Friday, May 24, 2013

တနှစ်ကျော် ငြိမ်းချမ်းရေးခရီး

 



May 24, 2013 Friday

By မင်းစိုးစံ

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ဗမာစစ်အစိုးရ(မြန်မာအစိုးရ) တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်
တိုက်လုပ်လာလိုက်တာ ဘာလိုလိုနဲ့ တနှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ ကရင်ပြည်သူလူထုတွေရဲ့ ဘ၀အခြေ
အနေ ဘယ်လိုရှိသလဲ။ ဘာတွေပြောင်းလွဲလာပြီးလဲ ဆိုတာ လေ့လာကြည့်ကြပါစို့။

ကရင်ပြည်နယ်က ရွာတွေမှာ အင်ဖက်မမိုးတော့ဘူး။ သွပ်မိုးအိမ်တွေဖြစ်ကုန်ပြီ။ ၀ါးနဲ့ဆောက်ထားတဲ့အိမ်
မရှိတော့ဘူး။ အင်္ဂတေတိုင်တွေဖြစ်ကုန်ပြီ။ နေပူလို့ အရိပ်ခိုစရာ သစ်ပင်မရှိတော့ဘူး။ ရေဆာလို့ သောက်
စရာ စမ်းချောင်းလေး ပျောက်သွားပြီ။ လှည်းတွေဘာတွေနည်းသွားပြီ။ မော်တော်ဆိုင်ကယ်နဲ့။
မြင်းဆေး တွေက၊ ပဲလှော်လို။ လောင်းကစားဝိုင်းတွေက စည်သဗျို။

လယ်သိမ်းခံရတာ မဆန်း။ လုပ်အားပေး ပုံမှန်။ ရွာပုန်းရွာရှောင် တောထဲတောင်ထဲ ပြေးလို့ကောင်းတုန်း။ ကုမ္ပဏီတွေက တောင်တွေဖြိုလိုက်ပြီဆိုလျင် ရွာပုန်းရွာရှောင်တွေအတွက် မတွေးရဲစရာ။
ဟိုးတချိန်တခါတုန်းက ကိုယ့်တောင်ယာလေးထဲမှာ နားအေးပါးအေးနေလို့ရသေးတယ်၊အခုဘယ်မှာလဲ
တောင်ယာ။ ကျုပ်တို့ဘာမျှမပိုင်ဘူး။ ဗမာစစ်အစိုးရ ပိုင်တယ်။ မြန်မာအစိုးရ ပိုင်တယ်။

ငြိမ်းချမ်းရေးလုပ်ထားတဲ့အတွက် ကျုပ်တို့ပြည်သူတွေ လယ်အသိမ်းခံရတာကို ခြံမြေအသိမ်းခံရတာကို လက်ပိုက်ကြည့်နေ ဆိုတဲ့အမိန့်ပေးတဲ့ပုံစံမျိုးက ငြိမ်းချမ်းရေးလား။ လူသားတစ်ယောက်ဖြစ်ပြီး လွတ်
လွတ်လပ်လပ်လေးတောင် သွားခွင့်မရခဲ့ရာကနေ အခုနည်းနည်းပါးပါး သွားလို့လာလို့ရတာဟာ ငြိမ်း
ချမ်းရေးလား။
သေနတ်သံတိတ်သွားတာ ငြိမ်းချမ်းရေးလား။ လက်နက်ကြီး ပေါက်ကွဲသံမကြားရတာဟာ ငြိမ်းချမ်းရေး
လား။ ဒါဆိုလျင် ကုမ္ပဏီတွေက တောင်ကိုမိုင်းနဲ့ခွဲလို့ လွင့်စင်ကျလာတဲ့ ကျောက်သားအပိုင်းအစတွေ
ကြောင့် လူထုတွေ ထိခိုက်အနာတရ ဖြစ်တာဟာ ငြိမ်းချမ်းသလား။

တခုခုလုပ်မယ်ဆိုတိုင်း ခွင့်တောင်းရမယ်ဆိုတာ ငြိမ်းချမ်းရေးလား။ ငြိမ်းချမ်းရေးလုပ်လိုက်တာနဲ့ ကိုယ်ပိုင် တဲ့လယ်မြေတွေသိမ်းတာကို အသာတကြည်ပေးလိုက်မှ ငြိမ်းချမ်းမယ်လို့ ယူဆသလား။

ပြောနေတာကြာပါတယ်။ အောက်ကရုပ်သံဖိုင်လေး ရှုစားကြည့်ကြပါစို့။




ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည် တဦး) 


 安倍総理は、日本の総理大臣としては36年ぶりとなるミャンマー訪問のため、24日午後出発しました。

 「ミャンマーの改革の動きに対して、日本は官民を挙げて協力していきたい」(安倍首相)
 
 安倍総理は、24日から3日間の日程でミャンマーを訪問し、日本が開発を主導する経済特区を視察するほか、テイン・セイン大統領との首脳会談に臨みます。
 

Tuesday, May 21, 2013

ဂျပန်ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးဟာ မြန်မာနိုင်ငံကို သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်နဲ့ မကြာခင် အလည်အပတ်ခရီးအဖြစ် လောမည်

ဂျပန်ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးဟာ မြန်မာနိုင်ငံကို သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်နဲ့ မကြာခင် အလည်အပတ်ခရီးအဖြစ် ရောက်လာပါတော့မယ်။ 

 ဓာတ်ပုံ- www.tumblr.com

ဂျပန် ၀န်ကြီးချုပ်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို လာရောက်လည်ပတ်မှာ ဖြစ်တယ်လို့ ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေက ဖော်ပြထားပါတယ်။ 

ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ အလွန်နီးနီးကပ်ကပ်ရှိခဲ့တာပါ။ အနောက်နိုင်ငံတွေက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်နေခဲ့ချိန်တုန်းကတောင် ဂျပန်ဟာ မြန်မာကို လူသားချင်းစာနာ 
ထောက် ထားတဲ့ အကူအညီတွေ ပေးခဲ့တာပါ။ 

ဒီအပြင် မကြာသေးခင်ကမှပဲ မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ်ကို ပေးစရာ ရှိတဲ့အကြွေး အမေရိကန် ဘီလျံများစွာကို ခေတ္တစိုက်ထုတ်ချေးငှားပေးခဲ့ပါသေးတယ်။ 

မြန်မာနိုင်ငံမှာလည်း ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ရှိနေသလို ပိုတိုးလာဖို့လည်း ရှိနေပါတယ်။ 

အခုလို ဂျပန် ၀န်ကြီးချုပ် လာရောက်တဲ့အခါ  မြန်မာနိုင်ငံ၊ ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံလိုမှု ကိစ္စတွေကိုလည်း ဆွေးနွေးသွားဖွယ် ရှိနေတယ်လို့ ဂျပန် သတင်းတပုဒ်မှာ ဆိုပါတယ်။  

tuesday, may 21, 2013 ကရင်ပြည်နယ်က ဒုက္ခသည်တွေ (ရုပ်သံ)

tuesday, may 21, 2013

ကရင်ပြည်နယ်က ဒုက္ခသည်တွေ (ရုပ်သံ)




ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မီတီ၏ ပထမအကြိမ် အစည်းအဝေးအပြီး သဘောထားထုတ်ပြန်ချက်


သမ္မတ အိုဘားမားနဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ


Published 21.05.2013

အမေရိကန်ပြည်ထောင်စုကို တရားဝင် ခရီးစဉ် ရောက်ရှိနေတဲ့မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန် သမ္မတ အိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံအပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့ပါတယ်။