Saturday, May 9, 2009

ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးတဦး KNU ထံ ပြန်လည်ရောက်ရှိ


Friday, May 8, 2009

Thursday, 07 May 2009 21:16 ဖြိုးကြီး ဗိုလ်ချုပ်စောထင်မောင်ဦးဆောင်သည့်ကရင်ခွဲထွက်အဖွဲ့ ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း (၇၀၄) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စောလေးမူး မိသားစုဝင်များနှင့်အတူ KNU အဖွဲ့သို့ ပြန်လည်ရောက်ရှိလာသည်။
စစ်အစိုးရ၏ ငြိမ်းချမ်းရေးအဖွဲ့များအပေါ် ထားရှိသည့် သဘောထားကို မယုံကြည့်ရတော့သည့်အပြင် ၂၀၁၀ နောက်ပိုင်း နယ်ခြားစောင့်တပ်ဖွဲ့ပြီးပါက မိမိလူမျိုးနှင့် ပြည်သူလူထုတရပ်လုံးအတွက် အာမခံချက်မရှိတော့သည့်အတွက် ယခုလ (၄) ရက်နေ့က ကေအန်အဲလ်အေ တပ်မဟာ (၇) သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ငြိမ်းချမ်းရေးကောင်စီမှ KNU သို့ ပြန်လည်ရောက်ရှိလာသည့် ဗိုလ်မှူး စောလေးမူး“ကျနော်တို့ရပ်တည်ဖို့ အာမခံချက်မရှိဘူး၊ သူတို့ခိုင်းတာပဲ အကုန်လုပ်ရမှာ၊ ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာက ကိုယ့်အမျိုးသားတွေအတွက် ငြိမ်းချမ်းဖို့လုပ်တာဆိုပြီး အဖိုးထင်မောင်ပြောတာ၊ အခုတော့ ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ် ခိုင်းတာလုပ်ရမယ်ဆိုတော့ ကျနော်တို့ရည်ရွယ်ချက်နဲ့ တခြားဖြစ်သွားမယ်၊ အဲဒါကြောင့်မို့ ကျနော်ထွက်လာခဲ့တာ” ဟု ဗိုလ်မှူး စောလေးမူးက ပြောသည်။ပြီးခဲ့သည့်လ (၂၈) ရက်နေ့က ငြိမ်းချမ်းရေးကောင်စီအဖွဲ့များကို နအဖအာဏာပိုင်များက ဖားအံမြို့တွင် ခေါ်ယူကာ အသက်ကြီးသူများကို ပါတီဖွဲ့ ရွေးကောက်ပွဲဝင်ခိုင်းပြီး ကျန်တပ်ဖွဲ့ဝင်များကို အင်းအားလျော့ချကာ နယ်ခြားစောင့်တပ် ပြန်လည်ဖွဲ့စည်းပြီး ကာကွယ်ရေးဦးစီးချုပ်လက်အောက်တွင် ထားရှိမည်ဖြစ်ကြောင်း ပြောဆိုဖိအားပေးခဲ့သည်ဟု ၎င်းက ပြောသည်။
လက်ရှိ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်များ အခြေအနေနှင့်ပတ်သက်၍ “၂၀၁၀ ပြီးရင် တပ်တွေကိုပြန်ဖွဲ့စည်းပြီး နယ်ခြားစောင့်တပ်အဖြစ် ထားမယ်၊ နအဖတပ်လို နေရမယ်ဆိုရင်တော့ ကျနော့်လူတွေ တယောက်မှ ရှိတော့မှာမဟုတ်ဘူး၊ ပါတီဖွဲ့ဖို့ကလဲ ငြိမ်းချမ်းရေးအဖွဲ့ထဲမှာ ပါတီဖွဲ့နိုင်လောက်တဲ့သူ တယောက်မှမမြင်ဘူး၊ အဖိုးထိန်မောင်ဆိုရင်လဲ အသက်ကကြီးလာပြီး သူ ပါတီထောင်ပြီး ဘယ်လို ရွေးကောက်ပွဲဝင်နိုင်မလဲ” ဟု ပြောသည်။နအဖစစ်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးအဖွဲ့ဝင်များအပေါ်ထားရှိသည့် သဘောထားနှင့်ပတ်သက်၍လည်း “တစုံလုံအတိုင်းအတာပြောရရင် ကျနော်တို့ လူထုတွေနစ်နာတာပဲရှိတယ်၊ နအဖလုပ်ရပ်သာ အောင်မြင်ရင် တိုင်းသူပြည်သားတွေ ပိုပြီး နစ်နာမှာပါ၊ အားလုံးအခြေအနေက ပရုပ်လုံးလို လုံးပါးပါးသွားမှာပဲ၊ သူတို့ပြောတဲ့ ဒီမိုကရေစီဆိုတာလဲ တိုင်းသူပြည်သားတွေအတွက် ဖြစ်လာမှာမဟုတ်ပါဘူး၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အားလုံးဟာ ၂၀၁၀ ပြီးရင် အားလုံးပျက်သုဉ်းသွားမှာပါ” ဟု ပြောသည်။
နအဖမီဒီယာများက ငြိမ်းချမ်းရေးအဖွဲ့များမှ ပြန်လည်ရောက်ရှိလာသူများကို KNU မှ သတ်ဖြတ်ပစ်ကြောင်း ပြောဆိုနေခြင်းသည် လိမ်လည်မှုများသာဖြစ်ပြီး တကယ်တမ်းလက်တွေ့တွင် နွေးထွေးစွာ ကြိုဆိုဆက်ဆံကြောင်း ၎င်းက ဆက်လက်ပြောသည်။“သူတို့ပြောတာ တခြားစီပါဗျာ၊ သူတို့သတင်းမှားတယ်ဆိုတာ ကျနော်ကိုယ်တိုင် ကြုံနေရပြီ၊ ကျနော် အေးအေးဆေးဆေးပဲ လက်ထိပ်ခတ်တာတောင် မရှိဘူး၊ နွေးထွေးစွာ ကြိုဆိုတယ်၊ စားဖို့သောက်ဖို့ကအစ သူတို့လုပ်ပေးတယ်၊ အခုလိုပြောတာကလဲ ဘယ်သူမှ ဖိအားပေးလို့မဟုတ်ဘူး၊ နအဖမီဒီယာတွေက သတင်းအမှားတွေပဲ ဖြစ်တယ်ဆိုတာ ကျနော် ပြောချင်ပါတယ်” ဟု ပြောသည်။
လက်ရှိ ဗိုလ်ချုပ်ထင်မောင်ဦးစီးသည့် ငြိမ်းချမ်းရေးကောင်စီတွင် တပ်ရင်း ၉ ရင်းနှင့် အထူးတပ်ရင်း ၁ ရင်း ထားရှိကာ လက်နက်ကိုင်အင်အား ၃၀၀ ဝန်းကျင်သာရှိကြောင်း ၎င်းက ပြောသည်။လက်ရှိ ငြိမ်းချမ်းရေးကောင်စီတွင် ကျန်ရစ်ခဲ့သူများကို ၎င်းအနေဖြင့် “ကျနော့် လုပ်ဖော်ကိုင်ဖက်တွေကို မှာချင်တာက အခြေအနေအရပ်ရပ်ကို အားလုံးသိတဲ့အတွက် ခြေမကျွံခင် ပြန်လာခဲ့ကြပါလို့ မှာချင်တယ်၊ ရှေ့လှမ်းရမှာကလဲ ချောက်ကမ်းပါးပဲဆိုတာကို သိလျှက်နဲ့ ဆက်မမှားစေချင်တော့ဘူး၊ မိခင် KNU ရဲ့ရင်ခွင်ကို ပြန်လာဖို့ ပြောချင်ပါတယ်” ဟု ဗိုလ်မှူး စောလေးမူးက တိုက်တွန်းပြောဆိုသည်။
ဝဗိုလ်မှူးစောလေးမူး မိခင် KNU သို့ ၎င်း၏မိသားစုဝင် ၄ ဦးနှင့်အတူ ပြန်လည်ရောက်ရှိလာသည့်အပေါ် တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီက “ဟိုမှာနေလို့ အခြေအနေမကောင်းတော့ဘူး၊ အများအတွက် အမျိုးသားအတွက် အကျိုးမရှိဘူးဆိုတာကို သိလို့ ပြန်လာတာ၊ သူ့မိသားစုတွေရော အရင်ကအတိုင်း အေးအေးဆေးဆေး ပြန်လာနေပါ နွေးထွေးစွာပဲ ကြိုဆိုပါတယ်” ဟု ပြောသည်။

ရိုးမ ၃ မှကူးယူဖေါ်ပြသည်။

ကရင်ခွဲထွက်များ ပျောက်ကွယ်စေရန် နအဖလုပ်ဆောင်ဟု ငြိမ်းချမ်းရေးကောင်စီ ပြောကြေား

Friday, May 8, 2009

NEJ / ၇ မေ ၂၀၀၉
မြန်မာစစ်အစိုးရကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် ကရင်ခွဲထွက်များအားလုံး အလိုအလျောက် ပျောက်ကွယ် သွားမည့်အစီအစဉ်ကို နအဖမှ စနစ်တကျလုပ်ဆောင်နေသည်ဟု ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီအဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိသူတဦးက ပြောသည်။

စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီကို တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့က ခေါ်ယူကာ အနုနည်းဖြင့် အကြပ်ကိုင်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဆက်စပ်ပြောကြားခြင်းဖြစ်သည်။

ယခုလ (၄) ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) တပ်စခန်းသို့ လာရောက်ပူးပေါင်းသည့် ငြိမ်းချမ်းရေးကောင်စီအဖွဲ့၏ တပ်ရင်း (၇၀၄) မှ ဗိုလ်မှူးစောလေးမူးက “အရင်လ (၂၈) ရက်နေ့က ဘားအံမှာ ငြိမ်းချမ်းရေးကောင်စီအဖွဲ့က လူကြီးတွေကို နအဖ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) က ခေါ်တွေ့ပြီး ဖူးဌေးမောင်ကို အဖွဲ့တွင်းမှာရှိတဲ့ အသက်ကြီးတဲ့လူတွေကို အဖွဲ့ကထွက်ခိုင်းပြီး ကျန်တဲ့လူတွေနဲ့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ပြောတယ်။

၂၀၁၀ ကျရင် နယ်ခြားစောင့်အဖြစ် အကန့်အသတ်နဲ့ အသွင်ပြောင်းပေးမယ်။ အဲဒီကိစ္စကို စဉ်းစားခိုင်းတယ်” ဟု ပြောသည်။၎င်းဆွေးနွေးပွဲတွင် မြန်မာစရဖအရာရှိများနှင့်အတူ ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ စောဌေးမောင် (ဥက္ကဋ္ဌ)၊ ဗိုလ်ချုပ်ကြီး ထော့လေး (ဒုတိယစစ်ဦးစီးချုပ်)၊ နော်ကပေါ်ထူး (အတွင်းရေးမှူး) နှင့် ဗိုလ်မှူးချုပ်ယဉ်နု (စစ်ထောက်ချုပ်) တို့ ပါရှိသည်။ယင်းကိစ္စနှင့်ပတ်သက်၍ စောဌေးမောင်က အဖွဲ့ဝင်များအား ယနေ့ထိ ပြန်လည်ရှင်းလင်း ပြောဆိုခြင်း မရှိသည့် အပေါ် အဖွဲ့ဝင်များက စိုးရိမ်နေပြီး ၎င်းတို့အားလုံးကို နအဖလက်ထဲ ဝကွက်အပ်မည်ကို စိုးရိမ်နေကြသည်။ကရင်ခွဲထွက်များ၏ အခြေအနေနှင့်ပတ်သက်၍ ရွေးကောက်ပွဲပြီးလျှင် ခွဲထွက်အဖွဲ့အားလုံးကို နယ်ခြားစောင့်အဖြစ် အသွင်ပြောင်းပြီး ကာကွယ်ရေးဦးစီးချုပ်၏ အကန့်အသတ်အောက်တွင် ရပ်တည်ရမည်ဖြစ်သောကြောင့် ကရင်ခွဲထွက်အဖွဲ့များအားလုံး အလိုအလျောက် လုံးပါးပါးပြီး ပျောက်ကွယ်သွားမည် ဖြစ်သည်ဟုလည်း စောလေးမူးက ပြောသည်။

၎င်းက “စစ်မှန်တဲ့ငြိမ်းချမ်းရေး ရမယ်ထင်ပြီးလုပ်ခဲ့တာ လက်တွေ့မှာ တခြားစီပဲ။ နအဖလက်အောက်မှာ ဘာနိုင်ငံရေး၊ ဘာငြိမ်းချမ်းရေးမှ လုပ်လို့မရဘူး။ ဒါကြောင့် မိခင်အဖွဲ့အစည်းဖြစ်တဲ့ ကေအန်ယူဆီ ပြန်လာတာပါ” ဟု ပြောသည်။ကေအန်ယူခွဲထွက်အဖွဲ့အစည်းများမှာ ဒီကေဘီအေ၊ ကေအန်ယူငြိမ်းချမ်းရေးကောင်စီအဖွဲ့၊ ပဒိုအောင်ဆန်း ဘုရားကုန်းအဖွဲ့၊ စောသမူဟဲ ဟောင်သရောအဖွဲ့၊ သံတောင်အထူးဒေသ တောင်နှင့်မြောက် (၂) ဖွဲ့ နှင့် (၁၀၁) အဖွဲ့တို့ဖြစ်သည်။ငြိမ်းချမ်းရေးကောင်စီတွင် တပ်ရင်း (၁၀) ရင်းရှိပြီး (၁) ရင်းလျှင် (၃၀) ဦးခန့်ရှိကာ ၎င်းတို့လက်ရှိ လက်နက်ကိုင် အင်အားမှာ (၃၀၀) ခန့် ရှိသည်ဟု သိရသည်။လက်နက်ကိုင်အင်အားနည်းပါးရခြင်းမှာ နအဖက လက်နက်ဝယ်ယူစုဆောင်းခွင့်နှင့် တပ်အင်အားတိုးချဲ့ခွင့် မပြုသဖြင့် ဒီကေဘီအေအဖွဲ့ကဲ့သို့ အင်အားတောင့်တင်းမှု မရှိကြောင်း၊ ဒီကေဘီအေအဖွဲ့ လက်နက်လူသူ စုဆောင်းမှုကို နအဖက မသိချင်ယောင်ဆောင်ထားပြီး ဒီကေဘီအေနှင့် ကေအန်ယူ ဖြစ်သည့်တိုက်ပွဲများတွင် လိုအပ်သည့် လက်နက်ခဲယမ်းမီးကျောက်နှင့် ရိက္ခာများကို လိုသလောက်ထုတ်ပေးသည်ဟုလည်း မိသားစုဝင် (၄) ဦးနှင့်အတူ ပြန်ဝင်လာသည့် စောလေးမူးက ပြောသည်။

ငြိမ်းချမ်းရေးအဖွဲ့များထံမှ ရရှိသောအချက်အလက်များအရ နအဖ ဖွဲ့စည်းပေးမည့် နယ်ခြားစောင့်တပ်တတပ်တွင် ငြိမ်းချမ်းရေးအဖွဲ့ဘက်မှ အရာရှိ (၁၅) ယောက်အပါအဝင် အင်အား (၂၉၆) ယောက်နှင့် နအဖဘက်မှ အရာရှိ (၃) ဦး အပါအဝင် အင်အား (၃၀)၊ စုစုပေါင်းအင်အား (၃၂၆) ယောက်ပါဝင်မည်ဖြစ်ကာ လစာနှင့် အခြားခံစားခွင့်များကို နအဖမှ ထုတ်ပေးမည်ဖြစ်ပြီး စစ်သင်တန်းကိုလည်း နအဖက ပေးမည်ဟုသိရသည်။

The NEJမှကူးယူဖေါ်ပြသည်။

Thursday, May 7, 2009

တပ်မဟာ ၃နှင့် ၄နယ်မြေတွင် ကေအဲန်ယူနှင့် နအဖ တိုက်ပွဲဖြစ် နအဖအများအပြား သေဆုံးဒဏ်ရာရ


ဧပြီလကုန်ပိုင်းနှင့် မေလဆန်းပိုင်းအတွင်း ကေအဲန်ယူ၏ တပ်မဟာ ၃(ညောင်လေး ပင်ခရိုင်)နှင့် တပ်မဟာ ၄(ဘိတ်ထားဝယ် ခရိုင်)၌ နအ ဖတပ်နှင့် ကေအဲန်ယူတပ်တို့ အကြီးအကျယ် တိုက်ပွဲဖြစ်ပွားရာတွင် နအဖအများအပြား ကျဆုံး ဒဏ်ရာရရှိ ခဲ့သည်။

ဧပြီလ၂၆ရက်နေ့တွင် တပ်မဟာ ၄တပ် ဖွဲ့ဝင်တချို့မှ နအဖခြေမြန်တပ်ရင်း ၁၀၄ ကို ခြုံခိုပစ်ခတ်ရာတွင် နအဖ ၁၂ယောက် သေဆုံးပြီး ၁၁ယောက် ထိခိုက်ဒဏ် ရာရရှိသည်ဟု တပ်မဟာ ၄ပြောရေး ဆိုခွင့်၏ ထုတ်ပြန်ပြောဆိုမှုအပေါ် ကိုးကားပြီး ကွယ်ကလူဝက်ဆိုက်က ဖော်ပြထားသည်။ အဆိုပါသေဆုံးသည့်အထဲတွင် အရာရှိ ၂ဦး ပါဝင်ပြီး အခြားအရာရှိတဦးမှာလည်း ပြင်းထန်စွာဒဏ်ရာ ရရှိသည်။

တပ်မဟာ ၃ညောင်လေးပင်ခရိုင်တွင်လည်း အလားတူတိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ၈ယောက်သေဆုံးပြီး လက်နက် ၈လက်ကို ရရှိသည်ဟု ညောင်လေးပင်ကေအဲန်ယူ ခရိုင်`၏ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါထုတ်ပြန်ချက်အရ တပ်မဟာ၃စစ်ကြောင်းတကြောင်းမှ နအဖခြေမြန်တပ်ရင်း ၃၃၈တို့ စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခြင်းဖြစ်ပြီး အခင်းတိုက်ပွဲဖြစ်ပွားသည့်နေရာသည် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင်ဖြစ်သည်ဟု သိရှိရသည်။

အလားတူ တပ်မဟာ ၃လက်အောက်ခံ တပ်ရင်း ၉နှင့် ပအိုဝ့်လွတ်မြောက်ရေးတပ်မတော် ပူးပေါင်းအဖွဲ့သည် လွန်ခဲ့သည့် မတ်လ ၃ရက်နေ့က ဆီဆိုင်မြို့နယ်တွင် လူအင်အား ၁၂ပါ နအဖခမရ ၄၂၆စစ်ကြောင်းကို ၀င်ရောက်ပစ်ခတ်ခဲ့ရာ အားလုံးသေဆုံးသွားသည်ဟု မီဒီယာသတင်းများအရ သိရှိရသည်။

သတင်း-အဲခေါင်သောင့်

update/no3fighting by Kwekalu News

update/fightingnews by Kwekalu News


soldierconscript by Kwekalu News

Wednesday, May 6, 2009

အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ၀တပ်မတော် မကျေမနပ်ဖြစ်နေ

တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ နအဖနှင့်အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် နအဖစစ်ဘက်အရာရှိများက ဧပြီ (၂၈) တွင် သီးခြားစီတွေ့ဆုံခဲ့ရာ အင်အားအဆမတန်လျှော့ချခံရမည့် ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ) က မကျေမနပ်ဖြစ်နေသည်။

ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် စစ်ဘက်ရေးရာအရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်က ၀ခေါင်းဆောင်များအား ခေါ်ယူတွေ့ဆုံပြီး ၀ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန်နှင့် အင်အား (၃) ထောင်အထိ လျှော့ချပြီး နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် ပြောဆိုမှုအပေါ် ၀ခေါင်းဆောင်များ အနေဖြင့် လက်ခံမည်မဟုတ်ကြောင်း ၀တပ်မှူးတဦးက ပြောသည်၊

၎င်းက “အင်အား (၂) သောင်းကျော် (၃) သောင်းလောက်အထိရှိတဲ့ ဒီတပ်မတော်ကြီးကို သွေးတွေ၊ ချွေးတွေနဲ့ နှစ် (၃၀) ကျော်ကြာ တည်ဆောက်ထားခဲ့တာဗျ။ (၃) ထောင်သာချန်ပြီး ပြည်သူ့စစ်လိုလုပ်မယ့်အပေါ်တော့ လက်မခံနိုင်ဘူး။ ကျနော်တို့ ၀ပြည်နယ် ပြည်သူ့အစိုးရက လက်ခံမှာ မဟုတ်ဘူး။ အခုထိ ကျနော်တို့ ဗဟိုကော်မတီ တွေလည်း အကြောင်းမပြန်သေးပါဘူး” ဟု ၎င်းက ပြောသည်။

ဝတပ်မဟာ (၁၇၁) အခြေစိုက်ရာ ၀ပြည်တောင်ပိုင်းနယ်မြေကိုလည်း ၀ဒေသအတွင်း မထည့်ဘဲ ခွဲထုတ်လိုက်သည့် အပေါ် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က လက်ခံမည်မဟုတ်ကြောင်း အဆိုပါ ၀တပ်မှူးက ပြောသည်။

၎င်းက “အခုက ကျနော်တို့ကို ကေအန်ယူကို သွေးခွဲသလိုမျိုး လုပ်နေတာ။ (၁၇၁) ဆိုတာ ကျနော်တို့တပ်မဟာပဲ။ ဗဟိုတခုတည်း ရှိပါတယ်။ ကျနော်တို့အနေနဲ့ အလံနှစ်လက်ကိုင်ထားတယ်။ ပထမအလံက ငြိမ်းချမ်းရေးပဲ။ ဒုတိယကတော့ ၀ပြည်ကို ကာကွယ်ရေးပဲ။ ကျနော်တို့က သူတို့ကို အရင်စမတိုက်ဘူး။ ဒါပေမယ့် ကိုယ့်နယ်မြေကို ထိပါးလာရင် ခုခံကာကွယ်ပိုင်ခွင့်ဟာ ကျနော်တို့အခွင့်အရေးပဲ” ဟု ဆက်လက်ပြောသည်။

အလားတူ ကိုးကန့်အဖွဲ့၊ ရှမ်းပြည်အရှေ့ပိုင်းအထူးဒေသ (၄)၊ ဦးစိုင်းလင်း ဦးဆောင်သည့် မိုင်းလားအဖွဲ့၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့၊ ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော်နှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ များအား ကျိုင်းတုံ၊ တန်ယန်း၊ မြစ်ကြီးနားတို့တွင် စစ်တိုင်မှူးများနှင့် စစ်ဘက်အရာရှိများက ဧပြီ (၂၈) ရက်၌ သီးခြားစီ ခေါ်ယူတွေ့ဆုံပြီး နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ပြောဆိုခဲ့သည်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ ဥက္ကဋ္ဌ ဦးဇောင်းဟရား ဦးဆောင်သည့်အဖွဲ့နှင့် မပခတိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်းတို့ မေ (၂၈) ရက်၌ မြစ်ကြီးနားတွင် တွေ့ဆုံခဲ့ပြီး ၎င်းတို့အနေဖြင့် မေလကုန်ပိုင်းတွင် မြစ်ကြီးနားသို့ ကိုယ်စားလှယ်လွှတ်ကာ ထပ်မံဆွေးနွေးရန် ရှိကြောင်း ကေအိုင်အို ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဂွမ်မော်က ပြောဆိုပြီး အသေးစိတ်ပြောဆိုရန်ကိုမူ ငြင်းဆိုသည်။

“တပ်မတော်အစိုးရအနေနဲ့ နောင်တက်လာမယ့် အရပ်သားအစိုးရကို ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး ရှင်းပြဖို့၊ လိုအပ်တဲ့ဟာ ဆောင်ရွက်ဖို့ သူတို့မှာ တာဝန်ရှိပါတယ်။ ဥပမာ လက်နက်ကိုင်အဖွဲ့တွေကို ဘယ်လိုထားမယ်၊ ဘယ်လိုဖွဲ့စည်းမယ်ဆိုတာကို စဉ်စားဖို့လိုတယ်လို့ ပြောတာပါ။ ဆွေးနွေးတဲ့အဆင့်ထိ မရောက် ပါဘူး။ မေလနောက်ဆုံး၊ မေလမကုန်မီမှာ ဆွေးနွေးတဲ့ခါ ဒါတွေဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့အနေနဲ့ ဒါကို လေးလေးနက်နက် ဆွေးနွေးသွားမှာပါ” ဟု ဗိုလ်မှူးကြီး ဂွမ်မော်က ပြောသည်။

၁၉၈၉ ခု မတ်လတွင် ကိုးကန့်တိုင်းရင်းသားများက ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး အပစ်ခတ် ရပ်စဲရေး စတင်ပြုလုပ်ချိန်မှစ၍ တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆက်တိုက် ဆိုသလို စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေးပြုလုပ်ကာ ဒေသအတွင်း လက်နက်ကိုင်ဆောင်ပြီး တပ်ဖွဲ့အဖြစ် ရပ်တည်ခွင့်၊ စီးပွားရေးလုပ်ခွင့်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ခွင့် ရရှိခဲ့ကြသည်။

Monday, May 4, 2009

VDO-1 burma by Niknayman

Birth of KNLA fighter

2009 May 3
tags: , , , , , , , ,
by peacerunning
by Daniel Pedersen on May.02, 2009
October, 2000WE travelled in a dugout canoe through the rapids of the Moei River that marks the border of Thailand and Burma.Thick jungle shrouded the banks and all eyes scanned for Burmese troops.In the slow, barely manoeuvreable canoe we were sitting ducks had a soldier decided to take a pot shot at us.And we knew they were out there somewhere.The canoe was laden down with dry food and canned fish.On arrival at a KNLA base camp I spotted a child squatting near a small fire.He was just 10 years old, his name was Pa Law Meh, and two months earlier he had watched, terrified, as Burmese State Peace and Development troops kicked his father to death because he refused to give them one of his chickens.As SPDC troops killed his father in Yaw Bo village, in central Karen state, they screamed at his family members that they were nothing more than animals and deserved to die.Now the Karen child is going to be a soldier and kill Burmese troops.He made his way to a unit of Battalion 202 of the Karen National Liberation Army’s Fifth Brigade.Pa Law Meh hates the Burmese and his childhood has ended.His family does not know where his is, only that he has been gone for more than a month.He says he will not return home, he is not afraid of being shot and that KNLA soldiers are very brave.Pa Law Meh will soon be handed a gun, the newest generation of soldier in a long line of freedom fighters.ENDS

INFORMATION 53 By Karenunited




2009 May 2
tags: , , , , , , ,
by peacerunning
DKBA ကလဲ ဓါးမြဘဲ လမ်းဘေးမှာ တဲထိုးတောင်းစားတာ အားမရဘူး ရွာသားတွေဆီကပါ ထပ်တောင်းတယ် ပြောတော့ လူမျိုးအတွက် လုပ်တော့ ပထွေးအတွက်။ ပြီးတော့ တင်မြင့်ဆိုတဲ့ကောင်နဲ့ သူအဖွဲ့ က ရွာသားတွေဆီက သစ်ကို 1/5/2009 အရောက်ပို့ခိုင်းတာ သူတို့ အခေါင်း သူတို့ ရိုက်မလို့ထင်တယ်။
SATURDAY, MAY 2, 2009


http://www.karenunited.co.cc/

Information 54 by Karenunited


analysis/karenstory by Kwekalu News


Mae La worry by Kwekalu News


Human Rights Watch-Burma: One Year After Cyclone, Repression Continues-Free Imprisoned Activists and Community Workers

2009 May 1
tags: , , , ,
by peacerunning
APRIL 30, 2009RELATED MATERIALS:Letter to Donors on Reconstruction after Cyclone NargisBurma: Free Celebrity Activist Critical of Aid ResponseOTHER MATERIAL:2008 audio slideshow featuring commentary by Brad Adams, Asia directorRELATED FEATURES:
Burma: One Year After Cyclone NargisBurma: One Year After Cyclone NargisBasic freedoms for cyclone survivors are just as restricted as they were before the cyclone. Donors and friends of the military government, such as China, should press Burma’s generals to free activists like Zargana who helped the survivors.
Elaine Pearson, deputy Asia director at Human Rights Watch(New York) - One year after the devastation of Cyclone Nargis, the Burmese military government should release all those imprisoned for independently providing humanitarian aid to victims for criticizing the government’s response, Human Rights Watch said today. On May 2, 2008, Cyclone Nargis struck Burma’s Irrawaddy Delta region, killing an estimated 140,000 people and severely affecting 2.4 million others.
In the immediate aftermath of the cyclone, the government was slow to mobilize aid efforts or allow international relief agencies access to the devastated region. Since then, it has unfairly tried and imprisoned at least 21 community aid workers who sought to help cyclone survivors, including Burma’s most famous comedian, Zargana.continue http://www.hrw.org/en/news/2009/04/30/burma-one-year-after-cyclone-repression-continues

klopadoh by Kwekalu News