Friday, November 16, 2012

Ethnic alliance wants federal system for Burma

November 15 | Author: S' Phan Shaung (KIC) | Posted in Articles

The Nationalities Brotherhood Forum, an ethnic alliance, issued a statement on November 11 expressing their willingness for the emergence of federal system in Burma.
After a two-day meeting held on November 10th to 11th, the Nationalities Brotherhood Forum issued a six-point-statement – one of the points said that ‘federalism is not separatism’.
Mahn Aung Pyi Sone, vice chairman of the Plao-Swor Democratic Party, a member party of the NBF spoke to Karen News.
“People are now talking about what federalism means. Some people see it as separatism. We want people to know that the ethnic nationalities want a federalism that will unite us, as a whole.”
Aside from federalism, the NBF statement noted that the proportional electoral system may not be suitable for voters in the 2015 national election, that it now was unacceptable to change State names, the government needs to deal carefully with the conflict in Arankan and welcomed the United States President Barrack Obama to Burma.
During the NBF meeting, representatives from the Tailaing National Development Party, Danu Nationalities Democracy Party, Asho Chin National Party, Inn National Development Party, Pa-O National League Party, Taaung (Palaung) National Party and the Wa Democratic Party were among the 40 participants.
According to NBF sources, all the ethnic parties who took part in the meeting agreed that ‘federalism is not separatism’.
The NBF was formed in January 2011 and members include the Shan Nationalities Democratic Party, the Chin National Party, the Rakhine Nationalities Development Party, the All Mon Region Democracy Party, the Plao-Swor Democratic Party and the Kayan National Party.
At the conclusion of the two-day meeting the Nationalities Brotherhood Forum changed their name to Nationalities Brotherhood Federation.



Army’s road repairs raise many questions

Burma Army’s road repairs raise many questions
November 14 | Author: Saw Khar Su Nyar (KIC) | Posted in Articles | Tags: Burma army, Ceasefire, Karen State, KNU

The end of the monsoon season has seen the Burma Army repairing supply roads to their bases in Karen State. This has caused Karen army officers to question the strategy behind the rebuilding of the supply roads when the government is supposed to be withdrawing its troops from the region.
The Burma Army began repairing the transportation road into Thandaung Township, Karen State at the beginning of November.
A Karen National Union officer in its Brigade 2 confirmed with Karen News that the Burma Army’s Infantry Battalion 1, 5, and 35 and Light Infantry Battalion 108 have increased their presence in the region.
“LIB 108 is responsible for the road’s security while the other three Battalions are repairing the road. This is not a sign of (a ceasefire agreed) retreat. They are sending their rations as they did previously.”
The KNU Brigade 2 officer told Karen News that the Burma Army is resupplying instead of preparing for retreat as in the ceasefire agreement between KNU and the government.
The repaired road is 96 kilometers long, and the section between Taungoo-Bawgali-Maungtaikyi is complete.
Local villagers in the region said the Burma Army based in KNU controlled areas in Nyaunglebin and Papun are also repairing supply roads.
The Karen officers question the strategy behind the rebuilding of the supply roads when the government is supposed to be withdrawing troops.


မြန်မာပြည်တွင် ပြုလုပ်မည့် KBC အစည်းအဝေးသို့ KNU အား ဖိတ်ကြား

အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အကြံပြုဆွေး နွေးနိုင်ရန် လာမည့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံရှိ Karen Baptist Convention ခေါ် ကရင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ အစည်းအဝေးသို့ KNU အဖွဲ့အား ဖိတ်ခေါ်လိုက်သည်။

၂ ရက်ကြာ ပြုလုပ်မည့် ယင်းအစည်းအဝေးတွင် KBC အဖွဲ့ကိစ္စအပြင် လက်ရှိ ကေအဲန်ယူနှင့် မြန်မာအစိုးရတို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မည်သည့်အဆင့်၌ ရှိနေကြောင်း၊ ရှေ့ဆက် မည်သို့လုပ်ဆောင်သွားမည်ဖြစ် ကြောင်းနှင့် အခြေအနေပေါ် မူတည်၍ ဆောင်ရန်၊ ရှောင်ရန် ကိစ္စများကို မည်သို့ ပြင်ဆင်သင့်ကြောင်း စသည်တို့ကို ဆွေးနွေးသွားမည်ဟု KBC အမှုဆောင် အရာရှိဖြစ်သူ ဒေါက်တာဂါဘရီလ်(Dr. Gabriel)က ပြောသည်။

“ပြည်တွင်းမှာရှိတဲ့ ကရင်တွေဟာ အပစ်ခတ်ရပ်စဲရေးဖြစ်စေ၊ စည်းလုံးညီညွှတ်ရေးဖြစ်စေ ကျနော်တို့ဘယ်လိုပူး ပေါင်းပါဝင်ဆောင်ရွက်မလဲဆိုတာ အားနည်းနေသေးတယ်။ ဒါကို ဒီထက် နားလည်အောင် အခုလုပ်မယ့် အစည်းအ ဝေးမှာ ပြောဆိုဆွေးနွေးကြဖို့ ကေအဲန်ယူကိုလည်း ဖိတ်တာဖြစ်တယ်” ဟု ဒေါက်တာဂါဘရီလ်က ကေအိုင်စီသို့ ပြောသည်။

အစည်းအဝေးသို့ ကေအဲန်ယူ ကိုယ်စားလှယ် ၃ ဦး အပါအ၀င် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်များ ကော်မတီ-KRC ဥက္ကဌလည်းဖြစ်သူ နှစ်ခြင်းခရစ်ယာန် သိက္ခာတော်ရ ဆရာတော်စောရောဘတ်ထွေး ဦးဆောင်သည့်အဖွဲ့ ၈ ဦးနှင့် KBC အား ကူညီပံ့ပိုးပေး သူများ၊ ပြည်တွင်းရှိ ခရစ်ယာန်အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ စသည်တို့ စုစုပေါင်း လူ ၄၀ ကျော် တက်ရောက်မည်ဟု သိရသည်။

သို့သော် ယင်းအစည်းအဝေးသို့ ကေအဲန်ယူ ကိုယ်စားလှယ် အဖြစ် တက်ရောက်မည့်သူအား ထုတ်ဖော်ပြော ဆိုခြင်း မရှိသေးပေ။

ယင်းကိစ္စနှင့် ပတ်သက်၍ KBC သည် ဘာသာရေး အဖွဲ့ဖြစ်သည့်အတွက် ယင်းအစည်းအဝေးသို့ တက်ရောက် ရန် မသင့်ကြောင်း သြစတြေးလျား၊ ဂျပန်၊ အင်္ဂလန်၊ နော်ဝေနှင့် ဒိန်းမတ် စသည့် နိုင်ငံတကာရောက် ကရင် အဖွဲ့ အစည်းများက အိပ်ဖွင့်ပေးစာ ပေးပို့ ကန့်ကွက်ထားကြောင်း သိရသည်။

တရုတ်ခေါင်းဆောင်သစ် ရာထူး Xi Jinping ကို ပေးအပ်

16 Nov, 2012 12:59 AM


New Communist Party General Secretary Xi Jinping
ဗဟို စစ်ကော်မရှင်ရဲ့ ဥက္ကဌလည်းဖြစ်၊ တရုတ် ကွန်မြူနစ် ပါတီရဲ့ အထွေအထွေ အတွင်းရေးမှူး အဖြစ် တရုတ် ခေါင်းဆောင်သစ် နေရာရာထူးကို Xi Jinping ကို ပေးအပ်လိုက်ပါပြီ။ ဒုသမ္မတ မစ္စတာ Xi ဟာ ရာထူးကနေ အနားယူတော့မယ့် သမ္မတ Hu Jintao ပြီးရင် ပါတီရဲ့ခေါင်းဆောင် ရာထူးကို ဆက်ခံမဲ့သူ ဖြစ်တယ်ဆိုတာကိုတော့ အချိန် အတော်ကြာကြာ ကတည်းက မျှော်လင့်ထား ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့ ဘေဂျင်းမြို့တော်ရဲ့ ပြည်သူ့ ခန်းမထက်က ကော်ဇော်နီပေါ်မှာ မစ္စတာ Xi ဟာ တရုတ် ခေါင်းဆောင်သစ် ခြောက်ယောက်နဲ့ အတူ လျောက်လှမ်းခဲ့ပါတယ်။

လာမယ့်မတ်လမှာ သမ္မတရာထူးကို လက်ခံယူမှာဖြစ်တဲ့ မစ္စတာ Xi ဟာ နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ တိုင်းပြည်ကိုပြောတဲ့မိန့်ခွန်းမှာတော့ တရုတ်ခေါင်းဆောင်သစ်အနေနဲ့ အလွန်ကြီးမားတဲ့ တာဝန်ယူမှုတွေနဲ့ရင်ဆိုင်ရမှာဖြစ်ပေမယ့် ၁.၃ ဘီလျံသော တရုတ်ပြည်သူလူထုအတွက် ကောင်းမွန်တဲ့ လူနေမှုဘဝတွေအတွက် တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ မိန့်ခွန်းပြောခဲ့ပါတယ်။

တော်လှန်ရေးခေါင်းဆောင်တဦးရဲ့သားဖြစ်သူ အသက်၅၉နှစ်အရွယ် ခေါင်းဆောင်သစ်ဟာ စိးပွားရေးဖွံ့ဖြိုးမှုနှေးကွေးနေတာတွေ နောက် ပြည်သူတွေ အမျက်ထွက်နေတဲ့ အစိုးရပိုင်းက အကျင့်ပျက်လာဘ်စားမှုတွေစတဲ့ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ ကမ္ဘာ့ဒုတိယအကြီးမားဆုံး စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ရာ တရုတ်နိုင်ငံကို ဦးဆောင်မှုပေးရတော့မှာဖြစ်ပါတယ်။

Thursday, November 15, 2012

ဘင်္ဂလားဒေ့ရှ်နယ်မြေအတွင်း မြန်မာ့တပ်မတော်သားအလောင်းအားတွေ့ရှိ

Arakan Thar
မောင်တောမြို့ နယ်စပ်အလွန် ဘင်္ဂလားဒေ့ရှ်နယ်မြေအတွင်းတွင် ပြန်ပေးဆွဲခံရ သည့် မြန်မာ့တပ်မတော်သား (၃) ဦးထဲမှတစ်ဦးအား ၃ ပိုင်းပိုင်းထားသည့် အလောင်းအားတွေ့ရှိ

၁၂၊၁၁...၊၁၂ မနေ့က မြန်မာတပ်မတော်စစ်ကြောင်းတစ်ခု နှင့် ဘင်္ဂလားဒေရှ့်မှ နယ်ခြားစောင့်တပ် တစ်ချို့တို့ပူးပေါင်းပြီး ဘင်္ဂလားဒေရှ့်နိုင်ငံ ရုံမော်မြို့နယ် ဘော်လီပါရာ(ဘော်လီကျေးရွာ) တွင် RSO အကြမ်းဖက်အဖွဲ့များ အခြေစိုက်နေကြသည်ဟု သိရှိရ၍ ရှင်းလင်းမူများ ပြုလုပ်သဖြင့် တိုက်ပွဲဖြစ်ခဲ့သည်ဟုသိရှိရပါသည်။ RSOအကြမ်းဖက်အဖွဲ့မှ အကျအဆုံးများရှိပြီး မိမိတို့တပ်မတော်သားမှ ဒဏ်ရာရသူ အနည်းငယ်ရှိသည်ဟုသိရှိရပါသည်။ နယ်ခြားစောင့်တပ်များက ရွာပြင်မှစောင့်ကြည့် ကျန်နေခဲ့သည်ဟုသိရပါသည်။ ထိုကျေးရွာအား သိမ်းပိုက်ပြီး ရွာတွင်းအား ၀င်ရောက်ရှာဖွယ်ရာ ဖမ်းဆီးခေါ်ဆောင်သွားသော တပ်မတော်သား ၃ ဦးထဲမှ တစ်ဦး၏ ကိုယ်ခန္တာအား သုံးပိုင်း ပိုင်းထားသော အလောင်းအား ရှာဖွေ တွေ့ရှိခဲ့သည်ဟု ထိုရှင်းလင်းရေးတွင် လိုက်ပါသွားသော ရဲဘော်တစ်ချို့၏ ပြောပြချက်အရ သိရှိရပါသည်။ ကျန်နှစ်ဦး အားထိုကျေးရွာတွင် စစ်ဆေးမေးမြန်းမူများပြုလုပ်ပြီး ဆက်လက်ရှာဖွေလျက်ရှိသည် ဟုသိရှိရပါသည်။



James Mint
ဘူးသီးတောင်၊ မောင်းတောက ဇွန်လမှ ဆန္ဒပြခဲ့တဲ့ ကိစ္စတွေဟာ ရိုဟင်ဂျာ အကြမ်းဖက် အဖွဲ့နဲ့ မဆိုင်ပါဘူးလို့ BBC အပါအ၀င် အနောက်မီဒီယာတွေ တွင်တွင်အော်ခဲ့ကြပါတယ်........ အဲ့ဒိအချိန်က သက်ဆိုင်သူတွေကို အစိုးရက ဖမ်းဆီးအရေးယူချိန်မှာ အပြစ်မဲ့သူတွေကို ဖမ်းဆီးတယ်လို့ အသံတွေ ထွက်လာခဲ့ပါတယ်.....

ယခုလတ်တလောမှာပဲ မောင်းတောမှာ အဖမ်းခံသွားရတဲ့ တပ်ကြပ်တစ်ယောက်အပါအ၀င် အားလုံးပေါင်း သုံးယောက်ဟာ ဒီ အစ္စလာမ်မစ် စစ်သွေးကြွ RSO(Rohingya Solidarity Organization ) ရဲ့  လက်ထဲမှာ ရောက်ရှိလို့ နေပါတယ်..... အခုနောက်ဆုံး သိရတဲ့ သတင်းအရ အဆိုပါ အကြမ်းဖက်အဖွဲ့ဟာ အဆိုပါသုံးယောက်ကို ပြန်ပေးဆွဲပီး ပြီးခဲ့တဲ့ ဇွန်လ အရေးအခင်းမှာ အဓိက တရားခံ လက်သည်ဖြစ်တဲ့ နူရ်လောက်(ခ) ဒေါက်တာထွန်းအောင် နဲ့ အလဲအလှယ်လုပ်ဖို့ တောင်းဆိုလာတာကို တွေ့ရပါတယ်....

ဒါဟာ RSO အဖွဲ့အနေနဲ့ သူတို့ရဲ့ အကြမ်းဖက် လုပ်ရပ်ကို သက်သေပြလိုက်တာ ဖြစ်ပြီး၊ အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ထုံးစံအတိုင်း လူသတ်၊ ပြန်ပေးဆွဲတဲ့ လုပ်ရပ်တွေ အစပျိုးလာတာ ဖြစ်ပါတယ်.... နောက်လဲ ဒီထက်မက ဆိုးရွားတဲ့ လုပ်ရပ်တွေ အစပြုလာမှာ ဖြစ်ပါတယ်..... တဖြည်းဖြည်းနဲ့ အနောက်ဘက် ရခိုင်ဒေသ အရေးဟာ ထိုင်းနိုင်ငံ တောင်ပိုင်းလို၊ ဖိလစ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမဖြစ်ခင်က ပဠိပက္ခပုံသဏ္ဍန် အပြည့်အ၀ ပုံပေါ်လာပါပီ.....

စစ်တကောင်း ဘင်္ဂါလီ အရေးကိစ္စကို လူ့အခွင့်အရေးအဖြစ် ရှုမြင်သူများအနေနဲ့ လူ့အခွင့်အရေးနဲ့ အကြမ်းဖက်မှုကို ခွဲခြားမြင်သင့်ပီလို့ တိုက်တွန်းချင်ပါတယ်..... ရခိုင် ပြည်သူ ပြည်သားတွေ ကျီးလန့်စာစားမနေရအောင် နိုင်ငံတော် အစိုးရအနေနဲ့ ပြတ်ပြတ်သားသား အရေးယူပေးပါလို့ပဲ နိုင်ငံသား တစ်ယောက် အနေနဲ့ တောင်းဆိုလိုပါတယ်....

ဝန်ကြီးဌာန ၁၅ ခု၏ ငွေကြေးအလွဲသုံးမှု စာရင်းစစ်ချုပ် လွှတ်တော်ကိုတင်ပြ

ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန ၁၅ ခုမှာ ဖြစ်ပေါ်ခဲ့တဲ့ ငွေကြေး အလွဲသုံးမှုတွေနဲ့ ပတ်သက်တဲ့ စစ်ဆေးတွေ့ရှိ ချက်တွေကို ပြည်ထောင်စု စာရင်းစစ်ချုပ်က ပြည်ထောင်စု လွှတ်တော်ကို တင်ပြပါတယ်။

ဒီနေ့ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဒီစစ်ဆေး တွေ့ရှိချက်တွေ ကို ပြည်ထောင်စု စာရင်းစစ်ချုပ် ရုံးရဲ့ ဦးသိန်းထိုက်ဦးက ဖတ်ကြား တင်ပြခဲ့တာပါ။

“၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း စစ်ဆေးရာမှာ အရေးကြီးသော စစ်ဆေး တွေ့ရှိချက် အဖြစ် ၀န်ကြီးဌာန ၁၅ ခုမှာ နိုင်ငံတော်က ချမှတ်ပေးသည့် ရသုံးငွေနှင့် နိုင်ငံတော်က ရရမည့် ရငွေများနှင့် ပတ်သက်ပြီး အလွဲသုံးမှု၊ ပိုသုံးထားမှု၊ မရိုးဖြောင့်သော သဘောဖြင့် ဆောင်ရွက် ထားမှုတွေကို တွေ့ရှိတဲ့အတွက် ဒီတွေ့ရှိမှုအပေါ် နိုင်ငံတော် အရအသုံးစာရင်းကို ပြန်သွင်းရန် ၄၇ မှုရှိကြောင်း တွေ့ရပါတယ်။ တွေ့ချက်များကို တင်ပြထားပါတယ်။”

ဝန်ကြီးဌာနတွေကတော့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမ ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာနစတဲ့ ၀န်ကြီးဌာနတွေ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က “စာရင်းစစ်တွေ့ရှိချက်က နိုင်ငံတော်ကို ပေးသွင်းရမယ့် ကျပ်ငွေ စုစုပေါင်း ၅၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဘီလီယံလောက်) စာရင်းဟနေတာ တွေ့တယ်တဲ့။ ၀န်ကြီးဌာန အားလုံးပေါင်းလိုက်ပေါ့။ အဲဒါကို သူက နိုင်ငံတော်ကိုပြန်ပေးသွင်းဖို့ စာရင်းစစ်က လုပ်တဲ့အခါ ကျပ်ငွေ ၂၀ ဘီလီယံကတော့ ပြန်သွင်းနိုင်ခဲ့တယ်။ ကျန်တဲ့ ကျပ်ငွေ ၄၀ ဘီလီယံထဲမှာ ၃၅ ဘီလီယံက မွေးမြူရေးနဲ့ရေလုပ်ငန်းဝန်ကြီးဌာနက ပေးသွင်းဖို့ ကျန်ပါသေးတယ်တဲ့။ အဓိက မသမာမှုက တနိုင်ငံလုံးမှာ ကျပ်သိန်းပေါင်း ၁၄၀၀ သွားတွေ့တယ်။ အဲထဲမှာ သတင်းနဲ့စာနယ်ဇင်းတဦးတည်းကပဲ သိန်း ၁၂၀၀ အလွဲသုံးစားလုပ်ထားတာတွေ့တယ်လို့ ပြောပါတယ်။”

ဒီပြည်ထောင်စုစာရင်းချုပ်ရဲ့ စစ်ဆေးတွေ့ရှိချက်တွေမှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်တွေနဲ့ပတ်သက်ပြီး ဖော်ပြတာမျိုး မရှိခဲ့ဘူးလို့လည်း သူက ဆိုပါတယ်။

“၀န်ကြီးဌာနာ တခုချင်း ပါပါတယ်။ ဒါပေမယ့် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်မတွေ့ရပါဘူး။ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ပတ်သက်လို့ ဘတ်ဂျက်တိုးတဲ့အခါ တပ်မတော်သားတွေအတွက် စားနပ်ရိက္ခာ၊ အ၀တ်အစား ထောက်ပံ့ကြေး ဒါတွေတိုးပေးဖို့ ဟိုးအရင် ဒေါ်တင်နွယ်ဦး ကာကွယ်ရေးနဲ့ပတ်သက်တဲ့ ဘတ်ဂျက်ဆွေးနွေးတာမှာ ပါပါတယ်။ အသေးစိတ်ကတော့ စာရင်းစစ်မှာတော့ ကာကွယ်ရေးနဲ့ပတ်သက်တဲ့ စစ်ဆေးတွေ့ရှိချက် မပေါ်ပါဘူး။”

ဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ်ကွာဟမှု၊ အလွဲသုံးမှုမျိုးတွေကို နောက်လာမယ့် ဘဏ္ဍာရေးနှစ်တွေမှာ မဖြစ်စေဖို့ လွှတ်တော်တွေအနေနဲ့ ထိန်းကျောင်းနိုင်မယ့် သင်ခန်းစာအဖြစ် ရှုမြင်တယ်လို့လည်း သူကဆိုပါတယ်။

“၀န်ကြီးဌာနတွေမှာ စာရင်းစစ်လိုက်လို့ ဘီလီယံနဲ့ချီပြီး ဖြစ်နေတာ ကျနော်တို့သိပြီ။ နောင်တချိန် လွှတ်တော်ကော်မတီတွေက ၀န်ကြီးဌာနတွေနဲ့ ပတ်သက်လို့ စစ်ဆေးတဲ့အခါ ပိုဂရုထားရမယ်၊ ပိုအသေးစိတ်ရမယ်၊ ပိုသတိထားရမယ်ဆိုတာ ပေါ်လာတယ်။ ၂၀၁၁-၁၂ ဘတ်ဂျက်ကတော့ ပြီးသွားပြီပေါ့။ ၂၀၁၂-၁၃ ဘတ်ဂျက်မှာတော့ ကျနော်တို့ဘက်က ၀န်ကြီးဌာနတွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံကောင်း ပညာတခုရတဲ့သဘော ရှိပါတယ်။”

အခုလို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက အစီရင်ခံစာတင်ပြလာတဲ့ အစိုးရ ၀န်ကြီးဌာနတွေရဲ့ ငွေကြေးအလွဲသုံးမှုတွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ လပိုင်းတွေက ဖော်ပြခဲ့တဲ့ အတွက် ပြည်တွင်းထုတ် သည်ဗွိုက်ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲဆိုခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဂျာနယ်ဖော်ပြချက်နဲ့ စာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးတွေ့ရှိချက် ကိုက်ညီမှု ရှိမရှိဆိုတာတွေကိုလည်း လွှတ်တော်ကော်မတီအနေနဲ့ ထပ်မံစိစစ်မှုတွေ ပြုလုပ်ဖို့ရှိတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောပါတယ်။

by အံ့ဘုန်းမြတ် (ဒီဗွီဘီ)

Wednesday, November 14, 2012

ရွှေဘိုမြို့အနီး နောက်ဆက်တွဲငလျင် ထပ်မံလှုပ်ခတ်

14 Nov, 2012 11:03 AM

နိုဝင်ဘာ ၁၄ ရက် နံနက် ၀၀ နာရီ၊ ၅၈ မိနစ်၊ ၁၄ စက္ကန့်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၂၄ မိုင်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄.၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း U.S. Geological Survey ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

Tuesday, November 13, 2012

သတင်းအမှားဆက်လက်ဖေါ်ပြနေဆဲဧရာဝတီသတင်း

ပြီးခဲ့သောလကလည်းဘာထူးလည်း
KNU. ကရင်အမျိုးသားခေါင်းဆောင်
ပဒိုဒေးဗစ်ထော ဆေးရုံပေါ်တွင်အသည်း
အသန်ဖြစ်နေချိန်တွင်ကွယ်လွန်သွားပြီဟု
သတင်းအမှားကိုတင်ခဲ့သည်
သတင်းသမားများသည်မြန်ဖို့ထက်မှန်ကန်ဖို့
ကအဓိပါ
မိမိရေးသောသတင်းဖြင့်လူသားတိုင်းကို
အကျိုးပြုနိုင်ပါစေလို့ဆန္ဒပြုလျှက်

ဘုရားသုံးဆူမြို့တွင် စုစုပေါင်းကျပ်သိန်း ၉၀ကျော်အထိ ဖောက်ထွင်းခိုးယူမှု ဆိုးရွားနေ

နိုဝင်ဘာလ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

Photo-KNU (ဘုရားသုံးဆူမြို့တွင်းတနေရာ)
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် ယခုရက်ပိုင်းအတွင်း ဖောက်ထွင်းခိုးယူခံရသော ရွှေနှင့် ငွေစက္ကူ စုစုပေါင်းမှာ တန်ဖိုး အားဖြင့် ကျပ်ငွေသိန်း ၉၀ကျော်ဖိုး ရှိသည်အထိ ဆိုးရွားလျှက်ရှိကြောင်း ဘုရားသုံးဆူမြို့ခံများက ပြောဆိုနေသည်။


ဘုရားသုံးဆူမြို့တွင် အောက်တိုဘာလ ၂၆ရက်မှ နိုဝင်ဘာလ ၁၂ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် ဖောက်ထွင်းခိုးယူမှု ၁၀မှုရှိ သည့်အနက် အခြေအနေဆိုးဝါးသည့် ခိုးမှု ၅မှုတွင် ယင်းပမာဏအထိ ရှိနေကြောင်း ဘုရားသုံးဆူရှိ အစိုးရအာဏာပိုင်များ ၏ ကောက်ခံရရှိထားသည့် စာရင်းအရ သိရသည်။

အာဏာပိုင်များနှင့် နီးစပ်သူတစ်ဦးက “ခိုးမှု ငါးခုကိုပဲ ကောက်ထားတာတောင်မှ ပါသွားတဲ့ ပစ္စည်းတန်ဖိုးက သိန်းကိုးဆယ် နဲ့ ခြောက်သောင်း ရှစ်ထောင်ငါးရာကျပ်ပါ။ ခိုးမှုက ဘယ်လောက်ဆိုးလဲဆိုရင် အိပ်နေတဲ့ အိမ်ရှင်ရဲ့လည်ပင်းမှာ ဆွဲထား တဲ့ ရွှေဆွဲကြိုးတောင် ဖြတ်ယူတာ။ နောက် လုံခြုံရေးတွေ ချထားတဲ့ကြားက ခိုးမှုတွေဖြစ်တာ”ဟု ကေအိုင်စီသို့ ပြောသည်။

ဘုရားသုံးဆူမြို့ရှိ ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားမှု အများဆုံးနေရာမှာ အမှတ်(၃)ရပ်ကွက်တွင်ဖြစ်ပြီး ခိုးမှုနှင့်ပတ်သက်၍ မသင်္ကာသူအချို့ကို ရဲအာဏာပိုင်များက ဖမ်းဆီးစစ်ဆေးမှုများရှိခဲ့သော်လည်း ဘုရားသုံးဆူမြို့တွင် တရားစီရင်ရေးမရှိဟု အကြောင်းပြကာ နှစ်ရက်၊ သုံးရက်အကြာတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း မြို့ခံများက ဆိုသည်။

ပစ္စည်းခိုးယူဖောက်ထွင်းခံရသည့် ဘုရားသုံးဆူမြို့၊ ရပ်ကွက်(၃)မှ မြို့ခံတစ်ဦးက “ခိုးမှုတွေဖြစ်တာ မှောင်တဲ့အချိန်ဆိုတော့ ဘယ်သူ့လက်ချက်လို့ ပြောရတာခက်တယ်။ ကျနော်တို့ကတော့ ဒီလိုခိုးမှုတွေကို အမြန်ဆုံး ပပျောက်သွားစေချင်တယ်။ အခု တချို့အသက်ကြီးဝါကြီး အမျိုးသမီးတွေလည်း မအိပ်ရဲကြဘူး”ဟု ပြောသည်။

ဘုရားသုံးဆူမြို့တွင် ဖောက်ထွင်းခိုးယူမှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိရာ မြို့ခံများမှ သက်ဆိုင်ရာ အာဏာပိုင်များထံသို့ သွားရောက်တိုင်ကြားသော်လည်း အခြေအနေ ထူးခြားမလာသည့်အပေါ် သွားရောက်တိုင်ကြားခြင်းများကို ဆက်လက် မပြုလုပ်တော့ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

ဘုရားသုံးဆူမြို့တွင် ဖောက်ထွင်းခိုးယူမှု အပါအ၀င် လူသတ်မှု၊ ပစ်ခတ်မှု၊ ဗုံးပေါက်ကွဲမှု၊ ပြန်ပေးဆွဲမှုနှင့် ဓါးပြတိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံတွေ စိုးရိမ်

13 Nov, 2012 12:53 AM


မြန်မာပြည် အလယ်ပိုင်း ဒေသမှာ တနင်္ဂနွေနေ့ မနက်ပိုင်းက ပြင်းအား ၆ဒသမ၈ အဆင့်ရှိ ငလျင်ကြီး ပြင်းပြင်း ထန်ထန် လှုပ်ခတ် ပြီးတဲ့နောက် ပြင်းအား အတန်အသင့်ရှိတဲ့ ငလျင်ငယ် တွေဟာ ဒီမနက်ထိ ဆက်လက် လှုပ်ခတ် နေဆဲဖြစ်ပါတယ်။ ဒီလို ငလျင်ငယ်တွေ ဆက်တိုက် လှုပ်ခတ်နေ တာကြောင့် ဒေသခံ ပြည်သူတွေဟာ အထိတ်တလန့် ဖြစ်နေကြပြီး မိုးဇလဌာန ငလျင်ဌာနခွဲက တာဝန်ရှိသူတဦးက ငလျင်ဒဏ်ခံခဲ့ရတဲ့ အဆောက်အဦးတွေရဲ့ ကြံခိုင်မှုကို သေချာ စစ်ဆေးမှု မလုပ်ဘဲ ဆက်လက် မနေထိုင်ဖို့ အတွက် သတိပေး ပြောကြားပါတယ်။ သတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပါမယ်။

တနင်္ဂနွေနေ့ မနက် ၇နာရီ ၄၂မိနစ်ကျော်မှာ စစ်ကိုင်းတိုင်းဒေကြီး ရွှေဘိုမြို့ မြောက်ဖက် ၄၅မိုင်အကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တဲ ပြင်းအား ၆ဒသမ၈ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက်မှာ အဲ့ဒီ့နေ့မှာပဲ ပြင်းအား ရစ်ခ်ျတာ စကေး အဆင့် ၅လောက်ရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ် ၃ခု ဆက်လက်လှုပ်ခတ်ခဲ့ပါတယ်။

ဒီလိုနောက်ဆက်တွဲ ဆက်လက်ဖြစ်ပေါ်နေတဲ့ငလျင်ငယ်တွေဟာ ဒီကနေ့ အထိလည်း ဆက်လက် လှုပ်ခတ် နေဆဲဖြစ်တယ်လို့ ငလျင်ဒဏ်ကို အဆိုးဝါးဆုံး ခံခဲ့ရတဲ့ ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ်ခွဲက ဒေသခံ တယောက်က ပြောပါတယ်။

“ငလျင်ကလည်းအခုထိ လှုပ်တုံး။ ဒီနေ့ မနက် ၉နာရီကျော်က အထိလှုပ်သွားသေးတယ်ဗျာ။ လူတွေ ထိတ်လန့်ယုံလောက်ပဲ ဖြစ်တယ်ဗျ။”

အခြားထိခိုက်မှုများပြားခဲ့တဲ့ မန္တလေးတိုင်း ဒေသကြီးက စဉ့်ကူးမြို့က ဒေသခံတဦးကတော့ ညကလည်း ငလျင်ငယ်တွေ အဆက်မပြတ်ဆိုသလို လှုပ်ခတ်နေတာကြောင့် လူတွေ အထိတ်တလန့်နဲ့ ဖြစ်ခဲ့ကြတယ်လို့ ပြောပါတယ်။

“ညပိုင်းကတော့ ၃ခါလောက် ၄ခါလောက် ဆက်တိုက်ပေါ့ဗျာ။ မနေ့ညကတော့ မအိပ်ရဘူးပေါ့ဗျာ။ လူတွေကတော့ အပြင်ဖက်ထွက်အိပ်နေကြတာပေါ့။ ဒါပေမဲ့ မအိပ်ရဘူး။ ခဏလေး နာရီ တနာရီ နှစ်နာရီလောက်ခြားပြီးရင် တခါ လှုပ်လိုက်ပေါ့။ သူက လင်းပိုင်းလောက်ထိ ၄နာရီလောက်ထိ လှုပ်တယ်ဗျ။ လှုပ်တာက ကျနော်တို့ ၁၂ခွဲလောက်က တော်တော်လေး လှုပ်လိုက်သေးတယ်ဗျ။ နောက်တခါ ၂နာရီလောက်က တခါ လှုပ်လိုက်သေးတယ်ဗျ။ ညပိုင်းကိုက ၃ခါ ၄ခါလောက်က အတော်လှုပ်တယ်ဗျ။ အရင်နီးပါးလောက် မပြင်းပေမဲ့လည်း အတော်ကို သိသာတယ်ဗျ။”

မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ထုတ်ပြန်တဲ့သတင်းမှာတော့ သန်းခေါင်ကျော် ၁နာရီအချိန်လောက်မှာ ပြင်းအား ၅ဒသမ၇ ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း ဖော်ပြပါတယ်။

မိုးဇလဌာန ငလျင်ဌာနခွဲ၊ ဦးစီးအရာရှိ ဦးကျော်ကျော်လင်းကတော့ ငလျင်ကြီးတခုလှုပ်ပြီးတဲ့နောက် ရက်ပိုင်းကနေ လပိုင်းကြာအောင်အထိ ငလျင်ငယ်တွေ ဆက်တိုက်ဆိုလို ဆက်လက်လှုပ်ခတ်တတ်ကြောင်း ပြောပါတယ်။ တချို့ ပြင်းအား ၃လောက်သာ ရှိတဲ့ ငလျင်ငယ်တွေကိုတော့ သက်ဆိုင်ရာဌာနက တိုင်းထွာဖို့ ခက်ခဲကြောင်း ပြောပါတယ်။

“သူတို့ဒေသမှာတော့ အသေးလေးတွေပေါ့ဗျာ။ အသေးလေးတွေဆိုတာက ၃အဆင့်လောက်ပဲ ရှိတဲ့ ဟာမျိုးတွေပေါ့။ ၃ဆင့်လောက်ရှိတဲ့ဟာကျ ကျနော်တို့ တိုင်းထွာရေးစက်တွေနဲ့ နည်းနည်း ဝေးကွာ နေတဲ့အခါကျ တခါတလေ record မရတတ်ဘဲ ရှိတတ်တယ်။ ကျနော်တို့ရဲ့ တိုင်းထွာရေး စခန်းတွေက ဘယ်မှာရှိလဲဆို အဲဒီဖက်နဲ့ အနီးဆုံးဆို မန္တလေးမှာ ရှိတယ်။ မန္တလေးစက်က အဲဒီနားဆိုရင် ၄ အဆင့်၊ ၅အဆင့်လောက်မှ တိုင်းထွာလို့ ရတာ။ ၃အဆင့်လောက်ကျ ဒီစက်တွေက record မ၀င်ဘူး။ ဒါပေမဲ့ ဒေသခံတွေကတော့ ၃လောက်ဆိုရင်ကို ဘာပဲ ပြောပြော ငလျင်လှုပ်တယ်ဆိုပြီးတော့ သတိပြုမိတာပေါ့။”

ဒီလိုနောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်တတ်တာကြောင့် ငလျင်ကြီးလှုပ်စဉ်က ထိခိုက်ပျက်ဆီးခဲ့တဲ့နေအိမ်တွေကို သေချာစစ်ဆေးမှုမရှိဘဲ မနေထိုင်ဖို့ကိုလည်း ဦးကျော်ကျော်လင်းက အကြံပြုထားပါတယ်။

“ငလျင်ကြီးလှုပ်ခဲ့တဲ့အချိန်တုံးက ကိုယ်အိမ်တွေဘာတွေ ပျက်ဆီးသွားတယ်။ တချို့အိမ်တွေ ပြိုကျသွားတယ်ဆို အဲဒီပြိုကျနေတဲ့အဆောက်အဦးတွေ ပျက်ဆီးနေတဲ့ အဆောက်အဦးတွေကိုတော့ သေချာ အင်ဂျင်နီယာတွေနဲ့ စစ်ဆေးပြီးမှပဲ ပြန်လည်နေထိုင်တာတော့ ပိုပြီး သင့်တော်ပါတယ်။ အဲ့လို ပြိုပျက်သွားတဲ့ အဆောက်အဦး တွေက နောက်ထပ် ငလျင်ငယ်လေးတွေ လှုပ်လည်း ပြန်ပြီးတော့ နံရံတွေ ပြိုကျတာတို့ ဘာတို့ စသည့်ဖြင့် ပိုပြီးတော့ ပျက်နိုင်ပါတယ်။ ပျက်နိုင်တဲ့ အတွက်ပေါ့လေ။ အဲ့လိုအဆောက်အဦး ဆိုရင်တော့ သေချာ ပြုပြင်ပြီးမှ ပြန်နေတာက ပိုသင့်တော်ပါတယ်။ လောလောဆည်တော့ အဲလို ပျက်ဆီးနေတဲ့ နေအိမ်တွေမှာ မနေဘဲနဲ့ တခြား ဆွေမျိုးသားချင်းအိမ်ပေါ့။ သို့မဟုတ် ယာယီအိမ်တွေမှာ သွားပြီး ရွှေ့ပြောင်းနေတာက ပိုပြီး သင့်တော်ပါတယ်။”

အစိုးရပိုင်သတင်းစာတွေမှာလည်း ငလျင်လှုပ်ချိန်နဲ့ လှုပ်ပြီးနောက် လိုက်နာဆောင်ရွက်ရမဲ့ အချက်တွေကို ဖော်ပြပြီး သတိပေးနိုးဆော်ထားပါတယ်။ တနင်္ဂနွေနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ကျောက်မြောင်းနဲ့ စဉ်ကူးမြို့ကို ဆက်သွယ်ဖို့ ဆောက်လုပ်နေတဲ့ ရတနာသိင်္ဃခေါ် ဧရာဝတီ မြစ်ကူးတံတားပျက်ဆီးခဲ့သလို ဘုရားစေတီတွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ အဆောက်အဦးတွေပျက်ဆီးခဲ့ရပြီး အနည်းဆုံး လူ တဒါဇင်လောက် သေဆုံးခဲ့ပါတယ်။ သမ္မတရုံး Website မှာတော့ ခြောက်ဦးသေဆုံးကြောင်း ဖော်ပြပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက်မှာတော့ နိုင်ငံတော် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့အဖွဲ့ဟာ ငလျင်ဘေးသင့်တဲ့ဒေသကို ချက်ချင်းသွားရောက်ပြီး ဆေးဝါး၊ အစားအသောက်နဲ့ ထောက်ပံ့ငွေတွေ ပေးအပ်နေပါတယ်။ လောလောဆယ်မှာ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးက အာဏာပိုင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေကလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လအတွင်းကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း လွယ်မွေမြို့အနီးမှာ ဗဟိုပြုပြီး ပြင်းအားအဆင့် ၇ ရှိ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူ ၇၀ကျော်သေဆုံးကြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဒေသခံတွေကတော့ အနည်းဆုံး လူ ၁၃၀ကျော်လောက် သေဆုံးခဲ့တယ်လို့ ခန့်မှန်းပြီး ဒီငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မှာ လနဲ့ချီပြီး ငလျင်ငယ်လေးတွေ မကြာခဏဆိုသလို လှုပ်ခတ်ခဲ့ပါတယ်။

တရုတ်လူမျိုးတစ်ဦးက အမှိုက်ကောက် ကလေးငယ် တစ်ဦးအား ရိုက်နှက်ခဲ့သဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွါး


12 Nov, 2012 9:49 PM

ကွမ်ကျိုးမှ လာရောက်သော တရုတ်လူမျိုး တစ်ဦးက အမှိုက်ကောက် ကလေး ငယ်တစ်ဦးအား မဟာအောင်မြေ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး စခန်းအတွင်း ရိုက်နှက်ခဲ့သဖြင့် အများ ပြည်သူများ မကျေမနပ် ဖြစ်ကာ အထိကရုဏ်း အသွင်ဆောင်သည့် အခြေတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကွမ်းကျိုးမှ လာသော ကျောက်ကုန်သည် တစ်ဦး ----


တရုတ် လူမျိုး တစ်ဦးက အမှိုက်ကောက် ကလေးငယ် တစ်ဦးအား မဟာအောင်မြေ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး စခန်း အတွင်း ရိုက်နှက် ခဲ့သဖြင့် အများပြည်သူများ မကျေမနပ်။ ဓါတ်ပုံ- The Myanma Age
ရိုက်နှက် ခံရသည့် ကလေးငယ်။  ဓါတ်ပုံ- The Myanma Age

Monday, November 12, 2012

အင်းယားမှာအလောင်းတွေ့

ရွှေဘိုငလျင်အပျက်အစီးများ


ငလျင် သတိထားဖို့  ဆောင်ရန် မြန်ပြည်အတွက်သာ


11 Nov, 2012 11:19 PM

အိမ်ထဲမှာဆိုလျင် စားပွဲခုံ အောက်တွင် ခိုဝင်ရန်

အရပ်ထက်မြင့် သောနေရာကို ရှောင်ရန်

ဝေးဝေးနေရမည်

ကွင်းပြင်တွင် နေလျှင်အကောင်းဆုံး

ရေဒီယို ဆောင်ရန်

မရှိမဖြစ်ဆောင်ရန် မှာ

ခရာ

ဓာတ်မီးအသေး ဆောင် ရမည်

ရေဗူး

အစာခြောက်



ရေဒီယို က သတင်းသိရှိရန်

မိမိရောက်နေသောနေရာ မှ အသံပြုပြီးဖြစ်စေမည်

ဓာတ်မီး က ပြိုကျ နေလျှင် မှောင်လျှင် သုံးရန်
မီးပျက်တတ်သဖြင့်

ဓာတ်မီးလိုအပ်ပါသည်

ခရာသည်အပျက်အစီးပိမိလျှင် အသံပြုရန်

ရေဗူး ကတစ်ခုခု ဆိုလျှင် သောက်ရန် ကိုယ်နှင့် မကွာ ဆောင်ထားပြီး

အစာခြောက် ကအရေးပေါ် စားရန်ဆောင်ရပေမည်။

ဆေးဝါးဒဏ်ရာ အတွက် ဆေးဝါး ဗူး ဆောင် ထားသင့်ပေသည်။

ဓာတ်မီး နှင့် ခရာ

ရေဗူး နှင့် အစာခြောက်

ဆေးဝါး ဗူး ကိုယ်နှင့် မကွာ ထားဖြစ်အောင်ဆောင်ထားနိုင်ပါစေ။

ငလျင် က နံနက် က နေ ညနေရော ပါ ဖြစ်နေသဖြင့်

ငလျင် ထပ်မံ ဖြစ်နိုင် သဖြင့် သတိထားလျှင် အကောင်းဆုံးပါ

ငလျင် လှုပ်တာပြင်းအား ပျော့ လာပြီး ရက်ခြားလာလျင် အနည်းငယ် စိတ်ချရပေမည်

သံလိုက်စက်ကွင်း တိုင်းတာ တာ ရှိလျှင် ထပ်မံဖြစ်မဖြစ် စောသိနိုင်ပေမည်။

သံလိုက်စက်ကွင်း ပုံမှန်နှင့် မတူ ကွာခြားသည်ဟု ၂၀၁၁ ခု ၃ လ ပိုင်း ၁၁ ရက်နေ့  က အဖြစ် ကို တိုင်းတာ ချက် ကွာခြားတာ ကို တွေ့ ရသည်ဟု ဆိုပါသည်။နောက်ပိုင်း မှသိရသော အဖြစ်ပါ။လေ့လာတွေ့ ရှိချက်ကို ပြောပါသည်။

အနီးဆုံး ကွင်းပြင် ကို ရှာဖွေပြီး ဆုံမှတ် အဖြစ်
မိမိ မိသားစုဝင် များကို ပြောပြထားရပေမည်။

မြန်ပြည် ငလျင် ဒဏ်မှ ကင်းဝေးနိုင်ပါစေ

ငဝန်နဒီ

Sunday, November 11, 2012

Dar Eh Mae Tee

တေးဆို/သရုပ်ဆောင် - မေဆဲထီးထာဖေါ





Type the rest of your post here.

ရွှေဘို မြေငလျင် ကိစ္စ အစိုးရ ထုတ်ပြန်ချက်များ၊ လူသေဆုံးမှုရှိဟု ပြော

11 Nov, 2012 10:58 PM

ယနေ့ မြန်မာနိုင်ငံ အထက်ပိုင်းက အင်အားပြင် မြေငလျင်တခုနှင့် နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ် သွားခဲ့သည်ကို ယနေ့ ည ၈ နာရီ မထိုးခင်နှင့် ၈ နာရီ သတင်း ကြေညာချက်များဖြစ်ပါတယ်။

သမ္မတရုံး ကြေညာချက်များကို စုစည်းဖော်ပြပေးလိုက်ပါတယ်။


စစ်ကိုင်းတိုင်းရွှေဘိုမြို့ အနီး အင်အားပြင်း ငလျင်လှုပ်ခတ်၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပျက်စီးမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုအချို့ဖြစ်ပေါ်ခဲ့

Sun, 11/11/2012 - 18:44

နေပြည်တော် နိုဝင်ဘာ ၁၁

ယနေ့ နံနက်က လှုပ်ရှားခဲ့သော ငလျင်နှင့် ပတ်သက်၍ ဆက်လက်ရရှိသော သတင်းများ အရ စစ်ကိုင်းမြို့တွင် မင်းကွန်း ခေါင်းလောင်းတော်ကြီး အနည်းငယ် နေရာရွှေ့ခြင်း၊ ဝန်ထမ်း အိမ်ရာ(၆) ခန်းတွဲ (၂) ထပ်မှ အခန်း(၃) ခန်း၏ အပေါ်ထပ် နံရံပြိုကျပြီး အပေါ်ထပ် ကြမ်းခင်း ကျွံကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ကျောက်မြောင်းမြို့နယ် ကျောက်မြောင်းရွာတွင် ကျေးရွာ ဆက်သွယ်ရေးရုံး ပြိုကျခြင်း၊ ဆယ်ပင်ကျွန်း မူလတန်းကျောင်း (၁)ထပ်ဆောင် ထက်ဝက်ခန့် ပြိုကျခြင်း၊ မကျည်းသုံးပင် ကျေးရွာ မူလတန်းကျောင်း အဆောက်အဦ၏ (၇ဝ) ရာနှုန်း ပြိုကျ ပျက်စီးခြင်း၊ ဆိတ်သာကျေးရွာ မူလတန်းကျောင်း မြင့်မိုရ်ပိတ်ပြိုကျ ပျက်စီးခြင်း၊ မလားကျေးရွာ တွဲဖက်မူလတန်းကျောင်း ထက်ဝက်ခန့် ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။

ရွှေဘိုမြို့တွင် ချမ်းသာကြီး စေတီတော်၏ စိန်ဖူးတော် မြေခခဲ့ပြီး ကြာမောက်ကြာလန် အောက်မှ အင်္ဂတေအချို့ ပြိုကျပျက်စီးခြင်း၊ မင်းသမီး ရွှေကျောင်းဘုရားနှင့် နန်းဦးကျောင်း အတွင်းရှိ စေတီများ၏ စိန်ဖူးတော်များ မြေခခြင်း၊ အတွင်းမိတ္ထီလာ ဘုန်းကြီးကျောင်းနှင့် အရှေ့လောကမာရဇိန် ဘုန်းကြီးကျောင်း တို့၏ မုဒ်ဦးများ ပြိုကျပျက်စီးခြင်း၊ ရွှေဂူကြီးဘုရား၏ ကြာမောက်ကြာလန်များ ပြိုကျပျက်စီးခြင်း၊ ရွှေဘုံသာ ဘုန်းကြီးကျောင်း အတွင်းရှေးဟောင်း စေတီတော်(၁)ဆူ ပြိုကျခြင်းနှင့် စိန်ဖူးတော်(၁) ခုမြေခခြင်း၊ ဇောတိက ရာမ ဘုန်းကြီးကျောင်းမှ အုတ်တံတိုင်း (၅)ခန်း၊ ရွှေဘုံရတနာ မင်္ဂလာ နန်းတော်ကျောင်းမှ အုတ်တံတိုင်း (၈)ခန်းနှင့် အောင်ချမ်းသာ ဘုန်းကြီးကျောင်းမှ အုတ်တံတိုင်း (၄)ခန်းတို့ ပြိုကျခြင်း၊ ဆင်အင်းကျေးရွာ ကုန်းသာ ဘုန်းကြီးကျောင်း အတွင်း ပြသာဒ်ဟောင်း အပေါ်ပိုင်း (၄)ပေခန့်ပြိုကျခြင်းတို့ဖြစ်ပေါ်ခဲ့သည်။

ခင်ဦးမြို့နယ်တွင် ကုက်တတ်အုပ်စု ရုံးပင်ကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ပြိုကျခြင်း နှင့် အညာသီဟတော ဘုရားထီးတော်ယိုင်၍ အာရုံခံသစ်သားတန်ဆောင်းတို့ ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ကန့်ဘလူမြို့နယ်တွင် မလယ်ကျေးရွာ ဘုန်းကြီးကျောင်းအဝင် အုတ်တံတိုင်း(၁၂) ခန်း ပြိုကျခြင်း၊ ဓမ္မာရုံ(၂) ခု၏ အုတ်နံရံ ပြိုကျခြင်း၊ အိမ်ခြေ အလုံး(၂ဝ)ပြိုကျခြင်း၊ ရေရှင်ကျေးရွာ ဘုန်းကြီးကျောင်း မှ စေတီ (၂)ဆူ ထီးတော် အဆင့်ထိ ပြိုကျခြင်း၊ ဇီးကုန်းဘောင် ကျေးရွာမှ မြန်မာညွန့်ဆန်စက်ခေါင်းတိုင် ပြိုကျခြင်း၊ သပြေသာကျေးရွာ ဘုန်းကြီးကျောင်း ပြိုကျခြင်း၊ ထန်းတပင်ကျေးရွာ ရွာလယ်စေတီ ထီးတော်မြေခခြင်း တို့ ဖြစ်ပေါ်ခဲ့သည်။

ဝက်လက်မြို့တွင် သစ်ဆိပ်ကျေးရွာဘုရား ငှက်ပျောဖူးမှစ၍ ပြိုကျခြင်း၊ ရေလည်မှော် မူလတန်းကျောင်း နံရံပြိုကျခြင်း၊ ရေလည်မှော်ကျေးရွာ ဘုရားစိန်ဖူးတော် မြေခခြင်း၊ ရွာသာကြီးကျေးရွာ ဘုရားစိန်ဖူး
တော် မြေခခြင်းနှင့် အင်းမဲကြီးကျေးရွာ ဘုရားစိန်ဖူးတော် မြေခခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ထို့အတူ ကလေးခရိုင်၊ မော်လိုက်ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်နှင့် တမူးခရိုင်တို့တွင် အနည်းငယ် လှုပ်ရှားခဲ့သော်လည်း ထိခိုက်ပျက်စီးမှု မရှိကြောင်းနှင့် ငလျင်ဘေးဒဏ်သင့် နေရာများသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ လိုအပ်သည်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနီး အင်အားပြင်း ငလျင်လှုပ်ခတ် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း

ဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင် ပျက်စီးမှု၊ ထိခိုက်ဒဏ်ရာ ရမှုနှင့် သေဆုံးမှု အချို့ ဖြစ်ပေါ်ခဲ့

Sun, 11/11/2012 - 18:24

နေပြည်တော် နိုဝင်ဘာ ၁၁

ယနေ့ နံနက်(၇) နာရီ (၄၂)မိနစ် (၃၇) စက္ကန့်တွင် အင်အားပြင်း ငလျင်(၁) ကြိမ်၊ နံနက်(၇) နာရီ (၅၉) မိနစ် (၅၉) စက္ကန့်တွင် အင်အား အသင့်အတင့် ငလျင်(၁) ကြိမ်နှင့် နံနက်(၈) နာရီ (၂) မိနစ် (၂၈) စက္ကန့်တို့တွင် အင်အား အသင့်အတင့် ငလျင်(၁)ကြိမ် လှုပ်ရှားသွားခဲ့ကြောင်း၊ ပျက်စီးမှု၊ ထိခိုက် ဒဏ်ရာရမှုနှင့် သေဆုံးမှု အချို့ ဖြစ်ပေါ် ခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ဆက်လက်၍ ရရှိသော သတင်းများအရ မိုးညှင်းမြို့ ရွှေသာလျောင်း ဘုရားကြီး ဝန်းအတွင်းရှိ ဂန္ဓကုဋီတိုက် မျက်နှာစာ အခန်း(၃)ခန်းရှိ နံရံနှင့် အုတ်တိုင်အချို့ အက်ကွဲခဲ့ကြောင်း ။

ရွှေဘိုမြို့နယ်တွင် ညောင်ပင်သာ (၁၁) ကေဗွီ ဓာတ်အားလိုင်းမှ (၁ဝ)မီတာ ကွန်ကရစ်တိုင် (၁)တိုင် ကျိုးခြင်း၊ အမှတ်(၄) ရပ်ကွက်(၄ဝဝ)ဗို့ ဓာတ်အားလိုင်းမှ (၉)မီတာ ကွန်ကရစ်တိုင်(၁)တိုင် ကျိုးခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ။

စစ်ကိုင်းမြို့တွင် တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဂိုဒေါင် အဆောက်အဦ၏ နံရံ(၁ဝ)ပေ ခန့် ပြိုကျခဲ့ကြောင်း ။

ကန့်ဘလူ မြို့နယ်တွင် မလယ်ကျေးရွာ တိုက်နယ်ဆေးရုံမှ လူနာဆောင် (၁)လုံး ပြိုကျပျက်စီးခြင်း၊ အထက်တန်းကျောင်းနှင့် မူလတန်း ကျောင်းအုတ်နံရံများ ပြိုကျခြင်း၊ စေတီ(၁ဝ)ဆူ ပြိုကျခြင်း၊ ဘုန်းကြီးကျောင်း (၇) ကျောင်းနှင့် အိမ်ခြေ (၂ဝ) ပြိုကျ ပျက်စီးခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း ။

စဥ့်ကူးမြို့တွင် ရွှေစည်းခုံဘုရား စေတီတစ်ဆူ ထီးတော်မြေခခြင်း၊ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ရုံး၏ အနောက်ဘက် အုတ်တံတိုင်း ပေ(၉ဝ)ခန့် ပြိုကျခဲ့ပြီး ရုံးဝင်းအတွင်းရှိ ဓာတ်အားခွဲရုံ၏ (၃၃) ကေဗွီ LA (၂) ခု ကျိုးပဲ့ ပျက်စီးခြင်း၊ ကျည်တောက်ပေါက် ခွဲရုံမှ (၃၃) ကေဗွီ ထရန်စဖော်မာ၏ Bushing (၁) လုံးကွဲခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ။

သပိတ်ကျင်း မြို့နယ်တွင် အိမ်ခြေ(၁ဝဝ)ခန့် ထိခိုက်ပျက်စီးခြင်း၊ အိမ်(၁)လုံးပြိုကျပြီး လူ(၁) ဦး သေဆုံးကာ (၂၄) ဦး ဒဏ်ရာရရှိခြင်း၊ ပြန်ကြားရေနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ရုံး အပေါ်ထပ် အနည်းငယ် ပျက်စီးခြင်း၊ မျက်နှာကျက် ပျက်စီးခြင်း၊ ခြံစည်းရိုး အုတ်တံတိုင်း (၂)ခန်း ပြိုကျခြင်း၊ ဆေးရုံရှေ့ အုတ်တံတိုင်း ပြိုကျခြင်း၊ ဘဏ်အဆောက်အဦရှေ့ အဆောင်ပြိုကျခြင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရုံး အပေါ်ထပ်နှင့် ဘုရားစင် ပြိုကျခြင်း၊ ဆိပ်ကမ်း မူလတန်းကျောင်း အဆောက်အဦ နံရံများ ပြိုကျခြင်း နှင့် ထပ်ဆင့်လွှင့် စက်ရုံ တာဝါတိုင် ယိုင်သွားခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ။

မိုးကုတ်မြို့နယ်တွင် စေတီ(၃)ဆူ ထိခိုက်ပျက်စီးခဲ့ကြောင်း ။

မန္တလေးမြို့တွင် သစ်မင်းရာဇာ ကုမ္ပဏီ (၅) ခန်းတွဲ (၂) ထပ်မှ (၂) ထပ် (၁) ခန်း ပြိုကျခြင်း၊ ကံလှဓမ္မာရုံ ပြသာဒ် ပျက်စီးခြင်း၊ ဦးရွှေရိုး ဘုရားကြီး ဇောင်းတန်း အနောက်ဘက် အုတ်နံရံ အက်ကွဲခြင်း၊ ရွှေဘုန်းရှိန်ရပ်မှ (၂)ထပ် တိုက် အိမ် (၁)လုံး အက်ကွဲခြင်း၊ အမှတ်(၇)ရဲစခန်း အနောက်ဘက် အုတ်တံတိုင်း ပေ(၇ဝ) ခန့် ပြိုကျ ပျက်စီးခဲ့ခြင်း၊ နန်းဦးစေတီ အရှေ့ဘက် မုဒ် ပြသာဒ် အလျား (၈)ပေခန့် ပြိုကျခဲ့ခြင်း၊ အောင်မြေ ရွှေဘုံဘုရား စိန်ဖူးတော် မြေခခြင်း၊ ရွှေလင်းပင်ဘုရား သံထီးတော်ယိုင်ခြင်း၊ ကျောက်တော်ကြီးဘုရား အရှေ့မုဒ်ဦး တိုင်ကျိုး၍ မျက်နှာကျက် အက်ကွဲခြင်း၊ ရွှေဂူကြီးဘုရား အရန်စေတီငယ် တစ်ဆူ၏ ထီးတော် မြေခခြင်း၊ ရွှေဘုံသာဘုရား စိန်ဖူးတော်မြေခခြင်း၊ ငွေအိုးရဘုရား ပြသာဒ်ပြုတ်ကျခြင်း၊ မကျည်းကိုင်း မူလတန်းကျောင်း အုတ်နံရံ အက်ကွဲခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ။

တံတားဦး မြို့နယ်တွင် မင်္ဂလာစေတီထီးတော် ကောက်သွားခြင်း၊ ဆေးအိုးဘို စေတီ ဖောင်းရစ်များ ကွာကျခြင်း၊ စန္ဒာမုနိဘုရား၊ လေးထပ်ကြီး ဘုရားနှင့် လောကသရဖူ ဘုရားတို့တွင် ဖောင်းရစ်များ ကွာကျခြင်း၊

လက်ပံလှ ပင်မဓာတ်အားခွဲရုံရှိ စတိုး အဆောက်အဦ၏ မြင့်မိုရ်ပိတ် တစ်ခြမ်းနှင့် ယင်းနှင့် ကပ်လျက်ရှိသည့် အုတ်နံရံ (၄) ပေခန့် ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သတင်း ရရှိသည်။



စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနီး အင်အားပြင်း ငလျင် လှုပ်ခတ် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင် ပျက်စီးမှု၊ ထိခိုက်ဒဏ်ရာ ရမှုနှင့် သေဆုံးမှု အချို့ ဖြစ်ပေါ်ခဲ့

Sun, 11/11/2012 - 18:20

နေပြည်တော် နိုဝင်ဘာ ၁၁

ယနေ့ နံနက် (၇) နာရီ (၄၂) မိနစ် (၃၇) စက္ကန့်တွင် မန္တလေး မြေငလျင် စခန်းမှ မြောက်ဘက် (၈၂) မိုင် ခန့်၊ ရွှေဘိုမြို့၏ မြောက်ဘက် (၄၅) မိုင်ခန့် နေရာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၆ ဒသမ ၈) အဆင့်ရှိ အင်အား ပြင်းထန်သော မြေငလျင် တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း၊ နံနက်(၇) နာရီ (၅၉) မိနစ် (၅၉) စက္ကန့်တွင် မန္တလေးမြို့ မြောက်ဘက်(၅၉)မိုင်ခန့်၊ ရွှေဘိုမြို့မှ အရှေ့မြောက်ဘက်(၂၃)မိုင်ခန့်၊ မိုးကုတ်မြို့မှ အနောက်ဘက် (၃၆) မိုင်ခန့်နှင့် သပိတ်ကျင်းမြို့မှ အနောက်တောင်ဘက် (၄)မိုင် ခန့် နေရာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၅ ဒသမ ဝ) အဆင့်ရှိ ငလျင်တစ်ခုနှင့် နံနက်(၈) နာရီ (၂)မိနစ် (၂၈)စက္ကန့်တွင် မန္တလေးမြို့ မြောက်ဘက်(၅၃)မိုင်ခန့်၊ ရွှေဘိုမြို့ အရှေ့မြောက်ဘက် (၁၆) မိုင်ခန့်၊ မိုးကုတ်မြို့မှ အနောက်ဘက် (၄၁) မိုင်ခန့် နှင့် သပိတ်ကျင်းမှ အနောက်တောင်ဘက် (၁၂) မိုင်ခန့် နေရာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅ ဒသမ ဝ) အဆင့်ရှိ ငလျင်တစ်ခု ထပ်မံ လှုပ်ရှား သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန် ကြေညာခဲ့သည်။

ယင်းငလျင်ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီး အတွင်းမှ စစ်ကိုင်း၊ ရွှေဘို၊ ကျောက်မြောင်း၊ ခင်ဦး၊ မန္တလေး၊ အမရပူရ၊ စဥ့်ကူး၊ ကျောက်ဆည်နှင့် သပိတ်ကျင်းမြို့နယ် တို့တွင် ပျက်စီးမှု အချို့နှင့် ထိခိုက် သေဆုံးမှု အချို့ ရှိခဲ့ကြောင်း သိရသည်။

ငလျင် လှုပ်ရှားမှုကြောင့် စစ်ကိုင်းမြို့တွင် ကောင်းမှုတော်ဘုရား စိန်ဖူးတော်တိုင် အနည်းငယ် တိမ်းစောင်းသွားခြင်း၊ ဆင်များရှင်ဘုရား ထီးတော်ထိပ်မှ ဖန်သီးအချို့ ပြုတ်ကျခြင်း၊ မဟာစေတီဘုရားတွင် ဘုရား၏ လုံးပတ်နေရာ အချို့ အနည်းငယ် ကွဲအက်ခြင်း၊ လေးကျွန်းမာန်အောင် ချမ်းသာကြီးဘုရား စိန်ဖူးတော် ပြုတ်ကျခြင်း၊ ထူပါရုံဘုရား သပိတ်မှောက် အောက်ပတ်လည်တွင် အက်ကြောင်းအချို့ ဖြစ်ပေါ်ခြင်း၊ ရတနာပုံ တံတားထိပ်ရှိ မုခ်ဦးအနည်းငယ် ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။

ရွှေဘိုမြို့တွင် မြို့ထောင့်စေတီဘုရား၏ ထီးတော် ယိုင်လဲခြင်း၊ လမ်းလယ်ဘုရား ဓမ္မာရုံ၏ ကဆွန် ပြိုကျခြင်း၊ အရှေ့ လောကမာရဇိန် ဘုရားမုခ်ဦး ပြိုကျခြင်း၊ အမှတ်(၉) ကျားကျောင်း ဘုန်းကြီးကျောင်း အုတ်တံတိုင်း (၄)ခန်း ပြိုကျခြင်း၊ မင်းတုန်းကျေးရွာ ဘုန်းကြီးကျောင်း မုခ်ဦးပြိုကျခြင်း၊ အမှတ်(၁)ရပ်ကွက်ရှိ ဆန်စက်(၁)ခု၏ ခေါင်းတိုင် ထိပ်ပိုင်း (၆)ပေခန့် ပြိုကျခြင်းနှင့် ဈေးဆိုင်ခန်း တစ်ခု၏ အပေါ်ထပ် အုတ်နံရံ ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။

ကျောက်မြောင်းမြို့တွင် အမှတ်(၂)ရပ်ကွက်ရှိ အိမ်(၁)အိမ်မှ အုတ်တံတိုင်း (၃)ခန်း ပြိုကျခဲ့ရာမှ အမျိုးသမီးတစ်ဦး အုတ်တံတိုင်းပိ သေဆုံးပြီး (၁ဝ) ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဧရာဝတီ မြစ်ကူးတံတား (ရတနာသိင်္ဃ) ၏ RP-1 နှင့် RP-2 ကြားနှင့် RP-2 နှင့် RP-3 ကြား တံတားအခန်း (၂) ခန်းမှ တပ်ဆင်ဆဲ သံပေါင်များ၊ သံပေါင်ပေါ်ရှိ Erection Tower နှင့် Erection Crane တို့ ပြုတ်ကျသွားပြီး တံတား အောက်ဘက်ရှိ ရေယာဉ်များပေါ် ကျရောက်သဖြင့် Barge (၁) စီးနှင့် Z-craft (၁)စီး နစ်မြုပ်ကာ (၁) ဦး သေဆုံး၊ (၄) ဦး ပျောက်ဆုံး၍ (၁၅) ဦး ဒဏ်ရာရရှိခဲ့ကြောင်း။

ခင်ဦးမြို့တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ အရှေ့ဘက် အုတ်တံတိုင်း(၁ဝ)ခန်း ပြိုကျခြင်း၊ တဘွတ်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် နှစ်ထပ် ဘုန်းတော်ကြီးသင် စာသင်ကျောင်း ပြိုကျခဲ့ပြီး သံဃာ (၁) ပါး ဒဏ်ရာရရှိခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။

မန္တလေးမြို့တွင် လေးမျက်နှာဘုရား၊ အရိပ်မထွက် ဘုရားနှင့် စန္ဒာမုနိ ဘုရားတို့မှ စိန်ဖူးတော်များ မြေခခဲ့ကြောင်း။

အမရပူရ မြို့နယ်တွင် ပုထိုးတော်ကြီးစေတီ၏ စိန်ဖူးတော် မြေခခဲ့ပြီး စွယ်တော်မြတ် စေတီ (မန္တလေး) ၏ စိန်ဖူးတော် အလယ်ပစ္စယံသို့ ပြုတ်ကျခဲ့ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။

စဥ့်ကူးမြို့တွင် ရွှေဂူကြီးဘုရား မုခ်ဦး တစ်ခြမ်းပြိုကျခြင်း၊ ရွှေဂူကြီး မူလတန်းကျောင်းရှိ ကျောင်း ဆောင် တစ်ဆောင်နှင့် အုတ်တံတိုင်းပေ ၃ဝဝ ခန့် ပြိုကျခြင်း၊ ရွှေယက်တောင် ဘုရား၏ တံခွန်တိုင်နှင့် မုခ်ဦးပြိုကျခြင်း၊ တောရကျောင်းတိုက် အုတ်တံတိုင်း (၅)ခန်း ပြိုကျခြင်း၊ ပရိယတ္တိ သတ္တမဝံ သနန္ဒာ ကျောင်းတိုက် အုတ်တံတိုင်း ပေ(၆ဝဝ)ခန့် ပြိုကျခြင်း၊ အမှတ်(၂) ရပ်ကွက်ရှိ နေအိမ်တစ်လုံး ပြိုကျပြီး ၎င်းအိမ်နေ လူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခြင်း၊ နွယ်ရုံ ရဲကင်း၏ မျက်နှာကျက် ပြိုကျခြင်း၊ နွယ်ရုံရွာရှိ ဒို့ညီနောင် စားသောက်ဆိုင်၏ အုတ်နံရံ ပြိုကျရာမှ အမျိုးသား (၁)ဦး သေဆုံးခဲ့ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။

ကျောက်ဆည်မြို့တွင် ဘနွဲရွာ ဝေဇယန္တာ ကျောင်းတိုက်ရှိ အောင်တော်မူ ဘုရား စိန်ဖူးတော် မြေခခဲ့ကြောင်း။

သပိတ်ကျင်းမြို့တွင် သပိတ်ကျင်း ရဲစခန်းမှ အဆောက်အဦ တစ်ခု၏ အုတ်နံရံ ပြိုကျခဲ့ခြင်း၊ ကြာညှပ် ရဲစခန်း ရိပ်သာနှင့် စခန်းရုံး နံရံ ပြိုကျခဲ့ခြင်းနှင့် ဝန်ထမ်း နေအိမ်(၁) လုံး၏ နံရံ ပြိုကျခဲ့ခြင်း တို့ ဖြစ်ပေါ်ခဲ့ကြောင်း ကနဦး သတင်းရရှိသည်။

အဆိုပါ ငလျင်ဘေးဒဏ်သင့် ဒေသများတွင် အပျက်အစီးနှင့် ဆုံးရှုံးမှု အခြေအနေကို ဒေသ အာဏာပိုင်များက စာရင်းကောက်ယူလျက် ရှိကြောင်း၊ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ယနေ့ နံနက်ပိုင်းက လှုပ်ရှားသွားသည့် ငလျင်ဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးမှု အချို့ ရှိခဲ့သော်လည်း ထိုဒေသရှိ ဆည်များနှင့် စစ်ကိုင်းတိုင်း မုံရွာမြို့ ဗောဓိတစ်ထောင်ဝင်း အတွင်းရှိ ဥာဏ်တော်အမြင့် (၄၂၄) ပေရှိသော ရပ်တော်မူ ရုပ်ပွားတော်ကြီးမှာ ထိခိုက် ပျက်စီးမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရှိရပါသည်။

အင်အားပြင်း ငလျင်ကြောင့် လူ ၂ ဦး သေဆုံး၊ အဆောက်အဦများ ပျက်စီး


Published on November 11, 2012 by မင်းလွင် · No Comments
ဒီနေ့ မနက် ၇ နာရီ ၄၂ မိနစ်က ရွှေဘိုမြို့ရဲ့ အရှေ့မြောက်ဘက် ၃၅ မိုင်အကွာမှာ ဗဟိုပြုတဲ့ ရစ်ခ်ျတာစကေး ၆.၆ အင်အားပြင်း ငလျင်တခု လှုပ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

စဥ့်ကူးမြို့နဲ့ ကျောက်မြောင်းမြို့နယ်ခွဲမှာ ဧရာဝတီမြစ်ကို ဖြတ်သန်းတည်ဆောက်နေတဲ့ ရတနာသိင်္ခ တံတားဟာ ငလျင်ဒဏ်ကြောင့် ပြိုပျက်ခဲ့သလို ဆောက်လုပ်ရေးလုပ်သား ၁ ဦး သေဆုံးခဲ့ရပြီး ၄ ဦး ပျောက်ဆုံးနေတယ်လို့ ကျောက်မြောင်းဒေသခံ ကိုမိုးကျော်သူက ဒီဗွီဘီကို ပြောပါတယ်။

“ငလျင်လှုပ်ပြီး တံတားက မြစ်ထဲ ပြိုကျသွားတယ်။ တံတားပေါ်က လုပ်သား ၄ ဦး မြစ်ထဲကျသွားတယ်။ လောလောဆယ် သေတာက ၁ ယောက်ရှိတယ်။ ရွှေဘိုဆေးရုံကိုတင်ထားတာ အရေးပေါ်လူနာ ၇ ယောက်၊ ကျောင်းမြောင်းဆေးရုံမှာကတော့ သာမန်ပေါ့ပေါ့ပါးပါး လူနာတွေပဲ တင်ထားတယ်။”

ကျောက်မြောင်းမြို့နယ်ခွဲက ခြံစည်းရိုး အုတ်တံတိုင်း ပြိုကျခဲ့တဲ့အတွက် အမျိုးသမီး ၁ ဦးလည်း သေဆုံးခဲ့ပါတယ်။
ရတနာသိင်္ခ ဧရာဝတီ တံတားဆောက်လုပ်ရေးက အလုပ်သမား ၇ ဦးကို ရွှေဘိုဆေးရုံးမှာ အရေးပေါ်ပို့ဆောင်ထားရတယ်လို့လည်း သိရပါတယ်။

အဲဒီငလျင်ဗဟိုချက်နဲ့ အနီးအနားက စဥ့်ကူး၊ သပိတ်ကျဉ်း၊ ကျောက်မြောင်းမြို့နယ်ခွဲ၊ ရွှေဘို၊ စစ်ကိုင်း၊ တံတားဦး၊ မန္တလေး၊ အမရပူရ စတဲ့ မြို့တွေက စေတီတွေ၊ အဆောက်အဦတွေ ထိခိုက် ပြိုကျတာတွေ ရှိခဲ့ပါတယ်။

ရွှေဘိုမြို့မှာတော့ ငလျင်ဒဏ်ကြောင့် လူအသေအပျောက်မရှိဘဲ အဆောက်အဦတွေ ပျက်စီးတာတော့ ရှိတယ်လို့ ရွှေဘိုဒေသခံ ဦးအောင်မျိုးက ဒီဗွီဘီကို ပြောပါတယ်။

“တချို့အိမ်တွေ နံရံတွေ အက်တာတို့၊ ဘုန်းကြီးကျောင်းမုခ်တွေပြိုတာတို့၊ ဘုရားတွေမှာ ထီးတော်တွေ ယိုင်သွားတာတော့ ရှိပါတယ်။”

မန္တလေးမြို့မှာတော့ မန်း-မြန်မာပလဇာမှာ ဆောက်လက်စ အဆောက်အဦတွေ ထိခိုက်တာကို စိုးရိမ်တဲ့အတွက် မန်းမြန်မာပလဇာဈေးကို ယာယီပိတ်ခဲ့ပါတယ်။ ရှေးဟောင်း မန္တလေး ကျုံးမြို့ရိုးထဲမှာတော့ အဆောက်အဦ တချို့ အထိအခိုက်ရှိတယ်လို့ သိရပါတယ်။

ရွှေဘိုမြို့မှ၅၆ကီလိုအကွာငလျင်တခု လှုပ်ခတ်

မန္တလေး(၁၁.၁၁.၂၀၁၂) ယနေ့နံနက်၇နာရီ၄၅ခန့်က ရွှေဘိုမြို့မှ၅၆ကီလိုအကွာတွင်ပြင်းအား၆.၆ရှိငလျင်တခု လှုပ်ခတ်သွားကြောင်းသိရသည်။