Saturday, November 21, 2009

ရွှေဂုံတိုင်ကြေညာစာတမ်းနှီးနှောဖလှယ်ပွဲ ဂျပန်နိုင်ငံတွင်ကျင်းပပြုလုပ်မည်




ယခုနှစ် ဧပြီလ(၂၉)ရက်နေ့က မြန်မာပြည်တွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပြန်ထားခဲ့သော ”ရွှေဂုံတိုင်ကြေညာစာတမ်း“ကို ဂျပန်နိုင်ငံရှိ မြန်မာဒီမိုကရေစီအင်အားစုများမှ အပြည့်အ၀ထောက်ခံကြောင်းနှင့် အဆိုပါကြေညာစာတမ်း၏အရေးကြီးပုံကို ဂျပန်အစိုးရနှင့်တကွ ဂျပန်နိုင်ငံရှိ လူမှုအခြေပြုအဖွဲ့အစည်းများ၊ ဂျပန်နိုင်ငံရေးပါတီများ၊ ဂျပန်အလုပ်သမားသဂ္ဂများအပါအ၀င် ဂျပန်လူထုနှင့် ဂျပန်နိုင်ငံရှိ နိုင်ငံခြားသံရုံးများပါ သဘောပေါက်လက်ခံလာပြီး အားပေးထောက်ခံမှုရရှိစေရန်ရည်ရွယ်၍ နှီးနှောဖလှယ်ပွဲတရပ် ကျင်းပပြုလုပ်မည်ဟုသိရှိရသည်။

နှီးနှောဖလှယ်ပွဲကို လာမည့် နိုဝင်ဘာ ၂၃ရက်(တနင်္လာနေ့တွင်)ကျင်းပပြုလုပ်မှာဖြစ်ပြီး ”ရွှေဂုံတိုင်ကြေညာစာတမ်း(သို့)လက်ရှိမြန်မာနိုင်ငံအကျပ်အတည်းမှထွက်ရပ်လမ်း”(Gateway to National Reconciliation in Union of Burma)ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မှာဖြစ်သည်။

ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး နှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ကိုသန့်ဇင်ဦး(NLD-LA JB)မှ ”အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စုံညီညှိနှိုင်းအစည်းအဝေးပွဲအပြီး ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းဟာ လက်ရှိမြန်မာ့နိုင်ငံရေးအတွက် အဓိကအရေးပါတဲ့ အခန်းကဏ္ဍလို့ ကျနော်ယုံကြည်ပါတယ်။ ဒီကြေညာစာတမ်းဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေ မြန်မာနိုင်ငံအတွင်းမှာပေါ်ထွန်းရေးအတွက် တခုတည်းသောထွက်ရပ်လမ်းလို့ မြင်ပါတယ်။ နောက်ပြီး မြန်မာပြည်တွင်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နအဖရဲ့ မတရား ဖမ်းဆီးဖိနှိပ်များအောက်မှ နှစ်ပေါင်း(၂၀)ကျော်ကြာအောင် ကြံ့ကြံ့ခံရပ်တည်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ပေါက်လာဖို့အတွက် မဆုတ်မနစ်သောဇွဲ၊ လုံ့လများနဲ့ ကြိုးစားလုပ်ဆောင်နေတာကို ဂျပန်အစိုးရနှင့်တကွ ဂျပန်လူထုသိရှိနားလည်ဖို့နှင့် ဒီထက်ပိုမိုပြီး အားပေးထောက်ခံမှုရရှိလာစေဖို့နဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းမှာပါတဲ့ တောင်းဆိုထားတဲ့အချက်တွေ အပြည့်အ၀အကောင်အထည်ပေါ်လာနိုင်စေဖို့အတွက် နှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါတယ်…”ဟု ရှင်းပြသည်။

နှီးနှောဖလှယ်ပွဲသို့ AIPMC(ASEAN Inter-Parliamentary Myanmar Caucus)မှ တာဝန်ခံများ၊ ဂျပန်နိုင်ငံရှိ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားအစရှိသည့် အာရှနိုင်ငံများမှ သံတမန်များအပြင် အီးယူ၊ အမေရိကန်၊ ဂျာမဏီအစရှိသည့် အနောက်နှင့် ဥရောပနိုင်ငံများမှ သံတမန်များပါ တက်ရောက်ကြမည်ဖြစ်သည်။

ဂျပန်အစိုးရပိုင်းအနေဖြင့် မြန်မာ့အရေးကို ထောက်ခံအားပေးနေသည့် ဂျပန်လွှတ်တော်အမတ်များသမဂ္ဂမှ အမတ်များအပါအ၀င် နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူအဆင့်မြင့်တာဝန်ခံများတက်ရောက်မည်ဖြစ်ပြီး အဆိုပါပုဂ္ဂိုလ်များမှ မြန်မာပြည်အပေါ်ထားရှိသည့် ဂျပန်အစိုးရ၏သဘောထားများကို ပြောကြားမည်ဟုလည်းကိုသန့်ဇင်ဦး၏ ဆက်လက်ရှင်းပြချက်အရ သိရှိရသည်။

ထို့အပြင် ဂျပန်နိုင်ငံရှိ လူမှုအခြေပြုအဖွဲ့အစည်းများဖြစ်ကြသည့် A.I, Human Watch, PFB, ဂျပန်အလုပ်သမားသမဂ္ဂ(RENGO)မှ တာဝန်ခံများ၊ မြန်မာ့အရေးလည်း တက်ရောက်ကြမည်ဖြစ်သည်။
အပြန်အလည်ဆွေးနွေးပွဲတွင် NCGUB မှ အလုပ်သမားဝန်ကြီး ဦးခွန်မြင့်ထွန်းမှ ရွှေဂုံတိုင်ကြေညာစာတမ်း၏ အရေးပါပုံကို ရှင်းလင်းတင်ပြမည်ဟုသိရသည်။

ယခုပြုလုပ်မည့်နှီးနှောဖလှယ်ပွဲနှင့်ပတ်သက်ပြီး ဒေါက်တာမင်းညိုမှ”ကျနော့်အမြင်ပြောရင် ဒီနှီးနှောဖလှယ်ပွဲကနေအခြေခံပြီး နအဖ စစ်ခေါင်းဆောင်တွေ တဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေဟာ ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီမဆန်ဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း အကျိုးပြုမှာမဟုတ်ဘူးလို့ တက်ရောက်လာတဲ့ ဂျပန်အစိုးရပိုင်းမှ အမတ်တွေနဲ့တကွ နိုင်ငံတကာသံရုံးကပုဂ္ဂိုလ်တွေရော၊ ဂျပန်အလုပ်သမားသမဂ္ဂတွေပါ သိရှိသွားကြလိမ့်မယ်။ ဒါဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဆိုတာလည်း နိုင်ငံတကာက လက်ခံမှာမဟုတ်တော့ဘူး။ ၉၀ ရွေးကောက်ပွဲအနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းသာလျင် လက်ရှိမြန်မာ့နိုင်ငံရေးအကျပ်အတည်းအတွက် ထွက်ပေါက်လို့ အားလုံးကသဘောပေါက်လာကြပြီး နအဖစစ်ခေါင်းဆောင်တွေကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတောင်းဆိုထားတဲ့ အချက်တွေကို လက်ခံဖို့ ဖိအားပေးလာနိုင်လိမ့်မယ်လို့ ကျနော်မြင်ပါတယ်…”ဟု ပြောဆိုသည်။

ရွှေဂုံတိုင်ကြေညာစာတမ်းနှီးနှောဖလှယ်ပွဲကို ဂျပန်အလုပ်သမားသမဂ္ဂ(RENGO)အဆောက် အဦတည်ရှိရာ တိုကျိုမြို့၊ ချီအိုဒါရပ်ကွက်ရှိ SOHYO KAIKAN ၏ ဒုတိယထပ်တွင် နံနက် ၉း၃၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ နှစ်ပိုင်းခွဲ၍ ပြုလုပ်မည်ဖြစ်သည်။

ပထမပိုင်းအစီအစဉ်တွင် နှီးနှောဖလှယ်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်၊ လက်ရှိ မြန်မာပြည်နိုင်ငံရေးအခြေအနေ၊ မြန်မာပြည်အပေါ်ထားရှိသည့် ဂျပန်အစိုးရ၏သဘောထား၊ AIPMC ၏သဘောထား၊ ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၏သဘေားထား၊ မြန်မာ့အရေးဆောင်ရွက်နေသည့် ဂျပန်လွှတ်တော်သမဂ္ဂ၏သဘေားထား အစရှိသည်တို့ကို ဂျပန်-မြန်မာ-အင်္ဂလိပ်သုံးဘာသာဖြင့် ပြောကြားမည်ဖြစ်သည်။

ဒုတိယပိုင်းအစီအစဉ်ကို ဆွေးနွေးပွဲပုံစံလိုမျိုးပြုလုပ်၍ တက်ရောက်လာကြသည့် သံတမန်များ၏ ရွှေဂုံတိုင်ကြေညာစာတမ်းအပေါ် ၄င်းတို့၏အမြင်များကို ရှင်းလင်းပြောကြားမည်ဟုလည်း သိရသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီမှ ဦးအေးသာအောင်တို့ပေးပို့လာသော အမှာစကားများကို ဖတ်ကြားမည်ဖြစ်သည်။

မြန်မာ့အရေးစိတ်ပါဝင်စားသူ မည်သူမဆိုတက်ရောက်နိုင်ပြီး အဆိုပါနှီးနှောဖလှယ်ပွဲဖြစ်မြောက်ဖို့အတွက် ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေးလုပ်ဆောင်နေကြသည့် အဖွဲ့အစည်းပေါင်း (၃၀)ကျော်စုစည်း၍ ကျင်းပခြင်းဖြစ်ကြောင်းလည်းသိရှိရသည်။
ပါဝင်သောအဖွဲ့အစည်းများ

Border Patrol seize illegally harvested teak in Mae Hong Son



Illegally harvested processed teak logs worth millions of baht were seized by the Border Patrol, provincial police and forestry officials in two different sub-districts in Mae Hong Son Wednesday, November 11.
79 teak logs were found and seized by the BPP squads, Mae Ngao National Park officials , Ban Mae Koh forestry officials, local police and Sub Moei District Administration officials, in the forest near Ban Mae Lui, Tambon Mae Suad in Sob Moei district, Mae Hong Son.
Another further 150 teak logs were also confiscated by officials from the Huay Sing Forest Preservation and Protection Unit, the Salween National Park and BPP ranger forces based in Tambon Mae Sam Laeb, near Salween river banks.
337th Border Patrol (BPP) Company officials, led by Pol. Lt-Col. Sippanant, deputy superintendent of the 33rd BPP, based in Mae Sariang District, Mae Hong Son, believe that the teak is actually being harvested in Thailand’s national forests and is then transferred into Burma, opposite Tak’s Ta Song Yang district, to be processed. The processed wood is brought back into Thailand for transportation and sale.
The police suspect a joint effort between Thai nationals and the DKBA (Democratic Karen Buddhist Army) to illegally harvest golden teakwood from Thailand. It is believed that the abundance of landmines in the forests in Burma, plus increased vigilance by Burmese authorities, have brought the DKBA over the border into Thailand to harvest teak.
Officials report that due to the large number of logs seized in Mae Sam Laeb, it will take some time before enough equipment and elephants can be brought to the area to remove the teak.

လက်နက်ကိုင်အကျဉ်းသား ၃၄ဦးကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုမည့်အပေါ် ကေအဲန်ယူ ကြိုဆို

နိုဝင်ဘာလ ၁၉ရက်။
စောခါးစူးညား (ကေအိုင်စီ)
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(ယူအဲန်အိပ်ခ်ျစီအာရ်)က အိန္ဒိယနိုင်ငံကလကတ္တား အကျဉ်းထောင်တွင် နှစ် ရှည် ထိန်းသိမ်းခံရသည့် မြန်မာလက်နက်ကိုင်အဖွဲ့ဝင် ၃၄ဦးကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလက်ခံရန် စဉ်းစားခဲ့သည့် အပေါ် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က ကြိုဆိုလိုက်သည်။

ကေအဲန်ယူ ဒုဥက္ကဌ ပဒိုစောဒေးဗစ်သကဘောက “ဒီလိုဖြစ်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ သူတို့တွေဟာ ဘာအပြစ်မှ ရှိတာမှမဟုတ်တာ။ အိန္ဒိယအစိုးရကို ဆန့်ကျင်တဲ့ပြစ်မှုတွေ တခုမှမရှိဘူး။ အိန္ဒိယဥပဒေအရ ကြည့်မယ်ဆိုရင်လည်း ဘာတခု မှ ချိုးဖောက်ခဲ့တာ မရှိဘူး။ ဒါကြောင့် ဒီလိုပဲ ဖြစ်ရမှာပဲ”ဟု ကေအိုင်စီကို ပြောသည်။ ထို့အပြင် ၎င်းတို့ကို အိန္ဒိယအစိုးရက အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ နှစ်ရှည်အထိန်းသိမ်းခံရသည်က တကြောင်း၊ တရားလို ဘက်မှလည်း တရားစွဲရန် ခိုင်လုံသည့် အထောက်အထားများ မရှိသည့်အပေါ် ယခု အမှုသည် ပြီးဆုံးသင့်သည်မှာ ကြာပြီဖြစ် ကြောင်း သူက ဆက်လက်ပြောဆိုသည်။

ကရင်နှင့် ရခိုင်လက်နက်ကိုင် အကျဉ်းသား ၃၄ဦးကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန် နယူးဒေလီမြို့ရှိ ယူအဲန်အိတ်ခ်ျစီ အာရ်ရုံးသို့ တင်ပြမှုများရှိခဲ့ပြီး အသိအမှတ်ပြု စာရွက်စာတမ်းများ ထုတ်ပေးပြီဖြစ်သည်ဟု သိရသည်။
နအဖ စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)နှင့် ရခိုင်ပြည်အမျိုးသားညီညွတ် ရေးပါတီ(အဲန်ယူပီအေ) တပ်ဖွဲ့ဝင် ၄၀ဦးတို့သည် ၁၉၉၈ ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် အိန္ဒိယပိုင်နက် ဂရိတ်နီကိုဘာကျွန်းစု ထဲမှ လန်းဖောလ်ကျွန်း(Landfall)တွင် လက်နက်နှင့် ခဲယမ်းမီးကျောက်များ ပိုင်ဆိုင်ထားရှိမှု၊ ဖောက်ခွဲရေးပစ္စည်းများ လက် ဝယ်ထားရှိမှု၊ နိုင်ငံခြားသား အက်ဥပဒေအရ အိန္ဒိယနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုတို့ဖြင့် အိန္ဒိယရေတပ် စစ် ထောက်လှမ်းရေးမှ ဖမ်းဆီးခဲ့သည်။
၎င်းတို့အထဲမှ ခေါင်းဆောင်များဖြစ်သည့် ဗိုလ်ခိုင်ရာဇာ၊ ပဒိုမူးရယ် အပါအ၀င် အဖွဲ့ခေါင်းဆောင် ၆ဦးကို သတ်ဖြတ်ခဲ့ကြပြီး ကျန်ရှိသည့် ကေအဲန်ယူအဖွဲ့ဝင် ၁၁ဦးနှင့် အဲန်ယူပီအေအဖွဲ့ဝင် ၂၃ဦး စုစုပေါင်း ၃၄ဦးကို ဂရိတ်နီကိုဘာကျွန်းစုများရှိ ပို့ဘလဲ ယားကျွန်းသို့ စွဲချက်တင်ပို့ဆောင်ကာ အမှုရင်ဆိုင်စေခဲ့သည်။
အိန္ဒိယနိုင်ငံရှိ ဗဟိုထောက်လှမ်းရေးဗျူရို(စီဘီအိုင်)က အဆိုပါအကျဉ်းသားများကို ၆နှစ်ကြာ တရားစွဲဆိုခြင်းမရှိဘဲ ထိန်းသိမ်း ထားကာ ၂၀၀၆ခုနှစ်မှသာ ကာလကတ္တားအကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်။ အိန္ဒိယထောက်လှမ်းရေးအဖွဲ့သည် မြန်မာစစ် အစိုးရ၏ ခိုင်းစေမှုကြောင့် ၎င်းတို့ကို အကွက်ချကာ ကြံစည်ဖမ်းဆီးခဲ့ခြင်းသာဖြစ်သည်ဟု အမှုသည်များက တရားရုံးတွင် ထွက်ဆိုသွားခဲ့သည်။
အဲန်ယူပီအေ၏ ပြောကြားချက်အရ ထိုသူများအား လမ်းဖောလ်ကျွန်းကို အိန္ဒိယဘက်က အသုံးပြုခွင့်ပေးပြီး တရုတ်ရေတပ် လှုပ်ရှားမှုကို အပြန်အလှန် ထောက်လှမ်းပေးပို့ပြီး အခြေချစခန်း တည်ဆောက်ရန် အိန္ဒိယစစ်ထောက်လှမ်းရေး ဗိုလ်မှူးကြီးတ ဦးနှင့် သဘောတူညီချက်ရှိထားသည့်အပေါ် အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ ရောက်ရှိလာရခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ ကရင်နှင့် ရခိုင် အကျဉ်းသားများ၏အမှုကို လွန်ခဲ့သည့် နိုဝင်ဘာ ၁၁ရက်နှင့် ၁၂ရက်နေ့၌ အိန္ဒိယနိုင်ငံ ကလကတ္တား မြို့ရှိ ပရက်စီဒင်စီ(Presidency) တရားရုံးတွင် ကြားနာခဲ့ရာ လာမည့် ဒီဇင်ဘာလ ၁၅ရက်နေ့တွင် နောက်ဆုံး လျှောက်လဲချက် ပေးရမည်ဖြစ်ပြီး စီရင်ချက်ကို ၂၀၁၀ ဇန်န၀ါရီမှသာ ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

Thursday, November 19, 2009

ဂရုစိုက်ရမည့်နာရီများ

ဂရုစိုက်ရမည့်နာရီများ

သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေးအခြေအနေ
ကမောက်ကမဖြစ်တတ်သည်။
အမျိုးသမီးများဆိုလျှင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊
ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့်
ရောဂါများပိုမိုဖြစ်တတ်သည်။
ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏
ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ
အားကိုးရသည်။ ကိုယ်တွင်းအရည်လေင်ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။
ခန္ဓကိုယ်၏ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏ
အိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ
ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။
နံနက်အခါ နေထွက်သည်။ ညနေရောက်လျှင် နေ၀င်သည်။ ဆောင်းရာသီပြီးလျှင်
နွေရာသီရောက်လေသည်။ သဘာဝလောကကြီးသည် အချိန်မှန်မှန်၊စည်းချက်ကျကျဖြစ်ပျက်နေသည်။
လူ့ခန္ဓာကိုယ်လဲ သဘာဝ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊စည်းချက်ကျကျ
လှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်။
ည ၉-နာရီ မှ နံနက်၃-နာရီ = ခန္ဓာကိုယ်အားဖြည့်ချိန်
ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန်
(အလယ်တန်းအောက်ကလေးသူငယ်များသည်
ရောဂါခုခံကာကွယ်စနစ်တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင်
အိပ်နိုင်လျှင်ကောင်း၏)
ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်
နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်
နံနက ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်

နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်
(ဆေးပညာတွင် 'အန္တရာယ်များသည့်လေးနာရီ' ဟုပြောစမှတ်ပြုကြသည်။
လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊
သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ်သည်။ ထို့ကြောင့်
အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။)

နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်
နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)
နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်
နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန်
(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)
နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်
(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ - သို့မဟုတ်က အစာအိမ်ရောဂါ
လေထိုးလေအောင့်ရောဂါဖြစ်တတ်သည်။)
ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန်
(ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)
ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်
ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏အလှုပ်ရှားဆုံးအချိန်
(ဤသည်မှာ ရှေးတရုတ်တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုဖြစ်သည်။)

အကိုး။ ။ လင်ကွမ်ချန်၏ကျန်းမာရေးစာအုပ်မှ
(ပါမောက္ခ ဒေါ်ခင်ဖြူ)

မြတ်မင်္ဂလာစာစောင် အတွဲ-၂၅၊အမှတ်-၁၊ ၂၀၀၉ခုနှစ်၊ ဇူလိုင်လ မှ ကောက်နုတ်ဖေါ်ပြသည်။

ပေးပို.လာသောကျွှန်တော်သူငယ်ချင်း(ရွှေပြောင်ပြောင်)အားကျေးဇူးတင်ပါသည်။

(၅၄)ကြိမ်မြောက် ကရင်ပြည်နယ်နေ့..နိုဝင်လာ(၇)ရက်


Posted by saw
ကရင်ပြည်နယ်နေ့



နိုဝင်ဘာလ(၇)ရက်နေ.သည် ကရင်ပြည်နယ်(ကော်သူးလေ)နေ.ဖြစ်သည်။ ကရင်ပြည်နယ်နေ.ဖြစ်ပေါ်လာပုံမှာ အောက်ပါအတိုင်းဖြစ်လေသည်။

ဖွဲ.စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပိုဒ် ၁၈၀(၁)အရ သံလွင်ခရိုင်ကိုကရင်ပြည်နယ်အဖြစ် ပထမအဆင့်သတ်မှတ်ခဲ့သည်။
၁၉၅၄ ခုဇွန်လ(၁)ရက်နေ့သို့ ရောက်ရှိပြန်သောအခါ သံလွင်ခရိုင်နှင့် ဆက်စပ်နေသော ဒေသများဖြစ်သည့်
ဘားအံ၊သံတောင်၊လှိုင်းဘွဲ့ မြို့မျာနှင့် ၁၉၅၅ ခုနှစ် ဇူလိုင်လ(၁)ရက်နေ.တွင်ကြာအင်းဆိပ်ကြီး၊ကော့ကရိတ်မြို့နယ်များ ကရင်ပြည်နယ် အကျယ်အ၀န်းနှင့် ကရင်ပြည်နယ် အုပ်ချုပ်မှုအတွင်းသို. ရောက်ရှိလာခဲ့သည်။
ကရင်ပြည်နယ်၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်ပေါင်း(၁၁၀၉၁)ဖြစ်သည်။ ကျေးရွာပေါင်း(၄၆၄)ရွာနှင့် လူဦးရေ(၆၀၀၀၀၀)ခြောက်သိန်းခန့်ရှိလေသည်။၁၉၅၆ခုနှစ် ဖေဖော်ဝါ၇ီလ(၂၅)၇က်နေ.တွင် ကျင်းပသော(စုဒ္ဒသမ)
၁၄-ကြိမ်မြောက်ကရင်ပြည်နယ်ကောင်စီညီလာခံမှ ကရင်ပြည်နယ်နေ့ သတ်မှတ်ရေး အဆိုကိုတင်သွင်းရန်
သတ်မှတ်ခဲ့လေသည်။

ကရင်ပြည်နယ်နေ.ကို သတ်မှတ်ရာတွင် အောက်ပါအချက်များပေါ်တွင် မူတည်၍ သတ်မှတ်ခဲ့သည်။

(၁)သံလွင်ခရိုင်ကို ကရင်ပြည်နယ် အဖြစ်သတ်မှတ်ပြီး နိုင်ငံတော်သမ္မတက
အတည်ပြုလက်မှတ်ထိုးပေးသော နိုဝင်ဘာလ(၇)ရက်နေ့။
(၂)ဘာအံ၊လှိုင်းဘွဲ့၊သံတောင် မြိုနယ်များကို ပထမအကြိမ်
ကရင်ပြည်နယ်အတွင်း ပေါင်းစည်းခဲ့သည်။ ဇွန်လ-၁ရက်နေ.။
(၃)ကြာအင်းဆိပ်ကြီး၊ကော့ကရိတ် မြို.နယ်များကို ဒုတိယအကြိမ် ကရင်ပြည်နယ် အတွင်းပေါင်းစည်းခဲ့သည်။
ဇူလှိုင်လ-၁ရက်နေ.။
ဤသုံးရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ရန်စဉ်းစားခဲ့ကြရာ နိုဝင်ဘာလ(၇)ရက်နေ့ကို
ကရင်ပြည်နယ်နေ့အဖြစ် ရွေးချယ်သတ်မှတ်ခဲ့ကြသည်။

(၁)ဇွန်လ-၁ရက်နေ့နှင့် ဇူလှိုင်လ-၁ရက်နေ့တို့သည် မိုးများရွာသွန်းသော မိုးရာသီရက်များ
ဖြစ်သောကြောင့် အခမ်းနားကျင်းပရန် မသင့်လျော်။
(၂)နိုဝင်ဘာ-၇ ရက်နေ.သည် ရာသီဥတုသာယာသော ဆောင်းရာသီနှင့် နွေရာသီဖြစ်သောကြောင့်
အခမ်းအနားကျင်းပရန် ကောင်းမွန်သည်။
(၃)ထိုနေ့(နိုဝင်ဘာ-၇)ရက်တွင် ကရင်ပြည်နယ်နေ့အဖြစ် နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးခဲ့သည်။
ဤအကြောင်းများကြောင့် နိုဝင်ဘာလ(၇)ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်၍ တရားဝင်
ကျင်းပလာခဲ့ခြင်းဖြစ်သည်။

၁၉၆၄ ခုနှစ် ဧပြီလ(၃)ရက်နေ့တွင် ကရင်ပြည်နယ်ကို ကော်သူးလေ ဟုပြောင်းလဲခေါ်ဆိုခဲ့သည်။ ကော်သူးလေ၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်စုစုပေါင်း(၁၁.၀၉၁)တသောင်းတထောင်ကိုးဆယ်တစ်မိုင်ရှိသည်။

ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ဖျား၊မြောက်ဘက် လတ္တီကျု့ ဒီဂရီ၁၅.၁၅(ရေးမြို့နှင့် တတန်းတည်း)နှင့် ဒီဂရီ ၁၉.၁၃(ရေနီမြို့နှင့် တတန်းတည်း)အရှေ့ဘက်လောင်ဂျီတွဒ်ဒီဂရီ ၉၆.၁၅နှင့် ဒီဂရီ ၉၈.၅၅စပ်ကြားတွင် အနောက်မြောက်မှ အရှေ့တောင်ဆီသို့ခပ်ယွန်းယွန်း ကျဉ်းမြောင်းကွေ့ကောက်ရှည်လျားစွာ တည်ရှိနေသည်။ကရင်ပြည်နယ်၏ နယ်နိမိတ်မှာ မြောက်ဘက်တွင် ရမည်းသင်းခရိုင်၊အရှေ.မြောက်ဘက်တွင်ရှမ်းပြည်နယ် နှင့် ကယားပြည်နယ်၊အရှေ့ဘက်တွင် သံလွင်မြစ်နှင့် ၎င်း၏လက်တက်သောင်းရင်းမြစ်တို့အကြားဖြစ်သည့် ယိုးဒယားနိုင်ငံ၊တောင်ဘက်တွင် ကျိက္ခမီခရိုင်တွင် ပါ

ဝင်သော ရေးမြို့နယ်၊အနောက်ဘက်တွင် တောင်ငူခရိုင်တွင်ပါဝင်သော ရေတာရှည်မြို.နယ်များ၊

သထုံခရိုင်တွင်ပါဝင်သော ဘီးလင်း၊သထုံနှင့် ပေါင်မြို့နယ်များ၊ကျိုက္ခမီခရိုင်တွင် ပါဝင်သော ကျိုက်မရော၊မုဒုံ၊ကျိုက္ခမီနှင့် ရေးမြို့နယ်များရှိကြသည်။


ပြည်နယ်အတွင်းရှိ ခရိုင်အလိုက်၊မြို.နယ်အလိုက် အကျယ်အ၀န်းမှာ သံလွင်(၂၆၆၆)၊လှိုင်းဘွဲ(၁၇၆၄)၊ဘားအံ(၁၀၀၇)၊ကော့ကရိတ်(၁၉၆၃)၊ကြာအင်းဆိပ်ကြီး(၁၂၃၈)၊

သံတောင်(၇၀၃)စတုန်းရန်းမိုင် အသီးသီးရှိကြသည်။ ကရင်ပြည်နယ်၏မြို.တော်သည် ဘားအံ မြို.ဖြစ်သည်။

ကရင်ပြည်နယ်အလံ

(၁)အလံ၏ပုံစံ-ထောင်မှန်စတုဂံပုံ ဖြစ်သည်။
(၂)အလံအရောင်-လက်ဝဲဘက်အပေါ်ဘက်ထောင့် အလံ၏သုံးပုံ
တပုံနေရာတွင် ကြယ်ဖြူတလုံး၊ကျန်အပိုင်းတို့တွင် အပြာရောင် အလံ၏
အလယ်တွင် အဖြူရောင်၊အလံ၏အောက်ဆုံးပိုင်းတွင် အနီရောင်ဖြစ်သည်။

(၃)အလံ ပမာဏ အရွယ်အစား
အလံအကြီးဆုံး ……..အလျား(၉)ပေ၊အနံ(၅)ပေ
အလံအလတ်စား …….အလျား(၆)ပေ(၆)လက်မ
အနံ (၃)ပေ (၄)လက်မ
အလံ အငယ်စား ……အလျား(၄)ပေ (၆)လက်မ
အနံ (၂)ပေ (၆)လက်မ
။ ။ ။။ အလျား(၃)ပေ
အနံ(၁)ပေ(၈)လက်မ
။ ။ ။။ အလျား(၃)ပေ
အနံ(၁)ပေ(၈)လက်မ
။ ။ ။။ အလျား(၂)ပေ (၆)လက်မ
အနံ(၁)ပေ (၄)လက်မခွဲ။
။ ။ ။။ အလျား(၂)ပေ
အနံ(၁)ပေ (၁)လက်မ
။ ။ ။။ အလျား(၁)ပေ (၆)လက်မ
အနံ(၁၀)လက်မ
။ ။ ။။ အလျား(၁)ပေ
အနံ(၇)လက်မခွဲ
ဤသည်တို့ကား ကရင်ပြည်နယ် အလံအရွယ်အစားမျိုစုံဖြစ်ပေသည်။

အဓိပ္ပါယ်နှင့်အနှစ်သာရ

(၁)အလံ၏ လက်ဝဲဘက် သုံးပုံတပံနေရာ တိမ်ထဲမှ ကြယ်ကြီးတလုံးမှာ
ပြည်ထောင်စုထဲမှ ပြည်နယ်တခုဖြစ်ကြောင်း အဓိပ္ပါယ်ဖော်ဆောင်ထားခြင်းဖြစ်သည်။

(၂)အပြာရောင်သဘောမှာ တည်ကြည်၊နက်နဲ၊ငြိမ်းချမ်းသော အမှတ်လက္ခဏာ ဖြစ်သည်။

(၃)အဖြူရောင်၏ သဘောမှာ ဖြူစင်ခြင်းနှင့် သန့်ရှင်းစင်ကြယ်ခြင်း၏ လက္ခဏာဖြစ်သည်။

(၄)အနီရောင်၏ သဘောမှာမူ ရဲ.ရင့်ခြင်း၊သတိရှိခြင်း၊ဇွဲကောင်းခြင်း၊သွေးစည်းညီညွတ်ရေး၏ အဓိပ္ပါယ်အနှစ်သာရများကို ဖော်ဆောင်ထားခြင်းဖြစ်သည်။
ဤသည်တို့ကား ကရင်ပြည်နယ် အလံအကြောင်းဖြစ်သည်။

ကရင်ပြည်နယ်တံဆိပ်

(၁)အလယ်တွင် ဘားစည်မျက်နှာပြင်နှင့် သီလ၊သမာဓိ၊သစ္စာ အမှတ်အသား
စာလုံးများရေးသားထားသည်။
(၂)လက်ျာဘက်တွင် ဆင်ရုပ်တုတခု၊။
(၃)လက်ဝဲဘက်တွင် ဆင်ရုပ်တုတခု၊။
(၄)ဦးထိပ်ဘက်တွင် ခြင်္သေ့ရုပ်တခု။
ဤအမှတ်သား၊ဤစာသား၊ဤအခြင်းအရာများပါရှိသော တံဆိပ်သည်။ ကရင်ပြည်နယ် တံဆိပ်ဖြစ်သည်။

အဓိပ္ပါယ်အနှစ်သာရ

(၁)တံဆိပ်၏အလယ်မှ ဘားစည်မျက်နှာပြင်၏ အဓိပ္ပါယ်မှာ ကရင်အမျိုးသားများ၏ ယဉ်ကျေးမှုဘ၀ကို ဖော်ပြထားသော ယဉ်ကျေးမှုပစ္စည်းဖြစ်ခြင်း။
(၂)သီလ၊သမာဓိ၊သစ္စာစာလုံးများ၏အဓိပ္ပါယ်မှာကရင်အမျိုးသားများသည်အကျင့်သီလပြည့်စုံကောင်းမွန်ခြင်း၊

ဖြောင့်မတ်တည်ကြည်ရိုးသားခြင်း၊သစ္စာရှိခြင်းစသောအရည်အချင်းကောင်းများကို ဖော်ပြထားခြင်းဖြစ်သည်။
(၃)တံဆိပ်၏ လက်ျာဘက်မှဆင်နှင့် လက်ဝဲဘက်မှ ဆင်ရုပ်တို့မှာ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း ကရင်ပြည်နယ်သည် သစ်များကို ဒုတိယအများဆုံး ထုတ်လုပ်နိုင်ခြင်းကိုဖော်ပြထားသည့် အဓိပ္ပါယ်ဖြစ်သည်။
(၄)တံဆိပ်၏ ဦးထိပ်ပိုင်းမှ ခြင်္သေ့ရုပ်မှာမူ ပြည်ထောင်စုမြန်မာနိုင်ငံ၏ တံဆိပ်တွင်
ခြင်္သေ့ရုပ်ပါရှိသည့်အတိုင်း ပြည်ထောင်စုမြန်မာနိုင်ငံ၏ အဖွဲ့ဝင်ပြည်နယ်တခုဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်ပေသည်။
အမျိုးသားစာပေဆုနှင့် လူ့အခွင့်ရေးဆုရ ဖူ့မောင်စင်ကြယ်၏ ကရင့်ဘ၀ဓလေ့ စာအုပ်မှဖော်ပြပါသည်။


မူရင်း။ ။ကရင်အမျိုးသား မိတ်သဟာယ(ကိုးရီးယား)မှ ပြန်လည်ဖော်ပြပါတယ်။ ဘာပဲဖြစ်ဖြစ် သမိုင်းဆိုတာ သိထားသင့်ပါသည်။ အရင်က ဒီကရင်ပြည်နယ်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကို မသိခဲ့ရိုး အမှန်ပါ။ ဘာကြောင့်ဖြစ်ပေါ်လာသည်ကိုလည်း မသိခဲ့ပါ။ ခုမှ ကောင်းကောင်းသိခွင့်ရလိုက်ပြီ ဒါကြောင့် မသိသေးတဲ့ သူများရှိရင် ဗဟုသုတအဖြစ် သိရှိနိုင်အောင် တင်ပြလိုက်ပါတယ်။ ရှေ့သမိုင်းကို သိမှ နောင်လာမည့် သမိုင်းကို ကောင်းကောင်းရေးနိုင်မည်ဟု ယုံကြည်မိပါသည်။ကျေးဇူးလည်း အများကြီးတင်ပါတယ်နော့်..။

ကွာကျသွားသော အတ္တအကြေးခွံမာများ

ကွာကျသွားသော အတ္တအကြေးခွံမာများ Posted by saw


-ငါ့ကိုယ်ငါသိ၊ ထိုအသိကား…
လမ်းမှားနောက်ကျ၊ သံသယဖြင့်
မာနခွန်အား၊ ပေးသော်လားသို့
အများမကြိုက်၊ နတ်မကြိုက်။

-ငါသည်ပြော၏ ၊ထိုသည့်အပြော…
သဘောခြင်းရာ၊ နှစ်ဗလာကို
သစ္စာဖွဲ့ထိုက်၊ မဖွဲ့ထိုက်။

-ငါသည်ရေး၏၊ ထိုသည့်အရေး…
ငါ့အတွေးသည်၊ ကလေးကလား
ေ၀၀ါးထွေးရိပ်၊ လိပ်ကိုဂျပိုး(ကြမ်းပိုး)
ဂျပိုးကိုလိပ်၊ အရိပ်မြင်ရာ
ထင်ရာရေးထား၊ အတွေးပွါး၍
လေးစားပြုထိုက်၊ မပြုထိုက်။

ဆက်ဖတ်ရန်...

-ငါသည်တော်၏၊ ငါ၏အတော်…
အောင်လံတော်ကို၊ ကချော်ကချွတ်
မော်နမဲ့နှင့်၊ ကဖျက်ယဖျက်
ချော်ထွက်သွားလိုက်၊ ပြန်စိုက်လိုက်။

-တစ်နည်းသော်ကား၊ ငါစဉ်းစားမိ…
ငါ့အသိနှင့်၊ အပင့်အမြှောက်
အမှောက်အလှန်၊ ပြောင်းပြန်တပ်ကြည့်
မည်သည့်သူ့ဟာ၊ ´တော်ဆုံးငါ` ဟု
ဝိပ္ပလ္လာသ၊ နှုတ်ခမ်းဝကို
ခဏဖွင့်လိုက်၊ ပြန်ပိတ်လိုက်
အို…မိတ်ဆွေများ ပြန်စဉ်းစားပါ။

-အတ္တ´ငါ` ကို၊ ´ငါ့` ကိုယ် အတ္တ
နှစ်ဝပေါင်းဖော်၊ ကြေးညှော်လိမ်းလိမ်း
ထူပိန်းညစ်ကပ်၊ အဆုံးသတ်၌
ဆုံမှတ်ရွေ့လျား၊ ကမ်းပါးခုန်တက်
လမ်းတစ်ဝက်မှာ၊ ပြန်လှည့်ခဲ့ရ
အတ္တ ကြေးခွံမာသကို…
အတ္တကျေးကျွန်ပမာလို….။

ကရင့်ကြေးမုံမှ...

Tuesday, November 17, 2009

နယ်ခြားစောင့်တပ်ဖွဲ့ ဖို့ ဗိုလ်ချူပ်ထိန်မောင် အဖွဲ့ ကလက်မခံနိုင်

ကောင်းဝါ(နိုဝင်ဘာ- ၁၆)။ ။ K.P.F



2009 November 16
ခ်ါကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (ဟောင်သရောအထူးဒေသ)ဌာနချုပ်မှ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့အခြေစိုက် အမှတ်(၃) တပ်ရင်းမှူး ဗိုလ်မှူးစောလေးဝါးအား တာဝန်နှင့်ညွှန်ကြားချက်များ အပေါ် လိုက်နာရန်ပျက်ကွက်မူ၊ အကြိမ်ကြိမ်သတိပေးသော်လည်း လိုက်နာခြင်းမရှိသည့်အတွက် K.P.F တပ်ဖွဲ့မှ ထုတ်ပယ်လိုက်ကြောင်း နိုဝင်ဘာလ(၁၁)ရက်နေ့တွင် ဥက္ကဌစောသမူဟဲကိုယ်တိုင် လက်မှတ် ရေးထိုး၍ အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့သည်။ ဗိုလ်မှူးစောလေးဝါးကို ထုတ်ပယ်ရခြင်းအကြောင်းအသေးစိတ် တိတိကျကျ ဖေါ်ပြခြင်းမရှိသော်လည်း ပြီးခဲ့သည့် ဇူလိုင်လ (၈)ရက်နေ့တွင် ၄င်းနှင့်အတူ K.P.F တပ်ဖွဲ့ဝင်(၈)ယောက်ကို K N U ဘက်မှထိန်းသိမ်းထားပြီး လက်နက် ဖြုတ်သိမ်း၍ ပြန်လွှတ်လာသည့်အပေါ် K N U အဖွဲ့နှင့် နားလည်မှုယူထားသည့်သူဟု နအဖတပ်မှ သံသယရှိနေ ခဲ့သည်။ ၄င်းကိုရာထူးမှ ထုတ်ပယ်ရန် နအဖဘက်မှ K.P.F ထိပ်ပိုင်းခေါင်းဆောင်များကို ဖိအားပေးထားသည်ဟု စောလေးဝါးနှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။

အမှတ်(၃)တပ်ရင်မှာ အင်းအား(၂၅)ယောက်ကျော်သာရှိသည့်အတွက် နယ်ခြားစောင့်တပ်ဖွဲ့ ပြောင်းလဲဖွဲ့စည်းရန် မှာ အင်းအားလုံလောက်မှုမရှိသဖြင့် တပ်ရင်း(၃)ရင်းကိုပေါင်းမှသာ တပ်ရင်းတစ်ရင်းစာသာ ရှိသည်။ နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရန်မှာ တပ်ဖွဲ့ဝင်အချို့ လက်မခံခြင်း၊ လူအင်းအားမရှိခြင်းတို့ကြောင့် ကြန့်ကြာ နေသည်ဟု K.P.F တပ်ဖွဲ့ဝင် တစ်ဦးမှ ပြောပါသည်။

ပြီးခဲ့သည့် နိုဝင်ဘာ(၉)ရက်နေ့တွင် အမှတ်(၃)တပ်ရင်းမှူးနေရာကို ဗိုလ်မှူးစောဝါးချဲ့အား အစားထိုးခန့်အပ်ရာတွင် ဗိုလ်မှူးစောလေးဝါးလက်မခံ နေရာဖယ်ရှားပေးရန်ငြင်းဆန်းခဲ့သဖြင့် ပြဿနာအကြီးအကျယ် ဖြစ်ပွါးခဲ့သည်။ ဘုရားသုံးဆူ အခြေစိုက် နအဖ တပ်ရင်းမှူး ဗိုလ်မှူးမြတ်ထွန်းအေးကိုယ်တိုင် ဝင်ရောက်ဖြေရှင်းခဲ့ သော်လည်း ယ္ခုအချိန်အထိ ပြဿနာ ပြီးပြတ်မှုမရှိသေးဘဲ အချင်းချင်းရန်စောင်နေကြသည်ဟု ဒေသခံများက ပြောပါသည်။
ဦးစောသမူဟဲခေါင်းဆောင်သည့် ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (ဟောင်သရောအထူးဒေသ)သည် K N U မှခွဲထွက်ပြီး ၁၉၉၇ ခုနှစ် ဖေဖေါ်ဝါရီလ(၁၄)ရက်နေ့တွင် စစ်အစိုးရထံ လက်နက်ချခဲ့သောအဖွဲ့ဖြစ်သည်။ အဆိုပါ လက်နက်ချ အခန်းအနားတွင် ဗိုလ်ချုပ်ကြီးမောင်အေးကိုယ်တိုင် တက်ရောက်ခဲ့ပြီး ကရင်အမျိုးသားအလံအပေါ် နင်းလျှောက် ခဲ့သည့်အပေါ် ကရင်လူမျိုး အများစု ကျေနပ်မှုမရှိကြဟု ဆိုသည်။
http://www.kaowao.org/b/nov09-16.php

ကျောင်းသားနှစ်ဦး ဓါးပြတိုက်ခံရ

Submitted by Karen Information Center on November 16, 2009 – 7:15 amNo Comment.နိုင်ဝင်ဘာလ ၁၆ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ (wide Horizon School)ဆယ်တန်းလွန်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသားနှစ်ဦးသည် ပြီးခဲ့သည့်အပတ် စနေနေ့ ညနေ ၆နာရီ အချိန်တွင် ဓါးပြတိုက်ခံရကြောင်း သိရသည်။
၎င်းတို့ နှစ်ဦးသည် ကျောင်းရှိ ကျောင်းသူကျောင်းသားများအတွက် ချက်စရာ၊ ပြုတ်စရာများ ကို ဈေးသို့ သွားဝယ်အပြီး အပြန်လမ်းတွင် ဓါးပြတိုက်ခံရခြင်းဖြစ်သည်ဟု ဓါးပြတိုက်ခံရသူ ကျောင်းသားတဦးက ကေအိုင်စီ ကို ပြောသည်။

သူက “ကျနော်တို့ စက်ဘီးနဲ့ ဈေးမှ အပြန်မှာ ဆိုင်ကယ်စီးနေတဲ့ လူနှစ်ယောက်က ကျနော်တို့ကို ရပ်ဖို့တားတယ်။ ထိုင်းလို ဘယ်ကပြန်လာလဲလို့ မေးတယ်။ ကျနော်တို့က သူတို့ကို ပုလိပ်လို့ ထင်တယ်။ အဲဒါနဲ့ ကျနော့် လည်မှာ ဆွဲထားတဲ့ လွယ်အိတ်ကို ချွတ်ပြီး ယူသွားတယ်။ ကျနော်တို့ ပြန်ယူမယ်လုပ် တဲ့အခါ သူတို့က သေနတ်တိုတလက်ထုတ်ပြီး ကျနော်တို့ကို ချိန်တော့ မသွားရဲတော့ဘူး။ အဲဒီမှာ ကျနော့်အိတ်ထဲမှာ MP4၊ USB နဲ့ ဖုန်းအကုန်ပါသွားတယ်။ ကျနော်ရဲ့သူငယ်ချင်းကျတော့ ဘာမှ မပါလို့ တော်သေးတယ်။”ဟု ပြောသည်။

အဆိုပါ ဓါးပြတိုက်သူ နှစ်ဦးသည် အနက်ရောင်အင်္ကျီဝတ်ဆင်ထားပြီး အသက်အားဖြင့် ၂၀နှင့် ၂၅ ၀န်းကျင် ရှိကြောင်း၊ ၎င်းတို့စီးသည့် ဆိုင်ကယ်၏ ကိန်းဂဏန်းနံပါတ်ကို တိတ်ဖြင့် ကပ်ထားသဖြင့် ၇ တလုံးသာ မြင်ရ ကြောင်း သူက ဆက်ပြောသည်။

ဓါးပြတိုက်ခံရခြင်းနှင့် ပတ်သက်၍ ထိုင်းပုလိပ်ရုံးသို့ သွားရောက်တိုင်ကြားချင်သော်လည်း ထိုကျောင်းသား နှစ်ဦးသည် ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်လက်မှတ် တစုံတရာမရှိသည့်အတွက် ကြောင့် သွားတိုင်ရန် အခက် အခဲရှိသည်ဟု wide Horizon School ကျောင်းအုပ်က ပြောသည်။

ယခုလို ဓါးပြတိုက်ခံရခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ပြီး ထိုကိစ္စနှင့်ပတ်သက်၍ ကျောင်းသူ ကျောင်းသားများက ထိတ်လန့်နေကြပြီး သတိဖြင့် သွားလာနေကြရန် သတိပေးပြောထား သည်ဟု သူက ဆက်လက် ပြောဆိုသည်။

မြန်မာပြည်သားများအတွက် ရည်ရွယ်ဖွင့်လှစ်သည့် အဆိုပါ wide Horizon Schoolကို မဲဆောက်မြို့တွင် ၂၀၀၆ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ကွန်ပျူတာ၊ အင်္ဂလိပ်စာနှင့် စီမံခန့်ခွဲမှု ဘာသာရပ်ကို အဓိကထား သင်ကြားပေးလျှက်ရှိသည်။ လက်ရှိတွင် ကျောင်းဆရာ၊ ဆရာမ(၄)ဦး၊ ကျောင်း သူကျောင်းသား (၂၄) ဦးရှိသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဓါးပြတိုက်မှု၊ ခိုးမှုနှင့် မုဒိမ်းမှု စသည့်အမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

မယ်လအူးစခန်းတွင် တတိယနိုင်ငံလျှောက်သူများ ပထမအဆင့် အင်တာဗျူးလုပ်ပြီ

Submitted by Karen Information Center on November 13, 2009 – 3:15 amNo Comment.နိုဝင်ဘာလ ၁၃ရက်။ စောခါးစူးညား (ကေအိုင်စီ)
မယ်လအူးဒုက္ခသည်စခန်းအတွင်း တတိယနိုင်ငံလျှောက်ထားသူများအတွက် ယခု နိုဝင်ဘာလ ၃ရက်နေ့မှစ၍ ၂၀ရက်နေ့အ ထိ ယူအဲန်အိတ်ခ်ျစီအာရ်က ပထမအဆင့် လူတွေ့မေးမြန်းခြင်း စတင်ပြုလုပ်နေပြီဟု ကရင်ဒုက္ခသည်များကော်မတီ (ကေအာ ရ်စီ) တာဝန်ခံ စောတူးတူးက ကေအိုင်စီကို ယနေ့ပြောသည်။
ပြီးခဲ့သည့် မေလနှောင်းပိုင်းနှင့် ဇွန်လအစောပိုင်းတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအဲန်အိတ်ခ်ျစီ အာရ်)က မယ်လအူးစခန်း၌ ၂၀၀၅ ခုနှစ်အထိ လူဟောင်း စာရင်းဝင်သူများအားလုံး အမေရိကန်နိုင်ငံသို့ လျှောက်ချင်သူများ အမည်စာရင်း တင်သွင်းကြရန် စာရင်းကောက်ခံခဲ့ပြီးနောက် ယခု အင်တာဗျူး လာရောက်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း စောတူး တူးက ပြောသည်။

သူက “မယ်လအူးမှာ အမေရိကန်နိုင်ငံ လျှောက်ထားသူတွေကတော့ ၂,၄၀၀ ၀န်းကျင်လောက် ရှိမယ်။ အခု သူတို့တွေက အိုပီအီးမှာ ပထမအဆင့် အင်တာဗျူးလုပ်မယ်။ နောက် အဆင့်ကတော့ ဆေးစစ်မယ်။ ဆေးစစ်မှာက မဲဆောက်မှာ လာစစ် မယ်။ ပြီးရင် လာမယ့် ၂၀၁၀ ဇွန်လလောက်မှ ထွက်ရမယ်လို့ ယူအဲန်အိပ်ခ်ျစီအာရ်က ပြောတယ်”ဟု ဆိုသည်။

မယ်လအူးစခန်းနေထိုင်သူ စောညွှန့်အေးက “ကျနော်ကတော့ အရမ်းစိတ်လှုပ်ရှားတယ်။ ကိုယ်က တင်ထားတယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အင်တာဗျူးအောင်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဒီလိုအခွင့်အရေးမျိုးဟာ နှစ်ခါ မရဘူး။ ဒီမှာနေတာနဲ့စာရင် ဟိုမှာရောက်ရင် ကိုယ့်ဘ၀အတွက်ရော၊ ကိုယ့်အနာဂတ်အတွက်ပါ ပိုကောင်းမယ်။ ကိုယ့်အမျိုးသားတခု လုံးအတွက် မကူညီနိုင်ရင်တောင်မှ ကိုယ်နီးစပ်ရာ သူငယ်ချင်းတွေကို ပြန်ကူညီနိုင်မှာပါ”ဟု ပြောဆိုသည်။

အမေရိကန်နိုင်ငံလျှောက်တင်သူများအတွက် ယူအဲန်အိပ်ခ်ျစီအာရ်က အင်တာဗျူးအဆင့်ကို ယခုလအတွင်း ပြုလုပ်ပြီး လာ မည့် ၂၀၁၀ ခုနှစ်မှသာ ဆေးစစ်သည့်အဆင့်ကို တဖန် ဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။

တတိယနိုင်ငံ လျှောက်ထားခြင်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံအပြင် ကနေဒါနှင့် သြစတြေးလျားနိုင်ငံသို့ သွားနှင့်ပြီးသူများ လည်း စခန်းအတွင်း ကျန်ရှိနေသေးသည့် ၎င်းတို့၏ ဆွေမျိုးသားချင်း၊ ညီအစ်ကို မောင်နှမများအား ပြန်ခေါ်ယူမည့်အစီအစဉ် ရှိသည်ဟုလည်း သိရသည်။

ကရင်၊ ကရင်နီ၊ ကချင်၊ ဗမာနှင့် ရှမ်း တိုင်းရင်းသားလူမျိုး စုစုပေါင်း လူဦးရေ ၁၆,၀၀၀ကျော်ရှိသည့် မယ်လအူးဒုက္ခသည် စခန်းတွင် ယူအဲန်အိတ်ခ်ျစီအာရ် အစီအစဉ်ဖြင့် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်အတွင်း ကနေဒါနှင့် သြစတြေးလျားနိုင်ငံသို့ ထွက်ခွာ သူ ၂၈၂ဦးရှိသည်ဟု ကရင်ဒုက္ခသည်စခန်းများကို ကူညီပေးနေသည့် (တီဘီဘီစီ)အဖွဲ့၏ ယမန်နှစ် ဇူလိုင်မှ ဒီဇင်ဘာလ အစီ ရင်ခံစာတွင် ဖော်ပြထားသည်။

ရွာသားများ ၂၄နာရီ အဓမ္မ လုပ်အားပေးနေရ

Submitted by Karen Information Center on November 14, 2009 – 2:36 amNo Comment.
နိုဝင်ဘာ ၁၄ရက်။ (ကေအိုင်စီ)
ကရင်ပြည်နယ် ဖာပွန်ခရိုင်ရှိ နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့များက ၎င်းတို့ လှုပ်ရှားရာ ဒေသများအတွင်း နေထိုင်ကြသည့် ရွာ သူရွာသားများအား ယခုလဆန်းပိုင်းမှစ၍ နေ့ရောညပါ အချိန်ပြည့် ခေါ်ယူခိုင်းစေလျှက်ရှိကြောင်း သိရသည်။
ဖာပွန်မြို့တွင် အခြေစိုက်သည့် နအဖ စစ်ဗျူဟာဌာနချုပ်-စဗခ(၁)မှ ဗျူဟာမှူး ဗိုလ်မှူးကြီးဝေလင်းက ၎င်းတို့တပ်ဖွဲ့နှင့် တပ် စခန်းများအတွက် ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများ ပို့ဆောင်ရန်နှင့် သွားလာရေး လွယ်ကူစေရန်အတွက် လမ်း၊ တံတားများ ပြုပြင်ရန် ဘူးသိုနှင့် ဒွဲလိုးမြို့နယ်အတွင်း လှုပ်ရှားနေသော ဒီကေဘီအေ တပ်ဖွဲ့များကို ညွန်ကြားခဲ့သည့်အတွက် ဒေသခံ ရွာ သူရွာသားများ ယခုလို ခေါ်ယူခိုင်းစေခံနေရခြင်းဖြစ်သည်။

ယခုလ ၄ရက်နေ့က ဗိုလ်မှူးကြီးဝေလင်း၏ ညွန်ကြားချက်အတိုင်း ဒီကေဘီအေ(၇၇၇) ကဆောဝါးတပ်ရင်းမှ ဘချစ်နှင့် စိုးမြင့် ဦး ဦးစီးသောအဖွဲ့သည် ဖာပွန်မြို့၏တောင်ဘက်ခြမ်းရှိ ပျက်စီးနေသော လမ်းတံတားများကို စတင်ပြုပြင်နေပြီး လမ်းတံတားပြု ပြင်ရေးနှင့် ၎င်းတို့ တပ်လုံခြုံရေးအတွက် ဒေသခံ ရွာသူရွာသားများကို နေ့တမျိုး၊ ညတမျိုး ခေါ်ယူခိုင်းစေလျှက်ရှိသည်ဟု နယ်ခံတဦးက ယခုလို ပြောသည်။

သူက “ဘူးသိုနှင့် ဒွဲလိုးမြို့နယ် စပ်ကြားဒေသဖြစ်တဲ့ မယ်ညိုနှင့် မယ်ကလောကျေးနယ်ဒေသအတွင်းမှာရှိတဲ့ လမ်းတွေ၊ တံတားတွေ ပြုပြင်ဖို့ ဒီကေဘီအေက ဒီလ ၄ရက်နေ့ကစပြီးတော့ ဒေသခံရွာသားတွေကို ခေါ်ခိုင်းတော့တာပဲ။ နေ့ဘက်ဆိုရင် တရက်ကို ရွာသူရွာသား အယောက် ၂၀လောက်ခေါ်ခိုင်းတယ်။ ညဘက်ဆိုရင် သူတို့လုံခြုံရေးအတွက် တညကို ၅ယောက်စီ ခေါ်ပြီးတော့ ကင်းစောင့်ခိုင်းတယ်။ နေ့ဘက်မှာလည်း ရွာသားတွေ လုံခြုံရေးယူပေးနေရသေးတယ်။ အခုလည်း လမ်းတံတား ပြုပြင်နေတုန်းပဲ”ဟု ကေအိုင်စီကို ပြောသည်။

၎င်းပျက်စီးသွားသော လမ်း၊ တံတားများမှာ ဒီကေဘီအေနှင့် နအဖတပ်များ ပူးပေါင်းပြီး ဖာပွန်ခရိုင် ကေအဲန်ယူ တပ်မဟာ(၅) နယ်မြေကို ထိုးစစ်ဆင်မည့်သတင်းကြောင့် အဆိုပါတပ်များ သွားလာရေးကို ဟန့်တားသည့်အနေဖြင့် စက်တင်ဘာလ ဒုတိယ ပတ်အတွင်းက နယ်မြေခံ ကေအဲန်အယ်လ်အေတပ်မှ ဖျက်ဆီးထားခဲ့သည့် တံတားများဖြစ်သည်။


ဖါပွန်ခရိုင်တွင်း ယွန်းစလင်းချောင်း
ယင်းသို့ ပျက်စီးသွားခဲ့သည့် တံတားများကို ၎င်းဒီကေဘီအေအဖွဲ့က လွန်ခဲ့သောလအတွင်း ပြုပြင်ရန် လုပ်ဆောင်နေစဉ် မိုင်း နင်းမိ၍ ထိခိုက်ဒဏ်ရာမှုများ ရှိသဖြင့် ယခုလို ဒေသခံရွာသူရွာသားများကို ခေါ်ယူပြီး ၎င်းတို့နှင့်တူ သွားလာလှုပ်ရှားကာ လမ်း တံတားများ ပြုပြင်ခြင်းဖြစ်သည်။

ဒေသခံ ရွာသူရွာသားများကို ခေါ်ယူခိုင်းစေသည့်ကိစ္စနှင့် ပတ်သက်၍ ဖာပွန်ဒေသအတွင်း လှုပ်ရှားနေသော ဒီကေဘီအေ တပ်ဖွဲ့ထံ ကေအိုင်စီက ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရပါ။

ကေအဲန်ယူ တပ်မဟာ(၅)ဒေသကို နအဖနှင့် ဒီကေဘီအေ ပူးပေါင်းထိုးစစ်ဆင်မည့်သတင်း ထွက်ပေါ်လာပြီးနောက် ဖာပွန်-ကမမောင်း ကားလမ်းကို စက်တင်ဘာလ ၁ရက်နေ့ကစ၍ ကေအဲန်ယူက ပိတ်ထားလိုက်ပြီးနောက် ထိုဒေသအတွင်းရှိ လူထု များ သွားလာနေသည့် ယွန်းစလင်းချောင်း ရေလမ်းကြောင်းကိုလည်း နအဖ တပ်တို့ဘက်က အောက်တိုဘာလတွင် ထပ်မံ ပိတ်ပစ်လိုက်သည်။

Southeast Command orders landmine placement in KNU and DKBA territories

2009 November 16

November 16, 2009
HURFOM, Kyainnseikyi: According to HURFOM’s field reporter in Kyarinnseiky Township, Karen State, all Burmese Army battalions in the region under the control of the Southeast Command have been secretly ordered by Lieutenant Major Soe Myit to place landmines in areas controlled by the Karen National Union (KNU) and the Democratic Karen Buddhist Army (DKBA).
The Burmese Army is currently allied with the DKBA, and the orders are apparently an attempt to falsely implicate KNU forces. KNU sources who have intercepted the orders claim that the message commanded the Burmese military to place landmines in areas five miles outside of villages under DKBA and KNU control, to force villagers to act as porters, and to monitor KNU activities in the region.
According to U Thar, 55, a resident of the area, many villages in Kyarinnseikyi Township have received word that the Southeast Command has ordered it battalions based in the township to arrest around 200 people for portering purposes; the individuals in question would reportedly be used to porter food and munitions for the Burmese Army in preparation for conflicts with the KNU in the upcoming months.
“I heard from Karen friends that the Burmese soldiers arrested many people from their village, which is nearby my village. The rumor spread, and many male villagers from my village have moved to other places to avoid portering. Some left jobs, and others are handling their farms,” said Janue Ong, 32 year-old Mon man from Taungbauk village, Kyainnseikyi Township, Karen State. According to a KNU member interviewed by HURFOM, the group has managed to intercept the Southeast Command’s orders; this individual informed HURFOM that the orders indicate that the landmine-planting is an attempt to confuse villagers in the region. This source claims that since landmines are unmarked, many villagers living in the KNU-controlled region will assume that the landmines have been planted by KNU forces, and will side against the group during upcoming battles with the Burmese Army.
“This kind of news should be known by innocent villagers, because they can take care of themselves and avoid being victims of the landmines by avoiding travel outside of their villages. It’s also better for them to understand that the KNU isn’t doing this,” said the KNU member.
This source also informed HURFOM that in the past 5-6 years, roughly 20 villagers in the region have been injured, crippled, have even lost their lives to landmines placed near their villages.

15.11.09(information) for Karen

15.11.09(information) for Karen

Kaowao News-မြန်မာပြည်တွင်မြေမြှုပ်မိုင်းအန္တရာယ်ရှိနေဆဲဖြစ်ပြီး ကမ္ဘာတတိယနေရာတွင်ရှိ


2009 November 14
မြေမြှုပ်မိုင်းရှိနေသည့်ဒေသများ

ကောင်းဝါ(နိုဝင်ဘာ-၁၃)။ ။ ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် အာရှဒေသမြေမြှုပ်မိုင်းတားဆီးမှု စောင့်ကြည့် လေ့လာရေးအဖွဲ့၏ လေ့လာသုတေသနပြုချက်တစ်ရပ်အရ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည်လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်၌ တတိယနေရာသို့ ရောက်ရှိနေကြောင်း သိရသည်။

မြေမြှုပ်မိုင်းတားဆီးမှု စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ယမန်နေ့စွဲဖြင့် သတင်းထုတ်ပြန်ပေးပို့ခဲ့သော Landmine Monitor Report 2009 အစီရင်ခံစာတွင် ကရင်၊ မွန်၊ ကရင်နီ၊ ရှမ်း၊ ချင်း၊ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်း၊ တနင်္သရီ ဒေသတို့၌ မြို့နယ်ပေါင်း ၂၃ မြို့နယ်တို့တွင် မြေမြှုပ်မိုင်း အန္တရာယ်များဖြစ်ပွားနေသည်ကို မြေပုံနှင့်တကွ ဖေါ်ပြ ထားသည်။

အဆိုပါမိုင်းများကို မြန်မာအစိုးရတပ်ဖွဲ့များနည်းတူ ဒေသရှိတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့တို့ကလည်း အသုံးပြုနေကြသည်ဟု ရေးသားထားသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့အနီး၊ မြန်မာနိုင်ငံသား အများစုအခမဲ့ လာရောက်ကုသခံနေကြသော မယ်တော်ဆေးခန်းရှိ ခြေတုတပ်ဆင်ရေးဌာန၌ ၂၀၀၈ ခုနှစ်တွင် ခြေတုတပ်ဆင်ပေးရသူ ၂၂၀ ခန့်ရှိပြီး ၂၀၀၉ ခုနှစ်တွင်တစ်လလျှင် ပျမ်းမျှ ၂၀ ဦးခန့်ရှိသည်ကို သိရှိရသည်။

ယင်းခြေတုတပ်ဆင်ဌာနသို့ သာမန်ရွာသူရွာသားများ၊ KNU, DKBA ကရင်လက်နက်ကိုင်အဖွဲ့မှ မိုင်းဒဏ်ခံခဲ့ကြရသူများနှင့် နအဖစစ်တပ်မှ မိုင်းဒဏ်သင့်ခဲ့ရသော ရဲဘော်ဟောင်းများကိုလည်း အခမဲ့ခြေတုတပ်ဆင်ပေးမှုများ ပြုလုပ် ပေးနေသည်ကို တွေ့ရှိခဲ့သည်။

လွန်ခဲ့သော သတင်းထုတ်ပြန်ချက်များအရ ၁၉၉၈ မှ ၂၀၀၈ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်စဉ် ၂၃၂၅ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ၁၇၅ ယောက်သေဆုံးကာ ၂၀၀၂ ယောက် ဒဏ်ရာရှိခဲ့သည်ဟု ICBL ခေါ် အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းကင်းစင်ရေးလှုပ်ရှားမှုအဖွဲ့ စာရင်းများအရ သိရသည်။

အောက်တိုဘာလ ၁၃ရက်။ (ကေအိုင်စီ) by KIC

2009 November 13
ထိုင်းနိုင်ငံ၊ ထဆောင်ယမ်းမြို့နယ် နိုဘိုးကျေးရွာအတွင်းရှိ ယာယီဒုက္ခသည်စခန်းတွင် စာသင်ကျောင်းအဆောက်အဦးပြင်ဆင်ခွင့် မရသည့်အတွက် ကျောင်းသူကျောင်းသား စာသင်ရန်အခက်အခဲဖြစ်နေပြီး ယခုချိန်တွင် ကျောင်းကို ပိတ်ထားရသည်ဟု ကျောင်း ဆရာဦး၏ ပြောပြချက်အရသိရသည်။

အလယ်တန်းအထိ ဖွင့်လှစ်ထားသော အဆိုပါကျောင်းသည် ပထမဆန်းစာမေးပွဲဖြေပြီး ကျောင်းသူကျောင်းသားများအတွက် အားလပ်ရက်အနေဖြင့် အောက်တိုဘာ ၁၆ ရက်ကစ၍ နိုဝင်ဘာလ ၁ရက်နေ့အထိ ကျောင်းကို ပိတ်ထားခဲ့ပြီး ထိုကျောင်းပိတ်ရက် အတောအတွင်း ကျောင်းအမိုးအကာများ ပြန်လည်ပြုပြင်ရန် လုပ်ဆောင်နေစဉ် ထိုင်းအာဏာပိုင်များ လာရောက်တားမြင့်ခဲ့သဖြင့် ယခုချိန်ထိ ကျောင်းကို ပြန်မဖွင့်နိုင်ပဲ ပိတ်ထားရသည်ဟု ကျောင်းဆရာ စောဂျက်ပစီက ကေအိုင်စီကို ပြောသည်။ သူက “ကျနော်တို့ကျောင်းဟာ အစကတည်းက တာလာပါ့အမိုးနဲ့ပဲ မိုးထားတယ်ဆိုတော့ အခုနွေမှာ နေကအရမ်းပူလာပြီလေ။ ကျောင်းပိတ်ရက်မှာ ကျနော်တို့ ကျောင်းသားမိဘတွေက ကျောင်းကို နည်းနည်းလေး ပြန်ပြင်ပြီးတော့ ဖက်နဲ့ပြန်မိုးဖို့ လုပ်တဲ့အချိန် မှာ ဒီမှာရှိတဲ့ ထိုင်းအာဏာပိုင်တွေက ခွင့်မပေးဘူး။ သူတို့က(ထိုင်းအာဏာ) ပြင်စရာမလိုတော့ဘူး၊ နင်တို့မကြာခင် ပြောင်းရတော့ မယ်လို့ ဒီလ ၈ရက်နေ့မှာ လာပြောသွားတယ်။ ကျောင်းက ဒီလ ၂ရက်နေ့မှာ ပြန်ဖွင့်ရမယ်ဆိုပေမယ့် ကျောင်းအမိုးအကာ မပြည်မစုံတဲ့အနေအထားမှာ နေပူကျဲကျဲထဲမှာ ကျောင်းသားတွေ ဘယ်လိုလုပ် စာသင်လို့ရမှာလဲ”ဟု ဆိုသည်။

ထို့အပြင် “အာဏာပိုင်တွေကတော့ ကလေးတွေ စာမသင်ရဘူးလို့တော့ မပြောပေမယ့် အခုလိုမျိုး စာသင်ကျောင်းအမိုးအကာ တဝက်တပျက်နဲ့ဆို ကလေးတွေ စာသင်လို့မရတော့ဘူးလို့ ထင်မှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် နောက်တပတ်မှာ ကျနော်တို့ ကလေးတွေ စာသင်ပေးဖို့ စဉ်းစားထားတယ်။ အိမ်မှာပဲ ကလေးတွေကို စုပြီးတော့ စာသင်ပေးမယ်။ ကျောင်းတက်တဲ့ ပုံစံတော့ မဟုတ်ဘူးပေါ့။ ဂျူဆင်ပြတဲ့ပုံစံမျိုးပေါ့၊ တနေ့ကို သင်ခန်းစာ နည်းနည်းလေးလောက် သင်သွားမယ်၊ သူတို့(အာဏာပိုင်) တွေကိုတော့ ကျနော်တို့ အသိပေးရမယ်။ သူတို့ခွင့်မပြုရင်တော့ မသင်ရဘူးပေါ့။ ဒီလိုအခြေအနေတွေကြောင့် ကလေးတွေရဲ့ ပညာရေးအတွက် အရမ်းနှစ်နာတယ်” ဟု ဆရာစောဂျက်ပစီက ပြောဆိုသွားသည်။

နိုဘိုးယာယီဒုက္ခသည်စခန်းတွင်ရှိ အဆိုပါကျောင်းတွင် ကျောင်းသူကျောင်းသား ဦးရေ(၂၂၄)ဦးနှင့် ကျောင်းဆရာ၊ ဆရာမ(၁၆) ဦးရှိပြီး အတန်းပညာအားဖြင့် အတန်းငယ် KGမှ (၇)တန်းအထိရှိသည်။

ထို့အပြင် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်းများက စခန်းအတွင်းရှိ ဒုက္ခသည်များကို နေ့တိုင်းလိုလို ဝင်ရောက်စစ်ဆေးလျှက်ရှိပြီး ယခုလ (၄)ရက်နေ့က ထိုဒေသအတွင်းရှိ ထိုင်း(တောချောဒေါ)စစ်သား၊ ရဲများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက စခန်းတာဝန်ရှိ သူများနှင့်ကျောင်းဆရာအချို့ကို ခေါ်ယူမေးမြန်းမှုများ လုပ်ဆောင်သည့်အပြင် နိုဘိုးရွာသားအချို့၏ နေအိမ်များကို လည်း ဝင်ရောက်စစ်ဆေးရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များအား ဆက်သွယ်မေးမြန်းရန် ကေအိုင်စီက ဆက်သွယ်ခဲ့သော် လည်း ဆက်သွယ်၍ မရပါ။
အလားတူ ထိုင်းနိုင်ငံ
ထဆောင်ယမ်းမြို့နယ် အူးသူးထာ့ဒေသအတွင်းရှိ ယာယီဒုက္ခသည်စခန်းတွင်လည်း ယခုလ ၄ရက်နေ့မှစ၍ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များက စခန်းအတွင်းရှိ ဒုက္ခသည်များအား နိုဘိုးယာယီစခန်းအတွင်းသို့ ပြောင်းရွှေ့နေထိုင်ရန် လူဦးရေစာရင်းများ လာရောက်ကောက်ခံနေကြောင်း အူးသူးထာ့စခန်းကော်မတီဝင်တဦးက ကေအိုင်စီကို ယခုလိုပြောသည်။

သူက “အူးသူးထာ့မှာတော့ ကလေးတွေက ကျောင်းပုံမှန်တက်နေပါတယ်၊ ဒါပေမယ့် ဒီလ ၄ရက်နေ့ကစပြီးတော့ ၃-၄ရက်ဆက် တိုက် ထိုင်းအာဏာပိုင်တွေက စခန်းထဲမှာလာပြီးတော့ စခန်းရဲ့လုံခြုံရေးအတွက် ဒုက္ခသည်တွေ နိုဘိုးဘက်ကို ပြောင်းမလား။ ရွာကိုပြန်မလားပေါ့၊ ရွာကိုပြန်မယ့်လူ ဘယ်နှစ်ယောက်၊ နိုဘိုးဘက် ပြောင်းမယ့်လူ ဘယ်နှစ်ယောက် သူတို့စီကို စာရင်းလာသွင်းပါ လို့ ပြောလာတယ်။ ရွာသားတွေ တယောက်မှ စာရင်းမသွားပေးကြဘူး။ ရွာသားတွေက ကျနော်တို့ကို အချိန်တလနှစ်လ လောက်စောင့်ပေးပါ။ အခြေအနေ ကောင်းလာရင် ရွာကိုပဲပြန်ချင်တယ်လို့ တောင်းပန်တော့ သူတို့(အာဏာပိုင်)ကလည်း အတင်းအကြပ်မလုပ်ဘူး”ဟု ပြောဆိုသွားသည်။

အဆိုပါ ဒုက္ခသည်များသည် ကရင်ပြည်နယ် ဖာအံခရိုင်အတွင်း နေထိုင်ကြသည့် ရွာသူရွာသားများဖြစ်ကြပြီး လွန်ခဲ့သည့် ဇွန်လက ထိုဒေသရှိ ကေအဲန်အယ်လ်အေ တပ်ဖွဲ့များကို နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင်တိုက်ခိုက်လာစဉ် အိုးအိမ်များကို စွန့်ပြီး ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးရောက်ရှိလာခြင်းဖြစ်ရာ ထိုင်းအာဏာပိုင်များက ထဆောင်ယမ်းမြို့နယ် အတွင်းရှိ နိုဘိုး၊ မဲ့သရီနှင့် အူးသူးထာ့ဒေသအတွင်း ယာယီစခန်းဖွင့်ပြီး ခိုလှုံခွင့်ပေးထားခြင်းဖြစ်သည်။

http://www.kicnews.org/?p=1281

Forced recruitment, forced labour: interviews with DKBA deserters and escaped porters

Forced recruitment, forced labour: interviews with DKBA deserters and escaped porters

သူပုန် ၃၄ ဦးအမှုတွင် အဝေးရောက် အစိုးရ သက်ေသထွက်ဆို

2009 November 13

သောကြာနေ့၊ နိုဝင်ဘာလ 13 ရက် 2009 ခုနှစ် 12 နာရီ 55 မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ကိုလ်ကာတာမြို့ စက်ရှင်တရားသူကြီးရုံးတွင် အမှုရင်ဆိုင်ေနရသော မြန်မာသူပုန် ၃၄ ဦး သည် လွတ်ေမြာက်ေရး အတွက် တိုက်ပွဲဝင်ေနသူများသာ ဖြစ်ေကြာင်း အဝေးရောက် အစိုးရအဖွဲ့ဖြစ်ေသာ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB)၏ ကိုယ်စားလှယ်က သက်ေသအဖြစ် ထွက်ဆိုခဲ့သည်။

NCGUB မှ နယူးဒေလီအခြေစိုက် ဝန်ကြီး ဒေါက်တာတငေ့်ဆွက ကြာသပတေးနေ့က တရားရုံးတွင် ထွက်ဆိုရာ၌ လောလောဆယ် ကိုလ်ကာတာမြို့ ပရက်စီဒင်စီ (Presidency) အကျဥးေ်ထာင်တွင် ချုပ်ေနှာင်ခံနေရသော ရခိုင်နှင့်ကရင် လူမျိုး ၃၄ ဦးသည် မြန်မာစစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက် တိုက်ပွဲဝင်ေနသည့် လွတ်ေမြာက်ေရး တိုက်ပွဲဝင်ေနသူများ ဖြစ်ေကြာင်း ပြောဆိုသွားသည်။

`အိန္ဒိယတရားရေး စနစ်က ဒီ ၃၄ ဦးအမှုကို စုံစမ်းစစ်ေဆးဖို့ ပျက်ကွက်မှာ မဟုတ်သလို တရားမျှတစွာနဲ့ ဆုံးဖြတ်ေပးလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ တရားမျှတမှုရပြီး သူတို့ လွတ်ေမြာက်လာလိမ့်မယ်လို့ ကျနော်အကောင်းမြင် မျှော်လင့်ပါတယ်´ ဟု ဒေါက်တာတငေ့်ဆွက မဇ္ဈိမ ကိုပြောသည်။
ကြာသပတေးနေ့က လာရောက်သက်ေသ ထွက်ဆိုခဲ့သည့် တရားဆိုင်ပြ သက်ေသ ၃ ဦးအနက် ဒေါက်တာတငေ့်ဆွသည် တဦး အပါအဝင် ဖြစ်သည်။ ၃၄ ဦးသည် လက်နက်နှင့်ခဲယမ်း မီးကျောက်များ ပိုင်ဆိုင်ထားရှိမှု၊ ဖောက်ခွဲရေး ပစ္စည်းများ လက်ဝယ်ထားရှိမှု၊ နိုင်ငံခြားသား အက်ဥပဒေအရ အိန္ဒိယနိုင်ငံတွင်းသို့ တရားမဝင် ဝင်ေရာက်လာမှုတို့ဖြင့် စွဲချက်တင် စစ်ေဆးနေသည်။ သူတို့သည် မြန်မာစစ်အစိုးရကို ဆန့်ကျင် တိုက်ခိုက်ေနကြသည့် လက်နက်ကိုင် အဖွဲ့များ ဖြစ်ေသာ ရခိုင်အမျိုးသား ညီညွတ်ေရးပါတီ (NUPA) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့ဝင်များဖြစ်ပြီး ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း အိန္ဒိယရေတပ်က `ပင်လယ်ေမျှာ့´ဟု အမည်ဝှက် ပေးထားသော စစ်ဆင်ေရးဖြင့် ဖမ်းဆီးမိခဲ့သည်။

ဖမ်းဆီးပြီး ရက်ပိုင်းအတွင်းမှာပင် သူတို့ထံမှ ဖောက်ခွဲရေးပစ္စည်းများနှင့် လက်နက်ခဲယမ်း အများအပြား ဖမ်းဆီးရမိကြောင်း အိန္ဒိယ ကာကွယ်ေရး ဝန်ကြီးဌာနက ကြေငြာခဲ့သည်။

သို့သော် မြန်မာစစ်အစိုးရ၏ ခိုငးေ်စချက်အရ အိန္ဒိယ ထောက်လှမးေ်ရးအဖွဲ့က အကွက်ချ ဖမ်းဆီးခဲ့ခြင်းသာ ဖြစ်ေကြာင်း သူပုန်များက တရားရုံးတွင် ထွက်ဆိုခဲ့သည်။

အန်ဒမန် နီကိုဘာကျွန်းစုရှိ လငးေ်ဖာ (Landfall) ကျွန်းကို အိန္ဒိယဘက်က အသုံးပြုခွင့် ပေးမှာဖြစ်ပြီး အပြန်အလှန်အားဖြင့် တရုတ်ေရတပ် လှုပ်ရှားမှုကို ထောက်လှမးေ်ပးပို့ရမှာဖြစ်သည်ဟု သူတို့နှင့် အိန္ဒိယ ထောက်လှမးေ်ရးတို့ သဘောတူညီခဲ့ကြသည်ဟု သူပုန်များက ပြောသည်။

ထောက်လှမးေ်ရးဘက်က သဘောတူညီချက်ကို ချိုးဖောက်ခဲ့ပြီး သူတို့ခေါငးေ်ဆာင် ၆ ဦးကို လနးေ်ဖာကျွန်းသို့ရောက်အပြီး နောက်တရက်တွင် သွေးအေးအေးဖြင့် သတ်ဖြတ်ခဲ့သည်ဟု သူတို့က ပြောသည်။

`ဒီသူပုန် ၃၄ ဦးဟာ လွတ်ေမြာက်ေရး တိုက်ပွဲဝင်ေနသူများသာ ဖြစ်တယ်ဆိုတာ ထွက်ဆိုဘို့ NCGUB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းကလည်း ကျနော့်ဆီကို စာတစောင် ပေးပို့ခဲ့ပါတယ်။ ဒီစာကို ကျနော် တရားရုံးမှာ တင်ပြခဲ့ပါတယ်´ ဟု ဒေါက်တာတငေ့်ဆွက ပြောသည်။
အနောက် ဘင်္ဂလားပြည်နယ် အားကစားဌာန အရာရှိတဦးကလည်း သူတို့ဌာန အနေဖြင့် မြန်မာ ၃၄ ဦး ကိုထောက်ခံသည့်အနေနှင့် လွတ်ေမြာက်ေရး တိုက်ပွဲဝင်သူများ သွေးစည်းညီညွတ်ေရး ကော်မတီနှင့်ပူးတွဲကာ ဘောလုံးပွဲတပွဲကို ၂၀၀၈ ခုနှစ်အတွင်း ကိုလ်ကာတာမြို့၌ စီစဉ်ကျင်းပခဲေ့ကြာင်း တရားရုံးတောေ်ရှ့မှောက် ထွက်ဆိုသွားသည်။

သွေးစည်း ညီညွတ်ေရး ကော်မတီကို ဒေါက်တာ (ဗိုလ်မှူးကြီး) လက်ရှမီးဆာဂါးလ် (Lakshmi Sahgal) က ဦးဆောင်သည်။

`အနောက် ဘင်္ဂလားပြည်နယ် အစိုးရအရာရှိရဲ့ ထွက်ဆိုချက်က မြန်မာလူမျိုး ၃၄ ဦးဟာ ရာဇဝတ်သားတွေ မဟုတ်ဘူး။ လွတ်ေမြာက်ေရး တိုက်ပွဲဝင်သူတွေသာ ဖြစ်တယ်။ ဒါကြောင့် အနောက် ဘင်္ဂလားပြည်နယ် အစိုးရအနေနဲ့ သူတို့နဲ့ ပေါင်းသင်းဆက်ဆံဖို့ သင့်တယ်လို့၊ ယူဆခဲ့တာဖြစ်တယ်လို့ ဆိုလိုတာဖြစ်တယ်´ ဟု တရားဆိုင်ေရှ့နေတဦးဖြစ်သူ ဆစ်ဒတ်သ်အဂါဝါလ် (Siddarth Aggarwal) က မဇ္ဈိမကို ပြောသည်။

နောက်ထပ် သက်ေသတဦးမှာ မြန်မာတိုင်းရင်းသား ခေါငးေ်ဆာင်တဦး ဖြစ်သူ ဦးဟန်ေညာင်ေရွှ (Harn Yanghwe) ဖြစ်သည်။ သူသည် ဘရပ်ဆဲလ်ရှိ ယူရိုမြန်မာရုံး (Euro-Burma Office) ညွှန်ကြားရေးမှူး တဦးလည်း ဖြစ်သည်။

ဦးဟန်ေညာင်ေရွှက သူသည် ၃၄ ဦး၏ မိခင်အဖွဲ့အစည်းများ ဖြစ်ေသာ NUPA, KNU တို့နှင့် အဆက်အသွယ်များ ရှိကြောင်း၊ EBO သည် သူတို့၏ တရားရုံးစရိတ်များအတွက် ဘဏ္ဍာရေး အထောက်အပံ့များ ပေးအပ်ခဲေ့ကြာင်း ထွက်ဆိုသွားသည်။ NC သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးစုများကို ကိုယ်စားပြုသည့် ထီးရိပ် အဖွဲ့အစည်းတခု ဖြစ်သည်။

ထင်ရှားသော လူ့အခွင့်အရေးရှေ့နေတဦးဖြစ်သူ နန်ဒီတာဟက်ဆာ (Nandita Haksar) သည် ဗုဒ္ဓဟူးနေ့က တရားရုံးတွင် မြန်မာလူမျိုး ၃၄ ဦးအမှုကို ကာကွယ်ထွက်ဆိုရာတွင် ၆ နှစ်မျှ ကြာသည်အထိ ဗဟိုထောက်လှမးေ်ရး ဗျူရို (CBI) က တရားစွဲတင်ခြင်း မရှိသည့်အတွက် ဒေါသထွက်မိကြောင်း ပါရှိသည်။

နောက်ဆုံးတွင် တရားမျှတမှုကို ရရှိလိမ့်မည်ဟု သူမအနေဖြင့် မျှော်လငေ့်ကြာင်းနှင့် တရားလိုဘက်မှ စွဲချက်ကို အထောက်အကူပြုမည့် သက်ေသခံများ လုံလောက်စွာ ပြသနိုင်ခဲ့ခြင်း မရှိကြောင်း နန်ဒီတာဟက်ဆာက ပြောကြားသွားသည်။

အမှုသည် ၃၄ ဦးက သူတို့ကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန် နယူးဒေလီမြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သို့ တင်ပြထားရာ `လျှောက်လွှာအား လက်ခံ စဥ်းစားနေကြောင်း´ အသိအမှတ်ပြု စာရွက်စာတန်းများ ထုတ်ေပးပြီး ဖြစ်သည်ဟု ဟက်ဆာက မဇ္ဈိမသို့ ပြောသည်။

နယူးဒေလီမြို့ရှိ UNHCR ရုံး ပြောရေးဆိုခွင့်ရှိသူက ဤသတင်းကို ငြင်းဆိုခြင်း သော်လညးေ်ကာင်း၊ အတည်ပြုခြင်း သော်လညးေ်ကာင်း၊ မလုပ်ေသာ်လည်း ဟက်ဆာကမူ ဤအချက်သည် မျှော်လင့်ချက် လက္ခဏာတရပ်ပင် ဖြစ်ေကြာင်း ပြောသည်။တရားဆိုင်ပြ သက်ေသများ၏ ထွက်ဆိုချက်များ ကြားနာမှု ပြီးဆုံးသွားပြီ ဖြစ်ပြီး တရားလိုဘက်မှ လျှောက်လဲချက် ပေးရန် ဒီဇင်ဘာ ၁၅ ရက်ေန့ကို ချိန်းဆို သတ်မှတ်လိုက်သည်။

`ကျနော့်အထင် တရားလိုဘက်က လျှောက်လဲချက်ကို ဒီဇင်ဘာမှာ ပေးမယ်၊ တရားဆိုင်ဘက်က ဇန်နဝါရီလ အတွငးေ်လာက် လျှောက်လဲချက်ေပးနိုင်မယ်´ ဟု တရားဆိုင်များ၏ ရှေ့နေ အဂါဝါးလ်က ပြောသည်။ နှစ်ဘက်လုံးမှ လျှောက်လဲချက် ပေးပြီးသည့်အခါ တရားရုံးက အမိန့်ချမှတ်နိုင်လိမ့်မည် ဖြစ်ေကြာင်း သူက ဆက်လက် ပြောကြားသည်။

ဤအမှုသည် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုတခုလုံးကို ကိုယ်စားပြုနေကြောင်း ဒေါက်တာတငေ့်ဆွ ကပြောသည်။

`ပိုကျယ်ကျယ်ပြန့်ပြန့်ကြည့်ရင် သူတို့ (မြန်မာ ၃၄ ဦး) ဟာ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတရပ် ဖြစ်ပါတယ်´ ဟု သူက ပြောသည်။
mizzima

ကရင့်ပေါင်းစည်းရေး အလှမ်းဝေး

2009 November 12

ချင်းမိုင် (မဇ္ဈိမ) ။ ။ အငြိုးကြီးလှသော ကရင်အဖွဲ့ကွဲ နှစ်ခုအကြား ပြန်လည်ပြောင်းစည်းရေး ကြိုးပမ်းမှုများမှာ အောင်မြင်မှုမရဘဲ ဖြစ်နေသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို သတင်းရပ်ကွက်တခုက ပြောသည်။

ကေအန်ယူ၏ တပ်ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူးတူးဆေးဖိုးနှင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) မှ ကိုယ်စားလှယ် မြိုင်ကြီးငူ ဆရာတော် ဦးသုဇနတို့ ထိုင်း-မြန်မာနယ်စပ်တွင် အောက်တိုဘာလ ၁၉ ရက်နေ့က လျှို့ဝှက်ဆွေးနွေးကြသော်လည်း တစုံတရာ သဘောတူညီမှုမရဘဲ ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။

“တွေ့ဆုံဆွေးနွေးပွဲကလည်း ဘယ်မှ ခရီးမရောက်ဘူးပေါ့လေ။ ဘုန်းကြီးအနေနဲ့ကလည်း ကြိုးစားတာပဲ။ ဒါပေမဲ့ သူတပ်တွေကလည်း သူစကားကို နားထောင်တာရှိတယ်။ နားမထောင်တာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့တပ်တွေက နအဖ နောက်ကို လိုက်သွားပြီလေ။ တချို့တပ်ခွဲတွေကလည်း သူ့စကား နားမထောင်တော့ဘူးဗျ။ အဲဒါက သူ ဒီဆွေးနွေးပွဲအတွက် အခက်အခဲဖြစ်တာပေါ့” ဟု သတင်းရပ်ကွက်က မဇ္ဈိမကို ပြောသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ၁၉၄၈ ခုနှစ်ကတည်းက လက်နက်ကိုင် တော်လှန်သည့် KNU အတွင်း ၁၉၉၄ ခုနှစ်တွင် ကွဲထွက်သွားခဲ့ပြီးနောက် အသေအပျောက် များလှသော တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည်။

KNU ၏ အမာခံ စခန်းတခုဖြစ်သော မာနယ်ပလော အပါအဝင် နယ်မြေစိုးမိုးရေး တိုက်ပွဲများတွင် စစ်အစိုးရက ငြိမ်းချမ်းရေး ရယူထားသော DKBA ကို မဟာမိတ်ပြု၍ KNU အပေါ် တိုက်ခိုက်ခဲ့သည်။

သြဇာရှိ ခေါင်းဆောင်တဦးဖြစ်သော KNU အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာကို ထိုင်းနယ်စပ် မဲဆောက်ရှိ နေအိမ်တွင် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် သေနတ်သမား ၂ ဦးက လုပ်ကြံသတ်ဖြတ်ခဲ့သည်။ လေ့လာသုံးသပ်သူများက DKBA က လုပ်ဆောင်ခဲ့သည်ဟု လက်ညှိုးထိုးခဲ့သည်။ DKBA ဘက်တွင်လည်း ချောင်းမြောင်းသတ်ဖြတ်ခံရမှုများ ရှိခဲ့သည်။

ယခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် မြိုင်ကြီးငူ ဆရာတော်က တိုက်ခိုက်သတ်ဖြတ်မှုများကို ရပ်စဲ၍ သွေးစည်းစေလိုကြောင်း ကြေညာချက်စာတစောင်ကို KNU သို့ ပို့ပေးခဲ့သည်။

KNU တပ်မဟာ ၆ နယ်မြေ ဒူပလာယာခရိုင် ဥက္ကဋ္ဌ စောရွှေမောင်းက ဆရာတော် ဦးသုဇနထံသို့ တပတ်အတွင်း စာပြန်လျှောက်ထားခဲ့အပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

“ဆွေးနွေးမှုက မပြတ်သေးဘူးလို့ ပြောလို့ရတာပေါ့။ သူတို့ဆွေးနွေးကြတာက နှစ်ဖက်စလုံး အပစ်အခတ် ရပ်မယ်ဆိုလို့ရှိရင် သူ့ဘက်ကိုယ့်ဘက်ကို ထိန်းနိုင်တဲ့ အနေအထားရောက်မှ အပစ်အခတ်က ရပ်မှာကိုး။ မထိန်းနိုင်ဘဲနဲ့တော့ အပစ်အခက်ရပ်မယ်ဆိုရင် ရပ်တဲ့အဖွဲ့က ရပ်၊ ပစ်တဲ့အဖွဲ့က ပစ်ဆိုရင် အလကားပဲ။ ပြန်ပြီးတော့ ထပ်ရှုပ်လာဦးမယ်” ဟု ကရင်ခေါင်းဆောင်တဦးက ပြောသည်။

DKBA ၉၉၉ တပ်အရာရှိတဦးကမူ တပ်အတွင်း ညီညွတ်မှုရှိနေပြီး မြိုင်ကြီးငူ ဆရာတော်စကား လိုက်နာပါသည်ဟု ပြောသည်။

“ဆရာတော်ကတော့ ကျနော်တို့ကို အမြဲတမ်း မှာပါတယ်။ အမြဲတမ်း နားထောင်ပါတယ်။ အချင်းချင်း ညီညီညွတ်ညွတ်နေဖို့ဟာကို။ ဆရာတော်ကတော့ သွားဆွေးနွေးတာက ကျနော်တို့ နှစ်ဘက် ညီညီညွတ်ညွတ်နေဖို့၊ ဒါပဲ။ ပြေလည်၊ မပြေလည်ဆိုတာကတော့ ဆရာတော် လမ်းညွှန်မှုအတိုင်းပဲ” ဟု ၎င်းအရာရှိက ပြောသည်။

“ကျနော်တို့ DKBA ကတော့ ဆရာတော် ပြီးတယ်ဆိုရင် ပြီးတာပဲ။ ဆရာတော်စကား နားမထောင်တဲ့လူ တယောက်မှ မရှိပါဘူး။ ဆရာတော်က ညီညီညွတ်ညွတ်နေဆိုရင် ကျနော်တို့အားလုံးက ညီညီညွတ်ညွတ် နေမှာပဲ။ DKBA နဲ့ KNU နဲ့ အားလုံး ညီညီညွတ်ညွတ်နေရင် ကျနော်တို့ အားလုံး ဝမ်းသာတာပေါ့” ဟု သူက ဆက်ပြောသည်။