Saturday, November 20, 2010

(KNU/KNLA) Htar Wa Ya Ti Zay Kaw Thoo Lei Song(Myanmar Version)

DKBA အဖွဲ့မှ ဗိုလ်စန်းအောင် ရဲ့ နှုတ်ခွန်းဆက်စကား

မြဝတီမြို့တိုက်ပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့ DKBA အဖွဲ့မှ ဗိုလ်စန်းအောင် ရဲ့ နှုတ်ခွန်းဆက်စကား

ကေအဲန်အယ်လ်အေက နအဖ တပ်ရိက္ခာ ဆန်အိတ် (၅၀) သိမ်းဆည်းခဲ့

/ 11/19/2010 11:33:00 PM / KIC သတင်းမှ....

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ)သည် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်၊ အပလုံကျေး ရွာတွင် နအဖ စစ်တပ်၏ ရိက္ခာဆန်အိတ် ၅၀ကို ယမန်နေ့ညနေက ၀င်ရောက်သိမ်းဆည်းခဲ့သည်ဟု သိရသည်။

ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)မှ တပ်ခွဲ-၂ ဒု-ခွဲမှူး ဗိုလ်ကြီးဘူ့ဂေက “မနေ့က မနက် ညနေ ၅နာရီကျော်လောက်မှာ ကျနော်တို့တပ်ရင်း(၁၆) တပ်ခွဲ(၂)က ၀င်သိမ်းတာဖြစ်တယ်။ အပလုံကျေးရွာကနေ ဘုရားသုံးဆူကို စက်လှေနဲ့ တင်ပို့ဖို့်အ လုပ်မှာ ကျနော်တို့အဖွဲ့က ၀င်သိမ်းတာ။”ဟု အတည်ပြု ပြောဆိုသည်။

နအဖတပ်ဖွဲ့ဝင်များသည် ရှေ့မှ ကြိုသွားနှင့်ခဲ့သည့်အတွက် ကေအဲန်အယ်လ်အေနှင့် တိုက်ပွဲ တစုံတရာ ဖြစ်ပွားခြင်း မရှိ သော်လည်း ဘုရားသုံးဆူ အနောက်ဘက်ခြမ်းရှိ တမိချောင်းတွင် သွားလာနေသည့် စက်လှေများကို ၎င်းတို့၏ရိက္ခာများ သယ် ဆောင်ခိုင်းခဲ့ရာမှ ယင်းသို့ သိမ်းဆည်းခံရခြင်းဖြစ်သည်။

အဆိုပါ ဆန်အိတ်များသည် နအဖ စစ်တပ် နည်းဗျူဟာ(၁)နှင့် ခမရ(၄၀၂)တပ်ရင်းမှ ကေအဲန်ယူ တပ်မဟာ(၆)ကို ထိုးစစ် ဆင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားသည့် ရိက္ခာများဖြစ်သောကြောင့် ထိုကဲ့သို့ ၀င်ရောက်သိမ်းဆည်းလိုက်ခြင်းဖြစ်သည်ဟု ဒု-ခွဲမှူးက ဆက်ပြောသည်။

ယင်းသို့ ဆန်အိတ်များ သိမ်းဆည်းခံရသောကြောင့် အဆိုပါ နည်းဗျူဟာ(၁)မှ ဗျူဟာမှူး ဗိုလ်မှူးကြီးသိန်းဇော်သည် အလွန် ဒေါသထွက်နေသော်လည်း အပလုံရွာသူရွာသားများအား ပြန်လျော်ခိုင်းခြင်းကိုမူ ယနေ့အချိန်ထိ ပြုလုပ်ခြင်းမရှိသေးကြောင်း ရွာခံတဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ရက်နေ့ကလည်း ၎င်းနအဖ နည်းဗျူဟာ(၁)တပ်ဖွဲ့အား ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)မှ အပလုံ ကျေးရွာ ရွာပြင်တနေရာတွင် ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ ၂ဦး ကျဆုံးခဲ့သည်။

Information

Written by KNU OFFICE
Saturday, 20 November 2010 05:24

ဘန်ကောက်ဘုန်းကြီးကျောင်းထဲ ဖျက်ချထားတဲ့ သန္ဓေသားအလောင်း ၂ ထောင်ကျော်တွေ့

သောကြာ, 19 နိုဝင်ဘာ 2010
ဘန်ကောက်မြို့က ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း တကျောင်းထဲမှာ စွန့်ပစ်သန္ဓေသား ၂ ထောင်ကျော် ဖွက်ထားတာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထိုင်းရဲဌာနက ပြောပါတယ်။ ဒီစွန့်ပစ်သန္ဓေသားတွေဟာ တရားမ၀င် သန္ဓေဖျက်ချတဲ့ ဆေးခန်းတွေကနေ လာတာလို့ ယူဆကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဒီသန္ဓေသား အများစုကို ဘုန်းကြီးကျောင်းရဲ့ အသုဘချရာ ရုပ်အလောင်းတွေကို ထားတဲ့ အခန်းကနေ တွေ့ခဲ့တာပါ။ ဒီတပတ်ထဲ အစောပိုင်း ရက်တွေတုန်းကတော့ ပလပ်စတစ်အိတ်တွေနဲ့ ထုတ်ထားတဲ့ သန္ဓေသားအလောင်း ၃၀၀ ကျော်ကို ရှာတွေ့ခဲ့ပါသေးတယ်။

ဒီသန္ဓေသားတွေကို ခုလို စွန့်ပစ်ထားတာ တနှစ်ကျော်လောက် ရှိပြီလို့ ခန့်မှန်းကြောင်း ရဲချုပ်က ပြောပါတယ်။

ဘုန်းကြီးကျောင်းမှာ နေထိုင်အလုပ်လုပ်နေကြသူ အများအပြားကို ဖမ်းဆီးထားပြီး သုဘရာဇာ တယောက်ကတော့ ခုလို စွန့်ပစ်သန္ဓေသား ရုပ်အလောင်းတွေကို ထုပ်ပိုးရာမှာ သူ ပါဝင်ခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ တရားဝင်သန္ဓေဖျက်ချခွင့်ကို အကန့်အသတ်နဲ့ ခွင့်ပြုထားတဲ့ တခုတည်းသော နိုင်ငံဖြစ်ပါတယ်။ ကျန်းမာရေး အခြေအနေမကောင်းတဲ့ မိခင်ရဲ့ သန္ဓေသားနဲ့ အဓ္ဓမပြုကျင့်ခံရပြီး ရလာတဲ့ သန္ဓေသားတွေကို ဖျက်ချခွင့်ပြုထားတာ ဖြစ်ပါတယ်။

မျိုးချစ် ၃၄ ဦး မြန်မာပြည် ပြန်မပို့တော့

ဆလိုင်း ဟံသာစန်း | သောကြာနေ့၊ နိုဝင်ဘာလ ၁၉ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၄၀ မိနစ် .8
နယူးဒေလီ (မဇ္ဈိမ)။ ။ အမှုပြီးသော်လည်း အိန္ဒိယနိုင်ငံ ကာလကတ္တားထောင်တွင် ထိန်းသိမ်းခံရဆဲ ရခိုင်နှင့် ကရင် တော်လှန်ရေးသမား ၃၄ ဦးကို မြန်မာပြည် ပြန်ပို့ရန် အမိန့်ပေးခဲ့ခြင်းကို အနောက်ဘင်္ဂလား အစိုးရက နိုဝင်ဘာ ၁၁ ရက်တွင် ပြန်လည် ရုတ်သိမ်းလိုက်သည်။

အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ တွဲဖက်အထွေထွေ အတွင်းရေးမှူးက အမှုပြီးစီးသည့် မြန်မာမျိုးချစ် ၃၄ ဦးကို မြန်မာပြည်ပြန်ပို့ရန် ပြီးခဲ့သည့်လလယ်က ထုတ်ပြန်ခဲ့သည်။

“ အခုတော့ ပြန်ရုတ်သိမ်းလိုက်ပါပြီ” ဟု ယင်း ၃၄ ဦး၏ ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါက်တာတင့်ဆွေက ပြောသည်။

မြန်မာစစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေသည့် ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ NUPA နှင့် ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ဝင်များမှာ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ရေပိုင်နက် အန်ဒမန်-နီကိုဘား ကျွန်းစု လဲန်းဖော်ကျွန်းတွင် အိန္ဒိယရေတပ်၏ ဖမ်းဆီးခံခဲ့ရသည်။

အိန္ဒိယထောက်လှမ်းရေး ဒုဗိုလ်မှူးကြီး ဂရိတ်ဝေါက အိန္ဒိယအနေဖြင့် အကူညီပေးမည်ဆိုကာ ကတိပေးခဲ့ပြီးမှ သစ္စာဖောက်သွားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ခေါင်းဆောင် ၆ ဦးကိုလည်း သွေးအေးအေးဖြင့် သတ်ဖြတ်ပစ်ခဲ့သည်။

ထို့နောက် တော်လှန်ရေးသမားများကို အိန္ဒိယအစိုးရက တရားမစွဲဘဲ ၆ နှစ်ကျော်ကြာ အန်ဒမန်ကျွန်း-ပို့ဘလဲယားတွင် ထောင်ချုပ်နှင့် ရဲစခန်းချုပ်ထားခဲ့ပြီးနောက် ၂ဝဝ၆ အောက်တိုဘာလတွင် ကာလကတ္တားရှိ Presidency ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။ ဆက်လက်၍ လက်နက်နှင့် ခဲယမ်းမီးကျောက်များ လက်ဝယ်ထားရှိမှု၊ ဖောက်ခွဲရေး ပစ္စည်းများ လက်ဝယ်ထားရှိမှု၊ အိန္ဒိယနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာမှုတို့ဖြင့် ကလကတ္တား City Session တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

၃ နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် အိန္ဒိယ ဗဟို စုံစမ်းစစ်ဆေးရေး အဖွဲ့နှင့် နှစ်ဘက်သဘောတူညီချက်ယူပြီး အမှုကို အဆုံးသတ်ခဲ့ကြသည်။

သို့သော် City Session တရားရုံးက တဦးလျှင် ဒဏ်ငွေ ရူပီး ၆ ထောင်စီ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

၃၄ ဦးစလုံးက ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဒဏ်ငွေ ပေးဆောင်ခဲ့သော်လည်း အိန္ဒိယတွင် နေထိုင်ရန် တရားဝင် အထောက်အထား မရှိသေးသဖြင့် ကာလကတ္တားထောင်၌ ယခုတိုင် ထိန်းသိမ်းခံနေရဆဲ ဖြစ်သည်။ သို့သော် နယူးဒေလီရှိ ကုလသမဂ္ဂ ဒုက္ခသည် မဟာမင်းကြီးရုံးတွင် ဒုက္ခသည်အဖြစ် သူတို့က လျှောက်ထားပြီး ဖြစ်သည်။

မဟာမင်းကြီးရုံးက ဒုက္ခသည်အဖြစ် အသိမှတ်ပြုရေး မပြုရေးအတွက် လက်ခံစဉ်းစားရန် လူတွေ့ အင်တာဗျူး သွားရောက်လုပ်ခွင့်ပြုရန် အိန္ဒိယဗဟိုအစိုးရသို့ ခွင့်တောင်းထားသည်ဟု အမည်မဖော်လိုသူ နယူးဒေလီရှိ ကုလသမဂ္ဂရုံး အရာရှိတဦးက ပြောသည်။ ယခုသတင်းပေးပို့ချိန်အထိ အိန္ဒိယအစိုးရ၏ အကြောင်းပြန်ချက် မရရှိသေးကြောင်း သူက ပြောသည်။

နယူးဒေလီတွင် မြန်မာ ၈ ထောင်ခန့် နေထိုင်လျှက်ရှိသည်။ ၃၄ ဦးကို ဒုက္ခသည်အဖြစ် အိန္ဒိယတွင် နေထိုင်ခွင့်ပြုရန် မြန်မာအသိုင်းအဝိုင်းက အိန္ဒိယ လူ့အခွင့်အရေး ကော်မရှင်နှင့် အစိုးရသို့ မေတ္တာရပ်ခံထားသည်။

“သူတို့က အမြန်လွတ်ချင်နေပြီ။ ၁၂ နှစ်ကျော်ကျော် နေလာရတဲ့လူတွေ၊ ရင်ဆိုင်ရတဲ့ တရားရုံးကလည်း ပြီးပြီးသားဆိုတော့ ပိုပြီးဆိုးတာပေါ့။ စိတ်ပိုင်းဆိုင်ရာ သောကတင်မကဘူး၊ ဘာမှန်းမသိတဲ့ အနာဂတ်ကို ရင်ဆိုင်ရမယ်ဆိုတဲ့ သောကပါ ရှိနေတာပေါ့” ဟု ဒေါက်တာတင့်ဆွေက ပြောသည်။

ဂျပန်နိုင်ငံက မြန်မာပြည်နှင့် အပြုသဘောဆက်ဆံရေး ဆက်လက်ကျင့်သုံးမည်ဟု ပြော

စစ်တပ်အုပ်ချုပ်ရေးရှိနေသေးသော မြန်မာပြည်တွင် ဒီမိုကရေစီတိုးတက်ရေးအတွက် နည်းလမ်းတခုအနေဖြင့် အပြုသဘော ဆက်ဆံရေးမူဝါဒကို ဆက်လက်ကျင့်သုံးဦးမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး စဲအိဂျိ မအဲဟာရက ယမန်နေ့က ပြောကြားခဲ့သည်။


ဂျပန်နိုင်ငံခြားရေးဝန်ကြီး စဲအိဂျိ မအဲဟာရ (ဓာတ်ပုံ - AFP)
မြန်မာပြည်တွင် ဆိုက်ကလုံးမုန်တိုင်းကြောင့် ပျက်စီးမှုများအား ပြန်လည်ပြင်ဆင်ရန်အတွက် အကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၅ သိန်း ကူညီပြီးကြောင်း တိုကျိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဂျပန်အစိုးရအနေဖြင့် နိုဝင်ဘာ ၇ ရက်နေ့က ကျင်းခဲ့ပသော မြန်မာပြည်ရွေးကောက်ပွဲသည် လုံးဝမကောင်းပါဘူးဟု မပြောသော်လည်း တရားမျှတမှုမရှိဘူးလို့တော့ ယုံကြည်ထားပါသည်။

အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံနှင့်အဝှမ်း ပြုလုပ်ခဲ့သော ၂၀၁၀ ရွေးကောက်ပွဲသည် လက်ရှိ အုပ်စိုးနေသော စစ်အစိုးရ၏ “ဒီမိုကရေစီသို့ လမ်းပြမြေပုံ” မှ အစိတ်အပိုင်းတခုသာဖြစ်သည်။ သို့သော် အနောက်နိုင်ငံများကတော့ စစ်အာဏာရှင်များ အာဏာကို ဆက်လက်ဆုပ်ကိုင်ဖို့အတွက် ဟန်ဆောင်လုပ်ရပ်တခုသာဖြစ်သည်ဟု ဝေဖန်လျှက်ရှိပါသည်။

ယခုပါလီမန်တွင် ၂၅ ရာခိုင်နှုံးသောကိုယ်စားလှယ်တို့သည် ရွေးကောက်ပွဲတွင် ပါဝင်စရာမလိုဘဲ စစ်တပ်မှ အလိုအလျှောက် ရွေးချယ်တင်မြောက်ပြီးသား ဖြစ်နေသည့်အပြင် နေအိမ်အကျယ်ချုပ် ၇ နှစ်ခွဲကျော် ကျခံပြီး မကြာသေးမီ စနေနေ့က လွတ်မြောက်ခဲ့သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ရွေးကောက်ပွဲဝင်ခွင့် မရခဲ့ပေ။

“ကျွန်တော်တို့ရဲ့ ရပ်တည်ချက်သဘောထားနဲ့ ပြောရရင် ကောင်းပါတယ်လို့ မပြောနိုင်ပေမယ့် မြန်မာနိုင်ငံဟာ ဒီမိုကရေစီကို ရှေ့ရှုပြီး အဆင့်တခုကို လုပ်ပြီးနေပြီလို့ထင်ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ကတော့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံနေခြင်းအားဖြင့် နောက်ထပ် တဆင့် နှစ်ဆင့်တို့ကို ထပ်လှမ်းနိုင်လိမ့်မယ်ထင်လို့ အခုလို ချဉ်းကပ်သင့်တယ်ထင်ပါတယ်” ဟု ဂျပန် နိုင်ငံခြားရေးဝန်ကြီး မအဲဟာရက ဆက်လက်ပြောကြားပါတယ်။

အနောက်နိုင်ငံ ခေါင်းဆောင်များမှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် လွတ်မြောက်မှုအပေါ် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှုများ ရှိသော်လည်း တရုတ်နိုင်ငံသည် ယနေ့အထိ ရေငုံနှုတ်ပိတ်နေဆဲဖြစ်သည်။

Karen State SPDC to give private contract for new road construction

November 19, 2010
.November 19th, 2010


Thu Rein, IMNA : Karen State Peace and Development Council (SPDC) will begin a private contract with a Three Pagoda Pass (TPP) company for highway construction on the TPP – Thanphyuzayart road this season, reported source close to a TPP businessmen.

“The contract is not yet official, but a TPP businessman said the Karen State (SPDC) will hire the Mya Than Company,” according to a businessman in TPP.

Mya Than Company has previously given whatever the Burmese authorities asked of it. The private contract,though, would be the first official contract in the history of working together [Burmese authorities and Mya Than Company].
Currently, Mya Than Company has already started building a new road from Metagu village to Taung Zun village, 15 kilometers away from each other [Metagu and Taung Zun village are placed on the road from Thanphyuzayart to TPP]. The company had to repair this road regardless of a contract with the Burmese authorities because the company conducts lead mining in the area and transports to TPP and then into Thailand. Metagu is 25 kilometers from TPP. The old road used to pass through a New Mon State Party (NMSP) checkpoint, explained a traveler.

A source close to the Burmese authorities said the old road from Metagu to Taung Zun was difficult for the Burmese soldiers to march upon so they are building a new one. The difficulty pertains to the supposed easy accessibility by guerilla groups to fire upon Burmese soldiers.

One businessman, who exports raw material to Thailand, explained that the government in Nay Pyi Taw [the capital] had said that TPP areas will be recognized as a “white” area if the election was finished peacefully and traders or companies at the borders would be given contracts respectively. The Burmese authorities have not officially announced a contract with Mya Than Company.

Construction took place on the the TPP – Thanphyuzayart road from 1996 after the cease-fire agreement between the NMSP and the Burmese government until 2009 and NMSP took wheel taxes from the vehicles.

TPP has six companies which produce lead and export to foreign countries through Thailand, these are Mya Than, Nawarat, Aung Myi, Shwe Htoo, Shwe Maun, and Thuzana Pwint.

Friday, November 19, 2010

ဗမာ့တပ်မတော်အတွင်းရေး - G1 ပစ်သတ်ခံရ - 17 Nov 2010


2010_November_17_LID_88_-_G1_shot_dead_by_company_officer__Airforce_training_cadets_protest_unfair_rations_and_conditions.d -

DKBA တချို့ KNU နဲ့ပေါင်းဟုဆို

/ 11/18/2010 10:47:00 PM /
နယ်ခြားစောင့်တပ် မပြောင်းလိုသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် အင်အားအချို့ ကရင်အမျိုးသားအစည်းအရုံးနှင့် မနေ့ မနက်က ပူးပေါင်းလိုက်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ပြောသည်။

ဗိုလ်မှူးကြီးစောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွှေး လက်အောက်ခံ ဝေါလေ အခြေစိုက် တပ်ရင်း ၉ဝ၉ တပ်ရင်းမှူး စောစတီးလ်၊ ဗဟိုလုံခြုံရေး တပ်ခွဲမှူး စောရွှေဝါးနှင့် တပ်သား ၃၈ ဦး ဗုဒ္ဓဟူးနေ့မနက် ၉ နာရီက သွားရောက် ပူးပေါင်းသည် ဆိုသည်။


၉ဝ၉ တပ်ရင်းမှူး စောစတီးလ်(ဘယ်)နှင့် ဗိုလ်မှူးကြီး နယ်ဒါးမြ (ညာ)တို့အား တွေ့ရစဉ်
“နအဖ စစ်အစိုးရဒဏ်ကို မခံနိုင်လို့၊ နအဖ စစ်အစိုးရက ကျနော်တို့ကို BGF (နယ်ခြားစောင့်တပ်) အလုပ်ခိုင်းတာ မလုပ်ချင်လို့၊ နောက် သူတို့ရွေးထားတဲ့မဲဟာ မရိုးသားတဲ့မဲ မသေချာတဲ့ မဲမှန်း သိသွားတဲ့ အခါကျတော့ ကျနော်တို့ ဒီ KNU ခေါင်းဆောင်ကြီးတွေနဲ့ ပြန်လာပူးပေါင်းရပါတယ်” ဟု တပ်ရင်းမှူး စောစတီးလ်က ပြောသည်။

အေကေ- ၄၇၊ အမ်-၁၆ သေနတ်များ၊ အာပီဂျီ လောင်ချာများနှင့် ၆ဝမမ စိန်ပြောင်းတို့ပါ ယူဆောင်လာသော DKBA များကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ် ဗိုလ်မှူးကြီး နယ်ဒါးမြနှင့် နယ်မြေ စစ်ဘက်အရာရှိများက မနေ့က ကြိုဆိုပွဲလုပ်ခဲ့သည် ဆိုသည်။
“ကျနော်တို့ တအားဝမ်းသာပါတယ်။ အခု ကျနော်တို့ညီအကိုတွေ ပြန်တွေ့ပြီး နောက်ပိုင်းမှာ ရည်မှန်းချက် တူပြီ။ ကျနော်တို့ အတူတူ ဆက်လုပ်မယ်” ဟု ဗိုလ်မှူးကြီး နယ်ဒါးမြက ပြောသည်။

DKBA တပ်ရင်း ၉ဝ၉ တွင် ပုံမှန်အင်အား မည်မျှရှိသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ကျန်ရစ်သူများ ရှိသေးသည်ဟု KNU သတင်းရပ်ကွက်က ပြောသည်။


နအဖ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် ၈ နည်းဗျူဟာ ၃ မှ စစ်ဦးစီး-တတိယတန်း ဗိုလ်ကြီးသက်နိုင်ကို DKBA တပ်ရင်း ၉ဝ၉ က မြဝတီအနီးတွင် နိုဝင်ဘာ ၈ ရက်က ၅ ရက်ကြာ ဖမ်းထားပြီး ပြန်လွှတ်ပေးခဲ့သည်ဟု DKBA က သတင်းထုတ်ပြန်ခဲ့ဘူးသည်။

ပြန်လည် ဘက်ပြောင်းလာသည့် DKBA တပ်များကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးအနီးတွင် လက်ခံထားကြောင်း KNLA တပ်ရင်းမှူးတဦးက ပြောသည်။

နယ်ခြားစောင့်တပ် တပ်ရင်း ၁ဝ၁၂၊ ၁ဝ၁၃ နှင့် ၁ဝ၁၄ တို့ကိုလည်း DKBA အဖြစ် ပြန်ကြေညာရန် အဖွဲ့နာယက မြိုင်ကြီးငူဆရာတော်က မကြာခင်က ကြိုးစားခဲ့သော်လည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်က တားဆီး၍ အထမမြောက်ခဲ့ရဟု နယ်ခြားစောင့်တပ် အရာရှိတဦးက ပြောသည်။ သြဂုတ်လ ၁၈ ရက်က နယ်ခြားစောင့်တပ် မပြောင်းမီ DKBA တွင် အင်အား ၆ ထောင် အနည်းဆုံးရှိသည်ဟု DKBA ဘက်က ထုတ်ပြန်ဖူးသည်။

ထိုင်း-မြန်မာနယ်စပ် နေရာအချို့ကို KNU လက်မှသိမ်းပြီး ထိန်းချုပ်ထားခဲ့သော DKBA များကို နေပြည်တော်က နယ်ခြားစောင့်တပ် ပြောင်းလဲရန် ဖိအားပေး ခံရစဉ်ကတည်းက DKBA တပ်အချို့ KNU နှင့် ပြန်ပူးပေါင်းလိုကြောင်း ပြသခဲ့ကြသည်။

၁၉၉၅ က မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ် စာချုပ်ချုပ်ခဲ့သော DKBA များ စစ်အစိုးရတပ်များနှင့် ပူးပေါင်းပြီး KNU ကို ပြန်တိုက်ခဲ့ဖူးသည်။

Information

Written by KNU OFFICE
Thursday, 18 November 2010 11:12
ခမရ ၅၉ဝ က နှစ်ယောက်တော့ တပ်မတော်ရဲ့ သဘောထား အမှန်ကို သိသွားပြီ လက်နက် လာချသွားပြန်ပြီ

ဒီကေဘီအေတပ် ကေအင်ယူနှင့် ပြန်ပေါင်း

နအဖ စစ်တပ် ကရင်ပြည်သူများအပေါ် ယုတ်မာမှုများ

နအဖ နှင့် ဒီကေဘီအေ တပ်များ စတင်တိုက်ပွဲဖြစ်ပွားသည်နှင့် နအဖ စစ်တပ်များသည် ကရင်လူထုကို ပစ်မှတ်ထား တိုက်ခိုက်ပါတော့သည်။ တာတွေက ဘာကိုဖေါ်ပြသလဲဆိုရင် နအဖ စစ်တပ်၏ မူလ၀ါဒတခုဖြစ်တဲ့ တိုင်းရင်းသားတွေကို စနစ်တကျ ဖျက်ဆီးတဲ့ လုပ်ငန်းစဉ်တွေဖြစ်သည်။ အောက်ပါ PDF ဖိုင်တွဲ သတင်းမှ တချို့ ကို ကောက်နှူတ်ဘာသာပြန်ပေးလိုက်ပါသည်။ အချိန်မရ၍ နအဖ စစ်တပ် ၏ ကရင်ကျေးရွာများအပေါ် နိုင်ထက်စီးနင်း လူ့ အခွင့်အရေးကျူးလွန်မှုသတင်းအားလုံးကို ဘာသာပြန် မပေးနိုင်သေးပါ။

၉၊ ၁၁၊ ၂၀၁၀ ရက်နေ့ တွင် နအဖ စစ်တပ် စဗခ(၂) လှဖြိုးဦးစီး ခလရ ၂၈၃/၂၈၄ သည် တခကလိုး ရွာထည့်သို့  လက်နက်ကြီးများကို ညနေ ၆နာရီမှာ ည ၁၀ နာရီအထိ ပစ်ချရန် ရွာသားများဖြစ်သော မျိုးအောင်(၃၂နှစ်) သည် ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရ၊ စောဖိုးကြိုင် အထက်တန်းကျောင်းအုပ် ၅ ချက်ထိမှန်၊ စောရွှေသိန်း အိမ်ခေါင်မိုးပေါက်၊ ထိုနေ့ တွင် နအဖ စစ်တပ်မှ လက်နက်ကြီး အလုံး(၃၀)ပစ်ချကြောင်း သတင်းတွင်ပါရှိပါသည်။

၁၁၊ ၁၁။ ၂၀၁၀ ရက်နေ့ တွင် ၄င်းတပ်သည် ဆက်လက်ပြီး ကြာအင်းရွာထဲသို့  ညနေ ၅ နာရီမှ မနက် ၃ နာရီအထိ လက်နက်ကြီး အလုံးရေပေါင်း ၁၃၉ လုံးပစ်ချပါသည်။ ၄င်းလက်နက်ကြီးပစ်ခတ်မှုကြောင့် နော်ဒါးဖေါ(၁၇နှစ်) အဘအမည် စောဘောဟဲ သည်လက်နက်ကြီးထိမှန်ဆုံးသွားပါသည်။ စောထူးထူး (၁၈)နှစ်ပြင်းထန်စွာ ဒဏ်ရာပြီး ဆိပ်ကြီး ဆေးရုံသို့ ပို့ ရဆောင်ပါသည်။


17.11.2010_F -

_bty_bur_bomb_11.17.2010

_bty_bur_bomb_11.17.2010

ဒီကေဘီအေ တပ်ရင်း (၉၀၉) မှ အင်အား (၁၀၀) ခန့် ကေအန်အယ်လ်အေနှင့် လာရောက်ပူးပေါင်း


သတင်း - မန်းမျိုးမြင့် (၁၈-၁၁-၂၀၁၀)


တပ်ရင်း (၂၀၁) တွင် အတူတွေ့ရသည့် ဒီကေဘီအေနှင့် ကေအန်အယ်လ်အေ တပ်ဖွဲ့ဝင်များ

နအဖစစ်အုပ်စုကို တိုက်ခိုက်ရာတွင် ထိရောက်မှုပိုရှိစေရေးအတွက် ခွဲထွက် DKBA တပ်ရင်း (၉၀၉) သည် ယ မန်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် လာရောက်ပူးပေါင်းခဲ့ကြသည်။

အင်အား (၁၀၀) ခန့်ရှိသည့် ဒီကေဘီအေ တပ်ရင်း (၉၀၉) ၏ တပ်ရင်းမှူး ဗိုလ်စတီးက ဦးဆောင်၍ လာ ရောက်ပူးပေါင်းခြင်းဖြစ်ပြီး နအဖကို နိုင်ငံရေး၊ စစ်ရေးအရ ပိုမိုထိုးနှက်နိုင်ရန်အတွက်ဖြစ်သည်ဟု ပြောသည်။

ဒု-ဗိုလ်မှူးကြီး စတီးက “ကျနော်တို့အပေါ်နအဖက ဘယ်တော့မှ သဘောထားမမှန်ကန်ခဲ့ဘူး။ သူတို့ရဲ့ဆန္ဒ ကတော့ ကေအန်ယူဖြစ်စေ၊ ဒီကေဘီအေဖြစ်စေ၊ ကရင်နယ်ခြားစောင့်တပ်ဖြစ်စေ အကုန်လုံးကို အမြစ်ပြတ် ရှင်းလင်းရေးပဲ။ သူတို့ဟာ တိုင်းရင်းသားတွေ မပြောနဲ့၊ ဗမာလူမျိုးအချင်းချင်းတောင် သက်ညာတာမဟုတ် ဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို ကြည့်ရင် သိမှာပါ။ သူတို့ကို အနိုင်တိုက်ဖို့က နိုင်ငံရေး၊ စစ်ရေးအရ အသာစီးရ မှဖြစ်မယ်။ ဒါကြောင့် ပြန်လာပူးပေါင်းတာဖြစ်တယ်” ဟု ပြောသည်။

ဒီကေဘီအေ တပ်ရင်း (၉၀၉) သည် KNLA နှင့် ပထမဆုံး တရားဝင် လာရောက်ပူးပေါင်းသည့်အဖွဲ့ဖြစ်ပြီး စောလားပွယ် (နှုတ်ခမ်းမွေး) ဦးဆောင်သည့် ဒီကေဘီအေ တပ်မဟာ (၅) မှာ လာရောက်ပူးပေါင်းခြင်းမရှိဘဲ သီးသန့်ရပ်တည်ကာ နအဖကို တိုက်ပွဲဝင်လျက်ရှိသည်။

ယနေ့ပြုလုပ်သည့် ကြိုဆိုပွဲတွင် KNLA (၂၀၁) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဘူးဖောနှင့် KNLA မှ ဗိုလ်မှူးကြီး နယ်ဒါးမြတို့က ဒီကေဘီအေတပ်ဖွဲ့ဝင်များကို လက်ခံကြိုဆိုခဲ့ကြသည်။

ဗိုလ်မှူးကြီး နယ်ဒါးမြက “သူတို့နဲ့ ကျနော်တို့ ပူးတွဲပြီး နအဖကို တိုက်ပွဲဝင်သွားမှာဖြစ်တယ်။ နောက်ထပ် လာ ရောက်ကြမယ့် အဖွဲ့တွေကိုလည်း ကျနော်တို့ လက်ခံကြိုဆိုဖို့ အရန်သင့်ပါပဲ” ဟု ပြောသည်။

ဒီကေဘီအေ တပ်ရင်း (၉၀၉) မှ တပ်မှူးတဦးဖြစ်သည့် ဗိုလ်ရွှေဝသည် ယခုလ (၈) ရက်နေ့က မြ၀တီမြို့၌ ဒီ ကေဘီအေနှင့် နအဖတပ်များ ဖြစ်ပွားခဲ့သည့် မြို့တွင်းတိုက်ပွဲကာလအတွင်း နအဖတပ်မှူးတဦးဖြစ်သည့် စစ် ဦးစီးတတိယတန်း ဗိုလ်ကြီးသက်နိုင်ကို လက်ရဖမ်းဆီးခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင် အဆိုပါတပ်မှူးကို ပြန် လွှတ်ပေးခဲ့သည်။

ဒီကေဘီအေ (၉၀၉) တပ်ရင်း၏ အရာခံဗိုလ် စောထူးက ၎င်းတို့ တပ်ရင်းတွင် တပ်ဖွဲ့ဝင် (၁၀၀) ခန့်ရှိသည့်အ နက် ကျန်တ၀က်မှာ လာမည့်နေ့တွင် ရောက်ရှိလာမည်ဖြစ်ပြီး KNLA နှင့် လာရောက်ပူးပေါင်းရန် ကရင်နယ် ခြားစောင့်တပ်ဖွဲ့ဝင်များလည်းရှိသည်ဟု ပြောသည်။

လာရောက်ပူးပေါင်းခဲ့ကြသည့် ဒီကေဘီအေ (၉၀၉) တပ်ဖွဲ့ကို KNLA တပ်ရင်း (၂၀၁) ၏ တပ်ရင်းမိသားစုများ ကျောင်းသားကျောင်းသူများ ဒေသခံရွာသားများက ကြိုဆိုခဲ့ကြသည်။

myawaddy 7 8 Nov 2010

အမျိုးသားပြန်လည်သင့်မြတ်မှုကိုလိုလားသော ဒီကေဘီအေ တပ်ဖွဲ့ ဝင်များအား ကရင်လူထုက နွေးထွေးစွာ ကြိုဆို

ဓါတ်ပုံ + သတင်း = နန်းဖေါခလိန်း
ယနေ့  ၁၇၊ ၁၁၊ ၂၀၁၀ ရက်နေ့ တွင် ကရင်ပြည်နယ်တွင်းတစ်နေရာ၌ ၁၅ နှစ်ကျော်ကြာ နအဖ စစ်အစိုးရ၏ အစီအစဉ်ရှိရှိ ကရင်အချင်းချင်း အိုးမဲသုတ် ရန်တိုက်ပေးပြီး တိုက်ခိုက်သတ်ဖြတ် မှုများ၊ နအဖ စစ်အစိုးရ၏ သပ်လျှိုဖြိုခွဲမှုများကို သဘောပေါက်နားလည်လာပြီး အမျိုးသားပြန်လည်သင့်မြတ်မှုကို ရှေ့ ရှုလျက် ဘုံရန်သူ နအဖ စစ်အစိုးရအား မိခင် ကေအဲန်ယူအစည်းအရုံးနှင့်အတူ ပြန်လည် လက်တွဲ တိုက်ပွဲဝင်လာသော ဒီကေဘီအေ တပ်ဖွဲ့ ဝင်များအား ဒေသခံပြည်သူများ နှင့်နိုင်ငံတကာမှ ကရင်ပြည်သူများက ဂုဏ်ပြုကြိုဆိုပွဲတစ်ခုကို ယနေ့  ကျင်းပကြောင်း သတင်းရရှိပါသည်။
၎င်း ကြိုဆိုပွဲတွင် ဒီကေဘီအေ တပ်ကို ဦးဆောင်သူများမှာ အမှတ်(၉၀၉)တပ်ရင်းမှူး ဗိုလ်မှူးစတီးနှင့် ဌာနချူပ်တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်ရွှေဝ တို့ ဖြစ်ကြောင်းသတင်းရရှိပါသည်။ ယနေ့ ပြည်သူများ၏ ထောက်ခံဂုဏ်ပြုကြိုဆိုပွဲကို တက်ရောက်ခံယူသော ဒီကေဘီအေ တပ်သားအင်အားမှာ ၁၅၀ ကျော်ရှိကြောင်းနှင့် ကျန်ရှိသော တပ်သားအများစုမှာ လှူံခြုံရေးတာ

ဝန်ယူထားရပါသဖြင့် လူမြင်ကွင်းတွင် မတွေ့  ရပါဟု နန်းဖေါခလိန်း မှ သတင်းပေးပို့ လာပါသည်။
------၁၅ နှစ်ကျော် လျှောက်သွားနေတဲ့ အမေ့သားငယ်များရဲ့ အိမ်အပြန်လမ်းခရီးကို စောင့်ကြိုနေသူများ
-----------































--------------------- သွေးရင်းညီကိုယ်တွေ ပြန်ဆုံပြီ-------------------------------------------








-----ဒီတခါ ငါတို့ ကို သွေးခွဲခဲ့တဲ့ ခွေးတွေကို အပြတ်ပြန်ဆော်မယ် လို့  တိုးတိုးလေး ပြောသံ ကြားလိုက်ရတယ်--------

ppl malakpaw

ppl malakpaw dkba

RCSS -Calendar 2011

RCSS -Calendar 2011

Thursday, November 18, 2010

ကော့ကရိတ် မြို့ တွင် တိုက်ပွဲများ စတင်

Thursday, 18 November 2010 07:44

ကရင် ပြည်နယ် ကော့ကရိတ် မြို့ တွင် ယမန်နေ့ ညက လက်နက်ငယ်များ ဖြင့် ကြိုကြားကြိုကြား ပစ်ခတ် မှု ရှိရာမှ ယနေ့ မနက်တွင် နှစ်ဖက် တပ်များ လက်နက် ကြီး သုံး၍ ပစ်ခတ် တိုက်ခိုက်မှုများ စတင်ခဲ့သည် ဟု FNG မှ သတင်းရရှိသည်။ နအဖ စစ်တပ် ဘက်မှ DKBA နယ်ခြားစောင့် တပ် ပြောင်းသူ တို့ ပါဝင်တိုက် ခိုက် ပြီး ဗိုလ်မှုးချုပ် စောလား ပွယ် တပ် ဘက်မှ ဗိုလ်ချုပ် ထိန်မောင် ၏ တပ် အချို့ ပါဝင် တိုက် ခိုက်သည် ဟု သတင်းရရှိသည်။(ကော့ကရိတ် တိုက် ပွဲ ၏ ထပ်မံ တိုးတက် ဖြစ်ထွန်းမှု များ ကို အချိန် နှင့် တပြေးညီ တင် ဆက်ပေးသွားပါမည်) FNG မှ နောက်ဆုံး ကြားသိရသည့် သတင်းများ အရ ကော့ကရိတ် မြို့ နှင့် ကျုံဒိုး မြို့ တွင် စာသင်ကျောင်း များပိတ်ထား ပြီး ဒေသခံများ ကိုလည်း စစ်တပ် မှာ နေအိမ် အပြင် သို့ မထွက် ခိုင်း ဟု သတင်းရရှိသည်။
ဟောင်သရော မြစ်ကမ်းဘေးတစ်လျှောက် တွင် ပြောက်ကျား တိုက် ပွဲ များ ဆက်လက် ဖြစ်ပွားလျှက်ရှိ သည်။

Summary Report on Military Engagements in KNLA Areas September 2010

Summary Report on Military Engagements in KNLA Areas September 2010

Refugees return to Myanmar

November 17, 2010
.MAE SOT, 17 November 2010 (NNT) – As the situation along the Thai-Burmese border has returned to normal, Thailand is repatriating Karen refugees back to their hometown in Myanmar.

Most of the 650 Karen tribesmen of Burmese nationality seeking refuge at Walay Camp, Tak Province, are now on their way back to Myanmar, right after the fight between Burmese troops and Karen rebels died down . The refugees fled their country into Thai soil when the fight broke out on November 14, and have since sought refuge in the province of Tak, just across the border from Burma.

——————————

วันพุธ ที่ 17 พ.ย. 2553

Royal Thai Army: Thai-Myanmar border returns to normal; no fighting between Myanmar troops and armed ethnic group; Thai task forces are closely monitor situation

วันพุธ ที่ 17 พ.ย. 2553

Myanmar PM says sporadic fighting between government troops, ethnic forces likely to continue; urges Thai help to care for escaping Myanmar citizens: PM Abhisit

Wednesday, November 17, 2010

Weekly Political Events Regarding the SPDC's Post Election (001-2010)

Weekly Political Events Regarding the SPDC's Post Election (001-2010)

8888 People Power – Vol 6 No 9 – 16-11-2010

8888 People Power – Vol 6 No 9 – 16-11-2010

Civilians at risk from continued SPDC-DKBA conflict in Dooplaya District

Civilians at risk from continued SPDC-DKBA conflict in Dooplaya District

ယနေ့ သတင်း (၁၆ ရက် နိုဝင်ဘာလ ၂၀၁၀)

၁၆ ရက် နိုဝင်ဘာလ ၂၀၁၀

မြ၀တီ
- ဒီကေဘီအေ နာယက မြိုင်ကြီးငူ ဆရာတော် ဦးသုဇန အား နအဖ မှ ယနေ့ နေပြည်တော်သို့ ပင့်ဆောင်ထားကြောင်း သိရှိရသည်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါလေဒေသမှာ ဖြစ်ပွားတဲ့ နအဖ နဲ့ ဒီကေဘီအေ တိုက်ပွဲများကြောင့် တပ်ခရိုင် ဖုတ်ဖရတ်မြို့နယ် ထဲသို့ စစ်ပြေး ဒုက္ခသည် ၅၀၀ ကျော် ရောက်ရှိနေကြောင်း သိရှိရသည်။

ဘုရားသုံးဆူဒေသ
- ဘုရားသုံးဆူဒေသမှာ နအဖ စစ်တပ်များနဲ့ ဒီကေဘီအေ တို့ တိုက်ပွဲများ ဒီကနေ့ ငြိမ်သက်သွားပြီလို့ သိရှိရပါတယ်။ ဘုရားသုံးဆူမြို့ကနေ ဒီကေဘီအေများ ဆုတ်ခွာသွားတယ်လို့ သိရှိရပါတယ်။ တိမ်းရှောင်နေသော စစ်ပြေးဒုက္ခသည်တွေလည်း နေရပ်သို့ ပြန်လည် ၀င်ရောက်နေပြီလို့ သိရှိရပါတယ်။

SSA ဆိုင်ရာ သတင်းများ
- နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲသည် စစ်အစိုးရကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးနှင့် ရွေးကောက်ပွဲ ကော်မရှင်များ ပြည်သူလူထုအား အတင်းအဓမ္မမဲပေးခိုင်းခြင်း၊ မသမာ မဲလိမ်၊ မဲခိုးခြင်း၊ ကြိုတင်မဲ ကောက် ယူခြင်း၊ ရွာသူကြီးများအား ကိုယ်စားမဲပေးစေခြင်း၊ အကြောင်းပြချက်အမျိုးမျိုးသုံး၍ ရွေးကောက်ပွဲကျင်းပ ရက်နီးမှ မဲရုံပြောင်းရွှေ့ခြင်း၊ အာဏာသုံး၍ ပြိုင်ဖက်ပါတီအပေါ် ပြသနာရှာအပြစ်ပုံချခြင်း တို့ကြောင့် ရွေးကောက်ပွဲ ရလဒ်မှလုံးဝ လက်မခံကြောင်းပြတ်သား စွာဆန့်ကျင်ကြောင်း နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် ၂၀၁၀ ရွေး ကောက်ပွဲအပေါ် သျှမ်းပြည်တပ်မတော်၏ သဘောထားထုတ်ပြန်ကြေငြာချက် တစောင် ထုတ်ပြန်ခဲ့သည်။

- အာဏာရစစ်အုပ်စုချုပ်နှောင်ခြင်းမှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသားခေါင်း ဆောင်များ မျှော်လင့်ထားသည့်အတိုင်း လွတ်လပ်စွာ နိုင်ငံရေးမလှုပ်ရှားနိုင်မည်ကို စိုးရိမ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးယွတ်စစ် က ပြောကြားလိုက်ပါသည်။

- သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးယွက်စစ် က ပင်လုံကို မပြန်သွားသရွေ့ ယမ်းငွေ့ ဝေနေဦးမည်ဟု ပြောကြားလိုက်သည်။ ယခုလ ၇ ရက်က တိုးတက်သော ဗုဒ္ဒဘာသာ ကရင်အမျိုးသားတပ်မတော် DKBA နဲ့ နအဖ စစ်တပ်အကြား တိုက်ပွဲဖြစ်ပွါးခဲ့ပြီးနောက်ပိုင်း နိုဝင်ဘာ ၉ ရက် ရက်စွဲနဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်း ပြည်တပ်မတော်က သဘောထားထုတ်ပြန် ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ကြေငြာချက်ထဲမှာ DKBA က နအဖ အစိုးရကို ရွပ်ရွပ်ချွံချွံ ပြန်လည် တိုက်ခိုက်လိုက်တဲ့စိတ်ဓါတ်ကို အထူးလေးစာဂုဏ်ယူမိကြောင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အပစ်ရပ်တပ်ဖွဲ့တွေအတွက် စံနမူနာထား အတုယူသင့်ကြောင်း RCSS/SSA ဗဟိုဦးစီးကော်မတီက အဓိကထား ဖော်ပြထားကြောင်း သိရှိရပါတယ်။ (ကိုးကား - သျှမ်းသံတော်ဆင့်)

DKBA ဗိုလ်မှူးချူပ် စောလားပွယ်နှင့် ပါတ်သက်သည့် ထုတ်ပြန်ချက် အတုအယောင် အပေါ် ကေအဲန်ယူတုံ့ ပြန်

၁၆၊ ၁၁၊ ၂၀၁၀ နေ့ စွဲဖြင့် ဒီကေဘီအေ ဗိုလ်မှူးချူပ်စောလားပွယ် နှင့် ပါတ်သက်ပြီး ထုတ်ပြန်ချက် အတု တစ်စောင်ထွက်ပေါ်လာပါသည်။ ၄င်းထုတ်ပြန်ချက်တွင် ကေအဲန်ယူ ဗဟိုမှ ထုတ်ပြန်သည် ဟုရေးသားပြီး ဗိုလ်မှူးချူပ် စောလားပွယ်ကို တိုက်ခိုက်ရေးသားသလို ကေအဲန်ယူမှ သူ့ ကို လက်မခံကြောင်း စသဖြင့် ရေးသားထားပါသည်။ ယခုဖေါ်ပြသော အီးမေးမှတဆင့် saw kyaw – sawbamaw@gmail.com လက်ခံရိပါသည်။ ထုံးစံအတိုင် ဖဒိုအောင်သိန်း၊ saw jetsin အစသဖြင့် ကရင်နာမည်အတုတွေနှင့် ဗမာလို ကရင်လို ဘာသာနှစ်ခုလုံးပါ ခုတလော ဗိုလ်မှူးချူပ် စောလားပွယ်ကို တိုက်ခိုက်ရေးသားနေဒါ တွေ့ ရပါသည်။



Statement -

KNUပြောရေးဆိုခွင့်ရှိသူတဦးကို RFA ဆက်သွယ်မေးမြန်းချက်

စစ်ရေးပဲ ဖြစ်ဖြစ် နိုင်ငံရေးပဲဖြစ်ဖြစ် ထာဝရ,မိတ်ဆွေဆိုတာ မရှိနိုင်သလို
ထာဝရ,ရန်သူဆိုတာလည်း မရှိနိုင်ပါဘူး။
တဘက်သပ် အမြင်နဲ့ဘက်လိုက်ပြီး ပြောဆိုအော်ဟစ်နေမယ့်အစား နှစ်ဘက်စလုံးကို ညှိပေးဘို့ အကောင်းဆုံးနည်းလမ်းကို ရှာကြပါ။
ဒါမှ တော်ကာကျမယ်ဗျို့။



KNUပြောရေးဆိုခွင့်ရှိသူတဦးကို RFA ဆက်သွယ်မေးမြန်းထားချက်



မြန်မာပြည်သူများအတွက် ရေဒီယို


Tuesday, November 16, 2010
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ရေဒီယိုတသောင်း ထပ်ပေးဦးမည်
2010-11-16


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် AI- Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာပြည်တွင်းကို ရေဒီယို အလုံးရေ တသောင်း အခမဲ့ ထပ်မံ ပေးပို့နေပါတယ်။

ဒီအကြောင်း အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က Mr T. Kumar က အခုလို ပြောပါတယ်၊ နိုင်ငံတကာသတင်းမီဒီယာတွေက ထုတ်လွှင့်နေတာတွေကို ပြည်တွင်းကလူတွေ နားထောင်နိုင်အောင် ရေဒီယိုတွေ ပို့ပေးတာပါ၊

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အကြီးအကျယ် ဆုံးရှုံးနေတဲ့အတွက် ရေဒီယိုတွေ ရှိရင် ပြည်ပက လွှင့်တဲ့ သတင်းတချို့ နားဆင်ခွင့် ရနိုင်ပါတယ်လို့ သူက ပြောပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ဟာ အရင်ကတည်းက မြန်မာပြည်တွင်းကို ရေဒီယိုတွေ ဖြန့်ဝေပေးနေရာမှာ အခု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် ရေဒီယို တသောင်း ထပ်ပြီး ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။

ရေဒီယိုတွေ ဖြန့်ဝေပေးရာမှာ အဖွဲ့ကိုယ်တိုင် သွားရောက် ဝေပေးတာ မဟုတ်ပဲ တခြား လမ်းကြောင်းတွေကနေ ပို့ပေးနေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ခုထိ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ဖမ်းဆီး ချုပ်နှောင်ထားတာကို အထူး စိုးရိမ်မကင်း ဖြစ်ရပြီး သူတို့ကို လွှတ်ပေးစေချင်တယ်လို့လည်း Mr T. Kumar က ပြောပါတယ်၊

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် ဗြိတိန်အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ က နောက်ထပ် ရေဒီယို အလုံး တသောင်း ပေးပို့မဲ့ အကြောင်း RFA မှ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။




Tuesday, November 16, 2010

ဘုရားသုံးဆူမှာ တိုက်ပွဲဆက်ဖြစ်

ယနေ့တိုက်ပွဲ သတင်း (၁၅ ရက် နိုဝင်ဘာလ ၂၀၁၀)ဝေါ်လေတွင် စစ်အစိုးရနှင့် DKBA တိုက်ပွဲဖြစ်၊ ဒေသခံ ၄၀၀ ခန့် တိမ်းရှောင်

ဆုံဆည်းရာ၊ ၁၅ ရက် နိုဝင်ဘာလ ၂၀၁၀

်မြ၀တီ
ဝေါလေဒေသမှာ နအဖ စစ်တပ်နဲ့ ဒီကေဘီအေ တပ်တွေ ယမန်နေ့ညနဲ့ ယနေ့မနက် အထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်နေပါသေးတယ်။ ဒီကေဘီကေ တပ်များက လောခေါ်ဘက်တွင် အခြေစိုက်ထားပြီး နအဖ စစ်တပ်မှ ဝေါလေရွာဘက်တွင် စခန်းချထားကြောင်း သိရှိရပါတယ်။ ထို ဝေါလေ ဘက်တွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ထိုင်းနိုင်ငံ မော်လီချိုင်းဘက်သို့ စစ်ပြေးဒုက္ခသည် ၆၀၀ ကျော် ရောက်ရှိနေကြောင်း သိရှိရသည်။

ဘုရားသုံးဆူဒေသ
ဘုရားသုံးဆူဒေသမှာ နအဖ စစ်တပ်မှ တပ်မ ၄၄ လက်အောက်ခံ ခလရ ၂၈၃ နဲ့ ဒီကေဘီအေ တပ်ရင်း ၉၀၆၊ ၉၀၇ တို့ တိုက်ပွဲတွေ ကြို့ကြားကြို့ကြား ဖြစ်နေတယ်လို့ သိရှိရပါတယ်။ ချောင်းဆုံ ဒေသမှာလည်း နအဖ စစ်တပ် ခမရ ၂၁၀ နဲ့ ကေအန်ယူတို့ ပြောက်ကျားတိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရှိရပါတယ်။

ဝေါလေဒေသနဲ့ ဘုရားသုံးဆူဒေသရှိ စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေ ဗွီဒီယိုဖိုင် တင်ပေးလိုက်ပါတယ်။




ဝေါ်လေတွင် စစ်အစိုးရနှင့် DKBA တိုက်ပွဲဖြစ်၊ ဒေသခံ ၄၀၀ ခန့် တိမ်းရှောင်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေဒေသတွင် စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ် မတော် ( DKBA ) တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရွာသား ၄၀၀ ခန့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ် တဖက်ကမ်းသို့ ထွက်ပြေး တိမ်းရှောင်လာကြောင်း သိရှိရသည်။

DKBA နှင့် စစ်အစိုးရ တိုက်ပွဲကြောင့် ထိုင်းဘက် တိမ်းရှောင်လာသော ဒေသခံ စစ်ပြေး ဒုက္ခသည်များ(ဓာတ်ပုံ - ဧရာဝတီ)

ယမန်နေ့က DKBA တပ်မဟာ ၅ မှ တပ်မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (စောလားပွယ်) ဦးဆောင်သော တပ်ဖွဲ့နှင့် စစ်အစိုးရ ၏ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၈ လက်အောက်ခံ တပ်ရင်းများ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း ထိုင်းအာဏာပိုင်များနှင့် ကရင် ဒုက္ခ သည်များ အရေး ဆောင်ရွက်နေသူများက ပြောသည်။

“ထွက်ပြေးလာတဲ့ လူစာရင်း အတိ အကျ မယူရသေးဘူး၊ သိရတာ ၇၉ အိမ်ထောင်စု၊ လူကတော့ ၄၀၁ ယောက်၊ အခု ထွက် ပြေးလာတဲ့လူတွေ ရှိသေးတယ်။ ဒါကြောင့် စာရင်းအတိ အကျတော့ စာရင်းမပေးနိုင်သေးဘူး”ဟု ကရင် ဒုက္ခသည်အရေး ဆောင်ရွက်နေသူ တဦးက ဧရာဝတီသို့ ပြောသည်။

ထွက်ပြေးလာသော ကရင်ရွာသားများကို မဲဆောက်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပါ အ၀င် ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC)နှင့် ကျန်းမာရေးနှင့် ဆိုင်သော အဖွဲ့ အစည်း တချို့ ယနေ့ သွားရောက် တွေ့ဆုံခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲ အခြေအနေများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံသို့ ထွက်ပြေးရောက် ရှိလာသော ဒုက္ခသည်များ ကာကွယ်မှု ပိုမိုရရှိရေး အတွက် ထိုင်းအစိုးရ အာဏာပိုင်များထံ လူ့အခွင့် အရေးလှုပ်ရှားနေသော အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ဘန်ကောက်မြို့တွင် ယနေ့ တောင်းဆိုခဲ့ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော် ဆေးခန်း မှ ဒေါက်တာ စင်သီ ယာမောင်က ပြောသည်။

စစ်ကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များကို ပြည်တွင်း၌ လုံခြုံ စိတ်ချမှု မရှိဘဲ ပြန်မပို့ရန် တင်ပြ ဆွေးနွေးခဲ့ကြောင်း ၎င်းက ဆိုသည်။

“ထိုင်းအစိုးရ အနေနဲ့ ဒီတပတ် အတွင်းမှာ ပြည်ထဲရေးတို့၊ ၀န်ကြီးချုပ်တို့နဲ့ တွေ့ဆုံတဲ့အခါ ဒီကိစ္စကို ဆွေးနွေးနိုင်ဖို့ ကြိုးစား သွားမှာ”ဟု ဒေါက်တာ စင်သီယာမောင်က ဆက်ပြောသည်။

အလားတူ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့နယ်ခွဲ တွင်လည်း စစ်အစိုးရတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူများရှိကြောင်း ကြားသိရသည်ဟု ဒေသခံများက ပြောပြသည်။

“ကျိုက်ဒုံမြို့နယ်ထဲမှာရှိတဲ့ ရဲစခန်းကို ၀င်ပစ်သွားတယ်၊ အခု သတင်း အမျိုးမျိုး ထွက်နေတယ်၊ ရဲက ထိခိုက်ဒဏ်ရာ ရတယ် လို့ လည်း ပြောနေကြတယ်”ဟု ၎င်းက ဆိုသည်။

ယင်းမြို့နယ်ကို ကရင်အမျိုးသား အစည်းအရုံး(KNU) နှင့် DKBA တပ်ဖွဲ့ဝင်များ ပူးပေါင်း အဖွဲ့က ၀င်ရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံအများက ပြောဆိုနေကြသော်လည်း သီးခြား အတည်မပြုနိုင်သေးပေ။

သို့သော် ယနေ့ ထုတ် စစ်အစိုးရ သတင်းစာတွင် KNU အကြမ်းဖက် သောင်းကျန်းသူ အဖျက်သမားများက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ တချို့ ဒဏ်ရာရရှိခဲ့ကြောင်း ရေးသား ဖော်ပြထားသည်။

KNU ၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ လေးဦး ဒဏ်ရာရရှိခဲ့ပြီး ကျိုက်ဒုံမြို့နယ်ခွဲရှိ ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ကာ ဆေး ကုသလျက်ရှိကြောင်း ၎င်း သတင်းစာက ဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ်ဂိတ်တချို့ကို DKBAတပ်ဖွဲ့ဝင်များ က ၀ိုင်းထားခဲ့ပြီး နောက်ပိုင်း ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် များတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ ခြင်း ဖြစ်သည်။

နောက်ဆုံး သတင်းများအရ ဘုရားသုံးဆူမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ပစ်ခတ်မှုများ မရှိသော်လည်း စစ်အစိုးရက ခြေမြန် တပ်ရင်း( ခမရ) ၄၀၅ နှင့် ၄၁၀ တို့ကို တပ်အင်အား တိုးချဲ့ထားကြောင်း နယ်စပ်အရေး လေ့လာသူများက ပြော သည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့ကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။

ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေသော တပ် ဖွဲ့ဖြစ်သည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး(KNU) မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို လေးစားယုံကြည်တယ်လို့ ဗိုလ်မှူးချုပ် စောလားဘွယ်ပြောဆို

/ 11/15/2010 06:08:00 PM
ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ရင်ကြားစေ့ရေး ဆက်လုပ်မယ်ဟု ပြောဆိုလိုက်ချိန်မှာ ဒီကေဘီအေမှ ဗိုလ်မှူးချုပ်စောလားဘွယ်က ဒေါ်အောင်ဆန်းစုကြည်ကို လေးစား ယုံကြည် တယ်လို့ ပြောဆိုလိုက်ပါတယ်။

ယခုလတ်တတော့ တိုက်ပွဲအခြေအနေ၊ တိုင်းရင်းသားအရေး၊ နိုင်ငံရေးအခြေအနေကို တွေကို ဗိုလ်မှူးချုပ် စောလားဘွယ်က ယခုလို ပြောဆို လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် ချစ်ခင်လေးစားတယ်။ ယုံကြည်တယ်။ ဒီမိုကရေစီကို ကျွန်တော် ကြိုက်တယ်။ ဒီမိုကရေစီကို အရင်ရအောင် မလုပ်ပဲနဲ့ တိုင်းရင်းသားတွေကို ကိုယ်ပိုင်ပြဒါန်းခွင့်တို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့၊ တန်းတူ အခွင့်ရေးတို့ဆိုတာ မရနိုင်ဘူး။ အားလုံး ဒီမိုကရေစီ ခေါင်းစဉ်အောက်မှာ ညီညီညွတ်ညွတ်နဲ့လုပ်ရင် အောင်မြင်မူပန်းတိုင် ရကို ရရမယ်။ တိုင်းရင်းသားတွေ ညီညွတ်ပြီး တိုက်ရင် ကောင်းတယ်


မြ၀တီကို ကျွန်တော်တို့ တိုက်တုံးက နအဖ အင်အားက ၈၀ လောက်ပဲရှိတယ်။ ကျွန်တော်တို့က သူတို့ထက် အင်အားများတယ်။ တိုက်ပွဲစ ဖြစ်တာနဲ့ ကျွန်တော်တို့က လက်နက်ငယ်တွေနဲ့ သူတို့ကိုပဲ ထိအောင်ပစ်တာ၊ သူတို့က လက်နက်ကြီးတွေနဲ့ ထင်သလိုပစ်တာ လူထုတွေထိကုန်တယ်။ ကျွန်တော် တော်တော် စိတ်မကောင်းဘူး။ ထိုင်းဖက်ကိုလဲ သူတိုပဲ ပစ်တာ။ ဆက်ပြီး မြ၀တီ ကိုထိန်းထားရင် ရပင်မဲ့ လူထုထိမှာကြောင့်လို့ ကျွန်တော်တို့ အစီစဉ် ရှိရှိနဲ့ပဲ ဆုတ်ခွာပေးလိုက်တာပါ။ သေဆုံးသွားတဲ့ မြ၀တီက လူထုတွေအတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ အခုလဲ မြ၀တီကို ဆုတ်ပေးလိုက်ပင်မဲ့ ကျန်တဲ့နေရာတွေမှာ တိုက်ပွဲတွေ ဆက်ဖေါ်သွားမယ် ဆက်တိုက်သွားပါ့မယ်။ နေ့စဉ်လိုလို ဘုရားသုံးဆူ၊ ဝေလေ နဲ့ ကြားခံနေရာတွေမှာ တိုက်ပွဲတွေ ရှိနေပါသေးတယ်။ တိုင်းရင်းသားတွေ တပ်ပေါင်းစုတွေလဲ ညီညီညာညာနဲ့ ၀ိုင်းတိုက်ကြပါ အတွင်းအပြင် စည်းစည်းလုံးလုံး ရှိကြရင်ကောင်းမယ်။ ကျွန်တော်တို့ကို တတ်နိုင်တဲ့ ဖက်က ၀ိုင်းကူညီ ကြပါ။

ကျွန်တော် ငတ်ပျက်နေတဲ့ ပြည်သူလူထုကို စာနာတယ်။ နအဖ ရဲဘော်လေးတွေကိုလဲ သနားတယ်။ တပ်မှာ ဘာမှ မရှိကြဘူး။ တချို့ဆို ဘောင်းဘီတိုလေးတွေနဲ့ ကျွန်တော်သူတို့ကိုပါ ယူနီဖောင်းတွေ ထုတ်ပေးတယ်။ သူတို့ အရာရဲရှိ တချို့ကိုတော့ ကြိုက်ဘူး။ ကျွန်တော်တို့အပေါ် နားလည်တဲ့ အရာရှိတွေလဲ ရှိတယ်။ အခု တက်လာတဲ့ တိုင်းမှူးက ကျွန်တော်ဆီကို ဖုန်းဆက်တော့ ဟေ့ကောင် ဘာညာနဲ့ သိပ်မိုက်ရိုင်းတယ်။ မင်းဘာတွေ လုပ်တာလဲ ဘာညာနဲ့ ဒါနဲ့ ကျွန်တော်ဖုန်း လုံးဝမဖွင့်တော့ဘူး။ ကျွန်တော် ဘာလုပ်လဲ မေးဖို့ထက်။ သူတို့ မှားနေတယ် ဆိုတာကို သူတို့ သိသင့်တယ်။ ၁၅ နှစ်တောင် သူတို့နဲ့ တွဲလုပ်ခဲတာ ကျွန်တော်တို့ သိပြီ ၊ သူတို့တွေ မရိုးသားဘူး။ သိပ် လူလည်ကျတယ်။

နအဖ က ကျွန်တော်တို့အပေါ်ပေးတဲ့ နိုင်ငံရေး အခွင့်အရေးဆိုတာ အသက်ရှူ ခွင့်ပဲ ပေးတာပါ ။ အသက်ရှည်ခွင့်ပေးတာ မဟုတ်ဘူး။ အခု နယ်ခြားစောင့်တပ် လုပ်လိုက်ရင် အသက်ရှူခွင့်တောင် သေချာမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လူထုအတွက် ကောင်းရာကောင်းကျိုး ဘာမှ လုပ်ခွင့်ရှိတော့မှာ မဟုတ်ဖူး။

ဒေါ်အောင်ဆန်းစုကြည်၏ လှုံခြုံရေး စိုးရိမ်အမှတ်ရောက်နေ

အန်တီစု လွတ်လာလို့ သိပ်ပျော်မနေကြနဲ့ အုံး။ သူ့ အတွက် အသက်အန္တရယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်။ စာကလေး ဗေဒင် ဟောနေဒါ မဟုတ်ဘူးနော်…

ဗမာနိုင်ငံရေးလောကမှာ မဟာဝါဒီ အုပ်စုတွေ ရှိတယ်။ အဲဒီအုပ်စုတွေက နိုင်ငံရေးမှာရော စစ်တပ်ထဲမှာပါ တောက်လျှောက် ချယ်လှယ်လာခဲ့တယ်။ ဖယ်ဒရယ် ဆိုတဲ့ စကားလုံးကို သူတို့ အသေကြောက်တယ်။ တိုင်းပြည်ပြိုကွဲမယ် ဆိုတဲ့ အကြောင်းပြချက်နဲ့  ဦးနုက ဗိုလ်နေ၀င်းကို အာဏာထိုးပေးခဲ့ဒါ ပြန်သတိရကြပါ။ ယခုနောက်ပိုင်းမှာ ဖယ်ဒရယ်မူ က အသက်ပြန်ဝင်လာတယ်။ NLD ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်လည်း လူသိရှင်ကြားထောက်ခံထားတယ်။ အန်တီစု လည်းလွတ်လာတယ်။ နအဖ က စစ်အာရှင်သက်ဆိုးရှည်စေမယ့် 2008 ဥပဒေကို လုံးဝ အထိခံမှာမဟုတ်ဘူး။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့  ဦးဝင်းတင်တို့ လို တိုင်းရင်းသားတွေနဲ့  အပေးအယူ ရှိနိုင်မည့် ဘယ်ဗမာခေါင်းဆောင်မျိုးမဆို ဒီမဟာဝါဒီ စစ်အုပ်စုက လိုလားမှာမဟုတ်ပါ။

ဒီဗမာပြည်ကြီးမှာ အကယ်၍ ဗမာလူမျိုးတစ်မျိုးတည်းသာနေထိုင်ခဲ့မယ်ဆိုရင် ဒီမိုကရေစီတိုက်ပွဲကြီးက ယနေ့  အထိနှစ်၂၀ တောင် အချိန်တွေကြာပြီး လိပ်ခဲတင်းလင်း ဖြစ်နေမှာမဟုတ်ဘူး။ ဒီမိုကရေစီမြတ်နိုးသူတွေကို အာဏာမလွဲပေးနိုင်တာက မဟာဝါဒီအုပ်စုတွေက တိုင်းရင်းသားတွေ အခွင့်အရေးရလာမှာ အသေအလဲကြောက်လို့ ဖြစ်တယ်။ တာကြောင့်မို့ နိုင်ငံတော်မပြိုကွဲရေး၊ အချုပ်အခြာတည်တံခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆိုပြီး ဒီလူတွေ စွတ် အော်နေတာ သိကြတဲ့အတိုင်းပဲ။

ဒီလူတွေက ဗမာအချင်းချင်းဆိုပြီး ညာမဲ့လူတွေမဟုတ်ဘူး။ ဗမာပြည်ကြီးကို နှစ်ရှည်လများဖျက်ဆီးလာတာ ဒီမဟာဝါဒီအုပ်စုတွေဖြစ်တယ်။

ဒီတော့ အန်တီစု ရဲ့လှုံခြုံရေးက သိပ်အရေးကြီးတယ်။ အားလုံးဂရုစိုက်ကြပါလို့  အထူးပြောကြား သတိပေး လိုပါသည်။

ဗမာ့တပ်မတော်အတွင်းရေး - ဒေါ်စုလူမြင်ကွင်းမှရှင်းထုတ်ရေး - 14 Nov 201

2010_November_14_ThanShwe_order_KhinYee_and_TheinSein_to_combine_to_take_out_Daw_Aung_San_Suu_Kyi -

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုနှင့်စပ်လျဉ်း၍ တိုင်းရင်းသားခေါင်းဆောင်းများ၏တုံပြန်မှုသဘောထား

ကရင်အမျိုးသား အစည်းအရုံး KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါ

သူ့အနေနဲ့ နိုင်ငံရေး သက်သက်ပေါ့ တိုက်ပွဲလုပ်လာတာ။ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ အာဏာမက်မောတဲ့ အာဏာရှင်စနစ်အောက်မှာ ဘာမှ အောင်မြင်ဖို့ မလုပ်နိုင်ဘူး။ ကျနော်တို့ တိုင်းရင်းသားတွေအတွက်လဲ သူ ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။

အဲတော့ သူအနေနဲ့က ပြန်ပီးစဉ်းစားရမယ်။ အခု နအဖက ရွေးကောက်ပွဲလုပ်တယ်၊ အစိုးရအသစ်ထောင်မယ် စသဖြင့် အဲဒီဘောင်အတွင်းမှာ သူတို့ သေချာ ပြန်လည် သုံးသပ်ရမယ်… အရင်ပုံစံအတိုင်းတော့ မလွယ်တော့ဘူး ဘာမှ ထူးမှာ မဟုတ်ဘူး။

Non – Violence အကြမ်းမဖက်တဲ့ နိုင်ငံရေးတိုက်ပွဲဆိုတာက ယဉ်ကျေးမှုရှိတဲ့ နိုင်ငံမှသာလျှင် ဖြစ်တာ။ အာဏာရ အစိုးရကလဲ လူ့အခွင့်အရေးလို ပြည်သူတွေရဲ့ ကောင်းစားရေး လွတ်လပ်ရေး အစရှိတဲ့ အဲဒီအတွက် ဆန္ဒရှိတဲ့ အစိုးရမျိုး မှာမှ ကျနော်တို့က လုပ်လို့ရမယ်။

အခုက အဲလိုမဟုတ်တဲ့အခါကျ ပြည်တွင်းက အကြမ်းမဖက်နိုင်ငံရေး လှုပ်ရှားမှုက အကျိုးမရှိတော့ဘူးလို့ မြင်တယ်လေ… ဆိုပါတော့ဗျာ၊ သူက လူထုဆန္ဒပြပွဲမဟုတ်သေးဘူးနော်၊ လူထုအစည်းအဝေးတွေ လုပ်မယ်ဆိုရင်တော့ တခါ ထောင်ထဲမှာ ပြန်ထည့်မှာပဲ အဲဒီအတိုင်းလာမှာပဲ။

မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ

ဒေါ်အောင်ဆန်းစုကြည်လွတ်လာတာ ကျနော်တို့သိပ်ကို ဝမ်းသာတယ်။ ကြိုလဲ ကြိုဆိုတယ်။

ကျနော်တို့ဘက်ကဖြစ်စေချင်တာက မကြာခင်တုန်းက ကလေးမြို့မှာ NLD ခေါင်းဆောင်တွေ၊ နောက် ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဝါရင့် နိုင်ငံရေးသမားကြီးများအဖွဲ့က ခေါင်းဆောင်တွေ ချုပ်ဆိုထားတဲ့ သဘောထားထင်မြင်ချက် အဲဒါကို လက်တွေ့အကောင်အထည်ဖေါ်လာနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် တွန်းအားပေးရင်ကောင်းမယ်လို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်။

ကျနော်တို့နိုင်ငံမှာ အဲဒီ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်ဘဲနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံ ဘယ်လိုမှဖြစ်လာမှာမဟုတ်ဘူး။ ဒီကနေ့ပြည်တွင်းစစ်တွေဖြစ်နေရတာဟာ အမှန်ကတော့ တိုင်းရင်းသား အခွင့်အရေးတွေ ဆုံးရှုံးနေလို့ပါ။ ဒေါ်အောင်ဆန်းစုကြည်သိပါတယ်။

ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်

ဒီမိုကရေစီအရေးတွက် အရိပ်အယောင် သန်းလာတဲ့ သဘောရှိတယ်…

ဒေါ်အောင်ဆန်းစုကြည် လုပ်ပေးနိုင်မယ်ဆိုရင် လုပ်ပေးစေချင်တာက သူနဲ့ ဘဝတူ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးလွတ်မြောက်ဖို့ကို ကြိုးပမ်းစေချင်တယ်… ဒုတိယ တချက်က ဒီမိုကရေစီအရေးကြိုးပမ်းရင်းနဲ့ အမျိုးသားရင်ကြားစေ့ရေးကို တဆက်ထဲ ကြိုးပမ်း စေချင်တယ်…

တိုင်းရင်းသားတွေအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရအောင် အပစ်ခတ် ရပ်စဲထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ သော်လည်းကောင်း အပစ်အခတ်ရပ်စဲခြင်းမရှိသေးတဲ့ အဖွဲ့တွေနဲ့သော်လည်းကောင်း ဒီလက်ရှိ အစိုးရနဲ့ အဆင်ပြေပြေညှိနှိုင်း ဆောင်ရွက်ပေးဖို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်ဖို့ တနည်းအားဖြင့် နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပေးဖို့ ကျနော်တို့ မျှော်လင့်ပါတယ်…

ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်

ကျနော်တို့ အထင် အခုချိန်ခါမှာ ဘာအလိုအပ်ဆုံးလဲဆိုတော့ ကျနော် ကလေးမြို့ မှာ ကြေညာတဲ့အတိုင်း ဒုတိယပင်လုံ ညီလာခံလိုနေတယ်… အခု အခြေခံဥပဒေ ဆွဲထားတယ် ပြောတယ်၊ ဒါတွေ ကျနော်တို့ လက်မခံဘူး… အခု ရွေးကောက်ပွဲ လုပ်တယ်၊ ဒါကို ကျနော်တို့ လက်မခံနိုင်ဘူး

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာခြင်းနှင့်စပ်လျဉ်း၍ ကေအဲန်ယူ၏သဘောထား ထုတ်ပြန်ကြေငြာချက်


KNU Statement to Daw Aung San Suu Kyi -

လူ့ အခွင့်အရေးချိုးဖေါက်မှုသတင်း


News - Nov 12 - 2010 -

Monday, November 15, 2010

ENC Statement on the release of Daw Aung San Suu Kyi


ENC Statement on the Release of ASSK.docx -

ဂျပန်နိုင်ငံTBSသတင်းဋ္ဌာနမှတင်ဆက်သော ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မှု

အတူတကွ တွန်းလှန်ကြပြီ

ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေမှ BGFသတင်း

နိုဝင်ဘာ ၁၄၊ ၂၀၁၀၊ ကေအိုင်စီ


ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ လှိုင်းဘွဲမြို့နယ်အတွင်းရှိ မဲ့သဝေါ၊ မိအေးပူ၊ မြိုင်ကြီးငူ စသည့်ဒေသများမှ နယ်ခြားစောင့်တပ်များမှာ ၎င်းတို့၏ BGF ယူနီဖောင်းကို ချွတ်လိုက်ပြီးဖြစ်ကြောင်း နိုဝင်ဘာလ ၁၃ရက်နေ့ညနေပိုင်းက အတည်မပြုနိုင်သေးသည့် နယ်စပ်သတင်းများအရ သိရသည်။

ယင်းသို့ နယ်ခြားစောင့်တပ် ၀တ်စုံချွတ်လဲလိုက်သည့် တပ်များထဲတွင် ဗိုလ်ချစ်သူ၏ လက်အောက်ခံ နယ်ခြားစောင့်တပ်များ မပါဝင်ဟု သိရသည်။ ထိုနေ့မတိုင်ခင်က မြိုင်ကြီးငူဆရာတော် ဦးသုဇနက မြိုင်ကြီးငူအထူးဒေသတွင် နယ်ခြားစောင့်တပ်များကို ဒီကေဘီအေ ၀တ်စုံချွတ်လဲရန် ပြောဆိုလိုက်သည်ဟု ထိုဒေသမှလာသည့် သတင်းအရ သိရသည်။ သို့သော် သတင်းအချက်အလက် ပိုမိုတိကျရန်အတွက် ဆက်လက် အတည်ပြု တင်ပြ သွားမည်ဖြစ်သည်။

မြ၀တီတွင် လုံခြုံရေးချထားမှု မရုပ်သိမ်းသေး

နိုဝင်ဘာလ ၁၄ရက်။ ကေအိုင်စီ



ပြီးခဲ့သည့် နိုဝင်ဘာလ ၈ရက်နေ့က နအဖ စစ်အစိုးရတပ်နှင့် ဒီကေဘီအေတို့အကြား ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုမှာ ရပ်တန့်သွား ခဲ့သော်လည်း မြ၀တီမြို့တွင်း နေရာအနှံ့အပြား၌ စစ်တပ်မှ လုံခြုံရေးချထားကာ စောင့်ကြပ်လျှက်ရှိကြောင်း သိရသည်။

အမည်မဖော်လိုသူ မြို့ခံတစ်ဦးက “လုံခြုံရေးတွေကတော့ အပြည့်ပါပဲ။ လမ်းဆုံတွေ၊ တောင်ကုန်းတွေ၊ တိုက်တွေပေါ်မှာ စစ် တပ်တွေက ဟိုတစု၊ ဒီတစု စောင့်ကြည့်နေတာပဲကော။ မြင့်တဲ့နေရာတွေမှာလည်း သူတို့ရှိနေတယ်။ ရဲတွေတော့ စောင့်တာ မတွေ့ရဘူး။”ဟု ဆိုသည်။

ယင်းသို့ မြ၀တီမြို့တွင် လုံခြုံရေးကို ချထားနေကြသူများမှာ စစ်တပ်မှဖြစ်ပြီး နယ်ခြားစောင့်တပ်များမှာ လုံခြုံရေးစောင့်နေမှု မရှိသော်လည်း မြို့တွင်း၌ လှည့်လည်သွားလာနေသည်ဟုလည်း မြင်တွေ့သူများက ပြောသည်။

“နေရထိုင်ရတာကတော့ စိတ်အချကြီး မဟုတ်သေးပါဘူး။ ဘယ်တော့ ထဖြစ်အုံးမလဲပဲ လူတွေက နားစွင့်နေကြတုန်း။ ည ဘက်ဆိုလည်း ကိုယ့်အိမ်ထဲမှာ မီးကို တပွင့်ထဲ ဖွင့်ထားရဲတာ။ အရင်လို တအိမ်လုံး ထိန်နေအောင် မဖွင့်ရဲဘူး။ ဘာဖြစ်လာ မယ်မှန်း မသိဘဲနဲ့လေ။ ပြောသံကြားတာက ဒီ ၁၃၊ ၁၄၊ ၁၅ရက်တွေမှာ သတိထားရမယ်လို့ ပြောနေကြတာပဲ။”ဟု ကုန်သည် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် နှစ်နိုင်ငံ နယ်စပ်ဂိတ်များ၌ ကုန်များကို ယခင်ကလို ညဘက်တွင် ကုန်တင်ကုန်ချမှုများ ပြန်လည် ပြုလုပ်နေ သလို မြ၀တီ-ကော့ကရိတ် ကားလမ်းလည်း ပြန်လည်သွားလာနေပြီဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၂ရက်ကလည်း စစ်တပ်နှင့် ရဲများက မြ၀တီမြို့တွင် ရပ်ကွက်တခုချင်းစီအလိုက် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ ခေါ်ယူကာ နယ်ခြားစောင့်တပ်(BGF)နှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များ၏ နေအိမ်များကို မနက်မှ ညနေအထိ စစ်ဆေးမေးမြန်း ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု နီးစပ်သူတစ်ဦးက ပြောပြသည်။

“သူတို့က အဖွဲ့အစည်းထဲက လက်ကျန်လူတွေကို လိုက်စစ်တာ။ BGF အိမ်လား၊ ဒီကေဘီအေအိမ်လားပေါ့ မေးတယ်။ လက် ရှိကော လုပ်နေသေးလားပေါ့။ ကျနော့်သူငယ်ချင်း ဒီကေဘီအေတယောက် သူက အောက်ပြန်ဆင်းသွားတယ်။ လာမေးတော့ သူ့ညီမပဲရှိတယ်။ သူ့အခန်းက သော့ခတ်ထားတော့ သော့ကိုရိုက်ဖျက်လိုက်တယ်။ နောက် အခန်းထဲမှာရှိတဲ့ သေနတ်ကျည် ဆံတွေကို သိမ်းယူသွားတယ်။ အဲဒါက အမှတ်(၅) ကျွန်းတောဘက်မှာ။”ဟု ဆိုသည်။

ထိုသို့ စစ်ဆေးခံရသည့် အခြားအိမ်ရှင်မတစ်ဦးက “သူတို့လာတာ ရပ်ကွက်လူကြီးနဲ့ စစ်သား လေးငါးဆယ်ယောက်၊ ရဲက လေးငါးယောက်ပါပဲ။ အိမ်ပေါ်တက်လာတာ ရဲဘော်လေးတွေပဲ။ သူတို့က ကျမယောက်ျားကိုမေးတယ်။ နောက် ကိုယ်ပိုင်နံ ပါတ်တွေ မေးတယ်။ ကျမလည်း မသိဘူး။ နောက်ပြီး သူ့အရာရှိနာမည်ကို မေးတယ်။ နောက် အခန်းထဲဝင်ရှာတယ်။”ဟု ပြော သည်။

အလားတူ ဘုရားသုံးဆူဘက်တွင် ပစ်ခတ်မှုများ တိတ်ဆိတ်သွားပြီး ထိုင်းဘက်ခြမ်းထွက်ပြေးသည့် လူထုမှာ နေရပ်ပြန်သွား ကြပြီးဖြစ်သော်လည်း နအဖ စစ်တပ်မှ လုံခြုံရေးချထားနေဆဲဖြစ်သည်ဟု ဘုရားသုံးဆူမြို့တွင် နေထိုင်သူများက ပြောသည်။

လက်ရှိအချိန်ထိ မြ၀တီဈေး၌ ဈေးသည်ဈေးဝယ်များသာ သွားလာရောင်းဝယ်မှုရှိပြီး ဌာနဆိုင်ရာ ရုံးများ။ စာသင်ကျောင်းများ နှင့် ဘဏ်များ ဖွင့်လှစ်ခြင်းမရှိသေးသလို အိမ်ဆိုင်၊ စတိုးဆိုင်ကြီးများလည်း မဖွင့်သေးကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ(၁၄.၁၁.၂၀၁၀)

ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ (၂၀၁၀ နိုဝင်ဘာ ၁၄ ရက်၊ ရန်ကုန်မြို့)


ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း

ဒီနေ့ နိုဝင်ဘာ ၁၄ ရက်၊ NLD ရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ မိန့်ခွန်းပါ။


Update News on 14 Nov 2010


Update News on Nov-14-2010 -

Sunday, November 14, 2010

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၃-၁၁-၂၀၁၀ ပထမဆုံး ပြောစကားအသံဖိုင်

speek of DASSK by yeyintnge
Daw Aung San Suu Kyi ထွက်ထွက်ခြင်း ပြောသော စကားများ by thargyi74

I was born in Karen State and I will die in Karen State.wmv

Myanmar democracy leader Aung San Suu Kyi released Events in the life of Myanmar's Aung San Suu Kyi

YANGON, Myanmar (AP) -- Myanmar democracy heroine Aung San Suu Kyi tasted freedom Saturday for the first time in 7 1/2 years, as jubilant supporters stormed the lakeside compound that was her home and prison minutes after the country's military rulers authorized her release.

After the national police chief read Suu Kyi the official order, several thousand supporters at her residence began singing the national anthem when the Nobel Peace Prize laureate poked her head over the gate.

Wearing a traditional Burmese jacket, Suu Kyi was given bouquets of flowers from admirers. She removed one and put it in her hair as the crowd clapped and cheered.

A smiling Suu Kyi spent almost 10 minutes asking throngs of chanting supporters to quiet down before speaking briefly. She asked listeners to spread her words to those standing in the back who couldn't hear.

"If we work in unity, we will achieve our goal. We have a lot of things to do," Suu Kyi told well-wishers, who quickly swelled to as many as 5,000. She said she would see them again Sunday at the headquarters of her political party.

While her release elated many, from ordinary Myanmar citizens to world leaders, some warned her struggle was far from over.

London-based rights group Amnesty International estimates more than 2,200 political prisoners remain jailed by the junta.

"While Daw Aung San Suu Kyi's release is certainly welcome, it only marks the end of an unfair sentence that was illegally extended, and is by no means a concession on the part of the authorities," said Amnesty's Secretary-General Salil Shetty.

"The fact remains that authorities should never have arrested her or the many other prisoners of conscience in Burma in the first place, locking them out of the political process."

The release of one of the world's most prominent political prisoners came a week after an election that was swept by the military's proxy political party and decried by Western nations as a sham designed to perpetuate authoritarian control.

The 65-year-old, whose latest period of detention started in May 2003, has come to symbolize the struggle for democracy in the Southeast Asian nation ruled by the military since 1962. Suu Kyi has been jailed or under house arrest for more than 15 of the last 21 years.

Supporters had been waiting most of the day near her residence and the headquarters of her party.

As her release was under way, riot police stationed in the area left the scene and a barbed-wire barricade near her residence was removed, allowing the waiting supporters to surge forward.

Mya Kyi, a 65-year-old housewife with tears rolling down her face, said she had waited anxiously since the morning after traveling 25 miles (40 kilometers) from her home north of Yangon. "Now that I have seen her face, I'm ready to die," she said.

Suu Kyi's release was immediately welcomed by world leaders.

President Barack Obama called Suu Kyi "a hero of mine" and said the United States "welcomes her long overdue release."

"Whether Aung San Suu Kyi is living in the prison of her house, or the prison of her country, does not change the fact that she, and the political opposition she represents, has been systematically silenced, incarcerated, and deprived of any opportunity to engage in political processes," Obama said in a statement.

U.N. Secretary-General Ban Ki-moon praised Suu Kyi upon her release. "Her dignity and courage in the face of injustice have been an inspiration to many people around the world," Ban said in a statement.

British Prime Minister David Cameron said her freedom was long overdue. "Aung San Suu Kyi is an inspiration for all of us who believe in freedom of speech, democracy and human rights," he said in a statement.

In a rare mention of the opposition leader, state television announced Saturday night that national police chief Maj. Gen. Khin Yee visited Suu Kyi at 5 p.m. to read the official release order.

Khin Yee said he was happy to see Suu Kyi in good health, and that the authorities were ready to provide any assistance she needs, the report said.

The police chief told her authorities want to maintain the rule of law, peace, stability and tranquility, and Suu Kyi replied "she feels the same way, too," it said.

Critics say the Nov. 7 elections were manipulated to give the pro-military party a sweeping victory. Results have been released piecemeal and already have given the junta-backed Union Solidarity and Development Party a majority in both houses of Parliament.

The last elections in 1990 were won overwhelmingly by Suu Kyi's National League for Democracy party, but the military refused to hand over power and instead clamped down on opponents.

Suu Kyi's release gives the junta some ammunition against critics of the election and the government's human rights record, which includes the continued detention of some 2,200 political prisoners and brutal military campaigns against ethnic minorities.

It is unlikely the ruling generals will allow Suu Kyi, who drew huge crowds of supporters during her few periods of freedom, to actively and publicly pursue her goal of bringing democracy to Myanmar, formerly known as Burma.

But some see hope in her release.

"There is no formal opposition (in Myanmar) so her release is going to represent an opportunity to re-energize and reorganize this opposition. So in that sense, of revitalizing the opposition in some concrete way, Suu Kyi's release is going to be very pivotal," said Maung Zarni, an exiled dissident and Myanmar research fellow at the London School of Economics.

Suu Kyi was convicted last year of violating the terms of her previous detention by briefly sheltering an American man who swam uninvited to her lakeside home, extending a period of continuous detention that began in 2003 after her motorcade was ambushed in northern Myanmar by a government-backed mob.

Suu Kyi has shown her mettle time and again since taking up the democracy struggle in 1988.

Having spent much of her life abroad, she returned home to take care of her ailing mother just as mass demonstrations were breaking out against 25 years of military rule. She was quickly thrust into a leadership role, mainly because she was the daughter of Aung San, who led Myanmar to independence from Britain before his assassination by political rivals.

She rode out the military's bloody suppression of street demonstrations to help found the NLD. Her defiance gained her fame and honor, most notably the 1991 Nobel Peace Prize.

Charismatic, tireless and outspoken, her popularity threatened the country's new military rulers. In 1989, she was detained on trumped-up national security charges and put under house arrest. She was not released until 1995 and has spent various periods in detention since then.

Suu Kyi's freedom had been a key demand of Western nations and groups critical of the military regime's poor human rights record. The military government, seeking to burnish its international image, had responded previously by offering to talk with her, only to later shy away from serious negotiations.

Suu Kyi - who was barred from running in this month's elections - plans to help probe allegations of voting fraud, according to Nyan Win, who is a spokesman for her party, which was officially disbanded for refusing to reregister for this year's polls.

Such action, which could embarrass the junta, poses the sort of challenge the military has reacted to in the past by detaining Suu Kyi.

Awaiting her release in neighboring Thailand was the younger of her two sons, Kim Aris, who is seeking the chance to see his mother for the first time in 10 years. Aris lives in Britain and has been repeatedly denied visas.

Her late husband, British scholar Michael Aris, raised their sons in England. Their eldest son, Alexander Aris, accepted the Nobel Peace Prize on his mother's behalf in 1991 and reportedly lives in the United States.

Michael Aris died of cancer in 1999 at age 53 after having been denied visas to see his wife for the three years before his death. Suu Kyi could have left Myanmar to see her family but decided not to, fearing the junta would not allow her back in.

ကရင်ပြည်သူများရင်ထဲက Hero နှင့် Zero

ထမင်းအတူစားပြီးရင် ရန်သူကို အတူတကွ တွန်းလှန်မည် - ဗီဒီယိုမှတ်တမ်း