Friday, April 9, 2010

သိသင့်တယ်ထင်တယ်

သိသင့်တယ်ထင်တယ်


စောခင်စိုးက ဟိုကောင်တင်ဦးတို့အသေဆိုးနဲ့သေတဲ့နစ် ၂၀၀၀လို့ထင်တာဘဲ။ ဒီတုန်းက,သူကဗိုလ်မူးကြီး။ ဟိုငနာတွေရဲ့အလောင်းကိုရအောင် ရေငုတ်သားတွေနဲ့တန်းတူတက်တက်ကြွကြွရှာတဲ့သူပေါ့။ ရိုးသားတယ်လို့တော့နာမည်ကြီးတယ်။
ဒါကလည်း ဘားအံမှာတာဝန်ကျခဲ့ဘူးတဲ့ ကရင်တရားရေးဝန်ထမ်းတယောက်ဆီကကြားတာပါ။ တကယ်တော့ နိုင်ငံရေးမှာ ဒီလိုရိုးဂုဏ်နဲ့လူတွေနလုံးကိုဆွဲယူနိုင်တဲ့လူတွေ လမ်းလွဲပြီဆိုရင်တော့ သိပ်ကြောက်စရာကောင်းတာ။

ဖားအံသားလေး ဗိုလ်မှူးကြီးခင်စိုးအကြောင်း သိလောက်ပြောရရင်တော့ ကရင်ပြည်နယ်ဥက္ကဌအနေနဲ့ တာဝန် ကြာကြာ တာဝန်ထမ်းဆောင်ခဲ့ရတာမဟုတ်ပါဘူး။ ဗမာစစ်တပ်ရဲ့ နည်းဗျူဟာဖြစ်တဲ့ တိုင်းရင်းသားတွေကို ရာ ထူးမြင့်မြင့်မတက်နိုင်အောင် ဖြုတ်ချခံရတာဖြစ်ပါတယ်။

ဗိုလ်မှူးကြီးအဆင့်ကနေ ဘယ်လောက်တော်တော် တက်ခွင့်မရအာင် ပိတ်ပင်လိုက်တာပါပဲ။ နောက်ပြီး ရှိတဲ့ ရာထူးကိုတောင် အပြစ်အမျိုးမျိုးရှာပြီး တခြားရာထူးမြင့်ကရင်တွေနည်းတူ ဖြုတ်ချခံရတာဖြစ်ပါတယ်။ သူတို့အကြောင်းပြချက်ကတော့ ဒီကေဘီအေနဲ့ စီးပွားရေး လုပ်တဲ့ကိစ္စတခုပါပဲ။ ဘာမှမဟုတ်တဲ့ ဖားအံ ဖားမဲ တောင်နားက ဓါတ်ဆီဆိုင်ကိစ္စလေးပါ။

တကယ်တော့ ဗမာစစ်တပ်ဟာ ကရင်ပြည်နယ်ဥက္ကဌတာဝန်ယူထားသူတဦးက သူနဲ့ အမျိုးတူတဲ့ ဒီကေဘီအေ နဲ့ နီးနီးကပ်ကပ်ပူးပူးတွဲတွဲ ပေါင်းတာကို နှစ်ခြိုက်နေတာမဟုတ်သလို တစုံတရာစိုးရိမ်မှုတွေ ဖြစ်နေတာပါ။ ဗိုလ်မှူးကြီးခင်ကြူးကတော့ အညာသား ဗမာလူရိုင်းပါ။ စကားပြောရင် ဖင်နဲ့ ခေါင်းနဲ့ မပါပဲ မဆဲရရင် စကားမ ပြောတတ်တဲ့လူပါ။ ဗမာစစ်ဗိုလ်ပီသပါတယ်။

သူပြုတ်သွားရတဲ့ အကြောင်းကလည်း ဖားအံ အစိုးရရုံးနားမှာ ရေကူးကန်ကူးတဲ့ ကိစ္စလို့တော့ ပြောကြတာပါပဲ။ အများသုံးသပ်တာကြတော့ ကရင်ပြည်နယ်မှာ တာဝန်ကျပြီး လူထုအကျိုးထက်ကိုယ်ကျိုး တစုံတရာပြည့်စုံလာ ပြီဆိုရင် တခြားဗမာဗိုလ်တယောက်ကို အစားထိုးပြီး ဆက်ပြီး ကိုယ်ကျိုးအတွက် အစားထိုးလိုက်တာပါပဲ။ ခင်ကြူးတာဝန်ကျတဲ့ အတောအတွင်း တော်တော်လေး ချမ်းသာသွားပါတယ်။

နောက်တခုက ဒီကေဘီအေနဲ့ ပြဿနာနည်းနည်းရှိပါတယ်။ ဖားအံ ကရင်ပြည်နယ်ပွဲ လက်ဝှေ့ရုံ မှာသွားအား ပေးကြည့်နေတုန်းလက်ဝှေ့သမားကို ကူညီအားပေးနေတဲ့ စင်ဘေးနားမှာရပ်နေသူကို ဘာမပြောညာမပြောပဲ ထပြီးနံရိုးကို ထိုးကာ မင်းကွယ်နေလို့ ငါဘာမှမမြင်ရဘူးလို့ ဗမာစစ်ဗိုလ်ပီပီသောင်းကျန်းပါတယ်။

ဖြစ်ချင်တော့ ထိုးခံထိတဲ့လူက အရပ်ဝတ်နဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်လေးပါ။ အဲဒီချိန်မှာ ဒီကေဘီအေလေးက သူ့အိတ်ထဲက လက်ပစ်ဗုံးထုတ်ပြီး ပစ်ခွဲမယ့်အထိ အခြေအနေဖြစ်လာခဲ့ရပါတယ်။
အဲဒီဖြစ်ရပ်ကို တခြားဒီကေဘီအေ ခေါင်းဆောင်များနဲ့ အများကိုးကွယ်တဲ့ဘုန်းကြီးတွေအချို့ ၀ိုင်းဝန်းဖြန် ဖြေလိုက်လို့သာ အဆိုးဆုံးအခြေအနေထိကို မရောက်ရခြင်းဖြစ်ပါတယ်။

c-box ခုတည်းက အမှတ်တမဲ့ ကူးယူထားခဲ့တာလေးကို ပြန်တင်ပေးထားတာဖြစ်ပါတယ်၊ ဘယ်သူ့ blog ထဲ ကလည်းဆိုတာ မမှတ်မိတော့တာအမှန်ပါ။ အကယ်၍ မိမိတို့ blog ကဖြစ်ပါတယ်ဆိုရင် ချက်ခြင်းအကြောင်း ကြားစေလိုပါတယ်။ blog ပိုင်ရှင်ကိုဖေါ်ပြပေးချင်လို့ပါ။
စာလုံးပေါင်းနည်းနည်းပြင်လိုက်တာကလွဲလို့ စာရေးသူရဲ့ အာဘော်အတိုင်းပြန်လည်တင်ပြလိုက်ပါတယ်။


လေးစားစွာဖြင့်
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

KIC March 2010 - Edit New

KIC March 2010 - Edit New

KPF ဥက္ကဌ စောသုမုဟဲ ကျန်းမာရေး အလွန်ဆိုးရွားနေ

Submitted by Karen Information Center on Thursday, 3 December 2009No Comment.ဒီဇင်ဘာလ ၃။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဟောင်သရောအထူးဒေသ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ ကေပီအက်ဖ်တပ်ဖွဲ့၏ ဥက္ကဌဖြစ်သူ စောသုမုဟဲ သည် ကျန်းမာရေး ဆိုးရွားစွာ ခံစားနေရသည်ဟု ကေပီအက်ဖ်သတင်းများအရ သိရသည်။
လွန်ခဲ့သည့် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် ကျန်းမာရေး အခြေအနေကြောင့် ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံ၌ ဆေးကု သမှု ခံယူခဲ့ရာ တလနီးပါးကြာပြီဖြစ်သော်လည်း ယခုအချိန်ထိ သက်သာလာခြင်းမရှိသေးကြောင်း အမည်မဖော်လို သည့် ကေပီအက်ဖ်တပ်ဖွဲ့နှင့် အလွန်နီးစပ်သူတဦးက ပြောသည်။

သူက “သူ့လူတွေပြောပြချက်အရဆိုရင် ဆေးရုံတက်တာ ၁လနီးပါးတောင်ရှိနေပြီ။ ဘာဖြစ်လို့လဲဆိုရင် ပြီးခဲ့တဲ့ နိုဝင် ဘာလဆန်းပိုင်းက ကေပီအက်ဖ် တပ်ရင်း(၃)မှူး စောလေးဝါး(ဟောင်း)နဲ့ စောဝါးချယ်တို့ကြားမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ တုန်းကလည်း စကားတောင်မပြောနိုင်တော့ဘူး။ ဗိုလ်မှူးလေးဝါးကို အနားပေးဖို့ တာဝန်လွှဲပြောင်းစာထဲမှာလည်း နံမည် ဆိုင်းထိုးဖို့တောင် အနိုင်နိုင်ပဲလေ။ ကြားသိရသလောက်ဆိုရင် အခုချိန်ဆို သူ(သုမုဟဲ )ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံမှာပဲ ရှိနေသေးတယ်”ဟု ပြောသည်။

လက်ရှိအချိန်တွင် ဥက္ကဌဖြစ်သူ စောသုမုဟဲ ကျန်းမာရေး အလွန်ဆိုးရွားနေသောကြောင့် ကေပီအက်ဖ်တပ်ဖွဲ့၏ ဥက္ကဌ နေရာကို ဒုဥက္ကဌဖြစ်သူ စောဒေါဒေါက ယာယီတာဝန်ယူထားသည်ဟု အတည်မပြုနိုင်သည့် ကေပီအက်ဖ် သတင်းရပ် ကွက်က ဆိုသည်။

အသက် (၆၀)ကျော်အရွယ်ရှိသူ စောသုမုဟဲသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း(၁၆) တပ်ရင်းမှူး ဟောင်းဖြစ်ပြီး ၁၉၉၇ခုနှစ်တွင် စစ်သည်အင်အား (၅၀)ကျော်နှင့်အတူ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိတ် ကျေးရွာ၌ နအဖစစ်အစိုးရထံတွင် လက်နက်ချငြိမ်းချမ်းရေးယူခဲ့သည်။

စောသုမုဟဲ ဦးဆောင်သည့် ကေပီအက်ဖ်တပ်ဖွဲ့သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အခြေချခဲ့ရာ တပ်ရင်း (၃)ရင်း၊ လူအင်အား(၃၅၀)ကျော်ဖြင့် ဖွဲ့စည်းထားပြီး နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရန်အတွက် နှုတ်ကတိအားဖြင့် သဘောတူထားသော ကရင်ငြိမ်းချမ်းရေးအဖွဲ့တဖွဲ့ ဖြစ်သည်။

ရှူး တိုးတိုး မငိုနဲ့ ဖိုးမူ ဖိုးခွါးတို့  နအဖ ဗမာစစ်သားတွေကြားရင် ငါတို့ ကို လာပစ်သတ်မယ်

ငိုခွင့် ရီခွင့် တောင်မရှိတဲ့ ကရင်ကလေးငယ်တွေရဲ့ဘ၀ပါ။ မင်းတို့ နအဖ ဗမာစစ်သားတွေရဲ့ သားသမီးတွေကို တောထဲမှာ ဒီလို တရက်လောက် ပြေးခိုင်းကြည့်ပါလါး…. ကလက်စားချေချင်လို့ တော့မဟုတ်ပါ။ ကိုယ်ချင်းစာတတ်အောင်လို့ ပါ။ ဒါတွေဟာ ကရင့်သမိုင်းစာမျက်နှာမှာ မင်းတို့ ပြန်ပေးဆပ်ရမည့် သွေးကြွေးသမိုင်းတွေဆိုဒါ မင်းတို့  မေ့မသွားနဲ့ အုံး….မင်းတို့မှာလည်း
သားသ္မီးတွေရှိမှာပါ
မင်းတို့အလှည့်ကျရင်




ထိုးစစ်များကြောင့် ကလေးငယ် နှစ်သိန်း နီးပါး ခိုလှုံရာမဲ့

ဘစောတင် Thursday, April 08, 2010

စစ်အစိုးရ၏ ထိုးစစ်များကြောင့် လွန်ခဲ့သည့် ၇ နှစ်တာ အတွင်း အိုးအိမ် စွန့်ခွာ ထွက်ပြေး နေကြရသူ များတွင် ကလေးငယ် တသိန်း ကိုးသောင်းကျော် ပါဝင်ကြောင်း အစီရင်ခံစာ တစောင်က ဖော်ပြသည်။

Free Burma Rangers (FBR) နှင့် Partners Relief & Development တို့ ပူးတွဲပြုစု ထုတ်ဝေ လိုက်သည့် “ခိုလှုံရာမဲ့ ကလေး သူငယ်များ ဘဝ” (Displaced Childhoods) တွင် စစ်မက် ဖြစ်ပွားရာ ဒေသများရှိ ထွက်ပြေး ပုန်းရှောင် နေရသော ကလေး ငယ်များ၏ လူ့အခွင့် အရေး ချိုးဖောက် ခံရမှုများ၊ မလုံခြုံသော ဘဝများကို မီးမောင်းထိုး ဖော်ပြ ထားသည်။

“နအဖ စစ်အစိုးရ အနေနဲ့ ကလေး အခွင့်အရေး ဆိုတာကို သိကို သိသင့်တယ်။ ဘာလို့လဲ ဆိုရင် မြန်မာနိုင်ငံ အတွင်းမှာ ခိုကိုးရာ မဲ့နေတဲ့ ကလေးတွေ အများကြီး ရှိနေတယ်။ ဒီအပြစ်မဲ့ ကလေး တွေဟာ မိမိတိုင်းပြည် ထဲမှာပဲ နေထိုင်စရာ မရှိတဲ့ အပြင် စိုးရိမ် ထိတ်လန့်စွာနဲ့ပဲ နေထိုင်ကြရပါတယ်။ ကလေးအခွင့်အရေးဆိုတာ နည်းနည်းလေးမှ မရဘဲနဲ့ ချိုးဖောက်ခံနေရတယ် ဆိုတာကို ပြင်းပြင်းထန်ထန် သတိပေးလိုပါတယ်” ဟု FBR မှ ပြောခွင့်ရပုဂ္ဂိုလ် Richard Chilvers က ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းတွင် ထိုးစစ်များကြောင့် ၂၀၀၂ မှ ၂၀၀၉ အတွင်း နေအိမ် စွန့်ခွာ ထွက်ပြေးနေရ သည့် ဒေသခံ အရပ်သား ၅၈၀၀၀၀ ကျော် အနက် ကလေးငယ် ၁၉၀၀၀၀ ကျော် ပါကြောင်း၊ ၂၀၀၉ တနှစ် တည်းတွင်ပင် စစ်အစိုးရကြောင့် တနည်းနည်းဖြင့် ရွှေ့ပြောင်းသွားရသည့် ကျေးရွာ ၁၁၀၀၀၀ ကျော် ရှိသည် ဟု အစီရင်ခံစာက ဖော်ပြသည်။

Partners မှ အမှုဆောင် အရာရှိချုပ် Steve Gumaer က “ကလေးတွေဟာ နေ့စဉ်နဲ့ အမျှ နှိပ်စက် ညှဉ်းပန်း သတ်ဖြတ် ခံနေကြရတယ်။ မတော်မတရား ဖမ်းဆီးနေတာတွေ၊ အရွယ်မရောက်သေးဘဲ မုဒိမ်းကျင့်ခံရတာတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေ၊ အဓမ္မ လုပ်အားပေး စေခိုင်းခံရတာတွေ၊ စစ်တပ်ထဲ အတင်း ဆွဲသွင်းကာ ကလေးစစ်သားအဖြစ် စုဆောင်း ခံရတာတွေ၊ အခြေခံ လူ့အခွင့်အရေးလေးကိုတောင်မှ မရဘဲ တင်းတင်းကျပ်ကျပ် ချုပ်ချယ်ထားတာတွေဟာ မြန်မာပြည် နယ်စပ်တလျှောက်မှာ တကယ် ဖြစ်ပျက်နေတာပါ” ဟု ပြောသည်။

FBR အဖွဲ့မှ စောမန်းကီးက “ကျနော်တို့ အဓိက သွားလာလှုပ်ရှားတဲ့ နေရာတွေကတော့ နအဖက အနီရောင်နယ်မြေ၊ အနက်ရောက် နယ်မြေရယ်လို့ သတ်မှတ်ထားတဲ့ နေရာတွေပါ။ စစ်ပွဲကြောင့် ဒဏ်ရာရသူတွေကို ကျနော်တို့ အဖွဲ့က ဆေးကုပေးတယ်၊ စားစရာ သောက်စရာတွေ အဝတ်အစားတွေ ဝေငှပေးတယ်” ဟု ပြောသည်။

Free Burma Rangers သည် နယ်စပ်အသီးသီးတွင် ဒုက္ခရောက်နေကြသော ပြည်တွင်းတွင် အခြေမဲ့ ပြောင်းရွှေ့ ပြေးလွှားနေကြရသည့် ဒုက္ခသည်များ (IDPs)၊ ကလေးငယ်များကို အကူအညီ ပေးနေသော အဖွဲ့ဖြစ်သည်။ အဆိုပါ အဖွဲ့တွင် တိုင်းရင်းသား ၁၀ မျိုးပါဝင်သော အဖွဲ့ပေါင်း ၅၂ ဖွဲ့ ပါပြီး ၁၉၉၇ တွင် တည်ထောင်သည်။

“ကျနော်တို့ဟာ လုပ်သင့်လုပ်ထိုက်တာကို စွန့်စားပြီး လုပ်နေကြရတာပါ။ ဒီလို စွန့်စား လုပ်လို့ တချို့ မသေသင့်တဲ့သူတွေ မသေဘဲ အသက်ကို ကယ်တင်နိုင်ခဲ့သလို သူတို့ မသိတာတွေကိုလည်း သိအောင် လုပ်ပေးနိုင်တာပေါ့” ဟု စောမန်းကီးက ဆိုသည်။ အစီရင်ခံစာ ထုတ်ဝေသည့် သတင်းစာ ရှင်းလင်းပွဲကို ဧပြီ ၇ ရက်နေ့တွင် ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT) တွင် ပြုလုပ်ခဲ့ပြီး ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများလည်း ပြသခဲ့ကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် ၂၀၀၉ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအတွင်း ရခိုင်၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန် နှင့် ရှမ်း ပြည်နယ်မှ မိဘများ၊ ကလေးသူငယ်များနှင့် တွေ့ဆုံ မေးမြန်းချက်များ အပေါ် အခြေခံ၍ ယင်း အစီအရင်ခံစာကို ပြုစုခဲ့ခြင်း ဖြစ်သည်။

ကေဒဗလျူအို၏ ၂၅နှစ်မြောက် ငွေရတုသဘင်နေ့ အခမ်းအနား ကျင်းပခဲ့

ဧပြီလ ၆ရက်။ နန်းထူးစံ (ကေအိုင်စီ)

ကရင်အမျိုးသမီးအစည်းအရုံး(ကေဒဗလျူအို)၏ ၂၅နှစ်မြောက် ငွေရတုသဘင်နေ့ အခမ်းအနားကို ယမန်နေ့က ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

ထိုအခမ်းအနားကို ကရင်ပြည်နယ်အတွင်းရှိ ခရိုင် (၇)ခုနှင့် အထူးဒေသ (၂)ခုမှ ကရင်အမျိုးသမီးကိုယ်စားလှယ်များ၊ ဧည့် သည်တော်များ စုစုပေါင်း (၅၀၀)ဦး တက်ရောက်ခဲ့ကြပြီး ၂၅နှစ်တိုင်တိုင် ကေဒဗလျူအို၏ လုပ်ငန်းများကို အချိန်ပြည့် တာဝန် ထမ်းဆောင်လျှက်ရှိသော အမျိုးသမီး ၈ဦးကိုလည်း အခမ်းအနားတွင် မှတ်တမ်းတင် ဂုဏ်ပြုခဲ့ကြောင်း ယမန်နေ့ထုတ် ကြေညာချက်တွင် ဖော်ပြထားသည်။

ငွေရတုသဘင် အခမ်းအနား မကျင်းပခင် သုံးရက်အလိုတွင် အဖွဲ့အစည်း၏ လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ချက်များကို ပြန်လည် သုံးသပ်ခြင်းနှင့်အတူ လက်ရှိနိုင်ငံရေးအခြေအနေများကို ဆွေးနွေးသုံးသပ်ကာ နအဖ စစ်အစိုးရတို့ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲသည် ၎င်းတို့ အာဏာတည်တံ့ရေးသာ ဖြစ်သဖြင့် ကေဒဗလျူအိုအနေဖြင့် ဆန့်ကျင်ရှုတ်ချကြောင်း အတွင်းရေး မှူး နန်းဒါးအဲကလယ်က ပြောသည်။

သူမက “လက်ရှိ နအဖတို့ ကျင်းပမဲ့ ရွေးကောက်ပွဲဟာ သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်နေတာဖြစ်တယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲတရပ် မဟုတ်တဲ့အတွက်ကြောင့် ကျမတို့ ကေဒဗလျူအို အမျိုးသမီးထုအနေနဲ့ ရှုတ်ချတယ်။ ကျမတို့ လုပ်နိုင် သမျှ ဆန့်ကျင်သွားမယ်”ဟု ကေအိုင်စီကို ပြောသည်။


ငွေရတုသဘင် အခမ်းအနားတွင် ဂုဏ်ပြုခံရသည့် အမျိုးသမီးခေါင်းဆောင်အချို့

ထို့အပြင် အစည်းအဝေးတွင် အမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံရေးအသိအမြင် ပိုမိုတိုးတက် မြင့်မား လာစေရေးနှင့် ကရင်အမျိုးသမီးများ၏ စွမ်းရည်မြှင်တင်ရေး လုပ်ငန်းစဉ်များ ဆက်လက် အကောင်အထည်ဖော်သွားရန် ရှေ့ လုပ်ငန်းစဉ်အဖြစ် ဗဟိုကော်မတီဝင် ကိုယ်စားလှယ်များက ဆုံးဖြတ်ခဲ့ကြသည်။

ကရင်အမျိုးသမီးအစည်းအရုံး (ကေဒဗလျူအို)ကို ၁၉၈၅ခုနှစ် ဧပြီလ ၅ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ပြီးခဲ့သည့် ဖေ ဖော်ဝါရီလ ၂၅ရက်နေ့က ထုတ်ဝေသည့် အစီရင်ခံစာ အပါအ၀င် ကရင်ပြည်နယ်အတွင်းရှိ အမျိုးသမီးများ တွေ့ကြုံရင်ဆိုင် ခံ စားမှုများကို ဖော်ထုတ်သည့် အစီရင်ခံစာ သုံးအုပ် ထုတ်ဝေခဲ့ပြီးဖြစ်သည်။

Mae Hong Son refugee camp razed in accidental fire

300 Karen refugees left homeless



Residents of the Pang Moo holding center in Mae Hong Son are left homeless after an accidental fire razed the camp.

Khajohn Boonpath

The refugee holding center in Pang Moo, Mae Hong Son, was damaged by fire on March 23 and more than 300 Karen refugees were left homeless. Mae Hong Son provincial authorities and UNHCR have pledged to rebuild houses and install a new water supply system after the fire.

Thaweesak Wattanathamraks, Deputy Mae Hong Son Governor, accompanied by Col Boonyuen Inkwang, Deputy Commander of the Special Task Force of Infantry Regiment, Pol. Col. Suriyong Wuthi, the superintendent of Mae Hong Son police station, Prasert O-Sataphan, Mae Hong Son district officer, and Watchira Chotirosseranee, the permanent secretary who manages the holding inspected the destroyed areas of the refugee camp.

Watchira said that the fire started because one of the residents had lit a candle and then left to visit a friend’s house. Strong winds knocked the candle over. Made of bamboo and grass roofs, the fire caught quickly and spread across the camp rapidly.

He added that this refugee camp was often attacked across the border so many of the residents panicked at the fire, worried it was another attack.

Burma Army setting up more barriers against Wa

Burma Army checkpoint near Tachilek

Burma’ ruling military junta has reportedly been erecting barriers more densely than ever against ethnic ceasefire groups, especially in the United Wa State Army (UWSA) as the latest deadline 22 April draws near, according to local sources from the Thai-Burma border.

The activities reportedly started on 27 March, Armed Forces Day. Between Tachilek and Monghsat, a distance of 63 miles, there are no less than 20 Burma Army checkpoints, a local source in Monghsat said. “It is to monitor Wa’s movements.”At the same time, Tachilek authorities are also vigorously conducting inspection of the people in the town for a week. They have been checking from house to house including hotels and apartments from 22:00 until dawn, said a Tachilek resident.

“They asked many questions. They checked our ID cards and questioned whether our cards are real or not. Some people staying in apartments got thorough inspection including their bedrooms.” she said. “We don’t’ know why they are so serious.”

In addition, rumor is around that Naypyitaw is deploying three more Light Infantry Divisions (LIDs): Kalaw based LID #55, Pegu based LID #77 and Pa-an based LID#22 to the areas very soon. Tachilek area commander Colonel Khin Maung Soe himself was reported to have left the town to oversee the preparations.

The situation seems if the Wa is still standing defiant to the Naypyitaw’s Border Guard Force program, a breakout of hostilities after 28 April is possible, a border watcher said.

The UWSA and other ceasefire groups have been given a 22 April deadline to accept the Burma Army’s demand, and to face the consequences of their continued defiance by 28 April, when they would be declared as illegal organizations.

According to a source close to the UWSA southern military region, the ruling military junta should accept the Wa’s latest counter proposal submitted on 1 April.

“In the past, we said there should be no junta officers at the battalion level,” he said. “But now we are allowing it to have one officer to serve either as a commander or deputy commander at the battalion level.”

.

ASEAN Inter-Parliamentary Myanmar Caucus (AIPMC) Petition to press

ASEAN Inter-Parliamentary Myanmar Caucus (AIPMC) Petition to press

Can Ethnic Problems Be Solved After the 2010 Elections?

Can Ethnic Problems Be Solved After the 2010 Elections?

Wednesday, April 7, 2010

HIV Information for Myanmar the Myanmar UNGASS 2010 Report

HIV Information for Myanmar the Myanmar UNGASS 2010 Report

နောက်ဆုတ်နေတဲ့ တပ်၊ နောက်ဆုတ်နေတဲ့ ခြေထောက်

ဂါမဏိ
၇/ ဧပြီ ၂၀၁၀

“ကျနော့်အမြင်တော့ တပ်က နောက်ဆုတ်နေတာ၊ ရှေ့တိုးတာ မဟုတ်ဘူး။ တပ်မှူးကောင်းတို့မည်သည်ကား တပ်ကို ဆုတ်တဲ့အခါမှာ အစီအစဉ်တကျ ဆုတ်ရပါတယ်။ အခု ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို နောက်ခံထားပြီး ဆုတ်တာဖြစ်တယ်။”
အဲသလို ပြောသွားသူကတော့ ၂၀၁၀ ရွေးကောက်ပွဲအတွက် နန့်နန့်တက်ဖြစ်နေတဲ့ ဦးသုဝေပဲဖြစ်ပါတယ်။

ဒီနေရာမှာ ရှင်းရှင်းသိထားဖို့က နအဖတပ်မှာ နောက်ဆုတ်တယ်ဆိုတာ မရှိပါဘူး။ ခွာစစ်ဆင်တယ်ဆိုတာပဲ ရှိပါတယ်။ နအဖတပ်ဟာ ဂျပန်ဖက်ဆစ်တပ်က မွေးထုတ်ထားတာဖြစ်လို့ ဂျပန်ဖက်ဆစ်တပ်လိုပဲ တပ်ဆုတ်တဲ့ ဘာသာရပ်ကို သူ့စစ်ဗျူဟာမှာ လက်မခံပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာ့တပ်မတော်ကို စတင်တည်ထောင်တုန်းက ဂျပန်စစ်တပ်ရဲ့ တပ်,မဆုတ်ရေး အားနည်းချက်ကို သိမြင်ပြီး ဗမာ့တပ်မတော်ရဲ့ စစ်သဘောတရားမှာ တပ်ဆုတ်ရေးဗျူဟာနဲ့ သဘောတရားကို အသေအချာ ထည့်သွင်းဖို့ လမ်းညွှန်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဗမာ့တပ်မတော်ရဲ့ စစ်ပါရဂူဖြစ်လာတဲ့ ဗိုလ်မှူးချုပ်ကျော်ဇော၊ ဗမာ့တပ်မတော်ရဲ့ သဘောတရားပါရဂူ လုပ်ခဲ့တဲ့ ဗိုလ်မှူးချုပ်မောင်မောင်တို့ကလည်း တပ်ဆုတ်ခွာခြင်းသဘောတရားနဲ့ လက်တွေ့ကို စစ်မဟာဗျူဟာ နည်းဗျူဟာတွေထဲ စနစ်တကျ ထည့်သွင်းချမှတ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီမိုကရေစီအစိုးရကို ဖြတ်လမ်းနည်းနဲ့ အင်အားသုံးဖြုတ်ချခဲ့တဲ့ ဗိုလ်နေဝင်းရဲ့ စစ်အာဏာသိမ်းပွဲနောက်ပိုင်းမှာတော့ ဗမာ့တပ်မတော်ဟာ ဖက်ဆစ်တပ်မတော် မူလဇာတိရုပ်ကို ပြန်လည်ရုပ်လုံးဖော်လာခဲ့ပါတယ်။ အခြေခံစစ်ပညာလေ့ကျင့်ရေး တပ်ကအစ ဗိုလ်သင်တန်းကျောင်း၊ စစ်တက္ကသိုလ်၊ စစ်ဦးစီးတက္ကသိုလ်အလယ်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်အဆုံး တပ်မတော်စစ်မဟာဗျူဟာ စစ်နည်းဗျူဟာ သင်ကြားပို့ချမှုအားလုံးဟာ မဆုတ်ရေးကိုဘဲ ဦးစားပေးလာပြီး တပ်ဆုတ်ရေးကို လုံးဝလျစ်လျူရှုခဲ့ပါတော့တယ်။ တပ်ဆုတ်ရေးအစား ခွာစစ်ဆင်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ အကန့်အသတ် ကြီးကြီးမားမားနဲ့ သွတ်သွင်းလာပါတော့တယ်။ အင်္ဂလိပ်လို military retreat လို့ သုံးနှုန်းပေမယ့် မြန်မာလိုတော့ စကားလုံးအဓိပ္ပာယ်အရကို ယာယီခွာထားတဲ့သဘော၊ ပြန်ထိုးမယ့်သဘောဖြစ်ပါတယ်။

နအဖစစ်တပ် သတ်မှတ်ထားတဲ့ ခွာစစ်ဆင်ဖို့ အကြောင်းတရားတွေကတော့ (က) ရန်သူအား နှောင့်ယှက်ရန်၊ အင်အားယုတ်လျော့စေရန်၊ (ခ) ရန်သူအား ကျုံးသွင်း၍ ဖျက်ဆီးရန်၊ (ဂ) အဆုံးအဖြတ်တိုက်ပွဲများအတွက် ပြင်ဆင်ချိန် ပိုရရန်၊ (ဃ) မိမိတပ်များ တပ်ဖြန့်ပုံနှင့် တညီတစည်းတည်းဖြစ်ရန်၊ (င) မိမိတပ်အစိတ်အပိုင်းကို အခြားတဒေသတွင် သုံးနိုင်ရန်၊ (စ) ရန်သူ့ထိုးစစ်ကို ရင်ဆိုင်နိုင်စွမ်းမရှိလို့ မိမိအင်အား လုံးဝချေမှုန်းခံရမယ့် အခြေအနေမျိုး မိမိအကျိုးယုတ်စေမယ့် အခြေအနေမျိုးကို ရှောင်ရှားရန်တို့ဖြစ်ပါတယ်။ ဒီကနေ့ နအဖလုပ်နေတာဟာ အဲဒီအချက် (၆) ချက်နဲ့တောင် အကျုံးမဝင်သေးပါဘူး။ တကယ်လို့ အကျုံးဝင်မယ်ဆိုရင်လည်း ဘယ်လိုမှ နောက်ဆုတ်တာမဟုတ်ဘဲ ကိုက်မယ့်ခွေး နောက်တလှမ်းဆုတ်တာလောက် ဆိုတဲ့သဘောပဲဖြစ်ပါလိမ့်မယ်။

လက်တွေ့ရှေ့တန်းစစ်မြေပြင်မှာဆိုရင် နအဖစစ်တပ်ဟာ မဆုတ်တမ်း ခံစစ်စခန်း ဆိုတာတွေ တည်ဆောက်ထားပါတယ်။ ခ-အဆင့် မဆုတ်တမ်းခံစစ်စခန်းဆိုတာ တိုင်းစစ်ဌာနချုပ်အမိန့်မရဘဲ ဆုတ်ခွင့်မရှိတဲ့ စခန်းဖြစ်ပြီး က-အဆင့် မဆုတ်တမ်း ခံစစ်စခန်းဆိုရင်တော့ ကကကြည်းအမိန့်မရဘဲ ဆုတ်ခွင့်မရှိတဲ့ စခန်းဖြစ်ပါတယ်။ ကကကြည်းဟာ ဘယ်တော့မှ ဆုတ်မိန့်ပေးတဲ့ ထုံးစံမရှိလို့ တကယ်တော့ လုံးဝမဆုတ်ဘဲ အသေခံရတဲ့ စခန်းတွေသာဖြစ်ပါတယ်။ ဒီလိုစခန်းမျိုးတွေက ဆုတ်ရင် သေချာပေါက် စစ်ခုံရုံးနဲ့ တွေ့တော့မှာဖြစ်ပါတယ်။

ဗမာစစ်တပ်မှာ လူကို အလေးထားတာ မဟုတ်တဲ့အတွက် လူမသေဘဲ လက်နက်ဆုံးရင် စစ်ခုံရုံးရောက်တာချည်း ဖြစ်ပါတယ်။ လေတပ်မှာဆိုရင် ပျံနေရင်း လေယဉ်ပျက်လို့ လေယာဉ်မှူး လေထီးနဲ့ ခုန်ဆင်းရင် စစ်ခုံရုံးနဲ့ တွေ့ပါတယ်။ နာဂစ်မုန်တိုင်းတုန်းက ရေတပ်အရာရှိတွေ၊ စစ်သည်တွေဟာ အခြေအနေကို သေချာသိလျက်နဲ့ စစ်ခုံရုံးကို ကြောက်လို့ စစ်သင်္ဘောအစုတ်ကလေးတွေ ပေါ်မှာပဲ တွယ်ကပ်နေကြရတဲ့အတွက် ရေတပ်ရဲဘော် ရာနဲ့ချီပြီး အသက်ဆုံးခဲ့ကြပါတယ်။ ဒါဟာ နအဖစစ်တပ်ရဲ့ မဆုတ်ရေးသဘောတရားအပေါ် အခြေခံတာဖြစ်ပါတယ်။

ဒီလိုလက်နက်ကလေးတလက်၊ စခန်းလေးတခု၊ လှေကလေးတစီးကိုတောင် ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် စွန့်လွှတ်ဖို့ စိတ်မကူးတဲ့ နအဖဟာ တနှစ်ကို အနည်းဆုံးဒေါ်လာ သန်း (၂,၀၀၀) လောက်ဝင်နေတဲ့ သဘာဝဓာတ်ငွေ့တွေ၊ ဒေါ်လာသန်းချီရတဲ့ ကျောက်စိမ်း၊ ကျောက်နီ၊ ကြေးနီ၊ ကျွန်း၊ ပိတောက်၊ ငါးပုစွန်၊ ရွှေနဲ့တကွ တပြည်လုံးက လူထုတွေ လုပ်ငန်းရှင်တွေဆီက ဆက်ကြေးတွေကို စွန့်လွှတ်ဖို့ ဘယ်တော့မှမလုပ်ပါဘူး။

တိုင်းရင်းသားအပစ်ရပ်တွေကို ပင်လုံအခွင့်အရေးမပေးဘဲ နယ်ခြားစောင့်တပ်လုပ်ခိုင်းတာ၊ မတရားသင်းကြေညာခြင်း၊ ပုဂ္ဂလိကပိုင်လုပ်ခြင်း ဒါ့အပြင် ခွာစစ်ဆင်ရင် လုပ်ကိုင်ရမယ့် လုပ်ငန်းစဉ်တွေကို သတ်မှတ်ထားတာလည်း ရှိပါသေးတယ်။ အဲဒီထဲပါတာတွေကတော့ ရန်သူနဲ့ အဆက်ဖြတ်ခြင်း၊ အမြောက်ပစ်ကူပေးခြင်း၊ လှည့်စားခြင်း၊ နောက်ချန်တပ်ခွဲထုတ်ခြင်း၊ ဒေသန္တရ တန်ပြန်တိုက်ခိုက်မှုပြုခြင်း၊ ဟန့်စစ်ဆင်ခြင်း၊ ဖုံးကွယ်လျှို့ဝှက်ခြင်း၊ အတားအဆီးများချခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း (ဆက်သွယ်ရေးလမ်းများ၊ ပစ္စည်းကိရိယာများ၊ မြေလှန်စနစ်) တို့ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အစပိုင်းက အင်္ဂလိပ်စစ်တပ်တွေ မြေလှန်စနစ်ကျင့်သုံးပြီး ဗမာပြည်ကနေ ‘အောင်မြင်စွာ’ ဆုတ်ခွာသွားရာမှာ ဗမာပြည်တခုလုံး ဖွတ်ဖွတ်ကြေသွားခဲ့တာ အားလုံးအသိဖြစ်ပါတယ်။ အခုလည်း အင်္ဂလိပ်ထက် အဆတထောင်မက ပိုဆိုးတဲ့ နအဖတွေ ဒီလိုဆုတ်ခွာမှာကို ပြောနေတာဆိုရင်တော့ ကျနော်တို့ မြန်မာပြည်သူတွေ ထိုင်း၊ မလေးရှား၊ ဘင်္ဂလား၊ တရုတ် ရရာနိုင်ငံကို ရတဲ့အပေါက်ကနေ အသားကုန်ပြေးဖို့၊ မပြေးနိုင်ရင်တော့ ကမ္ဘာမှာရှိသမျှ ဘုရားအားလုံးကို တ,နေဖို့ပဲရှိပါတော့တယ်။

ခံစစ်အကြောင်းတရား ခံစစ်လက္ခဏာတွေကတော့ (က) ထိုးစစ်ဆင်ဖို့ ပိုအခွင့်သာတဲ့ အခြေအနေများပေါ်ပေါက်ရန် (စစ်ကူ-အချိန်) စောင့်ခြင်း (ခ) တနေရာတွင် စစ်အင်အားခြိုးခြံခြင်း၊ ရန်သူကို ထိန်းချုပ်/တားဆီးထားခြင်း၊ အမှည့်ခြွေထားခြင်းဖြင့် အခြားတနေရာတွင် ရန်သူ့ထက်သာလွန်တဲ့ အင်အားများ စုရုံး၍ ပြတ်သားစွာ ထိုးစစ်ဆင်နိုင်ရန်၊ (ဂ) အချက်အချာနေရာတခုကို ရန်သူမသိမ်းနိုင်အောင် ကာကွယ်ရန်၊ (ဃ) စစ်နံကို ကာကွယ်ရန်တို့ဖြစ်ပါတယ်။

တိုက်စစ်အကြောင်းတရား တိုက်စစ်လက္ခဏာတွေကို ကြည့်တဲ့အခါ (က) ရန်သူ့အင်အားများကို ဖျက်ဆီးရန်၊ (ခ) ရန်သူ့နယ်များ သိမ်းပိုက်ရန်၊ (ဂ) ရန်သူက မိမိတပ်မှူးသဘောကို လိုက်နာစေရန်၊ (ဃ) ရန်သူကို ပထမအဆင့် ထိန်းချုပ်ထား၊ ဒုတိယအဆင့် စစ်ကစားထားပြီး တတိယအဆင့် ဖိဖိစီးစီး တိုက်ခိုက်ဖျက်ဆီးရန်၊ (င) ခံစစ်၊ ခွာစစ်၊ ချီစစ်များဖြင့် လိုအပ်သလို ကျွမ်းကျင်ပါးနပ်စွာ ပေါင်းစပ်ပြီး စစ်အောင်စေရန်လို့ တွေ့ရပါတယ်။ ဒါ့အပြင် ရန်သူနဲ့ လူထုကို ချောက်ချားတုန်လှုပ်စေတာ၊ ရန်သူ့ပစ္စည်းကိရိယာ အဆောက်အဦ လမ်းပန်းဆက်သွယ်ရေးတွေကို ဖျက်ဆီးလုယူတာ၊ ရန်သူ့လှုပ်ရှားမှု ကျွံသွားစေတာ၊ ရန်သူ့လှုပ်ရှားခွင် ကျဉ်းသွားစေတာ၊ ရန်သူ့အင်အား ပြန့်ကျဲသွားစေတာလည်း တိုက်စစ်ဖြစ်ပါတယ်။

ဒါတွေနဲ့ အခု ၂၀၁၀ ရွေးကောက်ပွဲအတွက် နအဖ လုပ်နေတာတွေကို ချိန်ထိုးကြည့်ရင် နအဖ အခုလုပ်နေတာ ခွာစစ်လား၊ ခံစစ်လား၊ တိုက်စစ်လား သိနိုင်ပါတယ်။ မဆလ-နဝတ-နအဖ စစ်အုပ်စုဟာ တပ်ဆုတ်ဖို့ မပြောနဲ့၊ ခွာစစ်ဆင်နေတဲ့ အရိပ်အယောင်တောင် နည်းနည်းလေးမှ မတွေ့ရပါဘူး။ ကမ္ဘာပေါ်က ဖက်ဆစ်စစ်တပ်တိုင်းမှာ တပ်ဆုတ်တယ်ဆိုတာမရှိဘဲ သေတာတောင် ချေးပန်းမရပ်ဘူးဆိုတဲ့ စရိုက်လက္ခဏာ တင်းပြည့်ကျပ်ပြည့် ရှိပါတယ်။

ဒါပေမယ့် တချိန်က ဦးနုရဲ့ ပီဒီပီ လက်နက်ကိုင်တော်လှန်ရေးသမားအဖြစ်ကနေ မဆလ မောင်နေဝင်းထံ လက်နက်ချခဲ့၊ ရှစ်လေးလုံးအရေးတော်ပုံရဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းရေး တောင်းဆိုချက်ကို ပထမဆုံးစွန့်လွှတ်ပြီး ၉၀ ရွေးကောက်ပွဲအတွက် ဒီမိုကရေစီပါတီအဖြစ် အဦးဆုံး မှတ်ပုံတင်ခဲ့၊ နောက်တခါ ၂၀၀၈ နာဂစ်အခြေခံဥပဒေ အတည်ဖြစ်သွားတဲ့နောက်မှာ ရန်ကုန်နဲ့ ကနေဒါ စီးပွားရေးလောကမှာ နာမည်ပျက်လှတဲ့ မူးယစ်ရာဇာတဖြစ်လဲ ဖိုးတွမ်တီး ထောင်ပြေး မိုက်ကယ်ချူးဟွာကျော်မြင့် လက်ဝေခံအဖြစ် ယူဒီပီပါတီလုပ်ခဲ့၊ အခုနောက်ဆုံးမှာတော့ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီအဖြစ်ဝင်ဖို့ ရွပိုးထိုးနေတဲ့ ဆရာကြီးကသာ စိတ်တူကိုယ်တူ မိုက်ဖော်ဆိုးဖက်တသိုက်နဲ့အတူ ဖရိုဖရဲ ပရမ်းပတာနဲ့ တပ်ဆုတ်ပြီးရင်း ဆုတ်လိုက်တာ နောက်ဆုံး ဝက်တို့ပျော်စံရာ တွင်းသာယာထဲအထိ ရောက်သွားတာတွေ့ရပါကြောင်း …။ ။

ရည်ညွှန်း။ ။ (၁) ဦး-ရေး-ထောက်ဆိုင်ရာ အရာရှိများလက်စွဲစာစောင်
(၂) စစ်မြေပြင်လက်စွဲကျမ်း
(၃) ပြည်သူ့စစ်မဟာဗျူဟာကျင့်သုံးမှုလက်စွဲ

နိုင်ငံရေးပါတီအဖြစ် လျှောက်ထားသည့်ပါတီ (၁၁) ခု ရှိပြီ

ဝီရ/ ၆ ဧပြီ ၂ဝ၁ဝ

ရွေးကောက်ပွဲဥပဒေ ထွက်ပေါ်လာပြီးနောက် နိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြုရန် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ နိုင်ငံရေးပါတီ (၁၁) ခု လျှောက်ထားပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးမှတ်ပုံတင်ခွင့်ပြုရန် ဧပြီလ (၅) ရက်နေ့က ကချင်ပြည်နယ် တိုးတက်ရေးပါတီနှင့် မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီတို့ကလည်းကောင်း၊ ဧပြီလ (၂) ရက်နေ့က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ကလည်းကောင်း၊ အလားတူ အခြားပါတီ (၈) ပါတီတို့ကလည်း အသီးသီးလျှောက်ထားပြီးဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

၁၉၉၀ ခုနှစ်ကတည်းက တရားဝင်ရပ်တည်နေဆဲ နိုင်ငံရေးပါတီ (၁၀) ခုအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်မဟုတ်ကြောင်း ကြေညာထားပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ကမူ လာမည့်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြန်လည်မှတ်ပုံတင်ထားသော တခုတည်းသောပါတီဖြစ်သည်။

ယနေ့တိုင် ရပ်တည်လျက်ရှိသော တရားဝင် နိုင်ငံရေးပါတီများအနေဖြင့် ရက်ပေါင်း (၆၀) အတွင်း ပြန်လည်လျှောက်ထားခြင်း မရှိပါက အလိုအလျောက် ပျက်ပြယ်မည်ဟု ပြီးခဲ့သည့် မတ်လ (၈) ရက်နေ့ထုတ် ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကော်မရှင်ရုံးသို့ ဦးအေးလွင် ဦးဆောင်သော ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်နှင့် ဦးရဲထွန်း ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) တို့က ပထမဦးဆုံးအနေဖြင့် နိုင်ငံရေး မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားကြပြီး အဆိုပါ နှစ်ပါတီစလုံးသည် နိုင်ငံတဝန်း စည်းရုံးရေးဆင်းမည့် ပါတီများဖြစ်သည်။

မှတ်ပုံတင်ခွင့်လျှောက်လွှာ တင်ထားပြီးသော တိုင်းရင်းသားပါတီများမှာ ဒေါက်တာ စောဆိုင်မွန်သာ ဦးဆောင်မည့် ကရင်ပြည်သူ့ပါတီ (ကေပီပီ)၊ ဦးအေးကြိုင် ဦးဆောင်မည့် ရခိုင်ပြည် အမျိုးသားနိုင်ငံရေးအင်အားစု၊ ကချင်ပြည် တိုးတက်ရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်တို့ပါဝင်ပြီး ဝါရင့် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးရွှေအုန်းက ၈၈ မျိုးဆက်ကျောင်းသား ဦးဖြိုးမင်းသိန်းတို့အဖွဲ့နှင့် ပေါင်းစည်းကာ ပြည်ထောင်စုဒီမိုကရေစီပါတီ အမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ဦးသုဝေက “ဦးရွှေအုန်းတို့၊ ကိုအေးလွင်တို့နဲ့ အခြားလူငယ်အဖွဲ့တွေက ကြည့်ရတာ သူတို့လုပ်နိုင်အားကတော့ သိပ်မတွေ့ဘူး။ တကယ်လုပ်နိုင်တာက တစည ရှိမယ်။ နောက် ကြံ့ခိုင်ရေး ရှိမယ်။ ဒါ ကျနော့်အမြင်ပေါ့” ဟု မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများနှင့် ပတ်သက်၍ သုံးသပ်ပြောဆိုသည်။

ဦးသုဝေသည် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ကို ဝန်ကြီးဟောင်းသမီးများ ဖြစ်ကြသော ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရည်ဗဆွေတို့၏ ဦးဆောင်မှုတို့ဖြင့် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် ဖွဲ့စည်းတည်ထောင်ထားသူ ဖြစ်သည်။

“ကျနော်တို့ပါတီက အရင်က မြို့နယ် (၂၀၀) ကျော်မှာ ဝင်ပြိုင်ဖို့ လျာထားပေမယ့် နောက်ပိုင်း မြို့နယ် (၁၀၀) ထဲမှာပဲ ပြိုင်ဖို့ ဆုံးဖြတ်ထားတယ်” ဟု ဦးသုဝေက ပြောကြားသည်။

နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း နည်းဥပဒေအရ နိုင်ငံရေးပါတီမှတ်ပုံတင်ကြေးအတွက် (၃) သိန်း၊ အမတ်လောင်းတဦးအတွက် (၅) သိန်း ပေးသွင်းရမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးလျှင် အသုံးစရိတ်အတွက် ကျပ်သိန်းတရာအထိ သုံးစွဲနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

မှတ်ပုံတင်ရန် စိုင်းပြင်းနေသော နိုင်ငံရေးပါတီများမှာ ဦးတင်မောင်အေး၏ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ဦးထွန်းအောင်ကျော်၏ ခေတ်သစ်ပြည်သူ့ပါတီ၊ လူထုဒီမိုကရေစီပါတီ၊ ဝံသာနု အန်အယ်လ်ဒီ (မန္တလေးတိုင်း)၊ ဒီမိုအန်အယ်လ်ဒီ (စစ်ကိုင်းတိုင်း) နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးအင်အားစု၊ ယူနိက်တက် ဒီမိုကရက်တစ်ပါတီတို့ ဖြစ်ကြသည်။

တိုင်းရင်းသားဒေသများတွင် ကရင်ပြည်နယ်ကိုယ်စားပြုပါတီ အသစ်တရပ်အဖြစ်လည်းကောင်း၊ ရိုဟင်ဂျာတို့အား ကိုယ်စားပြုမည့် နိုင်ငံရေးပါတီတခုအဖြစ်လည်းကောင်း ပေါ်ထွက်လာနိုင်ကြောင်း လေ့လာသူတို့က ပြောဆိုနေကြသည်။

မြန်မာစစ်အစိုးရက ကျောထောက်နောက်ခံပြုထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက နိုင်ငံရေးပါတီ (၁) ခုထက်မနည်း ဖွဲ့စည်းသွားရန်ရှိကြောင်း သိရသည်။

ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားပြီးသော အဖွဲ့များ
(၁) ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)
(၂) ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်
(၃) အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့
(၄) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)
(၅) ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)
(၆) ကရင်ပြည်သူ့ပါတီ (ကေပီပီ)
(၇) ရခိုင်ပြည် အမျိုးသားနိုင်ငံရေး အင်အားစု
(၈) ပြည်ထောင်စု ဒီမိုကရေစီပါတီ
(၉) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပီအန်အို)
(၁၀) ကချင်ပြည်နယ် တိုးတက်ရေးပါတီ
(၁၁) မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ဥပဒေ အမှတ်(၄/၈၈) အရ တည်ရှိနေသော
နိုင်ငံရေးပါတီ (၁၀) ခု
(၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)
(၂) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)
(၃) ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ)
(၄) ပြည်ထောင်စု ပအိုဝ်းအမျိုးသားများအဖွဲ့ချုပ် (ယူပီအန်အို)
(၅) ကိုးကန့်ဒီမိုကရက်တစ်ပါတီ (ရှမ်းပြည်)
(၆) မြို ခေါ် ခမီအမျိုးသားညီညွတ်ရေးအဖွဲ့ (မခမညဖ)
(၇) လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (အယ်လ်အန်ဒီပီ)
(၈) ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ် (ယူကေအယ်လ်)
(၉) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (ကေဒီယူပီ)
(၁၀) ဝအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒဗလျူအန်ဒီပီ

Monday, April 5, 2010

ဖိနပ်ကြားက နတ်စကားထွက်တဲ့ နအဖပြောတဲ့ အမျိုးသားနိုင်ငံရေး

ရဲဘော်ဖိုးသံချောင်း
၅/ ဧပြီ ၂၀၁၀

မတ်လ (၂၇) ရက်နေ့က ဗိုလ်သန်းရွှေရဲ့ မိန့်ခွန်းထဲမှာ သူတို့စစ်တပ်ဟာ အမျိုးသားနိုင်ငံရေးကို လုပ်သွားမယ်လို့ ထပ်မံ အတည်ပြုပြောသွားတာ ကြားလိုက်ကြရပါတယ်။ ပြောရရင် မြန်မာပြည်နိုင်ငံရေးမှာ အတော်လေးကြားကြရတဲ့ အသုံး အနှုန်းတွေထဲမှာ ဒီ “အမျိုးသားနိုင်ငံရေး” ဆိုတာလည်း ပါဝင်ပါတယ်။ ဒီအသုံးအနှုန်းနဲ့တွဲပြီး ကြားရလေ့ရှိတဲ့ နောက်အသုံး အနှုန်းတခုကတော့ ပါတီနိုင်ငံရေးဆိုတာပဲ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်းနှစ်ခုကို တနေရာစီသုံးကြတာကတော့ ကြာပါပြီ။ ဒါပေမယ့် အခုလို ဒီနှစ်ခုတွဲပြီး သုံးနှုန်းတာကတော့ စစ်အစိုးရများ၊ အထူးသဖြင့် န၀တ-နအဖ လက်ထက်ကျမှ ခေတ်စား လာတယ်ဆိုရင် မမှားဘူးထင်ပါတယ်။

တကယ်က အမျိုးသားနိုင်ငံရေးဆိုတဲ့ စကားလုံးကို ကိုလိုနီလက်ထက်၊ သူ့ကျွန်ဘ၀တုန်းက နယ်ချဲ့နဲ့ ဖက်ဆစ်ကို တွန်းလှန်လှုပ်ရှားမှုတွေမှာ စသုံးခဲ့တာပါ။ တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံရေးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ နိုင်ငံရေး သမားတွေ၊ ပါတီအဖွဲ့အစည်းတွေက တီထွင်ခဲ့တဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ စစ်တပ်ကတီထွင်တဲ့ စကားလုံးမဟုတ်ပါဘူး။ ဒါပေမယ့် အခု န၀တ-နအဖတို့လက်ထက်ကျတော့ ဒီအသုံးအနှုန်းနဲ့ သူတို့ကိုယ်သူတို့ ကယ်တင်ရှင်ကြီးတွေလို့ အမွှန်းတင်ပြီး ကျန်တဲ့နိုင်ငံရေး အင်အားစုတွေကိုတော့ ကိုယ်ကျိုး၊ ကိုယ့်ပါတီအကျိုးသာကြည့်သူလို့ အပုပ်ချတိုက်ခိုက်တဲ့ အဓိပ္ပာယ်နဲ့ တွင်တွင်သုံးနေတာ တွေ့ရပါတယ်။ သူတို့ရဲ့သဘောက ပါတီနိုင်ငံရေးလို့ ဆိုလိုက်တာနဲ့ပဲ မသန့်ရှင်းတဲ့နိုင်ငံရေးလို့ အဓိပ္ပာယ်ထွက်သယောင်ယောင် ဖြစ်နေပါတယ်။ ဒါကြောင့်မို့ တချို့ကျောင်းသားတွေ၊ သာမန်လူတွေကတောင် မိမိတို့ လုပ်တာဟာ ပါတီနိုင်ငံရေးမဟုတ်ဘူး၊ အမျိုးသားနိုင်ငံရေးဖြစ်တယ်လို့ အင်မတန်သတိကြီးစွာနဲ့ ပြောကြားသံတွေ ကြားရပါတယ်။ ဒီလိုဖြစ်တာဟာ နအဖ လုပ်လိုက်လို့ ရှုပ်ထွေးကုန်တဲ့ လက္ခဏာဖြစ်ပါတယ်။

ဒီနေရာမှာ ထောက်ပြချင်တာတခုရှိပါတယ်။ ၁၉၉၀ ခုနှစ်ဆီတုန်းက “တို့ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ” ဆိုတဲ့ စာအုပ်ကို န၀တအစိုးရက ပြန်ထုတ်ခဲ့ပါတယ်။ တကယ်က အဲဒီစာအုပ်ဟာ မြ၀တီစာအုပ်တိုက်က ၁၉၅၉ ခုနှစ်မှာ (ဗိုလ်နေ၀င်းတို့ ပထမအကြိမ် အာဏာသိမ်းထားစဉ်ကာလ) ပထမဆုံးအကြိမ် ထုတ်ခဲ့တဲ့စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဖောင်းကားစားသမ္မတ ဒေါက်တာမောင်မောင်က စာမျက်နှာ (၅၀) လောက်ရှိတဲ့ အမှာစာကိုရေးတော့ အမျိုးသားနိုင်ငံရေး ဆိုတာကို တင်ပြတဲ့အနေနဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေးပါတီတွေကို ရန်တိုက်ပေးခဲ့ပါတယ်။ ဗိုလ်နေ၀င်းကို အသားလွတ် အမွှန်းတင်ပြီး တခြားနိုင်ငံရေးအင်အားစုမှန်သမျှကို တိုက်ခိုက်တာပါပဲ။ ဆိုလိုတာ ဒီပြောနည်းဆိုဟန်ဟာ စစ်အုပ်စုပထမ မျိုးဆက်ကနေ အခု ဗိုလ်သန်းရွှေတို့မျိုးဆက်အထိ ဆက်ခံစေခဲ့တဲ့ ၀ါဒဖြန့်နည်းဖြစ်တယ်ဆိုတာပါပဲ။ မသိနားမလည်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံရေးပါတီတွေကို ရန်တိုက်ပေးဖို့အတွက် တီထွင်ထားတဲ့ လှည့်ကွက်ဖြစ်ပါတယ်။

ဒါနဲ့တဆက်တည်း ထောက်ပြဖို့လိုတာက ဒီနေ့ နအဖခေါင်းဆောင်အားလုံးလိုလိုဟာ တချိန်က မဆလပါတီ ပါတီဝင်တွေ၊ တချို့ဆိုရင် ဗဟိုကော်မတီဝင်တွေ ဖြစ်ခဲ့ပါတယ်။ အဲဒီကာလတုန်းကတော့ ဗိုလ်နေ၀င်းရော၊ ဗိုလ်သန်းရွှေတို့ရော ဘယ်သူကမှ ပါတီနိုင်ငံရေးဟာ မကောင်းဘူးလို့ မပြောခဲ့ကြပါဘူး။ ပြောလိုက်ရင် အဲဒီတုန်းက တခုတည်းသောပါတီဖြစ်တဲ့ မဆလ ပါတီကို တိုက်ရိုက်ထိခိုက်တော့မှာ မဟုတ်ပါလား။ ဒါကြောင့် အခု နအဖထိပ်သီးတွေကို သူတို့ကော ပါတီနိုင်ငံရေး မလုပ်ခဲ့ဖူးဘူးလားလို့ မေးလိုက်သင့်ပါတယ်။

တကယ်က အမျိုးသားနိုင်ငံရေးဆိုတာကို လူတဦးတယောက်၊ ဒါမှမဟုတ် ပါတီတခုက ငါ (တို့) သာလျှင် လုပ်ခွင့်ရှိတယ်ဆိုပြီး ကိုယ်ပိုင်ပစ္စည်းလို လုပ်လို့မရပါဘူး။ အလားတူပဲ အမျိုးသားနိုင်ငံရေးကို ငါတို့သာလုပ်ခွင့်ရှိတယ်၊ တခြား ဘယ်သူ၊ ဘယ်ပါတီမှ လုပ်ခွင့်မရှိဘူးလို့ လက်ဝါးကြီးအုပ်လို့လည်းမရပါဘူး၊ လူတိုင်း၊ ပါတီတိုင်းမှာ လုပ်ခွင့်ရှိပါတယ်။

မှန်တာပြောရရင် လူတဦးချင်းပဲဖြစ်ဖြစ်၊ ပါတီအဖွဲ့အစည်းတခုပဲဖြစ်ဖြစ် နိုင်ငံရေးလုပ်တယ်ဆိုရင် ကိုယ်စားပြုမှုရှိတာချည်း ဖြစ်ပါတယ်။ လူသားအားလုံး၊ တယောက်မကျန်ကို ကိုယ်စားပြုတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကို အနီးဆုံးဥပမာပြရရင် ဒီနေ့အခါမှာ ပြည်သူလူထု အများတကာ့အများစုကြီးကို ကိုယ်စားပြုတဲ့လူတယောက်ဟာ စစ်အုပ်စုကို ကိုယ်စားပြုလို့မရပါဘူး။ အလားတူပဲ စစ်အုပ်စုဝင်တွေဟာ ဘယ်နည်းနဲ့မှ ပြည်သူလူထုအများစုကြီးကို ကိုယ်စားမပြုနိုင်ပါဘူး။ ဒင်းတို့ဟာ တတိုင်းတပြည်လုံးက ပြည်သူတွေကိုမဆိုထားနဲ့ နာဂစ်မုန်တိုင်းဒဏ်ခံရသူတွေကိုတောင် ကိုယ်စားမပြုနိုင်ဘူးဆိုတာ လက်တွေ့မြင်ခဲ့ကြရပြီမဟုတ်ပါလား။

တကယ်က ဒီလိုနိုင်ငံရေးပါတီတွေကို အပုပ်ချပြီး စစ်တပ်ကို အမွှန်းတင်တဲ့လုပ်ထုံးဟာ ဗိုလ်နေ၀င်းတို့ ဆိုရှယ်လစ် စစ်အုပ်စုလက်ထက်က စခဲ့တာလို့ဆိုရင် မမှားပါဘူး။ သူတို့ဟာ သူတို့နဲ့အနီးဆုံး လုပ်ကိုင်နေတဲ့ ဖဆပလခေါင်းဆောင်တွေရဲ့ အားနည်းချက်၊ ချွတ်ယွင်းချက်တွေကိုတွေ့မြင်ပြီး အဲဒီလူတွေကို အထင်သေး၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာ ဖြစ်လာတာပါပဲ။ ဒီလိုကနေ သူတို့ခေါင်းထဲမှာ အာဏာသိမ်းဖို့ အတွေးအခေါ်၊ အကြံဉာဏ်တွေ ပေါ်လာတာဖြစ်ပါတယ်။ ဒီလိုအာဏာသိမ်းမှုကို တရားပြုပေးတဲ့ စဉ်းစားနည်းနဲ့ ရှင်းပြနည်းကို စစ်အုပ်စုအဆက်ဆက် လက်ဆင့်ကမ်းသယ်ခဲ့ကြတာ မြန်မာပြည်မှာ ရာစုနှစ်တ၀က်နီးပါးရှိခဲ့ပါပြီ။

ဒီနေ့ နအဖချုပ်ကိုင်ထားတဲ့ စစ်တပ်ဟာ ကိုလိုနီလက်ထက်ကတည်းက စတင်ခဲ့တဲ့ မြန်မာပြည်ရဲ့အမျိုးသားနိုင်ငံရေး အစဉ်အလာ၊ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်ရဲ့အစဉ်အလာကို အမျိုးသားနိုင်ငံရေး အစဉ်အလာကို ထိန်းသိမ်းထားသလားလို့ မေးကောင်းမေးလာနိုင်ပါတယ်။ အဖြေက ဒီတပ်ကို ချုပ်ကိုင်တဲ့လက်တွေ ပြောင်းသွားတာနဲ့အမျှ တပ်ရဲ့လက္ခဏာဟာလည်း ပြောင်းလဲသွားခဲ့ပါတယ်။ ဒီတပ်ကို ဗိုလ်နေ၀င်းနဲ့ ဆိုရှယ်လစ်စစ်ဗိုလ်တွေက ချုပ်ကိုင်ခဲ့တဲ့ အချိန်ကစလို့ ဒီတပ်ဟာ လူတစု၊ ပိုတိကျအောင်ပြောရရင် စစ်အုပ်စုတစုရဲ့ လက်ကိုင်တုတ်တပ်၊ ခါးပိုက်ဆောင်တပ်ဖြစ်သွားတယ်လို့ ပြောနိုင်ပါတယ်။ ဒီတပ်ကြီးဟာ ပြည်သူလူထုရဲ့ ချုပ်ကိုင်မှုအောက်မှာ လုံးဝမရှိတော့တဲ့ အပြင် စစ်အုပ်စုတွေက ဒီတပ်ကြီးကိုအသုံးပြုပြီး ပြည်သူလူထုကိုချုပ်ကိုင်ဖို့ လုပ်နေတာချည်း တွေ့ခဲ့ရတာ နှစ်ပေါင်း (၅၀) လောက် ရှိခဲ့ပါပြီ။ ဒါကြောင့်မို့ ဒီတပ်ကြီးဟာ စစ်အုပ်စုကိုကာကွယ်တဲ့ နိုင်ငံရေးကိုပဲ လုပ်နေတယ်လို့ အတိအကျ ပြောနိုင်ပါတယ်။

ဒါဖြင့် အမျိုးသားနိုင်ငံရေးဆိုတာ ဘာလဲ။ လူပြောသာများနေတယ်၊ အကောင်အထည်နဲ့ပြစရာ ရှိလို့လားလို့ မေးချင် မေးလာပါလိမ့်မယ်။ အမျိုးသားနိုင်ငံရေးဆိုတာ နိုင်ငံတနိုင်ငံရဲ့ သက်ဆိုင်ရာကာလတခုအတွင်း အဲဒီနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားအများစုကြီးနဲ့ တိုက်ရိုက်ပတ်သက်ပြီး အရေးတကြီးဖြေရှင်းဖို့ လက်ငင်းလိုအပ်နေတဲ့ ဘုံအရေးတော်ပုံ၊ ဒါမှမဟုတ် ဘုံကိစ္စရပ်ကြီးတွေကို ခေါ်ဆိုတာဖြစ်ပါတယ်။ ဒီလိုအရေးတော်ပုံကြီးတွေကို ဖြေရှင်းရာမှာ ပြည်သူလူထုအများစုကြီးဘက်က ပါဝင်လုပ်ကိုင်တာဟာ အမျိုးသားနိုင်ငံရေးလုပ်တာပါပဲ။ သာမန် ဆွမ်းကြီးလောင်း အသင်းအတွက် လုပ်တာလောက်ကို အမျိုးသားနိုင်ငံရေးလို့ မခေါ်ပါဘူး။ တတိုင်းတပြည်လုံးနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ဖက်ဆစ်တော်လှန်ရေးလို ဘုံအရေးတော်ပုံကြီးတွေကိုမှ ခေါ်ဆိုနိုင်တာပါ။ နောက်တချက်က သက်ဆိုင်ရာ ကာလတခုအတွင်းလို့ အထက်မှာ ရေးခဲ့ပါတယ်။ ဆိုလိုတာ အမျိုးသားနိုင်ငံရေးဆိုတာ အချိန်ကာလအလိုက် ပြောင်းလဲ တတ်တယ်ဆိုတာပါပဲ။ မြန်မာပြည်ထဲမှာကိုပဲ ကိုလိုနီခေတ်က အမျိုးသားနိုင်ငံရေးဆိုတာနဲ့ ဒီနေ့အမျိုးသားနိုင်ငံရေးတို့ဟာ မတူတော့ပါဘူး။ ကိုလိုနီခေတ်တုန်းက အမျိုးသားနိုင်ငံရေးဟာ ကိုလိုနီဘ၀ကလွတ်မြောက်ရေး၊ တနိုင်ငံလုံးလွတ်လပ် ရေးပဲဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ကို စစ်အစိုးရတွေက အုပ်ချုပ်လာတဲ့နောက်မှာတော့ မြန်မာပြည်အမျိုးသားနိုင်ငံရေးရဲ့ အဓိကလက္ခဏာဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေးဖြစ်လာပါတယ်။

ဒီအမျိုးသားနိုင်ငံရေး ရေစီးကြောင်းကို ဆန့်ကျင်သလား၊ အတူချီတက်တိုက်ပွဲဝင်သလားဆိုတာဟာ ဒီနေ့ နိုင်ငံရေးသမားတွေ၊ ပါတီအဖွဲ့အစည်းတွေကို တိုင်းတဲ့စံဖြစ်ပါတယ်။ နအဖအပါအ၀င် စစ်အုပ်စုအဆက်ဆက်ဟာ ဒီရေစီးကြောင်းကြီးကို ဆန့်ကျင်ဖျက်ဆီးကြသူတွေဖြစ်တဲ့အတွက် အမျိုးသားနိုင်ငံရေးကို လုပ်နေသူတွေမဟုတ်ဘဲ ဖျက်ဆီးနေသူတွေ ဖြစ်တယ်လို့ အတိအကျ ပြောနိုင်ပါတယ်။

ဒီကေဘီအေနှင့် ငြိမ်းချမ်းရေးအဖွဲ့များသို့စောကျော်ခွီး၏ပေးစာ

ဧပြီ ၄၊ ၂၀၁၀ စောကျော်ခွီး

ညီအစ်ကို ရဲဘော်တို့......
မင်းတို့ အထင်ကြီးလေးစားနေတဲ့ ဗမာစစ်ရာဇဝတ်ကောင်တွေဟာ
ဘယ်အချိန်၊ ဘယ်အခါမှ ကတိတည်တဲ့ အတန်းအစားတွေ မဟုတ်
ဖူးဆိုတာ မင်းတို့သဘောပေါက်သင့်တယ်။ တို့ ကရင်တွေကို စည်းလုံး
ညီညွတ်မှု ပျက်ပြားအောင် သွေးထိုးလှုပ်ဆော်၊ ရာထူးဌာနတွေနဲ့မျှား၊
ငွေကြေးမက်လုံးတွေနဲ့မျှား၊ ဘာသာရေးနဲ့ခွဲထုတ်၊ စီးပွားရေး လုပ်ကွက်
တွေနဲ့ဘမ်းပြပြီး ငါတို့ ကရင်တွေကို အယုံသွင်းပျက်စီးစေနေတာ ငါ့ညီ
အစ်ကို ဒီကေဘီအေနဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေလဲ အသိပါ။ မသိရင် ထပ
်ပြောပြမယ်။


တို့ကရင်တွေဟာရိုးသားကြတယ်၊ သစ္စာရှိကြတယ်။ လိမ္မာပါးနပ်မှုမရှိကြဘူး။
ဗမာမဟာလူမျိုးကြီး စစ်အုပ်စုတွေကျတော့ ကောက်ကျစ်တယ်၊
စဉ်းလဲတယ်၊ နောက်ဆုံးပြောမယ် ရေခပ်ရင်တောင် အနည်မထဘူး။ အဲလို
ဥာဏ်နီ၊ ဥာဏ်နက်နဲ့လိမ္မာပါးနပ်လွန်းတဲ့အပြင် သူများဘာသာမပြောနဲ့
မိမိယုံကြည်သက်ဝင်တဲ့ ဘာသာကိုတောင် ဖျက်ဆီးနေတဲ့သူတွေကို ဘယ်လို
နည်းနဲ့မှ မင်းတို့ တွေ ဆည်းကပ်မှီတွယ်နေစရာမလိုဘူး။

သူတို့တွေဟာ မိစ္ဆာဒိဌိတွေဖြစ်တဲ့အပြင် သူတို့အတွက်လိုအပ
်လာရင် ဘယ်လူမျိုး၊ ဘယ်အရာ၊ ဘယ်ပုဂိုလ်မဆို အစားထိုး ချကျွေးရင်းပစ်မဲ့
သွေးကြောင်၊ သွေးပျက်နေတဲ့ လားရာမကောင်းနိုင်တော့တဲ့သူတွေဖြစ်တယ်။
အဲဒီလိုလူမျိုးတွေရဲ့နောက်လိုက်လုပ်နေသရွေ့ တို့ကရင်တွေရဲ့ဘဝတွေဟာ
အင်မတန်မှ အဖတ်ဆည်မရဖြစ်နေလိမ့်မယ်။

ကရင်တွေရဲ့ အောက်ခြေလူတန်းစားဘဝတွေထဲ ပြန်ဆင်းကြည့်ပါအုံးရဲဘော်တို့။
ဗျာပါသောက အပူမီးတွေနဲ့အနှစ်နှစ်အလလ မျှော်လင့်ချက်မဲ့၊ ခိုကိုးရာမဲ့၊
ကျန်းမာရေး၊ ပညာရေး အဖက်ဖက်က ချွတ်ခြုံကျနေရတဲ့ မင်းတို့လူမျိုးတွေ၊
ငါတို့လူမျိုးတွေရဲ့ဘဝတွေကို သေချာပြန်လည်ကြည့်လှည့်ပါအုံးကွာ။

ဗမာ နအဖတွေကို ကြောက်ရ၊ မင်းတို့ကိုပါ တဖန်အားကိုးဖော်မရဘဲ ပြန်ကြောက်
နေရတဲ့ အိုးပစ်၊ အိမ်ပစ် ထွက်ပြေးနေရတဲ့ မင်းတို့ရဲ့ ကရင်အမျိုးအနွယ်တွေရဲ့
ထိန့်လန့်ငိုကြွေးနေတဲ့မျက်နှာကို ပြန်လည် မြင်ယောင်စမ်းပါအုံးကွာ။ မင်းညီမတွေ၊
မင်းအစ်မတွေ မှုဒိန်းကျင့်ခံနေရတာ မင်းပျော်နေသလား ရဲဘော်။ မင်းရဲ့အဖေ၊ အမေ၊
ညီအစ်ကိုတွေ အသတ်ခံနေရတာ မင်းကြည့်ရက်သလားရဲဘော်။

သူတို့တွေမှာ ထမင်းတစ်လုပ်စားဖို့အတွက်အခက်အခဲတွေကြုံနေရတဲ့အပြင်
အဲဒီထမင်းလေးကို ဝေမျှစားရင်းနဲ့ဘဲ သူတို့ဘယ်တော့ အသတ်ခံရမလဲဆိုတာစိုးရိမ်ထိန့်
လန့်နေကြရတယ်။ သေဖို့ရက်တွေကို မဝရေစာ ထမင်းလေးစားရင်း အကြောက်တရား
တွေနဲ့စောင့်နေကြရတယ်။ အဲဒီလူတွေကလဲ မင်းတို့ချစ်တဲ့ မင်းတို့ကရင်မိသားစုတွေလေ။
ညီအစ်ကို အချင်းချင်းရန်တိုက်ပေးပြီး သူခိုင်းတာကို ရွပ်ရွပ်ချွန်ချွန် တာဝန်ထမ်းဆောင်
ပေးခဲ့လို့ မသထာရေစာ ပေးကမ်းချီးမြောက်လိုက်တာက အိမ်ကြီးခရိုင်တဲ့လား။

သူများမြှောက်လို့ ဂွေးတက်အောင်ထကနေတဲ့ အဲဒီ ကျောက်ရူးကလဲတမှောင့်။ အဲဒီမှာ
မင်းတို့တွေ စံပျော်ခွင့်မရှိပါဘူး။ “ချစ်သူ”တို့ နလဘိန်းတုံးဇနီးမောင်နှံနဲ့ဆွေမျိုးနီးစပ်
သူတွေသာ သာသာယာခွင့်ရှိကြမဲ့နေရာဖြစ်တယ်။ နအဖစစ်အုပ်စုတွေကလဲ မလိုရင်
မလိုသလို အချိန်မရွေးဖျက်ဆီးပြစ်နိုင်တာကို "ချစ်သူ"တို့ သဘောပေါက်သင့်ပါတယ်။

နအဖစစ်အုပ်စုက သူ့အတွက် လုံခြုံမှု၊ အကာအကွယ်၊ ရပိုင်ခွင့်တွေအပြည့်ပါတဲ့ မတ
ရားသဖြင့်ရေးဆွဲထားတဲ့ (၂၀၀၈) အခြေခံဥပဒေနဲ့ သူတို့တွေ သီးသန့်ရွေးချယ်ထားတဲ့
လက်ညိုးထောင် ခေါင်းညှိမ့် အရိုးရင်းမျှော်ပါတီလေးတွေနဲ့စုပေါင်းကျင်းပမဲ့ အတု
အယောင်(၂၀၁၀)ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြဖို့လိုအပ်တယ်။
ရွေးကောက်ပွဲကို ဆန့်ကျင်မှာစိုးလို့ မင်းတို့ကို နယ်ခြားလေး ခေတ္တစောင့်ခိုင်းထား
တာပါ။ တကယ်တော့ မင်းတို့အတွက် ဘာမှ လုံခြုံမှု မရှိဘူးဆိုတာ နားလည်ရမယ်။

ညီအစ်ကိုရဲဘော်တို့......
ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူရေးတွေအတွက် တို့ကရင်တွေ တောင်းဆို တိုက်ပွဲဝင်
လာတာ နှစ်(၆၀)တောင်ကျော်ခဲ့ပြီဘဲ။ အုပ်စိုးသူ မဟာဗမာလူမျိုးကြီးတွေကြောင့်
မင်းတို့၊ ငါတို့တွေဟာ ဒီလက်နက်ကိုင် တော်လှန်ရေးလမ်းကို မရွေးချင်ဘဲ ရွေးလိုက်
ကြရတယ်။ တို့ ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီးပြောခဲ့သလို ဒီလက်
နက်ကိုင် တော်လှန်ရေးဟာ ပထမနဲ့ နောက်ဆုံးဖြစ်စေရမယ်။ ပန်းတိုင်မရောက်မချင်း
တို့တွေဟာ မဆုတ်မနစ် ချီတက်နေရမယ်။

ကရင်ပြည်သူတွေကို မနှိမ့်စက်ပါနဲ့၊ မူးယစ်ဆေးဝါးတွေ မလုပ်ပါနဲ့၊ နအဖခိုင်းတာ
တွေကို မလုပ်ဘဲ မင်းတို့ စွန့်ခွာခဲ့တဲ့ မိခင် ကရင်ရင်ခွင်ထဲ ပြန်လာခဲ့ပါလား။
တို့မှာ မိသားစုစိတ်ဓါတ်တွေရှိတယ်၊ အမျိုးချစ်တဲ့စိတ်တွေရှိတယ်။ အဲဒီစိတ်ဓါတ်တွေက
မင်းတို့တွေအတွက် လုံခြုံမှုတွေတွေ၊ အေးမြမှုတွေပေးနိုင်ပါတယ်။ တို့ရဲ့
အမျိုးသားတာဝန်၊ သမိုင်းပေးတာဝန်တွေအတွက် တို့တွေအတူတကွ ပြန်လည်
လက်တွဲပြီးလုပ်ကြရအောင်လို့ လက်ကမ်းဖိတ်ခေါ်ပါရစေ။

ညီညွတ်ရေးအတွက် အမြဲတမ်းနွေးထွေးစွာနဲ့ ကြိုဆိုနေမယ်ဆိုတာ မျိုးချစ်တဲ့
နှလုံးသားထဲက ပြောနေပါရစေ။ မိမိကောင်းစားရေးထက် မိမိလူမျိုး မိမိရင်သွေး
သားငယ်၊ သမီးငယ်တွေ လူတန်းစေ့ရေး၊ လူသားတိုင်းလို လူ့ဂုဏ်သိက္ခာတွေ
ရရှိပိုင်ဆိုင် ထိန်းသိမ်းနိုင်ကြရေးတွေအတွက် မင်းတို့ငါတို့တွေတာဝန်ရှိကြတယ်။

အနာဂတ်မဲ့နေတဲ့ ကရင့်ရင်သွေးများအရေး၊ ကရင်တွေ ပြတိုက်ထဲတွန်းပို့မခံရရေး၊
မိမိလူမျိုးကို ချစ်တတ်နိုင်ကြစေရေး စဉ်းစားပေးကြဖို့ပြောကြားလိုက်ပါရစေ။
တချိန်တခါက ညီအစ်ကိုအချင်းချင်း မှားယွင်းဖြစ်ပျက်ခဲ့တာတွေ၊ ရန်ငြိုးအာဃာတ
တွေကို သင်ပုန်းခြေ ပြင်ဆင်ကြပြီး တစ်ဦးနဲ့တစ်ဦး သံသယကင်းစွာ အမျိုးအတွက်
အဓိပ္ပါယ်ရှိတဲ့ ပေးဆပ်ခြင်းမျိုးနဲ့ ဆထက်တံဘိုး ပေးဆပ်ထမ်းရွက်ကြပါစို့။

IDP_Karen_2010.mov

ဗမာ့စစ်ခွေးတွေကြောင့် အတိဒုက္ခရောက်နေကြတဲ့ ကရင်ပြည်သူများ
အောက်ပါ ဗွီဒီယိုမှတ်တမ်းသည် မကြာသေးခင် နအဖ စစ်ခွေးတွေက ညောင်လေးပင်ခရိုင်တွင် ကရင်လူထုကို သတ်ဖြတ် ရွာမီးရှို့ စတဲ့လူမဆန်တဲ့လုပ်ရပ်တွေကြောင့် ထွက်ပြေးနေကြရတဲ့ ရွာသူရွာသားများကို မှတ်တမ်းတင်ရိုက်ကူးထားခြင်းဖြစ်ပါသည်။ အဆိုပါရွာသူရွာသားများသည် ယနေ့ အထိ တောတောင်လျှိုမြောင်တွေအကြားမှာ ပုန်းအောင်းနေရဆဲ ဖြစ်ပါသည်။ ကေအဲန်အယ်လ်အေ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ လူမှု့ ကယ်ဆယ်ရေးအဖွဲ့ များနှင့် FBR အဖွဲ့ မှ တတ်နိုင်သလောက် ရွာသားတွေကို ကူညီစောက်ရှောက်နေပါသည်။ သို့ ပေမယ့်လည်း ထိုပန်းဝန်းကျင်တွင် နအဖ စစ်ခွေးတွေက ဆက်လက်မွေနှောက် ရွာတွေကို လက်နက်ကြီးများဖြင့် အခါအားလျော်စွာ ပစ်ခတ်နေပါသဖြင့် ရွာသားများ ကိုယ့်အိမ်ကိုယ်ပြန်မရဲကြပါ။ တချို့ ရွာနှင့်အိမ်များသည်လည်း နအဖ ဗမာ့စစ်ခွေးများ မီးရှို့ ပြီးဖြစ်သည်။



kklvol13no3

kklvol13no3
kklvol13no3

လွတ်မြောက်မှုအရသာ

ငါတို့လွတ်မြောက်အောင် ကြိုးစားနေတယ်
ဒါပေမဲ့ မလွတ်မြောက်သေးဘူး
လွတ်မြောက်သူလူတစ်စုက တော်လို့လား
မဖြစ်နိုင်ဘူး
အဖြေတော့ထွက်ခဲ့ပြီ
ငါတို့စိတ်ထဲ ထက်သန်တဲ့အစွဲက
လွတ်မြောက်မှုဘက်ကို မထက်သန်သေးလို့ပါ
ဒါပေမဲ့ ငါယုံကြည်ပါတယ်
တချိန်ချိန် လွတ်မြောက်မှုအရသာ
ခံစားရဖို့ ငါတို့ကိုထက်သန်တဲ့အစွဲက
ကူညီပါလိမ်မယ်။