Friday, December 23, 2011

၂၀၁၂ ဇန်န၀ါရီလတွင် အစိုးရနှင့် သွားရောက်တွေ့ဆုံမည်ဟု ကေအဲန်ယူပြောဆို

ဒီဇင်ဘာလ ၂၁ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)

Photo-KNU (ပထမအကြိမ် တွေ့ဆုံခဲ့သည့် အစိုးရကိုယ်စားလှယ်နှင့် ကေအဲန်ယူကိုယ်စားလှယ်များ)
ကရင်အမျိုးသားအစည်းအရုံး (KNU) သည် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် လာမည့်နှစ် ဇန်န၀ါရီ ၁၂ရက် နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၌ မြန်မာအစိုးရနှင့် သွားရောက်တွေ့ဆုံမည်ဟု KNU ဘက်က ပြောဆိုလိုက်သည်။


ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယနေ့မနက် ၉နာရီမှ ၁၁နာရီခွဲအထိ တွေ့ဆုံခဲ့သည့် အလွတ်သဘော ဆွေးနွေးပွဲတွင် ယင်းသို့ ဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း ကိုယ်တိုင်ပါဝင်ခဲ့သူ KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ပဒိုစောဒေး ဗစ်ထောက ယခုလို ပြောသည်။

“အခုအလွတ်သဘော ဆွေးနွေးတာက ဘားအံမှာ သွားရောက်တွေ့ဆုံမဲ့ကိစ္စကို အဓိကထား ဆွေးနွေးကြတာပါ။ လာမဲ့ ဇန်န ၀ါရီလ ၁၂ရက်မှာ တွေ့ဆုံကြမှာမို့ အဲဒီရက်မတိုင်ခင် အစိုးရဘက်က သွားလာရေးတွေ စီစဉ်ထားရအောင်ပါ။ ဘားအံမှာတွေ့ မှာက တရားဝင်တွေ့မှာပါ။ ဒီနေ့တွေ့တာက အလွတ်သဘောမျိုးပါ။”ဟု ကေအိုင်စီသို့ ပြောသည်။

ယနေ့တွေ့ဆုံမှုတွင် မြန်မာအစိုးရဘက်မှ ပြည်ထောင်စုအဆင့် မီးရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ၈ဦးအဖွဲ့နှင့် KNU ဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဥက္ကဌ ပဒိုစောဒေးဗစ်သကဘော ဦးဆောင်သည့် အဖွဲ့ဝင် ၇ဦးတို့ ပါဝင်ခဲ့ကြသည်။

KNU သည် ဗဟိုအစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် တွေ့ဆုံမှုမှာ ယခုတကြိမ်သည် တတိယအကြိမ်ဖြစ်ပြီး ငြိမ်းချမ်း ရေးနှင့် အပစ်အခတ်ရပ်စဲရေးအပေါ် သူ့အမြင်ကိုယ့်အမြင် အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြသည့်အပေါ် နှစ်ဦးနှစ်ဖက် ကိုယ်စားလှယ်များအနေဖြင့် ကျေနပ်အားရမှုရှိကြောင်းနှင့် ဆက်ဆံရေးအရ ပိုမိုရင်းနှီးလာကြောင်းလည်း KNU ဘက်က ပြော ဆိုသည်။

မကြာမီ သွားရောက်တွေ့ဆုံမည့်ကိစ္စတွင် အဓိကအားဖြင့် အပစ်အခတ်ရပ်စဲရေးကို စတင် ဆွေးနွေးသွားပြီး ထိုမှတဆင့် ငြိမ်း ချမ်းရေးကိစ္စကို ဆက်လက် ပြောဆိုသွားမည့်အကြောင်း KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဥက္ကဌ ပဒိုစောဒေးဗစ်သ ကဘောက ပြောသည်။

ပဒိုစောဒေးဗစ်သကဘောက “ဘားအံမှာ သွားဆွေးနွေးမဲ့ အပစ်အခတ်ရပ်စဲရေး ဆိုတာကလည်း ပြီးစလွယ်လုပ်လို့ မရဘူး လေ။ စနစ်တကျနဲ့ စည်းကမ်းရှိရှိ လုပ်ရမယ်။ အပစ်ရပ်ရေးကနေ political dialogue ကိုသွားမယ်။ ကျနော်တို့ လိုလားတာက တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးမို့ ဒါကို မူအရ တဆင့်ချင်း လုပ်သွားရမယ်။”ဟု ဆိုသည်။

သို့သော် KNU အနေဖြင့် အစိုးရနှင့် သွားရောက်တွေ့ဆုံမည့် ကိုယ်စားလှယ်များကို သတ်မှတ်ရွေးချယ်ထားခြင်း မရှိသေး သော်လည်း အပစ်အခတ်ရပ်စဲရေးဖြစ်သည့်အတွက် KNU ဘက်မှ တပ်ဗိုလ်တပ်မှူးများကို ရွေးချယ်စေလွှတ်သွားမည့် အနေအ ထားတွင်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ကျနော်တို့ ခုချိန်ထိတော့ သွားမဲ့ကိုယ်စားလှယ်တွေကို မရွေးချယ်ရသေးပါဘူး။ တကယ်ရွေးဖြစ်ရင်လည်း တပ်ဖက်ဆိုင်ရာ တွေ ပိုများနိုင်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာက တောင်ပိုင်း၊ မြောက်ပိုင်း တပ်တွေရှိတာမို့ပါ။”ဟု ပြောသည်။

ယင်းသို့သွားရောက်ဆွေးနွေးရန် ထိုင်း-မြန်မာနယ်စပ် မြ၀တီကားလမ်းမှ သွားမည်ဖြစ်ပြီး မြန်မာအစိုးရအာဏာပိုင်များဘက်မှ ဇန်န၀ါရီလ ၁၀ရက်၊ ၁၁ရက်နေ့များတွင် လာရောက်ကြိုဆိုမည်ဖြစ်ကြောင်းလည်း သိရသည်။

၁၉၄၉ခုနှစ်၊ ဇန်န၀ါရီလ ၃၁ရက်နေ့မှစ၍ နှစ်ပေါင်း ၆၃နှစ်နီးပါး မြန်မာအစိုးရကို ခုခံတော်လှန်ခဲ့သည့် KNU သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ရက်မှ ၁၁ရက်နေ့အထိ ပြုလုပ်သည့် အရေးပေါ် အစည်းအဝေးတွင် အဖွဲ့ဝင် ၇ဦးပါသည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီကို ဖွဲ့စည်းလိုက်သည်။
၎င်းကော်မတီတွင် ဥက္ကဌအဖြစ် KNU ဒုဥက္ကဌ ပဒိုစောဒေးဗစ်သကဘော၊ ကော်မတီဒုဥက္ကဌအဖြစ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူ တူးစေးဖိုး၊ အတွင်းရေးမှူးအဖြစ် ပဒိုစောဒေးဗစ်ထောတို့ဖြစ်ကြပြီး အဖွဲ့ဝင်များအဖြစ် အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုး ရာစိန်၊ ကျန်းမာရေးတာဝန်ခံ ဗိုလ်မှူးရောဂျာခင်၊ သစ်တောတာဝန်ခံ ပဒိုစောအားတိုးနှင့် ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော် အေးတို့ ပါဝင်သည်။

မြန်မာပြည်တွင် ဦးသိန်းစိန်အစိုးရတက်ပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးရန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ကို ယခုလ ၉ရက်နေ့က ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

ထိုအဖွဲ့တွင် မီးရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ သမ၀ါယမ၀န်ကြီး ဦးအုန်းမြင့်၊ လူဝင်မှုကြီး ကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်း၊ စွမ်းအင်ဝန်ကြီး ဦးသန်းဌေး၊ နယ်စပ် ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ အမှတ်-၂ လျှပ်စစ်ဝန်ကြီးဌာနမှ ဦးခင်မောင်စိုးနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဗိုလ်မှူးကြီးကျော်စိုးဝင်းတို့ ပါဝင်သည်။

KNU သည် စက်တင်ဘာလ ၁၀ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ပထမအကြိမ်၊ နိုဝင်ဘာလ ၁၉နှင့် ၂၀ရက်နေ့များက ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၌ ဒုတိယအကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်သည်။

ဦးခေါင်းနှစ်လုံးပါရှိသည့် ကလေးငယ်အားမွေးဖွား... ကျန်းမာစွာရှိသည့် အပြင် ဦးခေါင်းနှစ်လုံးစလုံးမှ နို့  စို့ နိုင်....

ဘရာဇီးနိုင်ငံသူအမျိုးသမီးတစ်ဦးမှ ဦးခေါင်းနှစ်လုံးပါရှိသည့် 
ကလေးငယ်တစ်ဦးမွေးဖွားခဲ့ သည်ဟု ယနေ့ ထုတ်သတင်းများကဆိုပါတယ်...
၉.၉ ပေါင်ကိုယ်အလေးချိန်ရှိ အဆိုပါကလေးငယ်အားဘရာဇီးနိုင်ငံမြောက်ပိုင်း၊
ပါရာပြည်နယ်ရှိ အနာဂျာ့ စ်ဆေးရုံတွင် ဗိုက်ခွဲမွေးဖွားခဲ့ ရတာဖြစ်ပါတယ်....
ကလေးငယ်တွင် ဦးခေါင်းနှစ်လုံးပါရှိပြီး နှလုံးတစ်ခုရှိကာ ခန္ဓာကိုယ်၏
အရေးပါသောအင်္ဂါအစိတ်အပိုင်းများ အားလုံး ပုံမှန်အလုပ်လုပ်လျှက်ရှိနေပါတယ်...

မွေးကင်းစကလေးငယ်မှာ ကျန်းမာရေးအထူးကောင်းမွန်ပြီး ဦးခေါင်း ၂ လုံးစလုံးဟာလည်း ပုံမှန်လည်ပါတ် လှုပ်ရှားနေပါတယ်...
အဆိုပါပြည်နယ်၏ကျေးလက်တောရွာဒေသတွင်နေထိုင်သည့် အသက် ၂၅ နှစ်အရွယ်ရှိအဆိုပါအမျိုးသမီး
ဟာ ကိုယ်ဝန်ဆောင်စဉ်ကာလတွင် အပ်ထရာဆောင်း၊ ဓါတ်မှန်ရိုက်ကူးခဲ့ ခြင်းမရှိပဲ လွန်ခဲ့ သည့် တနင်္လာ
နေ့ နံနက်ပိုင်း ၁ နာရီအချိန် ကလေးမွေးခင် မိနစ်ပိုင်းအလိုတွင်သာ ဖြစ်ရပ်ဆန်းအားသိရှိခဲ့ ရခြင်းဖြစ်ပါ
တယ်....
မိခင်ဖြစ်သူဟာ မီးဖွားရန်ဗိုက်နာလာခဲ့ တာမို့ ဆေး၇ုံသို့ လာရန်ဆုံးဖြတ်ခဲ့ တာဖြစ်တယ်လို့ ဆေး၇ုံအုပ်ချူပ်
ရေးမှူး ကလောဒီရိုနော အက်စစ်ဒီဗာ့ စကွန်ဆယ်လို့ စ် က ဘရာဇီးနိုင်ငံမှ အိုပိုဗို သတင်းစာကိုပြောပြခဲ့ 
ပါတယ်...
ဆရာဝန်တွေသူမကိုစစ်ဆေးကြည့် လိုက်သည့် အခါတွင်တော့ ကလေးငယ်တွင် ဦးခေါင်းနှစ်လုံးရှိနေသည်
ကိုသိရှိခဲ့ လိုက်ကြပြီး သာမန်မွေးဖွားမည်ဆိုပါက မိခင်ရောကလေးပါ အန္တရယ်ရှိနိုင်သည်ကို တွေ့ ရှိခဲ့ ကြ
ပါတယ်....ကလေးငယ်မှာ မွေးဖွားခါနီးပုံမှန် (ဦးခေါင်းအောက်စိုက်)ဖြစ်မနေပဲထိုင်လျှက်အနေအထားမို့ 
တစ်နာရီမျှကြာအောင် ဗိုက်ခွဲမွေးဖွားခဲ့ ရပါတယ်...
ဆေးရုံအငယ်စားတစ်ခုမို့ ပြဿနာအခက်အခဲများရှိသော်ငြားလည်း ကျွန်မတို့ အနေနှင့် အဓိကရည်မှန်း
ချက်ဖြစ်သည့် မိခင်ရောကလေးငယ်ကိုပါ အသက်ကယ်တင်နိုင်ခဲ့ ပါတယ်....
အထူးသဖြင့် ကလေးငယ်ဟာ ကျန်းမာရေးကောင်းမွန်နေတာကိုက ကျွန်မတို့ အတွက် အဓိကအံ့ သြ၀မ်း
မြောက်ဖွယ်ရာ ဖြစ်နေခဲ့ ပါတယ် လို့ သူမကပြောကြားခဲ့ ပါတယ်...
ကိုပီတာဆီကနေ မ လာပါသည်။

အကောင်းဆုံး ထမင်းချက်နည်း ၊၊ ရေသောက်တဲ့အခါ သတိပြုပါ

Wednesday, December 21, 2011

အကောင်းဆုံး ထမင်းချက်နည်း

အကောင်းဆုံး ထမင်းချက်နည်း
အကောင်းဆုံး ထမင်းချက်နည်းဟာ ဆင့်ထဲမှာ ဘုံပိုင်ထဲက ဘုံပိုင်ရေ ကို မထည့်ဘဲ ရေနွေးထည့်ခြင်းပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘုံပိုင်ရေထဲမှာ များသောအားဖြင့် ကလိုရင်းဓါတ်ငွေ့ ပါဝင်လို့ ထမင်းချက်တဲ့အခါ ဆန်ထဲမှာ ပါတဲ့ ဗီတာမင် ဘီ-၁ ကို ပျက်ပြယ်စေတတ်တယ်။

ရေနွေးနဲ့ထမင်းကိုချက်တယ်ဆိုရင်တော့ ဗီတာမင် ဘီ-၁ကို ထိန်းသိမ်း ထားနိုင်ပါတယ်။ တကယ်လို့ ထမင်းသိုးသွားရင် ထမင်းပေါ်မှာ ပေါင်နမုန့်ဘေးသား တစ်ချပ်ကို ထည့်လိုက်ပါ။

ထမင်းအိုးကို စလောင်းဖုံးနဲ့ ၅-မိနစ်လောက် ဖုံးထားပါ၊ ၅-မိနစ်ပြီးတော့ ပေါင်မုန့်ရဲ့ဘေးသားဟာ အဲဒိသိုးနံ့ကို စုပ်ယူသွာ်းပါလိမ့်မယ်။


ရေသောက်တဲ့အခါ သတိပြုပါ

နံနက် စောစောအိပ်ရာထပြီးတော့ ရေ တစ်ခွက်ကို အရင်သောက်လိုက်ပါ၊
အဲဒါဟာ ကျောက်တည်ရောဂါကို ကြိုတင်ကာကွယ်နိုင်ပါတယ်။
နေ့စဉ် ရေ အနည်းဆုံး ၈-ခွက်သောက်သင့်တယ်။
နေ့စဉ် ရေ ၁၀-ခွက်သောက်ရင် ဆီးအိမ်ကင်ဆာဖြစ်မှုကိုကြိုတင်ကာကွယ်နိုင်တယ်။
နေ့ခင်းမှာ ရေများများသောက်ပြီး ညမှာတော့ ရေနည်းနည်းသောက်ပါ။

ညအချိန်မှာတော့ ရေနွေးကြမ်းကို မသောက်သင့်ပါဘူး။
ဖျားနာတဲ့အခါမှာလည်း ရေနွေးကြမ်း မသောက်သင့်ပါဘူး။
အစာအိမ်ရောင်နာရောဂါသည်တွေက ရေနွေးကြမ်း မသောက်သင့်ဘူး။
အမျိုးသမီးများ မီးယပ်လာချိန်မှာလည်း ရေနွေးကြမ်း မသောက်သင့်ဘူးတဲ့။
ဘာမှမစားဘဲနဲ့ ရေနွေးကြမ်း မသောက်သင့်ပါဘူး။

အမျိုးသားများစားသုံးသင့်တဲ့ သစ်သီးဝလံ၈-မျိုး

အမျိုးသားများစားသုံးသင့်တဲ့ သစ်သီးဝလံ၈-မျိုး 
၁-သစ်တော်သီး
ဆေးလိပ်သောက်သူတွေအတွက်အကျိုးရှိလို့၊တစ်ပတ်၃-လုံးစားပါ။

၂- ဆီးသီး
အရက်သောက်သူတွေနဲ့ညဉ့်လုံးပေါက်အိပ်ရေပျက်ခံရသူတွေအတွက်အကျိုးရှိလို့၊တစ်နေ့ ၃-၄လုံးစားပါ

၃-သလဲသီး
သုက်ရည်ဂလင်းအတွက်အကျိုးရှိလို့၊ သလဲသီးရည်ခဏခဏသောက်ပါ

၎-လိမ္မော်သီး
ဗောက်တွေရှိလို့၊စိတ်ညစ်နေသူတွေအတွက်အကျိုးရှိလို့၊တစ်နေ့တစ်လုံးစားပါ

၅-ကိဝီသီး
မျက်လုံးနဲ့အသည်းအတွက်အကျိုးရှိလို့၊မကြာခဏစားပါ

၆-ပန်းသီး
သွားသန့်ရှင်းရေးအတွက်အကျိုးရှိလို့၊ တစ်နေ့တစ်လုံးစားပါ

၇-ဖရဲသီး
စိတ်တင်းကျပ်မှုဖိအားများစွာခံနေသူတွေအတွက်အကျိုးရှိလို့၊တစ်ပတ်၃-ခါစားပါ

၈-ချယ်ရီသီး
ကျန်းမာရေးလေ့ကျင့်ခန်းကိုအကြောင်းအမျိုးမျိုးကြောင့်မလုပ်နိုင်တဲ့သူတွေအတွက်အကျိုးရှိလို့၊တစ်ပတ်
ဂရမ်-၁၀၀ စားပါ

ကုလားထိုင်တစ်ခုကို ယွမ်ငွေလေးသန်း


တစ်ချိန်က မိမိတို့မိသားစုမှာ အလွန်ပင်ဆင်းရဲခဲ့ဟု 
ဂျက်ကီချန်းပြော 

22 Dec, 2011

ဘေဂျင်း။ ။ ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သူ အာရှတိုက်သား ဂျက်ကီချန်းမှာ လွန်ခဲ့သည့် စနေနေ့က ဘေဂျင်းရှိ ရန်ပုံငွေ အလှုပွဲ တစ်ခုတွင် ပြောကြားခဲ့ရာ၌ ၎င်းအနေဖြင့် ယခုလို မရှိဆင်းရဲသား များအား ပေးကမ်း စွန့်ကြဲခြင်း အလုပ်ကို အလွန်ပင် စိတ်ပါဝင်စား ရှိကြောင်းနှင့် အတိတ်ကာလ ကလည်း ယင်းသို့ ဖြစ်ခဲ့ ဖူးသဖြင့် ယခုလို စိတ်ဝင်စားရခြင်း ဖြစ်သည်ဟုလည်း ပြောကြားသွား ခဲ့သည်။

များစွာသော လူများမှာ မိမိအနေဖြင့် ပေးကမ်း လှုဒါန်းမှု များ ပြုလုပ်တိုင်း အဘယ်ကြောင့် လုပ်ရသနည်းဟု မေးမြန်းခဲ့ကြောင်း ၊ ယခုလို ပြုလုပ်ရခြင်းမှာ မိမိငယ်စဉ်က မိမိတို့ မိသားစုမှာ အလွန်ဆင်းရဲ ခဲ့ကြောင်း မိမိ၏ ဖခင်မှာ မိမိအား ရောင်းစား ရတော့မည့် အခြေအနေသို့ ရောက်အောင်ပင် ဆင်းရဲခဲ့ကြောင်း ပြောကြားသွား ခဲ့သည်။

သို့ရာတွင် ကံကောင်းအကြောင်း လှစွာပင် မိမိ နေထိုင်ခဲ့သည့် ပတ်ဝန်းကျင်တွင် လှုဒါန်းမှုကို စိတ်ဝင်စားသူများ ရှိနေခဲ့သဖြင့် ယနေ့လို ဘဝမျိုးကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း ထို့ကြောင့် မိမိအနေဖြင့် လူ့အဖွဲ့အစည်းသို့ ပြန် လည် ပေးဆပ်ရမည် ဖြစ်ကြောင်းလည်း ဂျက်ကီချန်းမှ ပြောကြားသွား ခဲ့သည်။ အသက် ၅၇ နှစ် အရွယ်ရှိပြီ ဖြစ်
သည့် ဂျက်ကီမှာ လွန်ခဲ့သည့် စနေနေ့က ၎င်း၏ တန်ဖိုးကြီး ကုလားထိုင် တစ်ခုကို လေလံတင်ပြီးလှုဒါန်းခဲ့ကြောင်း လည်း သိရသည်။

အဆိုပါ ခုံမှာ ယွမ်ငွေ လေးသန်း ရရှိခဲ့ကြောင်းလည်း သိရသည်။

မြန်မာ့ ကုန်းတွင်းရေနံတူးဖော်ခွင့် ထိုင်းနိုင်ငံ ရရှိ




မဇ္ဈိမသတင်းဌာန ။         ။ မြန်မာနိုင်ငံ ကုန်းတွင်းလုပ်ကွက် နှစ်ခုတွင် ထိုင်းနိုင်ငံ၏ အကြီးဆုံး ရေနံကုမ္ပဏီက ရေနံ တူးဖော်ခွင့် ရရှိကြောင်း သိရသည်။

နိုင်ငံခြားကုမ္ပဏီများအား လုပ်ကိုင်ခွင့်ပြုသော လုပ်ကွက် ၁၈ ခုအနက် ထိုင်းနိုင်ငံမှ PTT ရေနံ ရှာဖွေရေးနှင့် ထုတ်လုပ်ရေးကုမ္ပဏီ (PTTEP) က လုပ်ကွက် ၂ ခုကို လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး ပီချိုင်း နာရစ်သန်ဖန်က ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့ကြောင်း ရိုက်တာသတင်းဌာနတွင် ပါရှိသည်။

“ကျနော်တို့ နှစ်ခုရပါတယ်။ ဒါသေချာပါတယ်” ဟု ပီချိုင်းက ရန်ကုန်မြို့သို့သွား ရောက်ရာမှ ပြန်အရောက်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။ အဆိုပါ လုပ်ကွက်နှစ်ခုမှာ မြို့တော် နေပြည်တော်နှင့် နီးကြောင်း၊ အဆိုပါ သတင်းကို တရားဝင် မကြေငြာရသေးကြောင်း၊ လုပ်ခွင့်ရ ကုမ္ပဏီများသည် ဒေသခံကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင် ရမည် ဖြစ်ကြောင်းကိုလည်း သူက ပြောဆိုသည်။
oil-dig-2
ကုန်းတွင်းလုပ်ကွက် နှစ်ခုတွင် ထိုင်းနိုင်ငံ၏ အကြီးဆုံး ရေနံကုမ္ပဏီက ရေနံ တူးဖော်ခွင့် ရရှိကြောင်း သိရ (ဓါတ်ပုံ မဇ္ဈိမ)

အဆိုပါသတင်းသည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာ စတုတ္ထအကြိမ်မြောက် မဲခေါင်ဒေသ ထိပ်သီး အစည်းအဝေး တက်ရောက်အပြီး ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ကမ်းလွန်လုပ်ကွက် MD 7 နှင့် MD 8 တို့တွင်လည်း ရင်းနှီးမြှုပ်နှံရန် ထိုင်းနိုင်ငံက စိတ်ဝင်စားကြောင်း ဆွေးနွေး ခဲ့သည်ဟု ပီချိုင်းက သတင်းထောက်များကို ပြောသည်။

သူက ဆက်ပြီး ရေရှည်တွင် မြန်မာနိုင်ငံ၌ ဓာတ်ငွေ့ခွဲထုတ်သည့် စက်ရုံတရုံတည်ဆောက်ရန်လည်း ထိုင်းနှင့် မြန်မာ
နှစ်နိုင်ငံတို့ ပဏာမ သဘောတူညီချက်ရရှိခဲ့သည်ဟု ဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နေသော မြန်မာနိုင်ငံ၌ တရုတ်၊ ထိုင်း၊ အိန္ဒိယ နှင့် စင်္ကာပူ နိုင်ငံတို့သည် ပမာဏအများဆုံး ရင်းနှီးမြှုပ်နှံထားကြသော နိုင်ငံများဖြစ်သည်။

PTT ကုမ္ပဏီ၏ ရေနံရှာဖွေရေးလုပ်ငန်းကြီးဖြစ်သော PTTEP သည် မြန်မာနိုင်ငံတွင် စီမံကိန်း ၄ ခု၌လုပ်ကိုင်နေပြီး ရဲတံခွန်နှင့် ရတနာဓာတ်ငွေ့တွင်းများ၌လည်း အခြားကုမ္ပဏီများနှင့် တွဲဖက် လုပ်ကိုင်ရာတွင် အနည်းစု ရင်းနှီး
မြှုပ်နှံထားသည်။

ထို့ပြင် ထိုင်းကုမ္ပဏီများသည် မြန်မာနိုင်ငံတောင်ဘက် ထားဝယ်မြို့၌ အလွန်ကြီးမားသော စီမံကိန်းဖြစ်သည့် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုံ တည်ဆောက်ရာ၌ အဓိက အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်
နေသည်။ ထိုစီမံကိန်းတွင် ထိုင်းနိုင်ငံသို့ စွမ်းအင်တင်ပို့ရန် ပိုက်လိုင်းများတည်ဆောက်ခြင်းလည်း ပါဝင်သည်။

မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ကွက် ၄၇ ခု ရှိသည်။ အဆိုပါ လုပ်ကွက်များအနက် တရုတ်နိုင်ငံက ၂၃ ခုတွင် ရေနံနှင့် ဓာတ်ငွေ့ ထုတ်ယူခြင်း ပြုလုပ်နေပြီး အကြီးဆုံး ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ
ဖြစ်သည်။ မလေးရှားမှာ ဒုတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံဖြစ်သည်။

ရေနံထုတ်လုပ်နိုင်သော ရေနံမြေ တွေ့ရှိပါက အဆိုပါ ကုမ္ပဏီသည် ဝန်ကြီးဌာနတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ ထုတ်ယူရေး အတွက် ထုတ်လုပ်ခွင့် လျှောက်ထားရသည်။

“စာချုပ် ချုပ်ပြီးလို့ လုပ်ငန်းလုပ်ကိုင်ရာမှာ စီးပွါးဖြစ်ရေနံနဲ့ ဓါတ်ငွေ့ ထုတ်လုပ်နိုင်တဲ့ ရေနံမြေ တွေ့ပြီဆိုတာနဲ့ အစိုးရနဲ့ ကုမ္ပဏီတွေ အကျိုးအမြတ် ခွဲဝေရေးအတွက် ညှိနှိုင်း ဆွေးနွေးရပါတယ်။ ငွေဘယ်လောက်ပေးမယ် ဆိုတာကိုလည်း ပြောရပါတယ်” ဟု မြန်မာအရာရှိတဦးက ပြောသည်။

မြန်မာနိုင်ငံတွင် မြန်မာရေနံ အရင်းအမြစ် လီမိတက်ဟူ၍ မြန်မာပိုင် ရေနံကုမ္ပဏီ တခုသာ ရှိသည်။ ယင်းကို မိုက်ကယ်မိုးမြင့်က ပိုင်ဆိုင်သည်။ ဦးတေဇ ပိုင်ဆိုင်သည့် ထူးကုမ္ပဏီနှင့် စက်မှု ၁ ဝန်ကြီးဟောင်း ဦးအောင်သောင်း ၏သား ဦးနေအောင်တို့သည် နိုင်ငံခြား ရေနံနှင့် ဓါတ်ငွေ့ ကုမ္ပဏီများ၌ အစုရှယ်ယာများ ပိုင်ဆိုင်ကြသည်ဟု  စွမ်းအင် ဝန်ကြီးဌာနနှင့် နီးစပ်သည့် သတင်းရပ်ကွက်များ၏ အဆိုအရ သိရသည်။

လက်ရှိတွင် မြန်မာ့ကုန်းတွင်း လုပ်ကွက်များမှ တနေ့လျှင် ရေနံစိမ်းစည် ၉၃၀၀ နှင့် သဘာဝဓါတ်ငွေ့ ကုဗပေ သန်း ၁၀၀ ထုတ်လုပ်လျက် ရှိသည်။ ရတနာနှင့် ရဲတံခွန် ကမ်းလွန် သဘာဝဓါတ်ငွေ့ လုပ်ကွက်များမှ တနေ့လျှင် သဘာဝ ဓါတ်ငွေ့ ကုဗပေ သန်းတထောင်ကျော် ထုတ်လုပ်နေသည်။

စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ  မြန်မာနိုင်ငံ ကုန်းတွင်း လုပ်ကွက်များတွင် သဘာဝဓါတ်ငွေ့သိုက် ကုဗပေ သန်းထောင်ပေါင်း ၀.၄၆ ရှိပြီး ကမ်းလွန်လုပ်ကွက်တွင် ကုဗပေ ၁၇ ထရီလီယံ ရှိသည်။

မွန်ပြည်သစ်ပါတီနဲ့ အစိုးရကိုယ်စားလှယ် ဦးအောင်မင်းတို့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် စံခလဘူရီမြို့မှာ တွေ့ဆုံ

Friday, December 23, 2011 အနှစ် ၂၀ အတွင်း ပထမဆုံးအနေနဲ့ လမ်းမပေါ်မှာ ပြန်လည်ဟောပြောခွင့်ရခဲ့ပြီလို့ ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံအယ်ဒီတာ ဆရာမောင်ဝံသ ပြောကြား (ရုပ်သံ)

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား၏ ၀င်ငွေအပေါ် စည်းကြပ်ကောက်ခံသောအခွန်အား ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း သတင်းထုတ်ပြန်

Wednesday, 21 December 2011
ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ၏ ၀င်ငွေအပေါ် စည်းကြပ် ကောက်ခံသော အခွန်အား ကင်းလွတ်ခွင့် ပြုလိုက်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့မှ ဒီဇင်ဘာလ ၂၁ရက်နေ့က သတင်း ထုတ်ပြန်ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး၊ ပြည်တွင်း အခွန်များဦးစီးဌာနမှ တာဝန် ရှိသူ တစ်ဦးက အတည်ပြု ပြောကြားခဲ့ပါသည်။
အဆိုပါ ထုတ်ပြန်ချက်အရ ပြည်ပနေ နိုင်ငံသားများက နိုင်ငံခြားငွေဖြင့် ရရှိသည့် လစာ ခေါင်းစဉ် အောက်ရှိ ၀င်ငွေ စုစုပေါင်း အပေါ်ရရှိသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့် ပေးဆောင် စေသည့် ၀င် ငွေခွန်ကို ၀င်ငွေခွန် ဥပဒေ ပုဒ်မ-၅၊ပုဒ်မခွဲ(ခ) အရ ကင်းလွတ်ခွင့် ပြုလိုက်ခြင်း ဖြစ်ကြောင်းလည်း  သိရှိရသည်။
''အခုဟာက နိုင်ငံခြားကနေ နိုင်ငံခြားငွေနဲ့ ပြည်တွင်းကိုလွှဲတဲ့ လစာငွေတွေအပေါ် ကောက်ခံတဲ့ ၀င်ငွေခွန်ကို ကင်းလွတ်ခွင့် ပြုလိုက်တယ်လို့ သိရတယ်။ ဒါကြောင့် နောက်ပိုင်း ကျရင် ဟွန်တီပါ ပျောက်လာ လိမ့်မယ်လို့ ယူဆရတယ်'' ဟု လည်း စီးပွားရေး ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
''ဒီလို အခွန်လျော့ချလိုက်တော့ နိုင်ငံတော် ၀င်ငွေ လျော့သွားပေမယ့်  နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ သူတွေအတွက် ကောင်းတယ်။ နိုင်ငံခြားနဲ့ တရားဝင် ငွေလွှဲတဲ့သူ များလာမယ်။   နိုင်ငံခြား ငွေတွေလည်း တိုက်ရိုက် ၀င်လာနိုင်တယ်။ နိုင်ငံခြားကနေ ဘဏ်နဲ့ ချိတ်ပြီး တိုက်ရိုက် ငွေလွှဲတာတွေ ရှိလာမယ်။ဒီအတွက် ဘဏ်လုပ်ငန်းတွေ ဖွံ့ဖြိုးလာမယ်။ အခုဆိုရင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူ နိုင်ငံ တွေမှာလည်း မြန်မနိုင်ငံက MFTB,MICB အစရှိတဲ့ ဘဏ်ခွဲတွေ ဖွင့်မယ် ဆိုတာလည်း ကြားသိရတယ် ဆိုတော့ ပိုအဆင်ပြေသွား နိုင်တယ်။ နောက်ပိုင်း ဆိုရင် နိုင်ငံခြား ဘဏ် လုပ်ငန်းတွေလည်း ဖွင့်ပေးတော့မှာ ဆိုတော့ ငွေလွှဲတဲ့ ကိစ္စတွေ အဆင်ပြေမှာပါ'' ဟုလည်း စီးပွားရေး ပညာရှင် တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ကင်းလွတ်ခွင့် ပြုခြင်းကို ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ၁ ရက်နေ့တွင် စတင် အကျိုးသက်ရောက် မည်ဖြစ်ကြောင်းနှင့် အဆိုပါ ထုတ်ပြန် ကြေညာချက်တွင် မည်သည့်နေ့မှ မည်သည့်နေ့အထိ ခွင့်ပြုသည် ဆိုသည့် ကန့်သတ်ချက် မပါဝင်ကြောင်းလည်း သိရှိရသည်။
ထုတ်ပြန်ချက်တွင်ပါဝင် သော အကြောင်းအရာအရ ပြည်ပ၌ ၁၈၃ ရက်နှင့်အထက် နေထိုင်ခဲ့ပြီး အလုပ် လုပ်ကိုင် နေသူများ၏ လစာဝင်ငွေ အပေါ် ကောက်ခံသော ၀င်ငွေခွန်ကို ဆိုလိုခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထွက်ပြေးတိမ်းရှောင်နေသော(Action Aid ) ၀န်ထမ်း ပေါင်စွမ်းခိုင်အား အရေးယူပေးပါရန် တောင်းဆိုခြင်း


ActionAid Myanmar ၏ စီမံကိန်းတစ်ခုဖြစ်သော DIPICHO PROJECT မှကျေးရွာစည်းရုံးရေး ရာထူးဖြင့် အလုပ်လုပ်ကိုင်နေသာ အိုင်မကျေးရွာ ရှိ
မနော်ကြူကြူ အမည်ရှိ ကရင်အမျိုးသမီး ငယ်ကလေး တစ်ဦးအား၎င်းစီမံကိန်းတွင် အတူတူ လုပ်လုပ်ကိုင်နေသူ DRR Officer အဆင့်ရှိ
ပေါင်စွမ်းခိုင် (ချင်းလူမျိုး) မှ အဓ္ဓမသွေးဆောင် ဖျားယောင်း၍ခြိမ်းခြောက်ပေါင်းသင်းခဲ့သည်။

ထိုနောက် တရားဝင်လက်ထပ်ယူပါမည် ဟုနှစ်သိမ့်ကာ မည်သူကိုမျှမတိုင်ရန် ပြောဆိုခဲ့ပါသည်။ ထိုကဲ့သို့ကျူးလွန်ခဲ့ပြီး ၂လခန့်ကြာသောအခါ မကြူကြူမှ ကိုယ်ဝန်ရှိလာသောအခါ ထိုကိုယ်ဝန်ကို တာဝန်မယူနိုင်ကြောင်းပြောဆို ပြီး အတင်း ကိုယ်ဝန်ဖျက်ချရန်ကြိုးစားခဲ့ပါသည်။ မကြူကြူမှ လုံးဝလက်မခံသောအခါ ပေါင်စွမ်းခိုင်မှ လူကြီးများနှင့် လာရောက်တောင်းယူပါမည် ဟုပြောကြားခဲ့ပြီး ခဏပြန်ဦးမည်ဟုပြောဆိုခဲ့ပါသည်။ထိုနေ့ကစ၍ ယနေ့ထိတိုင် ပေါင်စွမ်းခိုင်မှာ လုံးဝမဆက်သွယ်တော့ပဲ ရှောင်တိမ်းနေပါသည်။

စော်ကားခံရသူ အမျိုးသမီးလေးမှာအရှက်တကွဲအကျိုးနဲ ရသည့်အပြင် အက်ရှင်အေ့ဒ်အဖွဲ့အနေနှင့် ကျေးရွာလူထုအား စော်ကားလိုက်ခြင်းပင်ဖြစ်ပါသည်။ ထိုမိန်းကလေးနှင့် ပတ်သက်သော မိသားစုအသိုင်းအ၀ိုင်းမှာ မျက်နှာထားစရာပင်မရှိတော့ပါ။ ထူးဆန်းသည်မှာ ထိုစီမံကိန်းတွင် တာဝန်ယူ လုပ်ဆောင်နေကြသော နိုင်ငံခြားသားဝန်ထမ်း ဘင်ဂလားဒေ့ခ်ျနိုင်ငံသား မစ်စတာ တူဟစ်ကိုယ်တိုင်သိရှိခဲ့ပြီးဖြစ်သည်။ ထို့အတူ အက်ရှင်အေ့ဒ် HR Manager ဖြစ်သောဒေါ်မော်နီး (ချင်းလူမျိုး) သည် ပေါင်စွမ်းခိုင်နှင့် ပုဂိုလ်ရေးအရရင်းနှီးသူဖြစ်ပြီး ယခုကဲ့သို့ ကိစ္စရပ်များအား အစမှအဆုံး သိရှိခဲ့သော်လည်း ယခုအခါ သူလုံးဝမသိသကဲ့သို့ ဟန်ဆောင်နေသည့်အပြင် ပေါင်စွမ်းခိုင်အား ကာကွယ်ရန် ကြိုးစား လျှက်ရှိသည်။

ထို့အပြင်ပေါင်စွမ်းခိုင်အား ထွက်ပြေတိမ်းရှောင်နိုင်စေရန်အတွက် ငွေထုပ်ပေးခဲ့သည်ဟု သိရှိရသည်။ အက်ရှင်အေ့ဒ် မှ မြို့နယ်တာဝန်ခံ အဆင့်ရှိ ၀န်ထမ်းများဖြစ်သော အောင်မင်းနိုင်၊ ခိုင်ဇာလင်းနှင့် ဒေါ်မော်နီးတို့မှ အက်ရှင်အေ့ဒ်နာမည်အား ကာကွယ်ရန်အတွက် ဟုဆိုကာ ပေါင်စွမ်းခိုင်ကိစ္စအားမည်သူကိုမျှမပြောဆိုရန် ၀န်ထမ်းများအား ညွန်ကြားထားပြီး ပြောဆိုပါက အလုပ်မှထုပ်ပြစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည် ကိုလည်းသိရှိထားပြီးဖြစ်ပါသည်။

အက်ရှင်အေ့ဒ်အဖွဲ့သည် ၀န်ထမ်းများအားမညာမတာခိုင်းစေချင်း၊ မိတ်ဖက်အဖွဲ့ အစည်းများပေါ်တွင် နည်းမျိုးစုံဖြင့်အမြတ်ထုပ်ခြင်း စသည့် နာမည်ဆိုးများဖြင့်ကျော်ကြား လျှက်ရှိသော အန်ဂျီအိုတစ်ခုဖြစ်သည်။ထို့အပြင် အက်ရှင်အေ့ဒ်အဖွဲ့သည် အမျိုးသမီးများ ကာကွယ်ရန်ပြည်တွင်း၊ပြည်ပ အန်ဂျီအိုများ စုစည်းထားသော Women Protection Group တွင်ဥကúဌအဖြစ်တာဝန်ယူထားသောအဖွဲ့ ဖြစ်ပါသည်။

အက်ရှင်အေ့ဒ်အဖွဲ့ကြီးသည် လူ့အခွင့်အရေးကိုအခြေခံသော ဖွံဖြိုးရေးနည်းလမ်းစဉ်ဖြင့် ကျေးလက်ဖွံဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်နေသောအဖွဲ့ဖြစ်ကြောင်းလေ့လာသိရှိရပါသည်။ လူ့အခွင့်အရေးများကို ကိုယ်တိုင်လုပ်နေ ကြပြီး ကိုယ်တိုင်လူ့အခွင့်အရေးများချိုးဖောက်နေခြင်းမှာ လွန်စွာမှရှက်ဖွယ်ကောင်း လှပါသည်။ အမျိုးသမီးများ ၏ အခွင့်အရေးကို ချိုးဖောက်နေသူများအား အက်ရှင်အေ့ဒ်အဖွဲ့ကြီးမှ ကာကွယ်ပေးနေသည်ကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးအဖွဲ့များအနေနှင့် ၀ံပုလွေလက်ထဲ သိုးအုပ်အပ်သကဲ့သို့ဖြစ်ပါလိမ့်မည်။အထက်ဖော်ပြပါကိစ္စရပ်များနှင့် ပက်သက်၍ အက်ရှင်အေ့ဒ်အဖွဲ့ကြီးအားကျွန်ုပ်တို့ တောင်းဆိုလိုသည်မှာ တရားမျှတရေးဖြစ်ပါသည်။

တရားမျှတစေရန်အတွက် အောက်ပါအတိုင်း အချက် (၃) ချက်ကို (၇) ရက်အတွင်း ပြုလုပ်ပေးရန် တောင်းဆိုလိုက်သည်။

၁။ လူမဆန်စွာ ပြုမှုခဲ့သော ပေါင်စွမ်းခိုင် အား တွေ့အောင်ရှာ၍ ၄င်းကျူးလွန်ခဲ့သော အပြစ်များကို သက်ဆိုင်သောသူများထံတွင်တောင်းပန် ၍ကိုယ့်တာဝန်ကိုယ်ယူရန်။
၂။ ဂုဏ်သိက္ခာပိုင်းအရ နှစ်နာခဲ့သူများအား ထိုက်သင့်သော နှစ်နာကြေးပေးရန်။
၃။ အက်ရှင်အေ့ဒ်အဖွဲ့အနေနှင့် အိုင်မရွာသူ ရွာသားများအား တရားဝင်တောင်းပန်ရန်။

အကယ်၍ (၇) အတွင်း ပြသနာများအားပြေလည်အောင်မဖြေရှင်းပေးနိုင်ပါကတရားမျှတမှုကိုမြတ်နိုးသော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆက်လက်တောင်းဆိုတိုက်ပွဲဝင်သွားမည်ဖြစ်ပါသည်။ ထို့အပြင်ဥပဒေကြောင်းအရလည်း ပြစ်မှုကျူးလွန်သူ ပေါင်းစွမ်းခိုင်အပါအ၀င် ထွက်ပြေးလွတ်မြောက်ရန်နှင့် သတင်းဖုံးကွယ်ရန် အားပေးအားမြောက်ပြုလုပ်သူများအား တရားစွဲဆိုသွားမည်ဖြစ်ကြောင်းသတိပေးအပ်ပါသည်။ ကျွန်ုပ်တို့ ထံ၌တိကျခိုင်မာသော သတင်းအချက်အလက်များနှင့် မျက်မြင်သက်သေများ စုဆောင်းရရှိထားပြီဖြစ်သည်။

(၇) ရက်အတွင်းပြေလည်အောင်မဖြေရှင်းပေးနိုင်ပါကအောက်ဖော်ပြပါအဖွဲ့အစည်းများကို ဆက်လက်တိုင်ကြားသွားမည်ဖြစ်သည်။
၁. မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်
၂. မြန်မာနိုင်ငံအမျိုးသမီးရေးရာအသင်း
၃. ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ
၎. အန်တီဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၅. အလှူရှင်အဖွဲ့အစည်းများ (DIPICHO, EU)
၆. အက်ရှင်အေ့ဒ်အင်တာနေရှင်နယ်ရုံးချုပ် (တောင်အာဖရိက)
၇. ဘင်္ဂလားဒေ့ခ်ျသံရုံး
၈. မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂရုံးများနှင့် အန်ဂျီအိုများ
၉. ပြည်တွင်းပြည်ပ မီဒီယာများ
၁၀. ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့

မှတ်ချက်။ ။ယနေ့ ၁၇.၁၁.၂၀၁၁ မှစ၍ စတင်ရေတွက်မည်ဖြစ်သည်။

ဦးဘညွန့်နှင့်တရားမျှတရေးလိုလားသူများ
လတ်ပွတ်တာမြို့၊ ဧရာဝတီတိုင်း။
HOPE lies in the heart!
Land line # (0095-1) 643110
Hand phone # ( 0095-9) 098575175

Address of KNU President, Gen Saw Tamla Baw, on Karen New Year Day (2751)

President_Adress-K-NewYear__Eng_


KNU President Speech on Karen New Year 2011- Karen
KNU_President_speech_on_Karen_New_Year_2751__Pwo_Karen_


KNU President Speech on Karen New Year 2011- Burmese

The first Noel

Silent Night, Holy Night

Joy To The World

Thursday, December 22, 2011

Leaving Home for Survival


Leaving Home for Survival from Karen News on Vimeo.

Rangoon bomb kills one and wounds one

December 21 |
Hle Dan Junction-Rangoon
A bomb exploded near the busy Hle Dan junction in Rangoon at 11am this morning killing one and wounding pedestrians.
An eyewitness spoke to Karen News (under the condition of anonymity) said the bomb exploded at a public toilet close to Hle Dan junction.
“The bomb explosion killed one woman and an injured man was taken to Yangon Hospital. The bomb ripped apart the roof of the toilet.”
The Burmese based 7Days News Journal reported that security officers sources claimed two women were killed and one man wounded.
At the time of writing it was still unknown who is responsible for the bombing. A source close to the security officials at the scene said that they believe that there are more bombs in the area and are trying to clear the immediate area as a priority.

KNU နှင့် အစိုးရ အပစ်ရပ် အကြို ညှိနှိုင်း

By ဧရာဝတီ on December 21, 2011

ကရင် အမျိုးသား အစည်းအရုံး(KNU) နှင့် အစိုးရ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရန်အတွက် နှစ်ဘက် ကိုယ်စားလှယ်များ အကြိုညှိနှိုင်းမှုနှင့် အသေးစိတ် ဆွေးနွေးပွဲတရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ပြု လုပ်သည်။


အခမ်းအနားတခုတွင် တွေ့ရသည့် KNU တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)

အစိုးရဘက်မှ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး KNU ဘက်မှ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ပဒိုအားတိုး၊ ပဒိုဒေး ဗစ်ထောတို့ ဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော် မတီဝင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ယနေ့ဆွေးနွေးပွဲနှင့်ပတ်သက်၍ KNU ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီ၏ အဖွဲ့ခေါင်းဆောင် ပဒိုဒေးဗစ် သာ ကဘောက“ဒီနေ့တွေ့တာကတော့ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ သူ့အမြင်ကိုယ့်အမြင် တွေကို ဆွေးနွေးကြတာဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောကြားပြီး အသေးစိတ်ပြောကြားရန်ကိုမူ ငြင်းဆိုသည်။

KNU နှင့် အစိုးရ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကို လာမည့် ဇန်န၀ါရီလ ၁၂ နေ့တွင် ဘားအံမြို့ဠ် ပြုလုပ်ရန် ရှိသည်။

အစိုးရသည် KNU အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြည်ထောင် စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ကို ယခုလ ၉ ရက်နေ့က ပြင်ဆင်ဖွဲ့စည်းလိုက်သည်ဟု သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးမင်းဇော်က လက်မှတ်ထိုးထုတ်ပြန်ခဲ့သည်။

အသစ်ဖွဲ့စည်းလိုက်သည့် ထိုအဖွဲ့တွင် ဦးအောင်မင်း ရထားပို့ဆောင်ရေးဝန်ကြီး၊ ဦးစိုးသိန်း စက်မှုဝန်ကြီး၊ ဦးအုန်းမြင့် သမ၀ါယမ ၀န်ကြီး၊ ဦးခင်ရီ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီး၊ ဦးဝင်းထွန်း သဘာဝပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ၀န်ကြီး၊ ဦးသန်းဌေး စွမ်းအင်ဝန်ကြီး၊ ဗိုလ်ချုပ်ဇော်ဝင်း ဒု ၀န်ကြီး နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ဦးခင်မောင်စိုး အမှတ်၂ လျှပ်စစ် ၀န်ကြီး ဌာနနှင့် ဗိုလ်မှူးကြီး ကျော်စိုးဝင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးတို့ ဖြစ်သည်။

အစိုးရ၏ ယခင်ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး အဖွဲ့ကို လက်ရှိအာဏာရပါတီ၏ တောင်သာမြို့နယ် ပြည်သူ့လွတ် တော် ကိုယ်စားလှယ် ဦးအောင်သောင်းနှင့် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်တို့နှင့် ဦးဆောင် ဖွဲ့စည်းခဲ့သော်လည်း အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ၎င်းအဖွဲ့ကို ကြိုက်နှစ်သက်မှုမရှိခြင်းကြောင့် ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် တိုင်းရင်းသားအဖွဲ့ ၂ ဖွဲ့ မှ အဆင့်မြင့်ခေါင်းဆောင် ၂ ဦးက ဧရာဝတီသို့ ပြောသည်။

KNU သည်လည်း အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက် နိုဝင်ဘာ ၁၀ ရက်က အဖွဲ့ဝင် ၇ ဦးပါရှိသည့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။

အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ထားရှိရေး၊ အစိုးရနှင့် KNUထိန်းချုပ်ထားသော နယ်မြေများတွင် နှစ်ဘက် တပ်ဖွဲ့ဝင် များ အပြန်အလှန် အကြောင်းကြားရေး၊ ဗဟိုအစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး အတွက် နေ့ရက်၊ နေရာ သတ်မှတ်ရန် စသည့် အချက်များကို အစိုးရ ကိုယ်စားလှယ်များက ချပြထားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ် ဦးအောင်မင်းက KNUကိုယ်စားလှယ်များကို ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့သည်။ ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီး နောက်ပိုင်း KNU ကလည်း တွေ့ဆုံရန် ပြင်ဆင် ထားခဲ့သည်။

နိုဝင်ဘာ ၁၉ နှင့် ၂၀ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် တနေရာ၌ အစိုးရ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် KNU ခေါင်းဆောင်တချို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

KNU သည် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် အစိုးရအဆက်ဆက်ကို ၁၉၄၉ ခုနှစ်ဇန်န၀ါရီ လ ၃၁ ရက်နေ့က စတင်ကာ လက်နက်ကိုင်တော်လှန်ခဲ့သည်မှာ ၆၂ နှစ် ရှိပြီဖြစ်သည်။

ကရင်များစည်းလုံးရန် ဗိုလ်ချုပ် စောလားပွယ် ပြော

ကရင် တမျိုးသားလုံး စည်းလုံးညီညွတ်ရန် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA) ကလို့ထူးဘော အဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ် က ယနေ့ပြောဆိုလိုက်သည်။
ယနေ့ ကျင်းပသည့် ၁၇ နှစ်မြောက် DKBA နေ့ အခမ်းအနား(ဓာတ်ပုံ - ဧရာဝတီ)
ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေမြို့နယ်ခွဲရှိ ဆုံဆည်းမြိုင် စခန်း၌ ကျင်းပသည့် ယနေ့ ကျရောက်သော ၁၇ နှစ်မြောက် DKBA နေ့ အခမ်းအနား၌ ပြောကြားခြင်း ဖြစ်သည်။
အခမ်းအနားတွင် သဘာပတိ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်သော ဗိုလ်ချုပ်စောလားပွယ်(နှုတ်ခမ်းမွေး)က “ကရင် တမျိုးသား လုံး စည်းလုံးညီညွတ်ကြဖို့ အဓိကပြောချင်တယ်၊ ကရင်တွေစည်းလုံးမှုမရှိကြတဲ့အတွက် လိုရာပန်းတိုင်ကို မရောက်ဘူး
ဖြစ် နေတယ်၊ နိုင်ငံတကာနဲ့ပြည်တွင်း ပြည်ပက ကရင်တွေနဲ့ အမျိုးသားရေးဆောင်ရွက်နေကြတဲ့ ကရင် အဖွဲ့အစည်း တွေ အားလုံး ညီညွတ်ကြဖို့ အားလုံးမှာ တာဝန်ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ နံနက်ပိုင်းက ကျင်းပသော ထိုအခမ်းအနားသို့ DKBA တပ်ဖွဲ့ဝင်များ၊ အစိုးရ စစ်တပ်က အရာရှိ အရာခံ အကြပ် တပ်သားများနှင့် ကရင်ရိုးရာ ယဉ်ကျေးမှု အဆိုအကအဖွဲ့များ အပါအ၀င် ပရိသတ် ၄၀၀ နီးပါး တက်ရောက်ကြကြောင်း သိရသည်။
သဘာပတိအဖွဲ့ဝင် တဦးဖြစ်သည့် အစိုးရစစ်တပ် တပ်မ၂၂ လက်အောက်ခံ ခြေမြန်တပ်ရင်း(ခမရ)၂၀၄ မှ ဗိုလ်မှူး
ကျော်နိုင်ဦးကလည်း“ဒီနေ့မှာ ကျရောက်တဲ့ DKBA နေ့မှာ ကရင်တမျိုးသားလုံး လိုရာ ဆန္ဒပြည့်ဝကြပါစေ”ဟု ပြောကြား သည်။
DKBA ကလို့ထူးဘောအဖွဲ့သည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် စည်းလုံးညီညွတ်မှုများ ပြန်လည်လုပ်ဆောင် ရန် KNU အဖွဲ့ အပါအ၀င် အခြား ကရင် လက်နက်ကိုင် အဖွဲ့တချို့ကို အကြံပြုစာများ ပေးပို့ခဲ့ကြောင်း သိရသည်။
DKBA သည် ၁၉၉၄ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး(KNU)မှခွဲထွက်ပြီး ဒီဇင်ဘာ၂၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ သည်။ စတင်ဖွဲ့စည်းသည့်နေ့ရောက်တိုင်း နှစ်စဉ် အထိမ်းအမှတ်နေ့အဖြစ် ကျင်းပခဲ့သည်။
စတင်ဖွဲ့စည်းသည့် အချိန်က DKBA သည် တပ်မဟာ ၅၅၅ ၊ ၃၃၃ ၊ ၉၉၉ အပါအ၀င် လက်နက်ကိုင်အင်အား ၃၀၀၀ ကျော်ရှိခဲ့သည်။
ယခင် စစ်အစိုးရက ကမ်းလှမ်းခဲ့သော နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
DKBA တပ်မဟာအများစုနှင့် ထိပ်တန်းခေါင်းဆောင်များက နယ်ခြားစောင့်တပ် အသွင်ပြောင်းမှုကိုလက်ခံခဲ့ကြသော် လည်း ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်သည့် ကလို့ထူးဘော စစ်ဗျူဟာက စစ်အစိုးရ၏ အစီအမံကိုလက်မခံဘဲ၂၀၁၀ ပြည့် နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ ကျင်းပစဉ်ကာလတွင် DKBA အဖွဲ့မှခွဲထွက်ကာ စစ်အစိုးရကိုပြန်လည်တိုက်ခိုက်ခဲ့ သည်။
ထို့နောက်ပိုင်းတွင်  ဗိုလ်ချုပ်စောလားပွယ် အဖွဲ့သည် မြ၀တီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ့မြို့နယ်များ အတွင်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။
လက်ရှိအစိုးရသစ်က DKBA အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးကာ နှစ်ဘက်အပစ်အခတ်ရပ်စဲရေး အတွက် ယခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှစတင်ကာ ကရင်ပြည်နယ်အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှုများကို အစိုးရကိုယ်စားလှယ်များနှင့်ပြုလုပ်ခဲ့သည်။
အစိုးရနှင့် သဘောတူထားသည့် ငြိမ်းချမ်းရေးစည်းကမ်းများအရ ကလို့ထူးဘောအဖွဲ့သည် မိမိနေရာဒေသတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်ပြီး မြ၀တီမြို့တွင် ယာယီဆက် ဆံရေးရုံးများ ထားရှိခွင့် ရထားသည်။
လက်ရှိ ကလို့ထူးဘော အဖွဲ့၏ စစ်ဌာနချုပ်စခန်းသည် မြ၀တီမြို့တောင်ဘက် မိုင် ၃၀ ကျော် အကွာရှိ ဝေါ်လေမြို့နယ်ခွဲဆုံဆည်းမြိုင်ရွာတွင် အခြေစိုက်လှုပ်ရှားလျှက်ရှိသည်။
 

UNFC News

မတိုးတက်သင့်တဲ့ တိုးတက်မှု (ရုပ်သံ)

2751ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်(တောင်ကိုရီးယား)ဖိတ်ကြားလွှာ



တောင်ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေကြသောမြန်မာတိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့်ကရင်အမျိုးသား ညီအစ်ကို မောင်နှမများခင်ဗျား။
(၂၅.၁၂.၂၀၁၁)ခုနှစ် တနင်္ဂနွေနေ.တွင် ဆိုးလ်မြို.(Korea Migrants Center) ပဉ္စမထပ်(ငါးလွှာ)တွင်ကရင်သက္ကရာဇ် ၂၇၅၁ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်အားပေးချီးမြင့်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

နေ.ရက် - ၂၅.၁၂.၂၀၁၁
အချိန် - နေ.လည် ၁း၀၀နာရီ မှ ညနေ ၄း၀၀နာရီထိ
နေရာ - ( Korea Migrants Center ) ကေအမ်အလုပ်သမားစင်တာ

လမ်းညွှန်(၁) - မီးရထားစီးလာပါက လိုင်းနံပတ်(၂) Guro Digital Complex Station ( 구로디지털단지역) ထွက်ပေါက်နံပတ်(၁)မှထွက်၍ Gasan Elemantary School (가산초등학교) သို. တက္ကစီဖြင့်လာပါက ကေအမ်အလုပ်သမားစင်တာရှေ.သို.ရောက်ပါသည်။

လမ်းညွှန်(၂)- မီးရထားစီးလာပါက လိုင်းနံပတ်(၁)၊လိုင်းနံပတ်(၇)ဆုံရာဘူတာ Gasan Gigital Complex Station  (가산디지털단지역) ထွက်ပေါက်နံပတ်(၁)မှထွက်၍ Gasan Elemantary School (가산초등학교) သို. တက္ကစီဖြင့်လာပါက ကေအမ်အလုပ်သမားစင်တာရှေ.သို.ရောက်ပါသည်။

ရှေ့တန်းမထွက်လိုသည့် တပ်အရာရှိများကိုယ်စား HIV ဝေဒနာရှင်များက အစားထိုး ဆေးခွင့်ယူပေး

ဒီဇင်ဘာလ ၂၀ရက်။ နော်ဆဲကလယ် (ကေအိုင်စီ) ရန်ကုန်တိုင်းအတွင်းရှိ မြန်မာအစိုးရစစ်တပ်မှ အရာရှိများသည် ရှေ့တန်းမထွက်လိုသည့်အတွက် HIV ပိုး ကူးစက်ခံရသူများ အား ငွေပေးကာ မင်္ဂလာဒုံ စစ်ဆေးရုံသို့ကိုယ်စားဆေးရုံတက်ခိုင်းကာ ဆေးခွင့်များ ယူလျက်ရှိကြောင်း ကိုယ်စား ဆေးရုံတက် ပေးရသူ တစ်ဦးက ပြောသည်။
“ကျနော့်ကို ပွဲစားက နှစ်သိန်းပေးတယ်။ သူက ဘယ်လောက်ရလဲတော့ မသိဘူး။ ဆေးရုံ ၁၅ရက် တက်ပေးရတယ်။ သွေးစစ် တယ်။ သလိပ်စစ်တယ်။ ကိုယ်ခံအားစစ်တယ်။ ကျနော်တို့ ပိုးစတွေ့တုန်းကအတိုင်းပဲ လုပ်တာပေါ့။ ဆေးရုံမှာတော့ ကောင်း ကောင်းနေရ၊ စားရတယ်။ နာမည်ကိုတော့ ဗိုလ်ကြီးနာမည်နဲ့ တက်ရတာလေ။”ဟု ကေအိုင်စီသို့ ပြောသည်။
ဆေးရုံတက်ကြရသော HIV ပိုးကူးစက်ခံသူအများစုမှာ ဆင်းရဲသောကြောင့် ထိုသို့လုပ်ဆောင်နေကြရခြင်းဖြစ်ကြောင်း HIV /AIDS လုပ်ငန်းများ လုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများက ပြောသည်။
လက်ရှိ စစ်မက်ဖြစ်ပွားနေသည့် ကချင်ဒေသသို့ ရှေ့တန်းမသွားလိုသည့်အတွက် HIV ရောဂါသည်အား ငွေပေးငှားရမ်းကာ ဆေးရုံတက်ခိုင်းကြောင်း အမည်မဖော်လိုသူ တပ်အသိုင်းအ၀ိုင်း၏ ဆွေမျိုးတော်စပ်သူတစ်ဦးက ကေအိုင်သို့ ယခုလို ရှင်းပြ သည်။
သူက “ကျနော့်ဦးလေးက ဒုအရာခံဗိုလ်ပါ။ ကချင်ဘက်ကိုထွက်ရမှာလေ။ သူ့ကို အဖွားတို့က ရှေ့တန်းမလိုက်စေချင်ဘူး။ ဒါနဲ့ ပိုးရှိတဲ့သူတစ်ယောက်ကို ငှားပြီး ပြီးခဲ့တဲ့လက ဦးလေးကိုယ်စား ဆေးရုံတက်ခိုင်းလိုက်တယ်။ ဆေးရုံမှာ ပေးသင့်တဲ့သူတွေ အားလုံးကို ပေးရတယ်။ ခုနှစ်သိန်းလောက် ကုန်တယ်။”ဟု သူက ပြောသည်။
ယင်းကဲ့သို့ ဆေးရုံတက်ပါက HIV ပိုးကူးစက်ခံထားရသူများကိုသာမက ဆေးရုံရှိ ၀န်ထမ်းများ၊ ဆရာဝန်များကိုပါ ငွေပေးရ သည်။ ထိုကိစ္စနှင့် ပတ်သက်၍ မင်္ဂလာဒုံ စစ်ဆေးရုံသို့ ဆက်သွယ်မေးမြန်းရာတွင် ထိုအဖြစ်များမရှိကြောင်း တာဝန်ခံ ဆရာမ တစ်ဦးက ကေအိုင်စီသို့ ပြန်လည် ဖြေကြားခဲ့သည်။
ထိုသို့ လူစားထိုးကာ ဆေးခွင့်ယူသည့် တပ်အရာရှိ အများစုမှာ ဒုအရာခံဗိုလ်မှ ဗိုလ်ကြီးအဆင့်ထိဖြစ်ပြီး ၎င်းတို့နှင့် နီးစပ်သူ များက ပွဲစားအဖြစ် ပြုလုပ်ကာ ရောဂါသည်လူနာများကို ရှာဖွေဆက်သွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ပွဲစားနှင့် သိကျွမ်းသူတစ်ဦးက “ကျမသူငယ်ချင်းက ပွဲစားလေ။ သူလုပ်ပေးတာ အခုဆို ၃ယောက်ရှိပြီ။ သူတို့ပွဲစားတွေက လူနာရှာပေးတယ်။ လူနာရရင် ဈေးညှိတယ်။ သူတို့က ၅သောင်းစားတယ်။ လူနာတွေက ပိုက်ဆံရတော့ လုပ်တာပေါ့။”ဟု ဆို သည်။
စစ်တပ်အရာရှိများ ယခုလို လုပ်ဆောင်နေသည်မှာ မိုးတွင်းကာ ပြီးခဲ့သည့် ၄လခန့်မှစ၍ ယခုအချိန်ထိဖြစ်ပြီး ယင်းသို့ ကိုယ် စားဆေးရုံ ငှားရမ်းတက်မှု ပိုမိုများပြားလာရခြင်းမှာ ကချင်ဒေသတွင် ထိုးစစ်များ အရှိန်အဟုန် မြှင့်လာသောကြောင့် ဖြစ်နိုင် ကြောင်း မြန်မာပြည်တွင်းအခြေစိုက် မူးယစ်ဆေးသုံးစွဲသူများအတွက် HIV/AIDS လုပ်ငန်းများ ဆောင်ရွက်နေသော လူထုအ ခြေပြုအဖွဲ့မှ အဖွဲ့ဝင်တဦးက သုံးသပ်ပြောဆိုသည်။
၂၀၀၉ခုနှစ်တွင် HIV ပိုးကူးစက်ခံရသောသူများကို ခွဲခြားမှုများ နည်းပါးလာပြီး နောက်ပိုင်းတွင် စစ်တပ်မှ အနားယူချင်သော ၀န်ထမ်းများ ထိုသို့ လုပ်ဆောင်နေကြခြင်းဖြစ်သော်လည်း လက်ရှိအချိန်ထိ အရေအတွက် အတိအကျကိုမူ မသိရှိရသေးပေ။

ရက်စက်ယုတ်မာကောက်ကျစ်တဲ့ ခင်ပွန်းတစ်ယောက်အကြောင်း

ဘင်္ဂလားဒေ့ရှိနိုင်ငံက အဖြစ်အပျက်လေးတစ်ခုဖြစ်ပါသည်။
အထက်တန်းပညာရေးအဆင့်သာရှိတဲ့ ခင်ပွန်းဖြစ်သူဟာ ဘွဲ့ဒီဂရီတစ်ခုရဖို့ လေ့လာနေတဲ့ ဇနီးဖြစ်သူရဲ့ ညာဘက်လက် (၅)ချောင်းစလုံးကို ခုတ်ဖြတ်လိုက်တယ်လို့ ဆိုပါတယ်...
အသက် (၃၀) အရွယ်ရှိ ခင်ပွန်း Rafiqul Islam ဟာ UAE မှာ သွားရောက်အလုပ်လုပ်ကိုင်နေ သူ ဖြစ်ပါတယ်...သူဟာ ဘင်္ဂလားဒေ့ရှ်ကို ပြန်လာပြီး ဇနီးဖြစ်သူ Hawa Akhter ကို အံ့သြစရာလက်ဆောင် တခုပေးမယ်ဆိုပြီး...ရုတ်တရက် ဇနီးရဲ့မျက်လုံးနဲ့ ပါးစပ်တွေကို ပိတ်စည်းပြီး လက်တွေကိုလည်း ကြိုးနဲ့တုတ်ချည်လိုက်ပါတယ်...အဲဒီနောက် ညာဘက်လက်(၅)ချောင်းလုံးကို ခုတ်ဖြတ်လိုက်တာပါ..
ပြတ်သွားတဲ့ လက်ချောင်းတွေကိုလည်း ဆရာဝန်က ပြန်ပြီးမဆက်နိုင်အောင်ဆိုပြီး အမှိုက်ပုံးထဲကို ပစ်ထည့်ခဲ့ပါတယ်...
၈ တန်းပညာရေးအဆင့်သာရှိတဲ့ ခင်ပွန်းဖြစ်သူဟာ ဇနီးဖြစ်သူ ပညာတတ် ဖြစ်လာမှာကို မနာလိုဝန်တိုဖြစ်ပြီး အခုလိုလုပ်ခဲ့တာလို့ ဆိုပါတယ်...သူ့ဟာ အဖမ်းခံရပြီး ထောင်ဒဏ် တသက်တကျွန်း ကျခံဖို့ ရှိနေပါတယ်...လူ့အခွင့်အရေးအဖွဲ့တွေကလည်း သူ့ကို ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ပေးဖို့
တောင်းဆိုနေကြပါတယ်...သူမကတော့ ညာဘက်လက်ချောင်းတွေ မရှိတော့ပေမဲ့လည်း ဘယ်ဘက်လက်နဲ့ စာရေးလေ့ကျင့်ပြီး ဘွဲ့ဒီဂရီ ရအောင် ကြိုးစားမယ်လို့ ဆိုပါတယ်...

ကလေး ရှစ်မွှာပူး မွေးတဲ့ မိခင်

Nadya Denise Doud-Suleman Gutierrez လို့ခေါ်တဲ့အမျိုးသမီးကို မီဒီယာလောကထဲမှာတော့ Octomom လို့လဲ တစ်မျိုးတဖုံ သိကြပါသေးတယ်။ ထို အမေရိကန် အမျိုးသမီးဟာ ယောက်ျားလေး ခြောက်ယောက်နှင့် မိန်းခလေးနှစ်ယောက် ရှစ်မွှာပူးကိုမွေးဖွားခဲ့သူဘဲဖြစ်ပါတယ်။ သူမဟာ လောလောဆယ်တော့ ကယ်လီဖိုးနီးယား မှာနေထိုင်ပါတယ်။ အမေရိကန်မှာ ရှစ်မွှာပူးမွေးဖွားပြီး ခလေးအားလုံးအသက်ရှင်ခဲ့တဲ့ ဒုတိယမြောက် မိခင်လည်းဖြစ်ပါတယ်။
ကလေးတွေရဲ့ နာမည် နဲ့ မွေးဖွားစ ကိုယ်အလေးချိန်တွေကတော့....


* Noah Angel Solomon - ကျား ၂ ပေါင်နဲ့ရှစ်အောင်စ
* Isaiah Angel Solomon - ကျား ၃ ပေါင်နဲ့ ၁ အောင်စ
* Makai Angel Solomon - ကျား ၁ ပေါင်နဲ့ ၁၂ အောင်စ
* Maliyah Angel Solomon - မ ၂ ပေါင်နဲ့ ၂ အောင်စ
* Nariyah Angel Solomon - မ ၂ ပေါင်နဲ့ ၃ အောင်စ
* Josiah Angel Solomon - ကျား ၂ ပေါင်နဲ့ ၉ အောင်စ
* Jeremiah Angel Solomon - ကျား ၁ ပေါင်နဲ့ ၁၃ အောင်စ
* Jonah Angel Solomon - ကျား ၂ ပေါင်နဲ့ ၇ အောင်စတို့ဘဲဖြစ်ပါတယ်။

၂၇၅၁ -ခုနှစ် (၁၃) ကြိမ်မြောက် တိုကျို ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ဖိတ်ကြားလွှာ



karen new

Wednesday, December 21, 2011

You Tube မှာ ခေတ်စားပြီး လူကြည့်များနေတဲ့ ( ဆင်ဆာဖြတ်ကြမယ်) ဟာသ ရုပ်သံ


( အဲဒီအခန်း. . . .ဖြတ်????? ဟေ့ - - -အဲဒီအခန်း. . . . .ဖြတ် ????? )


 မြန်မာ့ရုပ်ရှင်ဆင်ဆာ လောကမှ ဖြစ်ရပ်မှန် သရုပ်ပြ ဟာသဇာတ်လမ်းလေးတခု You Tube ပေါ်မှာ
ခေတ်စားနေပြီး မြန်မာပြည်တွင်းမှာ ပြတ်တောက်ပြတ်တောက် အင်တာနက်ကြားက ကြည့်သူများ
နေကြောင်းသိရပါတယ်။ 

Tuesday, December 20, 2011

စီးပွားရေးလုပ်ဖို့ ရည်ရွယ်ချက်နဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးသဘောတူတာ မဟုတ်ဘူးလို့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) က ပြောကြား

ရွာသားများအား ညမထွက်ရအမိန့် အစိုးရစစ်တပ် ထုတ်ပြန်

ဒီဇင်ဘာလ ၁၄ရက်။ စောဖိုးမူး (ကေအိုင်စီ)

တနင်္သာရီတိုင်း၊ ပလောမြို့နယ်၊ အမိုဒေသတွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်က ဒီဇင်ဘာလ ၇ရက်နေ့မှစ၍ ဒေသခံရွာ သားများအား ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်သည်ဟု ဒေသခံရွာသားများ၏ ပြောပြချက်အရ သိရသည်။

အစိုးရစစ်တပ် နည်းဗျူဟာ-နဗဟ(၃)မှူး ဗိုလ်မှူးကြီးစိုးမင်းဋ္ဌေးက ယခုလ ၇ရက်နေ့တွင် အမိုဒေသရှိ ဆင်ဖြူဒိုင်ကျေးရွာမှ ထိုင်းနယ်စပ် မဲ့တလိကျေးရွာအထိ ရွာသားများအား အစည်းအဝေးခေါ်ပြီး ကျေးရွာ စနစ်တကျ တည်ဆောက်နိုင်ရန်အတွက် ညနေမှ မနက်အထိ ရွာပြင်ပသို့ ထွက်ခွာခြင်းမပြုတော့ကြောင်း အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။


ဒေသခံရွာသား တစ်ဦးက “ညနေ ၆နာရီကနေ မနက် ၆နာရီအထိ ဘယ်သူမှ အပြင်မထွက်ရဆိုပြီးတော့ နဗဟ(၃)မှူး ဗိုလ်မှူး ကြီးစိုးမင်းဋ္ဌေးနဲ့ (၄၀၅)တပ်ရင်းမှူး ဗိုလ်မှူးဇော်ပိုင်ဦးတို့က အမိန့်ထုတ်တယ်။ အဲဒီအချိန်မှာ ထွက်တဲ့သူတွေ့လို့ကတော့ ပစ် သတ်မယ်။ တာဝန်မယူဘူး ပြောတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လယ်ယာ၊ တောင်ယာများတွင် ညအိပ် အလုပ်သွားလုပ်နေကြသည့် ရွာသူရွာသားများကိုလည်း ရွာအတွင်း အကုန် ပြန်လာနေခိုင်းသည်ဟု အမည်မဖော်လိုသည့် အမိုရွာသားတစ်ဦးက ပြောသည်။

အမိုဒေသတွင် ယခုလို ရွာသူရွာသားများအား ရွာပြင်မထွက်ခိုင်းခြင်းနှင့် ရွာသားများအား ကျေးရွာအတွင်း ယခုကဲ့သို့ ပြန် လည်နေထိုင်စေခြင်းသည် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ဆက်စပ်လျှက်ရှိသည်ဟု အစိုးရစစ်တပ်နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

ဗိုလ်မှူးကြီးစိုးမင်းဋ္ဌေး ဦးဆောင်သည့် နဗဟ(၃)သည် ယခုရက်ပိုင်းအတွင်း ကေအဲန်ယူ တပ်မဟာ(၄) တပ်ဖွဲ့ဝင်များ၏ ချုံခို တိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးမှုများ ရှိကြောင်းလည်း သိရသည်။

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအီးလ် ကွယ်လွန်ပြီ

မြန်မာပြည် စစ်အာဏာရှင် သန်းရွှေ ကွယ်လွန်အနိစ္စ မရောက်ခင်မှာပဲ 
 မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးလ် ကွယ်လွန်သွားတယ် လို့ မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်သံက ဒီကနေ့ ထုတ်လွှင့်သွားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၉ နှစ် ရှိပြီးဖြစ်ပါတယ်။

 North Korean leader Kim Jong Il, 69, has died
By JEAN H. LEE – 4 minutes ago

SEOUL, South Korea (AP) — Kim Jong Il, North Korea's mercurial and enigmatic longtime leader, has died. He was 69.

Kim's death was announced Monday by the state television from the North Korean capital, Pyongyang.

Kim is believed to have suffered a stroke in 2008 but he had appeared relatively vigorous in photos and video from recent trips to China and Russia and in numerous trips around the country carefully documented by state media. The communist country's "Dear Leader" — reputed to have had a taste for cigars, cognac and gourmet cuisine — was believed to have had diabetes and heart disease.

The news came as North Korea prepared for a hereditary succession. Kim Jong Il inherited power after his father, revered North Korean founder Kim Il Sung, died in 1994. In September 2010, Kim Jong Il unveiled his third son, the twenty-something Kim Jong Un, as his successor, putting him in high-ranking posts.

Kim Jong Il had been groomed for 20 years to lead the communist nation founded by his guerrilla fighter-turned-politician father and built according to the principle of "juche," or self-reliance.

Even with a successor, there had been some fear among North Korean observers of a behind-the-scenes power struggle or nuclear instability upon the elder Kim's death.

Few firm facts are available when it comes to North Korea, one of the most isolated countries in the world, and not much is clear about the man known as the "Dear Leader."

North Korean legend has it that Kim was born on Mount Paekdu, one of Korea's most cherished sites, in 1942, a birth heralded in the heavens by a pair of rainbows and a brilliant new star.

Soviet records, however, indicate he was born in Siberia, in 1941.

Kim Il Sung, who for years fought for independence from Korea's colonial ruler, Japan, from a base in Russia, emerged as a communist leader after returning to Korea in 1945 after Japan was defeated in World War II.

With the peninsula divided between the Soviet-administered north and the U.S.-administered south, Kim rose to power as North Korea's first leader in 1948 while Syngman Rhee became South Korea's first president.

The North invaded the South in 1950, sparking a war that would last three years, kill millions of civilians and leave the peninsula divided by a Demilitarized Zone that today remains one of the world's most heavily fortified.

In the North, Kim Il Sung meshed Stalinist ideology with a cult of personality that encompassed him and his son. Their portraits hang in every building in North Korea and on the lapels of every dutiful North Korean.

Kim Jong Il, a graduate of Pyongyang's Kim Il Sung University, was 33 when his father anointed him his eventual successor.

Even before he took over as leader, there were signs the younger Kim would maintain — and perhaps exceed — his father's hard-line stance.

South Korea has accused Kim of masterminding a 1983 bombing that killed 17 South Korean officials visiting Burma, now known as Myanmar. In 1987, the bombing of a Korean Air Flight killed all 115 people on board; a North Korean agent who confessed to planting the device said Kim ordered the downing of the plane himself.

Kim Jong Il took over after his father died in 1994, eventually taking the posts of chairman of the National Defense Commission, commander of the Korean People's Army and head of the ruling Worker's Party while his father remained as North Korea's "eternal president."

He faithfully carried out his father's policy of "military first," devoting much of the country's scarce resources to its troops — even as his people suffered from a prolonged famine — and built the world's fifth-largest military.

Kim also sought to build up the country's nuclear arms arsenal, which culminated in North Korea's first nuclear test explosion, an underground blast conducted in October 2006. Another test came in 2009.

Alarmed, regional leaders negotiated a disarmament-for-aid pact that the North signed in 2007 and began implementing later that year.

However, the process continues to be stalled, even as diplomats work to restart negotiations.

North Korea, long hampered by sanctions and unable to feed its own people, is desperate for aid. Flooding in the 1990s that destroyed the largely mountainous country's arable land left millions hungry.

Following the famine, the number of North Koreans fleeing the country through China rose dramatically, with many telling tales of hunger, political persecution and rights abuses that officials in Pyongyang emphatically denied.

Kim often blamed the U.S. for his country's troubles and his regime routinely derides Washington-allied South Korea as a "puppet" of the Western superpower.

U.S. President George W. Bush, taking office in 2002, denounced North Korea as a member of an "axis of evil" that also included Iran and Iraq. He later described Kim as a "tyrant" who starved his people so he could build nuclear weapons.

"Look, Kim Jong Il is a dangerous person. He's a man who starves his people. He's got huge concentration camps. And ... there is concern about his capacity to deliver a nuclear weapon," Bush said in 2005.

Kim was an enigmatic leader. But defectors from North Korea describe him as an eloquent and tireless orator, primarily to the military units that form the base of his support.

The world's best glimpse of the man was in 2000, when the liberal South Korean government's conciliatory "sunshine" policy toward the North culminated in the first-ever summit between the two Koreas and followed with unprecedented inter-Korean cooperation.

A second summit was held in 2007 with South Korea's Roh Moo-hyun.

But the thaw in relations drew to a halt in early 2008 when conservative President Lee Myung-bak took office in Seoul pledging to come down hard on communist North Korea.

Disputing accounts that Kim was "peculiar," former U.S. Secretary of State Madeleine Albright characterized Kim as intelligent and well-informed, saying the two had wide-ranging discussions during her visits to Pyongyang when Bill Clinton was U.S. president.

"I found him very much on top of his brief," she said.

Kim cut a distinctive, if oft ridiculed, figure. Short and pudgy at 5-foot-3, he wore platform shoes and sported a permed bouffant. His trademark attire of jumpsuits and sunglasses was mocked in such films as "Team America: World Police," a movie populated by puppets that was released in 2004.

Kim was said to have cultivated wide interests, including professional basketball, cars and foreign films. He reportedly produced several North Korean films as well, mostly historical epics with an ideological tinge.

A South Korean film director claimed Kim even kidnapped him and his movie star wife in the late 1970s, spiriting them back to North Korea to make movies for him for a decade before they managed to escape from their North Korean agents during a trip to Austria.

Kim rarely traveled abroad and then only by train because of an alleged fear of flying, once heading all the way by luxury rail car to Moscow, indulging in his taste for fine food along the way.

One account of Kim's lavish lifestyle came from Konstantin Pulikovsky, a former Russian presidential envoy who wrote the book "The Orient Express" about Kim's train trip through Russia in July and August 2001.

Pulikovsky, who accompanied the North Korean leader, said Kim's 16-car private train was stocked with crates of French wine. Live lobsters were delivered in advance to stations.

A Japanese cook later claimed he was Kim's personal sushi chef for a decade, writing that Kim had a wine cellar stocked with 10,000 bottles, and that, in addition to sushi, Kim ate shark's fin soup — a rare delicacy — weekly.

"His banquets often started at midnight and lasted until morning. The longest lasted for four days," the chef, who goes by the pseudonym Kenji Fujimoto, was quoted as saying.

Kim is believed to have curbed his indulgent ways in recent years and looked slimmer in more recent video footage aired by North Korea's state-run broadcaster.

Kim's marital status wasn't clear but he is believed to have married once and had at least three other companions. He had at least three sons with two women, as well as a daughter by a third.

His eldest son, Kim Jong Nam, 38, is believed to have fallen out of favor with his father after he was caught trying to enter Japan on a fake passport in 2001 saying he wanted to visit Disney's Tokyo resort.

His two other sons by another woman, Kim Jong Chul and Kim Jong Un, are in their 20s. Their mother reportedly died several years ago.

BREAKING: Kim Jong Il is dead!

မန်းငြိမ်းမောင်ကို ထောင်ဒဏ် ၁၇ နှစ်ချမှတ်

KNU ကရင်နိုင်ငံရေးသမားတစ်ဦး လို့ သိတဲ့အချိန်မှာ တမင်ညစ်ပြီးနှစ်ရှည်ထောင်ချလိုက်ပြီပေါ..ကွာ.. ကရင်လက်နက်ကိုင်တပ်ဖွဲ့ တွေလည်း ရှေးတန်းမှာ ခွေးတွေကို အားမနာတမ်းအလွတ်မပေးပဲ ပစ်ရုံဘဲရှိတယ်။
အခုငြိမ်းချမ်းရေးစကားပြောနေတဲ့လူတွေ ဒါကိုကြည့်ပြီး သင်္ခန်းစာယူသင့်တယ်။ ဗမာအစိုးရ စစ်မှန်တဲ့ငြိမ်းချမ်းရေးဖေါ်ဆောင်ချင်တယ်ဆိုရင် မန်းငြိမ်းမောင်ကို လွတ်ပေးရမယ်။ မလွတ်ပေးရင် KNU ကိုယ်စားလှယ်တွေ ဗမာနဲ့ ငြိမ်းချမ်းရေး ဆက်ဆွေးစရာမလိုတော့သလို ချိန်ခွင်ညီသွားအောင် ကချင်နဲ့ အတူ စစ်ရေးကို မြင့်တင်လိုက်ပါ။
xxxxxxxxxxxxxxxx

အစိုးရ အာဏာပိုင်များက ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်တွင် ဖမ်းဆီးခဲ့သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူဦးမန်းငြိမ်းမောင်ကို ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်ကြောင်း သတင်းရ သည်။

ဖမ်းဆီးပြီး ၁ လခန့် အကြာတွင် ဦးမန်းငြိမ်းမောင်ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေအရေးပေါ် ပြဋ္ဌာန်းချက် ပုဒ်မဖြင့် ထောင်ဒဏ် ၆ လ ချမှတ် ခဲ့ပြီး ဖြစ်သော်လည်း တခြား ပုဒ်မများ ထပ်တိုး၍ မင်္ဂလာဒုံမြို့နယ် တရားရုံးတွင် မကြာသေးခင်က နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်း အမှုကို လိုက်လံ ဆောင်ရွက်ပေးနေသည့် ရန်ကုန်မြို့ရှိ ဒေသခံတဦးက ပြောသည်။

“သူ့ကို အစိုးရက ထောင် ၆ လ ချလိုက်ပြီးမှ KNU အဖွဲ့အစည်းထဲက လူဆိုတာ သိသွားတယ်”ဟု ၎င်းက ပြောဆိုသည်။

အာဏာပိုင်များက ဦးမန်းငြိမ်းမောင်အား ထပ်မံစွပ်စွဲထားသည့်အမှုများကို မသိရှိရသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ဦးမန်းငြိမ်းမောင်သည် တရုတ်ပြည် ကူမင်းလေဆိပ်တွင် ဇူလိုင်လ ၂၄ ရက်နေ့မှ စတင် ပျောက်ဆုံးခဲ့သည်။ တရုတ်-မြန်မာ နယ် စပ်မှ လာသော သတင်းများအရ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ အာဏာပိုင်များက ၎င်းကို မြန်မာပြည်သို့သွားသည့် လေယာဉ် တစီးဖြင့် ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

KNU က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ(UNFC)တွင် ပဒိုမန်းငြိမ်းမောင်က ကော်မတီဝင် တဦးအဖြစ် တာဝန်ယူထားသည်။

မန်းငြိမ်းမောင်သည် ယခင်ကလည်း မြန်မာပြည် အကျဉ်းစခန်း၊ အကျဉ်းထောင်တို့တွင် နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံရဖူး သည်။

ကိုကိုးကျွန်း အကျဉ်းစခန်းတွင် ရှိနေစဉ် မန်းငြိမ်းမောင်သည် ကရင်လူငယ်အဖွဲ့မှ မန်းအောင်ကြည်၊ အထက်တန်းပြဆရာ ကို အောင်ငွေတို့နှင့် အတူ ပင်လယ်ပြင် မိုင်ပေါင်း၂၀၀ ကျော်ခရီးကို ဖြတ်ပြီး ထွက်ပြေးခဲ့ဖူးသူလည်း ဖြစ်သည်။

သို့သော် ပြည်မသို့ အရောက်တွင် ဒေသခံ အာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ထိုအတွေ့အကြုံများကို၂၀၀၀ ပြည့်နှစ်က ထုတ်ဝေသည့် ‘မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ’ အမည်ရှိ စာအုပ်တွင် ရေးသားဖော်ပြထားသည်။

ကိုကိုးကျွန်းရောက် နိုင်ငံရေးသမားများ၏ အကျဉ်းသား အခွင့်အရေး အတွက် အကြိမ်ကြိမ် အစာငတ်ခံဆန္ဒပြရာတွင်လည်း ဦးမန်း ငြိမ်းမောင် ပါဝင်ခဲ့ကြောင်း သိရသည်။