Friday, December 10, 2010

တွေဝေနေတုံးဘဲလား

ဖမ်းဆီးခံထားရတဲ့ ကရင်ငြိမ်းချမ်းရေး ရဲဘော်တွေကို မီးရှို့ သတ်ဖြတ်ထားတဲ့ အလောင်း ကို ပြန်တွေ့ ခဲ့ပါပြီ။ ဒီလိုမျိုး လူကိုသွေးအေးအေးနဲ့  အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်မှုဟာ လူမျိုးရေးအ
ညှိုးကြီးစွာနဲ့ ရက်စက်ကြမ်းကြုတ်ယုတ်မာတဲ့ သတ်ဖြတ်မှုဖြစ်ပါတယ်။အခုမီးရှို့ သတ်ဖြတ်မှုဟာ စာဖတ် သူရဲ့ မျက်စိထဲမှာ မှန်းပြီးမြင်ကြည့်လိုက်ပါ။….





လူကို သုံးယောက်တတွဲကြိုးနဲတုပ်ချည်၊ စိတ်ရှိလက်ရှိထိုး
ကြိတ်ရိုက်နက်၊အရှင်လတ်လတ်မီးရှို့ ၊မီးပုံရဲ့ ပတ်ပတ်လည်မှာစစ်မိတ္ဆာတွေဝိုင်းပြီး၊ဆဲချင်သလောက်ဆဲ၊
ဟားတိုက်ချင်သလောက်တိုက်၊အရသါခံပြီးကြည့် လက်ခုတ်သြဘာပေး….မီးရှို့ ခံရတဲ့သူတွေက နောက်
ဆုံးအသက်ထွက်တဲ့အထိ ကူပါကယ်ပါအော်ဟစ်ညှင်းညူ….တကယ်ရွံရှာဖွယ်ရာလူမဆန်တဲ့လုပ်ဆောင်
ချက်ပါပဲ။


နအဖစစ်အုပ်စုဟာ ဘာစစ်သုံ့ ပမ်းဥပဒေမှ နားမလည်တဲ့ မုဒိမ်းတပ်သားတွေနဲ့ တည်ဆောက် ထားတာပါ။ ဒါပေမဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ရဲဘော်တွေရဲ့ခေါင်းဆောင်တွေကတော့ ငြိမ်းချမ်းရေး မ
ပျက်ပျယ်သေးဘူးတဲ့။ စစ်မိတ္ဆာခေါင်းဆောင်တွေနဲ့  ဆွေးနွေးအုံးမယ်၊ပြစ်မှုကျူးလွန်တဲ့သူတွေကို ဘယ် လိုအရေးယူနိုင်မလဲတဲ့။ ဒီအချိန်မှာ ကိုယ်ဟာမြွေပွေးလား၊ရေမြွေလားဆိုတာ ကိုယ့်ကိုယ်ကိုပြန်ဆန်း
စစ်ရပါမယ်။နေပြည်တော်ကိုသွားပြီး(လက်နက်မဲ့)ကိုယ့်အခွင့်အရေးကို သွားတောင်းဆိုဖို့ စိတ်မကူးလိုက် ပါနဲ့ ။


ဒီလောက်ကောက်ကျစ်ယုတ်မာတဲ့ မဟာလူမျိုးကြီးဝါဒ စစ်အုပ်စုတွေကို သူတို့ တွေဆီက ဘာတွေဆက်မျှော်လင့်ရမှာလဲ…သူတို့ မှာပေးစရာဆိုလို့ ကျဉ်ဆံဘဲရှိတယ်။ အခုသတ်ဖြတ်မှုဟာလည်း …မင်းတို့ ကရင်တွေရဲ့  အသက်တချောင်းကိုကျဉ်တတောင့်စာလောက်တောင် ငါတို့ တန်ဖိုးမထားဘူး ဒါ ကြောင့်ဒီလိုမျိုး မီးရှို့ သတ်ဖြတ်တာလို့ ပြသလိုက်တာပါဘဲ။ မဟာဗမာစစ်အုပ်စုတွေရဲ့ ခေါင်းထဲမှာ…
မင်းတို့ ကရင်တွေပျက်သုဉ်းဖို့ ငါတို့ သွေးတွေ၊ချွေးတွေ မပေးထွက်တော့ဘူး။ငါတို့ မှာ ငွေစက္ကူ ထုတ်တဲ့ စက်ရှိတယ်၊ အဲဒီစက္ကူတွေနဲ့ ဘဲ မင်းတို့ ကိုရှင်းပစ်လိုက်မယ်။ငါတို့ အနောက်ကနေ လက်ခုတ်တီးအား ပေးနေမယ်…ဆိုတဲ့အချိုးနဲ့ ချိုးနေ တာပါ။


ဒီနေရာမှာ မဟာဗမာစစ်အုပ်စုနဲ့ ကရင်တော်လှန်ရေးအဖွဲ့ တို့ ရဲ့ ငြိမ်းချမ်းရေးရာဇ၀င်
သမိုင်းတွေကို ကျနော်တို့ ပြန်လည်သုံးသပ်ရမှာဖြစ်ပါတယ်။ မြန်မာပြည်လွတ်လပ်ရေးရပြီးနောက်ပိုင်း၊ နောက်ထပ်ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး၊လူမျိုးရေးပဋိပက္ခဖြစ်တဲ့ ကရင်ဗမာအဓိဂရုန်း၊ကရင်တော်လှန်ရေး
ပေါ်ပေါက်လာတဲ့အချိန်ကစပြီးမဟာဗမာလူမျိုးကြီးဝါဒ(စစ်ဘောင်းဘီဝတ်၊လုံခြည်ဝတ်၊ထမီဝတ်၊….၀တ်)
တို့ ရဲ့ အဓိကရန်သူဟာ ကရင်ဖြစ်ကြောင်း ဆွေစဉ်မျိုးဆက် သူတို့ သတ်မှတ်လိုက်ပြီးသားပါ။


အဲဒီအချိန်
မတိုင်ခင်ကတည်းက မဟာလူမျိုးကြီးခေါင်းဆောင် တဦးရဲ့ သေတမ်းစာထဲမှာ ကရင်မှန်ရင် အစိတ်သား
ကောင်တောင်မချန်နဲ့ လို့ မှာတမ်းချွေလိုက်သေးတာဘဲ။ ဒါကိုသိရင်းနဲ့  ခွေးပါးစပ်ကနတ်စကားထွက်တာ
ကို သွားယုံတော့ ဘယ်သူ့ အပြစ်လဲ၊ ထင်ရှားတဲ့ သာဓကအနေနဲ့  ဗိုလ်လင်းထင်နဲ့ အပေါင်းပါငြိမ်းချမ်း
ရေးယူတဲ့ဖြစ်ရပ်၊ နောက်ဆုံးတော့ ဗိုလ်လင်းထင်ဘယ်လိုဘ၀နိဂုံးချုပ်သွားသလဲ။ အသက်မသေဘဲ ကျန်တဲ့ အခြားအထင်ကရ ကရင်ခေါင်းဆောင်တွေကတော့ သူတို့ ရဲ့ မျိုးဆက်တွေကို သွေးနှောစနစ်နဲ့ 
ဖျက်ဆီးခံလိုက်ရတယ်။


တကယ်တော့ ဗဟာလူမျိုးကြီးဝါဒစစ်အုပ်စုတွေဟာ ကရင့်တော်လှန်ရေးကို တရားသော စစ်နဲ့ ဆင်နွှဲရင် လုံးဝမယှဉ်နိုင်ဘူးဆိုတာ သူတို့ ကိုယ်သူတို့ သိတယ်။မယှဉ်နိုင်ဘူးဆိုတာက မြန်မာပြည်
လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်တပ်ထဲဝင်လာတဲ့သူတွေ မျိုးချစ်စိတ်ဓါတ်လုံးဝမရှိဘဲ၊ အခွင့်အရေး
သမား၊လမ်းဘေးကလေကချေလူဆိုးလူမိုက်၊အလုပ်လက်မဲ့၊အတင်းသိမ်းသွင်းခံရတဲ့ကလေးစစ်သား၊ကြီး
နိုင်ငယ်ညှင်းလူတန်းစားတွေနဲ့ ဖွဲ့ စည်းထားတာမို့ လို့ ပါ။ဒါကြောင့်မို့ ကောက်ကျစ်ယုတ်မာနည်းလမ်း
မျိုးစုံသုံး(သူတို့ အပြောအရတော့ စစ်ပရိယာယ်) ပြီး တော်လှန်ရေးအင်အားစုတွေကို ဖြိုခွဲလာခဲ့တယ်။


ဒီကေဘီအေခွဲထွက်ပြီး မာနာပလောစခန်းကျပြီးတဲ့ နောက်မှာလည်း ကရင့်တော်လှန် ရေးကို သူတို့ ထိန်းချုပ်နိုင်လိုက်ပြီလို့ သူတို့ တွက်ဆထားပုံရတယ်။ နောက်ဆုံးသူတို့ ထင်သလိုမဖြစ် လာတော့ ဗိုလ်ချုပ်မြကိုစည်းရုံးဖို့  ငြိမ်းချမ်းရေးပွဲစားအများအပြားသုံးပြီးစည်းရုံးတော့တာပါပဲ။အဲဒီ အချိန် တုံးက ပွဲစားတွေများလွန်းလို့  အချင်းချင်းခေါင်းတိုက်မိသေဆုံးတဲ့လူလဲရှိတယ်လို့ ကြားမိတယ်။ဒါပေမဲ့  ကျနော်တို့ ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောဘိုမြဆိုတဲ့ အာဃယောက်ျားကတော့ နောက်ဆုံးထွက် သက်အထိကရင့်အမျိုးသားအပေါ်၊ ကရင်တော်လှန်ရေးအပ်ါသစ္စာတည်သွားတယ်။


ဗိုလ်ချုပ်မြနောက်ပိုင်း မဟာစစ်အုပ်စုတို့ ပစ်မှတ်ထား စည်းရုံးသိမ်းသွင်းခံရတဲ့ သူကတော့ အဖိုးထိန်မောင်ပါ။ပွဲစားတွေစည်းရုံးမှုကောင်းလို့ ပါသွားတာလို့  အချို့ ကကောက်ချက်ချကြတယ်။
တကယ်တော့ ပွဲစားတွေဟာ မိမိကိုယ်ကိုအသုံးချခံရမှန်းမသိတဲ့လူရှိသလို၊မဟာစစ်အုပ်စုကိုမလွန်ဆန်
နိုင်တဲ့သူတွေလည်းရှိပါတယ်။ ဒါပေမဲ့ အဖိုးထိန်မောင်စည်းရုံးခံလိုက်ရတာကတော့ ပွဲစားတွေက ပွဲစားခ မြိုးမြိုးမြက်မြက်ရလိုရငြားနဲ့ ရည်ရွယ်ချက်ရှိရှိလုပ်တယ်ဆိုတာပေါ်လွင်ပါတယ်။


ကိုယ်ကျိုးသမားတွေရဲ့
လုပ်ရပ်ကြောင့် အဖိုးထိန်မောင်ကိစ္စမှာ ကရင့်တော်လှန်ရေးလောကို အတော်လေးဂရက်ရိုက်သွားတာ အမှန်ပါဘဲ။ အဖိုးထိန်မောင်ရဲ့ ပေးဆပ်ခဲ့ တဲ့ သမိုင်းကို သူကိုယ်တိုင်မနှမြှောပေမဲ့ သူ့ ကိုယ်စား နှမြှော တဲ့လူတွေတော့ရှိမယ်ထင်တယ်။ ငြိမ်းချမ်းရေးစကားဆွေးနွေးတော့ အဖိုးထိန်မောင်ဟာ သူရဲ့ အမျိုးသား တော်လှန်ရေးသက်တမ်းလောက်တောင်မရှိတဲ့ သူ့ မြေးအရွယ် နအဖအရာရှိငယ်တန်းစားမောင်ရဲမြင့် နဲ့  ဘဲဆွေးနွေးရတော့ အဖိုးထိန်မောင်အတွက် အတော်ကသိကအောက်ဖြစ်မှာသေချာတယ်။


မဟာဗမာစစ်အုပ်စုဟာ အဖိုးထိန်မောင်ကိုစည်းရုံးသိမ်းသွင်းပြီး အမျိုးသားသစ္စာဖေါက် မောင်ချစ်သူလိုမျိုး အသုံးတည့်မလားလို့ စမ်းကြည့်ပါသေးတယ်။ နယ်ခြားစောင့်တပ်ဖွဲ့ စည်းဖို့ ကိုလည်း အခါခါနားချပါသေးတယ်။ နောက်ဆုံးမရတဲ့အဆုံး မင်းတို့ ကရင်တွေ ဒီပုပ်ထဲကဒီပဲဘဲဆိုပြီး လုပ်ချလိုက် တာပါ။


တကယ်တော့ဖက်ဆစ်စစ်အုပ်စုတွေဟာ အပြစ်မဲ့ကရင်ရွာသားတွေကိုတောင်မှ အမျိုးမျိုးညှင်း
ပမ်းနှိပ်စက်သတ်ဖြတ်၊ ပြည်တွင်းမှာနေလို့ မရအာင်မောင်းထုတ်သေးတာဘဲ၊ကရင်လက်နက်ကိုင်ဆိုရင် ပိုလို့ တောင်သတ် သင့်တယ်လို့ သူတို့ ယူဆထားပုံရတယ်။လက်နက်ကိုင်တဲ့ ကရင်ငြိမ်းတွေဒီနေ့ ငါတို့  ကို မတော်လှန်သေးပေမဲ့ နောက်နေ့ တော်လှန်မှာဘဲလို့ တွက်ထားတာပါ။


ဒီသတ်ဖြတ်မှုဟာ ဦးငြိမ်းတို့ အဖွဲ့ အားလုံးကို အချက်ပြလိုက်တာလည်းပါတယ်။ ငါတို့ တတွေဟာငြိမ်း
ချမ်းရေးကိုဆက်လက်ထိန်းသိမ်းတယ် ငါတို့ အရင်ရန်မစဘူး ဆိုတဲ့ လေသံနဲ့ လေလှိုင်းထဲမှာ ကြားနေ ရပါတယ်။ငြိမ်းချမ်းရေးထိန်းသိမ်းတာတော့ကောင်းပါတယ် ဒါပေမဲ့ နှစ်ဖက်စလုံးထိန်းသိမ်း တည်ဆောက် ကြရင်တော့ အတိုင်းထက်အလွန်ဝမ်းသာတာပေါ့။ အခုရန်သူမဟာဝါဒီစစ်အုပ်စုက ငြိမ်းချမ်းရေးကိုဖေါ် ဆောင်တဲ့ လက္ခဏာ၊လုပ်ဆောင်ချက် ဘာတွေတွေ့ နေရလို့ လဲ။ ရန်သူက ကိုယ့်ကိုလည်ပင်းတက်နင်းမှ ကိုယ်ကပြန်ချမယ်ဆိုရင် လုံးဝနောက်ကျသွားပါပြီ။ ရန်သူက ကောက်ကျစ်ယုတ်မာ နည်းလမ်းပေါင်း စုံသုံး၊ ကမ္ဘာကိုတောင်ပတ်ပြီးလိုက်လိမ်နိုင်သေးရင် ငြိမ်းအဖွဲ့ လေးတွေလောက်တော့ ပျင်းတောင်ပျင်း သေးတယ်။


တကယ်တော့ မဟာဝါဒီစစ်အုပ်စုဟာ ငြိမ်းအဖွဲ့ တွေကိုစစ်ကြေငြာလိုက်တာက နယ်ခြား စောင့်တပ်ဖွဲ့ လုပ်ဖို့ ပြောတဲ့အချိန်တုံးကစတင်တာပါ။ဒါပေမဲ့ မျှော်လင့်ချက်တခုခုနဲ့ ကျနော်တို့ ငြိမ်းအဖွဲ တွေက မျှော်လင့်နေတုံးဘဲ…တွေဝေနေတုံးဘဲဆိုပါတော့။


ဗိုလ်မှူးစောလားပွယ်ဦးဆောင်တဲ့ ဒီကေဘီအေတပ်ဖွဲ့ က ဖက်ဆစ်ဗမာစစ်အုပ်စုကို စတင် တိုက်ခိုက်ခဲ့ပြီး ယခုအခါမိခင်ကေအင်ယူတပ်နဲ့  ပူးပေါင်းပြီးတော့ နအဖကို ပူးပေါင်းတိုက်ခိုက်ခဲ့ပါ တယ်။ ဒါကို ကရင်ငြိမ်းအဖွဲ့ က ကိုယ့်နဲ့ မဆိုင်သလိုနေတော့ အဲဒီလိုမျိုး လက်ဦးမှု ခံလိုက်ရတာပါ။ထို နည်းတူစွာဘဲ အခြားဦးငြိမ်းချမ်းတို့ အဖွဲ့ တွေ လည်း အခုဒီကေဘီအေ စောလားပွယ်တို့  တော်လှန်တိုက် ခိုက်တာဟာ ငါတို့ နဲ့ မဆိုင်ဘူး ၊ငါတို့ အလှည့် မရောက်နိုင်ဘူး၊ ငါတို့ ကို နအဖ မလုပ်ဝံ့လောက်ဘူး၊ ငါတို့ နေလို့ ရသေးတယ်လို့ မယူဆလိုက်ပါနဲ့ ။


နအဖ တွေက မပိုင်ရင် ခြင်တောင်မရိုက်ပါ။ အခုကရင် အပါအ၀င်ငြိမ်းအဖွဲ့ တွေအားလုံးကို အချက်ပြ လိုက်တာဟာ သူတို့ ဘက်ကပိုင်လို့ လုပ်တာ။ ကိုယ့်ဘက်
ကလည်း ငြိမ်းချမ်းရေးယူထားတယ် ဆိုတာ နအဖ က ချကျွှေးသလောက် ရောင့်ရဲတင်းတိမ်၊မှိန်းနေရမဲ့  အချိန်မဟုတ်ဘူး။ ငြိမ်းချမ်းရေးယူတယ်ဆိုတာ မဟာဝါဒီစစ်အုပ်စုကို အမြစ်ပြတ် တိုက်ထုတ်ဖို့ အင်
အားတွေမွေးထုတ်ရမယ်အချိန်ပါ။


ဒီလိုမျိုး ကိုယ့်အင်အားတွေမွေးဖို့ အချိန်ပေးထားတာတောင် ကိုယ်က ယခင်ရှိထားတဲ့ အင်အားထက် ချိနဲ့ နေရင် ရန်သူဘက်ကတော်တာလား ၊ ကိုယ့်ဘက်ကညံ့တာလား ဆိုတာ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ရမှာပါ။ကိုယ့်အလှည့်မရောက်သေးဘူး ကိုယ်ဒီလိုမျိုးဆက်ငြိမ် လေ ရန်သူကကြိုက်လေ၊ရန်သူအတွက်ပိုပြီးတော့အဆင်ပြေလေပါဘဲ။


ရန်သူစစ်အုပ်စုဟာ မိမိတို့ ရဲ့ မဟာလူမျိုးကြီးဝါဒ ရေရှည်ဆက်လက်ရှင်သန်ကြီးထွါးရေးကို တစိုက်မတ်မတ်လုပ်ဆောင်လာပြီး ငှင်းတို့ နဲ့ ဘာသာတူ၊လူမျိုးတူသူတွေ(ဘာာလက်နက်မှ မကိုင်ဘဲ)
သာမကဘဲ ကိုးကွယ်တဲ့ ဘုရားသားတွေကိုတောင် အာဏာကိုထိပါးလာရင် ဖမ်းဆီးသတ်ဖြတ်သေးတာ။ အခြားဗမာမျိုးနွယ်စုမဟုတ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို နယ်မြေခြေတဖ၀ါးစာပေးနိုင်တယ်လို
စိတ်ကူးထဲ မထည့်လိုက်ပါနဲ့  မှားသွားမယ်။


တောင်းယူလို့ မရ ၊ တိုက်ယူမှရမယ်။
မြန်မာ့နိုင်ငံရေးသမားအချို့ ကလည်း အစိုးရတခုကိုလက်နက်ကိုင်တော်လှန်တိုက်ခိုက် တာ ဟာ ကမ္ဘာ့ခေတ်ရေစီးကြောင်းနဲ့ မအ.စဘူးလို့ ခံယူအသံထွက်တဲ့ လူလည်းရှိပါတယ်။ရှင်းရှင်းပြောရရင် နိုင်ငံခြား အလှူရှင်တွေ စိတ်မ၀င်စားဘူးလို့ ဆိုလိုတာပါ။ နိုင်ငံခြားအလှူရှင် စိတ်အလိုတော်ကြိုက် လုပ်လာခဲ့တဲ့နှစ်(၂၀)ကျော်နိုင်ငံရေးကော မြန်မာ့နိုင်ငံရေးဘာတွေပြောင်းလဲလာသလဲ။ နိုင်ငံရေးပဋိပက္ခ
(အခုလိုမျိုးတော်လှန်ရေးတပ်နဲ့ စစ်အစိုးရတပ်)ဖြစ်ပေါ်တိုင်းကုလအတွင်းရေးမှူးဘန်ကီမွန်း(အစို)လေသံ
နဲ့ စိုးရိမ်ပါတယ်ဆိုပြီး စတိမ့်မင့်တွေထုတ်အော်ယုံနဲ့ မပြီးသေးဘူး။စကားတခုရှိတယ် ပြည်သူနဲ့ ထိုက် တန်တဲ့ အစိုးရရှိသလို၊ အစိုးရနဲ့ ထိုက်တန်တဲ့ ပြည်သူလည်းရှိရမယ်။ဖန်တီးယူနိုင်ရမယ်။


ဒီအချိန်မှာ တော်လှန်ရေးရေချိန်အမြင့်ဆုံးအချိန်ပါ။ ငြိမ်းအဖွဲ့ တို့ နိုင်ငံရေးသမားတို့ တွေ ဝေရ မည့်အချိန်လည်းမဟုတ်တော့ပါ။




မန်းအာကါမင်း
9 ဒီဇင်ဘာ 2010.

Tuesday, December 7, 2010

ကရင်ရဲဘော်လေး တူးကီ ထောင်သက် ၂၈ နှစ်ကျော်၊ နေဆဲ။

မဲန်ဒဲလား ထောင်သက် ၂၇နှစ်ကျော်၊ လွတ်။
ကရင်ရဲဘော်လေး တူးကီ ထောင်သက် ၂၈ နှစ်ကျော်၊ နေဆဲ။
နယ်လ်ဆင်မဲန်ဒဲလားက ထောင်ထဲမှာ ၂၇နှစ်ကျော် နေခဲ့ရတယ်။ ထောင်ထဲ နှစ်ရှည်နေရတာကြောင့်ရော၊ သူ့ရဲ့ လေးစားဖွယ်လုပ်ရပ်တွေကြောင့်ရော ကမ္ဘာကျော်ခဲ့တယ်။

ကရင်တော်လှန်ရေး ရဲဘော်လေး တူးကီ ခေါ် ခင်မောင်လင်း ထောင်ထဲ ရောက်နေတာ ၂၈ နှစ် ကျော်လာပြီ ဖြစ်ပေမဲ့ ဒါကို အလွန် လူသိနည်းလှပါတယ်။ သူ့သက် ၂၀ မပြည့်သေးချိန် ၁၉၈၂ ခုနှစ်မှာ စတင် အကျဉ်းချခံရတာပါ။

နိုင်ငံတကာက တောင်းဆိုနေသလို ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်တို့ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် လွတ်မြောက်လာရင်တော့ တူးကီလည်း လွတ်နိုင်ကောင်းပါရဲ့။

နိုင်ငံရေးအကျဉ်းသားတွေ ဝင်လိုက်ကြ ထွက်လိုက်ကြနဲ့ ရှိနေပေမယ့် မန်းငွေအောင် အမှုတွဲ တူးကီကတော့ အိမ်ရှင် အကျဉ်းသားကြီးဖြစ်လို့ ဧည့်သည်တော်များကို တယောက်ပြီးတယောက် ဧည့်ခံနေရသူပါ။

အာဟာရမဲ့ ခြုံပုတ်ပြုတ်ရည်၊ ဒေါက်၊ ခြေကျင်းနဲ့ ကျားတွေ ခြသေ့င်္တွေလို နှစ်ရှည်လများ တိုက်ပိတ်၊ တနေ့ကို ၁၀ မိနစ်လောက် မြေကြီးနဲ့ ထိတွေ့ခွင့်ရ ဆိုတာတွေဟာ တူးကီရဲ့ ထောင်သက်၂၈နှစ်ကျော် မှတ်တမ်းတွေပါပဲ။

ရက်စက်ကြမ်းကြုတ် အင်းစိန်ထောင်ကနေ ရက်စက်ပူပြင်း သရက်ထောင်ကို ပြောင်းရွှေ့ခဲ့ရပြီး လွတ်ရက်လည်း မသိ၊ တူးကီ လွတ်မြောက်ရေး ဆိုပြီး သီးခြား တောင်းဆိုတာလည်း မရှိသေးလို့-

ကရင့်တော်လှန်ရေး နိုင်ငံရေးအကျဉ်းသား တူးကီကို အမြန်ဆုံး လွှတ်ပေးပါလို့ ဒီကနေ တောင်းဆိုလိုက်ပါတယ်။

တူးကီ နဲ့ နိုင်ငံရေး အကျဉ်းသားများ အားလုံး ချက်ခြင်းလွှတ်

ဘဝတူ နိုင်ငံရေးအကျဉ်းသားဟောင်း ရဲဘော်
http://ppmoemaka.blogspot.com/

လူမဆန်မှုသတင်း

3,12,2010 News

Sunday, December 5, 2010

ပိတ်ခံလိုက်ရတဲ့ ထာဝရနှင်းဆီ အငြိမ့်.. (ပျက်လုံးများ)

Dec 4, 2010


ရန်ကုန်မှာ ပိတ်ခံလိုက်ရတဲ့ ထာဝရနှင်းဆီ အငြိမ့် ပါ .. ကင်မရာတွေ သိမ်းခံလိုက်ရတဲ့အတွက်
အပိုင်းခွဲလေးပဲ ရလိုက်ပါတယ်တဲ့ ..
မကြည့်ရသေးတဲ့သူတွေအတွက် ပြန်လည်မျှဝေပါတယ် ..

ကိုကျော်ကျော်ဗိုလ် ၊ ကိုထွန်းထွန်း ၊ကိုနေတိုး၊ ကိုရဲလေးနှင့် ကိုမိုးမိုး တို့ အားလေးစား ဂုဏ်ယူပါတယ်။



သတိပေးချက်




“ သတိပေးချက် ”

ယခုအခါတွင် ခင်ညွှန့် ဗွီဒီယို တတိယပိုင်း ဟုဆိုကာ zip ဖိုင်ဖြင့် ဒေါင်းလုပ် လုပ်ယူရန် လင့်ခ်ပေးနေမှုများအား ဒေါင်းလုပ် လုံးဝ မလုပ်ယူရန် သတိပေးအပ်ပါသည်။


အဆိုပါ ဖိုင်သည် ဗိုင်းရ်စ်ဖိုင် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ရင်နာဖို့ကောင်းလိုက်တာ

ကရင်ပြည်နယ်
နေ့လည် (၁၂ နာရီ) နအဖ စစ်တပ်က ဒီဇင်ဘာလ ၁ ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ကေအဲန်ယူ/ ကေအဲန်အယ်အေ ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း ၇၇၇ တပ်ဖွဲ့ဝင် ရဲဘော် ၆ ဦးကို နအဖ တပ်ရင်း ၂၃၀ မှ စစ်သားတွေက သတ်ပစ်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ စရဖ (စစ်ဖက်ဆိုင်ရာ လုံခြုံရေး) ဗိုလ်ရဲမြင့် က ကေအဲန်ယူ/ကေအဲန်အယ်အေ ငြိမ်းချမ်းရေးကောင်စီက ဗိုလ်မှူးချုပ်ထိန်မောင်တို့ ဆွေးနွေးပွဲ ဗွီဒီယိုဖိုင်ပါ တင်ပေးလိုက်ပါတယ်။

Burmese soldiers close Chaung Zone near Three Pagodas Pass sea route in preparation to launch an offensive

December 4, 2010
Tala Lawi : Burmese government soldiers have closed the sea route from Kyarinnseikyi to Chaung Zone, in order to launch an offensive against the Karen National Union (KNU).

The colonel of Light Infantry Battalion (LIB) No. 283, Thein Zaw, banned travel along the sea route in Chaung Zone on November 29th, closing this route for an indefinite amount of time.

Having closed this sea route, boat owners and businessmen who use this route in their daily work are unable to conduct their business. The LIB No. 203 commander has given soldiers the permission to shoot boats that do not possess permission to travel from the authorities said a resident living near a Chaung Zone check point.

“Now all of the gates are closed, no boats are moving, boat owners can’t carry out their jobs because they are afraid the Burmese soldiers will shoot them. Also, villagers in that area are afraid that fighting will start again [as a continuance of the fighting that began on November 8th]” he added.

LIB No. 283 and LIB No. 405 are based around Chaung Zone near Three Pagodas Pass (TPP) (border crossing between Thailand and Burma).

This Chaung Zone resident reported that fighting popped up again on the 28th of November between the KNU and the Burmese government troops in Mai Ta Pow village around 3 miles from Chaung Zone. Six villagers were injured, and one was killed during the fighting. The resident added that he believes the fighting was caused due to the closed sea route.
There has been movement by villagers living in a five mile vicinity of Chaung Zone to TPP for fear that the fighting will start again, this resident explained.

“We moved from the village because of the fighting happening around our village. We can’t live in the village. We are worried that conflict will occur again,” said a Karen woman who has moved to TPP for the time being.

The Burmese military southeast commander ordered two rice traders to store around 1000 baskets of rice at TPP for the Burmese battalion that will stand duty there.

World AIDS Day Event in NLD Headquarter, Rangoon“ fotos

„World AIDS Day Event in NLD Headquarter, Rangoon“ fotos

Mon Forum Issue No. 11/2010

Mon Forum Issue No. 11/2010

kklvol13no11

kklvol13no11

Thoughts About Federal Union

Thoughts About Federal Union

Cable Leaks: Burma Passes Asean News to Beijing

Cable Leaks: Burma Passes Asean News to Beijing

ထောက်လှမ်းရေး အကြီးအကဲဟောင်း နေအိမ် အကျယ်ချုပ် မှ ပြန်လည်လွတ်မြောက်။အသံဖိုင်ပါ ပါဝင် သော ဦး ခင်ညွန့်  ဗီဒီယို


စနေနေ့ နံနက် ၅ နာရီ မိနစ် ၃၀:
နေအိမ် အကျယ်ချုပ်မှ ကွင်းလုံးကျွတ် လွတ်မြာက်ခြင်း မဟုတ်
ပဲ အကန့် အသတ် ဖြင့်သာ လွတ်မြောက်ခြင်း ဖြစ်သည် ဟု ထပ်မံ သတင်းရရှိသည်။
့ဟိန်းခိုင်ထွန်း၊ ၊၂၀၀၄ ခုနှစ် အောက်တိုဘာ
လ ၁၈ ရက်နေ့ က မန္တလေး မြို့ မှ အပြန်
ရန်ကုန် မင်္ဂလာဒုံ လေဆိပ် တွင် ဖမ်းဆီးခံရပြီး
နောက် အမိန့် မနာခံမှု ၊ လာဘ်စားမှု ၊မရိုးမသား
လုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်း ခံခဲ့ရ သည့် ထောက်လှမ်းရေး အကြီးအကဲ ဟောင်း နှင့်
ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် အား
နိုဝင်ဘာလ ၃ရက်နေ့ သောကြာနေ့ ည ၁၂ နာရီ
ခန့် တွင် နေအိမ်အကျယ်ချုပ် မှ ပြန်လည် လွှတ်ပေး
လိုက်သည် ဟု သတင်းရရှိသည်။

ဗိုလ်ချုပ် ခင်ညွန့် အား နေအိမ် အကျယ်ချုပ် မှ ပြန်လည် လွှတ်ပေး သည် ဆိုသည့် သတင်း နှင့် ပတ်
သက်၍ ဗိုလ်ချုပ်ခင်ညွှန့် ၏ အိမ် အနီးတွင် နေထိုင်သူ တစ်ဦးက ည ၁၁ နာရီ ခွဲလောက်မှာ စစ်ကား
တွေရောက်လာတယ်။ ရဲကား နှစ်စီးလဲ ပါတယ်။ ဘာဖြစ်လဲ ဆိုတာ တစ်လမ်း လုံးက စောင့်ကြည့်
နေကြတာ ။ နောက် အားလုံး ပဲ ရယ်ရယ်မောမောနဲ့  ပြန်ထွက် သွား တယ်။ ဗိုလ်ချုပ် ခင်ညွန့် ကို
လည်း ခြံထဲ မှာတွေ့ တယ်။ပြီးတော့ သူ ခြံတံခါးရှေ့ က လုံခြုံရေး အစောင့် တွေ က သံဆူးကြိုးတွေ
ဖယ်လိုက်တယ် ..အစောင့်တွေ ကတော့ အခုထိ ရှိသေးတယ် ၊ ဘေးအိမ်တွေ မှာ လည်း သူ့ လို နေအိမ်
အကျယ်ချုပ် တစ်ဆောင် ရှိသေးတယ် ဟု ပြောသည်။