Saturday, August 28, 2010

မြန်မာပြည်နိုင်ငံရေးပါတီ အဖွဲ့အစည်း အသင်းအပင်းများအညွှန်း..

မြန်မာပြည်နိုင်ငံရေးပါတီ အဖွဲ့အစည်း အသင်းအပင်းများအညွှန်း..

BGF လက်မခံပါက KPC ကို မတရားအသင်း ကြေညာမည်ဟု သတိပေးခံရ

/ 8/27/2010 10:
စောသိန်းမြင့်(ကေအိုင်စီ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးကျေးရွာ အခြေစိုက် ဗိုလ်ချုပ်ထင်မောင်ဦးစီးသည့် ကရင်ငြိမ်းချမ်းရေးကောင် စီ (KPC)အဖွဲ့သည် တပတ်အတွင်း နယ်ခြားစောင့်တပ်အဖြစ် လက်မခံပါက မတရားအသင်းအဖြစ် ကြေညာမည်ဟု နအဖက သတိပေးလိုက်ကြောင်း KPC က ပြောသည်။
နအဖ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်(စရဖ) ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ်သက်နိုင် ၀င်းနှင့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ကိုယ်စားလှယ်တချို့သည် သြဂုတ်လ ၂၄ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တိုင်းရုံးတွင် တွေ့ဆုံခဲ့ရာ၌ နအဖဘက်က ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း KPC မှ နိုင်ငံခြားရေးရာ တာဝန်ခံ ဗိုလ်မှူးချုပ်ဒေါက် တာစောတီမသေက ပြောသည်။

၎င်းက “ဒီလ ၂၄ရက်နေ့မှာ မော်လမြိုင်မှာတွေ့ဖို့ နအဖက အဖူး(ဗိုလ်ထင်မောင်)ကို ဆင့်ခေါ်တယ်။ ဒါပေမယ့် အဖူးမသွား ဘူး။ တပ်ရင်းမှူးတချို့ကိုပဲ လွှတ်လိုက်တယ်။ အဲဒီမှာ ရဲမြင့်နဲ့ သက်နိုင်ဝင်းက ပြောတယ်။ ခင်ဗျားတို့အဖြေပေးရမယ်။ ဒီအ တိုင်း ဆက်နေလို့မရတော့ဘူး။ တပတ် ဒါမှမဟုတ် (၁၀)ရက်အတွင်းမှာ လက်မခံလို့ရှိရင် ခင်ဗျားတို့အဖွဲ့ တရားမ၀င်တဲ့အဖွဲ့ ဖြစ်သွားပြီတဲ့။ နောက် ခင်ဗျားတို့နေရာကိုလည်း လာဝိုင်းမယ်လို့ ခြိမ်းခြောက်တယ်။”ဟု ပြောသည်။

ထိုအခြေအနေပေါ်တွင် ဗိုလ်ချုပ်ထင်မောင်၏ သဘောထားမှာ နအဖ စစ်အစိုးရ၏နယ်ခြားစောင့်ကို လုံးဝ လက်မခံကြောင်း နှင့် နအဖဘက်က စစ်ရေးအရ ဖိအားပေးလာမည်ဆိုပါက မိမိတို့အနေဖြင့်လည်း စစ်ရေးအရ ပြန်လည်ခုခံ တိုက်ခိုက်ရမည်ဖြစ် ကြောင်း ဗိုလ်မှူးချုပ် ဒေါက်တာစောတီမသေက ထပ်လောင်း ပြောဆိုသည်။

ဗိုလ်ချုပ်ထင်မောင် ဦးစီးသည့် ကရင်ငြိမ်းချမ်းရေးကောင်စီသည် ယမန်နှစ် အောက်တိုဘာလ ၂၀ရက်နေ့က စစ်အစိုးရ၏ နယ် ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးမှုကို ငြင်းဆန်ခဲ့သလို ဧပြီလ ၇ရက်နေ့က မော်လမြိုင်၊ တောင်ဝိုင်းရှိ အရှေ့တောင် တိုင်း စစ်ဌာချုပ်ရုံးတွင် အစည်းအဝေးခေါ်ကာ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းရန် ဖိအားပေးခဲ့ခြင်းကိုလည်း ထပ်မံ ငြင်းဆန်ခဲ့ သည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့တွင် နေပြည်တော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်မှူးကြီးရဲမြင့်ထံ ပေးပို့သည့် ငြိမ်းချမ်းရေးကောင်စီ၏ ထုတ်ပြန်ကြေညာချက်ထဲတွင် ငြိမ်းချမ်းရေးကောင်စီသည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုသာ လိုလားပြီး လက်နက်ကိုင်တိုက်ပွဲကို မဖန်တီးလိုတော့ကြောင်း ပြန်လည်တုန့်ပြန်ခဲ့သည်။

ကေအဲန်ယူ ဒုဥက္ကဌ ပဒိုစောဒေးဗစ်သကဘောက “နအဖက အပစ်ရပ်လုပ်ခိုင်းတာ လက်နက်ချခိုင်းတာပဲ။ BGF ဆိုတာ စစ် ရေးအရ တော်လှန်ရေးအဖွဲ့ကို ပြန်တိုက်ခိုင်းတာ။ ဒါ ငြိမ်းချမ်းရေးလမ်းစဉ် မဟုတ်။ လူထုက ငြိမ်းချမ်းရေးအစစ်ကို လိုလား တာ။ ဒါပေမဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းရေးကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဗိုလ်ထင်မောင်တို့အဖွဲ့ အမြင် မှန်ရလာပြီ ယူဆရမှာပေါ့။”ဟု ၎င်း၏အမြင်ကို ပြောဆိုသည်။

အလားတူ မွန်ပြည်သစ်ပါတီ (MSNP) သည်လည်း ပြီးခဲ့သည့် သြဂုတ်လ ၂၃ရက်နေ့က မော်လမြိုင်မြို့ တိုင်းရုံး၌ ဗိုလ်ချုပ် သက်နိုင်ဝင်းနှင့် သွားရောက်တွေ့ဆုံရာတွင် နယ်ခြားစောင့် (သို့မဟုတ်) ပြည်သူ့စစ်လုပ်ရန် လာမည့် စက်တင်ဘာလ ၁ရက် နေ့တွင် အဖြေမပေးပါက အပစ်အခတ် မရပ်စဲခင်ကာလ ၁၉၉၅ခုနှစ် အခြေအနေကို ပြန်ရောက်သွားနိုင်ကြောင်း တိုင်းမှူးက ဖိအားပေး ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု မွန်ပြည်သစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ခြေးမွန်က ကေအိုင်စီကို ပြောသည်။
၁၉၈၉ခုနှစ်မှစ၍ နအဖ စစ်အစိုးရနှင့် ပစ်ခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ဖွဲ့ရှိပြီး အပစ်ရပ်တပ်ဖွဲ့များ ကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ခုနှစ် ဧပြီလကတည်းက စတင် ဖိအားပေးခဲ့သည်။

ယခုအချိန်ထိ ကချင်ပြည် ဒီမိုကရေစီအသစ် တပ်မတော် (NDA-K)၊ ကယားပြည်နယ် အထူးဒေသ-၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ(၁)၊ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ)၊ ဟောင်သရောအထူးဒေသ ကရင် ငြိမ်းချမ်းရေးတပ်ဖွဲ့ (KPF)တို့သာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ကြပြီး ကျန်အဖွဲ့များက ဆက်လက် ငြင်းဆန်နေဆဲ ဖြစ်သည်။

KPC သည် ၂၀၀၇ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်နေ့ ကရင်အမျိုးသားနေ့တွင် ကေအဲန်ယူမှ ခွဲထွက်၍ ကေအဲန်ယူ-ကေအဲန် အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအမည်ဖြင့် နအဖ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည့် ကရင်ပြည်နယ်မှ နောက်ဆုံး ကရင် အပစ်ရပ်အဖွဲ့တဖွဲ့ ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးနှင့် ဒု ဗိုလ်ချုပ်မှူးကြီး စစ်ရာထူးက အနားယူ

ဂျိုကုပ်ကြီး အနားယူသွားပြီဆိုပဲ.. ဘာတွေ ခွေးကြံ ကြံအုံးမလဲ မသိသေးဘူး....

ရန်ပိုင် Friday, August 27, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ တပ်မတော် ရာထူးများမှ အနားယူ လိုက်ပြီ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်သည်။

ပြီးခဲ့သည့် ၆၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် စစ်ရေးပြ တပ်မတော်သားများကို လက်ဝှေ့ယမ်း နှုတ်ဆက် နေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ဓာတ်ပုံ - Getty Images)

၎င်းတို့နေရာတွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ပူးတွဲ ညှိနှိုင်းရေးကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ကို ခန့်အပ်လိုက်ကြောင်း နေပြည်တော်နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

အဓိက ကျသည့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို ဖျက်သိမ်းခြင်း ရှိမရှိကိုမူ မသိရသေးပေ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးမှာမူ ရွေးကောက်ပွဲ အပြီး တက်လာမည့် သမ္မတကို အာဏာလွှဲအပ်ပြီး ၂၀၁၁ ခုနှစ် မတ်လ ဘတ်ဂျက် အကုန်တွင် အနားယူမည် ဟုလည်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်းလည်း စစ်တပ် ရာထူးမှ အနားယူကြောင်း သတင်း ထွက်ပေါ် နေသည်။ ၎င်းကို လာမည့် အနာဂတ် မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရာထားသည်ဟု စစ်တပ် အတွင်း ပြောဆိုနေ ကြသည်။

ထို့အတူ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး နှင့် ၀န်ကြီးချုပ် ဦးသိန်းစိန်တို့ နေပြည်တော်ရှိ မဲဆန္ဒ နယ်များမှ ၀င်ရောက် အရွေးခံမည်ဟု နေပြည်တော်နှင့် နီးစပ်သူက ဆိုသည်။

“သူတို့သုံးယောက် နေပြည်တော်ကနေ ၀င်မယ်၊ အခုပုံစံ အတိုင်းဆို ဗိုလ်ချုပ်ကြီးရွှေမန်းက သမ္မတ ဖြစ်ဖို့ သေချာသလောက်ပဲ”ဟု ၎င်းက ပြောသည်။

နေပြည်တော်ခရိုင်တွင် ဇေယျာ သီရိ၊ ဇမ္မူ သီရိ၊ ဒက္ခိဏ သီရိ၊ ဥတ္တရ သီရိ၊ ပုဗ္ဖသီရိ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း စသည့် မြို့နယ် များကို ပြည်ထောင်စု နယ်မြေဟု မကြာသေးမီက ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် စစ်တိုင်းမှူးများကိုလည်း စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ) များနှင့် တခြားသော စစ်ဘက်ရာထူးကြီးများကို ပြောင်းလဲ လိုက်ကြောင်း၊ ကစထ မှူး များမှာ နေရာအပြောင်းအလဲမရှိဘဲ မူလတာဝန်ယူခဲ့သည့် ဒေသများတွင်သာ တာဝန်ယူရမည် ဖြစ် သည်။

ထို့အတူ ဗိုလ်ချုပ်ဝေလွင်သည် စစ်ထောက်ချုပ်၊ စစ်ရေးချုပ် အဖြစ် ဗိုလ်ချုပ်သောင်းအေး၊ ဗိုလ်ချုပ်ဝင်းမြင့်မှာ စစ်ရာထူးခန့်ချုပ် စစ်ဥပဒေချုပ် အဖြစ် ဗိုလ်ချုပ်ရာပြည့် တို့ကို ခန့်အပ်လိုက်ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ(ကြံ့ဖွံ့ပါတီ)၀င် ၀န်ကြီးများကို နေပြည်တော်ရှိ ၎င်းတို့၏ နေအိမ်များမှ ဖယ်ရှား ခိုင်းသည့် အတွက် ယခုအခါ ၀န်ကြီးများ ရန်ကုန်မြို့သို့ ရောက်ရှိနေကြောင်း သိရသည်။

ထို့အပြင် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေက ကြားဖြတ်အစိုးရကို ဦးဆောင်မည်ဖြစ်ကြောင်း အတည်မပြုနိုင်သည့် သတင်းများလည်း ထွက်ပေါ်နေသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့က စစ်အစိုးရ ခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင် အေး၊ ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး နှင့် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း အပါအ၀င် ၀န်ကြီးချုပ် ဦးသိန်းစိန် တို့က ဦးဆောင်ပြီး နေပြည်တော်တွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူခဲ့ရာ ထိုအစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သူများက ပြောသည်။

ထိုအစည်းအဝေးနှင့် ပတ်သက်၍ အစိုးရ သတင်းစာများတွင်မူ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အဖွဲ့၏ (၂/၂၀၁၀) ညှိနှိုင်း အစည်းအဝေးဟု ဖော်ပြထားသည်။

Karen News_3 26

Karen News_3 26

Military Reshuffle Names

Military Reshuffle Names

Friday, August 27, 2010

ဆက်သွယ်မေးမြန်းချက်

August 26, 2010

ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP)၏ ယာယီ ဥက္ကဌ စောခင်မောင်မြင့်
နှင့် ကေအိုင်စီ ဆက်သွယ်မေးမြန်းခြင်း

- ပထမဦးဆုံး ပါတီရဲ့ ရည်ရွယ်ချက်နဲ့ ပါတီရဲ့ မူဝါဒကို ပြောပြပါလား။
ပါတီရဲ့ မူတွေကတော့ အခု ဖွဲ့စည်းပုံတွေဘာတွေနဲ့ဆိုတော့ အကျဉ်းချုပ်ပြောရမယ်ဆိုရင် ကျနော်တို့ပါတီရဲ့ သဘောထားကတော့ တိုင်းရင်းသားလူထုတစ်ရပ်လုံးအတွက်ပေါ့။


နံပါတ်(၁) ကရင်တိုင်းရင်းသား လူထုတစ်ရပ်လုံးအတွက် ဦးစီးဦးဆောင်ပြု
ပေးဖို့။ တရားဥပဒေဘောင်ထဲက ရသင့်ရထိုက်တဲ့ အခွင့်အရေး တောင်းဆို
ပေးဖို့၊ ပြီးတော့ မတရားတဲ့နည်း လမ်းများ ဖိနှိပ်ချုပ်ချယ်မှုတွေ ရှိခဲ့ရင်လည်း
ပဲ ကာကွယ်ပေးဖို့။ နံပါတ်(၂) အချက်ကတော့ ကရင်ပြည်နယ်တစ်ခုလုံးရဲ့
ဖွံ့ဖြိုး တိုးတက်မှု ကရင်ပြည်နယ်သူ ပြည်နယ်သားအားလုံးအတွက် စားဝတ်နေရေးအဆင်ပြေအောင် အဘက်ဘက်ကပေါ့လေ ပြည့်စုံအောင် ဆောင်ရွက်ပေးဖို့၊ နောက်တခုကတော့ ဒီပြည်နယ်သည် နိုင်ငံတော်ရဲ့ အ
ကျိုးကိုလည်း ၀ိုင်းဝန်းကူညီဖို့ ဖြစ်ပါ တယ်။

- ပါတီရဲ့ အလုပ်အမှုဆောင်(EC)တွေက ဘယ်သူတွေပါလဲ။
EC က အားလုံး (၉)ယောက်ပဲ။ ဥက္ကဌကတော့ စောခင်မောင်မြင့်။ ဒုဥက္ကဌ
က စောအောင်ကျော်နိုင် (ခေါ်) ရှားဘူး ဖော့၊ အထွေထွေ အတွင်းရေးမှူး
က စောကြည်လင်း၊ အတွင်းရေးမှူး(၁)က စောတင်လှိုင်၊ အတွင်းရေးမှူး
(၂)က စောရှားထွန့် ဖေါင်၊ လူငယ်ဥက္ကဌ စဘီကျင်ဦး၊ အမျိုးသမီးဥက္ကဌ
နန်းစေအွာနဲ့ အဖွဲ့ဝင် နှစ်ယောက်က စောမြထွန်း၊ စောခင်ကျော်ဦးတို့ ဖြစ်
ပါတယ်။ အဲဒီ EC ဟာ လက်ရှိမှာ ယာယီ ရွေးထားတာပေါ့လေ။ ယာယီ
ဆိုပေမဲ့လည်း ခုနကအတည် မရွေးရမချင်းပေါ့။ မဲဆန္ဒ နယ် မရွေးထုတ်
ခင်လေးမှာ လက်ရှိ ပါတီတာဝန်ကို ယာယီအားဖြင့် ဖွဲ့စည်းပြီးတော့ လုပ်ဆောင်နေတာပေါ့။

- လက်ရှိအချိန်မှာ ပါတီဝင် အင်အားက ခန့်မှန်းခြေ ဘယ်လောက်ရှိနေပါ
ပြီးလဲ။ပါတီဝင်အင်အားကတော့ လက်ရှိသတ်မှတ်ထားတဲ့ အင်အားထက် ကျော်လာပြီးလေ။ ဟိုမှာ သူတို့ တစ်ထောင် သတ်မှတ်တာကို အင်အားက
တော့ သောင်းဂဏန်းအထိလောက် ရနေပါပြီး။ ဒီ(၇)မြို့နယ်လုံးပေါ့လေ။ အဓိကကတော့ ဖားအံ မြို့နယ်ပေါ့။

- ဖလုံ-စဝေါ်ပါတီဟာ အမတ်နေရာ ဘယ်နှစ်နေရာ ကိုယ်စားပြုသွားဖို့
ရှိပါသလဲ။ နောက်ပြီးတော့ ပါတီရဲ့ရန်ပုံငွေကျတော့ ကော ဘယ်လိုရှာ
ဖွေပါသလဲ။
အမတ်နေရာကတော့ ရည်ရွယ်ထားတာ ကရင်ပြည်နယ် ၇မြို့နယ်လုံးကို
ကိုယ်စားပြုဖို့ ရည်ရွယ်ထားတယ်။ ဒါပေမဲ့ လည်း ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်အပေါ်မှာ ကြည့်ရအုံးမှာပေါ့။ ဘာကြောင့်လည်းဆိုတော့
တချို့က ရွေးကောက်ပွဲ သိပ်မ၀င်ချင်ကြဘူးလေ။ ၀င်မယ့်လူက နည်းနည်း
ရှားနေတယ်။ အဲဒါကတော့ သူတို့စိတ်ဝင်စားမှု အားနည်းလို့ပဲ ဖြစ်မှာပေါ့။ ကျနော်တို့ကတော့ လိုက်ပြီးတော့ စည်းရုံးတယ်။ သူတို့ကတော့ ဘာဖြစ်
လည်းလို့ မေးလို့မှ မရပဲဟာ။ တချို့က သင့်တော်ပါ တယ်ဆိုတဲ့လူတွေ
ဆိုရင်လည်းပဲ အား .. ကျနော် မပါချင်ဘူး။ အဲလိုပဲ ပြောတော့ ဘယ်လို
ပြောပြီးတော့ ဘယ်လိုတိုက်တွန်း ပြီးတော့ အတင်းအဓမ္မ ခေါ်လို့မရဘူး
လေ။ ပါတီဝင်တွေကတော့ သိပ်အခက်အခဲ မရှိဘူးပေါ့။ သာမန် ပါတီအင်
အားကတော့။
ရန်ပုံငွေကတော့ ဒီအများပြည်သူဆီကနေပြီးတော့မှ နည်းနည်းပါးပါး စုဆောင်းပြီးတော့မှပဲ နောက်ပြီးတော့ လုပ်ငန်း ရှင်တွေရဲ့ဆန္ဒပြုချက်နဲ့
ရသလောက် သူတို့ဆီမှာ ထည့်ဝင်ကြေးပေါ့လေ။ အဲဒါကို မေတ္တာရပ်ခံ
ပန်ကြားပြီးတော့ သူတို့ ထည့် ၀င်တဲ့ ရန်ပုံငွေ နောက်ပြီး ကျနော်တို့
(၁၅)ဦး ကော်မတီဝင်ကနေပြီးတော့ အမာခံပေါ့လေ။ တစ်ယောက်ကို
တစ်သိန်းဆို တစ် သိန်း။ ဒီလိုနည်းနဲ့ပဲ စုဆောင်းတာပေါ့ ရန်ပုံငွေကို။

- နောက်တခုက ပါတီအဖွဲ့ဝင် လိုက်လံစည်းရုံးရေး ခရီးစဉ်နဲ့ ပတ်သက်
ပြီးတော့ ဘယ်နေရာဒေသတွေမှာ လုပ်ပြီးနေပြီလဲ။ ဘယ်နေရာတွေ ကျန်နေသေးလဲပေါ့နော်။
ကျနော်တို့ ၀င်ရောက်ယှဉ်ပြိုင်မှာကတော့ ဖားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ သံတောင်၊ မြ၀တီ၊ ဖာပွန် ဖြစ်ပါတယ်။ (၇)မြို့နယ်ထဲ
မှာ ပါတီဝင် စည်းရုံးနေတာ အခုဆို ပါတီဝင်စည်းရုံးရေးက ပြီးသွားပါပြီ။
အဲဒီမြို့နယ်တခု ချင်းစီအတွက် ကိုယ်စားလှယ်လောင်း စာရင်းတွေကို
တော့ ဒီသြဂုတ်လမကုန်ခင် ကျနော်တို့ ပြည်ထောင်စုကော်မရှင်ကို တင်
ပြသွားမှာပါ။ အဲဒီအခါကျရင် အစိုးရသတင်းစာထဲမှာ ပါလာမှာပဲ။ စောင့်
ဖတ်ကြည့်ပေါ့။ ကျနော်တို့ကတော့ Gender ဦးစား ပေးတဲ့အနေနဲ့ အမျိုးသမီးကိုယ်စားလှယ်တွေကိုပါ သတ်မှတ်ထားပါတယ်။

- မဲဆွယ်စည်းရုံးတဲ့ လုပ်ငန်းစဉ်အတွက်ရော ဘယ်လိုကြိုတင်ပြင်ဆင်မှု
တွေ လုပ်ထားပြီးပါပြီလဲ။မဲဆွယ်စည်းရုံးတာကတော့ လောလောဆယ် ဘာမှမပြင်ဆင်ရသေးဘူး။ ဒီလက်ရှိ ပါတီ အင်အားစု စုဆောင်းတာပဲ ရွာ
ရိုးလျှောက်ပြီး စည်းရုံးရသေးတယ်။ လုပ်မယ်ဆိုရင်တော့ ၂/၂၀၁၀ ညွှန်ကြား
ချက်အရ တင်ပြရမယ်လေ။ လူစုလူဝေးနဲ့ တကယ်လုပ်မယ်ဆိုရင် မဲဆွယ်စည်းရုံးတဲ့အဆင့်၊ ကာလကလည်း သူတို့မှ မပေးသေးပဲဟာ။ လော
လောဆယ် မဲဆန္ဒနယ် တွေကိုပဲ ထုတ်ပြန်ကြေညာတယ်လေ။ အဲဒီ မဲဆန္ဒ
နယ်တွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်တွေကိုတော့ အဓိက မဲဆွယ်စည်းရုံးခိုင်းရမှာပေါ့။ မဲဆန္ဒနယ် အမှတ်(၁)က မောင်ဖြူဆိုရင် ကဲ-
မောင်ဖြူကို အဓိကထားပြီးတော့မှ လူထုပရိဿတ် တွေနဲ့ပေါ့လေ။
Introduce လုပ်တဲ့ သဘောထားလည်းပါ။ စည်းရုံးဟောပြောတာလည်းပါ။

အဲဒါကတော့ သူတို့ ရွေးကောက်ပွဲ ရဲ့ ကြော်ငြာပြီး မဲဆွယ်စည်းရုံးတဲ့ ကာလပေးတဲ့အခါကျရင်တော့ အဲလိုပဲ လုပ်ရမှာပေါ့။

- ပါတီစည်းရုံးရေးခရီးမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ပိတ်ပင်တားဆီး
မှုတွေများ ရှိသလား။ ရှိရင်လည်း ဘယ်လိုမျိုး ကြုံ ရတာလဲ ပြောပြပါလား။
အဲဒါတော့ မရှိပါဘူး။ ဒါပေမဲ့ သူတို့ သတင်းယူတာလောက်တော့ ရှိပါတယ်။ တားဆီးပိတ်ပင်တာတွေတော့ မရှိပါ ဘူး။ သူတို့ သတင်းတပ်ဖွဲ့တို့၊ ဒီ ရဲတို့ ကောင်းကောင်းမွန်မွန် ပြောပြီးတော့ သူတို့ သတင်းပို့နိုင်ဖို့ပေါ့လေ။ အဲဒါက
တော့ ဒီသာ မာန်အားဖြင့် တိုက်ရိုက်ထိတွေ့ပြီးတော့ ခုနက ရွာရိုးလျှောက်
ပြီး လိုက်လံစည်းရုံးတာကတော့ ဘာမှမဖြစ်ပါဘူး။ ခုနက လူစု လူဝေးနဲ့
လုပ်ရင်တော့ ဘယ်လိုလာမလဲတော့ မသိဘူးပေါ့လေ။ အဲလို ကြိုတင်ပြီး
တော့ (၇)ရက် ကြိုတင်ရတယ်ဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ အ
ချိန်နဲ့က အဲဒါကြောင့် ကျနော်တို့ အဲဒီစနစ်ကိုတော့ မသုံးဘူး။

- PSDP ပါတီနဲ့ပတ်သက်ပြီး ကရင်ပြည်သူတွေက ဘယ်လိုသိနားလည်
ထားပါသလဲ။ နောက်ပြီး ပါတီအပေါ် စိတ်ပါဝင်စားမှုနဲ့ ထောက်ခံမှုက ဘယ်
လိုရှိပါသလဲ။
လက်ရှိကတော့ ဒီကရင်ပြည်နယ်အတွင်းမှာကတော့ အင်တိုက်အားတိုက်
တော့ ထောက်ခံမှု ရှိပါတယ်။ အနည်းဆုံး ၇၀ရာခိုင်နှုန်းလောက်ကတော့
ပြောစရာ သိပ်မလိုဘူးပေါ့။ ပြောပြလိုက်တာနဲ့ သူတို့ သဘောပေါက်ပါတယ်။ သဘောပေါက် လာတာနဲ့ပဲ ပါဝင်လာကြတာပေါ့လေ။ ကိုယ့်ရဲ့ တိုင်းရင်းသား
လူမျိုးကို အခြေခံပြီး ဖွဲ့စည်းတဲ့ ပါတီဖြစ်တဲ့အတွက် နောက်ပြီး တော့ ကရင်ပြည်နယ်ဒေသမှာပဲ အခြေခံပြီးတော့ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းဖြစ်တာ
က တကြောင်းပေါ့လေ။ အဲဒါကြောင့်မို့လို့ သူတို့ကိုယ်ပိုင်ပါတီ တခါမှ မရှိခဲ့
ဖူးဘူး။ အခုတော့ ရှိလာပြီ အာဏာရရှိတာ မရရှိတာ၊ နိုင်လာ။ မနိုင်လာ အ
ပထား ဒါပေမယ့် ကိုယ့်ကရင်တိုင်းရင်းသား လူထုတရပ်လုံးအတွက် ဥပ
ဒေဘောင်ထဲက ဦးဆောင်ပြီးတော့ ပြုပေးမယ့် အဖွဲ့အစည်းတခု ရှိလာ
ပြီဆိုတဲ့ သဘောပေါက်အောက်ပြောပြလိုက်တော့ စိတ်ပါဝင်စားလာ
တယ်ပေါ့။

- ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိဘူးလို့ ရွေးကောက်
ပွဲဝင်မယ့် ပါတီတချို့က ဝေဖန်ပြောဆိုမှုတွေ ရှိပါ တယ်။ အဲဒါနဲ့ပတ်သက်
ပြီး PSDP ပါတီအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ကျနော်တို့ ပါတီအနေနဲ့ကတော့ ဖလုံစဝေါ်(PS)ပါတီအနေနဲ့ ဒါဟာ အမြဲ
တမ်း ဆွေးနွေးနေကျ ကိစ္စတခုပေါ့။ သုံး သပ်မှုကိုတော့ ကျနော်တို့ ဆန္ဒမစောချင်ဘူးလေ။ ကျနော်တို့ကတော့ ဘာမှမပြောလိုပါဘူး။ ဒါက
တော့ ပြည်သူတွေကနေ ဆုံးဖြတ်ပေးလိမ့်မယ်လို့ နောက်ပြီး ရွေးကောက်
ပွဲ မဖြစ်ချင် ကြိုတင်ပြီးတော့ သုံးသပ်တာတို့ ဝေဖန်တာသို့ ကျနော်တို့ မ
လုပ် ချင်ဘူး။ ဘာမှလည်း မပြောဘူး။ ရရှိတဲ့ အခွင့်အရေးပေါ်မှာပဲ အကောင်းဆုံးကြိုးစားသွားမယ်လို့ အဲသလိုမျိုးပဲ ကျနော်တို့က ခံယူထား
ပါတယ်။

- ဒီရွေးကောက်ပွဲလုပ်ဖို့ အခြေခံထားတဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပ
ဒေထဲမှာ တိုင်းရင်းသားတွေအတွက် ဘယ်လိုအခွင့် အရေးတွေ ပါဝင်တာ
ကြောင့် နိုင်ငံရေးပါတီတခုအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရတာပါလဲ။
ဖွဲ့စည်းပုံကတော့ အတည်ပြုပြီးသွားခဲ့ပြီမို့ ဘယ်လိုမှလည်း ပြင်လို့မရတော့ဘူးလေ။ တိုင်းရင်းသားတွေအတွက် အ ခွင့်အရေးကို တရားနည်းလမ်းကျကျနဲ့ ဥပဒေဘောင်ထဲကနေ ရသလောက် တောင်းဆိုလုပ်ဆောင်သွားရမှာပေါ့။ နိုင်တာ မနိုင်တာထက် ကရင်လူ
ထုအတွက် ပါတီတခုအနေနဲ့ ရပ်တည်သွားနိုင်ဖို့ လိုအပ်ပါတယ်။

- ကရင်ပြည်နယ်အတွင်းမှာ တခြားဘာပါတီတွေ ၀င်ရောက်ယှဉ်ပြိုင်ဖို့
ရှိလဲ။ နောက်ဆုံးပါတီဖြစ်တဲ့ ကရင်ပြည်နယ် ဒီမိုက ရေစီနှင့် ဖွံ့ဖြိုးတိုးတက်
ရေးပါတီ (KSDDP) က ဘယ်လိုဖွဲ့စည်းမှုရှိတယ်ဆိုတာ သိပါသလား။
လက်ရှိ ကရင်ပြည်နယ်အတွင်းမှာကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့
ဖြိုးရေးပါတီ၊ နောက်ပြီးတော့ တိုင်းရင်း သား စည်းလုံးညီညွှတ်ရေးပါတီ
(တစည)ပေါ့။ နောက် ကျနော်တို့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီပေါ့။
ဒါပေမယ့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီကလည်းပဲ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ မွန်ရွာမှာတွေလည်း လာရောက်စည်းရုံးတာ
ကို တွေ့ရပါ တယ်။ KSDDP က ငြိမ်းအဖွဲ့တွေ စုပေါင်းထားတဲ့ ပါတီပါ။
အစိုးရရဲ့ ပြန်ကြားရေးဝန်ကြီးက လာဖွဲ့ပေးလိုက်တာ ဖြစ်တယ်လို့ သိရတယ်။ ဒီပါတီကိုလည်း ကျနော်တို့ ဖလုံ-စဝေါ်ပါတီနဲ့ မဲယှဉ်လို့ရအောင် ဖွဲ့ထားပေး
တာလို့ ကျနော် သုံးသပ်တယ်လေ။

- ရွေးကောက်ပွဲကို လာမဲ့ နိုဝင်ဘာလ (၇)ရက်နေ့မှာ ကျင်းပပြုလုပ်မယ်လို့
ဒီလ (၁၂)ရက်နေ့မှာ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သွားတယ်ပေါ့နော်။ အဲဒါကြောင့် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ PSDP ပါတီကော ဘယ်အတိုင်း အတာထိ ကြိုတင်ပြင်ဆင်ထားမှုတွေ လုပ်ဆောင်ပြီလဲ။
ကျနော်တို့ ပါတီအနေနဲ့ကတော့ စည်းရုံးရေးကိစ္စကတော့ သိပ်ပြီး အခက်
အခဲမရှိပေမယ့်။ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်အတွက်ကတော့ နည်းနည်းအခက်အခဲဖြစ်တယ်ဗျ။ သိပ်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ ဆန္ဒသိပ်
မရှိကြဘူး။ ဒါ ပေမယ့်လည်း သူတို့သတ်မှတ်တဲ့အရပေါ့လေ။

အနည်းဆုံး
လွှတ်တော် သုံးရာမှာ သုံးယောက် မဖြစ်မနေ၀င်ရမယ်ဆိုတော့ ကျနော်တို့ ရည်ရွယ်ထားတဲ့ ၇မြို့နယ်လုံး မပြည့်စုံရင်တောင်မှ ၅၀ရာခိုင်နှုန်းလောက်
တော့ ရအောင်တော့ ကျနော်တို့ ကြိုးစား သွားမယ်လို့ ရည်ရွယ်ထားပါတယ်။

- ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီဟာ ကရင်ပြည်သူတွေအတွက် ဘာတွေလုပ်ပေးနိုင်မယ်လို့ ထင်ပါသလဲ။ လူထုတွေအနေနဲ့ ရော ဘာတွေ မျှော်လင့်လို့ရနိုင်မလဲ။

ဖလုံစဝေါ်ပါတီအနေနဲ့ အကယ်၍ လုပ်ပိုင်ခွင့် ရခဲ့ရင် ရခဲ့သလို အဓိက နံပါတ်
တစ် ဦးစားပေးဖို့ ကရင်တိုင်းရင်းသား ဖလုံ-စဝေါ်တွေအတွက် ရိုးရာယဉ်ကျေး
မှု စာပေက အစပေါ့။ သင်ကြားခွင့် ဖော်ထုတ်ခွင့်တွေကို အပြည့်အ၀ရရှိအောင်
စွမ်း ဆောင်ပေးမယ်။ နောက်ပြီး လူနေမှုအဆင့် တိုးတက်မြင့်မားအောင်
လည်းပဲ အဓိကစွမ်းဆောင်ပေးဖို့ ရည်ရွယ်ထားပါတယ်။

- ရွေးကောက်ပွဲဝင်မဲ့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ဘယ်လိုအခက်အခဲမျိုး
တွေ ရှိနေပါသလဲ။ အခက်ခဲဆုံးအရာကတော့ ရွေးကောက်ပွဲဝင်မယ့် ကိုယ်
စားလှယ် ကျနော်တို့ ရည်ရွယ်ထားတဲ့ (၇)မြို့နယ်မှာဆို ၃၃ ဦးလိုတာ အပြည့်အ၀မရသေးတဲ့ အဲဒီအခက်အခဲလေးတခုပေါ့။

ဖွဲ့စည်းပုံအရဆိုရင် ကိုယ်စားလှယ်လောင်းတွေဟာ ကရင် ပြည်နယ်မှာ အမျိုးသားလွှတ်တော်အ
နေနဲ့က ၁၂ဦး။ ပြည်သူ့လွှတ်တော်က ၇ဦးနဲ့ ပြည်နယ်လွှတ်တော်က ၇မြို့နယ်
ကို ၂ဦးစီ ဆိုတော့ ရွေးလို့မရသေးဘူး။ အမှန်တော့ စည်းရုံးရေးအနေအထား
က ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုလို့ရှိရင် နိုင်ခြေရှိတာပေါ့ လေ။ ဒါပေမယ့်လည်း ၀င်ရောက်ယှဉ်ပြိုင်ဖို့ သင့်တော်တဲ့ပုဂ္ဂိုလ်တွေကို စည်းရုံးတဲ့အခါကျတော့ စိတ်
ပါဝင်စားမှု နည်းတာကို တွေ့ရတဲ့အတွက် သင့်တော်တဲ့ပုဂ္ဂိုလ်ကလည်း လုပ်ချင်ကိုင်ချင်စိတ် သိပ်မရှိဘူး။ မသင့်တော်တဲ့ ပုဂ္ဂိုလ်ကျတော့လည်း မဖြစ်
ဘူးလေ။

- ဟုတ်ကဲ့။ PSDP ဟာ ကရင်ပြည်သူတရပ်လုံးကို ကိုယ်စားပြုတဲ့ ကရင်တိုင်းရင်းသားပါတီတခုလို့ ဆိုထားတော့ မဲဆန္ဒရှင် ကရင်ပြည်သူတွေ
ကို ဘာများပြောချင်ပါသလဲ။
ကရင်ပြည်သူတွေ ပြောချင်တာကတော့ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ။ လုပ်ပိုင်
ခွင့်အပေါ်မှာ အတတ်နိုင်ဆုံး အများ ပြည်သူ၊ ကိုယ့်ကရင်ပြည်သူပြည်သား
တွေပေါ့လေ။ ကရင်တိုင်းရင်းသားတွေအတွက် အကျိုးရှိအောင် စွမ်းစွမ်းတမံ
ဆောင် ရွက်ပေးဖို့ ရည်ရွယ်ထားတာပေါ့။ အကယ်၍ လုပ်ပိုင်ခွင့် မရရှိခဲ့ရင်
ဒါက တမျိုးပေါ့။ ဘာပဲပြောပြောပေါ့။

ကိုယ့်အဓိကထားတဲ့ ရည်ရွယ်ချက်လေး
တော့ မပျောက်မပျက်အောင် ရာသက်ပန် အာဏာရသည်ဖြစ်စေ မရသည်
ဖြစ်စေ။ လက်ရှိလည်းပဲ ကျနော် တို့က ကိုယ်ကရင်တိုင်းရင်းသား အမျိုးသားရေးအတွက်ကတော့ အမြဲ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားပါတယ်ဆို တာ ပြောချင်ပါတယ်။

ဖမ်းဆီးခံရသည့် ကရင်ရွာသားနှစ်ဦး ပျောက်ဆုံးနေ

စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်း ထန်းတပင်မြို့နယ်တွင် လှုပ်ရှားနေသည့် နအဖ ခလရ(၇၃)သည် ယခုလ ဒုတိယအပတ်က ကရင် ရွာသား ၂ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ယနေ့အချိန် ပြန်လွှတ်ပေးခြင်းမရှိကြောင်း ဌာနေမဲ့ ပြည်တွင်းကရင် ဒုက္ခသည်များဆိုင်ရာကော်မတီ(CIDKP)က ပြောသည်။
တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဇရပ်ကြီးစခန်းအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ(၇၃)တပ်ရင်းမှ တပ်ဖွဲ့ဝင်များ သည် ပြီးခဲ့သည့် သြဂုတ်လ ၁၉ရက်နေ့တွင် မာလာကုန်းကျေးရွာအတွင်းသို့ဝင်ရောက်ကာ ရွာသား စောမူးသော ၂၂နှစ်၊ စော ခိုကလယ်ထူး ၁၉နှစ်တို့နှစ်ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု တောင်ငူခရိုင် CIDKP တာဝန်ခံ စောအယ် ၀ါးက ပြောသည်။
Print This Post
Home » Headline, သတင်း
ဖမ်းဆီးခံရသည့် ကရင်ရွာသားနှစ်ဦး ပျောက်ဆုံးနေ
Submitted by Karen Information Center on Thursday, 26 August 2010No Comment.သြဂုတ်လ ၂၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်း ထန်းတပင်မြို့နယ်တွင် လှုပ်ရှားနေသည့် နအဖ ခလရ(၇၃)သည် ယခုလ ဒုတိယအပတ်က ကရင် ရွာသား ၂ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ယနေ့အချိန် ပြန်လွှတ်ပေးခြင်းမရှိကြောင်း ဌာနေမဲ့ ပြည်တွင်းကရင် ဒုက္ခသည်များဆိုင်ရာကော်မတီ(CIDKP)က ပြောသည်။
တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဇရပ်ကြီးစခန်းအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ(၇၃)တပ်ရင်းမှ တပ်ဖွဲ့ဝင်များ သည် ပြီးခဲ့သည့် သြဂုတ်လ ၁၉ရက်နေ့တွင် မာလာကုန်းကျေးရွာအတွင်းသို့ဝင်ရောက်ကာ ရွာသား စောမူးသော ၂၂နှစ်၊ စော ခိုကလယ်ထူး ၁၉နှစ်တို့နှစ်ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု တောင်ငူခရိုင် CIDKP တာဝန်ခံ စောအယ် ၀ါးက ပြောသည်။

၎င်းက “ဒီလ ၁၉ရက်နေ့မှာ ဇရပ်ကြီးစခန်းမှာရှိတဲ့ ခလရ (၇၃)က လှုပ်ရှားတပ်ဖွဲ့ဝင်တွေဟာ မာလာကုန်းရွာထဲကိုဝင်လာပြီး အပြစ်မရှိတဲ့ စောမူသောနဲ့ စောခိုကလယ်ထူး ညီအစ်ကိုနှစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာ အခုထိ ပြန်မလွှတ်သေး ဘူး။ ဘယ်ကိုခေါ်သွားမှန်းတောင် ဘယ်သူမှလည်း မသိကြဘူး။ သတ်များသတ်ပစ်လိုက်ပြီလားပေါ့။”ဟု ကေအိုင်စီကို ပြော သည်။

အဆိုပါ နအဖစစ်တပ်သည် ပြီးခဲ့သည့် ဇူလိုင်လ ၁၃ရက်နေ့တွင် ထန်းတပင်မြို့နယ် ပယ်တော်ဒေးရွာသား စောတာမလာဒို ၃၉နှစ်နှင့် စောဝါးနေစေး ၂၈နှစ်တို့နှစ်ဦးအပြင် ဘုမ္မတီးရွာသား ဦးမန်းတင် ၅၀နှစ်ကိုလည်း ၎င်းတို့၏တပ်စခန်းရှိရာ ဇရပ်ကြီး သို့ ခေါ်ဆောင်သွားခဲ့ရာ လမ်းတ၀က်တွင်ပင် သတ်ပစ်ခဲ့သည်ဟု မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့(FBR)က ပြောသည်။

ထိုဒေသအတွင်း လှုပ်ရှားလျှက်ရှိသော နအဖစစ်တပ်များသည် ယခင်ကလည်း ဒေသခံ ကရင်ရွာသားများကို အလားတူ ဖမ်း ဆီးခေါ်ဆောင်ရာတွင် သက်ဆိုင်ရာ သူကြီးများ၏ ထောက်ခံမှုဖြင့် ပြန်လွှတ်လိုက်ခြင်းရှိခဲ့သလို တချို့ကို ပြန်လွှတ်ပေးခြင်းမရှိ ဘဲ သတ်ပစ်သည်များလည်း

KPF ငြိမ်းချမ်းရေး တပ်ဖွဲ့ (ဟောင်သရော အထူး ဒေသ) နယ်ခြား စောင့် ရှေးပြေးတိုက်ခွေးတပ် ဘ၀ သို့ ပြောင်း

အမျိုးသားသစ္စာဖေါက် သူမူးဟဲ ကြောင့် ကရင်အမျိုးသားအလံတော်ကို ဗမာ့တပ်မတော် ဗိုလ်ချူပ်မောင်အေး နင်းသွားတာ မှတ်မိကြအုံးမှာပါ။

၂၆၊ ၈၊ ၂၀၁၀ - ဟံသာဝတီ

K.P.F ခေါ် ကရင် ငြိမ်းချမ်းရေး တပ်ဖွဲ့ (ဟောင်သရော အထူး ဒေသ) ၏ နယ်ခြား စောင့်တပ် ဖွင့်ပွဲကို ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီး မြို့နယ် ၊ ကျိုက်ဒုံမြို့ တွင် သြဂုတ်လ (၂၀) ရက်နေ့က ကျင်းပ ခဲ့ကြောင်း သတင်း ရရှိသည်။ ထို အခမ်း အနားသို့ အရှေ့ တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်သူ့စစ် နှင့် နယ်ခြား တပ်များ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မောင်မောင်အုန်း၊ ပြည်သူ့ ဆက်ဆံရေး နှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် သန်းစိုး၊ ငွေစာရင်းရုံး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် လှိုင်မြင့် နှင့် ကရင် ငြိမ်းချမ်းရေး တပ်ဖွဲ့( ဟောင်သရော အထူး ဒေသ) မှ ဒုတိယ ဥက္ကဋ္ဌ တို့ တက်ရောက် ခဲ့ကြသည်။

ကရင် ငြိမ်းချမ်းရေး တပ်ဖွဲ့ (ဟောင်သရော အထူး ဒေသ) သည် နယ်ခြားစောင့်တပ် ပြောင်းလဲရန် အင်းအား လုံလောက်မှု မရှိခြင်း ၊ နယ်ခြားစောင့် တပ်ဖွဲ့ အသွင်ပြောင်း ရန်မှာ တပ်ဖွဲ့ ဝင်အချို့ လက်မခံခြင်း တို့ကြောင့် ကြန့်ကြာ နေခဲ့ ရသည်။ကရင် ငြိမ်းချမ်းရေး တပ်ဖွဲ့ (ဟောင်သရော အထူး ဒေသ) ရှိ တပ်ရင်း (၃) ရင်းကို ပေါင်းမှသာ နယ်ခြား စောင့်တပ် တပ်ရင်း တစ်ရင်းစာ သာရှိသည်ကို စစ်အစိုးရ မှ သိသိကြီး နှင့် မဖြစ်မနေ ငြိမ်းချမ်းရေး တပ်ဖွဲ့ (ဟောင်သရော အထူး ဒေသ) ကို နယ်ခြား စောင့်တပ် ပြောင်းလဲ ပေးခဲ့ခြင်း ဖြစ်သည်။

ဦးစောသမူဟဲ ခေါင်းဆောင်သည့် ကရင် ငြိမ်းချမ်းရေး တပ်ဖွဲ့ ( ဟောင်သရော အထူး ဒေသ) သည် K N U မှ ခွဲထွက်ပြီး ၁၉၉၇ ခုနှစ် ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့တွင် စစ်အစိုးရထံ လက်နက်ချ ခဲပြီး အဆိုပါ လက်နက်ချပွဲ အခန်း အနားသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်အေး ကိုယ်တိုင် တက်ရောက်ခဲ့သည်။ ထို လက်နက်ချပွဲ အခန်း အနားတွင် ဦးစောသမူဟဲ ခေါင်းဆောင်သည့် ကရင် ငြိမ်းချမ်းရေး တပ်ဖွဲ့ ၀င်များသည် ကရင် အမျိုးသား အလံပေါ်သို့ နင်းလျှောက် ခဲ့သည့် အပေါ် ကရင် လူမျိုး အများစု မကျေနပ်မှု များ ရှိခဲ့ကြသည်။

KPF မှပြန်လည်ပေါင်းစည်းမှု နှင့် နအဖတပ်၏လူမဆန်မှုသတင်း

/ 8/26/2010 11:42:00 PM / တပ်မဟာ(၃) ညောင်လေးပင်ခရိုင်။
- မြောက်ဦးရှိနအဖတပ်နှင့်ပြည့်သူ့စစ်တို့ပူးပေါင်းပြီးပေါ်ပီဒဲ၊မြောက်ဦးဂွင်တွင်ဗိုလ်သန့်ဇင်ဦးဆောင်တဲ့ထိုအုပ်စုသည် ထိုအရပ်ဒေသရှိ ကရင်လူထုများ၏လုပ်ပိုင်ခွင့်တွေကိုအကြပ်ကိုင်ပိတ်ပင်တားဆီးရုံမကပဲ ဖမ်းဆီးချုပ် နှောင်တဲ့အထိလူမဆန်မှုတွေကိုကျူးလွန်နေကြောင်းသတင်းရရှိသည်။
- ၃၊ ၈၊ ၂၀၁၀ ရက်နေ့ တွင် နအဖ တပ်မှ ခမရ ၆၃၁ တပ်ဖွဲ ၀င်များသည် ညောင်လေးပင် ခရိုင်ရှိ မူသယ်ရွာသို့ဝင်ရောက်ပြီးတောင်ယာတဲတွင်နေထိုင်သောစောမော်သေ(၄၅နှစ်)၊နော်ဖေါမူဝါး(၄၃)နှစ် တို့ အားဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် သေနတ်ဒင်ဖြင့် ထုထောင်းရိုက်နက်ပါသည်။ ဤကဲ့ သို့ထုထောင်းရိုက်နက်ပြီးအမျိုးသမီးအားရိုက်နက်သည့်နေရာမှထားခဲ့ကာအမျိုးသားအားခေါ် ဆောင်သွားပါသည်။ လမ်းခုလပ်တွင်စောမော်သေးအားပြန်လည်ပစ်ခဲ့သည်ဟုသတင်းရရှိပါသည်။

တပ်မဟာ(၆) ဒူးပလာယာခရိုင်။
- ၁၆.၀၈.၂၀၁၀နေ့တွင် KPF တပ်ရင်း၂ တပ်ခွဲ၎ မှလူများ မိမိတို့တပ်ရင်း၁၇နှင့်ပြန်လည်ပူးပေါင်းခဲ့ သည်။ ထိုပြန်လာသောသူများမှာ (၁) စောနီ အသက် ၂၃နှစ် ရာထူး-တပ်ကြပ်ကြီး (၂) စောဗီဒီယို အသက်၁၇နှစ် ရာထူး-တပ်သား (၄) စောတကယ် အသက်၁၈နှစ် ရာထူး-တပ်ကြပ်(၄)စောခူးနားတူအသက်၁၆နှစ် ရာထူး-တပ်သား စသည်တို့ဖြစ်သည်။ သူတို့နှင့်အတူ AK ၃လက် ကျည်ကပ်၃ကပ်နှင့် ကျည်ဆံ ၇ တောင့်တို့ပါရှိခဲ့သည်။

စစ်ရေးအရ အရေးယူရင် ဗိုလ်ချုပ်ထိန်မောင်တို့ အလားတူ တုံ့ပြန်မည်

/ 8/26/2010 10:49:00 PM /
VOA သတင်းမှ....

ဒီရက်ပိုင်းအတွင်း မြန်မာစစ်အစိုးရ သတင်းစာ မျက်နှာဖုံးတွေမှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းတဲ့ သတင်းတွေ ဆက်တိုက် ဖော်ပြနေချိန်မှာ ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်တဲ့ ကရင်ငြိမ်းချမ်းရေး ကောင်စီကတော့ အသွင်ပြောင်း ဖွဲ့စည်းရေးကို ထပ်မံ ငြင်းဆိုလိုက်ပါတယ်။ မြန်မာစစ်အစိုးရက ကရင်ငြိမ်းချမ်းရေး ကောင်စီကို တပတ်အတွင်း နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖို့ တောင်းဆိုထားပြီး လက်မခံရင် စစ်ရေးအရ အရေးယူမယ်လို့ ဖိအားပေးတာတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

စစ်ဘက်ရေးရာ လုံခြုံရေးဌာန အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်က ကရင်ငြိမ်းချမ်းရေး ကောင်စီက ကိုယ်စားလှယ်တွေကို မော်လမြိုင်မြို့က အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ ခေါ်ယူပြီး တပတ်အတွင်း အသွင်ပြောင်းဖို့အတွက် ဖိအားပေး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ကရင်ငြိမ်းချမ်းရေး ကောင်စီကတော့ ဒီတောင်းဆိုချက်ကို လက်မခံနိုင်ဘူးလို့ အဖွဲ့ခေါင်းဆောင် တဦးဖြစ်တဲ့ ဗိုလ်မှူးရင်နုက အခုလို ပြောပါတယ်။

“တပတ်အတွင်း လုပ်ရင်လုပ်၊ မလုပ်ရင်တော့ သူက ဘယ်လိုလုပ်မလဲတော့ မပြောတတ်ဘူးလေ။ ဒါပေမဲ့ ကျနော်တို့ မလုပ်ဘူးလေ၊ ဘယ်လိုပဲ ပြောပြောပေါ့။ ပြည်သူ့စစ်လည်း မလုပ်ဘူးနော်။ နယ်ခြားစောင့်တပ်လည်း မလုပ်ဘူးပေါ့။”

မြန်မာစစ်အစိုးရဘက်က သူတို့ တောင်းဆိုတာကို လက်မခံရင် စစ်ရေးအရ ဖိအားပေးပြီး ကရင်ငြိမ်းချမ်းရေး ကောင်စီ အခြေစိုက်ရာ ထို့ကော်ကိုးကနေ မောင်းထုတ်ပစ်မယ်လို့ ခြိမ်းခြောက် ပြောဆိုတာတွေလည်း ရှိနေပါတယ်။ ဗိုလ်မှူးရင်နုက စစ်ရေးအရ အရေးယူလာရင် အလားတူ တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“စစ်ရေးအရ အရေးယူလာရင် ကျနော်တို့လည်း အဲဒါယူရမှာပေါ့။ မဟုတ်ဘူးလား။ ဒါလည်း တနည်းနည်းနဲ့ တုံ့ပြန်ရမှာပေါ့။ ကျနော်တို့ ဒီကိုပြန်လာတာကတော့၊ ငြိမ်းချမ်းရေး ပြန်လာလုပ်တာကတော့ ကျနော်တို့ ဟိုးအရင်က ခေါင်းဆောင်ကြီး စောဘဦးကြီး မူ ၄ ချက်နဲ့ ပြန်ယူလာတယ်လေ။ အဲဒါပဲ၊ အသေယူထားတာပေါ့၊ မဟုတ်ဘူးလား။”

ကရင်ခေါင်းဆောင် စောဘဦးကြီးမူ ၄ ချက်ကတော့ လက်နက်ချစကား အလျင်းမပြောရ။ ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမည်။ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည်။ ကရင်ပြည် အသိအမှတ်ပြုခြင်း ပြီးပြည့်စုံရမည် ဆိုတာ ဖြစ်ပါတယ်။

ကရင်အမျိုးသား အစည်းအရုံး (KNU) က တွဲဖက်အတွင်းရေးမှူး ပဒိုစောလှငွေကလည်း ကရင်ငြိမ်းချမ်းရေး ကောင်စီကို စစ်ရေးအရ အရေးယူလာရင် အခြေအနေအရ သူတို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

မကြာမီမှာ ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ကရင်ငြိမ်းချမ်းရေး ကောင်စီရဲ့ သဘောထားကိုတော့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးတင်မိုသီက အခုလို ပြောဆိုပါတယ်။

“အခုရွေးကောက်ပွဲက လူထုရဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ရထားတဲ့မဲကို သူတို့ စော်ကားတာပဲ။ NLD ကို အာဏာမအပ်ဘူး။ မအပ်ဘဲ အခုတခါ ထပ်လာပြီးတော့ ရွေးကောက်ပွဲ ပြန်လုပ်မယ်။ ရွေးကောက်ပွဲ ဘယ်ဟုတ်မလဲ၊ ရွေးချယ်ပြီးသွားပြီပဲဟာ။ ဘယ်လို ရွေးကောက်ပွဲ ထပ်လုပ်မလဲ။ ရွေးကောက်ပွဲဆိုတာ သူတို့ ကမ္ဘာကို မျက်လှည့်ပြတာ၊ ဒါပဲရှိတယ်။

“အဲတော့ အခု တိုင်းရင်းသား ခေါင်းဆောင်တွေရော ကျနော်တို့ရော ဘာပြန်လုပ်မလဲဆိုရင် ဒီရွေးကောက်ပွဲ တို့မလိုဘူး။ တို့လိုတာက အရင်ရွေးကောက်ပွဲကို အသိအမှတ်ပြုပြီးတော့ နိုင်တဲ့ပါတီကို အာဏာအပ်ဖို့၊ ဒါပဲရှိတယ်။”

ဒီနှစ် ဧပြီလ ၇ ရက်နေ့ကလည်း ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်က ကရင်ငြိမ်းချမ်းရေး ကောင်စီကို အသွင်ပြောင်း ဖွဲ့စည်းဖို့အတွက် အလားတူ တောင်းဆိုခဲ့ဖူးပါတယ်။ ဒါကို ဧပြီလ ၂၂ ရက်နေ့မှာ ဗိုလ်ချုပ်ထိန်မောင်က လက်မခံနိုင်ကြောင်း စာရေးသား ပေးပို့ပြီး ငြင်းဆိုထားခဲ့တာလည်း ဖြစ်ပါတယ်။

KNU/KNLA Peace Council ခေါ် ကရင်ငြိမ်းချမ်းရေး ကောင်စီဟာ ၂၀၀၇ ခုနှစ်မှာ KNU ကနေ ခွဲထွက်ပြီး မြန်မာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ ကရင်ငြိမ်းချမ်းရေး ကောင်စီက မြန်မာစစ်အစိုးရ ကမ်းလှမ်းတဲ့ နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ် ဖွဲ့စည်းရေးကို အရင်ကလည်း အကြိမ်ကြိမ် ငြင်းဆိုထားတာ ဖြစ်ပါတယ်။

လာမယ့် ၂၈ ရက်နေ့မှာတော့ ကရင်ငြိမ်းချမ်းရေး ကောင်စီက အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူထားပြီး မြန်မာစစ်အစိုးရရဲ့ တောင်းဆိုချက် အပေါ်မှာ အပြီးသတ် ဆုံးဖြတ်မယ်လို့ သိရပါတယ်။

မြန်မာစစ်အစိုးရဟာ ရွေးကောက်ပွဲ မတိုင်မီမှာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ဒီရက်ပိုင်းတွေ အတွင်းမှာ ဖိအားပေး တောင်းဆိုနေပါတယ်။ ဒါပေမဲ့ ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မိုင်းလားအဖွဲ့နဲ့ မွန်ပြည်သစ်ပါတီတို့က အသွင်ပြောင်းရေးကို လက်မခံကြောင်း တုံ့ပြန်ထားပါတယ်။

ဒီရက်ပိုင်းတွေ အတွင်းမှာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နဲ့ ဟောင်သရောဒေသ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းတဲ့ သတင်းတွေကို မြန်မာစစ်အစိုးရထုတ် သတင်းစာ မျက်နှာဖုံးတွေမှာ ဦးစားပေး ဖော်ပြထားပါတယ်။

ဗိုလ်နှုတ်ခမ်းမွှေးမှာ အင်အား တထောင်ရှိပါသည်

/ 8/26/2010 02:21:00 PM / ချင်းမိုင် (မဇ္ဈိမ) မှ...

နယ်ခြားစောင့်တပ် မပြောင်းဘဲ တင်းခံနေသော ဗိုလ်နှုတ်ခမ်းမွှေး ဦးစီးသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်တွင် အင်အား တထောင်ခန့် ကျန်သေးကြောင်း ဒီကေဘီအေ အရာရှိများက ပြောသည်။

ဗိုလ်နှုတ်ခမ်းမွှေး လက်အောက်ရှိ ကော့ကရိတ် အခြေစိုက်တပ်များဖြစ်သော ဗိုလ်မှူးဉာဏ်မင်း ဦးစီးသော ၉ဝ၆ တပ်ရင်း၊ ဗိုလ်မှူးကျော်ကျော်၏ အမှတ် ၉ဝ၅ တပ်ရင်း၊ ဗိုလ်မှူးကျော်သက်၏ အမှတ် ၉ဝ၄ တပ်ရင်းနှင့် ဗိုလ်မှူးချင်းလုံ၏ ဗျူဟာတပ်ခွဲ ၁ နှင့် ၂ တို့က နေပြည်တော်၏ ဒီကေဘီအေတပ်များ နယ်ခြားစောင့် အသွင်ပြောင်းရေးကို လက်မခံသေးဘဲရှိနေသည်။

ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်မှူးကြီးစောလားပွယ်လက်အောက်တွင် တပ်ရင်း ၄ ခုရှိခဲ့ရာက ဗိုလ်မုတ်သုံနှင့် ဗိုလ်စောဘီလူးတို့ဦးစီးသောတပ်ရင်းများမှ အင်အား ၃ဝဝ နယ်ခြားစောင့်တပ်အဖြစ် သြဂုတ် ၂၁ ရက်က ပြောင်းသွားပြီးဖြစ်သည်။

“ဒီတပ်ရင်းတွေမှာ ခေါင်းဆောင်ဖြစ်နေတဲ့ တပ်ရင်းမှူးတွေက ဘားအံ-ကော့ကရိတ်-မြဝတီတို့မှာ လုပ်ငန်းတွေရှိတော့ မဝင်လို့မဖြစ်တော့ ဝင်ကြတာပေါ့လေ။ တကယ်တိုက်ရည်ခိုက်ရည်ရှိတဲ့ ဒုတပ်ရင်းမှူး အရာရှိတွေကတော့ လိုက်မသွားပါ ဘူး။ ကျနော်တို့နဲ့ လာပေါင်းနေပါတယ်”ဟု ဗိုလ်မှူးချင်းလုံက မဇ္ဈိမကိုပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ် ကွင်းကလေးနှင့် ပိုင်ကျုံမြို့နယ် ဖာသိမ်ကျေးရွာတို့တွင် နယ်ခြားစောင့်တပ် ပြောင်းသော အခမ်းအနားများ တပြိုင်နက်ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားသို့ ဒီကေဘီအေမှ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကျော်သန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းတို့ တက်ရောက်ခဲ့ကြသည်။

ယခုလ ၁၈ ရက်ကလည်း ဒီကေဘီအေ ဥက္ကဋ္ဌ စောသာထူးကျော်၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကျော်သန်း၊ ဗိုလ်မှူးကြီး စောချစ်သူတို့ လက်အောက်ခံတပ်ရင်းများ မြိုင်ကြီးငူတွင် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲလိုက်ကြပြီး ဖြစ်သည်။

“ကျနော်ကတော့ လစာတသိန်းကျော်ရတယ်။ ရာထူးဘယ်အဆင့်ထိလျော့တယ်ဆိုတာတော့ မပြောတော့ဘူး။ ကျနော်တို့က ကရင်တွေပါ။ တံဆိပ်သာပြောင်းသွားတာ နှလုံးသားကတော့ ကရင်ပါပဲ။ နယ်ခြားစောင့်တပ်ဖြစ်သွားတဲ့ အတွက် လှုပ်ရှားမှုတွေက အရင်ပုံစံမျိုးဖြစ်တော့မှာ မဟုတ်ဘူး” ဒီကေဘီအေမှ နယ်ခြားစောင့်တပ်ပြောင်းသွားခဲ့သည့် စောထွန်းမြင့်က မဇ္ဈိမကို ပြောသည်။

ဒီကေဘီအေဟောင်းများ ယခုနှစ်ရွေးကောက်ပွဲ တွင်ဝင်ရောက်မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း တပ်မှူးအဆင့်ပင် မသိဘဲ ဖြစ်နေကြသည်။

လူမဆန်မှုသတင်း

/ 8/25/2010 07:47:00 PM /
တပ်မဟာ(၂) တောင်ငူခရိုင်။
- ထန်းတပင်မြို့၊ ၁၉.၀၈.၂၀၁၀နေ့တွင် ဇရပ်ကြီးတွင်ရှိသော နအဖတပ် ခလရ(၇၃) အုပ်စုသည် မာလာကုန်းရွာ သို့ဝင်ပြီး ထိုရွာမှ ရွာသား (၁) စောမူးသော အသက်(၂၂)နှစ် အဖေနာမည် စောမူးရာ (၂) စောခိုကလယ်ထူး အသက်(၁၉)နှစ် အဖေနာမည် စောမူးရာ…ထိုညီအစ်ကို၂ယောက်အား အပြစ်မရှိ အကြောင်းမဲ့ဖမ်းဆီးသွားခဲ့သည်။ထို့အပြင်ဘယ်ကိုခေါ်သွားချုပ်နှောင်ထားသည်ကိုလည်းယခုထက်ထိမသိရှိရသေးပါ။
- ၂၃.၀၈.၂၀၁၀နေ့တွင် ကလော်မီးဒဲရှိ စကခ(၇) ခမရ(၁၀၂)တပ်သည် ကလော်မီးဒဲရွာသူ(၁၄)ယောက် ရွာသား(၁၆)ယောက် စုစုပေါင်း (၃၀)ယောက်တို့ကို ကလော်မီးဒဲစစ်စခန်းမှ ပလဲဝထိ သူတို့၏ပစ္စည်း ရိက္ခာများကို ပေါ်တာအဖြစ်အတင်းအကြပ်သယ်ယူခိုင်းခဲ့ကြောင်းသတင်းရရှိသည်။

DKBA မှပြန်လည်ပေါင်းစည်းမှုနှင့် နအဖတပ်၏လူမဆန်မှု

/ 8/24/2010 08:35:00 PM / တပ်မဟာ(၁) သထုံခရိုင်။
- ၂၂.၀၈.၂၀၁၀နေ့ တွင် DKBAတပ်ရင်း(၂)မှ မောင်လှဦး/စောအယ်ထူး တို့သည် တပ်မဟာ (၁)သို့ပြန်လည်ဝင်ရောက်ခဲ့သည်။ သူတို့နှင့်အတူ AR ၂လက် ကျည်ဆံ၁၄၈တောင့်၊ AK ၁လက် ကျည်ဆံ (၁၇)တောင့်တို့ပြန်ပါလာခဲ့သည်။

တပ်မဟာ(၂) တောင်ငူခရိုင်။
- ထန်းတပင်မြို့နယ်၊၁၀.၀၈.၂၀၁၀နေ့တွင်စကခ(၇)ခမရ(၄၂၆)ဒုရင်းမှူးဗိုလ်မှူးစိုးလှိုင်သည်ခလယ်လာရွာ ကောသေးဒဲရွာမှရွာသူရွာသားများအားဖမ်းဆီးအကြပ်ကိုင်ပြီးထိုရွာများအနီးတဝိုက်တွင်တိုက်ပွဲများဖြစ်ပွားမှာကိုကြောက်သဖြင့်သူပြောတဲ့အတိုင်းလုပ်ရမည်ဟုပြောဆို ခြိမ်းခြောက်ခဲ့သည်။ သူပြောတဲ့အတိုင်းမလုပ် ပဲတိုက်ပွဲများဖြစ်ပွားခဲ့လျှင် တောင်ယာတောထဲသွားရေးလာရေး၊လုပ်ကိုင်မှုများကိုပိတ်ပင်မည့်အပြင်ရွာထဲ မှရွာပြင်ထွက်ခွင့်ကိုပါပိတ်မည်ဟုခြိမ်းခြောက်သည်။

- ၂၀.၀၈.၂၀၁၀နေ့မှစပြီး ပလဲဝ၊ကလောမီးဒဲ၊ဖြင်စလိုမှာရှိတဲ့ စကခ(၇)နှင့်အပြင်စစ်ကြောင်းတွင်ရှိသော တပခ တပ်တို့သည်ထိုရွာမှ ရွာသားများအား ရွာပြင်ထွက်ပြီး တောင်ယာလုပ်ကိုင်ခွင့်ကိုပိတ်ပင်တဲ့အပြင် ခြိမ်းခြောက်ပြောဆိုမှုများကြောင့် ရွာသူရွာသားများ ကြောက်လန့်စွာနဲ့နေထိုင်ကြရသည်။ ထို့အပြင်စား ရေးသောက်ရေးအခက်အခဲငွေရေးကြေးရေးအခက်အခဲများကြုံတွေ့နေကြရသည်။

တပ်မဟာ(၇) ဖားအံ့ခရိုင်။
- ၂၂.၀၈.၂၀၁၀နေ့တွင် DKBA ၅၅၅ တပ်ရင်း၃မှ စောဒါးအယ်အသက်(၁၅)နှစ်စောခူမူအသက်(၁၄)နှစ်တို့ သည်တပ်မဟာ(၇)သို့ပြန်လည်ခိုလှုံခဲ့သည်။ သူတို့နှင့်အတူ AR ၂လက် ကျည်ကပ်၇ကပ် ကျည်ဆံ ၁၇၆ တောင့် တို့ပါလာခဲ့ကြောင်းသတင်းရရှိသည်။

Tuesday, August 24, 2010

ကရင်အစားအစာမိတ်ဆက်ပွဲတရပ်ကိုဂျပန်နိုင်ငံတိုကျိုမြို့ တွင်ဒုတိယအကြိမ်ကျင်းပပြုလုပ်

ကရင်အစားအစာမိတ်ဆက်ပွဲတရပ်ကိုဂျပန်နိုင်ငံတိုကျိုမြို့တွင်ဒုတိယအကြိမ်မြောက်ကို၂၂-၈-၂၀၁၀ ကျင်းပပြုလုပ်သည်။ဒို့များရဲ့ကရင်ရိုးရာအစားအစာ ။ခူလာမူ။။ဒါဟဲဘိုး။တာလဘော။ငါးပိရည်။တို့စရာဖြင့်
်စားသောက်ပွဲတခုကို ကျင်းပပြုလုပ်ခဲ့ရာဂျပန်မှသတင်းထောက်များ IOM.PFB.RHQ.AIနှင့်ကရင်လူမျိုးများ
တက်ရောက်ခဲ့သည်။

ရွေးကောက်ပွဲနီးလို့ ဆိုက်ရောက်ဗီဇာ ပိတ်

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၀၅ မိနစ် .
ရန်ကုန် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲ ကာလအတွင်း ကမ္ဘာလှည့် ခရီးသွားများကို ပြည်ဝင်ခွင့် စိစစ်သည့် အနေဖြင့် နိုင်ငံတကာ လေဆိပ်များတွင် လာမည့်လ ၁ ရက်နေ့မှစ၍ ဆိုက်ရောက်ဗီဇာ ထုတ်မပေးတော့ကြောင်း နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးတဦးက ဆိုသည်။

ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် လွန်ခဲ့သည့် ၄ လခန့်ကတည်းက ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့သော်လည်း လာမည့်လမှ ရွေးကောက်ပွဲအပြီးအထိ ပိတ်ထားမည့်အကြောင်း ပြောဆိုခြင်း ဖြစ်သည်။

’’အနည်းဆုံး ၃ လ ကြာမယ်။ ဒီအတွက် ခရီးသွားလုပ်ငန်း နှောင့်နှေးမှာ သေချာတယ်။ ဒါပေမဲ့ ဒါက နိုင်ငံတော်အဆင့်က ညွှန်ကြားချက်ဖြစ်တာမို့ ဟိုတယ်ခရီးဝန်ကြီးဌာနအနေနဲ့ ဘာမှမတတ်နိုင်ဘူး။ လာမယ့်သူတွေ အတွက်လည်း ပိုပြီး အခက်တွေ့မယ်။ ဒီမှာရှိတဲ့ ဧည့်လမ်းညွှန်တွေ အခက်တွေ့မယ်။ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဆက်စပ်လုပ်ငန်းတွေ ကမောက်ကမ ဖြစ်နိုင်တယ်’’ ဟု ဝန်ကြီးဌာန အရာရှိကြီးက ပြောသည်။

ရပ်ဆိုင်းထားစဉ်အတွင်း ယခင်ကဲ့သို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ခွင့်ပြုချက် ရယူပြီးမှသာ ကမ္ဘာလှည့် ခရီးသွားများကို သာမန်ဗီဇာများ ထုတ်ပေးမည်ဟုလည်း ၎င်းက ပြောသည်။

၁ဝ နှစ်ကျော်သက်တမ်းရှိ ဧည့်လမ်းညွှန်တဦးက ’’ရွေးကောက်ပွဲ ကာလဟာ ပွင့်လင်းရာသီ ဖြစ်တယ်။ အဲဒီအချိန်မှာ ခရီးသည်တွေ လာတယ်။ အခု ဆိုက်ရောက်ဗီဇာ ပိတ်လိုက်တာဟာ ကျနော်တို့အတွက် ထိခိုက်တယ်။ ကျနော့်အထင် ပြောရရင် ရွေးကောက်ပွဲကို ပြည်ပက လာလေ့လာမယ့်သူတွေ ရှိမှာဖြစ်တဲ့အတွက် အခုလို လုပ်လိုက်တာ။ ပြီးတော့ မြန်မာ့နိုင်ငံရေးကို ကမ္ဘာကလည်း စိတ်ဝင်စားနေတဲ့အတွက်လို့ ထင်တယ်။ သူတို့ မတရားလုပ်မယ့် အရာတွေကို မသိစေချင်လို့လည်း ဖြစ်နိုင်တယ်’’ ဟု ပြောသည်။

ဆိုက်ရောက်ဗီဇာ ပိတ်ပင်မှုနှင့်ပတ်သက်၍ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လူဝင်မှုကြီးကြပ်ရေးဌာနရှိ ဝန်ထမ်းတဦးကို မေးမြန်းကြည့်ရာ ၎င်းအနေဖြင့် ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့သော ကာလအတွင်း ဝင်ရောက်ခဲ့သော ခရီးသည် အရေအတွက်နှင့် ပြည်ပဝင်ငွေ ရရှိမှုတို့ကိုသာ လေ့လာရန် အာဏာပိုင်များက ပြောဆိုကြောင်း၊ ယခုကိစ္စနှင့်ပတ်သက်၍ မသိကြောင်း ပြောဆိုသည်။

ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့သည့် ကာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ကြသော ဧည့်သည်များထဲတွင် ဥရောပခရီးသွား အများဆုံး ဖြစ်ခဲ့ကြောင်းနှင့် ယင်းကာလအတွင်း ခရီးသွားများ တိုးတက်လာခဲ့ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း UMTA တာဝန်ရှိသူတဦးက ပြောသည်။

မြန်မာနိုင်ငံသို့ ၂ဝဝ၆ ခုနှစ်ထဲတွင် ပြည်ပခရီးသွား ၂၆၃,၅၁၄ ဦး၊ ၂ဝဝ၇ ခုနှစ်တွင် ၂၄၈,ဝ၇၆ ဦး၊ ၂ဝဝ၈ ခုနှစ်တွင် ၁၇၇,ဝဝဝ ဦး၊ ၂ဝဝ၉ ခုနှစ်တွင် အာရှနှင့် ဥရောပ အပါအဝင် ခရီးသွား ၁၄,၆၇၁ ဦးနှင့် ဥရောပခရီးသွား ၃၃,၃၅၈ ဦး အပါအဝင် အခြားခရီးသွား အရေအတွက် စုစုပေါင်း ၂ သိန်း နီးပါး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယခုနှစ် အောက်တိုဘာလမှ လာမည့်နှစ် မေလအထိ ခရီးသွားရာသီတွင် ခရီးသွားဦးရေ တသန်းခန့်အထိ စစ်အစိုးရက မျှော်မှန်းထားကာ ဟိုတယ်လုပ်ငန်းရှင်များကိုလည်း ခရီးသွားလုပ်ငန်း အထောက်အကူပြု ကားအစီးရေ ၂ဝဝ ခန့် တင်သွင်းခွင့် ပြုခဲ့သည်။

စစ်အစိုးရက ရွေးကောက်ပွဲ နီးလာချိန်တွင် လူမှု အကူအညီများပေးမည့် လုပ်သားများအတွက် နာဂစ်နှင့်ဆိုင်သော ပြည်ဝင်ခွင့် ဗီဇာများကို လည်း မကြာခင်က ပိတ်ပင်လိုက်ကြောင်း အကူအညီပေးနေသည့် သတင်းအေဂျင်စီတရပ်က ဆိုသည်။

အဆိုပါ နာဂစ်ဗီဇာများကို တိုးမပေးတော့သလို လူမှုကူညီရေးသမားများ မုန်တိုင်းသင့် ဒေသများသို့ အလွယ်တကူ သွားရောက်ခြင်း မပြုနိုင်ရန် ဗီဇာသက်တမ်း တိုးမပေးတော့ကြောင်းလည်း သိရသည်။

၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် မြစ်ဝကျွန်းပေါ်ဒေသ ပြန်လည်ထူထောင်ရေးနှင့် တိုးတက်ဖွံဖြိုးရေး အစီအစဉ်မှာ ပင်မရေစီးဖြစ်ရမည်ဟု လူမှုကူညီရေး ကုလသမဂ္ဂ စီမံချက်တရပ်ဖြစ်သည့် Integrated Regional Information Network (IRIN) အဖွဲ့နှင့် စစ်အစိုးရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ အေဂျင်စီများကို ယခုလ ၁၆ ရက်က ပြောဆိုခဲ့သေးသည်။

မြ၀တီမြို့ ဂက်စ်အိုးကားပေါက်ကွဲ ဒဏ်ရာရသူရှိ

.သြဂုတ်လ ၂၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ အထက(၁) အနောက်ဖက်တွင် ယမန်နေ့ည (၇)နာရီခွဲကျော်အချိန်၌ ဂက်စ်အိုးများ တင်ဆောင်နေ သည့်ကား ပေါက်ကွဲခဲ့ရာ လူသေဆုံးမှု မရှိသော်လည်း ၄ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
မြ၀တီမြို့ အမှတ်(၄)ရပ်ကွက်တွင် ၃ဂ/၉၀၉၇ နံပါတ်ရှိ မှန်လုံကားမှ ဖြစ်ပွားခဲ့သည့် ယင်းပေါက်ကွဲမှုကြောင့် အနီးပတ်ဝန်းကျင်ရှိ လူ နေအိမ် ၃လုံးနှင့် စာသင်ကျောင်း အဆောက်အဦးတချို့ မီးလောင်ကျွမ်းခဲ့ပြီး ကလေးငယ်များ ပါဝင်သည့် ဒဏ်ရာရသူများကို မြ၀တီ ဆေးရုံသို့ ယမန်နေ့ညကတည်းက ပို့ဆောင်ကုသပေးခဲ့ပြီ ဖြစ်သည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။

“ဂက်စ်အိုးတွေကို ကားပေါ် တင်လိုက်၊ ချလိုက်လုပ်နေချိန်မှာ ထပေါက်တာပဲ။ အဲဒီကားပေါ်မှာ ဂက်စ်အိုးက ၆၄လုံးပါတယ်။ ပေါက်ကွဲ တော့ ကားတစ်စီးလုံး ပျက်စီးသွားတယ်။ အနားက အိမ် ၃လုံး မီးလောင်သွားပြီး အိမ်တစ်လုံးကိုတော့ မီးဟပ်သွားတယ်။ နောက်ပြီး စာသင်ကျောင်းလည်း ပျက်စီးမှု နည်းနည်းရှိတယ်။”ဟု ဆိုသည်။

ဂက်စ်အိုး ပေါက်ကွဲခဲ့ရသည့် အကြောင်းရင်းကို မြို့ခံအချို့က သွေးရိုးသားရိုးဖြစ်စဉ်တခု မဟုတ်ကြောင်း ပြောဆိုနေကြသော်လည်း လက်ရှိအချိန်တွင် ကားပိုင်ရှင်နှင့် ဂက်စ်အိုးပိုင်ရှင်မှာ ထွက်ပြေးတိမ်းရှောင်လျှက်ရှိသည်ဟု သိရသည်။

မဲဆောက်တွင် နေထိုင်သူတစ်ဦးက “ပေါက်ကွဲတာ ၇နာရီခွဲလောက်မှာ တလုံးပြီးတလုံး ထပ်ပေါက်တာလေ။ တစ်လုံး ထပေါက်ရင် မီး က လင်းခနဲဖြစ်သွားတာကို မဲဆောက်ကနေတောင် လှမ်းမြင်နေရတယ်။ ကြောက်စရာကြီး။ စိတ်ထင် တိုက်ပွဲဖြစ်တာလားပေါ့။”ဟု ပြောသည်။

မီးလောင်ကျွမ်းခဲ့သည့်နေရာကို မြ၀တီမြို့ရှိ မီးသတ်ကား ၂စီးနှင့် သင်္ကန်းညီနောင်မှ မီးသတ်ကား ၂စီးတို့က ၂နာရီကြာ လာရောက် ငြိမ်းသတ်ခဲ့ရသည်ဟု သိရသည်။

မြ၀တီမြို့ခံတစ်ဦးက “အမှန်တော့ ဂက်စ်အိုးကို တရားဝင်ရောင်းလို့ မရဘူး။ သူတို့က အိမ်ထဲမှာပဲထားပြီး မြ၀တီမြို့တွင်းနဲ့ ကော့က ရိတ်၊ ဖားအံ၊ မော်လမြိုင်မြို့တွေကို ပို့တယ်လေ။ အခုလိုဖြစ်တော့ ပိုင်ရှင်က ထွက်ပြေးပြီ။ အရင်နှစ်ကလည်း ဂက်စ်အိုး ပေါက်ကွဲခဲ့ဘူး တယ်။ အဲဒီတုန်းက ဂက်စ်အိုးက တစ်လုံးပဲ။”ဟု ပြောသည်။

ယမန်နေ့ နံနက်ပိုင်းတွင်လည်း မြ၀တီမြို့နယ်ရှိ ကုက္ကိုနှင့် ၀မ်းခါကျေးရွာအကြား ဗုံးတလုံး ပေါက်ကွဲခဲ့မူကြောင့် ကလေးငယ် ကျောင်း သူလေးတဦး ထိမှန်ကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ယခု မဲဆောက်ဆေးရုံသို့ ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။

သန်းရွှေ ကျူးလွန်တဲ့ လူမဆန်မှု

From_BurmaToday

ဒီကေဘီအေမှ ပြန်လည်ပေါင်းစည်းမှုသတင်း နှင့် လူမဆန်မှုသတင်း

/ 8/23/2010 04:19:00 PM /
သထုံခရိုင်၊ တပ်မဟာ(၁)။

- ဒီကေဘီအေ ၉၉၉ တပ်ရင်း(၂)မှ တပ်သား ရွှေထီး သည် ၆၀ မမ တစ်လက်၊ ဗုံးသီး လေးလုံးနှင့်အတူ KNLA တပ်မဟာ(၁) လက်အောက်ခံတပ်များသို့ ၁၉၊ ၀၈၊ ၂၀၁၀ ရက်နေ့ တွင်လည်းကောင်း၊ DKBA ၉၉၉ မှ တပ်စုမှူး စောသန်းစိုး၊ တပ်သား စောအောင်ကိုလတ်၊ စောကိုကို၊ စောဖြူကျော် တို့ သည် AK47 (၄ လက်)၊ ကျည်ကပ် ၆ ချပ်၊ ကျည်တောင့် ၅၄ တောင့်၊ ကာဘိုင်တစ်လက်၊ ကျည်ကပ်တချပ်၊ ကျည်တောင့် ၁၆ တောင့်၊ M 16 တစ်လက်၊ ကျည်ကပ် နှစ်ချပ်၊ ကျည်တောင့် ၅၀၊ စကားပြောစက် YAESU တစ်လုံး၊ ကျောပိုးအိတ် လေးလုံး၊ အီကွင့်မက် နှစ်စုံ နှင့်အတူ ၂၁၊ ၀၈၊ ၂၀၁၀ ရက်နေ့ တွင် လည်းကောင်း၊ အသီးသီး လက်နက်ချ ၀င်ရောက်လာကြောင်း သတင်းရရှိပါသည်။
- ဘီးလင်းမြို့နယ်၊ DKBA (333)မှ ဒါးဝင်းသည် ၁၅၀၈၂၀၁၀ နေ့တွင်မယ်ပရိခီး၊ကစယ်ဖိုး၊ညာဆူထာ၊ဇီးကုန်း၊ ပဒတ်ဒေါ၊ဘောဝေါထာ၊ဝေါလေ ရွာများကို အိမ်ထောင်စုစာရင်းတောင်းယူပြီး ထိုရွာများရှိတစ်အိမ်လျှင် ဝါးရိုင်း ၂၀ချောင်းစီ အတင်းအဓမ္မတောင်းယူခဲ့သည်။

ဖာပွန်ခရိုင်၊ တပ်မဟာ(၅)။

- DKBA ကဆောဝါးတပ်ရင်းနှင့်နအဖမှ (၄)ဦးတို့သည်ဖောထီးခူတွင်တွေ့ဆုံကြပြီးထိုတပ်ရင်းလူဦးရေ အရေ အတွက်ကိုကောက်ယူပြီး နယ်ခြားစောင့်တပ်ဖွဲ့ပြီးလျှင် လစာများပေးရန်အတွက် ဓာတ်ပုံများရိုက်ယူကြောင်း သိရှိရသည်။
- ၁၅.၀၈.၂၀၁၀ နေ့တွင် ကတဲထိစကခမှူးသည်ကျေးရွာလူကြီးများအားစစ်စာရင်းနှင့် လယ်မြေပိုင်ဆိုင်မှုဧက အပြင်ပိုင်ဆိုင်သူ၏အမည်နာမ များကိုကောက်ယူခဲ့သည်။
- ၁၂.၀၈.၂၀၁၀နေ့၊ နအဖတပ်သည် ခေါတော်ပူတွင်ဝင်ရောက်တပ်စွဲပြီး ထိုဒေသတွင်လှုပ်ရှားသောDKBA၏အ လံကိုဖြုတ်ချပြီး သူတို့၏အလံကိုတင်ထားကြောင်းသတင်းရရှိသည်။
- ၁၁.၀၈.၂၀၁၀နေ့၊ ကုန်းဆက်တွင်ရှိသော DKBAကဆောဝါးတပ်သည် ခေါတော်ပူ သို့အကုန်ပြန်ဆင်းသွား ကြောင်းသိရပြီး ဘာကြောင့်ပြန်ဆင်းကြောင်းမသိရသေးပေ။

ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)။

- ၁၅.၀၈.၂၀၁၀နေ့၊ခလရ(၂၈၃)စစ်ကြောင်းမှူး(၂)သက်မြင့်နိုင်သည်DKBAနယ်ခြားစောင့်တပ်ဖွဲ့ပွဲအခမ်းအနားကိုကျင်းပရန် အတွက် ကျူးကွဲအုပ်စုမှ ရွာများကိုတာဝန်ယူခိုင်းတဲ့အပြင် သစ်များကိုလည်းအလုံအလောက် တောင်းဆိုခဲ့သည်။ ထို့အပြင်ဖာသေအုပ်စုပ်မှရွာများကိုလည်းဝါးအလုံအလောက်တောင်းဆိုပြီး တစ်အိမ်၁ ယောက်နှုန်းဖြင့် သွားရောက်လုပ်ကိုင်ခိုင်းခဲ့ကြောင်းသိရှိရသည်။
nts: (0)

BDC+FBP +House of Peace and Nonviolence call for EU must support

BDC+FBP +House of Peace and Nonviolence call for EU must support people but not junta

President Speech in Wrist Tied in Burmise

President Speech in Wrist Tied in Burmise
ABMA Journal Volume 1 No 14
Nightingale Health Journal Aug 2010

Military junta sets new BGF deadline for ethnic armed groups

Military junta sets new BGF deadline for ethnic armed groups

Karen Refugee Committee Newsletter & Monthly Report, July 2010 (English and Karen)

Karen Refugee Committee Newsletter & Monthly Report, July 2010 (English and Karen)

Monday, August 23, 2010

နအဖရွေးကောက်ပွဲ တရားမျှတမှုမရှိဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြောဆို

Saturday, August 21, 2010


Japan urges Myanmar to release Suu Kyi





Japan has urged Myanmar to release political prisoners including pro-democracy leader Aung San Suu Kyi and conduct its general election slated for Nov. 7 in an open, free and fair manner, Foreign Minister Katsuya Okada said Friday.


The minister told a press conference that the Japanese government conveyed Thursday its concern over the November poll, which will be held for the first time in two decades, through Myanmar’s ambassador to Japan. ‘‘If Myanmar holds the general election without releasing political prisoners including Ms. Suu Kyi, it would not be a free, fair and open election that the international community has called for and thus would be regrettable,’’ Okada said.


နိုဝင်ဘာ (၇)ရက်နေ့တွင် ကျင်းပမည်ဟု ထုတ်ပြန်ကြေညာထားသော နအဖစစ်အုပ်စု၏ ရွေးကောက်ပွဲသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အောင်ဆန်းစုကြည်ကို မပါဝင်နိုင်အောင်ပြုလုပ်ထားတဲ့အတွက် လွတ်လပ်ပြီး တရားမျှတမှုရှိမှာမဟုတ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးOkada Katsuya က သြဂုတ်လ ၂၀ ရက်(သောကြာနေ့)က ပြောဆိုလိုက်သည်။


၎င်းက မြန်မာစစ်အုပ်စုအနေဖြင့် ရွေးကောက်ပွဲမကျင်းပမှီ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းများအားလုံးကို လွတ်ပေးဖို့လိုအပ်ကြောင်းနှင့် အားလုံးပါဝင်နိုင်သည့် စစ်မှန်သောရွေးကောက်ပွဲတခုဖြစ်ဖို့လိုအပ်ကြောင်း တိုက်တွန်းပြောကြားလိုက်သည်။


အနှစ်(၂၀)ကြာမှ ပထမဦးအကြိမ်ကျင်းပမည့် နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲကိစ္စနှင့်စပ်လျင်း၍ သြဂုတ်လ ၁၉ ရက်(ကြာသပတေးနေ့)က ဂျပန်နိုင်ငံရှိ နအဖ သံအမတ်ထံသို့ ပေးပို့ခဲ့သော တောင်းဆိုချက်၌ “အကယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးခြင်းမရှိပါက မြန်မာနိုင်ငံတွင်ကျင်းပမည့်ရွေးကောက်ပွဲသည် လူတိုင်းပါဝင်နိုင်ပြီး လွတ်လပ်၍ တရားမျှတမှုရှိမည်မဟုတ်သည့်အတွက် ဂျပန်နိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ထောက်ခံမှာမဟုတ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းများကလည်း ၀မ်းနည်းဖွယ်လုပ်ရက်အဖြစ် သတ်မှတ်ခြင်းခံမည်ဖြစ်ကြောင်း” ရေးသားပေးပို့ခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

လှိုင်းဘွဲ့ မြို့ ရှိ DKBA တပ်ဖွဲ့ များ နယ်ခြားစောင့်တပ် အသွင်ပြောင်းခြင်း အပိုင်း (၁+၂)

Sunday, August 22, 2010
ရင်နာလို့မဆုံးဘူး။ မင်းတို့လောက် မိုက်လုံးကြီးတာ ဘယ်လိုခွင့်လွှတ်လို့ရနိုင်မှာတဲ့လဲ။
မင်းတို့တွေကို စာနာ နားလည်ခွင့်လွှတ်ပေးခဲ့သမျှ မျက်စိမှိတ်လို့ မိုက်ကန်းကြကုန်ပြီလား။
ခွေးသားတွေ၊ ရွေးထားတဲ့လမ်းက မျိုးပျောက်မဲ့ပြတိုက်လမ်းပါလား။


President Speech in Wrist Tied in Burmise

President Speech in Wrist Tied in Burmise

သထုံခရိုင် ရှိ ဒီကေဘီအေ တပ်များ ကေအဲန်ယူ ဆီ လက်နက်ချ ၀င်ရောက်လာ

သထုံခရိုင်တွင် လုပ်ရှားနေသော ဒီကေဘီအေ ၉၉၉ တပ်ရင်း(၂)မှ တပ်သား ရွှေထီး သည် ၆၀ မမ တစ်လက်၊ ဗုံးသီး လေးလုံးနှင့်အတူ KNLA တပ်မဟာ(၁) လက်အောက်ခံတပ်များသို့ ၁၉၊ ၀၈၊ ၂၀၁၀ ရက်နေ့ တွင်လည်းကောင်း၊ DKBA ၉၉၉ မှ တပ်စုမှူး စောသန်းစိုး၊ တပ်သား စောအောင်ကိုလတ်၊ စောကိုကို၊ စောဖြူကျော် တို့ သည် AK47 (၄ လက်)၊ ကျည်ကပ် ၆ ချပ်၊ ကျည်တောင့် ၅၄ တောင့်၊ ကာဘိုင်တစ်လက်၊ ကျည်ကပ်တချပ်၊ ကျည်တောင့် ၁၆ တောင့်၊ M 16 တစ်လက်၊ ကျည်ကပ် နှစ်ချပ်၊ ကျည်တောင့် ၅၀၊ စကားပြောစက် YAESU တစ်လုံး၊ ကျောပိုးအိတ် လေးလုံး၊ အီကွင့်မက် နှစ်စုံ နှင့်အတူ ၂၁၊ ၀၈၊ ၂၀၁၀ ရက်နေ့ တွင် လည်းကောင်း၊ အသီးသီး လက်နက်ချ ၀င်ရောက်လာကြောင်း သတင်းရရှိပါသည်။


Information - 22 Aug -

ဗမာ လူမျိုးကြီးစိတ်မှ ပင်လုံစိတ်သို့

စာဖတ်ပုရိတ်သတ်များအတွက် mizzima သတင်းမှ စိတ်ဝင်စားစရာကောင်းတဲ့ ဆောင်းပါးတပုဒ် ကူးယူဖေါ်ပြပေးလိုက်ပါတယ်။

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၀ ခုနှစ်

(၁)

ဘဘ ဦးရွှေအုံးဆုံးသည့် သတင်းရသည့်အချိန် ကျနော် လန်ဒန်မြို့ လယ် မြားနတ်မောင်အဝိုင်းနား ရောက်နေသည်။ ဟိုအနှစ် ၈ဝ အိန္ဒိယနှင့် မြန်မာ ခွဲရေးတွဲရေး ဆွေးနွေးပွဲလုပ်ရာ စိန့်ဂျိမ်းစ် နန်းတော်နားလဲ ဖြစ်သည်။ ထိုပွဲကို စော်ဘွားကြီးများ၊ ကရင်ခေါင်းဆောင်များလဲ တက်ကြရာ ဘိုဆန်ခေတ်မီသည့် သီပေါမောင်နှံ ခန်းမထဲ ဝင်လာပုံပါသည့် သူရိယ သတင်းစာကို ယခုတိုင် မြင်နေမိသည်။ အဓိက ကချင် နိုင်ငံရေးပါတီ တခုကို ဖွဲ့ခွင့်မပေးသေးသည့် လက်ရှိကာလနှင့် နှိုင်းယှဉ်ရင်း သူ့ကျွန်ဘဝ တောင်တန်းပြည်မ ခွဲထားသည့် ခေတ်ကမှ ရှမ်းကရင် တိုင်းရင်းသား ခေါင်းဆောင်များကို လူရာ ပိုသွင်းသေးသည်ဟု အောက်မေ့ပါသည်။ ထို့ပြင် လွတ်လပ်ရေး ရခါနီး မြန်မာနှင့် တိုင်းရင်းသား ခေါင်းဆောင်ငယ်များကို လေ့လာရေး လွှတ်စဉ်က နယူးယော့ အင်ပါယာစတိတ် အဆောက်အဦးပေါ်တွင် စုရိုက်ထားသည့် ပုံလေးကိုလဲ သတိရနေမိပြန်သည်။ သံဝေဂလဲ ရမိပါသည်။ တိုင်းပြည် တည်ထောင်ရေးအတွက် သူများတိုင်းပြည်က နည်းခံရန်သွားသူတွေ ခင်းသွားကြသည့် နိုင်ငံရေးဇာတ်မှာ တိုင်းပြည်ပျက်စီးကြောင်း သင်္ခန်းစာ တခြားနိုင်ငံတွေကို ပေးနေသလို ရှိလှပါသည်။ တဦးတယောက် သြဇာမခံဘဲ ဤတိုင်းပြည်က လူတွေ စုပေါင်း မအုပ်ချုပ်တတ်သေးကြောင်း လွတ်လပ်ပီး သမိုင်းက သက်သေခံနေတော့သည်။

(၂)

အရင် ဆယ်နှစ်ခန့်လောက်က ကျနော့်အဖွားစာရေးစားပွဲပေါ် ညှပ်ထားသည့် လိပ်စာကတ်တခုတွင် ဦးရွှေအုံးဆိုသည့် နာမည်ကိုတွေ့၍ စိတ်ဝင်တစားနှင့် ဖုန်းဆက်ကြည့်မိပါသည်။ မည်သူမည်ဝါပါဟု မိတ်ဆက်သည့်အခါ “ဒေါ်အမာကိုတော့ အကုန်သိကြတာပဲ”ဟု စကားပြန်သည်ကိုသာ မှတ်မိပါသည်။ ဘာတွေဆက်ပြောမိကြသည်မသိတော့ပါ။ ရန်ကုန်ရောက်၍ ဒေါ်တီနှင့်ဂျင်တို့၏ ကောလိပ်အကြိုသင်တန်းရှိရာ သံတမန်ကျောင်းဘက်သွားတိုင်း ဝင်ဆာလမ်းနံဘေးက ခွဲထွက်သွားသည့် ဘုရင်မ ရှင်စောပု အရိုးအိုးစေတီရှိရာ လမ်းပေါ်မှ ကျူးပစ်ဆိုသည့် ဆိုင်းဘုတ်လေးကို တွေ့တိုင်း ဘဘအိမ်ပဲဟု သိသော်လဲ ဝင်တွေ့ရန် ထင့်နေမိပါသည်။ ယခုတော့လဲ ပထမမျိုးဆက် လက်ကျန်တိုင်းရင်းသား ခေါင်းဆောင် တယောက်ကို ဆုံးခဲ့ရပါပီ။ တောင်တန်းပြည်မ သွေးစည်းရေး ပဒေသရာဇ် တိုက်ဖျက်ရေး တန်းတူပြည်ထောင်စု တည်ထောင်ရေးကို ဘဝနှင့်ရင်း ကြိုးပမ်းခဲ့သည့် ပင်လုံမျိုးဆက်တွေ တာဝန်ကို နှောင်းလူတွေက အသိစိတ်ရှိရှိ ခံယူချက်မှန်မှန်နှင့် ဆောင်ရွက်ကြဖို့ပဲ ရှိသည်။

အဘယ့်ကြောင့် ဦးရွှေအုံးကို သိချင်ရပါသနည်း။ တတိယပြည်ထောင်စုတည်ဆောက်ရေး၊ စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုဆိုသည့် မူတွေကို တသက်လုံးရေးနေပြောနေသည့်သူတယောက်ကို လူမျိုးကြီးစစ်ပဒေသရာဇ်များခေတ်တွင် အလွန့်လူစွမ်းကောင်းဟု ဆိုရပေမည်။ သူ့ထက် ဝါရင့်သည့် ရှမ်းခေါင်းဆောင်ကြီးများပင် နောက်ပိုင်း ဘာမှမပြောကြတော့သည့်အချိန်တွင် သူက အလံမလှဲစတမ်း ခံချနေဆဲ မဟုတ်ပါလား။ နောက်ဆုံး ရွေးကောက်ပွဲဆိုသည့် ထောင်ချောက်ကို မစွံမှန်းသိသော်လဲ လက်နက်လဲမကိုင်နိုင် နော်ဝေးလဲ သွားမနေနိုင်၍ ဝင်ပြိုင်သည်ဟု ဘွင်းဘွင်းပြော၍ ပါတီထောင်ခဲ့သေးသည်။ ဘာပြောပြော အဘတို့အဖွဲ့က ကျန်သည့်ပေါက်ကျော်ရောကျော်တွေထက် လူရိုသေရှင်ရိုသေတော့ ရှိပါသေးသည်။

ဘုရားပွဲတွင် ဗုံးနှင့် တိုက်ခိုက်ခံရခြင်း၊ ရှမ်းခေါင်းဆောင်တချို့ တောခိုသည့်ကိစ္စအတွက် အဖမ်းခံရခြင်းစသည့် လွတ်လပ်ပီးခေတ် ခရီးကြမ်းများကို ပြန်ကြားရသည့်အခါ ပင်လုံအလွန် ရှမ်းသမိုင်းကို ပြန်စောကြောမိပါသည်။ မြန်မာစာပါမောက္ခဦးတင်ဧ (ရွှေနှင်းဆီ)တို့ခေတ်ကထဲက ရှမ်း-ဗမာကျောင်းသားနိုင်ငံရေးလှုပ်ရှားမှု ထိစပ်နေခဲ့လေပီ။ စစ်တွင်းဒေါက်တာဗမော်ခေတ် ဂျပန်ပညာတော်သင်အဖွဲ့တွင်လဲ ဗမာ၊ ရခိုင်၊ ရှမ်း၊ ကရင် စုံလင်စွာ ပါခဲ့ရုံမက ထိုသူများပင် စစ်ပီးခေတ် ဗမာပြည်ကို အနေနေရာရာက ဦးဆောင်ခဲ့ရပါသည်။ ဖက်ဆစ်ဆန့်ကျင်ရေးနှင့် လွတ်လပ်စ သောင်းကျန်းမှု နှိမ်နင်းရေးတို့တွင် ဗမာ့တပ်မတော်နှင့် လက်တွဲခဲ့ကြသော စော်ဘွားမျိုးနွယ်များ ဦးစီးသည့် ရှမ်း၊ ကယားတပ်များမှာ ချင်း၊ ကချင်တပ်များနှင့် အပြိုင်းအရိုင်း ရှိခဲ့ပါသည်။ ဖဆပလ၊ ကွန်မြူနစ်ပါတီ၊ လွတ်လပ်ပီးနောက် ပမညတစသည့် ပြည်မလက်ဝဲပါတီများသို့ ရှမ်းလူငယ် ခေါင်းဆောင်များ ဝင်ထွက်နေခဲ့၏။ ယခုတိုင်လဲ အနွယ်အဆက်များ အခင်မပျက် ရှိကြဆဲ ဖြစ်သည်။ လွတ်လပ်ပီးနောက် ပဒေသရာဇ်၊ တရုတ်ဖြူနှင့် စီအိုင်အေ၊ စစ်တပ်စသည့် ဖိနှိပ်အုပ်စိုးသူများအောက်တွင် ဒုက္ခပင်လယ်ဝေကာ ခေတ်နောက်ကျကျန်ရစ်သည့် ပြည်နယ်သားတို့ ရှေ့ ရေးအတွက် အမည်ခံပြည်ထောင်စုကို ဖက်ရယ်ပြည်ထောင်စုအစစ် တည်ဆောက်ရေး ကြိုးပမ်းကြသည့် အခါတွင်ကား မျိုးနွယ်တူ ပဒေသရာဇ်ဟောင်းများနှင့် သူတို့ လက်တွဲခဲ့ရသည်။ ဤသည်ကို ခွဲထွက်ပီး ဆီးတိုးအဖွဲ့ဝင်လိမ့်မည်ဟု ဗမာနိုင်ငံရေးနှင့် သတင်းစာလောကက တံဆိပ်ခတ်ကြရုံမက အာဏာသိမ်းပီးနောက်တွင်လဲ ကာလအရှည်ဆုံး ချုပ်နှောင်ခံကြရလေသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးတက်သည့်အခေါက်က ရှမ်းလူကြီးများဆီက သြဝါဒခံကာ ပြည်ထောင်စုအရေး တိုင်ပင်ရသည်မဟုတ်ပါလား။ ထိုလူကြီးများအနွယ်အဆက် ခွန်ထွန်းဦးတို့ပါတီနှင့် တခြားအတိုက်အခံများ ညီညွတ်စွာနှင့် ယခုတိုင် ရွေးကောက်ပွဲလမ်းကြောင်းကို မလိုက်ပဲ ကြံ့ကြံ့ခံလျက် စေ့စပ်ဆွေးနွေးရေးမူကို ကိုင်ထားဆဲ မဟုတ်ပါလား။ ရှမ်းမူမှ သွေဖီပီး ဗိုလ်ချုပ်ကြီးအစိုးရ၏ ပြည်နယ်ဦးစီးအဖွဲ့များတွင် ပါခဲ့သော ပါဝင်ခဲ့ရသော တိုင်းရင်းသားခေါင်းဆောင်အချို့ မဆလနွံထဲနစ်ပီး နိုင်ငံတော်ကောင်စီတွင် ဘားဆုံးခဲ့ရသည့်ထုံးဟောင်းသာဓကများကို ပြည်နယ်အစိုးရ လွှတ်တော်တက်ချင်နေကြသည့် ၂ဝ၁ဝ တိုင်းရင်းသားပါတီများ မမေ့သင့်ဟု ထင်ပါသည်။ သစ္စာဖောက်ဆိုသည့်စကားသည် ဘယ်ခေတ် ဘယ်လူ့အဖွဲ့အစည်းတွင်မဆို မိမိမျိုးနွယ်ဒေသအကျိုးကို မိမိကိုယ်ကျိုးအတွက် အလွဲသုံးစားသူဟူသမျှနှင့် အကျုံးဝင်ပါသည်။

(၃)

သူ့ဘဝမှတ်တမ်းကို ဆုံးခါနီးထိ အသံသွင်းသွားသည်ဆိုသော်လဲ ဤမှတ်တမ်း ဘယ်ခါမှ ထွက်လာမည်မသိ၍ မမျှော်လင့်ရဲပါ။ ဟိုအနှစ် ၄ဝကျော်က မဟာသရေစည်သူဦးကြာပု၏ ပြည်ထောင်စုရေးရာစာတမ်း၊ နောက်ပိုင်း ရှမ်းခေါင်းဆောင်ဟောင်းတချို့ မှတ်တမ်းများမှာ ယခုထိ ပြည်တွင်းပြည်ပတွင် ထုတ်ဝေနိုင်ခြင်း မရှိသေးပေ။ ဤသို့နှင့် “ပင်လုံစာချုပ်ဆိုတာ စက္ကူစုတ်ကြီးဖြစ်သွားပါပီ ငါ့မြေးရယ်” ဟု ရီမောပြောနေသည့် စိုင်းစိုင်းခမ်းလှိုင်တို့အဖိုး ပင်လုံဦးခွန်ထီးအသံကိုပဲ အောက်မေ့ရင်း ကတိပျက်ညစ်ပတ်သော ဗမာလူမျိုးကြီးနိုင်ငံရေးသမားစစ်ဗိုလ်တို့ ရှုပ်ခဲ့သမျှဇာတ်ကြောင်းကို တရားမျှတမှုအမြန်ဆုံးရရှိအောင် မျိုးဆက်သစ် ဗမာလူငယ်ပညာတတ် သတင်းသမားများ နိုင်ငံရေးလှုံ့ဆော်သူများတွင် တာဝန်ပိုရှိသည်ဟု ခံယူမိပါသည်။ တိုင်းရင်းသား နိုင်ငံခြားသားမခွဲခြားပဲ မြန်မာနိုင်ငံသားအခွင့်အရေးကို နေထိုင်ခွင့်ရှိသူတိုင်းသို့ တန်းတူညီမျှပေးဖို့၊ လူမျိုးတမျိုးနှင့်တမျိုး ဘာသာတခုနှင့်တခုကြား လွှမ်းမိုးသြဇာညောင်းမှု မဖြစ်ပေါ်စေရန် တတ်နိုင်သရွေ့ သတိပြုဆင်ခြင်ကြဖို့ မီဒီယာနှင့် အုပ်ချုပ်ရေးလောကက စတင်လိုက်နာနှိုးဆော်သင့်ပီဟုလဲ လူမျိုးစုံရောပြွမ်းသည့် နိုင်ငံကြီးများ ဥပမာကိုညွှန်၍ တိုက်တွန်းလိုပါသည်။ ပမာပြရလျှင် အစိုးရမီဒီယာများတွင် ဗုဒ္ဓတရားတော်များ ထုတ်လွှင့်ပေးလျှင် ကျန်သည့်ဘာသာအားလုံးလဲ ရသင့်သည်၊ လွတ်လပ်ရေးနေ့တိုင်း ဘုန်းကြီးများအား ဘွဲ့တံဆိပ်ကပ်လျှင် ဖာသာမာသာများနှင့် မူလာကြီးများ ဗြဟ္မဏဆရာများအားလဲ ချန်လှပ်မထားသင့်၊ သာရေးနာရေး လူမှုအသင်းအဖွဲ့များတွင် ဘာသာစုံလူမျိုးစုံ တန်းတူပါဝင်မှုကို အားပေးသင့်သည်။ စီးပွားရေး လူမှုရေးအကျိုးအမြတ်ရှိသမျှတွင် ဟန်ဆောင် မျိုးချစ် နေပြည်တော်အုပ်စုက အသာစီးယူ နှိုက်ထုတ်နေခြင်းကိုလဲ ပြန်တပ်ဆုတ်စေရမည်။ သို့မှသာ တိုင်းပြည်တွင် ကင်ဆာလိုလှိုက်စားနေသည့် လူမျိုးမတူသူချင်း မသိမသာနှင့် သိသာစွာခွဲခြားဆက်ဆံမှုများ လျော့ကျသွားပေမည်။

အို ဦးရွှေအုံး... ပင်လုံရာပြည့်သဘင်ကို ဗမာနှင့် တိုင်းရင်းသားများ၏ တန်းတူသော ပြည်ထောင်စု စစ်စစ်တွင် ကျင်းပ ပါရစေဟု ကျွန်ုပ် ဆန္ဒပြုပါ၏။ တိုင်းရင်းသားထိပ်သီးတချို့ ကို အရာသွင်းကျောပုတ်ရုံနှင့် ပြည်တွင်းပြည်ပတွင် သန်းနှင့်ချီ၍ ထွက်ပြေး ပုန်းရှောင်နေရသော စစ်ပြေး မျိုးနွယ်စုများ၏ ဒုက္ခက တကွမ်းစားမှ လျော့အံ့မထင်။

ထိုင်းတွင် တရားမ၀င်နေသူ ၂ သိန်း ခန့်ကို အမြဲတမ်းနေခွင့်ပေးရန် စီစဉ်

ဘစောတင် Saturday, August 21, 2010 . ထိုင်းနိုင်ငံအတွင်း ဆယ်စုနှစ် နှင့်ချီ၍ နေထိုင်ခဲ့သော တရားမ၀င် ရွှေ့ ပြောင်း နေထိုင်သူ နိုင်ငံခြားသား ၂ သိန်း ခန့်ကို အမြဲတမ်း နေထိုင်ခွင့်ပြုရန် ထိုင်းအာဏာပိုင်များက စီစဉ်နေကြောင်း သိရသည်။

ယင်းအစီအစဉ်ကို သြဂုတ်လ (၁၈) ရက်နေ့က ပြုလုပ်သော အစည်းအဝေးပြီးသည့်နောက် ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီက ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီ၏ အထွေထွေ အတွင်းရေးမှူး Mr.Thaawil Pliansri က“ထိုင်းနိုင်ငံအတွင်း တရား မ၀င် ရွှေ့ ပြောင်းနေထိုင်နေတဲ့ ၂ သိန်း လောက်ကို အမြဲတမ်း နေထိုင်ခွင့်ပေးဖို့ အစီအစဉ် ရှိပါတယ်။ အဲဒီ လူတွေ ဟာ အနည်းဆုံး ထိုင်းနိုင်ငံမှာ အနှစ် ၂၀ ကနေ ၃၀ လောက် နေထိုင်ပြီးသားတွေ ဖြစ်တယ်။ သူတို့ မွေးဖွားလာမယ့် သားသမီးတွေကတော့ ထိုင်းနိုင်ငံသား ဖြစ်လာနိုင်ပါတယ်”ဟု ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းစာ၌ ပါရှိသည်။

ထိုင်းနိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့်ရမည့် လူများ၏ အချက်အလက်များစုဆောင်းကာ စာရင်း ပြုစုထားပြီး ဖြစ် ကြောင်း၊ ထိုလူများကို နေထိုင်ခွင့်ပြုခြင်းဖြင့် ထိုင်းနိုင်ငံအတွက် အကျိုးဖြစ်ထွန်းနိုင်မည်ဟု အစိုးရက ယုံကြည် ကြောင်း၊ ထို့အပြင် ၎င်းတို့ထံမှ အခွန်အတုတ်များကိုပါ ကောက်ယူရန်ရှိကြောင်းလည်း သတင်းစာတွင် ပါရှိသည်။

ထိုင်းအမျိုးသား လုံခြုံရေးကောင်စီက ထုတ်ပြန်သော ယခု အစီအစဉ်မှာ အသစ်အဆန်းတခု မဟုတ်ကြောင်း၊ ထိုင်း အစိုးရက ယခင်ကပင် ချမှတ်ပြီးသား စီမံကိန်းတခုသာဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်း တက္ကသိုလ် နိုင်ငံရေးသိပ္ပံ မဟာဌာနမှ ဒါရိုက်တာ ဒေါက်တာ Naruemon Thabchumpon က ဧရာဝတီသို့ ပြောသည်။

“ထိုင်းနိုင်ငံထဲကို တရားမ၀င် ၀င်လာပြီး နှစ်ပေါင်း နှစ်ဆယ် အစိတ် နေထိုင်ကြတဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ တရုတ် စတဲ့ လူမျိုးတွေကို ထိုင်းနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် အရင်ကတည်းက ပေးထားပြီးပါပြီ။ ဒါဟာ အသစ်တခုမဟုတ်ပါ ဘူး။ အဲဒီလို နေထိုင်တဲ့သူတွေရဲ့ သားသမီးမြေးမြစ်တွေဟာ အခုဆိုရင် ထိုင်းနိုင်ငံသား ဖြစ်နေကြပြီလေ။ အထင်ရှား ဆုံး ကတော့ ဒုတိယ ကမ္ဘာစစ်အပြီး ရွှေ့ ပြောင်းလာကြတဲ့ တရုတ်လူမျိုးတွေနဲ့ အင်ဒိုချိုင်းနား စစ်ပွဲအပြီး ရွှေ့ ပြောင်း နေထိုင်တဲ့ ဗီယက်နမ်တွေ၊ ကမ္ဘောဒီးယားတွေပေါ့ ”ဟု ၎င်းက ဆိုသည်။

အမြဲတမ်းနေထိုင်ခွင့် ရရှိမည့်သူအများစုမှာ နယ်စပ်ဒေသများတွင် မိသားစုလိုက် ရွှေ့ ပြောင်းနေထိုင်သူများသာ ဖြစ် မည်ဟု သိရသည်။ နယ်စပ်ဒေသဖြစ်သော ထဥဘွန်းနှင့် နခွန်ခနုန် ဒေသများတွင် နှစ်ပေါင်း ၂၀ နှင့်အထက် နေထိုင် ခဲ့ကြသော ဗီယက်နမ်လူမျိုးများကို သာဓကအနေဖြင့် ကြည့်နိုင်ကြောင်း ဒေါက်တာ Naruemon က ပြောဆိုသည်။

မကြာသေးမီက ချင်းမိုင်ဒေသတွင် နေထိုင်သော မြန်မာနိုင်ငံသား မိဘများမှ မွေးဖွားသူ စက္ကူလေယာဉ် ချန်ပီယံ မောင်သောင်းဒီ ၏ သာဓကမှာလည်း ယခု စီမံကိန်းတွင် အကျုံးဝင်နေကြောင်း သူက ထောက်ပြသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ရွှေ့ ပြောင်းဝင်ရောက်လာသူများမှာ မြန်မာနိုင်ငံသား အများစုဖြစ်သည်ကို တွေ့ ရ သည်။ ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိသော ပြည်နယ်တိုင်းများမှ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ အတွင်း နှစ်ပေါင်းများစွာ အခြေချနေထိုင်လျက်ရှိသည်။ စီးပွားရေး ကျတည်းခြင်း။ စစ်ဘေး စစ်ဒဏ်က လွတ်မြောက် ရန် ရှောင်တိမ်းခြင်း၊ အလုပ်လာရောက် လုပ်ကိုင်ခြင်း၊ ဒုက္ခသည်စခန်းများတွင် နေထိုင်ခြင်း စသည်ဖြင့် ပုံစံမျိုးစုံဖြင့် ၀င်ရောက်ကာ ရွှေ့ ပြောင်းနေထိုင်လျက်ရှိကြသည်။

ယခုကြေညာချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ကြိုဆိုကြောင်း ပြောဆိုသည်။

“ဒီလုပ်ရပ်က ထိုင်းနိုင်ငံကိုလည်း အကျိုးပြုမှာဖြစ်သလို လူသားချင်းစာနာမှုနဲ့ ကူညီရာလည်း ရောက်ပါတယ်။ ထိုင်း အစိုးရအနေဲ့  ကုလသမဂ္ဂ စံချိန် စံညွှန်းတွေနဲ့ ထိန်းညှိပြီး ပြုလုပ်နိုင်ရင်တော့ ပိုကောင်းမယ်။ ဒီလို ခိုလှုံလာကြတဲ့ အထဲမှာ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း နှစ်ပေါင်း ၂၀ မက ၃၀ ကျော်အောင် နေမိလျက်သား ဖြစ်နေသူတွေလည်း ပါတယ်။ ထိုင်းတွေရဲ့ အကျိုးစီးပွားအတွက်ရော အဖိနှိပ်ခံ မြန်မာပြည်သူများဘက်ကိုပါ စာနာတဲ့ နှလုံးသားနဲ့ ကြည့်နိုင်ရင်တော့ ပိုသင့်မယ်ထင်ပါတယ်။ ဒါပေမယ့် ဘာဘဲပြောပြော ကျေးဇူးတင်ရမှာပါ”ဟု ၎င်းက ဆို သည်။

ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အထွေထွေ အတွင်းရေးမှူး၏ ယခု ထုတ်ပြန်ချက်တွင် ဒုက္ခသည် တသိန်း ခန့့် အရေးလည်း ပါဝင်ကြောင်း၊ သို့သော် အဆိုပါ ဒုက္ခသည်များမှာ ထိုင်းနိုင်ငံအတွင်း အခြေချနေလိုသူများမဟုတ်ကြဘဲ တတိယ နိုင်ငံသို့ ရွှေ့ပြောင်း အခြေချနေထိုင်လိုသူများသာ ဖြစ်သဖြင့် အမြဲတမ်းနေထိုင်ခွင့် အစီအစဉ်တွင် အကျုံးဝင် မည် မဟုတ်ကြောင်း သိရသည်။

သူ့အတွေးနဲ့သူ


သူ့အတွေးနဲ့သူ

နအဖ စစ်တပ် အချင်းချင်း စားမာန်ခုတ်ပြီး ပစ်ကြ

User Rating: / 3
PoorBest
Written by စိုင်းဇွမ်ဆိုင်း
Friday, 20 August 2010 03:56

မြန်မာ့ ရေပိုင်နက် အတွင်း အစိုးရ တပ်ချင်း ပစ်ခတ်မှုဖြစ်

စိုင်းဇွမ်ဆိုင်း | တနင်္သာရီတိုင်း ထားဝယ်မြို့ အခြေစိုက် အမှတ် (၂၆၇) ခြေလျင်တပ်ရင်းမှ မြန်မာ့ရေပိုင်နက် ကော့သောင်း မြို့အနီးတွင် မကြာသေးခင် ရက်ပိုင်းက တပ်စု အချင်းချင်း ပစ်ခတ်မှုကြောင့် အရာရှိတဦး သေဆုံးပြီး ပစ်ခတ်သူများကို မြိတ်မြို့တွင် ထိန်းသိမ်းထားကြောင်း သိရှိရသည်။

ပင်လယ်ပြင် စိုးမိုးရေးအတွက် ခလရ (၂၆၇)မှ တပ်စု နှစ်စုက လှေတစီးစီဖြင့် လှည့်ကင်းထွက်ကြရာ တရားမဝင် ငါးဖမ်း လှေ တစီးကို တပ်စုတစုက ဖမ်းဆီးပြီး ပစ္စည်းများထိန်းသိမ်းထားချိန်တွင် ကျန်တပ်စုက ပြန်လွှတ်ပေးရန် ပြောဆိုကြရာမှ ပစ်ခတ်မှု ဖြစ်ပွားကြောင်း သိရှိရသည်။

ကော့သောင်း မြို့ခံတဦးက“ဗိုလ်ကြီး အဆင့် ရှိတဲ့ အရာရှိ တယောက် သေသွားတယ်၊ ပစ်တာက တပ်ကြပ် တယောက်နဲ့ ရဲဘော် နှစ်ယောက်၊ ပစ်ပြီးတော့ မီးသွေးလှေနဲ့ ထွက်ပြေးကြတယ်၊ ရနောင်း မရောက်ခင်မှာပဲ ပြန်ဖမ်းမိတယ်၊ အခုတော့ ဘိတ်မှာ ထိန်းသိမ်းထားတယ် ပြောတယ်”ဟု ဧရာဝတီသို့ပြောသည်။


ထားဝယ် အခြေစိုက် ခလရ (၂၆၇)၊ ကော့သောင်း အခြေစိုက် ခလရ (၂၆၂)၊ မြိတ် အခြေစိုက် ခလရ (၂၆၅) တို့မှ ပင်လယ် ပြင် စိုးမိုးရေး အတွက် အလှည့်ကျ တာဝန်ယူရကြောင်း ကော့သောင်း မြို့ခံက ဆက်လက်ပြောဆိုသည်။

ငါးဖမ်း စက်လှေများသည် ထိုင်းနိုင်ငံသားပိုင် စက်လှေများဖြစ်ပြီး မြန်မာ့ရေပိုင်နက်၌ ငါးဖမ်းရန်အတွက် မြန်မာများက နာမည်ခံလေ့ရှိကြောင်း၊ ယင်းကဲ့သို့လှေများကို တရားမဝင် ငါးဖမ်းလှေများဟု ခေါ်ဆိုကြပြီး တရားမဝင် ငါးဖမ်းလှေ (အသေး) တစီး အတွက် တလလျှင် ကျပ်ငွေ တသိန်းနှင့် ဒီဇယ် ၈ ဂါလံ၊ ငါးဖမ်းလှေ (အကြီး) အတွက် တလလျှင် ကျပ် ၇ သိန်း ခန့်နှင့် ဒီဇယ် ၂ ပီပါကို ပင်လယ်ပြင် စိုးမိုးရေး အတွက် တာဝန် ယူထားသော တပ်များကို ပေးဆောင်ကြရကြောင်း သိရှိရသည်။

“လှေကြီးတွေ ငါးဖမ်းထွက်ပြီဆိုရင် ဒီဇယ် ၂ ပီပါကို လှေဦးမှာ တင်သွားကြတယ်၊ စစ်ကြောင်းနဲ့တွေ့ရင် ပေးဖို့အတွက် ဆိုပြီးမှ၊ လှေဦးမှာဆိုတော့ တင်ရ ချရတာ လွယ်တယ်လေ”ဟု ဒေသခံတဦးက ဆိုသည်။

တရားမဝင် ငါးဖမ်းလှေများသည် ပင်လယ်ပြင်တွင် ကင်းလှည့်နေသည့် စစ်ကြောင်းလှေများ အားလုံးကို ၎င်းတို့ သတ်မှတ် ထားသည့် ငွေနှင့် ဒီဇယ်များကို မပေးနိုင်ကြောင်း၊ စစ်ကြောင်းလှေ သုံးစီးရှိပါက နှစ်စီးကိုသာ ပေးနိုင်ကြောင်း၊ ကျန် စစ်ကြောင်းလှေ တစီးကို တတ်နိုင်သမျှ ရှောင်ကြရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ယခင်က ယင်းကဲ့သို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း မရှိဘူးကြောင်း၊ တရားမဝင်လှေများကို ဖမ်းဆီးမိလျှင်လည်း သက်ဆိုင်ရာ အာဏာပိုင်များထံ ချက်ခြင်း အပ်နှံကြသဖြင့် ပြဿနာ ကြီးထွားမှု မရှိကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

လက်ပစ်ဗုံးကြောင့် ခလရ(၂၉၉) တပ်ဖွဲ့ဝင် ၂ဦး ဒဏ်ရာရရှိ

/ 8/21/2010 08:27:00 PM /
ကေအိုင်စီ သတင်းမှ........
မြ၀တီမြို့၊ မေတ္တာလင်းမြိုင်ရပ်ကွက်၌ ယနေ့မနက် စောစောတွင် လက်ပစ်ဗုံးဖြင့် ပစ်ချလိုက်ခြင်းကြောင့် လုံခြုံရေးတာဝန်ယူ ထားသည့် နအဖ တပ်ဖွဲ့ဝင်နှစ်ဦး ခေါင်းနှင့် လက်များတွင် ဒဏ်ရာရရှိသွားခဲ့ကြောင်း မြ၀တီမြို့ခံတစ်ဦးက ပြောပြသည်။
သူက “မနက်က ၂နာရီလောက် မေတ္တာလင်းမြိုင်ရပ်ကွက်မှာ စစ်တပ် လုံခြုံရေးနေရာကို လက်ပစ်ဗုံးနဲ့ လှမ်းပစ်ခံရလို့ ဒဏ်ရာ ရသွားတယ်လို့ သိရတယ်။ ဆေးရုံကို ရောက်လာတာတော့ မနက် ၆နာရီလောက်မှလေ။”ဟု ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍ မြ၀တီဆေးရုံမှ ဆရာဝန်တစ်ဦးက “ဗုံးထိလူနာတော့ ဒီနေ့ နှစ်ယောက်ရောက်တာတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒဏ်ရာက သိပ်မပြင်းပါဘူး။ ရှပ်ထိရုံသဘောမျိုးလောက်ပါပဲ။ ကျမတို့ အရေးပေါ်ဆောင်ကို ပို့လိုက်ပါတယ်။ သိချင်ရင် ကိုယ်တိုင်သွားကြည့်နိုင်ပါတယ်။”ဟု အတည်ပြု ပြောဆိုသည်။

ဒဏ်ရာရသွားသည့် နအဖ တပ်ဖွဲ့ဝင်များမှာ စကခ (၁၉)လက်အောက်ခံ ခလရ(၂၉၉)မှ ဒုဗိုလ်လှိုင်မိုး ၂၈နှစ်နှင့် တပ်သား မျိုးမင်း ၂၃နှစ်တို့ဖြစ်ကြသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

အဆိုပါ လက်ပစ်ဗုံးမှာ မည်သူ့လက်ချက်မှန်း မသိရသေးဘဲ မေတ္တာလင်းမြိုင်တွင် ယနေ့ပြုလုပ်သည့် ဒီကေဘီအေ (၉၀၇) တပ်ဖွဲ့၏ နယ်ခြားစောင့်တပ်ဖွင့်ပွဲ အတွက် လုံခြုံရေးယူထားသူများကို ထိမှန်သွားခြင်းဖြစ်သည်။

ယခုလ ၆ရက်နေ့ကလည်း မြ၀တီမြို့ ညဈေးတန်းတွင် ဗုံးပေါက်ကွဲမှုကြောင့် ၂ဦး ပွဲချင်းပြီးသေဆုံးကာ ၇ဦး ဒဏ်ရာရရှိခဲ့သော် လည်း တရားခံကို မသိရှိရပေ။

စစ်ခွေးများ၏ လူမဆန်မှုသတင်း

/ 8/20/2010 07:21:00 PM / Comments: (0)
တပ်မဟာ(၃) ညောင်လေးပင် ခရိုင်။

မူကော်ဆာ KNU တပ်ရင်း(၈)နယ်မြေ။
ဒု-ရင်းမှူးထင်ကျော် ဦးစီးတဲ့ ခလရ(၄၈) တပ်မှ တပ်ခွဲမှူးခင်မောင်ကျော်နှင့်အ ပေါင်းအပါ (၁၂)ယောက်တို့သည် ၁၂.၈.၂၀၁၀နေ့ ညနေ၅နာရီအချိန်ခန့်တွင်မလှဒေါစခန်းမှထွက်ပြီးဒယ်ကွယ်လေခိုရွာသိုဝင်ရောက်ပြီးမလှဒေါရွာသား များကိုနွားတင်းကုပ်တွင်ပုန်းအောင်းနေတာတွေ့သောအခါ လူမဆန်စွာရက်ရက် စက်စက်ပစ်ခတ်ခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် စောဘာကူး (၃၅)နှစ်သေဆုံး၊ စောမူးဒါး (၁၁)နှစ်ထိခိုက်ဒဏ်ရာရခဲ့သည်။ ထို့အပြင်နွား၂ကောင်ပါသေ။
တစ်ဆက်တည်းမှာပဲမလှဒေါရွာသိုပြန်ပြီးသေဆုံးသူအလောင်းနှင့်ဒဏ်ရာရသူကိုမလှဒေါရွာသားများအားသွားရောက်သယ်ယူခိုင်းခဲ့သည်။ ဒဏ်ရာသူအား သပြေညွန့်သို့ပို့ဆောင်စေပြီး သူတို့၏လက်ချက်မဟုတ်ကြောင်းရွာသားများ အားလိမ်လည်ခိုင်းခဲ့သည်။

၁၆.၈.၂၀၁၀နေ့တွင်တပ်ရင်းမှူးထင်ကျော်သည်မလှဒေါရွာသားများကိုမှတ်ပုံ တင်လုပ်ခိုင်းပြီး တဦးလျှင်ငွေ၇၅၀၀ကျပ် အတင်းအကြပ်တောင်းဆိုခဲ့သည်။
မလှဒေါ၊ကျော်ထား၊ဆောဝါးဒဲ၊သပြေညွန့်တွင်တပ်ခွဲမှူးခင်မောင်ကျော်တို့အုပ်စုသည်(အင်အား၃၀ခန့်မလှဒေါစခန်းထိုင်ပါအပါအဝင်)မလှဒေါရွာသားများအားအစားအသောက်များသယ်ယူစားသောက်ခွင့်ကိုပိတ်ပင်တဲ့အပြင် တွေ့ရှိပါ ကပစ်သတ်မည်ဟု ခြိမ်းခြောက်ကြောင်းသိရှိရသည်။

ကရင်ဘာသာဖြင့်ဖတ်လိုလျှင် http://kanyawkaw.blogspot.com တွင်ဖတ်နိုင်သည်။

RPG 7 နှင့်အတူ ဒီကေဘီအေ တပ်ကြပ် တစ်ဦး ကေအဲန်ယူဆီပြန်လာ( ကြားဖြတ်သတင်း)


/ 8/22/2010 10:13:00 AM / Comments: (0)
တပ်မဟာ(၇) ဖားအံ့ခရိုင်။


၁၉၊ ၀၈၊ ၂၀၁၀ ရက်နေ့  ၂၃ နာရီအချိန် DKBA အထူးတပ်ရင်းမှ တပ်ကြပ် စိန်တင်ဝင်း က KNLA တပ်မဟာ(၇) ထံသို့  RPG 7 တစ်လက်၊ အသီး ၄ လုံး၊ စကားပြောစက်တလုံး နှင့်အတူ ပြန်လာ ပူးပေါင်းလက်တွဲ ကြောင်း သတင်းရရှိပါသည်။

ကရင်နိုင်ငံရေးပါတီ ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီစည်းရုံးရေးခရီးဆင်းပြီး

ဆူးပန်း၊ ကောင်းဝါ
ဝါခေါင်လဆန်း ၁၀၊ ၁၃၇၂။ သြဂုတ် ၂၀၊၂၀၁၀။

စစ်အစိုးရက ကျင်းပပြုလုပ်ပေးမည့် အထွေထွေရွေးကောက်ပွဲတွင် ကရင်အမျိုးသားပါတီအသစ်တစ်ခု ဖြစ်သည့် ဖလုံ- စဝေါ်ဒီမိုကရက်တစ်ပါတီသည် ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်နိုင်ရန် ယခုအခါ စည်းရုံးရေးခရီး စတင်ဆင်းနေပြီးဟု ပါတီဥက္ကဌဖြစ်သူ ဦးစောခင်မောင်မြင့်မှပြောပါသည်။

ပါတီစည်းရုံးရေးခရီးများကို အချိန်တိုတို နှင့်ဆင်းနေရသကဲ့သို့ အချိန်တိုတိုအတွင်းတွင် ပါဝင်အရွေးခံမည့် ကိုယ်စားလှယ်လောင်းစာရင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံတွင် စာရင်းတင်ရ သည့်ဖြစ်စဉ်အပေါ်တွင် အခက်အခဲရှိနေသည်ဟု ပါတီဥက္ကဌဖြစ်သူ စောခင်မောင်မြင့်က ယခုလို ပြောပါ သည်။

“ အဲဒီအတွက်အခု တော်တော်လေးတော့ ကတိကအောက်ဖြစ်တယ်ခင်ဗျာ့။ ဘာဖြစ်လဲဆိုတော့ ပေးလိုက်တဲ့ ကာလအတိုင်းအတာလေးဟာ တော်တော်လေးကိုနဲတယ်။ တကယ်တော့ အဲဒီလောက် အထိတော့ မဖြစ် သင့်ဘူးပေါ့လေ။ ဒါပေမဲ့ သူတို့ပေးတဲ့ကာလမှာ အဖြစ်နိုင်ဆုံးဖြစ်အောင်တော့ လက်ရှိတော့ ကျိုးစားနေတယ်ပေါ့။ ဒီရွေးကောက်ပွဲကိုယ်စားလှယ်တွေကိုလဲဘဲ စိတ်ကြိုက်ရွေးချယ်ဖို့ ဟာ အချိန်မလုံလောက်ဘူး။ အဲဒီတော့ နီးစပ်ရာ ရသလောက်နဲ့ဘဲ တင်ပြရမဲ့သဘောရှိနေပါတယ်။ ပြည်နယ်လွှတ်တော်အဆင့် တစ်မြို့နယ်ကို နှစ်ယောက်၊ နှစ်ယောက်နှုန်းကို အဓိကထားပါတယ်။”

ယခုအချိန်တွင် ပါတီဝင်စည်းရုံးရေး ခရီးစဉ်ကို ဖားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ် ကြီး၊ မြဝတီနှင့် ဖာပွန် စသည့် မြို့နယ်များတွင် ပြုလုပ်ပြီးစီးခဲ့ပြီး သံတောင်မြိုံ့နယ်တစ်ခုသာ ကျန်ရှိနေ သေးသည်ဟု ပြောပါသည်။ လက်ရှိအချိန်တွင် ပါတီအင်အားတစ်သောင်းရှိပြီဟုလည်း ပါတီဥက္ကဌ စောခင်မောင်မြင့်က ပြောပါသည်။ ပါတီစုံရွေးကောက်ပွဲပြုလုပ်သည့်အပေါ်တွင် ကြုံတွေ့ရသည့်အခက်အခဲများကို ဥက္ကဌဖြစ်သူ စောခင်မောင်မြင့်ကို ဆက်သွယ်မေးမြန်းရာတွင် ယခုလိုပြောပါသည်။

“ ဘဏ္ဍရေးအပိုင်းကတော့ ပါတီအသစ်ထူထောင်တဲ့ပါတီမှန်သမျှကတော့ သိတဲ့အတိုင်းဘဲ အဲဒီအ ခက်အခဲ ရှိကြတာပေါ့။ အန်ကယ်တို့ကတော့ မူတစ်ခုချလိုက်တယ်လေ။ ရွေးကောက်ပွဲဝင်မည့် ပုဂ္ဂိုလ်များသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ထည့်ဝင်ရမဲ့ ထည့်ဝင်ငွေငါးသိန်းကတော့ မိမိအစီ အစဉ်နဲ့ မိမိကျခံရမှာပေါ့။ ကျန်တဲ့အပိုင်းကတော့ ပါတီကလိုအပ်ရင် လိုအပ်သလို ပြန်ပြီးတော့ ပံ့ပိုးပေးမယ်လေ။”

ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီသည် တခြားစစ်အစိုးရနောက်ကြောထောက်ခံထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီများကဲ့သို့ ငွေကြေး အင်အားမပြည့်စုံသည့် အတွက် ပါတီဝင်များနှင့် မိမိပါတီကိုထောက်ခံသည့် ကရင်အမျိုးသားများ၏ ကူညီထောက်ပံ့သည့်ငွေကြေးနှင့်သာ ချို့ချို့တဲ့တဲ့လှုပ်ရှားသွားရမည်ဟု ဦးစောခင်မောင်မြင့်က ပြောပါ သည်။ ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီ၏ စည်းရုံးရေးခရီးစဉ်အပေါ် ဒေသခံကရင်လူငယ်အဖွဲ့ဝင်တစ် ဦးဖြစ်သူ စောသိန်းထွန်းက ယခုလို မြင်ပါသည်။

“ ဒီရွေးကောက်ပွဲဟာပေါ့နော်၊ ဖလုံထဝေါ်ပါတီ (ဖလုံ- စဝေါ်ဒီမိုကရက်တစ်ပါတီ) ကလဲ သူတို့ဘယ် လောက်ဘဲစည်းရုံးသည် ဖြစ်ဖြစ်ပေါ့နော် သူတို့မဲတွေ ဘယ်လောက်ဘဲနိုင်နိုင် အာဏာပိုင်တွေကဘဲ သေချာပေါက်နိုင်မှာတော့ သေချာတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့နော် ဒီဖလုံ စဝေါ်ပါတီက သူတို့ဆန္ဒနယ်မြေကနေ အမတ်နေရာ နဲနဲရစေတော့ ကရင်လူထုအတွက်ကောင်း တယ်ထင်တာဘဲ။ ကျန်တဲ့လူတွေကတော့ အဲဒီလောက်အထိ မျှော်လင့်ချက်မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့တတွေဟာ အစိုးရရဲ့ ကြောထောက်နောက်ခံပါတီ ဖြစ်တဲ့ကြောင့်မို့ ထောက်ခံအားပေးလဲ မလိုလားပါဘူ့။”

ကရင်ပြည်နယ်အတွင်းတွင် ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီအပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ သည် ပါတီ စည်းရုံးမှုများ လုပ်ဆောင်လျက်ရှိနေပါသည်။

ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီသည် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင် ခွင့်ကို ပြီးခဲ့သည့် မေလ (၂၇)ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံလျှောက်ထားခဲ့ပြီး ဇွန်လ(၄)ရက်နေ့တွင် မှတ်ပုံတင်အမှတ်(၃ဝ)နှင့် ပါတီတည်ထောင် ခွင့်ရရှိခဲ့သည့် ကရင်အမျိုးသားပါတီ တစ်ခုဖြစ်ပါသည်။

ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ အကြောင်း တစေ့တစောင်း

“မကြာခင်က ပါတီမှတ်ပုံ တင်ခွင့်ရရှိခဲ့သည့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီကိုမူ စစ်အာဏာရှင်၏ လက်ရှိ ဗိုလ်ချုပ်အဆင့်ရှိသူ ပြန်ကြားရေးဝန်ကြီးက လာရောက်ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်”
ဟု KIC ကရင်သတင်းစဉ်မှ သြဂုတ်လ ၁၇ ရက်သတင်းတပုဒ်မှာ ဖေါ်ပြထားပါသည်။

ယင်းသတင်းနှင့် စပ်လျဉ်း၍ ဒီကေဘီအေ နှင့်နီးစပ်သော သတင်းတပုဒ်ကို ဖေါ်ပြလိုပါသည်။
အတည်ပြုမရသေးတဲ့ သတင်းအရ ယင်း ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကို အောက်ပါအတိုင်းအကြမ်းအားဖြင့် သိရှိရပါသည်။

ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ

ဥက္ကဌ - သာထူးကျော်(လက်ရှိဒီကေဘီအေ ဥက္ကဌ)
အတွင်းရေးမှူး - ကျော်မြသန်း
ဝင်ရောက်အရွေးခံမည့် နေရာများမှာ အောက်ပါအတိုင်းဖြစ်သည်။

မြ၀တီမြို့ နယ် - ဗိုလ်ငွေတင်
လှိုင်းဘွဲ့ မြို့ နယ် -
ကြာအင်းဆိပ်ကြီးမြို့ နယ် - ဗိုလ်ဥဏ်မင်း
ကော့ကရိတ်မြို့ နယ် - ဗိုလ်ဖားခ
ကျူံဒုံး မြို့ နယ် -

ယခုအခါတွင် ဒီကေဘီ တပ်တွင်း တစ်ဦးကို တစ်ဦးမယုံကြည် ကြတဲ့ အခြေအနေ ဖြစ်နေကြောင်း၊ နယ်ခြားစောင့်တပ်ကိစ္စ ဒီကေဘီအေ တပ်သားများ မြိုင်ကြီးငူကို လက်မှတ်သွားထိုးရသည့် အချိန်တွင် သေနတ်ယူဆောင်သွားခွင့် မရကြောင်း၊ လက်ရှိ၌ ဗိုလ်ချစ်သူသည် ရွေကုဏ္ဍိ တွင် မနေထိုင်ရဲတော့ကြောင်း၊ တခြားလှို့ ဝှက်တနေရာတွင် နေထိုင်ပြီး သူ့ ကို သွားတွေ့ လိုသော သူ့ လက်အောက်ငယ်သားများ သွားသည့် အချိန်တိုင် သေနတ်ယူဆောင်သွားခွင့်မရကြောင်း၊ ဗိုလ်ချစ်သူ ကွပ်ကဲသော ၉၉၉ တပ်မဟာလက်အောက်ခံ တပ်မှူး ဒီးဒီ ဟုလူသိများသော စစ်ကြောင်းမှူးတစ်ဦးသည် နယ်ခြားစောင့်တပ်ကိစ္စကို လက်မခံသည့်အတွက် ဗိုလ်ဒီးဒီ၏ လက်အောက်ခံ တပ်ခွဲမှူးများ နေရာများ ကို တခြားမောင်ချစ်သူ စိတ်ချရသော လူများနှင့် ပြောင်းပစ်လိုက်ကြောင်း သတင်းရရှိပါသည်။ ဆက်လက်ပြီး နအဖ စစ်အစိုးရမှ ဗိုလ်ချစ်သူအား မြ၀တီနယ်စား သို့ မဟုတ် မြ၀တီ တိုက်နယ်မှူး ဆိုပြီး အခွင့်ထူး ရာထူး တရပ်ပေးအပ်ထားကြောင်း မြိုင်ကြီးငူ အထူးဒေသမှ ကျော်အဲ သတင်းပေးပို့ လာပါသည်။

ဝါရင့် ရှမ်းခေါင်းဆောင် ဦးရွှေအုံး အသည်း ရောဂါနှင့် ကွယ်လွန်




မြင့်မောင် စနေနေ့၊ သြဂုတ်လ ၂၁ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဝါရင့် ရှမ်းနိုင်ငံရေး ခေါင်းဆောင်တဦးဖြစ်သူ ဦးရွှေအုံး ယမန်နေ့ ညနေ ၆ နာရီကျော်တွင် အသည်းကင်ဆာဖြင့် ရန်ကုန်မြို့တွင် ၈၉ နှစ်အရွယ်၌ ကွယ်လွန်ကြောင်း သိရသည်။

ဦးရွှေအုံးသည် လွန်ခဲ့သည့် တလကျော်က စ၍ ကျန်းမာရေးအတွက် ပြည်ထောင်စု ဒီမိုကရေစီ ပါတီ မဟာမိတ်အဖွဲ့ နာယကအဖြစ်မှ အနားယူပြီးနောက် ယနေ့ ညနေ ၆ နာရီ ၁၂မိနစ် တွင် ရန်ကုန်မြို့ အမှတ် ၅ ရှင်စောပုလမ်း စမ်းချောင်း နေအိမ်တွင် ကွယ်လွန်ခဲ့ သည်။

“အဖေ အသည်း ကင်ဆာဖြစ်နေတာ ကုလို့ မရတော့တဲ့ အခြေအနေမှ သိရတာပါ ။ သူ့ကို ဆရာဝန်က တလလောက် အနားယူဖို့ ပြောတယ်။ တဖြေးဖြေးနဲ့ အခြေအနေ ဆိုးလာပြီး ဒီနေ့ ညနေက ဆုံးသွားပါတယ်။ တနင်္ဂနွေနေ့ ညနေ ၃နာရီ ရေဝေး သုသာန်မှာ သင်္ဂြိုဟ်ပါမယ်” ဟု ဦးရွှေအုံး၏ သား ဦးကျော်မင်းက ပြောသည်။

စစ်အာဏာရှင်စနစ် ကြီးစိုးသော မြန်မာနိုင်ငံတွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် သက်ထက်ဆုံး နှိုးဆော်ခဲ့သူအဖြစ် ဦးရွှေအုံးကို လူသိများခဲ့ကြသည်။

သူငယ်ဘဝ စစ်ကြီးမဖြစ်ခင် ၁၉၃၆ ကျောင်းသား သပိတ်တွင် ပါဝင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် ရှမ်းပြည် ကျောင်းသားများ အသင်း၏ တွဲဖက်အတွင်းရေးမှူး၊ အတွင်းရေးမှူး တာဝန်များ ယူခဲ့သည်။

၁၉၄၅ တွင် အာရှလူငယ်အဖွဲ့၏ ရှမ်းပြည်မြောက်ပိုင်းခရိုင် စည်းရုံးရေး တာဝန်ခံဖြစ်ခဲ့ကာ ၁၉၄၅-၄၆ မြေအောက် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ ၁၉၄၆-၄၇ တွင် ရှမ်းပြည် ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် ဘဏ္ဍာရေးမှူးနှင့် ၁၉၄၇တွင် မြန်မာ့အလင်း သတင်းစာတိုက် ညအယ်ဒီတာ လုပ်ခဲ့သည်။ သတင်းစာ ကိုယ်စားလှယ်အဖြစ် ၁၉၄၆ ပထမပင်လုံညီလာခံ၊ ၁၉၄၇ ဒုတိယ ပင်လုံညီလာခံတို့၌ လွတ်လပ်ရေး တောင်တန်းပြည်မ ပူးပေါင်းရေးတို့တွင် တက်ကြွစွာ ပါဝင်ခဲ့သည်။

၁၉၈၉တွင် ရှမ်းပြည်တိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ် (ရ.တ.ဒ.ဖ)ကို ဥက္ကဋ္ဌအဖြစ် တည်ထောင်ခဲ့ပြီးနောက် ၁၉၉ဝတွင် တသီးပုဂ္ဂလ အမတ် အဖြစ် ရှမ်းပြည်နယ်မှ အရွေးခံခဲ့သည်။

ထိုနောက် ဦးရွှေအုံးသည် စစ်အစိုးရက မတရားအသင်းအဖြစ် ဖျက်သိမ်းခဲ့သည့် တိုင်းရင်းသား ညွန့်ပေါင်းပါတီ တခု ဖြစ်သော စည်းလုံးညီညွတ်သော ဒီမိုကရေစီအဖွဲ့ချုပ် နာယကလည်းဖြစ်ခဲ့သည်။

၁၉၉၃ က “တတိယ ပြည်ထောင်စု ဘယ်သို့ဘယ်ပုံ” အမည်ရှိ စာအုပ်ကို ရေးသား ထုတ်ဝေခဲ့သည်။ ထိုနှစ်တွင်ပင် စစ်အစိုးရ အမျိုးသားညီလာခံသို့ ၈ ပြည်နယ် ပြည်ထောင်စု မူ စာတမ်းကို တင်ပြခဲ့သဖြင့် ထောင် တနှစ် ကျခဲ့သည်။

၂ဝဝ၅ က ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင် အပါအဝင် ရှမ်းခေါင်းဆောင်များအား ဖမ်းဆီး ထိန်းသိမ်းရာတွင် ဦးရွှေအုံး ပါသွားသည်။ သူ့ကို ပြန်လွှတ်ပေးလိုက်သော်လည်း ကျန်ခေါင်းဆောင်များကို စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

ဦးရွှေအုံး ရေးသားခဲ့သည့် “မပြိုကွဲနိုင်သော ပြည်ထောင်စုကြီးကို တည်ဆောက်ကြပါစို့” စာအုပ်သည် ၃၁၁ မျက်နှာရှိပြီး အခန်းပေါင်း ၁၇ ခန်းနှင့် မြန်မာပြည်တွင် နေထိုင်သော လူမျိုးများ ဆင်းသက်လာပုံ၊ ပုဂံနိုင်ငံတော် ပေါ်ပေါက်လာပုံ၊ သမိုင်းဝင် ပင်လုံစာချုပ်နှင့် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေများအပေါ် စာရေးသူ၏ အမြင်ကို ရေးထားသည်။

ထိုစာအုပ်သည် ၂ဝဝ၈ ခုနှစ်အတွင်း နိုင်ငံရေးလှုပ်ရှားသူများအကြား ပျံ့နှံ့ခဲ့ပြီး တရားဝင် ပုံနှိပ်ထုတ်ဝေရန် စာပေစိစစ်ရေးကို တင်ပြခဲ့သော်လည်း ယနေ့ထိ ခွင့်ပြုချက် မရသေးကြောင်း သိရသည်။

ဦးရွှေအုံးသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန် ပြည်ထောင်စုနှင့် ဒီမိုကရေစီ စနစ်ကို အခြေခံမည့် “ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့” ကို ပြီးခဲ့သည့် ၂ဝဝ၈ နှစ်ဦးပိုင်းက ဖွဲ့စည်းခဲ့သည်။

ဦးရွှေအုံး ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်တင်နီနှင့် သားကြီး ဒေါက်တာလှချို၊ ဦးကျော်မင်း နှင့် မြေး ၅ ယောက် ကျန်ရှိကြောင်း သိရသည်။

ဗမာ့တပ်မတော်၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ရွာသားတစ်ဦးသေ ကလေးငယ်တဦးဒဏ်ရာရ

Friday, August 20, 2010

ညောင်လေးပင် ခရိုင် မုန်းမြို့ နယ်မြေ ဒေသ၌ လှူပ်ရှားနေသော ဗမာ့တပ်မတော် ခလရ(၄၈) မှ ဒု-ရင်းမှူးထင်ကျော် ဦးစီးတဲ့ တပ်နှင့် တပ်ခွဲမှူးခင်မောင်ကျော်အဖွဲ့ နေရာချိန်းရာတွင် အင်အား (၁၂)ယောက်ရှိ ဗမာ့တပ်များသည် ၁၂.၈.၂၀၁၀နေ့ ညနေ၅နာရီအချိန်ခန့်တွင် မလှဒေါစခန်းမှထွက်ပြီး ဒယ်ကွယ်လေးခိုရွာသို့  အသွားတွင် မလှဒေါရွာသား များအား နွားတဲ၌ တွေ့သောအခါ ပစ်ခတ်ခဲ့ပါသည်။ ထိုပစ်ခတ်မှုကြောင့် စောဘာကူး (၃၅)နှစ်သေဆုံး၊ စောမူးဒါး (အသက် ၁၁ နှစ်)ထိခိုက်ဒဏ်ရာရခဲ့သည်။ ထို့အပြင်နွား၂ကောင်ပါသေခဲ့ရပါသည်။ တစ်ဆက်တည်းမှာပင် စခန်းသို့ ပြန်လာပြီး သေဆုံးသူအလောင်းနှင့် ဒဏ်ရာရသူကို မလှဒေါရွာသားများအား သွားရောက်သယ်ယူခိုင်းပါသည်။ ဒဏ်ရာရသူ ကလေးငယ်အား သပြေညွန့်သို့ပို့ဆောင်စေပြီး သူတို့၏လက်ချက်မဟုတ်ကြောင်းရွာသားများ အားလိမ်လည်ခိုင်းပါသည်။

၁၆.၈.၂၀၁၀နေ့တွင်တပ်ရင်းမှူးထင်ကျော်သည် မလှဒေါရွာသားများကိုမှတ်ပုံ တင်လုပ်ခိုင်းပြီး တဦးလျှင် ငွေ၇၅၀၀ကျပ် အတင်းအကြပ်တောင်းဆိုပါသည်။ ငွေပေးဆောင်ရသော ရွာများမှာ မလှဒေါ၊ ကျော်ထား၊ ဆောဝါးဒဲ၊ သပြေညွန့် စသည်တို့ ဖြစ်သည်။ တပ်ခွဲမှူး ခင်မောင်ကျော်(အင်အား၃၀ခန့် - မလှဒေါစခန်းထိုင်ပါအပါအဝင်) မလှဒေါရွာသားများအား အစားအသောက်များ ရိက္ခာများ သယ်ယူခွင့်ကိုပိတ်ပင်တဲ့အပြင် တွေ့ရှိပါက ပစ်သတ်မည်ဟု ရွာသားများကို ခြိမ်းခြောက်ပြောဆိုကြောင်း သတင်းရရှိပါသည်။

Human_Right_News -