Saturday, February 28, 2009

ဂျပန်၌ Association of United Nationalities in Japan ဦးစီး၍(၆၂)နှစ်မြောက်ပြည်ထောင်စုနေ့ကျင်းပပြုလုပ်

ဖေဖေါ်ဝါရီ(၈)၊ တိုကျိုအခြေစိုက်ညီညွတ်သောတိုင်းရင်းသားများအစည်းအရုံး(AUN)ဂျပန်မှ ဦးစီး၍ (၆၂)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားကို တိုကျိုမြို့ရှိ အိုးစုခအရပ်ရှိ မိနာမိအိုးစုခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါအခမ်းအနားသို့အထူးဧည့်သည်တော်များအဖြစ်ဂျပန်ပြည်သို့ ခေတ္တရောက်

ရှိနေကြသောမွန်ပြည်သစ်ပါတီမှဥက္ကဌနိုင်ထောမွန်၊ ရခိုင်အမျိုးသားဒီမိုကရေစီ၏ဥက္ကဌ UNLD,L-A,
MPU ဦးထွန်းဝင်း ၊ KNO အတွင်းရေးမှူး၊ ENC တိုင်းရင်းသားလူမျိုးများကောင်စီ၏အတွင်းရေးမှူး ဒူးဝါးမခေါ်ခွန်ဆာတက်ရောက်ပြီး၊ မြန်မာအရေးစိတ်ဝင်စားသောဂျပန်လူမျိုးများနှင့်ပြည်ပရောက်မြန်မာ
နိုင်ငံဒီမိုကရေစီအရေးလှုပ်ရှားနေကြသူများ၊ ပြည်ထောင်စုတိုင်းရင်းသားများအစုံအလင်တက်ရောက်ကြပြီးတို့ မှတက်ရောက်ခဲ့ကြပြီး အခမ်းအနားကို(၂)ပိုင်းခွဲ၍ ပြုလုပ်ခဲ့ကြသည်။ပထမပိုင်းအခမ်းအနားကို နေ့လယ် ၁၂း၃၀ နာရီမှ ၃း၃၀ နာရီအထိပြုလုပ်ခဲ့ပြီး ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် လက်ရှိမြန်မာပြည်နိုင်ငံရေးအပေါ် သုံးသပ်ချက်များကိုပြောဆိုဆွေးနွေးခဲ့ကြသည်။
ဒုတိယအပိုင်းတွင်တိုင်းရင်းသားများကမိမိရိုးရာယဉ်ကျေးမှု့ များနှင့်တင်ဆက်၍KNL(Japan) မှဖိတ်ကြားမှု့ ဖြင့်ရောက်ရှိလာသောကိုရီးယားနိုင်ငံမှရောက်ရှိလာသောကရင်စာရေးဆရာ၊ကရင်အဆိုတော်စကဲနက်(ခ)တာရာမင်းခိုက်(ခ) Y မြစ်ချိုမှ သီချင်းအားဖြင့်ပါဝင်ခဲ့သည်၊၊ယခုကျင်းပသည့်အခမ်းနားသို့ ဂျပန်လူမျိုးများနှင့် မြန်မာလူမျိုးပရိတ်သတ်(၆ဝဝ)ကျော်ခန့်တို့တက်ရောက်ခဲ့ကြပြီးဖေဖေါ်ဝါရီ(၈)ရက်(တနင်္ဂနွေနေ့)တွင်
အောင်မြင်စွာကျင်းပပြုခဲ့သည်။