Saturday, August 7, 2010

ကစထမှူးယာဉ်တန်း ကေအန်ယူ တိုက်ခိုက်

ကျော်ခ | သောကြာနေ့၊ သြဂုတ်လ ၀၆ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၃၃ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော် လိုက်ပါလာသော စစ်ယာဉ်တန်းကို ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ)က ချောင်းမြောင်းတိုက်ခိုက်မှု ကရင်ပြည်နယ်တွင် ကြာသပတေးနေ့က ဖြစ်ပွားခဲ့ရာ အနည်းဆုံး စစ်သည်တဦး သေဆုံးသွားသည်။

ကော့ကရိတ်မှ မြဝတီသို့အသွား ဒေါနတောင်တန်း အခြေရှိ စစ်ဆေးရေး ဂိတ်တခုအနီးတွင် စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး ခင်ဇော် လိုက်ပါလာသော ကား ၁ဝ စီးခန့်ပါ ယာဉ်တန်းရောက်ရှိခိုက် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး လုံခြုံရေးကားကို ထိမှန်သွားသည်ဟု ဒေသအတွင်းရှိ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော တိုးတက်သော ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ အစည်းအရုံး (ဒီကေဘီအေ) အရာရှိတဦးက ပြောသည်။

“စစ်တပ်ဆီက ကျနော်တို့ ကြားတဲ့ သတင်းအချက်တွေအရတော့ ပစ်တာက လက်နက်ကြီးနဲ့ပေါ့လေ။ ရှေ့ဆုံးက ပွိုင့်ရှေ့ပြေးကားကို ဘေးတိုက်အနေအထားထိတော့ ဘေးကို ထိုးရပ်သွားတယ်။ ကျနော့် ရဲဘော်တွေ ပြောတာတော့ ၁ ယောက် သေတယ်လို့ ပြောတယ်” ဟု နယ်မြေအတွင်းရှိ ဒီကေဘီအေ စစ်ဘက်အရာရှိ တဦးက မဇ္ဈိမကို ပြောသည်။

” အခြေအနေတွေ ရှုပ်ထွေးနေတယ်” ဟုလည်း သူက ထပ်ပြောသည်။

ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းတရပ်တွင် နယ်ခြားစောင့်တပ် စီမံကိန်း နားချရေး ကိုယ်စားလှယ် စစ်ဘက်ရေးရာ လုံခြုံရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးရဲမြင့်ပင် ယာဉ်တန်းတွင် ပါဝင်ပြီး တိုက်ခိုက်မှုကြောင့် စစ်သည် ငါးဦးသေဆုံးသည်ဟု ဖော်ပြထားသည်။

ဒုဗိုလ်ချုပ်ကြီးခင်ဇော်နှင့် အဖွဲ့သည် ယမန်နေ့ညနေပိုင်းက မြဝတီမြို့သို့ ရောက်ရှိလာခဲ့ပြီး ဒီကေဘီအေ အဖွဲ့နှင့် တွေ့ဆုံခဲ့သည်ဟု ပြောသည်။ ဆွေးနွေးမှုနှင့် ပတ်သက်၍ အသေးစိတ်ပြောဆိုရန် သူက ငြင်းဆိုသည်။

စစ်အစိုးရနှင့် ဒီကေဘီအေတို့အကြား မူအားဖြင့် နယ်ခြားစောင့်တပ် ပြောင်းလဲရန် သဘောတူညီမှု ရရှိခဲ့သော်လည်း အင်အား ၁ဝဝဝ ကျော်ရှိသည့် ဗိုလ်နှုတ်ခမ်းမွှေး (ခေါ်) စောလားပွယ် ဦးဆောင်သော ဒီကေဘီအေ တပ်မဟာ ၅ တပ်ရင်းများက ပယ်ချထားသည်။

“ကျနော်တို့ အဲဒီလိုပြောင်းလိုက်လို့ ကရင်လူမျိုး ကောင်းစားမယ်ဆိုရင် ပြောင်းလိုက်မယ်။ ဘာလို့မပြောင်းလဲဆိုတော့ စစ်တပ်ကို အယုံအကြည်မရှိလို့ မပြောင်းတာ။ အခု ပြောင်းသွားတဲ့ လူတွေကတော့ ယုံလို့ပြောင်းတာပေါ့လေ။ ဒါပေမယ့် မဖြစ်မနေ ပြောင်းရတဲ့လူတွေလဲ အများကြီး ပါသွားတယ်” ဟု အဆိုပါ တပ်ရင်းမှူးက ပြောသည်။

တပ်မဟာ ၅ အနေဖြင့် နအဖ စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ကိုပြောင်းလဲမှာ မဟုတ်သလို ကေအန်ယူနှင့် ပေါင်းစည်းဖို့ရန်လည်း အခက်အခဲများစွာရှိသည်ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ လာရောက်ဆွေးနွေးမှုထဲတွင် ဒီကေဘီအေ နယ်ခြားစောင့်တပ်အရေး အဓိက ပါဝင်နေသဖြင့် ယင်းကိစ္စရပ်ကို သဘောတူညီမှု မရှိသည့် မိမိတို့တပ်အပေါ် အမျက်ထွက်နေသည့် စစ်တပ်၏ ဆုံးဖြတ်ချက် အပေါ် မိမိတို့ အသင့်အနေအထားဖြင့် စောင့်ကြည့်နေသည်ဟု ဆိုသည်။

စစ်အစိုးရထံ လက်နက်အပ်၍ နယ်ခြားစောင့်တပ် အဖြစ်သို့ ကူးပြောင်းလိုခြင်း မရှိသူ ဒီကေဘီအေ တပ်သားများမှာ ယခုအခါ တောတွင်းသို့ ဝင်ရောက်သွားနေကြပြီး ထိုအထဲတွင် ၉၉၉ တပ်မှ လက်အောက်ခံ တပ်ရင်းများပါ ပါရှိကြောင်း မြဝတီမြို့ခံများနှင့် ဒီကေဘီအေ အသိုင်းအဝိုင်းက ပြောသည်။

4 August 2010 Yeyintnge's Diary

4 August 2010 Yeyintnge's Diary
MOJO_111

Karen squad ambushes 110 junta troops, kills nine including officer

August 5, 2010

.Chiang Mai (Mizzima) – Karen rebels in a 15-member squad equipped with only automatic rifles and the rain ambushed a government battalion with more than 100 troops on Tuesday, killing nine junta soldiers including the force’s deputy commander and wounding 14 others, the Karen National Liberation Army has said.

Having received advanced warning from villagers of the approach of the junta’s 110-strong 62ndInfantry Battalion, the KNLA 22nd Battalion had lain in wait in the mountainous terrain of central Karen State, south of Paikyone Township.

Their attack killed seven lower-ranking soldiers and deputy field commander Major Tun Min Kyu. Reports said one of the wounded junta soldiers later died.

The KNLA forms the armed wing of the independence movement, the Karen National Union (KNU). The battalion it attacked is under the Burmese Army’s Military Operations Command No. 19 based in Yay Township.

“There was heavy rain and creeks were flooded with torrents of water, which made them difficult to cross,” Pa-an district KNU chairman Pado Saw Aung Maw Aye told Mizzima. “Moreover, there are no proper roads in this area. We took position and posted lookouts, then ambushed them.”
Fourteen junta troops were wounded and were taken to the nearest military base at Tarlay, he added. Another report said the Burmese Army had used 20 residents from Sayphokhe and Maelarkhe villages as porters to carry the injured to the base.

A military observer based on the border said explosive booby traps set by the Karen guerrillas would have been the reason for the heavy losses to the Burmese battalion, which was carrying heavy weapons.

The ambush resulted in the second heaviest loss this year for junta forces in their battle against the KNU, which is struggling for the right to self-determination in a separate Karen state. In a clash on a highway to Thanphyuzayat Township in Mon State on May 10, the junta lost 13 soldiers and 20 were wounded.

The Karen rebels, strongly supported by local people, had in advance received information of junta troop movements in the Paikyone area, Pado Saw Aung Maw Aye said.

Nine Burmese Army battalions and junta ally, the Democratic Karen Buddhist Army (DKBA), which broke away from the KNLA in 1994, are competing with KNLA forces for control of the area.

Observers said the purpose of the unusual Burmese troop movements in this area controlled by the KNLA’s 6th Brigade was to undermine the rebels’ income.

The junta has deployed four more battalions under the command of Light Infantry Division No. 77 in Kyarinnseikgyi near Three Pagodas Pass since the middle of last month, Thai-border-based Mon News Agency editor-in-chief Nai Kasaw Mon said.

No 12NDFBulletinJuly2010

No 12NDFBulletinJuly2010

Thursday, August 5, 2010

An Open Letter to His Excellency Ban Ki Mon by Burmese Forces Japan

„[AHRC Open Letter] MYANMAR- Request to intervene on complaint of severe torture by police“

စစ်အစိုးရနှင့် KNLA တိုက်ပွဲ စစ်အစိုးရဖက်က အရာရှိအပါအ၀င် ၉ ဦးသေ

/ 8/05/2010 01:24:00 AM / သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။

ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ကရင်အမျိုးသားတပ်မတော် KNLA နှင့် မြန်မာစစ်အစိုးရတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အစိုးရဖက်မှ အရာရှိအပါအ၀င် ၉ ဦးသေပြီး (၁၀)ကျော်ဒဏ်ရာရရှိသည်ဟု KNU ကပြော သည်။

ကရင်ပြည်နယ်၊ ဖားအံခရိုင် ၊ ပိုင်ကျုံမြို့နယ် အတွင်းရှိ KNLA တပ်မဟာ(၇) ထိန်းချုပ် နယ်မြေ၌ ယမန်နေ့ မွန်းတည့်ချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ခရိုင်ဥက္ကဌ ဖဒိုစောအောင်မော်အေးက ယခုလိုပြောသည်။

“တိုက်ပွဲမှာတော့ နအဖ စစ်တပ်က (၈)ယောက်ကျသွားတယ်။ ၁၄ ယောက်ဒဏ်ရာရ တယ်။ မနေ့က ညကတော့ ဒဏ်ရာရတဲ့ထဲက တစ်ယောက်ထပ်သေသွားတယ်ဆိုတော့ အားလုံး ပေါင်း (၉)ယောက် လောက် ကျသွားတာပေါ့နော်။ ကျသွားတဲ့ကိုးယောက်ထဲမှာတော့ ဒု-ရင်းမှူးတစ်ယောက်တော့ ပါသွား တာပေါ့။ ခမရ(၆၂)က ဒုရင်းမှူး ဗိုလ်မှူး ထွန်းမင်းကျူ ဆိုတာပေါ့။”

စစ်အစိုးရ၏ စကခ(၁၉) လက်အောက်ခံတပ်ရင်း ခမရ(၆၂)မှ အင်အား ၁၀၀ ကျော်ရှိ စစ်ကြောင်းအား KNLA တပ်မဟာ(၇) လက်အောက်ခံတပ်ဖွဲ့ဝင်အင်အား ၁၅ ယောက်ခန့်က ပျောက်ကြားပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဖြစ်ပွား ချိန် နာရီဝက်ခန့်ကြာခဲ့သည်။

ယင်းတိုက်ပွဲမှာ ဒေါနတောင်ခြေအရှေ့ဖက်ခြမ်းရှိ မယ်ကဲဂွင်အတွင်းဖြစ်ပွားခဲ့ပြီး KNLA ဖက်မှ ထိခိုက်ကျဆုံး မှုမရှိသလို သိမ်းဆည်းရမိသည့် ပစ္စည်းလည်း မရှိကြောင်းသိရသည်။

စစ်အစိုးရတပ်ဖွဲ့များအနေနှင့် ယင်းတိုက်ပွဲကြောင့် ပတ်ဝန်းကျင်ကျေးရွာများအား တစ်စုံတစ်ရာပြုလုပ်မှု မရှိသေး သော်လည်း နောက်ပိုင်းတွင် မည်သို့ဖြစ်ပေါ်လာမည်ကို ခန့်မှန်းရခက်သည်ဟု စောအောင်မော်အေးက ဆက် ပြောသည်။

တချိန်တည်းတွင် DKBA ကိုးသုံးလုံးတပ်ဖွဲ့ဝင်များ KNU တပ်မဟာ(၆) နယ်မြေသို့ ယမန်နေ့က လာရောက် ပူး ပေါင်းခဲ့သည်ဟု တပ်မဟာ(၆)မှ ဗိုလ်ကြီးစောထွဲနေက ပြောသည်။

လာရောက်ပူးပေါင်းရသည့် အကြောင်းနှင့်ပတ်သက်၍ “အနေဆင်းရဲ၊ အစားအသောက် ဆင်းရဲ အားလုံး ပေါ့လေ၊ အဲတာကတစ်ခု နောက်တစ်ခုကတော့ သူတို့ကြားတာက DKBA တပ်မဟာ ကိုးသုံးလုံး အဖွဲ့က ဒီဗိုလ်မှူးစောလားပွယ်အဖွဲ့ကို လာပြီးတိုက်မယ်။ လာတိုက်မယ်ဆိုတော့ အချင်းချင်း လက် နက်ကိုင်ပဋိပက္ခတွေ သူတို့ကရင်မဆိုင်လိုဘူး။ အဲတာကြောင့်မို့လို့ KNU နဲ့ လာပြီးတော့ ပူးပေါင်း လိုက်တယ်။” ဟု ပူးပေါင်းလာသူများက ပြောကြောင်း ၎င်းကဆက်ပြောသည်။

လွန်ခဲ့သည့် ဂျူလိုင်လ(၃၁)ရက်နေ့က စစ်အစိုးရတပ်မှ အရပ်သားလယ်ထွန်စက် အားချောဆွဲပြီး သယ်ယူ ခိုင်းခဲ့သည့် စစ်လက်နက်ပစ္စည်းများအား KNUတပ်မဟာ(၆) လက်အောက်ခံ တပ်ရင်း(၁၇)က သိမ်းဆီးရမိခဲ့ပြီး မသယ်နိုင်သည့် စစ်လက်နက်များအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆက်ပြောသည်။

“လေယာဉ်ပစ်တဲ့ စက်သေနတ်အကြီး အော်လီဂန်းက တစ်လက်၊ သူရစက်အကြီး အထိုင် စက်အကြီး တစ်လုံး၊ ပြီးလို့ရှိရင် အိတ်တီဝမ်း ၈၁ မမကျည်က (၈)လုံး အဲတာ မီးရှို့ဖျက်ဆီးလိုက်တယ်။”

၎င်းပစ္စည်းများမှာ စစ်အစိုးရ၏ ခမရ(၄၀၁) တပ်ရင်းမှ ပစ္စည်းများဖြစ်ပြီး စစ်အသုံးအဆောင်ပစ္စည်းများ၊ နင်း မိုင်းနှင့် လက်နက်ကြီးပစ်ခတ်ရာတွင်သုံးသည့် ပို့ယမ်းများနှင့် ဆေးဝါးအချို့တို့အား သိမ်းယူခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည့် တိုးတက်သောကရင်ဗုဒ္ဓဘာသာ တပ်မတော် DKBA ကိုးသုံးလုံး တပ်ဖွဲ့ အများစုက စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံခဲ့သော်လည်း ဗိုလ်မှူးစောလားပွယ် ဦး ဆောင်သည့် တပ်မဟာ(၅) လက်အောက်ခံ တပ်ရင်းများက ငြင်းဆိုနေမှုအပေါ် စစ်အစိုးရမှ စစ်ရေးအရ လှုပ်ရှား မှုများရှိနေခဲ့သည်။

အကယ်၍ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိုလက်မခံသည့် ဗိုလ်မှူးစောလားပွယ်အဖွဲ့အား စစ်အစိုးရက တိုက် ခိုက်လာပါက KNU မှ ကူညီတိုက်ခိုက်သွားမည်ဟု သိရသည်။

လုံခြုံရေးမပါသော နအဖ စစ်လက်နက်ပစ္စည်း ကေအဲန်ယူ သိမ်းယူဖျက်ဆီး

/ 8/04/2010 09:52:00 PM / ကောင်းဝါ သတင်းဌာန မှ......

လယ်ယာသုံးထော်လာဂျီကား နှစ်စီးဖြင့် နအဖ စစ်လက်နက်များ တင်ဆောင်လာစဉ် လုံခြုံရေး မပါရှိ သောကြောင့် ကေအဲန်ယူမှ သိမ်းပိုက်နိုင်ခဲ့ကြောင်း တပ်မဟာ(၆) ပြန်ကြားရေး ဌာနတာဝန်ခံ ဗိုလ်ကြီး စောထဲနေက ပြောသည်။

“မထင်မှတ်တဲ့နေရာမှာ ကျနော်တို့ရဲဘော်သုံးယောက် နအဖစစ်ကြောင်းကို ပြောက်ကျားပစ်ဖို့စောင့်နေရင်း စစ်သားတွေမပါတဲ့ ထော်လာဂျီလယ်ထွန်စက်ကားနှစ်စီးရောက်လာတယ်၊ အဲဒီမှာ သူတို့စစ်လက်နက်ပစ္စည်းတွေ တွေ့လိုက်ရတာပဲ၊ နအဖစစ်ကြောင်းကတော့ နောက်ကနေကျန်ခဲ့တယ်”ဟု ဗိုလ်ကြီးစောထဲနေ ဆက်ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ညနေ(၄) နာရီခန့်တွင် ကြာအင်းဆိပ်ကြီးမှ ကျိုက်ဒုံအကြား ခုတ်ခွားရွာအနီး၌ နအဖ လုံခြုံရေး စိုးမိုးထားရာနယ်မြေအတွင်း၌ ယခုကဲ့သို့သိမ်ဆည်းရမိခြင်းဖြစ်သည်။

“သယ်နိုင်တဲ့ပစ္စည်းတွေကိုပဲ ယူလာရတယ်၊ လူမသယ်နိုင်တဲ့ဟာတွေကိုတော့ မီးရှို့ဖျက်ဆီးလိုက်တယ်”ဟု တပ်မဟာ(၆) ပြန်ကြားရေးဌာနတာဝန်ခံက ဆက်ပြောသည်။

ကေအဲန်ယူမှ မသယ်ဆောင်နိုင်သော အော်လီဂန်း(0.5 mm) တစ်လက်၊ သူရကြေးနန်းစက်တစ်လုံး၊ 88 mm ဗုံးသီး(၈) လုံးကို သိမ်းဆည်းသည့်နေရာတွင်ပင် စုပုံမီးရှို့ဖျက်ဆီးလိုက်သည်လည်း ဆိုပါသည်။

“အော်လီဂန်းဆိုတာ လေယာဉ်ပစ်နိုင်တဲ့စက်သေနတ်ကြီးပဲ၊ လူသုံးယောက်နဲ့တော့ မသယ်နိုင်ပါဘူး၊ သူ့ကို ဖျက်ဆီးဖို့လည်း မလွယ်ပါဘူး၊ ဒါပေမယ့် ဗုံးသီးနဲ့အတူမီးရှို့ရင်တော့ ပေါက်ကွဲမှုကြောင့် ပျက်ဆီးသွားမှာပဲ” ဟုထိုင်းအခြေစိုက်စစ်ရေးလေ့လာသူတစ်ဦး ပြောဆိုသည်။

ထို့နောက် ကျောပိုးအိပ်(၈) လုံး၊ RPG-7 ပို့ယမ်း(၈) ခု၊ M-40 မြေမြှုပ်မိုင်းတစ်လုံး၊ 81 mm လက်နက်ကြီး ယမ်းချပ်(၁၇) ခုနှင့် ဆေးပစ္စည်းအချို့ကိုသာ သယ်ဆောင်နိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါစစ်လက်နက်ပစ္စည်းများကို ကျိုက်ဒုံစကခ(၈) ရှေ့တန်းဗျူဟာသို့ ခမရ (၄၀၁) စစ်ကြောင်းမှ သယ်ဆောင် လာစဉ် ကေအဲန်ယူတပ်မဟာ(၆) တပ်ရင်း(၁၇) တပ်ခွဲ(၁) ပြောက်ကျား (၃) ဦး သိမ်းပိုက်မိခဲ့ခြင်းဖြစ်သည်။

“ပေါဆမှုတရပ်ပဲ၊ ဘာဖြစ်လဲဆိုတော့ ဒီလောက်အရေးကြီးတဲ့စစ်လက်နက်တွေ လုံခြုံရေးမပါဘဲ ဒီအတိုင်း လွှတ်ရဲတဲ့ အရာရှိကတော့ ဘယ်လိုနေမလဲမသိဘူး၊ တဖက်မှာလည်း စစ်ကြောင်းလို့သာဆိုတယ် အင်အားက နည်းတော့ ကိုယ့်ကိုလည်းကိုယ်လုံခြုံအောင် မနည်းသတိထားနေရတာလဲရှိ၊ လုံခြုံရေး အင်အားအပြည့် မပေးနိုင်တာက တကြောင်း၊ နောက်ပြီး သူတို့လုံခြုံရေးစိုးမိုးနယ်မြေလို့ သတ်မှတ်တဲ့နေရာတွေမှာ ဒီလိုအဖြစ်မျိုး လုံးဝကြုံတွေ့လာနိုင်မှာမဟုတ်ဘူးလို့ တွက်ဆထားပုံရတယ်” ဟု ထိုင်းနယ်စပ်စစ်ရေးလေ့လာသူတစ်ဦး သုံးသပ်ပြောဆိုသည်။

အခြားသတင်းတစ်ရပ်အရ ယမန်နေ့တွင်လည်း ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၌ ကေအဲန်ယူတပ်ဖွဲ့နှင့် ခလရ (၆၂) စစ်ကြောင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာစစ်အစိုးရတပ်မှ ဒုရင်းမှူးအပါအဝင်(၈) ဦးသေ၊ (၁၄) ဦးဒဏ်ရာရရှိ ခဲ့ကြောင်း သတင်းဌာနအသီးသီးတွင် ဖေါ်ပြကြသည်။

ပုံမှန်အားဖြင့် ကေအဲန်ယူနယ်မြေအတွင်း မြန်မာစစ်တပ်ထိုးစစ်ဆင်မှုများမှာ နှစ်စဉ် ခြောက်သွေ့ရာသီအဝင် နိုင်ဝင်ဘာလ များတွင် စတင်လေ့ရှိသည်။ သို့ရာတွင် ယခုနှစ်မိုးရာသီထိုးစစ်များကြောင့် မြန်မာစစ်အစိုးရ တပ်ဖွဲ့များ စစ်ရေးအရအထိနာခဲ့ကြောင်း ပြီးခဲ့သည့်သတင်းများကိုအခြေခံပြီး ထိုင်းနယ်စပ် စစ်ရေး စောင့်ကြည့်သူများ ထောက်ပြပြောဆိုကြသည်။

DKBA ကိုးသုံးလုံးတပ်ရင်းက စစ်အစိုးရထံ လက်နက်အပ်နှံ

ငြိမ်းချမ်းရေးနဲ့ လက်နက်လှဲလှယ်တယ်ဆိုတာ စကားလုံးသာလှသည် အဓိပါယ်က လက်နက်ချခြင်းဖြစ်သည်။ လက်နက်အပ်တယ် ဆိုတာလည်း လက်နက်ချခြင်းပင်ဖြစ်သည်။ လက်နက်ချခြင်းဆိုသည်မှာ ရန်သူကို ဒူးထောက် အညံ့ခံ အရှုံးပေးခြင်းဖြစ်ပါသည်။ ကိုယ့်သေနတ်ကိုယ်ဘယ်လောက်ပဲ ပြန်ကိုင်နေရပေ့စေ နိုင်ငံရေးမှာ လုံးဝ ဦးကျိုး အဖတ်ဆည်၍ မရတော့ပါ။ ဗိုလ်ချစ်သူက ကရင်ရာဇ၀င်ရိုင်းအောင် လုပ်ဆောင်နေပါပြီ။

သတင်နှင့်မီဒီယာ ကွန်ယက်။ အားမီ။
သြဂုတ်လ ၄ ရက်၊ ၂၀၁၀ ခုနှစ်။

စစ်အစိုးရနှင့်အပစ်ခတ်ရပ်စဲထားသည့် တိုးတက်သောကရင်ဗုဒ္ဒဘာသာတပ်မတော် (DKBA) ကိုးသုံးလုံး တပ် ရင်းက စစ်အစိုးရထံ လက်နက်များအပ်နှံလိုက်ကြောင်း သတင်း ရရှိသည်။

ယမန်နေ့နေ့လည် ၁၁ နာရီကျော်အချိန်ခန့်က DKBA အရာရှိများအပါအဝင် ရဲဘော်အချို့လိုက်ပါ၍ ကိုးသုံးလုံး ဌာနချုပ်အခြေစိုက်ရာ ရွှေကုက္ကူဖက်သို့ ကား(၇)စီးဖြင့် လက်နက်များ အပ်နှံရန်ထွက်သွားသည်ဟု DKBA တပ် ဖွဲ့ဝင်များနှင့်နီးစပ်သူ အမည်မဖော်လိုသော မြဝတီမြို့ခံတစ်ဦးက ယခုလိုပြောသည်။

"လက်နက်အပ်တာလေ၊ အစိုးရက သူတို့မှာလက်ရှိ လက်နက်ဘယ်နှစ်လက်ရှိလဲ၊ သူတို့ တပ်ရင်းမှာရှိ တဲ့ လက်နက်တွေ အကုန်လုံးအပ်ပေးရမယ်။ အပ်ပေးပြီးတာနဲ့ သူတို့က ပြန်ထုတ်ပေးမှာ။"

ယခုလက်နက်အပ်နှံမှုမှာ မြ၀တီ ကော့ကရိတ်ဒေသအတွင်းရှိ DKBA ကိုးသုံးလုံးတပ်ရင်း တစ်ရင်းတည်းကဖြစ်ပြီး ကျန်တပ်ရင်းများအနေနှင့် လာမည့် ရက်အနည်းငယ်အတွင်း အပ်နှံရမည်ဟု ၎င်းကဆက်ပြောသည်။

သို့သော် DKBA တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူး စောလားပွယ်ခေါ် ဗိုလ်နုတ်ခမ်းမွေး ဦးဆောင်သည့် တပ် ဖွဲ့ဝင်များအနေနှင့် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ငြင်းဆိုထားဆဲဖြစ်သည်ဟု သတင်းရရှိသည်။

လွန်ခဲ့သည့်လကုန်ပိုင်းက DKBA တပ်ဖွဲ့များအနေနှင့် စစ်အစိုးရ၏ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို လက်ခံသ ဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ကိုးသုံးလုံးတပ်ဖွဲ့မှ ယခုလို လက်နက်အပ်နှံခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ DKBA ကိုးသုံးလုံးတပ်ဖွဲ့ဝင်များအား ယမန်နေ့က ဒေသခံ စစ်ဖက်ရေးရာလုံခြုံရေး အရာရှိမှ အစည်းဝေးခေါ်ပြောဆိုခဲ့ပြီး လက်နက်အပ်နှံခိုင်းခြင်း မဟုတ်ဟု DKBA မှ အမည်မဖော်လိုသည့် အရာ ရှိတစ်ဦးက ယခုလိုပြောသည်။

"မနေ့က စရဖ အစည်းအဝေးမှာပြောတာ။ လက်နက်တွေကို မကိုင်နဲ့တော့မဟုတ်ဘူး။ ကိုင်။ ဒါပေ မယ့် တပ်ရင်းဆိုတပ်ရင်း၊ တပ်ခွဲဆိုတပ်ခွဲ၊ ဂိတ်ဆိုဂိတ်၊ တပ်စုဆိုတပ်စု အဲ့ဒီနေရာ တွေမှာထား။ လက် နက်တွေကို စည်းမဲ့ကမ်းမဲ့ မြို့ထဲမှာသွားလာရင်းနဲ့ ကိုင်ဆောင်ခွင့် မပေးတော့ဘူးတဲ့။ အဲ့ဒါ ငြိမ်းချမ်း ရေးရော၊ DKBA ရော အကုန်လုံးပဲ။"

အပစ်ရပ်အဖွဲ့များအနေနှင့် နယ်ခြားစောင့်တပ်ဖွဲ့ပါက စစ်အစိုးရ တပ်၏ ဖွဲ့စည်းပုံအတိုင်း ပြန်လည်ဖွဲ့စည်း ရ သောကြောင့် လက်နက်များယခုလို အပ်နှံရခြင်းဖြစ်သည်ဟု ကရင် အမျိုးသားအစည်းအရုံး (KNU) မှ အမည် မဖော်လိုသည့် အရာရှိတစ်ဦးက ယခုလို ပြောသည်။

“အဲတာတော့ ထုံးးစံပဲ။ သူတို့ နယ်ခြားစောင့်တပ်လုပ်မယ်ဆိုတော့ လက်နက်တွေအကုန် ပြန်အပ်ရမှာ လေ။ ဟိုကနေပြန်ထုတ်ပေးတာဆိုတော့ ကိုယ်ပိုင်နံပါတ်နဲ့ လာရတော့မှာ။”

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ အပစ်ရပ်အဖွဲ့များအတွင်း သဘောထား ကွဲလွဲမှုများဖြစ်ပေါ်နေပြီး (KNU)နှင့် ပူးပေါင်းလာသူများလည်းရှိသည်ဟု ဆက်ပြောသည်။

အတည်ပြု၍ မရသည့်သတင်းအရ DKBA တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူး စောလားပွယ်ခေါ် ဗိုလ်နုတ်ခမ်း မွေးအား စစ်အစိုးရမှ ဖမ်းဆီးနိုင်ရန် ကြိုးပမ်းလျှက်ရှိ သည်ဟု ဘုရားသုံးဆူဖက်မှလာသည့် သတင်းများအရ သိရသည်။

စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၇)ဖွဲ့အနက် DKBA သည် ကရင်အ မျိုးသားအစည်းအရုံးမှ ၁၉၉၄ ခုနှစ်က ခွဲထွက်ခဲ့ခြင်းဖြစ်သည်။

15th FBE Conference Resolutions (English)

15th FBE Conference Resolutions (English)

Wednesday, August 4, 2010

တပ်မဟာ (၇) တိုက်ပွဲသတင်း HOT NEWS

ယနေ့  အင်္ဂါနေ့  ၀၃၊ ၀၈၊ ၂၀၁၀ နေ့ လည် ၁၂း၀၀ နာရီအချိန်တွင် နအဖ စစ်တပ် ခမရ(၆၂) နှင့် KNLA တပ်မဟာ (၇) တပ်ရင်း(၂၂) တပ်ဖွဲ့ ဝင်များ ကရင်ပြည်နယ်၊ ပိုင်ကြုံမြိုနယ် (တာကရယ်ကော်ဆာ)စီဖိုးခီး အရပ် တွင် တိုက်ပွဲဖြစ်ပွားရာ နအဖ စစ်တပ်ဖက်မှ (၈)ဦး ကျဆုံးပြီး (၁၄)ဦး ဒဏ်ရာရိကြောင်းသတင်းရရှိပါသည်။ KNLA ဘက်မှ တစ်ဦးတစ်ယောက်မှ ထိခိုက်မှုမရှိကြောင်း စုံးစမ်းသိရှိရပါသည်။ သေဆုံးသွားသော နအဖ တပ်များတွင် ဒုရင်းမှူး တစ်ဦးပါဝင်ကြောင်း သတင်းရရှိပါသည်။

သတင်းရင်းမြစ်။ ။ တပ်မဟာ(၇)ရုံး

Invitation to the 61st People’s Forum on Burma (PFB) Regular Meeting

Friday, July 30, 2010


Invitation to the 61st People’s Forum on Burma (PFB) Regular Meeting



* Date 31 July 2010 *Time 6: 00 – 8: 30 PM

* Venue : Ikebukuro ECO- Toshima 8 F JR Ikebukuro Station, East-Exit
(PFB member 200 yen, non member 500 yen) ( Language: Japanese / Burmese)



Spekers
* Update report on the Refugee Resettlement Programme
-Ms. Naoko Hashimoto
Programme Manager, IOM (International Organization for Migration)


* What is the Refugee Resettlement Programme ?
How is the situation of Karen refugee in Thai and inside Burma ?

the difference of a support system between the Refugee who will come to Japan this year and Refugees who have already lived in Japan ,

-Mr. Saw Ba Hla Thein
Vice-chairman, Karen National League ( Japan )


* Burma ’s 2010 Elections . update report on the ethnic nationalities including
Kachin toward the SPDC's election. Update report on the situation of the ethnic nationalities in Burma
-Ms. Marip Seng Bu
General Secretary, Kachin National Organization- Japan







Monday, August 2, 2010

カレン民族伝統料理試食会(ကရင်ရိုးရာထ္မင်းပွဲသို့)

カレン民族伝統料理試食会

下記のようにカレン民族料理の試食会を行います。
ご一緒にカレン民族の伝統的な料理を食べませんか!
どなたでも参加できます。

◆ 日 時:8月22日(日)2:00~4:00P.M.
◆ 場 所:駒込地域文化創造館
    東京都豊島区駒込2-2-2
電話:03-3940-2400

ကရင်ရိုးရာထ္မင်းပွဲသို့
ဒို့များရဲ့ကရင်ရိုးရာအစားအစာကိုစုပေါင်းချက်ပြုတ်စားသောက်မည်ဖြစ်ပါ၍အတူတကွ
လက်ရည်တပြင်တည်းစားသောက်ရန်ဖိတ်ခေါ်အပ်ပါသည်၊၊
နေရာ-----KOMAKOME eki
TOSHIMA-KU,KOMAKOME2-2-2,
TOKYO 170-0003
KOMAKOME BON KA SOZOKAN
(KOMAKOME CHIKI BON KA CENTER)
နေ့ရက်-----:8月22日(日)2:00~4:00P.M
အချိန်----- နေ့လည် ၂း၀၀မှညနေ၄း၀၀အထိ
ဝင်ကြေး-----ယန်း၁၀၀၀(အဝစား)
ဆက်သွယ်ရန်
နော်လှဥမ္မာဝင်း--၀၈၀၅၅၀၁၆၅၂၉ ------စောဘလှသိန်း--၀၉၀၄၂၄၆၃၃၇၉
နော်လေးဖေါမင်း--၀၉၀၈၀၄၀၁၃၁၁-----စောသဆဲလ်--၀၈၀၄၁၉၄၆၅၂၉
နော်သိန်းသိန်း-- ၀၈၀၆၅၆၈၅၅၅၄------စောကျော်ထင်ထူး--၀၈၀၆၇၈၃၃၆၁၅
နော်ပေါ်လင်း--၀၈၀၅၈၆၈၂၅၇၅--------စညီညီလွင်--၀၈၀၈၆၁၂၇၆၆၈
စောခင်မောင်အေး--၀၉၀၆၁၅၃၅၄၇၄---စောဆဲနေဘလု--၀၈၀၃၅၄၆၅၀၄၆
စောကင်စင်ဂျာ--၀၉၀၁၇၃၃၉၄၄၆

အမျိုးသားအတွက် မှန်ကန်သော ဆုံးဖြတ်ချက်ကို ကရင်ပြည်သူများ ကြိုဆို

Submitted by Karen Information Center on Saturday, 31 July 2010No Comment.ဇူလိုင်လ ၃၁ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
နအဖစစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လုံးဝငြင်းဆန်ကြောင်း ဒီကေဘီအေတပ်မဟာ(၅) ကလိုထူးဘောဗျူဟာ ဗျူ ဟာမှူး ဗိုလ်မှူးကြီး စောလားပွယ်၏ ဆုံးဖြတ်သည် မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်သောကြောင့် အပြည့်အ၀ ထောက်ခံသည် ဟု ပြည်တွင်း၊ ပြည်ပရှိ ကရင်ပြည်သူများက ပြောဆိုနေကြသည်။

ဒီကေဘီအေ တပ်မဟာ (၅)မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောလားပွယ်နှင့် လုပ်ဖော်ကိုင်ဖက်တချို့
နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးနှင့် ပတ်သက်၍ ဒီကေဘီအေ စစ်ဦးစီးချုပ် ကျော်သန်းအပြင် နအဖစစ်တပ်မှ ထိပ် ပိုင်းအရာရှိများက ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်း)ကို အကြိမ်ကြိမ် ဖိအားပေးခဲ့သော်လည်း ဗိုလ်မှူးကြီး စောလားပွယ် သည် ဆုံးဖြတ်ချက်အတိုင်း ပြောင်းလဲသွားခြင်းမရှိဘဲ ယနေ့အချိန်ထိ လူထုဘက်ကို ရပ်နေလျှက်ရှိသည်။

ထိုဆုံးဖြတ်ချက်အပေါ် ကော့ကရိတ်မြို့နယ်မှ ကရင်ပြည်သူတဦးက“ ဒီကေဘီအေက နယ်ခြားစောင့်တပ် ဖြစ်လိုက်မယ်ဆိုရင် လုံးလုံး နအဖရဲ့ လူဖြစ်သွားပြီးလေ။ အဲဒီအခါကျတော့ လူထုအတွက်လုပ်မယ်လို့ သူတို့ ကျွေးကြော်ထားတဲ့ဟာတွေကို ဘယ်လို မှ အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူး။ အခု ဖူးနှုတ်ခမ်းမွှေးက လက်မခံဘူး။ သူ့ဖာသာသူရပ်တည်တာက အမျိုးသားအ တွက် သူလုပ်မယ်ဆိုရင် ဖြစ်လာနိုင်ပါသေးတယ်။ ကိုယ့်ကရင်အချင်းချင်းကြားမှာလည်း ပဋိပက္ခတွေ ဖြစ်စရာ အကြောင်းမရှိဘူး လေ။ အဲဒါကြောင့် သူ့လုပ်ရပ်ဟာ မှန်ကန်တယ်”ဟု ပြောသည်။

အလားတူ နော်ဝေနိုင်ငံရောက် နော်စရီးကလည်း “သူတို့လက်မခံတာ ကောင်းတယ်လို့ ကျမတော့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆို တော့ တကယ်လို့ သူတို့ စစ်အစိုးရနဲ့ ပူးပေါင်းမယ်ဆိုရင် ကရင်အချင်းချင်းကို ပြန်တိုက်ဖို့ အစိုးရက ခိုင်းလာမှာပဲ။ ဖားအချင်းချင်း ပြန်စားခိုင်းကြမှာပဲ။ နောက် သူတို့လက်ခံမယ်ဆိုရင် ကရင်အချင်းချင်းပြန်တိုက်ကြတာ နိုင်ငံတကာ မိသားစုရှေ့မှာ သိက္ခာကျတဲ့ အပြင် လူထုတွေရဲ့ အမျိုးမျိုးသော ဝေဖန်မှုကို ခံရမယ်။ အဲဒါကြောင့် သူတို့ငြင်း ဆိုလိုက်တာဟာ ကျမတို့ လုံးဝထောက်ခံတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ရက်နေ့တွင် ဗိုလ်မှူးကြီးစောလားပွယ်က ၎င်း၏ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဝေါ်လေဂွင်ရှိ ကျေးရွာ များမှ ဒေသခံ ကရင်လူထုများအား ချပြဆွေးနွေးခဲ့ရာ ဒေသခံများက အပြည့်အ၀ ထောက်ခံခဲ့ကြသည်ဟု သိရသည်။

ကရင်လူထုများအပေါ် ရပ်တည်ရန် ဆုံးဖြတ်ချက်လိုက်သည့် ဒီကေဘီအေ တပ်မဟာ (၅)တပ်ဖွဲ့များ၏ သတင်းများထွက်ပေါ်လာ ခြင်းကြောင့် ထိုဆုံးဖြတ်ချက်သည် မှန်ကန်သည်ဟု ယခင်က ကေအဲန်အယ်လ်အေ တပ်ရင်း (၁၉)တွင် ဗိုလ်မှူးကြီး စောလား ပွယ်နှင့်အတူ တိုက်ဖော်တိုက်ဖက် တဦးဖြစ်သည့် မန်းရောဘတ် ဘဇန်က ဗိုလ်မှူးကြီး စောလားပွယ်ထံသို့ ယခုရက်ပိုင်းတွင် စာ တစောင် ရေးပေးခဲ့သည်။

ထိုစာထဲတွင် “နအဖ ဗမာဖက်ဆစ်တွေရဲ့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ခါးခါးသီးသီး ဆန့်ကျင်လိုက်တယ်လို့ သိရလို့ ညီလေး ရဲ့ ရပ်တည်မှုဟာ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တာဖြစ်တယ်လို့ အစ်ကိုကြီးယူဆတယ်။ ဒီလုပ်ရပ်ဟာ ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ “ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမယ်” ဆိုတဲ့ တလောကလုံးဆိုင်ရာ အမှန်တရားကို ဆုပ်ကိုင်ထားလိုက် တာဖြစ်တယ်။ ကရင်တွေဟာ အနိုင်ကျင့်၊ ဗိုလ်ကျ၊ မတရားမှုတွေကို ဘယ်တော့မှ လက်မမြောက်၊ ဒူးမထောက်၊ အနိုင်မခံ၊ အရှုံး မပေးဘူး။ ဘယ်တော့မှ လက်နက်မချဘူးဆိုတဲ့ သူရဲကောင်းဝါဒကို ဖော်ပြလိုက်တာ ဖြစ်တယ်” ရေးသားဖော်ပြထားသည်။

ထို့အပြင် မန်းရောဘတ် ဘဇန်က “နအဖ ဖက်ဆစ်တွေ ကရင်ကိုချစ်တာ ကရင်အချင်းချင်း မုန်းသလောက်ပဲရှိတယ်။ နောက် “အ ရေးကြီးပြီ သွေးနီးကြပါစို့” တို့အမျိုးသား ရန်သူတွေနဲ့ စတိုက်ပြီး သေနတ်ပေါက်တာနဲ့ ပြည်တွင်းပြည်ပ (နိုင်ငံတကာရောက်) က ရင်တမျိုးသားလုံးဟာ ညီလေးနဲ့အတူရှိနေမယ်။ အစ်ကိုကြီးနဲ့ နိုင်ငံတကာရောက် ကရင်လူငယ်တွေ ညီလေးကို ၀ိုင်းရံနေမယ်” ဟု ဆိုသည်။

မန်းရောဘတ်ဘဇန်သည် ကွယ်လွန်သူ ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ)ဥက္ကဌဟောင်း မန်းဘဇန်၏သားဖြစ်သလို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ) တပ်ရင်း(၁၉)၏ တပ်မှူးဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိအ ချိန်တွင် အမေရိကန်ပြည်ထောင်စု၌ ခေတ္တနေထိုင်လျှက်ရှိသည်။

၎င်းတို့တပ်ဖွဲ့၏ဆုံးဖြတ်အပေါ် ကရင်ပြည်သူများက အပြည့်အ၀ ထောက်ခံသည့်အတွက်ကြောင့် တပ်မဟာ(၅)တခုလုံး ကိုယ်စား အလွန်ဝမ်းသာမိကြောင်း ဒီကေဘီအေ တပ်မဟာ(၅)မှ ထိပ်ပိုင်း အရာရှိတဦးက ယခုလိုပြောသည်။

သူက “ ပြည်သူတွေထံက အခုလို စကားမျိုးကြားရတာ ကလိုထူးဘော ဗျူဟာတခုလုံးကိုယ်စား အရမ်းပဲ ၀မ်းသာတယ်လို့ ပြော ချင်ပါတယ်။ တဆက်တည်းမှာပဲ ပြည်သူတွေကို ပြောချင်တာကတော့ သူတို့ဖြစ်စေချင်တဲ့အတိုင်း ပြည်သူ့တပ်မတော် တခုအနေ နဲ့ ရပ်တည်သွားမှာပါ။ ပြည်သူအတွက် အကျိုးပြုသွားမှာပါ။ နောက် တိုက်ပွဲအတွင်း အသက်ပေးရမယ်ဆိုရင်တောင် ကိုယ့်ကိုယ် ကို ဂုဏ်ယူတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ရက်နေ့တွင် ဒီကေဘီအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကျော်သန်းကိုယ်တိုင် နယ်ခြားစောင့်တပ် အသွင်ကူး ပြောင်းရေးကိစ္စနှင့်ပတ်သက်၍ ဗိုလ်လားပွယ် စခန်းရှိရာ ကော့ကရိတ်မြို့နယ်၊ ဝေါ်လေဂွင်သို့ လာရောက်၍ နားချဆွေးနွေးခဲ့ သော်လည်း မအောင်မြင်ခဲ့သည့်အပြင် ဇူလိုင်လ ၂၂ရက်နေ့က မြိုင်ကြီးငူ၌ နယ်ခြားစောင့်တပ်အရေးကိစ္စ ဆွေးနွေးရန် နအဖ ဘက်က ကမ်းလှမ်းချက်ကိုလည်း ဗိုလ်မှူးကြီးစောလားပွယ်က ငြင်းဆန်ခဲ့သည်။

ထိုအခြေအနေအပေါ် ဒီကေဘီအေ တပ်မဟာ (၅)နှင့် နအဖတပ်တို့အကြား စစ်ရေးတင်းမာမှုဖြစ်ပေါ်လာသောကြောင့် ပြီးခဲ့သည့် ဇူလိုင်လ၂၅ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တောင်ဘက် (၁၂၀)ကီလိုမီတာအကွာရှိ ဖုတ်ဖရမြို့နယ် ဝေါ်လေဂွင်ရှိ ကျေး ရွာ(၄)ရွာမှ ဒေသခံကရင်ပြည်သူ (၉၀၀)ကျော် ထွက်ပြေးတိမ်းရှောင်လာခဲ့ရာ ဇူလိုင်လ ၂၆ရက် နေ့တွင် ထိုင်းစစ်တပ်က နေရပ် ရင်းသို့ ပြန်လွှတ်ခဲ့သည်ဟု သိရသည်။

နအဖ စစ်အစိုးရကိုဆန့်ကျင်သော ဒီကေဘီအေ တပ်မဟာ (၅) တပ်ဖွဲ့နှင့် နအဖတို့ကြား ပစ်ခတ်မှုတစုံတရာ ဖြစ်ပွားလာပါက အဆိုပါ ဒီကေဘီအေဘက်ကို ကူညီရန် အသင့်ရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၆)မှ တပ်မှူးများက ပြောဆိုကြသလို မိမိတို့ နယ်မြေအတွင်း အခြေချခွင့်ပြုမည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က ပြောကြားသည်။

ဗိုလ်မှူးကြီးစောလားပွယ် ဦးဆောင်သည့် ဒီကေဘီအေ တပ်မဟာ(၅) လက်အောက်တွင် ကလိုထူးဘောဗျူဟာ(၁)နှင့် တပ်ရင်း (၅)ရင်းတို့ရှိပြီး တပ်အင်အား ၁,၂၀၀ကျော်ဖြင့် ကရင်ပြည်နယ် မြ၀တီမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် အခြေစိုက် လျှက်ရှိသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် စကခ(၈)မှ ဗိုလ်မှူးချုပ်သန်းစိုးက ဒီကေဘီအေ တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးကြီးစောလားပွယ်ကို လာမည့်သြဂုတ်လ ၁၀ရက်နေ့တွင် နောက်ဆုံးထား၍ နယ်ခြားစောင့်တပ်ဖွဲ့ရန် သတိပေးမှုများရှိခဲ့ပြီး မဖွဲ့ပါက မတရားအသင်းအဖြစ် ကြေညာသွားမည်ဟု နအဖက ခြိမ်းခြောက်ခဲ့သလို နယ်ခြားစောင့် တပ်ကို လက်ခံသည့် ဥက္ကဌ စောသာထူးကျော် အပါအ၀င် ဒီကေဘီအေ တပ်ဖွဲ့ဝင်တချို့ကိုလည်း လာမည့် သြဂုတ်လ လဆန်းပိုင်းတွင် နယ်ခြားစောင့်တပ် တံဆိပ် တပ်ဆင်တော့မည်ဖြစ်ကြောင်း ဒီကေဘီအေ အသိုင်းအ၀ိုင်းက ပြောကြသည်။

ဒီကေဘီအေ တပ်မဟာ(၅)မှ ထိပ်ပိုင်းခေါင်းဆောင်များ၏ ပြောပြချက်အရ ဗိုလ်မှူးကြီး စောလားပွယ်၏ သဘောထားသည် နယ် ခြားစောင့်တပ်ကို လက်မခံဘဲ ဒီကေဘီအေအ နေဖြင့်သာရပ်တည်လိုကြောင်း၊ ပြည်သူ့လုပ်အားဖြင့် ၀ယ်ယူခဲ့သည့် စစ်လက်နက် ပစ္စည်းများကို နအဖစစ်တပ်ထံ မအပ်လိုကြောင်း ပြောခဲ့သည်ဟု ဆိုသည်။

ယခုအချိန်တွင် ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့နှင့် ကေအဲန်ယူတို့ အမြန်ဆုံးပြန်လည် ပေါင်းစည်းသင့်ကြောင်း ကြာအင်း ဆိပ်ကြီးမြို့နယ်မှ ၀ါတော်ကြီး ကရင်သံဃာတော်တပါးက ယခုလို မိန့်ကြားသည်။ “ဗိုလ်နှုတ်ခမ်းမွှေး နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ငြင်းဆန်တဲ့ကိစ္စဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ပဲ မြင်ပါတယ်။ လူထုအတွင်းမှာ ဘုန်းဘုန်းတို့ တရားလိုက်ဟောတာဟာ ပြတ် သွားတဲ့ကြိုးကို ပြန်လည်ဆက်နိုင်ဖို့ဖြစ်တယ်။ ဒီလိုအချိန်မျိုးမှာ စုစည်းဖို့အချိန်တန်ပြီ” မိန့်ကြားသည်။



ဒီကေဘီအေ တပ်မဟာ (၅) လက်အောက်ခံ တပ်မှူးတပ်သားများ

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ)သည် မြိုင်ကြီးငူ နာယကဆရာတော် ဦးသုဇန၏ ဦး ဆောင်မှုဖြင့် ၁၉၉၄ ခုနှစ်တွင် ကေအဲန်ယူမှ ခွဲထွက်ကာ စစ်အစိုးရနှင့် ပူးပေါင်းခဲ့ပြီး လက်ရှိအချိန်တွင် အင်အား ၄,၀၀၀ ကျော်ရှိ သည်။

နအဖ ပြောင်းလဲဖွဲ့စည်းပေးမည့် နယ်ခြားစောင့်တပ်တွင် တပ်ရင်းတရင်း၌ တပ်ဖွဲ့ဝင်အင်အား (၃၂၆) ဦးရှိပြီး ၎င်းတပ်ဖွဲ့ဝင်များထဲ မှ (၃၀) ဦးသည် နအဖစစ်တပ်မှ အရာရှိအရာခံအကြပ်များ ပါဝင်မည်ဖြစ်သည်။ ထိပ်ပိုင်းအရာရှိများကိုလည်း ဗိုလ်မှူးအဆင့်အ ထိ ရာထူးလျှော့ချခံရမည်ဖြစ်သလို အသက် (၅၀)အထက် တပ်မှူး၊ တပ်သားများကိုလည်း အငြိမ်းစား ပင်စင်စားအနေဖြင့် တစ် လလျှင် မြန်မာကျပ်ငွေ ၃၀၀၀ကျပ် ရရှိမည်ဖြစ်သည်။

နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းပါက အပစ်ရပ်အဖွဲ့များသည် ယခင်က ၎င်းတို့တပ်ဖွဲ့၏ စစ်ယူနီဖောင်း(ဝတ်စုံ)ကို စွန့်လွှတ် ကာ မြန်မာ့တပ်မတော် တံဆိပ်ပါ စစ်ယူနီဖောင်းများကို ဝတ်ဆင်ရပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လက်အောက်၌ သွား လားလှုပ်ရှားရမည်ဖြစ်သည်။ နယ်ခြားစောင့်တပ်ကို လက်ခံသော ဒီကေဘီအေတပ်ဖွဲ့သည် နအဖ စစ်တပ်၏ လက်အောက်တွင် ကရင်အမျိုးသားရေးအတွက် အကျိုးမပြုနိုင်ဘဲ ခိုင်းသည့်အတိုင်း လုပ်၊ ကျွေးသည့်အတိုင်းစားရသည့် ဘ၀သို့ ၀ါးမျိုခံရမည်ကို ကရင်လူထုအများစုက မလိုလားကြပေ။

S. urges Myanmar to abide by U.N. sanctions on N. Korea: State Dept.

.
July 30, 2010

.The United States Thursday called on Myanmar to abide by an arms embargo and other U.N. sanctions imposed on North Korea for its nuclear and missile test last year.

The remarks by State Department spokesman Philip Crowley came as North Korean Foreign Minister Pak Ui-chun arrived in Yangon, Myanmar, earlier in the day for a four-day trip.

“We have concerns about the nature of the relationship between North Korea and Burma,” Crowley said. “We don’t see the transparency in that relationship that we’d like to see. North Korea is a serial proliferator. North Korea is engaged in significant illicit activity.

Burma, like other countries around the world, has obligations, and we expect Burma to live up to those obligations.” Arms sales are one of the major sources of revenue for North Korea, suspected of being behind nuclear and missile proliferation in Syria, Iran, Pakistan and several other countries.

Last June, a North Korean cargo ship, possibly on its way to Myanmar, returned home after being closely tracked by U.S. Navy vessels.

Israel said in May that the 35 tons of North Korean arms seized at the Bangkok airport in December were destined for the Hamas and Hizbullah militant groups via Syria.

Dennis Blair, then U.S. director of national intelligence, has said the cargo was bound for the Middle East, without elaborating.

A pay-off years ago by Israel reportedly failed to persuade North Korea to stop shipping weapons to the Middle East.

The United Arab Emirates last July seized a Bahamian-flagged ship carrying North Korean rocket-propelled grenades and other conventional weapons labeled as machine parts, the first seizure under Security Council Resolution 1874, adopted a month earlier after North Korea’s nuclear test in May.

India seized a North Korean ship off its coast last August but found no weapons aboard.

“It’s difficult to evaluate because of the lack of transparency in that relationship,” Crowley said. “It is something that is of concern to us, given North Korea’s historical record. And it is something that we continue to watch very carefully.” The spokesman was echoeing U.S. Secretary of State Hillary Clinton’s remarks in Hanoi, Vietnam, last week that expressed concerns about North Korea’s alleged proliferation of nuclear technology to Myanmar.

“I’ve also shared with the minister our concerns about the exporting by North Korea of military materiel and equipment to Burma,” Clinton said. “We know that a ship from North Korea recently delivered military equipment to Burma and we continue to be concerned by the reports that Burma may be seeking assistance from North Korea with regard to a nuclear program.”

Ads by Google

Decontamination equipment
We are specialized in nuclear decontamination equipment
www.fagerstrom.se

CYCLONE NARGIS_ NGOs cut programmes as government takes on recovery oversight

Cyclone Nargis „TRIPARTITE CORE GROUP (PERIODIC REVIEW IV)“

Prominent Historian Monk U Pyinya Sara Arrested in Sittwe

July 30, 2010

.Sittwe: Burmese military authorities on Tuesday arrested prominent Arakanese historian monk Ramar Waddy U Pyinya Sara in Sittwe, the capital of Arakan State, on accusations that he abused Buddhist religious principles, said another monk from Sittwe.

Speaking to Narinjara over the phone, the monk who wished to remain anonymous said, “A combined force of police and officials from the religious department arrested him at his monastery in Sittwe on the morning of Tuesday on accusations of breaking religious principles.”

U Pyinya Sara is a well known Arakanese historian as well as a leading abbot of the Buddha Vihara Mahamuni orphanage, where more than 100 orphans live and receive an education.

“I went to police station No. 1 to inquire about his arrest but the police official could not provide me with the real facts of his arrest. I was unable to see him at the police station as the authorities are not detaining him there,” said the monk.

The authority brought him to an unknown location in Sittwe after his arrest.

A trustee in the monastery said, “The authority told us the reason for his arrest is that he was living with a woman against the religious law. But I do not believe the accusations of the authority and strongly believe his arrest was related to politics.”

As U Pyinya Sara is a respected historian, he always reveals the history of Arakan through articles published in journals and magazines. The authority, however, sees this as behavior against solidarity of the union.

It was learned that residents of Sittwe are eager to know the reason behind the arrest of U Pyinya Sara after reports of his arrest began spreading in the city.

narinjara news

kklvol13no7

kklvol13no7