Saturday, December 15, 2012

Connecticut Elementary Shooting

FRIDAY, DECEMBER 14, 2012

Connecticut Elementary Shooting


A woman waits to hear about her sister, a teacher, following a shooting at the Sandy Hook Elementary School in Newtown, Conn., Dec. 14, 2012.

Read more: http://nation.time.com/2012/12/14/connecticut-elementary-school-copes-after-shooting/#ixzz2F3eiSynk

Connecticut Elementary Shooting


မိုးသီးဇွန်တို့အဖွဲ့တရားစွဲခံရ



ဘုရားသုံးဆူမြို့တွင် ကရင်အမျိုး သားနှစ်သစ်ကူးနေ့ စိန်ရ တုကျောက်စာတိုင် တည်ဆောက်


15 Dec, 2012 12:05 AM

ဒီဇင်ဘာလ ၁၄ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
လာမည့် ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၁၂ရက်နေ့(ကရင်သက္က ရာဇ် ၂၇၅၂ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် ပြာသို လ ဆန်း ၁ ရက်နေ့)၌ ကျရောက်မည့် ၇၅နှစ်မြောက် ကရင် အမျိုးသားနှစ်သစ်ကူးနေ့ စိန်ရတုသဘင်အထိမ်း အမှတ် အဖြစ် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ တွင် ကျောက် စာတိုင်တစ်ခု တည်ဆောက်လျှက်ရှိသည်။
ဘုရားသုံးဆူမြို့ရှိ ကရင့်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ စော ရာဇာထွန်းက “လာမယ့်ဇန်န၀ါရီလ ၁၂ရက်နေ့မှာဆို ရင် ကျနော်တို့ရဲ့ ကရင်နှစ်သစ်ကူးနေ့ကျရောက် ပြီလေ။ ဒါကြောင့် ဒီနှစ်မှာဆို ရင် အစိုးရကနေပြီ တရားဝင် နေ့ ထူးနေ့မြတ်ရယ်လို့ စပြီး ပြဌာန်းခဲ့တာ က စိန်ရတုရောက် ခဲ့ပြီဆိုတဲ့ အထိမ်းအမှတ်လေးနဲ့ ဒီကျောက် စာ တိုင် ဆောက်ဖြစ်တာပါ”ဟု ပြောသည်။
၎င်းတည်ဆောက်နေသည့် ကျောက်စာတိုင်သည် အမြင့်ပေ ၁၈ပေနှင့် အောက်ခြေ ဘေးလေးထောင့် ပတ်ပတ် လည် ၃၈ ပေရှိပြီး ဘုရားသုံးဆူမြို့ အမှတ် (၃) ရပ်ကွက်ရှိ ထော်မဲပါရပ်(ကရင်စု)၌ ၀င်းရော်မြိုင် အခမ်း အနား ကွင်းတွင် ဒီဇင်ဘာလ ၅ရက်နေ့မှစ၍ ကရင် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ကမကထပြု ဆောက်လုပ် ခဲ့ခြင်းဖြစ် သည်။
လက်ရှိအချိန်တွင် ကျောက်စာတိုင်စတင်တည်ဆောက်နေခြင်းနှင့် ပတ်သက်၍ စောရာဇာထွန်းက “ကျောက်စာ တိုင်က ကရင်နှစ်သစ်ကူးအမီအပြီးလုပ်မှာဆိုတော့ အခုကတည်းက စပြီးတည်ဆောက်နေကြတာပါ။ အချိန်က လည်း တစ်လလောက်ကြာနိုင်လို့ပါ”ဟု ပြောသည်။
ယင်းကျောက်စာတိုင်တွင် ပိုးကရင်၊ စကောကရင်၊ မြန်မာ၊ အင်္ဂလိပ် ဘာသာများဖြင့် ကမ္ပည်းကျောက်စာ ရေး ထိုးသွားမည်ဖြစ်သော်လည်း မည်သည့်အကြောင်းအရာများကို ရေးထိုးသွားမည်ဖြစ်ကြောင်းကို မသိရသေးပေ။ ၎င်းအကြောင်းအရာများကို ဘုရားသုံးဆူမြို့ ကရင်စာပေ၊ ယဉ်ကျေးမှုအဖွဲ့၏ နောက်ထပ် အစည်းအဝေးပြုလုပ် ပြီးမှသာလျှင် သိရမည်ဖြစ်ကြောင်း ဘုရားသုံးဆူမြို့ကရင့်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဆိုသည်။
ထို့အပြင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၂ရက်နေ့တွင် ကျရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်အနား ကို ဇန်န၀ါရီလ ၁၁-၁၂ နေ့အထိ ၂ရက်တာကျင်းပမှာဖြစ်ပြီး အခမ်းအနားဖွင့်လှစ်ပေးခြင်း၊ ကျောက်စာတိုင်ရေး ထိုးရခြင်းကို ရှင်းလင်းပြောကြားခြင်း၊ ကရင်ဒုံးယိမ်းအကနှင့် ရိုးရာအက များဖျော်ဖြေခြင်း၊ အားကစားယှဉ်ပြိုင် ပွဲများ ကျင်းပခြင်း စသည့်အခမ်းအနားများဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

Thursday, December 13, 2012

မြန်မာနိုင်ငံ၏ပညာရေး

သူငယ်တန်းကျောင်းသားသံပေတံစာမိ
(မစုမွန်)

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ် အမက (၃) ကျောင်းမှသူငယ်တန်းကျောင်းသား မောင်ဇာနည်လမင်းကို အတန်းပိုင်ဆရာမက ဆရာမနှုတ်ဆက်ပွဲကြေး၁၀၀ ကျပ်မပေးနိုင်သဖြင့် နိုဝင်ဘာ ၂၂ ရက်နေ့တွင် သံပေတံဖြင့် ၂ ချက်ရိုက်နှက်လိုက်ရာ လက်ကျိုးအက်သွားခဲ့သည်။


KNU၏စစ်ဦးစီးချုပ်အတွက်ဥပဒေပြင်ဆင်



Monday, December 10, 2012

အန်အယ်လ်ဒီတွေမြောက်ကြွမြောက်ကြွလုပ်နေလို့ကတော့ ကျွန်မကိုသာတိုင်


"ကျွန်မပြောမယ်နော်။ အန်အယ်လ်ဒီတွေမြောက်ကြွမြောက်ကြွလုပ်နေလို့ကတော့ ကျွန်မကိုသာတိုင်။ ကျွန်မ လုံးဝမကြိုက်ဘူး။ ကျွန်မတို့အဖွဲ့ဟာ ပြည်သူတွေရဲ့မျက်စိမှာ အမြင်မတော်...ဘူးဆိုရင် ဘာမှမလုပ်ဘူး။ အဲဒီတော့ လုပ်လို့ရှိရင် ပြည်သူတွေအနေနဲ့ ကျွန်မကိုပြောနိုင်တဲ့အခွင့်အရေး ရှိပါတယ်။ ပြောလည်းပြောပါ။ ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကို ကျွန်မ ခဏခဏပြောတယ်။ နေရာသိပ်မမက်ကြပါနဲ့။ ကျွန်မခဏခဏသတိပေးတယ်။ မရှိတဲ့ကုလားထိုင်နေရာတောင်မှ လုနေတဲ့လူတွေဟာ ကုလားထိုင်ရှိရင် ဒုက္ခရောက်ရလိမ့်မယ်။ အဲဒီတော့ ပြည်သူတွေကနေပြီးတော့ နိုင်ငံရေးပါတီတွေကို ထိန်းထားရမယ်။ နိုင်ငံရေးပါတီတွေပြောသမျှမယုံနဲ့။ ဒါပေမယ့် တစ်ခုတော့ရှိတယ်နော်။နိုင်ငံရေးပါတီဝင်တွေဆိုတာလည်း ရဟန္တာတွေမဟုတ်ပါဘူး။ ပုထုဇဉ်တွေဆိုတော့အပြစ်တော့ရှိမှာပဲ။
အတိုင်းအတာတစ်ခုထိတော့ နားလည်မှုပေးဖို့လိုပါတယ်။ ကျွန်မတို့လည်း ခြောက်ပစ်ကင်းသဲလဲစင်မဟုတ်ပါဘူး။ ဒါတွေကို ပြည်သူတွေကနေပြီးတော့ စေတနာနဲ့ ဂရုဏာနဲ့ထောက်ပြပြီးတော့ ပြင်ပေးပါ။ အဲဒီလိုပြင်ပေးတဲ့နည်းနဲ့ပဲ ကျွန်မ ရှေ့ကိုဆက်ပြီးတော့ သွားနိုင်မှာဖြစ်ပါတယ်"
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ဘောလုံးကွင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်းမှ (8-12-2012)

Daw Aung San Suu Kyi's Speech in Nat Mouk




Type the rest of your post here. 

ဖထီးကနဲမီ ပြန်လည်သက်သာလာ


မဲဆောက်ဆေးရုံမှာ တက်ရောက်ကုသနေစဉ်

သြစတြေးလျကနေ ကေအဲန်ယူ (၁၅)ကြိမ်မြောက် ကွန်ကရက်တက်ရောက်ရန် ပြီးခဲ့တဲ့လက ပြန်လာခဲ့တဲ့ ဖထီးကနဲမီဟာ မဲဆောက်ဆေးရုံမှာ အရေးပေါ်တက်ရောက်ကုသခဲ့ပြီးတဲ့နောက် ယခုအခါ သြစတြေးလျမှာ ရောဂါအခြေအနေ သက်သာစ ပြုလာပြီလို့ သိရပါတယ်။

MKO ဖခင်ကြီး ဖထီးကနဲမီဟာ အမျိုးသားစိတ်ဓါတ် ထက်သန်တဲ့အလျောက် ကွန်ကရက်ပြီးတာနဲ့ မလေးရှား ကရင်နှစ်သစ်ကူးအမှီလာဖို့လည်း အစီအစဉ်ရှိပါတယ်။ သို့သော်လည်း ကျန်းမာရေး အခြေ
အနေကြောင့် ကွန်ကရက်အပါအ၀င် မလေးရှားခရီးစဉ်ကိုပါ ဖျက်သိမ်းခဲ့ရပြီး သြစကြေးလျမှာပဲ ပြန်ပြီး ဆေးကုသခဲ့ပါတယ်။

MKO မှ လူကြီးများကလည်း ဖထီးကနဲမီ အမြန်ဆုံးကျန်းမာလာဖို့နဲ့ အမျိုးသားရေးအတွက် ဆက်လက်
လုပ်ဆောင်နိုင်ရန် ၀တ်ပြုဆုတောင်းပွဲများ ပြုလုပ်ပေးလျှက်ရှိပါတယ်။

ကြေးနီစီမံကိန်းမှ ဒဏ်ရာရ ရဟန်းသံဃာတော်များနှင့်လူထုများအား တွေ့ဆုံမေးမြန်းခြင်း(ရုပ်သံ)



အစိုးရကတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဘယ်လိုပဲ ကြေငြာမောင်းခတ်နေစေကာမူ ခေတ်အဆက်ဆက် လိမ်ညာခဲ့တဲ့ မဟာအကျင့်ဆိုးကတော့ မပျောက်သေးပါဘူး။ မီးလောင်ဗုံးကို မသုံးခဲ့ပါဘူးတဲ့။ တိုးတက်နေတဲ့မီဒီယာခေတ်ကြီးမှာ အမှန်တရားကို ဖုံးကွယ်လို့မရဘူးဆိုတာ အာဏာပိုင်တွေ နောင်တရသင့်ပါပြီ။ လက်ပံတောင်း ကြေးနီစီမံကိန်းမှာ ရက်ရက်စက်စက် ဖြိုခွင်းခဲ့တာတွေကို ဒီရုပ်သံမှာ ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အာဏာပိုင်တွေအနေနဲ့ ရှေ့မျက်နှာ နောက်ထား၊ နားပိတ်ပြီး ကြည့်ကြပေတော့။