Saturday, January 30, 2010

့် လာမည့် ဇန်န၀ါရီလ ၃၁ရက်နေ့တွင် ကျရောက်မည့် ၆၁နှစ်မြောက် ကရင့်တော် လှန်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကရင်တော်လှန်ရေး စစ်ချီတေးသီချင်း

ကရင်တော်လှန်ရေး စစ်ချီတေးသီချင်း

လာမည့် ဇန်န၀ါရီလ ၃၁ရက်နေ့တွင် ကျရောက်မည့် ၆၁နှစ်မြောက် ကရင့်တော် လှန်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကရင့်တပ်မတော်သားများ သီဆိုထား သည့် စစ်ချီတေးသီချင်းဖြင့် ကြိုဆိုဂုဏ်ပြုလိုက်ပါသည်။



မှန်ကန်သော ကရင့်တော်လှန်ရေး မုချအောင်ရမည်။
မတရားသော စစ်အာဏာရှင်စနစ် ကျဆုံးရမည်။

မိမိလူမျိုးများအတွက်အသက်ကိုပေးလှူသောကရင်ခေါင်းဆောင်
အာဇာနည်များ၊ ရဲဘော် ၊ရဲမေများအားလုံးကို
KNL-JAPAN မှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါသည်။

KYO Felicitation Letter of _61th _ KRD_Burma_

KYO Felicitation Letter of _61th _ KRD_Burma_
KYO Felicitation Letter of _61th _ KRD_Burma_

kklvol13no1 Karen News monthly

kklvol13no1 Karen News monthly
kklvol13no1 Karen News monthly

MYANMAR: Increasing displacement as fighting resumes in the east

MYANMAR: Increasing displacement as fighting resumes in the east
MYANMAR: Increasing displacement as fighting resumes in the east

Brig 7 Villagers will send back by Kwekalu Karen News


Brig 7 Villagers will send back by Kwekalu Karen News

Ask Gun by Kwekalu Karen News


Ask Gun by Kwekalu Karen News

ထိုင်းစစ်တပ်မှ ယာယီဒုက္ခသည်များ ပြန်ထားမည့်နေရာ သွားရောက်ကြည့်ရှုခဲ့

ဇန်န၀ါရီလ ၂၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ ကရင်စစ်ပြေးဒုက္ခသည်များကို နေရပ်ပြန်ပို့ရန် ထိုင်းစစ်တပ်မှ တပ်ဗိုလ်တပ် မှူးအချို့သည် မြန်မာဘက်ကမ်းရှိ ဒုက္ခသည်နေရာများကို ယနေ့ သွားရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။

ထိုင်းအာဏာပိုင်များက ဒုက္ခသည်များ ပြန်ထားမည့် မြန်မာပြည်ဘက်ခြမ်းသို့ သွားရောက်ကြည့်ရှုရာတွင် နိုဘိုးကျးရွာတွင် ရှိသည့် စစ်ပြေးဒုက္ခသည် (၅၀)ကျော်ကို ၎င်းတို့နှင့်အတူ ခေါ်ဆောင်သွားခဲ့သည်ဟု ကေအဲန်ယူ ဖားအံခရိုင် ဥက္ကဌ ပဒိုစော အောင်မော်အေးက ပြောသည်။

“ဒီမနက် ၉နာရီလောက်မှာ ထိုင်းစစ်တပ်ကနေပြီး ဒုက္ခသည် အယောက် ၅၀ကျော်ကို ခေါ်သွားပြီးတော့ အရင်က ရွာသားတွေ နေတဲ့ ကရင်ဒုက္ခသည်စခန်းဖြစ်တဲ့ လယ်ပေါ်ဟဲနေရာ သွားကြည့်တယ်။ ဒီကေဘီအေတွေလည်း လာကြိုတယ်။ သူများ (ထိုင်းစစ်တပ်)က အတင်းအဓမ္မ ပြန်ကြည့်ခိုင်းတော့ ဒုက္ခသည်တွေလည်း လိုက်သွားရတာပေါ့။ တရက် တရက် သုံးလေးငါးခါ လောက် သွားပြီး ဖိအားပေးပြောဆိုနေတော့ ဒုက္ခသည်တွေလည်း ဆုပ်လည်းဆူး၊ စားလည်းရူး ဘ၀အခြေအနေမျိုးဖြစ်နေ တယ်လေ”ဟု စောအောင်မော်အေးက ပြောသည်။

ယင်းသို့ သွားရောက်ကြည့်ရှုရာတွင် ထိုင်းစစ်တပ်နှင့် ဒုက္ခသည်ရွာသားများအား ဒီကေဘီအေက လမ်းပြခေါ်ဆောင်သွားခြင်း ဖြစ်ပြီး ထိုနေရာသည် မိုင်းဗုံး အများအပြားရှိသောကြောင့် ပြန်လည်နေထိုင်မည်ဆိုပါက ၎င်းတို့အတွက် လုံခြုံမှု လုံးဝ မရှိ ကြောင်း ထိုင်းစစ်တပ်၏ ခေါ်ဆောင်ရာနောက် ပါသွားခဲ့သူ နိုဘိုးဒုက္ခသည်တဦးက ပြောသည်။

သူက “ကျနော်တို့ ဒီနေ့သွားတာ ဒီကေဘီအေ လမ်းပြတဲ့အတိုင်းပဲ လိုက်သွားရတယ်။ မိုင်းဗုံးအန္တရာယ်ကိုတော့ သူတို့ တာဝန် မယူဘူးတဲ့။ ဒီအခြေအနေနဲ့ဆို မိသားစုလိုက် ပြန်နေလို့ မရဲဘူး။ ကလေးအတွက်လည်း ကြည့်ရသေးတယ်လေ။ ရွာထဲမှာ ဗုံးမရှိဘူးလို့ ပြောလို့ မရဘူး။ ကျနော် ဘာမှတောင် မစဉ်းစားတတ်တော့ဘူး။ တော်တော်ဆိုးတဲ့ အခြေအနေပဲ”ဟု ဆိုသည်။

၎င်းစစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ပို့မည့်ကိစ္စတွင် ဒီကေဘီအေအနေဖြင့် နအဖ စစ်တပ်မှ ရွာသားများကို အကြမ်းဖက်မှု၊ အတင်းအဓမ္မ ခိုင်းစေမှုများ မရှိရန် တာဝန်ယူနိုင်သော်လည်း မိုင်းကိစ္စကို တာဝန်မယူရဲကြောင်း ဒီကေဘီအေ တပ်မဟာ (၉၉၉) တပ်ရင်း (၇)ဒုတပ်ရင်းမှူး ဗိုလ်မှူး စောကြည်လင်က ကေအိုင်စီကို ယခုလို ပြောသည်။

“လူထုတွေကို ပြန်လာပါလို့လည်း ကျနော်တို့ အတင်းမခေါ်ပါဘူး။ သူတို့ဆန္ဒရှိရင် ပြန်လာလို့ရပါတယ်။ ကျနော်တို့ ရှိနေသမျှ ကာလပတ်လုံးမှာ ရွာသားတွေကို နအဖကနေပြီးတော့ အနိုင်ကျင့်တာတို့၊ အကြမ်းဖက်တာတို့ လုံးဝမရှိစေရဘူးဆိုတာ ကျနော် အာမခံရဲပါတယ်။ ဒါပေမယ့် ကော်သူးလေ(ကေအဲန်ယူ)တွေထောင်ထားတဲ့ မိုင်းဗုံးကိုတော့ ကျနော်တို့ တာဝန်မယူရဲ ဘူးဆိုတာကို ဟိုနေ့က အစည်းအဝေးမှာ ကျနော် ပြတ်ပြတ်သားသားပဲ ပြောခဲ့ပြီးသားပါ”ဟု ပြောသည်။

ယမန်နေ့က ပြုလုပ်သည့် ထိုင်းလွှတ်တော်များအစည်းအဝေးတွင် ၎င်းစစ်ပြေးဒုက္ခသည်များအား နေရပ်ပြန်ပို့မည့် ထိုင်းအစိုးရ ဆုံးဖြတ်ချက်ကို ထိုင်းအထက်လွှတ်တော် လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်က ကန့်ကွက်လိုက်သည်ဟု ဘီဘီစီသတင်းဌာန တွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၆ရက်နေ့က နိုဘိုးကျေးရွာတွင် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များ အပါအ၀င် UNHCR, TBBC၊ ကေ အဲန်ယူ တပ်မဟာ (၇)ခေါင်းဆောင်တချို့နှင့် ဒီကေဘီအေ တပ်မဟာ (၉၉၉) တပ်ရင်း(၇)မှ ခေါင်းဆောင်တချို့တို့ တွေ့ဆုံခဲ့ ပြီး ဒုက္ခသည်များ နေရပ်ပြန်ထားမည်ဟု ဆုံးဖြတ်ကာ ယခုလို မြန်မာဘက်ခြမ်းသို့ သွားရောက်ကြည့်ရှုခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါဒုက္ခသည်များသည် ယမန်နှစ်က နအဖနှင့် ဒီကေဘီအေတို့ ပူးပေါင်းကာ ကေအဲန်ယူအား ထိုးစစ်ဆင်မှုကြောင့် ထွက် ပြေးရောက်ရှိလာကြသည့် ဖားအံခရိုင်မှ ကရင်ရွာသူရွာသားများဖြစ်ကြပြီး ထိုင်းအာဏာပိုင်များ၏ ဖိအားပေးမှုများကြောင့် ယခင် ဒုက္ခသည်ဦးရေ ၄,၀၀၀ကျော်ထဲမှ အချို့မှာ နေရပ်သို့ ပြန်သွားခဲ့သဖြင့် လက်ရှိတွင် ဒုက္ခသည် ၁,၀၀၀ကျော်သာ ကျန်ရှိ သည်ဟု သိရသည်။

တဆက်တည်းတွင် ထိုင်းအမှတ်(၃)စစ်တိုင်းမှူး နိုင်ထနွန်ဆာ့အဖိလာ့ယူထီက နိုဘိုးကျေးရွာရှိ ယာယီဒုက္ခသည်စခန်းသို့ လာ ရောက်ကာ ဒုက္ခသည်များအနေဖြင့် နေရပ်သို့ ပြန်သင့်ကြောင်း လာရောက်ပြောကြားခဲ့သည်ဟု သိရသည်။

(အမှတ်-၃ စစ်တိုင်းမှူး နိုင်ထနွန်ဆာ့ အဖိလာ့ယူထီ နိုဘိုးကျေးရွာရှိ ဒုက္ခသည်များထံ ယနေ့ လာရောက်စဉ်)
(ဇန်န၀ါရီ ၂၆ရက်နေ့က ထိုင်း၊ ယူအဲန် အပါအ၀င် အဖွဲ့စုံ ယခုလို ဆွေးနွေးခဲ့ကြသည်)



Friday, January 29, 2010

ဒုက္ခသည် ပြန်ပို့လျှင် လုံခြုံရေး တာဝန်မယူဟု DKBA ပြော

ကျော်ခ ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၈ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၁၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းရှိ ယာယီ ဒုက္ခသည်စခန်း နှစ်ခုမှ ကရင် ဒုက္ခသည်များကို ပြန်ပို့လျှင် လုံခြုံရေး တာဝန်မယူနိုင်ကြောင်း တိုးတက်သော ဗုဒ္ဓဘာသာကရင် တပ်မတော် - DKBA က ပြောသည်။

နို့ဘိုးနှင့် အူးသူးထ စခန်းနှစ်ခုရှိ ဒုက္ခသည် ၂ဝဝဝ ကျော်အား ပြန်လက်ခံနိုင်သော်လည်း ပြန်လည် နေရာချထားမည့် နယ်မြေအတွင်း၌ ထောင်ထားသော မြေမြှုပ်မိုင်း အန္တရာယ်မှ အကာအကွယ် မပေးနိုင်ခြင်း ဖြစ်ကြောင်း DKBA မှ တပ်မှူးတဦးက ပြောဆိုခြင်း ဖြစ်သည်။

ဓါတ်ပုံ Getty
“နေဖို့တခုထဲဆိုရင်တော့ ကျနော်တို့အနေနဲ့ ကာကွယ် ပေးနိုင်ပါ တယ်ခင်ဗျ။ တကယ်လို့ တောင်ယာ ခုတ်မယ်၊ လယ်လုပ်မယ်၊ သစ်ဖုသစ်ဥ တူးစားမယ်ဆိုရင်တော့ နယ်မြေ လုံခြုံရေးအတွက် အရင် စစ်ဆင်ရေးတွေကတည်းက ထောင်ခဲ့တဲ့ မိုင်းအလုံးပေါင်း ထောင်နဲ့ရှိတယ်ခင်ဗျ” ဟု DKBA ဗိုလ်မှူး ကြည်လင်က မဇ္ဈိမကို ပြောသည်။

ယင်းဒုက္ခများသည် ပြီးခဲ့သည့်နှစ် ဇွန်လပိုင်းက နအဖနှင့် DKBA ပူးတွဲထိုးစစ်ကြောင့် ကရင် အမျိုးသား အစည်းအရုံး -KNU တပ်မဟာ ၇ ပိုင် ဘားအံ ခရိုင်အတွင်းမှ ထွက်ပြေးသည့် ကရင်ရွာသားများ ဖြစ်သည်။ သူတို့သည် ထာ့ဆောင်ယန်းမြို့နယ်ရှိ မဲ့သရီ၊ သလေထာ့၊ အူသူးထ၊ နို့ဘိုး စသည့် ယာယီစခန်းများ၌ ခိုလှုံနေကြရခြင်း ဖြစ်သည်။

သလေထာ့ရှိ လူဦးရေကို မသိရသေးသော်လည်း နိုဘိုးတွင် ၉၄၆ ဦး၊ အူးသူးထတွင် ၁၄၆ဝ ဦး၊ မဲ့သရီတွင် ၆၉၄ ဦး ရှိသည်။

ဒုက္ခသည်များကို ပြန်ပို့ရေးကိစ္စကို ယခုလ ၂၆ ရက်နေ့က နိုဘိုးစခန်းတွင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အာဏာပိုင်များ၊ ကုလသမဂ္ဂ ဒုက္ခသည်ရုံး UNHCR၊ ဒုက္ခသည်များကို ကူညီပေးနေသည့် TBBC ၊ DKBA နှင့် KNU တို့ ဆွေးနွေးခဲ့ကြသည်။

KNU တပ်မဟာ ၇ မှ ၁ဝ၁ တပ်ရင်းမှူး စောဖောဒို၊ ပဒိုမြမောင်၊ ပဒိုလေးစော၊ DKBA ဘက်မှ တပ်မ ၉၉၉ လက်အောက်ခံ တပ်ရင်း ၇ မှ ဗိုလ်မှူးကြည်လင်နှင့် ပဒိုပွဲကေ့တို့ တက်ရောက်ခဲ့သည်။

ယင်းဒုက္ခသည်များကို DKBA ထိန်းချုပ်နယ်မြေ ဘားအံခရိုင် ပိုင်ကျုံမြို့နယ် မဲအုစုနှင့် လယ်ပေါ်ဟဲ ရွာတို့တွင် ပြန်လည်နေရာချထားပေးနိုင်မည်ဟု သိရသော်လည်း အိုးအိမ်နှင့် အစားအစာအဆင်သင့် မဖြစ်သေးသည့်အပြင် မိုင်းအန္တရာယ် အကာကွယ်မပေးနိုင်ကြောင်း DKBA တပ်မှူးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုလ ၂၆ ရက်နေ့က တွေ့ဆုံဆွေးနွေးပွဲမှ ဒုက္ခသည်များကိုပြန်ပို့ရန် တိကျပြတ်သားသည့် အဖြေမထွက်ခဲ့ကြောင်း ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သူ ဒုက္ခသည်စခန်း တာဝန်ရှိသူတဦးထံမှ သိရသည်။

“ထိုင်းဘက်ကလည်း ပြန်ခိုင်းမယ်ဆိုတာကိုလည်း ထင်ထင်ရှားရှား မပြောပြဘူးပေါ့နော်။ UNHCR ကလည်း ဘာမှ အဆုံးအဖြတ် မပေးနိုင်ဘူး။ DKBA ကလည်း ပြည့်ပြည့်ဝဝ လက်ခံရဲပါတယ်ဆိုတာကိုလည်း အာမမခံရဲဘူးဆိုတော့ အဲဒါ အစည်းအဝေးမှာ အဖြေမပေါ်ဘဲနဲ့ အပြင်မှာတော့ သတင်းကြားတာပေါ့နော” ဟု သူက မဇ္ဈိမကို ပြောသည်။

ယင်းဆွေးနွေးပွဲသို့ KNU ခေါင်းဆောင်အချို့ တက်ရောက်ခြင်းသည် ဗဟို၏ သဘောထားဖြစ်သော်လည်း မိုင်းအန္တရာယ်ကြောင့် ပြန်မပို့သင့်သေးကြောင်း ဆွေးနွေးရန်သာဖြစ်သည်ဟု KNU ဒုဥက္ကဋ္ဌ ဒေးဗစ် သာကပေါက ပြောသည်။

“ထောင်ထားတဲ့ မိုင်းတွေကရှိတော့ အပြင်ထွက် အလုပ်မလုပ်ရဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရမှာကိုး။ ကျနော်တို့အနေနဲ့လည်း ဘယ်လိုမှ အကူအညီမပေးနိုင်ဘူး။ တခြားဒုက္ခသည်တွေလို နေနိုင်ဖို့အတွက် ဒီဘက်မှာ စီစဉ်ပေးနိုင်ရင်တော့ ကောင်းတာပေါ့ဗျာ” ဟု သူက မဇ္ဈိမကို ပြောသည်။

ယခု ဒုက္ခသည်များသည် နအဖ စစ်တပ်မှ အတင်းအဓမ္မ လုပ်အားပေးခိုင်းခြင်း၊ ပေါ်တာဆွဲခြင်း၊ ရှေ့တန်း၌ လမ်းရှင်းခိုင်းခြင်းတို့ကို ခံခဲ့ရသူများဖြစ်ကြောင်းနှင့် ပြန်ပို့ပါက လုံခြုံမှုမရှိကြောင်း ကရင် လူ့အခွင့်အရေးအဖွဲ့ KHRG မှ အတွင်းရေးမှူး Albert က မဇ္ဈိမကို ပြောသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

အကြမ်းဖက် ဗုံးခွဲဖို့ ကြံစည်ဟု စစ်အစိုးရ စွပ်စွဲချက် KNU နဲ့ BLC ငြင်းဆို

28 January 2010
VOA news

၂၀၁၀ ရွေးကောက်ပွဲ ပျက်ပြားစေတဲ့ ရည်ရွယ်ချက်နဲ့ ဖောက်ခွဲရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ကြံစည်ခဲ့သူ ၁၁ ယောက်ကို ဖောက်ခွဲရေး ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာစစ်အစိုးရ သတင်းစာမှာ ဒီကနေ့ စွပ်စွဲ ဖော်ပြထားတဲ့ အချက်တွေဟာ မှန်ကန်မှု မရှိဘူးလို့ နာမည်နဲ့တကွ ဖော်ပြခံထားရတဲ့ အဖွဲ့အစည်းတွေက ဒီကနေ့ ငြင်းဆိုလိုက်ပါတယ်။ အဲဒီ အဖွဲ့အစည်းတွေက ဘယ်လို တုံ့ပြန်ကြသလဲဆိုတာ သိနိုင်အောင် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က အပြည့်အစုံ တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ ပျက်ပြားစေတဲ့ ရည်ရွယ်ချက်နဲ့ ဖောက်ခွဲရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ စီစဉ်နေသူ ကိုကျော်ဇေလင်း ခေါ် ကိုဆိုင်းကို ဇန်န၀ါရီလ ၂၂ ရက်နေ့က ဖောက်ခွဲရေး ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာထဲမှာ ဖော်ပြထားပါတယ်။ အဲဒီသတင်းစာထဲမှာ ကိုကျော်ဇေလင်းဟာ ထိုင်းနိုင်ငံအခြေစိုက် BLC မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ပို့ချတဲ့ ဖောက်ခွဲရေး သင်တန်းတွေကို တက်ခဲ့ပြီး အခုလို ဖောက်ခွဲရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ စီစဉ်နေတာ ဖြစ်တယ်လို့ စွပ်စွဲ ရေးသားထားတာပါ။

ကိုကျော်ဇေလင်းဟာ မြန်မာနိုင်ငံ ရှေ့နေများကောင်စီနဲ့ လုံးဝ ပတ်သက်ခြင်း မရှိဘူးလို့ ရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက ဗွီအိုအေကို ပြောပြပါတယ်။

“ကျော်ဇေလင်း ခေါ် ကိုဆိုင်းဆိုတဲ့ ပုဂ္ဂိုလ်ကို မြန်မာနိုင်ငံ ရှေ့နေများကောင်စီက အမှန်အတိုင်း ပြောရရင် ကျနော်တို့ သိတောင်မသိပါဘူး။ ဒီသတင်းစာ ထွက်လာခဲ့အခါမှ နာမည်နဲ့ ဓာတ်ပုံ ကျနော် တွေ့လိုက်ရတယ်။ မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှာ နိုင်ငံရေး အံတုမှုသင်တန်း တက်တယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေး အံတုမှုသင်တန်းဆိုတဲ့ သင်တန်းမျိုးကို မြန်မာနိုင်ငံ ရှေ့နေများကောင်စီက တခါမှ ပေးခဲ့တာ မရှိပါဘူး။ တခြားအဖွဲ့တွေ ပေးပါတယ်။ ဒါ လေ့လာကြည့်လို့ ရပါတယ်။

“နောက်တခုက ဖောက်ခွဲရေးသင်တန်း တက်တယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ရှေ့နေများကောင်စီက အကြမ်းဖက်တဲ့ လုပ်ငန်းတွေကို လုပ်တဲ့ အဖွဲ့အစည်း လုံးဝ မဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့က မြန်မာ့အလင်းမှာပါတဲ့ ရေးသားချက်တွေက မြန်မာနိုင်ငံ ရှေ့နေများကောင်စီရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင်၊ သူခိုးက လူဟစ်တဲ့ ရေးသားချက်၊ စွပ်စွဲချက်သာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။”

၂၀၀၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က မြန်မာနိုင်ငံ ရှေ့နေများကောင်စီကို စစ်အစိုးရက မတရားအသင်း ကြေညာခဲ့တာနဲ့ ဆက်စပ်လို့ရအောင် အခုလို အကြမ်းဖက် ဖောက်ခွဲရေး လုပ်ငန်းတွေအတွက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီက သင်တန်းပေးနေတယ်လို့ စွပ်စွဲရေးသားတာ ဖြစ်နိုင်တယ်လို့ ဦးအောင်ထူးက ထောက်ပြပါတယ်။

“ဒီအချက်ကို ကျနော်က သေချာ သူတို့ကို ရှင်းပြချင်ပါတယ်။ အဲဒါ အင်မတန် အရေးကြီးတဲ့ အချက်ပါ။ ကျနော်တို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီဟာ အခြေခံအားဖြင့် ဥပဒေရေးရာ သုတေသန လုပ်ငန်းတွေ လုပ်တယ်၊ သင်တန်းတွေ ပေးတယ်၊ သုံးသပ်ချက်တွေ ထုတ်တယ်၊ ဆွေးနွေးပွဲတွေမှာ ဆွေးနွေးတယ်၊ ဒါက လုပ်ရိုးလုပ်စဉ်တွေပါ။

“အဲတော့ အဓိက နအဖကို တိုက်ရိုက်ထိခိုက်တဲ့ လုပ်ငန်း ၃ ခု ရှိလာတယ်။ တခုက မြန်မာနိုင်ငံထဲမှာ ဖြစ်နေတဲ့ ဖြစ်ရပ် အခြေအနေ အကုန်လုံးကို ကျနော်တို့က ဥပဒေစိုးမိုးရေး ရှုထောင့်က သုံးသပ်ပြီးတော့ အချက်အလက် ခိုင်ခိုင်မာမာနဲ့ ထောက်ပြခဲ့တာ ဖြစ်တယ်။ ယနေ့အချိန်ထိ ကျနော်တို့ ထောက်ပြချက်တွေကို နအဖက မငြင်းနိုင်ဘူး။

“ပိုအရေးကြီးဆုံး အချက်၊ နအဖကို အထိအနာဆုံး အချက်ကတော့ နအဖ လုပ်နေတဲ့၊ ကျူးလွန်နေတဲ့ နိုင်ငံတကာ ပြစ်မှုကြီးတွေ အပေါ်မှာ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးက တချိန်ကျရင် အရေးယူလို့ရအောင် ကျနော်တို့ အဖွဲ့အစည်းက ကျန်တဲ့ မဟာမိတ် အဖွဲ့အစည်းများနဲ့ တွဲပြီးတော့ ထိထိရောက်ရောက် တစုံတရာ ဆောင်ရွက်လာနိုင်တဲ့ အခါမှာ နအဖက အကြီးအကျယ် ဒေါပွလို့ ဖြစ်မယ်လို့ ကျနော်တို့ သုံးသပ်တယ်။ ဒါကြောင့်လည်း ကျနော်တို့ကို အမှုဆင်၊ တရားစွဲဆိုတာ ဖြစ်တယ်လို့ ကျနော် ပြောချင်တယ်။

“အဲတော့ ကျနော်တို့က နအဖ စွပ်စွဲချက်တွေ မှန်လား၊ မမှန်လား၊ ကျနော်တို့က အကြမ်းဖက်သမားတွေ ဖြစ်သလား၊ နိုင်ငံတကာ ပြစ်မှုကြီးတွေ ကျူးလွန်သလား၊ ဒါမှမဟုတ် နအဖက အကြမ်းဖက်သမား ဖြစ်သလား၊ နိုင်ငံတကာ ပြစ်မှုကြီး ကျူးလွန်သလား ဆိုတာကို တရားရုံးရှေ့မှာ ရင်ဆိုင်ချင်ပါတယ်။”

မြန်မာနိုင်ငံ ရှေ့နေများကောင်စီက အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူး ပြောသွားတာ ဖြစ်ပါတယ်။

အဲဒီ မြန်မာ့အလင်း သတင်းစာထဲမှာပဲ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၆ ရက် ကရင်နှစ်သစ်ကူးနေ့ ကျင်းပနေတဲ့ ဖာပွန်မြို့နယ်က ကွင်းထဲမှာ KNU ကရင်လက်နက်ကိုင်အဖွဲ့က မိုင်းထောင် ဖောက်ခွဲခဲ့တယ်လို့ ရေးသားထားတာနဲ့ ပတ်သက်လို့လည်း KNU အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစောလှငွေက အခုလို ငြင်းဆိုပါတယ်။

“အဲဒီကိစ္စနဲ့ ပတ်သက်လို့ သူတို့ စွပ်စွဲရုံတင် မကဘူး၊ နောက်ဆက်တွဲ အနေနဲ့ သူတို့က ဘယ်တပ်ရင်း ဘယ်တပ်မှူးတွေပါ လုပ်တယ်ဆိုပြီးတော့ လျှောက်ပြီး စွပ်စွဲချက်တွေ လုပ်တယ်။ ဒါပေမဲ့ ကျနော်တို့ ပြန်ပြီး ဆန်းစစ်လိုက်တော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်သစ်ကူးပွဲတော် ပြုလုပ်ဖို့ကို သူတို့ဆီမှာ ဒေသဆိုင်ရာ နှစ်သစ်ကူး ကျင်းပမယ့် ကော်မတီတွေက တောင်းခံတဲ့အခါ သူတို့ မပေးခဲ့ဘူး၊ ခွင့်မပြုခဲ့ဘူး။ ခွင့်မပြုဘဲ သူတို့ လုံခြုံရေးနဲ့ ပတ်သက်ရင် ဘာမှ တာဝန်မယူဘဲ ပစ်ထားလိုက်တယ်။ ပစ်ထားပြီးနောက်ပိုင်း ဗုံးဖောက်ခွဲမှုကို သူတို့လာပြီး လုပ်သွားတာ။ သူတို့ ဗျူဟာကနေ လုပ်သွားတာ။ ဘာဖြစ်လို့လဲဆိုတော့ ဟိုတလောတုန်းက ၀က်ဘ်ဆိုက်ထဲမှာလည်း တင်ထားတယ်၊ ဖာပွန်ဗျူဟာကနေ ထွက်ပြေးလာတဲ့ ရဲဘော်တယောက်က ၀န်ခံထားတယ်။”

ဖောက်ခွဲရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ကြံစည်နေတယ်ဆိုတဲ့ ကိုကျော်ဇေလင်းဟာ KNU မှာ လက်နက် ပစ်ခတ်နည်းသင်တန်း တက်ခဲ့တယ်လို့ မြန်မာ့အလင်း သတင်းစာထဲမှာ ဖော်ပြထားတာဟာ မဟုတ်မှန်ဘူးလို့ KNU ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစောလှငွေက ငြင်းဆိုသွားပါတယ်။

တိုက်ပွဲသတင်း

Wednesday, January 27, 2010

တောင်ငူခရိုင်
ကေအဲန်ယူ တပ်မဟာ(၂) ဒေသတွင် နအဖ စစ်တပ်နှင့် ကရင်ပျောက်ကြား တပ်များ ယခုလ ၂၃၊ ၀၁၊ ၂၀၁၀ မှ ၂၄၊၀၁၊ ၂၀၁၀ ရက်နေ့ အထိ ပျောက်ကြားတိုက်ပွဲ လေးကြိမ် ဖြစ်ပွားပြီး နအဖ စစ်တပ်မှ (၄)ဦးဒဏ်ရ ရရှိကြောင်းသတင်းရရှိပါသည်။

ဖာပွန်ခရိုင်
တပ်မဟာ (၅) ဒေသတွင် ၂၀၊ ၀၁၊ ၂၀၁၀ မှ ၂၃၊ ၀၁၊ ၂၀၁၀ ရက်နေ့ အထိ နအဖ စစ်တပ် နှင့် ကရင်ပျောက်ကြားများ တိုက်ပွဲလေးကြိမ် ဖြစ်ပွားပြီး DKBA နှင့်ရင်ဆိုင်တိုက်ပွဲတကြိမ် ဖြစ်ပွားကြောင်း သတင်းရရှိ။ ၄င်းတိုက်ပွဲများမှ နအဖ တပ် (၈)ဦးဒဏ်ရာရပြီး DKBA ဖက်မှ နှစ်ဦးကျဆုံးပြီး ကရင်ပျောက်ကြားများ AR ၂ လက်သိမ်းစည်းရမိ။ သည့်ပြင် ၂၊ ၀၁၊ ၂၀၁၀ ရက်နေ့ စကခ(၂၁) ခမရ (၂၃၇) မှ တပ်သား ဆန်းလင်းကို(ကိုယ်ပိုင်အမှတ်- တ/၄၁၉၃၈၄) သည် ကေအဲန်အယ်အေ တပ်မဟာ(၅)တပ်ဖွဲ့ များထံသို့  MA-1 တစ်လက်၊ ကျည်ထောင့် ၁၃၈ ထောင့်၊ ခွင်းဗုံးတလုံး ဖြင့် လက်နက်ချ ၀င်ရောက်လာ ကြောင်းသတင်းရရှိ။

ဒူးပယာခရိုင်
ကေအဲန်ယူ တပ်မဟာ(၆) ဒေသတွင်လည်း နအဖ စစ်တပ် ခမရ (၄၀၇) တပ်ခွဲ ၃ မျိုးကျော်သူ ဦးစီးတပ်မှ တပ်သား အောင်ဝင်းနိုင်(ကိုယ်ပိုင်အမှတ်-တ/၂၈၈၃၃၂) သည် MA2 တစ်လက်၊ ကျည်ထောင့် ၁၀၂ ထောင့်၊ ကျည်ကပ် ၃ချပ်၊ ခွင်းဗုံးတလုံး ဖြင့် တပ်မဟာ ၆ ထံသို့ လက်နက်ချဝင်ရောက် ကြောင်းသိရှိရ။
ဆက်လက်ပြီး ၂၄၊ ၀၁၊ ၂၀၁၀ ရက်နေ့ တွင် ကေအဲန်အယ်အေ တပ်မဟာ(၆) တပ်ရင်း(၁၈)တပ်ဖွဲ့ များနှင့် နအဖ ခမရ ၄၀၄ တပ်များ ထောနောခီးလေးဒေးတွင် တိုက်ပွဲဖြစ်ပွားရာ နအဖ တပ်မှ ၂ ဦးကျဆုံးပြီး ပြင်းထန်စွာ တစ်ဦးဒဏ်ရာရကာ သေဆုံးသူ နှစ်ဦးထဲမှာ တဦးသည် စစ်ကြောင်းမှူး တစ်ဦးဖြစ်ကြောင်း သတင်းရရှိပါသည်။

Why Thai and Karen Groups Want To Repatriate Refugees

Some of the groups pressuring more than 3,000 Karen refugees to be repatriated from Tha Song Yang District in Thailand's Tak Province have their own agendas, according to sources in Mae Sot.

Groups participating in a meeting to discuss repatriating Karen refugees on Jan. 26 included the Karen breakaway group, the Democratic Karen Buddhist Army (DKBA) and some leaders from the Karen National Liberation Army (KNLA) Brigade 7, the military wing of the Karen National Union (KNU), as well as NGOs concerned with refugees, said Karen sources in the KNU.


In this photo taken on June, 2009, a Karen refugee with two legs missing lights up her pipe next to a sleeping baby under a temporary shelter on the Thai-Burmese border. (Photo: Getty Images)
Sources in Mae Sot said the Karen villagers were reportedly told by Thai authorities to say they wanted to return to their homes.

DKBA sources said the DKBA agreed to clear up their landmines for the villagers but they were not responsible for the mines planted by the KNLA.

Karen sources on the border said the DKBA and some KNLA Brigage 7 leaders wanted to repatriate the refugees, not NGO groups such as the United Nations High Commissioner for Refugees (UNHCR) and Thailand Burma Border Consortium (TBBC).

The DKBA, meanwhile, asked the TBBC to support the villagers with food for three years when they return to their home, the sources said.

KNU sources said a few of the KNLA Brigade 7 leaders who are trying to persuade the villagers to return home want to conduct joint logging operations with the DKBA, probably in Pa-an District in Karen State.

Since the beginning of December 2009, local commanders from KNLA Brigade 6 have allowed logging in Kawkareik District, where Thai companies are logging in two main hardwood forest reserves, according to local businessmen and KNU sources.

Local businessmen in the Three Pagodas Pass said they were permitted unlimited logging across the border in southern Karen State by paying tax in advance to the KNU commanders.

According to KNU Forestry Department data, the two main forests in Kawkareik District―Mae Kathr and Kyunchaung—are rich in uncut hardwoods, including teak and ironwood.

KNU sources said the KNLA Brigade 7 area near its former headquarters are also rich in teak and wildlife. The headquarters fell in June 2009 after the attack by a joint DKBA and Burmese government force that forced Karen villagers in the area to flee into Thailand.

Sally Thompson, deputy director of the TBBC, said the Thai military would like to send the refugees back to their home, but not by force.

The Thai authorities will find an appropriate solution for the refugees if they want to stay on Thai soil, Thompson said, adding, however, that an alternative solution has not yet been found.

According to a Thai News Agency report on Jan. 25, Lt-Gen Thanongsak Apirakyothin, the 3rd Army Area Commander, was quoted as saying the refugees would be safe when they return to their country as there is no fighting in Burma.

The Thai government has no policy to provide additional temporary shelter for the refugees, Gen Apirakyothin said.

Karen human rights groups have voiced their concern over the ongoing pressure to repatriate the refugees. They said the villagers will be unsafe if they return home.

Poe Shan, a leader of the Karen Human Rights Group (KHRG) said, “It is certain they will face forced labor by the DKBA.”

The DKBA is trying to persuade the Karen villagers to return home because they had difficulties finding labor after all the villagers in the region fled to Thailand during the fighting last, Poe Shan said.

Returning villagers will face risks from the large numbers of unmarked landmines planted by the DKBA and KNU during the fighting, he said.

Mines have injured or killed at least five people including a 13-year-old boy and a woman in her third trimester of pregnancy near Ler Per Her since June 2009, according to the KHRG.

Dissidents Reject Junta Terror Accusations

Two prominent anti-regime groups from Burma have rejected the accusations that appeared in a state-run newspaper on Thursday that accuses them of planning a bombing campaign in the former capital, Rangoon.

The Karen rebel group, the Karen National Union (KNU), and an exiled NGO based in Thailand, the Burma Lawyers' Council (BLC), said the accusations are baseless and untrue.

Citing a news report by the Ministry of Home Affairs, pro-junta daily The New Light of Myanmar reported on Thursday that Burmese security forces had arrested 11 men who they believe are terrorists and accused most of them of having contacts with anti-regime groups.

According to the report, “Terrorist insurgents are hatching evil plots to hinder and jeopardize peace, stability and development of the nation and democratization process.” It went on to say that “terrorist insurgents” had infiltrated villages and wards “in various disguises to commit terrorist acts” and said the accused wanted to derail this year's election and the democratic process.

The report said that the 11 “bombers,” led by Kyaw Zay Lin (aka Ko Hsai), were captured following his arrest on Jan. 22 at his book shop in Kontalapaung village in Mingaladon Township in Rangoon. It said security forces discovered and seized some homemade mines, 43 detonators, a .32 pistol, one magazine, 33 rounds of ammunition, one satellite phone, a remote-control system and various other material condusive to explosives work.

In addition to a bombing last year in Rangoon, the report said those arrested had been planning further explosions in industrial zones and were also targeting security personnel.

It said that prime suspect Kyaw Zay Lin had joined and served the BLC in Mae Sot in Thailand and attended a “political defiant course [sic]” and an “explosives course.”

Speaking to The Irrawaddy on Thursday, the chairman of the BLC, Thein Oo, said, “This accusation is groundless. It is intended to defame the BLC.” He said that Kyaw Zay Lin had not worked for the BLC and that they did not know him.

He said that the Burmese regime wanted to misinform the international community and neighboring countries because the lawyers' group has attempted to indict junta leaders at the International Criminal Court.

“The BLC does not use such violent ways,” Thein Oo said. “We will fight Burma's military dictators with laws.”

The Burma Lawyers' Council, formed in 1994, is an independent organization based on the Thai-Burmese border. The military junta has denounced the BLC as an unlawful association and accused it of violating the rule of Burmese law. An arrest warrant was issued for BLC General Secretary Aung Htoo in May 2009.

Representatives of the BLC attended the Nov 18-26 meeting of the Assembly of State Parties to the International Criminal Court in The Hague to discuss the Burmese military government's alleged crimes against humanity, war crimes and other human rights abuses.

The New Light of Myanmar report also accused the KNU of being responsible for a bomb blast during Karen New Year celebrations in Papun in Karen State on Dec. 16, killing 7 persons and injuring 12.

Zipporah Sein, the general secretary of the KNU, told The Irrawaddy on Thursday that the report is “totally untrue” and that the Burmese military junta is “the real terrorist.”

“In fact, the the military junta is the real terrorist in Burma––they burn down villages, destroy houses, kill people and rape women,” she said.

Human rights groups and Burma observers have long held that such abuses by Burmese government forces were rife, especially in ethnic villages in eastern Burma.

The KNU, founded in 1947, has been fighting for more than six decades for autonomy from the central Burmese government. It did not sign a cease-fire agreement with the Burmese regime unlike 17 other armed ethnic groups.

“As the Burmese government is moving toward its general election in 2010, they are trying to divide and abolish the KNU and other ethnic groups,” said Zipporah Sein. “By any means they can, the Burmese authorities are trying to get international organizations to stop supporting the KNU and and other ethnic groups.”

The Burmese Ministry of Home Affairs report also accused the Karenni rebel group, the Karenni National Progressive Party (KNPP). No spokesperson from the KNPP was available on Thursday for comment when The Irrawaddy enquired.

Informaiton Written by KNU Office 28 January 2010

Informaiton Written by KNU Office 28 January 2010
Informaiton Written by KNU Office 28 January 2010

28.1.01.2 KNU Statement Bomb blast in Bago Division, Blame against KNU

28.1.01.2 KNU Statement Bomb blast in Bago Division, Blame against KNU

Wednesday, January 27, 2010

Thailand to repatriate Karen villagers who fled Myanmar army

Jan 25 (TNA) – Thailand will repatriate more than 1,500 displaced Karen villagers from Myanmar along the Thai Myanmar border, a population which who escaped fierce fighting in Myanmar to Thai territory since June 2009, according to Lt-Gen Thanongsak Apirakyothin, the 3rd Army Area Commander.

Gen Thanongsak said that the meeting of Thai security agencies and representatives of the United Nations High Commissioner for Refugees (UNHCR) in the northern province of Tak on January 14 agreed that more than 1,500 villagers who crossed into Thailand to escape the fighting in Myanmar since mid-2009 would be sent back to Myanmar without seeking their consent.

He said there is no fighting in Myanmar, therefore, all of them would be safe when they return to their country.

Gen Thanongsak added that the government had no policy to provide additional temporary shelter for these people.

He said that the government would gradually send them back to Myanmar. (TNA)


--------------------------------------------------------------------------------

ထိုင်းနယ်စပ်ရှိ ယာယီဒုက္ခသည်များကို နေရပ်ပြန်ထားမည်

Submitted by Karen Information Center on January 26, 2010 – 8:16 amNo Comment
ဇန်န၀ါရီလ ၂၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ပြီးခဲ့သောနှစ်က ထိုးစစ်ကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေးရောက်ရှိလာသည့် စစ်ပြေးကရင်ဒုက္ခသည်များကို မြန်မာပြည်ဘက် ခြမ်းသို့ ပြန်ထားမည်ဟု ထိုင်းအာဏာပိုင်များက ယနေ့တွင် ဆုံးဖြတ်လိုက်သည်ဟု သိရသည်။

အဆိုပါ ဒုက္ခသည်ကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များ အပါအ၀င် UNHCR, TBBC, ကေအဲန်ယူ ဖားအံခရိုင်တာဝန်ရှိသူများနှင့် ဒီကေဘီအေ တပ်မဟာ (၉၉၉) တပ်ရင်း(၇) တာဝန်ရှိသူများက ယနေ့တွင် ထိုင်းနိုင်ငံဘက် ခြမ်းရှိ နိုဘိုးကျေးရွာမှာ ၂နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးကာ အပြန်အလှန် ညှိနှိုင်းခဲ့ကြပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု နိုဘိုး ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတဦးက ဆိုသည်။

သူက “နိုဘိုး၊ အူးသူးထာ့မှာရှိတဲ့ ဒုက္ခသည်တွေကို မြန်မာပြည်ဘက်ခြမ်းမှာ အကုန်ပြန်နေရမယ်လို့ သူတို့(ထိုင်းအာဏာ ပိုင်)က ပြောတယ်။ နေ့ရက်၊ နေရာအတိအကျတော့ မသတ်မှတ်သေးဘူး။ ထိုင်းအာဏာပိုင်တွေ ပြောတာကတော့ စားနပ် ရိက္ခာအတွက် စီစဉ်ပေးမယ်။ ဒုက္ခသည်တွေနဲ့ သင့်တော်မယ့်နေရာကိုလည်း ဒီကေဘီအေဘက်မှာသွားပြီး ရှာပေးမယ်။ သွား ကြည့်ပြီးမှပဲ ဘယ်ရက် ဘယ်နေ့ ပြန်ရမယ်ဆိုတာကို ဆုံးဖြတ်မယ်”ဟု ပြောသည်။

ဒုက္ခသည်များအနေဖြင့် မြန်မာပြည်ဘက်ခြမ်းတွင် ပြန်နေရမည်ဆိုပါက ၎င်းတို့အတွက် လုံခြုံမှု မရှိသောကြောင့် ကြောက်ရွံ့ ထိတ်လန့်နေကြသည်ဟု သိရသည်။

နိုဘိုးဒုက္ခသည်စခန်းတွင် နေထိုင်သူ ဒုက္ခသည်တဦးက “ကျနော် ပြန်ရမှာတော်တော်ကြောက်တယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် အဲဒီမှာ ပြန်နေရလို့ရှိရင် ကိုယ်နေမယ့် မြေကွက်တကွက်စာပဲ နေလို့ရမယ်။ ဘယ်နေရာကိုမှ သွားလာလို့ ရဲမှာ မ ဟုတ်ဘူး။ နောက်တခုက အတိုင်းအတာတခုနဲ့ ရိက္ခာထောက်ပံ့မှု ရတယ်ထားအုံး။ ရှေ့ဆက် ဘယ်လိုလုပ်စားကိုင်စားရမလဲ။ လုံခြုံရေးအတွက်ကော ဘယ်သူလာယူပေးမှာလဲ” ဟု ပြောသည်။


တဲအိမ်နှင့်ပုံ (နိုဘိုးကျေးရွာရှိ ဒုက္ခသည်မိသားစုတစု)
အလားတူ အူးသူးထာ့ ဒုက္ခသည်စခန်းမှ ဒုက္ခသည်တဦးကလည်း “ကျနော်လည်း မပြန်ရဲဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီကေ ဘီအေကော၊ ကေအဲန်ယူကော ဗုံးထောင်တာ နေရာတကာပဲ။ ပြီးခဲ့တဲ့ တရက်နှစ်ရက်တုန်းကပဲ ကိုယ်ဝန်ဆောင်တဲ့ အမျိုး သမီးတယောက် ဗုံးတက်နင်းမိသေးတယ်။ နေ့တိုင်းလိုလို ဗုံးပေါက်ကွဲသံကြားနေရတယ်။ ဒါကြောင့် ပြန်လို့မရဲဘူး”ဟု ပြော သည်။

အဆိုပါ ယာယီဒုက္ခသည်များသည် ကရင်ပြည်နယ် ဖားအံခရိုင်အတွင်းရှိ ရွာသူရွာသားများဖြစ်ကြပြီး လွန်ခဲ့သည့် ၂၀၀၉ခုနှစ် ဇွန်လဆန်းပိုင်းတုန်းက နအဖနှင့် ဒီကေဘီအေ ပူးပေါင်းထိုးစစ်ဆင်မှုကြောင့် လူဦးရေ ၄,၀၀၀ကျော် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်သို့ ထွက်ပြေးခိုလှုံခဲ့ရသူများဖြစ်သည်။

၎င်းတို့အား ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအသင်း(TBBC)က အခြေခံအစားအစာများကို ထောက် ပံ့ပေးပြီး ကျန်းမာရေး ပြုစုစောင့်ရှောက်မှုများအပြင် တခြားလိုအပ်သည်များကို ကော်သူးလေကျန်းမာရေးနှင့် ကယ်ဆယ်ရေး အဖွဲ့ (KDHW)နှင့် ADRA, COERR, ICR, SOLIDILTY စသည့် အဲန်ဂျီအို ကူညီစောင့်ရှောက်လျှက်ရှိသည်။

7refugees will send back by kwekalu Karen News


7refugees will send back by kwekalu Karen News

the Situation of Burmese Refugees in Thailand

the Situation of Burmese Refugees in Thailand
the Situation of Burmese Refugees in Thailand

Tuesday, January 26, 2010

ပဒိုမန်းရှာသို့ – ဂတိသစ္စာ

Submitted by Karen Information Center on January 25, 2010 – 5:56 amNo Comment(စမ်းစမ်းအောင်)
ကြယ်လတို့ရဲ့ အလင်းရောင်ကို
တိမ်ဖုံးအောင် လေပြင်းတိုက်ခဲ့တဲ့
သောင်းရင်းမြေ ညနေခင်းကိုပေါ့
ဘယ်တော့မှ မေ့ပျောက်လို့မရပါဘူး
၂ နှစ်သို့ကူးခဲ့ပြီ အကျောရေ (အကိုရေ)၊

၂၀၀၈ ရဲ့ အခုလိုအချိန် မျိုးမှာ ….
အဖြစ်ဆိုးနဲ့ ကြုံခဲ့ရသော်လည်း
ဘုံရန်သူကို တော်လှန်တဲ့ပွဲ
ဒီမိုကရေစီ လှုပ်ရှားမှုသမိုင်းထဲ
နွဲခဲ့တဲ့ အာဇာနည်အဖြစ်
ဥဒါန်းတွင်ရစ် နေလိမ့်မယ်၊

ကရင့်တော်လှန်ရေး သမိုင်းရှည်အတွက်
အသက်ပေးလျှက် စွန့်လွှတ်ခဲ့သူ
အာဇာနည်သူရဲကောင်း အမွန်ရေ……

မသမာတဲ့ နည်းတွေနဲ့
တိုင်းရင်းသား လူမျိုးအသီးသီးတွေကို
သပ်လျှိုလို့ ဖြိုခွဲနေတာ…..
အင်အားချည့်နဲ့လာအောင်
နအဖ တို့လုပ်ဆောင်နေတာ……
ခိုင်မာစွာ သံဓိဌာန် ချပါတယ်
တော်လှန်ရေးကို ဆုံးခမ်းတိုင် ဆင်နွဲသွားမယ်…….လို့။

ညောင်လေးပင်ဒေသမှ စာသင်ကျောင်း (၅)ကျောင်း ပိတ်ထားရ

Submitted by Karen Information Center on January 25, 2010 – 5:58 amNo Commentဇန်န၀ါရီလ (၂၅)ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် နအဖ စစ်တပ်များ စစ်ရေးလှည့်လည်လှုပ်ရှားလာသည့် ယခုလဆန်း ပိုင်းမှစ၍ ဒေသခံရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် စာသင်ကျောင်း(၅)ကျောင်းကို ပိတ်ထားလိုက်ရသည်ဟု ထိုဒေသ မှ လာသည့်သတင်းအရ သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ (၁၇)ရက်နေ့၌ ကျောက်ကြီးမြို့နယ်ရှိ ခဲဒဲရွာကျေးရွာအတွင်း ဝင်ရောက်လာသည့် နအဖ-ခမရ(၃၆၇)က ရွာသားများကို ပစ်သတ်၊ ရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်အထိ လုပ်ဆောင်လာသောကြောင့် ထိုဒေသရှိ ရွာသူရွာသားများသည် ထွက်ပြေးပုန်းရှောင်နေရသဖြင့် စာသင်ကျောင်းများကို ပိတ်လိုက်ရခြင်းဖြစ်သည်ဟု ကျောက်ကြီးမြို့နယ် ဥက္ကဌ စောနဲထူးဗျိုင်းက ကေအိုင်စီကို ပြောသည်။

သူက “သူတို့(နအဖ)တွေက ရွာသားတွေကို တွေ့ရင် ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ လုပ်တဲ့အတွက် ရွာသားတွေ တောထဲကိုထွက် ပြေးပုန်းအောင်းရတယ်လေ။ ဒါကြောင့် စာသင်ကျောင်းလည်း ပိတ်ပစ်လိုက်ရတာပေါ့”ဟု သူက ဆိုသည်။

ပိတ်လိုက်ရသည့် အဆိုပါ စာသင်ကျောင်းများမှာ ခဲဒဲကျေးရွာအုပ်စုအတွင်းမှ မူခီးနှင့် ခဲဒဲကျေးရွာရှိ အလယ်တန်းကျောင်း ၂ကျောင်းနှင့် တူဝေါ်စိုး၊ ကော်ငဲဒဲနှင့် တကော်ဒဲကျေးရွာတွင်ရှိ မူလတန်းကျောင်း ၃ကျောင်းတို့ဖြစ်ကြပြီး ကျောင်းသူကျောင်းသားဦးရေ စုစုပေါင်း ၂၀၀ဦးရှိသည်။

တောထဲသို့ ထွက်ပြေးတိမ်ရှောင်နေရသော ခဲဒဲကျေးရွာအုပ်စုရှိ ရွာပေါင်း ၁၀ရွာကျော်မှ ရွာသူရွာသားပေါင်း ၁၀၀၀ကျော်သည် နေရေး ထိုင်ရေး၊ စားရေးသောက်ရေးနှင့် ကျန်းမာရေး အခက်အခဲများ ရှိနေသောကြောင့် တချို့သောရွာသူရွာသားများသည် လက်ရှိအချိန်တွင် ၎င်းတို့ကျေးရွာအတွင်းသို့ ပြန်လည်နေထိုင်နေပြီဖြစ်သော်လည်း လုံခြုံစိတ်ချရသည့်အတိုင်းအတာတခုအထိတော့ မဟုတ်သေးဘူးဟု ကျောက်ကြီးမြို့နယ် ဥက္ကဌက ကေအိုင်စီကို ယနေ့ ပြောသည်။

သူက “လက်ရှိအချိန်မှာ နအဖ တပ်တွေက အဲဒီဒေသမှ နည်းနည်းလေး နောက်ဆုတ်နေတဲ့ အနေအထားမှာ တချို့ရွာသူရွာသားတွေ က သူတို့ရွာတွေမှာ ပြန်နေတာရှိတယ်။ ဒါပေမဲ့ သူတို့အတွက် လုံခြုံမှုရှိတယ်လို့ တော့မဟုတ်သေးဘူး။ တောထဲမှာ နေထိုင်၊ စား သောက်ရတာ ခက်ခဲတယ်။ အထူးသဖြင့် ကျန်းမာရေးပေါ့၊ အခု အေးတဲ့ရာသီမှာ စောင်မပါ၊ အနွေးထည်မပါနဲ့ဆို စိုးရိမ်ရတဲ့ အနေအထားမျိုးမဟုတ်ပေမဲ့ ဖျားနာနေတဲ့လူတွေ ရှိတယ်။ မိခင်နဲ့ ကလေးတွေက ပိုပြီး ဒုက္ခရောက်တယ်”ဟု ပြောဆိုသွားသည်။

ညောင်လေးပင်ခရိုင်၌ လက်ရှိအချိန်တွင် နအဖ စစ်ကွပ်ကဲရေးဌာနချုပ်(၁၀)၏ လက်အောက်ခံတပ်ရင်းများဖြစ်သော ခမရ (၃၆၃)၊ (၃၆၇)က ကျောက်ကြီးမြို့နယ်တွင်လည်းကောင်း၊ ခမရ(၃၆၅)၊ (၃၆၉)နှင့် (၃၇၀) တပ်ရင်းများက မုံးမြို့နယ်တွင်လည်းကောင်း လှုပ်ရှား လျှက်ရှိသည်။
မှန်ကန်သော ကရင့်တော်လှန်ရေး မုချအောင်ရမည်။ မတရားသော စစ်အာဏာရှင်စနစ် ကျဆုံးရမည်။



KNL-JAPAN

KIC Dec 09

KIC Dec 09

KCM ကရင်ကွန်မြူနီတီ မီနီဆိုးတားမှ (၆၁)ကြိမ်မြောက် ကရင့်တော်လှန်ရေးနေ့အတွက် ပေးပို့သည့် သ၀ဏ်လွာ



သူရဲကောင်းပီသသော ကရင်အမျိုးသမီး။ ကရင်အမျိုးအပေါင်းတို့-
သူရဲကောင်းပီသသော ကရင်အမျိုသား လက်နက်ကိုင်တပ်ပေါင်းစုံမှ ရဲဘော် ရဲမေအပေါင်းတို့-

အမျိုးသား လွတ်မြောက်ရေး။ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး။ တရားဥပဒေစိုးမိုးရေး။ ဒီမိုကရေစီရေးနဲ့ ထာဝရငြိမ်းချမ်းရေးတို့အတွက် မြတ်တရားတဲ့ ခုခံတော်လှန်စစ် ဆင်နွဲတာ(၆၁) နှစ် ပြည့်မြောက်ခဲ့ပါပြီး၊ ဒီနှစ်ပေါင်း (၆၁)နှစ်ကြာ ကာလများအတွင်း တန်ဘိုးမဖြတ်နိုင်တဲ့ ကရင့်အာ ဇာနည်သူရဲကောင်း အထောင်အ သောင်းရဲ့ ဝိဥာဏ်တွေ ပေးဆပ်စွန့်လွတ်ခဲ့ရတယ်၊ဒီ ကရင့်အာဇာနည် သူရဲကောင်းအထောင်အသောင်းဟာ ကရင့်သမိုင်း စာမျက်နှာသစ်ကို ၄င်းတို့ရဲ့ သွေးနီတွေနဲ့ ရေးထိုးခဲ့တယ်၊ ဒီသမိုင်း စာမျက်နှာသစ်ဆိုတာ “ကရင် ဟာ လွတ်လပ်ရေး။ တရားမျှတရေး။ ဥပဒေစိုးမိုးရေး။ တန်းတူရေး။ လူ့အခွင့်အရေး အပြည့်အဝရရှိရေးနဲ့ ထာဝ ရငြိမ်းချမ်းရေးအတွက် ခုခံတော်လှန်စစ် ဆင်နွဲရာမှာ လက်မမြောက်။ ဒူးမထောက်။ အညံ့မခံ အရှုံးမပေးတဲ့။ အောင်ပွဲယူရဲတဲ့ သူရဲကောင်း ပီသတဲ့ လူမျိုးဖြစ်တယ်”ဆိုတာ မြန်မာနဲ့ ကမ္ဘာကို သက်သေပြလိုက်တာ ဖြစ်တယ်၊ (၆၁)နှစ်ကြာ ခုခံတော်လှန်စစ် ဆနွဲရာမှာ ကရင်တမျိုးသားလုံးဟာ (KNU)ကရင်အမျိုးသား အစည်း အရုံးရဲ့ တောက်ပြောင်တဲ့ ခေါင်းဆောင်မှုကို တစိုက်မှတ်မှတ် လိုက်နာလုပ်ဆောင်ခဲ့ကြတယ်၊ အမျိုးသား ခေါင်း ဆောင်ကြီးများ ဖြစ်ကြတဲ့ စောဘဦးကြီး။ စောစိုင်းကေ။ မန်းဘဇန်။ စောဗိုလ်မြ။ စောဘသင်တို့ကို သစ္စစောင့် သိရိုသေကြသလို ကျဆုံးလေပြီးဖြစ်တဲ့ ကရင့်အာဇာနည် အထောင်အသောင်းအပေါ် သစ္စာစာင့် သိရိုသေကြ တယ်၊ ကရင်တမျိုးသားလုံးဟာ (KNU)ကို ဝိုင်းရံသွားမှာ ဖြစ်သလို ကရင်အမျိုးသား လွတ်မြောက်ရေး လက်နက် ကိုင်တပ် ပေါင်းစုံ (KNLAF) (Karen National Liberation Armed Forces)ကို ဘက်ပေါင်းစုံက ကူညီ ထောက်ပံ့သွားမှာ ဖြစ်ပါတယ်၊ ကရင်တမျိုးသားလုံးဟာ ကရင့်လွတ်လပ်ရေး အတွက် ဘယ်လို ပေးဆပ်ရမှုမျိုး ကိုမဆို ပေးဆပ်ရန်အသင့် ရှိနေပါတယ်၊
သူရဲကောင်းပီသတဲ့ ကရင်အမျိုးသမီး အမျိုးသားအပေါင်းတို့-
သူရဲကောင်းပီသတဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ပေါင်းစုံက ရဲဘော်ရဲမေအပေါင်းတို့-
စစ်ရာဇဝတ်ဂိုဏ်း (နအဖ)ဟာ သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများကြောင့် စစ်ခုံရုံးမှာ ကျိုးစင်တက်ရမှာကို ကြောက်လန့်နေကြလို့ ဘယ်တော့မှ လူမျိုးစုံ ပြည်သူတွေကို အာဏာလွဲပေးမှာ မဟုတ်ဘဲ။ ကျားကုတ်ကျားခဲ အာဏာကို ဖက်တွယ်ထားမှာ ဖြစ်တယ်၊ ကရင့်တော်လှန်ရေးကို ပိုမိုကြမ်းကြုတ်စွာ ဖြိုခွဲလာမှာ ဖြစ်တယ်။ ထိုးစစ်ကြီးများ ဒီနွေရာသီမှာ ဆင်နွဲလာနိုင်တယ်၊ ဒါကြောင့် ကမ္ဘာတဝှန်းက ကရင်များလှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ကရင့်ခုခံတော်လှန်စစ်ကို ကာကွယ်ဘို့။ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ ခေါင်းဆောင် မှုကို အပြည့်အဝခံယူပြီး (KNLAF)ကရင်အမျိုးသား လက်နက်ကိုင်တပ် ပေါင်းစုံနဲ့ ခိုင်မာစွာလက်တွဲပြီး ကရင့် လွတ်လပ်ရေးအတွက် လုပ်ဆောင်သွားကြမယ်၊ ကရင့်ခုခံတော်လှန်စစ်ကို နောက်ဆုံးအောင်ပွဲရတဲ့ အထိ တိုက်ပွဲဝင်ရာမှာအမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ (မူ)လေးချက်ကို ခိုင်ခိုင်မာမာ ကိုင်စွဲသွားမှာ ဖြစ် ကြောင်း ဂတိသစ္စာပြု လိုက်ပါတယ်၊


ကရင့်ခုခံတော်လှန်စစ်ပွဲ မုချအောင်ပွဲဆင်နွဲရမှာ ဖြစ်တယ်၊
(နအဖ)စစ်ရာဇဝတ်ကောင်များ မုချကျိုးစင်တက်ရမှာ ဖြစ်တယ်၊

အလုပ်အမှုဆောင်ကော်မတီ။
ကရင်ကွန်မြူနီတီ မီနီဆိုးတား။
အမေရိကန်ပြည်ထောင်စု၊

ဇန်နဝါရီလ (၃၁)ရက်။၂ဝ၁ဝ၊


499 Wacouta St, Saint Paul, MN - 55101 Phone & fax: (651) 291 9711 (651) 291 9711, Email :

မြန်မာစစ်တပ် ထိုးစစ် ကရင်ရွာသားတွေ ထွက်ပြေးရ

မြန်မာနိုင်ငံ အရှေ့ခြမ်းမှာ ကရင်ရွာတွေကို မြန်မာစစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ထိုင်းအခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ပြောပါတယ်။
နအဖစစ်တပ်၏ ညှင်းပန်းနှိမ့်စက်မှုကို ခံနေရသည့် ကရင့်ရွာသားများပုံ။ ဓါတ်ပုံ-RBR

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကရင်ရွာသူ ရွာသားပေါင်း ၂,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ Free Burma Rangers ခေါ် ပဋိပက္ခ ဒေသအတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အဖွဲ့က ပြောပါတယ်။

တိုက်ခိုက်မှုတွေက ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်တို့မှာ ဇန်န၀ါရီလ ၁၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့တာလို့ ပဋိပက္ခ ဒေသအတွင်းက ပြည်သူတွေကို အကူအညီ ပေးနေတဲ့ နောက်အဖွဲ့တဖွဲ့ဖြစ်တဲ့ CIDKP အဖွဲ့က စောစတိဖ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ အခုအချိန်ထိလည်း တိုက်ခိုက်မှုတွေက ဆက်ဖြစ်နေတုန်းပဲလို့ ဆိုပါတယ်။

တောထဲမှာ ပုန်းအောင်းနေကြရတဲ့ ရွာသူရွာသားတွေဟာ ညအအေးဒဏ်ကို ကာကွယ်ဖို့ စောင်တွေ မရှိပေမဲ့ သူတို့ ပုန်းအောင်းတဲ့ နေရာတွေကို မြန်မာစစ်တပ် တွေ့သွားမှာစိုးလို့ အနွေးဓာတ်ရအောင် မီးလည်း မဖိုရဲကြဘူးလို့ ဆိုပါတယ်။

200 Karen villagers forced into service in Than Tha Bin Township

2010 January 25
January 25, 2010
HURFOM: Between January 7th and January 10th of this year, at least 200 villagers from various Karen communities in Than Tha Bin Township, Thaungoo district in Pegu division, were forced into service by soldiers from Light Infantry Battalion (LIB) No. 424 and Military Operation Command (MOC) No. 20, both based in Than Tha Bin Township.Area residents informed HUFOM’s field reporter that over the course of 3 days, conscripted villagers were forced to porter food and building materials for the battalions’ use; other villagers were pressed into service cutting bamboo to be used as building materials for the battalions in their various encampments around the township.
“From my village [Shan Yow Pole], we [villagers] had to provide the soldiers 100 bamboo poles for the soldiers’ buildings. We not only had to cut it [the bamboo], but we also had to carry it to the army camp,” said a 55 year-old Shan Yow Pole resident.
According to a Mae Kyauk village resident, on January 7th, 30 villagers from Mae Kyauk village, 30 residents of Dae Doe village, and 10 villagers from Ye Toe Kyin village were forced to porter food for soldiers from a small camp in Mae Kyauk village to an encampment in Bow Ka Lee village. The trip between the camps took the 70 villagers 3 days to complete; one porter was left behind after injuring his leg.
“We left him alone for three days. When we came back, he was in a serious condition because of his leg. The soldiers did not give him any medicine or nursing”, this Mae Kyauk resident told HURFOM’s reporter. “Soldiers do not care about us villagers, they only use us for labor. When we get hurt they leave us, and they only choose those who can work for them. The ones that are useless to them are left behind to die,” complained a 30 year-old Dae Doe villager to HURFOM’s reporter.
According to a Ka Lae village resident, on January 8th, a military column from LIB No.424 was ambushed by a group of Karen Nation Union (KNU) soldiers. Following the attack, the battalion entered Ka Lae village, where the column’s soldiers tortured villagers, verbally harassed them, and accused them of being members of the KNU. Following this abuse, the soldiers departed, forcibly taking 58 Ka Lae villagers with them to use as porters. The status of these individuals is still unknown.
The presence of LIB No. 424 and MOC No. 20 in the area provide an added burden to villagers already struggling to survive after a year of low agricultural output, especially as many area residents are being forced to donate quantities of rice to the battalions.
“We villagers had no choice, to we had to work as they [the soldiers] said. We did not get enough food for this year [due to low production], and now we not only have to work for the soldiers but also we have to provide food for them”, said a 40 year-old Bae Kaw Dae villager

Meeting to be held on 3,000 refugees in Tak

2010 January 25
January 25, 2010
Thai military, Democratic Karen Buddhist Army, Karen Nation Union , NGOs and representatives from UNHCR will today hold a talk to determine the fate of about 3,000 refugees in Nongbua, Tha Song yang district in Tak province, according to border sources.

It has been seven moths since the group of refugees has been residing in Thailand and there were several attempts to send them back before. This time around, the meeting will be held in Tha Song yang district for finding a solution for the group of refugees.

The refugee are now living in poor condition without prominent shelters and they always want to go back but they can’t, according to NGO workers in the filed.

Although they feel their freedom are limited on Thai soil, they are glad to have a chance for their children to continue their studies after the NGOs set up a school to teach the young refugees, the sources said.

Almost a week ago, the refugees told Thai government that they would rather stay along the border and wander around if the government wants to repatriate them. The repatriation means their lives would risk danger from fighting in Burma.

The meeting on January 25 will surely decide on their fate but it remains unclear whether their plight and voices will be heard by all parties concerned.http://www.nationmultimedia.com/2010/01/25/national/national_30121056.php

No Meeting 0n 25.

Nightingale Health Journal December 2009

Nightingale Health Journal December 2009
Nightingale Health Journal December 2009

24.1 Information Karen

24.1 Information Karen
24.1 Information Karen

Monday, January 25, 2010

KNU Pre Speech on 61st Karen Revolution Day (Bur)

(၆၁) နှစ်မြောက်ကရင့်အမျိုးသားတော်လှန်ရေးနေ့ တွင် KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ စောတာမလာဘော ၏ ပြောကြားသောမိန့် ခွန်း

KNU Pre Speech on 61st Karen Revolution Day (Bur)

KHRG_Attacks on displaced villagers in Nyaunglebin District

KHRG_Attacks on displaced villagers in Nyaunglebin District

Reports_ Update of Burma Army Attacks, Murders, Displacement and Forced Labor in Karen State, Burma

Reports_ Update of Burma Army Attacks, Murders, Displacement and Forced Labor in Karen State, Burma

In Papu District,Karen State, DKBA recruiting new soldier in KNU Brig-No (5) from 10 villages

2010 January 23
In Papu District,Karen State, DKBA recruiting new soldier in KNU Brig-No (5) from 10 villages who are among 15 to 50 age. Karen People must joint to DKBA as a soldier according to DKBA battalion No (1) ocmmender “Maung Chit” and second commender “Tar Kee”order.If any villager don’t want to joint
to DKBA as a soldier,have to pay 100,000 Kyat.Now many Karen people hiding among the valley because they have no money to pay.Now DKBA finding them to arrest.
Inside News

Statement of _5_Bde To PP Karen News Year_Mine_

ဖာပွန်ဗုံးပေါက်မှုနှင့်ပါတ်သက်၍ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၅)မှ အသိပေးထုတ်ပြန်ချက်
Statement of _5_Bde To PP Karen News Year_Mine_

Statement+for+Road_Karen Info

ဖာပွန်ဒေသ ကမ်းလမ်းမကြီး လုံးဝပိတ်ဆို့ ထားသည် ဆိုသည်နှင့်ပါတ်သက်၍ တပ်မဟာ(၅)၏ ရှင်းလင်းချက်

Statement+for+Road_Karen Info