Saturday, November 10, 2012

မိသားစုဝင်ငွေအတွက် စခန်းပြင်အလုပ်ထွက်လုပ်သူ မယ်လဒုက္ခသည် ၂ဦး အသတ်ခံရ

10 Nov, 2012 9:48 AM

နိုဝင်ဘာလ ၉ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မယ်လဒုက္ခသည်စခန်း၌ နိုဝင်ဘာလ ၇ရက်နေ့က မိသားစုဝင်ငွေ ရရှိရေးအတွက် စခန်းအပြင် ထွက်၍ အလုပ်ထွတ်လုပ်သူ ဒုက္ခသည်နှစ်ဦးသည် မယ်လစခန်းတောင်ဘက်ခြမ်း နှစ်မိုင် အကွာအဝေးရှိ ညာ့မူကလိုးရွာနှင့် ထီး မောထာ့ရွာအကြားတွင် အသတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

ပစ်သတ်ခံရသူနှစ်ဦးမှာ မယ်လစခန်း ဇုံ(စီဝမ်း-ဘီ)အတွင်းနေထိုင်သူ စောကညော ၃၃နှစ်နှင့် စောသန်းထွန်းလေး ၂၉နှစ်တို့ဖြစ် ပြီး ၎င်းတိှု့နှစ်ဦးအား မည်သူမည်ဝါက ပစ်သတ်သည်ကို ယခုထိ မသိရှိရသေးကြောင်း မယ်လစခန်း လုံခြုံရေးတာဝန်ခံ စော အားမူက ကေအိုင်စီသို့ ပြောသည်။

စောအားမူက “နိုဝင်ဘာ ၇ရက်နေ့မနက်ပိုင်းက ပြောင်းဖူးချိုးဖို့သွားတဲ့ သူတို့နှစ်ယောက်ဟာ ညပြန်မရောက်လာတော့ နောက် နေ့မနက်မှာ မိန်းမ(ဇနီး)ဖြစ်သူတွေက သွားရောက်စုံစမ်းတဲ့အခါ ပြောင်းဖူးခင်းမှာ အလုပ်လုပ်တဲ့ အသိတစ်ယောက်ကိုမေး တော့ မနေ့ညက သေနတ်သံ ကြားရတယ်လို့ ပြန်ဖြေတယ်”ဟု ပြောဆိုသည်။

ထို့နောက် အသတ်ခံသူ၏ ဇနီးသည်နှစ်ဦးသည် မယ်လစခန်းသို့ ပြန်လာ၍ စခန်းလုံခြုံရေးမှူးကို သွားရောက်အကြောင်းကြား ကာ စခန်းလုံခြုံရေးအဖွဲ့အချို့နှင့်အတူ ခင်ပွန်းသည်အား သွားရောက်ရှာဖွေခဲ့ရာ အလောင်းကို ယင်းသို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု စောအားမူက ဖြည့်စွက်ပြောသည်။

အသတ်ခံရသူနှစ်ဦးသည် တောပုန်းသေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ပြီး ၎င်းဒေသတွင် တောပုန်းသေနတ်ကို ထိုင်းအရပ်သား များသော်လည်းကောင်း၊ ပါမိုက် (ခေါ်) ထိုင်းသစ်တောကာကွယ်ရေးအဖွဲ့သော်လည်းကောင်း ကိုင်ဆောင်လျှက်ရှိသည်ဟု သိရ သည်။

ဆက်လက်၍ စောအားမူက “ဒါက ထိုင်းသစ်တောအဖွဲ့လား၊ ထိုင်းရွာသားလား မသိရသေးဘူး။ အဲဒီနေရာက မကြာခဏဆိုသ လို အဲလိုအဖြစ်မျိုး ဖြစ်လေ့ရှိတယ်။ ထိုင်းသစ်တောအဖွဲ့ကတောင်မှ အပစ်ခံရတယ်။ ဒါပေမယ့် ဒီလို မယ်လဒုက္ခသည်တွေ သေ တဲ့အထိကတော့ ဒါ ပထမဆုံးပဲ”ဟု ဆိုသည်။

အသတ်ခံရသူနှစ်ဦးကို ယနေ့ညနေတွင် မိသားစုနှင့် စခန်းတွင်းနေထိုင်သူ မိတ်ဆွေအချို့က မယ်လစခန်းသင်္ချိုင်းတွင် သွား ရောက်သင်္ဂြိုလ်လိုက်ပြီးဖြစ်သည်။ သေနတ်ဖြင့် ပစ်သတ်ခံရသူ စောသန်းထွန်းလေးသည် ဇနီးနှင့် သားသမီး ၂ဦးကျန်ရစ်ပြီး စောကညောမှာ ဇနီးနှင့် သားသမီး ၃ဦး ကျန်ရစ်သည်ဟု သိရသည်။

ကလေးမြို့တွင် ဖမ်းဆီးထားသည့် ဘင်္ဂါလီလူမျိုး ၅၀ ခန့်ရှိပြီ


10 Nov, 2012 1:07 AM

ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် အဓိကရုဏ်းများ ပြန်လည် ဖြစ်ပွားခဲ့သည့် နောက် အိန္ဒိယ – မြန်မာ နယ်စပ်မှ စစ်ကိုင်းတိုင်း ကလေးမြို့သို့ တရား မ၀င် ခိုးဝင်လာသူ ဘင်္ဂါလီလူမျိုး ၅၀ ခန့် ဖမ်းဆီးရမိထားကြောင်း သိရသည်။

“နိုဝင်ဘာ ၅ ရက် မနက် ၈ နာရီခန့်က ဘင်ဂါလီလူမျိုး ၁၉ ဦးကို တွေ့ရှိတဲ့ တံငါသည်တဦးက အာဏာပိုင် တွေထံ သတင်းပို့လို့ ၉ မိုင် ကျောက်တလုံးအရပ်မှာ ဖမ်းဆီးပြန်တယ်၊ အရင်လက ဖမ်းဆီးတာ ၃၀ ခန့်တော့ ရှိပြီ” ဟု ကလေးမြို့ ၉ မိုင် အရပ်မှ ဒေသခံတဦးကပြောသည်။

နောက်ဆုံး ဖမ်းဆီးထားတဲ့ ဘင်္ဂါလီ ၁၉ ဦးကို အမှုမစစ်ခင် လူထု ရှေ့မှောက်တွင် ပြသခဲ့ရာ ဒေသခံ ၁၀၀၀ ခန့်လာ ရောက်ကြည့်ရှုကြ ကြောင်း သိရသည်။

“ ပြည်သူတွေက ဘင်္ဂလီလူမျိုးနဲ့ ရုပ်ချင်းဆင်သည့် သူစိမ်းတွေ တွေ့ရှိပါက အချိန်မှီ သတင်းပေး ပို့နိုင် ရေးအတွက် ယခုလို လုပ်ရခြင်းဖြစ်မယ်” ဟု မျက်မြင်တဦးက ခန့်မှန်းပြောဆိုသည်။

ယင်းသို့ ၀င်ရောက်လာသူများမှာ စစ်ကိုင်းတိုင်း ကလေးမြို့ မှတဆင့် မန္တလေးမြို့ကို ဖြတ်ပြီး ထိုင်း နယ်စပ်မှ တဆင့် မလေးရှားနိုင်ငံသို့ ၀င်ရောက်ရန် ဖြစ်သည် ဟု ကလေးမြို့မှ အမှုစစ် အရာရှိများထံက သိရသည်။

တောင်ငူဒေသတွင် ရိက္ခာသယ်ရန် အစိုးရတပ် ကားလမ်းပြုပြင်နေ


10 Nov, 2012 1:08 AM

ကရင်ပြည်နယ်၊ သံတောင်မြို့နယ် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ် နယ်မြေအတွင်း လှုပ်ရှားနေ သည့် မြန်မာအစိုးရတပ်များသည် ၎င်းတို့၏ ရှေ့တန်းစခန်းများသို့ ရိက္ခာပို့ဆောင်ရန် ယခု နိုဝင်ဘာလဆန်းပိုင်းကစ၍ ကားလမ်းများ စတင် ပြင်ဆင်နေပြီဟု သိရသည်။

အဆိုပါဒေသ၌ အစိုးရ၏ တပ်မ(၆၆)လက်အောက်ခံ ခြေလျင်တပ်ရင်း-ခလရ (၁)၊ (၅)၊ (၃၅)နှင့် ခြေမြန်တပ်ရင်း – ခမရ(၁၀၈)တို့က ကားလမ်းပြုပြင်မှုကို တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ကေအဲန်ယူ တောင်ငူခရိုင်၊ တပ်မဟာ(၂)မှ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“ခမရ(၁၀၈)က လမ်းလုံခြုံရေးအတွက် တာဝန်ယူတယ်။ ကျန်တဲ့သုံးရင်းကတော့ လမ်းပြင်ဖို့အတွက် တာဝန်ယူ တယ်လို့ သိရ တယ်။ အစိုးရတပ်က တပ်အင်အား လျှော့ချဖို့ လက္ခဏာလည်း မမြင်ရဘူး။ အရင်နှစ်များလိုပဲ တပ်ရိက္ခာအတွက် သယ်သွားဖို့ ရှိတာကို တွေ့ရတယ်။ လမ်းက ဘယ်တော့ပြီးမလဲ ဆိုတာတော့ မသိဘူး”ဟု ပြောသည်။

မြန်မာအစိုးရနှင့် ကေအဲန်ယူတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားသော်လည်း တပ်အင်အား လျှော့ချ သွားခြင်း မရှိသည့်အပြင် ယခင်ကကဲ့သို့ တပ်ရိက္ခာပို့ဆောင်ရေး လုပ်ဆောင်နေခြင်းမှာ ၎င်းတို့၏ မဟာဗျူဟာ အတိုင်း လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

ကားလမ်းပြုပြင်မှုတွင် တောင်ငူမြို့မှ ဘောဂလိ၊ မောင်းတိုင်ကြီးဒေသအထိ ပြီးစီးနေပြီး ယခု ဘူးဆာခီးဒေသသို့ ဆက်လက် လုပ်ဆောင်လျှက်ရှိသလို ၎င်းကားလမ်းတစ်လျှောက် အကွာအဝေး မိုင် ၆၀ ခန့် ရှိကြောင်း တောင်ငူခရိုင် ကေအဲန်ယူ တာဝန်ရှိသူက ဆိုသည်။

အလားတူ ကေအဲန်ယူ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)နှင့် ဖာပွန်(မူတြော်)ခရိုင်၊ တပ်မဟာ(၅)တို့၌လည်း မြန်မာအစိုးရတပ် များမှ တပ်ရိက္ခာသယ်ဆောင်နိုင်ရေးအတွက် ကားလမ်းများ ပြုပြင်ရန်ရှိကြောင်း သတင်းရရှိသည်။

Friday, November 9, 2012

Voice of the people – stop mega development projects


November 7 | Author: Saw Eh Na | Posted in Articles, Recommended | Tags: development project, Karen villager

15,000 Karen people from villages affected by conflict got together to voice their concerns to their community leaders about unfettered developments earmarked for Karen State during the peace process negotiations.

The people’s forum ran from October 26 to 28 and was held in Kyain Seikgyi Township, Karen State.
The 15,000 villagers called for “the suspension of all large scale economic projects until political agreements are in place to ensure community benefits and protection.”
The People’s Forum released a media statement demanding “that both the Myanmar government and the Karen National Union (KNU) improve the cease-fire and peace process, and allow the participation of communities and civil society groups in decision-making in order to have sustainable peace and development in the country.
The media statement issued on November 5 said villagers are concerned “that the current Myanmar government is using the peace process to push forward unregulated and development projects without proper safeguards or policies.”
A people’s forum spokesperson, Saw Lu Ber Moo said.
“Large-scale economic investment must be suspended during the peace negotiations “The government and the KNU must first address the issue of local ownership of natural resources.”
Saw Poe Cho, a relief coordinator with the Karen Office of Relief and Development (KORD) told Karen News.
“After the ceasefire more business groups come into the communities’ areas such as mining and measure lands and others. It creates confusion for the communities. They don’t consult with the communities. It creates fear and concerns for villagers. More NGOs also come in and the villagers have no idea and create confusion as well.”
Saw Poe Cho said that, “some small businesses villagers could accept, as they don’t need much space, but they especially fear the large scale projects – super highways, dams and the huge Dawei project.”
Villagers at the forum demanded that both the Myanmar government and the Karen National Union (KNU) improve the current cease-fire and peace process arrangements, and allow the participation of communities and civil society groups in the decision-making in order to have a sustainable peace and development in the country.
Saw Lu Ber Moo, a spokesperson for the people’s forum said the objective of the two day discussions were achieved.
“We actually aimed to create a space for people to freely come and share their opinions without any fear regarding to the current cease-fire process and mega development projects, and then we collectively make their recommendations to stakeholders.”
The forum was attended by as many as 100 democratically elected community development project leaders from 27 villages from both the Kyain Seikgyi and Ye Townships.

သေဒဏ်အပြစ်ပေးခံရသူ စိုင်းနော်ခမ်း အယူခံဝင်မည်


Published on November 8, 2012 by ဒီဗွီဘီ
လူသတ်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်တရားရုံးက သေဒဏ်စီရင်ချက် ချမှတ်လိုက်တဲ့ မြန်မာနိုင်ငံသား စိုင်းနော်ခမ်းကို ပြစ်ဒဏ်တွေ လျှော့ချပေးဖို့ အယူခံဝင်မယ်လို့ ဆွေမျိုးနီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မဲခေါင်မြစ်ထဲမှာ တရုတ်သင်္ဘောသား ၁၃ ဦး အသတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဓိကတရားခံအနေနဲ့ စိုင်းနော်ခမ်းကို သူ့နောက်လိုက် ၃ ဦးနဲ့အတူ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ တရားရုံးက စစ်ဆေးပြီး နိုဝင်ဘာ ၆ ရက်နေ့မှာ သေဒဏ်ချမှတ်ခဲ့တာပါ။

ပြစ်ဒဏ်ကျူးလွန်ကြောင်း စိုင်းနော်ခမ်းက ၀န်ခံဖြောင့်ချက်ပေးပြီးတဲ့နောက် တရားရုံးက စီရင်ချက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ပြစ်ဒဏ် လျှော့ပေါ့ပေးဖို့ မိသားစုတွေ ငှားရမ်းထားတဲ့ ရှေ့နေကတဆင့် တရားရုံးမှာ အယူခံဝင်မယ်လို့ စိုင်းနော်ခမ်းရဲ့ဆရာ အမ်တီအေတပ်မှူးဟောင်း ဗိုလ်မှူးကြီး စ၀်ဆုလိုင်းက ပြောပါတယ်။

စိုင်းနော်ခမ်းမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေအပါအ၀င် သားသမီး စုစုပေါင်း ၇ ဦးရှိပြီး မကျန်းမမာဖြစ်နေတဲ့ မိခင်အိုလည်း ရှိနေသေးတာကြောင့် သူ့ကို မသေစေလိုကြောင်း ညီမဖြစ်သူ နန်းဟွမ်က ပြောပါတယ်။

“သူ့ကို အရမ်းသနားတယ်။ သူက အရမ်းသဘောထားကောင်းတယ်။ အကူအညီလိုရင် မောင်နှမတွေတင်မကဘူး သူထောက်ပံ့တာတွေ ရှိတယ်။ သေရေး ရှင်ရေးဆိုလည်း သူက ကြည့်ပေါးတယ်။ အမေကတော့ ဆီးချို၊ သွေးတိုး၊ ကျောက်ကပ် အစုံပဲ။ အမေသိသွားလို့ကတော့ လန့်ပြီး သေသွားမလားဆိုပြီး အရမ်းလည်း စိတ်မကောင်းဘူး။ ပြောလည်း မပြောရဲဘူး ဒီအချိန်ထိ။”

သူတို့မောင်နှမ ၆ ဦးအနက် တတိယမြောက်သား စိုင်းနော်ခမ်းက ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ် မိုင်းရယ်မှာ မွေးဖွားပြီး ပညာအရည်အချင်း ၄ တန်းထိပဲ သင်ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

ရွာမှာ တော်လှန်ရေးတပ်က စစ်သားစုဆောင်းရေး လာခေါ်တဲ့အတွက် အသက် ၁၄ နှစ်ကတည်းက နေအိမ်ကနေ ထွက်ခွာသွားခဲ့တယ်လို့ နန်းဟွမ်က ပြောပါတယ်။

ဒီနောက် အမ်တီအေတပ်ထဲ ၀င်သွားတယ်လို့ သတင်းကြားပြီး အဆက်အသွယ် ပြတ်သွားရာက ၁၉၉၆ ခုနှစ် အမ်တီအေ လက်နက်ချပြီးတော့ ပြည်သူ့စစ်အနေနဲ့ အဆက်သွယ်ပြန်ရတယ်လို့ ဆိုပါတယ်။

သူအဖမ်းခံရပြီးတဲ့နောက် သူ့ဇနီး နန်းဆိုင်နွန်းဟာ ပတ်ဝန်းကျင်ရဲ့ မေးငေါ့မှု၊ အာဏာပိုင်တွေရဲ့ အကြိမ်ကြိမ်လာရောက် စစ်ဆေးမှုဒဏ်တွေ မခံနိုင်တော့ဘဲ ကလေးတွေနဲ့အတူ ပုန်းရှောင်နေတယ်လို့ နန်းဟွမ်က ပြောပါတယ်။

အမ်တီအေတပ်ထဲမှာ ၁၀ နှစ်ကျော် အတူနေထိုင်လာခဲ့သူ စိုင်းနော်ခမ်းရဲ့ ဆရာရင်း ဗိုလ်မှူးကြီး စ၀်ဆုလိုင်းက စိုင်းနော်ခမ်းဟာ အမိန့်နာခံတတ်သူ၊ လုပ်ဖော်ကိုင်ဖက်တွေအပေါ် သံယောဇဉ်ကြီးပြီး ပေးကမ်းစွန့်ကြဲတတ်သူ၊ စကားနည်းသူ၊ အတန်းပညာမမြင့်ပေမယ့် မြန်မာစကားနဲ့ ရှမ်းစကားအပြင် လားဟူ၊ တရုတ် ၊ လော နဲ့ ထိုင်းစကားတွေကို တီးမိခေါက်မိ ပြေတတ်သူလို့ ဆိုပါတယ်။

မူးယစ်ဆေးနဲ့ ပတ်သက်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ မြန်မာမူးယစ်ရဲတပ်ဖွဲ့က တာချီလိတ် မှာရှိတဲ့ စိုင်းနော်ခမ်းရဲ့ နေအိမ်ကို ၀င်စီးတဲ့အတွက် မဲခေါင်မြစ်ဒေသဘက် ထွက်ပြေးပုန်းရှောင်ပြီး တပည့်တွေနဲ့အတူ လှုပ်ရှားနေတာလို့ စ၀်ဆုလိုင်းက ပြောပါတယ်။

အဲဒီဒေသမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်သူဟာ စိုင်းနော်ခမ်းအဖွဲ့တခုတည်း မဟုတ်တဲ့အတွက် သူ့ကို အခုလို သေဒဏ်ပေးပေမယ့်လည်း မူးယစ်ဆေး ပပျောက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ရွှေတြိဂံဒေသရဲ့ မူးယစ်ရာဇာအဖြစ် သတ်မှတ်တဲ့ စိုင်းနော်ခမ်းကို ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံနဲ့ တရုတ်နိုင်ငံတို့က အလိုရှိကြောင်း ဆုငွေထုတ်ခဲ့ပါတယ်။ လာအိုနိုင်ငံ ရဲတပ်ဖွဲ့တွေက ၂၀၁၂ ခုနှစ် ဧပြီ ၂၅ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ တရုတ်အစိုးရလက်ထဲ အပ်နှံပြီး ရုံးတင်ခဲ့တာ ဖြစ်ပါတယ်။

Thursday, November 8, 2012

စကောကရင်. စကားပုံအချို့


၁။“ ထွီဝယ်ဘားထော့အခေါ်လော်”
( ဝက်ခြေရာကိုခွေးကဖျက်ပစ်သည် )
သူများလုပ်ထားသောလုပ်ငန်းကို မိမိ
နာမည်ဖြင့်အသားယူခြင်းကိုဆိုလိုသည်။

၂။ “ကဒူး ကဒူး ထွီ အော်ဟူး”
( ကုပ်ချောင်းကုပ်ချောင်းနဲ့ ဆံကိုစားသောခွေး)
“ ပျော့ပျော့နဲ့ နံတဲ့ကြောင်ချီး” ဟူသော
မြန်မာစကားပုံနှင့် ဆိုလိုရင်း အဓိပ္ပါယ်တူ
ပေသည်။

ကရင်တို့၏( ၁၃ )လအမည်များ


၁။ သလေ
၂။ ထေးခု( ထေးကူ့)
၃။သွေးကော
၎။ လားခလီး
၅။ ဒေးညား
၆။ လားဃူး( လားခု )
၇။လားနွီး
၈။ လားခို့
၉။ လားခွီး( လာခူ့ )
၁၀။ ဆိမူ
၁၁ ဆိဆာ
၁၂။လားနော
၁၃။ လားပလူ

Wednesday, November 7, 2012

Australian Prime Minister honors Karen woman


November 2 | Author: Poe Kwa Lay (KIC)
A Karen woman who resettled to Australia from Burma in 1999 received an award for her work in the community from the Australian Prime Minister, Julia Gillard.
Say Htoo Eh Moero received recognition for her work with the Australian Karen community when she was presented with the ‘Above and Beyond’ Award from Prime Minister Julia Gillard last week.
Say Htoo Eh Moero, Wyndham Community and Education Centre settlement worker from the Australian State of Victoria was given the award for ‘dedicating her time to supporting Wyndham’s Karen community’.
Prime Minster Gillard said Say Htoo Eh Moero had gone the extra distance to make life easier for other people.
“They don’t do these things because they have to, they do them because they want to make a difference.”
Say Htoo Eh Moero said the award was not expected.
“I didn’t expect to receive the award. I’m happy to get the award. I feel this reward is not just for me, but also for all Karen people. I’m proud that the Prime Minister knows I am Karen.”
Say Htoo Eh Moero encouraged all resettled Karen to get involved in their community and to honor and dignify the Karen people.
Related Posts:
Historical temple site bulldozed by developers
Community calls on KNU to put the peoples’ interest first
KNU reappoints dismissed leaders
Message to the KNU – Unite for the Karen people

Historical temple site bulldozed by developers


November 5 | Author: Saw Eh Na | Posted in Articles |

The Karen National Union stopped the Italian-Thai Development Company after one of its bulldozers ‘cleared’ an ancient pagoda near the Karen village of Myitta while constructing the Dawei-Kanchanaburi highway east of Dawei, Tenasserim Division.
Villagers believe the Italian-Thai Development Company bulldozer may have accidently destroyed the pagoda that was obscured by bushland. A Myitta villager reported the destruction of the pagoda to KNU officials. The KNU stopped the construction to allow them to examine the historical site.
On 27 October, a three member team led by Profession U Zaw Thu Ra, a historical researcher from the Dawei Educational College, was accompanied by local community leaders inspected the pagoda site.
Saw Keh Doh, a community leader who went with team, spoke to Karen News.
“The site is well known to villagers and is known to local people as Ko Plaw which means, ‘Pagoda field’. The villagers maintain the site but do not touch it.”
Saw Keh Doh, quoted Professor U Zaw Thu Ra as saying that the site was of significant historical interest.
“The place here could be dated back to ancient Burmese and Thai dynasties. This type of historical site can be found in several places in Tenaythanyi (Tenasserim) Division, but no one has conducted research into their preservation.”
The research team also inspected another ancient pagoda near Kler Pu, a Karen village. The site known by local people as Htee Poe Koh that translates as ‘little stream pagoda’.
Saw Ko, a community leader who also accompanied the research team told Karen News.
“Local people here believe that these pagodas were built and they really belong to the Thai people.”
The Italian-Thai Development Company is a Thai company that is developing a $60 billion mega-project in the Dawei area that includes a deep sea port, industry zone and rail and highway links connecting Dawei to Thailand.
Related Posts:
United villagers are 100 times better off than those who go it alone
Karen women accuse Thai workers of wooing them into false marriages
Voice of the people – stop mega development projects
Australian Prime Minister honors Karen woman
Community calls on KNU to put the peoples’ interest first
Tags: Dawei Project, Karen, Karen villager
[D. ud; y ol xD. vX w>rkm w>ck. trh> twD
  
----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

မွတ်ဆလင်သူပုန်အဖွဲ့မှ ၀င်တိုက်၍ မြန်မာစစ်တပ်မှ ဗိုလ် တစ်ဦးကျပြီး အများအပြား ဖမ်းဆီးခံရ


မွတ်ဆလင်သူပုန်အဖွဲ့မှ ၀င်တိုက်၍ မြန်မာစစ်တပ်မှ ဗိုလ် တစ်ဦးကျပြီး အများအပြား ဖမ်းဆီးခံရ

မြန်မာ နိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်းကို မွတ်ဆလင် လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုမှ ၀င်ရောက် တိုက်ခိုက်သဖြင့် စစ်ဗိုလ် တစ်ဦးကျဆုံးပြီး တပ်သား ၃ ဦးခန့် ဖမ်းဆီးခံသွားရသည်ဟု သတင်း ရရှိသည်။


နစက နယ်မြေ(၁)တွင် ဘင်္ဂလာ-မြန်မာ ချစ်ကြည်ရေး လမ်းကို တည်ဆောက်နေသော ဆောက်လုပ်ရေး GE အဖွဲ့အား ယမန်နေ့ ညနေ (၆) နာရီက ၀င်ရောက် ပစ်ခတ်စဉ် စစ်ဗိုလ် တစ်ဦးကျပြီး ၃ ဦးဖမ်းဆီး ခံသွားရသည်ဟု စစ်တပ် အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ယခု တိုက်ခိုက်မူကို RSO ခေါ် Rohingya Solidarity Organization အဖွဲ့မှ ပြုလုပ်သည်ဟု
 မြန်မာဘက်က စွပ်စွဲထားပြီး နိရဉ္စရာ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

နစက နယ်မြေ (၁) အောင်သပြေ ဒေသခံ တစ်ဦးအား နိရဉ္စရာမှ မေးမြန်းရာ သူက ယခုလို ပြောသည်။

“မနေ့က လုပ်ငန်းခွင် ရုတ်သိမ်းချိန် ညနေ ၆နာရီမှာ ၀င်ရောက် ပစ်ခတ်တာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေး တပ်ဖွဲ့က ဗိုလ်တဦး သေတယ်။ ဗိုလ်တဦးကျတော့ လူ ၁၃ဦး ခန့်ရှိတဲ့ ဆောက်လုပ်ရေး တပ်ဖွဲ့ က လူတွေက ကိုယ်လွှတ် ထွက်ပြေး ကြတယ်။ အဲဒီ အထဲက ၃ဦး ဖမ်းဆီး သွားပါတယ်။ ဒီနေ့အထိလွတ်လာတာ မရှိသေးဘူး။ သတ်ပစ်ခံရလိမ့် မယ်လို့ လူတိုင်းက ထင်နေကြတာဘဲ” ဟု ဒေသခံက ပြောသည်။

ယခု ၀င်ရောက်ပစ်ခတ် ခံရသည့် နေရာမှာ မောင်တောမြို့နှင့် မိုင် ၄၀ခန့်ဝေးပြီး ဘင်္ဂလား
-မြန်မာနယ်စပ်အနီး တွင်ဖြစ်သည်။ သူပုန်အဖွဲ့မှ ရှောင်သခင် ၀င်ရောက်စီးနှင်း တိုက်ခိုက်ခဲ့ခြင်း
 ဖြစ်သည်ဟု ဆိုသည်။

သေနတ်ပစ်ခတ်သံ ကြားရပုံကိုလည်း ဒေသအတွင်းက ဆရာတော် တစ်ပါးက ယခုလို မိန့်ကြားသည်။

“အောင်သပြေ အထက်ပိုင်း ဗန္ဓူလ အရှေ့ဘက် မှတ်တိုင် (၁) (၂) (၃) နယ်မြေမှာ ဖြစ်တာပါ။
 သေနတ်သံတွေကို ကြားရပါတယ်။ ပစ်ခတ်သံကိုကြားတော့ တောင်ပြိုက စစ်တပ်တွေ လိုက်သွားတယ်။ စစ်တပ်နဲ့ ညဥ့် ၉နာရီလောက်မှာ အာရ်အက်စ်အို အဖွဲနဲ့ ၅မိနစ်ခန့်တိုက်ပွဲ ဆက်ဖြစ်ခဲ့တယ်။ အဲဒီတိုက်ပွဲမှာ နှစ်ဘက် အသေအဆုံးတော့ မသိသေးဘူး” ဟုပြောသည်။

၎င်းပြင် ဆရာတော်က ယခုလို ဆက်လက် မိန့်ကြားသည်။

“ ၀င်ရောက် ပစ်ခတ်တဲ့ အချိန်မှာ မောင် တော နယ်မြေ(၃) မီးတိုက်ဘက်မှာ စစ်တပ်က ဦးစီးပြီး ရွာက လူတွေကို ရှင်ပြု၊ ကထိန်ပွဲတွေပြုလုပ်တဲ့ နေတဲ့ အချိန် ဖြစ်တော့ စစ်သားတွေက အဲဒီမှာ စုနေကြတယ်။ ဒါကို အခွင့်ကောင်းယူပြီး အာရ်အက်စ်အို ၀င်ရောက် တိုက်ခိုက်သွားတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဒေသဆိုင်ရာ အာဏာပိုင်များမှ အခင်း ဖြစ်ပွားရာနေရာကို သွားရောက် ကြည့်ရှု့ စစ်ဆေးနေသည်ဟု သိရသည်။

ယနေ့ မနက်ပိုင်းက ဘူးသီးတောင်အခြေစိုက် တပ်ရင်း ခမရ (၃၅၃)က အဆိုပါဒေသသို့ စစ်ကူ လိုက်သွားကြောင်း သိရသည်။

အေးချမ်းမွန်မှ Narinjara တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

ကရင်အမျိုးသားများဆွေမျိုးတော်စပ်ခြင်းအခေါ်အဝေါ်အချို့

စကောကရင်ဘာသာအားဖြင့်
အဖကို------- ပါ
အမိကို------- မိုး
ဇနီးမောင်နှံစုံတွဲကို------- နော်ဒေါ်မိုးဝါး
လင်ကို------ ဝါး
မယားကို. မား
သားကို------ ဖိုးခွါး
သမီးကို------ ဖိုးမူ
သားကြီးကို------- ဖိုးဝယ်ကိုး
နို့ညှာကို------ ဖိုးဆိ
နို့စို့ကို------ ဖိုးအော်နု
အကိုကို------ ဝယ်
အမကို------- ဝယ်မူ
ညီငယ်ကို------ဒေးဖိုး
အဖွါးကို----- ဖီး
အဖိုးကို------ ဖူး
အဘေးကို------ ဖူးဖဒို
မြေးကို------ လီ
ယောက်ခမ(မိန်းမသူ) ကို----- မီပွားမှု
ယောက်ခမ(ယောက်ျားသူ)ကို-----မီးပွာခွား
သမက်ကို---- မ
ယောက်ဖကို---- ပူဒေးခွား
ခဲအိုကို----- ဝယ်ပဂါ
ခယ်မကို----- ပူဒေးမူ
ဦးလေးကို----- ဖားတီး
အဒေါ်ကို---- မူဂါ
မုဆိုးမ----- မူကမဲ
မုဆိုးဖို----- ခွားကမဲ
မြန်မာ--------စဝှော်(စကော)--------ရှို(ပိုး)
အဖ----- ပါ------ ဖါ
အမိ-------- မိုး------ မောဝ်
လင်------- ဝါး------ ဝါ
မယား------ မား --------- မာ့
သား------- ဖိုးခွား----- ဖိုခွာ
သမီး-------- ဖိုးမူ-------- ဖိုမူး
သားကြီး----- ဖိုးဝယ်ကိုး----- ဖိုခွာ့ဒါးဘူ
နို့ညှာ----- - ဖိုးစိ-------- ထောက်ဖါနု
နို့စို------- ဖိုးအော်နု---- အောင်းနု
အကို------- ဝယ်------- ဝယ်
အမ------ ဝယ်မူ----- နောင့်
ညီငယ်----- ဒေးဖိုး----- ဖူ့
အဖွား------ ဖီး------ ဖိ
အဖိုး------ ဖူး------ ဖု
အဘေး----- ဖူးဖဒို------ ဖုဖါဒို
မြေး---------၊၊၊ လီ-------- လီ

ကရင်လူမျိုးတို့သည် ကမ္ဘာပေါ်မှာ နေရာတော်တော်များများ ပြန့်ကြဲနေ

ပြန့်ကြဲနေတဲ့ မိသားစုဝင်များ...

ကရင်လူမျိုးတို့သည် ကမ္ဘာပေါ်မှာ နေရာတော်တော်များများ ပြန့်ကြဲနေတာကို တွေ့ရပါတယ်။သမိုင်းအထောက်ထားအရ...
ကရင်လူမျိုးတို့သည် ထြီ့ဆေမေံယွာဋ္ဋ ဟုခေါ်တဲ့ အရပ်မှ ပြောင်းရွှေ့လာခဲ့ကြပါတယ်။ထိုအထဲတွင် ကရင်လူမျိုးတို့ရဲ့ ပြောင်းရွှေ့ရာနေရာဒေသကို ထိုင်း(ယိုးဒယား)နိုင်ငံလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

ဇင်းမယ် ခေါ် ချင်းမိုင်ဒေသတစ်လျှောက်မှာ ကရင်လူမျိုးအများအပြားနေထိုင်တာကို တွေ့ရပါတယ်။အောက်ကဓာတ်ပုံတွေကတော့ ချင်းမိုင်မြို့နဲ့ ကီလိုမိတာ ၂၀၀ ၀န်းကျင်လောက်ဝေးတဲ့ တောင်ခြေနားလေး တစ်ဝိုက်မှာ နေထိုင်တဲ့ ကရင်လူမျိုးများဖြစ်ပါတယ်။ရွာနာမည်ကတော့ ဖါ့ဘာခို့ လို့ ခေါ်ကြပါတယ်။ထိုင်းတွေကတော့ ကရင်လူမျိုးကို ကရီယမ် လို့ ခေါ်ကြပါတယ်။

ဘိုးစဉ်ဘောင်ဆက်က နေထိုင်လာတဲ့ ကရင်တွေ နေရာတော်တော်များများမှာ တွေ့ရပါတယ်။စကားပြောတာကတော့ စကောကရင်ဘာသာနဲ့ဖြစ်ပါတယ်။ နည်းနည်းပါးပါး ၀ဲတာကလွဲလို့ ပြည်မ စကောသံအတိုင်းပါပဲ။ကလေးတွေကလည်း ထိုင်းဘာသာ၊ စကောကရင်ဘာသာ ကောင်းကောင်းတတ်မြောက်ကြပါတယ်။ထူးခြားတာတစ်ခုက အိမ်ခြေ ၂၀၀၀ကျော်လောက် ရှိတဲ့ရွာထဲမှာ နေထိုင်တဲ့ ကရင်အားလုံးလိုလို ကရင်အ၀တ်အစားကို အမြတ်တနိုး ၀တ်ဆင်ကြတာကို တွေ့ရပါတယ်။အရမ်းဂုဏ်ယူစရာ ကောင်းပါတယ်။

ဒါပေမယ့် ကရင်တို့ရဲ့ အရိုးခံ စိတ်ဓာတ်အတိုင်း အေးအေးလူလူနဲ့ နေထိုင်ကြပါတယ်။ အသိပညာ အတတ်ပညာတွေကတော့ ထင်သလောက် ခရီးမပေါက်ခဲ့ဘူးထင်ပါတယ်။သူတို့က အဓိကအသက်မွေးဝမ်းကျောင်းပညာကတော့ ရိုးရာယက်ကန်း ယက်လုပ်ခြင်းနဲ့ စိုက်ပျိုးရေးတွေပဲ ဖြစ်ပါတယ်။ဒီဒေသမှာ သမိုင်းကြောင်းကို မေးခဲ့ပေမယ့်..သူတို့လည်း သေသေချာချာ သိပုံမရပါဘူး။ ရခဲ့သလောက် သူတို့ပြောတာနဲ့ပဲ ကျေနပ်ရပါတယ်။ဒါကြောင့် ဒီပို့စ်ကို နောက်တစ်ခေါက် အပြည့်အစုံပြန်တင်ပေးဖို့ စိတ်ကူးထားပါတယ်။လေ့လာသမျှ ကရင်အကြောင်းတွေကို တင်ချင်ဇောနဲ့ တင်လိုက်ရတာပါ။ဒီကြားထဲမှာ မအားတာလည်းပါ ပါတယ်။
အှ်ဆံင်းလာဆာ်...။


ဒါကတော့ စာသင်ကျောင်းက ပြန်လာတဲ့ ကရင်မျိုးဆက်သစ်တွေကို မုန်းဖိုးဝေပေးနေတာပါ။








ကိုရီယားထုတ်ခေါက်ဆွဲများသတိထားစားကြပါ

Tuesday, November 6, 2012

ဖထီးကနဲမီအတွက် KNL-JAPANသတိယဆုတောင်းပေးလျှက်


ဖထီးကနဲမီအတွက် KNL-JAPAN
အဖွဲ့သူအဖွဲ့သားများမှ
သတိယဆုတောင်းပေးနေပါတယ်
ဖထီးကနဲမီဟာဟာ အမျိုးသားရေးအတွက် စိတ်အားထက်သန်ပြီး သြစတြေးလျ ဆရာဝန်က ရောဂါအခြေအနေကြောင့် ခရီးဝေးမသွားဖို့ သတိပေးတဲ့ကြားကနေ နယ်စပ်အစည်းအဝေးအတွက် မဖြစ်ဖြစ်အောင် ပြန်လာခဲ့ပါတယ်။
ယခုအချိန်မှာတော့ ဖထီးကနဲမီဟာ မဲဆောက်ဆေးရုံမှာ အရေးပေါ်ဆေးတက်ရောက်ကုသနေရပါတယ်။ အဲဒါကြောင့် ဖထီးကနဲမီ အမြန်ဆုံး ကျန်းမာလာဖို့အတွက်
သတိယဆုတောင်းနေပါတယ်

MKO ဖခင်ကြီး ဖထီးကနဲမီ အမြန်ဆုံး ကျန်းမာလာဖို့အတွက် ဆုတောင်းပွဲပြုလုပ်မည်


ဖထီးကနဲမီဟာ MKO (Malaysia Karen Organization) အဖွဲ့အစည်း ဖြစ်ပေါ်လာဖို့အတွက် ဖွဲ့စည်းပုံကိုပါ ရေးဆွဲပြီး စတင်အကောင်အထည်ဖေါ်ခဲ့တဲ့သူပါ။

သူဟာ အမျိုးသားရေးအတွက် စိတ်အားထက်သန်ပြီး သြစတြေးလျ ဆရာဝန်က ရောဂါအခြေအနေကြောင့် ခရီးဝေးမသွားဖို့ သတိပေးတဲ့ကြားကနေ နယ်စပ်အစည်းအဝေးအတွက် မဖြစ်ဖြစ်အောင် ပြန်လာခဲ့ပါတယ်။

ယခုအချိန်မှာတော့ ဖထီးကနဲမီဟာ မဲဆောက်ဆေးရုံမှာ  အရေးပေါ်ဆေးတက်ရောက်ကုသနေရပါတယ်။ အဲဒါကြောင့် ဖထီးကနဲမီ အမြန်ဆုံး ကျန်းမာလာဖို့အတွက် MKO ရုံးမှာ မနက်ဖြန် ၆-၁၂-၂၀၁၂၊ နေ့လည် ၁၂နာရီခွဲ အချိန်မှာ ၀တ်ပြုဆုတောင်းပွဲပြုလုပ်မှာ ဖြစ်တဲ့အတွက် မလေးရှားရောက် ကရင်အမျိုးသားများ တက်ရောက်လာကြဖို့လည်း ဖိတ်ခေါ်ပါတယ်။




Monday, November 5, 2012

KNU ညီလာခံ နှင့် အိမ်ကွင်း၊ အဝေးကွင်း

လာမည့် ကွန်ဂရက်ရဲ့အဖြေကို ထင်ဟပ်နေပြီလားရှင့်....အိမ်ကွင်းနဲ့ အဝေးကွင်း အားသာချက်အားနည်းချက်တွေကတော့ ရှိစမြဲပေါ့... ဘာပဲဖြစ်ဖြစ် သူများကွင်းမှာ ကော်တာအထက်ခ် ကစားတတ်တဲ့ နည်းပြ မော်ရင်ဟိုနဲ့ ဒီမက်တို တို့ ရဲ့ ဗျူဟာတွေကို လျော့တွက်လို့ တော့ မရဘူး... နာမည်ကြီး ဘာစီလိုနာကို ချက်ဆီးက ပညာပေးပြီး ယူရိုဖလားကို ရယူသွားဒါလည်း စိတ်ဝင်စားစရာပါ။ ဘာပဲဖြစ်ဖြစ် ဘယ်အသင်းနိုင်နိုင် ရှုံးရှူံး ဖီဖာအက်အေရဲ့ စည်းမျည်းတွေနဲ့ အညီ ကစားကြမယ်ဆိုရင် ပွဲကောင်းတပွဲဖြစ်မည်ဖြစ်သလို ပရိသတ်တွေလည်း လက်ခံမှာပါ။ အိမ်ကွင်းပရိတ်သတ်အားကိုးနဲ့  လူချပြီးတော့ မကန်ကြနဲ့ ပေါ့......အဝေးကွင်းမှာရှူံးရင်လည်း တရားမျှတ မယ်ဆိုရင် အားကစားစိတ်ဓါတ်နဲ့ လက်ခံရပါမည်။
ကလီကမာတော့ မလုပ်ကြနဲ့  သောက်ရေသန့် ဘူးတွေနဲ့ အပေါက်ခံရရင် ပွဲပျက်သွားမယ်.. ပွဲကြည့်ပရိတ်သတ်က ဘော်လုံးမကန်တတ်ပေမယ့် ဘောလုံးစည်းမျည်းတွေနားလည်တယ်....

ဗဟိုကော်မတီအစည်းအဝေး (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)



နယ်စပ်ဒေသမှ သက်တမ်းရင့် KNU အဖွဲ့ကြီးက ယခုလ ၂၆ ရက်နေ့တွင် ညီလာခံကျင်းပတော့မည်ဖြစ်သည်။

၁၅ ကြိမ်မြောက် ညီလာခံ ကျင်းပမည့်နေရာနှင့်ပတ်သက်၍ ခေါင်းဆောင်များအကြား ၀ိဝါဒကွဲပြားနေမှုကို မဲခွဲဆုံးဖြတ်ခဲ့ကြသည်။

ညီလာခံလုပ်မည့်နေရာ ရွေးချယ်ခြင်းသည် အရေးပါသည့်ကိစ္စမဟုတ်ဟု ပြင်ပပုဂ္ဂိုလ်တို့က ယူဆဖွယ် ရှိကြောင်း၊ သို့သော်လည်း နေရာရွေးမှုသည် ဘော်လုံးစကားဖြင့်ပြောမည်ဆိုပါက အိမ်ကွင်း၊ အဝေးကွင်း သဘောမျိုး ရှိကြောင်း သိရသည်။

မဲခွဲရာတွင် ဘားအံခရိုင်ရှိ လေးဝါးတပ်စခန်းတွင် ကျင်းပမည့်ဘက်က ၁၅ မဲ၊ ဖာပွန်ခရိုင်ရှိ သေကော်ထာ့ တပ်စခန်းတွင် ပြုလုပ်လိုသည့်ဘက်က ၁၂ မဲ ရခဲ့သည်ဟု ခရိုင်ဥက္ကဋ္ဌတဦးက ပြောသည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ဘားအံဒေသတွင် ညီလာခံလုပ်လိုသူဖြစ်ကြောင်း သိရသည်။

မဲခွဲမှုကိုဗုဒ္ဓဟူးနေ့က စတင်ခဲ့သည့် အစည်းအဝေး ပထမနေ့တွင် သဘာပတိ KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောနှင့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့ရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဤအစည်းအဝေးသည် လက်ရှိ ဗဟိုကော်မတီ၏ နောက်ဆုံးအစည်းအဝေး ဖြစ်သည်။

ဗဟိုကော်မတီ ၃၆ ဦး ရှိသည့်အနက် အစည်းအဝေးသို့ ၂၇ ဦး တက်ရောက်နေကြသည်။ KNU လက်အောက်ခံ ဌာန ၁၄ ခု၏ အစီရင်ခံစာများကို တင်ပြ ဆွေးနွေးလျက်ရှိပြီး၊ အဖွဲ့၏ နိုင်ငံရေးအစီရင်ခံစာများနှင့် အခြေခံမူ လမ်းစဉ်များကို ဆွေးနွေး ညှိ နှိုင်းကြမည်ဖြစ်သည်။