Friday, March 30, 2012
ဒီကေဘီအေ ခွဲထွက်အဖွဲ့ KNU ရဲ့ ဦးဆောင်ဆွေးနွေးမှုအတိုင်း လိုက်ပါဆောင်ရွက်မည်
2012-03-29
ဒီကေဘီအေ ခွဲထွက်အဖွဲ့ဖြစ်တဲ့ ကလိုထူးဘော ဒီကေဘီအေ အဖွဲ့အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးမှုကို မိခင်အဖွဲ့အစည်းအဖြစ်တဲ့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ဦးဆောင်မှုအတိုင်း လိုက်ပါမှာဖြစ်ကြောင်း ကလိုထူးဘော ဒီကေဘီအေ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ဒီကနေ့ အာအက်ဖ်အေကို ပြောပါတယ်။
RFA
တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ ဖိအားပေးမှုကို လက်မခံပဲ ပြန်လည် တိုက်ခိုက်နေသော ဗိုလ်နှုတ်ခမ်းမွေး ခေါ် ဗိုလ်မှူးချုပ် စောလားပွယ် ဦးဆောင်သည့် ခွဲထွက်အဖွဲ့မှ တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ (RFA)
လောလောဆယ် မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲထားပြီး၊ နောက်တစ်ဆင့်အနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရမယ်လို့ ယုံကြည်ကြောင်း၊ အဲဒီလိုဖြေရှင်းတဲ့အခါ KNU ရဲ့ ဦးဆောင်ဆွေးနွေးမှုအတိုင်း လိုက်ပါဆောင်ရွက်မှာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ စောဂုန်အောင်က ပြောပါတယ်။
ဒါ့အပြင် ကလိုထူးဘော ဒီကေဘီအေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံဝန်းရံသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။
လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကလိုထူးဘော ဒီကေဘီအေအနေနဲ့ ညီလာခံတစ်ရပ် ခေါ်ယူဖို့ရှိနေပြီး အဖွဲ့ဝင်တွေအပြင် ပြည်သူလူထု ကိုယ်စားလှယ်တွေကိုလည်း တက်ရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။
ဒီညီလာခံမှာ လက်ရှိ နိုင်ငံရေးအခြေအနေအပေါ် သဘောထားတွေကို ဆွေးနွေမှာဖြစ်သလို၊ ကလိုထူးဘော ဒီကေဘီအေ ရဲ့ဖွဲ့စည်းပုံ စည်းမျဉ်းတစ်ရပ်ကိုလည်း ချပြဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကလိုထူးဘောအဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး မြ၀တီနဲ့ ဘုရားသုံးဆူမြို့တွေကို ရွေးကောက်ပွဲနေ့မှာ ၀င်ရောက်သိမ်းပိုက်ခဲ့ဖူးပါတယ်။
မနန်းဝိုးဖန် စသုံးလုံးတွင် မိမိကိုယ် သတ်သေသွားသည်ဟု ယူဆကြောင်း ခင်ပွန်းဖြစ်သူက ပြော
မနန်းဝိုးဖန်၏ ခင်ပွန်းနှင့် ရှေ့နေ ဒေါ်အိအိအောင်
မတ်လ ၂၈ ရက်၊ ၂၀၁၁ ခုနှစ်
မနန်းဝိုးဖန် မှာ သူ့ဖာသာသူ သတ်သေသွားခြင်း မဟုတ်ပဲ မတော်တဆဖြစ်ပွားခြင်းဖြစ်သည်ဟု စသုံးလုံးအရာရှိများက ခင်ပွန်းဖြစ်သူ အားပြောဆိုသော်လည်း ခင်ပွန်းဖြစ်သူက စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကြောင့် သတ်သေသွားသည်ဟု ယူဆကြောင်း ပြောဆိုသွားသည်။
ယင်းသို့ သေဆုံးသွားရသည့် အမှုနှင့် ပတ်သက်၍ မနန်းဝိုးဖန်၏ ခင်ပွန်းဖြစ်သူ မစ္စတာ နာမာဆဲ အား စသုံးလုံး မှ အရာရှိ ၂ ဦးက သတ်သေခြင်း မဟုတ်ကြောင်း မတော်တဆဖြစ်မှုသာဖြစ်သည်ဟု ၎င်း၏ ဟိုတယ်သို့ လာရောက်ကာ ယနေ့ နံနက်တွင် ပြောဆိုသွားသည်ဟု ပြောသည်။
မနန်းဝိုးဖန်၏ ဖခင် နှင့် စသုံးလုံးတွင် အတူအစစ်ဆေးခံရသူ ရှေ့နေ ဒေါ်အိအိအောင်တို့က မီဒီယာ အားရှင်းလင်းခဲ့ရာတွင် အိမ်ခြံမြေ ပိုင်ဆိုင်မှုနှင့် ကိစ္စ ပတ်သက်၍ အမှုအခင်းဖြစ်ပွားရာတွင် အမှုတရားလို ဖြစ်သူ မနန်းဝိုးဖန်နှင့် ၎င်း၏ ရှေ့နေဖြစ်သူ သူ့ကို မတ်လ ၂၁ ရက်နေ့တွင် စသုံးလုံးက စစ်ဆေးရန် ခေါ်ယူခဲ့သည်။ ၃ရက်တာ စစ်ဆေးနေစဉ်တွင် မတ်လ ၂၄ ရက်နေ့နံနက် လင်းအားကြီးအချိန်၌ မနန်းဝိုးဖန်မှာ အဆိုပါ စသုံးလုံး ရုံး ၅ ထပ်မှ ရုတ်တရက် ပြုတ်ကျကာ သေဆုံးခဲ့သည်။
စစ်ဆေးခံရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ဒေါ်အိအိအောင်က ရှင်းပြရာတွင် ယမန်နှစ် နှစ်ကုန်ပိုင်းက မနန်းဝိုးဖန်၏ နာမည်ဖြင့် ၀ယ်ယူထားသည့် အိမ်နှင့် မြေကွက်များ ကို ခင်ပွန်းဖြစ်သူ နာမာဆဲ၏ မန်နေဂျာဟောင်း ဦးကိုကိုက ၎င်းပိုင်ဆိုင်ကြောင်း သတင်းစာများ တွင် ကြော်ငြာထည့်ခဲ့ရာမှ ပိုင်ဆိုင်သူ မနန်းဝိုးဖန်က သက်ဆိုင်ရာသို့ တိုင်ကြားကာ ယုံကြည်အပ်နှံ အလွဲသုံးစား ပုဒ်မ ၄၀၆ ဖြင့် ဦးကိုကိုအား စွဲဆိုခဲ့သည်။
ထိုသို့ တရားစွဲဆိုထားရာမှ ဦးကိုကိုက မနန်းဝိုးဖန်ကို “စစရ” ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ တို့တွင် ပြန်လည်တိုင်ကြား သဖြင့် ရဲတပ်ဖွဲ့တွင် ၂ ကြိမ် စစ်ဆေးခံခဲ့ရသည်။ ယင်းသို့ မနန်းဝိုးဖန်က နှင့် ဦးကိုကိုတို့ စွဲဆိုထားသည့် အမှုရင်ဆိုင် နေရာမှ ယခုလ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး အထူးစုံစမ်း စစ်ဆေးရေးမှ မနန်းဝိုးဖန်နှင့် ရှေ့နေ ဒေါ်အိအိအောင်ကို ခေါ်ယူစစ်ဆေးခဲ့သည်။
စသုံးလုံးက ခေါ်ယူစစ်ဆေးခြင်းနှင့် ပတ်သက်၍ ဒေါ်အိအိအောင်က စသုံးလုံးကို မေးမြန်းရာတွင် မနန်းဝိုးဖန်က ပိုင်ဆိုင်ထားသည့် အိမ်ခြံမြေနှင့် ပတ်သက်ပြီး စီးပွားရေး လမ်းကြောင်းအရ စစ်ဆေးခြင်းဖြစ်သည်ဟု ပြန်လည်ဖြေဆိုခဲ့သည်ဟု ဒေါ်အိအိအောင်က ပြောကြးသွားသည်။
၃ ရက်ကျော် ခေါ်ယူ စစ်ဆေးနေစဉ် မတ်လ ၂၄ ရက်နေ့ နံနက် ၅နာရီဝန်းကျင်တွင် ကျောက်တံတား မြို့နယ် ဆိပ်ကမ်းသာလမ်း စသုံးလုံးရုံး ၅ ထပ်မှ ပြုတ်ကျ သေဆုံးခဲ့သည်။
သေဆုံးသွားရသူ မနန်းဝိုးဖန်မှ ပြုတ်ကျ သေဆုံးသွားခြင်းဖြစ်သည်ဟု စသုံးလုံး ဒေါ်အိအိအောင်က မနန်းဝိုးဖန် သေဆုံးသွားရခြင်းမှာ မိမိကိုယ် သတ်သေခြင်းမဖြစ်နိုင်ကြောင်း ၎င်းမှာ အလွန် ကြောက်တတ်သူဖြစ်သဖြင့် သတ်သေသည်ဆိုသည့် အချက်ကို မယုံနိုင်ကြောင်း ပြောဆိုသွားသည်။
ခင်ပွန်းဖြစ်သူ ဂျပန်နိုင်ငံသား မစ္စတာ နာမာဆဲက “ လူတယောက်ကို တနေ့ ၂ နာရီမျှသာ အိပ်ချိန်ပေးပြီး စစ်ဆေးနေခြင်းသည် အကျဉ်းထောင်တွင်း စစ်ဆေးခြင်းနှင့် အတူတူဖြစ်ကြောင်း၊ သူမ၏ လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်သည်” ဟုလည်း ယနေ့ ညနေ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
မနန်းဝိုးဖန် သေဆုံးသွားသည့် နေ့က မိုင်းဖြတ်မြို့ရှိ မိသားစုအား မနန်းဝိုးဖန် နေမကောင်းသဖြင့် ဆေးရုံတက်နေသည် စသုံးလုံးမှ ဟု အကြောင်းကြားလာပြီး ညပိုင်းတွင် သေဆုံးသွားပြီဖြစ်သည်ဟု ထပ်မံ အကြောင်းကြားခဲ့သည် ဟု ဖခင် ဦးအိုက်ခန်းက ပြောသည်။
ယနေ့နံနက်ပိုင်းတွင် သေဆုံးသူ၏ မိဘများက ဒုသမ္မတထံ ယခုအဖြစ်အပျက်ကို တိုင်ကြားရန် လေဆိပ်သို့ သွားရောက်စဉ် လုံခြုံရေးဝန်ထမ်းအချို့က ပြန်လည်ခေါ်ဆောင်ခဲ့သည်ဟုလည်း ခင်ပွန်းဖြစ်သူက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။
သေဆုံးသူမနန်းဝိုးဖန်ကို လာမည့် စနေနေ့ နေ့ခင်းပိုင်းတွင် ထိန်ပင်သုဿန်တွင် သဂြိုဟ်မည်ဖြစ်သည်ဟု သိရှိရသည်။
စသုံးလုံးတွင် မတော်တဆ သေဆုံးသွားခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ခုံရုံးဖွဲ့ကာ စုံစမ်းစစ်ဆေးသွားမည်ဟု သတင်းဋ္ဌာနတခုအား ပြောဆိုထားသည်။
ပဒိုမန်းငြိမ်းမောင် အင်တာဗျူး
မြို့တော်ရန်ကုန် နှင့် စားသောက်ဖွယ်ရာ
ကရင်အမျိုးသမီးတစ်ဦး နိုင်ငံတကာထူးချွန်ဆုရ
 ဂုဏ်ယူပါတယ်ဆရာစူဇန်နာလှလှစိုး
 ဆ ရာ မ ဟာ ဒီ ဆု ကို ထိုက် ထိုက် တန် တန် ရ တာ ပါ။ ဆ ရာ မ လုပ် ခဲ့ တာ တွေ အ များ ကြီး ပါ။ အဲ ဒီ အ ထဲ က ကျွန် တော် အ လေး စာ ဆုံး က တော့ KDC ဖွဲ့ ထား ခဲ့ တဲ့ က ရင် အ မျိုး သ မီး အ ဖွဲ့ ကို တည် တံ့ အောင် တိုး တက် အောင် စ နစ် တ ကျ ဖြစ် အောင် ဦး ဆောင် ခဲ့ ပြီး တော့ နာ ဂစ် တုန်း က အ များ ကြီး အ လုပ် လုပ် နိုင် ခဲ့ သ လို ပဲ ခူး ရိုး မ ကြွက် ကျ လို့ အ ငတ် ဘေး ကြုံ နေန တဲ့ လူ ထု ကို ( Karen Women Action Group) ဆို ပြီး အ ကူ အ ညီ ပေး ခဲ့ ပါ တယ်။ ဂုဏ် ယူ လေး စား ပါ တယ် ဆ ရာ မ။
Humanitarian Award
Each year InterAction recognizes an individual or individuals who have demonstrated extraordinary leadership in support of non-governmental organizations (NGOs) and the people they serve in the developing world. As our community’s national staff and national counterparts often must surmount significant obstacles in order to carry out their work effectively in their own home countries or regions, InterAction seeks to honor these individuals and their bravery and commitment to the most vulnerable populations in their own communities.
The award is meant to recognize individuals whose work reflects important leadership qualities such as courage, initiative, creativity, grace under pressure, personal integrity, personal sacrifice, and who have made significant contributions in the developing world in any of the following areas: disaster relief, human development, refugee assistance, civil society, equitable economic development, health, environment, education, population, or public policy. This year's winner:
Naw Susanna Hla Hla Soe is an advocate, activist and practitioner for a holistic well-being of women and children in Myanmar. She is currently the Executive Director of Karen Women Action Group (KWAG), a Yangon-based local civil society organized engaged in capacity building and empowerment training for women in particular, and microfinance programs for families, education support for impoverished children, and emergency relief for disaster-affected communities in general. While working as a mid-level professional and community development supervisor at World Vision Myanmar, Naw Susanna actively volunteered at KWAG. With the passion to work more closely with the grassroots and the desire to serve as a voice for the underrepresented poor and women, Naw Susanna has devoted her work full time to KWAG since 2010.
In addition to her work with KWAG, Naw Susanna is the chair of Women Organization’s Network of Myanmar (WON), an umbrella group of 27 local women organizations. She is also a steering committee member of Women’s Protection Technical Working Group, a network of 50 organizations in Myanmar including UN agencies, international NGOs and CSOs collaborating on advocacy and government relation issues over the protection of women. Naw Susanna earned both bachelor's and master's degrees in zoology from Rangoon University in Myanmar, and also earned M.B.A. from Eastern University in the United States.
Susanna will recieve her award at the Annual Gala Banquet, Tuesday May 1 from 7:30 until 9:30 p.m.
ရာဇဝင်ရိုင်းပြီ.... (ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှု ဘင်္ဂလားဒေ့ရှ် အနိုင်ရ)
Written by ကိုးဒီသွေး   
Thursday, 15 March 2012 12:37
ညီအကို အချင်းချင်း တိုက်ခိုက် နေကြတဲ့ အချိန်မှာ ဘင်္ဂလားဒေ့ရှ်က ရေပိုင်နက် အငြင်းပွားမှု ဆိုင်ရာ ဆုံးဖြတ်ချက်မှာ အနိုင် ရရှိသွားပါပြီ..။
 ပြည်သူကို အနိုင်အထက်ပြု ပြည်သူနဲ့တွေ့တော့ မီးလို ရန်သူနဲ့တွေ့တော့ ပန်းလို  ကျင့်သုံးခဲ့တဲ့ ဒီအုပ်ချုပ်သူတွေ လက်ထက်မှာ ကျွန်တော်တို့ သမိုင်း ရိုင်းခဲ့ပြန်ပြီ။
ကျွန်းတွေ ဘယ်နှစ်ကျွန်း ပါကုန်တယ်ဆိုတာတော့ မသိရှိရသေးပါဘူး..။ ဘင်္ဂလားဒေ့ရှ်က ဒီလို အရေးကြီးတဲ့ အဆုံးအဖြတ်အတွက် ကမ္ဘာကျော် ရေပိုင်နက်ဆိုင်ရာ ကျွမ်းကျင်တဲ့ နာမည်ကြီး ရှေ့နေတွေကို ငွေကုန်ကြေးကျခံပြီး ငှားရမ်းတယ်။ မြန်မာကတော့ ရှေ့နေတွေ ငှားရမ်း အသုံးပြုပေမယ့် နာမည်ကြီးရှေ့နေတွေ မပါဘူးလို့ဆိုပါတယ်..။
ဒီရေပိုင်နက်ဟာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တွေ ပေါကြွယ်ဝတဲ့ နေရာ ဖြစ်ပါတယ်။
Bangladesh wins Myanmar battle (မူရင်း သတင်း)
http://www.bdnews24.com/details.php?id=220286&cid=2
ဘင်္ဂလားဒေ့ရှ်သတင်းဌာနများမှ သတင်းကောက်နှုတ်ချက်Ko Aung
ကျမတို့ တောင်းဆိုတဲ့ နယ်နိမိတ်ထက်ကို ပိုရခဲ့တာပါ...ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး ဒေါက်တာဒီပုမိုနီက ဆိုပါသည်။ ဒီခုံရုံး ဆုံးဖြတ်ချက်ဟာ ညီမျှသော အကွာအဝေးအတိုင်း ညီမျှစွာ ပိုင်ဆိုင်ရမည် ဟူသော အခြေခံပေါ်တွင် ဆုံးဖြတ်ပေးတာပါဟု သူမက ဆက်ပြောပါသည်။ ဘင်္ဂလားဒေ့ရှ်မှ တောင်းဆိုသော ရေပိုင်နက် အကျယ်မှာ 107,000စတုရန်း ကီလိုမီတာဖြစ်ပြီး တကယ် ဆုံးဖြတ် ပေးလိုက်သော ရေပိုက်နက်မှာ 111,000 စတုရန်း ကီလိုမီတာ ဖြစ်သည်။ အငြင်းပွားနေသော စိန့်မာတင်ကျွန်း၏ ပတ်လည်(၁၂)မိုင် ပတ်လည်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်မှု အောက်တွင် ရှိရမည်ဟု ဆုံးဖြတ်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေပိုင်နက် အငြင်းပွားမှု ဆိုင်ရာခုံရုံး၊ ခုံသမာဓိအဖွဲ့မှ ဤစီရင်ချက်အား ထောက်ခံမဲ၂၀ မဲ- ကန့်ကွက်မဲ ၁မဲ ဖြင့် အနိုင် ပေးလိုက်ခြင်း ဖြစ်သည်။
ဆုံးဖြတ်ချက်အရ ဘင်္ဂင်္လားဒေ့ရှ်မှ ပင်လယ်အော်အတွင်း ၂၁၅ဒီဂရီအတွင်း ရေမိုင်၂၀၀အထိ အချုပ်အခြာ အာဏာနှင့် စီးပွားရေး ဆိုင်ရာ အကျိုးခံစားခွင့်များကို ခံစားခွင့် ရရှိမည်ဖြစ်သည်
တာဝန်မဲ့သူနှင့် တာဝန်သိသူ
http://www.thithtoolwin.com/
ကလေးငယ်တစ်ဦး ဒဏ်ရာများနှင့် လမ်းဘေးတွင် လဲကျနေစဉ်
၂၅.၃.၂၀၁၂ ရက်၊ တနင်္ဂနွေ နေ့ က၊ ဗဟန်းမြုံနယ်၊ ရေတာရှည်လမ်းဟောင်း၊ ဗဟန်းရဲစခန်း အနီးတွင် အသက်(၈)နှစ်ခန့် ကလေးငယ်တစ်ဦး ဒဏ်ရာများနှင့် လမ်းဘေးတွင် လဲကျနေသဖြင့် ရွှေဂုံတိုင်ဂိတ်မှ အနှေးယာဉ်လုပ်သား ကိုသံချောင်းဆိုသူက ဗဟန်းရဲ စခန်းသို့  ပို့ အပ်အကြောင်းကြားရာ၊ ဗဟန်းရဲစခန်းရှိ တာဝန်ကျရဲအရာရှိမှ ၄င်းတို့ တာဝန်မယူနိုင်ကြောင်းနှင့် မဆောင်ရွက်ပေးနိုင်ကြောင်း ပြောလွှတ်သဖြင့် ကိုသံချောင်းမှ ကလေးငယ်အား လမ်းဘေးတွင်ပြန်လည်စွန့် ပစ်ထားစဉ် ဥပေက္ခာမပြုနိုင်သော လမ်းသွား လမ်းလာများမှ ငွေကြေး စုဖွဲ့  ကောက်ခံကာ ရန်ကုန်ဆေးရုံကြီးသို့  အငှားယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ရသည်။
ကလေးငယ်အား ထိန်းသိမ်း စောင့်ရှောက်ပြီး ကလေးရှင်များနှင့် အဆက်အသွယ်ရရှိရေး ဆောင်ရွက်ရမည့်တာဝန်မှာ ပြည်သူ့ ထံမှ လစာရိက္ခာ ခံစားနေသော ရဲတပ်ဖွဲ့ ဝင်များတွင်တာဝန်ရှိပါလျှက်၎င်းတို့ ၏ တာဝန်မသိမှု ကြောင့် ကယ်သူမဲ့နေသောကလေးငယ်မှာ လမ်းသွားလမ်းလာများ၏ ကြင်နာမှုကြောင့်သာမဟုတ်ပါလျှင် အခြေအနေဆိုးနှင့် ရင်ဆိုင်ရရန်သာရှိပါသည်။
သို့ ဖြစ်ပါသောကြာင့် တာဝန်ရှိသူက တာဝန်မဲ့ပြီး၊ တာဝန်မရှိသူက တာဝန်သိနေရသော ရဲ တပ်ဖွဲ့ ဝင်အချို့ ၏ ဆိုးရွား ယုတ်မာသော စိတ်ထားအား အများပြည်သူ သိရှိနိုင်ရေးအတွက် အသိပေးဖေါ်ပြ လိုက်ရပါသည်။
မျက်မြင်တွေရှိခဲ့ရသူ ပြည်သူတဦးရေးသားပေးပို့ ထားတာဖြစ်ပါတယ်။
Myanmar News Now
မြန်မာစစ်ဗိုလ်တွေ ဒေါ်လာသောင်းချီပြီး နယူကလီးယားလက်နက်အကြောင်းသင်ကြားနေချိန်မှာ ပညာသင်ခွင့်မရရှိတဲ့ မြန်မာကလေးငယ်များ၊
A group of internally displaced children in Myanmar/ Photo credit: Free Burma Rangers (မြန်မာစစ်ဗိုလ်တွေ ဒေါ်လာသောင်းချီပြီး နယူကလီးယားလက်နက်အကြောင်းသင်ကြားနေချိန်မှာ ပညာသင်ခွင့်မရရှိတဲ့ မြန်မာကလေးငယ်များ၊ အခုလို ကလေးငယ်တွေ သန်းပေါင်းများစွာရှိနေတာ မြန်မာ့အနာဂတ်အတွက် ရင်လေးစရာပါ)
 မြန်မာပြည်က တိုးတက်ပြောင်းလဲမှုသတင်း၊ ဟီလာရီကလင်တန်ရဲ့ အလည်အပတ်ခရီးစဉ်သတင်းတွေ ဘက်ကို နိုင်ငံတကာက အာရုံစိုက်နေကြချိန်မှာ  မြန်မာအစိုးရရဲ့  နယူကလီးယားလက်နက် ထုတ်လှုပ်မှု နဲ့  ဆိုင်တဲ့ ခြေလှမ်းတွေ အကြောင်း တိုင်မ်းမဂဇင်းက ရေးသားလိုက်ပါတယ်။
မြန်မာအစိုးရဟာ စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီကို ဦးတည်သွားနေပြီလို့  တဖက်က ကြွေးကြော်နေသလို၊ ပညာသင်စားရိတ်မြင့်မားလှတဲ့ ရုရှားနိုင်ငံမှာ မြန်မာစစ်ဗိုလ်တွေဟာ နယူကလီးယားလက်နက်နဲ့  သက်ဆိုင်တဲ့ ပညာရပ်တွေကို သင်ကြားနေဆဲဖြစ်တဲ့ အကြောင်း ဒီဇင်ဘာလ ၇ရက်နေ့  ထုတ် တိုင်မ်းမဂွှဇင်းရဲ့  အင်တာနက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ရုရှနိုင်ငံမော်စကိုမှာရှိတဲ့ Bauman တက္ဘသိုလ်က နယူကလီးယားသိပ္မံပညာရပ်ကို သင်ကြားပို့ ချနေတဲ့  ပရော်ဖက်ဆာ Gostev ရဲ့  ပြောကြားချက်အရ လက်ရှိသူသင်ကြားနေရတဲ့ စာသင်ခန်းတွေမှာ (ခါတိုင်းနှစ်တွေလိုပဲ) မြန်မာစစ်တပ်ကစေလွတ်တဲ့ ကျောင်းသားတွေ ပါဝင်နေဆဲပဲလို့  တိုမ်းမဂွှဇင်းက ရေးသားလိုက်ခြင်းဖြစ်ပါတယ်။
တိုင်မ်းက အသေးစိပ်အချက်အလက်တွေကို ဆက်လက်မေးမြန်းတဲ့အခါ Bauman တက္ဘသိုလ်ရဲ့  ပြောရေးဆိုခွင့်ရှိသူ Anna Lustina က “တခြားနိုင်ငံက ကျောင်းသားတွေနဲ့ သူတို့ သင်ကြားနေတဲ့ ဘာသာရပ်တွေ အကြောင်းကို ပြောကြားလို့  ရပေမယ့် ၊မြန်မာအစိုးရနဲ့  ကျွန်မတို့ ကြားမှာ အထူးသဘောတူညီမှု ရယူထားတဲ့အတွက် မြန်မာကျောင်းသားတွေ အရေအတွက်နဲ့ သင်ကြားနေတဲ့ ဘာသာရပ်တွေအကြောင်းကို ပြောဆိုလို့  မရပါဘူး” လို့ ငြင်းပယ်သွားခဲ့ပါတယ်။ အရေအတွက် အတိအကျကို မသိရပေမယ့် မြန်မာစစ်ဗိုလ်တွေ တော်တော်များများဟာ ဒုံးကျည်ပညာရပ်၊ နယူကလီးယားသိပ္မံပညာရပ် စတဲ့ ပညာရပ်တွေကို ဆက်လက်သင်ကြားနေတဲ့ အကြောင်း ပရော်ဖက်ဆာ Gostev က အတည်ပြုပြောကြားခဲ့ပါတယ်။ Bauman တက္ဘသိုလ်လိုပဲ ရုရှားနိုင်ငံရှိ အခြားကျောင်းတွေမှာ ၂၀၀၁ခုနှစ်ကစပြီး မြန်မာစစ်ဗိုလ်တွေကို အများအပြားကို စတင်လက်ခံခဲ့တာဖြစ်တယ်လို့  သိရပါတယ်။
ရုရှားနိုင်ငံမှာ နည်းပညာပိုင်းဆိုင်ရာ ပညာရပ်ကို သွားရောက်ပညာသင်ကြားဖို့ အတွက် ကျောင်းသားတစ်ယောက်ကို ကုန်ကျစားရိတ်က တစ်နှစ်ကို ဒေါ်လာ ခြောက်သောင်း ခန့်  ရှိတာမို့ ၊ ကမ္ဘာ့ ဆင်းရဲသောနိုင်ငံများထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ မြန်မာနိုင်ငံက တခြားအရေးကြီးတဲ့ ပညာရေးနဲ့  ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေ မှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ပဲ၊ နယူကလီးယားထုတ်လှုပ်မှုနဲ့ ဆိုင်တဲ့ နည်းပညာရပ်အတွက် ငွေအမြောက်အများရင်းနှီးနေတာဟာ မေးခွန်းထုတ်စရာပါ။  
မြန်မာနိုင်ငံဟာ ယခုထက်ထိ နယူးကလီးယားလက်နက်ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခွင့် သဘောတူညီမှု လက်နက်ကို ရေးထိုးဖို့ ငြင်းဆိုထားတဲ့ အကြောင်း အိုင်အေအီးအေ ခေါ် International Atomic Energy Agency ကသတင်းထုတ်ပြန်ထားပါတယ်။
ဦးသိန်းစိန်အစိုးရ အနေနဲ့  တကယ်စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံကို တည်ဆောက်ဖို့ စေတနာရှိရင် ရုရှမှာ စစ်ဗိုလ်တွေ နယူကလီးယားလက်နက်ပညာသင်ကြားမှုတွေကို ရပ်ဆိုင်းပြီး မြန်မာပြည်တွင်း က ကလေးတွေ ကို အခမဲ့ပညာသင်ကြားနိုင်ဖို့  ဦးစွာ လုပ်ဆောင်သင့် ကြောင်းပါ။
Why Are Burmese Scientists Studying Missile Technology in Moscow?
Click here to find out more!
Burmese junta leader Than Shwe reviews troops during a military parade marking the country's Armed Forces Day in the capital Naypyidaw on March 27, 2010
Christophe Archambault / AFP / Getty Images
share
A few years ago, during a summer recess at Moscow's Bauman University, two foreign students from Burma were abruptly expelled for drinking vodka in their dormitory. It was a minor infraction, one that would earn their Russian peers a reprimand at most. But these two students, like hundreds of others, were studying in Russia as part of their service in the Burmese military. They were part of a program to teach the Burmese government how to operate a nuclear reactor, how to find and process uranium, and how build missiles big enough to carry a nuclear bomb. Although they were thousands of miles from home, living in a run-down Moscow dormitory, they were subject to Burmese military discipline. That meant, they were headed back to Burma.
The chore of taking them to the airport then fell to one of their professors, Valery Gostev, a lecturer in missile design, who recalls how their faces turned white as they sat in the departure lounge. "They were terrified of going home," he says. An aging engineer of the old Soviet school, who favors tweed blazers and orthopedic shoes, Gostev had never thought very hard until that day about the distant Asian government whose citizens he had been assigned to train. He started asking the students about their leaders, and they told him, warily, that Burma is run by a military junta. "I asked them, Why do you need these rockets?" he says. "And they told me, The same reason you keep dogs in your yard — to scare people off." (Read about Hillary Clinton's landmark visit to Burma.)
For decades, that has been the main prerogative of Burma's government, which has been run by a clique of paranoid generals since 1962 until late 2010, when the country began a transition to civilian rule. The generals, however, still retain enormous influence. Their rule, which often mimics the regime in North Korea, has used their country's natural-resource wealth to build up a powerful army — purchasing weapons stockpiles and building a network of underground bunkers — while the population sank into abject poverty.
According to rights watchdog Freedom House, Burma ranks among the "worst of the worst" regimes in the world. Its relations with the U.S. saw a breakthrough this month when Hillary Clinton became the first U.S. Secretary of State to visit Burma in more than 50 years. But Burma remains under international sanctions for its human-rights abuses and is considered a pariah state. One of Burma's more prominent partners during its decades of isolation, aside from China and North Korea, has been Russia, which began accepting large numbers of Burmese military officers into its schools since 2001, the same year Russia agreed to build a small nuclear reactor for Burma. (In parallel, Russia reached a deal to sell Burma fighter jets and heavy artillery.) (See if Burma's ethnic minorities will be forgotten.)
The reactor sale was formalized in 2007 and, according to the contract, included training for "300-350 nuclear-energy specialists." It also stipulated that the reactor would be used not for military purposes but for scientific and medical research. But that explanation did not sit will with the world's nuclear watchdog, the International Atomic Energy Agency, or IAEA. As a portion of its economy, Burma spends more on its military and less on health care than almost any other country in the world, and the idea that it would splurge on a reactor worth $150 million just to make medical isotopes seemed ridiculous. A reactor that small "would represent no threat to world peace," Robert Kelley, a former director at the IAEA, wrote in an op-ed last month. "But without inspections, there would be constant concerns that even a small facility could be used for nefarious purposes." So far, however, Burma has refused to sign the nuclear agreements that would allow for IAEA inspections, even after evidence surfaced last year of a secret weapons program.
The source of that evidence was Sai Thein Win, a former major in the Burmese military. In 2010, he defected to the West with a cache of secret documents and photographs, which were published by the Democratic Voice of Burma, an opposition news agency based in Oslo. One of the documents appeared to be a military order for a "bomb reactor," while many of the photos showed Sai Thein Win posing with missile parts or with equipment that could be used to enrich uranium. He spoke to TIME by phone in October, but asked not to reveal his location. "If they know where I am, it would not be hard for them to have me taken out."
By his estimate, around 10,000 Burmese students, mostly military officers, have studied at Russia's technical universities, and many of them were sent specifically as part of a nuclear program. He was among the first. In 2001, he says he became one of only three Ph.D. students accepted into Bauman's secretive rocket-engines department, where Gostev is a lecturer. "There was one guy from North Korea, one guy from Iran, and me," Sai Thein Win says. "The only guy who completed the degree in the end was the North Korean, so his rockets would be the ones flying tests over Japanese islands by now." Sai Thein Win's career was less prodigious.
Posted by Little vocie from Burma (Credit)
Monday, March 26, 2012
ဂျပန်အစိုးရမှ ODA ပြန်လည်ပေးရန် စဉ်းစားသည့်အပေါ်ဂျပန်ရှိ မြန်မာနိုင်ငံ တိုင်းရင်းသား အဖွဲ့အစည်းများ၊ မြန်မာ့ဒီမိုကရေစီအရေးလုပ်ဆောင်သောမြန်မာဒီမိုကရေစီအဖွဲ့အစည်းများ၊မြန်မာအရေးကို ကူညီဆောင်ရွက်ကြသည့် NGO အဖွဲ့များတို့နှင့် တွေ့ဆုံဆွေးနွေး
Japan's ODA
meeting with Ministry of Foriegn Affairs and Ministry of
Finance about ODA for Burma,
The  date March 21 st , 2pm -5pm
The venue Ministry of Foriegn Affairs
၂၀၁၂ ခုနှစ် မတ်လ(၂၁)ရက်။
ဂျပန်အစိုးရမှ ODA ပြန်လည်ပေးရန် စဉ်းစားသည့်အပေါ်ဂျပန်ရှိ မြန်မာနိုင်ငံ တိုင်းရင်းသား အဖွဲ့အစည်းများ၊ မြန်မာ့ဒီမိုကရေစီအရေးလုပ်ဆောင်သောမြန်မာဒီမိုကရေစီအဖွဲ့အစည်းများ၊မြန်မာအရေးကို ကူညီဆောင်ရွက်ကြသည့် NGO အဖွဲ့များတို့နှင့် တွေ့ဆုံဆွေးနွေးသည့် အစီအစဉ်ကို တိုကျို Kasumigaseki ရှိ နိုင်ငံခြားရေးဝန်ကြီးရုံး၌ ယနေ့ နေလည် ၂း၀၀ နာရီမှ ၅း၀၀ နာရီအထိ ကျင်းပခဲ့ကြပါသည်။
ဆွေးနွေးပွဲ အစီအစဉ်၌ နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံတကာ ကူညီထောက်ပံ့ရေး တာဝန်ခံများ၊ ဘဏ္ဍာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဂျပန် ODA တာဝန်ခံများ နှင့် JICA တာဝန်ခံများ တက်ရောက်ခဲ့ကြပြီး ODA နှင့်ပတ်သက်သည့် အမြင်သဘောထားများတို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
Sunday, March 25, 2012
အရွယ်တင် နုပျိုစေမည့် သဘာဝ နည်းလမ်း ၁၀ ချက်
အရွယ်တင် နုပျိုရုံတင်မက ဦးနှောက်စွမ်းအား ကောင်းပြီး အသားအရေ
ချောမွေ့နေဖို့အတွက် သဘာဝကျတဲ့ နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။
၁။ စိတ်ဖိစီးမှုကို လျှော့ချပါ
စိတ်ဖိစီးမှုက လူတိုင်းအတွက် ရန်သူပါပဲ။ စိတ်ဖိစီးမှုများရင်အရေးကြောင်းထင်နှုန်း မြင့်မားပြီး
 အိုမင်းလွယ်တတ်ပါတယ်။ ဒါကြောင့် နေ့စဉ်စိတ်ဖိစီးမှုကို တွန်းလှန်နိုင်ဖို့ လေ့ကျင့်ခန်း
 ပုံမှန်လုပ်ပြီး အာဟာရပြည့်ပြည့်ဝဝ စားပေးပါ။ လတ်တလော လေ့လာမှုတွေအရ စိတ်ဖိစီးမှုကြောင့်
ခန္ဓာကိုယ် အိုမင်းလွယ်ပြီး ပြောင်းလဲမှုတွေ ဖြစ်ကြသလို အဒရီနယ်လင်နဲ့ကော်တီစောလို ဟော်မုန်းတွေ   မြင့်တက်တာကြောင့် သွေးတိုးတာနဲ့နှလုံးခုန်နှုန်း မြန်တာတွေ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင်
အိပ်မပျော်တာ၊ ပူပင်သောကများတာ၊ ဒေါသထွက်တာ၊ သွေးတိုးတာနဲ့ နှလုံးရောဂါထတာတွေလို
ကျန်းမာရေး ပြဿနာတွေနဲ့လည်း ဆက်စပ်မှု ရှိနေပါတယ်။
စိတ်ဖိစီးမှု လျော့ကျအောင် ဘာလုပ်မလဲ
စိတ်ဖိစီးမှုထိန်းနိုင်တဲ့ အကောင်းဆုံးနည်းက တရားထိုင်တာ ဖြစ်ကြောင်းလေ့လာသူတွေက ဆိုပါတယ်။
 အချိန်အကြာကြီး တရားမထိုင်နိုင်ရင်တောင် တစ်နေ့မှာအနည်းဆုံး ၁၀ မိနစ်လောက်
 ထိုင်ပေးရုံနဲ့ စိတ်ဖိစီးမှု လျော့ကျနိုင်ပါတယ်။
၂။ ကောင်းသော အဆီများများ စားပါ
အိုမီဂါ ၃ ဖက်တီးအက်စစ်များစွာ ပါဝင်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေကို စားပေးတာက
 ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို လျော့ကျစေတာကြောင့်စိတ်ခံစားမှုကို တည်ငြိမ်စေတာ၊
 အရိုးတွေကို သန်စွမ်းစေတာနဲ့အိုမင်းမှုကြောင့်ဖြစ်တဲ့ အမြင်ပြဿနာတွေကို လျော့ကျစေပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ ခန္ဓာကိုယ် အင်ဇိုင်းတွေရဲ့ စွမ်းဆောင်နိုင်စွမ်းကိုကောင်းမွန်စေပြီး
 စွမ်းအင် အဖြစ် သုံးပေးနိုင်ပါတယ်။ အသားအရေကိုလည်းတောက်ပစေပါတယ်။
ကောင်းသော အဆီရရှိအောင် ဘာလုပ်မလဲ
တစ်နေ့မှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ကို
နှစ်ဂရမ် မှီဝဲဖို့ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။
 အိုမီဂါ ၃ ပါတဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊သီဟိုဠ်စေ့ စတာတွေကို စားပေးပါ။
 တကယ်လို့ မစားဖြစ်ရင် အိုမီဂါ ၃ ဖြည့်စွက်ဆေး မှီဝဲပါ။
၃။ လှုပ်ရှားမှု လုပ်ပါ
ပုံမှန် လေ့ကျင့်ခန်း လုပ်တာက ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ရုံ သာမကကွက်သားတွေ သန်စွမ်းတာ၊
 အရိုးတွေ သန်မာတာ၊ စိတ်ခံစားမှု ကောင်းတာနဲ့ရှင်းရှင်းလင်းလင်း တွေးခေါ်နိုင်စွမ်းရှိတာ
 စတဲ့ အကျိုးကျေးဇူးတွေကိုရရှိစေပါတယ်။  တစ်နေ့မှာ ၁၀ မိနစ်ခန့် လမ်းလျှောက်ပေးရုံနဲ့
အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကိုလည်း ၄၀ ရာခိုင်နှုန်းလျော့ကျစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကြောင့် စိတ်ဖိစီးမှုနဲ့ပူပင်သောကတွေကို ဖယ်ရှားပေးနိုင်ပြီး မှတ်ဉာဏ်ကို တိုးတက်
ကောင်းမွန်စေပါတယ်။
တစ်နေ့တာ လိုအပ်သော ကိုယ်လက်လှုပ်ရှားမှု ရရှိအောင် ဘယ်လိုလုပ်မလဲ
တစ်နာရီ ထိုင်ပြီးတိုင်း တစ်ကြိမ် လမ်းထလျှောက်ပါ။ တစ်နေ့ မိနစ် ၃၀ လောက်လမ်းလျှောက်တာ၊
 ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာနဲ့ ကခုန်တာတွေကိုလုပ်ဆောင်ပေးပါ။
၎။ စပျစ်ဝိုင် အနည်းငယ် သောက်ပါ
စပျစ်သီးထဲမှာပါတဲ့ ရက်စ်ဗာရထရောဓာတ်ကို ရရှိတဲ့သူတွေကမရရှိသူတွေထက်စာရင်
သက်တမ်းကြာကြာ နေရတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ကွက်တွေကို လေ့လာမှုအရ
 ရက်စ်ဗာရထရောဟာ ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေနဲ့ အသည်းရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့သိရပါတယ်။
 အဝလွန်တာနဲ့ ဆက်စပ်နေတဲ့ သေဆုံးမှုကလည်း သိသိသာသာ
လျော့ကျစေပါတယ်။ တစ်နေ့မှာ စပျစ်ဝိုင်တစ်ခွက်
 သောက်ပေးမယ်ဆိုရင်ဒီအကျိုးကျေးဇူးတွေကို
ရရှိမှာ ဖြစ်ပါတယ်။ ဂျွန်ဟော့ပ်ကင်းရဲ့ လေ့လာမှုအသစ်အရ ဝိုင်နီဟာ လေဖြတ်တာကြောင့်
 ဖြစ်တဲ့ ဦးနှောက် ထိခိုက်မှုကို ၄၀ရာခိုင်နှုန်း လျော့ကျစေနိုင်တယ်လို့ သိရပါတယ်။ စပျစ်ဝိုင်မှာပါတဲ့
ပရိုအန်သိုဆိုင်ယာနင်ဓာတ်ဟာ သွေးကြောပိတ်တာကို လျော့ကျစေပြီးသွေးတွင်းကို လက်စထရောအဆင့်
 လျော့နည်းကာ နှလုံးရောဂါကြောင့် သေဆုံးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
စပျစ်ဝိုင်ကြောင့် ကောင်းကျိုး ရရှိအောင် ဘယ်လို လုပ်မလဲ
တစ်နေ့ စပျစ်ဝိုင် တစ်ဖန်ခွက်ထက် ပိုပြီး မသောက်ပါနဲ့။
၅။ ချစ်ခြင်းမေတ္တာကို အလေးထားပါ
ချစ်ခြင်းမေတ္တာက အစွမ်းထက် ဆေးတစ်လက် ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာကြောင့်ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ကို အားကောင်းစေပြီး ကိုယ်ခံစွမ်းအား စနစ်ကို
တိုးမြင့်စေပါတယ်။ ဒါ့အပြင် နှလုံးသွေးကြော ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ ချစ်ခြင်းကြောင့် အောက်ဆီတိုစင် ဟော်မုန်းတွေကိုထွက်စေပြီးစိတ်ဖိစီးမှုနဲ့ပူပင်သောကကို
 လျော့ကျစေပါတယ်။
ချစ်ခြင်းမေတ္တာ ရရှိအောင် ဘယ်လိုလုပ်သင့်သလဲ
သင့်ဘဝအဖော်နဲ့အတူ မကြာခဏ ချစ်ကြည်နူးမှုကို ရှာဖွေပါ။ ဒါမှမဟုတ်ပန်းချီဆွဲတာ၊ စာဖတ်တာလို ဝါသနာပါတဲ့ အလုပ်တွေကို အတူတူမျှဝေခံစားပေးမယ့် မိတ်ဆွေစစ်ကို ရှာဖွေပါ။
၆။ ယောဂကျင့်ပါ
ယောဂကျင့်တာကြောင့် စွမ်းအင်ပိုမို ရရှိစေပြီး ခန္ဓာကိုယ် အနေအထားမှန်ကန်ကာ ပျော့ပျောင်း
သန်စွမ်း စေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုပြေလျော့ပြီး စိတ်ကြည်နူးမှု ရရှိစေပါတယ်။
 ဒါကြောင့် ရုပ်ရည်နုပျိုစေတဲ့ကောင်းကျိုးကို ပေးနိုင်ပါတယ်။ အသက်ရှူရတဲ့ ယောဂကျင့်တာက
 ဆဲလ်တွေဆီအောက်ဆီဂျင် ရောက်ရှိစေပြီး အဆိပ်တွေ ထွက်ရှိစေကာ နာမကျန်းမှု မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြားကို တောက်ပစေနိုင်ပါတယ်။
တခြားလေ့ကျင့်ခန်းတွေနဲ့ မတူတာက ခန္ဓာကိုယ်တွင်း စနစ်တွေကိုလည်းကောင်းမွန် စေနိုင်ပါတယ်။
ယောဂကြောင့် အကျိုးကျေးဇူး ရရှိအောင် ဘယ်လိုလုပ်မလဲ
တစ်ပတ်မှာ အနည်းဆုံး နှစ်ကြိမ် ယောဂကျင့်ရင် စွမ်းအားတိုးစေပြီး အရိုးထုသန်စွမ်းကာ စိတ်ဖိစီးမှု
 ပြေလျော့စေပါတယ်။
၇။ တလည်းသီး သုံးပါ
တလည်းသီးဟာ တခြားသစ်သီးတွေထက် အကျိုးကျေးဇူး ပိုများတယ်လို့ လတ်တလောလေ့လာမှုတွေက
ဆိုပါတယ်။ တလည်းသီး ဖျော်ရည်ဟာ သွေးတွင်း ကိုလက်စထရောနဲ့သွေးဖိအားကို လျော့ကျစေပြီး
 သွေးကြောကျဉ်းတာနဲ့ အယ်လ်ဇိုင်းမား ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
 တလည်းသီးဟာ ကင်ဆာရောဂါ တချို့ကိုမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ လေ့လာသူ
တချို့က ယုံကြည်ကြပါတယ်။
တလည်းသီးဟာ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကြောင့် အရေပြား ပျက်စီးတာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
တလည်းသီးကြောင့် ကောင်းကျိုးရအောင် ဘာလုပ်သင့်သလဲ
တလည်းသီးဖျော်ရည် သောက်ပါ။ တလည်းသီးနဲ့ လုပ်ထားတဲ့ အိုမင်းမှုတားမျက်နှာလိမ်းခရင်မ်ဟာ
 အရေးကြောင်းတွေကို ပြေလျော့စေပြီး ငယ်ရွယ်နုပျိုတင်းရင်းတဲ့ အသားအရေကို ရရှိစေပါတယ်။
၈။ လက်ဖက်စိမ်း လက်ဖက်ရည် သောက်ပါ
လက်ဖက်စိမ်း လက်ဖက်ရည်ဟာ ရင်သားကင်ဆာ အန္တရာယ်ကို လျော့ကျစေပြီး ဆီးအိတ်၊
အူမကြီးနဲ့ အဆုတ်စတဲ့ နေရာတွေမှာ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
လက်ဖက်စိမ်းဟာ ကင်ဆာဆဲလ် ကြီးထွားမှုကိုလည်း ဟန့်တားနိုင်တယ်လို့လေ့လာသူတချို့က
ဆိုပါတယ်။ ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်တဲ့အပြင်အယ်လ်ဇိုင်းမား ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
လက်ဖက်စိမ်းကြောင့် ကောင်းကျိုးရအောင် ဘာလုပ်သင့်သလဲ
လက်ဖက်စိမ်းကို တစ်နေ့ နှစ်ခွက်၊ သုံးခွက်ခန့် သောက်ပေးတာက အကောင်းဆုံးကျန်းမာရေး အာနိသင်ကို ရရှိစေနိုင်ပါတယ်။
၉။ အရေပြားကို အားဖြည့်ပါ
ရက်တီနော (Retinol) ဟာ အသားအရေကို ချောမွတ်စေပြီး အရေးကြောင်းတွေမဖြစ်အောင်
 ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြားကို ပိုးသားလိုနူးညံ့ပျော့ပျောင်းစေကာ နှင်းဆီလို
လန်းဆန်း နေစေပါတယ်။ အရေးကြောင်းတွေလျော့ကျစေပြီး အသားအရေ တင်းရင်းကာ
 ချွေးပေါက်တွေ မကျယ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အိုမင်းမှုတား အလှကုန်မှာ
အာရှသစ်ပင်တွေမှာ ပါဝင်တဲ့Madecassol ဆိုတဲ့ ဓာတ်ပါဝင်ရင် အရေပြားကို ပြည့်တင်းစေကာ အရေးကြောင်းတွေလျော့ကျစေပါတယ်။ အရေပြား ဆဲလ်တွေကိုလည်း ရေဓာတ် ပြည့်ဝစေပါတယ်။
ဘယ်လို လိမ်းရမလဲ
ရက်တီနောပါတဲ့ အရေပြားလိမ်း ခရင်မ်ကို လိမ်းပါ။ ညဘက်မှာ နေကာနိုင်စွမ်းမပါတဲ့ ရက်တီနော
 ခရင်မ်လိမ်းပါ။ ဗီတာမင်စီပါတဲ့ ခရင်မ်ကိုလိမ်းပေးရင်လည်း ကော်လာဂျင် ကြီးထွားစေပြီး
အရေပြား တင်းရင်းလှပစေပါတယ်။
နေ့စဉ်ခရမ်းလွန် ရောင်ခြည် အေနဲ့ ဘီကို ကာကွယ်နိုင်မယ့် နေကာခရင်မ်လိမ်းပေးပါ။
၁၀။ ဦးနှောက်ဆိုင်ရာ လေ့ကျင့်ခန်း လုပ်ဆောင်ပါ
အမေရိကန်ဆေးပညာ အဖွဲ့အစည်းရဲ့ လေ့လာမှု တစ်ရပ်အရ ဦးနှောက်လေ့ကျင့်ခန်းတွေ လုပ်တာက
 တွေးခေါ် မြော်မြင်မှုကို ကောင်းစေတယ်လို့သိရပါတယ်။
ဦးနှောက်စွမ်းအား မြင့်တက်စေရန် ဘာလုပ်သင့်သလဲ
ဦးနှောက် လေ့ကျင့်ခန်းတွေဖြစ်တဲ့ ဆူဒိုကု လေ့ကျင့်ခန်း၊ စကားလုံးဆက်တဲ့လေ့ကျင့်ခန်းတွေကို
 လုပ်ဆောင်ပေးပါ။ ကိန်းဂဏန်းတွေ၊ စကားလုံးတွေ သုံးပြီးလေ့ကျင့်ခန်း လုပ်ပေးတာက
 ဦးနှောက်ကို ကျန်းမာစေပါတယ်။
အစိုးရတရပ် မျက်နှာနှစ်ခု”
“အစိုးရတရပ် မျက်နှာနှစ်ခု”
ကရင်ဘာသာ ရုပ်သံသတင်း (မတ်လ စတုတ္ထပတ်)
RFA TV (မတ် ၂၃)
Burmese TV Update 03-24-2012
အမေရိကန်နိုင်ငံသား မြန်မာနွယ်ဖွား အမျိုးသမီး ဘတ်စကက်ဘောကစားသမား
ရန်ကုန် ငါးလောင်းပြိုင်လူသတ်ပွဲ ဓါတ်ပုံ
သန်းရွှေသမီးမင်္ဂလာဆောင်အတွက် ငှားရမ်းတဲ့ပစ္စည်း ပြန်တောင်းလို့ အသတ်ခဲ့ရတာ လို့ လူပြောများတဲ့ အမှု။
အချိန် ငွေကြေး သက်တောင့်သက်သာ ကုန်ကျစရိတ် သက်သာမှု
တကယ်ဆိုရင် အချိန် ကို အသုံးချတတ်ရင် ငွေကြေးဆိုတာ ဖြစ်လာတာပါ..ဒီရတဲ့ ငွေကြေး ကို ပြန် အသုံးချရာမှာ အဖြုန်းမဖြစ်အောင် ရယ် နေထိုင်ရ သက်သာအောင်ရယ် ဖြစ်ဖို့ လိုလာပါတယ်
ငွေကြေး ကိုပြန်သုံးရာ မှာ ပုံမှန်အားဖြင့်
ရေဖိုး
မီးဖိုး
ဂက်စ်ဖိုး ဆိုပြီးပေးရပါတယ်
ဖုန်းဖိုးဆိုတာလည်း ပါပါတယ်...
ရေ ကတော့ ထိန်းချုပ်ပြီး သုံးစရာ များများ စားစားတော့ မရှိလှပါဘူး
ရေတပ်စ်ခေါင်းမှာ ရေအလုံးလိုက်ထွက်တာရယ် ရေပန်းထွက်သလိုမျိုး ဖြစ်ပြီး ရေအထွက်သက်သာ အောင်လုပ်တာ ပဲရှိပါတယ်
တစ်ခြားနည်းတွေ က ကျန်းမာရေး ဘေးထွက်ဆိုးကျိုး ရှိတာကို လှစ်လျူရှူ ပြီး လုပ်တဲ့နည်းတွေ ကို အကောင်းထင်နေသူတွေ ပဲ ရှိပါတယ်
ကျန်းမာရေး အတွက် အဓိက ကို သတိထားဖို့ လိုပါတယ်..
မီး ဖိုး ကို တွက်ရလျှင်
အေးသည် ပူသည် အတွက် အဲကွန်း ဟိတာ အအေးစက်တွေ သုံးရတဲ့ အခါ မီတာ တတ်တာတွေ ရှိပါတယ်
အဲဒါ ကို ဘယ်လိုသက်သာအောင်လုပ်ရမယ်ဆိုတာ ရှိပါတယ်
အခန်းအပူချိန် ကို သိဖို့ အပြင်အပူချိန် ကို သိဖို့  သာမိုမီတာ ဆန်ဆန် စက် ကို တပ်ဖို့ လိုပါတယ်
အဲဒီစက်ကတော့ ယမ်း တစ်ထောင်ကျော်ကျော်ကနေ သုံးထောင်ကျော် အထိရှိပါတယ်
မီတာ ကျသက်သာပြီဆိုရင် အဲဒီငွေ က မပြောပ လောက်ပါဘူး ဈေးနည်းနည်းကြီးလာတာနဲ့  ဒီနေ့ မိုးရွာမရွာ ကိုပါသိနိုင်ပါတယ်
အခန်းတွင်း ရေငွေ့ ပါဝင်နှုန်းတွေ ကအစ သိနိုင်လို့  ကျန်းမာရေး အတွက်ပါ အထောက် အကူ ပြုမှာပါ...
အခန်း အပူချိန် ကို ချိန်ညှိတာ ကို သိမှ အဲကွန်း အပူချိန် ကို ချိန်ညှိလို့  အဆင်ပြေမှာပါ...
အဲကွန်း ကို အပူဖွင့်ရင် အပူချိန် ၂၃ဒီဂရီ ကနေ ၂၅ ဒီဂရီ ၂၆ ဒီဂရီ အထိပဲ ဖွင့် ရပါမယ်...
ဘာဖြစ်လို့ လည်းဆိုရင် အပူချိန် ၂၅-၂၆ဒီဂရီ အထိ ကိုပဲ အဲကွန်း ဟိတာ က အောတို ချိန်ညှိ လို့ ပါ အဲဒါထက်ကျော်ရင်
အဲကွန်း အော်တို မရပ်တော့တာပါ အဲလိုဆိုရင် မီတာတွေ အရမ်းတတ်ပြီး မီးဖိုး အများကြီးဆောင်ရမှာပါ...
နွေရာသီမှာတော့ အအေးချိန် ၂၂-၂၃ ဒီဂရီဆို အောတို အလုပ်လုပ်ပါတယ်..
အဲအပူချိန် နဲကိုချမ်းတတ် သူဆိုရင် စောင် ကို ဘဲမွှေးစောင် သုံးဖို့ လိုပါလိမ့်မယ်
စောင်ကတော့ ဘဲမွှေးပါ ဝင်နှုန်းပေါ် မူတည်ပြီး ဈေးရှိပါတယ် ယမ်း ၁၀၀၀၀ ကနေ ယမ်း ၅၀၀၀၀ ကျော်လောက် အထိရှိပါတယ် ကျန်းမာရေး အရကြည့်ရင် မိမိ ကိုယ်အပူချိန် ကို ထိန်းညှိပေးနိုင်သောစောင် လို့  ဆိုနိုင်ပါတယ်..
အမှန်တကယ် ရေမငတ်စေ သော အပူချိန် ကတော့ ၂၃-၂၄ ဒီဂရီ အပူ အဲကွန်း က ရေ မငတ် ပါဘူး ရေဆာ သက်သာပြီး မိမိ ရေဓာတ် ကို မခမ်းစေတာပါ...
ရေငွေ့ ပေးစက်တတ်ရင် လည်း မီတာခ မတတ်ပါဘူး ကျန်းမာရေး အတွက်ကောင်းပြီး ငွေကုန်တာ သိပ်မရှိသလောက်ပါ
နောက်တစ်ခုကတော့ ဂက်စ် ကုန်ကျစရိတ် ပါ နေ့ တိုင်းချက်စား သူအတွက် ကတော့
ပုံမှန်ကုန်ကျ စရိတ် ကမထူးပါဘူး
ဂက်စ် ဟိတာသုံး သူ အတွက်သာလိုမှာပါ ဘယ်လိုသက်သာတာတွေ ရှိသလည်းဆိုရင် အခန်း အပူချိန်သိရင် လိုရင်ဖွင့် မလိုရင် ပိတ် အပူချိန်ကျ သွား မှဖွင့်တာ က ငွေကုန်သက်သာ မှာပါ ဒါကတော့ ရိုးရိုး အတွေး မဆန်းပါ
အခုနောက်ပိုင်း မှာ ဂက်စ် ဟိတာ မှာ ECO စနစ် တွေ အပူချိန် ထိန်းညှိ တာတွေ ပါလာပါတယ် အဲစက်တွေ ကတော့ ယမ်း ၂၀၀၀၀ စွန်းစွန်း ဆိုရင် ရပါတယ်
လိုချင်သော အခန်း အပူချိန် မှာ အပိတ်အဖွင့် သူဟာသူလုပ်တဲ့ အပြင် ဂက်စ် ဖိုးသက်သာ လူလည်းသက်တောင့်သက်သာ မီးအန္တရာယ်လည်း ကာကွယ် သင့်သလောက်တော ကာကွယ်ပါတယ်...
ရေပူစိမ် ကန်တွေ မှာတော့ သူဟာသူ အပူချိန်ညှိ တဲ့ ဂက်စ် စနစ်သုံး က အကောင်း ဆုံးပါ အမြဲတမ်း ဖွင့်ထားရင်တော့ မသက်သာပါဘူး
မီးလည်း အတူတူပါဘဲ လျှပ်စစ်ရေနွေးအိုး ကို အမြဲဖွင့်ထားရင် လည်း အတူတူ ပါဘဲ..
တကယ်တော့ ရေထဲ ဆားဖျော်ဖျော် သကြားဖျော်ဖျော် လိုတာထက် ပိုထည့် ရင် ရေထဲ မပျော်ပဲ အနည်အဖြစ် ရှိတာ ကို သတိမူ မိရင် အပိုသုံးမိတဲ့ အပူချိန် တွေ အတွက် ငွေ ကုန် သက်သာ နိုင်မှာပါ..
ကမ္ဘာကျော် မည့် လက်လှည့် ပွဲလော မျက်လှည့်ပွဲ လော
ကမ္ဘာ ကျော်စေမည့် ပွဲ မကြာမည် လာမည်...
အထူးအပါး သိသူထင်ရှားသော နိုင်ငံကြီးများအား ဖိတ်ကြားမည်
လာကြည့်နိုင်သည် ဘေးထိုင်ဘုပြောမရပါ..
သိလျှင်သိသည် ဟုသာမှတ် သို့ သော် သင်သိသည် ကို ကြိုသိနေသူ က နှစ်ပေါင်းနှစ်ဆယ်ကြာ အစောကြီး ကတည်းက သိပြီးသားသူတွေ က များနေမည်...
အံသြဝမ်းသာခြင်း အလျင်းမဖြစ် သို့ သော် ကောင်းလိမ့်နိုးနှင့် ကြည့်နေမည်သာ
ဒီလို ပွဲမျိုး ရိုးနေပြီ ကမ္ဘာကို ပါခေါ်ပြမည် ဆို၍ ဝမ်းသာပါသည်
မြန်မာ အလှည့်အပြောင်း ကမ္ဘာကျော်လျှင် ဝမ်းသာစရာ လက်လှည့်ပါလျှင် သေသေချာချာကြည့် နောက်တစ်ကြိမ်ထပ်မပြပါ...
ဒီလိုပွဲမျိုး ရှားပါသည် နှစ် ၂၀ မှ တကြိမ်လောက်သာ နောက်ပွဲ ဘယ်တော့ ထပ်လာမည်မသိ။
အခွင့်ရတုန်း ကြည့်ကြပါ...ရိုးနေသူများ ကလည်း ရှောင်မရတော့ ထုံးစံအတိုင်း ကြည့်ရဦးမည်....
အစပထမ မျက်လှည့်သည် ကြိတ်ဝိုင်းသာ ဖြစ်သွားသောလည်း
အခုဝိုင်းက လက်လှည့် အစုံနှင့်ပြမည်...
ပွဲပြီးလျှင် ပျော်ပွဲ ရွှင်ပွဲ ပြုလုပ်ပေးမည်...ဝိညာဉ် များအနိုင်ရပါ က ဝိညာဉ် များနှင့်ပါ ကခုန်ရမည်...
အတွေ့ အကြုံသစ်ပေးမည့်ပွဲ ကြည့်ဖြစ်အောင်ကြည့်စေချင်သည်...
ကောင်းကောင်းဆိုးဆိုး လက်ခံနေကြ သူတွေ က လက်ခံရမည်သာ..မပေးလည်းရ၏ ပေးလည်းယူရ၏.သူက မြန်ပြည်သား ကိုး....
DKBA အား မိုင်းခွဲလုပ်ကြံရန် မရှိဟု KNU ငြင်းဆို
မတ်လ ၂၄ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA) ထိပ်ပိုင်းခေါင်းဆောင်များအား မိုင်းခွဲတိုက်ခိုက်ရန် ကေအဲန်ယူ တပ်မ ဟာ(၇)က ကြိုးပမ်းနေသည်ဟု ပြောဆိုမှုများမှာ မှန်ကန်မှုမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က ယနေ့ငြင်းဆိုလိုက်သည်။
ရက်ပိုင်းအတွင်းက KNU တပ်မဟာ(၇)က တပ်မဟာစစ်ကြောင်းမှူး ဗိုလ်မှူးတာမလာနှင့် ဗိုလ်မှူးဒိကွယ်တို့သည် မဲသဝေါ-ကျုံထော်ကား လမ်းကြားတွင် DKBA ထိပ်ပိုင်းခေါင်းဆောင်များကို မိုင်းခွဲတိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်ဟု DKBA ၏ ထုတ်ပြန်ချက်အပေါ် ငြင်းဆိုလိုက် ခြင်း ဖြစ်သည်။
“အဲဒီလိုမျိုး မကောင်းကြံစည်ဖို့ ကျနော်တို့မှာ စိတ်လည်းမရှိဘူး။ လုပ်လည်းမလုပ်ပါဘူး။ ကျနော်တို့ အလိုရှိတာကတော့ အားလုံးရဲ့ စည်းလုံးညီညွှတ်မှုနဲ့ ငြိမ်းချမ်းရေးကိုပါပဲ။ ကျနော်တို့ မလုပ်တာကိုတော့ လုပ်ပါတယ် ဆိုပြီးတော့ ၀န်မခံနိုင်ပါဘူး။”ဟု KNU တပ်မဟာ (၇) ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ကေအိုင်စီသို့ ပြောသည်။
DKBA က ပြည်ပဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးစောလုံ့လုံကမူ “ဒီထုတ်ပြန်ချက်ကို DKBA က ထုတ်ပြန်လိုက်တာ မှန်ပါတယ်”ဟု ပြော သည်။
ယင်းထုတ်ပြန်ချက်တွင် DKBA ကလို့ထူးဘော တပ်ရင်းတပ်ဖွဲ့၏ လက်အောက်ခံ ကလို့ထူးလား ကွပ်ကဲရေးဌာနချုပ် အမှတ်(၉၀၄)တပ် ရင်း တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးစောဖိုးလုံးထံသို့ KNU တပ်မဟာ(၇) ဖောက်ခွဲရေး နယ်မြေတာဝန်ခံ စောသန်းဦးဆိုသူက ယခုလ (၃)ရက် နေ့တွင် လာရောက်ပူးပေါင်းခဲ့သည်ဟု ပါရှိသည်။
ထို့နောက် စောသန်းဦးကိုယ်တိုင် ပြီးခဲ့သည့်လ (၂၈)နေ့တွင် မိုင်းများမြှပ်နှံထားပြီး DKBA ထိပ်ပိုင်းခေါင်းဆောင်များ ဖြတ်သန်းသွားလာ သည့်အချိန်တွင် အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် ကြိုးစားခဲ့ကြောင်း ၀န်ခံပြောဆိုခဲ့သည်ဟု ယင်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
DKBA အနေဖြင့် KNU အပေါ်တွင် ယင်းကဲ့သို့ စွပ်စွဲပြောဆိုခြင်းသည် အခြေအမြစ်မရှိကြောင်း ဗိုလ်မှူးစောအယ်ဆဲဆဲက ပြောသည်။
၎င်းက “တပ်မဟာ(၇)နဲ့ ပတ်သက်လို့ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား အားလုံးရဲ့ နာမည်စာရင်းက ကျနော် အလွတ်မရရုံတမယ်ပဲ။ အားလုံးရဲ့စာရင်းက ကျနော်တို့ဆီမှာ ရှိပြီးသားပဲ။ ဒါပေမယ့် စောသန်းဦးဆိုတဲ့ နာမည်တော့ တစ်ခါမှ မကြားဖူးသေးဘူး”ဟု ပြောသည်။
DKBA သည် ၁၉၉၄ခုနှစ်တွင် KNU က ခွဲထွက်ကာ (၁၅)နှစ်ကျော်ကြာ အစိုးရနှင့် ပူးပေါင်းခဲ့ပြီး ၂၀၁၀ခုနှစ်၊ သြဂုတ်လတွင် ၎င်း၏ တပ် ရင်းအများစုက အစိုးရတပ် လက်အောက်ခံ နယ်ခြားစောင့်တပ်အသွင်သို့ ကူးပြောင်းသွားသည်။
သို့သော် ဗိုလ်မှူးချုပ်စောလားပွယ် ဦးစီးသည့် DKBA တပ်ဖွဲ့က နယ်ခြားစောင့်တပ်ကူးပြောင်းရေး အစီအစဉ်ကို လက်မခံဘဲ ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့မှစ၍ တနှစ်နီးပါး အစိုးရကို ပြန်လည်ခုခံတော်လှန်ခဲ့ပြီး ယမန်နှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် အစိုးရနှင့် အပစ် အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
ကရင်လက်နက်ကိုင်အဖွဲ့အချင်းချင်း ဆက်ဆံရေး ခိုင်မာစေရန် ရည်ရွယ်၍ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKB A) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ထိပ်ပိုင်းခေါင်းဆောင်အချို့သည် မြ၀တီမြို့နယ် ဆုံဆည်းမြိုင်ကျေးရွာတွင် မတ်လ (၈) ရက်နေ့က တွေ့ဆုံခဲ့သည်
ပဒိ၃်မါည့မီ၃်ဟဲက့zတုzလံ
MNM news
ငြိမ်းချမ်းရေးလက်ဆောင် မန်းငြိမ်းမောင် မဲဆောက်သို့ ပြန်လည်ရောက်ရှိ
ရဲဘော်ရှောင်း တစ်ယောက် ပြန်ရောက်လာပါပြီ။ ဦးအောင်မင်းကပြောတယ် ငြိမ်းချမ်းရေးလက်ဆောင်တဲ့.. မယုံရေးချ မယုံ... ကရင်ပြည်နယ်မှ ခင်ဗျားတို့ ရှေးတန်း တပ်စခန်းတွေ အကုန်လုံးဆုတ်ပေး ကချင်ပြည်နယ်တိုက်ပွဲတွေရပ် ဆုတ်မှသာ နည်းနည်းလေး စဉ်းစားမယ်။
xxxxxxxxxx
သတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
မတ်လ ၂၄ ရက်၊ ၂၀၁၂ ခုနှစ်
ယနေ့ မဲဆောက်သို့ ပြန်လည်ရောက်ရှိလာသည့် ပဒိုမန်းငြိမ်းမောင် (ဓာတ်ပုံ - STT)
နိုင်ငံတော်ပုန်ကန်မှုဖြင့် တသက်တကျွန်းပြစ်ဒဏ်မှ ပြန်လည်လွတ်မြောက်လာသော KNU ခေါင်းဆောင်တဦးဖြစ်သည့် ပဒိုမန်းငြိမ်းမောင်သည် ယနေ့တွင် မိခင်အဖွဲ့အစည်းထံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ယခုလ ၁၉ နေ့က နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ နှစ်ကျွန်းပြန် ပဒိုမန်းငြိမ်းမောင်ကို ယနေ့တွင် မြန်မာအစိုးရ မီးရထားဝန်ကြီး ဦးအောင်မင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ မိခင်အဖွဲ့အစည်းထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ယမန်နှစ် ဇူလိုင်လ ၂၄ ရက်နေ့က တရုတ်နိုင်ငံ ကူးမင်းလေဆိပ်မှတဆင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ခြင်းခံရသည့် KNU ခေါင်းဆောင်တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို မြန်မာအစိုးရက ယခုလ ၁၃ ရက်နေ့က မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှု စွဲချက်များဖြင့် တသက်တကျွန်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး နောက် ရက်သတ္တပတ်အတွင်း သမ္မတဦးသိန်းစိန်၏ အမိန့်ဖြင့် ပြန်လွတ်ပေးလိုက်ခြင်းဖြစ်သည်။
သိုက်ထွန်း (ခ) ပဒိုမန်းငြိမ်းမောင်သည် သားထူးဇော် အမည်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ် M073525 ကိုင်ဆောင်ပြီး ယမန်နှစ် ဇူလိုင်လကုန်ပိုင်းက တရုတ်နိုင်ငံ ကူမင်းလေဆိပ်မှတဆင့် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာရာ လေဆိပ်တာဝန်ရှိသူများ၏ စစ်ဆေးမှုအရ ၎င်းကိုင်ဆောင်သည့် နိုင်ငံကူးလက်မှတ်သည် လေဆိပ် လ၀က အထွက်တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ကို တွေ့ရှိရသဖြင့် အမှုဖွင့်အရေးယူ၍ မင်္ဂလာဒုံတရားရုံးသို့ တင်ပို့ခဲ့ရာ အပြစ်ရှိသည့်အတွက် တရားရုံးက ပုဒ်မ ၄၆၈ ဖြင့် ထောင်ဒဏ် ၆ လ၊ လူဝင်မှုအက်ဥပဒေပုဒ်မ ၁၃ (၁) အရ ထောင်ဒဏ် ၆ လ၊ စုစုပေါင်း ၁ နှစ်ကို ယမန်နှစ် စက်တင်ဘာလ ၂၇ ရက်နေ့က အမိန့်ချမှတ်ခဲ့သည်။
၎င်းကို ထပ်မံစစ်ဆေးချက်များအရ ပဒိုမန်းငြိမ်းမောင်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အဖွဲ့ဝင်နှင့် ခေါင်းဆောင်တဦးဖြစ်သောကြောင့် မတရားအသင်းဆက်သွယ်မှုပုဒ်မ၊ နိုင်ငံတော်ပုံကန်မှုပုဒ်မ ... စသည့် စွဲချက်များဖြင့် တသက်တကျွန်းနှင့် ထောင်ဒဏ် ၃ နှစ်ကို အင်းစိန်အကျဉ်းထောင်ရှိ တရားရုံးက ယခုလ ၁၃ ရက် နေ့က ချမှတ်ခဲ့ပြီးနောက် ၁၉ ရက်နေ့တွင် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
မြန်မာအစိုးရနှင့် KNU တို့အကြား လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ အထောက်အကူ ဖြစ်စေရန်အတွက် ပဒိုမန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးရခြင်းဖြစ်သည်ဟု ဦးအောင်မင်း ခေါင်းဆောင်သည့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့က ပြောသည်။
မြန်မာပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “ကျနော်တို့ပေးထားတဲ့ ကတိအတိုင်း ပဒိုမန်းငြိမ်းမောင်ကို လာရောက်ပို့ဆောင်ပေးတာဖြစ်တယ်” ဟု သတင်းထောက်များကို မဲဆောက်တွင် ပြောကြားခဲ့ပြီး ယနေ့ရောက်ရှိလာသည့် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ ဦးခင်ရီ အပါအ၀င် အဖွဲ့ဝင် ၇ ဦး ပါရှိသည်။
KNU အဖွဲ့သည် လာမည့် ဧပြီလ ၂ ရက်နေ့မှ စတင်ကာ ၁၀ ရက်နေ့အထိ ရန်ကုန်မြို့တွင် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် ခရီးစဉ်ရှိပြီး ယနေ့တွင် ဆွေးနွေးပွဲမတိုင်မီ အချို့အချက်အလက်များကို ကြိုတင်ညှိနှိုင်းရန်အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်သို့ လာရောက်သည့်ခရီးစဉ်အတွင်း ပဒိုမန်းငြိမ်းမောင်ကို တပါတည်း ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
မြန်မာအစိုးရကိုယ်စားလှယ်များနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် KNU အဖွဲ့၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သည့် ၉ ဦးပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့သို့ လာမည့် ဧပြီလဆန်း ၂ ရက်နေ့တွင် စတင်ထွက်ခွာပြီး ၁၀ ရက်နေ့တွင် နယ်စပ်သို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ကာ ၎င်းခရီးစဉ်အတွင်း ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း သွားရောက်တွေ့ဆုံမည်ဖြစ်သည်။
ယနေ့ မိခင်အဖွဲ့အစည်းသို့ ပြန်လည်ရောက်ရှိလာသည့် ပဒိုမန်းငြိမ်းမောင်သည် မဆလခေတ် ၁၉၆၉ ခုနှစ်က နိုင်ငံရေးလှုပ်ရှားမှုကြောင့် တသက်တကျွန်း ထောင်ဒဏ်ချမှတ်ခံရပြီး ကိုကိုးကျွန်းသို့ ပို့ဆောင်ခြင်းခံရသူလည်းဖြစ်သည်။
ကိုကိုးကျွန်းအကျဉ်းစခန်းမှ အခြားအကျဉ်းသားနှစ်ဦးနှင့်အတူ လက်လုပ်လှေဖြင့် ပင်လယ်ပြင်ကို ဖြတ်ပြီး ကျွန်းနှင့် မိုင် ၂၅၀ အကွာရှိ မွန်ပြည်နယ် ရေးမြို့နယ် ကမ်းခြေရှိ ဒူးယားရွာသို့ ရောက်ရှိသွားသော်လည်း ဒူးယားရွာသူကြီးက နယ်မြေခံစစ်တပ်ကို အကြောင်းကြားခဲ့သဖြင့် အဖမ်းခံရကာ အင်းစိန်ထောင်တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရပြီး ၁၉၇၃ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။
အသက် ၇၀ အရွယ်ရှိ ပဒိုမန်းငြိမ်းမောင်သည် ဘ၀တသက်တာတွင် တသက်တကျွန်းပြစ်ဒဏ်ကို ၁၉၆၉ ခုနှစ်တွင် တကြိမ်၊၂၀၁၂ ခုနှစ် မတ် ၁၃ ရက်နေ့တွင် တကြိမ် ချမှတ်ခံရသူလည်းဖြစ်သည်။