall be no surrender; 2) The recognition of Karen State must be completed; 3) We shall retain our arms; and 4) We shall decide our own political destiny. Only a few weeks after the declaration of the four principles, Saw Ba U Gyi and his closed comrades embarked on the fateful trip, which tragically resulted in their grisly killings.

They were traveling in a small party, passing Nabu town area on their way to – widely thought to be – Bangkok , the capital of Thailand , in an effort to find political connection with the outside world. They never reached the intended destination of the trip. What happened during the trip and the preceding KNU Congress, however, undeniably had shaped and to some extent defined contemporary Karen political landscape. On August 12, 1950 , Saw Ba U Gyi and his party were ambushed and killed by the enemy troops near a village called Hto Kaw Koe. Thus, August 12 is recognized and observed by most Karen people as National Martyr’s Day reverently in honor of all fallen soldiers of the Karen resistance movement.

Outnumbered and ambushed by the enemy troops, these leaders refused to give up but instead fought back and stood up for the right of Karen people. They witnessed the suffering and assumed an attitude of self-sacrifice. Today, we commemorate and mourn their death; we remember them as our heroes because they were faithful to the cause of Karen people until they died.

WATCH THE PAGE http://www.kwekalu.net/matoora09/matoora09.html

KNU President Saw Tamla Baw’s address on 59th anniversary of Martyrs Day

KNU President Saw Tamla Baw’s address on 59th anniversary of Martyrs Day
2009 August 11
OFFICE OF THE SUPREME HEADQUARTERS
KAREN NATIONAL UNION
KAWTHOOLEI
August 12, 2009
Dear Karen Nationals, KNLA Officers and Men,
Firstly, I would like to extend my best wishes to all of you for the wellbeing of your body and mind.
The 12th of August is the day for honoring the heroic martyrs, Saw Ba U Gyi and all those who have sacrificed their lives in the struggle for justice and freedom for the Karen people.
We, the Karen people, have to wage a just war for gaining our birth rights. We still cannot struggle out of the various forms of persecution imposed on us by the military dictatorship.
Since our policy is to resolve political problems by political means, we have met with successive military dictatorships for several times, on different occasions.
However, as the military dictatorships, following the ideology of extreme chauvinism, have rejected the process of negotiation for resolving political problems, we still have to be struggling in the battle field.
Secondly, I would like to say that in the struggle for gaining their birth rights, the Karen people have been fighting together with other fellow oppressed ethnic nationalities against the ruling extremist military clique.
However, the Karen people still have not escaped from various forms of oppression and enslavement and they still have to bear increasingly vicious oppression, killing and tyranny. The chauvinist extremists and the military clique have been ceaselessly sowing dissension among the different ethnic nationalities and within each ethnic nationality.
We, the Karen people, and fellow comrades must always be alert to all the attempts by the enemy to sow dissension among us.
Thirdly, I would like to say that in the horrendous 60 years journey of the Karen people’s revolution, just as many shining patriots and heroes have emerged, there have been many traitors and ideologues of defeatism.
Using the traitors and defeatists, the military clique is pulling strings from behind to break up the KNU and launch military offensive against it.
In addition, the SPDC military clique is persistently attempting to hold elections in 2010 so as to become a legitimate military government based on the 2008 Constitution, which it has adopted by force and fraud. Before holding the elections, the military clique is planning to transform the armies of ethnic ceasefire organizations into the so-called Border Guard Forces and control them directly.
Our revolution is on the right path and it will never fail if we follow the policies, rules and regulations laid down, in accordance with Saw Ba U Gyi’s guideline, by the 14th Congress of KNU, for wiping out the enemy’s plots to divide us.
KNU President Saw Tamla Baw’s Address on 59th Anniversary of Martyrs Day. It is an important time for us to struggle on with unity and single mindedness, in obedience to the KNU leadership at various levels and in compliance with the organization’s rules and regulations, in cooperation with the entire Karen people, the fellow oppressed ethnic nationalities and the democratic forces for the right to decide our own destiny, equality, establishment of democracy and a genuine Federal Union.
In conclusion, I would like to earnestly urge you to make utmost effort, with the spirit of the martyrs, for the annihilation of the enemy and achievement of final victory.
Central Executive Committee
Karen National Union
For further information contact -
VP – Mobile: (66) 087 207 9296
GS – Mobile: (66) 086 215 0367



--------------------------------------------------------------------------------

Tuesday, August 11, 2009

KNU statement on anniversary of 8888 movement

OFFICE OF THE SUPREME HEADQUARTERS

KAREN NATIONAL UNION

KAWTHOOLEI

KNU Statement on 21st Anniversary of 8-8-88


August 8, 2009

1. The eighth of August 2009 is the 21st Anniversary of the people’s movement in Burma against oppression and injustices imposed on them by the military dictatorship in the guise of a civilian government. The ruling party, known as the Burma Socialist Program Party (BSPP) was headed by U Ne Win, former chief of the Burma

armed forces and father of military dictatorships of Burma. All the key positions in the government were occupied by military men or former military men.
2. After 26 years of military rule, mismanagement of the economy, corruption in the government and the cost of war reduced the country to the status of Least of Least Developed Country (LLDC) by 1987. There had been sporadic demonstrations expressing bitter opposition by the students, youths or the workers against the dictatorial rule. The uprising beginning on August 8, 1988 was a nationwide movement against the dictatorial rule. People from all strata of life participated in the movement. It was basically a peaceful movement. However, on September 27, 1988 the generals brutally crushed the movement killing thousands of people all over the country, including many men, women and young people.
3. We will always remember August 8, 88 as a day of heroism of the common people of Burma. The day on which the generals brutally crushed the movement will go down in history as a day of infamy unparalleled in the history of mankind.
4. In the days following the brutal suppression of the movement, many youths and students from the towns and cities braved the difficult journey to the areas of ethnic resistance forces to continue movement for freedom and democracy. The arrival of urban youths and students in the revolutionary resistance areas was the conjunction of the movements for democracy and federalism.
5. Due to lack of substantive support for the freedom movement and quiet but massive support by the unscrupulous businesses to the military regime, progress made by the democratic and ethnic nationality forces is slow. However, there has always been a growing determination among the people as well as the democratic and ethnic nationality forces to struggle on until final victory is achieved.
6. The monumentally self-conceited and power-mad military regime has been employing all kinds of deceit and cajolery to hoodwink the domestic as well as the international community by zealously attempting to implement an important stage of its Road Map, currently.
7. In conclusion, we would like to caution all the democratic and ethnic nationality forces not to be taken in by the deceit of the military regime and earnestly urge all concerned to struggle on unwaveringly, until victory is achieved, with the spirit of those who had sacrificed their lives and limbs in the 8888 movement 21 years ago.

Central Executive Committee

Karen National Union

ဆစ်ဒနီမှ(၅၉)ကြိမ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ အခမ်းအနားဓါတ်ပုံသတင်း

ဆစ်ဒနီမြို့၌ ကရင့်အာဇာနည်နေ့ကျင်းပပြီးစီး
သြဂုတ် ၈၊ ၂၀၀၉
စောကျော်ခွိ(ကေအိုင်စီ)

(၅၉)ကြိမ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ကို သြစတြေးလျားနိုင်ငံရောက် မျိုးချစ်ကရင် များက ယနေ့ သြဂုတ်လ (၈)ရက်နေ့တွင် ဆစ်ဒနီမြို့၊ ရနိုးရာရပ်ကွက်၌ ကျင်းပပြီးစီးခဲ့ကြ သည်။


ကရင်အာဇာနည်နေ့ကို ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့သည့် သြဂုတ်လ (၁၂)ရက်နေ့တွင် သတ်မှတ်ထားခဲ့ကြသော်လည်း သြစတြေးလျားနိုင်ငံရောက် ကရင်တိုင်းရင်း သားများက ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်ကို ရွေးချယ်ပြီး သြဂုတ်လ(၈) ရက်နေ့၌ ကြိုတင်ကျင်းပ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု အခမ်းအနားဖြစ်မြောက်ရေးတာဝန်ခံ (မန်းအော်လန်းဒို ) က ပြောသည်။


မန်းအော်လန်းဒို။ ။“ကျနော်တို့ အခု ရုံးပိတ်ရက်လဲဖြစ်၊ ကျောင်းပိတ်ရက် နဲ အလုပ်ရုံတွေပိတ်ရက်ဆိုတော့ ပြီးတော့လဲ (၂၁)နှစ်မြောက် ရှစ်လေးလုံးနှစ်ပတ်လည် နေ့ နဲ့ လဲ တိုက်ဆိုင်မှူရှိတော့ ထူးခြားမှူလဲရှိ ရင်းနှီးတဲ့တော်လှန်ရေးအသိအမှတ်ပြုကြတဲ့နေ့ လဲဖြစ်သွားတာပေါ့်”ဟု ရှင်းလင်းပြောဆိုသည်။

ထိုအခမ်းအနားတွင် ကရင့်အမျိုးသားတော်လှန်ရေးအ တွက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ အသက်ပေးလှူသွားခဲ့သည့် ကရင်အာဇာနည်များကို လွမ်း ဆွတ်တမ်းတခြင်းအားဖြင့် လွမ်းသူ့ပန်းခွေချသည့် အစီအစဉ်များ ပြုလုပ်ခဲ့ကြရာ တက်ရောက် လာသည့် မဟာမိတ်အဖွဲ့များ၊ ကရင်မျိုးချစ်များ အပါအဝင် စုစုပေါင်း လူထုပရိသတ် (၁၂၀) ကျော်က ကျဆုံးသွားခဲ့သော ကရင့်အာဇာနည်ကြီးများအား ဂါရဝထား အလေးပြုခဲ့ကြသည်။



ဓါတ်ပုံ-စောကျော်ခွိ(ကေအိုင်စီ)