Saturday, October 6, 2012

မြန်မာပြည်အိမ်မြေဈေးနှုန်းအကြောင်း ၂၀၁၂



ဇော်အောင် (မုံရွာ) ~

 
 

  မြန်မာပြည်နယ်မြို့ကလေးတခုဆီကို အလည်ပြန်သွားတဲ့ စင်ကာပူအခြေချ မြန်မာတစ်ဦးကို သူပြန်အလာမှာ မေးကြည့်ပါတယ်။  ဟာဗျာ.. ကျုပ်တို့ ဖားအံမြို့ဆိုတာ အရင်က တောမြို့ပဲ၊ အိမ်ဈေး၊မြေဈေးဆိုတာ ဈေးချိုသလားမမေးနဲ့၊ အခုများ အိမ်စုတ်ကလေးတခုတောင် ဘယ်လောက်လဲ မေးကြည့်တော့ သိန်း၅၀၀၊ သိန်းထောင်ဂဏန်း ပြောနေကြတယ်။ ကွန်တော်ပိုင်တဲ့ စင်ကာပူ ၃ခန်း၊ အိမ်ကလေးဆို စင်ကာပူဒေါ်လာ ၄သိန်းလောက်ဈေးပေါက်တယ်။ မြန်မာငွေဆိုရင် သိန်း၂၀၀၀ကျော်ပေါ့။ စင်ကာပူက အိမ်ကိုရောင်းပြီး၊ ကိုယ့်ဇာတိ ဖားအံမြို့ထဲမှာ အိမ်ဝယ်ရင်တောင် သိန်း၂ထောင်နဲ့ အိမ်ကောင်းကောင်းမရတော့ဘူးဗျာ... မြန်မာပြည်အခြေပြန်ချချင်နေတာ၊ မလွယ်ဘူးဗျို့.. မြန်မာတွေ အရမ်းချမ်းသာနေကြပြီ၊ လိုက်လို့မမှီတော့ဘူး... ပြန်ဖြေသံကြားရပါတယ်။

သြော် ..အိမ်ငှားဈေး ဘယ်လောက်ရှိသလဲ ဆိုတာတော့ သူမစုံစမ်းခဲ့ရဘူးဆိုပဲ။ ပြီးတော့ သူက သူဌေးအသိုင်းအ၀ိုင်းတွေနဲ့ပဲ တွေ့ဆုံ၊ ဆွေးနွေးခဲ့ပုံရပါတယ်။

တိုင်းပြည်တခု၊ ဒေသတခု တိုးတက်သလား၊ မတိုးတက်ဘူးလား ဆိုတာကို အဲဒီဒေသမှာ အိမ်ငှားခဘယ်လောက်လဲ၊ အိမ်ဈေးဘယ်လောက်လဲ ..ဆိုတာစုံစမ်းကြည့်လိုက်ရုံနဲ့ အလွယ်တကူ (လူပြိန်းနည်း) သိနိုင်ပါတယ်။ လူတန်းစား သူဌေးအဆင့်နဲ့၊ သာမန်လူအဆင့် လို့ ၂မျိုးခွဲပြီးလေ့လာမယ်ချင်ပါတယ်။ ကျွန်တော် မြန်မာပြည်ပြောင်းလဲခါစ ၂၀၁၁နိုဝင်ဘာလောက်က အထက်၊အလယ်၊အောက် မြန်မာပြည်မြို့တွေကို ရောက်ခဲ့ပါတယ်။ အထူးသဖြင့် အခြေခံလူလတ်တန်းစား အများစုနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဟုတ်ပါတယ်။ အိမ်ဈေးတွေ မတရားမြောက်နေပါတယ်။ ဒါပေမဲ့ ရောင်းဝယ်ဖြစ်တယ်လို့ သိပ်မကြားရပါ။ မိမိအိမ်ကိုပဲ ပါးစပ်နဲ့ရှောက်အော်ဟစ်၊ ရောင်းဝယ်နေကြတယ်။ အခု ၂၀၁၂ ဇူလိုင်လလောက်မှာတော့ ကားပါမစ်လည်းမရှိတော့၊ ကားဝယ်သူတွေလည်း ပိုက်ဘောမိ၊ အိမ်ဝယ်ထားသူများလည်း ပိုက်ဘောမိဖြစ်နေပါတယ်။

အိမ်ဈေးအရောင်းအ၀ယ်တံ့သွားပြီလား

နောက်တခါ မြန်မာပြည်မှာ အိမ်ဈေးတွေ အရောင်းအ၀ယ် တံ့သွားချိန်၊ စင်ကာပူကို မြန်မာကွန်ဒိုများ လာရောင်းတာကို တွေ့လိုက်ပါတယ်။ ၂၀% အရင်ပေး၊ အရစ်ကျ ၃နှစ်အတွင်းပေး .. ဆိုတဲ့ စင်ကာပူကွန်ဒိုစတိုင် မြိုလည်နဲ့ ကီလို၂၀ကျော် ဝေးတဲ့နေရာတွေမှာ၊ လက်ညိုးထိုး၊ လာရောင်းကြပါတယ်။ ဒေါ်လာ တစ်သိန်းကနေ ၂သိန်းကျော်၊ ၃သိန်းအထိ ဈေးပေါက်တယ်။ လက်ထဲ ငွေစုဆောင်းမိထားတဲ့ ရွှေမြန်မာ၊ စင်ကာပူပီအာတွေ တော်တော်ဝယ်ကြတယ် ကြားရတယ်။ ဒီလူတွေလည်း ပိုက်ဘောမိဦးမှာပါပဲ။  အိမ်တအိမ် ပိုက်ဘောမိ ၀ယ်လိုက်တယ်ဆိုရင် အရင်းတော့မရှုံးပါဘူး။ ၁၀နှစ်လောက်ကြာမှ ပြန်ရောင်းရင် အမြက်ထွက်ပေမဲ့၊ ၁၀နှစ်အတွင်း ငှားစားရင်လည်း သိပ်အမြက်မရ၊ အိမ်ဈေးနှုန်းကိုမကြည့်ပဲ၊ အိမ်ငှားခဈေးနှုန်းကို ကြည့်ပါ။ အိမ်ဈေး သိန်း၅၀၀ ပေါက်နေတဲ့ ဖားအံမြို့တစ်ဝိုက်ဆို အဲဒီလိုအိမ်မျိုးကို ငှားရင် တလ ၂သိန်းတောင်မပေးရတာကို တွေ့ရပါလိမ့်မယ်။ ဥပမာ စင်ကာပူမှာ ဒေါ်လာ၎သိန်းတန်အိမ်ကိုငှားရင် တစ်လ $2500 ပေးရမယ်။ တစ်နှစ်ကို အိမ်တန်ဖိုးရဲ့ 7.5% လောက် အမြက်ရတာကိုတွေ့ရတယ်။ အဲဒီငွေ ဒေါ်လာ၎သိန်းကို စင်ကာပူဘဏ်ထဲ ထည့်ထားရင် 1% တောင် မရပါဘူး။ မြန်မာပြည်က ဘဏ်ထဲထည့်ထားရင်တော့ 8% အတိုးရပေမဲ့ ၊ မြန်မာဘဏ်ကို ဘယ်သူမှမယုံပါ။ မြန်မာပြည်မှာ အိမ်ဝယ်ပြီး ငှားစားမယ်ဆိုရင်လည်း ဖွတ်မွဲဖြစ်သွားနိုင်တယ်။ သိန်း၅၀၀တန်ကို တလ ၂သိန်းပဲ ငှားခရတော့ 4.8% အမြက်ရမယ်။ အလျှင်းမသင့်လို့ မြန်မာအာဏာပိုင်များကို ဂရံကိစ္စ အနိုင်ကျင့်ခံရရင် ၀ယ်ထားတဲ့အိမ်ပါ ပြောင်သွားနိုင်ပါတယ်။

ဒါကြောင့် နိုင်ငံခြားမှာနေတဲ့ ဘယ်သူမှ မြန်မာပြည်က အိမ်ကိုဝယ်ဖို့လည်း စိတ်မကူးပါ။ မြန်မာပြည်က ဘဏ်ထဲငွေထည့်ထားဖို့ဆို ဝေးလာဝေးပေါ့.။ ယုံကြည်မှု Thrust ပျက်ပြားနေတာကိုး။ အခု အစိုးရသစ်က ကမ္ဘာနိုင်ငံများကို ယုံကြည်မှု ပြန်လည်တည်ဆောက်နေတာ၊ အစိုးရသစ်ကို ယုံကြည်သူများစွာကတော့ ပေးတဲ့အခွင့်အရေးတွေယူပြီး လာရောက်ရင်းနှီးမြုတ်နှံနေကြပါတယ်။

ဗီယက်နမ် အိမ်မြေဈေးနှုန်း

ကျွန်တော် ဗီယက်နမ်ကိုရောက်ပြီး စင်ကာပူ-ဗီယက်နမ် စက်မှုဇုံကို လေ့လာမိတယ်။ စင်ကာပူမှာရှိနေတဲ့ အနောက်နိုင်ငံ၊ ဂျပန်၊ကိုးရီးယား ကုမ္ပဏီများကို စင်ကာပူအစိုးရက ခေါ်လာတယ်။ ဟောင်လျှောင်းဘဏ်က ဦးဆောင်ပြီး၊ စင်ကာပူအစိုးရ ပံ့ပိုးမှုနဲ့ ဖက်စပ်လာလုပ်ကြတယ်။ ဗီယက်နမ်ကို မယုံပေမဲ့၊ စင်ကာပူကို ယုံတော့ ကုမ္ပဏီများစွာ လာရောက်ရင်းနှီးလုပ်ကိုင်ကြတယ်။

စင်ကာပူအစိုးရခေါင်းဆောင်ပြိး Kuala Lumpur Singapore Shanghai Beijing Nanjing Tianjin South Vietnam တွေမှာ အောင်မြင်စွာ စက်မှုဇုံများကို တည်ဆောက်နိုင်ပြီး၊ စက်မှုဇုံအလုပ်လာလုပ်တဲ့ နိုင်ငံခြားသားများအတွက် ဗီယက်နမ်က Canary Project လို အိမ်မြေ၊ ဆိုင်ခန်း၊ ရင်းနှီးမြုတ်နှံမှုတွေ လုပ်နေပါတယ်။

 
 

  နိုင်ငံခြားကနေ ဗီယက်နမ်ကို လာရောက်အခြေချ၊ စီးပွားလုပ်ဖို့ဆိုတာ နံပါတ်(၁) အနည်းဆုံး ၅နှစ်အတွင်း အမြက်ရဖို့ သေချာရပါတယ်။ ပထမ၃နှစ်အတွင်း အမြက်ရတဲ့ လုပ်ငန်းများစွာလည်း ရှိပါတယ်။ အဲဒီလုပ်ငန်းများကိုတော့ ဗီယက်နမ် အစိုးရနဲ့သူဌေးများက လက်ဝါးအုပ်ထားပါပြီ။ နိုင်ငံခြားကုမ္ပဏီများကတော့ နည်းပညာပိုင်းကို ဦးစားပေး၊ လာရောက်ရင်းနှီးရပါတယ်။ ရင်းနှီးတဲ့အခါမှာလည် 4M & 1E ဆိုတဲ့ Manpower (Human Resource), Material (raw material & spare parts), Management (Method, Technology) နဲ့ နောက်ဆုံးအဆင့်က Money ဖြစ်ပါတယ်။ အဲဒီ "M" လေးမျိုးနဲ့ "E" ဆိုတဲ့ Environment (ကာလ၊ဒေသ၊အခြေအနေ) တွေအပေါ်မူတည်ပြီး ရင်းနှီးမြုတ်နှံရပါတယ်။

ဥပမာ .. Property Market ကိုပဲ ကြည့်ကြမယ်ဆိုရင်၊ ဗီယက်နမ်လူမျိုးတစ်ယောက် ပြည်ပကနေ၊ ဗီယက်နမ်ပြန်လာရင် 5Year PR ပေးပါတယ်။ နိုင်ငံသားနဲ့ အခွင့်အရေးအတူတူပဲ။ မဲပေးခွင့်ပဲ မရှိတာ။ အိမ်မြေ၊ ကုမ္ပဏီထောင်ခြင်း၊ စီးပွားရေးလုပ်ငန်းများမှာ ဗီယက်နမ်နိုင်ငံသားနဲ့ အခွင့်အရေး အတူတူရပါတယ်။ စင်ကာပူပီအာ ဆိုရင် ကလေးကျောင်းစရိတ်၊ ဆေးကုသစရိတ် ဈေးကြီးတယ်။

ဗီယက်နမ်မှာတော့ ကျောင်းနေစရိတ်၊ ဆေးကုသစရိတ်များ အလွန်ဈေးချိုလို့ ဘယ်နိုင်ငံခြားသားကမှ အစိုးရကျောင်း၊ အစိုးရဆေးရုံကို မသွားကြပါဘူး။  အိမ်ဝယ်မယ်ဆိုရင် စင်ကာပူက ၄သိန်းကျော်တန် ကွန်ဒိုအဆင့် အိပ်ခန်း၂ခန်း 80 sqm အိမ်တစ်ခုကို အမေရိကန်ဒေါ်လာ ၄သောင်းလောက်ပဲပေးရတယ်။ မြိုနဲ့ 20km လောက်ဝေးတယ်။ မြန်မာပြည်မှာ ကန်ဒေါ်လာ ၂သိန်းလောက် ပေးရတဲ့ အိမ်မျိုးကို ချက်ခြင်း ဆောက်ပြီးသား၊ အသင့်တက်နေရုံပဲ၊ တခုပဲရှိပါတယ်။ မြန်မာရော၊ ဗီယက်နမ်ပါ လူတွေကို အကြွေးမပေး၊ အရစ်ကျမရောင်းပါဘူး။ ငွေအကြေပေးရှင်းပြီး ၀ယ်ရပါတယ်။ ခရစ်တစ်ကပ်စနစ် ဗီယက်နမ်မှာရှိပေမဲ့ လူထုက မသုံးကြပါ။ နိုင်ငံခြားသားများနဲ့ ဗီယက်နမ်ချမ်းသားသူများပဲ ခရစ်တက်ကဒ် သုံးကြပါတယ်။ Installment Selling ဆိုတာမရှိသေးပါဘူ။ ဒါကြောင့် ဈေးချိုတဲ့ ဗီယက်နမ်ကို နိုင်ငံခြားကုမ္ပဏီအမြောက်အများ လာရောက်လုပ်ကိုင်၊ ရင်းနှီးမြုတ်နှံကြပါတယ်။

ဗီယက်နမ်မှာ တိုက်ခန်းနေလူတန်းစား မရှိသလောက်ပါ။ လုံးချင်းအိမ်၊ အိမ်နဲ့မြေ၊ ၂ထပ်၊ ၃ထပ် စသဖြင့် တိုက်အိမ်ကြီးများ ဆောက်လုပ်နေထိုင်သလို၊ ဘက်ထရီမီးသုံးပြီး၊ လျှပ်စစ်ရောင်းစားသူထံက လျှပ်စစ်မီးဝယ်သုံးတဲ့ ရပ်ကွက်၊ မြို့ရွာများစွာရှိပါတယ်။ ဟိုချီမင်းမြို့လည်က အိမ်တစ်လုံး 20x80 feet ၂ထပ်အိမ်တစ်လုံးဆို ကန်ဒေါ်လာ ၂သောင်းတောင် မပေးရပါဘူး။ ကွန်ဒိုလို တိုက်ခန်းတခုကို ဒေါ်လာ၅သောင်းပေးဝယ်တာထက် ၂ဆလောက်လည်း ဈေးချိုတယ်။ ပြိးတော့ မြို့လည်ခေါင်းဆိုတော့ စီးပွားလုပ်စားလည်းရပါတယ်။ ထုံးစံအတိုင်း မြို့အလည် နိုင်ငံခြားဘဏ်၊ ဟိုတယ်။ ကုမ္ပဏီအကြီးကြီးတွေ၊ ရေနံ၊ ငွေကြေးကုမ္ပဏီများအတွက် Business District မြေတွေကတော့ 1sq m ဈေးနှုန်းဟာ စင်ကာပူဈေးနှုန်းနီးပါး မြင့်မားလှပါတယ်။

ဒါနဲ့ ဗီယက်နမ်တစ်ခုတည်း အိမ်မြေ၊ဈေးနှုန်း သက်သာလှတာ မဟုတ်ပါဘူး။ အရှေ့တောင်အာရှနိုင်ငံများ ဥပမာ၊ မြန်မာအများစုနေထိုင်တဲ့ ထိုင်း၊မလေးရှား မြို့များဖြစ်တဲ့ ကွာလာလမ်ပူ၊ ဂျဟိုး၊ ပီနန်၊ ဘန်ကောက်၊ ချင်းမိုင် မြို့များမှာလည်း ဈေးနှုန်းချိုသာလှပါတယ်။ ဘန်ကောက်နဲ့ ကွာလာလမ်ပူမြို့လယ်ခေါင်မှာတောင် စင်ကာပူ အိမ်ခန်း၃လုံးအကျယ်၊ အိမ်တခုငှားရင် တလ ကန်ဒေါ်လာ၃၀၀ - ၅၀၀ လောက်ပဲဈေးရှိပါတယ်။ မြန်မာပြည်က ပြုပြင်ပြောင်းလဲခါစဆိုတော့ ၀ိသမလောဘသမားများကြောင့် အိမ်ဈေးတွေ ကြီးသွားရခြင်းပါ။

လုပ်အားခကတော့ မြန်မာပြည်ထက်စာရင် ပျှမ်းမျှလစာ မြင့်ပါတယ်။ သို့သော် ရတဲ့ လစာငွေက မိသားစုတခု ကောင်းကောင်းနေနိုင်၊ စားနိုင်၊ ကျောင်းထားနိုင်ပါတယ်။ ကျူရှင်တွေလည်း မရှိ၊ ဟိုး ကျွန်တော်တို့ ၁၉၈၈ မတိုင်မီကလို လူလတ်တန်းစားများအများစု ဖြစ်အောင် ဗီယက်နမ်အစိုးရက ဖန်တီးထားပါတယ်။ ဆိုင်ကယ်တစ်စီးကို ကန်ဒေါ်လာ ၂၀၀ ကနေ ၁၀၀၀ အတွင်း အရောင်းအ၀ယ်ဖြစ်ပါတယ်။ ပျှမ်းမျှဆိုင်ကယ်ဈေးနှုန်းဖြစ်ပြီး၊ လူတိုင်းနီးပါး မြိုနေလူတွေ ဆိုင်ကယ်ပိုင်ဆိုင်၊ ခရီးသွားနိုင်ပါတယ်။ ဘတ်စကားစနစ်ကို သိပ်အားမပေးပဲ၊ ဆိုင်ကယ်စနစ်ကို သုံးပါတယ်။ ကောင်းချက်ကတော့ ကုန်ထုတ်လုပ်ငန်းတိုးတက်လာတယ်။ ဆိုးချက်ကတော့ လေထု အရမ်းညစ်ညမ်းပါတယ်။ မျက်နှာဖုံးစွပ် သွားလာကြရတယ်။ အစိုးရအတွက်တော့ ဓါတ်ဆီရောင်းအမြက်ငွေ အများကြီးရပါတယ်။  မော်တော်ကားတစ်စီးကို ဒေါ်လာ ၄သောင်းကျော်ဆိုတော့ ကွန်ဒိုတိုက်ခန်းတစ်လုံးဈေးဖြစ်နေပါတယ်။ ကားသွင်းခွင့်ကို အထူးတင်းကြပ်ထားပါတယ်။ လူချမ်းသာများသာ ကားဝယ်စီးနိုင်ပါတယ်။ ဓါတ်ဆီဈေးနှုန်းကလေည်း အမေရိကန်နိုင်ငံထက် ပိုဈေးကြီးနေပါတယ်။ ရေနံ၊ဓါတ်ငွေ ၂ခုပေါင်းရင် မြန်မာပြည်ထက် ၃ဆလောက်ပိုထွက်ပါတယ်။ အဲဒီဝင်ငွေကို တိုင်းပြည်တိုးတက်ရေး Infra Sturcture တွေမှာသုံးတဲ့အတွက် ကတ္တ
ရာလမ်းမကြီးများကို အပြည့်၊ လမ်းကြိုကြားအထိ ခင်းပေးထားပါတယ်။ ကားလမ်းကြမ်းလို့ ကား၊ ဆိုင်ကယ် ဘီးပွန်းပဲ့ရင်၊ ပြည်သူလူထု ငွေပိုကုန်မယ်။ ပြည်သူတွေ ငွေပိုကုန်ရင် တိုင်းပြည်နစ်နာမယ် ..ဆိုတဲ့ စိတ်ထား၊ အစိုးရမှာရှိပါတယ်။

နိုင်ငံခြားမှရင်းနှီးမြုတ်နှံသူများ

နောက်ဆုံး အရာရာဈေးချိုနေတဲ့အပြင်၊ နိုင်ငံခြားသားများအတွက် ဖွင့်ထားတဲ့ စားသောက်ဆိုင်၊ ဘားကလပ်၊ ဂေါက်ကလပ်၊ ကုန်တိုက်များလည်း အသင့်ရှိနေပါတယ်။ နိုင်ငံခြားသားများ အတွက် လိုအပ်တာတွေ အကုန်ရနိုင်တယ်။ ဈေးသက်သာချင်ရင် လိုကယ် ဗီယက်နမ်များလို နေထိုင်စားသောက်၊ နောက်ဆုံး ဗီယက်နမ်အမျိုးသမီး၊ အမျိုးသားနဲ့ အိမ်ထောင်ကျသွားရင် ချက်ချင်းလိုလို ဗီယက်နမ်ပီအာကို ရနိုင်ပါတယ်။

ရင်းနှီးမြုတ်နှံသူများက မိမိလုပ်ငန်း ၅နှစ် အနည်းဆုံး အာမခံချက်ရဖို့ လိုပါတယ်။ ပြီးတော့ Return Money ဆိုတဲ့ ရင်းနှီးငွေရဲ့ ဘယ်နှစ်ရာနှုန်းပြန်ရမလဲကို ကြည့်ပါတယ်။ လာရောက်လုပ်ကိုရင်း ဗီယက်နမ် Property များမှာ ရင်းနှီးဖို့အတွက် နည်းလမ်း၃မျိုး တွေ့ရပါတယ်။ ဒီနည်းလမ်းများဟာ မဟာ တရုပ်ပြည်ကြီးက အရင်ကျင့်သုံးခဲ့တာကို ဗီယက်နမ်များက ကော်ပီလုပ် အသုံးချပါတယ်။ မြန်မာအစိုးရသစ် သမ္မတဦးသိန်းစိန် အဖွဲ့လည်း ဗီယက်နမ်နဲ့တရုပ်များဆီက ကော်ပီလုပ်ထားပြီးပါပြီ။ လက်တွေ့ အသုံးချဖို့ပဲ လိုပါတော့တယ်။

ရင်းနှီးမြုတ်နှံမှု (၃)မျိုး

၁။ ဗီယက်နမ်လူမျိုး (ဥပမာ USA Citizen, EU Citizen, Australia citizen ..etc) များကို ဗီယက်နမ်ပီအာ (အမြဲနေထိုင်ခွင့်၊ နိုင်ငံသားကဲ့သို့ အိမ်မြေ၀ယ်ခွင့်ပေးခြင်း)၊
၂။ ဗီယက်နမ်လူမျိုးနှင့်အိမ်ထောင်ပြုပြီး၊ ဗီယက်နမ်နိုင်ငံတွင် ထာဝရနေထိုင်၊ ရင်းနှီးမြုတ်နှံစေခြင်း
၃။ ကုမ္ပဏီအနေဖြင့် FDI Foreign Direct Investment အဖြစ် တရားဝင်လာရောက်ပြီး၊ ကုမ္ပဏီနာမည်ဖြင့် အိမ်မြေများကို ၀ယ်ယူရင်းနှီးခြင်း.. တို့ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ မြန်မာပြည်မှာ အိမ်ဈေးနှုန်း၊ အဆမတန်ကြီးနေခြင်းဟာ ကျသွားဖို့လမ်း မရှိတော့ပါ။ နောက်၂နှစ်ကြာရင် မြန်မာပြည်၊ငွေကြေးဖောင်းပွနှုန်းဟာ ဗီယက်နမ်းလိုပဲ ၁၃ရာနှုန်းအထက် ဖြစ်လာပါတော့မယ်။ ဒါကြောင့် အခု  အမေရိကန်တစ်ဒေါ်လာဟာ အခု ကျပ် ၆၀၀ ဈေးပေါက်ပေမဲံ။ နောက်၂နှစ်ကြာရင် ကျပ် ၁၀၀၀လောက် ပြန်ဖြစ်လာပါလိမ့်မယ်။ အဲဒီအချိန်ဆိုရင် စီးပွားရေးသမားများ၊ နိုင်ငံခြားကုမ္ပဏီများလည်း ပိုအဆင်ပြေလာပါလိမ့်မယ်။

မြန်မာပြည် ပြန်ပြီး စီးပွားလုပ်လိုသူများ၊ အောင်မြင်အဆင်ပြေပါစေ ဆုတောင်းပါတယ်။ ဈေးကြီးလှသောမြန်မာပြည် ဆောင်းပါးများကို စိတ်ဝင်စားသူများ ဆက်လက်ဖတ်နိုင်ပါတယ်။

ရုပ်ရှင်ထဲမှ လူရမ်းကားများသဖွယ် ဒုတ်၊ ဓါး လက်နက်ဆွဲကိုင်ထားသည့် လူ ၁၀ ကျော် အိမ်ပေါ်အထိ ဝင်ရောက်တိုက်ခိုက်

r၂၀၁၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့  မနက် ၁.၀၀ ခန့်တွင် မြိတ်မြို့၊မြေနီလမ်းရှိ အိမ်အမှတ် (၆၂)နေ ကိုဝင်း+ မသီ တို့၏ နေအိမ်အား မင်းမဲ့စရိုက်ဆန်ဆန် ရုပ်ရှင်ထဲမှ လူရမ်းကားများသဖွယ် ဒုတ်၊ ဓါး လက်နက်ဆွဲကိုင်ထားသည့် လူ ၁၀ ကျော် အိမ်ပေါ်အထိ ဝင်ရောက်တိုက်ခိုက်ကြရာ အိမ်ပိုင်ရှင် ကိုဝင်းမှာ ဦးခေါင်းအနောက်ဘက် နှင့် လက်  ဓါးဒဏ်ရာဖြင့် မြိတ်မြို့ဆေးရုံကြီး အတွင်းလူနာအဖြစ် တင်ထားနေရဆဲဖြစ်သည်။

ည ၁၁.၃၀ ခန့်တွင် မြိတ်မြို့ အဝေးပြေးကားဝင်းအတွင်းရှိ ရွှေရည်ဖြိုးစားသောက်ဆိုင်အတွင်း Danger အဖွဲ့မှာ ဝင်ရောက်ရမ်းကားခဲ့ရာတွင် တံခါးမကြီးအား ဓါးဖြင့်ခုတ်ခွဲ ဝင်ရောက် ရမ်းကားနေစဉ် ကိုဝင်း၏ တူတော်သူမှ ထမင်းစားရန်ရောက်ရှိသွားပြီး ၊ ၄င်းအဖွဲ့မှ ခေါ်ယူ ထိုးနက်ခဲ့ရာ ဆိုင်ရှင်မှ တောင်းပန်ပြီး ကိုဝင်းတို့အိမ်ရှိရာသို့ ကိုယ်တိုင်လိုက်လံပို့ဆောင်ခဲ့ပါသည်။ ပြန်ရောက်ပြီး ခဏအကြာတွင် ဆိုယ်ကယ်စီ မူးယစ်ဆေးဝါး အဖွဲ့မှရောက်ရှိလာပြီး အိမ်သားအားလုံးကို တုတ်၊ ဓါးလက်နက်ဖြင့် ထိုးခုတ်ကြရာ အိမ်ရှင်အမျိုးသမီးပါမကျန် လိုက်လံခုတ်ကြသည်ဟု အိမ်ပိုင်ရှင် မသီမှပြောပါသည်။
ကိုဝင်းမှ ၄င်းမူးယစ်ဆေးဝါးအဖွဲ့နှင့် ရန်ငြိုးလုံးဝ မရှိ မမြင်ဖူးကြောင်း သူအား ယခုကဲ့သို့ဓါးဖြင်းအသေလိုက်ခုတ်မည့်ဟုပင် မထင်ကြောင်းနှင့် သားဖြစ်သူမှ ကိုဝင်းအား အတင်း ဝင်ရောက်ချီပွေ့ပြီး ထွက်ပြေး ကယ်ဆယ်လိုက်တာဖြစ်ကြောင်းသိရပါသည်။ အိမ်အား ဓါးဖြင့်ခုတ်ထစ်ထားပြီး ဆိုင်ကယ် ၃ စီးအား ဖျက်ဆီးထားခဲ့သည်။

အလာတူအဖြစ်မျိုး မြိတ်မြို့တွင် များစွာ ပေါ်ပေါက်ခဲ့ဖူးကြောင်း နှင့် သက်ဆိုင်ရာမှ အဆိုပါ အဖွဲ့အား မည်သည့်အကြောင်းကြောင့်မှန်းမသိ ထိရောက်စွာ အရေးယူမှု မရှိကြောင်း သိရပါတယ်။

ထိုလူရမ်းကားများမှာ Danger အမည်ရှိသည့် မူးယစ်ဆေးဝါး အဖွဲ့မှဖြစ်ကြောင်း နှင့် ထိုအဖွဲ့အတွင်းပါဝင်သည့် ခေါင်းဆောင် ၃ ဦးမှာ ရေပုန်းရပ်မှ သာအေး ၊ မြိတ်တောင်ရပ်မှ ဘကျော် ၊ နောက်လယ်ရပ်မှ ရေချမ်း တို့မှဦးဆောင်ပြီး အဖွဲ့ဝင်များစွာရှိကြောင်းသိရပါတယ်။

      

ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင် ၃ဦးကိုအစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခြင်းဟု KNU ပြောဆို

စစ်ဦးစီးချုပ် အပါအ၀င် ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင် ၃ဦးကို တာဝန်မှ ရပ်စဲပြီး အဖွဲ့အစည်းမှ ထုတ်ပယ်ခြင်းမှာ စက်တင်ဘာလ ၂၇ ရက်မှ၂၉ရက်နေ့အထိ ပြုလုပ်ပြီးစီးခဲ့သော ကေအဲန်ယူဗဟို အလုပ်အမှုဆောင် အစည်းအဝေး၏ ဆုံးဖြတ်ချက်အရဖြစ်ကြောင်း ကေအဲန် ယူ ဗဟိုကော်မတီဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
သူက “ပြီးခဲ့တဲ့လကုန်ပိုင်း ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်တွေထဲမှာ ဒီခေါင်းဆောင် ၃ဦးကို ထုတ်ပယ်တယ်ဆိုတာ တစ်ချက်ပါတယ်။ အကြောင်းက သူတို့(ခေါင်းဆောင် ၃ဦး)ဟာ ဗဟိုကို အသိပေး လုပ်ဆောင်မှုမရှိတာ၊ အဖွဲ့အစည်းရဲ့ မူအတိုင်း မလိုက်နာမှု အကြိမ်ကြိမ် ရှိခဲ့တာတွေအပေါ် အရင်းခံပါတယ်”ဟု ဆိုသည်။
သို့သော် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆုံးဖြတ်ချက်ကို ကေအဲန်ယူ၏ တွဲဖက် အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေမှ လက်မှတ်ရေးထိုး ထားသည့်အပေါ် ကေအိုင်စီမှမေးမြန်းရာ “တကယ်တော့ အစည်းအဝေးမှာ ဆုံးဖြတ်ချက်ကျပြီးတာနဲ့ အထွေထွေ အတွင်းရေးမှူးက ခရီး ထွက်ရတာပဲ။ ဒါပေမဲ့ ဆုံးဖြတ်ချက်တွေကို စာရွက်စာတမ်းနဲ့ အသေအချာ ပြန်လုပ်ရသေးတဲ့အပေါ် အတွင်းရေးမှူးချုပ်က သူ့ကိုယ်စား လက်မှတ်ထိုးပေးဖို့ သဘောတူထားမှုကြောင့် တွဲဖက်(၁)ကို တာဝန်ခံပေးလိုက်ရတဲ့သဘောပါ”ဟု ၎င်းဗဟိုကော်မတီဝင်က ပြောသည်။
ထိုကိစ္စနှင့် ပတ်သက်၍ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်နှင့် တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေကို ဆက်သွယ်မှု မရရှိခဲ့ သော်လည်း အမည်မဖော်လိုသူ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ၎င်းတို့၏ အစည်းအဝေး ဆုံးဖြတ်ချက်မှာ ဗဟိုအလုပ်အမှုဆောင်များ ကိုသာ ပေးပို့ခြင်းဖြစ်သလို ယခုလို ထုတ်ပယ်လိုက်သည့် ဆုံးဖြတ်ချက်မှာ ဟုတ်မှန်ကြောင်း ယမန်နေ့က ကေအိုင်စီသို့ အတည်ပြု ပြော ဆိုခဲ့သည်။

ထုတ်ပယ်ခံရသူများမှာ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ဗဟိုတရားရေးဌာနတာဝန်ခံ ပဒိုစောဒေးဗစ်ထော၊ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုစောရောဂျာခင်တို့ဖြစ်ကြပြီး လာမည့် ကွန်ဂရက်မတိုင်ခင်အတွင်း ၎င်းတို့၏ လစ်လပ်သွားသည့်နေရာ တွင် လက်ရှိ KNLA တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ်ဘောကျော်ဟဲ၊ တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောဒေါ့လေးမူနှင့် ပဒိုစောအဲ့ကလူရွှေဦးတို့ ကို ယာယီ အစားထိုးထားကြောင်း အစည်းအဝေး ဆုံးဖြတ်ချက်တွင် ပါရှိသည်။
ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့သည့် ၎င်းကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ ၁၅ကြိမ်မြောက် ကွန်ဂရက်မတိုင် မှီ နောက်ဆုံးပြုလုပ်ခြင်းဖြစ်ပြီး အဖွဲ့ဝင် ၁၁ဦးအနက် ခရီးလွန်နေသူ ဒုဥက္ကဌ အပါအ၀င် ၈ဦး၏ သဘောထားများ ပါဝင်ခဲ့ရာ ထိုဆုံးဖြတ် ချက်များထဲတွင် ဖားအံ ဆက်ဆံရေးရုံး ဖွင့်လှစ်ခြင်းအပေါ် ကေအဲန်ယူ ဗဟိုဌာနချုပ်၏ သဘောထားကို အများသိအောင် ထုတ်ပြန်ကြေ ညာခြင်း၊ ကေအဲန်ယူ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ခြင်းများအပြင် ဖော်ပြပါခေါင်းဆောင်များကို ထုတ်ပယ်ခြင်း၊ ယာယီ အစားထိုးခြင်း စသည်တို့ဖြစ်သည်ဟု သိရသည်။
စက်တင်ဘာလ ၂၉ရက်နေ့က ဖားအံမြို့တွင် KNLA တပ်မဟာများ ဆက်ဆံရေးရုံးဖွင့်လှစ်ပြီးနောက် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် ပဒိုဒေး ဗစ်ထောတို့မှာ ရန်ကုန်ရှိ Peace Center သို့ သွားရောက်ခဲ့ပြီး စစ်ဦးစီးချုပ်အနေဖြင့် ထိုင်း-မြန်မာနယ်စပ်သို့ ပြန်လည်ရောက်ရှိလာပါက ခေါင်းဆောင်များအကြားရှိ ပြဿနာများကို ညှိနှိုင်းပြောဆို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းနှင့်တွေ့ဆုံခဲ့သည့် ရန်ကုန်မြို့ရှိ ကရင် အမျိုးသမီးတစ်ဦးက ပြောသည်။
ကရင်ပြည်နယ်အခြေစိုက် တပ်မ(၇၇)မှ စစ်ဖက်ဆိုင်ရာ အရာရှိများကလည်း ကေအဲန်ယူခေါင်းဆောင်အတွင်း ဖြစ်ပွားနေသည့် ကိစ္စများ နှင့် ပတ်သက်၍ စုံစမ်းမှုများ လုပ်ဆောင်နေသလို ရန်ကုန်အခြေစိုက် ကရင်ပြည်သူ့ပါတီ(Karen People Party-KPP)မှလည်း ၎င်းတို့၏ သဘောထားကို ယမန်နေ့(စက်တင်ဘာ ၄ရက်)က ကေအဲန်ယူထံ အသိပေးစာ ပို့ခဲ့သည်။
KPP ပေးစာတွင် “လက်ရှိအချိန်ဟာ ကျွန်ုပ်တို့ ကရင်အမျိုးသားများ စည်းလုံးညီညွှတ်ရေးအတွက် အရေးကြီးတဲ့အချိန်ဖြစ်တယ်။ ယခင် ဘိုးဘွားများ၏ စကားပုံတခုအရ “ပဟူးပဖို၊ ပဖိုပဖို့” စည်းလုံးမှ ညီညွှတ်မှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ စိတ်ဝမ်းကွဲပြီး “ချုံတချုံ သမင်တစ် ကောင်”လိုမျိုး နေမယ်ဆိုရင် ပျက်စီးတဲ့ဘက်ကို ရောက်မှာသေချာတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးရရှိဖို့ ဝိုင်းဝန်းကြိုးပမ်းနေစဉ်အတွင်း ကျွန်ုပ်တို့ ကရင်အမျိုးသားအားလုံး ချစ်ခြင်းမေတ္တာ၊ စည်းလုံးညီညွှတ်မှုနှင့် စိတ်တူကိုယ်တူဖြစ်ရေးအပေါ် အခြေခံပြီး ငြိမ်းချမ်းရေး ပေါ် ထွန်းလာစေရန်အတွက် ဝိုင်းဝန်းပြီး နည်းလမ်းရှာဖွေကြဖို့ KPP နဲ့ ရန်ကုန်မြို့ရှိ ကရင်အမျိုးသားများက မျှော်လင့်ကြောင်း” ပါရှိသည်။
လက်ရှိ ကေအဲန်ယူ ခေါင်းဆောင်များ၏ အခြေအနေနှင့် ပတ်သက်၍ တပ်မဟာ၊ ခရိုင်၊ မြို့နယ်အဆင့်ရှိ ခေါင်းဆောင်အချို့က ယင်းသို့ ထုတ်ပယ်သည့် ဆုံးဖြတ်ချက်မှာ မူအရဖြစ်သော်လည်း ပြင်းထန်လွန်းကြောင်းနှင့် မျက်နှာချင်းဆိုင် ညှိနှိုင်းပြောဆိုမှုကို အချိန်အနည်းငယ် ယူကာ လုပ်ဆောင်ရင်း ဖြေရှင်းသင့်ကြောင်း ပြောဆိုမှုများ ရှိသည်။
ကွန်ဂရက်(ညီလာခံ)ကို လေးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည့် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)သည် ယခုလ ဒုတိယပတ်တွင် လေးနှစ်တာ အမြဲတမ်း ဗဟိုကော်မတီ အစည်းအဝေးကို ပြုလုပ်သွားမည်ဖြစ်ပြီး ထိုမှတဆင့် ၁၅ကြိမ်မြောက် ကွန်ဂရက်ကိုပါ တစ်ဆက် တည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကေအဲန်ယူသည် ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ ၁၁ရက်မှ ၁၅ရက်နေ့အထိတစ်ကြိမ်။ ဧပြီလ ၄ရက်မှ ၁၁ရက်နေ့အထိတစ်ကြိမ်၊ စက်တင်ဘာ လ ၃ရက်နှင့် ၄ရက်နေ့များတွင်တစ်ကြိမ် သုံးကြိမ်တိုင်တိုင် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်များနှင့် ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးကာ လက်မှတ်ရေးထိုး သဘောတူညီချက်များထဲတွင် နှစ်ဖက် အပြန်အ လှန် ဆက်သွယ်နိုင်ရန်အတွက် ကေအဲန်ယူအနေဖြင့် ဆက်ဆံရေးရုံးများ ဖွင့်လှစ်သွားမည်ဟူ၍လည်း ပါရှိသည်။
အလားတူ စက်တင်ဘာလ ၂၇ရက်နေ့က ထုတ်ပြန်သည့် ကေအဲန်ယူ ဗဟိုဌာနချုပ်၏ ကြေညာချက်အဆုံးတွင် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းပြီး စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် ခိုင်မာစွာ ဆုံးဖြတ်ထားသည့်အတွက် တွေ့ဆုံဆွေးနွေးရေး အစီအစဉ်များ ကို တဆင့်ပြီးတဆင့် လုပ်ဆောင်သွားရန် ချမှတ်ထားပြီးဖြစ်သည်ဟု ဖော်ပြထားသည်။

  မဲ့ခြောက် တင်းတိပ် ရှိနေသူများအတွက်

ဖရဲသီး အောက်ခံအဖြူအသားကို ဓား(သို) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ်မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိတဲ့နေရာပေါ်မှာ တင်ပေးပါ။ ဒီနည်းကို မလုပ်ခင် မျက်နှာကို သန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက် ရပါမယ်။ မျက်နှာ သန့်စင်ပြီးတာနဲ့ ဖရဲသီး အောက်ခံ အဖြူသာကို ပါးပါးလှီးပြီး မျက်နှာပေါ်တင်ပေးပြီး နာရီ တော်တော်ကြာ အောင် တင်ထားပေးရပါမယ်။ 

အိပ်ယာဝင်မယ့် အချိန်မှာလည်း လုပ်လို့ ရပါတယ်။ မဲ့ခြောက်၊ တင်းတိပ် ရှိနေသူတွေ အတွက် အဆင်ပြေ မယ့် နည်းလမ်း ကောင်းလေးပါ။ ဖရဲသီးမှာပါတဲ့ ရေဓာတ်က မဲ့ခြောက်၊ တင်းတိပ်တို့ကို  ပျောက်ကင်း
အောင် ပြုလုပ်ပေးနိုင်တဲ့ ဓာတုဆေးဝါးတွေမပါတဲ့ နည်းလမ်းကောင်းလေးတစ်ခုပါ။



ဒီ နည်းကို မလုပ်ချင်သူတွေအတွက်ကတော့ ဖရဲသီးစားတဲ့ အခါတိုင်း အောက်ခံ အဖြူသားထိ စားနိုင်ပါ တယ်။ ဖရဲသီး ကို စားခြင်းဖြင့် ကျန်းမာရေး အတွက်ပါ ကောင်းမွန်ပြီး ကျောက်ကပ်၊ ဆီး၊ အသဲ၊ အဆုတ် စတဲ့ ရောဂါရှိသူတွေ အတွက် လည်း ကောင်းမွန်တဲ့ နည်းလမ်းကောင်းလေးပါဘဲ။ အားလုံး ဖရဲသီးစားတိုင်း
အောက်ခံ အဖြူသားပါအောင် စားလိုက်ကြရအောင်နော်။ 

မျက်မှာပေါ်က အမဲစက်   ပျောက်နည်း

မျက်နှာပေါ်မှာ အမည်း စက် ရှိလို စိတ်ညစ်နေတဲ့ ပျိုရွယ်သူတွေအတွက် နည်းလမ်း ကောင်းလေး တစ်ခု ကို ထပ်ပေးပါမယ်။ 

တချို့ ၀က်ခြံရှိတဲ့ ပျိုရွယ်သူတွေမှာ ဖြစ်တတ်တာက ၀က်ခြံကို မမှည့်ခင် ညစ်ထုတ်တဲ့သူတွေရှိပါတယ်။ အဲဒီလို လုပ်တာ ကြောင့် မျက်နှာပေါ်တွင် အမာရွတ်(သို) အမည်းစက်များ ကျန်ရှိတတ်ကြပါတယ်။ ထိုသို့ အမည်းစက်များရှိနေတာကို ဒီ က နေ့ ခေတ်မှာတော့ ခေတ်မီဆေးဝါးတွေ ပေါလာသော်လည်းဘဲ သဘာဝ ဆေးနည်ကောင်းလေး တစ်ခုရှိပါတယ်။




သိတာလေးတွေကို ဖော်ပြပေးလိုက်ပါမယ်။ စာဖတ်ပရိတ်သတ်တွေ အတွက်အဆင်ပြေမယ့် နည်းလမ်း  
ကောင်း လေးမို့ပါ။ လုပ်ကြည့်နိုင်ပါတယ်နော်။ 
လုပ်နည်းလေးကတော့ လွယ်ကူတဲ့ နည်းလမ်းပါ။ အိမ်ရှင်မများ ဟင်းချို ချက်တဲ့ အခါမှာ ထည့်ခတ်တဲ့ ငရုတ်ကောင်းမှုန့် လေး အနည်းငယ်နဲ့ ဒိန်ချည် ကို ရောသမပြီး အမည်း စက်ရှိတဲ့ မျက်နှာပြင်ကို လိမ်းပေး ပါ။ 




နာရီဝက်(သို့) ၄၅ မိနစ်ခန့် ကြာ အောင် ထားပေးပြီး မျက်နှာကို သန့်စင်အောင် သစ်ပေးလိုက်ပါ။ ဒီလို နည်း အတိုင်း နေ့စဉ် လုပ်ပေးပါက တစ်ပတ်အတွင်း သိသာသိသာ ပျောက်ကင်းနိုင်တဲ့သဘာဝ  
ဆေးနည်းကောင်း လေးပါ။ 

ပိုက်ဆံမကုန်မယ့် နည်းလမ်းလေးပါ။ မျက်နှာမှာရှိတဲ့ အမည်းစက်တွေကို   ဈေးကြီးပေးပြီး ကုသစရာမလို တဲ့ နည်းလမ်း ကောင်းလေးမို့ ပြန်လည် မျှဝေပေးလိုက်တာပါ။ 

Thursday, October 4, 2012

အရေးကြီးတယ်ဖတ်ဖြစ်အောင်ဖတ်ပါ

လူငယ်များရဲ့ စကားလက်ဆောင်

နော်မဏိစန္ဒာ ၂၅နှစ်
ဝါသနာ လူမှုရေးနဲ့ ကယ်ဆယ်ရေး
ပညာ ဆယ်တန်းအောင်
ကျမက ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ထီးသဒေါ့ထာ့(ပုဇွန်မြောင်း)ရွာဇာတိပါ။ မိဘတွေက လယ်သမားတွေပါပဲ။ တိုးတက် သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA ရဲ့ မောင်းထုတ်မှုကြောင့် ၂၀၀၄ခုနှစ်မှာ ကျမတို့ မိသားစုအားလုံး ရွာက နေထွက်ပြီး ထိုင်း-မြန်မာနယ်စပ် မယ်ရာမိုဒုက္ခသည်စခန်းမှာ တက်လာကြပါတယ်။ ဒုက္ခသည်မှာ လာအခြေချတော့ ရွာမှာရှိတဲ့ လယ်ယာ၊ ခြံမြေတွေ အားလုံးကိုလည်း DKBA က သိမ်းသွားခဲ့ပါတယ်။
ကရင်ပြည်နယ်ထဲမှာ ၈တန်းအထိ ကျောင်းနေပါတယ်။ DKBA မောင်းထုတ်ခံရပြီးနောက် မယ်ရာမိုဒုက္ခသည်စခန်းမှာ ကျမ ၉တန်းကနေ ကျောင်းဆက်တက်တာ ၁၀တန်းအောင်တဲ့အထိပါပဲ။ ၂၀၀၇ခုနှစ်မှာ ၁၀အောင်တာပေါ့နော်။ ၁၀တန်းအောင်တဲ့ နောက်မှာ တတိယနိုင်ငံအခြေချတဲ့ အစီအစဉ်ရှိတဲ့အတွက် ၁၀တန်းလွန်ကျောင်းတွေကို မတက်ဖြစ်တော့ပါဘူး။ မယ်ရာမိုစခန်း မှာ ကျောင်းတက်တဲ့အချိန် ကျမဘ၀ ပိုပြီးလုံခြုံတယ်လို့ ခံစားရပါတယ်။ ပညာကိုလည်း လွတ်လွတ်လပ်လပ် သင်ယူခွင့်ရခဲ့ တယ်။ ရွာမှာနေတုန်းက မိဘက စိုက်ပျိုးရေးလုပ်တော့ ၀မ်းစာအတွက် မပူပန်ရပေမယ့် DKBA ရန်ကို စိုးရိမ်ပူပန်နေရတယ်။
၂၀၀၈ခုနှစ်မှာ ကျမတို့ မိသားစုတွေအားလုံး တတိယနိုင်ငံ အခြေချနေထိုင်ဖို့ ကနေဒါနိုင်ငံကို လျှောက်ပါတယ်။ ၂၀၀၉ခုနှစ်မှာ ကျမတို့ ကနေဒါနိုင်ငံကို လာရောက်နေထိုင်ခွင့်ရခဲ့တယ်။ အခု ကျမ ကနေဒါနိုင်ငံမှာ နေပါတယ်။ ရောက်ခါစတုန်းက အခြေခံ အင်္ဂလိပ်စာသင်တန်း တနှစ်တက်တယ်။ နောက် ကလေးနဲ့ လူကြီးတွေကို ပြုစုစောင့်ရှောက်တဲ့ daycare coach သင်တန်း တနှစ်တက်တယ်။ အခု ကျမ ကနေဒါ မိသားစုတစ်ခုရဲ့ အိမ်မှာ သက်ကြီးရွယ်အို အမျိုးသမီးကြီးတစ်ယောက်ကို ကြည့်ပေးတဲ့ အလုပ်လုပ်နေပါတယ်။ ဒီကနေဒါမှာ အလုပ်လုပ်ရတာက မပင်ပမ်းဘူးဆိုတော့ အဆင်ပြေတယ်။ ကိုယ်ရတဲ့ ၀င်ငွေနဲ့ သုံးရတဲ့ ၀င်ငွေက ကိုက်ညီမှုရှိတယ်လေ။
ရှေ့ရေးမှာ ကျမက ကနေဒါနိုင်ငံသားပဲ ခံယူသွားဖို့ ရှိပါတယ်။ ပြန်တော့ လည်မယ်။ နောက် ဒီမှာ အလုပ်လုပ်ပြီး ကိုယ့်နိုင်ငံမှာ ဒုက္ခရောက်တဲ့ ကရင်တွေကို ပြန်ကူညီတဲ့စိတ်ရှိပါတယ်။ အထူးသဖြင့် ပညာရေးဘက်မှာပါ။ ဥပမာ-ကျောင်းတက်ပြီး ဘော်ဒါ ဆောင်မှာ နေရတဲ့ ကလေးတွေကို ကူညီချင်တယ်။ ကူညီသွားဖို့လည်း ရှိတယ်။ အခုခေတ် ပြည်တွင်း၊ နယ်စပ်နဲ့ ပြည်ပမှာ ကရင်လူငယ်အားလုံးကို ကျမပြောချင်တာက သူများနောက်မှာ မကျန်ခဲ့ဖို့ ပညာကို ကြိုးစားသင်ယူကြပါလို့ ပြောချင်ပါတယ်။

ဆိုးသွမ်းပရိသတ်ကြောင့် ဆူဇူကီးဖလား ပြိုင်ပွဲတွင် လုံခြုံရေး ပိုမိုတင်းကြပ်မည်


အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။      ။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော AFC U-22 ချန်ပီယံရှစ် ဘောလုံးပွဲတွင် ပရိသတ်အချို့၏ ဆိုးသွမ်းသည့် အားပေးမှုကြောင့် ဒဏ်ငွေဆောင်ခဲ့ရသော မြန်မာ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် လာမည့် ဆူဇူကီးဖလားပြိုင်ပွဲတွင် လုံခြုံရေးများ ပို၍ တင်းကြပ်သွားမည် ဟုဆိုသည်။

ဇွန်လ ၂၃ ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့အထိ ကျင်းပခဲ့သော U-22 ပွဲစဉ်များတွင် မီးရှူးမီးပန်းများ ထွန်းညှိအားပေး သည့် ပရိသတ်များနှင့် ကြုံတွေ့ခဲ့ရပြီး ဒေါ်လာ ၂၈,ဝဝဝ ဒဏ်ရိုက်ခံခဲ့ရသည်။

လာမည့် ဆူဇူကီးဖလားပြိုင်ပွဲတွင် မီးရှူးမီးပန်းများကို ကွင်းအတွင်း ယူဆောင်လာခြင်း မရှိစေရန် အဓိက စစ်ဆေး သွားမည်ဖြစ်ပြီး ရဲလုံခြုံရေးအင်အားကို U-22 ပွဲစဉ်ကထက် ပိုမိုချထားရန် ဘောလုံးအဖွဲ့ချုပ်က စီစဉ်နေသည်။

“U-22 ပွဲစဉ်တုန်းက လုံခြုံရေးယူတဲ့ ရဲအရာရှိတွေကတော့ အမျိုးသမီးတွေ၊ ကားတွေမှာ မီးရှူးမီးပန်းတွေ ပါလာတယ် လို့ ပြောကြပြီး လာမယ့် ဆူဇူကီးဖလား ခြေစစ်ပွဲမှာ အမျိုးသမီးတွေရော ကားတွေကိုပါ သေသေချာချာ စစ်ဆေးမှာ
ဖြစ်ပါတယ်။ ရဲအင်အား ဘယ်လောက်သုံးမယ်ဆိုတာ အတိအကျ ပြောလို့မရ ပေမယ့် U-22 ပွဲစဉ်တုန်းက သုံးခဲ့တဲ့ ရဲအင်အား ၁,၄၀၀ ထက်တော့ ပိုမှာ သေချာပါတယ်” ဟု ဘောလုံးအဖွဲ့ချုပ်၊ လုံခြုံရေးဌာနမှ ဒါရိုက်တာ ဦးအေးချို က မဇ္ဈိမကို ပြောသည်။
suzukicup2012“ပညာပေး ဆိုင်းဘုတ်တွေ စိုက်ထူပြီး ပရိသတ်တွေကို အသိပေးသွားမှာပါ။ ပရိသတ်အများကြီးထဲက အနည်းငယ် ကပဲ အဲဒီလိုလုပ်နေကြတာဆိုတော့ အဲဒီလူအနည်းငယ်ကပဲ ပြုပြင်စေချင်တယ်” ဟု ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးက ဆိုသည်။

ဆူဇူကီးဖလား ခြေစစ်ပွဲကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ အောက်တိုဘာလ ၅ ရက်နေ့မှ စတင် ကျင်းပသွားမည်ဖြစ်ပြီး ပရိသတ်များ အဝင်အထွက် လွယ်ကူစေရန် ကွင်းဝင်ပေါက်များကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။

သုဝဏ္ဏကွင်းတွင် ဂိတ်ပေါက်ကြီး ရှစ်ပေါက် ရှိပြီး ဂိတ်ပေါက် ၁ နှင့် ၃ မှ လွဲ၍ ကျန်သည့် ဂိတ်ပေါက်အားလုံးကို ဖွင့်ထားပေးမည်ဖြစ်ကြောင်း ကွင်းရုံတာဝန်ခံ ဦးဇော်လင်း က မဇ္ဈိမကို ပြောသည်။

“ဂိတ် ၂ တခုတည်းမှာတင် ဝင်ပေါက် ၁၆ ခု ရှိတယ်။ MNL ပွဲတွေတုန်းက ၄ ပေါက်ပဲ ဖွင့်ပေးခဲ့ပေမယ့် ဆူဇူကီးပွဲမှာ
တော့ ၁၆ ပေါက်လုံး ဖွင့်မယ်။ အားလုံးပေါင်း ဝင်ပေါက် ၃၂ ခုလောက် အသုံးပြုသွားမှာ ဖြစ်ပြီး ဝင်ပေါက်တခုကနေ တမိနစ်ကို လူ ငါးယောက်လောက် ဝင်လို့ရတယ်” ဟု ဆိုသည်။

လက်ရှိတွင် ဂိတ် ၄ ကို VIP ဝင်ပေါက်အဖြစ် အသုံးပြုလျက်ရှိပြီး ဂိတ် ၅ ကိုမူ မီဒီယာများနှင့် လုံခြုံရေး တာဝန်ရှိ သူများဝင်ရန် သတ်မှတ်ထားသည်။




ကားဟောင်းများ အပ်ရသည့် သံမဏိစက်ရုံ၏ အကျင့်ပျက်ချစားမှုအကြောင်း



ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ MEC မှ စီမံခန့်ခွဲလျက်ရှိသော ကားဟောင်းများ အပ်ရသည့် သံမဏိစက်ရုံ၏ အကျင့်ပျက်ချစားမှုအကြောင်း

ကျွန်တော်သည် ကားဟောင်းပိုင်ရှင်တစ်ဦးဖြစ်ပါတယ်။ အစိုးရက အခွန်မူဝါဒ ပြင်ဆင်ပြောင်းလဲ သတ်မှတ်ပြီး အခွန်လျော့ချကောက်ခံသည့်အတွက် used car အစားထိုးတင်သွင်းရန် ကျွန်တော့်ကားကို ၅.၇.၂၀၁၂ ရက်နေ့တွင် သွားအပ်ရန် အင်းစိန်ရွာမရှိ သံမဏိစက်ရုံသို့ သွားခဲ့ပါတယ်။ သံမဏိစက်ရုံသို့ရောက်သောအခါ
ကားလာအပ်လာသူများစွာကို တွေ့ရပါတယ်။ လာအပ်တဲ့ လူတွေထဲမှာ ကိုယ်တိုင်ကားလာအပ်သူက (၁၀) ယောက်တွင် (၂) ယောက်သာရှိပြီး (၈) ယောက်မှာ ပွဲစားများသာ ဖြစ်ပါတယ်။ ပွဲစားတွေက ကားအပ်ရန် လေး/ငါးသောင်း ယူပါတယ်။ ၄င်းသံမဏိစက်ရုံတွင် ၀န်ထမ်းများနှင့် ပွဲစားများပေါင်းစားနေသည်ကို တွေ့ခဲ့ရပါတယ်။ ပြည်သူ့ဝန်ထမ်းတွေထဲမှာ အကျင့်ဖျက်ချစားမှုမျိုးတွေ လုံးဝမရှိသင့်တော့ပါ။ ပြည်သူ့ဝန်ထမ်းတွေက မိမိတို့ရဲ့ဝန်ထမ်းကျင့်ဝတ်ကို စောင့်ထိန်းသင့်ပါတယ်။ အကျင့်ပျက်ချစားနေသူများထဲတွင် စက်ရုံလုံခြုံရေးဝန်ထမ်းအချို့အပြင် MEC မှ စစ်သားများ၊ စစ်သားများကို စီမံနေသော ဗိုလ်ကြီးရဲနိုင် ဆိုသူမှာလည်း ပါဝင်နေပါတယ်။ သံမဏိစက်ရုံဂိတ်က လုံခြုံရေးဝန်ထမ်းကို နှစ်သောင်းပေးလျင် တန်းစီစရာမလိုဘဲ တန်းဝင်နိုင်ပါတယ်။ ၄င်း အဖြစ်အပျက်များကို ဗိုလ်ကြီးရဲနိုင်ဆိုသူမှာ သိပါလျက် ခွင့်ပြုထားပါသည်။ ဘာကြောင့်ခွင့်ပြုထားသည်ကို စဉ်းစားကြည့်လျင် သူကိုယ်တိုင် အကျင့်ပျက်ချစားမှု တွင် ပါဝင်ပတ်သက်နေသည်ကို သိနိုင်ပါသည်။ ကျွန်တော် သံမဏိစက်ရုံသို့ ရောက်သောအခါ တန်းစီထားသော ကားတွေရဲ့မှန်ပေါ်တွင် အမှတ်စဉ်နံပါတ်များကို မနက်စောစော၌ တစ်ကြိမ် လိုက်ရေးပါတယ်။ နောက်တစ်ကြိမ်ကို ထမင်းစားပြီးအချိန်မှဘဲ လိုက်မှတ်ပါတယ်။ တကယ်ဆို ကားတစ်စီးတိုးတိုင် နံပါတ်စဉ်ကို စောင့်၍လိုက်ရေးသင့်ပါတယ်။ အဲ့ဒိလို နံပါတ်မမှတ်ထားတဲ့ ကားတွေက ကျော်တက်လာပြီး ဂိတ်နားရောက်လာတဲ့အခါကျတော့ ငါ့ကားကရှေ့က၊သူ့ကားက ရှေ့ကဆိုပြီး အငြင်းပွားမှုတွေ ဖြစ်စေပါတယ်။ ကျွန်တော်စုံစမ်းကြည့်လိုက်တော့ ကားတိုင်းကို နံပါတ်အချိန်ပြည့် လိုက်မမှတ်နိုင်ခြင်းမှာ စက်ရုံဝန်ထမ်း (၇) ယောက်ခန့်သာရှိတယ် ဆိုပြီး အကြောင်းပြပါတယ်။ MEC တွင် ကားဟောင်းအပ်နှံမှုနှင့်ပတ်သက်၍ အဓိကစီမံနေသူ ဗိုလ်ကြီးရဲနိုင် အပါအ၀င် အခြားအရာရှိတို့မှာ အောက်တွင်ဖြစ်ပျက်နေသော ၀န်ထမ်းမလုံလောက်မှု ကို အထက်သို့ မတင်ပြပါ။ လူနည်းတော့ ပိုလုပ်စားလို့ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် သံမဏိစက်ရုံဝင်းအတွင်းသို့ ရောက်သွားသောအခါ စာရင်းသွင်းသူက တစ်ထောင်၊ ခဲခြစ်သူက စာရွက်ဖိုးတစ်ထောင် (ခဲခြစ်သောစာရွက်မှာ ကား chassis အရွယ်သာရှိသည်)၊ စားပွဲတစ်ခုက တစ်ထောင်၊ နောက်စားပွဲတစ်ခုက လဘ္ဘရည်ဖိုး တစ်ထောင်၊ မိတ္တူဖိုး တစ်ထောင် စုစုပေါင်း (၅၀၀၀) ကုန်ပါတယ်။ စားပွဲတစ်ခုတွင် အရုပ်ဆိုးသော မြင်ကွင်းတစ်ခုမှာ စစ်ဦးထုပ်ထဲတွင် ပိုက်ဆံများထည့်ထားခြင်း ဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်နေသော ရဲဘော်များမှာ မည်သူနှင့် တူသွားပါသနည်း။ ဌာနအတွင်း ဒီလိုအကျင့်ပျက်ချစားမှုမျိုးရှိနေသည်ကို ပြည်သူတစ်ဦးအနေနဲ့ မလိုလားပါ။ Good Governance, Clean Government ဆိုတဲ့ စကားနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အလို့ငှာ အခုလိုဌာနအတွင်း အကျင့်ပျက်ချစားမှုမျိုးတွေ မရှိသင့်ကြောင်း နိုင်ငံတိုးတက်မှုကို လိုလားသော ပြည်သူတစ်ဦးအနေဖြင့် ရေးသားဖြန့်ဝေခြင်းဖြစ်ပါတယ်။ လွှတ်တော်၌လည်း အကျင့်ပျက်ချစားမှု ပပျောက်ရေး ဥပဒေမူကြမ်းအား ရေးဆွဲပြီးဖြစ်ပါတယ်။

ဦးသိန်းညွန့်အလိမ်ခံရခြင်း



အလိမ်ခံရမှာပေါ့။ စသွားကတည်းက ကိုယ့်ဖာသာကိုယ်မသွားဘဲ ကြံ့ဖွတ်တွေနဲ့ရောသွားတာကိုး။ ကြံ့ဖွတ်တွေက တရားရုံးတွေကို မလာခင်ထဲက ကြိုညှိထားပြီးသား။ အားလုံးရှင်းထားဖို့။ အလိမ်ခံရတာတောင်နည်းသေး။
 kyawkhine toe

No comments:

မြန်မာ့ မိတ်ဆွေ ၂ နိုင်ငံ ထပ်တိုး


ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံတက်ဖို့ သွားခဲ့တဲ့သမ္မတ ဦးသိန်းစိန်၏  အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွင်းမှာ မိတ်ဆွေ ၂ နိုင်ငံ တိုးလာခဲ့ပြီး  

မိတ်ဆွေသစ် ၂ နိုင်ငံကတော့ အက်စတိုးနီးယား သမ္မတ နိုင်ငံနဲ့ လက်ဗီးယား သမ္မတ နိုင်ငံတို့ ဖြစ်တယ်လို့ သံတမန် ဆက်ဆံရေး စတင်မှာ ဖြစ်တယ်လို့ ဒီကနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေအဆိုအရ သိရပါ တယ်။  

သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ နယူးယောက်မြို့မှာ ရောက်ရှိနေခိုက် သက်ဆိုင် နိုင်ငံ များရဲ့ နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးတို့ဟာ သံအမတ်အဆင့် နဲ့ နိုင်ငံချင်း သံတမန် ဆက်ဆံရေး စတင်ဖို့ သဘောတူခဲ့တာပါ။ 

အမေရိကန် သွားခဲ့တာ အမေရိကန်နဲ့ ပုံမှန် ဆက်ဆံရေး ကောင်းအောင် လုပ်လာနိုင်ရုံမက မိတ်ဆွေတွေ တိုးအောင်လည်း လုပ်လာတယ်လို့ ဆိုနိုင်ပါတယ်။   

ပြည်တွင်းတက္ကသိုလ်တက်ရောက် နိုင်ရန် ရွှေ့ပြောင်း ကျောင်းသားများ စခန်းသွင်းလေ့ကျင့်နေ

မြန်မာပြည် ရွှေ့ပြောင်းကျောင်းသူကျောင်းသားများအား ကရင်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ စာစစ်ဌာနများ တွင် တက္ကသိုလ် ၀င်တန်း ၀င်ရောက်ဖြေဆိုနိုင်ရန် ယမန်နေ့(အောက်တိုဘာလ ၂ရက်)က စတင်ပြီး စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ် ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းပညာရေး ထောက်ပံ့မှုဖောင်ဒေးရှင်းနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေး ကော်မတီ-BMWEC တို့ ပူးပေါင်းပြီး စက်တင်ဘာလ ၂၅ရက်နေ့က ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းထံ သွားရောက်ဆွေးနွေးခဲ့ရာ ရွှေ့ပြောင်းမြန် မာကျောင်းသားများ၏ ပညာရေးနှင့်ပတ်သက်၍ သဘောတူညီမှု များရရှိခဲ့သည့်အပေါ် ယခုလို စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ် ရခြင်းဖြစ်ကြောင်း BMWEC ဥက္ကဌ နော်ဖောရေက ပြောသည်။

“ဒီနယ်စပ်တလျှောက်မှာရှိတဲ့ ရွှေ့ပြောင်းမြန်မာကျောင်းတွေမှာ မြန်မာပြည် သင်ရိုးညွှန်းတမ်းအတိုင်း သင်တဲ့ကျောင်းက နည်း တယ်လေ။ အဲဒီတော့ ဒီက ကျောင်းသူကျောင်းသားတွေ ကရင်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ စာစစ်ဌာနများမှာ တက္ကသိုလ် ၀င်တန်းစာမေးပွဲကို အခက်အခဲမရှိ ဖြေဆိုနိုင်အောင် အခုလို စခန်းသွင်းလေ့ကျင့်မှုတွေ ပြုလုပ်ပေးနေတာပါ” ဟု နော်ဖောရေက ပြောသည်။

ယင်းသို့ ဆွေးနွေးရာတွင် ရွှေ့ပြောင်းမြန်မာကျောင်းသားများ၏ ပညာရေးအဆင့်အတန်းအလိုက် ကရင်ပြည်နယ်အတွင်းရှိ ကျောင်းများတွင် ပညာသင်ခွင့်ရရှိရေးနှင့် ရွှေ့ပြောင်းကျောင်းများမှ အထက်တန်း အဆင့် ကျောင်းသူကျောင်းသားများအနေဖြင့် ပြည်နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ၀င်ရောက်ဖြေ ဆိုနိုင်ရန် ရည်ရွယ်၍ ဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်သည်။

ရွှေ့ပြောင်းမြန်မာကျောင်းသူကျောင်းသားများအနေဖြင့် အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရန် ပြည်နယ်အစိုးရမှ သဘော တူခွင့်ပြုချက်ရရှိထားသကဲ့သို့ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် သက်ဆိုင်ရာအစိုး ရအဖွဲ့များနှင့် ပညာရေးဝန်ကြီးဌာနများသို့ တင်ပြထားပြီးဖြစ်ကြောင်း ကရင်ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ရုံးမှ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ရွှေ့ပြောင်းကျောင်းသူကျောင်းသားများရဲ့ ပညာရေးသာမက ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဦးဆောင်မှု၊ လမ်းညွှန်မှုတို့နဲ့အညီ ပြည်တွင်းသို့ ပြန်လည် အခြေချနေထိုင်မည့်သူများအတွက် ကျန်းမာရေး၊ ပြန်လည်နေရာ ချ ထားရေး စတဲ့ ကဏ္ဍအသီးသီးမှာ လည်း အတတ်နိုင်ဆုံး ဆောင်ရွက်နိုင်အောင် အစီအစဉ်များ စတင် ရေးဆွဲနေပါပြီ” ဟု ဆိုသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရာ၌ ရွှေ့ပြောင်းကျောင်းသူကျောင်းသားများအနေဖြင့် အပြင်ဖြေအဖြစ်သာ ဖြေဆိုရမည် ဖြစ်ပြီး ၎င်းတို့ကို သတ်မှတ်ထားသည့် အရည်အချင်းများနှင့်အညီ စိစစ်ရွေးချယ်သွားလျှက်ရှိရာ လက်ရှိအချိန်တွင် အရည်အချင်း စစ်ဆေးအောင်မြင်ပြီးထားသည့် ကျောင်းသူကျောင်းသား ၇၀ ဦးကို ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာပညာရေးဌာနများသို့ စာရင်းပေးသွင်းထားပြီး ဖြစ်သည်။

ထို့အပြင် တက္ကသိုလ်ဝင်တန်းစားမေးပွဲကို ဖြေဆိုအောင်မြင်သော ကျောင်းသူကျောင်းသားများအနေဖြင့် နိုင်ငံတော်မှ သတ်မှတ် ထားသည့်အတိုင်း သက်ဆိုင်ရာ ပြည်တွင်းရှိ တက္ကသိုလ် အသီးသီးသို့ ၀င်ရောက် ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

ပြည်နယ်အတွင်းရှိ စာစစ်ဌာန အသီးသီးတွင် ဖြေဆိုမည့် ကျောင်းသူကျောင်းသားများကို BMWEC အနေဖြင့် ထောက်ခံချက် ပေးရမည်ဖြစ်ပြီး မှတ်ပုံတင်မရှိသူများအနေဖြင့် ယာယီမှတ်ပုံတင်ကတ်နှင့် လိုအပ်သော သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာ အုပ်များကို ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကူညီပံ့ပိုးပေးသွားမည်ဟု သိရသည်။

ဆက်လက်၍ ရွှေ့ပြောင်းကျောင်းများနည်းတူ ပြည်တွင်းနယ်စပ် IDP နေရာများနှင့် နယ်စပ်တစ်လျှောက်ရှိ ကျောင်းများတွင် ပညာရေးဆိုင်ရာဆောင်ရွက်မှုများကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ မြန်မာရွှေ့ပြောင်းပညာရေး ဖောင်ဒေးရှင်းနှင့်အတူ BMWEC တို့မှ ပူးပေါင်းလုပ်ဆောင်သွားမည်ဟုလည်း နော်ဖောရေက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ရွှေ့ပြောင်းကျောင်း ၇၄ ကျောင်းတွင် ကျောင်းသူကျောင်းသားပေါင်း ၇ သောင်းဝန်းကျင်ခန့် ရှိ ပြီး BMWEC သည် ၎င်းရွှေ့ပြောင်းကျောင်းဆရာ၊ ဆရာမများအား အရည်အချင်းမြှင့် တင်ပေးခြင်း၊ ကလေးသူငယ်များ ကာကွယ် စောင့်ရှောက်ခြင်း၊ ကျောင်းသူကျောင်းသားများအား သင်ထောက် ကူပစ္စည်းများ ကူညီလုပ်ဆောင်ပေးနေသည့် ပညာရေးကော်မ တီတစ်ခု ဖြစ်သည်။

Tuesday, October 2, 2012

KNU နှင့် KNLA မကွဲ၊ ခေါင်းဆောင်ပိုင်း ပြဿ နာများရှိဟု အထွေထွေ အတွင်းရေးမှူး ပြောကြား

ကရင်အမျိုးသားများအမျိုးမျိုးပြောနေတာ


Submitted by on Monday, 1 October 2012--
အောက်တိုဘာလ ၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)အကြား ကွဲနေပြီဆိုသည့် ကောလဟလများ မှန်ကန်မှုမရှိကြောင်းနှင့်လတ်တလောဖြစ်နေသည့် ပြဿ နာမှာ ခေါင်းဆောင်မှုအတွင်း သဘောထားကွဲ ပြားခြင်းသာ ဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ကေအိုင်စီ သို့ ပြောကြားလိုက်သည်။
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စက်တင်ဘာလ ၂၉ရက်နေ့က KNLA မှ ဆက်ဆံရေးရုံး ဖွင့်လှစ်သည့်ကိစ္စကို KNU ၏ သဘော ဆန္ဒမပါကြောင်း ရက်ပိုင်းအတွင်းက KNU က ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ပြီးနောက်ပိုင်း KNU အထွေထွေ အတွင်းရေးမှူး က ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
နော်စီဖိုးရာစိန်က “အခုကြားနေရသလိုမျိုး KNU နဲ့ KNLA သဘောထား ကွဲလွဲတယ်ဆိုတာမျိုး မဟုတ်ဘူးဆိုတာကိုပဲ ပြည်သူ လူထုသိအောင် ပြောချင်ပါတယ်။ အဓိကတော့ ခေါင်းဆောင်ပိုင်းက ပြဿနာဖြစ်တာမျိုးပါပဲ။ ဘာကြောင့်ပဲဖြစ်ဖြစ် ကျမတို့ ရှေ့ ဆက်လုပ်ရမယ့်လုပ်ငန်းတွေ၊ လုပ်စရာရှိတာတွေကိုတော့ ပုံမှန်အတိုင်းပဲ ဆက်ပြီး လုပ်ဆောင်သွားကြမှာပါ”ဟု ပြောသည်။
ဖားအံမြို့၌ ဆက်ဆံရေးရုံး သွားရောက်ဖွင့်လှစ်ရာတွင် ပါသွားခဲ့သူ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် – KNLA တပ် မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီကလည်း ယခုလို ပြောသည်။
၎င်းက “ခုချိန်မှာ အထက်အမိန့်အရ လိုက်လုပ်နေရတာပဲ။ နှစ်ဖက်စလုံးကြည့်ရင် ကျနော်တို့ ခေါင်းဆောင်တွေချည်းပါပဲ။ လက် ရှိအခြေအနေက ခေါင်းဆောင်တွေ ပြဿနာပဲမို့ သူတို့တွေ အချင်းချင်း မျက်နှာချင်းဆိုင် ကျေကျေလည်လည် ဆွေးနွေးညှိနှိုင်း သွားနိုင်ရင် အကောင်းဆုံးပေါ့။ ဒီအတွက် ကျနော်တို့လည်း တတ်နိုင်သလောက် ၀ိုင်းဝန်းလုပ်ဆောင်ရမှာပဲ”ဟု ကေအိုင်စီသို့ ပြောဆိုသည်။
“တကယ်တော့ ဖားအံ ဆက်ဆံရေးရုံးက (လခသ)ဗဟိုရုံးအနေနဲ့ မဟုတ်ပါဘူး။ KNLA တပ်မဟာများ ဆက်ဆံရေးရုံးအနေနဲ့ ဖွင့်တာပါ။ ရည်ရွယ်ချက်ကတော့ အပစ်အခတ်ရပ်စဲရေးကာလမှာ အောက်ခြေက မတော်တဆဖြစ်တာတွေကို ဖြေရှင်းဖို့၊ နား လည်မှု ယုံကြည်မှုတွေ တည်ဆောက်နိုင်ဖို့ပါပဲ။ ဒါတွေပြီးမှသာ နိုင်ငံရေးစကားပြောမဲ့ ခေါင်းဆောင်တွေက အေးအေးဆေးဆေး ဆွေးနွေးလို့ရမယ်။ အဲဒီအခါကျရင် တပ်တွေက ၀င်ပါဖို့ မလိုတော့ဘူးလေ”ဟု ဗိုလ်မှူးချုပ်ဂျော်နီက ပြောသည်။
မြန်မာအစိုးရနှင့် KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့်အချိန်မှစ၍ နှစ်ဖက် အပြန်အ လှန် ဆက်ဆံရေးရုံးများကို KNU အနေဖြင့် ဖွင့်လှစ်ခြင်းမျိုးသာ သဘောတူညီချက်ရှိခဲ့ပြီး သတ်မှတ်ချက်အရ KNU ခရိုင်အဆင့် မှ ဗဟိုအဆင့်ထိ တပ်ကိစ္စများအပြင် အုပ်ချုပ်ရေး၊ လူမှုရေးနှင့် အခြားကိစ္စများကိုပါ နှစ်ဖက် ဆွေးနွေးသွားရန်ဖြစ်ကြောင်း နော် စီဖိုးရာစိန်က ဆိုသည်။
ယင်းဖားအံမြို့ ဆက်ဆံရေးရုံးကို ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ပဒိုစောဒေးဗစ်ထောနှင့် ပဒိုစောရောဂျာခင်တို့ အပါအ၀င် ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောရွှေမောင်း၊ ဗိုလ်မှူးချုပ်ဆာမိစေးဖိုး၊ ဗိုလ်မှူးချုပ်ဂျော်နီတို့နှင့်အတူ အခြားအရပ်ဖက်၊ တပ်ဖက်ခေါင်းဆောင်များ သွားရောက်ဖွင့်လှစ်ခဲ့ကြရာ ၎င်းမှာ ဗဟိုဌာနချုပ်၏ စီစဉ်ဆောင်ရွက်မှု မဟုတ်ဟု စက်တင်ဘာလ ၂၇ရက်နေ့က KNU မှ ထုတ်ပြန်ကြေညာခဲ့သည်။
လက်ရှိအချိန်တွင် တပ်မဟာမှူးများနှင့် ခရိုင်ခေါင်းဆောင်အချို့သာ နယ်စပ်သို့ပြန်လည်ရောက်ရှိလာပြီး ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး တို့မှာ ရန်ကုန်သို့ ရောက်ရှိနေသည်ဟု ပြည်တွင်းသတင်းထောက်များ၏ ပြောပြချက်အရ သိရသည်။ ၎င်းတို့ ပြန်လည်ရောက်ရှိ လာပါက ဆွေးနွေးတိုင်ပင်မှုများကို ဆက်လက် ပြုလုပ်သွားမည်ဟုလည်း KNU အထွေထွေ အတွင်းရေးမှူးက ပြောသည်။
လက်နက်ကိုင်တော်လှန်ရေးသက်တမ်း ၆၃နှစ်ကျော်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)သည် ၎င်းတို့၏ ၁၅ကြိမ် မြောက် ညီလာခံကို ယခု အောက်တိုဘာလအတွင်း ကျင်းပသွားရန် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။