Saturday, October 31, 2009

ကေအဲန်အယ်လ်အေ၏ ဆွဲမိုင်းကြောင့် နအဖ ၇ဦး ထိခိုက်သေဆုံး

Submitted by Karen Information Center on October 31, 2009 – 12:43 amNo Comment.အောက်တိုဘာလ ၃၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ် ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေတွင် ယမန်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ဖွဲ့ဝင်များ၏ ဆွဲမိုင်းကြောင့် နအဖစစ်တပ် ခမရ ၂၀၈တပ်ရင်း၊ စစ်ကြောင်း (၁)မှ တပ်ဖွဲ့ဝင် ၄ဦး သေဆုံးပြီး ၃ဦးက အပြင်းအထန် ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု သတင်းရရှိသည်။

ကေအဲန်အယ်လ်အေ တပ်ရင်း (၂၂) ဒုတပ်ရင်းမှူး ဗိုလ်မှူးစောဒီ့ကွယ်က “မနေ့က မနက် ၆နာရီ မိနစ် ၅၀အချိန်မှာ နအဖ ခမရ ၂၀၈တပ်ရင်းမှ စစ်ကြောင်း(၁) လှုပ်ရှားရာ ကလေ့ဖိုးကလိုးနဲ့ ထီးတိုကော် ရွာစပ်ကြားမှာ ကျနော်တို့ တပ်ရင်း(၂၂) တပ်ဖွဲ့ဝင်တွေ ဆွဲမိုင်းနဲ့ သွားစောင့်ဆွဲခဲ့တယ်။ အဲဒီမှာ နအဖဘက်က ၄ယောက်ပွဲချင်းပြီး သေတယ်။ ၃ယောက်ဒဏ်ရာခဲ့တယ်။ ကျနော်တို့ဘက်က တယောက်မှ မထိဘူး”ဟု ပြောသည်။

အဆိုပါ တပ်အင်အား (၃၀)ကျော်ပါ ခမရ (၂၀၈)စစ်ကြောင်း(၁)သည် ကေအဲန်အယ်အေ၏ ဆွဲမိုင်းကို ခံခဲ့ရပြီးနောက် ကလေ့ဖိုးကလိုးရွာအတွင်းသို့ ပြန်ဝင်လာပြီး တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မတော် (ဒီကေဘီအေ) တပ်မဟာ ၉၉၉မှ တပ်ရင်း (၄)၊ (၇)တပ်ဖွဲ့တို့နှင့် ပူးပေါင်းကာ ထို ကျေးရွာအတွင်းရှိ ရွာသူရွာသားများ ရွာအပြင်သို့ လုံးဝမထွက်ရန် ဒီကနေ့မနက်အစောပိုင်းတွင် အမိန့် ထုတ်လိုက်သည်ဟု ဗိုလ်မှူးစောဒီ့ကွယ်က ဆက်ပြောသည်။

ယခုအချိန်တွင် စပါးရိတ်သိမ်းအချိန်ဖြစ်သည့်အလျောက် အချိန်ကန့်သတ်မှုမရှိဘဲ ယင်းကဲ့သို့ အမိန့်ထုတ်လိုက်သည့်အပေါ် စပါးရိတ်သိမ်းချိန်နှောင့်နှေးမှာကို ရွာသားများ စိုးရိမ်နေကြကြောင်း ရွာသား များ၏ ပြောဆိုချက်ကို စောဒီ့ကွယ်က ပြန်လည်ပြောဆိုသည်။

ကလေ့ဖိုးကလိုး ရွာတရွာတည်းသာ ပိတ်ပင်သည့်ကိစ္စနှင့်ပတ်သက်၍ ကေအဲန်ယူ တပ်မဟာ (၇)နယ် မြေအတွင်း လှုပ်ရှားနေသော ဒီကေဘီအေတပ်ဖွဲ့များကို ဆက်သွယ်မေးမြန်းရန် ကေအိုင်စီက အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်ရေး ဖြတ်တောက်ထားသည်။

အဆိုပါ နေရာသည် လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းတုန်းက နအဖစစ်တပ်နှင့် ဒီကေဘီအေ တပ်မဟာ (၃)ခုပူးပေါင်းကာ ကေအဲန်ယူကို ထိုးစစ်ဆင်ခဲ့ရာနယ်မြေများဖြစ်ပြီး ထိုးစစ်ကြောင့် ဒေသခံကရင်ရွာသား (၄,၀၀၀)ကျော် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်းယန်းမြို့နယ်သို့ ထွက်ပြေးခိုလှုံခဲ့ရသည်။

ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ ကေအဲန်အယ်လ်အေ နေရာအချို့ကို နအဖနှင့် ဒီကေဘီအေတို့ ပူးပေါင်းစစ်ဆင် သိမ်းပိုက်လိုက်သည့်နောက် ကေအဲန်အယ်လ်အေနှင့် ဒီကေဘီအေတို့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလျှက်ရှိသော်လည်း နအဖနှင့် ကေအဲန်အယ်လ်အေကြားတွင် ယခုတိုက်ပွဲသည် ပထမဦးဆုံးအကြိမ်ဖြစ်သည်။

ထိုတပ်မဟာ(၇)နယ်မြေတွင် ဒီကေဘီအေ တပ်မဟာ(၅၅၅)၊ (၉၉၉)လက်အောက်ခံ တပ်ရင်းများနှင့် နအဖစစ်တပ်မှ ခမရ (၂၀၈)တပ်ရင်းတို့ ပူးပေါင်းလှုပ်ရှားခဲ့သလို ကေအဲန်ယူ တပ်မဟာ (၇)လက်အောက်ခံ ကေအဲန်အယ်လ်အေ တပ်ရင်းများလည်း လှုပ်ရှားလျှက်ရှိသည်။

အလားတူ ဒီယနေ့မနက် ၁နာရီအချိန်တွင် ကေအဲန်ယူ တပ်မဟာ (၆)နယ်မြေ ဝေါ်လေအခြေစိုက် ကေအဲန်အယ်လ်အေ (၂၀၁)တပ်ရင်းနှင့် ဒီကေဘီအေ(၉၀၇)တပ်ရင်းတို့ကြား ၁၀မိနှစ်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဒီကေဘီအေဘက်က တပ်သားတဦး သေဆုံးကာ တပ်ခွဲမှူးတဦး ထိခိုက်ဒဏ်ရခဲ့ပြီး ကေအဲန်အယ်လ်အေဘက်တွင် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

KNU, DKBA Hold Armistice Talks

2009 October 30
tags: 2010 Election, BGF, Burma, DKBA Hold Armistice Talks, Junta, KNU, Myanmar, world focus on Burmaby peacerunningLeaders of the Karen National Union (KNU) and the Democratic Karen Buddhist Army (DKBA) held cease-fire talks on Oct 19 at an undisclosed location on the Thai-Burmese border, according to Karen sources from both sides.

It was the first time delegations from the armed groups have met since the DKBA split from the KNU in 1994 and then signed a cease-fire agreement with the Burmese military government.

Renowned fighter Maw Tho and leading Buddhist monk U Thuzana led the DKBA delegation, while the KNU was represented by its head of Pa-an District, Aung Maung Aye, and two high-ranking officers from its military wing, the Karen National Liberation Army (KNLA): Commander in Chief Gen Mutu Say Poe and Commander of KNLA Brigade 7 Brig-Gen Johnny, according to Karen news organization Kwekalu.

Aung Maung Aye was quoted by Kwekalu as saying: “U Thuzana met with us briefly. He brought with him a document and an inkpad to mark thumbprints to confirm a cease-fire agreement between the KNU and DKBA. However, we didn’t sign it as we thought the monk did not represent the entire DKBA.

“He suddenly stood up and left, so we did not get a chance to discuss what we had come to talk about,” Aung Maung Aye reportedly said. The Irrawaddy could not independently confirm whether there was a misunderstanding or a dispute between the KNU delegation and U Thuzana.

The meeting between the delegations reportedly lasted 30 minutes and talks mainly focused on a statement previously released by U Thuzana urging the DKBA and KNU to cease fighting, according to a source close to the DKBA.

“The DKBA and the KNU agreed to further talks,” he said.

However, he noted, the most powerful man in the DKBA administration, Col Chit Thu, did not participate in the meeting.

Speaking to The Irrawaddy on Friday, the DKBA source said he believed that further negotiations between the two Karen groups is uncertain, because all battalions belonging to the DKBA are obliged to confirm their participation in the junta’s border guard force plan by Oct. 31.

Some sources said rumors had spread that U Thuzana was warned by Burmese officials following the talks. Other sources, however, doubted the rumor and said it was more likely that the Burmese military authorities were, in fact, behind the talks.

Despite the proximity of the deadline for agreeing to the border guard plan, several DKBA units are allegedly in dispute with the leadership and do not want to join a force that will be dominated by Burmese military commanders.

More than 100 members of the DKBA and another splinter group, the Karen Peace Force, have defected to the KNLA since June, according to Karen sources.

Meanwhile, another Karen breakaway group, the KNU/KNLA Peace Council, released a statement on Oct. 20 saying they had rejected the junta’s border guard force order.

“We believe that accepting military programs [border guard force role] will only continue the confusion, fear and never-ending conflict resulting in disruption to the democratic process for the year 2010,” the statement said.

Friday, October 30, 2009

2009-10-29-media-release- Rising Instability in Eastern Burma.

2009-10-29-media-release- Rising Instability in Eastern Burma.
2009-10-29-media-release- Rising Instability in Eastern Burma.

TBBC’s latest IDP report: Protracted Displacement and Militarisation in Eastern Burma

TBBC’s latest IDP report: Protracted Displacement and Militarisation in Eastern Burma
TBBC's latest IDP report: Protracted Displacement and Militarisation in Eastern Burma

BURMA_ Use of Torture in Ordinary Criminal Cases

BURMA_ Use of Torture in Ordinary Criminal Cases

နအဖ ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ ကရင်ငြိမ်းချမ်းရေးကောင်စီ လက်မခံ

Submitted by Karen Information Center on October 29, 2009 – 3:33 amNo Comment.အောက်တိုဘာ ၂၉ရက်။ နန်းထူးစံ (ကေအိုင်စီ)
နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးအတွက် နအဖ စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံမည်မဟုတ်ကြောင်း ကေအဲန်ယူ/ ကေအဲန်အယ်လ်အေ-ငြိမ်းချမ်းရေးကောင်စီအဖွဲ့က အောက်တိုဘာ (၂၀)ရက်နေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။
နအဖ ဗိုလ်ချုပ်ရဲမြင့်နှင့် ဗိုလ်ချုပ်ခင်ဇော်တို့ ဦးစီးသော အထက်တန်းအရာရှိ (၂၀)ဦးတို့သည် ဗိုလ်မှူးချုပ်စောဌေးမောင် ခေါင်းဆောင် သော ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို တပ်အသွင်ပြောင်းရေးကိစ္စ လက်ခံရန်အတွက် ကရင်ပြည် နယ်၊ ဖားအံမြို့တွင် အောက်တိုဘာ ၁ရက်နေ့က လာရောက်တွေ့ဆုံကာ ကမ်းလှမ်းခဲ့သည်ကို လက်မခံနိုင်ကြောင်း ထိုကြေညာချက် တွင် ဖော်ပြထားသည်။

ငြိမ်းချမ်းရေးကောင်စီအနေဖြင့် ထိုသို့ နအဖ၏ ကမ်းလှမ်းချက်ကို လက်မခံနိုင်ခြင်းမှာ ကရင်လူထုအနေဖြင့် ကရင်တပ်ဖွဲ့ဝင်များကို မြန်မာတပ်များ၏ သြဇာခံအဖြစ် မလိုလားသည်ကတကြောင်း၊ တိုင်းရင်းသား အခွင့်အရေးများကို ဝါးမျိုရေးဟု အဓိပ္ပါယ်ဆောင်သည့် ထိုဒီမိုကရေစီ ကျင့်သုံးမှု အခန်းကဏ္ဍများကို အယုံအကြည် မရှိသည်ကတကြောင်းနှင့် စစ်တပ်အုပ်ထိန်းမှုသည် မပြီးဆုံးနိုင်သည့် ရှုတ်ထွေးမှု ပဋိပက္ခများဖြစ်လာနိုင်ပြီး ၂၀၁၀ ဒီမိုကရက်တစ်လုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေနိုင်သည်ဟု ၎င်းတို့အနေဖြင့် ယုံ ကြည်ထားသည့်အတွက်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ဗိုလ်ချုပ်ရဲမြင့်၏ ထိုကမ်းလှမ်းချက်ကို လက်ခံလိုက်မည်ဆိုပါက ကရင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ၊ အချင်းချင်း သတ်ဖြတ်မှု များ ပို၍ ဖြစ်ပွားလာမည်ဖြစ်ပြီး ဒီကေဘီအေတပ်ဖွဲ့သည် နအဖ၏ အဆိုပြုချက်ကို သဘောတူလက်ခံလိုက်ပြီးနောက် နယ်ခြား စောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်အောက်တွင် ကရင်ပြည်သူလူထုများအပေါ် အကြမ်းဖက်မှုများ၊ စစ်ပွဲများ ပိုမိုကျင့်သုံးလာရာ ယခုလက်ရှိ ကရင်ပြည်နယ် တပ်မဟာ ၁၊ ၂၊ ၃နှင့် ၅နယ်မြေအတွင်း သတ်ဖြတ်ခံရသည့် ကရင်လူထုများမှာ သက်သေအဖြစ် ထင် ရှားလျှက်ရှိသည်ဟု ဆိုသည်။

၎င်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဒီကေဘီအေ အဖွဲ့ဝင်တဦးက “ဒီကေဘီအေအဖွဲ့ဟာ စစ်အစိုးရနဲ့ ပူးပေါင်းပြီး ကေအဲန်ယူကို ဆန့် ကျင်နေပေမယ့်လည်း ကျနော်တို့လုပ်တာ ကရင်လူထုတွေအတွက်ပါ။ အများကြီး မလုပ်နိုင်သော်လည်း လက်လှမ်းမီတဲ့နေရာတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကျနော်တို့ ကြိုးစားလုပ်ဆောင်နေပါတယ်။ အချင်းချင်း တိုက်ပွဲဖြစ်တာ ကျနော်လည်း မလိုလားပါဘူး”ဟု ကေ အိုင်စီကို ပြောသည်။

စစ်အစိုးရအနေဖြင့် လက်ရှိဖြစ်ပွားလျက်ရှိသော မြန်မာနိုင်ငံ၏ ပြည်တွင်းရေးပြဿနာသည် စစ်ရေးနည်းဖြင့် မဖြေရှင်းနိုင်ဘဲ အများယုံ ကြည်မှုအတိုင်း ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေးရေးနည်းဖြင့် အဖြေရှာရန် လိုအပ်ပေသည်ဟု ကေအဲန်ယူ/ ကေအဲန်အယ်လ်အေ ငြိမ်း ချမ်းရေးကောင်စီက စစ်အစိုးရအား တိုက်တွန်းထားသည်၊

ငြိမ်းချမ်းရေးကောင်စီ၏ ထုတ်ပြန်ချက်အပေါ် ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောဒေါ့လေးမူက “အဲဒီလိုမျိုးပဲ ဖြစ်သင့်ပါ တယ်။ နအဖက သူ့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့အတွက် အပစ်ရပ်တဲ့ တိုင်းရင်းသားတွေကို သူတို့တပ်အောက်မှာ လိုက်သိမ်း သွင်းတာ လူတိုင်းအသိပဲ။ အခုလို ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က နအဖရဲ့ကမ်းလှမ်းချက်ကို လက်မခံနိုင်ဘူးဆိုတာကို ကျနော်တို့ က ကြိုဆိုပေမယ့် သူတို့အပေါ် တမျိုးတဖုံ အကြပ်ကိုင် ဖိအားပေးလာနိုင်တယ်”ဟု ကေအိုင်စီကို ပြောသည်။

နအဖသည် နယ်ခြားစောင့်တပ်နှင့် ပတ်သက်၍ ပြီးခဲ့သည့်မေလက အလားတူ ကမ်းလှမ်းခဲ့ဖူးသော်လည်း ငြိမ်းချမ်းရေးကောင်စီအနေ ဖြင့် နအဖ၏ တပ်အသွင်ပြောင်းရေးအစီအစဉ်ကို လက်မခံဘဲ ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီး၏ မူ (၄)ချက်ကို ဆုပ် ကိုင်ထားကာ ကရင်ပြည်သူများအတွက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဗိုလ်မှူးချုပ်စောဌေးမောင် ခေါင်းဆောင်သော ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့သည် ၂၀၀၇ခုနှစ် ဖေဖော် ၀ါရီ (၁၁)ရက်နေ့က ကေအဲန်ယူမှ ခွဲထွက်ကာ နအဖ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ဖားအံခရိုင်၊ ထို့ကော်ကိုးကျေးရွာတွင် အခြေ စိုက်လျှက်ရှိသည်။

KHRG:Living conditions for displaced villagers and ongoing abuses in Tenasserim Division

KHRG:Living conditions for displaced villagers and ongoing abuses in Tenasserim Division
KHRG:Living conditions for displaced villagers and ongoing abuses in Tenasserim Division

Thursday, October 29, 2009

ဗုံးခွဲသူ ဒီကေဘီအေ အရာရှိကို ဖမ်းဆီးရမိ

Thursday, October 29, 2009

ခွန်အောင်မြတ်။
အောက်တိုဘာလ ၂၈ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်းမြန်မာ နယ်စပ် မြ၀တီမြို့တွင် လက်ပစ်ဗုံးခွဲပြီး ထွက်ပြေးတိမ်း ရှောင်နေသည့် တိုးတက်သော ကရင်ဗုဒ္ဓဘာ သာ တပ်မတော် (ဒီကေဘီအေ) အရာရှိအား ရဲတပ်ဖွဲ့နှင့် ဒီကေဘီအေတို့က ပူးပေါင်း ဖမ်းဆီးလိုက်သည်။

ဒီကေဘီအေ အရာရှိတဦးက “၂၆ ရက်နေ့တုန်းက ပြန်ဖမ်းမိထားတယ်။ ဒီကေဘီအေနဲ့ ရဲနဲ့ ၀ိုင်းပြီး တော့ ဖမ်းတာ။ စစ်ဆေးနေတုန်းပဲ မြ၀တီမြို့ထဲမှာပဲ။” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၄ ရက် စနေနေ့၌ မြ၀တီမြို့ ရပ်ကွက်(၃)ရှိ နေအိမ်တအိမ်တွင် ဒီကေဘီအေ အရာရှိတဦးဖြစ်သည့် ဗိုလ်တင့်လွင်သည် ၎င်း၏ အဆက်အမျိုးသမီးထံသို့ သွားလည်စဉ် လက်ပစ်ဗုံးစနစ်တံဖြုတ်ရာမှ ပေါက်ကွဲမှုဖြစ် ပွားခဲ့သည်။

ဖြစ်ပွားပုံနှင့်ပတ်သက်ပြီး အမည်မဖော်လိုသူ ဒီကေဘီအေ အရာရှိတဦးက ယခုလိုပြောသည်။

“သူက ဒီကေဘီအေ (၉၀၇)ကတဲ့။ ဟိုးဝေါလေခီးမှာနေတဲ့ ကားပြင်ကားဝပ်ရှော့တယောက်ပါပဲ။ သူ က သူ့မယားငယ်အိမ်ကိုလာတယ်ဆိုပဲ။ မယားငယ်အိမ်ကိုလာပြီးတော့ သူ့လက်ပစ်ဗုံးပင်ကို ဖြုတ်ပြီး တော့ ရော်ဘာကွင်းနဲ့ ပြန်တပ်တာပေါ့။ ရော်ဘာကွင်းနဲ့ ပြန်တပ်တော့ ရော်ဘာကွင်း က ပြတ်ထွက် သွားတယ်။ ပေါက်သွားတော့ ဒီလူက ပစ်မယ့်နေရာမရှိတော့ အဲဒီ သူသွားလည်တဲ့ မြ၀တီမြို့ ထဲမှာရှိ တဲ့ တိုက်ခန်း တန်းလျားလေးတွေရှိတယ်လေ၊ အဲဒီတန်းလျားထဲမှာ သူပစ်သွားတော့ အဲဒီတန်းလျား ထဲမှာ ထိုင်နေတဲ့ လင်မယားနှစ်ယောက်က လင်ကတော့ ပွဲချင်း ပြီးသွားတယ်။ မယားကတော့ အပြင်း အထန်ဒဏ်ရာရသွားတယ်။”

ဗုံးပေါက်ကွဲပြီးနောက် ဗိုလ်တင့်လွင်က ၎င်းစီးလာသည့်ကားဖြင့် မောင်းပြေးသွားသည်။

ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူမှာ ကိုရခိုင်ခေါ် အောင်စိုး (၄၄) နှစ်ဖြစ်ပြီး ဇနီးဖြစ်သူ မအုန်းနှင့် တခြားအမျိုး သမီး တစ်ဦးတို့သည် ဒဏ်ရာပြင်းထန်စွာရရှိကာ ယခု မြ၀တီဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်။

ယခု ဗိုလ်တင့်လွင်အား ဒီကေဘီအေက မြ၀တီရဲစခန်းသို့ လွဲအပ်ထားပြီး စစ်ဆေးမှုပြုလုပ် နေသည်ဟု ယင်းအ ရာရှိက ပြောသည်။

“လူသေတဲ့အထိဆိုတော့ ထောင်ကတော့အနည်းဆုံး (၇)နှစ်၊ ၈နှစ်လောက်ကျမယ်။ ပုဒ် ၃၂၀ လူ သတ်မှု မဟုတ်ပေမယ့်လို့ လက်နက်ကို မရိုမသေ ကိုင်တွယ်မှု၊ နောက်ပြီး တာဝန်မဲ့ လက်နက်ကိုင် တွယ်မှု ဥဒေတော့ ရှိတာပေါ့။ ဒီကေဘီအေကနေပြီးတော့ ရဲဘက်ကို အပ်ပေးလိုက်ပြီလေ။ အဲဒီကိစ္စ က။”

ယခင်က ဒီကေဘီအေ ရဲဘော်၊ အရာရှိများက မူးယစ်ပြီး သေနတ်ပစ်ဖောက်သဖြင့် သာမန်အရပ်သားများကို ထိ ခိုက်ဒဏ်ရာရှိမှု ရှိခဲ့ဖူးသော်လည်း အရေးယူမှု မရှိခဲ့ကြောင်း၊ ယခု ဖမ်းဆီးအရေးယူမှုသည် ပထမဆုံး အကြိမ်ဖြစ် ကြောင်း ၎င်းက ပြောသည်။
သတင်းနှင့်မီဒီယာ ကွန်ယက်မှကူးယူဖေါ်ပြသည်။

28.10.09(information)

28.10.09(information)
28.10.09(information)

Information) 27.10.

Information) 27.10.

The raid on the homes of 10 leaders of the Karen National Union (KNU) by Thai security forces in the border town of Mae Sot on Tuesday came

The raid on the homes of 10 leaders of the Karen National Union (KNU) by Thai security forces in the border town of Mae Sot on Tuesday came just one month after a previous crackdown against Burmese opposition groups in Chiang Mai.
2009 October 28
tags: Burma, Human Rights, Junta, KNLA, KNU, Myanmar, Thailand, world focus on Burmaby peacerunningBurmese Dissidents Worry about Thai Crackdown
Thai soldiers and police entered the homes and offices of more than 10 leaders of the KNU and its military wing, the Karen National Liberation Army (KNLA), around 6 a.m. On Tuesday morning.

The wife of Col Ner Dah Mya, the son of late KNU leader Gen Bo Mya, was detained after police found material for making explosives at her house.

In September, Thai police raided the offices of several exiled Burmese opposition groups in Chiang Mai including the Human Rights Education Institute of Burma, the Burmese Women’s Union and the National Health and Education Committee, and detained 10 Burmese women for several days.

Since early this year, the pressure on Thai-based Burmese dissidents has been more active. Sources in Bangkok say the Burmese Embassy staff is taking photographs of Burmese activists in demonstrations and at other functions.

During the September crackdown in Chiang Mai, Thai police arrived with detailed information, maps and photographs of the locations of Burmese activists’ offices.

Win Min, a Chiang Mai-based analyst of Burma affairs, said a Burmese military attaché in Bangkok may have played a role in requesting Thai security officials to harass Burmese opposition groups in exile.

However, observers said the recent Mae Sot raid may be the Thai authorities’ way to underscore their informal order in February 2009, which warned KNU military leaders not to orchestrate any activities from Thai territory against the Burmese government and to leave Thailand.

Since then Thai military authorities have increased their pressure. Thai officials told KNU leaders that they must now obtain permission whenever they wanted to enter Mae Sot.

Htay Aung, a Burmese researcher with the Network for Democracy and Development in exile, noted that the KNU is the strongest ethnic armed group never to have signed a ceasefire agreement with the Burmese dictatorship.

The regime sees the KNU as a potent symbol of opposition groups and for that reason, would like it eliminated, said Htay Aung.

Previously, the Burmese junta asked Thai military officials to encourage the KNU and Shan State Army-South (SSA-South) to enter into cease-fire talks.

In return, at the 15th Asean Summit in Cha-Am, Thailand, which ended on Sunday, the Burmese Prime Minister Thein Sein told Thai Prime Minister Abhisit Vejjajiva that Burma would not allow anyone to use Burmese territory to attack Thailand.

According to an article on www.manager.co.th on Wednesday, the Burmese regime plans to purge ethnic minority armed forces such as KNU, the Karen National Progressive Party (KNPP) and the Shan State Army – South (SSA -S) before the general election in 2010.

The report said that junta No 1 Snr-Gen Than Shwe instructed junta No 2 Gen Maung Aye to clean up the ethnic armed groups.

KNLA Col Ner Dah Mya, the son of the late KNU chairman Bo Mya, is a main target of the planned offensive, according to the article.

Meanwhile Thai-Burmese border-based activists say that more pressure on Burmese opposition groups based in Thailand is to be expected.
http://www.irrawaddymedia.com/article.php?art_id=17087

KNU/KNLA Peace Council Statement

2009 October 28
On the 1st of October 2009 at 12:00 pm in the afternoon, Lt Gen Ye Myit and Lt Gen Khin Zaw together with 20 high ranking officers met with the Chairman of the KNU/KNLA Peace Council Gen Htay Maung and his high ranking military Karen officers at Hpa-An.
Gen Ye Myit is putting pressure on the Karen to accept his proposal of the Border Guard Force. This is similar to last May, when they presented the same approach to the KNU/KNLA Peace Council (PC) for them to accept the same said proposal before the scheduled election of 2010. Ye Myit said that if the Karen would accept his proposal of becoming part of the Border Guard Force then when the democratic government comes into power the KNU/KNLA PC will not be left out nor branded as an illegal armed force. The KNU/KNLA PC clarified that we will not accept the proposal of becoming part of the Border Guard Force as Ye Myit proposed. This is based on 3 main reasons as follows:

1. All Karen citizens do not accept Karen forces to become instruments of Burmese armed forces as this would result in creating more violence and oppression towards our own Karen civilians. In the past, having experienced nearly 60 years of conflict, our Karen people have had enough of the violence enacted on them. These acts are still fresh in the memories of all Karen. Recent evidence shows that even now the DKBA Karen troops who have accepted the Border Guard Force program under the Burmese Army, have brought conflict and war rather than peace to so many Karen villages today causing Karen to kill Karen as is evident in the 1st , 2nd, 3rd and 5th brigade areas at this present time. Many Karen have requested the KNU/ KNLA PC not to be enticed to accept such programs.

2. We do not believe in using democracy issues as a means to swallow up all the ethnic rights and peace forces including that of the KNU/KNLA PC Peace Forces, to come under the program of the Border Guard Force. Democracy issues and the Burmese military program are two separate issues which cannot be used by either one to support the other. These different issues cannot be resolved by commands and orders but need time to be discussed in a manner of peaceful dialogue and in mutual trust, together with all the indigenous ethnic leaders and before an accredited third party. The aim of this dialogue is to bring long- term peace and equality within all the ethnic states and in relation to the nature of the landscape and country itself, which is historically owned by the different ethnic groups within Burma. We are diverse ethnicities, but we can be one nation based on sincerity and truthfulness towards one another in a union spirit.

3. The KNU/KNLA PC will continually maintain peace and development in the interests of all Karen and the people of Burma as a whole. The KNU/KNLA PC recognize and support the desire expressed by Senior Generals Than Shwe and Maung Aye to see a peaceful transition to democracy. We believe that accepting military programs will only continue the confusion, fear, and never-ending conflict resulting in disruption to the democratic process for the year 2010.

The Karen and all other ethnic states, need peace and development based on equality and the rights of all ethnic states to live in peace and harmony, working together with all governments to move towards the future development of Burma which will bring prosperity that is secure for all citizens within the nation.
The KNU/KNLA PC is also aware that in denying Ye Myit’s proposal this brings a risk of repeating the history of threat and violence towards the KNU/KNLA PC itself and many of our local Karen. But we will not waver in our stand for long-term peace. Even though we are now facing difficulties such as the cutting of food provisions, freedom to travel as well as blocking the rights of the KNU/KNLA PC to develop for the benefit of our own people, we are determined to stand continually for the peace and development of our people.
We would like to give assurance to all Karen that no matter how tough the situation which we are going through up front, we will never betray the will of our people and will always stand for unity, freedom and prosperity for all Karen and will continually uphold the 4 principles of Saw Ba U Gyi to secure the future of all Karen and including the entire nation of Burma.

May God bless you and be with you all.

Last Updated ( Wednesday, 28 October 2009 02:07 )
http://www.karenunited.com/index.php?option=com_content&view=article&id=111:2009-10-28-01-27-17&catid=1:news&Itemid=2

Wednesday, October 28, 2009

ကရင်ခေါင်းဆောင်နေရာများကို ထိုင်းအာဏာပိုင်များ ရှောင်တခင် စစ်ဆေး

အောက်တိုဘာလ ၂၇ရက်။ ကေအိုင်စီ

နအဖ စစ်အစိုးရကို တော်လှန်နေသည့် ကရင်ခေါင်းဆောင်များ နေထိုင်ခဲ့သည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ နေရာအ ချို့ကို ထိုင်းအာဏာပိုင်များက ယနေ့နံနက်စောစောပိုင်းတွင် ရှောင်တခင် ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုင်းစစ်တပ်၊ ရဲနှင့် သာမန်အ၀တ်အစားများ ၀တ်ဆင်ထားသည့် အဖွဲ့ပေါင်းစုံက အာဏာပိုင်များသည် ကေအဲန်ယူ ထိပ်ပိုင်း ခေါင်းဆောင်များ နေထိုင်ခဲ့သည့်နေအိမ်များသို့ စစ်ဆေးခွင့် စာရွက်စာတမ်းများဖြင့် လာရောက်မေးမြန်းစစ်ဆေးကာ မှတ် တမ်းဓာတ်ပုံများ ရိုက်ယူခဲ့သည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမည်မဖော်လိုသူ မိသားစုဝင်တဦးက ပြောသည်။

“လာတာကတော့ အများကြီးပဲ။ အနည်းဆုံး ဆယ်ယောက်ကျော်တယ်။ မနက်အစောကြီး ၆နာရီမှာ အိမ်တံခါးကို လာခေါက် နိုးတယ်။ ပြီးတော့ အိမ်ထဲမ၀င်ဘဲ အိမ်ပေါက်ဝကနေပဲ ကျမအဖေ၊ အမေတွေကို မေးတယ်။ ဘယ်သွားလဲ။ ဘယ်နှစ်ယောက် နေလဲ စသဖြင့်ပေါ့။ နောက်ပြီး ကျမနဲ့ အိမ်ရှေ့တ၀ိုက်ကို ဓာတ်ပုံရိုက်ယူသွားတယ်”ဟု ဆိုသည်။

၎င်းတို့အနေဖြင့် ယခုလို လာရောက်မေးမြန်းရခြင်းမှာ ထိုင်းနိုင်ငံတွင်း ထိုင်းဥပဒေနှင့် ညှိစွန်းသည့် တရားမ၀င် ပစ္စည်းများ သို လှောင်သိမ်းဆည်းထားခြင်း ရှိမရှိကို လာရောက်စစ်ဆေးခြင်းဖြစ်သည်ဟု ပြောဆိုသွားကြောင်း သိရသည်။

ယင်းသို့ လာရောက်စစ်ဆေးရာတွင် များသောအားဖြင့် ကေအဲန်ယူ ခေါင်းဆောင်များ နေထိုင်နေခဲ့သည့်အိမ်များ ဖြစ်သော် လည်း မည်သည့်ကေအဲန်ယူခေါင်းဆောင် တဦးတယောက်ကိုမျှ တိုက်ရိုက်ဆုံတွေ့ခဲ့ခြင်း မရှိပေ။

ယခုလို ထိုင်းအာဏာပိုင်များ၏ ရှောင်တခင် ၀င်ရောက်စစ်ဆေးမှုမှာ ထိုင်းနိုင်ငံ အစိုးရအပေါ် မြန်မာစစ်အစိုးရ၏ ဖိအားပေးမှု တခုလည်း ဖြစ်နိုင်ကြောင်း မြန်မာအတိုက်အခံ အဖွဲ့ဝင်များနှင့် နယ်စပ်အခြေအနေ စောင့်ကြည့်လေ့လာသူများက ဝေဖန်ပြော ဆိုနေကြသည်။

ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “ဒီလိုဝင်ရောက်စစ်ဆေးတာကလည်း ကျနော်သိရသလောက် နအဖရဲ့ ဖိအားပေးမှု မဖြစ်ဘူးလို့လည်း မပြောနိုင်ဘူး။ တကယ်လို့ ဥပဒေနဲ့ မညီညွှတ်တာတွေ့ရင်တော့ သူတို့အနေနဲ့ အရေး ယူသွားနိုင်တာပေါ့”ဟု ဆိုသည်။

ယခုလို ကေအဲန်ယူခေါင်းဆောင်များ နေထိုင်သည့်နေရာများကို ထိုင်းအာဏာပိုင်များ ၀င်ရောက်စစ်ဆေးမှုမှာ ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုမန်းရှာလားဖန်း လုပ်ကြံခံရသည့် ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ နောက်ပိုင်းက လည်း တကြိမ် ရှိခဲ့ဘူးသည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း ချင်းမိုင်အခြေစိုက် မြန်မာအဖွဲ့အစည်းများနှင့် သတင်းဌာန ရုံးအချို့ကို ထိုင်းအာဏာပိုင် များက ၀င်ရောက်ရှာဖွေသွားခဲ့သေးသည်။

ဒီကေဘီအေ ဘာလဲ




စောဗေလုဝ (သနူးထူးဂျာနယ်၊ သြဂုတ် ၂၀၀၉ မှ … )
နအဖ နိုင်ငံခြားရေး ၀န်ကြီးမှပြောသော ၂၀၀၉ ဇွန်လအတွင်း ကရင်ပြည်နယ်ထိုးစစ်တွင် နအဖမှ လုံးဝ

မပါဝင်ခဲ့ပါဆိုသည့် အဓိပ္ပါယ်ကို မြင်ကြည့်ခြင်း

၂၀၀၉ ခုနှစ် ဇွန်လဆန်းပိုင်းတွင် ကရင်ပြည်နယ် ကေအဲန်ယူ ထိန်းချုပ်ရာ တပ်မဟာ (၇) ဘားအံခရိုင်အတွင်း နယ်မြေ စိုးမိုးရေးအတွက် နအဖနှင့် ဒီကေဘီအေ တို့မှ ပူးတွဲ စစ်ဆင်ရေးတခု ထိုးစစ်ဆင် တိုက် ခိုက်ခဲ့သည်။
ကရင်ပြည်နယ်အတွင်း ထိုကဲ့သို့ မိုးရာ သီ ထိုးစစ်ကြောင့် ကျေးရွာ (၂၀) နီးပါးခန့်ရှိ တောင်ပေါ် ဒေသနေ ကရင်လူမျိုးများသည် စစ်ပွဲကြောင့် ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ထွက်ပြေး ရောက်ရှိလာကြသည်၊
စစ်ပွဲကိုကြောက်၍ ထွက်ပြေးလာသော ကရင်လူမျိုး ဒုက္ခသည် ရွာသူရွာသားများမှာ ထိုင်းနိုင်ငံဖက်ခြမ်းရှိ နယ်စပ်မြို့ဖြစ်သော မဲတန် (တပ်ဆောင်ရမ်း) မြို့နယ်အတွင်းရှိ မဲ့အူစူကျေးရွာ (အူးသူထ) တွင် လူဦးရေ (၅၀၀) ကျော်။ နိုဘိုးကျေးရွာ။ မဲတရိကျေးရွာ။ မဲ့တရိနွဲ့ (ကလေထ) နှင့် မဲသဝေါ ကျေးရွာ များတွင် အိမ်ထောင်စုပေါင်း (၅၀၀) ကျော်။ လူဦးရေ (၃၅၀၀) ခန့်တို့ ထွက်ပြေး လာခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

ကရင်ဒုက္ခသည် ကရင်လူမျိုး ပြည်သူလူထုများမှ ထိုင်းနိုင်ငံသို့ ထွက်ပြေး ရောက်ရှိလာသည်ကို မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဌာနမှ ထိုသူများသည် ဒုက္ခသည် မဟုတ်ကြောင်း၊ ထိုသူများသည် ကေအဲန်ယူ၏ မိသားစုများ ဖြစ်ကြောင်း၊ ယခု စစ်ဆင်သည့် နေရာသည် ကျေးရွာများ လုံးဝ မရှိသော တောကြီးဖြစ် ကြောင်းနှင့် ယခုစစ်ဆင်ရေးသည် ဒီကေဘီအေနှင့် ကေအဲန်ယူတို့၏

နယ်မြေလုပွဲ တိုက်ပွဲ ဖြစ်ကြောင်း၊ မိမိတို့ ဗမာ့တပ်မတော် အနေနှင့် လုံးဝ ပါဝင်ပတ်သတ်ခြင်း မရှိကြောင်း မြန်မာစစ်အစိုးရ၏ ဇွန်လ(၁၃) ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဥရောပသမဂ္ဂ ဥက္ကဌ၏ ထုတ်ပြန်ချက်ကို ပြန်လည် ငြင်းဆိုထားသည်ကို တွေ့ရသည်။

ဥရောပသမဂ္ဂ၏ သတင်းအချက်အ လက်များသည်လည်း သောင်းကျန်းသူ သူပုန်များ ထံမှရယူသော အခြေအမြစ် မရှိသည့် သတင်းဖြစ်သည်ဟု စွပ်စွဲထားပြန်သည်။


ဇွန်လ (၁၃) ရက်နေ့တွင် တပ်မဟာ (၇) ၌ ရင်ဆိုင်တိုက်ပွဲ အကြီးအကျယ် ဖြစ်ပြီးနောက် ကေအဲန်အယ်လ်အေမှ ခံစစ်သေ မထားရှိတော့ဘဲ ပျောက်ကျားစစ်ကို ပြောင်း လဲလိုက်ပြီးနောက် တပ်မဟာ(၇)၏ ထိန်းချုပ်ရာ နယ်မြေများကို ဒီကေဘီအေတို့မှ ၀င်ရောက် နေရာယူထား လိုက်သည်ကို တွေ့ရမည် ဖြစ်သည်။

ကေအဲန်ယူ တပ်မဟာ (၇) နယ်မြေကို ဒီကေဘီအေတို့မှ ရရှိ နေရာယူသည့်အပေါ် အဖွဲ့အစည်း သတ်မှတ်ချက် အမှတ်အသား တခုခုကို စိုက်ထူလွှင့်တင်လေ့ ရှိသည်။ ထိုသို့ စိုက်ထူ လွှင့်တင်ရာတွင် ဒီကေဘီအေများသည် ကရင်အမျိုးသား ဖြစ်သည့်အလျှောက် ကရင်အမျိုးသား အလံတော်ကို လွှင့်ထူရမည် ဖြစ်သည်။ ဒီကေဘီအေ စတင်ဖြစ်ပေါ် ခဲ့စဉ် ကတည်းက ကရင်ပြည်နယ် တခုလုံးကို ဒီကေဘီအေများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးမည်ဟု အာမခံကတိစကား ဆိုခဲ့သည်ကို မှတ်တမ်းအရ သိရှိနိုင်ပါသည်။
ယခုလက်ရှိအချိန်တွင် ကေအဲန်ယူ တပ်မဟာ (၇) ဌာနချုပ် နယ်မြေတွင် မြန်မာစစ် အစိုးရအလံအား စိုက်ထူထားသည်ကို တွေ့ရသည် ဖြစ်သည့်အတွက် နအဖ ပြောသော ယခု စစ်ဆင်ရေးတွင် ဗမာ့တပ်မတော်မှ လုံးဝ မပါဝင်ပါ ဆိုသော အချက်ကို လုံးဝ သံသယ ဖြစ်မိပါသည်။

အကယ်၍ ဒီကေဘီအေ မှ ဗမာ့တပ်မတော် မပါဘဲ မြန်မာစစ်အစိုးရ အလံအား တင်ခဲ့သည်ဆိုသော် ဒီကေဘီအေအား ဘယ်လို အဖွဲ့အစည်း ဘယ်လို တပ်မတော်ဟု သတ်မှတ်ပါမည်နည်း။
ဒီကေဘီအေသည် ကရင်လူမျိုး၏ အမျိုးသားရေးကို တကယ် ဆောင်ရွက်ခဲ့သည် ရှိသော် လက်ရှိ တိုက်ပွဲဝင်ခဲ့သော နယ်မြေ ဒေသကို ထိန်းချုပ်နိုင်ပါက (ဗမာ့တပ်မတော် လုံးဝ မပါဝင်ပါက) လွှင့်ထူရမည့် အလံတော် မှာ ကရင်အမျိုးသား အလံတော်သာ ဖြစ်ရ မည်ဟု သုံးသပ်မိသည်။

လက်ရှိတွင် မြန်မာစစ်အစိုးရ၏ အလံကို လွှင့်ထူခြင်းအားဖြင့် ဒီကေဘီအေသည် အမျိုး ဘာသာ သာသနာကို ဦးထိပ် ဆောင် ရွက်သော အဖွဲ့ မဟုတ်ကြောင်း၊ ကရင်အမျိုးသားရေးအတွက် ဆောင်ရွက်သော အဖွဲ့အစည်း မဟုတ်ကြောင်း ပို၍ ပေါ်လွင်စေပါ သည်။

ထိုသို့ မဟုတ်ပါက ယခု စစ်ဆင်ရေးတွင် ဗမာ့တပ်မတော်သည် မည်သည့်အခန်းကဏ္ဍမျှ လုံးဝ ပါဝင်ခဲ့မှု မရှိသည်ကို ယုံရခက်ခက် ဖြစ်မိပါသည်။
ဒါမှမဟုတ် ဒီကေဘီအေသည် ဒီကေဘီအေ မဟုတ်တော့ဘဲ ဗမာ့တပ်မတော် လုံးလုံး ဖြစ်နေသည်ဟု သတ်မှတ်ရမည် ဖြစ်သည်။
ထို့ကြောင့် ၂၀၀၉ ခုနှစ် ဇွန်လဆန်းပိုင်း မှစ၍ ကေအဲန်ယူ တပ်မဟာ (၇) ဘားအံခရိုင် အတွင်း ထိုးစစ်ဆင်ခဲ့သော မိုးတွင်းစစ်ဆင်ရေးသည် ဒီကေဘီအေနှင့် ကေအဲန်ယူတို့၏ နယ်မြေလုပွဲသာ ဖြစ်ကြောင်း၊ ထို ထိုးစစ်တွင် ဗမာ့တပ်မတော်သည် မည်သည့် အခန်းကဏ္ဍမှ လုံးဝ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိပါ ဆိုသော အဓိပ္ပါယ်ကို မည်သူတွေက မည်သို့ အဓိပ္ပါယ် ဖွင့်ဆိုမလဲ ဆိုတာကိုဘဲ သိချင်နေမိပါတော့ သည်။

စောဗေလုဝ

(သနူးထူးဂျာနယ်၊ သြဂုတ် ၂၀၀၉ မှ … )

Thai Security Raids Homes of Karen Leaders

2009 October 27
tags: Burma, Human Rights, Junta, KNU, Thailandby peacerunningThai soldiers and police entered the homes and offices of more than 10 leaders of the Karen National Union (KNU) and its military wing, the Karen National Liberation Army (KNLA), around 6 a.m. On Tuesday morning, a KNU source said.

Wife of Col Ner Dah Mya, the son of late KNU leader Gen Bo Mya, has been detained after police found powder for making explosives at his house, KNU sources said.

The purpose of the raids is not clear and The Irrawaddy has been unable to get independent confirmation.

Leaders whose homes were raided included: Gen Tamla Baw, the chairman of the KNU; Zipporah Sein, the general secretary of the KNU, and Saw David Takabaw, the vice-president of the KNU.

The Thai officers were looking for ammunition but found nothing at the homes of the other KNU and KNLA leaders, who were not arrested, sources said.

Many exiled community and political organizations’ offices and migrant schools in Mae Sot are closed for security reasons. Rumors circulating in Mae Sot suggest more raids will occur.

Observers said Thai authorities have stepped up pressure on KNU and KNLA leaders since early this year.

Burmese exiled leaders in Mae Sot predict that Mae Sot’s security conditions will worsen and become more dangerous after the Burmese military-sponsored 2010 election.

An exiled Burmese leader said the junta’s Karen allies that split from the KNU—the Democratic Karen Buddhist Army and the KNU/KNLA Peace Council—are working with the Burmese government’s Military Security Affairs to threaten opposition groups based in Mae Sot.

The KNLA has been fighting the Burmese government since 1948.

After junta forces captured their headquarters at Mannerplaw in Burma in 1995, the KNLA has attacked junta forces using small units based in temporary jungle camps in eastern Burma near the Thai-Burmese border.

In March, Thai authorities told KNU leaders not to engage in military activities while on Thai territory and ordered them to obtain permission when they wanted to enter Mae Sot.

At the 15th Asean Summit in Cha-Am in Thailand this weekend, Burmese Prime Minister Thein Sein told Thai Prime Minister Abhisit Vejjajiva that Burma will not allow anyone to use Burmese territory to attack Thailand.

DKBA troops dig for gold in Karen territory

2009 October 27
27, 2009 (DVB)–Around 700 troops from a pro-junta Karen militia have entered territory controlled by the opposition Karen National Union in eastern Burma, allegedly to mine for gold.

A senior official in the Karen National Union (KNU) said that 700 soldiers from the Democratic Karen Buddhist Army (DKBA) were in the Thaton and Hpapun districts of Karen state.
“Our reports said that they were planning to dig for gold at the Mae Wai creek located in our district,” said Hpapun district chair, Saw Htan Dal, adding that there had no movement of DKBA troops in the area after their arrival.
A DKBA official confirmed that the troops were in the area but rejected allegations that the group was planning to launch an attack on the KNU.
“They are there to do business but not to fight a war,” he said, adding that troops from various battalions are digging for gold in Hpapun district.
He said that troops entered the area on 21 October following permission from the Burmese government, and were carrying equipments for gold digging.
The DKBA allied itself with the government after splitting from the KNU in 1994, allegedly citing religious persecution by the KNU’s majority Christian members. Tension between the two groups has remained high since the Burmese army, supported by the DKBA, launched an offensive against the KNU in June this year and captured several strategically important bases.
Meanwhile, Burma’s mining minister, Ohn Myint, warned businessmen involved in the country’s gold industry last week to prevent fluctuations in gold prices, as soaring rates could lead to public unrest.
A Burmese businessman told DVB that the gold market in Burma had been quiet since the introduction of the 5,000 kyat ($US5) banknote at the beginning of October, which saw gold prices rise by nearly 20 percent. In last decade, gold prices have doubled.
“It’s partly true when [Ohn Myint] said we shouldn’t let the nation fall due to a public panic caused by soaring of gold prices,” said Burmese economist Khin Maung Nyo.
“But if you look from another side, you’ll see the gold price goes up because the nation is not in a stable state.”
Reporting by Naw Say Phaw and Khin Hnin Htet

26.10.09(information)

26.10.09(information)

26.10.09(information)

throw flag by Kwekalu Karen News

Kwekalu monthly vol12no8

Kwekalu monthly vol12no8

Tuesday, October 27, 2009

Summary+of+DKBA+Activities+1

Summary+of+DKBA+Activities+1
Summary+of+DKBA+Activities+1

လူငယ်များ၏ စကားလက်ဆောင်


(အောက်တိုဘာ ၂၀၀၉)

စောရေးနယာ ၂၃နှစ်
ဝါသနာ နိုင်ငံရေး
ပညာရေး အထက်တန်းလွန်ကျောင်း

ကျနော့်ဇာတိက တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ စီဂဲဒဲကျေးရွာပါ။ လက်ရှိမှာတော့ ကျနော့်တို့မိသားစု မယ်လအူးဒုက္ခသည် စခန်းမှာပဲ နေတယ်။ မောင်နှမ ၄ယောက်မှာ ကျနော်က အငယ်ဆုံး။ ပြည်တွင်းမှာ ၉တန်းအထိ ကျောင်းနေခဲ့ပေမဲ့ အစိုးရ ကျောင်းမဟုတ်ဘူး။ တောင်ငူခရိုင် တောထဲမှာဖွင့်တဲ့ ကော်သူးလေအထကကျောင်းမှာ တက်ခဲ့တယ်။ စစ်အစိုးရရဲ့ ဖိနှိပ်မှု အောက်မှာ ကျောင်းတက်ရင်း ပြေးလွှားရင်းပဲ။ ဒါပေမယ့် ပညာရေးဟာ ကျနော်တို့အတွက် အရေးကြီးတော့ ကျနော် တစက် ကလေးမှ စိတ်ဓါတ်မကျခဲ့ဘူး။ နအဖ စစ်အစိုးရတပ်လာရင် စာကောင်းကောင်း မသင်ရဘဲ မကြာခဏ ထွက်ပြေးတိမ်းရှောင်ရ တယ်။ သေဘေးက လွတ်မြောက်ဖို့ တောတောင်မှာ ထွက်ပြေးရင်း ထမင်းကို ဆားနဲ့နယ်စားခဲ့ရတဲ့ ဒုက္ခမျိုးကို ကျနော့်ဘ၀မှာ ဘယ်လိုမှ မေ့နိုင်မှာ မဟုတ်ဘူး။ ဒီလိုအခက်အခဲကြားမှ ရုန်းကန်ကြီးပြင်းခဲ့ရတဲ့ ကျနော်ဟာ မယ်လအူးစခန်းမှာ ဆယ်တန်း အောင်ခဲ့တယ်။ ကျနော်တို့နေခဲ့တဲ့ ပြည်တွင်းက ကျောင်းလေးဟာလည်း စစ်အစိုးရတပ်ကြောင့် အခုဆို မရှိတော့ဘူး။

(၁၀)တန်းအောင်ပြီးတဲ့နောက် ကျနော်က နိုင်ငံရေးစိတ်ဝင်စားတဲ့အခါကျတော့ စခန်းမှာဖွင့်တဲ့ ကရင်လူငယ်ခေါင်းဆောင်နဲ့ စီမံခန့်ခွဲမှုကျောင်း(Karen Youth Leadership and management Training Course)ကို တက်ဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ နဂို ကတည်းက စိတ်ပါ၊ မိဘတွေကလည်း သဘောတူတဲ့အခါကျတော့ အဲဒီကျောင်းမှာ ကျနော် ၂နှစ်တက်ခဲ့တယ်။ အတွေ့အကြုံ အများကြီးရတယ်။ အဲဒီ (Post Ten)ကျောင်းပြီးတော့ သူငယ်ချင်းတယောက်ရဲ့ အဆက်အသွယ်နဲ့ နိုင်ငံရေးသင်တန်းကို တက်ခွင့်ရခဲ့လို့ ကျနော် အရမ်းဝမ်းသာတယ်။ ကိုယ်သင်ထားတဲ့ပညာနဲ့ တနေ့နေ့ကျရင် ကျနော်တို့မြန်မာပြည်သူတွေအတွက် အကျိုးပြုနိုင်မယ်လို့ ယုံကြည်တယ်။ အထူးသဖြင့် ဒီသင်တန်းပြီးရင် တောင်ငူခရိုင်ဘက်ကို ပြန်ဆင်းပြီး ပြည်သူတွေကို နိုင်ငံ ရေးအမြင်နိုးကြားစေမဲ့ ပညာပေးမှုတွေလုပ်ဖို့ စိတ်အားထက်သန်တယ်။

ကျနော်နိုင်ငံဟာ မလွတ်လပ်သေးတော့ လုပ်စရာရှိတာ လုပ်သွားရမှာပဲ။ လုပ်ရင်း ငါးပိရည်နဲ့ ထမင်းစားရလည်း မမှုဘူး။ အဓိ က ကျနော်တို့ မျှော်မှန်းတဲ့ပန်းတိုင် ရောက်ဖို့ပဲ။ ရောက်မယ်လို့လည်း ယုံကြည်တယ်။ ဒီလိုလုပ်တဲ့အခါမှာ လူငယ်တွေရဲ့အင် အား အများကြီး လိုအပ်တယ်။ နောင်တချိန်မှာ လူကြီးဖြစ်လာမဲ့ လူငယ်တွေကို ကျနော်အထူးပြောချင်တာကတော့ “အောင် မြင်ကျော်ကြားတဲ့သူတွေဖြစ်ဖို့ မကြိုးစားပါနဲ့။ တန်ဖိုးရှိတဲ့လူ ဖြစ်အောင်ကြိုးစားပါလို့”တိုက်တွန်းချင်တယ်။



စောဖိုးထူး ၁၉နှစ်
ဝါသနာ နိုင်ငံရေး
ပညာရေး အထက်တန်းအောင်


ကျနော်ရဲ့ဇာတိက ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ နို့လားကျေးရွာကပါ။ မောင်နှမ (၃)ယောက်ထဲမှာ ကျနော်က အငယ်ဆုံးပါ။ ကျနော်သုံးလသားအရွယ်ကတည်းက အဖေဆုံးသွားတော့ အခုဆို အမေပဲ ရှိတော့တယ်။ အဖေမရှိတဲ့နောက် ကျနော်တို့ မိသားစုအခြေအနေက သိပ်မကောင်းတော့ဘူး။ နောက် ရွာက နယ်မြေအခြေအနေကလည်း မတည်မငြိမ်ဖြစ်လာ တဲ့အခါကျတော့ ၁၉၉၇ခုနှစ်မှာ ကျနော့် မိသားစုတစုလုံး ထိုင်း-မြန်မာနယ်စပ်က မဲခေါင်ခါးကရင်ဒုက္ခသည်စခန်းမှာ ခိုလှုံနေ ထိုင်လာခဲ့ရတယ်။

မြန်မာပြည်မှာ သူငယ်တန်းအထိပဲ ကျောင်းတက်ခဲ့ရပြီး ၆တန်းနှစ်ကစလို့ မဲခေါင်ခါးဒုက္ခသည်စခန်းက အမှတ်(၃) အထက ကျောင်းမှာ ကျောင်းတက်ခဲ့တယ်။ ၂၀၀၄ ခုနှစ်မှာ မဲခေါင်ခါးစခန်းကနေ မယ်လအူးစခန်းကိုပြောင်းတော့ အဲဒီမှာပဲ ဆယ်တန်း အောင်ခဲ့တယ်။ ဆယ်တန်းအောင်ပြီးတော့ အမျိုးသားဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအင်အားစု(အဲန်ဒီဒီ)ကဖွင့်တဲ့ ခြောက်လ ကြာ နိုင်ငံရေးသင်တန်းတခုကို တက်ရောက်နေတယ်။ ကျနော်ငယ်ငယ်တုန်းက ဖြစ်ချင်တာတွေ အများကြီးပဲ။ အစကတော့ ဂီတသမား၊ အားကစားသမား အရမ်းဖြစ်ချင်တာ။ အရွယ်ရောက်လာတဲ့အခါကျတော့မှ ကိုယ်ဘာလုပ်သင့်တယ်ဆိုတာ ပိုမို နားလည်သဘောပေါက်လာတယ်။ ဒုက္ခသည်မှာနေရတာက တကြောင်း၊ နောက် ကိုယ့်နိုင်ငံက မအေးချမ်းတဲ့အခါကျတော့ ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ လုပ်ရတာပေါ့။ နောက်ဆုံး ကိုယ့်အမျိုးသား လွတ်မြောက်ရေးအတွက် လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပြီး နိုင်ငံရေးလုပ်ဖို့ ရည်ရွယ်ထားတော့ နိုင်ငံရေးကို ရှေ့ဆက် လေ့လာသွားမယ်။

စခန်းထဲမှာနေတုန်းက နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘာမှမသိဘူး။ နအဖ စစ်အစိုးရ မကောင်းတဲ့အတွက် ကိုယ့်နိုင်ငံထဲမှာ နေခွင့် မရတာကို သိပေမယ့် ဘယ်လိုမကောင်းတာလဲဆိုတာတော့ မသိဘူး။ အခုလိုမျိုး သင်တန်းတက်တဲ့အခါကျတော့ တော်တော် လေး မျက်စိပွင့်၊ နားပွင့်လာတယ်။ ဖြစ်နိုင်ရင် ကျနော်ကတော့ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေကို နိုင်ငံရေးအသိစိတ်ဓါတ် နိုး ကြားလာစေဖို့ ပညာပေးမှုတွေ ဆောင်ရွက်ချင်တယ်။ ဖြစ်မြောက်အောင်လည်း ကြိုးစားမယ်။ ကျနော်တို့နိုင်ငံက မလွတ် မြောက်သေးဘူး။ အခုထက်ထိ စစ်အစိုးရအုပ်အုပ်ချုပ်မှုအောက်မှာပဲ နေနေရတယ်။ ဒါကြောင့် ကျနော်တို့လို လူငယ်တွေအ နေနဲ့ ကိုယ့်တိုင်းပြည်အတွက် အလုပ်လုပ်ဖို့လိုတယ်။ ဒါမှ အနာဂတ်က လှပလာမှာ။ လူငယ်တွေဟာ ဘယ်နေရာမှာပဲရောက် ရောက် ကိုယ့်လူမျိုးကို မမေ့ဖို့နဲ့ ကိုယ့်လူမျိုးအတွက် တတ်နိုင်ဘက်က ကူညီထောက်ပံ့ပေးကြစေချင်တယ်။


ကရင်သတင်းစဉ် မှကူးယူဖော်ပြသည်။

ကေအန်ယူနှင့် ဒီကေဘီအေ ပဏမအဆင့် ဆွေးနွေးပွဲပြီးစီး

ကေအန်ယူနှင့် ဒီကေဘီအေ ပဏမအဆင့် ဆွေးနွေးပွဲပြီးစီး
ထက်အောင်ကျော်

၂၃ အောက်တိုဘာ ၂၀၀၉-ဒီလ ၁၅ ရက်နေ.က ကရင်ပြည်နယ် တနေရာမှာ
ကျင်းပတဲ့ ကေအန်ယူနဲ. ဒီကေဘီအေ ဆွေးနွေးပွဲဟာ ၁၅နှစ်အတွင်း ပထမဆုံး
အကြိမ် ဖြစ်ဒါကြာင့် ပဏမအဆင့်သာ ရှိသေးပြီးနောက်ထပ် ဆွေးနွေးမူ.တွေ
အများကြီး လုပ်ဖို.လိုနေသေးတယ်လို. ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ ကေအန်ယူ
ဗဟိုကိုယ်စားလှယ် တဦးက ပြောပါတယ်။

လျှို.၀ှက်ဆွေးနွေးပွဲရဲ. သဘောသဘာဝအရ ဆွေးနွေးတဲ့နေရာ၊ဆွေးနွေးတဲ့
အကြောင်းအရာနဲ. တက်ရောက်မည်သူအမည် အသေးစိတ်ကို ထုတ်မပြောနိုင်သေး
သလို သူအမည်နဲ. အသံကိုလည်း ထုတ်သုံးဖို. မသင့်သေးဘူးလို. အဲဒီကေအန်ယူ
ဗဟုကိုယ်စားလှယ်က ပြောပါတယ်။

ဒါပေမဲ့ အဲဒီဆွေးနွေးပွဲအတွင်း ၂ဖက် အပစ်အခတ် ရပ်စဲရေးကိစ္စကို အလေးပေး ဆွေးနွေးခဲ့ကြောင်းနဲ. ဒီကေဘီအေဘက်က မြိုင်ကြီးငူဆရာတော်
ဦးသုဇန ကိုယ်တိုင် ဦးစီးတက်ရောက်ပြီး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို. စာချုပ်စာတန်းပါ တပါတည်း ယူလာတာ တွေ.ရတယ်လို. အဲဒီကိုယ်စားလှယ်ကပြောပါတယ်။

ဒီကိစ္စအတွက် ကေအန်ယူ ဗဟိုကော်မတီမှာ ဘာမှကြိုတင် ဆွေးနွေးတာမျိုး
မလုပ်ရသေးတဲ့အတွက် တထိုင်တည်းနဲ. လက်မှတ်ထိုးဖို. မဖြစ်နိုင်သေးကြောင်း၊
နောက်တကြိမ်ဆွေးနွေးပွဲမှာ ရှေ.တဆင့် တက်နိုင်လိမ်မယ်လို. သူမျှော်လင့်ကြောင်း
ဒီကေဘီအေ နဲ.ဆွေးနွေးရေးအတွက် တာဝန်ပေးအပ်ခံထားရသူ ကေအန်ယူ ဗဟိုကိုယ်စားလှယ်က ပြောပါတယ်။
ကေအန်ယူရဲ. ကဘောထားက ဒီကေဘီအေကို သီးခြားလွတ်လပ်တဲ့ အဖွဲ. တခုအဖြစ်မြင်ချင်ပြီး စစ်အစိုးရ လက်အောက်ခံ ဖြစ်နေတာမျိုး ဆက်လက် မမြင်ချင်ဘူးလို. ပြောပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း ကေအန်ယူ စခန်းတွေကို ဒီကေဘီအေဘက်ကလာ
တိုက်နေတာဟာလည်း ဒီကေဘီကေ ကိုယ်တိုင်ရဲ. သဘောထားမဟုတ်ဘဲ စစ်အစိုးရရဲ. ဖိအားပေးမူ.ကြောင့် ဖြစ်တယိဆိုတာ ကေအန်ယူ ဘက်က နားလည်ထားကြောင်း အဲဒီ အရာရှိကပြောပါတယ်။

ဒီကေဘီအေ နဲ. ကေအန်ယူ ဟာ ကရင်တမျိုးသားတည်း ဖြစ်တာကြောင့်
ဆွေးနွေးပွဲတွေ ထပ်လုပ်ဖို. မျှော်လင့်ထားပေမယ့် ဆွေးနွေးပွဲ ပြီးပြီးချင်း သတင်းပေါက်
ကြားသွားတဲ့အတွက် နအဖ ဘက်က ဒီကေဘီအေ အပေါ်ဖိအားပေးမူ.တွေ တိုးလာနေလို. စိုးရိမ်နေရတယ်လို.လည်း အမည်မဖော်လို.တဲ့ ကေအန်ယူ ဗဟိုကော်မတီဝင် တဦးကပြောပါတယ်။


ဒီမိုကရက်တစ် မြန်မာ့အသံမှကူးယူဖော်ပြသည်။

ကေအန်ယူနှင့် ဒီကေဘီအေ သဘောတူညီမှု မရရှိ


ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နှင့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တို့ မကြာခင်က နှစ်ဖက်အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူလက်မှတ်ရေးထိုးမည့်ကိစ္စမှာ သဘောတူညီချက်မရရှိဘဲ ပြီးဆုံးသွားသည်။

ယခုလ (၁၅) ရက်နေ့က ဒီကေဘီအေ နာယကဆရာတော် ဦးသုဇန၊ ဒီကေဘီအေ ကလို့ထူးဘောဒေသ ဒု-ဗျူဟာမှူး စောမောသို၊ ဗိုလ်ငွေတင်တို့သည် ကေအန်ယူနှင့် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် ကေအန်ယူခေါင်းဆောင်များနှင့် နယ်စပ်တွင် လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။

ကေအန်ယူဘက်မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ်ဂျော်နီ၊ ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုအောင်မော်အေးနှင့် ကေအန်ယူဗဟိုမှ ဒီကေဘီအေရေးရာအတွင်းရေးမှူး မန်းငြိမ်းမောင်တို့က ၎င်းတို့အား လက်ခံတွေ့ဆုံခဲ့သည်။

ဆွေးနွေးပွဲတွင် မြိုင်ကြီးငူဆရာတော် ဦးသုဇနက နှစ်ဖက်အပစ်အခတ်ရပ်စဲရေးအတွက် ၎င်းတို့ပြင်ဆင်လာသည့်စာချုပ်ကိုပါ တပါတည်းယူဆောင်လာခဲ့သည်။

၎င်းစာချုပ်တွင် နှစ်ဖက်အဖွဲ့အစည်းများအချင်းချင်း တိုက်ခိုက်လာခဲ့သည့် (၁၅) နှစ်တာကာလအတွင်း ကရင်အမျိုးသားများ သေကျေပျက်စီး အတိဒုက္ခရောက်ခဲ့ကြကြောင်း၊ ဤပုံစံမျိုးဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရန်မှာ မမြင်နိုင်သောအရာဖြစ်သည့်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အပစ်အခတ်ရပ်စဲရေးကိစ္စကို စာချုပ်ချုပ်ဆိုရခြင်းဖြစ်သည်ဟု ပါရှိသည်။

အပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စနှင့်ပတ်သက်၍ ကေအန်ယူက ဒီကေဘီအေ နာယကဆရာတော်ထံသို့ ယခုလ (၁၆) ရက်နေ့က အကြောင်းကြားစာ ပေးပို့ခဲ့သည်။

၎င်းစာတွင် ဆရာတော်၏စာပါ တင်ပြလာချက်အပေါ် ကေအန်ယူ၏ဆန္ဒသဘောထားကို အပြန်အလှန်ဆွေးနွေးချိန် မရရှိသဖြင့် လက်မှတ်ရေးထိုးခြင်း မပြုလုပ်နိုင်သေးကြောင်း၊ စာပါအချက်များအရ ဒေသဖွံ့ဖြိုးတိုးတက်ရေးအဆင့်သာ ကေအန်ယူက လှုပ်ရှားဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ကရင်တမျိုးသားလုံးအေးချမ်းပြီး တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက်ဖြစ်သည်ဟု ပါရှိသည်။

နှစ်ဖက်အပစ်အခတ်ရပ်စဲလိုက်ရုံဖြင့် တမျိုးသားလုံး၏ရပိုင်ခွင့် အခွင့်အရေးများ ရရှိပြီး ငြိမ်းချမ်းသွားမည်မဟုတ်ကြောင်း၊ ဆရာတော်၏ ဒေသခံသွေးချင်းများအပေါ် ထားရှိသော မေတ္တာစေတနာထက် ကရင်တမျိုးသားလုံးအပေါ် စာနာပြီး ယခုထက် ပိုမိုပြီး လုပ်ဆောင်သွားနိုင်ရန် မေတ္တာရပ်ခံပါကြောင်း၊ ဆရာတော်နှင့်သားတပည့်များ ဖြစ်သည့် ဒီကေဘီအေ-ဒီကေဘီအို အာဏာပိုင်ခေါင်းဆောင်များနှင့် ကေအန်ယူအဖွဲ့ ထပ်မံတွေ့ဆုံဆွေးနွေးနိုင်ရန် အလေးအနက်တိုက်တွန်းလိုပါသည်ဟု ပါရှိသည်။

ဆွေးနွေးပွဲနှင့်ပတ်သက်၍ ကေအန်ယူမှ ပဒိုမန်းငြိမ်းမောင်က “ဒီကေဘီအေဟာ နအဖရဲ့ သြဇာခံနွံထဲမှာ နစ်နေတာကို ကျနော်တို့က ဆွဲတင်နေတာဖြစ်တယ်။ သူ့သမိုင်းဟာ သူလိုက်လာမှာလား၊ မလာဘူးလား ဆိုတဲ့အပေါ်မှာ မူတည်တယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးကို တကယ်လိုချင်တယ်ဆိုရင် နအဖသြဇာခံထဲက ရုန်းထွက်ဖို့လိုတယ်။ အဲဒီနွံထဲက ရုန်းထွက်နိုင်မှ သူတို့ကိုယ်ပေါ်မှာရှိတဲ့ အညစ်အကြေးတွေကို ဆေးကြောနိုင်မှ အမျိုးသားထုအတွင်းမှာ သိက္ခာရှိရှိနဲ့ သူပြန်ရပ်တည်နိုင်မယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မြိုင်ကြီးငူဆရာတော် ဦးသုဇန ဦးဆောင်သည့်အဖွဲ့သည် ၁၉၉၄ ခုနှစ်နှောင်းပိုင်းက ကေအန်ယူမှခွဲထွက်ပြီး မြန်မာစစ်အစိုးရ၏ ကျောထောက်နောက်ခံဖြင့် ဒီကေဘီအေအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး ၎င်းတို့အဖွဲ့သည် ယခုလကုန်ပိုင်းတွင် ဒီကေဘီအေတပ်ကို ဖျက်သိမ်း၍ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နအဖ၏အစီအမံကို လက်ခံထားသည်။

ခေတ်ပြိုင်မှကူးယူဖော်ပြသည်။

KNU နှင့် DKBA ပေါင်းစည်းရန် မလွယ်ကူသေးဟု KNU ပြောကြား

ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၂၁၊ ၂၀၀၉



နယူးဒေလီ (မဇ္စျိမ)။ ။ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA အကြား ပေါင်းစည်းရန် မလွယ်ကူသေးကြောင်း KNU ခေါင်းဆောင်က ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်တွင် KNU-KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူးတူးဆေးဖိုးနှင့် DKBA မှ မြိုင်ကြီးငူဆရာတော် ဦးသုဇနအကြား ယခုလ ၁၉ ရက်တွင် အပစ်ရပ်ရေးနှင့် ပေါင်းစည်းရေး ဆွေးနွေးပွဲတခု ကျင်းပခဲ့ကြောင်း သတင်းများ ပေါ်ထွက်ခဲ့ပြီးနောက် KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ယခုလို ပြောဆိုခြင်း ဖြစ်သည်။

“လောလောဆယ် KNU နဲ့ DKBA ပေါင်းစည်းဖို့ဆိုတာ မလွယ်ပါဘူး။ တဖြည်းဖြည်းတော့ စည်းရုံးသွားမှာပါ။ အခုဆို သူတို့အထဲက လူတော်တော်များများလည်း နအဖ လုပ်ရပ်တွေကို သဘောပေါက်လာပြီ” ဟု KNU အထွေထွေ အတွင်းရေးမှူး နော်စီပိုးရာစိန်က ပြောဆိုသော်လည်း၊ လျှို့ဝှက်ဆွေးနွေးပွဲ ကိစ္စကိုမူ အတည်မပြုနိုင်သေးကြောင်း ပြောသည်။

အကယ်၍ နှစ်ဖက်တွေ့ဆုံဖြစ်ခဲ့ပါကလည်း KNU ၏ သဘောထား ရပ်တည်ချက်ကြောင့်သာ ဖြစ်မည်ဟု သူက ဆက်ပြောသည်။

KNU သည် DKBA အပေါ် ယခင်ကတည်းက သတ်မှတ်ခဲ့သည့် ခြွင်းချက် ၃ ချက်နှင့်အညီ စည်းရုံးသွားမည် ဖြစ်သည်။

“နအဖ ခိုင်းသလို မလုပ်ရဘူး၊ လူထုကို မဆန့်ကျင်ရဘူး၊ မူးယစ်ဆေးဝါးနဲ့ မပတ်သက်ရဘူး။ DKBA ခွဲထွက်ကတည်းက အဲဒါတွေက သတ်မှတ်ထားတယ်” ဟု KNU အထွေထွေ အတွင်းရေးမှူးက ပြောသည်။

“DKBA က Border Guard (နယ်ခြားစောင့်တပ်) လုပ်နေတယ်။ KNU စခန်းတွေကို နအဖ ဖိအားအမိန့်နဲ့ တိုက်တာတွေ ရှိတယ်။ အထဲမှာကလည်း သဘောထားတွေက ကွဲလွဲနေပါပြီ။ နအဖ လုပ်ရပ်တွေ တဖြည်းဖြည်း သိလာကြပြီ” ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လမှ စတင်ကာ DKBA တပ်သား ၁၀ ဦးခန့်သည် KNU ထံ ပြန်လည် ဝင်ရောက်လာခဲ့သည်။

DKBA သည် KNU အဖွဲ့မှ ၁၉၉၅ ခုနှစ်တွင် ခွဲထွက်၍ စစ်အစိုးရနှင့် အပစ်ရပ်ခဲ့ပြီး၊ ထိုင်း-မြန်မာနယ်စပ်ရှိ သစ်လုပ်ငန်း အပါအဝင် အခြားစီးပွားရေး လုပ်ငန်းတချို့ကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

DKBA သည် စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် အဆိုပြုခဲ့သည့်အပေါ် ဒီမိုကရေစီသစ် တပ်မတော် - ကချင် NDA (K) ကဲ့သို့ပင် လက်ခံပြီးဖြစ်သည်။ ကျန်ရှိသည့် အပစ်ရပ် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ ဝ တပ်မတော်၊ ကိုးကန့် တပ်ဖွဲ့နှင့် အခြား အဖွဲ့များက ငြင်းဆန်နေဆဲ ဖြစ်သည်။

KNU နှင့် DKBA အကြား အပစ်အခတ် ရပ်စွဲပြီး၊ ငြိမ်းချမ်းရေး တည်ဆောက်သွားရန် DKBA မှ မြိုင်ကြီးငူဆရာတော် ဦးသုဇနက နှစ်ဖက်လုံးကို မေတ္တာရပ်ခံသည့် စာတစောင်ကို ပြီးခဲ့သည့်လ နောက်ဆုံးပတ်အတွင်းက ဖြန့်ဝေခဲ့သည်။