Friday, July 6, 2012

တနိင်ငံထဲ နိင်ငံသားအဆင့်အတန်း နှစ်မျိုး ဖြစ်လာရခြင်း



အပြစ်ရပ်ဒေသအတွင်းမှာရှိတဲ့ ကရင်တိုင်းရင်းသားတွေ မှတ်ပုံတင်အ၀ါရောင်တွေကိုထုတ်ပေးနေပါတယ်။ နိင်ငံတခုထည်းမှာ မှတ်ပုံတင် နှစ်မျိုးဖြစ်နေတာမကောင်းပါ။ လူလူခြင်းခွဲခြားဆက်ဆံနေခြင်းဖြစ်ပါတယ်။ အခြေခံဥပဒေထဲမှာ လဲ မှတ်ပုံတင်နှစ်ရောင်ရှိရမယ်လို့ မသတ်မှတ်ထားပါ။ 


တိုင်းရင်းသားများကို လူလို့  မသတ်မှတ်တဲ့သဘောဖြစ်နေပါတယ်။  လူမျိုးခြင်းခွဲခြားလိုက်တဲ့သဘောပဲနိင်ငံသားအဆင့်ကိုတဆင့်နိမ့်ထားတဲ့သဘြော့ဖစ်ပါတယ်။  ဗမာ လူမျိုးများက တိုင်းရင်းသားများကိုခွဲခြားဆက်ဆံနေတဲ့သဘောဖြစ်ပါတယ်။ သမိုင်းအထောက်အထားများအရ ပဲဖြစ်ဖြစ်၊ မနုသဗေဒ အထောက်အထားများအရပဲဖြစ်ဖြစ် နှစ်သန်းပေါင်းများစွာကတည်းက မြန်မာ နိင်ငံအတွင်းသို့ 

အခြေချနေထိုင်ခဲ့သူများမှာ တိုင်းရင်းသားများ သာဖြစ်တယ်။ ဗမာလူမျိုးများက နောက်ဆုံးမှ

ဝင်ရောက်လာသူများဖြစ်ပါတယ်။ 


 ထိုဗမာလူမျိုးများက တိုင်းရင်းသားများအား ဖိနိပ်ခွဲခြားဆက်ဆံခြင်း၊ ဂုတ်သွေးစုတ်ခြင်းများကို

နှစ်ပေါင်းထောင်နဲ့ ချီပြီး ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။  အခုလဲ မှတ်ပုံတင်ကို အရောင်နှစ်မျိုးသတ်မှတ်လိုက်ခြင်းဟာတိုင်းရင်းသားများ မှာ နိင်ငံသားဖြစ်ခွင့်မရှိတော့ဘူးဆိုတာကို ပြသနေတာဖြစ်ပါတယ်။ လူအခွင့်အရေးကို အကြီးမားဆုံး ချိုးဖေါက်လိုက်မှုဖြစ်ပါတယ်။

 

အုန်းဖျန်ဒုက္ခသည်စခန်းတွင် ငှက်ဖျားပိုးကူးစက်မှု အဆမတန် များပြားလာ

ဇူလိုင်လ ၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)


ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရခရိုင်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် ယခုနှစ်အတွင်း ငှက်ဖျားရောဂါပိုးရှိသူ ၁၀၀ကျော်ရှိပြီး ယခင်နှစ် ထက် အဆမတန် ပိုမိုများပြားလာနေသည်ဟု အုန်းဖျန်စခန်းမှ ကျန်းမာရေးတာဝန်ခံ စောဒွဲ့က ပြောသည်။


“အရင်နှစ်(၂၀၁၁)ကဆိုရင် ဇန်န၀ါရီလကနေ ဇူလိုင်အထိ အယောက် ၃၀လောက်ပဲရှိတယ်။ အခုနှစ်တော့ ဇန်န၀ါရီလကနေ အခု ဇူလိုင် လအထိဆိုရင် ၁၅၂ယောက်ရှိနေပြီ။”ဟု သူက ပြောသည်။

ငှက်ဖျားပိုး ကူးစက်ခံရသူများထဲတွင် အသက် ၅အောက် ကလေး ၁၀ဦးနှင့် အသက် ငါးနှစ်မှ နှစ်ငါးဆယ်ကြားအရွယ် လူနာ ၁၄၂ဦးရှိ သည်ဟု သူက ဆက်ရှင်းပြသည်။

လက်ရှိ ငှက်ဖျားရောဂါပိုး ရှိသူများသည် အများအားဖြင့် စခန်းပြင်ထွက်၍ ထိုင်းတောင်ပေါ်ရွာများတွင် ကျဘမ်းနေ့စားအလုပ်လုပ်ကြသူ များဖြစ်ကြပြီး ယခင်လ ဇွန်လအတွင်းမှာပင် ငှက်ဖျားပိုးကူးစက်ခံရသူ ၇၀ကျော်ရှိကာ အသက် ၃၃နှစ်အရွယ် ဒုက္ခသည်အမျိုးသားတစ်ဦး မှာ သေဆုံးခဲ့သည်ဟု သိရသည်။

အုန်းဖျန်စခန်းအတွင်း ယင်းသို့ ငှက်ဖျားပိုးဖြစ်ပွားသူ များပြားလာခြင်းသည် အတွေ့အကြုံရှိသည့် ၀ါရင့်ကျန်းမာရေးလုပ်သားဟောင်း များက တတိယနိုင်ငံသို့ ထွက်သွားကြပြီး အသစ်ဝင်ရောက်လာသည့် ကျန်းမာရေးဝန်ထမ်းသစ်များက ပညာပေးမှု၊ တတ်ကျွမ်းမှုနည်း သေးသောကြောင့် ဖြစ်သည်ဟု စောဒွဲ့က ဖြည့်စွက်ပြောသည်။

ယင်းကဲ့သို့ ငှက်ဖျားပိုးကူးစက်ခံရသူ များလာသည့်အပေါ် စခန်းအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများက ပညာပေးမှုများ ဆက်လက် လုပ် ဆောင်သွားမည် ဖြစ်သလို စခန်းအတွင်း ကားဖြင့်လှည့်လည်၍ ပြောကြားသွားရန် စီစဉ်ထားသည်ဟု စခန်းတာဝန်ရှိသူများကပြောသည်။

လူဦးရေ ၂၅,၀၀၀ (နှစ်သောင်းငါးထောင်)ကျော် နေထိုင်သည့် အုန်းဖျန်ဒုက္ခသည်စခန်း၌ လက်ရှိအချိန်တွင် ငှက်ဖျားပိုး ကူးစက်ခံရသူနှင့် ရိုးရိုးငှက်ဖျားဖြစ်ပွားသူပေါင်း ထောင်ဂဏန်းအထိ ရှိသော်လည်း ယခု ရာသီအတွင်း ဖြစ်ပွားတတ်သည့် တုပ်ကွေး၊ ၀မ်းလျှော၊ နှာစေး၊ ချောင်းဆိုး၊ ကိုယ်ပူရောဂါဖြစ်ပွားသူ အနည်းအကျဉ်းသာ ရှိသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ်းဟင်၊ ဘန့်ဒုံယမ်း စသည့် ကရင်ဒုက္ခသည်စခန်း ၇ခုရှိသည့်အနက် အုန်းဖျန်မှလွဲ၍ ကျန်ဒုက္ခသည်စခန်းများတွင် ငှက်ဖျားပိုးကူးစက်ခံရသူ မရှိသလောက်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Monday, July 2, 2012

OKRSO နှစ်(၂၀)မြောက်အခမ်းအနားကျင်းပပြီးစီးခြင်း

OKRSO နှစ် (၂၀)မြောက်အခမ်းအနားကို ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ဇွန်လ (၂၄)ရက်နေ့ တွင် Student Christian Center (SCC) တွင်မွန်းလွဲ ၁း၀၀နာရီမှညနေ ၄း၃၀ ထိ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

OKRSO နှစ် (၂၀)မြောက်အခမ်းအနားကိုဖိတ်ကြားထားသောဧည့်ပရိတ်သတ်များနှင့်မျိုးချစ်ကရင်လူငယ် (၂၀၀)ကျော်တက်ရောက်အားပေးခဲ့ပါသည်။

အခမ်းအနားမှာ အခမ်းအနားမှူး အဖြစ် စောလှစိန်နှင့်နန်းဇီဇ၀ါသိန်းတို့ မှတာဝန်ယူပြီး အခမ်းအနားအစီအစဉ်အရ ဦးစွာပထမ ကရင့်အမျိုးသားအလံတော်ကို အလေးပြုခြင်း၊ OKRSO ဥက္ကဌ မန်းလှသိန်းမှ နှစ်(၂၀)မြောက် အခမ်းအနား မိန့် ခွန်းပြောကြားခြင်း၊ကရင်အမျိုးသားအစည်းအရုံးမှဧည့်သည်တော် ပဒိုအာတိုးမှဂုဏ်ပြုမိန့် ခွန်းပြောကြားခြင်း၊
TACDB မှဆရာဦးမြင့်ဝေက ကြွရောက်လာသော ကရင်လူငယ်များအား သြ၀ါဒမိန့် ခွန်းပြောကြားခြင်းနှင့် ဘန်ကောက်ရွှေ့ ပြောင်းအလုပ်သမားဆိုင်ရာအဖွဲ့ (MWG)ဆရာစောခူးက ဂုဏ်ပြု အမှတ်တရစကားပြောကြားခြင်းတို့ ဖြစ်သည်။

အဲဒီနောက်မှာ..နှစ်(၂၀)မြောက်အခမ်းအနားအတွက် အဖွဲ့ အစည်းအသီးသီးမှ ပေးပို့ လာသော သ၀ဏ်လွှာများကိုဖတ်ကြားခြင်းဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံးမှ ပေးပို့ လာသောသ၀ဏ်လွှာကို ပဒိုစောလှထွန်းမှ ဖတ်ကြားသွားပြီး OKRSO နှစ်(၂၀)မြောက်အခမ်းအနားစာတမ်းကိုတော့ ဆရာမ နန်းဖေါင်အွာမှ အသီးသီးဖတ်ကြားသွားခဲ့သည်။

နှစ်(၂၀)အတွင်း OKRSO အဖွဲ့ ရဲ့ လှုပ်ရှားမှုများကို ဦးဖေသန်းနှင့်ဆရာ စရှိုင်းတို့ မှကြွရောက်လာသော ကရင်လူငယ်မောင်မယ်များအတွက် စုံလင်စွာ ဆက်လက်တင်ပြခဲ့ပါသည်။

နှစ် (၂၀)အခမ်းအနား မိန့် ခွန်းပြောကြားခြင်းနှင့် သ၀ဏ်လွှာအသီးသီးဖတ်ကြားပြီးသွားသည့်နောက်မှာတော့ နှစ်(၂၀)အတွင်း အဖွဲ့ ဝင်အသီးသီးတို့ ရဲ့ လှုပ်ရှားမှု ထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။


လူမှုရေးထူးချွန်ဆု...စောလာပုံးအွာ

သတင်းနှင့်ပြန်ကြားရေးထူးချွန်ဆု ....မန်းမျိုးမြင့်

စာပေနှင့်ယဉ်ကျေးမှု ထူးချွန်ဆု...စောဘီးဘီ၊နန်းမူးဟိလာ၊နန်းမူးနိုင်း၊နန်းယှူးခလိန်းဖေါင်

ပညာရေးထူးချွန်ဆု...နန်းမြင့်အောင်၊နန်းအေးအေးသန့် ၊နန်အေးသန္တာ

ကျန်းမာရေးပညာပေးထူးချွန်ဆု...နန်းဖေါင်အွာ၊နန်းသူဇာလွင်


စေတနာ့ဝန်ထမ်း ထူးချွန်ဆု...Mr.Richard

ကနေဒါမှ အလှူရှင်..ကိုထွန်းနေရှင် အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။


ဂုဏ်ပြုဆုများကိုပေးအပ်ချီးမြှင့်သည့်နောက်မှာတော့ နာယက မန်းစိပ်ပလောင်မှ ကျေးဇူးတင်စကားပြောကြားပြီး အပိတ်မိန့် ခွန်းကို မန်းမျိုးမြင့်မှ ပြောကြားခဲ့ပါသည်......


အဲဒီနောက်မှာတော့ OKRSO နှစ်(၂၀)မြောက် အခမ်းအနားအတွက်ဖျော်ဖြေရေးအစီအစဉ်ကို စောဘီးဘီမှ အခမ်းအနားမှူးအဖြစ်ဆက်လက်တင်ပြခဲ့ပြီး...



OKRSO Sunday School ကျောင်းသူ၊ကျောင်းသားများဒုံးအဖွဲ့ 

စောမူလာဖေါင် ကရင်လူငယ်ဒုံးအဖွဲ့ 

OKCG ကရင်လူငယ်အဖွဲ့ မှ အဖွဲ့ လိုက်သီချင်း

KUSG မှကျောင်းသူမလေး နော်စကီတာဝင်း တကိုယ်တော်သီချင်း

စောမူလာဖေါင် ကရင်စောင်းတူရိယာ တီးခတ်သီဆိုမှု

စောမူလျာ.ဖေါင်မှ ကရင်ပြည်ကိုလာလည်ပါ တေးသရုပ်ဖော် တင်ဆက်မှု

ဒုံရင်း ကရင်လူငယ် အဖွဲ့ လိုက်သီချင်း

SNG ကရင်လူငယ် အဖွဲ့ လိုက်သီချင်းများ


အခမ်းအနားပိတ်ပွဲအနေနှင့် စည်းလုံးခြင်းလို့ အမည်ရတဲ့ အောဟူ့ အောဟောင်သီချင်းဖြင့်အခမ်းအနား
ကိုအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

O.K.R.S.O နှစ်(၂၀)မြောက် အခမ်းအနားလှုပ်ရှားမှု မှတ်တမ်းများ
ကိုအောက်မှဆက်လက်ကြည့်ရှုနိုင်ပါသည်။






OKRSO ဥက္ကဠ မန်းလှသိန်းမှ အဖွင့် မိန့် ခွန်းပြောကြားခြင်း



ကရင်အမျိုးသားအစည်းအရုံးမှ ပဒိုအားတိုး မိန့် ခွန်းပြောကြားခြင်း



TACDB မှ ဆရာဦးမြင့်ဝေ မိန့် ခွန်းပြောကြားခြင်း



နာယက မန်းဆိင့်ပြင်မှ ကျေးဇူးတင်စကားပြောကြားခြင်း



နာယက မန်းဆိင့်ပြင်မှ TACDB ဆရာဦးမြင့်ဝေကို ဂုဏ်ပြုလက်ဆောင် ပေးအပ်ခြင်း



နာယက မန်းဆိင့်ပြင်မှသတင်းနှင့်ပြန်ကြားရေး ထူးချွန်ဆု ဂုဏ်ပြုလက်ဆောင် ပေးအပ်ခြင်း




OKRSO ဥက္ကဠ မန်းလှသိန်းမှ ကျန်းမာရေးလှုပ်ရှားမှုအသိပညာပေးထူးချွန်ဆုကို ဆရာမနန်းဖေါင်အွာအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း



OKRSO ဥက္ကဠ မန်းလှသိန်းမှ ကျန်းမာရေးလှုပ်ရှားမှုအသိပညာပေးထူးချွန်ဆုကို ဆရာမနန်းသူဇာလွင်အား (ကိုယ်စားနန်းဇာနည်မြင့်) ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း



ကရင်အမျိုးသားအစည်းအရုံးမှပဒိုစောလှထွန်းမှ ပညာရေးလှုပ်ရှားမှုထူးချွန်ဆု နန်းမြင့်အောင်အားပေးအပ်ခြင်း



အဖွဲ့ ဝင်ဟောင်းဦးမြင့်စိုးမှ စာပေနှင့်ယဉ်ကျေးမှုလှုပ်ရှားမှုထူးချွန်ဆု စောဘီးဘီအားပေးအပ်ခြင်း



ဆရာစရှိုင်းမှ စေတနာ့ဝန်ထမ်းဆရာ Mr.Richard အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း



OKRSO ဥက္ကဠ မန်းလှသိန်းမှ ကနေဒါမှခေတ္တခဏပြန်လာသော အလှူရှင် ကိုထွန်းနေရှင်အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း





ကရင်စောင်းတူရိယာဖြင့် စ၀်မူလျာ.ဖါန်(မုက္ကဒိ)မှဖျော်ဖြေတင်ဆက်ခြင်း



KUSG ကျောင်းသူမလေး နော်စကီတာဝင်းမှ ပိုးကရင်သီချင်းဖြင့်ဖျော်ဖြေတင်ဆက်ခြင်း








KKO/DKBA မှ တာအူထရွာတွင် ဆေးပေးခန်းပွင့်ပွဲကျင်းပပြီးစီး






ဓါတ်ပုံ - KKO


ကေအန်ယူနှင့် အစိုးရ တပ်နေရာချထားရေးကိစ္စ ဆွေးနွေးမည်

26 June 2012 

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး ထိပ်ပိုင်းခေါင်းဆောင်တွေ ဒီလ မကုန်ခင် ထပ်မံတွေ့ဆုံပြီး တပ်နေရာချထားရေးကိစ္စ ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။
ကေအန်ယူ ဒုတိယဥက္ကဋ္ဌ စောဒေးဗစ်သာကပေါကို မေးမြန်းရာမှာ အလွတ်သဘော တွေ့ဆုံနိုင်ဖွယ်ရှိပြီး တရားဝင်တွေ့ဆုံမှုကတော့ လာမယ့် လအတွင်းမှာမှ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ပြောပါတယ်။
နှစ်ဖက်သတင်းရပ်ကွက်တခု အဆိုအရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ အဖွဲ့ဟာ ၂၆ ရက်နေ့မှာ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေနဲ့ အလွတ်သဘော တွေ့ဆုံနိုင်သလို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် အပါအ၀င် ထိုင်း-မြန်မာနယ်စပ် အခြေပြု တခြားအဖွဲ့တွေနဲ့လည်း တွေ့ဆုံဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။
ကေအန်ယူ တွဲဖက် အတွင်းရေးမှူး ၁ ဗိုလ်မှူး စောလှငွေက တွေ့ဖို့ရှိပေမယ့် ဘယ်တော့လာမယ်၊ ဘယ်မှာတွေ့မယ်၊ ဘယ်သူနဲ့တွေ့မယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။
တကယ်လို့ တွေ့ဖြစ်တဲ့အခါ ဆွေးနွေးမယ့် အကြောင်းအရာနဲ့ပတ်သက်ပြီး ဗိုလ်မှူး စောလှငွေက “ဟိုတခါ သွားတုန်းက ကျနော်တို့ ၂ ဖက် တပ်တွေနဲ့ ပတ်သက်ပြီး ၂ ဖက်တပ်တွေကတော့ လိုက်နာရမယ့် တပ်တွေ အဲဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမယ်လို့ ထင်တာပဲ။ နှစ်ဖက်တပ်တွေ တဖက်နဲ့ တဖက်၊ သွားလာတုန်း အထိအခိုက် မဖြစ်ရအောင် နှစ်ဖက်တပ်ရဲ့ နေရာတည်ရှိမှု သတ်မှတ်ချက်တွေ လုပ်ဖို့ကိစ္စတွေလည်း ရှိတယ်။”
အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် နှစ်ပေါင်း ၅၀ ကျော်  လက်နက်ကိုင် တိုက်ခိုက်လာတဲ့ ကရင်အမျိုးသားအစည်းအရုံးဟာ လက်ရှိအစိုးရ လက်ထက်မှာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ပြီး တိုက်ပွဲတွေ ရပ်နေပါတယ်။ ကရင်ပြည်နယ်တွင်း ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း သင်တန်းလို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတချို့မှာ အစိုးရဘက်နဲ့ အစပျိုး ပူးတွဲဆောင်ရွက်နေပါတယ်