Thursday, February 9, 2012

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမှ အရွေးခံမည် - ဒေသခံ ကရင်လူထု ကြိုဆို

ဗမာပြည်တ၀ှမ်း မဲဆန္ဒနယ်မြေ တစ်ခုမှာ ကရင်ကိုယ်စားပြုပါတီ ၀င်ပြိုင်တာ မရှိရင် ကြံ့ဖွံ့ ပါတီ ကို ချီး မြောင်းထဲထိုးပစ်ဖို့  ကရင်လူမျိုးတွေ NLD ကို ပုံပြီး မဲပေးကြပါ။ တာပေမယ့် ကိုယ့် ကရင်လူမျိုးကိုယ်စားပြုပါတီတစ်ခုခု ၀င်ယဉ်ပြိုင်တဲ့ နယ်မြေတွေမှာ ကိုယ့်လူမျိုးပါတီကို ပဲ ဦးစားပေးပြီး မဲပေးကြပါ လို့  ပြည်တွင်း ကရင်လူမျိုးတွေကို တိုက်တွန်းလိုပါသည်။ ကြံ့ဖွံ့ ဗမာနဲ့  NLD ဗမာ မတူပါဘူး..ကွာပါသည်။ NLD နဲ့ ကရင်တော်လှန်ရေးဟာ ခရီးတစ်ခုကို နှစ် ၂၀ ကာလတစ်ခုအတွင်း အာဏာရှင်တွေကို အတူတကွ တော်လှန်ခဲ့တာမို့  ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ခံယူချက်နဲ့ ခံစားချက်တွေကို ကြံ့ဖွံ့ က အချောင်သမားတွေ နဲ့ စာရင် သူတို့ ကပိုပြီးနားလည်ပါသည်။ ကွာကြပါတယ်။ တာက လက်တွေ့  လက်ရှိတရားအခြေအနေပါ။ မဲပေးတဲ့ အကြောင်းကို ပြောလို့  ၂၀၀၈ အခြေခံဥပဒေကို လက်ခံတယ်လို့ မယူဆလိုက်ပါနဲ့ ။ အတွင်းအပြင် နည်းပေါင်းစုံနဲ့  ရန်သူကို တိုက်တဲ့နေရာမှာ ကျနော်တို့ တတွေ လက်တွဲ့ သင့်သူတွေနဲ့ လက်တွဲပြီး လုပ်ဆောင် ကြရပါမည်။

ဗိုလ်မှူးချုပ် ထိန်မောင်အဖွဲ့ ငြိမ်းချမ်းရေး ဆက်ထိန်းမည်

KNU အဖွဲ့ ကို ဦးအောင်မင်းက တွေ့ တယ်။ ငြိမ်းကောင်စီ ဗိုလ်မှူးချူပ်ထိန်မောင်အဖွဲ့ ကို ဦးအောင်သောင်းက တွေ့ တယ်.. ဟဲဟဲ ပိုင်တယ်နော်။ ဘယ်မှာ လည်း ဟိုတုန်းက ဗိုလ်ချူပ်ရဲမြင့်နဲ့ မြထွန်းဦးတို့ .....??? စဉ်းစားမိကြရဲလား.. နောင်ဆိုရင် ဦးအောင်သောင်း နဲ့  ဦးအောင်မင်းပါ ငါတို့ မသိဘူးလို့  ဗမာ့တပ်မတော်မျိုးဆက်တွေက ပြောလာမယ်။ အဲဒီအချိန်ကျရင် မင်းတို့ ဘာတတ်နိုင်သေးလဲပေါ့။




ဗိုလ်ချူပ်ရဲမြင့်ကဗိုလ်ချူပ်ထိန်မောင်ကိုပေးထားတဲ့ ထော်လာဂျီ လေးငါးစီးနဲ့ ရော်ဘာပင်လေးတွေကို ပြန်ပြီးမြင်ယောင် သတိရမိပါသေး၏။

စစ်ပွဲဖြစ်နေတဲ့လူတွေနဲ့  ငြိမ်းချမ်းရေးလက်မှတ်ထိုးဒါ နားလည်နိုင်ပေမယ့် စစ်တခါမှ မတိုက်တဲ့လူတွေ နဲ့ ခုတလော့ ငြိမ်းချမ်းရေးလက်မှတ်ထိုးနေကြဒါ ရီစရာတော့ဖြစ်နေပြီ။ သိန်းစိန် အစိုးရက နိုင်ငံတကာမှာ အမြတ်ထုတ်ဖို့ အတွက် ရပ်စဲထားတဲ့ ဟန်ပြ စီးပွားရေးလုပ်ငန်းများပြန်လည်ခွင့်ပြု သဘောတူ လက်မှတ်ရေးထိုးပွဲသာဖြစ်ပါကြောင်း။ တဗိုလ်တမင်း တံစဉ် ထောင်လိုသူတွေ အတွက် အကွက်ကောင်းလေးတွေသာဖြစ်ပါကြောင်း။
xxxxxxxxxxxx
သန်းထိုက်ဦး on February 7, 2012

အစိုးရနှင့် ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သည့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီတပ်ဖွဲ့ တို့ ယနေ့ နေပြည်တော်ရှိ အမရာ ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေး ဆက်ထိန်းရန် မူအရ သဘောတူ လက်မှတ် ရေးထိုးလိုက်သည်။

ဗိုလ်မှူးချုပ် ထိန်မောင် နှင့် နအဖ အစိုးရ ဒု ဗိုလ်ချုပ်ကြီး ရဲမြင့် တို့ကို ၂၀၀၇ ခုနှစ် ငြိမ်းချမ်းရေး စယူစဉ်က တွေ့ရစဉ်(ဓာတ်ပုံ - thawthikho.blogspot.com)

သဘောတူညီချက်များတွင် ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းရေး၊ ဆက်ဆံရေးရုံးများ ထားရှိရေး၊ အစိုးရ နှင့် KNU/KNLA ထိန်းချုပ်ထားသော နယ်မြေများတွင် နှစ်ဘက် တပ်ဖွဲ့ဝင်များ သတင်းပေးပို့၍ သွားလာခွင့် ပြုရေး၊ စီးပွားရေး လုပ်ကိုင်ရန် အတွက် နယ်မြေများ သတ်မှတ်ပေးရေး အပါအ၀င် အချက် ၇ ချက် ပါဝင်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး ခေါင်း ဆောင် ဦးအောင်သောင်း က ဧရာဝတီသို့ ပြောသည်။

KNU/KNLA ထိန်းချုပ်ထားသော ကော့ကရိတ်မြို့နယ်ရှိ ထို့ကော်ကိုး ဒေသတွင် လမ်းပန်း ဆက်သွယ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပတ်သက်သော အချက်များကိုလည်း ငြိမ်းချမ်းရေး ကောင်စီအဖွဲ့က တောင်းဆိုထားကြောင်း ၎င်းက ဆိုသည်။

“နှစ်ဦး နှစ်ဘက် သဘောတူညီချက် အချိန်ကာလမှာ တွေ့ဆုံပြီးတော့မှ နယ်မြေ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အဖွဲ့ ၀င်များ အတည်တကျနေထိုင်ရေး ကိစ္စတွေကို ဆက်လက်ဆွေးနွေးမယ်”ဟု ဦးအောင်သောင်းက ဆက်ပြောသည်။

ပြည်ထောင်စု အဆင့် ဆက်လက် ဆွေးနွေးမည့် နေ့ရက်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ၁ လခန့်ကြာနိုင်ကြောင်း သိရသည်။

ယခု ဆွေးနွေးပွဲသို့ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ နိုင်ငံခြားရေး တာဝန်ခံ စောတီမိုသီ(Timothy) အပါအ၀င် တခြားသော ခေါင်းဆောင်များလည်း တက်ရောက်ကြသည်။

ဗိုလ်မှူးချုပ် ထိန်မောင်သည် ၂၀၀၇ ခု နှစ်ဆန်းပိုင်းက တပ်သား ၃၀၀ ခန့်နှင့်အတူ ကရင်အမျိုးသား အစည်းအရုံး(KNU) မှ ခွဲထွက် ခဲ့သည်။ ထို့နောက် ၎င်း၏ အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေး၍ အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သည်။ ၂၀၁၀ ဒီဇင်ဘာလတွင် အစိုးရတပ်က ပြန်လည်တိုက်ခိုက်သောကြောင့် ငြိမ်းချမ်းရေး ပျက်ပြားမည့် အခြေအနေဖြစ်ပွားခဲ့သည်။

အစိုးရက လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လိုသော လက်နက်ကိုင် အဖွဲ့များကို သက်ဆိုင်ရာ ပြည် နယ်၊ တိုင်းဒေသကြီး အစိုးရတို့နှင့် ဆက်သွယ် ဆွေးနွေးရန် ပြီးခဲ့သည့်နှစ် သြဂုတ်လဆန်းပိုင်းက ကမ်းလှမ်းခဲ့သည်။

ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီးနောက် ၀ပြည် သွေးစည်း ညီညွတ်ရေးအဖွဲ့(UWSA)၊ မိုင်းလား အခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း( SSA-S )၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ချင်း အမျိုးသား တပ်ဦး (CNF) တပ်ဖွဲ့ တို့က သဘောတူ လက်မှတ်ရေးထိုး ထားကြသည်။

Sunday, February 5, 2012

ဒေါ်အောင်ဆန်းစုကြည် ကရင်ရွာမှာ သန်းခေါင်စာရင်းဝင်လိုက်

အန်တီစုရေ... ဒီတခါ နိုင်ငံရေးသမား ပီသ သွားပြီ။ ဘာလို့  ကရင်ရွာကို မှ ရွေးဒါလည်း..... တကယ်တော့ ခုချိန်မှာ ကချင် ရွာလေး တစ်ရွာ ရွေးရင် ပို ကောင်းမလားလို့ ပါ။
xxxxxxxxxx

မင်းသက် | စနေနေ့၊ ဖေဖေါ်ဝါရီလ ၀၄ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၅၀ မိနစ်

ရန်ကုန် (မဇ္ဈိမ)။ ။ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး
ကော့မှူးမြို့နယ်မှ ၀င်ရောက်အရွေးခံမည် ဖြစ်သည့်အတွက် ကော့မှူးမြို့နယ်မှ ကရင်ရွာတရွာဖြစ်သည့် ၀ါးသင်္ခ ရွာတွင် သန်းခေါင်စားရင်းဝင်လိုက်ပြီဖြစ်ကြောင်း ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ခေါင်းဆောင် ဦးဌေးက မဇ္ဈိမကို ပြောသည်။


သန်လျင်မြို့နယ်ရှိ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်း အမည်စာရင်း လက်မှတ်ရေးထိုး တင်သွင်းနေသည်ကို ဇန်နဝါရီလ ၁၈ ရက် ၂ဝ၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)
“ဒေါ်အောင်ဆန်းစုကြည်က သူရွေးကောက်ပွဲဝင်ဖို့အတွက်ကို ကော့မှူးမြို့နယ်ထဲက ၀ါးသင်္ခ ဆိုတဲ့ ရွာကို ရွေးတယ်။ ကျနော်တို့ အခု အဲဒီရွာကို သွားပြီး ဒေါ်အောင်ဆန်းစုကြည် လာတဲ့အခါ နေထိုင်ဖို့
ပြင်ဆင်နေကြတယ်။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် သန်းခေါင်စာရင်း ၀င်တဲ့ မိသားစုဆီက သန်းခေါင်စာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဝင်အဖြစ် သွင်းပြီးတော့ သက်ဆိုင်ရာကို ပို့ထားတယ်။ သက်ဆိုင်ရာကတော့ ပြန်မကျလာသေးဘူး။ ဒါပေမယ့် ဒါက ကျကိုကျလာမှာပါ” ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သန်းခေါင်စာရင်းဝင်လိုက်သော ဒေါ်သန်းသန်းလေး မိသားစုမှာ မိသားစု ဦးရေ ၁၀ ဦး ရှိကြောင်း သိရသည်။

“ဒေါ်သန်းသန်းလေးတို့က လယ်ထဲမှာနေတာ။ သူတို့က အိမ်မှာနေတဲ့သူ နည်းတယ်။ ရန်ဖန်ရန်ခါပဲ
နေတတ်တယ်။ ဒါပေမယ့် အခုတော့ အဲဒီအိမ်ကို ပြန်ပြင်နေတာ တွေ့တယ်။ ကျနော်တို့ရွာက လူတွေ အရမ်းပျော်နေကြတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ရွာကို လာမယ်။ ပြီးတော့ ညလည်း အိပ်မယ်တဲ့။ အခု ကလေးလူကြီး အားလုံးက မျှော်နေကြတယ်” ဟု ၀ါးသင်္ခ ရွာသား လယ်လုပ်သူ ကိုဖိုးခွါး က ပြောသည်။

ဖေဖေါ်ဝါရီလ ၃ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနား Tomas Quitana နှင့် ဆွေးနွေးမှုအပြီး မီဒီယာများနှင့်တွေ့ဆုံရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က “အဲဒီမှာ ပြိုင်မယ်ဆိုတော့ ကော့မှူးကနေပြီးတော့ မဲထည့်ရမယ်လေ။ အန်တီက အဓိကကတော့ အဲဒီရွာကို ရွေးတာကတော့ ကရင်တိုင်းရင်းသားတွေရွာမို့လို့ပါ။ အဲတော့လည်း ကရင်တိုင်းရင်းသားတွေနဲ့ ပိုပြီးတော့ နီးနီးကပ်ကပ်နေနိုင်အောင်လို့ အဲဒီရွာမှာ မဲထည့်ဖို့ ရွေးလိုက်တာပဲ”ဟု ပြောဆိုခဲ့သည်။

ကော့မှူးမြို့နယ်တွင် လူဦးရေ စုစုပေါင်း ၁၃၅,၀၀၀ ခန့် ရှိသည့်အနက် ၂၀၁၀ စာရင်းများအရ မဲထည့်နိုင်သူ စုစုပေါင်းအရေအတွက်မှာ ၈၃,၀၀၀ ခန့် ရှိကြောင်း သိရှိရသည်။

အပစ်ရပ်များအတွက် ဒုတိယထောင်ချောက် အပစ်ရပ်များအတွက် ဒုတိယထောင်ချောက်