Saturday, December 5, 2009

KPF ဥက္ကဌ စောသုမုဟဲ ကျန်းမာရေး အလွန်ဆိုးရွားနေ

ကရင်ပြည်နယ်၊ ဟောင်သရောအထူးဒေသ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ ကေပီအက်ဖ်တပ်ဖွဲ့၏ ဥက္ကဌဖြစ်သူ အသက် ၆၀ကျော်အရွယ်ရှိ စောသုမူဟဲသည် ကျန်းမာရေး ဆိုးရွားစွာ ခံစားနေရသည်ဟု ကေပီအက်ဖ်သတင်းများအရ သိရသည်။

လွန်ခဲ့သည့် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် ကျန်းမာရေး အခြေအနေကြောင့် ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံ၌ ဆေးကု သမှု ခံယူခဲ့ရာ တလနီးပါးကြာပြီဖြစ်သော်လည်း ယခုအချိန်ထိ သက်သာလာခြင်းမရှိသေးကြောင်း အမည်မဖော်လို သည့် ကေပီအက်ဖ်တပ်ဖွဲ့နှင့် အလွန်နီးစပ်သူတဦးက ပြောသည်။


သူက “သူ့လူတွေပြောပြချက်အရဆိုရင် ဆေးရုံတက်တာ ၁လနီးပါးတောင်ရှိနေပြီ။ ဘာဖြစ်လို့လဲဆိုရင် ပြီးခဲ့တဲ့ နိုဝင် ဘာလဆန်းပိုင်းက ကေပီအက်ဖ် တပ်ရင်း(၃)မှူး စောလေးဝါး(ဟောင်း)နဲ့ စောဝါးချယ်တို့ကြားမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ တုန်းကလည်း စကားတောင်မပြောနိုင်တော့ဘူး။ ဗိုလ်မှူးလေးဝါးကို အနားပေးဖို့ တာဝန်လွှဲပြောင်းစာထဲမှာလည်း နံမည် ဆိုင်းထိုးဖို့တောင် အနိုင်နိုင်ပဲလေ။ ကြားသိရသလောက်ဆိုရင် အခုချိန်ဆို သူ(သုမုဟဲ )ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံမှာပဲ ရှိနေသေးတယ်”ဟု ပြောသည်။

လက်ရှိအချိန်တွင် ဥက္ကဌဖြစ်သူ စောသုမုဟဲ ကျန်းမာရေး အလွန်ဆိုးရွားနေသောကြောင့် ကေပီအက်ဖ်တပ်ဖွဲ့၏ ဥက္ကဌ နေရာကို ဒုဥက္ကဌဖြစ်သူ စောဒေါဒေါက ယာယီတာဝန်ယူထားသည်ဟု အတည်မပြုနိုင်သည့် ကေပီအက်ဖ် သတင်းရပ် ကွက်က ဆိုသည်။

စောသုမုဟဲသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း(၁၆) တပ်ရင်းမှူး ဟောင်းဖြစ်ပြီး ၁၉၉၇ခုနှစ်တွင် စစ်သည်အင်အား (၅၀)ကျော်နှင့်အတူ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိတ် ကျေးရွာ၌ နအဖစစ်အစိုးရထံတွင် လက်နက်ချငြိမ်းချမ်းရေးယူခဲ့သည်။

စောသုမုဟဲ ဦးဆောင်သည့် ကေပီအက်ဖ်တပ်ဖွဲ့သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အခြေချခဲ့ရာ တပ်ရင်း (၃)ရင်း၊ လူအင်အား(၃၅၀)ကျော်ဖြင့် ဖွဲ့စည်းထားပြီး နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရန်အတွက် နှုတ်ကတိအားဖြင့် သဘောတူထားသော ကရင်ငြိမ်းချမ်းရေးအဖွဲ့တဖွဲ့ ဖြစ်သည်။

“သံလွင်ဟာ ငါတို့ဘဝ”

2009

Wed 02 Dec 2009, မိကျလွန်းထော

‘Salween is our life’ သံလွင်သည် ငါတို့ဘဝ ဆောင်ပုဒ်ဖြင့် လက်ကိုင်ပုဝါနှင့် ရှပ်အင်္ကျီတို့တွင် တံဆိပ်ရိုက်ထားကာ သံလွင်မြစ်အောက်ပိုင်း မွန်ပြည်နယ်အတွင်း လှုပ်ရှားမှုတစ်ခုကို မော်လမြိုင် တက္ကသိုလ်ကျောင်းသားများ ဦးဆောင်ပြီုး ပြုလုပ်ခဲ့သည်ဟု သိရသည်။

စစ်အစိုးရ၏ လျှို့ဝှက်အစီအစဉ်ဖြစ်သော သံလွင်မြစ်ကိုပိတ်၍ ကရင်ပြည်နယ်တွင် တည်ဆောက်မည့် ဟတ်ကြီးဆည်အကြောင်းကို လူအများသိရှိလာစေလိုသော ရည်ရွယ်ချက်ဖြင့် စည်းရုံးလှုပ်ဆော်ခြင်း ဖြစ်သည်ဟု ဦးဆောင်လှုပ်ရှားသူ မြစ်အောက်ပိုင်းနေ ဘီလူးကျွန်း (ချောင်းဆုံမြို့နယ်) မှ တက္ကသိုလ်ကျောင်းသားတစ်ဦးက ဆိုသည်။

“စစ်အစိုးရရဲ့ အစီအစဉ်ကို လက်မခံနိုင်လို့ အခုလို ပြည်သူတွေ သိလာအောင် လက်ကိုင်ပါဝါမှာ စာတမ်းထိုးပြီး ကလွီကျေးရွာ သဘောင်္ဆိပ်ကနေ မော်လမြိုင်မြို့ကို သွားတဲ့သဘောင်္ပေါ်မှ ဖြန့်ခဲ့ပါတယ်၊ အော်ဟစ်ဆန္ဒပြသလိုမျိုးတော့ မဟုတ်ပါဘူး။ မြစ်အောက်ပိုင်းမှာ နေထိုင်တဲ့ ကျွန်တော်တို့လို ကျွန်းသားတွေ၊ တခြားပြည်သူတွေအားလုံး သိစေချင်လို့ အခုလို လုပ်တာပါ” ဟု ၄င်းတက္ကသိုလ်ကျောင်းသားက ပြောသည်။

အကယ်၍ သံလွင်မြစ်ကိုပိတ်၍ ဟတ်ကြီးဆည်ကို တည်ဆောက်မည်ဆိုလျှင် မြစ်အောက်ပိုင်းနေ ပြည်သူ သန်းတစ်ဝက်တို့က ဆိုးကျိုးများနှင့် ကြုံတွေ့လာနိုင်ကြောင်းကို ထိုင်းနိုင်ငံ အခြေစိုက် သံလွင်မြစ်အကြောင်းပညာပေးအစီအစဉ်မှ နိုင်တိုင်းပကောင်းမွန်က ဆိုသည်။

“သံလွင်မြစ်အောက်ပိုင်းမှာ နေထိုင်နေကြတဲ့ မွန်လူမျိုးအများစုဟာ ဆည်တည်ဆောက်ရင် ဖြစ်လာမယ့် အကျိုးဆက်ကို မသိကြဘူး၊ ဒါကြောင့်ကျွန်တော်တို့အဖွဲ့ကနေပြီး ပညာပေးဆွေးနွေးပွဲ ပြုလုပ်ပေးခဲ့တယ်၊ အဓိကတော့ သံဃာတော်တွေနဲ့ တက္ကသိုလ်ကျောင်းသားတွေကို ပညာပေးခဲ့တယ်၊ အဲကနေတဆင့် ပြည်သူတွေက သိရှိလာပြီးတော့ အခုလိုလှုပ်ရှားမှုတွေ ပြုလုပ်လာခဲ့ကြတယ်” ဟု နိုင်တိုင်းပကောင်းမွန်က ပြောသည်။

သံလွင်မြစ်နှင့် ပတ်သက်သည့် ပညာပေးသင်တန်း တက်ပြီးနောက် သံလွင်မြစ်ကို ကာကွယ်ရမည်ကို သိရှိလာသည့်အကြောင်းကိုလည်း ပေါင်မြို့နယ် ဇင်းကျိုက်ကျေးရွာမှာ ရွာသားတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ရွာမှာ ရှိတဲ့ ပြည်သူတွေ ဒီအကြောင်းသိလာအောင် ပြန်ရှင်းပြမယ်၊ ပြီးတော့ သံလွင်မြစ်ကို ပိတ်ပြီး ဆည်တည်ဆောက်မယ့် စစ်အစိုးရရဲ့ အစီအစဉ်ကိုလည်း ဆန့်ကျင်သွားမယ်” ဟု ၄င်းရွာသားက ဆက်ပြောသည်။

၎င်းအဖွဲ့မှ သံလွင်မြစ်ပေါ်တွင် ဟတ်ကြီးဆည်တည်ဆောက်ပါက ဖြစ်ပေါ်လာနိုင်သည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို သံလွင်မြစ်ကို မှီခိုနေသည့် ပြည်သူများ သိရှိလာစေရန်အတွက် ၂၀၀၇ ခုနှစ်တွင် “In the Balance” “တိမ်းစောင်းမခံနိုင်သော မျှခြေ” အမည်ရှိ အစီရင်ခံစာကို ထုတ်ဝေခဲ့ပါသည်။

၎င်းဆည်တည်ဆောက်ပါက မြစ်အောက်ပိုင်းတွင် ရေချိုစီးဆင်းမှု မရှိတော့ဘဲ၊ ရေငန်များ ဖုံးလွှမ်းသွားနိုင်သဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ဟင်းသီးဟင်းရွက်တို့ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများအတွက် အခက်အခဲများ ဖြစ်လာနိုင်ကြောင်း၊ အကယ်၍ ဆည်ကြီးကျိုးပေါက်သွားပါက ရေလွှမ်းမိုးမှုများ ဖြစ်ပွားပြီး အသက်အန္တရာယ်ကိုပင် ထိခိုက်နိုင်ကြောင်းကို ၄င်းအစီရင်ခံစာတွင် တင်ပြထားသည်။

သံလွင်မြစ်ကို ဖြတ်၍ မုတ္တမ-မော်လမြိုင်တံတား တည်ဆောက်ထားသည့်အတွက် တံတားတိုင်များကြောင့် သဘာဝအလျှောက် စီဆင်းနေသော ရေလမ်းကြောင်းများ ပြောင်းလဲသွားပြီး ကမ်းရိုးတန်းအနီးရှိ လယ်ယာမြေများ ရေတိုက်စားမှု ဖြစ်ပွားကာ ပျက်စီးမှု အမြောက်အမြား ဖြစ်ပွားခဲ့ရကြောင်း၊ အကယ်၍ ဆည်ကြီး တည်ဆောက်ပြီးပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်မှာ ၄င်းထက်ပင် ပိုမိုဆိုးရွာနိုင်ကြောင်း နိုင်တိုင်းပကောင်းမွန်က ပြောသည်။

ဟတ်ကြီးဆည် တည်ဆောက်မှုကို ထိုင်း၊ တရုတ်၊ မြန်မာတို့က သဘောတူညီ လက်မှတ်ရေးထိုးထားပြီး ၄င်းဆည်မှ ၁၃၆၀ မီဂါဝပ်ရှိ ရေအားလျှပ်စစ်ထုတ်ပေးမည်ဟု Burma Rivers Network တွင် ဖော်ပြထားပါသည်။

၎င်းဆည်တည်ဆောက်ခြင်းနှင့် ပတ်သက်၍ လွန်ခဲ့သော နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ TERRA အဖွဲ့၊့ ထိုင်းနိုင်ငံအခြေစိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူ့အခွင့်အရေးအဖွဲ့အစည်း ၁၈၉ ဖွဲ့မှ ကိုယ်စားလှယ်များက ဆန္ဒပြ တောင်းဆိုခဲ့သည်။ ထို့ပြင် ထိုင်းအစိုးရအနေနှင့် စီမံကိန်းမှ နှုတ်ထွက်ရန် ထိုင်းဝန်ကြီးချုပ် အာဘီဆစ် ဝေ့ချာချီဝ ထံသို့လည်း စာတစ်စောင်ရေးသား ပေးပို့ခဲ့သည်ဟု Burma Rivers Network တွင် ဖော်ပြထားပါသည်။

တိုက်ပွဲ နှင့် လူ့ အခွင့်အရေး ချို့ ဖေါက်မှု သတင်း

Thursday, December 3, 2009

နအဖ စစ်အစိုးရမှ အတင်းအကျပ်ခိုင်းစေမှုများ မပြုလုပ်ရာ ကမ္ဘာသိကြေငြာ ဥပဒေ တရပ်ထုတ်ပြန်ထား သော်လည်း ယခု ကရင်အမျိုးသားများအပေါ် လူမဆန်စွာ ပြုမှုဆက်ဆံနေသည်ကို နေ့ စဉ်နဲ့ အမျှ တွေ့ နေရပါသည်။ ယခုသတင်းတွင်လည်း အမျိုးသားတွေကို ပေါ်တာ အဖြစ် အတင်းစေခိုင်းရုံမကပဲ အမျိုးသမီးတွေကို ပါ ပေါ်တာ သွားခိုင်းနေသည်ကို တွေ့ ရပါသည်။

တောင်ငူခရိုင် - တပ်မဟာ(၂)

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် နအဖ တပ်တို့ တိုက်ပွဲများဖြစ်ပွားရာ

၂၁၊ ၁၁၊ ၀၉ နေ့  ၀၇း၅၀ အချိန် စီခဲဒါးနှင့် ပလောမူဒါး တွင် တိုက်ပွဲဖြစ်ပွားရာ နအဖ တပ်မှ (၁)ဦးဒဏ်ရာရ။

၂၂၊ ၁၁၊ ၀၉ နအဖ တပ် စကခ(၅)မှ ယာလိုရွာသားများအား တစ်အိမ်ထောင်လျှင် ၀ါးလုံးတစ်လုံးစီ တပ်စခန်း ဆောက်ရာအတွက် ခုတ်ခိုင်း။

၂၃၊ ၁၁၊ ၀၉ စီခဲဒါးရွာ အနီး နအဖ တပ်အား ပျောက်ကြား ပစ်ရန် နအဖ တပ်(၁)ဦး ဒဏ်ရာရ။

၂၆၊ ၁၁၊ ၀၉ နံနက် (၆)နာရီတွင် သေလော်လေးလူ ကားလမ်းပေါ်တွင် နအဖ တပ်အားပစ်ခတ်ရန် နအဖ တပ်မှ (၃)ဦးဒဏ်ရာရ။ ထိုနေ့ တွင် တဆက်တည်း ၁၈း၀၅ နာရီတွင် KNLA အထူးပျောက်ကြားတပ်ဖွဲ့ တစ်စုမှ ကလေစိုးခီး ရွာအနီး၌ ရန်သူအား ပစ်ခတ်ရာ နအဖ တပ်မှ တပ်ခွဲမှူးတဦး နှင့်တပ်ကြပ်ကြီးတဦး ကျဆုံး ပြီး တပ်သားတဦး ဒဏ်ရာရ။ ထိုတိုက်ပွဲ ဖြစ်ပြီးနောက် နအဖ တပ်များက ကလေစိုးခီးရွာသားများကို ခေါ်ယူပြီး နောင်တွင် လက်နက်ကိုင်တပ်ဖွဲ့ များကို လက်မခံရန် နှင့် ကားလမ်းနံဘေးရှိ အိမ်နှင့် ဆိုင် များအားလုံးကို အပြီးဖြုတ်ခိုင်းပါသည်။

၂၇၊ ၁၁၊ ၀၉ ထန်းတပင်မြို့ နယ်တွင် နအဖ စကခ(၅)လက်အောက်ခံ ကလောမီဒါးအခြေစိုက် ခမရ(၅၄၂) မှ ကလောမီဒါး ရွာသူ (၃၂)ဦး၊ ရွာသား (၂၄)ဦး၊ ပေါ်တာခေါ်ပြီး ဆန်များကို ကလောမီဒါးမှ ပလဲဝါတကား သို့ ပို့ 
ခိုင်းပါသည်။

၂၉၊ ၁၁၊ ၀၉ တွင် သီးမီးပေါ်စိုးစခန်းအောက်၌ တိုက်ပွဲဖြစ်ရန် နအဖ တပ်မှ (၁)ဦးဒဏ်ရာရ၊

၃၀၊ ၁၁၊ ၀၉ တွင် ကော်သဲဒါး ရွာသား စောဆဲ(၃၆)နှစ် ကွမ်းသီးခြံသွားရာ နအဖ တပ် စကခ(၅)လမ်းလှူံခြုံရေးမှ ဖမ်းဆီးပြီး အိပ်ထဲမွေရာတွင် ဓါတ်မီးတလက်တွေ့ ရှိသဖြင့် ၄င်းအား ပြင်းထန်စွာရိုက်နှက်ပြီး စခန်းသို့ ခေါ်ဆောင်သွားပါသည်။ စောဆဲမှ ၄င်းအား နအဖ တပ်မှ သေတဲ့အထိညှင်းဆဲမည် ဟုယုံကြည်နေသဖြင့် လမ်းခုလတ်တွင် ထွက်ပြေးရန် အနဖ တပ်မှ သူ၏ ခြေတဖက်ကို ပစ်ချိုးလိုက်ပါသည်။ တဖန် ကော်သဲဒါးရွာလူကြီးကို ခေါ်ပြီး ရွာရှိဆိုင်များအားလုံးကို စစ်ဆေး မွေနှောက်ပါသည်။

ညောင်လေးပင်ခရိုင် - တပ်မဟာ(၃)

နအဖ တပ် ခမရ ၅၀၅ တပ်ခွဲမှူးမိုးဇော်လှ ၏ကား လယ်ကွင်း အနီး ၌ မိုင်းထိရာ လယ်ပိုင်ရှင် လေးဦးဖြစ်သော စောဒီပူးနူ။ စောဝီးရီ၊ ဖါးတီနာ၊ စောမူခူ တို့ အား ၄င်းတို့ ၏လယ်မြေများကို ဆက်လက်လုပ်စားခွင့် မပေးတော့ပါ။ အကယ်၍ လယ်ပိုင်ရှင်အား လယ်ကွင်းတွင် တွေ့ ရှိပါက သတ်ပစ်မည်ဟု အမိန့်  ချမှတ်ထားပါသည်။

ဒူးပလာယာခရိုင် - တပ်မဟာ(၆)

၂၇၊ ၁၁၊ ၀၉ နေ့  ၀၆း၅၅ အချိန်တွင် ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆) နှင့် ၀င်းရေးမြို့ နယ်သစ်တော ဌာန ပူးပေါင်းတပ်ဖွဲ့ သည် ခမရ ၃၅၅ စစ်ကြောင်း(၂) ဇေယျဝင်း ဦးဆောင်သော စစ်ကြောင်းနှင့် လေးနောလေး အရပ်၌ ရင်ဆိုင်တိုက်ပွဲဖြစ်ပွား ရာ နအဖ တပ်မှ (၂)ဦးဒဏ်ရာရ၊
နအဖ တပ်စခန်းမှ လက်နက်ကြီးပစ်ရာ လေးနော ရွာသူ နော်ပသဲ(၃၄)နှစ် နအဖ ပစ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ဖြင့်သေဆုံး။

၂၉၊ ၁၁၊ ၀၉ တွင် ဒီကေဘီအေ မောင်ညွန့် ရွေ(ခေါ်) ဖထော မှ Phone ခ အတင်းအကျပ်ကောက်ခံ။ ဖုံးခ ပေးဆောင် ရသော ရွာသားများမှာ ရွာတန်းရှည် ရွာမှ မူဒေးမြတ်(၃၅နှစ်)၊ ဒေါ်လေးမြိုင်(၄၂နှစ်)၊ နော်အူး(၂၇)နှစ်၊ ဦးသိန်းကြည်(၅၆)နှစ်၊
ကြာအင်းကုန်းရွာမှ ညီပုလေး(၂၆)နှစ်၊ နော်တရီ(၁၉)နှစ်၊ ဦးမြိုင်လှ(၅၆)နှစ် စသည်တို့ သည် တစ်ဦးကို ကျပ်(၃၀၀ ၀၀) စီပေးဆောင်ကြရပါသည်။

မှတ်ချက်။ ။ ကေအဲန်ယူ ထုတ်ပြန်သော သတင်းမှ ပြန်လည်ဘာသာပြန်ဆိုသည်။

NDF-Bul-No-04-Nov-2009-2

Bul-No-04-Nov-2009-2
information 2.November posted 3.December by thawthikho
2009 December 3

Tuesday, December 1, 2009

The British Chamber of Commerce in Japan


Citations

Best Local CSR Initiative -- Refugees International Japan

RIJ wins Best Local CSR Initiative in recognition of its impressive legacy in Japan of more than thirty year's continued operation--a remarkable feat considering it survives solely on private donations. The judges note that RIJ was not selected because of its mission of raising funds in Japan for targeted projects overseas which directly assist refugees or those internally displaced due to conflict. Although RIJ's work in this regard is a tremendous example of social responsibility, the judges chose RIJ as best local CSR initiative because it not only leads an excellent example as a socially responsible corporation under its CEO, British Citizen Jane Best's stewardship, but also in recognition of how RIJ has managed to generate CSR practice in Japan in its impressive engagement of both big and small corporates through its dynamic local fundraising and refugee advocacy initiatives.



Corporate Excellence --Oxford Instruments, K.K

Oxford instruments was selected out of a number of impressive nominations as demonstrating corporate excellence on the basis of its enduring and committed investment in Japan since the 1960's and its ability to generate market dependency on a number of its technologies in Japan. The judges were particularly impressed with Oxford Instruments' commitment to promoting scientific exchange between the UK and Japan, not only through strategic partnerships with Japanese companies, but also through the work of Oxford Instrument Japan's Millennium Science Forum and its annual Sir Martin Wood Prize awarded to young scientists who have performed outstanding and original research in a Japanese university or research institute in the field of condensed matter science (or otherwise known as "solid state physics"). Ultimately, the judges felt that Oxford Instrument's legacy and local reputation stands out as a model of corporate excellence for other British companies in Japan.



Corporate Innovation --Intralink, K.K

The Japan entity of British company Intralink is BCCJ corporate innovator for 2009 because its has succeeded in Japan as a result of its dynamic and innovative business model that has also enabled several other British companies to enter and flourish in the Japanese market. The judges felt that Intralink's business exemplifies corporate innovation in its ability to adapt a range of pre- and post-market entry services including opportunity assessments, partner selection and liaison office servicesto British companies seeking entry into Japan. The judges were also impressed by how Intralink has made a business that speaks to the aims of the BCCJ by fostering business links between Britain and Japan.



Best Entrepreneur-- Career Cross

British citizen Richard Bysouth is awarded BCCJ Best Entrepreneur in recognition of the success Career Cross, his online recruitment business for Japanese and English bilingual professionals. Richard's story and his development of Career Cross is an impressive example of a British entrepreneur achieving success in Japan. With little experience and virtually no capital, Richard saw opportunity in the advent of online recruitment and the relatively inactive bilingual recruitment market in Japan in the late '90's and developed a highly successful business that is relied upon by many of the big names in recruitment. The judges were also impressed by how his business provides and avenue for bilingual professionals to seek work in Japan and the UK alike.




The British Chamber of Commerce in Japan

Kenkyusha Eigo Centre Bldg, 1-2 Kagurazaka, Shinjuku-ku, Tokyo 162-0825
www.bccjapan.com