Friday, April 6, 2012
ကေအဲန်ယူနှင့်မြန်မာ အစိုးရ ပြည်ထောင်စု အဆင့် ဆွေးနွး5_4_2012 night.mp4
KNLA က ဖွင့်လှစ်တဲ့ အပတ်စဉ် ၆ ဗိုလ်သင်တန်းဆင်းပွဲ
ဓာတ်ပုံသတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်) 
ဧပြီလ ၅ ရက်၊ ၂၀၁၂ ခုနှစ် 
ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ဖွင့်လှစ်တဲ့ အပတ်စဉ် ၆ ဗိုလ်သင်တန်းဆင်းပွဲကို မနေ့က ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာရှိတဲ့ KNLA တပ်မဟာ ၅ ရဲ့ စစ်ရေးပြကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
copy from http://drlunswe.blogspot.com.au/2012/04/knla.html
ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ကရင်လူထု ၁၀၀၀ကျော် ကြိုဆိုနှုတ်ဆက်
ဧပြီလ ၅ရက်။ ၂၀၁၂ခုနှစ်။ နန်းဖောဂေ (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကရင်လူမှုအဖွဲ့အစည်းများနှင့် ယနေ့ ဧပြီလ ၅ရက်နေ့ မနက် ၈နာရီတွင် တွေ့ဆုံခဲ့ရာ လူထု ၁၀၀၀ကျော် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ဘားအံမြို့ သုမေဓာရာမ တောရဘုန်းတော်ကြီးကျောင်း၌ မနက် ၈နာရီမှ ၁၀း၃၀နာရီအထိ ပြုလုပ်သည့် ထိုတွေ့ဆုံပွဲတွင် ကရင်ငြိမ်းချမ်းရေး ကော်မတီ၊ ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ၊ ကရင်ပါတီမှ ခေါင်းဆောင်များ၊ ကရင်ဝန်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တစ်ချိန်တည်းတွင် ကရင်ပြည်နယ်ရှိ မြို့နယ် ၇ခုမှ လူထုကိုယ်စားလှယ်များ၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းအတွင်းမှ ကရင်လူထု ကိုယ်စားလှယ်များက လာရောက်ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ထိုတွေ့ဆုံမှုတွင် ကေအဲန်ယူအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ကေအဲန်ယူနှင့် မြန်မာအစိုးရတို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို လူထုအား ရှင်းလင်းပြောကြားခဲ့သည်။
သူမက “အခုတွေ့ဆုံခြင်းဟာ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်တယ်။ ဒီတွေ့ဆုံမှုဟာ ဇန်န၀ါရီ ၁၂ရက်နေ့က လုပ်ဆောင်ခဲ့တဲ့ ပဏာမ အပစ်အခတ်ရပ်ဆိုင်းရေး လက်မှတ်ရေးထိုးမှု ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်လုပ်ဆောင် တဲ့ လုပ်ဆောင်မှုတွေဖြစ်တယ်။ ကျမတို့ ကေအဲန်ယူအနေနဲ့ ဒီပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အချိန်ယူပြီး တဆင့်ချင်း တဆင့်ချင်း လုပ်ဆောင်သွားမယ်။ အဲဒီအပေါ်မှာ ကေအဲန်ယူတဖွဲ့တည်းနဲ့ လုပ်လို့မရပါဘူး။ ကရင်အမျိုးသား တစ်ဦးတစ်ယောက်တည်းနဲ့ လုပ်လို့မရပါဘူး။ ကေအဲန်ယူအနေနဲ့ လူထုရဲ့ ပူးပေါင်းပါဝင်မှုကို လိုအပ်တယ်၊ လိုလားတယ်ဆိုတာကို ပြောချင်တယ်။” ဟု ပြောသည်။
ထို့အပြင် နော်စီဖိုးရာစိန်က ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို တစ်မျိုးသားလုံး၏ အရေးဖြစ်တာမို့ လူတိုင်းနှင့် သက်ဆိုင်သည့်အတွက်ကြောင့် ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အတည်ဖော်တဲ့နေရာမှာ လူထုတွေအားလုံး ပါဝင်ကြဖို့ တွေ့ဆုံပွဲသို့ တက်ရောက်လာသည့်လူထုများအား တိုက်တွန်းနိုးဆော်ခဲ့သည်။
ထိုတွေ့ဆုံပွဲကို တက်ရောက်လာသည့် ကေပီစီ နာယာက တောင်ကလေးဆရာတော် ဦးပညာသာမိက “ကရင့် တော်လှန်ရေးဟာ ကရင်အမျိုးသားတွေပဲ လုပ်ရမယ်။ အခြားလူမျိုးတွေ ၀င်လုပ်ပေးစရာမလိုဘူး။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့နေရာမှာ ဘယ်သူမဆို သတ်တိရှိရမယ်။ အရာရာကို လုပ်ဆောင်ရဲမှပဲ ပန်းတိုင်ကို ရောက်မယ်။”ဟု လူထုအား မိန့်ကြားအမှာစကားပြောသွားသည်။
ယနေ့ တွေ့ဆုံပွဲတွင် မြန်မာအစိုးရတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသော်လည်း လူထုတွေအနေဖြင့် ကရင်အလံများ ကို ဝှေ့ရမ်းပြီး ကေအဲန်ယူ ကိုယ်စားလှယ်များနှင့် လွတ်လွတ်လပ်လပ် ဆွေးနွေး ပြောဆိုခွင့် အပြန်အလှန် နှုတ်ဆက်ခွင့် ရရှိခဲ့သည့်အတွက် ဝမ်းသားအားရကြကြောင်း မြို့ခံကရင်အမျိုးသမီးတစ်ဦးက ပြောသည်။
ဘားအံမြို့ခံ ကရင်အမျိုးသမီး နန်းမြင့်အေးက “ဒီလို ပြုလုပ်ခွင့်ရတာ ကျေနပ်အားရတယ်။ ခေါင်းဆောင်တွေအနေနဲ့ ဒီလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ လုပ်တာ ၀မ်းသာတယ်။ ငြိန်းချမ်းမှုကို ကျမတို့ လိုလားတယ်။”ဟု ကေအိုင်စီကို ပြောသည်။
ထိုလူထုတွေ့ဆုံပွဲအပြီးတွင် ကေအဲန်ယူ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ဘားအံမြို့ရှိ နှစ်ချင်းခရစ်ယာန် အသင်းတော် ဘုရားကျောင်းသို့ သွားပြီး ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ပြီးနောက် နေ့လည် ၁၁နာရီကျော်အချိန်တွင် ဘားအံမြို့မှ ထွက်ခွာခဲ့ပြီး လက်ရှိ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် တည်းခိုနေကြသည်။
ယနေ့ညနေ ညစာစားပွဲ မစားခင် ၇း၀၀နာရီခန့်တွင် ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့ သည် အစိုးရဘက်မှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းဦးဆောင်ပြီး ပြည်တွင်းရှိ သတင်းထောက်များ၊ နိုင်ငံတကာ သတင်းထောက်များ၊ ရန်ကုန်မြို့ရှိ ဌာနဆိုင်ရာဝန်ကြီးများ၊ နိုင်ငံတကာ ဧည့်သည်တော်များနှင့် တွေ့ဆုံကာ ဦးအောင်မင်းက ကေအဲန်ယူနှင့် အစိုးရတို့၏ ငြိမ်းချမ်းရေးဖြစ်စဉ် တဆင့်များကို သတင်းထောက်များအား ပြောကြားခဲ့သည်။
ဦးအောင်မင်း “တချို့လူတွေက ကျနော်တို့ ငြိမ်းချမ်းရေးလုပ်တာ စောတယ်။ တချို့ နောက်ကျတယ်လို့ ပြောကြတယ်။ ဒီနှစ်ပေါင်း ၆၀ကျော် ကြာမြင့်တဲ့ကိစကြီးကို တထိုင်တည်းနဲ့ တနိုင်တပိုင်ဖြေရှင်းလို့ မရပါဘူး။ တဆင့်ချင်း တဆင့်ချင်း လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ ဒီမှာ ရှိတဲ့ ကရင်တိုင်းရင်းသားတွေအားလုံးက ထာဝရငြိမ်းချမ်းရေး ရရှိအောင် မဖြစ်မနေ ဆောင်ရွက်သွားကြမယ်ဆိုတာ ကတိပြုပြီးသားဖြစ်တယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း ထာဝရငြိမ်းချမ်း ရေး မရောက်ရောက်အောင် ဆောင်ရွက်သွားမယ်။”ဟု သတင်းထောက်များအား ပြောဆိုသွားသည်။
ထိုတွေ့ဆုံပွဲတွင် ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိတ်က “ကျမတို့ အခု လာဆွေးနွေးတယ် ဆိုတာက ပြီးခဲ့တဲ့ ပဏာမဆွေးနွေးပွဲကို ဆက်လက်အကောင်အထည်ဖော်ဖို့ကို ကျမတို့ အတူတကွ လက်တွဲ လုပ်ဆောင်သွားဖို့ လာရောက်ဆွေးနွေးတာဖြစ်တယ်။ အခု ငြိမ်းချမ်းရေးကလည်း ကရင်အမျိုးသား တခုတည်းမဟုတ် ဘူး။ တိုင်းရင်းသားပြည်သူတွေ အားလုံးအတွက်ဖြစ်တယ်။”ဟု ဆိုသည်။
ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့သည် အစိုးရနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက် ချနိုင်ဖို့အတွက် မနက်ဖြန်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်ဟု သိရသည်။
ကေအဲန်ယူနှင့်မြန်မာ အစိုးရ ပြည်ထောင်စု အဆင့် ဆွေးနွးချက်များ
ဧပြီလ၆ရက်။၂၀၁၂ခုနှစ်။ ကေအိုင်စီအယ်ဒီတာချုပ် နော်ဖောဂေက တိုက်ရိုက် သတင်းပေးပို့ထားသည်။
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ နှင့် မြန်မာအစိုးရကိုယ်စား လှယ်များသည် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မနက် ၉နာရီခန့်အချိန်တွင် စတင်ပြုလုပ်ခဲ့ပြီး နှစ်ဦးနှစ်ဖက် အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်။
ထိုတွေ့ဆုံပွဲတွင် အစိုးရဘက်မှ ပြည်ထောင်စုအဆင့် ၀န်ကြီးများဖြစ်ကြသည့် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ စက်မှု (၁)ဝန်ကြီး ဦးကျော်မင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ်ဝန်ကြီး ဦးဇော်မင်း၊ လျှပ်စစ်(၂)ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဝန်ကြီး ဦးဝင်းထွန်း၊ စွမ်းအင်ဝန်ကြီး ဦးသန်းဌေး၊ ပြည်ထောင်စုအဆင့် ဒုနယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ ဒုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး၏ စစ်ဘက်ဆိုင်ရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း၊ ရန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောထွန်းအောင်မြင့်၊ တပ်မတော် (ကက)ကြည်းမှ ဒုဗိုလ်မှူးကြီး ဇော်နိုင်ဦးနှင့် ငြိမ်းချမ်းရေး အကျိုးဆောင်များဖြစ်ကြသည့် ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦးကိုကိုမောင်၊ ဦးငွေစိုးနှင့် ဦးဆန်နီညွန့်သိန်းတို့ ပါဝင်သည်။
ကေအဲန်ယူဘက်မှ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊ ကေအဲန်အယ်လ်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ပဒိုစောအားတိုး၊ ပဒိုစောတာဒိုမူး၊ နော်ဘလူးမေးနိုက်ဇံ၊ ဗိုလ်မှူးကြီး စောမိုးဖြူ၊ ဗိုလ်မှူးရောဂျာခင်၊ ဗိုလ်မှူး ထူးထူးလေး၊ ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောရွှေမောင်း၊ ဗိုလ်မှူးချုပ် အယ်ကလူသိန်း၊ ပဒိုစောအောင်ဝင်ရွှေ၊ နော်မေဦး၊ ပဒိုသောသီဘွဲတို့ ပါဝင်ဆွေးနွေးခဲ့သည်။
ယနေ့မနက် ၉နာရီမှ ၁၂နာရီအထိ ဆွေးနွေးခဲ့ကြသည်မှာ
၁။ ပြည်တွင်း ကရင်လူထုများ၏ အခြေအနေများဖြစ်ကြသည့် နေထိုင်ရေး၊ လုံခြုံရေးနှင့် စားဝတ်နေရေးကိစ္စ၊
၂။ ပြည်တွင်း ဒုက္ခသည် (အိုင်ဒီပီ)အခြေအနေ၊
၃။ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ဘ၀လုံခြုံမှုကိစ္စ၊
၎။ အတင်းအဓမ္မ လုပ်အားခိုင်းစေမှုကိစ္စ၊
၅။ ပြည်တွင်း ဖွဲ့ဖြိုးရေး လုပ်ဆောင်ရာမှာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs)အဖွဲ့များ၏ အရေးပါမှုကိစ္စများ၊
၆။ အကျဉ်းသားကိစ္စများနှင့်
၇။ မြေယာ သိမ်းဆည်းမှုကိစ္စများကို ဆွေးနွးခဲ့ကြသည်။
ထိုဆွေးနွေးချက်များအပေါ် အစိုးရဘက်မှ ဝန်ကြီးဦးအောင်မင်းက နိုင်ငံတော် အစိုးရအနေဖြင့် အိုင်ဒီပီကိစ္စများကို အရင်ဆုံး ဦးစားပေးလုပ်ဆောင်ဖို့ သဘောထားရှိကြောင်း။ အဘယ်ကြောင့်ဆိုသော် အိုင်ဒီပီသည် ဒုက္ခသည်နှင့်မတူပဲ နေစရာ၊ စားစရာ အခက်အခဲရှိသည့်အတွက်ကြောင့် ပိုပြီး အရေးကြီးကြောင်း တင်ပြသည်။
ထို့အပြင် အိုင်ဒီပီနှင့် ဆက်စပ်ပြီး ဒုက္ခသည်များ၊ ရွှေ့ပြောင်းအလုပ်သမားများအတွက်ကိုလည်း နှစ်ဦးနှစ်ဖက် ကိုယ်စားလှယ်များ အပြန်လှန်ဆွေးနွေးခဲ့သည်။
ထိုအချက်အလက်များကို နှစ်ဦးနှစ်ဖက် ပူးပေါင်းပြီး လက်တွဲ အကောင်အထည်ဖော် လုပ်ဆောင်ကြမည်ဟု နှစ်ဦးနှစ်ဖက်ကိုယ်စားလှယ်များက သဘောထားရှိကြသည်။
KNU Delegations Meet Karen People in Pa-an 5 April 2012 (ရုပ်သံ)
တောင်ကလေးဆရာတော်ရဲ့ သြ၀ါဒတွေဟာ ရှင်းလင်းပြတ်သားလှပါတယ်။ ကရင်တမျိုးသားလုံး အကြောက်တရားတွေကနေ နိုးထကြပါတော့။ ဆရာတော် အရှင်ပညာသာမိကို ၀ိုင်းရံကြပါ။ ကရင်နယ်ခြားစောင့်တပ် နှင့် ဒီကေဘီအေ ညီနောင်တို့ ကြားနိုင်ကြပါစေ။
နေပြည်တော်အတွင်းရေး - 4 April 2012
2012_April_04__Prsdnt_TheinSein_true_intent_on_Eltcn_and_Ceasefires_-Invstmnts__ceasefires_for_prjcts__DKBA_only_for_pressure_t
For Immediate Release April 4 2012 Karen
For Immediate  Release  April 4 2012 Karen
ကေအဲန်ယူနှင့်အစိုးရတို့ ပြည်နယ် အဆင့် တွေ့ဆုံဆွေးနွေးပွဲပြီး
Submitted by on Thursday, 5 April 2012--
ဧပြီလ ၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းထူးစံ(ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)နှင့် မြန်မာအစိုးရတို့ အပစ်အခတ်ရပ်ဆိုင်းရေးအတွက် ယနေ့ ဖားအံမြို့တွင် ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်ဦးနှစ်ဖက် လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝက် အချက်အလက်များကို ဆွေးနွေးခဲ့ကြသည်ဟု ကေအဲန်ယူဘက်က ပြောသည်။
ထိုဆွေးနွေးပွဲတွင် နှစ်ဖက် ကိုယ်စားလှယ်များက အပစ်အခတ်ရပ်ဆိုင်းရေးအတွက် နှစ်ဦးနှစ်ဖက် လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ် (Code of Conduct)များ စနစ်တကျချမှတ်ရေး၊ အပစ်အခတ် ရပ် ဆိုင်းရေး စောင့်ကြည့်သည့်အဖွဲ့ထားရှိရေးနှင့် ဆက်ဆံရေးရုံးများကို လိုအပ်သည့်ဒေသများတွင် ဖွင့် လှစ်ရေး အပါအ၀င်အပစ်အခတ်ရပ်ဆိုင်းရေးဆိုင်ရာ အသေးစိပ်အချက်အလက်များကို ဆွေးနွေးခဲ့
ကြသည်ဟု ယနေ့ ကေအဲန်ယူက သတင်းထုတ်ပြန်သည်။
ယနေ့ပြုလုပ်သည့် ဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဘက် အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင် တဲ့အ တွက် အားရကျေနပ်မှုရှိသည်ဟု ကေအဲန်ယူကိုယ်စားလှယ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နော်မေ ဦးက ကေ အိုင်စီသို့ ပြောသည်။
သူမက “ကျမတို့ အားလုံးလိုချင်တဲ့ ငြိမ်းချမ်းရေးကို ရဖို့အတွက် ကျမတို့ ဆွေးနွေးတဲ့အခါမှာ အပြန်အ လှန် ပွင့်ပွင့်လင်းလင်း ရင်းရင်းနီးနီး ဆွေးနွေးကြတာကို ကျမအားရကျေနပ်တယ်။ တစ်ဦးနှင့်တစ်ဦး အ ပြန်အလှန် နားလည်မှု၊ လေးစားမှုကို အခြေခံပြီး ဆွေးနွေးကြတာကို ကျေနပ်တယ်။”ဟု ပြောသည်။
ဘားအံမြို့၊ ဇွဲကပင်ဟော်တယ်တွင် ယနေ့ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် ကေအဲန်ယူဘက်မှ အထွေ ထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊ စစ်ရေးရာကော်မတီ အတွင်းရေးမှူး စောထူးထူးလေး နှင့် KNLAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးတို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး မြန်မာအစိုးရဘက်မှ ရထားဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်း မှူး ဗိုလ်ချုပ်တင်မောင်ဝင်းတို့က ဦးဆောင်ဆွေးနွေးခဲ့သည်။
ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၅ရက်နေ့တွင် ကရင်လူမှုအဖွဲ့အစည်းများ၊ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး ဧပြီလ (၆)ရက်နေ့တွင် အစိုးရနှင့် ပြည် ထောင်စုအဆင့် ဆွေးနွေးပွဲကို ရန်ကုန်တွင် ကျင်းပသွားမည်ဟု သိရသည်။
ယခုသွားသည့် ဆွေးနွေးပွဲတွင် ကေအဲန်ယူဘက်၅မှ မြန်မာအစိုးရနှင့် ကေအဲန်ယူအကြား အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူညီချက်ဆိုင်ရာ အသေးစိတ်များကို လုပ်ဆောင်သွားရန်၊ တပြည်လုံး အတိုင်းအ တာ ဆောင်သည့် အပစ်အခတ်ရပ်ဆိုင်းရေး တဆင့်စီဖြစ်မြောက်အောင် ပြုလုပ်သွားရန်၊ ပြည်သူလူထုအ တွက် အာမခံချက်ရှိသော လုံခြုံမှုရရှိရန်၊ ယုံကြည်မှု တည်ဆောက်ရန်နှင့် လူ့အခွင့်အရေးများကို ကာ ကွယ်စောင့် ရှောက်ရန် စသည့်အချက်များကို အဓိကထား ဆွေးနွေးသွားမည်ဟု ယနေ့ထုတ်ပြန်လိုက် သည့် ကြေညာ ချက်တွင် ဖော်ပြထားသည်။
ကေအဲန်ယူ၏ ပြည်နယ်အဆင့် ဖားမြို့ တွင် လတ်တလော တွေ့ ဆုံဆွေးနွေးခြင်းနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်
For_Immediate__Release__April_4_2012_Burmese
KNU နဲ့ မြန်မာအစိုးရ အပစ်အခတ် ရပ်စဲရေးကိစ္စ ဒုတိယအကြိမ် ဆွေးနွေး (အသံဖိုင်)
ကေအဲန်ယူ ငြိမ်းကိုယ်စားလှယ် ပြောရေးဆိုခွင့်ရှိသူ နော်မေဦး နှင့် RFA မေးမြန်းခန်း
KNU ကိုယ်စားလှယ်များအား မိတ်ဆက်ဧည့်ခံပွဲလုပ်
ကိုပေါက် | ကြာသပတေးနေ့၊ ဧပြီလ ၀၅ ရက် ၂၀၁၂ ခုနှစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ရန်ကုန်မြို့သို့ ရောက်ရှိလာသော ကရင်အမျိုးသား အစည်းအရုံး KNU နှင့် အစိုးရ အာဏာပိုင်များ မိတ်ဆက်ဧည့်ခံပွဲတခုကို ကြာသပတေးနေ့ ညနေ ခြောက်နာရီခွဲက ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့ကြသည်။
သောကြာနေ့ မနက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးကြမည့် နှစ်ဖက်ကိုယ်စားလှယ်များအပြင် အနောက်နိုင်ငံ သံအရာရှိများနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြကြောင်း KNU ကိုယ်စားလှယ် အဖွဲ့မှ ပြောခွင့်ရ နော်မေဦးမုတြော် က မဇ္ဈိမကို ပြောသည်။
“ထွေထွေထူးထူးတော့ မရှိပါဘူး။ မိတ်ဆက် တွေ့ဆုံပွဲလေးပဲ ဖြစ်ပါတယ်။ အစိုးရဝန်ကြီးတချို့ရယ်၊ စင်္ကာပူ၊ အမေရိကန်နဲ့ အီးယူနိုင်ငံတချို့က သံတမန် ဧည့်သည်တွေရယ်၊ ရန်ကုန်တဝိုက်က ကရင်အမျိုးသား ခေါင်းဆောင်
တွေရယ် တက်ရောက်ကြပါတယ်” ဟု ပြောသည်။
အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဒုတိယအကြိမ် ဆွေးနွေးရန်အတွက် ရောက်ရှိနေသော KNU ကိုယ်စားလှယ်အဖွဲ့နှင့် မိတ်ဆက်ဧည့်ခံပွဲတွင် ရန်တိုင်းအစိုးရ ဝန်ကြီးချုပ် ဦးမြင့်ဆွေ (ဝဲ)၊ KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် (အလယ်)နှင့် နော်မေဦးမုတြော် (ယာ)တို့အား ဧပြီလ ၅ ရက်နေ့ ညနေက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)
အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်မင်း၊ ဦးခင်ရီ၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မြို့တော်ဝန်နှင့် တိုင်းအစိုးရအဖွဲ့ဝင်များ တက်ရောက်ပြီး KNU ကိုယ်စားလှယ်အဖွဲ့အား အထွေထွေ အတွင်းရေးမှူး
နော်စီဖိုးရာစိန်၊ စစ်ဦးစီးချုပ် မူတူးဆေးဖိုးတို့ ဦးဆောင်ပါဝင်ကြသည်။ ထို့ပြင် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ကရင်တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံတကာ အဲန်ဂျီအိုများနှင့် ဖိတ်ကြားထားသူ စုစုပေါင်း ၂၅ဝ ခန့် တက်ရောက်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်တဦးက ပြောသည်။
သောကြာနေ့ ဆွေးနွေးပွဲတွင် အစိုးရဘက်မှ ဝန်ကြီး ဦးအောင်မင်းနှင့် ဦးခင်ရီတို့အပြင် အခြားဝန်ကြီးများလည်း တက်ရောက်ဖွယ်ရှိပြီး ညနေပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
KNU ကိုယ်စားလှယ်အဖွဲ့အနေဖြင့် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး သဘောထားဖလှယ်ရန် စီစဉ်ထားကြောင်းလည်း နော်မေဦးမုတြော် က ပြောသည်။
“အခု ကျမတို့ KNU က လုပ်နေတဲ့ ကိစ္စတွေပါပဲ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အတွက်က NLD ကလည်း ရပ်တည်မှုတခု ဖြစ်တယ်။ ကျမတို့ KNU က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စကားပြောနေတယ်ဆိုတော့ သဘောထား
တွေ ဖလှယ်ဖို့၊ ပိုသိအောင်လို့ မိတ်ဆက်ပဲ ဖြစ်ပါတယ်” ဟုပြောသည်။
ယခင်က NLD နှင့် စာရေးဆက်သွယ်မှုများ ရှိခဲ့သော်လည်း ယခု ပထမဆုံးအကြိမ် တွေ့ဆုံကြခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။
ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်ထဲတွင် NLD အပေါ် မျှော်လင့်ထားမှုနှင့် ပတ်သက်၍ “ဘယ်လောက်ထိ ပါဝင်
ပေးနိုင်မလဲ ဆိုတာကတော့ NLD ကို ကျမတို့ မေးရမှာပဲ။ ဒါပေမယ့် NLD ကို ပါဝင်သင့်တယ်လို့ ကျမတို့ မြင်တယ်။ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ လူတဦးတယောက် အဖွဲ့အစည်းတခုရဲ့ တာဝန်လည်း မဟုတ်ဘူး။ သူတို့ပါ ပါမှဖြစ်မယ်။ လက်လှမ်းမီသလောက် လိုက်ပြီးဆွေးနွေးတာပါပဲ” ဟု နော်မေဦးမုတြော် က မဇ္ဈိမကို ပြောသည်။
NLD အနေဖြင့်လည်း ကြားဖြတ်ရွေးကောက်ပွဲ ကြွေးကြော်သံတရပ်အဖြစ် ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်သွား မည်ဟု တင်ပြထားပြီး တတ်နိုင်သည့်ဘက်မှ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းထားသည်။
ဇန်နါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် အပစ်အခတ်ရပ်စဲရေးအတွက် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ဗိုလ်ချုပ် မူတူးဆေးဖိုး ဦးဆောင်သော KNU ကိုယ်စားလှယ်အဖွဲ့တို့ လက်မှတ်
ရေးထိုးခဲ့ပြီး အသေးစိတ် အချက်အလက်များကို ထပ်မံဆွေးနွေးရန်အတွက် ယခုတကြိမ် ထပ်မံတွေ့ဆုံကြခြင်း
ဖြစ်သည်။
KNU ကိုယ်စားလှယ်အဖွဲ့သည် တနင်္လာနေ့တွင် ပဲခူးတိုင်းအတွင်းသို့ သွားရောက်ကာ အင်္ဂါနေ့တွင်မှ ဘားအံသို့
ပြန်လည်ထွက်ခွါကြမည် ဖြစ်ကြောင်း သိရသည်။
မြန်မာအစိုးရနှင့် ကေအဲန်ယူငြိမ်းကိုယ်စားလှယ်များဆွေးနွေးပွဲ - ၄ - ၄ - ၂၀၁၂ - ဖားအံ့မြို့  (ရုပ်သံ) KNU and Burmese Government Peacetalk_Hpa-an_04.04.2012.mp4
KNU and Burmese Government Peace Talk, Sky Net part 5_6
Thursday, April 5, 2012
Kwe Ka Lu news about KNU peace talk
Kwe Ka lu
မြန်မာစစ်အစိုးရနှင့်တွေ့ ဆုံးဆွေးနွေးရေးကိစ္စနော်စီဖိုးရာရှင်းလင်းချက်
KNU Delegation for Second Round Ceasefire Talks
Today, April 4, 2012, the KNU delegation led by Naw Zipporah Sein, the General Secretary, leaves the Thai border town of Mae Sot to continue the second round of ceasefire talks with the Burmese Government. The talks with the Government will take place initially in Pa-An, and subsequently in Yangon and Pago from April 4 to 11, 2012. The talks will focus on the following: (1) Details of the cease fire arrangement between the KNU and the Burmese Government (2) Progressive realization of a nationwide ceasefire (3) Guaranteed safety for civilian populations (4) Trust building at all levels (5) Protection of Human Rights The delegation will also be meeting with the Karen civil society, political parties, community organizations, and leaders and members of the National League for Democracy during this trip. The purpose of these meetings is to engage all levels of society in the process of achieving peace in a nation that has been in armed conflict for several decades. The KNU believes that lasting peace should be achieved through the combined effort of all people who are directly and indirectly affected by the coming political change. Additionally, the KNU delegation and the Representatives of the Burmese Government plan to visit some sites such as Tavoy in Taninthayi Division and Kyaukkyi and Mu Theh in Pago Division. The purpose of this joint visit is to observe the opening of a humanitarian assistance office and to meet with regional and local citizens who have been affected by conflict for years. Following the negotiations, members of the delegation and the designated spokespersons will be on-site to address questions by the media and public. For further information, please contact the following our Media & Public Relations Chief: Naw May-Oo Mutraw: Tel. (66) 85 248 3013 Tel. (95) 09 8575 142 (Effective April 4 – 11) Email: knu.nego@gmail.com
Myanmar's Karen rebels restart cease-fire talks
BANGKOK — Cease-fire talks reopened Wednesday between the government and leaders of the country's most enduring ethnic rebel movement, highlighting another major task for Myanmar as it opens up and enacts political reforms.
The military-backed but elected government of President Thein Sein is seeking cease-fires with ethnic rebel groups as part of the political reforms started last year after decades of repression under military rule.
A statement from the Karen National Union said its general secretary Zipporah Sein led the group's delegation Wednesday from their headquarters on the Thai border for a second round of talks to run until April 11. Initial talks were held in January.
It said the latest talks would be held in Pa-An near the Thai border, and subsequently in Yangon and Bago in central Myanmar.
The KNU talks are the first to be held since the National League for Democracy party of Aung San Suu Kyi won 43 seats in by-elections on Sunday, giving it a voice in parliament for the first time, though as a vastly outnumbered opposition.
Her movement is loosely allied with most of the ethnic minority groups, who, like her party, also faced repression under the previous military regime.
Preliminary cease-fire pacts have been reached in recent months between the government and groups representing the Mon, Shan, Chin, Wa and Kokang minorities.
Most of the groups, however, insist that a political settlement giving them more autonomy is necessary to ensure lasting peace. One group, the Kachin in northern Myanmar, in actively engaged in sporadic though bitter fighting with the government.
"The purpose of these meetings is to engage all levels of society in the process of achieving peace in a nation that has been in armed conflict for several decades," said the KNU statement. "The KNU believes that lasting peace should be achieved through the combined effort of all people who are directly and indirectly affected by the coming political change."
The KNU has been fighting for greater autonomy from Myanmar's central government since the country obtained independence from Britain in 1948. A Myanmar government offensive in the mid-1990s wiped out most of the KNU's strongholds and crippled its fighting ability.
The KNU statement said the talks would focus on details of a cease-fire between the KNU and the government, the gradual extension of a cease-fire to cover the entire country, civilian safety, trust-building and safeguarding human rights.
Wednesday, April 4, 2012
အားလုံးသောကရင်လူထုထံသို့......
ချစ်တဲ့ ကရင်အမျိုးသားအပေါင်းတို့.............
ဒီကနေ့သည်ကျွန်တော်တို့ရဲ့ ခေါင်းဆောင်များ ဒုတိယအကြိမ်ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ခရီးစဉ်ကိုစတင်နေပါပြီး။ ကျေးဇူးပြုပြီးတော့ ညီအစ်ကို မောင်နှမများ ကရင်တမျိုးသားလုံးကိုကိုယ်စားပြုသောခေါင်းဆောင်ကြီးများအတွက် ဆုတောင်းမေတ္တာ ပို့သပေးကြပါရန် ပန်ကြားအပ်ပါသည်။ ခရစ်ယာန် ဖြစ်စေ ဗုဒ္ဓဘာသာဖြစ်စေ......ကိုယ်ယုံကြည်ရာဘာသာမှာအစစအရာရာ အားလုံးအဆင်ပြေချောမွေ့ ပြီး ဘေးမသီရန်မခပဲ ကောင်းကောင်းမွန် မွန်ပြန်လည်ရောက်ရှိလာဖို့အတွက် ကိုပါဆုတောင်းပေးကြပါ။ ဒါ့အပြင် စစ်မှန်တဲ့ထာဝရ ငြိမ်းချမ်းရေးဖြစ်ဖို့အတွက်ကိုပါထည့်ပြီး ဆုတောင်းပေး ပါရန် ပန်ကြားအပ်ပါသည်။
အစိုးရနှင့် ဒုတိယအကြိမ် သွားရောက်တွေ့ဆုံ ဆွေးနွေးမည့် KNU ကိုယ်စားလှယ်စာရင်း
၁။ ။ နော်စီဖိုးရာစိန် (အဖွဲ့ခေါင်းဆောင်)
၂။ ။ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး (ဒု-အဖွဲ့ခေါင်းဆောင်)
၃။ ။ ပဒိုစောကွယ်ထူးဝင်း
၎။ ။ ပဒိုရွှေမောင်း
၅။ ။ ဗိုလ်မှူးချုပ် အဲကလူသိန်း (တပ်မဟာ-၃မှူး)
၆။ ။ ပဒိုစောအားတိုး
၇။ ။ ပဒိုစောရောဂျာခင်
၈။ ။ ဗိုလ်မှူးထူးထူးလေး
၉။ ။ ပဒိုစောသောသီဘွဲ (ရုံးတာဝန်ခံ)
၁၀။ ။ ပဒိုစောလှထွန်း (ရုံး ဒုတာဝန်ခံ)
၁၁။ ။ နော်ဘလူးမင်းနိုက်ဇန်
၁၂။ ။ နော်မေဦး
၁၃။ ။ နော်ထူးဖော (ရုံးအဖွဲ့)
၁၄။ ။ စောအောင်ဝင်းရွှေ
၁၅။ ။ ဗိုလ်မှူးကြီး မိုးဖြူ
၁၆။ ။ စောကြီး
၁၇။ ။ စောတာဒို့မူး
၁၈။ ။ စောဘောဘိုး
၁၉။ ။ စောဒူးဖလော်စိုး (ရုံးအဖွဲ့အကူ)
၂၀။ ။ နန်းဖော့ဂေ (သတင်းတာဝန်ခံ)
၂၁။ ။ စောအဲနာ (သတင်းအဖွဲ့)
copy rights_KIC News
အပစ်အခတ်ရပ်စဲ​ရေး​ ​ဆွေး​နွေး​ရန် ​ကေအန်ယူအဖွဲ့​ ဘား​အံကို ​ရောက်
Published on April 4, 2012 by နော်နိုရင်း
မြန်မာအစိုး​ရနဲ့​ ဒုတိယကြိမ် အပစ်အခတ်ရပ်စဲ​ရေး​ဆက်လက်​ဆွေး​နွေး​ဖို့​ အဖွဲ့​ဝင် ၂၁ ဦး​ပါ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) ကိုယ်စား​လှယ်အဖွဲ့​ဟာ ဒီမနက်မှာပဲ ထိုင်း​-မြန်မာ နယ်စပ်က​နေ ထွက်ခွာပြီး​ ကရင်ပြည်နယ် ဘား​အံမြို့​ကို ​ရောက်ရှိသွား​ပြီ ဖြစ်ပါတယ်။
မွန်း​လွဲပိုင်း​မှာ ဘား​အံမြို့​ကို ​ရောက်ရှိလာတဲ့​ ​ကေအန်ယူအဖွဲ့​ကို ဇွဲကပင်ဟိုတယ်မှာ ပြည်​ထောင်စုဝန်ကြီး​ ဦး​အောင်​သောင်း​နဲ့​ ဦး​အောင်မင်း​ အပါအဝင် ပြည်နယ်ဝန်ကြီး​ချုပ် ဦး​ဇော်မင်း​နဲ့​ အ​ရှေ့​တောင်တိုင်း​ စစ်ဌာနချုပ် တိုင်း​မှူး​ ဗိုလ်ချုပ်တင်​မောင်ဝင်း​တို့​က လာ​ရောက်ကြိုဆို နှုတ်ဆက်ခဲ့​ကြပါတယ်။
ည ​နေ ၆ နာရီမှာ​လောက်မှာ​တော့​ ပြည်နယ်အဆင့်​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ ပြုလုပ်မယ်လို့​ ​ကေအန်ယူအဖွဲ့​ကို သွား​ရောက်ကြိုဆိုတဲ့​ ဘား​အံအ​ခြေစိုက် ဖလုံစ​ဝေါ် ဒီမိုကရက်တစ်ပါတီက ​ဒေါ်နန်း​ဆေး​ဝါး​က ဒီဗွီဘီကို ​ပြောပါတယ်။
“ရထား ​ဝန်ကြီး​ ဦး​အောင်မင်း​၊​ လဝကဝန်ကြီး​ ဦး​ခင်ရီ၊​ ​နောက်ထပ် ဝန်ကြီး​ ၂ ဦး​ ပါပါတယ်။ အခု​တော့​ ဘာမှမ​ပြောကြ​သေး​ဘူး​။ ခရီး​ပန်း​လာလို့​ ဇွဲကပင်ဟိုတယ်မှာပဲ နား​ဦး​မှာ​ပေါ့​။ ၆ နာရီမှာ ညစာစား​ပွဲ ​ခေါ်ထား​ပါတယ်။”
ကေအန်ယူအ ​နေနဲ့​ အစိုး​ရနဲ့​ ဒုတိယအကြိမ်​ဆွေး​နွေး​ပွဲမှာ အပစ်အခတ် ရပ်စဲ​ရေး​ သ​ဘောတူညီချက်ဆိုင်ရာ အ​သေး​စိတ်ကို လုပ်​ဆောင်သွား​ဖို့​၊​ တပြည်လုံး​ အတိုင်း​အတာနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ ပြုလုပ်သွား​ဖို့​၊​ ပြည်သူအတွက် အာမခံချက်ရှိတဲ့​ လုံခြုံမှုရရှိဖို့​၊​ ယုံကြည်မှု တည်​ဆောက်ဖို့​နဲ့​ လူ့​အခွင့်​အ​ရေး​ကို ကာကွယ် ​စောင့်​ရှောက်ဖို့​စတဲ့​ အချက် ၅ ချက်ကို အဓိကထား​ ​ဆွေး​နွေး​ဖို့​ ဒီမနက်မှာပဲ ​ကေအန်ယူက ​ကြေညာချက် ထုတ်ပြန်ထား​ပါတယ်။
ဒီအချက်​တွေကို ပြည်နယ်အဆင့်​အတွက် ဒီည​နေပိုင်း​မှာ​ဆွေး​နွေး​ပြီး​ ဧပြီ ၅ ရက်​နေ့​မှာ​တော့​ ဘား​အံမြို့​မှာရှိတဲ့​ ကရင်အဖွဲ့​အစည်း​ကို ​တွေ့​ဆုံ​ဆွေး​နွေး​မှာ ဖြစ်ပါတယ်။ ဧပြီ ၆ ရက်​နေ့​မှာ​တော့​ ရန်ကုန်မြို့​မှာ ပြည်​ထောင်စုအဆင့်​ ​ဆွေး​နွေး​ပွဲ ဆက်လက် ပြုလုပ်သွား​မှာပါ။
ဧပြီ ၄ ရက်​နေ့​က​နေ ၁၁ ရက်​နေ့​အထိ ဒီခရီး​စဉ်အတွင်း​ ငြိမ်း​ချမ်း​ရေး​ရရှိ​ရေး​ ကြိုး​ပမ်း​ဆောင်ရွက်ရာမှာ အလွှာအသီး​သီက လူထု​တွေ၊​ လူမှုအဖွဲ့​အစည်း​၊​ နိုင်ငံ ​ရေး​ပါတီ​တွေနဲ့​လည်း​ ​တွေ့​ဆုံသွား​မှာ ဖြစ်ပါတယ်။ ရန်ကုန်မှာ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်​ခေါင်း​ဆောင်​တွေနဲ့​လည်း​ ​တွေဆုံသွား​မှာ ဖြစ်တယ်လို့​ ​ကြေညာချက်မှာ ​ဖော်ပြထား​ပါတယ်။
 ကေအန်ယူ ကိုယ်စား​လှယ်အဖွဲ့​ဟာ ပဲခူး​တိုင်း​ ​ကျောက်ကြီး​မြို့​နဲ့​ တနင်္သာရီတိုင်း​ ထား​ဝယ်မြို့​ကို သွား​ရောက်​လေ့​လာဖို့​ ရှိပြီး​ ဆက်ဆံ​ရေး​ရုံး​ဖွင့်​လှစ် ဖို့​ရှိ​ကြောင်း​လည်း​ ဆိုပါတယ်။
နှစ်​ ပေါင်း​ ၆၀ ​ကျော်ကြာ လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့​တဲ့​ ​ကေအန်ယူနဲ့​ အစိုး​ရ အကြား​ ဇန်နဝါရီလဆန်း​ပိုင်း​က ပထမအကြိမ် ​တွေ့​ဆုံရာမှာ အပစ်အခတ်ရပ်ထား​ဖို့​ နှစ်ဖက် ပဏာမသ​ဘော တူညီခဲ့​ပါတယ်။
KNU Media Advisory April 4
KNU Media Advisory April 4 Burmese
KNU Media Advisory April 4
KNU Media Advisory April 4 English
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကေအန်ယူ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ထွက်ခွာ
သတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
ဧပြီလ ၄ ရက်၊ ၂၀၁၂ ခုနှစ်
မြန်မာအစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ၂၁ ဦးပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ လမ်းကြောမှတဆင့် ရန်ကုန်မြို့သို့ ထွက်ခွာသွားသည်။
ယခုလ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကြာမြင့်မည့် ခရီးစဉ်တွင် KNUအဖွဲ့သည် အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်မည့်ကိစ္စ၊ နယ်မြေဖြတ်သန်းသွားလာခွင့်ကိစ္စနှင့် နယ်မြေပိုင်းခြားသတ်မှတ်ခြင်း ကိစ္စရပ်များကို၊ ပြည်နယ်အဆင့်အနေဖြင့် ထပ်မံဆွေးနွေးရန်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း အပါအ၀င် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း ဦးဆောင်သည့်အဖွဲ့နှင့် ဘားအံမြို့တွင် ဆွေးနွေးကြမည်ဖြစ်သည်။
ဆက်လက်၍ KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ရန်ကုန်မြို့တွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဆက်လက် ဆွေးနွေးကြမည်ဖြစ်သည်။
ယခုလ ၆ ရက်နေ့တွင် ပြုလုပ်မည့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ မူအားဖြင့် နှစ်ဘက်သဘောတူညီထားသည့် KNU ၏ တောင်းဆိုချက် ၁၁ ချက်ကို အသေးစိတ် ထပ်မံဆွေးနွေးကြမည်ဖြစ်သည်။
ကိုယ်စားလှယ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးက “ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့ သွားရောက်တာ ဖြစ်တယ်။ ဒီတိုင်းပြည် ငြိမ်းချမ်းရေးရရှိဖို့ မြန်မာအစိုးရအပေါ်မှာ အများကြီး မူတည်တယ်။ အောင်မြင်မှုရှိမရှိ ဆိုတာကတော့ နှစ်ဘက်ဆွေးနွေးမှုအပေါ်မှာ မူတည်တယ်” ဟု ပြောသည်။
ခရီးစဉ်အတွင်း နှစ်ဘက်သဘောတူညီချက်များအရ ဆက်ဆံရေးရုံးနှစ်ခုကို ပဲခူးတိုင်းအတွင်းရှိ ကျောက်ကြီးမြို့နယ်တွင်လည်းကောင်း၊ တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်မြို့နယ်တွင်လည်းကောင်း ဖွင့်လှစ်ရန်ရှိပြီး ထားဝယ်မြို့နယ် ဆက်ဆံရေးရုံး ဖွင့်လှစ်နိုင်ရန်အတွက်၊ ယခုလ ၉ ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိနေသည့် KNU ကိုယ်စားလှယ်အဖွဲ့ဝင်များအနက် မြိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုကွယ်ထူးဝင်း ဦးဆောင်မည့် ၄ ဦးပါ အဖွဲ့က မြန်မာအစိုးရတာဝန်ရှိသူများနှင့်အတူ ရန်ကုန်မှတဆင့် လေကြောင်းလိုင်းဖြင့် ထားဝယ်သို့ ထွက်ခွာကြမည်ဖြစ်သည်။
KNU ကိုယ်စားလှယ်အဖွဲ့တွင် နော်စီဖိုးရာစိန် (အဖွဲ့ခေါင်းဆောင်) စောမူတူးဆေးဖိုး (ဒု-အဖွဲ့ခေါင်းဆောင်) စောအားတိုး၊ စောရောဂျာခင်၊ စောကွယ်ထူးဝင်း၊ စောရွှေမောင်း၊ စောမိုးဖြူ၊ စောအယ်ကလူသိန်း၊ နော်ဘလူးမင်းနိုက်ဇန်၊ စောထူးထူးလေးနှင့် နော်မေဦး တို့ပါရှိသည်။
ရုံးအဖွဲ့ဝင်များအဖြစ် စောသောသီဘွဲ (ရုံးအဖွဲ့မှူး)၊ စောလှထွန်း (ဒု-ရုံးအဖွဲ့မှူး)၊ စောတာဒိုမူး၊ စောအောင်ဝင်းရွှေ၊ နော်ထူးဖော၊ စောဘောဘိုး၊ စောကြီး၊ စောဒူးဖလော်စိုး၊ စောအယ်နာနှင့် နန်းဖော့ဂေ တို့ပါရှိပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ လေ့လာသူများအဖြစ် ကရင်ပြည်နယ် ဘားအံမြို့မှ တောင်ကလေးကျောင်းတိုက် ဆရာတော် အရှင်ပညာသာမိနှင့် ခရစ်ယာန်ဘုန်းတော်ကြီး ဘိရှော့ဖိုးရေ တို့ပါရှိသည်။
KNU ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညတွင် ဘားအံမြို့၌ ညအိပ်ရပ်နားမည်ဖြစ်ပြီး ၅ ရက်နေ့ နံနက်တွင် ဘားအံမြို့ တောင်ကလေးကျောင်းတိုက်၌ ကရင်လူမှုအဖွဲ့အစည်းများ၊ ကရင်ခေါင်းဆောင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ အပါအ၀င် ဒေသခံ ကရင်အမျိုးသားများကို တွေ့ဆုံပြီး အဖွဲ့၏ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် သဘောထားများကို ရှင်းလင်းပြောကြားမည် ဖြစ်သည်။
ခရီးစဉ်အတွင်း KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအ၀င်၊ အခြားနိုင်ငံရေးပါတီများနှင့် ယခုလ ၈ ရက်နေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံရန် ရှိသည်ဟု ကိုယ်စားလှယ်အဖွဲ့ဝင်တဦးက ပြောသည်။
လွန်ခဲ့သည့် ဇန်န၀ါရီလ ၁၂ ရက်နေ့က KNU အဖွဲ့သည် မြန်မာအစိုးရနှင့် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသော်လည်း ကရင်ပြည်နယ်အတွင်း နှစ်ဘက်တပ်ဖွဲ့ဝင်များအကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ယခုဆွေးနွေးမည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် KNU ဘက်မှ ထာဝရငြိမ်းချမ်းရရှိရန်အတွက် ထပ်မံဆွေးနွေးခြင်းဖြစ်ပြီး မြန်မာဘက်မှ ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက်များကို လက်ခံခြင်းမရှိပါက နှစ်ဘက်အကြား စစ်မှန်သည့် ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ အချိန်ကာလများစွာ ကြာမြင့်ဦးမည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA မှ အဆင့်မြင့် တပ်မှူးကြီးတဦးက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင်ကာ အစိုးရအဆက်ဆက်ကို တိုက်ပွဲဝင်လာခဲ့သည်မှာ ၆၃ နှစ်ရှိပြီး အဖွဲ့၏ လက်ရှိဥက္ကဌမှာ ဗိုလ်ချုပ်ကြီး စောတာမလာဘော ဖြစ်သည်။
Tuesday, April 3, 2012
“Inside News” Volume 5 Issue 4, 2012-Committee for Internally Displaced Karen People (CIDKP)
    "Inside News" Volume 5 Issue 4,  2012-Committee for Internally Displaced Karen People (...
Compilation of Burma Army activities since 12 January 2012, as of 23 March 2012
Compilation of Burma Army activities since 12 January 2012, as of 23 March 2012
Federation of Trade Unions Kawthoolei-FTUK_Statement burmese
Federation of Trade Unions Kawthoolei-FTUK_Statement burmese
Our Victory is People Victory AungSanSuuKyi says in the speech to the people on April 2 morning-video
Tourists flock to Myanmar to witness the historic election-video engl.
Aung San Suu Kyi to the People of Burma 2.april 2012-video english
Winning NLD candidate list announced in state tv-
ပျားရည်စစ်စစ်၏ ကျန်းမာရေး အာနိသင်များ
ပျားရည်ရဲ့ ချိုမြမှုက သဘာဝအချို ဖြစ်တာကြောင့် သကြားအစားထိုး သုံးနိုင်ပါတယ်။ ပျားရည်ဟာ အရသာရှိရုံသာမက အနာကောင်းကောင်း ကျက်စေတဲ့ အစွမ်းလည်းရှိပါတယ်။ ပျားရည်မှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စစ်၊ အင်ဇိုင်းတွေနဲ့ ဖိုင်တိုနျူးထရီးရန့်တွေ ပါဝင်နေတဲ့အပြင် ကာဗိုဟိုက်ဒရိတ်လည်း ပါဝင်တာကြောင့် စွမ်းအင်ကောင်းကောင်း ရရှိစေပါတယ်။ ကိုယ်ခံစွမ်းအား စနစ်ကိုလည်း ကောင်းမွန်စေပါတယ်။
(၁) ပျားရည်ဟာ အားရှိစေတဲ့ သဘာဝအရာဖြစ်ပြီး စွမ်းအင်ကို ချက်ချင်းရရှိစေပါတယ်။ ပျားရည်မှာပါတဲ့ ကာဗိုလ်ဟိုက်ဒရိတ်ကြောင့် ခန္ဓာကိုယ်က သန်စွမ်းမှုရရှိစေပါတယ်။ ပျားရည်မှာပါတဲ့ ကာဗိုလ်ဟိုက်ဒရိတ်ကြောင့် ခန္ဓာကိုယ်က သန်စွမ်းမှုရရှိပြီး ကြွက်သားတောင့်တင်း ညောင်းညာမှု လျော့ကျစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မူးဝေတာမျိုးကိုလည်း သက်သာစေပါတယ်။
(၂) လည်ချောင်းနာနေရင် ပျားရည်ကို ရေနွေးနဲ့ ရောပြီး သောက်ပေးပါက သက်သာစေပါတယ်။
(၃) ပျားရည်ကို ရှလကာရည်နဲ့ ရောပြီးသောက်ပေးရင် ဝမ်းချုပ်တာကို သက်သာစေပြီး ဗိုက်နာတာနဲ့ ခေါင်းကိုက်တာကို သက်သာစေပါတယ်။
(၄) ပျားရည်မှာ ကိုလက်စထရော မပါဝင်တဲ့အပြင် သွေးထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေကာ နှလုံးရောဂါထတဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။
(၅) ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်တို့ကို ရောမွှေပြီး ဆံပင်သားပေါ် လိမ်းပေးရင် ဆံပင်ကျွတ်တာကို လျော့ကျစေနိုင်ပါတယ်။
(၆) ပျားရည်နဲ့ သံပရာရည်တို့ကို ရောပြီး ပုံမှန်သောက်ရင် အဆီပိုတွေကို လျော့ကျစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းရေးမှာ အသုံးဝင်ပါတယ်။
(၇) ပျားရည်ကို နှင်းခူလို အရေပြားယားနာတွေပေါ် လိမ်းပေးရင် သက်သာစေပါတယ်။ အရေပြားခြောက်သွေ့နေရင် ပျားရည်ကို အကောင်းဆုံးအစိုဓာတ်ထိန်း ခရင်မ်အဖြစ် သုံးနိုင်ပါတယ်။ ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်းကို ကြက်သီးနွေးရေနဲ့ ရောကာ မျက်နှာပေါ်ကို ညင်ညင်သာသာ သုတ်လိမ်းပေးပါ။ နေ့စဉ်မှန်မှန် သုတ်လိမ်းပေးပါက တစ်ပတ်အတွင်းမှာ နူးညံ့ပြီး ကြည်လင်တောက်ပတဲ့ အသားအရေကို ရရှိစေပါတယ်။ သင့်အသားအရေက ဝက်ခြံပေါက်လွယ်တဲ့ အမျိုးအစားဖြစ်ရင်တောင်မှ ပျားရည်ကိုလိမ်းပေးရင် ဝက်ခြံတွေရဲ့ အနာကျက်စေတဲ့ အာနိသင်ကို ရရှိစေပါတယ်။
(၈) နံနက်တိုင်း ပျားရည် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက်သီးနွေးရေကို ရောပြီးသောက်ပေးရင် ဝမ်းမှန်စေပြီး အစာခြေစနစ် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဒါပေမဲ့
အသက်တစ်နှစ်အောက် ကလေးတွေကိုပျားရည် လုံးဝ မတိုက်သင့်ပါ။ ပျားရည်မှာ သဘာဝအတိုင်း botulinum endospores ဆိုတဲ့ ဘက်တီးရီးယားပိုး ပါဝင်တာကြောင့် ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်က ဒီဘက်တီးရီးယား ကြီးထွားမှုကို ရပ်တန့်သွားအောင် လုပ်နိုင်တဲ့အထိ အလုံအလောက် မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် ကလေးရဲ့ အူကို ပိုးဝင်ကူးစက်မှု ဖြစ်စေနိုင်ပါတယ်။
တညင်းသီး နှင့် သူ၏အဆိပ်
အဆိပ်တွေနဲ့အသီး
အားလုံးသိကြတဲ့အသီးပါပဲ။ ကြိုက်တဲ.လူလည်း တော်တော်များမယ်ထင်ပါတယ်။
အထူးသဖြင်. အမျိုးသမီးတွေဖြစ်မယ်ထင်ပါတယ်။ အဲဒါကတော့တညင်းသီးပါ။
တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific
name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကိုအကျိုးပြုတဲ. ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာကတော.လူကို ဒုက္ခပေး နိုင်တဲ. အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ.အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိပါဝင်ပါတယ်။ တညင်းသီးဟာ အဆိပ်သင်.တတ်တဲ.အစားအစာတစ်ခုဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင်.တာကို Djenkilism လို.ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော. ကျောက်ကပ်နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး
အသက်ဆုံးရှုံးတဲ.အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ.ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ.သံတောင်ကြီးဒေသတွေမှာ တညင်းသီးအဆိပ်သင်.မှု အများဆုံးတွေ.ရပါတယ်။
တညင်းသီးပေါတဲ. ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်.မှုကြောင်.အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင်. အဆိပ်သင်.တဲ.အခါ ဆေးရုံတက်ရောက်ပြီး စနစ်တကျကုသမှု မခံယူရင်သေဆုံးဖို.လမ်း
ပိုများတယ်လို.ဆိုပါတယ်။
အဆိပ်သင်.ခြင်း
တညင်းသီးအဆိပ်ရဲ. ဖွဲ.စည်းပုံမော်လီကျုးကတော. အပ်ချောင်းပုံလေးတွေကိုပုတီးသီသလို သီထားတဲ.ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီး တစ်ခုနဲ.တစ်ခုအလွယ်တကူ ချိတ်တွယ်နိုင်ပါတယ်။ ကျနော်တို. ခန္ဓာကိုယ်မှာ အဆိပ်တွေဝင်လာရင်အသည်းက ပျက်ပြယ်အောင်လုပ်ပေး ပါတယ်။ ကျောက်ကပ်ကတော.ခန္ဓာကိုယ်ကအညစ်အကြေးတွေကို စွန်.ထုတ်ပေးပါတယ်။ တညင်းသီးစားလိုက်ရင်ပါဝင်တဲ.အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်သွားပါတယ်။ ပြီးတဲ.အခါ
အသည်းကိုရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ. အဆိပ်တွေကို
ပျက်ပြယ်အောင်လုပ်ပေးနိုင်ပေမယ့်
တညင်းသီးမှာပါတဲ. အဆိပ်ကိုတော.ပျက်ပြယ်အောင်
မလုပ်နိုင်ဘူးလို.ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်ကနေစွန်.ထုတ်ဖို.ကြိုးစားရပါတယ်။ ဒါပေမယ်. တညင်းသီးအဆိပ်မော်လီကျုးရဲ.တည်ဆောက်ပုံကြောင်. ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို.တတ်ပါတယ်။
 နောက်ပြီးအပ်ချောင်းပုံအဆိပ်မော်လီကျုးတွေကထိုးလို. သွေးကြောလေးတွေပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွားနည်းတာတွေဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ.အခါ ဆီးလမ်းကြောင်းပိတ်ပြီး ဆီးလုံးဝသွားလို.မရဖြစ်လာပါမယ်။ ကျောက်ကပ်နှစ်ခုစလုံးက ဆီးမထွက်နိုင်လို.
တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Ureaနဲ.အဆိပ်အတောက်တွေများလာပြီး
 ဆေးရုံကို အချိန်မီ တက်ရောက်ကုသမှုမခံယူရင်အသက်သေဆုံးနိုင်ပါတယ်။ ဒါကို ရုတ်တရက်
 ကျောက်ကပ်ပျက်စီးခြင်း (Acuterenal failure) လို.ခေါ်ပါတယ်။ ကျောက်ကပ်သန်.စင်စက် (Renal dialysis) နဲ.အချိန်မီကုသ နိုင်မှသာ အမြန်ဆုံးသက်သာမှာ ဖြစ်ပါတယ်။
တညင်းသီးစားမယ်ဆိုရင်
တညင်းသီးမှာပါတဲ. အဆိပ်ဓာတ်ဟာ ရေမှာအနည်းငယ်သာ ပျော်ဝင်တဲ.
အဆိပ်မျိုးဖြစ်ပါတယ်။ ပျော်ဝင်နှုန်းက ၀.၅% သာဖြစ်ပါတယ်။ တညင်းသီးကိုပြုတ်လိုက်ရင် အဆိပ်ဓာတ်နည်းနည်းသာ ပျော်ဝင်ပြီးပြည်.၀သွားတဲ.အတွက်အဆိပ်တွေ ထပ်ပြီးမပျော်နိုင်ပါဘူး။ ဒါကြောင်. ရေနဲ.ပြုတ်တဲ.အခါတစ်ကြိမ်တည်းနဲ. မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ
ရေများများနဲ. ပြုတ်ရမှာဖြစ်ပါတယ်။ ပြုတ်ပြီတဲ. ရေတွေကိုလည်း သွန်ပစ်ပြီးရေအသစ်နဲ. ထပ်ပြုတ်ရမှာပါ။ ဒါဆိုရင်တော. အန္တရယ်တော်တော်လျော.သွားမှာပါ။တညင်းသီးအဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ်ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင်.ဘယ်လိုမှ ဓာတ်မပြယ်နိုင်ပါဘူး။ တကယ်လို.များမီးဖုတ်ပြီးစားရင် အဆိပ်တွေဟာ ဓာတ်လည်းမပြယ်၊ အပြင်လည်းမရောက်တော. 100%ခန္ဓာကိုယ်ထဲရောက်ပြီး ဒုက္ခပေးမှာဖြစ်ပါတယ်။
 တညင်းသီးကို ဆားရည်မှာကြာကြာစိမ်ပြီးစာရင်တော. အဆိပ်တွေတော်တော်လေးလျော.နည်းသွားတယ်
လို.ဆိုပါတယ်။
 တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေ
 ပျော်ဝင်မှု Solubility များလေလေဖြစ်ပါတယ်။
အနံ.ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း
တညင်းသီးစားပြီးတဲ.အခါ ပါးစပ်မှာနံနေတာ၊ ဆီးသွားရင် အနံ.ဆိုးတာတွေဟာခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို.ဆိုလိုတာပါပဲ။ တညင်းသီးအဆိပ်နဲ.ပတ်သက်ပြီး WHO(1970), South East Journal of Tropical Medicine(1978) စသဖြင်.ထုတ်ပြန်ရေးသားထားတာတွေလည်း
ရှိပါတယ်လို.ဆိုတယ်။
 ဒါကြောင်.စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ.ဆိုးပေးတဲ.
ဒီလိုအသီးကို တတ်နိုင်သမျှတော့မစားသင့်ဘူးလို့ထင်ပါတယ်။
(ဒေါက်တာ ခင်မောင်လွင်-FAME ၏ ကျန်းမာသုတအစီအစဉ်မှ ကောက်နုတ်၍
အကျဉ်းချုံးဖော်ပြပါသည်။)
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) နိုင်ငံရေးအဖွဲ့အစည်းတရပ်အနေနှင့် ပြောင်းလဲဖွဲ့စည်း
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) နိုင်ငံရေးအဖွဲ့အစည်းတရပ်အနေနှင့် ပြောင်းလဲဖွဲ့စည်း
ဓာတ်ပုံသတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
ဧပြီလ ၂ ရက်၊ ၂၀၁၂ ခုနှစ်
ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) အဖွဲ့သည် နိုင်ငံရေးအဖွဲ့အစည်းတရပ်အနေနှင့် ရပ်တည်သွားရန်အတွက် ယနေ့မှ စတင်ကာ အဖွဲ့ကို ကလို့ထူးဘောကရင်အစည်းအရုံး (KKO) ဟု ပြောင်းလဲဖွဲ့စည်းလိုက်သည်။
ဖွဲ့စည်းပုံအရ ယနေ့ပြုလုပ်သည့် ရွေးကောက်ပွဲတွင် ဥက္ကဌအဖြစ် မန်းရောဘတ်ဇန် (ဖူးကီးဒို) ဒု-ဥက္ကဌစောမိုရှေး၊ အထွေထွေအတွင်းရေးမှူး စောဂုဏ်အောင်၊ တွဲဘက်အတွင်းရေးမှူး (၁) နော်ကော်သူးလေလားဖော၊ တွဲဘက်အတွင်းရေးမှူး (၂) စောလုံ့လုံ တို့ကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။
ဗိုလ်ချုပ်စောလားပွယ်မှာ KKO အဖွဲ့၏ စစ်ဦးစီးချုပ်အဖြစ် ဆက်လက် တာဝန်ယူမည်ဖြစ်ပြီး KKO ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကာကွယ်ရေးဌာန တာဝန်ခံ၊ နိုင်ငံခြားရေးဌာန၊ ကျန်းမာရေး၊ စီးးပွားရေး၊ ပညာရေး၊ အပါအအ၀င် ဌာန ၁၂ ခု ပါရှိသည်။
အသစ်ရေးဆွဲထားသည့် အဖွဲ့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို KKO ဌာနချုပ်တည်ရှိရာ မြ၀တီခရိုင် ဆုံဆည်းမြိုင်ကျေးရွာတွင် ယမန်နေ့က စတင်ကာ လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီးနောက် တက်ရောက်လာသည့် ဘာသာရေးခေါင်းဆောင်များ၊ ကရင်နိုင်ငံရေးအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရဟန်းရှင်လူများက ယနေ့တွင် အတည်ပြုပေးခဲ့ကြခြင်းသည်။
ရင်နာဖွယ်ကောင်းလိုက်သောသတင်း မီးပူဖြင့် အကပ်ခံရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး
(၂၅၊ ၃၊ ၂၀၁၂)ရက်နေ့ ည (၁၂)နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့  ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်တေဇ
လမ်း၊ ပဲခူးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏အိမ်တွင်ငှားနေသော ပဲခူးမြို့  ဒုတိယမြို့ နယ်တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ အိမ်ဖော်မလေး မအေးယုအောင် အသက်(၁၅)နှစ်အား မီးပူတိုတ်
တာကြာလို့ဆိုပြီး မီးပူဖြင့်ထိုးကပ်တာခံခဲ့ရကြောင်းသိရှိခဲ့ရပါသည်၊
မအေးယုအောင်ကို အိမ်ရှင်ဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ မီးပူနှင့်ကပ်တာကို ဘယ်သူကိုမှမပြောပြရန်အမျိုးမျိုးခြိမ်းခြောက်
ထားသည့်အတွက် ဘယ်သူကိုမပြောပြရဲခဲ့ပါ၊ နောက်(၅)ရက်ခန့်ကြာတွင် ရပ်ကွက်ထဲရှိ ပင်စည်ဈေးတွင် ဈေးသွားဝယ်ရာ
သူမ၏ လည်ပင်းနှင့် ရင်ဘက်ရှိ မီးလောင်ဒဏ်ရာကို ပတ်ဝန်ကျင်မှ လူများကတွေ့ရှိပြီးမေးမြန်းသောအခါမှ ၀မ်းနည်း
ငိုကြွေးကာ သူမကို အိမ်ရှင်ဖြစ်သူ ဒုတိယမြို့ နယ်တရားသူကြီး၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ “ မီးပူတိုက်တာကြာတယ်၊
မီတာခကုန်တယ်”ဆိုပြီး ပြောဆိုကာ သူမ၏ လည်ပင်းနှင့် ရင်ဘက်ကို မီးပူဖြစ် ထိုးကပ်ခဲ့ကြောင်းပြောဆိုခဲ့ပါတယ်၊
ရပ်ကွက်အတွင်းရှိ လူများက ရဲစခန်းတွင်တိုင်ချက်ဖွင့်ရန် တိုက်တွန်းအားပေးခဲ့သောလည်း သူမအနေဖြင့် အိမ်ရှင်ဖြစ်သူမှာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်တင်၏ အိမ်တွင်ဌားနေသော ပဲခူးမြို့ ၊ ဒုတိယမြို့ နယ် တရားသူကြီး ဖြစ်သည့်အတွက် မတိုင်ကြားရဲကြောင်း၊ သူမ၏မိဘများအနေဖြင့် သမီးဖြစ်သူ မအေးယုအောင်ကိစ္စနှင့်ပတ်သက်ပြီး ယခုအချိန်ထိအမှုဖွင့်မည် မဖွင့်မည်ကို စုံစမ်းမသိရှိရသေးပါ၊ မအေးယုအောင်၏ ဖခင် ဦးမောင်ဝင်းမှာ(ကွယ်လွန်)သွားပြီးဖြစ်ပြီး၊ မိခင်ဖြစ်သူ ဒေါ်ကြူနှင့် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ ၊ သိန်းတန်းရပ်ကွက်တွင်နေထိုင်ရာမှ ပဲခူးမြို့  ၊ ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက် ဦးအောင်ဖုန်းဝင်း၊ဒေါ်ဖြူသက်ဝင်းတို့ငှားနေသော နေအိမ်တွင် အိမ်ဖော်အလုပ်လာလုပ်သော အသက်(၁၅)နှစ်အရွယ် မိန်းခလေးတစ်ဦးဖြစ်ပါသည်။
Monday, April 2, 2012
Suu Kyi took residency in Wathinkha village
March 31, 2012
Aung San Suu Kyi stands at a balcony at her constituency Wahtheinkha village, Kawmhu Township, Yangon, Myanmar, 31 March 2012. Aung San Suu Kyi was heading to the rural constituency of Kawhmu, from where she is contesting a by-election on 01 April – the first election the Nobel Peace laureate will contest in the country. Members of her National League for Democracy (NLD) party are contesting another 43 seats nationwide..Suu Kyi took residency in Wathinkha village, part of Kawhma district, in order to contest from the constituency. She will spend Saturday night with her adopted family in Wathinkha
Tun Tun Kyaw
A village headman prepares the guest bed for Aung San Suu Kyi, who announced she will stay overnight in her remote rural constitiency of Kawmhu where she stands for a seat in the parliamentary by-elections, Myanmar, 31 March 2012. Suu Kyi said 30 April she wanted to stay overnight so she could be in the constituency early 01 April, even though she is not registered to vote there as her home remains in Yangon. A new wave of reform in Myanmar is taking place ahead of parliamentary by-elections 01 April.
Great Victory NLD, April 1, 2012-video
KNLA ဗိုလ်ကြီးစောဖါးလယ် လူကြီးရောဂါဖြင့် ကွယ်လွန်
ဓါတ်ပုံ+သတင်း = ကွယ်ကလူ
thu ko pa lae
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲနိုင်
By VOA (မြန်မာပိုင်း) | ဝါရှင်တန်
မြန်မာနိုင်ငံမှာ ဒီကနေ့ကျင်းပခဲ့တဲ့ လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ်မှာ အနိုင်ရသွားပါတယ်။
လွှတ်တော်မှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၄၈ နေရာထဲက မဲဆန္ဒနယ် ၄၅ နေရာမှာ ရွေးကောက်ပွဲတွေကို ကျင်းပခဲ့တာဖြစ်ပြီး အခုနောက်ဆုံး သိရသလောက်တော့ NLD ပါတီက ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နေရာ ၄၄ နေရာမှာ မဲဆန္ဒနယ်အများစုကို အနိုင်ရနေပြီလို့ သိရပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ညနေပိုင်းမှာပဲ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ အနိုင်ရတဲ့အပေါ်မှာ ကိုယ်စားလှယ်တွေအနေနဲ့ ၀မ်းသာကြတယ်ဆိုတာ သဘာဝကျကြောင်း၊ ဒါပေမဲ့ တဘက်မှာလည်း တခြားပါတီတွေက ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ထိခိုက်စေမယ့် အပြောအဆိုမျိုးကို မလုပ်ကြဖို့၊ ပြည်သူလူထုရဲ့ အောင်မြင်မှုကို သိက္ခာကျစေမယ့် အပြုအမူကို ရှောင်ရှားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် ဒီရွေးကောက်ပွဲအတွင်း တချို့ မြို့နယ်တွေမှာ မဲကတ်ပြားတွေကို မဲပေးလို့မရအောင် ဖယောင်းသုတ်ထားတာတွေ၊ မဲပေးသူတွေကိုလည်း ခြိမ်းခြောက် အကြပ်ကိုင်တာတွေ၊ မဲစာရင်းပြဿနာတွေ ရှိခဲ့ပြီး NLD ပါတီက ဒီလို မဲသမာမှုတွေကို ပြည်ထောင်စုကော်မရှင် အနေနဲ့ အရေးယူပေးဖို့ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
ရေတွက်ပြီးသလောက် အနိုင်ရရှိသော ကိုယ်စားလှယ်အမည်စာရင်းများ
Author: ကိုးဒီသွေး | Posted at: 1:18 AM | Filed Under:
၁။ ဒေါ်အောင်ဆန်းစုကြည် (NLD) ကော့မူးမြို့နယ် မဲဆန္ဒနယ်မြေ မဲဆန္ဒနယ်မြေ
၂။ ဒေါက်တာဇော်မြင့်မောင် (NLD) ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်မြေ
၃။ ကိုဇေယျသော် (NLD) ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော် မဲဆန္ဒနယ်မြေ
၎။ ဒေါက်တာမျိုးအောင် (NLD) ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်မြေ
၅။ ဦးပိုက် (NLD) ပခုက္ကူမြို့နယ် မဲဆန္ဒနယ်မြေ
၆။ ဦးအောင်စိုး (NLD) လောင်းလုံမြို့နယ်၊ တနင်္သာရီတိုင်း မဲဆန္ဒနယ်မြေ
၇။ ဒေါ်စန္ဒာမင်း (NLD) ဇဗ္ဗျူသီရိမြို့နယ်။ နေပြည်တော် မဲဆန္ဒနယ်မြေ
၈။ ဦးမန်းဂျော်နီ (NLD) မြောင်းမြမြို့နယ် မဲဆန္ဒနယ်မြေ
၉။ ဒေါ်စုစုလွင် (NLD) သုံးခွမြို့နယ် မဲဆန္ဒနယ်မြေ
၁၀။ ဦးအုန်းကြိုင် (NLD) မဟာအောင်မြေမြို့နယ်၊ မန္တလေး မဲဆန္ဒနယ်မြေ
၁၁။ ဦးပေါခင် (NLD) နွားတိုးကြီးမြို့နယ် မဲဆန္ဒနယ်မြေ
၁၂။ ဒေါ်ဖြူဖြူသင်း (NLD) မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်မြေ
၁၃။ ဦးစိုင်းမြင့်မောင် (NLD) လားရှိုးမြို့နယ်၊ မဲဆန္ဒနယ်မြေ
၁၄။ ဦးကျော်သီဟ (NLD) ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ်မြေ
၁၅။ ဦးမြင့်သိန်း (NLD) မကွေးမြို့ မဲဆန္ဒနယ်မြေ
၁၆။ ဦးခင်မောင်သိန်း (NLD) စစ်ကိုင်းမြို့ မဲဆန္ဒနယ်မြေ
၁၇။ ဦးသိန်းဆွေ (NLD) ဖျာပုံမြို့ မဲဆန္ဒနယ်မြေ
၁၈။ ဒေါက်တာ မေ၀င်းမြင့် (NLD) မရမ်းကုန်း မဲဆန္ဒနယ်မြေ
၁၉။ ဦးဖြိုးမင်းသိန်း (NLD) လှည်းကူးမြို့နယ် မဲဆန္ဒနယ်မြေ
၂၀။ ဒေါက်တာ မြင့်နိုင် (NLD) စစ်ကိုင်းတိုင်း မဲဆန္ဒနယ်မြေ
၂၁။ ဒေါ်ခင်ဌေးကြွယ် (NLD) မော်လမြိုင် မဲဆန္ဒနယ်မြေ
၂၂။ ဦးမင်းသူ (NLD) ဥတ္တရသီရိ၊ နေပြည်တော် မဲဆန္ဒနယ်မြေ
၂၃။ ဦးစိန်ဝင်းဟန် (ခ) ဦးစိန်ဝင်း (NLD) မအူပင်မြို့နယ် မဲဆန္ဒနယ်မြေ
၂၄။ ဒေါက်တာသန်းငွေ (NLD) ကလောမြို့နယ် မဲဆန္ဒနယ်မြေ
၂၅။ ဒေါ်ခင်သန္တာ (NLD) တံတားဦး မဲဆန္ဒနယ်မြေ
၂၆။ ဦးမြင့်ဦး သနပ်ပင် မဲဆန္ဒနယ်မြေ မဲဆန္ဒနယ်မြေ
၂၇။ ဦးနိုင်ငံလင်း (NLD) ဒက္ခိဏသီရိမြို့၊ နေပြည်တော် မဲဆန္ဒနယ်မြေ
၂၈။ ဦးကျော်မြင့် (NLD) မြန်အောင်မဲဆန္ဒနယ်မြေ မဲဆန္ဒနယ်မြေ
၂၉။ ဒေါ်တင်တင်ရီ (NLD) ကျွန်စုမြို့နယ် မဲဆန္ဒနယ်မြေ
၃၀။ ဦးဝင်းထိန် (NLD) မိထ္ထိလာ မဲဆန္ဒနယ်မြေ
၃၁။ ဦးဝင်းမြင့် (NLD) ပုသိမ် မဲဆန္ဒနယ်မြေ
မဲရေတွက်ပြီးသလောက် ထွက်ရှိလာတဲ့ စာရင်းပါ။ ကျန်တဲ့ မဲဆန္ဒနယ်မြေတွေရဲ့ စာရင်းကိုထွက်လာရင် ထပ်ဖြည့်ပေးမှာ ဖြစ်ပါတယ်။
(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် ယနေ့ မဲရလဒ်များနှင့် ပတ်သက်ပြီး ထုတ်ပြန်ကြေညာ နေမှုကို ည ၁၁ နာရီ အချိန်တွင် ရပ်နားလိုက်ပြီး မနက်ဖြန် နံနက် ၉ နာရီ အချိန်တွင် ဆက်လက် ထုတ်ပြန် သွားမည်ဟု သိရသည်။)
Share This
ဧပြီ တစ်ရက် နေ့  နံနက် ပိုင်း မဲပေးမှု ဓာတ်ပုံ
ပုသိမ်မြို့တွင် ယနေ့ ဧပြီလ (၁)ရက်နေ့ဝယ် ပိတောက်ပန်းများ အထူးပွင့်နေကြကြောင်း၊ တစ်မြို့လုံးမှာ ကြားဖြတ်ရွေးကောက်ပွဲကိုသာ အာရုံစိုက်နေကြပြီး ဈေးဆိုင်အများစုမှာ ဆိုင်ပိတ်ထားကြကြောင်း သိရသည်။-Popular Myanmar News Journal
Kyaw Win Khine
ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာ မဲရုံအမှတ် ( ၁ ) သို့ လာရောက်ကြည့်ရှုသော ဒေါ်အောင်ဆန်းစုကြည်
Photo Messenger News Royaltower Journal
ရဲရင့်ငယ် ဘလောက် မှ
လက်ရှိသိရှိရသော မဲရရှိမှုစာရင်းများ
ပုလဲမြို့နယ်မှ ကျေးရွာများတွင်
(ပဲမင်းမ ကျေးရွာ)
NLD ၂၉၃ မဲ ၊ ကြံခိုင်ရေးပါတီ ၁၈၇ မဲ၊ ပြည်သူ့ ဒီမိုကရေစီပါတီ ၂၅ မဲ၊ ပယ်မဲ ၁၆ မဲ
(ကန်သာယာကျေးရွာ)
NLD ၁၆၃ မဲ၊ ကြံခိုင်ရေးပါတီ ၁ မဲ၊ ပယ်မဲ ၁ မဲ
(ကန်သစ်ကျေးရွာ)
NLD ၂၅၄ မဲ၊ ကြံ့ခိုင်ရေးပါတီ ၂၄ မဲ၊ ပြည်သူ့ဒီမိုကရေစီပါတီ ၃ မဲ၊ ပယ်မဲ ၄၁ မဲ
(ဇီးယင်းကျေးရွာ)
NLD ၂၈၂ မဲ၊ ကြံခိုင်ရေးပါတီ ၁၆၁ မဲ၊ ပယ်မဲ ၁ မဲ
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ဖောင်းသင်ရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနိုင်ရရှိသွားသည်ဟု ပြည်တွင်း သတင်းထောက် တဦးက ပြောသည်။
ဖာင်သင်ကျေးရွာရှိ အမက ကျောင်း မဲရုံတွင် လာရောက်မဲပေးသည့် ၃၄၃ မဲထဲမှ NLD အမတ်လောင်း
ဒေါ်သန်းငွေက ၁၇၆ မဲ၊ ကြံ့ခိုင်ရေးပါတီမှ ဦးမြဝင်း က ၅၅ မဲ၊ ကျားဖြူပါတီမှ ဦးစဝ်သာဦး က ၅ မဲ၊ တစညပါတီမှ ဦးခင်မောင်လှ က ၉ မဲ ရရှိကြပြီး ပယ်မဲ ၇၆ မဲဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်သာရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ မဲအပြတ်ဖြင့် အနိုင်ရ သွားကြောင်း NLD ကိုယ်စားလှယ်လောင်း ဒေါ်ခင်စန်းလှိုင် က ပြောသည်။
ကန်သာရွာတွင် မဲလာရောက်ပေးသူ ၁၆၅ ဦးရှိပြီး နေ့လည် ၁ နာရီတွင် မဲပေးမှု ပြီးစီးသွားပြီ ဖြစ်ကြောင်း ပြောသည်။
ကော့မှူးမြို့နယ် ရေကျော်ကျေးရွာတွင် မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးပြီးဖြစ်၍ မဲရုံတာဝန်ရှိသူများက မဲရေတွက်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၂၁၇ မဲရရှိခဲ့ပြီး ကြံခိုင်ရေးပါတီမှ ဒေါက်တာစိုးမင်းက ၃၇ မဲရရှိခဲ့ပြီး ပယ်မဲ ၂ မဲရှိကြောင်း NLD ရုံးချုပ်(ဗဟို) က ထုတ်ပြန်သည်။
ကျွန်းလှမြို့နယ်အတွင်း မဲရရှိမှု အခြေအနေများ
သာစည်ရွာ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၇၀ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၃၃ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ၁၄ မဲနှင့် ပြည်သူ့ဒီမိုကရေစီ ပါတီက ၅ မဲ ရရှိခဲ့ပြီး ပယ်မဲ ၂၀ ရှိခဲ့ပါသည်။ သစ်ချိုကျေးရွာ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၁၇၀မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၀ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ၄၁ မဲနှင့် ပြည်သူ့ဒီမိုကရေစီ ပါတီက ၁၀ မဲ ရရှိထားပြီး ပယ်မဲ ၃၈ မဲရှိခဲ့ကြောင်း သိရသည်။
နွားလပို့တောင်ကျေးရွာ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၂၁၇ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၄၆ မဲ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီက ၅မဲနှင့် ပြည်သူ့ဒီမိုကရေစီ ပါတီက ၃ မဲ ရရှိခဲ့ပြီး ပယ်မဲ ၄ မဲ ရှိခဲ့ကြောင်း သိရသည်။ ကြာသကန်ကျေးရွာ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၁၀၄ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၈၉ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ၈၂ မဲနှင့် ပြည်သူ့ ဒီမိုကရေစီ ပါတီက ၇မဲ ရရှိခဲ့ပြီး ပယ်မဲ ၂၅ မဲရှိခဲ့ပါသည်။
ပျင်းပြင်ကျေးရွာ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၁၆၇ မဲ ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၅၃ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၂၈ မဲနှင့် ပြည်သူ့ ဒီမိုကရေစီ ပါတီက ၄ မဲရရှိခဲ့ကာ ပယ်မဲ ၄ မဲ ရှိခဲ့ပါသည်။ ခေါ်တောကျေးရွာ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၃၁၅ မဲ ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၇၃ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၁၉ မဲနှင့် ပြည်သူ့ ဒီမိုကရေစီ ပါတီက ၆ မဲရရှိခဲ့ကာ ပယ်မဲ ၁၃ မဲ ရှိခဲ့ပါသည်။
သဗွက်တော ကျေးရွာ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၃၈၉ မဲ ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၉ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၂၆ မဲနှင့် ပြည်သူ့ ဒီမိုကရေစီ ပါတီက ၁၀ မဲရရှိခဲ့ကာ ပယ်မဲ ၄၂ မဲ ရှိခဲ့ပါသည်။
ငါးသိုင်းချောင်းမြို့မဲစာရင်း
မင်းလမ်း NLD ၉၈၀/ အခြားပါတီ ၁၈၀ မဲရရှိကြောင်းသတင်းရရှိပါသည်။ မြို့မရပ်ကွက်တစ်ရပ်ကွက်အတွက်သတင်းဖြစ်ပါသည်။
ဒေါ်လှမြတ်သွေး (NLD ကိုယ်စားလှယ်လောင်း) အနိုင်ရရှိ
င၀န်ပိုင်း NLD 742/ ကြံ့ခိုင်ရေးပါတီ 136 မဲ ရရှိကြောင်း
ရှေ့ဆောင်ရပ်တွင် NLD 836 မဲ၊ြံ့
မကွေးမြို့နယ် ရွာ (၁၀)ရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲအမျာစု ရရှိထားကြောင်း လတ်တလော သတင်း ရရှိထားသည်။ မကွေးတိုင်း ကံပြားတိုက်နယ်ရှိ ပုထိုးစမ်းကျေးရွာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၅၀ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၈၉ မဲ ရရှိခဲ့ကြောင်း သိရသည်။
မကွေးတိုင်း စမ်းမကြီးအုပ်စုရှိ ကန်နီကျေးရွာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၀မဲ ဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၈၀ မဲ ရရှိခဲ့ကြောင်း သိရပါသည်။
မကွေးတိုင်းရှိ မိကျောင်းရဲတိုက်နယ် မန်းကျည်းစမ်း ကျေးရွာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၆၄မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၅၈ မဲ ရရှိခဲ့ကြောင်း သိရသည်။
တင်္နသာရီတိုင်း လောင်းလုံမြို့ မဲရုံ ၉ရုံတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၇၁၉ မဲ ရရှိပြီး အနိုင်ရရှိခဲ့ကြောင်း သိရပါသည်။ မကွေး TTC မဲရုံ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၆၀ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃၂ မဲ ရရှိခဲ့ပြီး ပယ်မဲ ၅ မဲရှိခဲ့ကြောင်း သိရပါသည်။