Wednesday, September 29, 2010

ရဲမွန်မှ တပ်ရင်းမှုးများကို ထောင်ဒဏ်ချမှတ်၊စစ်တပ်အရာရှိငယ် နှစ်ရာကျော်ကို ရာထူးများမှအနားပေး

/ 9/28/2010 11:17:00 AM / Comments: (0)
Freedom News Group မှ..........

ရဲမွန် တပ်မြို့  ရှိ တပ်ရင်းများ မှ ရှောင်တစ်ခင် အလစ်အငိုက် ဖမ်းဆီးထားသော တပ်ရင်းမှုးနှင့် ဗျူဟာမှုး ရှစ်ဦးအား နေပြည်တော် တွင် စစ်ခုံရုံး တင်ကာ စစ်ဆေးနေသည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် ပိုင်းတွင် အမိန့် မနာခံမှု ၊ ငွေကြေး အလွဲသုံးစားလုပ်မှု များ ဖြင့်ထောင်ဒဏ် နှစ်နှစ်ဆယ်စီ ချလိုက်သည် ဟု Freedom News မှ စုံစမ်းသိရှိရသည်။

စစ်သား စုဆောင်း လစာငွေ ထုတ်မပေးမှုကြောင့် အခြား အဆင့် တပ်သားများ ၏ ဆန္ဒ ထုတ်ဖော်မှုတွင် ဂရုဏာ သက်မိသည့် တပ်ရင်းမှုး နှင့် ဗျူဟာမှုး ၈ ဦး အား လွန်ခဲ့သည့် သီတင်း နှစ်ပတ်ခန့် ကအလစ်အငိုက်ဝင်ရောက်ဖမ်းဆီးပြီး နောက် ချက်ခြင်းပင် ပြစ်ဒဏ်များ ချမှတ် ခဲ့ခြင်းဖြစ်သည်။အဆိုပါတပ်ရင်းမှုးများ အား နေပြည်တော် ရှိ စစ်ဥပဒေ ချုပ် ရုံး ၏ တပ်တွင်းပြစ်မှု များ ဆိုင်ရာ စစ်ခုံရုံးမှ ထောင်ဒဏ်အသီးသီးချမှတ် ခဲ့ခြင်း ဖြစ်ပြီး ထောင်ဒဏ် အပြစ်ပေးမှု အား အင်းစိန် ထောင်တွင် ဆက်လက်ကျခံရမည် ဟု သိရသည်။ဖမ်းဆီးထား ခံထားရသည့် တပ်ရင်းမှုး များ မှာ ၎င်းတို့ ၏ မိသားစု နှင့် တွေ့ ခွင့်မရဘဲစစ်ကြောမေးမြန်း နေစဉ် အတောအတွင်း ပုလင်းကွဲများ ပေါ်တွင် လေးဘက်ထောက် လမ်းလျှောက်ခိုင်းပြီးခွေး လို အူခိုင်း ကာ ကျွန်တော် တို့ နိုင်ငံတော် နဲ့  ဗိုလ်ချူပ်မှုးကြီး သန်းရွှေ ကို ဘယ်တော့ မှ သစ္စာ မဖောက်တော့ ပါဘူး ဟု အော်ခိုင်းသည် ဟု သိရသည်။

Freedom News နှင့် အဆက်အသွယ် ရှိသည့် နေပြည်တော်မှ စစ်ဘက်ဆိုင်ရာ ထိပ်တန်း အရာရှိ တစ်ဦးကမူ သူတို့ ကို ဘယ်လို နှိပ်စက်လို ဆိုတာ ဗီဒီယို ရိုက်ထား တယ် ဒါတွေ ကို စစ်သင်တန်း ကျောင်း တွေဖြစ်တဲ့DSA တို့ OTS တို့ မှာ ပြမှာ ဟု FNG သို့ ပြောသည်။
ရဲမွန် အခြေစိုက် တပ်ရင်းများ မှ တပ်သားနှင့် အရာရှိ များ အားအရေးယူသော် လည်း စက်တင်ဘာလ ၄ရက်နေ့ က ပဲခူးမြို့  ဇိုင်ဂနိုင်း ရပ်တွင် လူငယ် နှစ်ဦး အား ပစ်သတ် ခဲ့သည့် ခလ၇ (၅၉) မှ တာဝန်ရှိသူများ ကို အရေး ယူမှု မရှိသေး ဟု သိရသည်။

ထိုသတင်း နှင့်ပတ်သက်၍ တစ်ဆက်စပ် တည်း သိရသည် မှာ ဗိုလ်ကြီး နှင့် ဗိုလ်မှုး အဆင့် အရာရှိ နှစ်ရာကျော် ကို လည်း နယ်ဘက် ရာထူး များ သို့  ပြောင်းလဲတာဝန် ထမ်းဆောင် စေခြင်း မဟုတ် ဘဲ လက်ရှိရာထူးများ မှ အနား ပေးလိုက် သည် ဟု သိရသည်။ ထို အနား ပေးခံရသည့်  အရာရှိငယ်များ မှာ လူမျိုးခြား စပ်သူများ၊ ပြည်ပ တွင် ရောက်ရှိ နေကာ ဒီမိုကရေစီ အင်အားစု များ နှင့် အဆက်အသွယ်ရှိ သည့် စစ်တပ်အရာရှိများ၏ သူငယ်ချင်း များ ရှမ်း နှင့် ကချင် လူမျိုး များ အပါအ၀င် အင်တာနက် ကြည့်ပြီး စာဖတ် များ သည့် စစ်ဗိုလ်များ ဟု သိရှိရသည်။

DKBA တပ်ဖွဲ့ဝင်ပိုင်အိမ်ကို ချိတ်ပိတ်သိမ်းမှုကြောင့် တိုက်ပွဲများဖြစ်ပေါ်လာမှာကို ဒေသခံတို့ စိုးရိမ်

Monday, 27 September 2010 10:51

စစ်အစိုးရတပ်ဖွဲ့ ဝင်များ ၏ ဖိအားပေးခံမှု ကို ခံနေရသည့် DKBA တပ်ဖွဲ့ ဝင်များ
အောင်မြင်၊ ၊လွန်ခဲ့သည့်စက်တင်ဘာ၂၁ရက်ညနေပိုင်းကDKBAမှဗိုလ်စောကျော်သက်သက်နှင့်
အဖွဲ့သည် မြ၀တီရဲစခန်းကိုလက်နက်နှင့်ဝိုင်းပြီး DKBA ၉၀၁တပ်ရင်းနှင့် ကရင်ငြိမ်းချမ်းရေးအဖွဲ့ ၆၆၉ တပ်ရင်းပိုင် တရားမ၀င်လိုင်စင်မဲ့ကားများပြန်တောင်းမှုဖြစ်ခဲ့ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုးမှ ဗိုလ်စောကျော်သက်နှင့် အဖွဲ့အားဖမ်းဆီးမိန့်ထုတ်ခဲ့သည်။

မြ၀တီရဲစခန်းမှလည်း စက်တင်ဘာလ(၂၃) ရက်နေ့တွင် ဒုရဲအုပ်စိုးနိုင်ဝင်းမှ တိုင်တန်းသဖြင့် မြ၀တီရဲစခန်း၌အမှုဖွင့်လှစ်ပြီး“ဥပဒေနှင့်အညီသိမ်းဆည်းထားသော မော်တော်ယာဉ်များကို လက်နက်များဖြင့်ချိန်ရွယ်လုယက်ခြင်း၊ လက်နက်များဖြင့် အများပြည်သူအထိတ်တလန့် ဖြစ်အောင်ပြုလုပ်ခြင်းစတဲ့ပုဒ်မများဖြင့်ရဲအုပ် စခန်းမှူးအောင်မျိုးလွင် စစ်ဆေးဆောင်ရွက်လျှက်ရှိသည်
ဟု Kaowao သတင်းဝက်ဆိုဒ်တွင်ဖေါ်ပြထားသည်။

ဗိုလ်စောကျော်သက်နှင့်အဖွဲ့ မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံအယူခံဝင်သော်လည်း လက်မခံသောကြောင့်အခြေစိုက်စခန်းမှ ရှောင်တိမ်းသွားကြသည်ဟုသိရသည်။



စက်တင်ဘာ ၂၆ရက်နေ့ညနေပိုင်းတွင် သင်္ကံန်းညီနောင်အခြေစိုက် စစ်ဗျူဟာမှုး ဗိုလ်ကြီးကျော်နိုင်ဦး ဦးဆောင်ပြီး စရဖအဖွဲ့ဝင်များမှ ကရင်ပြည်နယ်၊မြတီမြို့ အမှတ် ( ၄ )ရပ်ကွက်ရှိ DKBA ဗိုလ်စောကျော်သက် ပိုင်ဆိုင်သော အိမ်အား ချိတ်ပိတ်သွားကြောင်း ၄င်းရပ်ကွက်နေထိုင်သူတဦးက Freedom News Group သို့ပြောပြခဲ့သည်။ ထိုသို့ စစ်တပ်မှ ချိတ်ပိတ်အပြီး နာရီအနည်းငယ်အကြာ ည ( ၈ )နာရီခန့်အချိန်တွင် DKBA တပ်ရင်း ၉၀၁ နှင့် ကရင်ငြိမ်းချမ်းရေး တပ်ရင်း ၆၆၉ မှ တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး အမှတ် ( ၄ )ရပ်ကွက် ရာအိမ်မှုး အငယ်လေးဆိုသူအား ခေါ်ပြီး၊ ဗိုလ်စောကျော်သက်၏ အိမ်သော့တောင်းရာမှာ မရသောကြောင့် သေနတ်ဒင်များဖြင့် ထုရိုက်ခံခဲ့ရသည်။ အငယ်လေးအား မြ၀တီဆေးရုံသို့ရပ်ကွက်မှပို့ဆောင်ခဲ့သည်။

အငယ်လေးသည် သေနတ်ဒင်နှင့် ထုရိုက်ခံရသောကြောင့် နှာခေါင်းရိုးကျိုး၊နောက်စိဦးခေါင်း
ကွဲပြီး ဦးဏှောက်ထိခိုက်မှုကြောင့် အခြေအနေဆိုးရိမ်ရကြောင်း မြ၀တီဆေးရုံမှ တာဝန်ကျဆရာမတဦးကပြောပြပါသည်။

ထိုသို့ နယ်ခြားစောင့် တပ်အသွင်မပြောင်းသေးသော တပ်ရင်းတပ်ဖွဲ့များနှင့် စစ်အစိုးရတပ်ဖွဲ့များအကြား စီးပွားရေးကိစ္စမပြေလည် မှုများကြောင့် မကြာခင် စစ်ပွဲများဖြစ်လာနိုင်သည်ကို စိုးရိမ်နေကြကြောင်း မြ၀တီမြို့ရှိ စီးပွားရေးသမားတဦးကပြောပြပါသည်။

၎င်းက ထိုသို့ စစ်ပွဲများဖြစ်လာနိုင်သလို ကရင်အဖွဲ့တွေ ပူးပေါင်းပြီးပြန်လည် တိုက်ခိုက်လာနိုင်မှုတွေကြောင့် မြ၀တီဒေသခံများမှာ ရွေးကောက်ပွဲမဲပေးခွင့်လည်း မရှိတော့ကြောင်း၊နယ်စပ်ကုန်သွယ်ရေးမှာလည်း တံတားပြန်လည်မဖွင့်ပေးတဲ့အပြင် တိုက်ပွဲများကြောင့် ကုန်သွယ်ရေးဆိုးဝါးသွားနိုင်ကြောင်းများ ပြောပြခဲ့သည်။

နယ်ခြားစောင့်တပ်နေရာတွင် နအဖ တပ်ရင်း ၅ရင်း ရောက်ရှိနေရာယူနေ

September 28, 2010

စက်တင်ဘာလ ၂၇ရက်။ နန်းထူးစံ (ကေအိုင်စီ)

ကရင်ပြည်နယ်အတွင်းရှိ နယ်ခြားစောင့်တပ်များသည် စစ်သင်တန်းတက်မည့် ကာလအတွင်း ၎င်းတို့ထိန်းချုပ်ထားသည့် နယ်စပ် ဒေသနေရာများကို လက်ရှိအချိန်တွင် နအဖ တပ်ရင်း (၅)ရင်း ရောက်ရှိလာကာ လုံခြုံရေးအတွက် နေရာဝင်ယူပေးနေသည်ဟု နယ်စပ်သတင်းများအရ သိရသည်။

အဆိုပါ နအဖ တပ်များသည် နယ်ခြားစောင့်တပ်များတည်ရှိရာ မြိုင်ကြီးငူဒေသများ၌ တပ်ရင်း ၃ရင်းနှင့် ကေအဲန်ယူ တပ်မဟာ (၇)ထိန်းချုပ်ခဲ့ရာ သောင်ရင်းမြစ်ကမ်းနေရာများတွင် တပ်ရင်း ၂ရင်းဖြင့် ၀င်ရောက်နေရာယူနေခြင်းဖြစ်ပြီး ၎င်းမှာ ယာယီ နေပေး ခြင်းသာဖြစ်ကြောင်း အမည်မဖော်လိုသူ နယ်ခြားစောင့်တပ် တပ်ရင်းမှူးတစ်ဦးက ယခုလို အတည်ပြု ပြောဆိုသည်။

သူက “စစ်တပ်တွေ ၀င်လာတယ်ဆိုတာ ဟုတ်တယ်။ မြိုင်ကြီးငူဒေသက ၃ရင်း၊ ကျနော်တို့နေတဲ့ တပ်မဟာ(၇)၊ မဲ့တရီတို့ဘက် ကို ၂ရင်း၊ အားလုံး ၅ရင်းပေါ့။ ကျနော်တို့ သင်တန်းတက်ရမယ်လေ။ သင်တန်းတက်တဲ့အချိန်မှာ ယာယီ လာနေပေးတာပဲ။ ကျနော်တို့ သင်တန်းပြီးရင် သူတို့ ပြန်သွားမှာပါ။”ဟု ကေအိုင်စီကို ပြောသည်။

နအဖ တပ်မ(၂၂) လက်အောက်ခံ တပ်ရင်းများဖြစ်သော ခမရ(၂၁၀)နှင့် (၂၀၃)တပ်ရင်းများသည် သောင်ရင်းမြစ်ကမ်းနံဘေးမှ နယ်ခြားစောင့်တပ်များ၏ နေရာများတွင် လုံခြုံရေးယူပေးရန် ပြီးခဲ့သော စက်တင်ဘာ ၂၄ရက်နေ့က ရောက်ရှိနေရာယူနေကြောင်း ကေအဲန်အယ်လ်အေ တပ်မဟာ(၇)၏ ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ယခုလို ပြောသည်။

သူက “ကျနော်တို့ သိရသလောက်က သူတို့(နယ်ခြားစောင့်တပ်)က သင်တန်းတက်ဖို့ သူတို့နေရာတွေမှာ လုံခြုံရေးယူပေးဖို့ နအဖ ခမရ(၂၁၀)၊ (၂၀၃)တို့ ရောက်လာတယ်။ ဒီမဲ့တရီဂွင်တို့၊ လယ်ဘော်ဟဲဂွင်တို့မှာပေါ့။ အင်အား ဘယ်လောက်ရှိမယ်ဆိုတာ တော့ မသိသေးဘူး။ အခုလောလောဆယ် ထူးထူးခြားခြား လှုပ်ရှားတာ မတွေ့သေးဘူး။ ရှေ့ဆက် သူတို့ ဘာအစီအစဉ်တွေ ရှိမ လဲဆိုတာတော့ စောင့်ကြည့်ရဦးမယ်။”ဟု ပြောသည်။

လက်ရှိအချိန်တွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့ သင်တန်းရှိရာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ၀ဲကလိကျေးရွာရှိ စစ်လေ့ကျင့် ရေးစခန်းသို့ သွားနေပြီဟု ဗိုလ်မှူးစောအယ်ဆဲဆဲက ဆိုသည်။

သင်တန်းကာလ သုံးပတ်ခန့် ကြာမြင့်မည်ဖြစ်သည့် အဆိုပါစစ်သင်တန်းကို ယနေ့တွင် စတင် ပြုလုပ်နေပြီဖြစ်ပြီး မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ၀ဲကလိကျေးရွာရှိ စစ်လေ့ကျင်းရေးစခန်းတွင် နယ်ခြားစောင့်တပ် တပ်ရင်း ၇ရင်းနှင့် သထုံမြို့တွင် တပ်ရင်း ၆ရင်းဖြင့် အုပ်စုနှစ်စုခွဲပြီး တက်ရောက်ရသည်ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရတပ် တပ်မ(၂၂)၏ လက်အောက်တွင် ခမရ(၂၀၁)မှ ခမရ(၂၁၀)အထိ တပ်ရင်း ဆယ်ရင်းရှိသည်။

အပစ်ရပ်လက်မခံတဲ့အဖွဲ့ (၆) ဖွဲ့ တပ်ပေါင်းစုရေး လျှို့ဝှက်အစည်းဝေးမှာ သဘောတူညီချက်ရ

တနင်္လာ, 27 စက်တင်ဘာ 2010 - VOA

စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို သဘောမတူတဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေက တပ်ပေါင်းစု ဖွဲ့စည်းရေးကို သဘောတူညီခဲ့ကြပါတယ်။ ကရင် အမျိုးသား အစည်းအရုံး၊ KNU အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် ၆ ဖွဲ့ရဲ့ ဆွေးနွေးပွဲတခုကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ လျှို့ဝှက် ကျင်းပခဲ့ပြီး တပ်ပေါင်းစု ဖွဲ့စည်းရေး သဘောတူခဲ့ကြတာပါ။ ဒီဆွေးနွေးပွဲရဲ့ အခြေအနေတွေကို စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိမ်ကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုကျော်အောင်လွင်။ ။ ကိုနိုင်ကွန်းအိမ်ရေ… နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို သဘောမတူတဲ့ မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ လျှို့ဝှက် အစည်းဝေးလုပ်တယ်လို့ ကျနော်တို့ ကြားပါတယ်ခင်ဗျ။ အဲဒါ ဟုတ်ပါသလား၊ သူတို့ ဘာ တွေ ပြောဆိုဆွေးနွေးကြသလဲဆိုတာ ကိုနိုင်ကွန်းအိမ် သိထားသမျှ ရှင်းပြပါခင်ဗျ။

ကိုနိုင်ကွန်းအိမ်။ ။ ဟုတ်ကဲ့။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း ၆ ဖွဲ့က ထိပ်တန်း ခေါင်းဆောင်တွေပေါ့နော်၊ ချင်းမိုင်မြို့မှာ စက်တင်ဘာ ၂၄ ရက်က စပြီး စက်တင်ဘာ ၂၆ ရက် အထိပေါ့၊ ဒုတိယအကြိမ်မြောက်ပေါ့နော်၊ တွေ့ဆုံဆွေးနွေးခဲ့တယ်။ အဲဒီ အစည်းအဝေးမှာဆိုရင် တိုင်းရင်းသားတွေနဲ့ တပ်ပေါင်းစု ဖွဲ့စည်းရေးကို အဓိက ထားပြီး ဆွေးနွေးခဲ့တယ်ခင်ဗျ၊ ဒီ ခေါင်း ဆောင်တွေနဲ့ နီးစပ်တဲ့သူတဦးက ပြောတာကတော့ အဲဒီ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ကတော့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အမြဲတမ်း တွေ့ဆုံနိုင်ဖို့ရယ်။ ပြီးတော့ ကျစ်လျစ်သိပ်သည်းတဲ့ အဖွဲ့အစည်း ဖြစ်သွားဖို့ရယ်။ အရင်ကဆိုရင် တိုင်းရင်းသား အဖွဲ့တွေဟာ သူ့နည်း၊ သူ့ဟန်၊ သူ့ပုံစံနဲ့ပဲ နေလာခဲ့တယ်။ စစ်အစိုးရနေပြီးတော့ နယ်ခြားစောင့်တပ်ကိစ္စ အသွင်ပြောင်းရေး လက်မခံတဲ့ အဖွဲ့ တွေအပေါ်မှာ စစ်ရေးအရ ထိုးနှက်လာမယ်ဆိုရင်လည်း ဒီ တပ်ပေါင်းစုကနေပြီးတော့ ၀ိုင်းဝန်း ကူညီ ကြဖို့ ဆွေးနွေးသွားတာ ရှိပါတယ် ခင်ဗျား။

ကိုကျော်အောင်လွင်။ ။ ဟုတ်ကဲ့။ ဒါဟာ ဒုတိယအကြိမ်ဆွေးနွေးတယ်။ ပထမအကြိမ်က ဘယ်တုံး ကလဲခင်ဗျ၊ ဘယ်မှာ ဆွေးနွေးတာလဲ။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ဘာတွေ ထူးခြားပါသလဲ။

ကိုနိုင်ကွန်းအိမ်။ ။ ပထမအကြိမ်တုံးက မေလ (၂၂) ရက်နေ့မှာပေါ့နော်။ ဒီ ချင်းမိုင်မြို့မှာပဲ တွေ့ဆုံ ဆွေးနွေးခဲ့တယ်။ ပထမအကြိမ်တုံးကဆိုရင် သူတို့ရဲ့ သဘောတူညီချက်ကတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ရယ်၊ ပြီးတော့ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ကို တည် ဆောက်ဖို့ရယ်၊ တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်မှုကို တည်ဆောက်ဖို့ရယ်၊ တကယ်လို့ စစ်အစိုးရကနေ စစ်ရေးအရ ထိုးနှက်မယ် ဆိုရင်လည်း အပြန်အလှန်ကူညီပေးဖို့ သဘောတူညီချက်တွေ ရယူထားတာ ရှိပါတယ်။ အခု ဆွေးနွေးပွဲဟာဆိုရင်လည်း ထူးခြားတာ တခု ကတော့ တိုင်းရင်းသားအဖွဲ့က ထိပ်တန်း နိုင်ငံရေးခေါင်းဆောင်တွေ၊ စစ်ရေးခေါင်းဆောင်တွေ တက် ရောက်လာတဲ့အတွက် အဲဒီ အရင်တုံးက သဘောတူညီထားတဲ့ဟာကို ပိုပြီးတော့ လေးနက်အောင် ဆွေးနွေးသွားတဲ့သဘောလို့ မြင်ပါတယ်ခင်ဗျား။

ကိုကျော်အောင်လွင်။ ။ ဟုတ်ကဲ့။ အခု ဆွေးနွေးတဲ့ ၆ ဖွဲ့ဆိုတာ ဘယ်အဖွဲ့တွေလည်း ခင်ဗျ။

ကိုနိုင်ကွန်းအိမ်။ ။ ဆွေးနွေးတဲ့အဖွဲ့ထဲမှာဆိုရင် KNU ကရင် အမျိုးသား အစည်းအရုံးရယ်၊ KNPP ခေါ် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီရယ်၊ ချင်းအမျိုးသားတပ်ဦးရယ်၊ မွန်ပြည်သစ် ပါတီရယ်၊ KIO ခေါ် ကချင်လွတ်မြောက်ရေးအဖွဲ့ရယ်၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့တို့ရယ် ပါဝင်ပါတယ် ခင်ဗျား။

ကိုကျော်အောင်လွင်။ ။ ဟုတ်ကဲ့၊ တခြား ဘာများ ထူးခြားတာတွေ ပြောစရာရှိပါသေးလဲခင်ဗျ၊ ကိုနိုင်ကွန်းအိမ်။

ကိုနိုင်ကွန်းအိမ်။ ။ ဟုတ်ကဲ့။ တိုင်းရင်းသားတွေနဲ့ သူတို့ရဲ့ ဗျူဟာတွေတော့ မပြောင်းဘူး ခင်ဗျ။ သူတို့က ဌာနေ ပြည်သူ့စစ်အသွင်ကိုရော၊ နယ်ခြားစောင့်တပ်ဖွဲ့အသွင်ကိုရော၊ လက်နက်ချတဲ့မူကို ရော သူတို့က လုံးဝလက်မခံဘူးဆိုတဲ့အတွက် သူတို့က အဲဒီလို ဘုံလုပ်ငန်းစဉ်တွေကို လာညှိတယ်လို့ ထင်ပါတယ် ခင်ဗျ။ တပ်ပေါင်းစုဖွဲ့စည်းရေး အခန်းကဏ္ဍမှာ သူတို့ ဘယ်လို လှုပ်ရှားမလဲ၊ သူတို့ ဘယ်လို ဖွဲ့စည်းမလဲ၊ စိတ်ဝင်စားဖို့ ကောင်းပါတယ်ခင်ဗျား။

ကိုကျော်အောင်လွင်။ ။ ဟုတ်ကဲ့။ ကိုနိုင်ကွန်းအိမ်၊ အခုလို ရှင်းပြတာ ကျေးဇူးတင်ပါတယ်။

Statement Anti-Election Committee (Japan) on the Visit of Harn Yawnghwe Japan on September 1-eng

Statement Anti-Election Committee (Japan) on the Visit of Harn Yawnghwe Japan on September 1-eng

Monday, September 27, 2010

ဒီကေဘီအေဗိုလ်စောကျော်သက်အဖွဲ့အား ဖမ်းဆီးရန်စီစဉ်နေပြီ

နယ်ခြားစောင့်တပ်လက်မခံတဲ့ ဒီကေဘီအေကို ချောတလက် ခြောက်တလက်နဲ့ ဝက်အူရစ်သလို တဖြည်းဖြည်း ကျပ်အောင်ရစ်ပြီး ချီးကြောတွေကို နောက်ဆုံး အကုန် ဖြတ်ပစ်လိုက်မှာပါ။ နယ်ခြားစောင့်တပ် လက်ခံပြီးဖြစ်တဲ့ အုပ်စုကိုလည်း ခုချိန်မှာ အသာလေး အချိုသပ်ထားပြီး အစာလေးဝအောင်ကျွေးထားမယ်။ ပြီးရင် မသိလိုက်တဲ့ အချိန်မှာ ကေအဲန်ယူကိုလျှပ်တပြက်ထိုးစစ်ဆင် ပြီး ကရင်အချင်းချင်းပေးသတ်ခိုင်းပါအုံးမယ်။ ကဂျိုး ကဂျောင်လုပ်လာတဲ့ လူကို နအဖ ဗမာစစ်တပ်က အသာလေး အိမ်အောက်က ကြက်ကို ဖမ်းပြီး သတ်ဖြတ် ချက်စား ပစ်သလို လုပ်လာပါအုံးမယ်။ မင်းတို့ ရဲ အခြေအနေက မလွယ်တဲ့ ဖြစ်ခြင်းပါ။ အစကတည်းက ရွှေးချယ်တဲ့ လမ်းဟာ မှားနေကြပြီကိုး။ ကေအဲန်ယူကို တက်တိုက်ရင်လည်း ကရင့်အမျိုးသား စစ်ကျွန်ဘ၀ လက်အောက်မှ လွတ်မြောက်ရေးအတွက် ထွက်လာတဲ့ ကျည်ဆံတွေက တက်လာတဲ့လူမှန်သမျှ ရွေးမှာတော့မဟုတ်ဘူး.. ဟော သေကြပြန်ရင်လည်း ဘာအတွက် သေသလဲလို့  မင်းတို့ ကိုမေးရင်.. ကရင်အမျိုးသား စစ်ကျွန်ဘ၀အောက်မှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်း သေပါတယ် တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူသွားပါတယ် ဆိုတဲ့ ဂုဏ်ပုဒ်လည်းမဟုတ်. တစ်ခုပဲရှိဒါက မင်းတို့ မိုက်လို့ မင်းတို့ သေဒါ (သို့ ) မင်းတို့ ဗမာစစ်တပ်အတွက် သေဒါ (သို့ ) သာထူးကျော်၊ ကျော်သန်း၊ မောင်ချစ်သူ တို့ ၏ ဇနီး သားမယားတွေ သန်းကြွယ်သူဌေးကြီးတွေ ဖြစ်ဖို့ အရေး မင်းတို့ အသက်ကို စတေးပစ်ဒါ။ အဖြေက ဒါပဲရှိတယ်။ ပြီးရင် မင်းတို့ တွေ ဒုက္ခိတတွေဖြစ်ကြအုံးမယ်၊ မင်းတို့ သားမယားတွေ မုဆိုးမတွေ ဖြစ်ကြအုံးမယ်။ ဒီတော့ လေးလေးနဲနဲ စဉ်းစား... ညီကိုတို့ .....

မင်းထက်အောင်၊ ကောင်းဝါ။ တော်သလင်းလဆုတ် ၃ရက်။ စက်တင်ဘာ ၂၆၊ ၂၀၁၀။

မင်းထက်အောင်(စက်တင်ဘာ-၂၆)။ ။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြဝတီရဲစခန်းကို သေနတ်ဖြင့်ဝိုင်းရံခဲ့သော ဒီကေဘီအေဗိုလ်စောကျော်သက်နှင့် တပ်ဖွဲ့ဝင်(၂၀)ယောက်တို့အား မြဝတီရဲစခန်းမှ အမှုဖွင့်ထားကြောင်း ခိုင်လုံသောသတင်းရပ်ကွက်များမှ သိရသည်။

“ဥပဒေနှင့်အညီသိမ်းဆည်းထားတဲ့မော်တော်ယာဉ်တွေကို လက်နက်များဖြင့်ချိန်ရွယ်လုယက်ခြင်း၊ လက်နက်များဖြင့် အများပြည်သူအထိတ်တလန့် ဖြစ်အောင်ပြုလုပ်ခြင်းစတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်လိုက်တယ်” ဟု ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦး ပြောသည်။

စက်တင်ဘာလ(၂၃) ရက်နေ့တွင် ဒုရဲအုပ်စိုးနိုင်ဝင်းမှ တိုင်တန်းသဖြင့် မြ၀တီရဲစခန်း၌အမှုဖွင့်လှစ်ပြီး ရဲအုပ် စခန်းမှူးအောင်မျိုးလွင် စစ်ဆေးဆောင်ရွက်လျှက်ရှိသည်ဟု သိရသည်။

သို့ရာတွင် ဗိုလ်စောကျော်သက်သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးထံ အသနားခံစာတင်ခဲ့သော်လည်း တိုင်းမှူးမှလက်မခံဟု သိရသည်။

“ဒီကိစ္စမှာပါတဲ့ဒီကေဘီအေအဖွဲ့တွေကိုလည်း ဆင့်ခေါ်ထားတယ်၊ ကားတွေကိုလည်း ပြန်မပေးတော့ဘူး၊ နောက်အခါ ဒီလိုပြဿနာမျိုးထပ်ဖြစ်ရင် ပစ်မိန့်ရထားပြီ”လည်း မြဝတီအာဏာပိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့(၁၂) တပ်ရင်း တပ်အသွင်ပြောင်းလဲခဲ့ပြီးသော်လည်း လက်ကျန်ဒီကေဘီအေတပ်ဖွဲ့ဝင် အများအပြားကျန်ရှိနေသေးသဖြင့် ၄င်းတပ်ဖွဲ့များရပ်တည်ရေးအတွက် ဘဏ္ဍာငွေများလိုအပ်နေသည်ဟု သိရသည်။

ဒီကေဘီအေရပ်တည်ရေးအတွက် ရံပုံငွေများရှာဖွေရေးလုပ်ငန်းတွင် ထိုင်းနယ်စပ်မှဇိမ်ခံကားများအား အာဏာပိုင်များနှင့်နားလည်မှုရယူကာ ပြည်တွင်းသို့ပို့ဆောင်ပေးခဲ့သည်မှာ ဆယ်စုနှစ်ကျော်ကြာမြင့်ခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့်စက်တင်ဘာလ(၂၁)ရက်နေ့ ညနေပိုင်းတွင် မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူး ရုံးရှေ့သို့ ဗိုလ်စောကျော်သက်ဦးဆောင်အဖွဲ့မှ လက်နက်မျိုးစုံကိုင်ဆောင်ကာ ၄င်းရက်ပိုင်းအတွင်း သိမ်းဆည်းထားသော ဒီကေဘီအေမော်တော်ယာဉ်များ ပြန်လည်တောင်းယူရာမှ အခင်းဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဗိုလ်စောကျော်သက်အဖွဲ့လှုပ်ရှားမှုအား စစ်အစိုးရတပ်ဖွဲ့မှ အနီးကပ်စောင့်ကြည့်နေသည်ဟု သိရသည်။
ထို့အပြင် မြဝတီမြို့ပေါ်ရှိ မြင့်မားသောတိုက်တာအဆောက်အဦးများပေါ်တွင်လည်း စစ်အစိုးရတပ်ဖွဲ့များ နေရာယူထား မျက်မြင်တွေ့ရှိသူများ ဆက်သွယ်ပြောကြားချက်အရ သိရသည်။

အဆိုပါဖြစ်ရပ်သည် ပြီးခဲ့သည့်လတွင် ကရင်နယ်ခြားစောင့်တပ်များဖွဲ့စည်းအပြီး စစ်အစိုးရနှင့် ဒီကေဘီအေအကြား ပထမဆုံးအကြိမ်ဖြစ်ပေါ်ခဲ့သော တင်းမာမှုကြီး ဖြစ်သည်။

နောက်ဆုံးဝင်ရောက်လာသောသတင်းအရဆိုပါ ဗိုလ်စောကျော်သက်အဖွဲ့သည် ၎င်းစခန်းမှ ယနေ့နံနက်ပိုင်းတွင် အခြားတနေရာသို့တိမ်းရှောင်သွားသည်ဟုသိရသည်။

NDD Weekly Political Events Regarding the SPDC’s Election

Weekly Political Events Regarding the SPDC's Election (035-2010)

Buu (No 3 – Sep 2010)

Buu (No 3 - Sep 2010)

GW ပြည်သူလူထုသို့ပန်ကြားလွှာ

ပြည်သူလူထုသို့ပန်ကြားလွှာ

တရားမ၀င်အလုပ်သမားနှစ်သန်းကျော်အားတရားဝင်ဖြစ်အောင်လုပ်ပေးတော့မည်

**(စက်တင်ဘာ ၂၄၊ကိုတီး-ထိုင်းဘာသာပြန်-ရခိုင့်တံခွန်ဂျာနယ်)**
ထိုင်းအလုပ်သမားဝန်ကြီး နိုင်ချလုံန်ချိုင်းဒိအွန်က တရားမ၀င်ရွေ့ ပြောင်းအလုပ်သမား နှစ်သန်းကျော်အား တ ရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်များ လုပ်ပေးတော့မည်ဖြစ်ကြောင်းယမန်နေ့က အလုပ်သမားဝန် ကြီးဌာနအစည်းအဝေးတွင်ပြောကြားလိုက်ကြောင်း INN အွန်လိုင်း စာမျက်နှာတွင် ဖေါ်ပြထားသည်။
ထိုင်းနိုင်ငံအတွင်း တရားမ၀င်အလုပ်လုပ်ကိုင်နေကြသည့် ရွေ့ပြောင်းအလုပ်သမားများကလည်း မှတ်ပုံတင်ရန် လိုအပ်သည်။ နောက်လတွင် မြန်မာဘက်မှ တရားဝင်အလုပ်သမားများကို ခေါ်ယူတော့မည်ဖြစ်သည်။


နိုင်ငံသားစီစစ်မှုနှုင့်ပတ်သက်၍ တာဝန်ရှိ ၀န်ထမ်းများအား ရနောင်းမြို့သို့ စေလွှတ်၍အမြန်ဆုံးဆောင်ရွက်နိုင်
ရန်စီစဉ်နေသည်။နယ်စပ်စခန်း၃ခုအနက် ရနောင်းဂိတ်တွင်တစ်နေ့ လျှင် လူ၁၀၀၀နုန်းစီစစ်နိုင်ပြီး၊ကျန်
နေရာများတွင်တစ်နေ့ ၃၀၀ အထိသာစီစစ်နိုင်သည်။ ထိုင်းနိုင်ငံအောက်ခြေသိမ်းလုပ်ငန်းများတွင် အလုပ်သမားရှားပါးမှုများမကြုံရအောင်ခေါ်ယူရခြင်းဖြစ်ကြောင်း၊၀န်ကြီးပြောကြားချက်ကို၊INN အင်တာနက်စာမျက်နှာတွင်ထိုင်းဘာသာဖြင့် ရေးသားဖေါ်ပြထားသည်။



**(စက်တင်ဘာ ၂၄၊ကိုတီး-ထိုင်းဘာသာပြန်-ရခိုင့်တံခွန်ဂျာနယ်)**
ထိုင်းအလုပ်သမားဝန်ကြီး နိုင်ချလုံန်ချိုင်းဒိအွန်က တရားမ၀င်ရွေ့ ပြောင်းအလုပ်သမား နှစ်သန်းကျော်အား တ ရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်များ လုပ်ပေးတော့မည်ဖြစ်ကြောင်းယမန်နေ့က အလုပ်သမားဝန် ကြီးဌာနအစည်းအဝေးတွင်ပြောကြားလိုက်ကြောင်း INN အွန်လိုင်း စာမျက်နှာတွင် ဖေါ်ပြထားသည်။
ထိုင်းနိုင်ငံအတွင်း တရားမ၀င်အလုပ်လုပ်ကိုင်နေကြသည့် ရွေ့ပြောင်းအလုပ်သမားများကလည်း မှတ်ပုံတင်ရန် လိုအပ်သည်။ နောက်လတွင် မြန်မာဘက်မှ တရားဝင်အလုပ်သမားများကို ခေါ်ယူတော့မည်ဖြစ်သည်။


နိုင်ငံသားစီစစ်မှုနှုင့်ပတ်သက်၍ တာဝန်ရှိ ၀န်ထမ်းများအား ရနောင်းမြို့သို့ စေလွှတ်၍အမြန်ဆုံးဆောင်ရွက်နိုင်
ရန်စီစဉ်နေသည်။နယ်စပ်စခန်း၃ခုအနက် ရနောင်းဂိတ်တွင်တစ်နေ့ လျှင် လူ၁၀၀၀နုန်းစီစစ်နိုင်ပြီး၊ကျန်
နေရာများတွင်တစ်နေ့ ၃၀၀ အထိသာစီစစ်နိုင်သည်။ ထိုင်းနိုင်ငံအောက်ခြေသိမ်းလုပ်ငန်းများတွင် အလုပ်သမားရှားပါးမှုများမကြုံရအောင်ခေါ်ယူရခြင်းဖြစ်ကြောင်း၊၀န်ကြီးပြောကြားချက်ကို၊INN အင်တာနက်စာမျက်နှာတွင်ထိုင်းဘာသာဖြင့် ရေးသားဖေါ်ပြထားသည်။

Arakan Constitution bur.ရခိုင်ပြည်နယ်၏ ဖွံ့စည်းပုံအခြေခံဥပဒေ (အဆိုပြုပထမ မူကြမ်း)

ရခိုင်ပြည်နယ်၏ ဖွံ့စည်းပုံအခြေခံဥပဒေ (အဆိုပြုပထမ မူကြမ်း)

2010 EBC Statement About Han Youn Ngwe

2010 EBC Statement About Han Youn Ngwe

Members of 2010 Election Boycott Committee

Members of 2010 Election Boycott Committee

What You Need to Know About Sanctions Aganist Burma

What You Need to Know About Sanctions Aganist Burma

ND Burma Rpt_jan_jun10 (Eng) +(Burm)

ND Burma Rpt_jan_jun10 (Bur)

Sunday, September 26, 2010

日本定住へ、ミャンマー難民27人出発

http://news.tbs.co.jp/20100923/newseye/tbs_newseye4533487.html


 母国に戻れず避難先にも定着できない難民を受け入れる「第三国定住」制度を使って、日本へ移住するミャンマー難民が22日、タイの難民キャンプを出発しました。

 難民キャンプを出発したのはカレン族の5家族、合わせて27人です。母国ミャンマーにも避難先のタイにも定着できないため、日本政府が今年、アジアで初めて実施する「第三国定住制度」を使って日本へ移住します。

 「日本で定住できるので将来に向けとてもいいと思うが、友人や親せきと離れなくてはならないのでちょっと寂しいです」(日本へ向かう難民)

 来日する5つの家族は、タイにあるIOM=国際移住機関の施設で研修や健康診断などを受けたあと、今月28日に来日する予定です。日本では6か月間、職業訓練や日本語研修を受け、来年春からの新しい生活を目指しますが、最終的な定住先などはまだ決まっていません。

ဟင်္သာတတွင် ကျောင်းသားချင်း ခိုက်ရန်ဖြစ်၊ တဦးသေဆုံး

ဇာနည်မာန် Saturday, September 25, 2010 . ဧရာဝတီတိုင်း ဟင်္သာတမြို့တွင် တက္ကသိုလ် ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွား မှုကြောင့် ယမန်နေ့ညက သေဆုံးသူကို အာဏာပိုင်များက ယနေ့သဂြုင်္ိဟ် စေခဲ့ပြီး ဆူပူမှုဖြစ်မည်စိုး၍ လုံခြုံရေးများလည်း ထူထပ်စွာ ချထားကြောင်း သတင်းရရှိ သည်။

ဟင်္သာတ တက္ကသိုလ် ဘူမိဗေဒ ဘာသာရပ် စာမေးပွဲ နောက်ဆုံးနေ့ ညက တက္ကသိုလ် ကျောင်းသူ အဆောင်ရှေ့တွင် သီချင်းဆိုရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ဓားဒဏ်ရာဖြင့် သေဆုံးသူ ဘူမိဗေဒ ပထမနှစ် ကျောင်းသား မောင်အောင်သူ (၂၂နှစ်) ညောင်ကျိုးရွာ၊ အင်္ဂပူမြို့နယ် ကို ယနေ့နေ့လယ် ၂နာရီတွင် သဂြုင်္ိဟ် ရန် အာဏာပိုင်များက စီစဉ်ခဲ့ခြင်းဖြစ်သည်။

“ကျူးလွန်တဲ့ဘက်က လူကြီးနဲ့ မျက်နှာကြီး အသိုင်းအ၀ိုင်းကဆိုတော့ ပြဿနာ ဖြစ်မှာစိုးလို့ ရဲမင်းကြီးကိုယ်တိုင် ကြီးကြပ်၊ မိသားစုကိုခေါ်ပြီး ဒီနေ့ကို ချက်ချင်း ချလိုက်တာ။ ဓားနဲ့ထိုး၊ ရိုက်တဲ့ ၇ ယောက်ကိုတော့ ဖမ်းထားတယ်။ ဖမ်းထားတဲ့ အထဲ မှာ ဒီမြို့က အထက်တန်းရှေ့နေ တယောက်ရဲ့တူရယ်၊ မြို့မိမြို့ဘ တယောက်ရဲ့မြေးလေးရယ် ပါနေတယ်”ဟု မိသားစုနှင့် နီးစပ်သူတဦးက ဆိုသည်။

မိန်းကလေးဆောင်ရှေ့တွင် ဂစ်တာတီးနေသူများရှေ့မှ သေဆုံးသူ မောင်အောင်သူနှင့် သူငယ်ချင်းများ ဆိုင်ကယ်နှင့် ဖြတ်သွားသည်ကို ဂစ်တာတီးနေသူများက ဆဲဆိုရာမှ ရန်ပွဲ အစပြုခဲ့ပြီး ရိုက်နှက်၍ ဓားများဖြင့် ထိုးခဲ့သောကြောင့် မောင်အောင်သူမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ၀မ်းဗိုက်တွင် ဒဏ်ရာရရှိသူနှင့် ခါးတွင် ဓားဒဏ်ရာရရှိသူ နှစ်ဦးတို့မှာ ဟင်္သာတ ဆေးရုံ အရေးပေါ်ဌာနတွင် ကုသနေရသည်ဟု သိရသည်။

“ဖြစ်ဖြစ်ချင်းက အောင်သူကို ဒီအတိုင်းခြုံထဲမှာထိုးထားတာ။ ပြီးတော့ ရဲတွေရောက်လာပြီး အဲ့ဒီနေရာတ၀ိုက်ကို ပိတ်ထား လိုက်တော့တာ။ သေချာစစ်ဆေးလား မဆေးလားလည်း ဘာမှ မသိရဘူး၊ ညောင်ကျိုးက သူ့မိသားစုကို ချက်ချင်း အကြောင်း ကြားပြီး ဒီနေ့ သဂြုင်္ိဟ် တာပဲ။ မိဘတွေက ရွာပြန်သယ်ချင်တာလည်း ခွင့်မပေးဘူး”ဟု မိသားစုနှင့် နီးစပ်သူ က ပြောသည်။

သေဆုံးသူကို ဂူသွင်း သဂြုင်္ိဟ်ရန် ဟင်္သာတ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံမှ တင်းတိုးသုသာန်သို့ သွားရာ လမ်းတလျှောက် တွင်၊ ယာဉ်ထိန်းရဲများ၊ အရပ်ဝတ် ထောက်လှမ်းရေးများ၊ အထူး ရဲတပ်ဖွဲ့ဝင်များ ချထားပြီး တက္ကသိုလ်မှ ဆရာ ဆရာမ များကလည်း လုံခြုံရေး တာဝန်ယူကြရသည်ဟု ၎င်းကပြောဆိုသည်။

ယင်း အမှုကိစ္စနှင့် ပတ်သက်၍ ဟင်္သာတ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ ရဲအရာရှိတဦးက ကျောင်းသား ၇ ဦး ကို ထိန်းသိမ်းထားသည်မှာ ဟုတ်မှန်ကြောင်းနှင့် တရားဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ဖြေကြားခဲ့သည်။

“မောင်အောင်သူရဲ့ သူငယ်ချင်းလေးတွေကလည်း မကျေနပ်ကြတာ ဖြစ်နေတော့ ဆူပူမှုတွေ ဖြစ်မှာစိုးလို့ ကျနော်တို့ ရဲတွေရော၊ မယက၊ ရယက အားလုံးက လုံခြုံရေး ယူပေးတဲ့ သဘောပါပဲ။ အခုအခြေအနေကတော့ အေးအေးဆေးဆေး ပါပဲ။ တရားဥပဒေအတိုင်း လုပ်သွားမှာပါ”ဟု အဆိုပါ ရဲ အရာရှိက ပြောသည်။

ဟင်္သာတ မြို့ခံတဦးက“ခရိုင်ရဲမင်းကြီးရော လာတော့ လုံခြုံရေးတွေက အများကြီး၊ ကျောင်းသားချင်းဖြစ်တဲ့ ပြဿနာကို အခုလို ချက်ချင်းကြီး ချ၊ ရဲတွေရော ဘာတွေရော ရှုပ်နေတော့ ကျနော်တို့က ဘာများဖြစ်လဲပေါ့။ ပဲခူးက ကိစ္စလို ဖြစ်တာ မဟုတ်ပေမယ့် လူကြီးအသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတွေပါနေတော့ ကျောင်းသားတွေ ဆူမှာ စိုးရိမ်နေပုံရတယ်။ မျှမျှတတ လုပ် မလုပ်ကတော့ စောင့်ကြည့်ရမှာပဲ”ဟု ဆိုသည်။

ပြီးခဲ့သည့် စက်တာဘာ ၄ ရက်နေ့က ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်ကွက်တွင် ဖြစ်ပွားခဲ့သော နယ်မြေခံ ခလရ ၅၉ တပ်မှ စစ်သား များနှင့် အရပ်သားလူငယ်များ ခိုက်ရန်ဖြစ်ပွားမှုတွင်လည်း သေဆုံးသူ လူငယ်နှစ်ဦးအား သဂြုင်္ိဟ်ရာတွင် ဆူပူမှု ဖြစ်မည်စိုး ၍ အသုဘ အခမ်းအနားကို လုံခြုံရေး တင်းကျပ်စွာဖြင့် ပြုလုပ်ခဲ့သည်။
ကညီသွံဉ်: ဦးသုဇန ဆင်ခြင်နိုင်ဖို့
http://www.karenfakemonk.blogspot.com/
http://karenfakemonk.blogspot.com/

ဖူးထောမဲပါ မျက်ရည် (ဗီဒီယိုသီချင်း)

ပေးပို့ လာသူ ကျော်သောဂေါ်ခွါး အားအထူးကျေးဇူးတင် ရှိပါသည်။

တေးရေး - စောမာနယ်

မြ၀တီရဲစခန်း စီးနင်းခဲ့သည့် ဒီကေဘီအေအဖွဲ့အား အရေးယူရန် အမိန့်ထုတ်

ရဲရင့် / ၂၄ စက်တင်ဘာ ၂၀၁၀

အသိမ်းခံရသည့်ကားများ ပြန်ယူရန်အတွက် မြ၀တီရဲစခန်းအား ၀င်ရောက်စီးနင်းသည့် ဒီကေဘီအေအဖွဲ့အား ကားများ ပြန်မပေးသည့်အပြင် အလားတူဥပဒေမဲ့ဖြစ်ရပ်မျိုး ထပ်မံလုပ်ဆောင်ပါက ပြင်းထန်စွာအရေးယူရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ အမိန့်ရရှိထားသည်ဟု နအဖတပ်ဖွဲ့ဝင်တဦးက ပြောကြားသည်။

၎င်းက “ရတခ က အမိန့်ပေးထားပြီး ဒီတခါဖြစ်ရင်တော့ အပြတ်ချရတော့မယ်။ ဒီပြဿနာက ကကကြည်းက နေပြည်တော်အထိရောက်သွားပြီ။ ကားတွေကို ပြန်မပေးတဲ့အပြင် ဒီကိစ္စမှာပါတဲ့ ဒီကေဘီအေအဖွဲ့တွေကိုလည်း ဆင့်ခေါ်ထားတယ်။ လူကြီးတွေကတော့ နောက်ကို ဒီလိုပြဿနာမျိုး အဖြစ်မခံတော့ဘူး။ အကုန်ပြောမယ်ဗျာ ပစ်မိန့်ရထားပြီ” ဟု ပြောသည်။

ပြီးခဲ့သည့်အင်္ဂါနေ့က ထိုင်းဘက်မှတင်သွင်းသည့် ဒီကေဘီအေ အဖွဲ့ပိုင်ကား (၇) စီးကို မြ၀တီအာဏာပိုင်များက ဖမ်းဆီးပြီး ရဲစခန်းတွင် သိမ်းထားလိုက်သည့်အတွက် ယင်းကားများအား ပြန်ပေးရန် မြ၀တီခရိုင်တောင်ဘက်ရှိ ဒီကေဘီအေ ကလို့ထူးဘောဗျူဟာအခြေစိုက် တပ်ရင်း (၉၀၂) ၏ တပ်ရင်းမှူး ဗိုလ်ကျော်သက် ဦးဆောင်သည့် အင်အား (၂၀) ခန့်ပါသည့် တပ်ဖွဲ့ဝင်များက အင်အားသုံးကာ ရဲစခန်းအား ၀ိုင်းထားရာမှ ပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ သိမ်းဆည်းလိုက်သည့် လိုင်စင်မဲ့ကား (၇) စီးတွင် ကျပ်ငွေသိန်းထောင်ကျော်သည့် မာစီးဒီးကား တစီးအပါအ၀င် အခြားတန်ဖိုးကြီးကားများဖြစ်သည်ဟု မြ၀တီမြို့မှ ကားပွဲစားတဦးကပြောသည်။

စက်တင်ဘာ (၂၀) ရက်နေ့၌ နအဖ အဖွဲ့နှင့် ဒေသခံ အာဏာပိုင်အဖွဲ့အစည်းများက သင်္ဃန်းညီနောင်ရှိ ဗျုဟာဂိတ် (တံတားကျိုးဂိတ်) တွင် ထိုင်းမှ တရားမ၀င်တင်သွင်းလာသည့် လိုင်စင်မဲ့ကား (၄၇) စီးအား ဖမ်းဆီးရမိရာတွင် ဒီကေဘီအေမှ ကား (၇) စီး ပါရှိခြင်းဖြစ်သည်။

ယင်းပြဿနာ ဖြစ်ပွားခဲ့သည့်အတွက် ဖမ်းဆီးထားသည့် လိုင်စင်မဲ့ကားများထားရှိရာ မြ၀တီရဲစခန်းအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို (၃) နေရာခွဲ၍ ချထားသည်ဟု လ၀က၀န်ထမ်းတဦး၏ ဇနီးဖြစ်သူက ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “ကျမတို့က ရဲစခန်းအရှေ့က လ၀က ၀င်းထဲမှာနေတာ၊ လုံခြုံရေးတွေကိုတော့ တအားချထားတယ်။ ရဲစခန်းအနားမှာရှိတဲ့ အကောက်ခွန်ရုံး၊ လ၀ကရုံးနဲ့ မီးစက်ဟောင်းနေရာတွေမှာ တပ်တွေချထားတယ်။ အရင်တခါမှမရှိဘူး။ ဖြစ်တဲ့နေ့ကဆိုရင် ဒီကေဘီအေက ရဲစခန်းကိုဝိုင်း၊ စစ်တပ်က ဒီကေဘီအေကိုပြန်ဝိုင်း၊ တပ်မက စစ်ကားတွေကတဆင့် ထပ်ဝိုင်းနဲ့ဆိုတော့ ရပ်ကွက်ထဲက လူတွေ လွတ်ရာကို အထုတ်တွေပိုက်ပြီး ပြေးနေကြတာ ကမ္ဘာပျက်သလိုပဲ” ဟု ပြောသည်။

အဆိုပါပြဿနာကို ဖြေရှင်းရန်အတွက် အာဏာပိုင်များက ဒီကေဘီအေနှင့် ကားပိုင်ရှင်များကို ဆင့်ခေါ်ထားသော်လည်း လာရောက်ခြင်းမရှိသေးကြောင်း၊ ဒီကေဘီအေမှ ဗိုလ်ကျော်သက်နှင့်အဖွဲ့သည် အသိမ်းခံရသည့် အဆိုပါကား (၇) စီးကို ကားကုန်သည်များထံမှ အခကြေးငွေယူ၍ ပို့ဆောင်ပေးစဉ် အဖမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရရှိသည့်သတင်းအရ ဒီကေဘီအေတပ်ရင်း (၉၀၂) ဗိုလ်ကျော်သက်သည် အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းနေလင်းထံ ကားများပြန်ပေးရန်နှင့် အရေးယူမှုများ မပြုလုပ်ရန် အသနားခံစာ တင်ခဲ့သော်လည်း တိုင်းမှူးမှ လက်ခံခြင်းမရှိဟု သိရသည်။

Regional Commands of SPDC


Regional_Command_of_SPDC -

Kia Fires Warning Shots at Burmese Military Helicopter

Kia Fires Warning Shots at Burmese Military Helicopter