Saturday, April 20, 2013

Boston ဗုံးခွဲသူကို ဖမ်းမိပြီ


 
Boston မာရသွန်အပြေးပြိုင်ပွဲမှာ ဗုံးပေါက်ခွဲသူ အသက် (၁၉) နှစ်အရွယ် Dzhokhar Tsarnaev နှင့်သူ၏အကို

Boston ဗုံးခွဲသူအဖြစ် သံသယရှိသူ ဒုတိယတယောက်ကို လုံခြုံရေး အာဏာပိုင်တွေက တနေ့လုံး ပိုက်စိပ်တိုက် လိုက်လံရှာဖွေ ခဲ့ပြီးနောက် သောကြာနေ့ ညပိုင်းမှာ အရှင်ဖမ်းမိသွားပါပြီ။

Boston မြို့ Watertown ရပ်ကွက်ထဲက အိမ်တအိမ်ရဲ့ခြံထဲမှာထားတဲ့ မော်တော် ဘုတ်ပေါ်မှာ အသက် ၁၉ နှစ်အရွယ် Dzhokhar Tsarnaev ကို ရဲတွေက ဖမ်းမိသွားတာဖြစ်ပါတယ်။


ဒဏ်ရာ ရထားတဲ့အတွက် ယခု ဆေးရုံသို့ခေါ်ဆောင်ခဲ့သည်ဟု CNN ကနေသိခဲ့ရပါတယ်။သူ့ရဲ့အကို Tamerlan ကတော့ ကြာသပတေးနေ့ညပိုင်းက ရဲတွေနဲ့ အပြန်အလှန်ပြစ်ခတ်မှုအတွင်းမှာ သေဆုံး
သွားခဲ့ပါတယ်။ 

မသင်္ကာဖွယ် လူကို ဘော်စတွန်ရဲက မိပြီ



အမေရိကန် ပြည်ထောင်စု ဘော်စတွန်မြို့ ဝါးတားတောင်း တဝိုက်မှာ လွန်ခဲ့တဲ့ နာရီပိုင်းတွင်း သေနတ် ပစ်ခတ်သံတွေ ကြားခဲ့ရပြီး ရဲက သူတို့ ရှာဖွေနေတဲ့ သံသယ ရှိသူကို အသက်မသေပဲ ဖမ်းမိနိုင်တယ်လို့ ဘော်စတွန်ရဲအဖွဲ့ကပြောပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ဘော်စတွန် မာရသွန် ဗုံးခွဲမှုနဲ့ ပတ်သက်လို့ မသင်္ကာဖွယ်လူဟာ ချက်ချင်ညာ လူမျိုး အသက် ၁၉ နှစ်အရွယ် Dzhokhar Tsarnaev ဖြစ်ပါတယ်။ ---

Friday, April 19, 2013

CNN NEWS 19. 4. 2013 - 9 PM - ET

Tuesday, April 16, 2013

ဘ်ာစတွန် မာရသွန်ဗုန်းသုံးလုံးပေါက်အသက် ၂၀ အရွယ် ဆော်ဒီလူမျိုးဖမ်းဆီးခံရ

UPDATE: 2DEAD, 80 INJURED AFTER 2 EXPLOSIONS ROCK BOSTON MARATHON
NY AUTHORITIES RAMP UP SECURITY AFTER BOSTON EXPLOSIONS
PHOTOS: EXPLOSIONS ROCK BOSTON MARATHON
Zaw Win's photo.

ဘော်စတွန် မာရသွန် ပြိုင်ပွဲဝင်ခါနီး လိုင်းကြောင်းအနီး ( finish line ) မှာ မသမာသူတွေ ဗုန်းနှစ်လုံးဖောက်လို့ ၆ ဦး ဒဏ်ရာရရှိသွားပြီး ပြိုင်ပွဲပျက်သွားပါတယ်လို့ စီအန်အန် (CNN) က သတင်းပေးပို့နေပါတယ်

Breaking News - ဘော်စတွန်မြို့တွင် တတိယမြောက် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဘော်စတွန် မာရသွန်ပြေးပွဲ၌ ဗုံး ၂ လုံး ပေါက်ကွဲခဲ့ကာ မပေါက်ကွဲသေးသည့် ဗုံး ၂ လုံးအား ရှာဖွေတွေ့ရှိခဲ့ပြီး မကြာမီအချိန်၌ ဘော်စတွန်မြို့ရှိ သမ္မတ John F. Kennedy စာကြည့်တိုက်၌ ဗုံးတစ်လုံး ပေါက်ကွဲတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။

ရဲတပ်ဖွဲ့၏ အဆိုအရ ဤ ဖြစ်ရပ်များမှာ ဆက်စပ်မှုရှိကြောင်း သိရှိရပြီး ဒဏ်ရာရရှိသူ အရေအတွက်မှာ ၅၀ ဦးထိ ရှိသွားပြီဟု သိရှိရသည်။

ဘော်စတွန်မာရသွန်ပြိုင်ပွဲ ဗုံးပေါက်ကွဲမှု
Updated 36 minutes ago · Taken in Boston, Massachusetts
အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့တော်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အနည်းဆုံး လူ ၂ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၆၄ ဦးခန့်ရှိကြောင်း သိရှိရသည်။ ဒဏ်ရာရရှိသူများအနက် စိုးရိမ်ရသည့် အခြေအနေရှိသူများလည်း ပါဝင်သည်ဟုဆိုသည်။

ဘော်စတွန်မြို့တွင် နှစ်စဉ် ကျင်းပပြုလုပ်သည့် ဘော်စတွန်မာရသွန်ပြိုင်ပွဲ၏ ပန်းဝင်စည်းအနီးတွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။ အဆိုပါ မာရသွန်ပြိုင်ပွဲသို့ ထောင်နှင့်ချီသော ပြိုင်ပွဲဝင်များ ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။
ဒဏ်ရာရထားသောအသက် ၂၀ အရွယ် ဆော်ဒီလူမျိုး တစ်ယောက်ကို ဗုံးပေါက်ကွဲမှု မသင်္ကာသူ အဖြစ် ဖမ်းဆီးထားပြီဖြစ်ပါတယ်။ လက်ရှိဘော့စတွန်ဆေးရုံမှာထားပါတယ်။သမ္မတအိုဘားမားကတော့နောက်ကွယ်ကဘယ်သူဆိုတာမသိသေးဖူးလို့ပြောပါတယ်..ဘေးမှာရပ်ကြည့်နေတဲ့ လူအုပ်ကြားထဲပေါက်ကွဲခဲ့တာပါ။




Monday, April 15, 2013

သင်္ကြန်တွင် မူးယစ်ထောင်ချောက် သတိထားရန်လို



ရန်ကုန်၊ ဧပြီ-၈

မကြာမီကျင်းပမည့် သင်္ကြန်ပွဲတော်ဆင်နွှဲကြမည့် လူငယ်များ အထူးသဖြင့် အမျိုးသမီးများမှာ မသမာသူအချို့၏ မူးယစ်ဆေးဝါးများ ရောစပ်တိုက်ကျွေးမှုများကို သတိပြုရှောင်ရှားရန်လိုကြောင်း သတင်းရရှိသည်။

သင်္ကြန်ကာလတွင် မသမာသူအချို့က အမျိုးသမီးများနှင့် မိတ်ဆွေဖွဲ့၍ အရက်၊ ဘီယာ၊ ကော်ဖီ၊ အချိုရည်စသည့်အရည်များအတွင်း စိတ်ကြွဆေး၊ စိတ်ငြိမ်ဆေးစသည့် မူးယစ်ဆေးဝါးများကို ရောစပ်၍ တိုက်ကျွေးကာ မသမာမှု အမျိုးမျိုးကို ပြုလုပ်နိုင်ကြောင်း သင်္ကြန်တွင် ရေကစားလေ့ရှိသူများကပြောသည်။

နှလုံးရောဂါသမားများအတွက် ဆရာဝန်ညွှန်ကြားချက်အရသာ ၀ယ်ယူရသည့် အပရာ ဇိုလမ် (ဓာတုဗေဒအမည်) ကို အမှုန့်ပြုလုပ်၍ အရက်၊ ကော်ဖီ၊ ဘီယာစသည့် အရည်များတွင် ထည့်သွင်းရောစပ် လိုက်ပါက ရောစပ်ထည့်သွင်းသည့် မီလီဂရမ်ပေါ်မူတည်၍ သောက်သုံး မိသူမှာ လူမှန်းသူမှန်းမသိအောင် အိပ်မောကျသွားနိုင်ကြောင်း ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံမှ ဆေးရုံအုပ်ကြီးဒေါက်တာလှဌေးက ပြောသည်။

လွန်ခဲ့သည့်နှစ် အနည်းငယ်ခန့်က ဘန်ကောက်တွင် အဆိုပါ ဆေးဝါး ခတ်ကာ ပစ္စည်းဖြုတ်ယူမှုများ၊ မသမာမှုများ ဖြစ်ပွား ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ တွင်လည်း ယင်းဆေးဝါးကို ကန့်သတ်ဆေးဝါး အဖြစ် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဆရာဝန်ကြီး က ပြောသည်။

“စိတ်ငြိမ်ဆေးနဲ့ အရက်နှစ်မျိုးတွဲလိုက်ရင် ဘာမှမသိတော့ဘူး။ သင်္ကြန်စင်ပေါ်မှာ အချို့ အ၀တ်တောင် မကပ်နိုင်ကြတော့အောင် သတိလွတ်တာတွေကတော့ မူးယစ်ဆေးဝါးများတအား လွန်သွားတာ။ အရက်ကလည်း စိတ်ကြွတယ်။ အရက်နဲ့ ဆေးပြားရောလိုက်ရင် အန္တရာယ်ရှိပါတယ်။ ဒါပေမဲ့ တချို့ အမျိုးသမီးတွေ ကိုယ်တိုင်က သုံးစွဲနေတာကို တွေ့နေရတယ်” ဟု ဒေါက်တာလှဌေးက ပြောသည်။

ယခုနှစ်သင်္ကြန်ကာလအတွင်း ကော်ဖီထဲတွင် မူးယစ်ဆေး ခတ်တိုက်ကျွေးနိုင်ကြောင်း အမျိုး သမီးများအား သတိပေးထားသည့် အချက်အလက်အချို့ လူမှုကွန်ရက်ဝက်ဘ်ဆိုက်များ တွင် ဖော်ပြနေကြ သည်ကို တွေ့ရသည်။ ထို့ပြင် သင်္ကြန်ကာလအတွင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် ဆန့်ကျင်ဖီလာသည့် အမျိုးသမီးများ၏ ၀တ်စားဆင်ယင်မှု ဖက်ရှင်များမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုပွင့်လင်း လွတ်လပ်လာနေပြီး ၎င်းတို့မှာ မူးယစ်ဆေးဝါး တစ်မျိုးမျိုးသုံးစွဲထားခြင်းကြောင့်သာ ယင်းသို့ ပြုလုပ်နိုင်ခြင်းဖြစ်ကြောင်း ထင်ကြေးပေး ပြောဆိုမှုများလည်း ရှိနေသည်။

“သင်္ကြန်မဏ္ဍပ်တွေမှာ ဒီလို ဆေးဝါးတွေတော့ သုံးလို့မရပါဘူး။ ဒါပေမဲ့ လူတစ်ဦးချင်းနဲ့ပဲ ဆိုင်ပါတယ်။ အချို့က တစ်နေရာက သုံးလာတယ်။ အိမ်ကသုံးလာမယ်၊ ပြီးရင်မဏ္ဍပ်ပေါ်တက်တာတော့ ရှိမှာပေါ့။ ခုနောက်ပိုင်း ice က ဈေးအရမ်းကြီးတော့ ဒါတွေကို ကိုင်သုံးနိုင်လောက်အောင် သာမန်လူငယ် တော်တော်များများမှာ ပိုက်ဆံမပေါပါဘူး” ဟု နာမည်ကြီး ဟစ်ဟော့ပ်အဆိုတော်တစ်ဦးက ပြောပါသည်။

မူးယစ်ဆေးဝါးများအနက် ခေါင်းခါဆေးဟု လူသိများသော မူးယစ်ဆေးဝါး မှာလည်း တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၄၀ မှ ၇၀ နီးပါးရှိပြီး ice ဆေးဝါးနည်းတူ ဈေးကြီးသောကြောင့် လူတိုင်းအလွယ်တကူမသုံးနိုင်ဘဲ မူးယစ်စေသည့် ဆေးဝါးများကို တစ်လွဲရောစပ်အသုံးပြုမှုများ လာခြင်းကြောင့် ဆေးဝါး၏ ဘေးထွက်ဆိုးကျိုးများကိုခံစားရခြင်းဖြစ်ကြောင်း
ဒေါက်တာလှဌေးက ပြောသည်။