Saturday, June 11, 2011

နေပြည်တော် အနီး ပေါက်ကွဲခဲ့တဲ့ ရထားဗုံးပေါက်ကွဲမှုမှာ မပတ်သက်ကြောင်း KNU ငြင်းဆို

မကြာသေးခင်က နေပြည်တော် မီးရထား ဘူတာတခု အနီးမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုဟာ ကေအန်ယူ ကရင် အမျိုးသား အစည်းအရုံး အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ်ဆိုတဲ့ မနေ့ကထုတ် မြန်မာ့ အလင်း သတင်းစာပါ စွပ်စွဲချက်ဟာ မဟုတ်မှန်ကြောင်း ကေအန်ယူက ငြင်းဆိုလိုက်ပါတယ်။


ကေအန်ယူ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စောလှငွေ
ဒီစွပ်စွဲမှုဟာ ထိုင်းနိုင်ငံက အဆင့်မြင့် စစ်ဘက် ကိုယ်စားလှယ် အဖွဲ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ တိုက်ဆိုင်ပြီး ကေအန်ယူ အဖွဲ့ အပေါ် ထင်ယောင် ထင်မှား ဖြစ်အောင် လုပ်ဆောင်ချက် ဖြစ်တယ်လို့ ကေအန်ယူ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စောလှငွေက ပြောပါတယ်။

င်္ဒီကိစ္စဟာ လုပ်ကြံ ဖန်တီးမှုတခုသာ ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံက ရေတပ်ဖက်ဆိုင်ရာ စစ်ဦးစီးချုပ်တွေ လာရောက်ချိန်၊ ကြည်းတပ်က သွားရောက်တော့မဲ့ အချိန်မျိုးမှာ KNU ကို နိုင်ငံတကာမှာရော ထိုင်းနိုင်ငံမှာပါ အကြမ်းဖက်တွေ အနေနဲ့ မြင်လာအောင် အချိန်ကိုက် လုပ်ဆောင်ချက်သာဖြစ်ကြောင်း ပြောဆိုပါတယ်။

အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန် နေပြည်တော်မှာ ရောက်ရှိနေစဉ် ပေါ်ပေါက်ခဲ့တဲ့ အဲဒိဗုံးကွဲမှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

အဲဒိ ပေါက်ကွဲမှုနဲ့ ပါတ်သက်လို့ သံသယ ရှိသူ ကေအန်ယူအဖွဲ့ဝင် တဦးကိုလည်း ဖမ်းဆီး ထားတယ်လို့ မြန်မာ့အလင်း သတင်းစာက ဖော်ပြ ပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေ အတွင်း ရန်ကုန်မြို့ အပါအ၀င် မြန်မာ နိုင်ငံ တ၀ှမ်းမှာ ဗုံးပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး၊ ပေါက်ကွဲမှုတိုင်းကို ကေအန်ယူနဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ ပြည်ပ အခြေစိုက် ဒီမိုကရေစီ လှုပ်ရှားနေတဲ့ အဖွဲ့အစည်း တွေရဲ့ လက်ချက် ဖြစ်ကြောင်း မြန်မာ့ အလင်း၊ ကြေးမုံ စတဲ့ အစိုးရထုတ် သတင်းစာ တွေကနေ ရေးသား ဖော်ပြ လေ့ရှိပါတယ်။

မြိုင်ကြီးငူတိုက်ပွဲနဲ့ သူတို့အမြင် (ရုပ်သံ)

ကရင်တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ ပြန်လည် ပူးပေါင်းပြီး ဒီကေဘီအေ ဌာနချုပ်ရှိရာ မြိုင်ကြီးငူကို ပြန်လည် သိမ်းပိုက်လိုက်တဲ့ လုပ်ရပ်အပေါ် KNU, DKBA, BGF, ABSDF နဲ့ စစ်အစိုးရ ထောက်လှမ်းရေး အရာရှိဟောင်း တို့ရဲ့ အမြင်တွေကို စုစည်း တင်ပြ ထားပါတယ်။

ကရင်လူထုက ဒေါ်စုကို အပြည့်အဝ ထောက်ခံတယ်

Friday, June 10, 2011

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇွန်လ ၁၀ ရက် ၂၀၁၁ ခုနှစ်

(KNU ဒုဥက္ကဌ ပဒို ဒေးဗစ်သာကပေါနှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် ကိုယ်ပိုင်ပြဌာန်းရေးအတွက် လက်နက်ဆွဲကိုင် တိုက်ပွဲဝင်လာခဲ့သည်မှာ ၆၄ နှစ် ရှိပြီဖြစ်သည်။ တဘက်ကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှသည် ဦးသိန်းစိန် အစိုးရအဖြစ် နေပြည်တော်တွင် ပြောင်းလဲသွားခဲ့ချိန်လည်း ဖြစ်သည်။

မြန်မာနိုင်ငံ အရှေ့ဘက်နယ်စပ်ဒေသတွင် သေနတ်သံများက မစဲသေး စစ်မှန်သော၊ ငြိမ်းချမ်းရေးကလည်း အလှမ်းဝေးနေဆဲပင် ဖြစ်သည်။

အမျိုးသားအခွင့်အရေးအတွက် ရုန်းကန်နေရသော KNU အတွက် နိုင်ငံရေး အခင်းအကျင်းအသစ်၊ ပထဝီနိုင်ငံရေးက ဘယ်လောက်ထိ ရိုတ်ခတ်မှုရှိနိုင်မလဲ။ အပြောင်းအလဲဖြစ်လာလေမလဲ စိတ်ဝင်စားဖွယ် ကောင်းလှသည်။

မြန်မာအစိုးရအဆက်ဆက် အဓိက ရန်သူတဖွဲ့ဖြစ်နေခဲ့သော၊ ထိုင်း-မြန်မာနယ်စပ်တွင် အင်မတန်မှ အရှိန်အဝါ ကြီးမားခဲ့သော KNU ၏ ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါကို မဇ္ဈိမသတင်းထောက် ကျော်ခက ဆက်သွယ်
မေးမြန်းထားသည်။

ဒေးဗစ်သာကပေါမှာ NDF ခေါ် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုတွင် ဥက္ကဋ္ဌ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

နေပြည်တော်မှာတော့ အစိုးရသစ်ရယ်လို့ ပြောင်းသွားပြီလို့ သူတို့ကိုယ်သူတို့ပြောကြတယ်။ အရင်အဟောင်းနဲ့ အခုအသစ်က ဘာတွေပြောင်းသွားတယ်လို့ ထင်လဲခင်ဗျ။ KNU အပေါ်မှာကော ဆက်ဆံရေးပြောင်းသွားလား။

“အပြောင်းအလဲကတော့ မတွေ့ရဘူး၊ အဓိက ပေါ်လစီက
ပြောင်းလဲမှုမရှိဘူး။ စစ်ဗိုလ်တွေက အရပ်ဝတ် ပြန်ဝတ်ပြီးတော့ အုပ်ချုပ်နေတာပဲ။ စစ်အစိုးရလက်ထက်က အာဏာရှင်စနစ်ရဲ့
ပေါ်လစီအတိုင်းပဲ။ သူတို့က တိုင်းပြည်ကို တပြည်ထောင်စနစ် အရင်က ပဒေသရာဇ် ခေတ်က အစွဲအလန်းတွေနဲ့ လက်တဆုပ်စာ လူတစု ကောင်းစားရေးပေါ့လေ။ ဗိုလ်ချုပ်တွေ ကောင်းစားရေး လမ်းစဉ်ပဲလုပ်နေတာ။ ပြည်သူတွေအတွက် ဘာမှ ဦးစားပေး လုပ်ဆောင်နေတာ မတွေ့ရဘူး။ အာဏာအခြေခံဖြစ်တဲ့ စစ်တပ် ကြီးထွားရေးနဲ့ လက်တဆုပ်စာ ဗိုလ်ချုပ်တွေ ကောင်းစားရေးအတွက်ပဲ ဦးတည်လုပ်နေတယ်လို့မြင်ပါတယ်”

ကရင့်တော်လှန်ရေး နှစ် ၆ဝ ကျော်ခဲ့ပြီ။ ဦးသိန်းစိန်လက်ထက်မှာ စေ့စပ်ညှိနှိုင်းရေး လုပ်ဖို့
ကေအန်ယူအနေနဲ့ ဆန္ဒရှိလား။

ကျနော်တို့ ကရင်လူထုက အဲဒါတော့ အပြည့်အဝ ထောက်ခံတယ်
ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝ
ထောက်ခံတယ်
“KNU ကတော့ အရင်အတိုင်းပဲ ဆန္ဒရှိပါတယ်။ အဆက်ဆက်သော အစိုးရနဲ့ ၅ ကြိမ်တွေ့ခဲ့ပြီးပြီ ဒါပေမယ့် သူတို့က မှန်မှန်ကန်ကန် ဖြေရှင်းတာမဟုတ်ဘူး။ သူတို့က သူတို့စိုးမိုးရေးပဲ ပြည်ထောင်စုမဟုတ်ဘူး။ တိုင်းပြည်ကို တလက်ကိုင်ပဲ အဲဒီသဘောမျိုးသူတို့က လုပ်ချင်တာ။ လက်နက်ချရေးတမျိုးပဲ အတင်းလုပ်နေတာ။ အဲဒါကြောင့် အဆင်မပြေဘူး”

“ကျနော်တို့က ငြိမ်းချမ်ရေးရရင်တောင် သူတို့ စစ်တပ်က အစွန်းသမားတွေ ဥပမာ အလယ်အလတ်သမား Moderate တွေက ကျနော်တို့နဲ့ စေ့ဆပ်ဆွေးနွေးလို့ ရသည့်တိုင်အောင် အစွန်းသမားတွေက ရှိနေမှာပဲ”

အစိုးရအဆက်ဆက် ဆွေးနွေးညှိနှိုင်းလာခဲ့တာ ၅ ကြိမ်ရှိပြီ အဆင်မပြေဘူးဆိုတော့ အဆင်ပြေဘို့ အတွက် ဘယ်လို ညှိနှိုင်းမှုမျိုးတွေ လိုအပ်မလဲခင်ဗျ။

“အဆင်မပြေဘူးဆိုတာက ကရင်က ပြည်တွင်းစစ် (ဦး) နေဝင်းက စခဲ့တာပဲ ဦးနုလက်ထက်မှာ။ နေဝင်းက မဟာလူမျိုးကြီး ဝါဒသမား အရူး၊ အဲဒီကနေ စခဲ့တာ။ ဒါပေမယ်လို့ သူတို့ ဝါဒဖြန့်တဲ့အထဲမှာတော့ ကရင် ကပဲ စတိုက်သလိုလိုနဲ့ ကျနော်တို့ကို အတိဒုက္ခရောက်အောင် နည်းမျိုးစုံနဲ့ ညစ်ပတ်တော့တာပဲ”

“အမေရိကန်ဆီက လက်နက်ယူတယ်။ နေဝင်းက ၆၂ မှာ အာဏာသိမ်းပြီးတော့ လက်နက်အကြီးအကျယ် ယူပြီးတော့ တိုင်းရင်းသားတွေကို နှိမ်ပစ်တယ်။ ကရင်တဦးတည်းတင်မဟုတ်ဘူး တခြားလူတွေလည်း ကိုယ့်အခွင့်အရေးကို ကာကွယ်ကြတယ်လေ။ ကာကွယ်ကြတဲ့ အခါကျတော့ နေဝင်းက ဘာလုပ်လဲ အမေရိကန်တွေဆီက အကူအညီတွေ ယူတယ်။ အမေရိကန်က ကွန်မြူနစ်တိုက်မယ်ဆိုတော့ အဲဒီတုန်းက စစ်အေးကာလ။ သူယူတာက ကွန်မြူနစ်လည်း တိုက်မယ်၊ တိုင်းရင်းသားတွေကိုလည်း ချေမှုန်းပစ်မယ် စတုတ္ထ မြန်မာနိုင်ငံတော် ထူထောင်မယ်ဆိုတာ သူတို့ ပြောပြောနေတာ”

“ဟိုးအရင်တုန်းကတော့ ရှိခဲ့တာပေါ့ဗျာ ပထမမြန်မာနိုင်ငံတော်ဆိုတာ ပုဂံပတ်ဝန်းကျင်မှာပဲ ရှိခဲ့တာပဲ။ တခါ ဒုတိယ မြန်မာနိုင်ငံတော်ဆိုတာလည်း တောင်ငူနဲ့ ပုဂံ ပတ်ဝန်းကျင်ပဲ၊ တတိယ မြန်မာနိုင်ငံတော်ကြတော့ မွန် ပြည်နယ်ကို သိမ်းတယ်ဗျာ။ မွန်တွေကို မျိုးဖြုတ်ပစ်တယ်ဗျာ။ မွန်ကအခုဘာဖြစ်နေလဲ တတိယ အနည်းဆုံး လူနည်းစုဖြစ်သွားတယ်”

“အခုကြည့်လေ နေပြည်တော်မှာ အနော်ရထာတဲ့၊ နောက်ပြီးတော့ ဘုရင့်နောင်တဲ့၊ အလောင်းဘုရားတဲ့။ အဲဒါတွေကို သူတို့က ရုပ်ထုကြီးတွေထုပြီးတော့ ကိုးကွယ်နေကြတာလေ။ အဓိကကတော့ အလောင်းဘုရား လမ်းစဉ်ပါပဲ။ ခင်ညွှန့်တို့ လာတုန်းကလည်း အဲဒီပုံစံပဲ ။ တဖြည်းဖြည်းလက်နက်ချသွားဖို့ အပစ်ခတ်ရပ်စဲရေး ငြိမ်းချမ်းရေး ဘာညာပြောတာက မဟုတ်ဘူး။ တော်လှန်ရေးမှာ အကုန်လုံး အင်အားတွေ ကွဲအောင်ချော့တယ်၊ ချောက်တယ်၊
မြှောက်တယ်။ နောက်ပြီးတော့ လိမ်ညာမှုတွေနဲ့ပေါ့ဗျာ။ မစားရ ဝခမန်းပေါ့ဗျာ။ အဲသလို မက်လုံးတွေပေးပြီးတော့ အခုဟာ ကွဲကုန်တာပေါ့။ သဘောထားတွေကွဲတော့ လုပ်ငန်းတွေလဲကွဲကုန်တာပေါ့”

နေပြည်တော်ဘက်ကကော KNU ကို ချဉ်းကပ်တာမျိုးတွေ၊ ဆက်သွယ်လာတာမျိုးတွေ လုပ်လာတာရော ရှိလားခင်ဗျ။

“ဒီအစိုးရသစ်တက်ပြီးမှမရှိဘူး သူတို့က ကရင်ပြဿနာက ကရင်ပြည်နယ်ပြဿနာလို့ လုပ်ချင်တယ်။ အခု ကရင်ပြည်နယ်မှာ ရွေးခံရတဲ့ အမတ်တွေပေါ့ဗျာ။ စကားပြောချင်တယ်တို့ Peace Council တို့ အဲဒါမျိုးတွေ လုပ်နေကြတယ်။ KNU ဆီကို ဘုန်းကြီးတွေဘာတွေ လွှတ်မယ်ထင်တယ်။ ဘုန်းကြီးတွေ ဘာသာရေးသမားတွေကို လွှတ်မယ့်ဆိုတဲ့ အကြံအစည်တွေ ရှိတယ်လို့ ကျနော်တို့ ကြားနေတယ်”

“ကျနော်တို့လုပ်နေတာ ကရင်ပြည်နယ်တခုတည်း အတွက် ငြိမ်းချမ်းရေးလုပ်နေတာမဟုတ်ဘူး။ တနိုင်ငံလုံး ရှိတဲ့ လူမျိုး အားလုံးအတွက်လုပ်နေတာ”

နိုင်ငံရေး အခြေအနေအသစ်၊ ထိုင်းက ထားဝယ်စီမံကိန်းလုပ်ချင်တယ်၊ စီးပွားရေးပိုတိုးချဲ့လုပ်ဖို့ အာရုံစိုက်တဲ့သူတွေလည်း ရှိနေတယ်။ နေပြည်တော်က အရပ်သားအစိုးရဆိုပြီးပြောနေတယ်။ ဒီလိုအခြေအနေမှာ KNU အနေနဲ့ စိန်ခေါ်မှု အသစ်တွေနဲ့ ကြုံလာရပြီလားခင်ဗျ။

“မကြုံရပါဘူး။ ဘိတ်-ထားဝယ်က ဈေးပေါပေါနဲ့ ရောင်းတာပေါ့ဗျာ။ ဈေးပေါတယ်ဆိုတော့လည်း ဝယ်ထားလိုက် တာပေါ့။ ဒါပေမယ့် စီမံကိန်းကြီးက နည်းတဲ့ စီမံကိန်းကြီးမဟုတ်ဘူး။ ကျနော်တို့ သိရသလောက်တော့ အဲဒီ့စီမံ ကိစ္စအတွက်ပိုက်ဆံပေးမယ့်လူမရှိဘူးလို့ ကျနော်တို့ကြားတယ်”

“ဒါတွေဟာ တနည်းအားဖြင့် ဒေသခံတွေ့ရဲ့ သယံဇာတတွေ လယ်မြေတွေ၊ ကိုအသုံးပြုတာ အဲဒါက အစိုးရ လယ်မြေတွေမှမဟုတ်တာ ပြည်သူတွေရဲ့လယ်မြေတွေလေ။ အစိုးရက ပဒေသရာဇ်ခေတ်ကလို မြေပေါ်မြေအောက် အကုန်လုံးပိုင်ချင်တယ်လေ။ ကျနော်တို့အတွက်တော့ ဒီအတွက်အကျပ်အတည်း မတွေ့ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ အဲဒီလုပ်ငန်းလုပ်ဖို့က ပိုက်ဆံပေးမယ့်လူမရှိဘူး။ IMF တို့ World Bank တို့ ကပိုက်ဆံ မပေးချင်ဘူး။ တရုတ်တောင် မပေးချင်ဘူး။ တိုင်းပြည်က ငြိမ်းချမ်းမှုက တည်တံ့မှုမရှိဘူး။ သူတို့ ဒီလိုလုပ်နေရင်တော့ တဘက်သတ်ပေါ့ဗျာ”

KNU က အရင်တုန်းက ကွဲသွားခဲ့တဲ့ DKBA တွေနဲ့ပြန်ပေါင်းစည်းနေတာမျိုးတွေတွေ့ရတယ်။ မဲသဝေါလိုဟာမျိုးမှာ DKBA ကသစ္စာဖေါက် လို့ KNU ရဲ့နေရာအတော်များများ ဆုံးရှုံးခဲ့ရတယ်ဆိုတော့ အခုရော သူတို့ကို ယုံကြည်ရမယ်လို့ ထင်လားခင်ဗျ။

“ဒါကတော့ ဒီလိုပါ။ သူတို့က အမြင်မှန်ရလာတယ် ဆိုပါတော့ဗျာ။ ဒါက စစ်ကြည့်ရမှာပေါ့။ သူတို့က အခုမှ အလိမ်ခံရတဲ့ ဘဝရောက်လာခဲ့မှန်းသိလာတဲ့အခါကြတော့ ပြန်လာချင်တဲ့သဘောပဲ။ စစ်တပ်ကို ပြန်တိုက်မယ်။ တချို့လည်း တိုက်နေပြီပေါ့။ အခုဟာ မြိုင်ကြီးငူဘက်ကလည်း ပြန်လာချင်တယ်”

“အဲဒီလူတွေက ဘာမှ နိုင်ငံရေး သဘောတရား နားလည်တာမဟုတ်ဘူး။ စစ်တပ်က ဘာသာရေးနဲ့ ရန်တိုက် KNU က ကွဲအောင်လုပ် အခုတော့ အရင်က ပေးထားတဲ့ အခွင့်အရေးတွေ မရတော့ဘူးလေ။ စစ်ကျွန်ဘဝပဲ ပြန်ရောက်နေတဲ့ အခါကြတော့ အခြေအနေမှန်ကို သဘောပေါက်ပြီး အခု သိန်းစိန် လက်ထက်ထိ သူတို့ ပြန်တိုက်နေတာ ပေါ့ဗျာ”

အခု KNU၊ DKBA၊ ABSDF တို့ မဟာမိတ်ဖွြဲ့ပီး မာနယ်စိုး စစ်ဆင်ရေးဆိုပြီး ပူးပေါင်းလုပ်နေကြတာရှိတယ်။ အဲဒီ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်က ဘာလဲခင်ဗျ။ ထိုးစစ်ကို ဦးတည်လား ခုခံစစ်အတွက်လား။

“အဓိကကတော့ ခုခံစစ်ပါပဲ။ ကျနော်တို့နယ်မြေမှာ ခုခံစစ်ကိုလည်း သူတို့ နိုင်မှာမဟုတ်သလို သူတို့ထိုးစစ်လုပ်လည်း သူတို့ နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ်လို့ ထိုးစစ်သွားဖို့ဆိုတာက တိုင်းရင်းသားတွေ အားလုံး ညီညွတ်ဖို့ လိုတယ်။ အခုဟာကတော့ ကိုယ့်နယ်မြေထဲမှာ ရှိတဲ့ ရန်သူကို ပြန်တွန်းထုတ်ဖို့ပေါ့”

ကိုယ့်ဘက်က နယ်မြေစိုးမိုးနိုင်မှုတွေ မရှိရင် နိုင်ငံရေးအရ နိုင်ငံရေးအရ စကားပြောနိုင်မယ့် အနေအထားမျိုးတွေ ရှိလာနိုင်ပါ့မလားခင်ဗျ။

“နယ်မြေစိုးမိုးမှုဆိုတော့ ရန်သူလည်း နယ်မြေစိုးမိုးမှုမှ မရှိတာ။ သူတို့ကို ပြည်သူလူထုထောက်ခံမှုကမရှိပါဘူး။ သူတို့က အတင်းအားဓမ္မလုပ်ယူတာပဲ။ တပါတီစနစ် ဆန်ဆန်လုပ်သွားတာပဲ။ ဘယ်သူမှ ထောက်ခံမှု မရှိပါဘူး။ အဲဒီတော့ အစိုးရသလားဆိုတော့ တကယ်တမ်းကြတော့ အစိုးမရပါဘူး။ ပြည်သူတွေရဲ့ ယုံကြည်မှုမရဘူး။ အချိန်မရွေး ပြည်တွင်းမှာ ဆူပူမှုဖြစ်လာနိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အာရပ်နိုင်ငံတွေမှာ အာဏာရှင် စနစ်တွေကို ပြန်ပြီးတော့ ဆန့်ကျင်နေပြီ။ အဲဒါတွေက ကူးစက်လာမှာပဲ”

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ တပ်ပေါင်းစု UNFC သူတို့က အခုမှအလိမ်ခံရတဲ့ ဘဝ ရောက်လာခဲ့မှန်း သိလာတဲ့ အခါကြတော့ပြန်လာချင်တဲ့သဘောပဲ။ စစ်တပ်ကို
ပြန်တိုက်မယ်။ တချို့လည်း တိုက်နေပြီပေါ့ အခုဟာ မြိုင်ကြီးငူဘက် ကလည်း ပြန်လာ
ချင်တယ် လိုဟာမျိုး တဖက်မှာပေါ်လာတယ်။ သူတို့ရဲ့ အဓိက လိုလားတာက စုစည်းမှုကနေ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုအသစ် နေပြည်တော်နဲ့ လုပ်နိုင်ဖို့  ဖြစ်လိမ့်မယ်လို့ ပြောကြတာတွေရှိတယ်။ တဖက်မှာလည်း KNU DKBA တို့ ပူးပေါင်းပြီး စစ်တိုက်ချင်တယ်။ လိုင်း ၂ ခု ဟန် ဖြစ်နေတယ်ဆိုရင် ဖထီးအနေနဲ့ သဘောတူလား။

“မဖြစ်ပါဘူး။ ကျနော်တို့ကလည်း ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းဘို့ အဆင်သင့်ပဲ။ ဒါပေမယ့် သူတို့က လာပြီးကျူးကျော်ပြီးတော့ ပြည်သူတွေကို နှိပ်စက်တဲ့စစ် ကျနော်တို့က ကိုယ့်ကိုယ်ကို ခုခံကာကွယ်တဲ့စစ်ပဲ။ ကျနော်တို့ ဖြစ်စေချင်တာကတော့ အပစ်အခတ်ရပ်စဲရေး တပ်တွေပြန်ဆုတ် မြန်မာတပ်တွေ ပြန်ဆုတ်ပေါ့ဗျာ။ အဓိက သူတို့ပဲ သူတို့က အင်ပါယာ တပ်ကြီး အဲဒီအင်ပါယာ တပ်ကို ပြန်ဆုတ် အဲဒါမျိုးတွေပေါ့ဗျာ အဲဒါမျိုးတွေ ဖြစ်စေချင်တယ်”

ဝေဖန်ကြတာတွေရှိတယ်။ တိုင်းရင်းသားအဖွဲ့တွေမှာ ခေါင်းဆောင်တွေဟာ အဖွဲ့တွေ ၄-၅ ဖွဲ့ ဖွဲ့ပြီး တာဝန်ယူကြတာတွေဟာ တော်လှန်ရေး အတွက် ထိရောက်မှုလျော့မသွားနိုင်ဘူးလား။

“အဲဒါတွေက နအဖ အလိုတော်ရိတွေရဲ့ ပြောတဲ့စကားတွေပဲ။ ကျနော်တို့ KNU လမ်းစဉ်က ကရင့်တဖွဲ့တည်းနဲ့ ကရင့်အခွင့်အရေးကို ကာကွယ်လို့မရဘူး ဒါကြောင့် ဒီမိုကရေစီ အင်အားနဲ့လည်း ဆက်စပ်တယ်။ တခြား တိုင်းရင်းသား အင်အားတွေနဲ့လည်း ဆက်စပ်တယ် ကျနော်တို့က မဟာမိတ်က မဖြစ်မနေ ကျနော်တို့က ဖွဲ့ရမယ်”

“နအဖ လိုက်လုပ်သလို ဟိုတကွက် ဒီတကွက် မသမာတဲ့ ပရိယာယ်တွေနဲ့ တိုင်းရင်းသားထဲမှာလည်း နအဖ အလိုတော်ရိတွေရှိတယ်။ နအဖ လိမ်တာညာတာကို အဟုတ်ထင်ပြီးတော့ ချော့တာ ချောက်တာ မြှောက်တာတွေ ရှိတယ်။ အဲဒါတွေကို အဟုတ်ထင်ပြီးတော့ တံလျပ်ကို ရေထင်တာပေါ့ဗျာ အဲဒါတွေလည်း ရှိတယ်။ နအဖ နဲ့ ပေါင်းဖို့ ဆိုပြီးလုပ်တယ် နအဖက ပေါင်းလို့မှမရဘဲ သိန်းစိန် အစိုးရလဲ နအဖနဲ့ မထူးပါဘူး”

“ပထမဆုံး ဂျာမနီက NGO တွေ ၉ဝ လောက်မှာဝင်လာတယ်။ နအဖ နဲ့ပေါင်းပြီး Power Share လုပ်ဖို့ ဆိုပြီးတော့ အဲဒီလမ်းစဉ်ကို ပထမဆုံး သဘောကျသွားတာ KIO ပဲ၊ သူတို့က နိုင်ငံရေး အတွေ့အကြုံမရှိဘူး၊ အဲဒါကို ကျနော်တို့ကိုပဲ ပြောချင်သေးတယ်။ ကရင်တွေဟာ နိုင်ငံရေး ပရိယာယ် မရှိဘူးပေါ့”

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံခေါင်းဆောင်တွေက တိုင်းရင်းသားအရေးနဲ့ပါတ်သက်ပြီး တကယ်ပဲ အလေးအနက်ရှိတယ်ထင်လား။

“အဲဒါတော့ ဟုတ်တယ် ။ ကျနော်တို့ ကရင်လူထုက အဲဒါတော့ အပြည့်အဝ ထောက်ခံတယ် ဒေါ်အောင်ဆန်းစုကြည် ကို အပြည့်အဝ ထောက်ခံတယ်။ သူက တကယ်တမ်း ဒီမိုကရေစီကို ပြည်သူ့ ကောင်းစားရေး။ ဒီမိုကရေစီကို ကျနော်တို့ ကလည်း ဒီမိုကရေစီ လိုလားသူတွေ တကယ့် ပြည်ထောင်စု ဆိုတာ စစ်မှန်တဲ့ ဒီမိုကရေစီ အဲဒီအပေါ်မှာ အခြေခံရမှာပဲ။ ကျနော်တို့နဲ့ ဆန့်ကျင်ဘက်ဘာမှ မရှိဘူး”
“သိန်းစိန် အလိုတော်ရိတွေကသာ ဒေါ်စုကပဲ ပြဿနာ
နေဝင်းက မဟာလူမျိုးကြီး ဝါဒသမား အရူး၊ အဲဒီကနေ စခဲ့တာ။ ဒါပေမယ်လို့ သူတို့ ဝါဒဖြန့်တဲ့အထဲမှာတော့ ကရင်ကပဲ စတိုက်သလိုလိုနဲ့ ကျနော်တို့ကို အတိ ဒုက္ခရောက်အောင် နည်းမျိုးစုံနဲ့ ညစ်ပတ်တော့တာပဲ
လုပ်နေသလိုလို၊ ပြည်ပနိုင်ငံတွေကလည်း Market
ဖြစ်စေချင်တယ်။ မြန်မာပြည်မှ ထိုးဖေါက်ချင်တယ်။
နောက်ပြီးတော့ ဂျာမဏီက တရုတ်နဲ့ စီးပွားရေး လုပ်နေတာကိုး။ ဖြတ်ဖို့က ကျနော်တို့ မြန်မာပြည်က
ဖြတ်ရမှာကိုး။ အဲဒီတော့ကိုယ့်ကို လည်ပင်းညစ်မယ့်လူနဲ့ သွားပြီးတော့ ပေါင်းဖက်လို့ဖြစ်မလားဗျ”
“ကျနော်တို့ တိုင်းရင်းသားတွေထဲမှာလည်း လျောက်ပြောတယ်။ မြန်မာပြည် မငြိမ်းချမ်းတာဟာ တိုင်းရင်းသားတွေ
ပြဿနာတဲ့။ နောက်ပြီးတော့ ဒေါ်စုက ပြဿနာတဲ့။ ဒေါ်စုက အကင်းမပါးဘူးပေါ့ဗျာ။ ပြဿနာက ဒေါ်စု မဟုတ်ဘူး။ ဒီစစ်အာဏာရှင် စနစ်ပဲ။ စစ်တပ်ကောင်းစားရေး ဗိုလ်တအုပ်စု ကောင်းစားရေး အဲဒီလမ်းစဉ်ကနေပြီးတော့ တတိုင်းပြည်လုံးကို ပြဿနာ ဖြစ်စေတာအဲဒါပဲ”

နယ်စပ်ဒေသတွေမှာ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဗမာတွေ၊ အတိုက်အခံခေါင်းဆောင်တွေ တကယ်တမ်း သိရဲ့လား၊ စာနာမှု ရှိတယ်လို့ ထင်လား။

“တခြားခေါင်းဆောင်တွေတော့ မသိဘူး။ NLD ခေါင်းဆောင်တွေဖြစ်တဲ့ ဦးဝင်းတင်တို့ ဒေါ်စုတို့က စာနာမှုရှိတယ်။ နားလည်တယ် အရင်က ပြောနေတာပဲ တိုင်းရင်းသားတွေကို ဘာဖြစ်လို့ စစ်ပြုနေရတာလဲ။ စစ်ပြုတာက တခြား မဟုတ်ဘူးလေ။ သူတို့က အင်ပါယာ ထူထောင်ရေးသမားတွေကိုး၊ အခုက အဲဒီခေတ်မဟုတ်တော့ဘူး ၂၁ ရာစု ရောက်နေပြီ အဲဒီလို ကျနော်တို့ကို မတရား ဖိနှိပ်အုပ်ချုပ်ဖို့ လမ်းစဉ် အဲဒီ လမ်းစဉ်က ပြဿနာ ဖြစ်နေတာ”

“အဲဒီတော့ ဒေါ်စုတို့က ကျနော်တို့ကို နားလည်တယ်။ ဒါပေမယ့် ပြတ်ပြတ်သားသားတော့လည်း ဘယ်ပြောရဲမလဲဗျ။ အဲဒါတွေကို တချို့ တိုင်းရင်းသား ခေါင်းဆောင်လို့ခေါ်တဲ့ တိုင်းရင်းသားတချို့က ဒီ ဗမာ (ဒေါ်အောင်ဆန်းစုကြည် အပါအဝင်) တွေက မယုံရဘူးပေါ့ဗျာ။ ဒါပေမယ့် သူတို့တွေက နအဖလိုဟာမျိုးကျတော့ယုံတယ် အဲဒီလိုမျိုးဖြစ်နေတာ”

ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက်ရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းနေတဲ့ အတိုက်အခံ အဖွဲ့တွေက KNU ကိုကမ်းလှမ်းး လာတာမျိုးတွေရှိလားခင်ဗျ။

“ဒီလိုရှိတယ် အဲဒါ လုပ်မယ်ဆိုတော့ လုပ်ပေါ့၊ ကျနော်တို့ ထောက်ခံတယ်။ ဒါ ဖြစ်လာရင်လည်း စစ်မှန်တဲ့
ပြည်ထောင်စု ဖြစ်ပေါ်ရေးပဲပေါ့။ ကျနော်တို့ ထောက်ခံပါတယ်။ မကန့်ကွက်ဘူး”
မြဝတီတံတားပိတ်ဆို့မှုဟာ KNU အတွက် ဘယ်လို
အမေရိကန်က ကွန်မြူနစ် တိုက်မယ် ဆိုတော့ အဲဒီတုန်းက စစ်အေးကာလ။ သူယူတာက ကွန်မြူနစ်လည်း တိုက်မယ်၊ တိုင်းရင်းသား
တွေကိုလည်း ချေမှုန်း ပစ်မယ်။ စတုတ္ထ
မြန်မာနိုင်ငံတော် ထူထောင်မယ်ဆိုတာ သူတို့ ပြောပြောနေတာ
ထိခိုက်မှုတွေရှိလဲခင်ဗျ။ ဝင်ငွေ အရရော ထိခိုက်မှုရှိလား။

“ဘာမှ မထိခိုက်ပါဘူး။ ပိတ်ချင်ပိတ် နအဖ တပ်တွေပဲ စားမလောက်သောက်မလောက်ဖြစ်နေတယ်။ ဒီလမ်းကြောင်း ကိုပိတ်ဖို့ သူတို့ ကြံရွယ်ချက်ကဒီလို အဲလိုပိတ်လိုက်ရင် ကျနော်တို့ ဒီ လုပ်ငန်းရှင်တွေပေါ့ဗျာ။ စီးပွားရေးသမားတွေက ဆူပူလာမယ်။ ထိုင်းအစိုးရကို သွားတိုင်မယ်။ ထိုင်းအစိုးရကလည်း ကျနော်တို့ နယ်စပ်မှာ နေနေရတဲ့ အခါ ကြတော့ ပိတ်ဆို့မှုတွေလုပ်လာဖို့ ပေါ့ဗျာ ။သူတို့ကြံရွယ်ချက်က အဲလိုရှိပါတယ်”

ထိုင်းအစိုးရသစ်ပြောင်းလဲလာရင် KNU အပေါ်မှာရော ထိခိုက်မှုတွေ ရှိလာနိုင်မလား။ ဘယ်လို သက်ရောက်မှုတွေ ဖြစ်လာနိုင်လဲခင်ဗျ။

“အစိုးရသစ်ဆိုတာကလည်း ဘယ်သူနိုင်မလဲတော့ မသိဘူးလေ။ ထိုင်းအစိုးရကလည်း အရမ်းတော့မလုပ်ပါဘူး”
အခုတလော ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ဒုက္ခသည်တွေကို ထိုင်းအစိုးရက
မြန်မာနိုင်ငံထဲ ပြန်ပို့မယ်လို့ သတင်းတွေထွက်နေတယ်။ အဲဒီအပေါ်မှာရော KNU အနေနဲ့ စိုးရိမ်မှုတွေရှိလားခင်ဗျ

“မစိုးရိမ်ပါဘူး။ ဒီမှာက UN စည်းမျဉ်း စည်းကမ်းတွေလည်းရှိပါသေးတယ်။ ထိုင်းအစိုးရက အဲဒါတွေကို ကျော်ပြီးတော့ မလုပ်နိုင်ပါဘူး။ ကျော်လုပ်ရင် သူကလည်း နအဖလို ဖြစ်သွားမှာပေါ့။ ပြန်ပို့မယ်ဆိုရင်လည်း ကျနော်တို့အတွက် ဘာမှ မထိခိုက်ပါဘူး”

ရွေးကောက်ပွဲဝင် ကရင်ပါတီတွေကိုရော KNU အနေနဲ့ ဘာများတိုက်တွန်းချင်လဲခင်ဗျ။

“ရွေးကောက်ပွဲဝင်ပါတီတွေက ဒီလိုရှိတယ်။ တချို့က နအဖ အလိုတော်ရိတွေ နအဖ ကမွေးထားတဲ့ ဟာတွေ။ အဲဒီလူတွေကျတော့ ဘာမှ ပြောလို့ရမှာမဟုတ်ဘူး။ သူတို့က ကျနော်တို့ကို လာပြီးတော့ ဆွယ်နေတာ။ နအဖနဲ့ ပူးပေါင်းဖို့ပေါ့ဗျာ။ သူတို့ကိုတော့ နည်းနည်းပါးပါး နေရာလေးပေးပြီး ကျွေးထားမွေးထားတော့ နအဖကို အထင်ကြီးနေတာပေါ့ဗျာ”

“ကရင်တွေအများကြီးရှိပါတယ်။ မြစ်ဝကျွန်းပေါ်တို့ ပဲခူးတိုင်းတို့ ရန်ကုန်တိုင်းတို့မှာရှိတဲ့ သူတို့ကိုပြောချင်တာ ကတော့ တကယ့် အမျိုးသားလွှတ်မြောက်ရေးအတွက် လုပ်မယ်ဆိုရင်တော့ ဒေါ်စု တို့နဲ့ပေါင်း။ NLD နဲ့ပေါင်း အတွင်းမှာ လှုပ်ရှားဖို့ အဲလိုမှာချင်တယ်”

စစ်အစိုးရ စစ်တပ်တွေက KNU တွေရှိနေတဲ့ နယ်မြေတွေကို စိုးမိုးနိုင်အောင် ကျိုးစားနေကြတာ ဘာကြောင့်ပါလဲ ခင်ဗျ။ ကေအန်ယူရဲ့ ဘဏ္ဍာရေးလမ်းကြောင်းကို ဖြတ်တောက်ဖို့ ကျိုးစားတယ်လို့
ပြောတယ်။

“ဟုတ်တယ် အဲဒါက နေဝင်းလက်ထက်ကတည်းက လုပ်တာ
ကျနော်တို့ လူမျိုးတွေကိုပါ သတ်ဖြတ်တာ
တွေလုပ်လာတာ နှစ်ပေါင်း ၆၄ နှစ်ရှိပါပြီ။ အဆိုးဆုံးကတော့ နေဝင်း ခေတ်ပဲ။ မျိုးဖြုတ် သုတ်သင်တယ်လို့ ကျနော်တို့ ပြောရမှာပေါ့ဗျာ ကြာပါပြီ။ သူတို့က အနောက်တိုင်းအကူအညီယူတယ်။ အမေရိကန်၊ အင်္ဂလန်၊ ဂျာမနီ၊ ကိုရီးယား၊ ဂျပန် တို့အကူအညီတွေကိုယူပြီး ကျနော်တို့ကို တိုက်ရုံပါမကဘူး။ ကျနော်တို့ လူမျိုးတွေကိုပါ သတ်ဖြတ်တာတွေလုပ်လာတာ နှစ်ပေါင်း ၆၄ နှစ်ရှိပါပြီ။ အဆိုးဆုံးကတော့ နေဝင်း ခေတ်ပဲ။ မျိုးဖြုတ်သုတ်သင်တယ်လို့ ကျနော်တို့ ပြောရမှာပေါ့ဗျာ”

ပြည်ပရောက် ကရင်အမျိုးသား အချင်းချင်း စုစည်းမှုအပေါ်မှာ အားရ ကျေနပ်မှုရှိလားခင်ဗျ။

“အားရကျေနပ်မှုရှိပါတယ်။ စည်းလုံးညီညွတ်မှုဆိုတာကတော့ အမြဲတမ်းပြောနေရတဲ့ ကိစ္စပေါ့။ ကျနော်တို့ မကြာခင် ကပဲ စည်းလုံးညီညွတ်မှုအတွက် နှီးနှောဖလှယ်ပွဲလုပ်တယ်လေ။ စည်းလုံးညီညွတ်မှုက အမျီုးမျိုးရှီတယ်။ ဘာသာရေး အရ လမ်းညွန်မှုရှိသလို နိုင်ငံရေးအရ လမ်းညွန်မှုရှိတယ်။ နိုင်ငံရေးအရ လမ်းညွန်မှုဆိုရင်တော့ KNU က ချမှတ် ထားတဲ့ နိုင်ငံရေး လမ်းစဉ်ပေါ်မှာ နိုင်ငံရေးမူတွေပေါ်မှာ ရပ်တည်ရမယ်။ အဲဒီရပ်တည်ပေါ်မှာ ညီညွတ်မှု စည်းလုံးမှု
ဖြစ်ရမယ်ဆိုတဲ့ ဟာ ကျနော်တို့ မမြဲတမ်းပြောနေတာပဲ”

ဖထီး အစတုန်းကပြောခဲ့သလို ဦးသိန်းစိန်အစိုးရဟာ ဘာမှ ထူးမလာဘူး။ အရင်စစ်အစိုးရ အတိုင်းပဲလို့
ပြောတယ်။ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် ဘာတွေဆက်ဖြစ်လာနိုင်လဲခင်ဗျ။

“နိုင်ငံတကာအနေနဲ့ စောင့်ကြည့်ရင်ကြည့်ပေါ့။ ကျနော်တို့ကတော့ စောင့်ကြည့်လို့မရဘူးလေ။ ကျနော်တို့ကတော့ တိုက်နေရမှာပဲ။ ပြောမယ်ဆိုရင်လည်း ပြောမယ်။ ကျနော်တို့ရဲ့ စိတ်ကြိုက် Recondition ရှိတယ်။ Recondition နဲ့ ကျနော်တို့က ပြောမယ်။ အရင်ကလို ပြောလို့တော့ ထူးမှာမဟုတ်ဘူး”

“ဒီအတိုင်းဆိုရင် ပြည်သူတွေ အုံကြွလာနိုင်တယ်။ စစ်တပ်က ပြည်သူတွေဘက်ရပ်တည်လာနိုင်တယ်။ စစ်တပ်က သူတို့ ဗိုလ်ချုပ်တွေ ဖောက်ပြန်တဲ့လမ်းကို မထောက်ပံ့တော့ဘူး။ လောလောဆယ် အများစုတော့ မဟုတ်သေးဘူးပေါ့ဗျာ။ လောလောဆယ်အဲလိုအမြင်တွေက စစ်တပ်ထဲမှာကိုပြောင်းလာနေပြီ”

ကျနော် မေးချင်တာကတော့ ဒီလောက်ပဲ ခင်ဗျ။ ဖထိအနေနဲ့ရော ဘာများထပ်ပြောချင်သေးလဲခင်ဗျ။

“ပြောချင်တာကတော့ အာဏာရှင်အစိုးရဆိုတာ စစ်အာဏာရှင်ပဲဖြစ်ဖြစ် အရပ်အာဏာရှင်ပဲဖြစ်ဖြစ်
ခေတ်နဲ့မညီညွတ် တော့ဘူး။ သိန်းစိန်အစိုးရအနေနဲ့ လူတစု ကောင်းစားရေး စစ်အုပ်စု ကောင်းစားရေးကို မလိုက်ဖို့ ပြည်သူတရပ်လုံးကောင်းစားရေး လမ်းစဉ်ကိုလိုက်ဖို့ ပြောချင်တယ်”

Burmese government blames KNU for bomb on Rangoon-Mandalay train

June 9, 2011

New Delhi (Mizzima) – Burmese authorities have arrested one man as a suspect in the bombing of the Rangoon-Mandalay train near Naypyitaw last month and alleged that the Karen National Union (KNU) ordered the attack.

The Rangoon Railway Station. Authorities have increased security since the railway bombing in May. Photo: MizzimaThe Rangoon Railway Station. Authorities have increased security since the railway bombing in May. Photo: Mizzima

The state-run newspaper New Light of Myanmar reported on Thursday that Kyaw Di aka Marino, the suspect, was arrested on May 29.

A bomb exploded on the No.3 Rangoon-Mandalay train on May 17, killing two people and injuring nine others.

The newspaper article alleged that Kyaw Di hid in farmhouses along an escape route before he was arrested on May 29. The newspaper alleged that KNU Captains Shah Lit Kwe, Saw Ka Htaw and Saw Htoo Sae, who were identified as explosive experts in KNU Battalion 5 of Brigade No. 2, assigned Kyaw Di to place the bomb on the train.

The story alleged the suspect was given 20,000 kyat (about US$ 28). The authorities claimed that Kyaw Di confessed that he brought a bomb with two batteries in a plastic bag covered by paper and was told not to attach the battery to the bomb until the train left Naypyitaw station, and then to jump off the train.

According to the article, Kyaw Di said that when the train left Naypyitaw, he activated the bomb, put it on luggage rack, and jumped off the train around milepost 248/21. He reportedly said he heard an explosion about two minutes later.

Responding to the story, KNU Joint General-Secretary Major Pado Saw Hla Ngwe strongly denied the allegations.

‘They can invent a plot. They can unlawfully arrest someone and force the person to make false confessions and dishonest accounts. Many times before they have invented plots in other cases. It’s their way’, Pado Saw Hla Ngwe told Mizzima.

‘The KNU is an organization that always defies them, so they usually try to blame us by saying that the KNU is a terrorist organization. This is just one more attempt’, he said.

According to a KNU statement, there were 1,083 military engagements between the Burmese army and the KNU in 2010.

Jan-March KNU Human Right Report-engl


Jan-March KNU Human Right Report-engl

Some women were put in front of the government troops in order to avoid attack by the KNU

June 8, 2011

Chiang Mai (Mizzima) – One day after two people were killed by masked gunmen in Three Pagoda Pass in Mon State on the Thai-Burmese border, Burmese government troops have reportedly forced villagers to serve as human shields and porters, according to local residents.
KNU soldiers assemble for inspection in this file photo. Photo: MizzimaKNU soldiers assemble for inspection in this file photo. Photo: Mizzima

On June 6, government troops of Infantry Unit No. 373 arrested 10 villagers from Myaingtharyar village located 16 miles (25.75 km) northwest of Three Pagoda Pass, and 24 villagers from Apalone village, forcing some villagers including women to serve as human shields and others to work as porters, according to villagers.

‘Some women were put in front of the government troops in order to avoid attack by the KNU (Karen National Union). They used women as human shields’, said a member of the Apalone village administrative committee.

An officer in the New Mon State Party who is based in the area said that he had heard reports that some villagers were arrested to serve as porters, but he could not confirm the reports. Mizzima contacted the relevant authorities in the area, but they declined to comment.

According to an unconfirmed source close to the KNU, its troops carried out an ambush on a column of government troops, killing an army captain and six soldiers. The source said a female villager, Naw Moe Moe Aye, 32, was forced to serve as a porter, and she sustained an injury to her left arm.

On June 5, an attack by masked gunmen on two separate locations in Three Pagoda Pass killed one Burmese soldier and a 13-year-old girl, and injured three people.

ဆရာကြီးစကောလယ်တောသမိုင်း

sutoung@gmail.com

Voice-of-the-Revolution-SawBaUGyi

Voice of the Revolution-SawBaUGyi

စောဘဦးကြီး































ကရင်တပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် အစိုးရစစ်တပ်မှ ၈ဦး ကျဆုံးကာ ၇ဦးထိခိုက်

on Saturday, 11 June 2011--
ဇွန်လ ၁၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့တောင်ဘက် (၁၉)မိုင်ခန့် အကွာအဝေးရှိ လမ်းဖားကျေးရွာတွင် ယမန်နေ့က အစိုးရစစ်တပ်နှင့် ကရင်ပူးပေါင်း တပ်ဖွဲ့ဝင်များအကြားတိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရစစ်တပ်ဘက်က ၈ဦးသေဆုံးပြီး ၇ဦးဒဏ်ရရှိသည်ဟု ကရင်တပ်ဖွဲ့ ဘက်က ပြောသည်။

ယမန်နေ့မနက် ၁၀နာရီခန့်တွင် လမ်းဖားကျေးရွာအတွင်း ၀င်ရောက်လှုပ်ရှားသည့် အစိုးရစစ်တပ် တပ်မ ၂၂လက်အောက်ခံ ခမရ ၂၀၁တပ်ရင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၁၇)နှင့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုး သားတပ်မတော်(DKBA) ကလိုထူးဘောဗျူဟာ တပ်ဖွဲ့တို့ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KNLA က ပြောသည်။

KNLA (၁၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဗိုလ်မှူးစောဖောဒိုက “မနေ့က ၁၀နာရီအချိန် လမ်းဖားကျေးရွာမှာ ၀င်ရောက်လာတဲ့ ရန် သူ့တပ်ဖွဲ့ကို ကျနော်တို့ ကရင်ပူးပေါင်းတပ်ဖွဲ့က ၂နာရီကြာ စောင့်ကြိုပစ်ခတ်တယ်။ ရန်သူ့ဘက်က ၈ယောက်သေတယ်။ ၇ ယောက် အထိနာတယ်။ ကျနော်တို့ဘက်က ထိမှန်တာမရှိဘူး။”ဟု ပြောသည်။

အဆိုပါ တိုက်ပွဲအခြေအနေကို ကရင်တပ်ဖွဲ့ဘက်က ယင်းသို့ ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အစိုးရစစ်တပ်ဘက်မှ ယနေ့အထိ တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိပေ။

ထိုဒေသတွင် ကရင်တပ်ဖွဲ့များနှင့် အစိုးရတပ်များ ယခုလို တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေ ကြပြီး ဆက်သွယ်ရေးအတွက် ဖုန်းများကိုပင် ပိတ်ထားရကြောင်း လမ်းဖားကျေးရွာနှင့်ကပ်လျှက် ကော့ဆိုင်ရွာမှ ရွာသူ အမျိုးသမီး တစ်ဦးက ကေအိုင်စီကို ယခုလို ပြောသည်။

“တက်လာမယ့် ဗမာစစ်တပ်ကို ကရင်တပ်ဖွဲ့ဘက်က လမ်းဖားရွာမှာ စောင့်နေတာ ၂ရက်ရှိပြီ။ မနေ့က တိုက်ပွဲဖြစ်လာတော့ အခု ဆို တရွာလုံး ကြောက်လှန့်ကြတာပေါ့။ ဒီလို ရှုတ်ရှုတ်ယှက်ယှက်အချိန်မှာ ဖုန်းတွေ အားလုံး ပိတ်လိုက်ရတယ်။”ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်များတွင် စစ်ရေး ပိုမို လှုပ်ရှားလာသည့် ကရင်ပူးပေါင်း တပ်ဖွဲ့ကို ရှင်းလင်းတိုက်ထုတ်သွားရန်အတွက် အစိုးရစစ်တပ်ဘက်က စစ်ရေးပြင်ဆင်များ လုပ်ဆောင်နေချိန်တွင် ယခုလို ပစ် ခတ်ခံရခြင်း ဖြစ်သည်။

မြန်မာစစ်တပ်၏ စစ်ဆင်ရေးကွပ်ကဲမှု ပျက်ပြားစေရန် စစ်ဆင်ရေးများကို ရှေ့ဆက်၍ အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယခုလ ၆ရက်နေ့တွင် ကရင်နှင့် ကျောင်းသားတပ်မတော်တို့က “မာနယ်စိုးစစ်ဆင်ရေး (အောင်မြင်စိုးမိုးမှု)”ဟု အမည်ရသော ပူး ပေါင်းစစ်ဆင်ရေး ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည့်အတွက် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ရှေ့ဆက်ဖြစ်လာအုံး မည့် အခြေအနေရှိကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်သည်။

တောင်ပေါ်ကားလမ်း မြေပြို၍ မြ၀တီ-ကော့ကရိတ်ကားများ လမ်းပိတ်

Saturday, 11 June 2011
ဇွန်လ ၁၁ရက်။ ကေအိုင်စီ

နယ်စပ်ကုန်သွယ်လမ်းဖြစ်သည့် မြ၀တီ-ကော့ကရိတ် တောင်ပေါ်ကားလမ်းတွင် မိုးရွာပြီး မြေပြိုသဖြင့် ကုန်ပစ္စည်းတင်ဆောင် သည့် ကားများနှင့် ခရီးသည်တင်ကားများ လမ်းပိတ်ခဲ့ရကြောင်း မြ၀တီမြို့ခံများက ပြောသည်။

တောင်ပေါ်ကားလမ်း တစ်တောင်ကွေ့တစ်နေရာ (Photo - KIC)

“ကားလမ်းက အလယ်ဘိုတဲနားက ချောက်ကမ်းပါးနေရာမှာ မြေပြိုတာလေ။ ဆိုင်ကယ်တောင် သွားလို့မရဘူး။ ဒီနေ့ ကား တန်းက အဆင်းနေ့ဆိုတော့ လမ်းပိတ်တော့ ခရီးသည်တင် ကားအချို့ မြ၀တီကို ပြန်တက်လာတယ်။ ပစ္စည်းတင်ကားတွေက တော့ အဲဒီမှာပဲ ပိတ်မိပြီး ရပ်ထားရတာပေါ့။”ဟု မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ မြေပြိုမှုမှာ ကားတန်းများ မဆင်းခင် ဖြစ်ပွားဟန်ရှိပြီး လူများ၊ ကားများ ထိခိုက်မှုမရှိဘဲ ခရီးသွားလာရေးသာ အဟန့်အ တားဖြစ်ရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် တောင်ပေါ်လမ်း၌ ပြိုကျနေသည့် မြေသားများကို ရှင်းလင်းရန် တောင်ပေါ်ကားလမ်းပြင်ဆင်ရေး တာဝန် ယူထားသည့် AK ကုမ္ပဏီမှ လမ်းပွင့်သွားရန်အတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကားလမ်းမှာ နှစ်စဉ် မိုးရွာသွန်းချိန်တိုင်း ယခုလို မြေပြိုနေကျဖြစ်ပြီး ယမန်နှစ်က ဖြစ်ပွားခဲ့သည့် ကားလမ်းတောင်နံရံ မြေသားပြိုကျမှုကြောင့် ခရီးသွားများ ထိခိုက်သေဆုံးမှု ရှိခဲ့သည်။


အဖွဲ့ကြီး (၁၇)ဖွဲ့တဲ့လား

on Saturday, 11 June 2011
(တူမောင်ညို)

(၂၀၁၁ ခုနှစ်၊ ဇွန်လ ၁၀ ရက် )

ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးက ဆီနိတ်တာဂျွန်မက်ကိန်းနဲ့ တွေ့ဆုံစဉ်မှာ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ပတ်သက်ပြီး စုစုပေါင်း အဖွဲ့ကြီး (၁၇)ဖွဲ့နဲ့ ငြိမ်းချမ်းရေးရယူခဲ့ကြောင်း၊ ယင်းအဖွဲ့များအနက် (၃)ဖွဲ့က ငြိမ်းချမ်းရေးမယူသေးတဲ့ အဖွဲ့ ၂ ဖွဲ့နဲ့ ပူးပေါင်းပြီး အစိုးရကို ဆန့် ကျင်နေကြောင်း၊ ကျန် (၁၄)ဖွဲ့ကတော့ အခြေခံဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ ပြောသွားပါတယ်။ ဒီလိုဆိုထားလေ တော့ အဲဒီအဖွဲ့ကြီး (၁၇)ဖွဲ့ဆိုတာကို ကျနော်တို့စိစစ်ကြည့်ကြရအောင်။

ဒီလိုစိစစ်ရာမှာ (နအဖ)စစ်အစိုးရရဲ့ နေ့စဉ်ထုတ်သတင်းစာတွေမှာ ရေးသားဖေါ်ပြခဲ့ကြတဲ့ ဆောင်းပါးရှင်ဆိုသူတွေရဲ့ ဆောင်းပါးတွေထဲက အချက်အလက်တွေကိုပဲ ကိုးကားဖေါ်ပြပါမယ်။

၂၀၀၂ စက်တင်ဘာ ၂၆ရက်နေ့၊ မြန်မာ့အလင်း သတင်းစာမှာ ဖေါ်ပြထားတဲ့ “တက္ကသိုလ်မြတ်သူ”ရဲ့ “သွေးခွဲမှု မှန်သမျှအပေါ် ထာဝရ အောင်နိုင်သည့် စည်းလုံးညီညွတ်မှု”ဆိုတဲ့ ဆောင်းပါးအပိုင်း(၁)မှာ “ (၃၁/၃/၁၉၈၉)မှ (၆/၄/၁၉၉၈)အတွင်း တိုင်းရင်းသားလက်နက်ကိုင် (၁၇) ဖွဲ့နှင့် အပစ်အခတ်ရပ်စဲနိုင်ခဲ့၊ (၁၆)ဖွဲ့မှာ တိုင်းရင်းသားအဖွဲ့အစည်းများဖြစ်ပြီး ကျန် (၁)ဖွဲ့မှာ ရခိုင်ပြည်နယ်မှ ဦးစောထွန်းဦး ခေါင်း ဆောင်သောအဖွဲ့ဖြစ်သည်”လို့ ရေးသားဖေါ်ပြထားပါတယ်။

ဦးစောထွန်းဦး ခေါင်းဆောင်တဲ့အဖွဲ့ဆိုတာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ရခိုင်ပြည်နယ်အဖွဲ့ ဖြစ်ပါတယ်။ (၂၉/၁၀/၁၉၉၆)မှာ နှစ်ဘက် စတင် ဆွေးနွေးကြပြီး (၆/၄/၁၉၉၇)ရက်နေ့၊ မောင်တောမြို့မှာ “လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်” ခဲ့ကြတာပါ။

ဒါ့အပြင် အဲဒီ (၁၇)ဖွဲ့ထဲမှာ ဘိန်းဘုရင်ခွန်ဆာရဲ့ (MTA)ကို ထည့်သွင်းရေတွက်ထားတာ ဖြစ်ပါတယ်။ အောက်ပါ ဇယားလေးကိုကြည့်ရင် ရှင်းပါတယ်။

စဉ် အဖွဲ့အမည် အခြေပြုရာဒေသ အပစ်ရပ်သည့်နေ့စွဲ
၁။ ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၁) MNDA လောက်ကိုင် ၃၁ /၃/၁၉၈၉
၂။ ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၂) UWSP ပန်ဆန်း ၉/၅/၁၉၈၉
၃။ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ (၄) NDAA မုံးလား ၃၀/၆/၁၉၈၉
၎။ ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၃) SSA စိန်ကျော့ ၂၄/၉/၁၉၈၉
၅။ ကချင်ပြည်နယ် အထူးဒေသ (၁) NDA (K) ပန်ဝါ ၁၅/၁၂/၁၉၈၉
၆။ ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၅) KDA ကောင်ခါး ၁၁/၁/၁၉၉၁
၇။ ရှမ်းပြည်နယ်(တောင်ပိုင်း) အထူးဒေသ (၆) PNO ကျောက်တလုံး ၁၈/၂/ ၁၉၉၁
၈။ ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၇) PSLF နမ္မတူ ၂၁/၄/၁၉၉၁
၉။ ကယားပြည်နယ်အထူးဒေသ (၁) KNG မိုးဗြဲ၊ ဖယ်ခုံ ၂၇/၂/၁၉၉၂
၁၀။ ကချင်ပြည်နယ်အထူးဒေသ (၂) KIO လိုင်စင် ၂၄/၂/၁၉၉၄
၁၁။ ကယားပြည်နယ်အထူးဒေသ (၂) KNPLF ဟိုယာဘီယာ ၉/၅/၁၉၉၄
၁၂။ ကယားပြည်နယ်အထူးဒေသ (၃) KNLP ပြင်ဆောင် ၂၆/၇/၁၉၉၄
၁၃။ (ရလလဖ) SNPLO နောင်ထော် ၉/၁၀/၁၉၉၄
၁၄။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဒေါတမကြီး၊ ထီးပိုးကလိုး ၂၁/၃/၁၉၉၅
၁၅။ မွန်ပြည်သစ်ပါတီ NMSP ရေးချောင်းဖျား ၂၉/၆/၁၉၉၅
၁၆။ ဘိန်းဘုရင်ခွန်ဆာ (MTA) ဟိုမိန်း၊ လွယ်လန်း ၅/၁/၁၉၉၆
၁၇။ ဗမာပြည်ကွန်မြူနစ်ပါတီ (ရခိုင်အဖွဲ့) ဘူးသီးတောင်၊ မောင်တော ၆/၄/၁၉၉၇

ဒါက (နအဖ) စစ်အစိုးရ ဝါဒဖြန့်ကြွားလုံးထုတ်လေ့ရှိတဲ့အဖွဲ့ကြီး (၁၇) ဖွဲ့ဆိုတာဖြစ်ပါတယ်။

အဲဒီအထဲမှာအပစ်ရပ်ပြီးရက်ပိုင်းအတွင်း အပစ်အခတ်ရပ်စဲရေးပြန်လည်ပျက်ပြားသွားတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ကို ဒီစာရင်းထဲက ဖယ်ရမှာဖြစ်ပါတယ်။ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)ကို ဖယ်ထုတ်လိုက်ရင် ၁၆ဖွဲ့ ကျန်ပါတယ်။

ဒါပေမယ့် စာရင်းထဲက ဖယ်ထုတ်မပစ်ဘဲ အဖွဲ့ကြီး ၁၇ဖွဲ့ ဆိုပြီး ပြောနေတော့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၀၄ခုနှစ် မတိုင်ခင် အမျိုးသားညီလာခံ( ၁၉၉၃ – ၁၉၉၆)တက်ရောက်တဲ့ “အခြားဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်များ အစုအဖွဲ့” စုစု ပေါင်းဟာ (၅၇)ဦးသာ ရှိတာပါ။

ဒါပေမယ့် ၈နှစ်နီးပါး ရပ်နားခဲ့ရပြီး (၂၀၀၄)မှာ ပြန်လည်ကျင်းပရတဲ့ “အမျိုးသားညီလာခံ”မှာတော့ (၁၀၅)ဦး ဖြစ်လာပါတယ်။ ဒါကလည်း မူလ အဖွဲ့အစည်းတွေဖြစ်ကြတဲ့ (KNU)က ခွဲထွက်ကြတဲ့ (DKBA)၊ ဟောင်သရော၊ ဘုရားကုန်းအဖွဲ့နဲ့ (KNPP)ကနေ ပဲ့ထွက်တဲ့ KNPP ခွဲ ထွက်(ဟိုယာ)အဖွဲ့၊ နဂါးအဖွဲ့၊ မွန်(ခွဲထွက်) နိုင်စိုက်ချန်းအဖွဲ့ စတဲ့ ဗြုတ်စဗျင်းတောင်း ၁၂ဖွဲ့ကို ညီလာခံ တက်ရောက်စေခဲ့လို့ အခုလို အရေ အတွက်တွေ တိုးလာတာ ဖြစ်ပါတယ်။

ဒါဆိုရင် အဲဒီ ၁၇ဖွဲ့လို့ ပြောနေတဲ့အထဲက နယ်ခြားစောင့်တပ် (BGF)အဖြစ် ပြောင်းလဲခဲ့တဲ့အဖွဲ့တွေစာရင်းကိုကြည့်လိုက်ကြပါဦး။

(BGF) နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲခဲ့သည့်အဖွဲ့အစည်းများ
(၂၀၀၉ ခုနှစ်၊ နိုဝင်္ဘာလ ၈ရက်နေ့ မှ ၂၀၁၀ပြည့်နှစ်၊ သြဂုတ်လ ၂၁ရက်အထိ )
စဉ် ရက်စွဲ မူလအဖွဲ့အစည်းအမည် ပြောင်းလဲသည့်တပ်ဖွဲ့အမှတ်နှင့် ဒေသ

၁။ ၂၀၀၉ နိုဝင်ဘာ ၈ ကချင်ပြည်နယ်၊ အထူးဒေသ(၁) (NDAK) အမှတ်(၁၀၀၁) နယ်ခြားစောင့်တပ် (ဂန့်ဂွင်း)
အမှတ်(၁၀၀၂) နယ်ခြားစောင့်တပ်(လုပီ)
အမှတ်(၁၀၀၃) နယ်ခြားစောင့်တပ် (စင်ကြိုင်)
၂။ ၂၀၀၉ နိုဝင်ဘာ ၈ ကယားပြည်နယ်၊ အထူးဒေသ(၂) (ကလလတ) အမှတ်(၁၀၀၄) နယ်ခြားစောင့်တပ်(စွပ်ပိုင်)
အမှတ်(၁၀၀၅) နယ်ခြားစောင့်တပ် (ပန်တိန်း)
၃။ ၂၀၀၉ ဒီဇင်ဘာ ၄ ရှမ်းပြည်နယ်(မြောက်ပိုင်း)အထူးဒေ(၁) (ကိုးကန့်အဖွဲ့ ) အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ်
စီအောဒေသ /လောက်ကိုင်ခရိုင်
၎။ ၂၀၁၀ မတ် ၃၀ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်သူ့စစ် (ဌာနေ) အဖွဲ့ အစည်းများ
အမှတ် (၁၀၀၇) နယ်ခြားစောင့်တပ်
၁။ မိုင်းတုန်မြို့နယ်/ပုံပါကျင်မြို
အမှတ် (၁၀၀၈) နယ်ခြားစောင့်တပ်
၂။ မိုင်းယောင်းမြို့နယ်/မိုင်းယုမြို့
၅ ၂၀၁၀ ဧပြီ ၁၈ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့တွင်
ပြည်သူ့စစ်(ဌာနေအဖွဲ့အစည်းများ )
နော်ခမ်းဘိန်းဂိုဏ်းခွဲထွက်များ/ဒေသခံရှမ်းကာကွယ်ရေးပြည်သူ့ စစ်/ခွန်ဆာကာကွယ်ရေးလက်ကျန်အဖွဲ့များနှင့်တာချီလိတ်အနီး က ပြည်သူ့စစ်အဖွဲ့များဖြစ်သည်။ အမှတ် (၁၀၀၉) နယ်ခြားစောင့်တပ်
တာချီလိတ်
၆ ၂၀၁၀ မေလ ၂၀ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အမှတ် (၁၀၁၀) နယ်ခြားစောင့်တပ် (မက်မန်း)

၇ ၂၀၁၀ သြဂုတ် ၁၈ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသ၊
တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားအစည်းအရုံး (ဒီကေဘီအေ) သတင်းတွင် ဖေါ်ပြခြင်း မရှိ
၂၀၁၀ သြဂုတ် ၂၀ ကရင်ပြည်နယ်/လှိုင်းဘွဲ့မြို့နယ်/ ပိုင်ကျုံမြို့/ ထန်းတပင်ကျေးရွာ
တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားအစည်းအရုံး (ဒီကေဘီအေ) အမှတ် (၁၀၁၅) နယ်ခြားစောင့်တပ်
အမှတ် (၁၀၁၆) နယ်ခြားစောင့်တပ်
၂၀၁၀ သြဂုတ် ၂၀ ကရင်ပြည်နယ်/မြဝတီမြို့နယ်/ မဲပလဲ့ဒေသ
တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားအစည်းအရုံး (ဒီကေဘီအေ) သတင်းတွင် ဖေါ်ပြခြင်းမရှိ
၂၀၁၀ သြဂုတ် ၂၁ ကရင်ပြည်နယ်/ကော့ကရိတ်မြို့နယ်/ ထီးဟူးသံကျေးရွာ
တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားအစည်းအရုံး (ဒီကေဘီအေ) အမှတ် (၁၀၂၁) နယ်ခြားစောင့်တပ်

၂၀၁၀ သြဂုတ် ၂၁ ကရင်ပြည်နယ်/မြဝတီမြို့နယ်/ အတွင်းကွင်းကလေးဒေသ
တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားအစည်းအရုံး (ဒီကေဘီအေ) အမှတ် (၁၀၂၂) နယ်ခြားစောင့်တပ်
၂၀၁၀ သြဂုတ် ၂၁ ကရင်ပြည်နယ်/ကြာအင်းဆိပ်ကြီးမြို့နယ်/ကျိုက်ဒုံမြို့နယ်/ ကျိုက်ဒုံဒေသ
ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (ဟောင်သရော အထူးဒေသ) အမှတ် (၁၀၂၃) နယ်ခြားစောင့်တပ်
(BGF) ပြောင်းလဲဖွဲ့စည်းတဲ့ ဇယားကိုကြည့်လိုက်တော့ အဓိကအဖွဲ့ကြီးတွေ (BGF) မပြောင်းသေးတာ အထင်အရှား မြင်တွေ့နိုင်ပါတယ်။ ဒီဇယားဟာ ၂၀၀၉ခုနှစ်၊ နိုဝင်္ဘာလ ၈ရက်နေ့မှ ၂၀၁၀ပြည့်နှစ်၊ သြဂုတ်လ ၂၁ရက်အထိ နေ့စဉ်ထုတ် သတင်းစာတွေထဲက အချက်အလက် တွေထုတ်ပြီး စုစည်းထားတာပါ။

“အဖွဲ့ကြီး ၁၇ဖွဲ့”လို့ ဆိုတဲ့အထဲက (BGF) ပြောင်းတာဆိုလို့ ကချင်ပြည်နယ်မှာ ဦးစခုန်တိန့်ယိန်းရဲ့ ကချင်ပြည်နယ် အထူးဒေသ(၁) NDA (K)၊ ကယားပြည်နယ်မှာ ဦးထွန်းကျော်ရဲ့ ကယားပြည်နယ်အထူးဒေသ(၂) (ကလလတ)နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေ(၁) (ကိုး ကန့်အဖွဲ့)တို့ပဲ ဖြစ်ပါတယ်။

ဒါတောင် “ဖုန်ညီအကို”နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ရပြီး တရုတ်နယ်စပ်မှာ “တဲပြာတွေ” ပေါ်လာခဲ့ရသေးတယ် မဟုတ်ပါလား။
“အခြေခံဥပဒေနှင့်အညီပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း”ဆိုတာ ဒီလိုပြောင်းလဲတာတွေကို ဆိုလိုပါသလား။ ဒါဆိုရင် အခုထိ (BGF)အ ဖြစ် မပြောင်းလဲသေးတဲ့ အဖွဲ့တွေကို ဘယ်လိုပြောမလဲ။
(BGF) အဖွဲ့တွေဟာ အမှတ်(၁၀၀၁) ကနေ အမှတ် (၁၀၂၃) ထိ ရှိနေတာမို့ (၂၃) ဖွဲ့လို့ ယူဆရမှာပါ။

အများစုက (DKBA) တွေဖြစ်နေပါတယ်။ (DKBA) တွေကလည်းပြန်လည်ခွဲထွက်ကြပြီး ပြန်လည်တိုက်ခိုက်နေတာ ဖြစ် လို့ (BGF) စာရင်းထဲကနေ အချို့ကိုဖယ်ထုတ်ရမှာဖြစ်ပါတယ်။ (DKBA)က အဖွဲ့ကြီး ၁၇ ဖွဲ့ ထဲမှာ မပါဝင်ပါဘူး။
ဒုတိယသမ္မတ ဦးရှစ်လုံး (ဦးတင်အောင်မြင့်ဦး) ပြောတဲ့ ၃ဖွဲ့ကတော့
- ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၃) SSA
- ကချင်ပြည်နယ်အထူးဒေသ (၂) KIO
- မွန်ပြည်သစ်ပါတီ (NMSP)တို့ ဖြစ်နိုင်ဖွယ်ရှိပါတယ်။ အတိအကျ မပြောလေတော့ အခုလိုပဲ ပြောနိုင်ပါတယ်။

ဒီအတိုင်းဆိုရင် အဖွဲ့ကြီး ၁၇ဖွဲ့ မဟုတ်ဘဲ ၁၃ဖွဲ့ပဲ ကျန်တယ်လို့ အတိအကျ ပြောနိုင်ပါလိမ့်မယ်။ အင်အားတစ်စုံတစ်ရာ ရှိနေတဲ့ အဖွဲ့အစည်း တွေဖြစ်တဲ့
- ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၂) UWSP (ပန်ဆန်း)
- ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ (၄) NDAA (မုံးလား)တို့ကရော နယ်ခြားစောင့်တပ်(BGF)အဖြစ် ပြောင်းလဲဖို့ လွယ် လွယ်ကူကူ၊ ချောချောမွေ့မွေ့ ဖြစ်နိုင်ပါရဲ့လား။
ဇွန်လ (၉)ရက်နေ့မှာ KIA တပ်ရင်း (၁၅)နဲ့ ခမရ(၄၃၇)တို့ဆီက ပေါ်ထွက်လာတဲ့ သေနတ်သံတွေဟာ ထင်သလောက် မလွယ်ကူဘူးဆိုတဲ့ အဖြေကို ပေးနေပါတယ်။

ကိုးကား – နေ့စဉ်ထုတ်သတင်းစာများ
တပ်မတော်သမိုင်း (အဋ္ဌမအတွဲ) ၁၉၉၄- ၁၉၉၇

KIA က မြန်မာတပ်အရာရှိ ၂ ဦး ပြန်လွှတ်ပေး



နယူးဒေလီ (မဇ္ဈိမ) ။ ။ နှစ်ဖက် ဖမ်းဆီးထားသူများ လဲလှယ်ရေး သဘောတူကာ ကချင်လွတ်မြောက်ရေးတပ် KIA က မြန်မာတပ်အရာရှိ ၂ ဦးနှင့် တပ်သားတဦးကို ကြာသပတေးနေ့ ညနေပိုင်းတွင် လွှတ်ပေးလိုက်ကြောင်း စောင့်ကြည့် အကဲခတ်နေသော တရုတ်-မြန်မာနယ်စပ်နေ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

မေလ ၉ ရက်တွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက်ပစ်ခတ်မှုအပြီး ညနေပိုင်းတွင် ယခင်ဖမ်းဆီးထားသည့် မြန်မာစစ်တပ်မှ ခလရ ခြေလျင်တပ်ရင်း ၄၃၇ မှ ဗိုလ်ကြီးကိုကိုဝင်း၊ ဗိုလ်မြတ်ကိုကိုနှင့် တပ်သားတဦးကို KIA က ပြန်လွှတ်ပေးခြင်း
ဖြစ်သည်။

သို့သော် မြန်မာစစ်တပ်ဘက်က ဖမ်းဆီးထားသည့် KIA ဝန်ထမ်းအချို့အနက် မည်ရွေ့မည်မျှ လွတ်လာပြီကို မသိသေးကြောင်း ဦးအောင်ကျော်ဇောက ပြောသည်။

“ဖမ်းထားတဲ့ မြန်မာတပ် ၄၃၇ က အရာရှိ ၂ယောက်နဲ့

တပ်သား ၁ ယောက်ကိုလွှတ်ဖို့၊ KIA ဘက်မှာလည်း မြို့ပေါ်မှာ အရင်တုန်းက ဖမ်းထားတဲ့ KIA က လူတွေနဲ့ လဲဖို့ သဘောတူပြီး ညနေ ၅ နာရီလောက်မှာ KIA က သူတို့ဖမ်းထားတဲ့ မြန်မာစစ်တပ်က လူတွေကို လွှတ်ပေးလိုက်တယ်” ဟု သူက ဆိုသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ ပြောခွင့်ရ ဂျိမ်းစ်လွန်ဒေါင်းကမူ ၉ ရက်နေ့ တိုက်ပွဲတွင် ဖမ်းဆီးခဲ့သူများ ပြန်လွှတ်ရေးကို ၎င်းတို့ အဖွဲ့ခေါင်းဆောင်များအကြား ဆွေးနွေးခဲ့သည်ဟု
ပြောသည်။

“ခေါင်းဆောင်တွေ ညှိနှိုင်းကြပါတယ်။ ဒီကိစ္စက ပြေလည်သွားမှာပါ။ ဘာလို့လဲဆိုတော့ အပစ်အခတ် ရပ်စဲထားတဲ့ အချိန်က ကတိထားတဲ့အတိုင်းပဲ၊ ကျနော်တို့က လုပ်လာကြတာပါ” ဟု သူက ဆိုသည်။

သို့သော်လည်း အသေးစိတ်ကိုပြောကြားရန် သူက ငြင်းဆန်သည်။

မေလ ၈ ရက်နေ့ ညနေတွင် KIA နယ်မြေအတွင်း အစိုးရ တပ်သားများ ဝင်လာသဖြင့် KIA က ဖမ်းဆီးလိုက်ပြီး၊
နောက်ရက်တွင် တာပိန် ရေအားလျှပ်စစ် စီမံကိန်းအနီးတွင် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၅ နှင့် ၎င်းနယ်မြေကပ်လျက် တပ်စွဲထားသည့် ခလရ ၄၃၇ တို့ မနက် ၇ နာရီခန့်မှ နေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့ပြီး
နှစ်ဖက်အကျအဆုံး ရှိခဲ့သည်။

အစိုးရတပ်မှ အင်အား ၂ဝဝ ခန့်ရှိကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းနှင့် ဗိုလ်မှူးတဦး အပါအဝင် ၃ ဦး ကျဆုံးကာ ၆ ဦး ဒဏ်ရာရခဲ့သည်ဟု ဦးအောင်ကျော်ဇော အဆိုအရ သိရသည်။

ဂျိန်းစ်လွန်ဒေါင်းက “အထက်အမိန့်မရလို့ ပြန်မလွှတ်ပေးသေးတဲ့ အချိန်ပေါ့ဗျာ။ မနက်ပိုင်းက လူအင်အား အများကြီးနဲ့ လာတိုက်တယ်။ နှစ်ဖက် အကျအဆုံးရှိတယ်။ အတိအကျ ကျနော် မပြောချင်ဘူး” ဟု ဆိုသည်။

မဇ္ဈိမမှ စုဆောင်းရရှိသည့် သတင်းများအရ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) က KIO ဘက်မှ ဖားကန့်ခရိုင် တပ်ရင်း ၆ နယ်မြေမှ ဝန်ထမ်း ၂ ဦးဖြစ်သည့် ဦးဘရန်မိုင်နှင့် ကိုလဆိုင်း၊ တရုတ်နယ်စပ် ဆန်ပိုင်အခြေစိုက် တပ်ရင်း ၃ မှ ဝန်ထမ်း ဦးဇော်နန်နှင့် တပ်ရင်း ၁၁ မှ ဝန်ထမ်း ဦးယော်ဘောမ်တို့ကို ၂ဝ၁၁ မတ်လအတွင်း ဖမ်းဆီးခဲ့သည်။

အစိုးရတပ်များက KIA ထိန်းချုပ်ရာ တပ်ရင်း ၅ ဒေသတွင်း ဝင်ရောက်လှုပ်ရှားနေမှုကြောင့် မြောက်ပိုင်းတိုင်း စစ်ဌာချုပ်ကို မေလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ တပ်များရုပ်သိမ်းပေးရန် သတိပေးခဲ့သေးသည်။

“ရှေ့လျှောက်ပြီး ဒီလိုပဲ ဆက်လုပ်လာမယ်ဆိုရင်တော့၊ လူကြီးတွေက ရှေ့တန်းက လူတွေကို မင်းတို့ ကြိုက်ရာလုပ် ဆိုတဲ့ပုံစံမျိုး ပေါ်လာတယ်ဆိုရင်တော့ မကောင်းတော့ဘူးဗျာ” ဟု ဂျိမ်းစ်လွန်ဒေါင်းက ဆိုသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်ခဲ့သော KIO သည် ၁၉၉၄ ခုနှစ်တွင် အပစ်ရပ်ခဲ့သည်။ သို့သော် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် KIO က လက်မခံသဖြင့် စစ်အစိုးရက ပြီးခဲ့သည့်နှစ် စက်တင်ဘာ ကတည်းက KIO ၏ ခရီးသွားလာခွင့်ကို ထိန်းချုပ်ခဲ့သည်။

ထို့အပြင် ၂ဝ၁ဝ အောက်တိုဘာတွင် KIA ကို သောင်းကျန်းသူဟု အစိုးရ သတင်းစာ၌ ပြန်လည် သုံးနှုန်းခဲ့သည်။
နိုဝင်ဘာလထဲတွင် KIO ၏ ဆက်ဆံရေးရုံးများ ပိတ်သိမ်းရန် ညွှန်ကြားလာခဲ့ပြီးနောက် နှစ်ဖက်ကြား ဆက်ဆံရေး တင်းမာနေခဲ့သည်။

ကချင် လက်နက်ကိုင်အဖွဲ့နှင့် အစိုးရတပ် စစ်ရေး ဆက်တင်းမာ

10 June 2011

ဧရာဝတီ

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာ အစိုးရတပ်အကြား ကချင်ပြည်နယ်အတွင်း ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စစ်ရေးအရ တင်းမာမှုများ ဆက်လက်ရှိနေသည်ဟု သိရသည်။


Kachin-Independence-Army-mm
စစ်ရေး လေ့ကျင့်နေသော KIA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - James Robert Fuller)





KIA နယ်မြေအတွင်းရှိ မိုင်ဂျားရား ကျေးရွာမှ ဒေသခံ တဦးကလည်း ကျေးရွာများတွင် နေထိုင်သည့် အမျိုးသားများသည် တိုက်ပွဲ ဖြစ်ပွားသည့်ဒေသများသို့ သွားရောက်၍ စစ်တိုက်ခိုက်ရေးတွင် မပါဝင်နိုင်သော်လည်း ရိက္ခာသယ် ဆောင်ရာတွင် ကူညီပေးကြသည်ဟု ပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားသည့်နေ့ ညပိုင်းမှ စတင်ကာ မြန်မာစစ်တပ်ဘက်မှ KIA ဌာနချုပ်အနီးတ၀ိုက်တွင် တပ်အင်အား တိုးချဲ့ခြင်းများ ပြုလုပ်လာခြင်းရှိသော်လည်း အရေအတွက် မည်မျှ တိုးချဲ့သည်ကို တိတိကျကျမသိရဟု တရုတ်-မြန်မာ နယ်စပ်ရှိ KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့မှ ဒေသခံ ကိုဆိုင်းအောင် က ပြောသည်။

“မြစ်ကြီးနားနဲ့ ဗန်းမော်လမ်း ဘက်ပေါ့။ မနေ့က တိုက်ပွဲဖြစ်တဲ့ လမ်းဘက်မှာရော ၊ ဗန်းမော်လမ်းဘက်မှာရော ၊ လိုင်ဇာနဲ့ နီးတဲ့နေရာ မြန်မာစစ်တပ်ဘက်က အင်အားထပ်တိုးချထားတယ်”ဟု သူက ဆိုသည်။

၂၀၁၀ ပြည့်နှစ်ကတည်းက KIA တပ်များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် စစ်အစိုးရက ဖိအားပေးခဲ့ရာမှ ဆက်ဆံရေး တင်းမာနေခဲ့သည်။

ယမန်နေ့ တိုက်ပွဲတွင် မြန်မာအစိုးရတပ်မှ စစ်သား ၃ ဦး ကျဆုံးကာ ၆ ဦး ဒဏ်ရာရရှိပြီး KIA တပ်မှ စစ်သား ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း KIA ၏ ပြောကြားချက်ကို ယမန်နေ့က ကချင်သတင်းဌာနတွင် ဖော်ပြထားသည်။

ယခင်လကတည်းက KIA က ၎င်းတို့ ထိန်းချုပ်သည့် နယ်မြေထဲသို့ မ၀င်ရောက်ရန် သတိပေးခဲ့သော်လည်း KIA တပ်မဟာ ၃ ထိန်းချုပ်သည့် နယ်မြေထဲသို့ အစိုးရတပ်များဝင်ရောက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ KIA တပ် မဟာ ၃ ထိန်း ချုပ်သည့် နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီးကတည်းက အစိုးရတပ်များနှင့် စစ်ရေးတင်းမာနေကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ကချင်သတင်းဌာနမှ အယ်ဒီတာ ကိုနော်ဒင်းက“ဗန်းမော်ခရိုင်ထဲမှာ ရှိတဲ့ မြန်မာ တပ်တွေထဲက စစ်သားအင်အား ၅၀၀ လောက် တော့ ရှိတယ်။ သူတို့က KIAနယ်မြေထဲကို ၀င်လာလို့ အဖမ်းခံထားရတဲ့ မြန်မာစစ်သားတွေကို လွှတ်ပေးဖို့ အင်အားနဲ့ လာ ခြိမ်းခြောက်သလို ၊ ဖိအားပေးသလို ပုံစံမျိုးလုပ်တယ်လို့သိရတယ်။ အဲဒီမှာ ညှိကြရင်းနဲ့ နှစ်ဘက် တင်းမာကုန်ပြီး မြန်မာ စစ်တပ်က စပစ်တာကို KIA ကလည်း ပြန်ပစ်ကြရင်း တိုက်ပွဲဖြစ်ကုန်တာ”ဟု ပြောသည်။

KIOသည် ယခင် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံဟု ၂၀၁၀ စက်တင် ဘာလ ၁ ရက်နေ့က ငြင်းဆိုခဲ့ပြီးနောက် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေအတွင်း နအဖတပ်များ မကျူးကျော်ရန်လည်း သတိပေး ထားသည်။

ကိုဆိုင်းအောင်က“ထိုးစစ်အနေနဲ့ KIA နယ်မြေထဲကို ထပ်တိုးဝင်လာရင်တော့ စစ်ပွဲကြီးတွေ ဖြစ်လာနိုင်တာပေါ့။ မနေ့က တိုက်ပွဲ ကလည်း လူသေတဲ့ အထိ ရှိသွားတော့ တိုက်ပွဲက ပြင်းထန်တယ် ပြောရမယ်”ဟု ပြောသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၁၈ ရက်တွင် KIA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဆက်ဆံရေး ရုံးကို အစိုးရတပ်များက ဝင်ရောက်စီးနင်းပြီး KIO အရာရှိ နှစ်ဦးကို ဖမ်းဆီးခဲ့သည်။

၁၉၉၄ ခုနှစ်မှ စတင်ပြီး KIA သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များ နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရေး အစီအစဉ်ကို KIA က လက်မခံသဖြင့် အစိုးရနှင့် ဆက်ဆံရေး ပျက်ပြားလျက် ရှိသည်။ နှစ်ဘက် စစ်ရေးပြင်ဆင်သည့် သတင်းများလည်း ပြီးခဲ့သည့်နှစ်က ပေါ်ထွက်လာသည်။

အစိုးရ တပ် စစ်သုံ့ပန် ဥပဒေချိုးဖောက်

ကရင်တစ်ယောက်သေရင် ပြည်တွင်းစစ်မီးဟုန်းဟုန်း တောက်စေရမည်။


ရိက္ခာပို့ကားများ သွားရာလမ်း


ဒေါနမြေမှာ အသက်ပေါင်းများစွာ သေကြေဆုံးရှုံးခဲ့ပေမဲ့ နိုင်ငံရေးပြသနာကို နိုင်ငံရေးအရ ဖြေရှင်းဖို့ လက်မခံကြတဲ့ စစ်အာဏာရှင်အဆက်ဆက်ဟာ ယခုလည်း မိုးတွင်းကာလအထူးစစ်ဆင်ရေးဆိုပြီး
ကရင်လူမျိုးကို မြေလှန်စံနစ်နဲ့ မျိုးဖြုတ်ဖို့ တာစူနေပြီဖြစ်ပါတယ်။

ကရင်အမျိုးသားတစ်ရပ်လုံးအား ကိုယ်စားပြုတဲ့ အမျိုးသားရေးလှုပ်ရှားသူတွေကလည်း စစ်ရေး
အရ လက်ဦးမှုရယူဖို့စံနစ်ကို စွဲကိုင်မထားသော်လည်း ကျူးကျော်ပြီးထိုးစစ်ဆင်လာတဲ့ စစ်မိစ္ဆာ
တွေကို ပြန်လည်ချေမှုန်းဖို့ မာနယ်စိုးစစ်ဆင်ရေး မဟာမိတ်အဖွဲ့ကို ကျောင်းသားတပ်မတော်
အပါအ၀င် DKBA နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။

ပြည်တွင်းပြည်ပရှိ ကရင်အမျိုးသားတို့ အားပေးထောက်ခံမှုနဲ့ ထောက်ပံ့ကူညီမှုအားရရှိတဲ့
ကရင့်အမျိုးသားလှုပ်ရှားမှု မာနယ်စိုးစစ်ဆင်းရေးဟာ နေပြည်တော်အစိုးရရဲ့ မိုးတွင်းကာလ
အထူးစစ်ဆင်ရေးကို ဗိုလ်ချုပ်စောလားပွယ်တို့ တပ်ဖွဲ့တုန်းကလိုပဲ အနိုင်ယူဖြိုခွင်းနိုင်မယ်လို့
ကရင်အမျိုးသားများ ယုံကြည်ထားကြပါတယ်။

ငွေအကုန်အကျများစွာဖြင့်လက်နက်ကြီးတွေကို ဖေါဖေါသီသီသုံးခဲ့တဲ့ ဝေါ်လေ ဖလူးတိုက်ပွဲတုန်း
ကလို ပြည်တွင်းစစ်ကိုဖိတ်ခေါ်နေတဲ့ နေပြည်တော်ကြံ့ဖွံ့အစိုးရအနေနဲ့ သုံးလာနိုင်သော်လည်း
စစ်နည်းပရိယာယ်ကျွမ်းကျင်ပြီးသား မာနယ်စိုးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့က စိုးစဉ်းမျှ စိုးရိမ်ကြောင့်
ကြစိတ်မ၀င်ပဲ တန်ပြန်ခုခံသွားရုံသာမက အနိုင်ယူသွားနိုင်မယ်လို့ ကရင့်အမျိုးသားလှုပ်ရှားမှု
အသိုင်းအ၀ိုင်းက ဆိုပါတယ်။

လူမျိုးကြီးဝါဒ၀ါးမျိုမှုနဲ့ ဖိနှိပ်ချုပ်ခြယ်မှုနည်းမျိုးစုံကို ခံကြရတဲ့ ကရင်လူမျိုးကို ကိုယ်စားပြုလှုပ်ရှား
နေတဲ့ ကရင့်အမျိုးသားရေးလှုပ်ရှားသောတပ်ဖွဲ့များကို ကြံ့ဖွံ့အစိုးရသစ်အနေနဲ့ လုံးဝဥသုံ မသတ်
နိုင်ဘူးလို့ မပြောနိုင်သော်လည်း ကရင်လူမျိုးတို့၏ စိတ်ဓါတ်ကို ဘယ်လိုနည်းနဲ့မှ ချိုးနှိမ်၍ မရနိုင်
ကြောင်းကို ထပ်လောင်းပြောချင်ပြီး ကရင်တစ်ယောက်သေရင် ပြည်တွင်းစစ်မီးဟုန်းဟုန်းတောက်
လောင်သွားမည့်အကြောင်း မီးမောင်းထိုးပြလိုက်ရပါတယ်။

အဆင့်အတန်းမရှိတဲ့ ဗမာ့တပ်မတော်

ဒီသတင်းကို ဖတ်တော့ သိပ်မကြာသေးခင်လများက ငြိမ်းကောင်စီ ဗိုလ်ထိန်မောင် အဖွဲ့ ဝင် ကရင်စစ်သား ၈ ဦးကို ဗမာစစ်သားတွေက သတ်ဖြတ်ပြီး မီးရှီူ့ ပစ်ထားခဲ့တာတွေကို မြင်ယောင်မိပါတယ်။ နင်လားငါလား စစ်မြေပြင်မှန် တစ်ဦးကို တစ်ဦးတိုက်တဲ့ပွဲတွေမျိုးဆိုရင် ၈ဦးမပြောနဲ့  ၈၀၀ လောက်သေသွားရင်တောင် အဲဒါ တရားတယ်.. အဆင့်အတန်းရှိတယ် သိက္ခာရှိတယ်။

အခုလာပြန်ပြီ ကချင်နဲ့  စစ်သုံးပန်းလှဲလှယ်ရေးမှာ ကချင်တွေကို ဗမာစစ်တပ်က လူသေကောင်ပြန်ပေးပြီး ကချင်က လူရှင်နှစ်ယောက်ပြန်ပေးလိုက်တယ်ဆိုပဲ။ ဗမာ့တပ်မတော်က သူတို့ ဗိုလ်ချူပ်တွေက အစ မိုက်ရှိုင်းယုတ်မာတော့ ဗမာစစ်တပ်တစ်ခုလုံးလည်း လူယုတ်မာတွေ ပေါများလွန်းလှပါတယ်။ အခုဖြစ်ပျက်နေတဲ့ အရာတွေဟာ သက်သေပဲ။

ဒါကလည်း ရိုးရိုးသားသားမဟုတ်ဘူးလို့ ပြောလို့ ရတယ်။ ငြိမ်းကောင်စီက ဗိုလ်ထိန်မောင်လူ ၈ဦးကိစ္စနှင့်ယခုကချင်ကိစ္စက လူမျိုးရေးအရ တမင်ရီရွယ်ပြီးစော်ကားတာလည်းပါတယ်။ မင်းတို့ ကရင်တွေ ကချင်တွေ ဒီလိုပဲသတ်ပစ်မယ် ဆိုတဲ့ မဟာတွေရဲ့ အောက်တန်းကျတဲ့ေ-ာက်ကျင့် စိတ်ဓါတ်တွေလို့ ပြောရင်မှားမယ် မထင်ပါ။

တကယ်တော့ ဒီပွဲမှာ ကချင်က အလောင်းချင်း လှဲလှယ်တာကပိုကောင်းပါတယ်။ အဲဒါမှ တရားမျှတတယ် ဆိုရပါမယ်။ ကိုယ်က အရှင်လတ်လတ်နှစ်ယောက်ပြန်ပေးပြီး ကိုယ့်ကို လူသေကောင်ပြန်ပေးတာ ခံရခက်လွန်းပါတယ်။ အခုတော့ ဗမာ့တပ်မတော်က ကွယ်ရာမှာ ကြိတ်ပြီး မင်းတို့ ကို ရီ(ရယ်)ပေးနေပြီ ကချင်ညီနောင်တို့ ရေ.....
kachin soldier killed by burmese Army

ပဲခူး ကျောင်းသားငယ် ဓာတ်လိုက် သေဆုံး



ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆွေးမြေ့နေသည့် လျှပ်စစ်မီးကြိုး ပြတ်ကျသဖြင့် ၁ဝ နှစ်သားအရွယ် ကျောင်းသားငယ်တဦး ဓာတ်လိုက်သေဆုံးမှု ပဲခူးမြို့၌ ဗုဒ္ဒဟူးနေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည်။

ပဲခူးမြို့လယ် နာရီစင်အနီး သနပင်နှင့် တောင်ငူ လမ်းစုံရှိ သဇင် စာအုပ်ဆိုင်ရှေ့၌ ဇွန်လ ၈ ရက် ညနေ ၆ နာရီခန့်တွင် မိုးဖွဲများ ကျနေစဉ် လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျလာပြီး၊ လမ်းကူးနေသည့် ကျောင်းသားတဦး နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခြင်း ဖြစ်သည်။

“တကယ်စိတ်မကောင်းစရာ။ အသက်က ဒီကလေးက ၁ဝ နှစ်။ လမ်းလျှောက်နေရင်းနဲ့ အဲဒီမှာ ဓာတ်ကြိုးက လျပ်တပြက် ပြုတ်ကျတာ။ ကိုယ်တို့က ကားနဲ့ လာတဲ့အခါ ကားတွေက ပိတ်ဆို့နေလို့ မိုးရွာတဲ့ကြားထဲက သွားကြည့်တော့ ဓာတ်လိုက်နေတာ ငုတ်တုတ်ပဲကွာ။ ကလေးက သေနေတာ ကျောင်းစိမ်းလေးနဲ့” ဟု မျက်မြင်တွေ့ရှိခဲ့သူ တဦးက မဇ္ဈိမကို ပြောသည်။

ပဲခူးမြို့ လမ်းဘေးဓာတ်တိုင်များရှိ လျှပ်စစ်ကြိုးများမှာ သစ်ပင်များနှင့် ရောထွေးနေခြင်း၊ ကြိုးသစ်မလဲဘဲ နှစ်ပေါင်းများစွာ အသုံးပြုထားခြင်းတို့ကြောင့် စိုးရိမ်စရာကောင်းကြောင်း မြို့ခံများက ပြောသည်။

“အခုကြိုးတွေက ကားကြီးတွေနဲ့ဆို သိပ်မလွတ်ချင်ဘူးကွ။ တို့မြို့က မီးကြိုးတွေက နိမ့်နိမ့်လေးတွေ။ ပြီးတော့ အဟောင်းတွေချည်းပဲ။ မိုးနဲ့လေနဲ့ ရောပြီးဝင်ရင် မလွယ်ဘူး။ လျှပ်စစ်ရုံးကလည်း မီးဖိုးသာ ပုံမှန်ကောက်နေတာ၊ ဒါတွေကျ ပြုပြင်ရကောင်းမှန်း မသိဘူးကွ။ ကြိုးပြတ်ကျပြီး ဓာတ်လိုက်သေတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စ” ဟု မြို့ခံက ပြောသည်

တော်လှန်ရေးသမား ၃၄ ဦး KNU ဂုဏ်ပြု

ပဒိုစောအားတိုး အမှာစကားပြောစဉ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယထောင်များအတွင်း ၁၃ နှစ်ကျော်ကြာ အကျဉ်းကျခံခဲ့သည့် ကရင်နှင့် ရခိုင် တော်လှန်ရေးသမား ၃၄ ဦးအား ကရင်အမျိုးသား အစည်းအရုံး KNU တော်လှန်ရေးသမိုင်း၌ ကြာသပတေးနေ့တွင် မှတ်တမ်းတင်လိုက်သည်။

အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီတွင် ပြုလုပ်ခဲ့သည့် မျိုးချစ်သူပုန် ၃၄ ဦးအား ဂုဏ်ပြုသည့် အခမ်းအနား၌ KNU က ထိုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။


ပဒိုစောအားတိုး အမှာစကားပြောစဉ် (ဓာတ်ပုံ - မဇ္ဈိမ)


“မလျှော့သော ဇွဲလုံ့လနဲ့ အနစ်နာခံ၊ အပင်ပန်းခံလာခဲ့တဲ့

အတွက် ကျနော်တို့ KNU အနေနဲ့ တော်လှန်ရေးရဲ့ သမိုင်းကိစ္စမှာ အတည် ဖြစ်ပါလိမ့်မယ်။ အသိအမှတ်ပြု မှတ်တမ်းတင်ပါတယ်” ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောအားတိုးက ဂုဏ်ပြုပွဲတွင် ပြောဆိုခဲ့သည်။

၃၄ ဦးအနက် ၁၀ ဦးမှာ KNU အဖွဲ့ဝင်များဖြစ်ပြီး၊ ကျန် ၂၄ ဦးမှာ ရခိုင်အမျိုးသား ညီညွှတ်ရေးပါတီ NUPA မှ ဖြစ်ကြသည်။

မြန်မာ့ဒီမိုကရေစီအင်အားစုများက ဦးစီးကျင်းပသည့် အဆိုပါဂုဏ်ပြုပွဲတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ မစ်ရှင်အကြီးအကဲ မစ္စစ် Monserrat Feixas Vihe ကလည်း “UNHCR အနေနဲ့ ဒုက္ခသည်တွေကို ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့ ဖြစ်တဲ့အတွက် ဒီ ၃၄ ယောက်ကို လုံလုံခြုံခြုံနဲ့ ပြန်လည် လွတ်မြောက်နိုင်ဖို့ ဆောင်ရွက်ရာမှာ အောင်အောင်မြင်မြင် ပါဝင်ကူညီပေးနိုင်ခွင့် ရတာဟာ ကျမတို့အတွက် အခွင့်ထူးတရပ်ပါပဲ” ဟု ပြောဆိုသွားသည်။
၁၉၉၈ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကတည်းက အိန္ဒိယရေတပ်မှ ဖမ်းဆီးခဲ့သည်မှာ မျိုးချစ် ၃၆ ဖြစ်ပြီး ၂ ဦးမှာ ချုပ်နှောင်ထားရာမှ ထွက်ပြေးပြီး ယခုထိ
ပျောက်ဆုံးနေသည်။ ကျန် ၃၄ ဦးအနက် ၃၁ ဦးမှာ ၂ဝ၁၁ မေ ၁၉ ရက်တွင် ကိုလ်ကတ္တား အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ပြီး နယူးဒေလီသို့ ရောက်ရှိလာခဲ့ကာ ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်နိုင်ခဲ့ကြသည်။ ၃ ဦးမှာ အခြားအမှုများ ဆက်လက်ရင်ဆိုင်ရန် ကျန်ရစ်နေခဲ့ကာ မကြာမီ ပြန်လွတ်လာမည် ဖြစ်သည်။

အိန္ဒိယပိုင်နက် အန္ဒမန်ကျွန်းစုထဲမှ လန်းဖောကျွန်းတွင်
မြန်မာမျိုးချစ်သူပုန်များအတွက် အခြေစိုက်စခန်း တည်ဆောက်ရန်အတွက် အိန္ဒိယ ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီး ဂရေးဝေါ၏ လီဆယ်သွေးဆောင်မှုကြောင့် ထိုကျွန်းပေါ်သို့ ရောက်ရှိလာခဲ့သည်။

ကျွန်းပေါ်ရောက်ပြီး နောက်တရက်တွင် ခေါင်းဆောင် ၆ ဦး သတ်ဖြတ်ခံခဲ့ရကာ ၃၆ ဦးမှာ ၁၃ နှစ်ကျော်ကြာ ဖမ်းဆီး ချုပ်နှောင်ခံခဲ့ရခြင်း ဖြစ်သည်။

CBI ခေါ် အိန္ဒိယ ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့က ၁၉၉၈ ဖေဖော်ဝါရီ ၁၈ နေ့စွဲပါ ပထမသတင်းပေး တိုင်တန်းချက် FIR အပေါ် အခြေခံ၍ ၎င်းတို့ကို အိန္ဒိယသို့ တရားမဝင် ခိုးဝင်မှု၊ လက်နက်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ လက်ဝယ်ထားရှိမှုတို့ဖြင့် တရားစွဲခဲ့သည်။ ၎င်းလက်နက်ခဲယမ်းများသည် အိန္ဒိယအရှေ့မြောက်ဒေသရှိ
သောင်းကျန်းသူများကို ပေးပို့ရန် ဖြစ်သည်ဟုလည်း စွပ်စွဲခဲ့သည်။
“ဒီလုပ်ကြံမှုကြီးရဲ့ တရားခံ အစစ်အမှန်ဟာ ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီး ဂရေးဝေါ ဖြစ်တယ်။ ဒီလုပ်ကြံမှုကြီးနဲ့ ပတ်သက်လို့ အိန္ဒိယ ထောက်လှမ်းရေးဌာန တခုလုံးကို အပြစ်တင်ဖို့ မဟုတ်ပါဘူး။ ဂရေးဝေါကသာ တရားခံအစစ်ဖြစ်ပြီး အားလုံးကို လိမ်သွားတာဖြစ်ပါတယ်” ဟု NCGUB ညွန့်ပေါင်းအစိုးရ
ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။

လွတ်မြောက်လာခဲ့သည့် ရခိုင်အမျိုးသား ခိုင်စိုးနောင်က “ထောင်ဆိုတာ ဘယ်ထောင်မှ မကောင်းပါဘူး။ အခုလို ကျနော်တို့ လွတ်မြောက်လာအောင် ဝိုင်းဝန်း ဆောင်ရွက်ပေးခဲ့ကြသလို ကမ္ဘာပေါ်မှာ အဆိုးဆုံးထောင်တခုဖြစ်တဲ့ ဗမာပြည်ထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက်လည်း ဆောင်ရွက်သွားကြစေလိုပါတယ်” ဟု တိုက်တွန်းသွားသည်။

ယခုအခါတွင် လွတ်မြောက်လာသူ ၃၁ ဦးမှာ နယူးဒေလီမြို့တွင် နေထိုင်လျက်ရှိသည်။

ထိုင်း၊ မြန်မာ ဒုက္ခသည်စခန်း လူစာရင်းကောက်ခံမှု ကူညီရေးအဖွဲ့တွေ ကြိုဆို

ထိုင်းအစိုးရက မြန်မာဒုက္ခသည် လူဦးရေစာရင်း ကောက်ယူနေတာကို ဒုက္ခသည်အရေးတွေ အကူအညီပေးနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေက ကြိုဆိုလိုက်ပါတယ်။ အဲဒီလို လူဦးရေစာရင်း ကောက်ယူတာကြောင့် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်သလဲ ဆိုတာကို မေးမြန်းစုံစမ်းထားတဲ့ ဦးဝင်းမင်းက တင်ပြပေးထားပါတယ်။

ထိုင်း၊ မြန်မာနယ်စပ် ထိုင်းဘက်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုထဲက ၃ ခုမှာ ဒုက္ခသည် လူဦးရေစာရင်း ကောက်ယူတာကို ထိုင်းအစိုးရက မေလကုန်ကတည်းက စလုပ်နေပါတယ်။ ထိုင်းနိုင်ငံ တပ်ခ်ခရိုင် အုပ်ချုပ်ရေးမှူးရဲ့ အမိန့်နဲ့ မယ်လ၊ အုန်းဖျန်နဲ့ နို့ဖိုးစခန်းတွေမှာ စလုပ်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

အခုလို ဒုက္ခသည်စာရင်း ကောက်တာကို TBBC ခေါ် ထိုင်း၊ မြန်မာနယ်စပ် ကူညီရေး အဖွဲ့ကြီးက ဒုတိယ အလုပ်အမှုဆောင် ဒါရိုက်တာ ဆယ်လီ သော်မ်ဆင်က ကြိုဆိုလိုက်ပါတယ်။

“အခုလို သန်းခေါင်စာရင်းကောက်တာ ကောင်းပါတယ်။ ရှေ့သွားမယ့် လုပ်ငန်းစဉ် တခုပဲလို့ ကျမ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစခန်းတွေထဲမှာ ၂၀၀၅ ခုနှစ်ကတည်းက ပြည့်စုံတဲ့ ဒုက္ခသည် စာရင်းသွင်းတာမျိုး မရှိခဲ့သေးဘူးလေ။”

ဘာကြောင့် အခုလို ကြိုဆိုရပါလဲ ဆိုတာကိုတော့ ဆယ်လီ သော်မ်ဆင်ကပဲ ဒီ တပ်ခ်ခရိုင်မှာ သန်းခေါင်စာရင်း ကောက်ရာကနေ အခြားနယ်စပ်က စခန်းတွေအထိပါ ဆက်ဖြစ်သွားပြီး ဒုက္ခသည် တရားဝင် စာရင်းသွင်းတဲ့ လုပ်ငန်းစဉ် ပထမအဆင့်အဖြစ် ဆက်ဖြစ်သွားနိုင်မယ်လို့ မျှော်လင့်ထားလို့ပါလို့ ဆိုပါတယ်။

ဒီ နယ်စပ်တလျှောက် စခန်းတွေထဲမှာ ဒုက္ခသည်ပေါင်း ၁၄၀,၀၀၀ ကျော်ရှိတယ်လို့ အကူအညီပေးတဲ့ အဖွဲ့တွေက ယူဆထားကြပါတယ်။ အဲဒီအထဲမှာ တရားဝင် စာရင်းမသွင်းရသေးတဲ့ သူတွေလည်း အများအပြား ရှိနေတာမို့ သူတို့အတွက်လည်း ဒီလုပ်ငန်းစဉ်ကြောင့် လက်တွေ့မှာ အထောက်အကူ ပြုနိုင်တယ်လို့ မစ်စ် သော်မ်ဆင်က ဆက်ပြောပါတယ်။

“လောလောဆယ် မှတ်တမ်းတွေအရတော့ ဒီစခန်းတွေထဲမှာ စာရင်းမသွင်းရသေးတဲ့လူပေါင်း ၆၀,၀၀၀ ကျော် ရှိပါတယ်။ ဒါက အစိုးရက အသိအမှတ်ပြုထားတဲ့ တရားဝင် စာရင်းတော့ မဟုတ်ပါဘူး။ ကျမတို့ အစားအသောက် ထောက်ပံ့ပေးတဲ့ နေရာမှာ သုံးနေတဲ့ စာရင်းပါ။”

မစ်စ် သော်မ်ဆင်ကပဲ ဒီ စာရင်းမသွင်းရသူတွေ အနေနဲ့ အခြားသူတွေလို တတိယနိုင်ငံသွားဖို့ အခွင့်အရေးတွေ၊ ပညာသင်ဖို့နဲ့ အခြား လုပ်ငန်းဆောင်တာတွေမှာ ပါဝင်နိုင်ဖို့ အခွင့်အလမ်းတွေ မရကြဘူးလို့ ဆိုပါတယ်။ ၂၀၀၄ ခုနှစ်ကတည်းက ဆိုရင် ဒီဒုက္ခသည်ပေါင်း ၇၀,၀၀၀ ဟာ တတိယနိုင်ငံတွေမှာ အခြေချ နေထိုင်ကြရပြီး အများဆုံးကတော့ အမေရိကန်နိုင်ငံကို ရောက်သွားကြတာ ဖြစ်ပါတယ်။

အခုလို တရားဝင် စာရင်းမသွင်းရသေးတဲ့ ဒုက္ခသည် အများအပြား ရှိနေတာကို UNHCR ခေါ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အာရှဒေသရဲ့ ပြောရေးဆိုခွင့်ရှိသူ ကစ်တီ မက်ကင်ဆီကလည်း သဘောတူပါတယ်။

“ဒီ ထိုင်းနိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ စာရင်းမသွင်းရသေးတဲ့ ဒုက္ခသည်တွေ ရှိနေတာကို ဘယ်သူမှ အံ့သြကြတော့မှာ မဟုတ်ပါဘူး။ ဒါကို သိလာခဲ့တာ ကြာပြီပဲ။ ဒါပေမဲ့ ဘာက အရေးကြီးတာလဲ ဆိုတော့ ထိုင်းအာဏာပိုင်တွေက ဒီဒုက္ခသည် ဘယ်လောက် အတိအကျရှိလဲ ဆိုတာ သိချင်တဲ့ ကိစ္စပါ။”

ဒါပေမဲ့ မစ်စ် မက်ကင်ဆီကပဲ ဒုက္ခသည်အဖြစ် သတ်မှတ်ပြီး တရားဝင် စာရင်းသွင်းတဲ့ အဆင့်နဲ့ လက်ရှိ ထိုင်းအစိုးရက လုပ်နေတဲ့ ဒုက္ခသည် လူဦးရေ အရေအတွက် ကောက်ယူတာနဲ့ဟာ လုပ်ငန်းစဉ် သတ်သတ်စီ ဖြစ်တာမို့ အခုလို ဒုက္ခသည်အဖြစ် တရားဝင် သတ်မှတ်ရေး တိုက်ရိုက် ဖြစ်လာမယ်လို့ ယူဆလို့ မရကြောင်း ဆိုပါတယ်။

“အခုလိုမျိုး ဒီနေရာမှာ ဒုက္ခသည်ပေါင်း ဘယ်လောက်ရှိသလဲ ဆိုတာ ရေတွက်တာနဲ့ ဘယ်သူက ဒုက္ခသည်ဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာကို ဆုံးဖြတ်တာက သတ်သတ်စီပါ။ ဒီလို ဒုက္ခသည်အဖြစ် သတ်မှတ်လိုက်တာကို ကြိုတင် ၀င်ခွင့်ပြုတယ်လို့ တရားဝင် ခေါ်ပါတယ်။”

ဒါပေမဲ့ လောလောဆယ်မှာတော့ အခုလို ထိုင်းအစိုးရက ဒုက္ခသည်စာရင်း ကောက်နေတာကြောင့် ဒုက္ခသည်တွေ အနေနဲ့ မြန်မာနိုင်ငံ ပြန်ပို့ခံရမှာကို စိုးရိမ်နေကြပါတယ်။ ဒါပေမဲ့ TBBC က မစ်စ် သော်မ်ဆင်ကပဲ အခုလို ဒုက္ခသည်တွေ အနေနဲ့ စိုးရိမ်တာကို တွေ့ခဲ့ရပေမဲ့ ထိုင်းအစိုးရဘက်ကတော့ လောလောဆယ် ပြန်ပို့ဖို့ အစီအစဉ် မရှိသေးဘူး၊ ကတိရထားပြီးပြီလို့ ဆိုပါတယ်။

“ကျမတို့ကို ထိုင်းအရာရှိတွေကနေ အာမခံ ကတိပေးထားတာ ရှိပါတယ်။ ဒီဒုက္ခသည်တွေကို အတင်းအဓမ္မ ပြန်မပို့ဘူးလို့ သူတို့က ပြောပါတယ်။”

ဒီအချက်ကို ကုလသမဂ္ဂ ဒုက္ခသည်ရုံး ပြောခွင့်ရှိသူ မစ်စ် မက်ကင်ဆီကလည်း သဘောတူပါတယ်။ သူမကပဲ ထိုင်းအစိုးရ အနေနဲ့ ဒုက္ခသည်တွေကို လုံခြုံမှု ရှိမှသာ ကိုယ့်သဘောနဲ့ကိုယ် ပြန်တာမျိုးသာ ဖြစ်စေချင်တယ်လို့ ဆိုပါတယ်

ဝက်နားရွက်ပြာရောဂါ







ဒေါ်လာ ဈေးတွေ ကျပြီးရင်း ကျအုံးမှာ လား မြန်မာ့စီးပွားရေး တစေ့တစောင်း သိရသမျှ

မြန်မာပြည် မှာ ဒေါ်လာဈေးတွေ ထိုးကျလာတော့ စီးပွားရေးသမားတွေ က အစိုးရသစ် က မထိန်းနိုင်တာတို့ ဘာတို့ ရှောက်ပြောနေတာ ကြားရတော့ အရင်က ဒေါ်လာဈေး ၁၀၀ လောက်ကနေ ၅၀၀ အဲဒီကနေ ၈၀၀ ပြီးတော့ ၁၀၀၀ ကျော်အထိ တတ်လာတုန်းကတော့ အစိုးရ က ဝင်ထိန်းပေးပါအုံး အသံတောင် မကြားရဘူး

အခုတော့လည်း

အဝေးကသူတွေ လည်း ငွေပို့ ရင် ခံနေရတာပါ ...ဒါပေမဲ့ မြန်ပြည်ထဲမှာ အစားအစာ တွေ ဈေးတဖြည်းဖြည်း ကျလာပြီး မြန်မာပြည်သူတွေ အစားအသောက် ဈေးပေါလာရင် နစ်နာပေမဲ့ ကောင်းတာဘက်ဦးတည် နိုင်မှာပါ...

တခါက ပုသိမ်မှာ ပုဇွန်ထုပ်ကြီး စားချင်လို့  ဈေးမှာ သွားဝယ်တော့ ဒါကအိတ်ပ်စပို့ စ်အတွက် ဒါဆို ဘာလို့ ဈေးကိုယူလာလဲပေါ့
မဟုတ်ပါဘူး ဈေးကြီးလို့ ပါ ပြောလာတယ်

ဒါနဲ့  ဘယ်ဈေးလဲလို့ မေးတော့ မတန်တရာ ဈေးပြောတော့ အဲဈေးနဲ့ ရောင်းရင်ဖြစ်လားပြောတော့ ဖြစ်ပါတယ် ပြောပြီး အများကြီးတော့ မရဘူး စကားပြန်ခံလာတယ်

အဲဒါနဲ့  သုတ်စားဖို့ ကင်စားဖို့  ကျော်စားဖို့ ဆိုပြီး ဝယ်ပြီးပြောလိုက်တယ် ခင်ဗျားပြောတဲ့ဈေး က တစ်ကယ်တော့ ဈေးမကြီးဘူး
ဝယ်လို့ ရဖို့ ပဲ အရေးကြီးတာ မြန်မာပြည်ကထွက်တဲ့ အစာ မြန်မာပြည်သားတွေ စားလို့  ပိုမှ ရောင်းအိတ်ပ်စပို့ စ် ပို့ ရမှာဗျ။

မြန်ပြည်သား တွေ အတွက် ပိုလို့ ရောင်းတာမျိုးပေါ့ဗျာ...

အခုတော့ အဲဒီလို ဖြစ်လာတော့မှာပါ

အိတ်ပ်စပို့ စ် ပို့ ရင် ရှုံး မှာလေ...ပြည်တွင်းမှာပေါလာတော့မှာပါ။အခုမှ မူမှန်နေရာ မှန်ဖြစ်မှာလေ...

အစိုးသစ် လက်ထက် ရင်းနှီးမြှုပ်နှံ မှု....

တရုတ်မှ ၅ ဘီလီယံကျော်
ထိုင်းမှ ၃ ဘီလီယံ နီးနီး
တောင်ကိုရီးယားမှ ၂.၅ ဘီလီယံ နီးနီး

နိုင်ငံတကာမှ ဝင်ရောက်လာသော ရင်းနှီးမြှုပ်နှံ က ၂၀ ဘီလီယံ ရှိတယ်လို့ ပြောနေပါတယ်

ဟိုတနေ့ က ရေးတာ ၅ ဘီလီယံ ပဲသိလို့ ၅ဘီလီယံလောက်ပဲ ရေးရတာ...

အခုတော့ ဘီလီယံ ၂၀ ဆိုတော့...

မြန်မာပြည် က ဒေါ်လာဈေး ၁၀၀၀ လောက်ကနေ ၇၅၀ လောက်ဖြစ်ဖို့ ဒေါ်လာ ဘီလီယံ ၂၀ လောက်နဲ့ ကိုင်လှုပ်နိုင်သလားဖြစ်လာတယ်။

နောက်အရင်းအမြစ်တစ်ခုက

လေလံဆွဲထားသူတွေ မြန်မာငွေ နဲ့ ချေရတော့မယ်လေ

လေလံ ကိစ္စပြီးရင် ဒေါ်လာဈေး ပြန်တတ်လာရင် လေလံကြောင့်ပေါ့

ဒါဆို လေလံငွေကြေး က ဒေါ်လာဈေး၂၀၀ ကျော်၃၀၀ လောက်ကို ကိုင်လှုပ်နိုင်တဲ့သဘောပေါ့


မြန်မာငွေကြေး ဘယ်လောက် ရှားလဲ...

လေလံအောင်ထား ပေမဲ့ ငွေမချေနိုင်တာ တွေ့ လာရတယ် ငွေ က ကျပ်သန်း ၂၀၀၀၀ ကျော်ကို မချေနိုင်တာတွေ့ ရတယ်
နောက်တော်တော်များများလည်း ပြန်အပ်နေပြီ...

အဲလိုပြန်အပ်နေလို့  ဒေါ်လာဈေး ၇၅၀ ဝန်းကျင်လောက်ရပ်နေတာ...

တကယ်တော့ အစိုးရသစ်က ပြန်မအပ်တာ လက်မခံရင် ဒေါ်လာဈေး တော်တော်လေး ကို ဆင်းသွားမှာပါ။

အစုရှယ်ယာ တွေ ခေါ်လာတာတွေ့ နေရပြီ...
မြန်ပြည် အစုရှယ်ယာ က ကြောက်စရာပါ

ဝင်တုန်းကတော့ ဟုတ်နေတာပဲ ပြန်ထုတ်မရတော့တာ ရယ်
ကိုယ့်ပိုက်ဆံ ကို ပဲ အမြတ်ရသလို ခဏတော့ပေး ပါရဲ့  နောက်တော့ ထုတ်မရ ပေါ်မလာ ဖြစ်လာပါတယ်

အမြတ်ပေးတုန်း ကတော့ ပုံမှန် ၂ ကျပ်ဝန်းကျင် အမြတ်ရဖို့  မနည်း စီးပွားရေးလုပ်ရတာကို အစုရှယ်ယာဝင်သူတွေ ကို ၅ ကျပ်ကနေ ၇ ကျပ်အထိ အမြတ်ပေး မှာဆိုတော့ အလိမ်ခံရတော့ မှာပေါ့..

စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ကတော့ အစပိုင်း ၃ လလောက်ပဲ ရှယ်ယာထည့်တာ အကောင်းဆုံးတဲ့ အမှန်အကန်လုပ်တဲ့ အချိန် ခဏလေးပေါ့ ပြန်ထုတ်လို့ သေသေချာချာ ရမှနော်တဲ့ အစားထိုး ပေးပြီးမှ ထုတ်ပေးမှာဆိုရင် ဝေးဝေး ရှောင်ရှောင်ပေတော့တဲ့...

မြန်ပြည်သားတွေ တော်တော်ခံလိုက်ရတဲ့ တစ်ချိန်က အစုရှယ်ယာအကြောင်းလေးပါ...

မြန်မာ သတင်း တိုတိုထွာထွာ ထင်ရာမြင်ရာ ကြားရနားဝ ဝယ်

Thursday, June 9, 2011

ဒေါ်လာ ဈေးတွေ ထိုးကျနေတာ အတော်လေး ကြာလာပါပြီ စီးပွားရေး သမားတွေ က သူတို့  အထိနာလာတော့ ဒေါ်လာဈေး ကို အစိုးရသစ်က ၇၅၀ ကျပ်သတ်မှတ်ပေးရင်ကောင်းမယ်ပြော လာတယ်...

ဒေါ်လာငွေ တွေ ကျောက်မျက်ပွဲ တုန်း က ရလိုက်တာ အခုတဝက်လောက်တောင် ငွေ အကျေ မရသေးတာတောင်ဈေးကျနေတာ

အပြည့်ရရင်တော့ တော်တော်ကျအုံးမယ်ဆိုပဲ။

လေလံတွေ ဆွဲ ထားသူတွေ အပိုင်ရပြီ ဆိုပြီး လုပ်ထားတာ မြန်မာငွေ မနည်းရှာနေရတယ်။

အစိုးရသစ်က အရင်အဟောင်းလက်ထက်က ကောင်းစားလုပ်စားတဲ့ သူတွေ ကို မသိမသာ သူလူတွေဝင်လို့ ရအောင် အကူးအပြောင်း မှာ တစ်ဖြည်းဖြည်းသွင်းတော့မယ်လေ...မြန်မာပြည်ပဲကိုး

တရုတ်ဆီက အစိုးရသစ်မတိုင်ခင်လေး နောက်ဆုံးပိတ် ၄ ဘီလီယံသွားယူထားတာပဲ...
တလောကမှ သန်း ၇၀၀ ကျော်သွားယူထားတာလေ....

နောက်ထပ်တရုတ်က ၃ ဘီလီယံတောင် ထပ်ယူစေချင်နေတာလေ...

အမေရိကန်ကလည်း တိုက်ရိုက်တော့ မဝင်ပါဘူး အိန္ဒိယ ကို ကုန်သွယ်ရေး လမ်းသစ်တွေ ကြိုးစားနေတာ လေ...

သမ္မတ အသစ်ကလည်း အိန္ဒိယ သွားဖို့ လုပ်နေတာလေ...

မြန်ပြည်ကုန်သွယ်ရေး ကတော့ ဘယ်ကုန်ကိုပဲ သွယ်ချင်ချင် တန် ၃၀၀၀ မှဆိုပဲ...

ဖုန်းတွေ က ၃ သိန်းလို့ ကြားနေရတယ် ၅ သိန်းနဲ့  ကုမ္ပဏီ တွေကိုလည်းစာချုပ်ချုပ်ဖို့ လည်းပြောနေလေရဲ့ 
ဘယ်လိုပဲဖြစ်ဖြစ် ၅ သိန်းတော့ ကျော်ဖို့ သိပ်မလွယ်တော့ပေ။

အင်တာနက်ကတော့ ပိုပို နက်နက်လာနေတာပဲ....အစိုးရသစ်ကနေ ပြန်ကိုင်နေသလိုပြောလာပါပြီ။

အလုပ်သမား ဝန်ထမ်း တွေလည်း အစိုးရသစ် လက်ထက်မှာ လစာမလောက်တာတွေ အကြောင်းပြ မူလရသင့်တဲ့ အခွင့်အရေးတွေတောင်းလာပါတယ်။။

အစိုးရသစ်အတွက် အခွင့်အရေးကောင်းတစ်ခုပေါ့။

ကိုင်တွယ်တတ်ပြီး အဆင်ပြေအောင် လုပ်တတ်ရင် အနည်းဆုံး အလုပ်သမားဝန်ထမ်း ယုံကြည်မူကို လွယ်လွယ်ရနိုင်သလို...

အရင်လိုပါပဲ ဆိုတာနဲ့ လည်း အဆုံးသတ်သွားရင်တော့....ဒီပို ဂျလေဘီ နဲ့ မြန်မာပြည်ပေါ့...

အခမဲ့ ပညာရေးစနစ် ပြဌာန်းချက်နှင့် လက်တွေ့ ကွာခြားနေ

Friday, 10 June 2011-- အခမဲ့ ပညာရေးစနစ် ပြဌာန်းချက်နှင့် လက်တွေ့ ကွာခြားနေ
ဇွန်လ ၁၀ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)

၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာန ၀န်ကြီးက မူလတန်းကို အခမဲ့ ပညာရေးစနစ် သတ်မှတ်ပြဌာန်းထားသော် လည်း ကရင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများတွင် ကျောင်းသူကျောင်းသားများမှာ တနှစ်စာ ပညာသင်ကြားရေးအတွက် ကုန်ကျမှုများ ရှိနေသည်ဟု သိရသည်။

ဖားအံမြို့ အမှတ်(၁) အထက်တန်းကျောင်းတွင်လည်း မူလတန်းကလေးများမှာ ကျောင်းမှ ဘာသာအလိုက် ဖတ်စာအုပ်များ အခမဲ့ ရရှိသော်လည်း အခြား ဗလာစာအုပ်၊ ကျောင်းသားလမ်းညွှန်(student guide)နှင့် ကျောင်းအကျီင်္တံဆိပ်များကို မဖြစ်မနေ ၀ယ်ယူ ကြရသည်ဟုလည်း ကျောင်းသားမိဘတစ်ဦးက ယခုလို ပြောသည်။

သူမက “သားက ဒီနှစ်မှာ သုံးတန်းလေ။ ကျောင်းမှာ ဖတ်စာအုပ်က အလကား ပေးတယ်။ စာအုပ်နောက်ကျောမှာ အခမဲ့ ဖြန့်ဝေ သည်လို့ ရေးထားတာကိုး။ ဒါပေမဲ့ သင်္ချာနဲ့ အင်္ဂလိပ်စာအတွက် student guide ၀ယ်ရတယ်။ နောက် ဗလာစာအုပ် တစ်ဒါဇင်က ၂၄၀၀။ နောက်တခုက ကျောင်းတံဆိပ်နဲ့ အတန်းတံဆိပ်ကို တစ်ယောက် ၃-၄စုံစီ ၀ယ်ရတယ်။ အဲဒါ စုစုပေါင်း ၅၀၀၀ကျပ် နီးပါး ကျတယ်လေ။ ပြန်အမ်းစရာ အကြွေမရှိတော့ ငါးထောင်အပြည့်ပဲပေါ့။ ငွေတစ်ပြားမှ မကုန်တာတော့ မဟုတ်ဘူး။”ဟု ပြောသည်။

မူလတန်းအပြင် အချို့ အထက်တန်းကျောင်းများမှာလည်း ပညာရေးဝန်ကြီးဌာန၏ ပြဌာန်းချက်အတိုင်း မလုပ်ဆောင်သည့်အ တွက် တိုင်ကြားမှုများပင် ဖြစ်ပွားခဲ့ကြောင်း မြ၀တီမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“မေလ ၂၆ရက်နေ့က မြ၀တီ အထက်တန်းကျောင်းမှာ ၆တန်း ကျောင်းသားတစ်ယောက် ကျောင်းအပ်တာ ၃သောင်းလောက် ကုန် တယ်လေ။ အဲဒါနဲ့ ကျောင်းသားမိဘက အထက်ကိုတိုင်တော့ အမှုဖြစ်လိုက်သေးတယ်။ အဲဒီနောက်ပိုင်း ကျောင်းသားတွေကို လူ သစ်ကော လူဟောင်းပါ ၈ထောင်ပဲ ကောက်တော့တယ်လေ။ အဲဒါက အလယ်တန်းအဆင့်။ မူလတန်းကျောင်းသား မိဘတွေဆို လည်း ကျောင်းအပ်တာ ၇ထောင်ကုန်ပြီး ကျောင်းအလှူငွေလို့ ရေးထားတဲ့ အလှူခံပုံးမှာတော့ ငွေငါးထောင် ထည့်လိုက်ရသေး တယ်။”ဟု ပြောပြသည်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း၌ မူလတန်းကျောင်းများတွင် ကျောင်းအပ်ချိန်က သူငယ်တန်းအဆင့် ကျောင်းသားများပင် ကျပ်ငွေ ၄၀၀၀ ကုန်ကျကြောင်းနှင့် အချို့ကျောင်းသူကျောင်းသားများမှာ မိသားစု စားဝတ်နေရေး အကြပ်အတည်းကြောင့် ပညာ ဆက်လက်သင်ကြားခွင့် ဆုံးရှုံးခဲ့ရသည်ဟု အမည်မဖော်လိုသူ ကျောင်းဆရာမတစ်ဦးက ယခုလို ပြောသည်။

“ကျမတို့ ကျောင်းမှာ မူလတန်းနေ ကျောင်းသူကျောင်းသားပေါင်း ၈၀ကျော်ရှိတယ်။ လေးတန်းအောင်ပြီး ငါးတန်းကို ဆက်မတက် ကြတော့ဘူး။ တချို့လည်း သုံးတန်းအောင်ပြီး လေးတန်းကို ဆက်မတက်နိုင်တော့ဘူး။ သူတို့မိဘတွေက မိသားစု စားဝတ်နေရေး အဆင်မပြေလို့ ဆက်မထားနိုင်တာပါ။”ဟု ဆိုသည်။

လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးလက်တောရွာများမှ ကလေးငယ် အသက် ၅နှစ်မှ ၁၄နှစ်အထိမှာ စတုတ္ထတန်းအထိသာ ကျောင်း နေခဲ့ကြပြီး အကြောင်းအမျိုးမျိုးကြောင့် အလယ်တန်းသို့ ဆက်လက်၍ ပညာဆည်းပူးရန် နည်းပါးလျှက်ရှိသည်။

လှိုင်းဘွဲမြို့နယ် အဖွား နော်မူးစေးကတော့ “အဖွားက သားသမီး ၈ယောက်ရှိပေမဲ့ အားလုံး ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ကြ တယ်။ အဖွားက ၁၃နှစ်အရွယ် မြေးလေးနဲ့ပဲ နေရတယ်။ မြေးက ဒီနှစ်မှာ လေးတန်းတက်ရမှာမို့ ကျောင်းဆက်ထားချင်ပါတယ်။ ဒါ ပေမဲ့ မြေးကျောင်းတက်ရင် အဖွားကို ဘယ်သူကြည့်မှာလဲ။”ဟု ပြောဆိုသည်။

မူလတန်းဖြင့် ကျောင်းထွက်ခဲ့ရသူ နော်အဲက “သမီး ကျောင်းနေချင်သေးတယ်။ ဒါပေမဲ့ မိုးမိုးနဲ့ ပါးပါးတို့ အလုပ်သွားလုပ်ရင် မောင်လေး၊ ညီမလေးတွေကို ကြည့်မဲ့သူမရှိတော့ မိုးမိုးက ကျောင်းထွက်ခိုင်းလိုက်တာပါ။”ဟု ဆိုသည်။

ယင်းသို့ အစိုးရက အခမဲ့ ပညာရေးစနစ် မည်သို့ပင် ပြဌာန်းထားစေကာမူ မိသားစုတခုချင်း၏ အရေးကိစ္စကို မဖြေရှင်းနိုင်သရွေ့ ကလေးငယ်များအတွက် အကျိုးမရှိနိုင်ကြောင်း ကျောင်းကော်မတီလည်းဖြစ်၊ ရပ်မိရပ်ဖလည်းဖြစ်တဲ့ စောကပေါ်ဝါးက ယခုလို ပြောသည်။

“အစိုးရက အခမဲ့ ပညာရေးစနစ်ကို ဘယ်လိုပဲလုပ်လုပ် မိသားစုဝမ်းစာကို မဖြေရှင်းနိုင်သရွေ့ ကလေးတွေအတွက် ဘယ်လိုမှ အကျိုးမရှိနိုင်ပါဘူး။ ထမင်းမစားရဘဲနဲ့ ပညာသင်ယူဖို့ဆိုတာလည်း မဖြစ်နိုင်တာ အမှန်ပဲ။”ဟု စောကပေါ်ဝါးက ဆိုသည်။

ယခုလ ၁ရက်နေ့မှစ၍ မြန်မာနိုင်ငံအတွင်းရှိ စာသင်ကျောင်းများ ဖွင့်လှစ်နေပြီးဖြစ်သော်လည်း ယနေ့အချိန်ထိ လာရောက်၍ ကျောင်းအပ်နှံဆဲ ကျောင်းသူကျောင်းသားများ ရှိနေဆဲဖြစ်သလို အခမဲ့ ပညာသင်ကြားခွင့်မရှိဘဲ ပေးဆောင်နေရသည်ချည်း ဖြစ် သည်။

Friday, June 10, 2011

Karen News' videos Enemies of the State

Enemies of the State from Karen News on Vimeo.



As the rainy season gains momentum, upwards of 14,000 ethnic Karen refugees remain in makeshift shelters just inside the Thai border, displaced by continued fighting between the Burmese army and a breakaway faction of the Democratic Karen Buddhist Army (DKBA)
These displaced villagers are camped on both sides of the border in areas out of sight of the authorities. They live in scattered, basic shelters along an 800 kilometre stretch of land in Kanchanburi, Tak and Mae Hong Son provinces. Here they face serious health risks such as malaria, dysentery, respiratory infections, stress, and a growing shortage of food and clean water.

မာနယ်စိုး စစ်ဆင်ရေး ထုတ်ပြန်ကြေညာချက်

Jun 8, 2011

မိမိတို့ DKBA ကလိုထူးဘော အခြေချစစ်ဗျူဟာ စစ်ရေးအရှိန်မြှင့်တင်ရေးနှင့် ပတ်သက်၍ (၉-၄-၂၀၁၀) ရက်နေ့တွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ ၎င်းထုတ်ပြန်ချက်၏ နောက်ဆက်တွဲအဖြစ် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် (DKBA)၊(KNLA)၊(ABSDF) စသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်း၍ ပြည်တွင်းတစ်နေရာ၌ စစ်ဆင်ရေးစီမံချက်တစ်ခုကို ညှိနှိုင်းရေးဆွဲ ခဲ့ပါသည်။

စစ်ဆင်ရေးအမည်ကို "မာနယ်စိုးစစ်ဆင်ရေး (အောင်မြင်စိုးမိုးမှု)"ဟု အမည်ပေးထားသည်။ ၎င်းညှိနှိုင်းပွဲတွင် ဗိုလ်ချုပ် စောလားဘွယ် (DKBA)၊ ဗိုလ်မှူးကြီး မူဆေး (စစ်ဆင်ရေးကွပ်ကဲရေးမှူး DKBA)၊ ဗိုလ်မှူးကြီး ဂျိုး (စစ်ဆင်ရေးမှူး၊ တပ်မဟာ ၆ KNLA)၊ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး တင်လှိုင်၊ အမှတ် ၁၆ တပ်ရင်း၊ တပ်မဟာ ၆ KNLA)၊ ဗိုလ်မှူး သန်းတင်အောင် (အမှတ် ၁၇ ဒု-တပ်ရင်းမှူး၊ တပ်မဟာ ၆၊ KNLA)၊ ရဲဘော် ထွန်းထွန်း (စစ်ဦးစီးမှူး ဒုတိယတန်းABSDF) တို့ ပါဝင်ပြီး စစ်ဆင်ရေး ကွပ်ကဲမှု တာဝန်ခံ အဖြစ် ဗိုလ်မှူးကြီး ဂျိုး မှ တာဝန်ယူဆောင်ရွက်မ ည်ဖြစ်ပါသည်။ စီမံချက်ကို ၁၈-၄-၂၀၁၁ ရက်နေ့တွင် ညှိနှိုင်းရေးဆွဲ ခဲ့ပါသည်။

ရန်သူ့စစ်ဆင်ရေးကွပ်ကဲမှုပျက်ပြားစေရန် ရည်ရွယ်ပြီး စီမံချက်ကို ၁၀-၅-၂၀၁၁ ရက်နေ့တွင် စတင်ခဲ့ပါသည်။ စီမံချက် အဆုံးသတ်ကာလ အဖြစ် ဒီမိုကရေစီ နှင့် ဖက်ဒရယ်ပြည်ထောင် စု ပေါ်ထွန်းသည်အထိ သတ်မှတ်ထားပါသည်။
စီမံချက် ကာလ စတင်သည့် ၁၀-၅-၂၀၁၁ နေ့မှ ၃၁-၅-၂၀၁၁ နေ့အထိ ထိတွေ့မှုမျိုးစုံ ၁၆ ကြိမ် ရှိခဲ့ပြီး ရန်သူဘက်မှ ၄၀ ဦ သေ၊ ၃၄ ဦး ဒဏ်ရာရရှိခဲ့ပါသည်။ မိမိတို့ဖက်မှ စစ်သည်တစ်ဦး ကျဆုံးခဲ့ပါသည်။
ရန်သူဖက်မှ လက်နက်ငယ်တစ်လက် ရရှိခဲ့ပြီး ရိက္ခာသယ်ဆောင်လာသည့် စစ်တပ်ပိုင် ဘူဒိုဇာ တစ်စင်းအား ရိက္ခာများနှင့်အတူ ဖျက်စီးနိုင်ခဲ့ပါသည်။ ၄-၅-၂၀၁၁ နေ့တွင် ခလရ ၂၃၁ မှ ရဲဘော်တစ်ဦး လက်နက်ငယ် ၄ လက်၊ ၎င်းကျည် ၃၀၀၊ ကျည်ဘောက် ၈ ချပ်၊ လက်ပစ်ဗုံး ၂ လုံး၊ ခွင်းဗုံး ၆ လုံး၊ I-com လမ်းလျှောက် စကားပြောစက် ၁ လုံးတို့ဖြင့် လည်းကောင်း၊ ၁၂-၅-၂၀၁၁ ရက်နေ့တွင် BGF တပ်ဖွဲ့ဝင် ၅ ဦးတို့သည် M16 ၁ လက်၊ Carbine ၁ လက်၊ RPG-7 ၁ လက်၊ G-3 ၁ လက်တို့ဖြင့်လည်းကောင်း၊ ၂၃-၅-၂၀၁၁ နေ့တွင် ခလရ ၅၄၆ မှ တပ်သား ဘိုမှတ် သည် လက်နက်မဲ့ဖြင့်လည်းကောင်း မိမိတို့ တပ်ပေါင်းစုထံ လာရောက် ပူးပေါင်းခဲ့ပါသည်။

အလားတူ ရှေ့ဆက်၍လည်း စစ်ရေးအရှိန်ကို တိုးမြှင့်လုပ်ဆောင်သွားမည့်အကြောင်း နှင့် ရည်ရွယ်ချက်တူ၊ ဘဝတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း စစ်ရေးအရှိန်ကို ယခုထက်ပိုမိုတိုးမြှင့် လုပ်ဆောင်သွားကြပါရန် မိမိတို့အနေဖြင့် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မာနယ်စိုး စစ်ဆင်ရေးအဖွဲ့
ရက်စွဲ။ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၆ ရက်။

မိုးတွင်းကာလ ကြံ့ဖွံ့အစိုးရ၏ အထူးစစ်ဆင်ရေးကို ကရင်လူမျိုးအားလုံး တန်ပြန်ဆင်နွှဲသင့်



အရပ်ဝတ် စစ်အာဏာရှင် ကြံဖွံ့အစိုးရသစ်ကို တိုင်းရင်းသားအသီးသီးက လက်မခံကြသည့်နည်းတူ
ရွေးကောက်ပွဲဝင် အနိုင်ရတိုင်းရင်းသားပါတီ(၅)ပါတီကလည်း သူတို့တင်ပြမှုမှန်သမျှကို လျစ်လျူရှု
ထားခံရမှုကြောင့် အစိုးရသစ်၏ ဒီမိုကရေစီသည် လူမျိုးကြီးဝါဒကို ဖေါ်ဆောင်နေခြင်းလောဟူ၍ သံ
သယဖြစ်မိကြကြောင်းလည်း သိရပါသည်။

အခုလက်ရှိအချိန်တွင် ကရင့်အမျိုးသားလှုပ်ရှားမှု ပူးပေါင်းတပ်ဖွဲ့များကို အပြီးသတ် ထိုးစစ်ဆင်မည့်
မိုးတွင်းကာလ အထူးစစ်ဆင်ရေးတစ်ရပ် ပြုလုပ်ရန် တပ်မ ၂၂ လက်အောက်ခံ ဗျူဟာတစ်ခုသည် က
ရင်ပြည်နယ်ကို ထပ်မံ ရောက်ရှိလာပြီဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။

၎င်းစစ်ကြောင်းသည် အရှေ့တောင်တိုင်းက တပ်မ၂၂ လက်အောက်ခံ တပ်ရင်း(၃)ရင်းဖြစ်ပြီး ကော့
ကရိတ် တောင်ဘက်ခြမ်းဒေသနှင့် ကြာအင်းဆိပ်ကြီး နယ်စပ်ဘက်ခြမ်းကို ချီတက်သွားကြောင်း၊
တိုင်းမှူးဗိုလ်မှူးချုပ် ထွန်းနေလင်း၏ အမိန့်ဖြင့် မကြာခင်စစ်ဆင်ရေးစတော့မှာဖြစ်ကြောင်း၊ ဘားအံ
ကို ရောက်ရှိနေသော နေပြည်တော်ကာကွယ်ရေးဌာန စစ်ဆင်ရေးမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက ဒီစစ်
ဆင်ရေးနှင့်ပတ်သက်၍ အောက်ခြေတပ်မှူးများနှင့် ဆွေးနွေးခဲ့ကြောင်းလည်း သိရပါသည်။


စစ်အာဏာရှင် အစိုးရအဆက်ဆက်သည် ကရင်လူမျိုးကို နည်းမျိုးစုံ ညှင်းပမ်းနှိပ်စက်သတ်ဖြတ်ခဲ့သော်
လည်း ကရင်လူမျိုးတို့၏ စိတ်ဓါတ်ကို ချိုးနိမ်၍ မရကြောင်းကို သိရှိနေသော်လည်း မြေလှန်စံနစ်ဖြင့် မျိုးဖြုတ် သုတ်သင်ရှင်းလင်းရေးကို ဆက်လက်လုပ်ဆောင်နေသောကြောင့် ယခုအချိန်တွင် ပြည်တွင်း ပြည်ပရှိ ကရင်အမျိုးသားများအားလုံး ကရင့်အမျိုးသားလှုပ်ရှားမှုထဲ ပါဝင်လာသင့်ပြီဖြစ်သည်။

နယ်မြေကျူးကျော် ထိုးစစ်ဆင်လာမည့် ဗမာ့စစ်တပ်ကို နယ်မြေကျွမ်းကျင်မှုနှင့် ပြောက်ကျားစံနစ် ကျွမ်း
ကျင်မှုကို အခွင့်ကောင်းယူပြီး ကရင့်အမျိုးသားတို့၏ ကျောထောက်နောက်ခံ လက်နက်ကိုင် ကရင့်တပ်
ဖွဲ့များက ပြန်လည်ခုခံနိုင်မည်ဟု ယုံကြည်ရသော်လည်း ကောက်ကျစ်စဉ်းလဲသော ရန်သူသည် လက်
နက်ကြီးများနှင့်သာမကပဲ ဓာတုလက်နက်ပါ သုံးလာနိုင်သောကြောင့် ၄င်းတို့ကို ကာကွယ်ရန် အသုံး အဆောင်ပစ္စည်းများ၊ မိုးတွင်းကာလ ရှေ့တန်းတွင်ကြံ့ခိုင်မှုရှိအောင် ဆေးဝါးများ၊ စားနပ်ရိက္ခာများ
ထောက်ပံ့ကူညီသင့်သော အချိန်ပင်ဖြစ်သည်။


ကရင့်အမျိုးသားလှုပ်ရှားမှုသည် ဗမာစစ်တပ်အပေါ် စစ်ရေးအရ လက်ဦးမှုရယူမှာမဟုတ်ပဲ နိုင်ငံရေး
အရသာ လက်ဦးမှုရယူမှာဖြစ်သောကြောင့် ကရင်အမျိုးသားများအဖို့ ကမ္ဘာ့အလယ်မှာ မျက်နှာတပန်း
သာမှာဖြစ်သည်။

ကရင်လူမျိုးများအပေါ် မတရား ဗိုလ်ကျစိုးမိုး၊ ဖိနှိပ်ချုပ်ခြယ်၊ မုဒိမ်းကျင့် သတ်ဖြတ်သော ဗမာ့စစ်တပ်
သည် ယခုစစ်ဆင်ရေးတွင်လည်း လူ့အခွင့်အရေးချိုးဖေါက်မှုများစွာဖြင့် ဆက်လက်လုပ်ဆောင်ဦးမည်
သာဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ရထားဗုံးခွဲသူမှာ KNU အဖွဲ့ဝင်ဟု စွပ်စွဲ

Thursday, June 9, 2011


အကယ်၍များ နေပြည်တော်ဗိုလ်ချူပ်ကြီးများရဲ့ သမီးတွေက ဗိုက်ကြီးတလုံးနဲ့ ကျန်ခဲ့လို့ လင်ကောင်မပေါ်ခဲ့ရင် KNU လက်ချက်ပါလို့ ထုတ်ပြန်ကြေငြာအုံးမလားဟင်......


နယူးဒေလီ (မဇ္ဈိမ) ။ ။ လူ ၂ ဦး သေဆုံးစေခဲ့သော နေပြည်တော်အနီး ရန်ကုန်-မန္တလေး ရထားပေါ် ဗုံးဖောက်ခွဲမှုတွင် သံသယဖြင့် လူတဦးကို ဖမ်းဆီးထားပြီး ကရင်အမျိုးသားအစည်းအရုံး KNU မှ ဖြစ်ကြောင်း အစိုးရအာဘော် သတင်းစာက စွပ်စွဲလိုက်သည်။

ကျော်ဒီ (ခ) မာရီနိုသည် မေလ ၁၇ ရက်နေ့တွင် အဆန်ရထားတွဲ အမှတ် ၃ ပေါ်တွင် ဗုံးပေါက်ကွဲ ပြီးနောက် ရှောင်တိမ်း ထွက်ပြေးရန် ကြိုးပမ်းစဉ် မေလ ၂၉ ရက် ညပိုင်းတွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်းလည်း ကြာသပတေးနေ့ထုတ် မြန်မာ့အလင်းက ရေးသားသည်။ ကျော်ဒီကို KNU တပ်မဟာ ၂ တပ်ရင်း ၅ မှ ဖောက်ခွဲရေးတာဝန် ဗိုလ်အဆင့်ရှိ ရှာလစ်ခွေ၊ စောကထော်၊ စောထူးဆေးတို့က စေခိုင်းခဲ့သည်ဟု ဆိုသည်။

ဗိုလ်အဆင့် ရှိသူများက တောင်ငူဘူတာအနီး လိုက်ပို့ကာ ကျပ် ၂ သောင်းနှင့် ရထားလက်မှတ်ပေးခဲ့ပြီး၊ နေပြည်တော် ဘူတာသို့ မရောက်မီ မိုင်းအား ဓာတ်ခဲမထည့်ရန်နှင့် ဘူတာမှ ရထားအထွက် အရှိန်လျော့နေစဉ် ဓာတ်ခဲထည့်ရန်နှင့် ရထားပေါ်မှ ခုန်ချရန် မှာကြားခဲ့ကြောင်းနှင့် မိုင်းကို ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ကာ စက္ကူပတ်ထားပြီး ဓာတ်ခဲနှစ်လုံးအား သီးခြားယူဆောင်ခဲ့ကြောင်း တရားခံက ထွက်ဆိုခဲ့သည်ဟု ရေးသည်။

နေပြည်တော် ဘူတာအလွန် သံလမ်းများ ပြင်ဆင်နေသည့် နေရာအရောက် ရထားရှိန်လျှော့မောင်းစဉ် ဓာတ်ခဲတပ်ဆင်ပြီး မိုင်းအား ခရီးသည်အိတ်တင်စင်တွင် ထားရှိခဲ့ကာ၊ မိုင်တိုင် အမှတ် ၂၄၈/၂၁ တွင် ခုန်ချအပြီး ၂ မိနစ်အကြာတွင် ဗုံးပေါက်ကွဲသံကို ကြားခဲ့ရကြောင်း ထွက်ဆိုခဲ့သည်ဟုလည်း ဆိုထားသည်။

သို့သော်လည်း မိမိတို့ လက်ချက်မဟုတ်ကြောင်း KNU တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးစောလှငွေက ယတိပြတ် ငြင်းဆိုလိုက်သည်။

“ဒါတွေက ဇာတ်လမ်းရိုက်ပြီး လုပ်လို့ရတာပဲ။ ဒါမျိုးတွေကလည်း မိရာဖမ်းဆွဲပြီးတော့၊ ဝန်ခံခိုင်းပြီးတော့၊ ဇာတ်လမ်း ရိုက်ပြီးတော့ ထုတ်ပြန်ပြီး လုပ်လို့ရတာပဲ။ ရှေ့မှာလည်း အဲဒီလိုမျိုး လုပ်ခဲ့တကလည်း တခြား Cause တွေမှာလည်း အများကြီး ရှိတာပဲ။ သူတို့ ဒါတွေ လုပ်နေကြပဲလေ” ဟု သူက မဇ္စျိမကို ပြောသည်။

သူက ဆက်ပြီး “ KNU ကတော့ သူတို့နဲ့ ထိပ်တိုက်တွေ့နေတဲ့ အဖွဲ့အစည်းတရပ် ဖြစ်ပြီးတော့ KNU ကိုလည်း သူတို့က အမြဲတမ်း အကြမ်းဖက် အဖွဲ့အစည်းအဖြစ်ကို နိုင်ငံတကာမှာ ပုံဖော်ထားတဲ့အပေါ်မှာ သူတို့ ဆက်ပြီး တွန်းအားပေးတာ။ ဟိုတုန်းကဆိုလည်း အမေရိကန်တို့ ဘာတို့နဲ့ တချို့နိုင်ငံတွေကတောင် အကြမ်းဖက် အဖွဲ့အစည်း စာရင်းထဲအထိ သွင်းလိုက်တဲ့အထိ ဖြစ်ခဲ့သေးတာပဲ” ဟု ဆိုသည်။

အဆိုပါ ရထားဗုံးပေါက်ကွဲမှုကြောင့် ခရီးသည် ၂ ဦး သေဆုံးခဲ့ကာ၊ ၉ ဦး ဒဏ်ရာရရှိခဲ့သည်။

ကိုယ်တိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူရေးအတွက် တိုက်ပွဲဝင်နေသော KNU မှာ ၂ဝ၁ဝ ခုနှစ်အတွင်း စစ်အစိုးရတပ်များနှင့် တိုက်ပွဲပေါင်း ၁ဝ၈၃ ပွဲအထိ ဖြစ်ပွားခဲ့သေးသည်ဟု အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Karen youth urged to shoulder burden of cultural preservation


June 9 |
DSC_5205

The newly elected Burmese civilian government is desperate to appear to the outside world as a fledgling democracy intent on building a civil society. But ‘good-feel’ statements made by elected government ministers at a Karen training course did little to convince, as the Burma army continues its strategy of militarization in Eastern Burma by displacing Karen hundreds of villagers in the region.

Karen State officials earlier this month called on young people to carry the mantle of literary and cultural traditions to future generations during the closing ceremony of the 41st Karen State Literature and Culture training workshop in Kawkreik Township’s Yan Koat village.

More than 1,000 people from over a hundred villages throughout Karen State, including state ministers, members of parliament and other community leaders, participated in the closing ceremony on May 9.

Among the newly elected dignitaries in attendance were Mining Minister U Saw San Law Hla, Forestry Minister U Saw Kyi Lin, Transportation and Communications Minister U Saw Khin Maung Myint, among several others.

Hluttaw [state parliament] Chairman U Aung Kyaw Min, Pa’O Nationalities Minister U Khun Than Myint and National Affairs Committee Chairman U Khon Min also attended the closing ceremony.

The newly elected Major General Zaw Min, the premier of Karen State, was unable to attend the ceremony, but submitted a letter read to be read to assembled dignitaries and participants.

“Karen people and other ethnic nationalities living in Karen State have now eaten of the fruit of peace. Every nationality has the freedom to maintain their literature and culture, but we must be careful that the freedom of one group does not hurt the freedom of other groups,” Zaw Min said in the letter.

U Saw Thein Aung, nominated during the second meeting of parliament as a candidate for vice president of Burma, addressed graduates of the literature and culture training following the reading of Zaw Min’s letter.

He told the graduates that though Karen and other nationalities had begun to partake of the fruits of peace, many others still suffered.

“Fighting still continues. Many still run and hide and are killed. So we still have hard work ahead to stop these things. It is not enough to maintain our literature and culture. We must promote these things and make them the responsibility of every Karen,” U Saw Thein Aung said.

“My age is now at its sunset. In order to pass down the load to other shoulders, we need young Karen to be ready.”

The ceremony was organized by the Karen State Literature and Culture Development Committee and closed with the presentation of awards to students who completed the training and the singing of “Aw Hu Aw Haung.”

In spite of the Burma army operations against ethnic people committee representatives said the next training workshop would be held next year in Shwe Kaukko village in Myawaddy Township.

ကချင်မှာ သေနတ်ပေါက်ပြီ


ကချင်ပြည်နယ် မိုးမောက် မြို့နယ်တွင် အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ စစ်ရေးတင်းမာနေရာမှ ယနေ့တွင် တိုက်ပွဲ စတင်ဖြစ်ပွားကြောင်း သတင်းရရှိသည်။

kia-mm
KIA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - James Robert Fuller)

တရုတ်-မြန်မာနယ်စပ်ရှိ KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့မှ ဒေသခံ ကိုစန်းအောင်က “တိုက်ပွဲအနီးက ဒေသခံတွေက သေနတ်ပစ်သံတွေ မနက် ၂ နာရီထိုးလောက်မှာ စကြားရတယ်ပြောတယ်။ နေ့လည် ၁၂ ရီအထိ ဆက်ကြားနေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

“အစိုးရတပ်တွေက KIA ကို ခြိမ်းခြောက်ချင်ပုံရပါတယ်။ KIA က သူတို့ထိန်းချုပ်တဲ့ နယ်မြေကို မကျော်ဖို့ အရင်က သတိပေးထားတော့ KIA ကို အစိုးရတပ်တွေက သွေးတိုးစမ်းတာထင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

မိုးမောက် အခြေစိုက် KIA တပ်မဟာ ၃ နှင့် အစိုးရတပ်များ လအတန်ကြာ စစ်ရေးတင်းမာနေပြီးနောက် ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ကြောင်း KIA နှင့် နီးစပ်သူတဦးက ဆိုသည်။

KIA တပ်မဟာ ၃ လက်အောက်ရှိ တပ်ရင်း ၁၅ နှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ပြီး နှစ်ဘက် အထိအခိုက်စာရင်းကို မသိရသေးကြောင်း၊ နှစ်ဘက်စလုံး အထိအခိုက်များမည်ဟု ယူဆရကြောင်း ကိုစန်းအောင်က ဧရာဝတီသို့ ပြောသည်။

ယခင်လကတည်းက KIA က ၎င်းတို့ ထိန်းချုပ်သည့် နယ်မြေထဲသို့ မဝင်ရောက်ရန် သတိပေးခဲ့သော်လည်း KIA တပ်မဟာ ၃ ထိန်းချုပ်သည့် ဧရိယာထဲသို့ အစိုးရတပ်များ ဝင်ရောက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။ ယခင်လကလည်း KIA တပ်မဟာ ၃ ထိန်းချုပ်သည့် ဧရိယာအတွင်း တိုက်ပွဲဖြစ်ခဲ့ပြီးကတည်းက အစိုးရတပ်များနှင့် စစ်ရေးတင်းမာနေကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း KIA တပ်မဟာ ၃ ထိန်းချုပ်သည့် ဗန်းမော် တောင်ပိုင်းတွင်လည်း အစိုးရတပ်များနှင့် တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်မှ တပ်မှူးတဦး ကျဆုံးသည်ဟု ကချင်သတင်းရပ်ကွက်က ဆိုသည်။

၂၀၁၀ ပြည့်နှစ်ကတည်းက KIA တပ်များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် စစ်အစိုးရက ဖိအားပေးခဲ့ရာမှ ဆက်ဆံရေး တင်းမာနေခဲ့သည်။

KIA ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဂျိမ်းစ် လွမ်းဒေါင်က “နယ်ခြားစောင့်တပ် ပြောင်းတယ်ဆိုတာက အစိုးရရဲ့ ထိန်းချုပ်မှုအောက်ကို လုံးလုံးကြီး ရောက်သွားတာနဲ့ အတူတူပဲ” ဟု ပြောသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၁၈ ရက်တွင် KIA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဆက်ဆံရေးရုံးကို အစိုးရတပ်များက ဝင်ရောက်စီးနင်းပြီး KIO အရာရှိ နှစ်ဦးကို ဖမ်းဆီးခဲ့သည်။

ရက်အနည်းငယ်အကြာတွင် အစိုးရထိန်းချုပ်သော သတင်းစာများက KIA ကို “သောင်းကျန်းသူ” ဟု ပြန်လည် သုံးနှုန်းခဲ့ပြီးနောက် ၁၉၉၄ ခုနှစ်တွင် သဘောတူထားခဲ့သော အစိုးရတပ်နှင့် KIA အကြား အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြယ်ခဲ့သည်။

ယမန်နှစ် စက်တင်ဘာလအတွင်းကလည်း လိုင်ဇာမြို့ရှိ KIO ဌာနချုပ်အနီး ဖြတ်သန်းသွားသော ထူးကုမ္ပဏီပိုင် ရဟတ်ယာဉ်တစင်းကို KIA တပ်များက ခြောက်လှန့် ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။
ဧရာဝတီ

နွားကျောင်းသားများ သာသနာရေးဝန်ကြီးဌာနတွင် အလုပ်ရမည်

နွားကျောင်းချင်သလား၊ လာထား။


သင်းအောင်

နွားပဲကျောင်းတတ်တယ်ဗျ၊ ဒါပေမယ့် ကျုပ်က ၀န်ထမ်းတို့ အရာရှိတို့ ဖြစ်ချင်တာ လို့ ဆိုသူများအတွက် မျှော်လင့်ချက်ရောင်ခြည် သမ်းလာပါပြီ။ အလုပ်လျှောက်လွှာတစောင် ရေးပြီး သာသနာရေး ၀န်ကြီးဆီ အရောက်ပို့လိုက်ပါ။

သာသနာရေး ၀န်ကြီးဌာန ၀န်ကြီး သူရ ဦးမြင့်မောင်က နွားတွေ အများကြီးမွေးထားတယ် တဲ့။

"နေပြည်တော် ရုံးအမှတ် (၃၁) သာသနာရေးဝန်ကြီးရုံးရှေ့ စိုက်ခင်းမှာ ၀န်ကြီးပိုင် နွားခြံ ရှိတယ်။ နွားချေးကျုံး၊ နွားစာကျွေး၊ နွားကျောင်း တာဝန်တွေကို သာထွန်းပြန့် ၀န်ထမ်းတွေက တာဝန်ယူနေရတယ်" လို့ သာထွန်းပြန့် ၀န်ထမ်းတဦးက ဆိုပါတယ်။

သာထွန်းပြန့် ဆိုတာ သာသနာတော် ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန ရဲ့ အတိုကောက်ပါ။

သူရ ဦးမြင့်မောင်ရဲ့ (၆) နှစ်တာ ၀န်ကြီး သက်တမ်းအတွင်း ၀န်ထမ်းငယ်တို့ဟာ ရုံးလုပ်ငန်းနဲ့ မပတ်သက်တာတွေ၊ အလုပ်ကြမ်းတွေ အခိုင်းခံနေရလို့ အင်မတန် စိတ်ပျက်နေကြပါပြီ။ လုပ်ရတာက သူ့ရဲ့ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတွေ၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာပါ။

ပြီးခဲ့တဲ့နှစ်က ဖွင့်ခဲ့တဲ့ ပုဂံမြို့၊ ပုဂံစင်တာ သာသနာ့ အဆောက်အအုံဟာလည်း သာသနာရေးဌာန ၀န်ထမ်းတွေရဲ့ လက်ရာလို့ ဆိုတယ်။ တည်ဆောက်ရေးလုပ်ငန်းခွင်မှာ ဘိလပ်မြေအိတ်ထမ်း၊ အုတ်သယ် ဆိုတာတွေကို လုပ်ခိုင်းခဲ့ပါတယ်။

အလိုမတူ ခိုင်းစေမှု၊ ဆက်ဆံရေး မောက်မာမှု၊ ကိုယ်ကျိုးရှာမှု စတဲ့ သူရ ဦးမြင့်မောင်ရဲ့ ကျော်ကြားမှုတွေဟာ ပြည်ပမီဒီယာတွေမှာ ပါလာပြီး နောက်ပိုင်း ပုဂံစင်တာမှာ ခိုင်းတာတွေ ရပ်သွားတာပါ။

သူရ ဦးမြင့်မောင် ပြည်ထဲရေး ဒုတိယ၀န်ကြီးအဖြစ်ကနေ နေရာပြောင်းလာသူပါ။ ဒါကြောင့် အကျဉ်းဦးစီးဌာနကိုလည်း သြဇာသက်ရောက်တာကြောင့် အင်းစိန်က အကျဉ်းသားတွေကို ရန်ကုန်မြို့၊ သာသနာရေးဝန်ကြီး ရုံးတွင်း ရုံးပြင် မြက်နုတ် သန့်ရှင်းရေး အလုပ်တွေ ခိုင်းခဲ့ပါသေးတယ်။ ဒါလည်း မီဒီယာမှာ ပါလာလို့ ရပ်သွားပါတယ်။

ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။

"လှည်းကူးမြို့၊ ငါးဆူတောင်မှာ ၀န်ကြီးပိုင်လယ်ဧက ၅၀ ကျော် ရှိတယ်။ ရဲတပ်ကြပ်ကြီး တယောက်ကို သာသနာရေး ၀န်ထမ်း အဖြစ် အသွင် ပြောင်းပြီး ငါးဆူတောင် စိုက်ခင်းမှာ ဦးစီးဖို့ ခန့်အပ်ထားတယ်" လို့ ၀န်ထမ်းတယောက်က ဖောက်သည်ချပါတယ်။

သာသနာရေးဝန်ကြီးတဦး ရှိသင့်တဲ့ ဂုဏ်သိက္ခာ၊ လုပ်ထုံး လုပ်နည်းနဲ့ ညီညွတ်ခြင်း မရှိတဲ့ အဆိုးဝါးဆုံး လုပ်ရပ်တခုကတော့ ရုံးဝင်းအတွင်း ခွေး နဲ့ ကြက်တွေ မွေးထားတာပါပဲ လို့ ၀န်ထမ်းတွေက မြင်ပါတယ်။ ရန်ကုန်မြို့၊ ကမ္ဘာအေး သာသနာရေးဝန်ကြီးရုံးဝင်းထဲမှာပါ။

"ပုံနှိပ်စက် နောက်ဘက်မှာ ခြံနဲ့ ၀င်းနဲ့ ဒိုဘာမင် ခွေးအထီးတကောင် မွေးထားတယ်။ ခွေးစာကျွေး၊ ထိန်းကျောင်း ကိစ္စတွေကို သာသနာရေးဝန်ထမ်းတွေက လုပ်ပေးနေရတယ်။ ခွေးအစာအတွက် သံဃာ့တက္ကသိုလ်နဲ့ သံဃာ့ မဟာနာယကဆောင်ရဲ့ ဆွမ်းကျန် ဟင်းကျန်တွေကို ဆွမ်း/ကွမ်းဌာန ၀န်ထမ်းတွေက နေ့စဉ် ယူပေးရတယ်"

ဒါက ၀န်ထမ်းတဦး ရှင်းပြတာပါ။

သူရ ဦးမြင့်မောင်ရဲ့ ကြက်တိန်ညင်တွေကို အစာကျွေးတာ၊ လွတ်ကျောင်းတာကိုလည်း သာသနာရေးဝန်ထမ်းငယ်တွေပဲ လုပ်ရပါတယ် တဲ့။

ဝန်ကြီးရဲ့ အကွက်စေ့ပုံ နောက်တခုလည်း ရှိပါသေးတယ်။

ဝန်ကြီး မိသားစုအတွက် သာသနာရေးဦးစီးက ဆန် ၄ အိတ်၊ သာ-ထွန်း- ပြန့်က ဆန် ၄ အိတ် (ပေါင်း ၈ အိတ်) ကို လစဉ် ထောက်ပံ့နေရတယ်၊ ထိုက်သင့်သလောက် ကောင်းတဲ့ အဲဒီလို ဆန်ကိုတောင် ၀န်ကြီးက နေပြည်တော် မြို့မဈေးထဲက ဆန်ချောနဲ့ သွားလဲခိုင်းသေးတယ် လို့လည်း အတွင်းသိတဦးက ဆိုပါတယ်။

အခု ပေါ်လာတဲ့ "အရပ်သား"အစိုးရမှာလည်း ဦးမြင့်မောင်က ၀န်ကြီးပါပဲ။

ဝန်ကြီးက ၂၀၀၇ စက်တင်ဘာ သံဃာ့အရေးအခင်း အစပိုင်းမှာ "ဓမ္မစက်နှင့် တား၍ မရပါက အာဏာစက်နှင့် တားမြစ်ရပါလိမ့်မည်" လို့ သံဃာ့ မဟာ နာယက အဖွဲ့ကို လျှောက်တင်ခဲ့သူပါ။

"ရွှေဝါရောင် သံဃာ့အရေး တလျှောက်မှာ ၀န်ကြီးဟာ တိုင်းမှူး၊ တပ်မမှူးတွေနဲ့ စစ်ရုံးထဲမှာ နေ့/ည ရုံးထိုင်ပြီး သံဃာ့အရေးကို ကိုင်တွယ်ခဲ့သူလည်း ဖြစ်တယ်။ သံဃာ့ ကိစ္စကို အဲဒီလို ပြင်းပြင်းထန်ထန် ဖိနှိပ်ရဲတဲ့ သာသနာရေးဝန်ကြီးဟာ အခု အစိုးရသစ် အဖွဲ့မှာ မူလ ရာထူးနဲ့ ပြန်ပါလာတာဟာ အာဏာရှင် စနစ်ရဲ့ မထူးခြားတဲ့ ဖြစ်စဉ်တခုပါပဲ" လို့ ၀န်ထမ်း အများ အပြားက သုံးသပ်နေကြပါတယ်။