Saturday, January 23, 2010

ဖာပွန်ဗုံးဖာက်မှုကို နအဖ၏ လက်ချက်ဟု နအဖစစ်ပြေးမှ ထုတ်ဖော်ပြောဆို


Friday, 22 January 2010 08:47

ဖာပွန်အခြေစိုက် အမှတ်၁စစ်ဗျူဟာ လက်အောက်ခံတပ်ရင်း၊ တပ်ခွဲ ၂မှ တပ်သားမောင်စိုး

ဒီဇင်ဘာလ ၁၆ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖာပွန် ကရင့်နှစ်သစ်ကူးပွဲတော် ဗုံးပေါက်မှုကို နယ်မြေခံ နအဖစစ်တပ်၏ လက်ချက်ဖြစ်သည်ဟု မကြာသေးမှီက ထွက်ပြေးရောက်ရှိလာသည့် နအဖစစ်ပြေးများက ပြောဆိုသည်။

၎င်းတို့ပြောဆိုချက်အရ အဆိုပါ ဗုံးခွဲရန်အတွက် နေပြည်တော်မှ စေခိုင်းခြင်း ဖြစ်ပြီး ဖာပွန်အခြေစိုက် အမှတ် ၁စစ်ဗျူဟာမှူးကိုင်တိုင် ကြီးကြပ်ကာ နယ်မြေခံနအဖစစ်ထောက်လှန်းရေးနှင့် စစ်ဗျူဟာ လက်အောက်ခံ တပ်ရင်းများမှ ဖောက်ခွဲရေး ကျွမ်းကျင်သူများက အကောင်အထည်ဆောင်ရွက်ခြင်း ဖြစ်သည်။


မကြာသေးမှီက ထွက်ပြေးရောက်ရှိလာသည့် ဖာပွန်အခြေစိုက် အမှတ်၁စစ်ဗျူဟာ လက်အောက်ခံတပ်ရင်း၊ တပ်ခွဲ ၂မှ တပ်သားမောင်စိုး(အမည်ရင်းမဟုတ်)၏ ပြောဆိုချက်အရ ကေအဲန်ယူအပေါ် အများပြည်သူများ အထင်အမြင်လွဲလာစေရန်အတွက် အထက်မှ ညွန်ကြားထားခြင်းဖြစ်ကြောင်း၊ ၄င်း၏တပ်ခွဲမှူးလည်း အသေးစိတ်လုပ်ငန်းစဉ်တွင် ပါဝင်လုပ်ကိုင်ရသဖြင့် ထိုကဲ့သို့ အသေးစိတ်ကို သိရှိရခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ပွားသည့်ညတွင် မိမိတို့ တပ်ခွဲအပါအ၀င် အခြားတပ်ခွဲများနှင့်အတူ လုံခြုံရေး ထူထပ်စွာ ချထားကြောင်း ပြောဆိုသည်။

ထို့သို့ လုံခြုံရေး ထူထူထပ်ထပ် ချထားမှုများကြောင့် ကေအဲန်ယူ ဘယ်လိုမှ ၀င်ရောက်နိုင်သည့် နေရာမဟုတ်ကြောင်း၊ လုပ်ကြံဖန်တီးမှုသာဖြစ်ကြောင်း၊ ပေါက်ကွဲသည့် ဗုံးအစအနကို ပြန်စစ်ပါက ၄င်းတို့စစ်တပ်၏ ဗုံးဖြစ်သည်ကို ကြည့်ခြင်းအားဖြင့် အခြေထွက်နိုင်ကြောင်း ပြောဆိုသွားသည်။

အဆိုပါထွက်ပြေးရောက်ရှိလာသည့် နအဖစစ်ပြေးသည် စစ်သက်တမ်း ၂နှစ်ရှိပြီး ဖြစ်သည်ဟု သိရှိရသည်။

ထို့အပြင် အဆိုပါဗုံးဖောက်မှု အသေးစိတ်လုပ်ငန်းစဉ်အတွက် ၄င်းတို့၏ မဟာမိတ်ဖြစ်သည့် ဖာပွန်အခြေစိုက် ဒီကေဘီအေ ၃၃၃တပ်မဟာ ကဆောဝါးတပ်ရင်းထံ သတင်းမပေါက်ကြားစေရန် လျှို့ဝှက်စွာ ကိုင်တွယ် လုပ်ဆောင်ထားကြောင်း၊ ဒီကေဘီအေကို နယ်မြေခံနအဖတပ်ဗိုလ်တွေက ယုံကြည်မှုနည်း ကြောင်းကိုလည်း ထပ်မံပြောဆိုသွားပါသည်။

သတင်း-ဖာပွန်သား

ကရင်ယူနိုက်တက်မှ ကုးယူဖေါ်ပြသည်။

Vol 4 Issue21 Committee for Internally Displaced Karen People

Vol 4 Issue21 Committee for Internally Displaced Karen People

Myanmar Air Force jet crashes near Yangon airport

2010 January 22
01.22.10, 09:35 / Israel News
A Myanmar Air Force fighter plane has crashed while attempting to land in Yangon, killing its pilot.

An official at Yangon International Airport said the Chinese-made jet crashed Friday morning near the airport while on a training flight. The official spoke on condition of anonymity because he was not authorized to speak to the press. The cause of the crash was not immediately known

20[1].1.2010 Information

20[1].1.2010 Information
20[1].1.2010 -

Friday, January 22, 2010

နအဖတပ်ဖမ်းဆီးခေါ်ဆောင်မှုကြောင့် ကျန်ရစ်သောလူမမယ်ကလေးငယ်များဒုက္ခရောက်

/ 1/21/2010 11:39:00 PM /
၂၀.၁.၂၀၁၀

မူးကော်ဆာ ညောင်လေးပင်ခရိုင်တွင် လှုပ်ရှားသော နအဖ တပ်(၁၀) ခြေလျင်တပ်(၃၇၀) သည်ဇန်နဝါရီလ ၁၈ရက် နေ့ ညနေ ၂ နာရီအချိန်လောက်တွင် ကွမ်းခြံသို့ ပြန်လာအလုပ်လုပ်ကိုင်သော အောင်စိုးမိုး(ကညောသူးပူ) ရွာမှ ရွာသားများ အားပစ်ခတ်ရာ ရွာသားများထွက်ပြေးရကြောင်းသိရှိရပါသည်။ ထွက်ပြေးမလွတ်သော စောဖိုးလဲ ၄၅ နှစ် နှင့် သူ၏မိန်းမ နော်ဃူထူး ၄၁နှစ်၊ စောသေးဖိုး ၂၁နှစ်တို့အားဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထိုရွာသား၃ဦး အားယခုထက်တိုင်ပြန်မလွတ်သောကြောင့် စောဖိုးလဲနှင့်နော်ဃူမူး တို့၏ကျန်ရစ်ခဲ့သောလူမမယ်ကလေး ငယ် ၄ဦးအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်းသတင်းရရှိပါသည်။ ထိုအောင်စိုးမိုးရွာသည် နအဖစစ်တပ်၏လက်အောက်တွင်ရှိနေပြီး အခြားသောကရင်ရွာများမှပြန်လာစုပေါင်းနေထိုင်သော ကရင်ရွာကြီးတစ်ရွာဖြစ်ပြီး စုစုပေါင်းအိမ်ခြေ ၂၀၀ ကျော်ခန့်ရှိကြောင်းသိရှိရပါသည်။ ထိုရွာသားများသည်နအဖစစ်တပ်၏ ရွာပြင်ထွက်လုပ်ကိုင်စားသောက်ခွင့်ပိတ်ပင်ထားခြင်းကိုလည်းခံနေရပါသည်။ ဒါပေမဲ့လည်း ကိုယ့်၏ဝမ်းစာအတွက် ရွာသား များခိုးပြီးရွာပြင်သို့ထွက် လုပ်ကိုင်နေရကြောင်းသိရပါသည်။
အထက်ပါသတင်းအား KNU မှ မူးကော်ဆာတာဝန်ခံ ပဒိုဆဲဂေ ထံမှ သိရှိခဲ့ရပါသည်။

Reference: ကွယ်ကလူသတင်းမှဘာသာပြန်ဆိုထားသည်။

ကာလကတ္တား အကျဉ်းထောင်ရှိ ရခိုင်ကရင် ၃၄ ဦးကို ကုလ မဟာမင်းကြီးရုံးက ဒုက္ခသည် အဖြစ် အသိမှတ်ပြု

မောင်အေး(နိရဉ္စရာ) အိန္ဒိယနိုင်ငံ ကာလက္တား အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် ရခိုင်ကရင် ၃၄ ဦးကို အိန္ဒိယအခြေစိုက် ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှ ဒုက္ခသည်အဖြစ် အသိမှတ်ပြုလိုက် ပြီဖြစ်ကြောင်း သတင်း ရရှိသည်။
အကျဉ်းကျခံနေရသည့် ရခိုင်ကရင်တော်လှန်ရေး သမားများ။

သူတို့၃၄ ဦးကိုလွန်ခဲ့သည့်တနင်္လာနေ့က အိန္ဒိယနိုင်ငံရှိ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ များရုံးမှ ဒုက္ခသည်အဖြစ် အသိမှတ်ပြုလိုက်ခြင်းဖြစ်ကြောင် ရခိုင်အမျိုးသားကောင်စီ နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူ တဦးဖြစ်သည့် ဦးညီညီလွင်က ပြောသည်။

“တကယ်လို့ သူတို့လွတ်လာရင်အခြေတကျနေထိုင်ဖို့အတွက် ဥရောပနိုင်ငံသုံး နိုင်ငံက အစိုးရတွေကို ချဉ်းကပ်ထားပါတယ်။သူတို့လည်း သာမန်အားဖြင့် သဘောတူထားတယ်။ ဒါပေမဲ့ စာရွက် စာတန်းတွေနဲ့ အတိအကျလုပ် ထားတာတော့ မရှိသေးဘူး။” ဟုပြောသည်။

ရခိုင်အမျိုးသားကောင်စီ အေအန်စီ ဒုဥက္ကဌဦမောင်လူကြီးကလည်းအကျဉ်းကျခံနေရသည့်ရဲ ဘော်များအခြေအနေမှာ ပိုမိုအလားအလာကောင်းကြောင်းကို ယခုကဲ့သို့ပြောသည်။

“အယင်ကထက်ပိုပြီး အလားအလာ ကောင်းပါတယ်။ ယူအန်ကလည်းအသိ အမှတ်ပြုလိုက်ပြီ ဆိုတော့ အိန္ဒိယ အစိုးရကလည်း နအဖကိုလွဲပေးဖို့ ဆိုတာ သိပ်မလွယ်တော့ဘူး။ နောက်တခု တရားလိုတွေ ဘက်ကလည်း ရုံးချိန်းတိုင်းမှာ သက်သေလာတာကိုမတွေ့ရပါဘူး။ နောက်ပြီး ခိုင်လုံတဲ့ အထောက်အထားတွေလည်း သူတို့မပြနိုင်ကြပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ ဘော်တွေ မကြာမီ လွတ်လိမ့်မယ်လို့ မျော်လင်းပါတယ်။”ဟုပြောသည်။

ယနေ့တွင် သူတို့ ၃၄ ဦးကို ရုံးတင်စစ်ဆေးနေပြီး စစ်ဆေးရာရုံးတော်သို့ သတင်းထောက် များ စာနယ်ဇင်းသမားများကို အစိုးရမှတက်ရောက်ခွင့်မပြုကြောင်း အိန္ဒိယနိုင်ငံထုတ် သတင်းစာတစောင် တွင်ရေးသားသည်။

အဆိုပါ ရခိုင်ကရင်ရဲဘော် ၃၄ ဦးမှာ ယခုရင်ဆိုင်နေရသည့် အမှုမှလုံးဝလွတ်မြောက်ရန် နောက်ထပ်ရုံး ချိန်အနည်းဆုံး ၂ ကြိမ် သို့မဟုတ် ၃ ကြိမ်ခန့်ကြာနိုင်သေးကြောင်းလည်း ဦးမောင်လူကြီးမှ ဆက်ပြောသည်။

ယခုအကျဉ်းကျခံနေရသည့် ရခိုင်ကရင် ၃၄ ဦးကို ၁၉၉၈ ခုနှစ်က အန်ဒမန်ကျွန်းအနီး လန်ဖော့ကျွန်းတွင် အိန္ဒိယစစ်တပ်မှ ရေတပ်စခန်းဆောက်ပေးမည်ဟု လိမ်လည်ခေါ်ယူပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

သူတို့အား ဦးဆောင်ခဲ့သည့် ဗိုလ်ရာဇာ၊ ဗိုလ်မှူး စောထွန်း၊ ဗိုလ်မှူး ရန်နိုင် နှင့်အခြား ခေါင်းဆောင် ၃ ဦးကို အိန္ဒိယ စစ်တပ်မှ သွေးအေးအေးဖြင့် သတ်ဖြတ်ပစ်ခဲ့သည်။

Thursday, January 21, 2010

ဗမာစစ်သားများ ကရင်အမျိုးသားတို့ ၏သွေးကို ဖေါက်သောက်လို့ မ၀နိုင်သေးပါ

ထိုဒေသသည် နယ်စပ်ဒေသနှင့် အလွန်ဝေးပါသဖြင့် အခက်ခဲများကြားမှ အသတ်ခံရတဲ့ ရွာသားသုံးဦး၏ ဓါတ်ပုံနှင့် အခင်းဖြစ်ပွားပုံအကျင်းကို ယခုမှလက်ခံရရှိ၍ ဗမာ့ တပ်မတော်ရဲ့ ရက်စက်ယုတ်မာမှုများကို အများပြည်သူသိစေရန် ရရှိလာတဲ့စာနှင့်အတူ ဖေါ်ပြပေးလိုက်ပါတယ်။

ကရင်အမျိုးသားအပေါင်းတို့ …ကျနော်တို့ လူမျိုးအပေါ် ဗမာစစ်သားများထားရှိတဲ့ သဘောထားဟာဘာလဲ ဆိုဒါ ဒီပုံတွေကို ကြည့်ပြီး ဘာဆက်လုပ်မလဲဆိုဒါ ကိုယ့်ဟာကိုယ်ဆုံးဖြတ်ကြပါ။ ထိုင်နေရင် အားလုံး အမျိုးပြုတ်တော့မယ်ဆိုဒါ အသိပေးပါရစေ။

၀၅၊ ၁၁၊ ၂၀၀၉ နေ့ တွင် နအဖ ဗမာ့တပ် ခလရ ၄၈ မှ သတ်သွားသော ရွာသားသုံးဦး၏ပုံ




ကရင်ပြည်နယ် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ယခုနှစ်ဆန်းပိုင်းမှစ၍ နအဖ လှုပ်ရှားတပ်များ ဝင်ရောက် လာပြီး ခမရ(၃၆၇)တပ်ရင်းက ရွာသားနှစ်ဦးကို ပစ်သတ်ကာ ရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရ သည်။

အဆိုပါတပ်ရင်းသည် ခဲဒဲကျေးရွာအုပ်စုအတွင်း စစ်ရေး လှည့်လည်လှုပ်ရှားသည်ကို ဒေသခံ ရွာသူရွာသားများက အတွေ့မခံရဲ ဘဲ တောထဲသို့ ထွက်ပြေးရှောင်ပုန်းခဲ့ပြီး နေအိမ်တွင် ပစည်းများ ပြန်ယူသည့် ခဲဒဲရွာသား စောမြကော်ထူး ၄၈နှစ်ကို ဇန်န၀ါရီလ ၁၇ရက်နေ့တွင် ပစ်သတ်ကာ ရွာထဲရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု (Free Burma Ranger-FBR)အဖွဲ့မှ စော ဘောဘိုးက ကေအိုင်စီကို ပြောသည်။

“အဲဒီတပ်က ဒီ ၂၀၁၀ထဲမှာမှ ၀င်ရောက်လာတဲ့ လှုပ်ရှားစစ်ကြောင်းတွေလေ။ ဒီဂွင်က ရွာသားတွေကလည်း နဂိုကတည်းက စစ်တပ်လာရင် အချိန်မှီ တိမ်းရှောင်နေကျဆိုပေမဲ့ ရွာသား စောမြကော်ထူးကတော့ ရွာမှာကျန်တဲ့ သူ့အိမ်က စားစရာရိက္ခာတွေ ကို ပြန်ယူမယ်ဆိုပြီး ပြန်တော့ အသတ်ခံခဲ့ရတာပဲ။ ရွာကိုလည်း မီးရှို့လိုက်ကြတယ်”ဟု ပြောသည်။

ခဲဒဲကျေးရွာ မီးရှို့ခံခြင်းနှင့် ပတ်သက်၍ ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင် ရုံးတာဝန်ခံတဦးဖြစ်သူ နော်ဖောကပလာထူးက “ခဲဒဲ ရွာကို မီးရှို့တာကော၊ ရွာသားတဦးကို ပစ်သတ်တာတော့ ဟုတ်တယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် နအဖ တပ်တွေရဲ့ လှုပ်ရှားမှု အခြေအနေက ဒီထက် ပိုဆိုးလာနိုင်တယ်”ဟု အတည်ပြုပြောဆိုခဲ့သည်။

အဆိုပါတပ်ဖွဲ့သည် ဇန်န၀ါရီလ ၁၉ရက်နေ့တွင် ကျောက်ကြီးမြို့နယ် တူဝေါ်စိုးရွာသို့ရောက်ရှိလာပြီး ရွာသား စောအဲ့ထူးကို ရွာထဲတွင်ပင် ပစ်သတ်လိုက်ကြသည်ဟု စောဘောဘိုးက ဆက်လက်ပြောဆိုသည်။

ယင်းသို့ ထပ်မံ ရောက်ရှိလာသည့် နအဖ တပ်ရင်းများ၏ လှုပ်ရှားမှုများကြောင့် ခဲဒဲကျေးရွာအုပ်စုရှိ ရွာပေါင်း ၁၀ရွာကျော်မှ ရွာသူရွာသားပေါင်း ၁,၀၀၀ကျော်သည် ၎င်းတို့၏ ကိုယ်ပိုင်လုပ်ငန်းများနှင့် အိုးအိမ်များကို ချန်ထားခဲ့ရကာ တောထဲသို့ ထွက် ပြေးပုန်းရှောင်နေရပြီး လက်ရှိအချိန်တွင် စားဝတ်နေရေး အခက်အခဲဖြင့် ရင်ဆိုင်နေကြရသည်ဟု နယ်စပ်သတင်းများအရ သိရ သည်။

အလားတူ ခမရ(၃၇၀) လှုပ်ရှားနေသည့် မုံးမြို့နယ်၊ ပလေခီးကျေးရွာမှ ရွာသား ၃ဦးသည် ဇန်န၀ါရီလ ၁၈ရက်နေ့တွင် ၎င်းတို့၏ စိုက်ပျိုးရေးခြံသို့ သွားရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ယခုအချိန်ထိ ပျောက်ဆုံးလျှက်ရှိသည်။

တရွာလျှင် အိမ်ခြေ ၁၀မှ ၂၀အထိသာရှိသော ခဲဒဲ၊ ခေါထောခီး၊ တကော်ဒဲ၊ သခယ်ဒဲ၊ ခေါထာ့၊ လယ်ထောလူ၊ ပလေခီး၊ ဒေး ဘောခီး၊ မူခီး၊ ထီးလော်ခီး၊ ခိုးလူ၊ တော်ငယ်ဒဲနှင့် တူဝေါ်စိုး စသည့်ကျေးရွာများသည် ကျောက်ကြီး-မူသယ် ကားလမ်း၏ တောင်ဘက်ခြမ်းတွင် တည်ရှိသည့် ရွာပုန်းရွာရှောင်များဖြစ်ကြပြီး နအဖတပ်စခန်းမှ ခြေလျင်ခရီးဖြင့် တနာရီ၊ တနာရီခွဲခန့်သာ ကွာဝေးသည်ဟု သိရသည်။

နအဖတပ်များသည် သုံးလေးလတကြိမ် တပ်အပြောင်းအလဲ လုပ်ဆောင်လျှက်ရှိရာ ယခု ၂၀၁၀ခု၊ နှစ်ဆန်းပိုင်းမှစ၍ ညောင် လေးပင်ခရိုင်အတွင်း စစ်ကွပ်ကဲရေးဌာနချုပ်(၁၀)၏ လက်အောက်ခံတပ်ရင်းများဖြစ်သော ခမရ(၃၆၇)က ကျောက်ကြီးမြို့နယ် တွင်လည်းကောင်း၊ ခမရ(၃၆၅)၊ (၃၆၉)နှင့် (၃၇၀) တပ်ရင်းများက မုံးမြို့နယ်တွင်လည်းကောင်း လက်ရှိအချိန်တွင် လှုပ်ရှား လျှက်ရှိသည်။

ပြီးခဲ့သည့် ၂၀၀၉ခုနှစ်၊ ဖေဖော်ဝါရီနှင့် မတ်လတို့တွင် ခဲဒဲကျေးရွာအုပ်စုအတွင်းရှိ တကော်ဒဲကျေးရွာကို နအဖ စစ်တပ် ၀င် ရောက်ပစ်ခတ်သောကြောင့် အဆိုပါ ရွာသူရွာသားများ ၁၂ကြိမ်အထိ ထွက်ပြေးရှောင်တိမ်းခဲ့ရသည်ဟု သိရသည်။

တိုက်ပွဲသတင်း

တိုက်ပွဲသတင်း
19[1].1

စစ်အစိုးရတွင် အကြမ်းဖက်မှုများအတွက် မဟာဗျူဟာရှိ

မိုးမခအထောက်တော် အမှတ် ၀၀၁
ဇန်န၀ါရီ ၁၉၊ ၂၀၁၀

တပ်မတော်အစိုးရ “ပြည်သူ့စစ်မဟာဗျူဟာ” စာအုပ်ကို တင်ရင်းမှူးအဆင့် အရာရှိများထံဖြန့်ဝေထားပြီး ထိုစာအုပ်တွင် ပါဝင်သည့် အချက်များအတိုင်း အကြမ်းဖက်မှုများ ကျူးလွန်နေကြောင်း တနင်္လာနေ့က ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီ မဂ္ဂဇင်း အင်တာနက် စာမျက်နှာရှိ ဆောင်းပါးတပုဒ်တွင် ရေးထားသည်။
“၂၀၀၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်း တိုက်ခိုက်မှုကြီးသည် ကြိုတင် စီစဉ်ထားသော လူအုပ်ဖြင့် တိုက်ခိုက်ခြင်းဖြစ်ပြီး ထိုလက်စွဲစာအုပ်ထဲတွင် အသေးစိတ် ဖော်ပြထားသော နည်းလမ်းများကို အသုံးပြုခဲ့သည်” ဟု ဆောင်းပါးရှင် ထက်အောင်က ရေးထားသည်။
“ထိုလက်စွဲစာအုပ်တွင် စိတ်ဓာတ် စစ်ဆင်ရေးဗျူဟာများ သုံးပြီးမတည်ငြိမ်မှုများ ဖန်တီးခြင်း၊ ရန်ဘက် ခေါင်းဆောင်များကို လုပ်ကြံ သတ်ဖြတ်ခြင်းတို့ကို ပြည်သူ့စစ်တို့၏ တာဝန်များအဖြစ် ဖော်ပြထားသည်။ ထို့ပြင် ရေတွင် အဆိပ်ခတ်ခြင်း၊ ဓာတ်ငွေ့ပိုက်လိုင်းများ ဖျက်ဆီးခြင်း၊ ရထားလမ်း မိုင်းထောင်ဖျက်ဆီးခြင်း၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ မီးရှို့ဖျက်ဆီးခြင်း စသည့် စနစ်တကျ စီစဉ် တိုက်ခိုက်နည်းများကို တဦးချင်း သို့မဟုတ် အစုအဖွဲ့ဖြင့် ဆောင်ရွက်ရန် ဖော်ပြထားသည်” ဟုလည်း ရေးသားထားသည်။

ဤအတောအတွင်း အစိုးရကလည်း အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး ထိထိရောက်ရောက်အရေးယူနိုင်ရန် ဥပဒေ ထုတ်ပြန်ရန် စီစဉ်လျက်ရှိသည်ဟု ဆိုသည်။
ဥပဒေ မူကြမ်းကို ရေးဆွဲပြီးဖြစ်သောကြောင့် ယခုနှစ်အတွင်း ထိုဥပဒေ ထုတ်ပြန်ဖွယ်ရှိသည်ဟု ပြည်ထဲရေး ၀န်ကြီးဌာနမှ ထိပ်တန်း အရာရှိကြီးဖြစ်သော ရဲမှူးကြီးစစ်အေးကို ကိုးကားပြီး ဇန်န၀ါရီ ၈ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ရေးထားသည်။
“ကေအင်န်ယူအပါအ၀င် ၎င်းနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အေဘီအက်စ်ဒီအက်ဖ် ကဲ့သို့ အဖွဲ့အစည်းများ၊ ၎င်းအဖွဲ့အစည်းများက ပေးအပ်သော သင်တန်းများ၊ ငွေကြေး ထောက်ပံ့ပေးခြင်းများကို အကြမ်းဖက်မှုဟု သတ်မှတ်ထားကြောင်း သိရသည်” ဟု မြန်မာတိုင်း(မ်)တွင် ရေးထားသည်။
ယခုနှစ်အတွင်း ထိုဥပဒေ ထုတ်ပြန်ဖွယ် ရှိကြောင်းကို ရန်ကုန်တွင် ထုတ်ဝေသည့် တခြား ဂျာနယ်များတွင်လည်း ဖော်ပြထားသည်။
သို့သော်လည်း ဒီပဲယင်းဒေသတွင် လူအင်အား ၅၀၀၀ ၀န်းကျင်က ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို တိုက်ခိုက်ခြင်း ကဲ့သို့သော အကြမ်းဖက်မှုများကို ဂျာနယ်များတွင် ဖော်ပြထားခြင်း မရှိပါ။

ရွာသားနှစ်ဦး ပစ်သတ်ခံရပြီး ရွာပါ မီးရှို့ခံရ

Wednesday, January 20, 2010

မင်းတို့ နအဖ ဗမာစစ်ခွေးတွေ ယုတ်မာနိုင်သမျှ ယုတ်မာထားကြပေါကွာ။

ဇန်န၀ါရီလ ၂၀ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ယခုနှစ်ဆန်းပိုင်းမှစ၍ နအဖ လှုပ်ရှားတပ်များ ဝင်ရောက် လာပြီး ခမရ(၃၆၇)တပ်ရင်းက ရွာသားနှစ်ဦးကို ပစ်သတ်ကာ ရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရ သည်။
အဆိုပါတပ်ရင်းသည် ခဲဒဲကျေးရွာအုပ်စုအတွင်း စစ်ရေး လှည့်လည်လှုပ်ရှားသည်ကို ဒေသခံ ရွာသူရွာသားများက အတွေ့မခံရဲ ဘဲ တောထဲသို့ ထွက်ပြေးရှောင်ပုန်းခဲ့ပြီး နေအိမ်တွင် ပစည်းများ ပြန်ယူသည့် ခဲဒဲရွာသား စောမြကော်ထူး ၄၈နှစ်ကို ဇန်န၀ါရီလ ၁၇ရက်နေ့တွင် ပစ်သတ်ကာ ရွာထဲရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု (Free Burma Ranger-FBR)အဖွဲ့မှ စော ဘောဘိုးက ကေအိုင်စီကို ပြောသည်။

“အဲဒီတပ်က ဒီ ၂၀၁၀ထဲမှာမှ ၀င်ရောက်လာတဲ့ လှုပ်ရှားစစ်ကြောင်းတွေလေ။ ဒီဂွင်က ရွာသားတွေကလည်း နဂိုကတည်းက စစ်တပ်လာရင် အချိန်မှီ တိမ်းရှောင်နေကျဆိုပေမဲ့ ရွာသား စောမြကော်ထူးကတော့ ရွာမှာကျန်တဲ့ သူ့အိမ်က စားစရာရိက္ခာတွေ ကို ပြန်ယူမယ်ဆိုပြီး ပြန်တော့ အသတ်ခံခဲ့ရတာပဲ။ ရွာကိုလည်း မီးရှို့လိုက်ကြတယ်”ဟု ပြောသည်။
ခဲဒဲကျေးရွာ မီးရှို့ခံခြင်းနှင့် ပတ်သက်၍ ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင် ရုံးတာဝန်ခံတဦးဖြစ်သူ နော်ဖောကပလာထူးက “ခဲဒဲ ရွာကို မီးရှို့တာကော၊ ရွာသားတဦးကို ပစ်သတ်တာတော့ ဟုတ်တယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် နအဖ တပ်တွေရဲ့ လှုပ်ရှားမှု အခြေအနေက ဒီထက် ပိုဆိုးလာနိုင်တယ်”ဟု အတည်ပြုပြောဆိုခဲ့သည်။
အဆိုပါတပ်ဖွဲ့သည် ဇန်န၀ါရီလ ၁၉ရက်နေ့တွင် ကျောက်ကြီးမြို့နယ် တူဝေါ်စိုးရွာသို့ရောက်ရှိလာပြီး ရွာသား စောအဲ့ထူးကို ရွာထဲတွင်ပင် ပစ်သတ်လိုက်ကြသည်ဟု စောဘောဘိုးက ဆက်လက်ပြောဆိုသည်။
ယင်းသို့ ထပ်မံ ရောက်ရှိလာသည့် နအဖ တပ်ရင်းများ၏ လှုပ်ရှားမှုများကြောင့် ခဲဒဲကျေးရွာအုပ်စုရှိ ရွာပေါင်း ၁၀ရွာကျော်မှ ရွာသူရွာသားပေါင်း ၁,၀၀၀ကျော်သည် ၎င်းတို့၏ ကိုယ်ပိုင်လုပ်ငန်းများနှင့် အိုးအိမ်များကို ချန်ထားခဲ့ရကာ တောထဲသို့ ထွက် ပြေးပုန်းရှောင်နေရပြီး လက်ရှိအချိန်တွင် စားဝတ်နေရေး အခက်အခဲဖြင့် ရင်ဆိုင်နေကြရသည်ဟု နယ်စပ်သတင်းများအရ သိရ သည်။
အလားတူ ခမရ(၃၇၀) လှုပ်ရှားနေသည့် မုံးမြို့နယ်၊ ပလေခီးကျေးရွာမှ ရွာသား ၃ဦးသည် ဇန်န၀ါရီလ ၁၈ရက်နေ့တွင် ၎င်းတို့၏ စိုက်ပျိုးရေးခြံသို့ သွားရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ယခုအချိန်ထိ ပျောက်ဆုံးလျှက်ရှိသည်။
တရွာလျှင် အိမ်ခြေ ၁၀မှ ၂၀အထိသာရှိသော ခဲဒဲ၊ ခေါထောခီး၊ တကော်ဒဲ၊ သခယ်ဒဲ၊ ခေါထာ့၊ လယ်ထောလူ၊ ပလေခီး၊ ဒေး ဘောခီး၊ မူခီး၊ ထီးလော်ခီး၊ ခိုးလူ၊ တော်ငယ်ဒဲနှင့် တူဝေါ်စိုး စသည့်ကျေးရွာများသည် ကျောက်ကြီး-မူသယ် ကားလမ်း၏ တောင်ဘက်ခြမ်းတွင် တည်ရှိသည့် ရွာပုန်းရွာရှောင်များဖြစ်ကြပြီး နအဖတပ်စခန်းမှ ခြေလျင်ခရီးဖြင့် တနာရီ၊ တနာရီခွဲခန့်သာ ကွာဝေးသည်ဟု သိရသည်။
နအဖတပ်များသည် သုံးလေးလတကြိမ် တပ်အပြောင်းအလဲ လုပ်ဆောင်လျှက်ရှိရာ ယခု ၂၀၁၀ခု၊ နှစ်ဆန်းပိုင်းမှစ၍ ညောင် လေးပင်ခရိုင်အတွင်း စစ်ကွပ်ကဲရေးဌာနချုပ်(၁၀)၏ လက်အောက်ခံတပ်ရင်းများဖြစ်သော ခမရ(၃၆၇)က ကျောက်ကြီးမြို့နယ် တွင်လည်းကောင်း၊ ခမရ(၃၆၅)၊ (၃၆၉)နှင့် (၃၇၀) တပ်ရင်းများက မုံးမြို့နယ်တွင်လည်းကောင်း လက်ရှိအချိန်တွင် လှုပ်ရှား လျှက်ရှိသည်။
ပြီးခဲ့သည့် ၂၀၀၉ခုနှစ်၊ ဖေဖော်ဝါရီနှင့် မတ်လတို့တွင် ခဲဒဲကျေးရွာအုပ်စုအတွင်းရှိ တကော်ဒဲကျေးရွာကို နအဖ စစ်တပ် ၀င် ရောက်ပစ်ခတ်သောကြောင့် အဆိုပါ ရွာသူရွာသားများ ၁၂ကြိမ်အထိ ထွက်ပြေးရှောင်တိမ်းခဲ့ရသည်ဟု သိရသည်။

Free Burma Rangers __ Reports_ Resilience in Karen State, Burma. January 2010

Free Burma Rangers __ Reports_ Resilience in Karen State, Burma. January 2010
Free Burma Rangers __ Reports_ Resilience in Karen State, Burma. January 2010

Tuesday, January 19, 2010

Informaiton

Written by KNU Office
Monday, 18 January 2010 02:05
ဇန်နဝါရီလ ၂၀၁၀ခုနှစ်။

တပ်မဟာ(၁) သထုံခရိုင်
DKBA 999 မှမောင်ချစ်သူသည် ကျယ်ထိုးကော်ဆာတွင် အခြေချပြီး စခန်းဆောက် လုပ်ရန်အတွက်သစ်များကို ဘီးလင်းမြို့နယ် မဲ့နော်ဂေါ်ထာ ဒေသအား ၂၁.၁.၂၀၁၀ နေ့ရက် တွင်အရောက်ပို့ခိုင်း။
၁၁.၁.၂၀၁၀ ၂၂း၁၀ အချိန် လယ်ဖိုးကျေးရွာတဝိုက်တွင် သိန်းအောင်ထွန်း ဦးစီးသော စကခ(၄) ခမရ(၇၀၃) စစ်ကြောင်း(၂) သည်KNU၏ဆုံးမမှုကြောင့် စစ်ခွေး(၁) ကောင်ဒဏ်ရာရ။



၁၃.၁.၂၀၁၀ DKBA ၃၃၃ မှ စိန်အောင်သည် မဲ့နော်သဲ ကျေးရွာအုပ်စု၏အောက်ပါ ကျေးရွာများအား ၁.၃.၂၀၁၀နေ့ရက်တွင်သက်ကယ်များကို အတင်းအဓမ္မ နတ်ကြီးသို့အရောက်ပို့ခိုင်း။ (၁) မဲ့နော်သဲခီး သက်ကယ် (၅၀၀)ခက်၊ (၂) ပယ်ဝါထာ (၁၀၀၀)ခက်၊ ဃော်ထီးခီး (၁၀၀၀)ခက်၊ (၄) ဃော်ထီးထာ (၁၀၀၀)ခက်၊ (၅) ဖောဃီခီး (၅၀၀)ခက်၊ (၆) ပဲ့လက်နို (၂၅၀၀)ခက်၊ (၇) နိုဃဲ (၁၀၀၀)ခက်၊ စုစုပေါင်း (၇၅၀၀) ခက်တို့ကိုအတင်းတောင်းဆို။

တပ်မဟာ(၂) တောင်ငူခရိုင်
ထန်းတပင်မြို့နယ် ကလော်မီးဒါး နေ စကခ(၇) လက်အောက် ခမရ(၄၂၁) မှစစ်ခွေး များသည် ကလော်မီးဒါး ကျေးရွာသူ ၃၀ ယောက်၊ ကျေးရွာသား ၄၀ ယောက် တို့အားပေါ်တာအဖြစ် ၁၁.၁.၂၀၁၀ နေ့တွင် ပလဲဝ မှ ကလော်မီးဒါး စခန်းသို့အ တင်းအကြပ်သယ်ခိုင်း။

၁၂.၁.၂၀၁၀ နေ့ ပြင်စလိုရှိ စကခ(၇) ခမရ(၂၆၁) တပ်သည် ပလောဘောဒဲမှ ရွာသူရွာသား မ-၂ ဦး ကျား-၅ ဦး၊ ပြင်စလိုရွာမှ ၃၀ ဦး၊ယဲလို မှ ကျား-၁၀ဦး မ-၁၀ဦး၊ လေးအိုလိုဗိုဖမှ မ-၁၅ဦး၊ကျား-၅ ဦးတို့အားယူလို မှ ပြင်စလူစခန်းသို့အတင်းအ ကြပ်ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခိုင်း။

တပ်မဟာ(၅) ဖာပွန်ခရိုင်
၁၅.၁၀.၀၉ နေ့တွင် DKBA သည် ဒွယ်လိုကော်ဆာတဝိုက် ဝေါမူဒေသ များတွင် ရွှေတူးဖို့အတွက်လမ်းများဖောက်ရာ ထိုဒေသအနီးတဝိုက်ရှိ လယ်ဧက(၅၈)ဧက ပျက်စီး။
၁၁.၁.၂၀၁၀ နေ့တွင် တိုက်ပွဲဖြစ်ပွားသောကြောင့် DKBA မှ ဘိုလွဲသည် မဲ့ထရူထာ မဲ့ဝေရွာစု မှ အိမ်၃လုံးကိုမီးရှို့ဖျက်စီး။

တပ်မဟာ(၆) ဒူပလာယာခရိုင်
၁၁.၁.၂၀၁၀နေ့ ၀၆း၅၀အချိန် DKBA ၉၀၈ မှ ဘိုကျော်ကျော်၊ စိန်မြ၊ အယ်ဖိုး တို့လူအင်အားစုပြီး KNU သူးရေး(၁၈) တပ်ခွဲ(၄) အား ခလေဖိုးယာပလာကျိုးတေါင် အောက်တွင်ဝင်ရောက်ပစ်ခတ်၊ အချိန်၅မိနစ်ကြာမြင့်၊ KNUဘက်မှ ၁ဦးကျ ၁ဦးဒဏ်ရာရ၊ M၁၆ တလက် ကျည်ဆံ ၄၁၀တောင့် လက်ပစ်ဗုံး၁လုံး၊ မိုင်းဗုံး၁လုံး အပြင်အခြား အီကွေ့မဲ့၎ခုဆုံးရှုံး။

မြန်မာဘာသာပြန်ခြင်းအား ကညောဖိုးမှ ကူးယူဖော်ပြသည်။

KNU Statement on Systematic Distribution of Narcotic Drugs by SPDC & Advice to the People

KNU Statement on Systematic Distribution of Narcotic Drugs by SPDC & Advice to the People

KNU Statement on Systematic Distribution of Narcotic Drugs by SPDC & Advice to the People

Sunday, January 17, 2010

ကရင်နှစ်သစ်ကူး ဂျပန် တိုကျိုမြို့တွင် ကျင်းပ

ကရင်နှစ်သစ်ကူးနေ့ကို ဂျပန် တိုကျိုမြို့တွင် ၃-၁-၂၀၁၀ နေ့တွင်ကျင်းပပြုလုပ်ခဲ့သည်၊၊ကရင်မောင်နှများစည်းစည်းကားကားရောက်ခဲ့သည်၊၊
အခမ်းအနားအပြီးတွင်ဖြေဖျော်ရေးအစီအစဉ်နှင့်အတူကရင်ရိုးရာဟင်းများစွာဖြင့်တည်ခင်းဧည့်ခံခဲ့သည်၊၊
အခမ်းအနားတို့ဂျပန်ရှိတိုင်းရင်းသားအဖွဲ့အစည်းများကတက်ရောက်ပြီး၊
ကရင်စာပေသင်ကြားနေသောအဖွဲ့မှလည်းတို့ကျွုန်ပ်တို့၏အလံတော်သီချင်းဖြင့်ပါဝင်သီဆိုခဲ့သည်၊၊