Tuesday, August 4, 2009

ရိုသေကိုင်းရှိုင်းရာ ဘာသာတရားကို ထိပါးစော်ကားသော လုပ်ရပ်မျိုးကို လုပ်ဆောင်ခြင်းအား မည်သည့်အကြောင်းပြချက်နှင့်မျှ လက်မခံပါ။


စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေး နှစ်ပါတ်လည်နီးလာချိန်နဲ့  လက်ရှိနိုင်ငံရေးအခြေအနေတွေအရ အရေးကြီးနေချိန်တွင် နအဖမှ သံဃာတော်တွေရဲ့  ဂုဏ်သိက္ခာများ ညှိုးနွမ်းစေရန် လုပ်ကြံဇာတ်လမ်းတွေ ဖန်တီးနေချိန်မှာ အင်တာနက်စာမျက်နှာပေါ်မှာ ရောက်ရှိလာခဲ့တဲ့ အောက်ဖေါ်ပြပါ ဓါတ်ပုံတစ်ပုံဟာ အတော့်ကို ဆိုးရွားလွန်းလှပါတယ်။


ဓါတ်ပုံထဲမှာ ပါဝင်သူတွေအနေနဲ့  ဘာသာတရားအရ ရိုသေလေးစားကိုးကွယ်ရာ ဗုဒ္ဓမြတ်စွာဘုရားနှင့် သားတော်များဖြစ်တဲ့ သံဃာတော်များ လွှမ်းခြုံရာ သင်္ကန်းတော်များကို ယခုလို ဆေးမှင်ကြောင်အတုတွေနဲ့ ဝတ်ရုံပြီး ဒီလိုမျက်နှာပေးများပေးကာ ဓါတ်ပုံရိုက်တာကတော့ အလွန်ကို မသင့်တော်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ မည်သို့ သော အကြောင်းပြချက်နှင့်မျှ မဆောင်ရွက်သင့်သော လုပ်ရပ်ဖြစ်ပါတယ်။ ဒီဓါတ်ပုံနဲ့  ဒီလုပ်ရပ်အတွက် ဓါတ်ပုံရိုက်သူကိုရော ဓါတ်ပုံထဲပါဝင်သူများ အားလုံးကို အထူး ရှုတ်ချလိုက်ပါတယ်။ နစ်နေမန်းဘလော့မှ ထပ်ဆင့်ဖေါ်ပြပါသည်။

အထင်ကရဆရာတော်များက ဒီကေဘီအေတပ်သားသစ်အဓမ္မကောက်ယူမှုနေမှုအပေါ် မြိုင်ကြီးငူဆရာတော်ဦးသုဇနအား မေတ္တာရပ်ခံ


ကရင်အမျိုးသားအပေါင်းတို့ ခင်ဗျား အောက်ပါသတင်းတပုဒ်ဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဖတ်ဖြစ်အောင်ဖတ်ပါ။

Kaowao

သြဂုတ် ၃ ၊၂၀၀၉မော်လမြိုင်(သြဂုတ်-၃)။ ။ သထုံမြို့နယ်၊ ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းကျေးရွာများ၌ ဒီကေဘီအေ တပ်ဖွဲ့များမှ တပ်သားသစ်များ အတင်းကောက်ယူနေသဖြင့် ရွာသားများ ထွက်ပြေးရှောင်တိမ်းနေရသောကြောင့် သထုံမြို့ မြသပိတ်ကျောင်းဆရာတော် ဦးစီးသောရဟန်းသံဃာများသည် မြိုင်ကြီးငူဆရာတော်ဦးသုဇနကို မေတ္တာရပ်ခံ တိုင်ကြားခဲ့သသည် ဟု ဘားအံမြို့နေ ဒါယကာတစ်ဦးမှ ပြောဆိုခဲ့ပါသည်။မြိုင်ကြီးငူဆရာတော်အနေဖြင့် ဤကဲ့သို့ မဖြစ်အောင်ထိန်းသိမ်းပါမည်ဟု တာဝန်ခံခဲ့သော်လည်း လက်တွေ့တွင် အရေးတယူဆောင်ရွက်နိုင်ခြင်း မတွေ့ရှိခဲ့ရပေ။
မြိုင်ကြီးငူဆရာတော် ဦးသုဇန လက်နက်စစ်ဆေးနေပုံ
ဒီကေဘီအေအရာရှိတစ်ဦးအဆိုအရ လွန်ခဲ့သည့် ၂ နှစ်ခန့်၌ DKBO ကိုဖျက်သိမ်းလိုက်စဉ်ကတည်းက မြိုင်ကြီးငူ ဆရာတော်မှာ ဒီကေဘီအေအပေါ်သြဇာမညောင်းတော့ပဲ တပ်ဖွဲ့ဝင်များအနေဖြင့် သက်သတ်လွတ်စားခြင်း၊ အရက်မသောက်ရခြင်း စသည့်အလေ့အထများ DKBA တပ်ဖွဲ့အတွင်း ပျောက်ကွယ်ခဲ့သည်။အထူးသဖြင့် မြသပိတ်ကျောင်းဆရာတော်နှင့် အထင်ကရဆရာတော်တချို့ ကန့်ကွက်ခဲ့သောဖြစ်ရပ်အတွက် ဒေသခံကရင်လူမျိုးများအကြား အထူးစိတ်ဝင်စားနေကြရပါသည်။

စစ်မှုမထမ်းလိုသူများ ငွေသိန်းချီပေးဆောင်ရပြီး တချို့စိတ်မချရသောစစ်မှုထမ်းသူများကို ငွေနှစ်သိန်း အာမခံတင်ထားရပါသည်။ အများအားဖြင့် သထုံမြို့နယ်အတွင်းရှိ ဝင်းဒရယ်၊ ဝါးဘိုးအစရှိသည့် ရွာပေါင်း (၇၂)ရွာ၌ နေထိုင်သောကရင်ရွာသားများကို စစ်မှုမထမ်းမနေရ အမိန့်ထုတ်ပြန်ပြီး အတင်းအဓမ္မခေါ်ယူ စုဆောင်းနေသည်ကို ဒေသခံများ အထိတ်တလန့် ဖြစ်နေကြရပါသည်။

အလားတူ ကော့ကရိတ်မြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်များတွင်လည်း တပ်သားသစ်များ အတင်းအကြပ်ကောက်ယူနေသည်ကို ဒေသခံများနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရှိခဲ့ရသည်။ဆရာတော်၊ ရဟန်းသံဃာတော်များမှ ဤကဲ့သို့ စစ်သားအဖြစ် အတင်းကောက်ယူမှုမပြုလုပ်ရန် မေတ္တာရပ်ခံ ခဲ့သော်လည်း ဒီကေဘီအေတပ်ဘက်မှ ဂရုမစိုက်အလေးမမူသည့်အတွက် ဒီကေဘီအေတပ်ကို ကြိုးကိုင် ထားသော မြိုင်ကြီးငူဆရာတော်ကို တိုင်ကြားရခြင်းဖြစ်သည်ဟု အဆိုပါဒါယကာက ပြောကြားခဲ့သည်။
Posted by Thaw Thi Kho

သနားစရာ မောင်ချစ်သူသို့ အိတ်ဖွင့်ပေးစာ

မောင်ချစ်သူ
အိုးမလုံအုံပွင့် သွေးရူးသွေးတန်း မင်းရဲ့ထုတ် ပြန်ကြေညာချက်တွေဟာ မသိတဲ့သူတွေ ဆိုရင် ဖြစ်နိုင်ကောင်းချည်ရဲ့လို့ ယုံမှားကြ လိမ့်မယ်၊ မင်းရဲ့တကိုယ် ကောင်းဆန်တာ။ သစ္စာမဲ့တာ။ မဟုတ်တန်းတရား ထင်ပေါ်လိုတာ၊ ရက်စက် ယုတ်မာတတ်တာတွေကို သိကြတဲ့သူတွေဆို ရင်ရီကြလိမ့်မယ်၊ နအဖဆီမှာ လက်နက်ချ သွားတဲ့ ထင်မောင်တပ်မမှူး တာဝန် ယူစဉ်တုန်းက မင်းကျူးလွန် ခဲ့တဲ့ မကောင်းတဲ့ လုပ်ရပ်တွေ ကြောင့် ပြစ်ဒဏ်ကျခံနေရတာကို ဗဟိုဌာန ချုပ်အထိသွားပြီး တင်ပြအာမခံ တောင်းခံခဲ့ရတာ “ငါ”ဆိုတာ မင်း သတိမမေ့တတ် ဘူးဆိုရင် ငါ ဘယ်သူဆိုတာ မင်းသိရမှာပေါ့၊ မင်းကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေဟာ သေဒဏ်အထိ အပြစ်ပေးနိုင် ပေမဲ့ ခေါင်းဆောင်ကြီးတွေက လူသားချင်း စာနာစွာနဲ့မင်းကို အာမခံခွင့်ပြုခဲ့တာပါ၊
အရင်က မင်း ငယ်သေးတော့ သတိမမူမိခဲ့ပေမဲ့ အခုက မင်းကိုယ်မင်း ဗိုလ်မှူးကြီးဆိုတော့ ကရင်လူငယ် တွေကို မူးယစ်ဆေးဝါးနဲ့ဆွဲဆောင်ပြီး ဖောက်ပြန်တတ်အောင် မိုက်ရူးးရဲတတ်အောင် ဆွဲဆောင်နိုင်လိုŒပေါ့နော်၊
မကောင်းတဲ့လုပ်ရပ်တွေဟာ မကောင်းကျိုးဆိုးကျိုးတွေ ပြန်ပေးတတ်တယ်နော်၊ မင်းကိုယ်မင်း မိံပပြင်ရင် လည်း တစ်ခြားသူတွေကို မပျက်စီးပါစေနဲ့၊
မင်းအခေါ် “စံပြုံး” ငါသိတာအမှန်က “ဆန်ပြုတ်”၊ သူလည်း မင်း အကျင့်စရိုက်အတိုင်းပဲ၊ မင်းထက်ပို တာက မိန်းမလိုက်စားတယ်၊ လောင်းကစား ၀ါသနာပါတယ်၊
မင်းပြောခဲ့သလို မင်းကြောင့်ပဲသေသေ။ အခြားအကြောင်းတစ်ခုကြောင့်သေသေ သင်္ခါရတရားပဲလေ၊ ရူး ကြောင်မူးကြောင် ဟိုစွပ်စွဲ။ ဒီစွပ်စွဲဆိုတာ အဆင့်အတန်း မရှိပါဘူး၊
လက်ရှိ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်ဂျော်နီဟာ ဖမ်းမိတဲ့ရန်သူကိုတောင်မှ သတ်မိန့်မပေးခဲ့ဘူး၊ လိုအပ်တဲ့ အကူအညီကိုတောင် ဖြည့်စွမ်းပေးတယ်ဆိုတာ အများအသိပါ၊
ဒါဟာ မှန်ကန်တဲ့အဖွဲ့အစည်းရဲ့ သိကျှာရှိတဲ့ လူကြီးလူကောင်းတွေရဲ့ ရပ်တည်မှု။ လုပ်ဆောင်မှုပဲဖြစ်တယ်၊
မင်းပြောတဲ့ “ကိုမောင်အေး”ဆိုသူဟာ အရင်က မင်းအဖွဲ့ကပဲဟာ၊ ပြီးမှ ထော့လေးဆီကိုရောက်လာ ထော့လေး အညံ့ခံသွားတော့ ထော့လေးနဲ့ ပါသွားတာကြာပြီပဲ၊ အရင်က ထော့လေးအပြောအရဆိုရင် သူ့အဖေက ဘိန်းစားလို့ သူ့အမေနောက်လင်ယူသွားတော့ မိဘမေတျွှာကိုမရခဲ့လို့ ငယ်ငယ်လေးကတည်းက ဦး နှောက်ထိခိုက်ပြီး ဖြစ်သလိုနေထိုင်သွားလာနေခဲ့တာ အခုအထိပဲလေ၊
သူခေါ်ပြနေတဲ့နာမည်တွေက တပ်မဟာ(၇)မှာ တယောက်မှမရှိဘူး၊ မင်းပဲ လုပ်တတ်တယ်၊ အဖွဲ့ ၁၊ ၂၊ ၃ တဲ့၊ ဦးနှောက်ပျက်နေတဲ့သူကိုတောင်မှ ဓားစာခံလုပ်ပြီး တပါးသူပျက်စီးရာပျက်စီးကြောင်း လုပ်တတ်တဲ့မင်းအကျင့် ကတော့ သေရာပါမှာပါပဲ၊
ဒီအကြောင်းရင်းအမှန်တွေကို ပြောပြနိုင်တယ်ဆိုတာ မင်း သဘောပေါက်မှာပေါ့၊ မင်း အသိုင်းအ၀ိုင်းတချို့ လည်း သိပါတယ်လေ၊
အကြောင်းရင်းမှန်တွေ အများကြီးရှိသေးတယ်၊ မပြောချင်ပါဘူး၊ ဒါတောင်မှ မဟုတ်တာတွေ မမှန်တာတွေ အသံကောင်းဟစ်နေတာတွေကို မသိကြတဲ့သူတွေ ယုံမှားကြမှာစိုးလို့ အနည်းအကျဉ်းပဲ ပြောပြပေးသိလိုက်တာ၊
မင်းကိုယ်မင်း ပြုပြင်သင့်ပြီ၊ မင်းဟာ လူငယ်ပဲ ရှိပါသေးတယ်၊ အများကောင်းကျိုး အမှန်အကန်အတွက် ရှေ့ဆက်လုပ်ဆောင်ဘို့ အချိန်အများကြီးရှိပါသေးတယ်၊ အကောင်းနဲ့ အမှန်တရားအတွက် လုပ်ဆောင်သင့်ပြီ၊
မင်းကို စေတနာအမှန်နဲဏ္ဍ သတိပေးတာ၊ ပြီးတော့ ကိုယ်အာမခံပေးရတဲ့သူတစ်ယောက် လူကောင်းသူ ကောင်းဘ၀နဲ့ ကောင်းစားမယ်ဆိုရင် ကိုယ်လည်း ကုသိုလ်ရလို့ အကျိုးရှိမှာမို့ပါ၊
မင်း နားလည်နိုင်ပါစေ၊ မောင်ချစ်သူ
အမှန်တရားကို ရဲဝံ့စွာ ရှေ့ဆက်ဆုပ်ကိုင်နိုင်ပါစေ၊
မေတ္တာဂရုဏာဖြင့်
မင်းအခေါ် ကိုစွိ (တချိန်က မင်းကို အာမခံပေးခဲ့ရသူ)

Posted by အဲခေါင်သောင့်

Monday, August 3, 2009

နိုင်ငံတော်လုပ်ကြံမှု

Sunday, August 2, 2009


ပြည်ထောင်စုနှင့် သန်းရွှေ
ဆောင်းပါးရှင် - ဆရာ ဂါမဏိ

အာဏာရူး ဂဠုန်ဦးစောဟာ ၁၉၄၇ ဇူလိုင် ၁၉ ရက်မှာ နိုင်ငံတော်အာဏာကို မတရားတဲ့ နည်းလမ်းနဲ့ ဖြတ်လမ်းက သိမ်းပိုက်ဖို့အတွက် အဲဒီတုံးက ဝန်ကြီးချုပ် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီး တွေကို ရက်ရက်စက်စက် လုပ်ကြံ သတ်ဖြတ်ခဲ့ပါတယ်။
ဒီ လုပ်ကြံမှုကြီးဟာ သမိုင်းမှာ တရားရေး နယ်ပယ်မှာ ပြည်ထောင်စုနှင့်ဦးစော အမှုအဖြစ် ရာဇဝင်တွင် သွားခဲ့ ပါတယ်။ ဒါပေမဲ့ ပြည်သူ့ရင်ထဲ အသဲထဲမှာ စွဲထင်တည်ရှိနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ လူသာ သေသွားပေမဲ့ ဂုဏ်သတင်း သြဇာရှိန်ဝါ ဘယ်လိုမှ မပျောက်ပျက်ဘဲ ဆက်လက်ရှင်သန်နေခဲ့ပါတယ်။
၁၉၈၃ ခု အောက်တိုဘာ ၉ ရက်နေ့မှာတော့ အာဏာရူး ကင်အီဆွန်းဟာ ကိုးရီးယားကျွန်းဆွယ် တစ်ခုလုံးကို မတရားတဲ့ နည်းလမ်းနဲ့ ဖြတ်လမ်းက သိမ်းပိုက်နိုင်ဖို့အတွက် တောင်ကိုးရီးယားသမတ ချွန်ဒူးဝမ်ကို ရန်ကုန်မြို့မှာ အထူးကွန်မင်ဒို အဖွဲ့လွှတ်ကာ ဗုံးခွဲလုပ်ကြံခဲ့ပါတယ်။ အာဏာရဖို့သာ ခေါင်းထဲရှိတဲ့ မြောက်ကိုးရီးယား အစွန်းရောက်တွေဟာ မြန်မာပြည်သူ့ရင်ထဲက ဗိုလ်ချုပ်အောင်ဆန်းကို လုံးဝဂရုမစိုက်ဘဲ အာဇာနည်ကုန်း အာဇာနည်ဗိမာန်တည့်တည့်မှာ ဗုံးခွဲခဲ့လို့ တောင်ကိုးရီးယားဝန်ကြီး ၄ ယောက်နဲ့ အရာရှိ ၁၃ ယောက် သေဆုံးခဲ့ရပါတယ်။

မြန်မာပြည်သူတွေ အတွက် အရေးပါတာကတော့ အာဇာနည်ဗိမာန်ကြီး ပြိုကျပျက်စီးခဲ့ရတာပါဘဲ။ မြောက်ကိုးရီးယားဟာ အခုလို မြန်မာပြည်သူတွေရဲ့ အသဲနှလုံးကို မိုက်မိုက်ရိုင်းရိုင်း စော်ကားခဲ့ရုံတင်မက အရှင် လိုက်ဖမ်းတဲ့ ခလရ ၉၀ က ရဲဘော်တွေကို ရန်ကုန်တိုင်း ကော့မှူးမြို့နယ် သခွတ်ပင်ရွာနားမှာ အကြမ်းဖက် ခုခံခဲ့တဲ့ အတွက် လက်နက်မဲ့ ဝင်ဖမ်းကြတဲ့ တပ်သားသန်းထွေး၊ တပ်သားသိန်းနိုင်နဲ့ တပ်သားညွန့်ဟန်တို့ ၃ ယောက် ကျဆုံးခဲ့ရပါတယ်။
(ဒီ ရဲဘော် ၃ ယောက်ကို တပ်မတော်က နောင်မှာ သူရဘွဲ့ ပေးခဲ့ပါတယ်။)
တကယ်တော့ အာဏာရူး နောက်တစ်ယောက်ဖြစ်တဲ့ အဲဒီတုံးက ဗမာပြည်ရဲ့ စစ်အာဏာရှင် ဗိုလ်ချုပ် နေဝင်းက မြောက်ကိုးရီးယားနိုင်ငံကို သွားပလူးခဲ့ရာကနေ မြောက်ကိုးရီးယား အာဏာရူးက ရောင့်တက်ပြီး အိမ်ဦးခန်းမှာ ချီးဝင်ယို သွားတာဖြစ်ပါတယ်။ ဒါဟာ တနည်းအားဖြင့် ပြောရရင် ဗိုလ်ချုပ်အောင်ဆန်းကို ဒုတိယအကြိမ်မြောက် နိုင်ငံတော်လုပ်ကြံမှု ( ပြည်ထောင်စုနှင့် မြောက်ကိုးရီးယား ) ဘဲ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်မှာ နဝတ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့အခါ လူထုဘက်တော်သား ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရပြီး တပ်မတော်အနေနဲ့ မလုပ်သင့် မလုပ်ထိုက်တာ မှန်သမျှကို တဇွတ်ထိုး လုပ်ခဲ့ပါတယ်။ ဒါကြောင့် တပ်မတော်သမိုင်း တလျှောက်လုံး တပ်မတော်ဖခင်၊ နိုင်ငံ့ဖခင်၊ လွတ်လပ်ရေးဖခင်အဖြစ် သတ်မှတ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဖျောက်ဖျက် ဖို့ လုပ်ဆောင်လာရပါတယ်။
ဒါမှသာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တယ်၊ ဒါမှမဟုတ် အနိမ့်ဆုံးအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းဆိုတာ တပ်မတော်ဖခင်၊ နိုင်ငံ့ဖခင် ဖြစ်တယ် ဆိုတာကို တိုင်းပြည် ကရော တပ်မတော်သားတွေကပါ မေ့ပျောက်သွားစေမှာ ဖြစ်တယ်လို့ ချီးဘရိန်းတွေက စဉ်းစားကြပါတယ်။
၈၈ နောက်ပိုင်းမှာ စစ်အာဏာရှင်စနစ်နဲ့ ဆက်သွားနိုင်ဖို့ဆိုရင် တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း မှာကြားခဲ့တဲ့ တပ်မတော်ဟာ လူထုအကျိုးပြု လူထုအစေခံ တပ်မတော်ဖြစ်ဖို့၊ တပ်မတော်ဟာ နိုင်ငံရေးမှာမပါဖို့၊ ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ခံရသူတွေကဘဲ တိုင်းပြည်ကို အုပ်ချုပ် ဦးဆောင်ဖို့၊ တိုင်းရင်းသားနယ်မြေတွေရဲ့ ပြည်တွင်းရေးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝပေးဖို့ စတဲ့ အခြေခံ မူသြဝါဒတွေကိုလည်း ပယ်ဖျောက်ဖို့ စစ်အာဏာရူးတွေအတွက် အထူး အရေးကြီးနေပါတယ်။
အဲသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်း အဆက်အစပ်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တပ်မတော် အဆက်အစပ်ကို ဖျောက်ဖျက်နိုင်ရင် အာဏာရူး နဝတ-နအဖ စစ်ခေါင်းဆောင်တွေဟာ နိုင်ငံနဲ့ တပ်မတော်ကို ထင်သလို စိတ်ကြိုက်ချယ်လှယ် နှိပ်စက် သွေးစုတ်အမြတ်ထုတ် နိုင်ကြတော့မယ်လို့ ထင်နေကြ ပါတယ်။
ဒီလိုနဲ့ အာဇာနည်နေ့ကို မှေးမှိန်ပစ်ခဲ့ပြီး နိုင်ငံတော်အလံ တိုင်ဝက်မထူ၊ ဗိုလ်ချုပ်တို့ကျဆုံးချိန် မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြမဆွဲ၊ အာဇာနည်တွေကို အလေးပြုရာမှာလည်း ယဉ်ကျေးမှုဝန်ကြီးလောက် ကိုဘဲ သွားခိုင်းတာမျိုး လုပ်လာခဲ့ပါတယ်။ နိုင်ငံတိုင်းမှာ ငွေစက္ကူတွေပေါ်မှာ နိုင်ငံ့ဖခင်၊ နိုင်ငံ့ခေါင်းဆောင်ပုံ တွေကို ရိုက်နှိပ်ကြသလို ဗမာပြည်မှာလည်း တလျှောက်လုံး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ ရိုက်နှိပ်ခဲ့ရာကနေ ယခုအခါ တိရိ စ္ဆာန်ပုံ အစားထိုး ရိုက်နှိပ်လာပါတယ်။
စာသင်ကျောင်းတွေမှာ ကလေးတွေကို "ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ" လို့ ဆိုခဲ့ရတဲ့ ဗိုလ်ချုပ် အောင်ဆန်း ကဗျာကိုတောင် မသင်ရတော့ပါဘူး။
အစိုးရရုံးတွေမှာလည်း ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို မချိတ်ရတော့ပါဘူး။ တပ်မတော်နေ့တဖြစ်လဲ တော်လှန်ရေးနေ့ စစ်ချီတက်ရာမှာ အောင်ဆန်း စစ်ကြောင်း နာမည်ကို ဖြုတ်ပစ်လိုက်သလို စစ်တက္ကသိုလ်မှာလည်း အောင်ဆန်းတပ်ခွဲ မထားတော့ပါဘူး။
အခုနောက်ဆုံး ကြပ်ပြေးနေပြည်တော်က စစ်ရေးပြကွင်းမှာ အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းဘုရား တို့ရဲ့ ရုပ်တုကြီး ၃ ခုဘဲ ထားရှိပြီး မြန်မာနိုင်ငံကို အင်္ဂလိပ်ကိုလိုနီဘဝနဲ့ ဂျပန်ဖက်ဆစ် ကျွန်ဘဝက လွတ်မြောက်အောင် စွမ်းစွမ်းတမံ ရှေ့ဆောင်လုံးပန်းခဲ့တဲ့၊ တပ်မတော်ကို တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းကိုတော့ အထိမ်းအမှတ် ရုပ်တု လုံးဝလုပ်မထားတော့ပါဘူး။
ဒါတင်မကဘဲ ဗိုလ်ချုပ် အောင်ဆန်းကို ဒုတိယအကြိမ်မြောက် နိုင်ငံတော်လုပ်ကြံမှု ကျူးလွန်ခဲ့တဲ့ မြောက်ကိုးရီးယား အာဏာရူး တွေကို ယခုအခါ နအဖ စစ်ခေါင်းဆောင်တွေက လည်ပင်းဖက်ကာ တပည့်ခံ ဘုတ်ကျီးမြှောက် ကျီးဘုတ်မြှောက် လုပ်နေကြပါတယ်။ စစ်ရူးနှစ်ဖွဲ့ပေါင်းပြီး မြန်မာပြည်သူတွေတင်မက အာရှပြည်သူ တွေကိုပါ အသားလွတ် သေတွင်းပို့ဖို့ မရဏ ယန္တရားတွေကိုလည်း တပ်ဆင်နေကြပါတယ်။
၈၈ ခုနောက်ပိုင်းမှာ အခုလို လုပ်ဆောင်ချက်တွေဟာ တကယ့်တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းအပေါ် စစ်အာဏာရူးတွေရဲ့ တတိယအကြိမ်မြောက် နိုင်ငံတော်လုပ်ကြံမှုကြီးဘဲ ဖြစ်ပါတယ်။
၁၉၄၇ ခု ပထမအကြိမ် နိုင်ငံတော် လုပ်ကြံမှုတုံးက တရားခံဦးစောကို ကြိုးစင်တင်နိုင်ခဲ့သလို အခု တတိယအကြိမ် နိုင်ငံတော်လုပ်ကြံမှုရဲ့ တရားခံ၊ ဒုတိယအကြိမ် နိုင်ငံတော် လုပ်ကြံမှုမှာလည်း ကြံရာပါ ဖြစ်နေတဲ့ မောင်သန်းရွှေကိုလည်း ပြည်ထောင်စုက အမှုဖွင့် တရားရုံးတင်ပြီး ထိုက်တန်တဲ့ စီရင်ချက် ချရမှာ ဖြစ်ပါတယ်။
တနည်းအားဖြင့်ပြောရရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ဗိုလ်ချုပ်လမ်းစဉ် ဗိုလ်ချုပ်မူဝါဒ ကိုင်စွဲထားတဲ့ ပြည်ထောင်စုသားတွေက လုပ်ကြံသူ စစ်အာဏာရူး ဗိုလ်သန်းရွှေနဲ့ အမှုရင်ဆိုင်ပြီး ပြစ်ဒဏ်စီရင်ရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။



Posted by Thaw Thi Kho

အလံနီလက်ကျန် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး မြန်မာနယ်စပ်တွင် အထူး ဒုက္ခရောက်လျှက်ရှိ


တော်လှန်ရေးသမားများ ထိုသူတို့ ၏စိတ်ဓါတ် ကြံ့ခိုင်မှူကို အတုယူကြရန်

8/2/2009

ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်းတောင်တန်းနယ် အင်းသုံးဆယ် ကျေးရွာအနီးတွင် တောင်ယာစိုက်ပျိုးပြီး အသက်မွေး ၀မ်းကျောင်း ပြုနေသူ အလံနီလက်ကျန် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၂) ဦးမှာ ယခုအခါ အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်နေကြရ သည်ဟု သတင်းရရှိသည်။

အင်သုံးဆယ် ဆရာတော်မှ “အသက်အရွယ် အလွန်ကြီးရင့် နေတဲ့အတွက် မြန်မာ ပြည်ကို ပြန်သွားပြီး အေးအေးဆေးဆေးပြန်နေဖို့ ပြောပေမယ့် သူတို့ကလက်မခံဘူး။ ခုလို တသက်လုံး တော်လှန်ရေးလုပ်လာပြီးမှ သေမယ့်အချိန်နီးမှ လက်နက်ချတဲ့ အလုပ်တော့မလုပ်ချင်တော့ဘူးဆိုပီး တောထဲမှာ နေထိုင်နေကြတာ ဖြစ်ပါတယ်။ ခုလို မိုးတွင်းကာလမှာဆိုရင် သူတို့တွေ အခြေအနေက ပိုမိုဆိုးရွားပြီး စားဝတ်နေရေး အပြင် ဆေးဝါးမရှိတာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ အသက်အရွယ်လည်း တော်တော်ကြီးရင့် နေတဲ့အတွက် အခက်အခဲတွေကတော့ အများကြီးရှိနေပါတယ် ” ဟု နိရဉ္စရာသို့ ပြောသည်။
သူတို့ ၄ ဦးတွင် သုံးဦးမှာ ဗမာလူမျိုးများ ဖြစ်ကြပြီး တဦးမှာ ချင်းအမျိုးသမီး ဖြစ်သည်။

“သူတို့ရဲ့ခေါင်းဆောင် ဦးအောင်နိုင် ဆင်းနှင်းပြီး လွန်ခဲ့တဲ့နှစ်က သေဆုံးသွား တဲ့နောက် အခုနောက်ဆုံးကျန်နေခဲ့တဲ့သူ ၄ ဦးကတော့ ဦးစံသိန်း၊ ဦးချစ်ပုံ၊ ဒေါ်ဝင်းမေ ( ရဲနီ သော်တာဇနီး) နှင့် ဒေါ်မေပုတို့ ဖြစ်ကြပါတယ် ” ဟု ဆရာတော်က ပြောသည်။

သူတို့မှာ ရဲနီသော်တာနှင့်အတူ မဆလအစိုးရမှ ရခိုင်ပြည်နယ်ကို ဖြတ်လေးဖြတ်ဖြင့် စစ်ဆင်ရေးလုပ်စဉ် ၁၉၈၀ ၀န်းကျင်က ဘင်္ဂလာဒေခ်ျ့ကို ထွက်ပြေး တိမ်းရှောင်လာ ခဲ့ကြသူများ ဖြစ်သည်။

အဆိုပါ အလံနီပါတီဝင်များမှာ သခင်စိုးလက်နက်ချသွားခဲ့သော်လည်း လက်နက် မချဘဲ ရခိုင်ရိုးမတွင် ကျန်ရှိနေခဲ့သူများ ဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးစ ကတည်းက တော်လှန်ရေး လုပ်လာသူများ ဖြစ်ကြသည်ဟု သိရသည်။

ဘင်္ဂင်္လာဒေခ်ျ့တွင် ရောက်ရှိစဉ်က အင်အား ၃၀ ခန့်သာ ပါရှိလာခဲ့ပြီး နောက်ပိုင်းတွင် ဦးသော်တာအပါအ၀င် ခေါင်းဆောင်များမှာ အသက်အရွယ် ကြီးရင့်လာသဖြင့် သေဆုံး ကုန်ပြီး ယခုနောက်ဆုံး အဖွဲ့ဝင် ၄ ဦးကျန်နေခဲ့ခြင်း ဖြစ်သည်။

ရဲနီသော်တာမှာ ကော့ဘဇားမြို့တွင် ရုတ်တရက် ၁၉၉၄ ခုနှစ်က ကွယ်လွန်အနိစ္စ ရောက်သွားခဲ့သည်။ ရန်သူထံမှ လက်နက်မချဘဲ သေသည်အထိ ယုံကြည်ချက်ကို ခိုင်မာစွာဆုတ်ကိုင်ပြီး တော်လှန်တိုက်ပွဲဝင်သွားသူ တဦးဖြစ်သဖြင့် ရဲနီသော်တာကို လေးစားသော ရခိုင်တော်လှန်ရေးသမားများက ကော့ဘဇားမြို့ သင်္ချိုင်းတွင် အုတ်ဂူ ငယ်လေးတခု ပြုလုပ်ပြီး ဂုဏ်ပြု ထားသည်ဟု သိရသည်။

Posted by Thaw Thi Kho

သင်္ဃန်းညီနောင် တံတားကျိုးဂိတ်တွင် ရတခ-စစ်ဗျူဟာမှူးတဦး ကိုယ်ကျိုးရှာနေ


သြဂုတ် ၁။
စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် သင်္ဃန်းညီနောင်ရှိ ကော့ကရိတ်-မြ၀တီကားလမ်း တံတားကျိုးစခန်းမှ အရှေ့တောင်တိုင်းစစ်ဌာနချုပ် အခြေချစစ်ဗျူဟာမှ တာ ၀န်ခံ စစ်ဗျူဟာမှူးတဦးသည် အဖွဲ့အစည်းအမည်ခံကာ ကိုယ်ကျိုးရှာ အခွန်ကောက်ခံလျှက်ရှိသည်ဟု သိရသည်။

အဆိုပါ စစ်ဗျူဟာမှူး ဗိုလ်မှူးခင်မောင်ဝင်းသည် ၂၀၀၈ခုနှစ်မှစ၍ ယခုအချိန်ထိ ထိုင်း-မြန်မာနယ်စပ် မြ၀တီမှ တင်သွင်းလာသော လိုင်စင်မဲ့ ဂျပန်မော်တော်ယာဉ်ကားများကို ကားအမျိုးအစားအပေါ် မူတည်ပြီး တစီးလျှင် ကျပ် ၂သိန်းမှ ၅သိန်းအထိ ကောက်ခံနေသည့်အပြင် တရားမ ၀င် တင်ဆောင်လာသော ကန့်သတ်ကုန်တင်ကားများကိုလည်း ကုန်ပစ္စည်းအပေါ် မူတည်ပြီး တစီးလျှင် ကျပ်(၃)သိန်းမှ (၁၀)သိန်းအထိ ကောက်ခံလျှက်ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ပြောသည်။

အမည်မဖော်လိုသည့် တံတားကျိုးစခန်း အနီးတ၀ိုက်တွင် နေထိုင်သူတဦးက “အဲဒီကောက်ခံမှု အတိုင်းအတာဟာ တနေ့ကိုဆိုလို့ရှိရင် ကျပ် သိန်း (၂၅၀)ကနေ (၃၀၀)အထိ ရတယ်။ အဲဒီကောက်လို့ရတဲ့ ငွေတွေကို ဗျူဟာမှူးခင်မောင်ဝင်းက ကိုယ်ကျိုးအတွက် သီးသန့်သုံးစွဲနေတယ်” ဟု ပြောသည်။

မြ၀တီမြို့မှ တင်ဆောင်လာသော ၎င်းလိုင်စင်မဲ့ကားများကို မော်လမြိုင်စက်မှုဇုံနှင့် ရန်ကုန်စက်မှုဇုံသို့ နည်းမျိုးစုံဖြင့် ယူဆောင်မောင်းနှင်သွား လျှက်ရှိသည်ဟု အဆိုပါနယ်မြေခံက ဆက်ပြောသည်။

ထိုဂိတ်၏ စစ်ဆေးရေးအဖွဲ့ဝင်တဦးက “အရင်က ဒီဂိတ်ဟာ နိုင်ငံရေးသမား၊ ဖောက်ခွဲရေးသမားတွေကို စောင့်ကြည့်စစ်ဆေးတယ်။ အခု အဲဒီလို မဟုတ်တော့ဘူး။ လိုင်စင်မဲ့ကားတွေ၊ ကန့်သတ်ကုန်တင်ဆောင်တဲ့ ကားတွေကိုပဲ အဓိက စစ်ဆေးနေတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ရက်နေ့တွင် စစ်ဗျူဟာမှူး ခင်မောင်ဝင်း၏အမိန့်ဖြင့် တံတားကျိုးစစ်ဆေးရေးဂိတ်ရှိ အကောက်ခွန်အဖွဲ့၊ ရဲအဖွဲ့၊ စရဖ အဖွဲ့၊ စသုံးလုံးအဖွဲ့နှင့် ရဲအထူးအဖွဲ့တို့ကို ခေါ်ပြီး ၎င်းတို့တပ်ဖွဲ့သည် ပြည်သူလူထုထံမှ ငွေကောက်ခံမှုမရှိကြောင်းကို အာမခံသဘောတူ လက် မှတ်ရေးထိုးခိုင်းကြောင်း၊ ယင်းအဖွဲ့များကလည်း ဗျူဟာမှူးကို ကြောက်ကြသဖြင့် လက်မှတ်ရေးထိုးခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

ယခုလို အဖွဲ့အစည်းအမည်ခံ၍ မတရားငွေကောက်ခံခြင်းသည် တခြားအဖွဲ့အစည်းများကို နိုင်ထက်စီးနင်း အတင်းအဓမ္မ လက်မှတ်ရေးထိုးခိုင်း သည့်အပေါ် ကျန်အဖွဲ့များကမကျေမနပ်ဖြစ်ကြသော်လည်း
တိုင်ကြားမှု တစုံတရာမှ မလုပ်ရဲကြကြောင်း တံတားကျိုးရှိ ဒီကေဘီအေ ဗဟိုစစ်ဦး စီးဌာနမှ အရာရှိတဦးက ပြောသည်။

“အမှန်ကတော့ ဂိတ်ဆိုတာကတော့ ကောက်မှာပဲလေ။ မကောက်နဲ့လို့ မဆိုလိုချင်ပါဘူး။ ဒါပေမဲ့ သူ့ဟာနဲ့သူ တန်ရာတန်ရာတော့ ကောက်ပေါ့။ ငါးသိန်းဆိုငါးသိန်း၊ ဆယ်သိန်းဆို ဆယ်သိန်းသတ်မှတ်ပါ။ အခုဟာက ရရင်ရသလို တောင်းလိုက်၊ ကောက်လိုက်လုပ်တာဟာ တခြားအဖွဲ့တွေ ကို သက်သက်နှိမ်တာပဲ။ အဲဒီကိစ္စကို ဘယ်သူမှလည်း မကျေနပ်ကြပေမယ့် အထက်ကိုတိုင်ကြားဖို့လည်း မလုပ်ရဲကြဘူးဖြစ်နေတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒီနယ်စပ်မှာ တာဝန်ထမ်းဆောင်ရဖို့ အခွင့်အရေး မနည်း ဖားထားရတာကိုး။ အထက်တိုင်ကြားတာတွေလုပ်လို့ ပြဿနာတက် ရင် ခင်ဗျားတို့ကောင်တွေ နယ်စပ်မှာ အနေမတတ်လို့ဆိုပြီး အဖြုတ်ခံရမယ်။ ဒါကြောင့် မတိုင်ရဲကြတာ”ဟု ၎င်းဒီကေဘီအေအရာရှိက ပြော သည်။

ကားကုန်သည်တဦးက “အဲဒီဂိတ်မှာက ဗျူဟာမှူးခင်မောင်ဝင်းရဲ့ စေခိုင်းချက်နဲ့ ဗိုလ်ကြီးမြတ်ဇော်ဦးက သူ့တပည့် ကျော်တိတ် ခေါ် ဘိတ်သား ဆိုတဲ့တယောက်ကို စက်မှုဇုံပို့မဲ့ လိုင်စင်မဲ့ကားတွေကို ဂိတ်ဖြတ်ခ အကြီးအကျယ် ကောက်ခိုင်းနေတာ။ ကျနော်တို့က သူတို့ကိုလည်းပေးရ၊ ဒီ ကေဘီအေနဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေကိုလည်း ပေးရသေးတယ်”ဟု ဆိုသည်။

မြ၀တီ-ကော့ကရိတ် တောင်ပေါ်ကားလမ်းတွင် အဖွဲ့စုံဂိတ်ကြီးအချို့နှင့် ကင်းတဲဂိတ်များ အပါအ၀င် ဂိတ်ပေါင်း (၂၈)ခုရှိရာ အခြားဂိတ်များက တော်ရုံလောက်သာ ကောက်ခံကြသော်လည်း ဗျူဟာမှူး ဗိုလ်မှူးကြီးခင်မောင်ဝင်း ဦးစီးကြီးကြပ်သည့် တံတားကျိုးစစ်စခန်းဂိတ်တခုတည်းက ၎င်းတို့စိတ်ကြိုက်ကောက်ခံလျှက်ရှိသည်။

တစ်ခုပြီးတစ်ခုပေါ်လာပြီ

ဗိုလ်ချစ်သူ နှင့် သူ၏ဇနီး


Summary
ဗိုလ်ချစ်သူကြောင်းမရေးနဲ့ဆိုပြီးခြိမ်းခြောက်တော့ရေးချင်စိတ်ပိုဖြစ်လာပါတယ်။ ဒီသတင်း
ကတော့ DKBA ရဲဘော်တစ်ဦး ရဲ့ပြောကြားချက်ကိုပြန်လည်တင်ပြချင်းဖြစ်ပါတယ်။
တပ်မဟာ (၇) ကိုစစ်ဆင်ဖို့ နအဖက ငွေသားသိန်းလေးထောင်ထုတ်ပေးပါတယ်။ အဲဒီ
အထဲမှာ ဗိုလ်ဆန်ပြုတ်အတွက်ရှယ်ယာက သိန်းတစ်ထောင်ပါ။ သို့သော်လည်း
ဗိုလ်ဆန်ပြုတ်ကသိန်း ၃၀၀ ဘဲရလို့မကျေမနပ်ဖြစ်နေပါတယ်။ “ ရွှေကုက္ကို မှာအောင်ပွဲ
ဆင်ရင်းနဲ့ငွေကိစ္စ ကိုဖြေရှင်းမယ်လို့သူပြောသေးတယ်။ ဒါပေမဲ့ အောင်ပွဲဆင်အခမ်းအနား
မဖြစ်ဘဲ သူ့ရဲ့အသုဘအခမ်းအနားဖြစ်သွားတယ်” ဟုတိုက်ပွဲတွင်ပါဝင်ခဲ့သောရဲဘော်တစ်
ဦးက ပြန်ပြောပါသည်။

နောက်သတင်းတစ်ခုက ဗိုလ်ချစ်သူဟာ ဗိုလ်ဆန်ပြုတ်လှေအုပ်စု နဲ့အတူတူ ပြန်လာပြီး
လမ်းတစ်ဝက်မှာဆင်းသွားပါတယ်။ ဗိုလ်ဆန်ပြုတ် ကျတဲ့တိုက်ပွဲမှာ အသက်မသေဘဲ
လွတ်မြောက်ခဲ့တဲ့ရဲဘော်တစ်ဦးကပြန်ပြောသည်မှာ “ KNU မဟုတ်တာသေချာတယ်။
ပြီးတော့လည်းဗိုလ်ဆန်ပြုတ်လှေကိုဘဲအဓိကပစ်မှတ်ထားတော့ကျနော်တို့သက်သာသွား
တယ်။ ကျနော်တို့ကိုတိုက်တာ ဗမာတပ်မဟုတ်ရင်တော့ ဗိုလ်ချစ်သူတို့အဖွဲ့ဘဲ”

ဗိုလ်ချစ်သူတပ်ရင်းမှာမရှိပေမဲ့လည်း ဇူလိုင်လဒုတိယအပတ်မှာ ခလေးမွေးနေ့ပွဲကိုတော့
ကြီးကျယ်ခမ်းနားစွာကျင်းပသွားပါတယ်။ တိုက်ပွဲမှာဒဏ်ရာရသွားတဲ့ရဲဘော်၊ ကျသွားတဲ့
ရဲဘော်တွေအတွက်ဂုဏ်ပြုပွဲအခမ်းအနား ဆောင်ရွက်ကြောင်းသတင်းမရသေးပါ။

ဗိုလ်ချစ်သူရဲ့စိတ်နေစိတ်ထား (Psychology) ကိုသတိထားမိတာတစ်ခုက သူဟာပြဿ
ကိုရင်ဆိုင်ဖြေရှင်းလေ့မရှိဘဲ ရှောင်နေတတ်ပါတယ်။ ပဒိုမန်းရှာလုပ်ကြံမူ့မဖြစ်ခင် ၁၀ ရက်
အလိုမှာ စင်္ကာပူကို ကရင်လုပ်ငန်းရှင်တစ်ဦး၏ အစီအစဉ်ဖြင့်သွားရောက်ခဲ့ပါသည်။ သူပြန်
သွားပြီးမှ ပဒိုမန်းရှာလုပ်ကြံမူ့ဖြစ်ခဲ့ပါသည်။ အဲဒီနောက် ဗိုလ်ချစ်သူဟာ ရွှေကုက္ကို မှာခဏ
ပျောက်သွားပါသေးတယ်။

ခလေးမွေးနေ့ပွဲကျင်းပတာကိုကြည့်ချင်းအားဖြင့် ဗိုလ်ချစ်သူ ဟာစိုးရိမ်စရာအခြေအနေ မ
ရှိလို့ဘဲဖြစ်တယ်။ ၉၉၉ မှရဲဘော်တစ်ဦးကလည်း “ နောက်ထပ်စစ်မတိုက်ချင်တော့လို့
ဗိုလ်ချစ်သူ ရှောင်နေတာဖြစ်တယ်။ အခုဖါပွန်ဖက်ကိုတိုက်ဖို့ပြင်ဆင်ခိုင်းနေတယ်”
တစ်ရွာတွေကို စစ်သား ၄ယောက်၊ တချို့ရွာတွေဆို ၈ ယောက် ထိစစ်သားတွေစုဆောင်း
နေတယ်။ စစ်သားမပေးနိုင်တဲ့ရွာကို တစ်အိမ် ၈သောင်းခွဲထိပေးရပါသဖြင့် ရွာတွေလည်း
DKBA တွေကိုညိုညင်လာပါတယ်။
Karen Unite မှကူးယူပါသည်