Saturday, January 9, 2010

စစ်တပ်မှ ပေါ်တာခေါ်ရာတွင် အမျိုးသမီးများကို ပိုအသုံးပြုလာ

ဇန်န၀ါရီလ ၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်တွင် အခြေချလှုပ်ရှားနေသော နအဖစစ်တပ်များသည် ယခုနှစ်ဆန်းပိုင်းတွင် တပ်ရိက္ခာ ပို့ဆောင်ရေးအတွက် ပေါ်တာခေါ်ရာ တွင် အမျိုးသမီးများကို ပိုမိုအသုံးပြုလာသည်ဟု နယ်စပ်သတင်းများအရ သိရသည်။
ယခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့က ကရင်ပြည်နယ် မြောက်ပိုင်း တောင်ငူခရိုင်တွင် အခြေချလှုပ်ရှားနေသော နအဖစစ်တပ် (စစ်ကွပ်ကဲရေးဌာန ချုပ်) စကခ(၇)တပ်ဖွဲ့သည် ၎င်းတို့တပ်ရိက္ခာပို့ဆောင်ရန်အတွက် ထန်းတပင်မြို့နယ်က ကလောမီးဒဲရွာသား (၃၀)ဦးပေါ်တာဆွဲခဲ့ရာတွင် အမျိုး သမီး (၂၀)ဦး ပါဝင်သည့်အပြင် အဆိုပါ နအဖစစ်တပ်သည် ဇန်န၀ါရီလ ၄ရက်နေ့နှင့် ၅ရက်နေ့တွင်လည်း ကလောမီးဒဲရွာသား (၁၄၀)ဦးကို ထပ်မံ ပေါ်တာဆွဲရာ ထိုအထဲတွင် ရွာသူအမျိုးသမီး (၆၀)ဦး ပါဝင်ခဲ့သည်ဟု ထန်းတပင်မြို့နယ်မှ လာသည့်သတင်းအရ သိရသည်။

ထို့အပြင် လွန်ခဲ့သည့် ရက်အနည်းငယ်ကလည်း ကရင်ပြည်နယ်တောင်ပိုင်း ဘိတ်ထားဝယ်ခရိုင်ရှိ နအဖစစ်တပ် (စစ်ကွပ်ကဲရေးဌာနချုပ်) စက ခ(၂၀)က ရှေ့တန်းစစ်မျက်နှာ၌ စစ်ရိက္ခာ သယ်ဆောင်ရန် ဒေသခံကရင်ရွာသားများကို ပေါ်တာဆွဲရာတွင်လည်း အမျိုးသမီးငယ်လေးများ ပါဝင် ကြောင်း သိရသည်။
နအဖစစ်တပ်များသည် တပ်ရိက္ခာပို့ဆောင်ရာ၌ ကရင်ပြည်သူများကို ပေါ်တာဆွဲရာတွင် ကရင်အမျိုးသမီးများကို ယခင်ကထက် ပိုမိုခေါ်ဆောင် အသုံးပြုနေသည့်အပေါ် ကရင်အမျိုးသမီးအစည်းအရုံး(ကေဒဗလျူအို)၏ အထွေထွေအတွင်းရေးမှူး နန်းဒါးအဲကလယ်က ရှုတ်ချပြောဆိုသည်။
သူမက “အရင်တုန်းက အမျိုးသမီးတွေကို ပေါ်တာခေါ်တယ်ဆိုပေမယ့် အနည်းအကျဉ်းလောက်ပဲခေါ်တယ်။ အခုပိုခေါ်လာတဲ့အပေါ်မှာ နအဖ စစ်အစိုးရဟာ သူတို့ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ စီဒေါစာချုပ်နဲ့ အခု ဖြစ်ပျက်နေတဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် လုံးဝ ဆန့်ကျင် နေပါတယ်။ အမှန်ဆိုရင် သူတို့ သဘောတူထားတဲ့ စီဒေါစာချုပ်အရ လိုက်နာကျင့်သုံးသင့်ပါတယ်။ အခုဟာက မလိုက်နာတာထက် ပိုဆိုးလာ တာတဲ့အပေါ်မှာ ကျမတို့ လုံးဝ ရှုတ်ချတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားနယ်မြေက တိုင်းရင်းသူတွေကို အရင်ကထက် ဖိနှိပ်ချင်တဲ့ သဘောပဲ”ဟု ယနေ့ ပြောသည်။
အလားတူပင် နအဖစစ်အစိုးရ လုပ်ရပ်နှင့်ပတ်သက်ပြီး အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ အကြံပေးအဖွဲ့ဝင် နန်းဆိုင်နှောင်းက ယခုလို ထောက်ပြသည်။ “နအဖစစ်အစိုးရဟာ နိုင်ငံတကာမှာ ဘယ်လိုပြောထားလဲဆိုတော့ မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ မမွေးခင်ကတည်းက လူ့အခွင့်အရေးတွေကို ခံစားခဲ့ရပြီးလို့ ပြောတယ်။ အဲဒါကို ပြန်ပြီးတော့ ချေပရမယ်ဆို လို့ရှိရင်တော့ ဒါဟာ လုံးဝ မဟုတ်မမှန်တာတွေ သူတို့ ပြောတာပဲ။ ဘာဖြစ်လို့လဲဆိုရင် ဒီပေါ်တာဆွဲတာအပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကိုတောင်မှ အစုလိုက်အပြုံလိုက် အဓမ္မ မုဒိမ်းကျင့်ခံရ တာတွေ ရှိတယ်။ သူတို့ပြောတဲ့ စကားနဲ့ လုံးဝမ ဟုတ်ဘူးလေ။ တကယ့်အဖြစ်အပျက်က အဲဒီအတိုင်းမှမဟုတ်တာ”ဟု ပြောသည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ)က စီဒေါ နိုင်ငံတကာသဘောတူစာချုပ်ကို ၁၉၉၇ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ သော်လည်း မြန်မာနိုင်ငံရှိ အမျိုးသမီးများအပေါ် ကာကွယ်မှုတစုံတရာမှ မရှိသည့်အပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုများ ပို၍များ ပြားလာသည်ကို မြန်မာအမျိုးသမီးများ အဖွဲ့အစည်းအသီးသီးက အစီရင်ခံစာများ ရေးသားထောက်ပြခဲ့ကြသည်။

၂၀၀၉ခုနှစ်အတွင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေများ၌ တိုက်ပွဲပေါင်း တစ်ထောင်ကျော် ဖြစ်ပွားခဲ့

ဇန်န၀ါရီလ ၈ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်ရာ နယ်မြေများဖြစ်သည့် တပ်မဟာ(၇)ခု တွင် ၂၀၀၉ခုနှစ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (ကေအဲန်အယ်လ်အေ)နှင့် နအဖ၊ ဒီကေဘီအေတပ်ဖွဲ့ များ တိုက်ပွဲပေါင်း တစ်ထောင်ကျော် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကေအဲန်ယူ၏ ၂၀၀၉ခုနှစ် နှစ်ချုပ်တိုက်ပွဲမှတ်တမ်းတွင် ပြီးခဲ့သည့် တနှစ်တာလုံးအတွင်း ပြောက်ကျားနှင့် ရင်ဆိုင်တိုက်ပွဲ အပါအ၀င် ကေအဲန်အယ်လ်အေမှ နအဖ စစ်တပ်နှင့် တိုက်ပွဲပေါင်း ၉၁၅ကြိမ်၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(ဒီကေဘီအေ)နှင့် ၂၆၈ကြိမ် စုစုပေါင်း ၁,၁၈၃ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “ဒီနှစ်မှာ တိုက်ပွဲတွေ အဖြစ်များတာတော့ ဖာပွန်ခရိုင်၊ တပ်မ ဟာ(၅)မှာပါ။ တိုက်ပွဲအပြင်းထန်ဆုံးနဲ့ အကျအဆုံး မြှင့်လာတဲ့လကတော့ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလမှာပဲ”ဟု ကေအိုင်စီကို ပြောသည်။
၂၀၀၉ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နအဖတပ်ဘက်မှ ကျဆုံးမှုဦးရေမှာ ၅၄၀ဦးနှင့် ဒီကေဘီအေဘက်မှ ကျဆုံးမှုဦးရေ ၁၈၃ဦးရှိပြီး ၂၀၀၈ခုနှစ်ထက် ကျဆုံးမှု ပိုများကြောင်း ကေအဲန်ယူ၏ နှစ်ချုပ်စာရင်းတွင် ဖော်ပြထားသည်။ ထိုကာလအတွင်း နအဖတပ်မှ ကျဆုံးသူများထဲတွင် နအဖ အမှတ်(၅) စစ်ကွပ်ကဲရေးဌာနချုပ်မှူး ဗိုလ်မှူးချုပ်ကောင်းမြတ် နှင့် ဗျူဟာမှူးတဦး ပါဝင်ပြီး ကေအဲန်အယ်လ်အေဘက်မှ ကျဆုံးမှုမှာ ၉ဦးရှိသည်ဟု သိရသည်။

ယမန်နှစ် တိုက်ပွဲများအတွင်း နအဖဘက်မှ ထိခိုက်ဒဏ်ရာရရှိသူပေါင်း ၁,၁၄၁ဦးရှိပြီး ဒီကေဘီအေဘက်မှ ၄၁၁ဦး ထိခိုက် ခဲ့သည်ဟု ကေအဲန်ယူ၏ မှတ်တမ်းတွင် ဖော်ပြထားသည်။
ယခု ၂၀၁၀ ခုနှစ်တွင်မူ ရွေးကောက်ပွဲပြုလုပ်ချိန်နှင့် တိုက်ဆိုင်သဖြင့် ကရင်ပြည်နယ်အတွင်း နအဖသည် ၎င်းတို့၏ စိုးမိုး နယ်မြေနေရာများတွင် စစ်တပ်များ အများအပြား ချထားလာနိုင်ပြီး တိုက်ပွဲများမှာ ပြီးခဲ့သည့်နှစ်ထက် အရှိန်အဟုန် ပြင်း ထန်လာနိုင်သည်ဟု ခန့်မှန်းထားသော်လည်း ကေအဲန်ယူအနေဖြင့် မှန်ကန်သည့်လမ်းကြောင်းပေါ် ရှင်သန်ရပ်တည်ကာ နအဖ စစ်တပ်များကို တတ်နိုင်သမျှ ဆက်လက်တိုက်ထုတ်သွားမည်ဟု ဗိုလ်မှူးစောလှငွေက ဆိုသည်။

၂၀၀၉ခုနှစ် ဇွန်လအတွင်း အကြီးမားဆုံး ထိုးစစ်ဖြစ်သည့် ဖားအံခရိုင်ရှိ ကေအဲန်ယူ တပ်မဟာ(၇) နယ်မြေကို ဒီကေဘီ အေမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင် ၎င်းတို့ဘက်မှ ကျဆုံးမှုများရှိခဲ့သည့်အပြင် နောက်ပိုင်းတွင် နယ်ခြားစောင့်တပ် အ သွင်ပြောင်းရန် နအဖ၏ ဖိအားပေးမှု များလာသည့်အပေါ် စီးပွားရေးလုပ်ပိုင်ခွင့်နှင့် နယ်မြေစိုးမိုးမှု အခွင့်အရေးများ လျော့ နည်းလာသည့်အတွက်ကြောင့် အချို့ဒီကေဘီအေတပ်ဖွဲ့ဝင်များမှာ ကေအဲန်ယူဘက်သို့ ကူးပြောင်းမှုများ ပိုမိုများပြားလာခဲ့ သည်။
လွန်ခဲ့သည့် ၂၀၀၈ခုနှစ်က ကေအဲန်ယူဘက်သို့ ကူးပြောင်းလာသည့် ဒီကေဘီအေတပ်ဖွဲ့ဝင် ၃ဦးသာ ရှိခဲ့ပြီး ၂၀၀၉ ခုနှစ် တွင်မူ ၁၄၇ဦးရှိသည်ဟု သိရသည်။

၂၀၀၈ခုနှစ်တွင် အလားတူ တိုက်ပွဲပေါင်း ၁,၀၀၀ကျော် ဖြစ်ပွားခဲ့သော်လည်း တိုက်ပွဲအရှိန်မှာ ၂၀၀၉ခုနှစ်လောက် ပြင်း ထန်မှုနည်းပါးကြောင်း ကေအဲန်ယူ၏ တိုက်ပွဲနှစ်ချုပ်စာရင်းအရ သိရသည်။
ယခုနှစ်သည် နအဖ စစ်အစိုးရ၏ ရွေးကောက်ပွဲလုပ်မည့်နှစ်ဖြစ်သဖြင့် ၎င်းတို့၏ လုံခြုံရေးအတွက် တိုင်းရင်းသားလက်နက် ကိုင်နယ်မြေများကို ဆက်လက်၍ ထိုးစစ်များ ပိုမိုပြုလုပ်လာနိုင်ပြီး အထူးသဖြင့် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်သည်ဟု စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုအောင်သူငြိမ်းက ယခုလို ပြောသည်။
“နအဖကတော့ သူ့လမ်းပြမြေပုံအတိုင်း ဆက်လုပ်သွားမှာပဲဆိုတော့ သူ့ကို ဆန့်ကျင်နေတဲ့ ဘယ်သူ့ကိုမဆို နှိပ်ကွပ်သွား မှာပဲ။ အခု လာမယ့် ပွင့်လင်းရာသီ သုံးလေးလအတွင်းမှာ ကေအဲန်ယူနယ်မြေတွေကို ထိုးစစ်တွေ လုပ်လာနိုင်တယ်။ လုပ် မယ်ဆိုရင် ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ရွာတွေ မီးရှို့ခံရမယ်။ ဖျက်ဆီးခံရမယ်။ ဒါကြောင့် အိုင်ဒီပီ ပြည်တွင်းဒုက္ခသည် လည်း များလာမှာတော့ သေချာတယ်”ဟု ဆိုသည်။
နအဖ စစ်အစိုးရအနေဖြင့် ဒီကေဘီအေအား အသုံးချနိုင်သေးသမျှ ကေအဲန်ယူကို တိုက်ခိုက်ရန် ဆက်လက်ခိုင်းဦးမည် ဖြစ်ပြီး ဗိုလ်ချုပ်စောထင်မောင် ဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးအဖွဲ့ကိုမူ ရွေးကောက်ပွဲသို့ ပါအောင် တိုက်တွန်းသွားနိုင် သည်ဟုလည်း သူက သုံးသပ်သည်။

မြန်မာစစ်အစိုးရကို နှစ် ၆၀ကျော်ကြာ ဆန့်ကျင်တော်လှန်နေသည့် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)ကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စစ်ရေးအရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (ကေ အဲန်အယ်လ်အေ)အနေဖြင့် ယနေ့အချိန်ထိ မြန်မာစစ်အစိုးရကို တွန်းလှန်တိုက်ခိုက်လျှက်ရှိသည်။

လူ့ အခွင့်အရေးချိုးဖေါက်မှု နှင့် တိုက်ပွဲ သတင်း

တပ်မဟာ(၁) - သထုံခရိုင်

၂၆၊ ၁၂၊၂၀၀၉ ရက်နေ့ ၌ ဘီးလင်းမြို့ နယ်ရှိ ဒီကေဘီအေ ၃၃၃ တပ်မဟာ တပ်ရင်း(၃) ရုံးထိုင်မှူး စိုးအောင်မှ ရွာများဖြစ်သော လိုကဒိုရွာ - သက်ကယ်မိုး အခက် ၁၀၀၀၊ နိုကနဲရွာ -သက်ကယ်မိုး အခက် ၁၀၀၀၊ တောင်းယူပြီး အုန်းတောအရပ် တောင်တက်ကုန်းစခန်း သို့ ၂၊ ၁၊ ၂၀၁၀ ရက်နေ့ အရောက်ပို့ ခိုင်းသည်။

တပ်မဟာ(၂) - တောင်ငူခရိုင်

၎၊ ၁၊ ၂၀၁၀ ရက်နေ့ ၁၅း၁၈ နာရီအချိန် လိုထိုးဘို အရပ်၌ တကြိမ်ပစ်ခတ်ရန် နအဖ တပ် မှ (၁)ဦးသေ။
၅၊ ၁၊ ၂၀၁၀ ရက်နေ့  ၁၃း၄၀ နာရီ ထီးညါပယ်လို စခန်းအနီးတွင် တကြိမ်ပျောက်ကြားပစ်ခတ်ရန် နအဖ တပ် (၁)ဦးဒဏ်ရာရ။

ထန်းတပင်မြို့ နယ်၊ ၄၊ ၁၊ ၂၀၁၀ ရက်နေ့ နအဖ စစ်တပ် စကခ(၇) ကလောမီဒါးအခြေစိုက်တပ်များသည် ကလောမီဒါးရွာသား ၄၀ဦး - ရွာသူ ၃၀ ဦးအား ပလဲဝ စခန်းမှ ကလောမီဒါး နအဖ စစ်စခန်းသို့ ရိက္ခာများကို ပို့  ဆောင်ရန် အတင်းအကျပ် ပေါ်တာအဖြစ်ခိုင်းစေ ။
၅၊ ၁၊ ၂၀၁၀ ရက်နေ့ ယင်း နအဖ စစ်တပ် စကခ(၇) ကလောမီဒါး အခြေစိုက်တပ်သည် ကလောမီဒါးရွာသား ၄၀ ဦး ရွာသူ ၃၀ ဦး၊ မော်ဖါးဒဲရွာသား ၄၀ ဦး၊ လမ်းခရီးတွင်သွားလါသူ (၁၈)ဦးအားဖမ်းဆီးပြီး ပလဲဝစခန်းမှ ကလောမီဒါး စစ်စခန်းသို့ အတင်းအကျပ်ခိုင်းစေပြီး စစ်တပ်ရိက္ခာများကိုသယ်ခိုင်းသည်။

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်

၂၊ ၁၊ ၂၀၁၀ ရက်နေ့ တွင် ရန်သူတပ်နှင့် ထီးလယ်ဘောထာ အရပ်၌ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ နအဖ တပ်မှ (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ။

တပ်မဟာ(၆) - ဒူးပလာယာ ခရိုင်

၎၊ ၁၊ ၂၀၁၀ ရက်နေ့  ၀၉း၄၈ နာရီအချိန် ကျနော်တို့ တပ်ရင်းအမှတ်(၁၆)မှ ခမရ(၄၀၂) စစ်ကြောင်း(၂) မောင်မောင်မျိုးဦးစီး အား ခေါကလားနှင့် မဲကျူ ကြားတွင် တကြိမ် ပျောက်ကြားပစ်ခတ်ရန် နအဖ တပ်(၁)ဦးသေ။

မှတ်ချက်။ ။ ကေအဲန်ယူရုံးထုတ်ပြန်ချက်မှ ဘာသာပြန်ဆိုသည်။

2010 Campaign Inside Burma News

2010 Campaign Inside Burma News
2010 Campaign Inside Burma News

Karen youth bow in unity to honor their national flag.

2010 January 8


KAOWO- The large crowd filling the chairs in front of the stage at the recent Karen New year celebrations, held on the grounds of the Mae Towe Clinic, in Mae Sot, rose to their feet in unison to focus their attention on the most venerated symbol of their shared hopes and aspirations for freedom.

The Karen national flag has deep meaning to Karen people, because it has been a rallying point during their decades long armed struggle against the Burmese military.

Many in the audience wore clothing displaying the vivid colors Karen traditional dress has become famous for. But, nine year old Saw Zin Min beamed with pride as his mother helped him wrap his head in a scarf with red, white and blue stripes- the predominant colors in the Karen flag.

“I want to wear it because it’s Karen new year. All Karen people respect their flag,” he said.

The young boy’s sentiment was echoed by Master of Ceremonies, Mahn Shwe Hnin, Headmaster of CDC School, in Mae Sot.

“You have to love your flag and be proud of it,” he said. “If not, maybe one day Karen people will disappear from the world.”

Karen people are proud of the fact that their flag is widely recognized.

Dr. Tee Than Pyar founded The Karen National Association in 1881, becoming its first chairman. Afterwards, Dr. Tee Than Pyar, Sayar San Baw from Thararwaddy served as a chairman between 1930 and 1940. During this period, he and other Karen leaders petitioned parliament for the creation of a Karen flag and national anthem. That request was not ignored. It was discussed in parliament and voted upon in 1935.

The public was invited to participate in a competition to design the new flag.

More than one hundred designs were received. Eventually, three were selected for consideration.

. Among the three designs selected, Mann Ba Khin, (BA), won the first prize. He was also a writer in the Karen organization. In his flag design, there was a frog drum (called that because it is covered with frog skin). He said ancient Karen people used the frog drum during war and venerated it. Karen people believed that it’s a living thing.

The second winner, Sayar Moe from Taung Oo incorporated a rising sun symbol. He noted the rising sun gave the bright light to all Karen people in the world; and sunlight could erase fear. For instance, if a person in a particular family was sick, other family members were worried, being fearful at night especially. When the daylight came, it could erase the fear. As well, sunlight gives life to all living things. All human beings need sunlight and doctors have even cured patients by exposing them to sunlight, as a medical treatment.

The third winner, Dr. Ba Saw Dwe incorporated the image of a white elephant image in the Karen flag. There was an elephant image on the frog drum. According to his definition, the white elephant is a precious treasure.

Mann Ba Khin, the secretary of the Karen National Association, led a group to incorporate all three elements into the final design, which he sent to the Karen National Association.

In the final design, the color red was used to speak of heroism and perseverance, white for purity and clarity and blue for honesty and peace.

Nine rays of light streaming from the rising sun indicated the nine regions from which the Karen people traced their origins.

The frog drum symbolizes unity in traditional Karen culture.

In 1936, Karen army leaders added two Dohs (rounded seeds) under the frog drum in the Karen flag.

Before Burma gained independence in 1937, Karen people held a Karen New Year celebration in Rangoon. At the celebration, the Karen flag was successfully hoisted in the flag pole and Karen people bowed to it in unity.

When the Karen armed revolution occurred on January 31, 1949, some people from the AFPLF government argued the Karen national flag was the flag of the rebels. After that, the government did not allow the flag to be used. However, some Karen leaders, who would not join the armed revolution, named Sayar Thar Hto and Sayar James Htun Aung and Saw Bel Lay bravely used the Karen National flag during Karen New Year celebrations in Rangoon.

In the different regions of Burma where Karen live, and even abroad, Buddhist and Christian Karen people have used the Karen national flag during Wrist Tying ceremonies, cultural ceremonies, public meetings and especially during Karen New Year.

“I’m very happy and proud to be Karen,” young Zaw Sin Min said, his bright eyes peeking out from under the red, white and blue stripes he is so proud to wear.

ミャンマー総選挙、10月10日軸に調整 軍政筋明かす

2010年1月7日9時8分



 【バンコク=山本大輔】ミャンマー(ビルマ)の軍事政権が独自の「民政移管プロセス」の一環として今年中の実施を表明している総選挙について、軍政筋は6日、10月10日の投票を軸に調整が進んでいると明らかにした。現職閣僚の多くが4月までに辞任して立候補する予定で、投票時期については「選挙活動に半年ほどが必要」との判断が働いているという。

 軍政筋によると、選挙は人民代表院(下院=定数440)と民族代表院(上院=同224)で同時に実施され、4月前後に選挙法や政党法などが公表される見通し。軍政は閣僚を辞任する高位軍人らに加え、翼賛組織「連邦団結発展協会(USDA)」のメンバーらに2~3の翼賛政党を設立させるとみられている。

 2008年5月に成立した新憲法では、上下両院の議席の4分の1は軍が指名することになっており、選挙で決まるのは残りの議席。ここに軍の影響下にある議員を大量に送り込み、選挙後も実質支配を続ける体制を作り上げるのが軍政側の狙いだ。

 選挙を見据えた動きも出始めた。軍政は、数十万人の公務員の給与を今月末の支給分から一律2万チャット(実勢レートで1840円)増とする方針を決めたが、政府職員の票の取り込みを狙った措置とみられている。

 外交筋によると、民主化運動指導者アウン・サン・スー・チーさんが率いる国民民主連盟(NLD)など、反軍政勢力にも選挙への参加を認める可能性が高い。民主的な選挙を装い、選挙後の新政権の承認を国際社会から引き出す狙いだ。

 ただ、軍政の弾圧でNLDは組織の弱体化が進んでいるとされ、スー・チーさんの軟禁解除も「軍政は容易には応じない」(外交筋)との見方が強い。スー・チーさんが自由に活動できなければ、選挙に参加しても厳しい戦いを強いられるのは必至で、NLDは参加の是非を慎重に検討しているとみられる。

Karen Information Center- KIC-Dec-09

Karen Information Center- KIC-Dec-09
Karen Information Center- KIC-Dec-09

Thursday, January 7, 2010

ကရင်မိန်းကလေးငယ်များကို နအဖစစ်တပ် ပေါ်တာဆွဲဟု မွန်လူ့အခွင့်အရေးအဖွဲ့ပြော
ဝီရ/ ၆ ဇန်န၀ါရီ ၂၀၁၀

မြန်မာပြည်တောင်ပိုင်း၊ တနင်္သာရီတိုင်းရှိ နအဖစစ်တပ်က ရှေ့တန်းစစ်မျက်နှာ၌ ရိက္ခာသယ်ရန် ဒေသခံ ကရင်ရွာသားများကို ပေါ်တာဆွဲရာတွင် မိန်းကလေးငယ်များကိုလည်း ခေါ်ဆောင်နေကြောင်း မွန်လူ့အခွင့်အရေးဖောင်းဒေးရှင်း (HURFOM) က ပြောသည်။

HURFOM မှ ဆက်ဆံရေးတာဝန်ခံ နိုင်အဲမွန်က “လွန်ခဲ့တဲ့အပတ်က ရှေ့တန်းထွက်ဖို့ ပေါ်တာဆွဲခံရတဲ့ ကရင်ကျေးရွာ (၁၀) ရွာက လူ (၄၄၀) ယောက်ကို နအဖစစ်တပ် (စစ်ဆင်မှု ကွပ်ကဲရေးဌာနချုပ်) စကခ (၂၀) က ဗိုလ်မှူးကြီး သိန်းကျော်မြင့်ရဲ့ ကွပ်ကဲမှုအောက်က တပ်တွေက ခေါ်ခဲ့တယ်။ အဲဒီအထဲမှာ မိန်းကလေးငယ်တွေနဲ့ အသက် (၅၀) ကျော် အမျိုးသမီးကြီး (၁၅) ယောက်လည်း ပေါ်တာဆွဲခံရတယ်။ ခရီးက (၇) ရက်တောင် ကြာတော့ ဒီမိန်းကလေးတွေအတွက် စိုးရိမ်ရတဲ့အခြေအနေ ဖြစ်နေတယ်။ ပြီးတော့ တချို့မိန်းကလေးတွေက သူတို့အိမ်ကို အခုထိ ပြန်မရောက်သေးကြဘူး” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။


ပေါ်တာအထမ်းသမားအတွက် ကရင်ရွာသားများကို ပြီးခဲ့သည့် ဒီဇင်ဘာ (၂၉) ရက်၌ ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ထီးချောင်းဝနှင့် ကင်းနီးခြံကျေးရွာမှ မိန်းကလေးများကိုလည်း ခေါ်ဆောင်သွားကြောင်း၊ တပတ်ပြည့်မြောက်ပြီးဖြစ်သော်လည်း ရွာသားအများစုမှာ နေအိမ်များသို့ ပြန်မရောက်ကြသေးကြောင်း သိရသည်။

နိုင်အဲမွန်က “အိမ်မှာ ယောက်ျားတွေက တိမ်းရှောင်သွားလို့ မိန်းကလေးတွေကို ခေါ်သွားတာ။ မလိုက်မဖြစ် လိုက်သွားရတာ။ ရွာသားတွေကို ကျည်ဆန်တွေ၊ လက်နက်တွေ မသယ်ခိုင်းဘူး။ ဆန်နဲ့ရိက္ခာတွေ သယ်ခိုင်းတာ။ ရွာသားတွေ စားသောက်ဖို့က ကိုယ်တိုင်ယူသွားရတယ်။ ပေါ်တာကြေး မရတဲ့အပြင် ကိုယ့်စရိတ်နဲ့ကိုယ် လိုက်သွားရတယ်။ အဲဒီဒေသက လူ့အခွင့်အရေး အချိုးဖောက်ခံရဆုံးဒေသ ဖြစ်နေတယ်” ဟု ပြောသည်။

အဆိုပါ အမျိုးသမီးများကို စခန်းတထောက်နားရာ မိုးရိုးကျေးရွာတွင် နောက်ဆုံးတွေ့ဆုံခဲ့ရပြီး နေအိမ်များသို့ ပြန်မရောက်ကြသေးကြောင်း ပေါ်တာဆွဲခံရသူတဦး၏ ပြောကြားချက်ကို ကိုးကား၍ HURFOM ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

နော်တေ၊ သင်္ဘောဦး၊ သာရဝချောင်း၊ ဇင်းမာခြံ၊ ထီးချောင်းဝ၊ ပါကျင်း၊ ကျောက်လုံး၊ ကင်းနီးခြံ၊ သာမူး၊ မိုးရိုးရွာတို့မှ တရွာလျှင် ရွာသား (၃၀) မှ (၇၀) အထိ ပေါ်တာဆွဲခံကြရပြီး ထိုအရေအတွက်သည် တနင်္သာရီတိုင်းတွင် အများဆုံး ပေါ်တာအဆွဲခံရခြင်း ဖြစ်ကြောင်း HURFOM က ဖော်ပြထားသည်။

ကေအန်ယူ တပ်မှူးတဦးက “အဲဒီဒေသမှာ ၂၀၀၉ နှစ်ဆန်းပိုင်း တိုက်ပွဲဖြစ်ပွားတာ များတယ်။ အခု မိုးကုန်ချိန်ရောက်လာတော့ နအဖက ထိုးစစ်ပြန်စဖို့ ရှိတယ်။ အဲဒီမှာ ရွာသားတွေကို ပိုက်ဆံမပေးဘဲ ပေါ်တာဆွဲတာ၊ လုပ်အားပေးခိုင်းစေတာတွေနဲ့ အခြားလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နအဖစစ်တပ်က အမြဲကျူးလွန်နေတယ်။ အမဲရောင်နယ်မြေအဖြစ် သတ်မှတ်ပြီး ရွာသားတွေကို သတ်ဖြတ်တာတွေလည်း ရှိတယ်။ ပေါ်တာသမားတွေကို ထွက်ပြေးတယ်လို့ အကြောင်းပြပြီး သတ်လိုက်တာလည်း ရှိတယ်” ဟု ပြောကြားသည်။

အဆိုပါဒေသသည် ထားဝယ်ခရိုင်အတွင်းရှိ ကေအန်ယူ တပ်မဟာ(၄) ထိန်းချုပ်ရာဒေသဖြစ်ပြီး ၁၉၉၇ ခုနှစ်မှစ၍ ကျေးရွာပေါင်း (၁၅) ရွာကို မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ကျန်ရှိသည့် ရွာ (၁၀) ရွာကျော်ကို အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းခဲ့သည်။

Wednesday, January 6, 2010

စစ်ဦးကျိုးစေရန် နအဖ တပ်ရိက္ခာများကို ကေအန်ယူ သိမ်းဆည်း

လာမည့် ပွင့်လင်းရာသီတွင် ကေအန်ယူ တပ်မဟာ (၆) ကို ထိုးစစ်ဆင်ရန် နအဖစစ်တပ်ဘက်မှ တပ်ရိက္ခာဖြည့်တင်းနေမှုကို စစ်ဦးကျိုးသွားစေရန် ရည်ရွယ်၍ ကေအန်ယူက သိမ်းဆည်းခဲ့သည်။

ကေအန်ယူ တပ်မဟာ (၆) မှ ဗိုလ်ကြီး ထွဲနေက “ဒီဒေသကို ထိုးစစ်ဆင်ဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၀) ရက်ကတည်းက ဆန်အိတ်ထောင်ချီပြီး အနန်းကွင်းကို နအဖ ပို့ထားတယ်။ ဆန်ရိက္ခာတွေ ထောင်ချီပို့တာ ဒါ ပထမဆုံးအကြိမ်ပဲ။ အနန်းကွင်းကနေ ဘုရားသုံးဆူဘက်ကို ဆက်သယ်လာတဲ့ တပ်ရိက္ခာတွေကိုပဲ ကျနော်တို့ သိမ်းတာပါ။ လိုင်းကားတိုင်းမှာ နအဖက ဆန်အိတ် (၆) အိတ်ကနေ (၁၀) အိတ်အထိ သယ်ခိုင်းလာတဲ့အထဲက အခုလို သိမ်းလိုက်တာပါ” ဟု ပြောကြားသည်။

နအဖဘက်မှ တပ်ရိက္ခာ ဖြည့်တင်းနေမှုမှာ ယခင်နှစ်ကထက် (၄) ဆခန့် များပြားလာကြောင်း၊ စကခ (၈) သာမက စကခ (၁၉) နှင့် စကခ (၁၂) လက်အောက်ခံ တပ်ရင်းတို့ကိုလည်း ယခုနှစ် ထိုးစစ်တွင် အသုံးပြုဖွယ်ရှိ၍ စစ်ဦးကျိုးသွားစေရန် ရန်သူ့တပ်ရိက္ခာတို့ကို ယင်းကဲ့သို့ သိမ်းဆည်းရခြင်းဖြစ်ကြောင်း ဗိုလ်ကြီး ထွဲနေက ပြောသည်။

နအဖတပ်ရိက္ခာများကို ကေအန်ယူက သံဖြူဇရပ်၊ ဘုရားသုံးဆူနယ်စပ်မြို့အကြား လမ်းခရီးတွင် ဒီဇင်ဘာ (၂၇) ရက်နေ့မှ စတင် သိမ်းဆည်းလိုက်ခြင်းဖြစ်ပြီး ထိုတပ်ရိက္ခာ တင်ဆောင်လာသည့် ချောဆွဲလိုင်းကားများကို နအဖစစ်တပ်က အတင်းအဓမ္မ ပြန်လျော်ခိုင်းခဲ့ကြောင်း သိရသည်။

ကားသမားတဦးက “ဆန်(၁) အိတ်ကို ထိုင်းဘတ် (၆၀၀) နဲ့ ဘုရားသုံးဆူကနေ ဝယ်ပြီး ဇန်နဝါရီ (၃) ရက် နောက်ဆုံးထားပြီး တပ်စခန်းအရောက် ပြန်ပို့ခိုင်းတယ်။ ပြန်မဝယ်ပေးရင် ကားပါ သိမ်းမယ်ဆိုတော့ သယ်လာတုန်းက ဆန်အသိမ်းခံရတဲ့ ကားသမားတိုင်းက ပြန်ဝယ်ပေးရတာပေါ့။ ကျနော်က (၆) အိတ်စာအတွက် ပို့စရိတ်ပါဆိုရင် ဘတ် (၄,၀၀၀) လောက် ကုန်သွားတယ်” ဟု ပြောသည်။

ထိုတပ်ရိက္ခာများကို ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း နအဖဗျူဟာရုံး တပ်စခန်းမှတဆင့် ဘုရားသုံးဆူမြို့သို့ တင်ဆောင်လာစဉ် အသိမ်းခံခဲ့ရခြင်းဖြစ်ပြီး ဆန်အိတ်ပေါင်း (၈၀) နီးပါးအတွက် ကားသမားတို့က လျော်ပေးခဲ့ရကြောင်း သိရသည်။

ဗိုလ်ကြီး ထွဲနေက “အခု လိုင်းကားတွေနဲ့ မသယ်တော့ဘဲ ကားအစီးလိုက်ငှားပြီး လုံခြုံရေးအပြည့်နဲ့ သယ်ဖို့ ကားသမားတွေဆီက ထိုင်းဘတ် (၁,၅၀၀) လိုက်ကောက်နေတယ်။ ဘယ်လိုပဲသယ်သယ် ကျနော်တို့က ရန်သူ့တပ်ရိက္ခာတွေ ဘုရားသုံးဆူအထိ ရောက်မလာအောင်တော့ တားဆီးရမှာပဲ” ဟု ပြောကြားသည်။

ဘုရားသုံးဆူနယ်စပ် ကားလမ်းမှ ပြေးဆွဲနေသည့် လိုင်းကားပေါင်းမှာ အစီးရေ (၄၀) ခန့်ရှိသည်။

ကေအဲန်ယူမှ နအဖ မြေတူးစက်ကားအပါအ၀င် ကား ၉စီးကို ဖျက်စီး

Tuesday,Jan5,

ကေအဲန်ယူလက်အောက်ခံတပ် တပ်မဟာ ၅မှ နအဖမြေတူးစက်ကား ၄စီးနှင့် ကုန်တင်ယဉ်ကား ၅စီးကို လွန်ခဲ့သည့်လများတွင် ဖျက်စီးလိုက်သည်ဟု သတင်းရရှိသည်။
ကေအဲန်ယူ သတင်းထုတ်ပြန်ချက်အရ ကေအဲန်ယူလက်အောက်ခံ၊ ကေအဲန်အယ်လ်အေ တပ်မဟာ ၅မှ လွန်ခဲ့သည့် နိုဝင်ဘာ ၁၅ရက်နေ့မှ ဒီဇင်ဘာ ၂၉ရက်နေ့အထိ နအဖပိုင် မြေတူးစက်ကား ၄စီးနှင့် ကုန်တင်ယဉ် ၅စီးကို ဖျက်စီးပစ်လိုက်ခြင်း ဖြစ်သည်။

ကွယ်ကလူကရင်ဝက်ဆိုက်ဘ်မှ ဘာသာပြန်ဆိုထားသည်။

Information Written by KNU Office- Saturday, 02 January 2010

2010 January 5

3 women arrest by Kwekalu Karen News

2010 January 5

aussi give hightech 2 spdc by Kwekalu Karen News

2010 January 5

knla destroy trucks by Kwekalu Karen News

2010 January 5

Tuesday, January 5, 2010

တိုက်ပွဲသတင်းနှင့် လူ့အခွင့်အရေးချိုးဖေါက်မှုသတင်း

ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူးချုပ်ရုံးမှ စောစေးစေး၏ ကရင်ဘာသာဖြင့် ပေးပို့ချက်အား ဘာသာပြန်ဆိုထားပါသည်။
တိုက်ပွဲသတင်း
တပ်မဟာ ၃(ညောင်လေးပင်ခရိုင်)
၂၂. ၁၂. ၀၉ရက်နေ့ ၁၄း၄၀အချိန် ကေအဲန်အယ်လ်အေ တပ်မဟာ ၃လက်အောက်ခံ ပူးပေါင်းအင်အားနှင့် တပ်မဟာ ၅အဖွဲ့မှ ပေါ်ဟေးခိုနှင့် ဖလယ့်ခိုကြားတွင် နအဖတပ်နှင့် တိုက်ပွဲဖြစ်ပွားရာတွင် နအဖဘက်မှ ၄ယောက်သေ ၂ယောက်ဒဏ်ရာရရှိသည်။ သေသည့်အထဲတွင်၊ ဗိုလ်အဆင့်တယောက်၊ တပ်ကြပ် ၂ယောက်နှင့် တပ်သားအဆင့် ၁ယောက်တို့ ဖြစ်သည်။ ဒဏ်ရာရရှိသူများထဲတွင် ဗိုလ်အဆင့်တယောက် ပါဝင်သည်ဟု သတင်းရရှိသည်။ ကေအဲန်အယ်လ်အေဘက်မှ MA-3 သုံးလက်၊ MA-2 တလက်ရရှိသည်။

ထို့အပြင် ၂၆၊ ၁၂၊ ၀၉ရက်နေ့တွင် နအဖနှင့် ကဟောခီးတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ နအဖတပ်ကြပ်တယောက် သေဆုံးပြီး တပ်ကြပ်တယောက် ဒဏ်ရာရရှိသည်။

တပ်မဟာ၎(ဘိတ်ထားဝယ်)ခရိုင်နယ်မြေ
၂၁၊ ၁၂၊ ၀၉ရက် တပ်မဟာ ၄လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် နအဖ ခလရ ၄၀၉တို့ ရေပူရွာတွင် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားရာ နအဖဘက်က ၁ယောက် ဒဏ်ရရှိသည်။
၂၅၊ ၁၂၊ ၀၉ရက် ၁၂ခွဲအချိန်တွင် မိမိတို့ တပ်ဖွဲ့ဝင်များနှင့် နအဖတပ်ဖွဲ့တို့ အမိုလမ်းခွဲအနီးတွင် တိုက်ပွဲဖြစ်ပွားရာ တပ်ကြပ်တယောက် သေဆုံးကာ မိမိတို့ဘက်မှ MA-3တလက်နှင့် ၄င်းကျဉ် ၃၀လုံးကို သိမ်းပိုက်ရရှိသည်။

လူ့အခွင့်အရေးချိုးဖောက်မှုသတင်း
တပ်မဟာ ၅(ဖာပွန်ခရိုင်)

၂၆၊ ၁၂၊၀၉ ရက်နေ့တွင် DKBAမှ ဖားနာဒိရဲ့ တပ်ဖွဲ့မှ ဖားတာဝေးက မဲ့မွဲကျေးရွာအုပ်စုရှိ ရွာသူရွာသားများဖြစ်သည့် ဖားလယ်မေး၏ ဆိတ်၂ကောင်၊ ဖားသော၏စပါးကျီတခုထဲမှ စပါးများကို အတင်းအဓမ္မယူငယ်သည့်အပြင် တဲကိုပါ မီးရှို့ဖျက်ဆီးလိုက်သည်။

ထို့အပြင် ဖားမြအောင်၏အိမ်တလုံးကိုလည်း မီးရှို့ဖျက်ဆီးလိုက်သည်။ ဖားကေးဒေး၏ စပါးကျီထဲမှ စပါးများကိုလည်း ယူငယ်သွားသည်။ နော်ဒေး၏ ကျွဲ ၅ကောင်ကိုလည်း ယူဆောင်သွားသည်။ ဖားတာပလဲ့ကို ၅ချက်ရိုက်နှက်သွားပြီး စောဘူးကိုလည်း ၅ချက်ရိုက်နှက်သွားသည်။ ဖားမောင်ကျကိုလည်း တချက်ရိုက်နှက်သွားသည်ဟု သိရှိရသည်။

ထို့အပြင် လယ်ဟယ်ဟော့ ရွာသားများထံမှ ၀ါးအလုံး ၁၃၀ အတင်းအဓမ္မခုတ်ခိုင်းသည်။ ဖားခေါ့ကလဲ၏ဆိတ်တကောင်ကိုလည်း အတင်းယူငယ်စားသောက်သွားပြန်သည်။ ထို့အပြင် အဆိုပါရွာထဲမှ ပစ္စည်းများကို အတင်းယူငယ်ရာ ခန့်မှန်းချေ ဘတ်ငွေ ၄၀၀၀၀ရှိမည်ဟု ခန့်မှန်းသိရှိရသည်။

ထို့အပြင် ဖားကုလား၏ ဆိတ်တကောင်နှင့် အီးငဲဆိတ်တကောင်ကိုလည်း ထပ်မံယူဆောင်စားသောက်ပြန်သည်။ ၀ါးကလုခို့ ကျေးရွာသားကိုလည်း ၀ါးအချောင်း ၇၀၀ အတင်းထပ်မံခုတ်ခိုင်းပြန်သည်။

တပ်မဟာ ၆(ဒူးပလာရာခရိုင်)
၂၅၊ ၁၂၊ ၀၉ရက် ခမရ ၄၀၇မှ တင်မောင်ဝင်းဦးစီးအဖွဲ့သည် လေးနော်ရှိ ၄င်းတို့၏တပ်စခန်းကို ပြုပြင်ရန်အတွက် တပ်စခန်းအနီးအနားရှိ ကျေးရွာသားများထံမှ သစ်ဝါးများကို ယူငယ်ရာ ကျေးရွာကြီးတရွာလျှင် သစ်ဝါးအလုံးပေါင်း ၁၅၀၀လုံးနှင့် ကျေးရွာငယ်တရွာလျှင် သစ်ဝါးအလုံးပေါင်း ၅၀၀လုံး အတင်းတောင်းယူသည့်အပြင် တရွာလျှင် ၁ယောက် သွားရောက်လုပ်အားပေးရပြီး တလလျှင် ၃ကြိမ်သွာရကာ တကြိမ်သွားလျှင် ၁၀ခန့် ကြာသည်ဟု သိရှိရသည်။

တလတကြိမ်သွားရသည့်ရွာ ၁၀ရွာရှိပြီး အဆိုပါရွာများမှာ ကွီးကဆောစိ၊ လေးနော်၊ လယ်စေး၊ တာသူးကလိုး၊ ခိုးခဝေါ၊ ကျောက်ဖလူး၊ ဖက်ကနော၊ မက်က၀ါ၊ ထီးမောကဲ မဲ့တလိရွာနှင့် လေးဖိုးရွာတို့ ဖြစ်သည်။

၂၆၊ ၁၂၊ ၀၉ရက် ရတခ စဗဟ ၃ အနန်းကွင်းကျေးရွာအခြေစိုက်မှ ဘုရားသုံးဆူသို့ ဆန်ရိက္ခာာကို များပို့ရာတွင် ကေအဲန်အယ်လ်အေ တပ်ရင်း၁၆မှ သိမ်းယူသွားသည်။
၂၈၊ ၁၂၊ ၀၉ရက် တပ်မဟာ ၆လက်အောက်ခံ တပ်ရင်း ၁၆မှ နအဖရိက္ခာကို သိမ်းယူရာ နို့ဆီ၄၆၇လုံး ရရှိသည်။

တပ်ရင်း ၁၆တပ်ဖွဲ့ဝင်များသည် ရတခ စဗဟ ၃ အနန်းကွင်းကျေးရွာအခြေစိုက်မှ ဗိုလ်မှူးကြီး ခင်မောင်ထွန်းသည် ရွာသူရွာသားများထံမှ ရိက္ခာ အတင်းအဓမ္မကောက်ယူပြီး အနန်းကွင်းမှ ဘုရားသုံးဆူကို ပို့ဆောင်သည်။ မသွားရဲသည့် ကားများအား ကားတစီးလျှင် တသိန်း ငါးသောင်းကျပ် ကောက်ယူသည်။

New Year Greetings & Call for National Unity by KNU

New Year Greetings & Call for National Unity by KNU
New Year Greetings & Call for National Unity by KNU

၆၂နှစ်မြောက် လွတ်လပ်ရေးနေ့ ကိုဂျပန်နိုင်ငံတိုကျိုမြို့ရှိ myanmarစစ်အခွန်ရုံးရှေ့တွင် jac (japan) မှဦးဆောင်၍ဆန္ဒပြခဲ့ကြ

၆၂နှစ်မြောက် လွတ်လပ်ရေးနေ့ ကိုဂျပန်နိုင်ငံတိုကျိုမြို့ရှိ MYANMAR စစ်အခွန်ရုံးရှေ့တွင် JAC (japan) မှဦးဆောင်၍ဆန္ဒပြခဲ့ကြသည်၊၊ KNL (JAPAN ) မှလည်းသွားရောက်ခဲ့သည်၊၊




National Democratic Front -Bul-No-05-Dec-2009

National Democratic Front -Bul-No-05-Dec-2009
National Democratic Front -Bul-No-05-Dec-2009