Friday, February 5, 2010

KNU position on Refugees

Microsoft Word - KNU Position on Refugees _Eng

ကရင်သတင်းစဉ်ရုံးခန်းကို ထိုင်းအာဏာပိုင်များ စစ်ဆေး

ရဲရင့် / ၄ ဖေဖော်ဝါရီ ၂ဝ၁ဝ

မဲဆောက်တွင်ဖွင့်လှစ်ထားသည့် ကရင်သတင်းစဉ် ရုံးခန်းကို ယနေ့နံနက်က ထိုင်းအာဏာပိုင်များ အင်အားသုံး၍ ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ကရင်သတင်းစဉ်အယ်ဒီတာ နန်းဖောဂေက “ဒီမနက်အစောကြီးပဲ ကျမတို့ရုံးနဲ့ကပ်လျက်အခန်းကို ထိုင်းအာဏာပိုင်တွေ လာပြီးစစ်ဆေးမှုတွေလုပ်တယ်။ အဲဒီအခန်းက အရင် (ကေအန်ယူ) ဒု-ဥက္ကဋ္ဌ နေသွားတဲ့အိမ်ဖြစ်တယ်။ သူက ဒီမှာမနေတာ ကြာပြီ။ အဲဒီအိမ်စစ်ပြီးတာနဲ့ ပိတ်ထားတဲ့ ကျမတို့ရုံးရဲ့ တံခါးကိုဖျက်ပြီး ၀င်ရောက်စစ်ဆေးမှုတွေလုပ်တယ်။ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ ရိုက်သွားတယ်၊ ရုံးသုံးပစ္စည်းတွေ ကွန်ပျူတာတွေ သိမ်းသွားတာတော့မရှိဘူး။ ယူအက်စ်ဘီ (၂) ခုတော့ ပျောက်သွားတယ်” ဟု ပြောသည်။

မဲဆောက်ရှိ ကရင်အမျိုးသားအစည်းအရုံး ဒု-ဥက္ကဋ္ဌ နေထိုင်ခဲ့သည့်အိမ်နှင့် ကရင်သတင်းစဉ်ရုံးခန်းကို ယနေ့နံနက် (၆) နာရီက ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင် ပူးပေါင်းအင်အား (၃၀) ခန့် ၀င်ရောက်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘော နေထိုင်ခဲ့ဖူးသည့် အိမ်နှင့် ကရင်သတင်းစဉ်ရုံးခန်းရှိရာ နှစ်ထပ်အဆောက်အဦအတွင်း ၀င်ရောက် ရှာဖွေရာတွင် မှတ်တမ်းဓာတ်ပုံနှင့် ဗွီဒီယိုများ ရိုက်ကူးခဲ့သော်လည်း အဖမ်းအဆီးမရှိဟု သိရသည်။

ဒု-ဥက္ကဋ္ဌ၏ သမီးဖြစ်သူ နန်းဗစ်တိုးရီးယားကို ထိုင်းအာဏာပိုင်များက မေးမြန်းရာတွင် “အဖေမြို့ပေါ်မှာ မနေတာကြာပြီ၊ နယ်စပ်တောထဲမှာနေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း ထိုင်းစစ်တပ်မှ တပ်ဖွဲ့ဝင် (၃) ဦး လာရောက်ခဲ့ပြီး ကရင်သတင်းစဉ်ရုံးခန်းနှင့် ဒု-ဥက္ကဋ္ဌ နေထိုင်ခဲ့ဖူးသည့် အခန်းတို့ကို ဗွီဒီယိုမှတ်တမ်းများ လာရောက်ရိုက်ကူးခဲ့သည်။

မဲဆောက်တွင်နေသည့် ထိုင်းသတင်းစာဆရာတဦးက “ကရင်သတင်းစဉ်က လတ်တလောဖြစ်နေတဲ့ ကရင်စစ်ပြေးဒုက္ခသည် ပြန်ပို့မယ့်ကိစ္စနဲ့ပတ်သက်ပြီး သတင်းတွေ ဆက်တိုက်ရေးနေတဲ့အနေအထားကြောင့် အာဏာပိုင်တွေရဲ့ ဖိအားပေးတာကို ခံရတာလို့ ထင်တယ်” ဟု ပြောသည်။

ယခုဖြစ်ရပ်ကြောင့် အခြားနိုင်ငံရေးအဖွဲ့အစည်းများ၏ အခြေချနေရာများကို ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်နိုင်သည်ဟု နယ်စပ်အရေး စောင့်ကြည့်လေ့လာသူတဦးက ပြောသည်။

ဒုက္ခသည်ရေးရာနှင့်ပါတ်သက်၍ ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ သဘောထားရပ်တည်ချက် ထပ်မံဖေါ်ပြခြင်း

ဒုက္ခသည်ရေးရာနှင့်ပါတ်သက်၍ ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ သဘောထားရပ်တည်ချက် ထပ်မံဖေါ်ပြခြင်း
Microsoft Word - KNU Position on Refugees _Burmese Language

Thursday, February 4, 2010

နော်လွီဇာဘင်ဆင် - ကရင်အမျိုးသားတို့ ရဲ့  ငွေကြယ်တပွင့်






Wednesday, February 3, 2010
ဖေဖေါ်ဝါရီ ၂ ရက်နေ့ မှာ အမေရိကန်နိုင်ငံ ကေအဲန်ယူ ကိုယ်စားလှယ် တစ်ဦးဖြစ်သူ နော်လွီဇာဘင်ဆင် တစ်ယောက်ကွယ်လွန်သွားပြီ ဖြစ်တဲ့ အတွက် knl-japan မှလည်း ဦးညွတ်လျက် အထူးမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
ကရင်တမျိုးသားလုံးနှင့် ကျန်ရစ်သူမိသားစုအတွက် ကြီးမားတဲ့ဆုံးရှုံးနစ်နာမှုကြီးပါ။


ခိုင်မာကျော်ဇော
ဖေဖော်ဝါရီ ၄၊ ၂၀၁၀
မယ်ဗမာတဦးလည်းဖြစ်၊ ရုပ်ရှင်သရုပ်ဆောင်တဦးလည်း၊ မြန်မာပြည်ဒီမိုကရေစီအရေးနဲ့
တိုင်းရင်းသားအရေး အတွက် ကျိုးပမ်းဆောင်ရွက်နေသူလည်းဖြစ်တဲ့
နော်လွီဇာဘင်ဆင်(၆၉)နှစ်ဟာ ဖေဖော်ဝါရီလ(၂)ရက်နေ့ မွန်းလွဲပိုင်းမှာ
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့မှာ ဦးနှောက်ကင်ဆာရောဂါနဲ့
ကွယ်လွန်သွား ပြီဖြစ်ပါတယ်။

ကရင်လူမျိုးတော်တော်များများကတော့ နော်လွီဇာဘင်ဆင်ကို
မယ်ဗမာတဦး၊ ရုပ်ရှင်သရုပ်ဆောင်တဦးဆိုတာ ထက် မြန်မာ့ပြည်ဒီမိုကရေစီအရေးနဲ့
တိုင်းရင်းသားအရေးကို တက်ကြွစွာလှုပ်ရှားနေတဲ့ ခေါင်းဆောင်တဦးလို့ပဲ
အသိများကြပါတယ်။
နော်လွီဇာဘင်ဆင် ကိုယ်တိုင်ကလည်း ကရင်အမျိုးသားတွေရဲ့အရေး၊
တိုင်းရင်းသားတွေရဲ့အရေးနဲ့ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် သူမ
တတ်နိုင်တဲ့ဘက်က လှုပ်ရှားဆောင်ရွက်သွားမယ်လို့ စိတ်ပိုင်းဖြတ်ထားခဲ့သူပါ။
နော်လွီဇာရဲ့ ဘဝကောက်ကြောင်းတွေကို ပြန်ပြောင်းကြည့်ရင် မိဘတွေက ကြွယ်ဝ
ချမ်းကြပါတယ်။ ပေါ်တူဂီနိုင်ငံ သားဖခင်နဲ့ ကရင်လူမျိုး မိခင်က မွေးဖွားလာတဲ့
နော်လွီဇာဟာ ရုပ်ဆင်းအင်္ဂါ ချောမော လှပမောသူပါ။ ၁၉၅၆ ခုနှစ်မှာ
မယ်ဗမာဖြစ်လာပြီး အဲ့ဒီအချိန်ကစလို့ ရုပ်ရှင်လောကထဲကို ရောက်ခဲ့သူလည်း
ဖြစ်ပါတယ်။ ၁၉၅၆-၆ဝ ကာလတွေဟာ နော်လွီဇာ နံမည်ကျော်ခဲ့တဲ့
ကာလတွေပဲလို့ နော်လွီဇာခေတ်ကို မှီခဲ့သူတွေ ပြောကြပါတယ်။
နော်လွီဇာကိုယ်တိုင်ကတော့ နံမည်ကျော် လူသိများတဲ့ ဘဝထက် ရိုးစင်းတဲ့
ဘဝတခုကိုပဲ ပိုင်ဆိုင်ချင်ခဲ့တာပါ။ နိုင်ငံခြားမှာ ဘွဲ့တခုရအောင် ပညာသင်မယ်။
ပညာနဲ့ပဲ အသက်မွေးဝမ်းကြောင်းမယ်ဆိုတဲ့ စိတ်ကူးလည်း နော်လွီဇာမှာ
ရှိခဲ့ဖူးပါတယ်။ ဒီစိတ်ကူးတွေကို နော်လွီဇာ ကျိုးစားပြီး အကောင်အထည်
ဖော်ခဲ့ပါသေးတယ်။ နော်လီဇာဟာ သူမ စိတ်ကူးအတွက် အမေရိကန်ပြည်
ထောင်စု ဘော်စတွန်မြို့မှာ ပညာသင် ကြားခဲ့ပါတယ်။ ဘွဲ့ရလို့ မြန်မာပြည်
ပြန်ရောက် လာတော့ ရုပ်ရှင်လောကထဲကို ခြေဦးမလှည့်တော့ပဲ တက္ကသိုလ်မှာ
နည်းပြဆရာမ အလုပ်ကိုပဲ နော်လွီဇာ လုပ်ခဲ့ပါတယ်။
အေးအေးချမ်းချမ်း၊ ရိုးရိုးစင်းစင်းပဲ ဘဝကို လျှောက်လှမ်းမယ်လို့ စိတ်ကူးရှိပေမယ့်
နော်လွီဇာရဲ့ ဘဝမှာ မထင် မှတ်တဲ့ အလှည့်အပြောင်းတခုနဲ့ ကြုံခဲ့ရပါတယ်။
ဒါကတော့ ကေအဲန်ယူ တပ်မဟာ(၅)က ဗိုလ်မှူးလင်းထင်နဲ့ အကြောင်းပါ
ခဲ့ရာက စခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ နော်လွီဇာဘဝမှာ အလှည့်ပြောင်းတွေ
အများကြီး ဖြစ်ခဲ့ရပါတယ်။
“အဲဒီအချိန်ကစပြီး ကရင့်တော်လှန်ရေးအကြောင်းကို ကျမ ပိုပြီး
သိခဲ့ရတယ်။ ကရင်လူမျိုးတွေ ကြုံတွေ့ခံစားနေရ တာတွေကိုလည်း ကျမ
ပိုပြီး သဘောပေါက်လာတယ်။ ကိုယ့်လူမျိုးတွေ ဒုက္ခဆင်းရဲ ခံစားနေရတာကို
တွေ့ရတော့ ကျမ စိတ်ထဲ မကောင်းဘူး။ ကျမနိုင်သလောက် ကူညီလုပ်ပေးချင်တဲ့
စိတ်တွေ ရင်ထဲမှာ ဖြစ်ပေါ်လာတယ်”
လို့ နော်လွီဇာ ဘင်ဆင်က သူ့ဘဝ အချိုးအကွေ့ တခုက ရလာတဲ့ အမျိုးသားရေး
ချစ်စိတ်ကို ပြန်ပြောင်း ပြောပြဖူးပါတယ်။
ဗိုလ်မှူးလင်းထင် ဆုံးပြီးနောက်မှာ နော်လွီဇာ အမေရိကန်ပြည်ထောင်စုကို
ပြန်ရောက်လာပါတယ်။ ရေစက်မကုန်တော့ ဘော်စတွန်မှာ ကျောင်းတက်တုန်းက
မေတ္တာမျှခဲ့တဲ့ ရည်းစားဦး အမေရိကန်နိုင်ငံသားနဲ့ ပြန်ဆုံတွေ့ပြီး နော်လွီဇာ
နောက် အိမ်ထောင် ထူထောင်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့အချိန်ကစပြီး မြန်မာ့အရေးအတွက်
နော်လွီဇာ ကြိုးပမ်းခဲ့ပါတယ်။ အိမ်ထောင်ဖက်ဖြစ်သူကလည်း နော်လီဇာရဲ့
ခံစားချက်နဲ့ နော်လွီဇာရဲ့ ဆောင်ရွက်မှုတွေကို နားလည်မှု အပြည့်အဝပေးခဲ့
တယ်လို့ နော်လွီဇာက ပြောဖူးပါတယ်။
မြန်မာ့နိုင်ငံရေး၊ မြန်မာပြည်သူတွေနဲ့ မြန်မာဒုက္ခသည်တွေရဲ့ အခြေအနေတွေကို
နိုင်ငံတကာက စိတ်ဝင်တစားရှိ လာဖို့နဲ့ ကူညီဆောင်ရွက်နိုင်ဖို့အတွက်လည်း
အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေမှာ မြန်မာ့အရေး ကြားနာပွဲတွေ
ဖြစ်ပေါ်လာအောင် တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဒီမိုကရေစီခေါင်းဆောင်တွေနဲ့အတူ
နော်လွီဇာ လက်တွဲဆောင်ရွက်ခဲ့ပါ တယ်။

ကေအဲန်ယူရဲ့ အမေရိကန်ပြည်ထောင်စု ကိုယ်စားလှယ်တဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုရဲ့ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ နော်လွီဇာဟာ
တောတွေတောင်တွေထဲက တော်လှန်ရေးနယ်မြေဒေသ ဆွေးနွေးပွဲတွေမှာလည်း
တက်ကြွစွာ ဆွေးနွေးအကြံပေးသူပါ။ အနေအထိုင် ကျစ်လစ်ပြီး၊ စိတ်နေစိတ်ထား
နှိမ့်ချတတ်တဲ့ နော်လွီဇာဘင်ဆင်ဟာ တော်လှန်ရေးရဲဘော်တွေ၊ အမျိုးသမီးတွေနဲ့
လူငယ်တွေကိုလည်း ရင်းနှီးနွေးထွေးစွာ အားပေးပြောဆိုတတ်သူပါ။
နော်လွီဇာခေတ်ကို မှီခဲ့၊ နော်လွီဇာကို ခရေစီဖြစ်ခဲ့ဖူးတဲ့ တိုင်းရင်းသား
ခေါင်းဆောင်တချို့က နော်လွီဇာဘင်ဆင်ကို သူတို့ခေတ်ရဲ့ ကြယ်တပွင့်လို့
တင်စားပြောဆိုကြသလို မျက်မှောက်ခေတ် ကရင်လူမျိုးတွေကလည်း
ကရင်တိုင်းရင်းသား အရေးသာမက မြန်မာပြည်ဒီမိုကရေစီအရေးနဲ့
ဘဝတူ တိုင်းရင်းသားများရဲ့အရေးကို နောက်ဆုံးထွက်သက်အထိ ကျိုးပမ်း
ဆောင်သွားရွက်ခဲ့တဲ့ နော်လွီဇာဘင်ဆင်ကို ကရင်အမျိုးသားတို့ရဲ့ ငွေကြယ်တပွင့်လို့
စူးနစ်စွာယုံကြည်ပြီးတော့ အမြဲသတိတရ ရှိနေဦးတော့မှာပါ။
ဖေဖော်ဝါရီ(၃)ရက်၊ ၂ဝ၁ဝ။
(ဓာတ်ပုံများ - နော်လွီဇာငယ်စဉ်က ပုံ၊ မကွယ်လွန်မီက တွေ့ရစဉ်၊
၂၀၀၈ အယ်လ်အေစာပေဟောပြောပွဲ - မောင်စွမ်းရည်၊ အောင်ဝေးတို့နှင့်အတူ
တွေ့ရစဉ်။ ပေးပို့သူ - ခိုင်မာကျော်ဇော၊ မိုးမခ)

The 61st Anniversary of Karen Revolutionary Day and The 63rd Anniversary of KNU Dayကိုဂျပန်နိုင်ငံတွင်ကျင်းပ


The 61st Anniversary of Karen Revolutionary Day and The 63rd Anniversary of KNU Day ကိုဂျပန်နိုင်ငံတိုကျိုမြို့ komakome တွင်ကျင်းပပြုလုပ်ခဲ့ရာဂျပန်နိုင်ငံတွင်ရှိကရင်အမျိုးသားအရေး
လှုပ်ရှားနေသောကရင်အဖွဲ့အစည်းများ၊ တိုင်းရင်းသားအရေးလှုပ်ရှားနေသော
တိုင်းရင်းသားအဖွဲ့အစည်းများ၊ဒီမိုကရေစီအဖွဲ့အစည်းများတက်ရောက်ကြသည်၊၊
လူဦးရေ၁၀၀ခန့် တက်ရောက်ကြပြီးအခမ်းအနားကိုအောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်၊၊



























KNL-JAPAN ၏ ၃၁-၁-၂၀၁၀ နေ့တွင်လပတ်အစည်းအဝေးနှင့်စာပေသင်ကြားရေး

KNL-JAPAN ၏ ၃၁-၁-၂၀၁၀ နေ့တွင်လပတ်အစည်းအဝေး ၊ စာပေသင်ကြားခြင်း၊
ပြုလုပ်ခဲ့ရာနှင့်ထိုအခမ်းအနားသို့ ( ASAHI SHINBON ) အဆာဟိရှင်းဟွန်း မှ လာရောက်ပြီး
သင်ကြားခြင်းများကိုကြည့်ရှု့ပြီးမေးမြန်းဖြေကြားခြင်းများပြုလုပ်ခဲ့သည်၊၊









အဓမ္မချောဆွဲမှုကြောင့် ရွာသားသုံးဦး ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်

ဖေဖော်ဝါရီလ ၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေခီးဂွင်တွင် အခြေစိုက်လှုပ်ရှားနေသော နအဖ စစ်တပ်သည် ၎င်းတို့တပ်ရိက္ခာပို့ ဆောင်ရန်အတွက် ဒေသခံ ရွာသားများကို ရက်အတန်ကြာ ခေါ်ယူခိုင်းစေနေသည့်အတွက် ပြီးခဲ့တဲ့ရက်အနည်းငယ်က ရွာ သားသုံးဦး ထိုင်းနယ်စပ်သို့ ထွက်ပြေးလာခဲ့သည်။


ဝေါ်လေခီးဂွင်ရှိ ဘုရင့်နောင်တောင်ကုန်းပေါ်တွင် စခန်းချသည့် ဒုဗိုလ်မှူးကြီးကျော်မျိုးလှိုင် ဦးစီးသော နအဖ ခမရ(၄၀၉) တပ် ရင်းသည် ဇန်န၀ါရီလ နောက်ဆုံးအပတ်မှစ၍ ကနဲလေးကျေးရွာမှ ဘုရင့်နောင်တောင်ကုန်းပေါ်သို့ ၎င်းတို့တပ်ရိက္ခာ ပို့ဆောင် ရန်အတွက် ရွာသားများကို ခေါ်ယူခိုင်းစေရာတွင် ဆဲဆိုကြိမ်းမောင်းကာ အစာလုံလောက်စွာ မကျွေးသည့်အတွက်ကြောင့် ထွက်ပြေးလာရခြင်းဖြစ်သည်ဟု ဝေါ်လေဂွင်၊ မောဖိုးကလိုးရွာသား စောဆာထဲက ပြောသည်။



၎င်းက “ကနဲလေးရွာကနေ ဘုရင့်နောင်ကုန်းအထိ ကျနော်တို့ ဆန်သွားထမ်းပေးရတယ်။ ကျနော်တို့ သွားတဲ့အခေါက်မှာ လူ အယောက် ၅၀ကျော်ပါတယ်။ တပတ်တခါ ပုံမှန် သွားထမ်းရတယ်။ ဆန်တအိတ်လုံးကို ထမ်းရတော့ ၂ခေါက်လောက် ထမ်းရ ရင် မိုးချုပ်ပြီ။ တောင်တက်နှေးရင် ကျနော်တို့ကို ဆဲဆိုကြိမ်းမောင်းတယ်။ ထမင်းလည်း ၀အောင် မကျွေးဘဲ တပတ်လုံးလုံး ထမ်းရတော့ မခံနိုင်ဘူးလေ။ ဒါကြောင့် ထွက်ပြေးရင် အကောင်းဆုံးပဲလို့ ဆုံးဖြတ်လိုက်တယ်”ဟု ပြောသည်။


ယင်းသို့ ထွက်ပြေးလာသူ မောဖိုးကလို့ရွာသားများမှာ စောဆာထဲ ၂၀နှစ်၊ စောယုလား ၁၈နှစ်၊ စောနာသူ ၁၈နှစ်တို့ဖြစ်ကြပြီး ထိုသို့ ရွာသားများခေါ်ယူခိုင်းစေရာတွင် အမျိုးသမီးများ ထက်ဝက်ခန့်ပါရှိသည်ဟု သိရသည်။

အဆိုပါဒေသတွင် နအဖ စစ်တပ်သာမက ဒီကေဘီအေတပ်ဖွဲ့များပါ ရွာသူရွာသားများကို အဓမ္မခိုင်းစေနေခြင်းဖြစ်သည်ဟု ပြီး ခဲ့သည့် လအနည်းငယ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း(၂၀၁)ထံ လာ ရောက်ပူးပေါင်းခဲ့သူ စောနော်တယာ ဦးစီးသော ဒီကေဘီအေ (၉၀၇)တပ်ရင်းမှ တပ်သား စောမောင်ဘီက ပြောသည်။


“ကျနော် ဒီကေဘီအေမှာ နေတုန်းကဆို ရွာသားတွေကို ပေါ်တာခေါ်တာတို့၊ လုပ်အားပေးခေါ်တာတို့ကို ဒီကေဘီအေလည်း နအဖလို ခိုင်းတာပဲ။ ရွာသားတွေကတော့ ကိုယ့်အလုပ်ကို မလုပ်အားတော့ပေါ့။ ယောက်ျားမသွားနိုင်ရင် မိန်းမ သွားပေးရ တယ်။ အချို့မိန်းမတွေဆို ထမ်းရတဲ့ဆန်အိတ်က လေးနေတော့ ငိုတဲ့သူလည်း ရှိတယ်”ဟု ဆို သည်။

၂၀၀၉-၁၀ခုနှစ်အတွင်း ကရင်ပြည်နယ်တွင် လှုပ်ရှားနေသော နအဖစစ်တပ်များသည် စစ်ရိက္ခာသယ်ယူပို့ဆောင်ရန်အတွက် ကရင်ပြည်သူများကို ပေါ်တာခေါ်ရာတွင် အမျိုးသမီးများကို ပိုအသုံးပြုလာသည်ဟု သိရသည်။

ကေအဲန်ယူ တပ်မဟာ (၆)နယ်မြေ ဝေါ်လေခီးဂွင်တွင် နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၈)လက်အောက်ခံ ခမရ(၄၀၉) တပ်ရင်းနှင့် ဒီကေဘီအေ တပ်မဟာ(၅)လက်အောက်ခံ (၉၀၇)တပ်ရင်းနှင့် ကေအဲန်အယ်လ်အေ (၂၀၁)တပ်ရင်းတို့ လှုပ်ရှား လျှက်ရှိသည်။

Last Updated ( Tuesday, 02 February 2010 05:53 )

February 1 -2010 Karen Information

February 1 -2010 Karen Information
February-1-2010

GAB’s Letters and Statement

GAB’s Letters and Statement
GAB's Letters and Statement

KWO Appeal Letter to Thai Government Karen Version

KWO Appeal Letter to Thai Government Karen Version


KWO Appeal Letter to Thai Government Karen Version

Bul-No06January-10NDF

Bul-No06January-10NDF
Bul-No06January-10NDF

Tuesday, February 2, 2010

ဖဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆု စောညွန့်ဝင်းရရှိ

Monday, 01 February 2010 19:54 ကိုထွေး
ဗြိတိန်နိုင်ငံ အခြေစိုက် ဖန်းဖောင်ဒေးရှင်းက ၂၀၀၉ ခုနှစ်အတွက် “ဖဒိုမန်းရှာလားဖန်း လူငယ့် ခေါင်းဆောင်ဆု” ကို ကရင် တိုင်းရင်းသား စောညွန့်ဝင်းကို ချီးမြှင့်ကြောင်း ယမန်နေ့က ကြေညာလိုက်သည်။

အသက် ၃၂ နှစ်အရွယ်ရှိ စောညွန့်ဝင်းသည် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှ လူထု အခြေပြု ကျန်းမာရေး လုပ်သား တဦးဖြစ်ပြီး ပဋိပက္ခဖြစ်ပွားရာ ကရင်ပြည်နယ်အတွင်း ဒေသခံများကို စွမ်းစွမ်းတမံ ကူညီခဲ့သောကြောင့် ယခုကဲ့သို့ ချီးမြှင့် ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

စောညွန့်ဝင်းသည် အသက် ၁၂နှစ်မှ စတင်၍ ဒေသခံ လူကြီးများနှင့်အတူ ပူးပေါင်း၍ ပြဿနာများကို အတူ ကူညီဖြေရှင်းခဲ့ပြီး နာမကျန်းဖြစ်နေသူများကို တက်စွမ်းသရွေ့ အကူအညီပေးခြင်း၊ ဆေးခန်း တည်ဆောက်ပေးခြင်း၊ လူနာများအတွက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးပေးခြင်းများကြောင့် ယခုကဲ့သို့ ဆုချီးမြှင့်ခြင်းဖြစ်ကြောင်း ဖန်းဖောင်ဒေးရှင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖန်းဖောင်ဒေးရှင်း တည်ထောင်သူ ဇိုယာဖန်းက“စောညွန့်ဝင်းက တကယ်ကို အားကျဖို့ ကောင်းပါတယ်၊ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ခံယူချက်တွေက ခက်ခဲတဲ့ အခြေအနေမှာတောင် ဘာမဆို ဆောင်ရွက်နိုင်စွမ်းရှိပါတယ်” ဟုေ ပြာသည်။

ထိုင်းအခြေစိုက် ကရင် သတင်းစဉ် (KIC) ကလည်း ဆုရသူ စောညွန့်ဝင်းကို ချီးကျူးလိုက်သည်။

“သူ့လူမျိုးတွေကို ချစ်တာကလွဲရင် သူမှာ ဘာတခုမှ မပိုင်ဆိုင်ပါဘူး” ဟု KIC က ဆိုသည်။

အမေရိကန်ဒေါ်လာ ၂၀၀၀ တန်ကြေးရှိသည့် “ဖဒိုမန်းရှာလားဖန်း လူငယ့်ခေါင်းဆောင်ဆု” ကို ဖန်းဖောင်ဒေးရှင်းက ၂၀၀၈ ခုနှစ်တွင် စတင် ပေးအပ်ခြင်းဖြစ်သည်။

ဖန်းဖောင်ဒေးရှင်းကို ၂၀၀၈ ခုနှစ်တွင် ထိုင်းမြန်မာ နယ်စပ်တွင် လုပ်ကြံခံရသူ ကရင် အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ၏ မိသားစုများက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ကရင်မျိုးဆက်သစ် လူငယ်များထဲမှ ဒေသတွင်း ခေါင်းဆောင်မှုပြုနိုင်သူ၊ ဆင်းရဲမှု ပပျောက်ရေး အတွက် ဆောင်ရွက်နိုင်သူ၊ ပညာရေး အစီအစဉ် မြှင့်တင်ပေးနိုင်သူ၊ ဖွံ့ဖြိုးရေး အစီအစဉ်များ မြှင့်တင် ပေးနိုင်သူနှင့် ကရင် ယဉ်ကျေးမှုကို ထိန်းသိမ်း ဆောင်ရွက်နိုင်သူများကို ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

“အဖေက လူငယ်တွေကို လူထု အခြေပြုလုပ်ငန်းတွေမှာ ဦးဆောင်ဖို့ ခေါင်းဆောင်ကောင်း ဖြစ်ဖို့ အမြဲ အားပေးတယ်၊ ဒီလို လူမသိသူမသိ သူရဲကောင်းတွေကို အသိအမှတ်ပြုရတာကို ကျမ ကျေနပ်ပါတယ်”ဟု ဇိုယာဖန်းက ဆိုသည်။

နှစ် ၆၀ ပြည့် ကရင်တော်လှန်ရေးနေ့တွင် ဖန်းဖောင်ဒေးရှင်း၏ ပထမဆုံးသော ဆုကို ချီးမြှင့်ခဲ့ရာ နယ်စပ်ဒေသတွင် ကရင်တိုင်းရင်းသားများ အသိဥာဏ်မြင့်မားအောင် စွမ်းဆောင် ပေးနိုင်ခဲ့သည့် မျိုးဆက်သစ် လူငယ်တဦး ဖြစ်သော နော်ဖောကဘလာထူး က ဆွတ်ခူးရရှိခဲ့သည်။

Forced to accept by Kwekalu Karen News

2010 January 31

Burmese+Solider+Kill+Karen+Villagers+and+Burn+Down+Villages FBR

Burmese+Solider+Kill+Karen+Villagers+and+Burn+Down+Villages FBR

2009 Padoh Mahn Sha Young Leader Award Goes To Saw Nyunt Win

Media Release From the Phan Foundation


For Immediate Release 31st January 2010

2009 Padoh Mahn Sha Young Leader Award Goes To Saw Nyunt Win

The Phan Foundation is pleased to announce that the 2009 Padoh Mahn Sha Young Leader Award has been given to Saw Nyunt Win, a community health worker in Mutraw District, Karen State. He was nominated by the Karen Information Centre.

The Padoh Mahn Sha Young Leader Award is given annually by the Phan Foundation in memory of Padoh Mahn Sha Lah Phan, former General Secretary of the Karen National Union, who was assassinated by agents of Burma’s military dictatorship on 14th February 2008. Padoh Mahn Sha always encouraged and supported young people to help their people overcome oppression and poverty. The award comes with a $2,000 grant for the winner to continue their work.

32 year old Saw Nyunt Win began helping sick people in his village when he was just 12 years old. For 20 years he has worked to help his people. His commitment and enthusiasm is an inspiration to his people. He finds practical solutions to problems, working constructively with local communities and leaders, including building a local hospital. He even grows vegetables for his patients. He is a role model for young people, never tiring in his efforts to improve the situation of his people.

In nominating him, Karen Information Centre described how “He has no property and has nothing but the love of his people.”

“The Phan Foundation is pleased to be able to give the Padoh Mahn Sha Young Leader Award to Saw Nyunt Win,” said Zoya Phan, founder and Director of the Phan Foundation. “He is an inspiration, and shows that even in the most difficult situation much can be done if you have determination and commitment.”

“We had many nominations for this award and many people deserved to win, but sadly only one can. It is very encouraging to see there are many young leaders who are really working hard for our people and our country. This is indeed a great promise for the future in our struggle for the development and freedom for our people. My father always encouraged young people to take the lead in community work and to become good leaders. I am pleased that we have been able to give recognition to one of these unknown heroes”

You can donate to the Phan Foundation online at:
http://phanfoundation.org/index.php

Unsafe Return- Threats to Human Rights and Security for Refugees Leaving Tha Song Yang District

Unsafe Return- Threats to Human Rights and Security for Refugees Leaving Tha Song Yang District
Unsafe Return- Threats to Human Rights and Security for Refugees Leaving Tha Song Yang District