Wednesday, February 23, 2011

ရခိုင်၊ကရင်ရဲဘော်(၃၄)ဦး လွတ်မြောက်ရေးတောင်းဆိုဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်ပေးပါရန်ဖိတ်ကြားခြင်း


KNU_Japan____amp__ALD-4 -




34

21 Feb 2011 သတင်းကောင်းများ

21 Feb သတင်းတချို့ ဟာ သမိုင်းမှာ ထင်ကျန်ရစ်မည့် သတင်းများ လို့ ဆိုရင် မမှားပါးဘူးခင်ဗျား။

Daily_News_on_Feb_21-2011 -

Tuesday, February 22, 2011

ယနေ့သတင်း (၂၁ ရက် ဖေဖော်ဝါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၂၁ ရက် ဖေဖော်ဝါရီလ ၂၀၁၁

သတင်း
နံနက် (၁၂ နာရီ ၇ မိနစ်) ယမန်နေ့ မနက် မြဝတီနဲ့ ကော့ကရိတ်ကြားက နေရာနှစ်ခုမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ နေရာတွေ ကတော့ ဗျူဟာဂိတ်လို့ ခေါ်တဲ့ ခမရ ၃၅၆ နဲ့ အုပ်ဖို လို့ခေါ်တဲ့ ခမရ ၃၅၅ နေရာနှစ်ခုပဲ ဖြစ်ပါတယ်။ ဒီကေဘီအေဘက် က ယမန်နေ့ မနက် ၃ နာရီခွဲလောက်မှာ ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။

နံနက် (၁၁ နာရီ ၂၇ မိနစ်) ယမန်နေ့က ဝေါလေဒေသ ဖလူးကျေးရွာအနီးတွင် ဒီကေဘီအေတပ်များနဲ့ နအဖ တပ်ရင်း ခမရ (၃၅၆) နဲ့ တိုက်ပွဲဖြစ်တာ နအဖ ဘက်မှ စစ်သား တဦး ဒဏ်ရာရှိကြောင်း သိရှိရသည်။

ABMA ဂျာနယ် အတွဲ(၂) အမှတ်(၄)

ABMA Journal Volume 2 No 4

ကရင်တက္ကသိုလ်ကျောင်းသူကျောင်းသားများ ကြိုဆို နှုတ်ဆက်ပွဲ လူထု ၁,၀၀၀ခန့် လာရောက်

ဖေဖော်ဝါရီလ ၂၁ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)



ကရင်တက္ကသိုလ် ကျောင်းသူကျောင်းသားများ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ဂုဏ်ပြုနှုတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန် တိုင်း၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာတွင် ယမန်နေ့က ပြုလုပ်ပြီးစီးခဲ့ရာ လူထုပရိဿတ်ပေါင်း ၁,၀၀၀ခန့် လာရောက်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ အခမ်းအနားကို တိုင်းရင်းသားကျေးရွာရှိ ပြည်ထောင်စုခမ်းမတွင် ကရင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ/ရန်ကုန်)က အပိုင်းနှစ်ပိုင်းခွဲ၍ ဦးစီးကျင်းပခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းတွင် ကရင်အမျိုးသားသီချင်းဖြင့် စတင် ဖွင့် လှစ်ကာ ကော်မတီအဖွဲ့ဝင်များက “အောဟူ့အောဟောင်”(စည်းလုံးညီညွှတ်စို့) သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ တက် ရောက်လာသည့် ဆရာ၊ဆရာမများ၊ မောင်မယ်သစ်လွင်များအား မိတ်ဆက်ခြင်းနှင့် တက်ရောက်လာသူ ဧည့်ပရိဿတ်များကို ကျွေးမွေးဧည့်ခံခဲ့ကြသည်။

မွန်းလွဲပိုင်း ဒုတိယပိုင်း ဖျော်ဖြေရေး အစီအစဉ်တွင် “နိုင်ငံသစ်ဆီ တို့လှမ်းချီ”(တိုင်းရင်းသားအက)၊ ပညာပေးပြဇာတ်တို တင် ဆက်ခြင်း၊ ကရင့်ရိုးရာ ပွဲတက်ဝတ်စုံများ ယှဉ်ပြိုင်ခြင်း၊ ပျားဖွတ်ပြိုင်ပွဲ၊ အောပွဲနှင့် ကရင့်ရိုးရာ ဒုံးအက၊ လက်ဝှေ့ပြိုင်ပွဲများ တင်ဆက်ခြင်းများအပြင် အလှမယ်၊ အလှမောင်(King, Queen) ရွေးချယ်ခြင်း၊ ခေတ်ပေါ်တေးဂီတ အစီအစဉ်၊ ဆုပေးပွဲ၊ ဂိမ်း ကစားခြင်းနှင့် လက်ဆောင်ပစ္စည်းများ ဖလှယ်ခြင်းများကို ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။


အခမ်းအနားသို့ တက္ကသိုလ်ကျောင်းများမှ ကရင်ကျောင်းဆရာ၊ ဆရာမများ၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီဝင်အချို့နှင့် ကရင်ပြည်သူ့ပါတီမှ ဒေါက်တာစောစိုင်မွန်သာတို့ တက်ရောက်ခဲ့ကြသော်လည်း ရွေးကောက်ပွဲအ ပြီး လွှတ်တော်အစည်းအဝေးနှင့် တိုက်ဆိုင်နေသဖြင့် စစ်အစိုးရအာဏာပိုင် တစ်ဦးတယောက်မျှ တက်ရောက်ခဲ့ခြင်း မရှိဟု သိ ရသည်။


အခမ်းအနား တက်ရောက်လာသည့် သူနာပြုတက္ကသိုလ်မှ ဆရာမကြီး နော်ထီးလာက နောက်ဆုံးနှစ် ဘွဲ့ယူတော့မည့် ကရင် ကျောင်းသူကျောင်းသားများ မိမိတို့သင်ယူလေ့လာခဲ့သည့် ပညာရပ်ဖြင့် ရောက်ရှိရာဒေသတွင် အသက်မွေးဝမ်းကျောင်းပြုရင်း မိမိတို့၏ ရိုးရာအမွေအနှစ်များကို ဖော်ထုတ် ထိန်းသိမ်း မြှင့်တင်ရန်၊ တက္ကသိုလ်ပညာ တက်ရောက်သင်ကြားမည့် ကရင်တိုင်း ရင်းသားမောင်မယ်များအနေဖြင့် စာရိတ္တကောင်းမွန်စွာနှင့် ပညာကို ဆုံးခန်းတိုင် တက်ရောက်သင်ယူသွားကြရန် လက်တွဲ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နှုတ်ခွန်းဆက်အမှာစကား ပြောကြားသွားခဲ့သည်။


ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေးဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး စောလှထွန်းက “အခုလို ကရင် ကျောင်းသူကျောင်းသားတွေရဲ့ Fresher welcome နဲ့ Farewell ကို တိုင်းရင်းသား စာပေနဲ့ ယဉ်ကျေးမှု ကော်မတီက နှစ်စဉ် နှစ်တိုင်း ကျင်းပနိုင်တာကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒါပေမဲ့ အရင်ကလို စုပေါင်းလေ့လာရေးထွက်တာ၊ မဂ္ဂဇင်းထုတ်ဝေ တာတွေ မပြုလုပ်နိုင်တာကို တွေ့ရတော့ အားနည်းချက်တခုလို့ မြင်မိတယ်။ တဖက်မှာ အားကောင်းတာက အခုလို ကျောင်း ၀င်းကွန်ပေါင်းထဲမှာ မဟုတ်ဘဲ တိုင်းရင်းသားကျေးရွာမှာ လုပ်တော့ လူမှုရေးအဖွဲ့အစည်းတွေရဲ့ ပါဝင်ဆင်နွဲလာမှုက ပိုအား ကောင်းလာတယ်လေ။ လူငယ်တွေအနေနဲ့ နည်းပညာတွေ တိုးတက်နေတဲ့ခေတ်မှာ ကိုယ့်ရဲ့စွမ်းရည်ကို မြှင့်တင်ဖို့တော့ လို တယ်။”ဟု ပြောသည်။


ဆက်လက်၍ ကရင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ကရင်အမျိုးသား နှစ်သစ် ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ တွဲဘက်အတွင်းရေးမှူး မန်းကျော်ညွှန့်ကလည်းကောင်း၊ ကျောင်းသူကျောင်းသားများ ကိုယ်စား ရန်ကုန် နည်းပညာတက္ကသိုလ်မှ ပထမနှစ်ကျောင်းသား စောသိန်းအောင်စံနှင့် ရန်ကုန် သူနာပြုတက္ကသိုလ် နောက် ဆုံးနှစ် ကျောင်းသူ နန်းနှင်းနုရည်ထွန်းက ကျေးဇူးတင်စကားများ ပြောကြားခဲ့ကြသည်။


ယခုနှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် နှုတ်ဆက်ဂုဏ်ပြု အခမ်းအနားသို့ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ စီးပွားရေးတက္က သိုလ်၊ နည်းပညာတက္ကသိုလ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ ကျောင်းသူကျောင်းသား များအပြင် ဖားအံနှင့် မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသူကျောင်းသားအချို့လည်း လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြ သည်။


“ကရင်အချင်းချင်းတွေ့ဆုံပြီး ရင်းနှီးမှုရှိကြမှ စည်းလုံးကြမှာ။ ဒါပေမယ့် အခု ကရင်လူငယ်တွေ ကရင်စကား မတတ်ကြဘူး။ မိတ်ဆက်တာတောင် ဗမာလို မိတ်ဆက်ကြတယ်။ အဲဒါတော့ ၀မ်းနည်းစရာပဲ။ တကယ်ဆို ဒီလိုပွဲမှာ ကရင်ရိုးရာ ယဉ်ကျေးမှု ကိုပဲ ဖော်ထုတ်စေချင်တယ်။ အားလုံးကို ကရင်စကားပြောစေချင်တယ်။”ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ရူပဗေဒဘာသာ ဖြင့် အောင်မြင်ခဲ့သူ စောဟန်ဖြိုးလင်း ၂၂နှစ်က ကေအိုင်စီကို ပြောသည်။


ယခင်က အဆိုပါ အခမ်းအနားမျိုးကို ရန်ကုန်မြို့တွင်းရှိ တက္ကသိုလ်ကျောင်းဝင်းများ၌သာ နှစ်စဉ် ကျင်းပပြုလုပ်လေ့ရှိသော် လည်း ပြီးခဲ့သည့် ၅နှစ်ခန့်ကတည်းက ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသို့ ရွှေ့ပြောင်းပြုလုပ်လာခဲ့ကြသည်။


၁၉၆၄ခုနှစ်နောက်ပိုင်းတွင် ကရင်ကျောင်းသားကျောင်းသူများအသင်းကို ကရင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ အဖြစ် တော်လှန်ရေးကောင်စီအစိုးရက အစားထိုး ပြောင်းလဲဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း စာစောင်၊ မဂ္ဂဇင်း ရေးသားထုတ်ဝေမှုများ ကို လုပ်ဆောင်နိုင်ခဲ့သေးသော်လည်း ယခုအချိန်တွင် တက္ကသိုလ်ကျောင်းသားများ ကြိုဆို၊ နှုတ်ဆက်ပွဲတစ်ခုတည်းကိုသာ လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။

Monday, February 21, 2011

တိုကျိုတွင် ကျင်းပပြုလုပ်သည့် (၆၃) နှစ်မြောက် ချင်းအမျိုးသားနေ့

၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ(၂၀)ရက်။



ချင်းတိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်) Chin National Community –Japan မှ ဦးစီး၍(၆၃)နှစ် မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့ ၂၀၁၁ခုနှစ်ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် ဂျပန်နိုင်ငံ၊တိုကျိုမြို့ နိရှိရှီနာဂါဝ အရပ်ရှိ ရှီနာဂါဝချူးရှော ခိဂယော စင်တာ ၃ထပ်တွင် ကျင်းပခဲ့ပါသည်။


အဆိုပါ အခမ်းအနားသို့ ဂျပန်သတင်း မီဒီယာများ၊ မြန်မာ့အရေးကို စိတ်ဝင်စားသော ဂျပန်လူမျိုးဧည့်သည်တော်များ၊ နိုင်ငံခြားသား ဧည့်သည်တော်များ ၊တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးမှ ဧည့်သည်တော်များ ၊ဒီမိုကရေစီ အင်အားစုများ စုစုပေါင်း ဧည့်ပရိသတ် ၂၀၀ ကျော် တက်ရောက်ခဲ့ပါသည်။



အခမ်းအနားကို ညနေ ၆နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး သဘာပတိမှ အဖွင့်အမှာစကားပြော ကြားခဲ့ပါသည်။ဆက်လက်ပြီး ချင်းတိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်)၏ဥက္ကဌ ဒေါ်ကျင်လန်းလွန် မှ ချင်းအမျိုးသားနေ့ဆိုင်ရာ မိန့်ခွန်း ပြောကြား၍ အတွင်းရေးမှူး ကျင်ဟောက်လွန်းမှ (၆၃)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ကြေငြာစာတမ်းကို ဖတ်ကြားခဲ့ပါသည်။


ဆက်လက်ပြီး ရိုးရာယဉ်ကျေးမှု တေးဂီတ တင်ဆက်ဖျော်ဖြေခြင်း၊ ချင်းရိုးရာ ဝတ်စားဆင်ယင်မှု ပြသခြင်း အစီအစဉ်များကို ပြုလုပ်ခဲ့ပြီး တက်ရောက်လာသော ပရိသတ်များနှင့်အတူ ချင်းရိုးရာ စုပေါင်းအကဖြင့် ညကိုးနာရီတွင် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

Sunday, February 20, 2011

စစ်မှန်သော ဒီမိုကရေစီမရမချင်း ဆက်လက်တိုက်ပွဲဝင်နေဦးမည်ဟု ဗိုလ်မှူးချုပ်စောလားပွယ်ပြောကြား





ဒီကနေ့ ၁၉-၀၂- ၂၀၁၁ နေ့မှာ ဖလူးမှာ မိုင်းတိုက်ပွဲဆက်လက်ဖြစ်ခဲ့ပြီး
နအဖဘက်က ထိခိုက်ဒဏ်ရာရရှိမှုအသေးစိတ်ကို မသိရှိရသေးကြောင်း၊
အလားတူ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်၊ တံတားကျိုးမှာလည်း တိုက်ပွဲ
ဖြစ်ပွားခဲ့ကြောင်း ညနေ(၇း၄၅)မှာ ဒီကေဘီအေ ဗိုလ်မှူးချုပ်စောလားပွယ်က
ပြောကြားသွားပါတယ်။

ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့က ပြည်သူတွေ ကော့ကရိတ်-မြ၀တီကားလမ်းကို
အသုံးပြုပြီး မသွားလာကြဖို့ ဒီကေဘီအေဘက်က အတိအလင်းကြေငြာအပြီးမှာ
အခုလို ကားလမ်းမပေါ်ကတိုက်ပွဲ ဆက်ဖြစ်နေခဲ့တာပဲဖြစ်တယ်။

KIO နဲ့ နအဖတို့က တိုက်ပွဲတစ်ကြိမ်သာဖြစ်ပွားခဲ့ပြီး နအဖဘက်က
တပ်ဆုတ်သွားခဲ့ပေမဲ့ ကရင်ပြည်နယ်မှာကျတော့ အလုံးအရင်းနဲ့အင်အားသုံး
ထိုးစစ်ဆင်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရမှာ-
ဗိုလ်မှူးချုပ်စောလားပွယ်က ဘြယ်လိုပဲဖြစ်နေဖြစ်နေ စစ်မှန်တဲ့ ဒီမိုကရေစီ
မရမချင်း ပြည်သူဘက်က ရပ်တည်ပြီးတော့ နည်းမျိုးစုံနဲ့တိုက်ပွဲဝင်နေဦးမှာပဲဋ္ဋဋ္ဋ
ဆိုပြီး ပြောကြားသွားပါတယ်။

လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးချုပ် ဆက်လက်ပြောကြားရာမှာ
ြKNU နဲ့ DKBA က နာမည်သာ ကွဲပြားနေတာ ဦးတည်ချက၊် မျှော်မှန်းချက်နဲ့
လုပ်ဆောင်ချက်တွေက အတူတူပဲ။ အားလုံးဟာ အမျိုးသားလှုပ်ရှားမှုအတွက်
ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ မူ(၄)ချက်အတိုင်း လုပ်နေကြတာပဲဋ္ဋဋ္ဋ
ဆိုပြီး ပြောသွားပါတယ်။

နယ်ခြားစောင့်တပ်ကို ပြောင်းသွားတဲ့ ဒီကေဘီအေတွေက ကိုယ့်ကရင်အချင်းချင်း
မတိုက်ချင်ကြဘူး။ အထက်က အမိန့်ကိုလည်း ငြင်းဆန်တာနဲ့ ပတ်သက်ပြီး
၎င်း BGF တွေကို ဘယ်လိုသဘောထားရှိပါသလဲလို့ မေးမြန်းရာမှာတော့-
ြ သူတို့တွေက ကျွန်တော်တို့ မိတ်ဆွေတွေ ညီအစ်ကိုတွေပဲ၊ အလုပ်အတူ
လုပ်လာခဲ့ကြတာ၊ သူတို့ဘယ်လိုဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရမှာနော်ဋ္ဋဋ္ဋ
လို့ ဗိုလ်မှူးချုပ်က ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်၍ ကျွန်တော်က အခုဖြစ်နေတဲ့ တိုက်ပွဲအပေါ် မြိုင်ကြီးငူ
ဆရာတော်အနေနဲ့ စကားမိန့်ကြားတာတို့၊ ၀င်ရောက်ဖြန်ဖြေတာတို့
ရှိပါသလားလို့ မေးမြန်းရာမှာြ အခုဖြစ်နေတဲ့တိုက်ပွဲအပေါ် ဆရာတော်
အနေနဲ့ ၀င်ရောက်မိန့်ကြားတာတွေ ဘာတွေ မရှိပါဘူး။ အရင်တုန်းကတော့
အမျိုးအတွက် သာသနာအတွက် ကာကွယ်လုပ်ဆောင်ဖို့ မိန့်ကြားတာတော့
ရှိပါတယ်ဋ္ဋဋ္ဋ လို့ ပြန်လည်ဖြေကြားသွားပါတယ်။ ဆက်ဖတ်နိုင်ပါသည်။...
ကျေးဇူးတင်ပါသည်။...

မြဝတီ - ကော့ကရိတ်လမ်းမှာ ဒီကေဘီအေ တိုက်ပွဲဆက်မည့် ရုပ်သံ

20 February 2011

ထိုင်း-မြန်မာ ၂ နိုင်ငံ စီးပွားရေးမှာ အချက်အချာကျတဲ့ မြ၀တီလမ်းကို ပိတ်ဆို့ တိုက်ခိုက်မယ့် အကြောင်း DKBA က ကြေငြာလိုက်ပါတယ်။ ပြည်သူတွေကို ဒီလမ်းကို အသုံးမပြုကြဖို့ကိုလည်း သတိပေးလိုက်ပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ၏ ထုပ်ပြန်ကြေငြာချက်


Statement of UNFC - 12-16 Feb 2011 -

A BUSH AND A RABBIT

ဗိုလ်ချစ်သူ၊ ဗိုလ်မုတ်သုန်၊ ဗိုလ်လိုက်သိမ့်၊ ဖူးထိန်မောင်၊ ဆရာတီးမသေ၊ ဗိုလ်မှူးစောလားဘွယ် တို့ အတွက် သီချင်းကောင်းတပုဒ်ပါ။

တေးရေး - Hsa Moo
တေးဆို - Hser Paw Htoo



18 Feb 2011 - သတင်းကောင်းများ


Daily_News_on_February_18-2011 -

မိုင်းနင်းမိသဖြင့် ကလေးငယ်တဦး အပြင်းထန် ဒဏ်ရာရ

FBR Reports_ Burma Army Mortars, Captures Villagers in the Midst of Continued Attacks in Northern Karen State

FBR Reports_ Burma Army Mortars, Captures Villagers in the Midst of Continued Attacks in Northern Karen State
Reports_ Burma Army Mortars, Captures Villagers in the Midst of Continued Attacks in Northern Karen State