Saturday, December 27, 2008

ပထမဦးဆုံးသော ကရင်နှစ်သစ်ကူးနေ့ အသံလွင့်မိန့် ခွန်း

ယနေ့ကရင်အမျိုးသားယနေ့သည် သမိုင်းဝင်နေ့ဖြစ်ပါသည်။ အစိုးရက တရားဝင် အသိအမှတ်ပြုသော ကရင်အမျိုးသား နေ့လည်း ဖြစ်ပါသည်။ ဤနေ့ရက်သည် ကရင်တမျိုးသားလုံး၏ မင်္ဂလာအခါနေ့လည်း ဖြစ်ပါသည်။တသီးတခြား၊ တကွဲတပြား နေထိုင်လာခဲ့ကြရာမှ ကျွန်ုပ်တို့သည် ယနေ့မှစ၍ တိုင်းရင်းသားအားလုံး၏ အရေးအခင်းနှင့် နိုင်ငံတော် အရေးအခင်းတွင် ပါဝင်ဆောင်ရွက် ရပါမည်။ လူဦးရေ နှစ်သန်းကျော်မျှရှိသော ကရင်အမျိုးသားများသည် မြန်မာပြည်၏ ကြမ္မာကို ဖန်တီးရာ၌ အဓိကကဏ္ဍမှ ပါဝင်နိုင်ကြမည်ဟု ယုံကြည်ပါသည်။ကျွန်ုပ်တို့လူမျိုး ဆိတ်သုဉ်းမသွားပဲ တည်ရှိနေခဲ့သည်မှာ မည်သည့်အဖွဲ့အစည်း၊ မည်သည့်အုပ်ချုပ်ရေးစနစ်၊ မည်သူတို့၏ ပယောဂ ကျေးဇူးကြောင့်မှ မဟုတ်ပဲ ကျွန်ုပ်တို့၏ ထူးခြားသော ပင်ကိုယ်အရည်အချင်း များကြောင့်သာ ဖြစ်ပေသည်။ ပရိယာယ်မရှိ၊ ရိုးသားကြသည်။ စိတ်ထား ဖြောင့်မတ်ကြသည်။ ဂီတကို မြတ်နိုးသည်။ ဘုရားတရားကို လေးစားသည်။ အခြားသော တိုင်းရင်းသားလူမျိုးများနှင့် ဒိုးတူပေါင်ဖက် ဆက်ဆံပေါင်းသင်း သွားခြင်းဖြင့် ကျွန်ုပ်တို့၏ အမျိုးသား ဂုဏ်သိက္ခာ အရည်အချင်းများကို ခိုင်မာအောင် ထိန်းသိမ်းခြင်းဖြင့် မြှင့်တင်ခြင်းများ ပြုနိုင်သည်ဟု ယုံကြည်ကြသည်။ကျွန်ုပ်တို့တတွေ ဆုံးဖြတ်ချက်ချရမည့်အချိန် ကျလာခဲ့ပါပြီ။ ကျွန်ုပ်တို့သည် ယခင်ကဲ့သို့ပင် တသီးတခြား ရပ်တည်၍ မိမိတို့ဘ၀ ရပ်တည်ရေးအတွက် ရပ်တည်ကြမည်လော သို့တည်းမဟုတ် မြန်မာနိုင်ငံ၏ ကြမ္မာကို ဖန်တီးရာ၌ တတပ်တအား လက်တွဲပါဝင် ဆောင်ရွက်ကြမည်လော။ကျွန်ုပ်တို့သည် ကရင်တမျိုးသားလုံး၏ စည်းလုံးမှုကို တည်ဆောက်ရင်း၊ ညီညွတ်သော မြန်မာနိုင်ငံအဖြစ်သို့ ပါဝင် ဆောင်ရွက် ကြိုးပမ်းကြမည်။ ကျွန်ုပ်တို့ ကရင်အမျိုးသား ခေါင်းဆောင်များ အနေဖြင့် ကိုယ်ကျိုးမဖက်၊ မကြောက်မရွံ့ဘဲ လူမျိုးရေးနှင့် ဘာသာရေး အာဃာတ အလျဉ်းကင်းစင်သော စိတ်ထားဖြင့် တိုင်းပြည်နိုင်ငံတော် အကျိုးစီးပွားကို ဦးလည်မသုန် ဆောင်ရွက်ကြမည်။ယနေ့အချိန်အခါတွင် ကျွန်ုပ်တို့ အမျိုးသား အမွေအနှစ်များ၊ ရှေးဟောင်း ကဗျာ၊ လင်္ကာပုံပြင်များ၊ ကရင်ပညာရှိများနှင့် ရိုးရာ ယွာ ဘုရားသခင်ကို သတိရအောက်မေ့လျက် ယင်းတို့၏ ဆုံးမသြ၀ါဒကို ပြန်လည် ကျင့်သုံးကြပါမည်။ ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်တဦးချင်း အနေဖြင့် လည်းကောင်း၊၊ တအိမ်တမိသားစု အနေဖြင့်လည်းကောင်း၊ ဘ၀သစ် တရပ်ကို ပါဝင်ဖန်တီး ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်သည်။ခေတ်နှင့်လျှော်ညီစွာ တွေးခေါ်စိတ်ကူးလျက် အကျိုးဖြစ်ထွန်းမည့် လုပ်ငန်းများ ကြံဆချမှတ်ကာ ကြောက်ရွံ့မှုကင်းစွာ နေထိုင် ကျင့်ကြံခြင်း ပြုလျက် အခြားသော တိုင်းရင်းသားများနှင့် တစိတ်တ၀မ်းတည်း ကျရာကဏ္ဍမှ စည်းလုံးညီညွတ်သော လူမျိုးများ ပေါင်းဆုံထားသည့် မြန်မာနိုင်ငံအဖြစ် တာဝန်ယူသွား ကြမည်။ထို့ကြောင့် ကျွန်ုပ်တို့တတွေသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးပြု လုပ်ငန်းများတွင် ဖော်ပြပါ ယုံကြည်ချက်များအတိုင်း ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန် ယနေ့ရက်မြတ် - ကရင်နှစ်သစ် မင်္ဂလာအချိန်တွင် အဓိဋ္ဌာန်ပြုကြပါစို့။
ပုံ- စံစီဖိုး၊ ရွှေဘ၊ လှဖေ၊ ဖေသာ၊ ဆစ်ဒနီလူနီ
(၁၉၃၈-ခု၊ ဒီဇင်ဘာလ ၂၁ ရက်) ကရင်သက္ကရာဇ် ၂၆၇၈-ခုနှစ်၊သလေး ထိုင်ခုတ်ဖို ပြာသိုလဆန်း (၁)ရက်

Friday, December 26, 2008

ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာ ရောက်စေသောဝ်”


Wednesday, 24 December 2008 18:53 အေးချမ်းမြေ့

မညီမညာ နှုတ်ဆက်သံ လေးများကြောင့် သန်လျှင်မြို့မှ လပ်ကီး လက်ဖက်ရည် ဆိုင်ပိုင်ရှင် ဒေါ်ညို တယောက် ဆိုင်ရှေ့သို့ ထွက်ကြည့်လိုက်ရာ ခပ်နွမ်းနွမ်း အဝတ်အစား ကလေးများ နှင့် ၁၀ နှစ်မှ ၁၄ နှစ်ခန့်အရွယ်ထိ ကလေးငယ် ၇ ယောက်၊ ၈ ယောက်က ခရစ္စမတ်သီချင်းများကို မပီမသ သီဆိုနေသည်ကို တွေ့လိုက် ရသည်။
ထိုကလေးများထဲတွင် ဒေါ်ညိုနှင့် မျက်မှန်းတန်းမိနေသော ကလေးငယ် ၃ ယောက်ခန့် ပါသည်။ ထိုကလေးများက ဒေါ်ညို့လက်ဖက်ရည်ဆိုင်တွင် သောက်ရေသန့် ဘူးလွတ်များ လာတောင်းနေကျ ကလေးများဖြစ်သည်။ သူတို့က အမှိုက်ထဲမှ ပြန်လည်ရောင်းချနိုင်မည့် ပစ္စည်းများကို ရှာဖွေကာ ပလတ်စတစ်၊ စက္ကူ၊ ပုလင်း စသည့် ပစ္စည်းဟောင်းကောက်သော ဒိုင်များတွင် ပြန်သွင်းကြသည်။
“ဒီကလေးတွေ ဆိုင်ရှေ့ သီချင်းလာဆိုတော့ ကျမ ရုတ်တရက် အံ့သြသွားတယ်” ဟု ဒေါ်ညိုကပြောသည်။ ဒေါ်ညိုက ဗုဒ္ဓဘာသာဝင်တဦး ဖြစ်သော်လည်း သူ့လက်ဖက်ရည် ဆိုင်တွင် ထိုင်နေကျ ဖောက်သည် ခရစ်ယာန်ဘာသာဝင်များ ရှိသောကြောင့် ထိုအဖွဲ့များက ကြိုတင် ပြောကာ ခရစ္စမတ် သီချင်းများ လာဆိုနေကျဖြစ်သည်ဟု ဆိုသည်။
ထိုကဲ့သို့ သီချင်းလာဆိုသော ခရစ္စယာန်အဖွဲ့ သုံးဖွဲ့၊ လေးဖွဲ့ရှိသော်လည်း ယခုကဲ့သို့ အမှိုက်ကောက်သော ကလေးများ အုပ်စုဖွဲ့ကာ သီချင်းလာဆိုခြင်းမျိုးကို ပထမဦးဆုံး ကြုံတွေ့ရခြင်းဖြစ်ကြောင်း သူက ဆက်ပြော သည်။
“သူတို့ကိုမေးကြည့်တော့ အလုပ်မရှိကြတော့လို့တဲ့။ သူတို့ ပစ္စည်းသွင်းနေကျ ဆိုင်တွေ ပိတ်ကုန်ကြလို့ ခုလို သီချင်းဆိုပြီး ပိုက်ဆံ လိုက်တောင်းတာလို့ ပြောပြတယ်” ဟု ဒေါ်ညိုက ဆိုသည်။
ဒီဇင်ဘာလ မတိုင်ခင်ကတည်းက ခရစ္စမတ်တေးသံများကို ဟိုမှာ၊ သည်မှာ ကြားနေရသည်။ ခရစ္စယာန် ဘုရားကျောင်းပေါင်းစုံမှ လူငယ်များက ခရစ္စမတ် ဓမ္မတေးများကို ဘုရားကျောင်း အသင်းဝင်များ နေအိမ်တွင် လိုက်လံသီဆိုကြသည်။ ထိုသို့ သီဆိုသည့်အခါတိုင်း အိမ်ရှင်များက စားစရာများဖြင့် ဧည့်ဝတ် ပြုကြသည့်ပြင် ဘုရားကျောင်းအတွက် အလှူငွေများ ထည့်ဝင်ကြသည်။
တချို့ မိဘမဲ့ ကလေးစောင့်ရှောက်သည့်အဖွဲ့၊ မျက်မမြင်များ စောင့်ရှောက်သည့် အဖွဲ့ စသည့် ခရစ်ယာန်အဖွဲ့အစည်း များသည်လည်း ခရစ္စမတ် အချိန်အခါ မတိုင်မီ အသိ မိတ်ဆွေများ နေအိမ်သို့ သီချင်းများ လိုက်လံ သီဆိုကာ မိမိတို့ အဖွဲ့အစည်းအတွက် အလှူငွေ ကောက်ခံကြသည်။
ထိုသို့ အလှူငွေကောက်ခံရန် သီချင်းလိုက်လံသီဆိုခြင်း ပြုရာတွင် အသိအကျွမ်း အိမ်များသို့ ကြိုတင် အကြောင်းကြားကာ သွားရောက် သီဆိုကြခြင်းဖြစ်သည်။
“ကျနော်တို့ အဖွဲ့တွေလည်း ရင်းနှီးတဲ့ အိမ်တွေမှာ သီချင်းလိုက်ဆိုပြီး အလှူငွေခံမယ်။ ရတဲ့ငွေက နာဂစ် မုန်တိုင်းဒဏ် ခံရတဲ့သူတွေကို သွားပေးဖို့ အတွက်ပါ” ဟု အိုင်စီ တေးဂီတမှ ဘေ့စ် ဂစ်တာသမား ကိုခင်မောင်သန့်က ပြောပြသည်။
ခရစ္စမတ်သည် ယေရှု ခရစ်တော် မွေးဖွားခြင်း အထိမ်းအမှတ်ပွဲဖြစ်ပြီး ခရစ္စမတ်၏ အဓိပ္ပာယ်မှာ ဝေငှခြင်း၊ ပေးကမ်းခြင်း ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် နှစ်ခြင်းခရစ်ယာန် သင်းအုပ်ဆရာတဦးက ပြောပြသည်။“ခရစ္စမတ်ဆိုတာ ခရစ်တော်က သူ့ကိုယ်သူ ဒီလောကကြီးကို လာပေးဆပ်တယ် ဆိုတဲ့အဓိပ္ပာယ်ပဲ။ ဒါကြောင့် တဦးနဲ့ တဦး ပေးကြကမ်းကြမှ ခရစ္စမတ်ရဲ့အဓိပ္ပာယ် ပြည့်ဝမယ်” ဟု ၎င်းက ဆိုသည်။
ယခင်က မျက်မမြင် ၂ ဦး ၃ ဦးနှင့်အတူ လူ ၆ ယောက် ၇ ယောက်စုလျှက် ဂစ်တာတီး သီချင်းသီဆိုကာ အလှူငွေ လိုက်လံ ကောက်ခံသည့် အဖွဲ့များ တွေ့ဖူးသော်လည်း ယခု နှစ်တွင် ထိုကဲ့သို့သော အဖွဲ့များအပြင် ဆင်းရဲသည့်သူများ စု၍ သီချင်းလိုက်လံ သီဆိုခြင်း များ ပိုမိုများပြားလာသည်ဟု သန်လျင်မြို့နေ ခရစ်ယာန် ဘာသာဝင်တဦးက ဆိုသည်။
ဘုရားကျောင်း သို့မဟုတ် အဖွဲ့အစည်း တခုခုမှ သီချင်းလိုက်လံ သီဆိုလျှင် အလှူငွေများ ထည့်ဝင်ကြ သော်လည်း ထိုကဲ့သို့ အဖွဲ့အစည်းမဟုတ်ဘဲ ပိုက်ဆံ လိုက်လံ တောင်းခံ သူများကိုမူ အများစုက မပေးချင်ကြကြောင်း သူက ဆက်ပြောသည်။
“ကျနော်တို့ ခရစ်ယာန်ဘာသာဝင်တွေတောင် အဲလို ပိုက်ဆံတောင်းဖို့ သီချင်းလိုက်ဆိုတာမျိုးကို မပေးချင်ကြဘူး” ဟု သူက ဆိုသည်။
ဒေါ်ညိုကတော့ သူ့ဆိုင်တွင် သီချင်းလာဆိုသူများကို တတ်နိုင်သလောက် ဧည့်ခံသည်ဟု ပြောပြသည်။ ထိုသို့ သီချင်းလာဆိုသည်ကို ဒေါ်ညိုက နိမိတ်ကောင်းသည်ဟု ယူဆသည်။
ပလတ်စတစ်ကောက်သည့် ကလေးများ သီချင်းလာဆိုသည်နှင့် ပတ်သက်၍ ၎င်းက “ကလေးတွေက သီချင်းလည်း ကောင်းကောင်းမရပါဘူး။ ဒီလိုပဲ ဆိုချင်ရာဆိုကြတာ။ ဒါပေမယ့် သနားစရာကောင်းလို့ မုန့်ဖိုးပေးလိုက်တယ်” ဟု ပြောပြသည်။

Wednesday, December 24, 2008

ကရင်စာသင်ခြင်းနှင့်KNL (JAPAN)၏လပတ်အစည်းအဝေးကိုကျင်းပ

ကရင်စာသင်ခြင်းနှင့်KNL (JAPAN)၏လပတ်အစည်းအဝေးကို၂၁-၁၂-၂၀၀၈နေ့ တွင်ကျင်းပပြုခဲ့သည်။
မိမိဒေသတွင်ကရင်သာပေသင်ကြားခွင့်ကိုစစ်အစိုးရကပိတ်ပင်တားဆီးခဲ့ကြသည်၊ကရင်လူမျိုးတို့ သည်မိမိစာပေယဉ်ကျေးမှု့ များကို
ုလေ့လာခွင့်မရရှိခဲ့ကြပေ။နောင်တွင်ကရင်စာပေသမိုင်းများကိုပျောက်အောင်စစ်အစိုး၇ပြုလုပ်ခဲ့သည်။ထိုကြောင့်တတ်နိုင်သည့်ဘတ်မှ
ကရင်စာပေ၊ယဉ်ကျေးမှု့ ၊သမိုင်းများကိုထိန်းသိမ်းသင့်ပါသည်။
















karen in myanmar.marvallous and Funny

Karen

to be unity

Ethnic Karen Dance

Sunday, December 21, 2008

ကေအန်ယူနှင့် ဗမာစစ်တပ်တို့ တိုက်ခိုက်မှုအပြီး ဒေသခံများ ထိန်းသိမ်းခံရ

Thursday, December 18, 2008
Wed 17 Dec 2008, လရီမွန်
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး အနောက်ဘက်ကမ်း ထီးပေါ့ကလိုကျေးရွာအနီးတွင် ကေအန်ယူနှင့် ဗ မာစစ်တပ်တို့ ခြုံခိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တွင် ဒေသခံများကို ကေအန်ယူနှင့် အဆက်အသွယ်ရှိသည်ဟူသော သံသယဖြင့် ဗမာစစ်တပ်မှ ထိန်းသိမ်းခဲ့သည်။

အထိန်းသိမ်းခံရသူများမှာ တိုက်ပွဲဖြစ်ပွားခဲ့သော ထီးပေါ့ကလို ကျေးရွာဥက္ကဋ္ဌနှင့်အတူ ရွာသားနှစ်ဦးကို စစ်ပွဲဖြစ်ပွားခဲ့သည့်နေ့မှစ၍ ၃ ရက်ခန့် ထိန်းသိမ်းခံထားခဲ့သည်။

"စစ်တပ်က ဥက္ကဌ ဦးဝင်းသိန်းနဲ့ တခြားရွာသားနှစ်ယောက်ကို ကေအန်ယူနဲ့ အဆက်အသွယ် ရှိတယ်ထင်လို့ ခေါ်သွားခဲ့တာ၊ ပထမနေ့မှာ မိသားစုတွေ သွားတွေ့ပေမယ့် သူတို့က တွေ့ခွင့်မပေးဘူး၊ ဒါပေမယ့် သုံးရက်လောက် အထိန်းအသိမ်းခံပြီးတော့ ပြန်လွတ်လာကြ တယ်'' ဟု ထီးပေါ့ကလို ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်မှ ဖမ်းဆီးထားသူများကို ငွေကြေးတောင်းယူခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်း မရှိသော်လည်း ထိုကဲ့သို့ တိုက်ပွဲသည် ကျေးရွာအနားတွင် ဖြစ်ပွားခဲ့ရာ ဒေသခံများသည် စစ်ပွဲကို ကြောက်ရွံ့ နေကြရသည့်အပြင် ဖမ်းဆီးထိန်းသိမ်းခံရခြင်းကြောင့် ဒေသခံပြည်သူများမှာ ဗမာစစ်တပ်ကို ပို၍ ကြောက်လန့်လာနေကြသည်ဟု ထိုဒေသခံက ဆက်ပြောသည်။

၎င်းတိုက်ပွဲသည် ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ ၅ နာရီတွင် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (ကေအန်ယူ) မှ တပ်ရင်း ၁၆၊ တပ်ခွဲ ၁ ၏ တပ်စိပ်တစ်စိပ်သည် ဗ မာစစ်တပ် ခလရ ၂၃၊ ခမရ ၂၈၃၊ ခမရ ၂၈၄ တို့ကို ခြုံခိုတိုက်ခိုက်ခဲ့သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ဒူးပလာယာခရိုင်မှ ဗိုလ်ကြီး ထက်နေက လက်ခံရရှိသော ကြေးနန်းစာအတိုင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

"အဲဒီ တိုက်ပွဲမှာ ဗ မာဘက်က ၄ ယောက်ကျပြီး ကေအန်ယူဘက်မှာတော့ အကျအဆုံး မရှိဘူး၊ သူတို့ဘက်က ထပ်တက်လာရင်တော့ တိုက်ပွဲက ထပ်ဖြစ်ဖို့တော့ ရှိတယ်" ဟု ၎င်းက ဆက်ပြောသည်။

သို့သော် သေဆုံးသွားသည့် ဗမာစစ်သား တစ်ဦးနှင့် ဒဏ်ရာရ သွားခဲ့သူ နှစ်ဦးအား သယ်ဆောင်သွားသည်ကို တွေ့ခဲ့သည်ဟု မျက်မြင်ဒေသခံတစ်ဦးက ဆိုသည်။ ၄င်းတိုက်ပွဲသည် ထီးပေါ့ကလိုရွာဝင်ဝနားတွင် ဖြစ်ပွားခဲ့သည်။

ယခုဗမာစစ်တပ်သည် ကြာအင်းဆိပ်ကြီး ဒေသတစ်ဝိုက်တွင် တပ်စွဲထားပြီး ပြန်လည် ထိုးစစ်ဆင်ရန် ရှိသေးသည်ဟု ကေအန်ယူတို့ က သတင်းရရှိထားသော်လည်း ၎င်းတို့ဘက်မှ တစ်စုံတစ်ရာလှုပ်ရှားမှု မရှိသေးပါ။